As you wish

By Amor___312

4.1K 365 15

Zawgyi အခ်စ္ကတခါတေလ ဘဝေတြကိုလွပေစသလို တခါတခါလည္း ကြၽမ္းထိုးေမွာက္ခံုေတြျဖစ္ေအာင္လုပ္ႏိုင္စြမ္း႐ွိတယ္ Unicode ... More

Intro
Part1
Part2
Part3
Part4
part 5
Part 7
Part 8
Part 9

part 6

137 23 1
By Amor___312

ကျွန်တော်ဒီနေရာကနေထပြန်ရင်ကောင်းမလား။ဘာလို့ရယ် ရေရေရာရာမသိပေမယ့်  အကိုYoongiရဲ့ ကောင်မလေးလို့တွေးမိရုံနဲ့တင် ဒီနေရာမှာဆက်မနေချင်တော့ပါ။

"အကို Seokjin ကျွန်တော်ပြန်လိုက်တော့မယ် ဒီနေ့ကူညီပေးတာကျေးဇူးနော်"

"Jimin ဘယ်ကိုသွားမှာလဲ Yoongiတို့တောင်ရောက်လာတော့မယ် စားသောက်ပြီးမှပြန်လေ အကိုတို့လိုက်ပို့ပေးမယ် ခြေထောက်လည်းထိထားတာကို"

ဟင့်အင်း မနေချင်ပါ။တွေးကြည့်ရုံနဲ့တင် တစ်စက္ကန့်လေးတောင် ထပ်မနေ‌ချင်တော့ပါ။မျက်နှာချင်းဆိုင်လည်း မတိုးချင်တာကြောင့် Coatကိုသာ ကောက်ယူပြီး ပြန်မယ်တကဲကဲသာလုပ်နေမိသည်။

"ရတယ် အကို Taxiငှားသွားလိုက်မယ် ခြေထောက်ကဒီလောက်မနာတော့ပါဘူး"

ကလင် ( Bell ring )

ကျွန်တော့်ဆန္ဒတွေပြည့်ပုံမပေါ်။တံခါးဝကပေါ်လာတဲ့အကို့အသံက အံ့ဩနေသယောင်ပေါ်သည်။

"Jimin အရေးကြီးကိစ္စရှိလို့လား ထော့နေတဲ့ခြေထောက်နဲ့ ဘယ်လိုလုပ်အတင်းတွေပြန်နေတာတုန်း"

" ဟို...ဟိုလေ.…အကို အရေးကြီးတာရယ်တော့မဟုတ်ပေမယ့် အကိုတို့အကုန်ဆုံမယ့်အချိန်မှာ ကျွန်တော်ကရှုပ်သလိုဖြစ်နေမှာစိုးလို့ ကျွန်တော်ပြန်လိုက်မယ်အကို အရှေ့ကနေတက္ကစီငှားသွားလိုက်မယ် "

" အရေးမကြီးဘူးဆိုရင် နေလိုက်ဦးပေါ့ အကိုတို့အတွက်အရေးကြီးတဲ့သူမို့လို့ ကိုယ်မင်းနဲ့မိတ်ဆက်ပေးချင်လို့ လာထိုင် "

ပုခုံးကနေကိုင်ပြီး ထိုင်ချခိုင်းတော့လည်း ငြင်းမရပြန်။အရေးကြီးကိစ္စရှိတယ်ပြောလိုက်ရမှာ အခုတော့.....

"Yoongiရောက်လာပြီလား ကလေးရောဘယ်မှာလဲ လူကတော့Hoseokကလွဲပြီးစုံပြီ။သူကတော့ကိစ္စရှိလို့နည်းနည်းနောက်ကျမယ်တဲ့။"

အကိုSeokjinလှမ်းမေးတဲ့စကားကို အကိုက ပြုံးစစနှင့် " လာလိမ့်မယ် ဖုန်းပြောနေလို့ " ဟုသာပြန်ဖြေသည်။

အကိုနဲ့ခင်လာတဲ့ကာလပတ်လုံးမှာ အဲ့လိုအပြုံးမျိုးကျွန်တော်မမြင်ဖူးပါ။နူးနူးညံ့ညံ့အပြုံးမျိုး ....

ကလင် ( Bell ring )

Bellသံကြားရပုံထောက်တော့ အဲ့တစ်ယောက်ဝင်လာပြီထင်။အကို Seokjinက လှမ်းပြီးနှုတ်ဆက်နေပေမယ့် ကျောပေးထားတဲ့ကျွန်တော်ကတော့ လက်ထဲကရေခွက်ကိုသာတင်းတင်းကိုင်ထားမိပြန်တယ်။လှည့်တောင်မကြည့်ရဲပါ။

"ဒီတစ်ယောက်ကကော ဘယ်သူလဲ Hyung မိတ်ဆက်ပေးဦးလေ"

ဟင် ယောက်ျားလေးအသံ ပြီးတော့ ဒီဩရှရှအသံ မဟုတ်မှ

" Taehyung..."

လှည့်ကြည့်‌မိတော့ ရွှေရောင်ဆံပင်တွေ မြင်တွေ့နေကြထပ် ဖြူဖျော့လာတဲ့အသားအရေ ။ ဒါပေမယ့် ကျွန်တော်မမှားပါ ဒါ ကျွန်တော့်အချစ်ဆုံး Taehyung

"Jimin.... Jimin မင်းလား သူငယ်ချင်း မတွေ့ရတာကြာလှပြီကွာ ငါမင်းကိုလွမ်းနေတာကွ"

ပြောရင်းဆိုရင်း ပြေးဖက်လာတဲ့ Taehyungကြောင့် ကျွန်တော့်မှာအင့်ခနဲ။လွမ်းတာဆိုတဲ့စကားကို အံကြိတ်ပြောတော့ သူကျွန်တော့်ကို ဘယ်လောက်လွမ်းနေလည်း ပိုသိသာလာသလို ခံစားရသည်။

"အချင်းချင်းသိနေကြတာလား မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်တယ်"

"ဟုတ်‌တယ် Seokjin Hyung ။ ဒါကျွန်တော့်ကျောင်းတုန်းကသူငယ်ချင်း အချစ်ဆုံးသူငယ်ချင်း။‌နောက်နေ့ကျသူ့ကိုလိုက်ရှာမယ်တောင်တွေးနေတာ အခုတော့ ရှာတွေ့ပြီ"

အကို ‌Seokjinအမေးကို ပြန်ဖြေတဲ့ Taehyungအသံမှာ ပျော်ရွှင်မှုတွေကအပြည့်မို့ အကုန်လုံး ပြုံးရယ်နေကြသည်။

အကိုကကော....

အကိုကတော့ ကျွန်တော်တို့ကိုပြုံးပြီး နွေးနွေးထွေးထွေးကြည့်နေလေရဲ့။

--------------------------
----------------------------------------------------

ညစာစားသောက်ကြရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောဖြစ်ကြတော့ ညစာစားပွဲကပျော်စရာကြီးပင်။ပွဲတစ်ဝက်လောက်ရောက်မှ အကိုတစ်ယောက်ထပ်ရောက်လာသည်။

Jung Hoseokတဲ့ ။ အကို Hoseokပေါ့။ ဒီအကိုလည်းခင်ဖို့ကောင်းသည်ပင်။တက်တက်ကြွကြွနှင့်ဖြစ်သည်။အကိုတို့အဖွဲ့ကရယ်စရာတွေပြောရင်း နွေးနွေးထွေးထွေးပျော်စရာကောင်းကြသည်။

Taehyung နှင့်အကိုက ဇာတိတူတယ်ပြောတော့မှ ကျောင်းတုန်းက Taehyungပြောနေကြအကိုတစ်ယောက်ကိုသွားသတိရမိသည်။

သူ့ကိုတအားဂရုစိုက်ပြီးနွေးထွေးပေးတယ်တဲ့။အဲ့စကားကို အရှေ့ကထိုင်နေတဲ့ အကိုနဲ့တိုက်ကြည့်ပြန်တော့။ဟုတ်တယ်နွေးနွေးထွေးထွေးနဲ့ အပြုံးနုနုတွေ။

အပြုံးတွေအကြောင်းတွေးမိတဲ့အခါ ရင်ဘတ်ထဲကနှလုံးသားက ထူးဆန်းစွာ ကဆုန်ပေါက်သည်။

ညစာစားပွဲပြီးတော့ အကိုက အိမ်အထိပြန်လိုက်ပို့ပေးသည်။Taehyungကတော့ လိုက်ပို့ပေးချင်ပေမယ့် နိုင်ငံခြားက
သူ့အလုပ်တစ်ခုအတွက် အရေးကြီးmeetingဝင်လာ‌
သောကြောင့် ကျွန်တော့်ကို စိတ်မကောင်းကြောင်းအခါခါပြောကာသာ အရင်ပြန်နှင့်ရသည်။

အကို့ကားပေါ်ရောက်တဲ့အခါပုံမှန်ဆို စကားတွေများနေမိမှာပေမယ့် စဉ်းစားစရာတွေများနေတဲ့ကျွန်တော်ကတော့ အသံသာတိတ်နေမိသည်။

ဖြတ်ကျော်လာတဲ့လမ်းမီးရောင်တွေကို  ဖြေးဖြေးချင်းရေတွက်ရင်း ခုနကစိတ်ပူခဲ့ရတာတွေအကြောင်းပြန်တွေးမိတော့ တစ်ခုခုကထူးဆန်းလာသည်။

တစ်လ။တစ်လဆိုတဲ့အချိန်အတောအတွင်းမှာ အကိုနဲ့အများကြီးရင်းနှီးလာရသလို ပိုရင်းနှီးလာလေလေ အကိုကဘယ်လောက်ကြင်နာတတ်တဲ့သူမှန်းသိလာရသည်။ပြုံးပြတတ်တဲ့ အပြုံးတွေကအစ ကော်ဖီခွက်ကိုကိုင်တဲ့ဖြူဖျော့ဖျော့လက်ချောင်းတွေနဲ့ နီရဲရဲလက်ဆစ်တွေအထိ အကိုကပြည့်စုံသည်။

အကိုက ကျွန်တော့်အတွက်တန်ဖိုးရှိတဲ့ဖြစ်တည်မှုပါ။ ဒါကတော့ ကျွန်တော်ကိုယ်တိုင်လက်ခံထားတဲ့အမှန်တရား။

ဒါပေမယ့် မနက်မိုးလင်းတိုင်း ဆိုင်မှာ အကို့ကိုစောင့်နေမိတာတွေ၊အကိုကြိုက်တတ်တဲ့မုန့်တွေ ကော်ဖီအချိုးအစားတွေ အကျင့်တွေကအစ မကြိုးစားရပဲအကုန်မှတ်မိနေတာတွေ အကိုမျက်နှာနည်းနည်းတင်းရုံနဲ့ စိတ်ပူနေတာတွေ ဒါတွေကကောဖြစ်ရိုးဖြစ်စဉ်မှဟုတ်ရဲ့လား။

ဒီနေ့ည စိတ်ပူမိနေတာကိုပြန်တွေးမိလေလေ ထူးဆန်းလာရသည်။အကို့ကောင်မလေးလို့ တွေးမိရုံနဲ့တင် ခြေလက်တွေ အေးစက်ပြီး ရင်မဆိုင်ရဲတဲ့အထိဖြစ်လာတာမျိုးကို ပုံမှန်ပါပဲလို့ ပြောရအောင်အထိ ကျွန်တော်မအပါ။ဘာတွေများလဲ ဘာတွေများဖြစ်နေတာလဲ။

ကားမောင်းနေတဲ့အကို့ကို ငေးကြည့်မိတော့ အကိုလှည့်ကြည့်လာတဲ့အချိန်နဲ့ဆုံသည်။ဘာလဲဆိုတဲ့သဘောနဲ့ မျက်ခုံးပင့်ပြတော့ ခေါင်းကိုသာခါရမ်းပြမိပေမယ့် ရင်ဘတ်ထဲကအကောင်ပေါက်ကတော့ ဒုန်းဆိုင်းချနေသည်ပင်။

မဟုတ်မှ ငါ အကို့ကိုများ.......အကို့ကိုများ သဘောကျမိနေတာလား။

တွေးနေတဲ့ခေါင်းပါချာချာလည်လို့ မူးဝေသွားရတဲ့အထိပင်။

မဖြစ်နိုင်ပါ မဖြစ်ရပါ။အကိုကငါ့ကိုရိုးရိုးတန်းတန်းညီလေးတစ်ယောက်လို သဘောကျတာကို ငါကအဲ့လိုမျိုးကြီးစိတ်ထားရင် အကို့ကိုစော်ကားမိရာကျသွားမှာပေါ့။

ဒီအကြောင်းကိုအခုမှတွေးမိတာပေမယ့် အနှစ်နှစ်အလလဖြေရှင်းနေခဲ့ရတဲ့ ပုစ္ဆာရဲ့ အဖြေမှန်ကိုရှာတွေ့သွားသလို ခံစားရသည်။ဒီအကြောင်းကို အကိုများသိသွားခဲ့ရင် ကျွန်တော့်ကိုမုန်းတော့မယ်ထင်သည်။ထပ်မတွေ့တော့ဘူးဆိုတာမျိုးကိုပြောလာခဲ့ရင်ကော.....

အတွေးနဲ့တင် လူကမူးနောက်ကာ မအီမသာဖြစ်လာရသည်။

ဒါကိုသတိထားမိသွားပုံရတဲ့အကိုက အဆင်ပြေရဲ့လားအခါခါမေးနေပေမယ့် နားထဲစကားသံကဝင်တစ်ချက်မဝင်တစ်ချက်။

ပုခုံးကိုလှုပ်ကိုင်ပြီးမေးလာတော့မှ သတိကသေချာပြန်ကပ်လာသည်။ကြည့်မိတော့ အကိုကကားတောင် လမ်းဘေးရပ်ထားပြီပဲ။

" Jiminအဆင်ပြေရဲ့လား ဘာဖြစ်တာလဲ ကြည့်ရတာမအီမသာနဲ့ "

"Ahh အဆင်.. အဆင်ပြေပါတယ်အကို။ဒီနေ့နည်းနည်းပင်ပန်းသွားလို့ထင်တယ်။ခုနကလည်း စကားတွေအများကြီးပြောတာနဲ့အစားသေချာမစားဖြစ်တော့။လမ်းမှာ ကုန်စုံဆိုင်လေးတွေ့ရင်တစ်ချက်လောက်ရပ်ပေးပါလား။"

"ဟုတ်ပြီ ဟုတ်ပြီ အရှေ့နားဆို မင်းတို့ရပ်ကွက်ရောက်ပြီပဲ လမ်းထိပ်ကကုန်စုံဆိုင်မှာ ရပ်ပေးမယ်"

"ဟုတ်"

စတိုးဆိုင်ကိုရောက်တဲ့အခါ အအေးတစ်ဗူးဝယ်ကာ ကျွန်တော်ဆိုင်မှာထိုင်ဖို့ဆုံးဖြတ်တော့ အကိုပါထိုင်စောင့်ပေးသည်။

သက်သာသွားပြီလားလို့မေးတော့ ကျွန်တော်နဲ့မတူစွာပင် ‌အကို့ကို တွေတွေကြီးစိုက်ကြည့်နေမိသည်။

မျက်မှောင်ကုတ်ကြည့်လာတဲ့အကို့ကိုမြင်တော့မှ ပြုံးပြကာ

"အဆင်ပြေသွားပြီအကို အစာနည်းနည်းဝင်သွားလို့ထင်တယ်။ဒါနဲ့ ကျွန်တော်ဒီနေ့အကို့ကို ဒုက္ခများအောင်လုပ်မိပြီထင်တယ်။ခြေထောက်တုန်းကတစ်ခါ အခုလည်းတစ်ခါ။တောင်းပန်ပါတယ်အကို "

ကျွန်တော်တကယ်အားနာမိပါတယ်။ဒါပေမယ့် ဒီတစ်ခါကတော့ တောင်းပန်ပါတယ်လို့ ပြောမိတဲ့စကားက ရိုးရှင်းမနေတော့တာ ကျွန်တော်သိနေသည်။

"ဘာတောင်းပန်စရာရှိလို့လဲ အပန်းမှမကြီးတာ။ပြီး‌တော့ ကိုယ်ကစိတ်ပူလို့လည်း ပါပါတယ်။တောင်းပန်ဖို့အထိမလိုပါဘူးကွာ။ကိုယ်ကိုက ဂရုစိုက်ပေးချင်လို့"

အကိုကတော့ ဘာအဓိပ္ပာယ်နဲ့ပြောလိုက်သလဲမသိပေမယ့် စိတ်ပူတယ်ဆိုတဲ့စကားတဂရုစိုက်ပေးချင်တယ်ဆိုတဲ့စကားတွေနဲ့တင် ကျွန်တော့်အရှေ့က ထိုလူသားက အဖိုးတန်လှသည်ပင်။မျက်လုံးဝိုင်းတွေနဲ့သာကြည့်နေမိတော့သည်။

ဂရုစိုက်ခံရခြင်းတွေ မေတ္တာတွေဆိုတာကို အလိုရှိပေမယ့် ညီမလေးအတွက် အားတင်းထားရတဲ့ ကျွန်တော့်အတွက်တော့ အကိုပြောတဲ့ စကားတွေက ပျော့ညံ့လည်းဖြစ်ပါတယ်လို့ ပြောနေသလိုပင်။

အကိုသာရှိနေရင် ကျွန်တော်ပျော့ညံ့ပြလည်းလုံခြုံသည် ဆိုတာမျိုးကိုခံစားရလို့ အကိုကအဖိုးတန်လှပါသည်။

ဘယ်လိုသဘောကျခြင်းဆိုတာကိုတော့ ကျွန်တော်မသိပေမယ့် ဟုတ်တယ် ကျွန်တော်အကို့ကို သဘောကျတယ်။

ဒါကိုတော့ ကျွန်တော်ရာနှုန်းပြည့်သေချာပါတယ်။

-------------------------------
-----------------------------------------------------------
ကြၽန္ေတာ္ဒီေနရာကေနထျပန္ရင္ေကာင္းမလား။ဘာလို႔ရယ္ ေရေရရာရာမသိေပမယ့္ အကိုYoongiရဲ႕ ေကာင္မေလးလို႔ေတြးမိ႐ုံနဲ႕တင္ ဒီေနရာမွာဆက္မေနခ်င္ေတာ့ပါ။

"အကို Seokjin ကြၽန္ေတာ္ျပန္လိုက္ေတာ့မယ္ ဒီေန႕ကူညီေပးတာေက်းဇူးေနာ္"

"Jimin ဘယ္ကိုသြားမွာလဲ Yoongiတို႔ေတာင္ေရာက္လာေတာ့မယ္ စားေသာက္ၿပီးမွျပန္ေလ အကိုတို႔လိုက္ပို႔ေပးမယ္ ေျခေထာက္လည္းထိထားတာကို"

ဟင့္အင္း မေနခ်င္ပါ။ေတြးၾကည့္႐ုံနဲ႕တင္ တစ္စကၠန႔္ေလးေတာင္ ထပ္မေနခ်င္ေတာ့ပါ။မ်က္ႏွာခ်င္းဆိုင္လည္း မတိုးခ်င္တာေၾကာင့္ Coatကိုသာ ေကာက္ယူၿပီး ျပန္မယ္တကဲကဲသာလုပ္ေနမိသည္။

"ရတယ္ အကို Taxiငွားသြားလိုက္မယ္ ေျခေထာက္ကဒီေလာက္မနာေတာ့ပါဘူး"

ကလင္ ( Bell ring )

ကြၽန္ေတာ့္ဆႏၵေတြျပည့္ပုံမေပၚ။တံခါးဝကေပၚလာတဲ့အကို႔အသံက အံ့ဩေနသေယာင္ေပၚသည္။

"Jimin အေရးႀကီးကိစၥရွိလို႔လား ေထာ့ေနတဲ့ေျခေထာက္နဲ႕ ဘယ္လိုလုပ္အတင္းေတြျပန္ေနတာတုန္း"

" ဟို...ဟိုေလ.အကို အေရးႀကီးတာရယ္ေတာ့မဟုတ္ေပမယ့္ အကိုတို႔အကုန္ဆုံမယ့္အခ်ိန္မွာ ကြၽန္ေတာ္ကရႈပ္သလိုျဖစ္ေနမွာစိုးလို႔ ကြၽန္ေတာ္ျပန္လိုက္မယ္အကို အေရွ႕ကေနတကၠစီငွားသြားလိုက္မယ္ "

" အေရးမႀကီးဘူးဆိုရင္ ေနလိုက္ဦးေပါ့ အကိုတို႔အတြက္အေရးႀကီးတဲ့သူမို႔လို႔ ကိုယ္မင္းနဲ႕မိတ္ဆက္ေပးခ်င္လို႔ လာထိုင္ "

ပုခုံးကေနကိုင္ၿပီး ထိုင္ခ်ခိဳင္းေတာ့လည္း ျငင္းမရျပန္။အေရးႀကီးကိစၥရွိတယ္ေျပာလိုက္ရမွာ အခုေတာ့.....

"Yoongiေရာက္လာၿပီလား ကေလးေရာဘယ္မွာလဲ လူကေတာ့Hoseokကလြဲၿပီးစုံၿပီ။သူကေတာ့ကိစၥရွိလို႔နည္းနည္းေနာက္က်မယ္တဲ့။"

အကိုSeokjinလွမ္းေမးတဲ့စကားကို အကိုက ၿပဳံးစစႏွင့္ " လာလိမ့္မယ္ ဖုန္းေျပာေနလို႔ " ဟုသာျပန္ေျဖသည္။

အကိုနဲ႕ခင္လာတဲ့ကာလပတ္လုံးမွာ အဲ့လိုအၿပဳံးမ်ိဳးကြၽန္ေတာ္မျမင္ဖူးပါ။ႏူးႏူးညံ့ညံ့အၿပဳံးမ်ိဳး ....

ကလင္ ( Bell ring )

Bellသံၾကားရပုံေထာက္ေတာ့ အဲ့တစ္ေယာက္ဝင္လာၿပီထင္။အကို Seokjinက လွမ္းၿပီးႏႈတ္ဆက္ေနေပမယ့္ ေက်ာေပးထားတဲ့ကြၽန္ေတာ္ကေတာ့ လက္ထဲကေရခြက္ကိုသာတင္းတင္းကိုင္ထားမိျပန္တယ္။လွည့္ေတာင္မၾကည့္ရဲပါ။

"ဒီတစ္ေယာက္ကေကာ ဘယ္သူလဲ Hyung မိတ္ဆက္ေပးဦးေလ"

ဟင္ ေယာက္်ားေလးအသံ ၿပီးေတာ့ ဒီဩရွရွအသံ မဟုတ္မွ

" Taehyung..."

လွည့္ၾကည့္မိေတာ့ ေ႐ႊေရာင္ဆံပင္ေတြ ျမင္ေတြ႕ေနၾကထပ္ ျဖဴေဖ်ာ့လာတဲ့အသားအေရ ။ ဒါေပမယ့္ ကြၽန္ေတာ္မမွားပါ ဒါ ကြၽန္ေတာ့္အခ်စ္ဆုံး Taehyung

"Jimin.... Jimin မင္းလား သူငယ္ခ်င္း မေတြ႕ရတာၾကာလွၿပီကြာ ငါမင္းကိုလြမ္းေနတာကြ"

ေျပာရင္းဆိုရင္း ေျပးဖက္လာတဲ့ Taehyungေၾကာင့္ ကြၽန္ေတာ့္မွာအင့္ခနဲ။လြမ္းတာဆိုတဲ့စကားကို အံႀကိတ္ေျပာေတာ့ သူကြၽန္ေတာ့္ကို ဘယ္ေလာက္လြမ္းေနလည္း ပိုသိသာလာသလို ခံစားရသည္။

"အခ်င္းခ်င္းသိေနၾကတာလား မိတ္ဆက္ေပးစရာမလိုေတာ့ဘူးထင္တယ္"

"ဟုတ္တယ္ Seokjin Hyung ။ ဒါကြၽန္ေတာ့္ေက်ာင္းတုန္းကသူငယ္ခ်င္း အခ်စ္ဆုံးသူငယ္ခ်င္း။ေနာက္ေန႕က်သဴ႕ကိုလိုက္ရွာမယ္ေတာင္ေတြးေနတာ အခုေတာ့ ရွာေတြ႕ၿပီ"

အကို Seokjinအေမးကို ျပန္ေျဖတဲ့ Taehyungအသံမွာ ေပ်ာ္႐ႊင္မႈေတြကအျပည့္မို႔ အကုန္လုံး ၿပဳံးရယ္ေနၾကသည္။

အကိုကေကာ....

အကိုကေတာ့ ကြၽန္ေတာ္တို႔ကိုၿပဳံးၿပီး ႏြေးႏြေးေထြးေထြးၾကည့္ေနေလရဲ႕။

--------------------------
----------------------------------------------------

ညစာစားေသာက္ၾကရင္း ေရွးေဟာင္းႏွောင္းျဖစ္ေတြျပန္ေျပာျဖစ္ၾကေတာ့ ညစာစားပြဲကေပ်ာ္စရာႀကီးပင္။ပြဲတစ္ဝက္ေလာက္ေရာက္မွ အကိုတစ္ေယာက္ထပ္ေရာက္လာသည္။

Jung Hoseokတဲ့ ။ အကို Hoseokေပါ့။ ဒီအကိုလည္းခင္ဖို႔ေကာင္းသည္ပင္။တက္တက္ႂကြႂကြႏွင့္ျဖစ္သည္။အကိုတို႔အဖြဲ႕ကရယ္စရာေတြေျပာရင္း ႏြေးႏြေးေထြးေထြးေပ်ာ္စရာေကာင္းၾကသည္။

Taehyung ႏွင့္အကိုက ဇာတိတူတယ္ေျပာေတာ့မွ ေက်ာင္းတုန္းက Taehyungေျပာေနၾကအကိုတစ္ေယာက္ကိုသြားသတိရမိသည္။

သူ႕ကိုတအားဂ႐ုစိုက္ၿပီးႏြေးေထြးေပးတယ္တဲ့။အဲ့စကားကို အေရွ႕ကထိုင္ေနတဲ့ အကိုနဲ႕တိုက္ၾကည့္ျပန္ေတာ့။ဟုတ္တယ္ႏြေးႏြေးေထြးေထြးနဲ႕ အၿပဳံးႏုႏုေတြ။

အၿပဳံးေတြအေၾကာင္းေတြးမိတဲ့အခါ ရင္ဘတ္ထဲကႏွလုံးသားက ထူးဆန္းစြာ ကဆုန္ေပါက္သည္။

ညစာစားပြဲၿပီးေတာ့ အကိုက အိမ္အထိျပန္လိုက္ပို႔ေပးသည္။Taehyungကေတာ့ လိုက္ပို႔ေပးခ်င္ေပမယ့္ နိုင္ငံျခားက
သူ႕အလုပ္တစ္ခုအတြက္ အေရးႀကီးmeetingဝင္လာ
ေသာေၾကာင့္ ကြၽန္ေတာ့္ကို စိတ္မေကာင္းေၾကာင္းအခါခါေျပာကာသာ အရင္ျပန္ႏွင့္ရသည္။

အကို႔ကားေပၚေရာက္တဲ့အခါပုံမွန္ဆို စကားေတြမ်ားေနမိမွာေပမယ့္ စဥ္းစားစရာေတြမ်ားေနတဲ့ကြၽန္ေတာ္ကေတာ့ အသံသာတိတ္ေနမိသည္။

ျဖတ္ေက်ာ္လာတဲ့လမ္းမီးေရာင္ေတြကို ေျဖးေျဖးခ်င္းေရတြက္ရင္း ခုနကစိတ္ပူခဲ့ရတာေတြအေၾကာင္းျပန္ေတြးမိေတာ့ တစ္ခုခုကထူးဆန္းလာသည္။

တစ္လ။တစ္လဆိုတဲ့အခ်ိန္အေတာအတြင္းမွာ အကိုနဲ႕အမ်ားႀကီးရင္းႏွီးလာရသလို ပိုရင္းႏွီးလာေလေလ အကိုကဘယ္ေလာက္ၾကင္နာတတ္တဲ့သူမွန္းသိလာရသည္။ၿပဳံးျပတတ္တဲ့ အၿပဳံးေတြကအစ ေကာ္ဖီခြက္ကိုကိုင္တဲ့ျဖဴေဖ်ာ့ေဖ်ာ့လက္ေခ်ာင္းေတြနဲ႕ နီရဲရဲလက္ဆစ္ေတြအထိ အကိုကျပည့္စုံသည္။

အကိုက ကြၽန္ေတာ့္အတြက္တန္ဖိုးရွိတဲ့ျဖစ္တည္မႈပါ။ ဒါကေတာ့ ကြၽန္ေတာ္ကိုယ္တိုင္လက္ခံထားတဲ့အမွန္တရား။

ဒါေပမယ့္ မနက္မိုးလင္းတိုင္း ဆိုင္မွာ အကို႔ကိုေစာင့္ေနမိတာေတြ၊အကိုႀကိဳက္တတ္တဲ့မုန႔္ေတြ ေကာ္ဖီအခ်ိဳးအစားေတြ အက်င့္ေတြကအစ မႀကိဳးစားရပဲအကုန္မွတ္မိေနတာေတြ အကိုမ်က္ႏွာနည္းနည္းတင္း႐ုံနဲ႕ စိတ္ပူေနတာေတြ ဒါေတြကေကာျဖစ္ရိုးျဖစ္စဥ္မွဟုတ္ရဲ႕လား။

ဒီေန႕ည စိတ္ပူမိေနတာကိုျပန္ေတြးမိေလေလ ထူးဆန္းလာရသည္။အကို႔ေကာင္မေလးလို႔ ေတြးမိ႐ုံနဲ႕တင္ ေျခလက္ေတြ ေအးစက္ၿပီး ရင္မဆိုင္ရဲတဲ့အထိျဖစ္လာတာမ်ိဳးကို ပုံမွန္ပါပဲလို႔ ေျပာရေအာင္အထိ ကြၽန္ေတာ္မအပါ။ဘာေတြမ်ားလဲ ဘာေတြမ်ားျဖစ္ေနတာလဲ။

ကားေမာင္းေနတဲ့အကို႔ကို ေငးၾကည့္မိေတာ့ အကိုလွည့္ၾကည့္လာတဲ့အခ်ိန္နဲ႕ဆုံသည္။ဘာလဲဆိုတဲ့သေဘာနဲ႕ မ်က္ခုံးပင့္ျပေတာ့ ေခါင္းကိုသာခါရမ္းျပမိေပမယ့္ ရင္ဘတ္ထဲကအေကာင္ေပါက္ကေတာ့ ဒုန္းဆိုင္းခ်ေနသည္ပင္။

မဟုတ္မွ ငါ အကို႔ကိုမ်ား.......အကို႔ကိုမ်ား သေဘာက်မိေနတာလား။

ေတြးေနတဲ့ေခါင္းပါခ်ာခ်ာလည္လို႔ မူးေဝသြားရတဲ့အထိပင္။

မျဖစ္နိုင္ပါ မျဖစ္ရပါ။အကိုကငါ့ကိုရိုးရိုးတန္းတန္းညီေလးတစ္ေယာက္လို သေဘာက်တာကို ငါကအဲ့လိုမ်ိဳးႀကီးစိတ္ထားရင္ အကို႔ကိုေစာ္ကားမိရာက်သြားမွာေပါ့။

ဒီအေၾကာင္းကိုအခုမွေတြးမိတာေပမယ့္ အႏွစ္ႏွစ္အလလေျဖရွင္းေနခဲ့ရတဲ့ ပုစ္ဆာရဲ႕ အေျဖမွန္ကိုရွာေတြ႕သြားသလို ခံစားရသည္။ဒီအေၾကာင္းကို အကိုမ်ားသိသြားခဲ့ရင္ ကြၽန္ေတာ့္ကိုမုန္းေတာ့မယ္ထင္သည္။ထပ္မေတြ႕ေတာ့ဘူးဆိုတာမ်ိဳးကိုေျပာလာခဲ့ရင္ေကာ.....

အေတြးနဲ႕တင္ လူကမူးေနာက္ကာ မအီမသာျဖစ္လာရသည္။

ဒါကိုသတိထားမိသြားပုံရတဲ့အကိုက အဆင္ေျပရဲ႕လားအခါခါေမးေနေပမယ့္ နားထဲစကားသံကဝင္တစ္ခ်က္မဝင္တစ္ခ်က္။

ပုခုံးကိုလႈပ္ကိုင္ၿပီးေမးလာေတာ့မွ သတိကေသခ်ာျပန္ကပ္လာသည္။ၾကည့္မိေတာ့ အကိုကကားေတာင္ လမ္းေဘးရပ္ထားၿပီပဲ။

" Jiminအဆင္ေျပရဲ႕လား ဘာျဖစ္တာလဲ ၾကည့္ရတာမအီမသာနဲ႕ "

"Ahh အဆင္.. အဆင္ေျပပါတယ္အကို။ဒီေန႕နည္းနည္းပင္ပန္းသြားလို႔ထင္တယ္။ခုနကလည္း စကားေတြအမ်ားႀကီးေျပာတာနဲ႕အစားေသခ်ာမစားျဖစ္ေတာ့။လမ္းမွာ ကုန္စုံဆိုင္ေလးေတြ႕ရင္တစ္ခ်က္ေလာက္ရပ္ေပးပါလား။"

"ဟုတ္ၿပီ ဟုတ္ၿပီ အေရွ႕နားဆို မင္းတို႔ရပ္ကြက္ေရာက္ၿပီပဲ လမ္းထိပ္ကကုန္စုံဆိုင္မွာ ရပ္ေပးမယ္"

"ဟုတ္"

စတိုးဆိုင္ကိုေရာက္တဲ့အခါ အေအးတစ္ဗူးဝယ္ကာ ကြၽန္ေတာ္ဆိုင္မွာထိုင္ဖို႔ဆုံးျဖတ္ေတာ့ အကိုပါထိုင္ေစာင့္ေပးသည္။

သက္သာသြားၿပီလားလို႔ေမးေတာ့ ကြၽန္ေတာ္နဲ႕မတူစြာပင္ အကို႔ကို ေတြေတြႀကီးစိုက္ၾကည့္ေနမိသည္။

မ်က္ေမွာင္ကုတ္ၾကည့္လာတဲ့အကို႔ကိုျမင္ေတာ့မွ ၿပဳံးျပကာ

"အဆင္ေျပသြားၿပီအကို အစာနည္းနည္းဝင္သြားလို႔ထင္တယ္။ဒါနဲ႕ ကြၽန္ေတာ္ဒီေန႕အကို႔ကို ဒုကၡမ်ားေအာင္လုပ္မိၿပီထင္တယ္။ေျခေထာက္တုန္းကတစ္ခါ အခုလည္းတစ္ခါ။ေတာင္းပန္ပါတယ္အကို "

ကြၽန္ေတာ္တကယ္အားနာမိပါတယ္။ဒါေပမယ့္ ဒီတစ္ခါကေတာ့ ေတာင္းပန္ပါတယ္လို႔ ေျပာမိတဲ့စကားက ရိုးရွင္းမေနေတာ့တာ ကြၽန္ေတာ္သိေနသည္။

"ဘာေတာင္းပန္စရာရွိလို႔လဲ အပန္းမွမႀကီးတာ။ၿပီးေတာ့ ကိုယ္ကစိတ္ပူလို႔လည္း ပါပါတယ္။ေတာင္းပန္ဖို႔အထိမလိုပါဘူးကြာ။ကိုယ္ကိုက ဂ႐ုစိုက္ေပးခ်င္လို႔"

အကိုကေတာ့ ဘာအဓိပၸာယ္နဲ႕ေျပာလိုက္သလဲမသိေပမယ့္ စိတ္ပူတယ္ဆိုတဲ့စကားတဂ႐ုစိုက္ေပးခ်င္တယ္ဆိုတဲ့စကားေတြနဲ႕တင္ ကြၽန္ေတာ့္အေရွ႕က ထိုလူသားက အဖိုးတန္လွသည္ပင္။မ်က္လုံးဝိုင္းေတြနဲ႕သာၾကည့္ေနမိေတာ့သည္။

ဂ႐ုစိုက္ခံရျခင္းေတြ ေမတၱာေတြဆိုတာကို အလိုရွိေပမယ့္ ညီမေလးအတြက္ အားတင္းထားရတဲ့ ကြၽန္ေတာ့္အတြက္ေတာ့ အကိုေျပာတဲ့ စကားေတြက ေပ်ာ့ညံ့လည္းျဖစ္ပါတယ္လို႔ ေျပာေနသလိုပင္။

အကိုသာရွိေနရင္ ကြၽန္ေတာ္ေပ်ာ့ညံ့ျပလည္းလုံၿခဳံသည္ ဆိုတာမ်ိဳးကိုခံစားရလို႔ အကိုကအဖိုးတန္လွပါသည္။

ဘယ္လိုသေဘာက်ျခင္းဆိုတာကိုေတာ့ ကြၽန္ေတာ္မသိေပမယ့္ ဟုတ္တယ္ ကြၽန္ေတာ္အကို႔ကို သေဘာက်တယ္။

ဒါကိုေတာ့ ကြၽန္ေတာ္ရာႏႈန္းျပည့္ေသခ်ာပါတယ္။

-------------------------------
-----------------------------------------------------------

Continue Reading

You'll Also Like

1M 54.1K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
3.5M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
1.3M 44.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
514K 33.3K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary