Unicode
ကုရှင်ချွမ်းကခွဲစိတ်ခန်းရဲ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့ဆိုဖာပေါ်မှာထိုင်နေတယ်။ သူကလက်တွေကိုခေါက်ပီး ဒူးပေါ်မှာတင်ထားတယ်။ သူ့မျက်လုံးတွေကရဲနေပီး ခွဲစိတ်ခန်းကိုပဲစိုက်ကြည့်နေတယ်။
သူ့စိတ်ထဲမှာ စုန့်ရီအဝတ်တွေပေါ်ကမူးမေ့ချင်စရာကောင်းတဲ့သွေးရဲရဲတွေပဲ နေရာအပြည့်ယူထားတယ်။
သူကငယ်ငယ်လေးကတည်းကအရမ်းသတ္တိရှိခဲ့တယ်။ သူဆယ်ကျော်သက်အရွယ်တုန်းကပင်လယ်ထဲဆင်းပီး ငါးမန်းရဲ့အမြှီးကိုတောင် သွားဆွဲရဲတယ်။
သူ့ဘဝမှာပထမဆုံးအကြိမ်အဖြစ်ကြောက်ရွံ့မှုကိုခံစားရတာဖြစ်ပီး ကျေားရိုးတစ်လျှောက်မှာအအေးလှိုင်းဖြတ်စီးနေကာ တစ်ကိုယ်လုံးတုန်ယင်နေတာကိုမထိန်းနိုင်ဖြစ်နေတယ်။
တကယ်လို့စုန့်ရီသာတစ်ခုခုဖြစ်ခဲ့ရင် တစ်ဘဝလုံးသူ့ကိုယ်သူခွင့်လွှတ်နိုင်မှာမဟုတ်ဘူး။
ရှန်းစစ်ရဲယ်နဲ့ရှန်းတုလဲအလောတကြီးရောက်ချလာတယ်။ ရှန်းစစ်ရဲယ်မျက်နှာကမီးသွေးလိုမည်းသဲနေပီး ကုရှင်ချွမ်းဆီတည့်တည့်သွားကာ စကားတစ်ခွန်းမဆိုဘဲ ပါးကိုရိုက်လိုက်တယ်။
ဖြန်းခနဲအသံက လူသူတိတ်ဆိတ်တဲ့ ကော်ရစ်ဒါမှာ ပဲတင်သံထွက်လာတယ်။
ကုရှင်ချွမ်းရဲ့မျက်နှာဖြူဖြူပေါ်မှာရဲနေတဲ့လက်ချောင်းရာကြီးပေါ်လာတယ်။ ကုရှင်ချွမ်းရဲ့မျက်နှာကတစ်ဖက်ကိုစောင်းသွားပီး မလှုပ်မရှားပဲရှိနေတယ်။ သူ့ရဲ့ဘေးတစောင်းမျက်နှာကတော့အေးစက်နေတယ်။
ရှန်းစစ်ရဲယ်ရဲ့လက်ဖဝါးကထုံသွားပီး သူကဒေါသတကြီးစိုက်ကြည့်နေတယ် "မင်းကိုငါ့အိမ်ထဲဝင်ခွင့်မပေးလိုက်ခဲ့သင့်ဘူး!"
"ဖိုးဖိုး ဒေါသမထွက်ပါနဲ့" ရှန်းတုကရှန်းစစ်ရဲယ်ကိုဂရုတစိုက် ပြောနေတယ်။
ကုရှင်ချွမ်းခေါင်းငုံ့လိုက်တယ်။ အဖြူရောင်ကြမ်းခင်းကသူ့ခေါင်းပေါ်မှာဖျော့တော့တော့အလင်းပြန်စေတယ်။ သူ့အမူအရာကတော့ မည်းမှောင်နေတယ် "စစ်ရဲယ် ကျွန်တော်ဒီပြဿနာကိုဖြေရှင်းလိုက်မယ်"
ရှန်းစစ်ရဲယ်ကဒေါသထွက်စွာရယ်လိုက်တယ် "ငါထင်တာမမှားခဲ့ဘူး မင်းကတကယ်ဦးနှောက်မရှိတဲ့အကောင် မင်းတို့ရဲ့ဆက်ဆံရေးကိုကြေငြာလိုက်မယ်ဆိုရင် ဒီလိုအကျိုးဆက်တွေရလာမယ်ဆိုတာမင်းမခန့်မှန်းမိဘူးလား?"
"ကျွန်တော်တောင်းပန်ပါတယ် စစ်ရဲယ်" ကုရှင်ချွမ်းကရှန်းစစ်ရဲယ်ကိုခေါင်းမော့ကြည့်လိုက်ပီး ရိုးရိုးသားသားတောင်းပန်လိုက်တယ်။
သူကအထက်စီးဆန်ပီး မောက်မာရိုင်းစိုင်းတယ်။ ဘယ်သူကမှသူ့ကိုအထင်မသေးဖူးဘူး။ သူ့တစ်သက်လုံးပြောခဲ့တဲ့တောင်းပန်စကားဆိုတာကလဲရေတွက်ကြည့်လို့ရတယ်။
ရှန်းစစ်ရဲယ်ကသူ့ကိုလက်ညှိုးထိုးလိုက်ပီး သူ့ဒေါသတွေကခေါင်းထိရောက်နေတယ် "မင်းတောင်းပန်စကားပြောစရာမလိုဘူး ရှောင်ရီဆံပင်တစ်ချောင်းဆုံးရှုံးရင် မင်းကိုတစ်ခါတည်းသတ်ပစ်မယ်!"
စုန့်ရီတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ရှန်းစစ်ရဲယ်သူ့ကိုလာသတ်စရာတောင်လိုမှာမဟုတ်ဘူး။ သူ့ဘာသာသူအပြစ်ပေးဖို့စောင့်ဆိုင်းနေမှာမဟုတ်ဘူး။
ရှန်းစစ်ရဲယ်ကခေါင်းကိုမော့လိုက်ပီး အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင်လုပ်လိုက်တယ် "ရှန်းတု ဆရာဝန်ဆီသွားပီး အခြေအနေသွားမေး"
ရှန်းတုရဲ့အမူအရာကမဲခနဲဖြစ်သွားတယ်။ သူလဲစုန့်ရီရဲ့အခြေအနေကိုသွားကြည့်ချင်ပေမဲ့ ရှန်းစစ်ရဲယ်ကိုလဲသိပ်စိတ်မချဘူး။ ဒါပေမဲ့ရှန်းစစ်ရဲယ်နဲ့ကုရှင်ချွမ်းနှစ်ယောက်တည်းပြောစရာရှိမယ်ဆိုတာသိလို့ လှည့်ထွက်လာလိုက်တယ်။
ရှန်းစစ်ရဲယ်ကကုရှင်ချွမ်းကိုကြည့်ပီး အံကြိတ်ကာ နာကျင်မှုကိုဖော်ပြလာတယ် "ငါမင်းကိုစတွေ့ကတည်းကဘာလို့အထင်သေးလဲမင်းသိလား?"
ကုရှင်ချွမ်းသူ့ကိုမော့ကြည့်လိုက်တယ် "ဘာလို့လဲ?"
ရှန်းစစ်ရဲယ်ကသက်ပြင်းအရှည်ကြီးချလိုက်တယ် "ဘာလို့ဆို မင်းကငါငယ်ငယ်ကနဲ့အရမ်းတူလို့ ရဲရင့်တယ် စိတ်လိုက်မာန်ပါလုက်တတ်တယ် တခြားသူတွေနဲ့ခံစားချက်ကိုလျစ်လျူရှုတယ်"
ကုရှင်ချွမ်းကအံ့ဩသွားတယ် "ကျွန်တော်ကစစ်ရဲယ်နဲ့တူတယ်?"
ရှန်းစစ်ရဲယ်ကအဝါရောင်သစ်မာချိုင်းထောက်ကိုသူ့လက်ထဲကနေချလိုက်ပီး ဆိုဖာပေါ်မှာထိုင်ချလိုက်တယ်။ သူကခွဲစိတ်ခန်းတံခါးကိုကြည့်ရင်း ပြောနေတယ် "မင်းကငါငယ်ငယ်တုံးနဲ့တိတိကျကျကြီးကိုတူတာ ငါကမင်းဘယ်လိုလူလဲဆိုတာကိုသိနေတာ အာ့ကြောင့်မို့မင်းကိုသဘောမကျတာ"
ကုရှင်ချွမ်းသူ့ကိုလှည့်ကြည့်လိုက်ပီး အလေးအနက်ပြောလိုက်တယ် "စစ်ရဲယ် ကျွန်တော် စုန့်ရီကိုတကယ်ကြိုက်တယ် ကျွန်တော်သူ့ကိုကောင်းကောင်းဆက်ဆံမှာပါ"
ရှန်းစစ်ရဲယ်ကခေါင်းယမ်းလိုက်ပီး မျက်လုံးတွေကတည်ငြိမ်လေးနက်နေတယ် "စုန့်ရီအတွက်မင်းနှလုံးသားကစစ်မှန်တယ်ဆိုတာငါသိတယ် ဒါပေမဲ့စုန့်ရီပျောက်ဆုံးသွားပီးမှ ပြန်ရတဲ့ရှန်းမိသားစုရဲ့ရတနာလေး ငါ့သားနဲ့ချွေးမချန်ထားခဲ့တဲ့ရတနာလေးကို နည်းနည်းလေးမှအမှားအယွင်းမခံနိုင်ဘူး သူတစ်ခုခုဖြစ်သွားရင် ငါဘယ်လိုအသက်ရှင်နေရမှာလဲဲ?"
ကုရှင်ချွမ်းနှုတ်ခမ်းတွေကတုန်ယင်နေပီး သူ့အသံကတိုးတိုးလေးနဲ့အက်ရှနေတယ် "စစ်ရဲယ် တောင်းပန်ပါတယ်"
"အဲ့ဒါကိုမပြောနဲ့တော့ မင်းကသူ့အတွက်မထိုက်တန်ဘူးလို့ငါကတွေးမိရုံပဲ" ရှန်းစစ်ရဲယ်ကသူ့ကိုတစ်ချက်ကြည့်ပီး ဆက်ပြောတယ် "မင်းကအရမ်းလူကြိုက်များတာကိုငါသိတယ် မင်းလိုမျိုးလူတစ်ယောက်ကလက်ထပ်ဖို့မသင့်တော့ဘူး ငါတို့ရှောင်ရီကနှစ်ပေါင်းများစွာ ဒုက္ခတွေခံစားခဲ့ရတာ သူ့ရဲ့ကျန်တဲ့ဘဝတလျှောက်လုံးပျော်ပျော်ရွှင်ရွှင်နေရပီး ဘာဒုက္ခမှမရှိဖို့ပဲငါမျှော်လင့်တာ မင်းလိုလူကြိုက်များတဲ့သူနဲ့ဆိုရင် သူ့မှာစိတ်ပူစရာတွေအရမ်းများလိမ့်မယ်"
ကုရှင်ချွမ်းကဘာစကားမှမပြောဘူး။ သူ့ရဲ့လက်ချောင်းတွေကတဖြည်းဖြည်းလက်သီးဆုပ်အဖြစ်ပြောင်းသွားပီး လက်ဆစ်တွေတောင်ဖြူနေတယ်။ ရှန်းစစ်ရဲယ်ကသူ့ရဲ့လက်သီးကိုကြည့်လိုက်တယ် "တစ်ခုခုမှားတယ်လို့ခံစားရလို့လား?"
ကုရှင်ချွမ်းကသူ့ကိုကြည့်ဖို့ခေါင်းလှည့်လာပီး သူ့မျက်လုံးတွေက မြက်ခင်းပြင်ကျယ်ကြီးထဲက အသားစားသတ္တဝါတစ်ကောင်လို ချွန်မြနေတယ်။
ရှန်းစစ်ရဲယ်ရုတ်တရပ်လန့်သွားပီး သရော်ပြုံးပြုံးလိုက်တယ် "ရှောင်ရီကသူ့မှာကိုယ်ဝန်ရှိနေတာကိုမင်းကိုမပြောပြဘူး အဲ့တာကိုမင်းဘယ်လိုထင်လဲ?"
ကုရှင်ချွမ်းကမျက်လုံးတွေကိုမှိတ်လိုက်ပီး ဆိုဖာပေါ်မှာမှီလိုက်တယ်။ သူ့ရဲ့ငေါထွက်လာတဲ့လည်စေ့ကအထက်အောက်လှုပ်ရှားနေတယ်။ ကုရှင်ချွမ်းကရိုးရှင်းတယ်ဆိုပေမဲ့ တုံးအတဲ့လူတော့မဟုတ်ဘူး။ သူအဖြေကိုဝေဝေဝါးဝါးခန့်မှန်းလို့ရတယ်။ သူ့ရဲ့စရိုက်ကငယ်ငယ်လေးကဒီလိုပုံစံမျိုးဖြစ်တယ်။ ဒါနဲ့ပတ်သက်ပီး မှားတယ်လို့လဲသူမခံစားရဘူး။ ဒါပေမဲ့စုန့်ရီကကိုယ်ဝန်ရှိနေပီ သူ့ကိုမပြောပြဘူး...
သူစုန့်ရီကိုယုံကြည်အောင်လုပ်နိုင်တာမလုပ်နိုင်တာတွေကြောင့်မဟုတ်ဘူး သူကစုန့်ရီကိုလုံခြုံတဲ့ခံစားမှုမျိုးမပေးနိုင်ခဲ့တာ။
ဒါကရင်ဘတ်မှာဓားထိုးခံရတာတာထက်ပိုပီးမသက်မသာဖြစ်တယ်။ သူ့ကိုယ်သူဖြောင့်မတ်တည်ကြည်တဲ့လူတစ်ယောက်လို့အမြဲတမ်းခံစားရပေမဲ့ သူကသူသဘောကျတဲ့လူကိုတောင် လုံခြုံတယ်ဆိုတဲ့ခံစားချက်မျိုးမပေးစွမ်းနိုင်ဘူး။ ယောက်ျားတစ်ယောက်အနေနဲ့ သူဘယ်လောက်တောင်အများကြီးပျက်ကွက်ခဲ့ရတာလဲ။
ရှန်းစစ်ရဲယ်ကသူ့ကိုကြည့်ပီး ပြောလာတယ် "ရှောင်ရီကမင်းကိုကြိုက်တယ်လို့လဲ ငါမထင်ဘူး မင်းတို့နှစ်ယောက်ဘယ်လိုလုပ်ဒီလိုဆက်ဆံရေးဖြစ်လာခဲ့လဲမသိပေမဲ့ မင်းတို့ဆက်ဆံရေးကအရမ်းကြီးခိုင်မြဲနေတာမဟုတ်ဘူး"
"စစ်ရဲယ်" ကုရှင်ချွမ်းကမျက်လုံးတွေဖွင့်လိုက်ပီး ရှန်းစစ်ရဲယ်ကိုတည့်တည့်သိုက်ကြည့်လိုက်တယ် "စစ်ရဲယ်သူ့အကြောင်းကိုမသိသေးဘူး စုန့်ရီကသာမန်လူတွေလိုမဟုတ်ဘူး သူ့မှာကျွန်တော့်အပေါ်ခံစားချက်တွေမရှိရင် ကျွန်တော်နဲ့အတူရှိနေဖို့သဘောတူမှာမဟုတ်ဘူး"
စုန့်ရီကကုရှင်ချွမ်းကိုနားလည်သလို ကုရှင်ချွမ်းကလဲ စုန့်ရီကိုနားလည်တယ်။ သူတို့ရဲ့စရိုက်မျိုးစုံကိုပေးဖယ်ထားကြည့်မယ်ဆိုရင် နှစ်ယောက်ကြားမှာ အတူညီဆုံးသောအရာက ဘယ်တော့မှရပ်တန့်သွားမှာမဟုတ်တဲ့ မာနကြီးမှုပဲ။
စုန့်ရီကကုရှင်ချွမ်းအပေါ်မှာခံစားချက်တချို့ရှိပေမဲ့ လူတွေကိုပုံမှန်ပဲဆက်ဆံလေ့ရှိတာကိုသိနေတာမို့ ရှန်းစစ်ရဲယ်အံ့အားသင့်သွားတယ်။ ကုရှင်ချွမ်းကိုဒီလောက်ထိစိတ်ပိုင်းဖြတ်ထားမယ်လို့ သူမျှော်လင့်မထားဘူး "လူတွေကပြောင်းလဲသလို ခံစားချက်တွေကလဲပြောင်းလဲမှာပဲ မင်းတို့ကုမိသားစုကချမ်းသာတယ် ဒါပေမဲ့ငါတို့ရှန်းမိသားစုကလဲငွေအရမ်းချို့တဲ့နေတာမဟုတ်ဘူး ငါတို့အိမ်ကကလေးလေးကိုချမ်းသာတဲ့မိသားစုတစ်ခုစီကိုသွားခွင့်ပြုဖို့ ငါ့မှာအစီအစဥ်မရှိဘူး အနာဂတ်မှာသူ့ဆီကိုမလာနဲ့"
ကုရှင်ချွမ်းကခနလောက်တိတ်သွားပီး ညင်ညင်သာသာပြောလာတယ် "စစ်ရဲယ် ကျွန်တော်ပြောင်းလဲမယ်ဆိုရင်ရောဘယ်လိုလဲ?"
"ဘာကိုလဲ?"
ကုရှင်းချွမ်းကရှန်းစစ်ရဲယ်ကိုစိုက်ကြည့်လိုက်ပီး ခိုင်မာပြတ်သားတဲ့အသံနဲ့ပြောလာတယ် "စစ်ရဲယ်ကျွန်တော့်ကိုစိတ်မကျေနပ်တဲ့အရာအားလုံးကိုကျွန်တော်ပြောင်းလဲပ့ါမယ် ကျွန်တော်ကစိတ်လိုက်မာန်ပါနဲ့ စိတ်ရှိတိုင်းလုပ်တတ်တယ်လို့ စစ်ရဲယ်ထင်တယ်ဆိုရင် နောက်ပိုင်းကျကျွန်တော်ကဘာပဲလုပ်လုပ်ဦးနှောက်ကိုသုံးပါ့မယ် တစ်ခုခုမလုပ်ခင်နှစ်ခါစဥ်းစားပါ့မယ် ကျွန်တော်ကရန်လိုတယ်လို့ထင်ရင် လူတွေကိုဘယ်တော့မှရန်မမူတော့ဘူး စစ်ရဲယ်ကကျွန်တော်နေတဲ့နေရာနဲ့ပတ်သတ်ပီးမကျေနပ်ဖြစ်တယ်ဆိုရင် ကျွန်တော်နေရာပြောင်းလိုက်မယ် ဒါပေမဲ့ကျွန်တော်စုန့်ရီနဲ့ဘယ်တော့မှပြတ်မှာမဟုတ်ဘူး ဒီကိစ္စနဲ့ပတ်သတ်ပီးဘာဆွေးနွေးစရာမှမရှိဘူး"
ကုရှောက်ယွမ်သာဒါတွေကြားရရင် အိပ်မက်မက်နေတယ်ဆိုရင်တောင် ပြုံးပြုံးကြီးနိုးလာလိမ့်မယ်။ သူဘဝမှာအများဆုံးမျှော်လင့်တာက ကုရှင်ချွမ်းဆီကဒီလိုစကားတွေကြားရဖို့ပဲဖြစ်တယ်။
ရှန်းစစ်ရဲယ်ကခေါင်းမာစွာနဲ့ပဲခေါင်းခါလိုက်တယ် "ရှောင်ရီအပေါ်ထားတဲ့မင်းရဲ့ခံစားချက်တွေကိုငါနားလည်ပါတယ် နင်းလဲငါ့ကိုနားလည်ဖို့မျှော်လင့်မိတယ် ငါကငါတို့အိမ်ကကလေးလေးကိုမင်းဆီမှာပုံပီးလောင်းကြေးမထပ်နိုင်ရုံပဲ"
သူစကားတွေထွက်လာပီးတဲ့အချိန်မှာ ခွဲစိတ်ခန်းကအနီရောင်အလင်းလေးကအစိမ်းရောင်ပြောင်းသွားတယ်။ အစိမ်းရောင်ခွဲစိတ်ဝတ်စုံဝတ်ထားတဲ့ဒေါက်တာကတံခါးကိုတွန်းဖွင့်ပီး mask ချွတ်ကာအပြင်ဘက်ကိုထွက်လာတယ်။ ကုရှင်ချွမ်းနဲ့ရှန်းစစ်ရဲယ်ကသူ့ကိုနှုတ်ဆက်လိုက်တယ်။
ဆရာဝန်ကနဖူးကချွေးတွေကိုသုတ်လိုက်တယ် "လူနာကကျန်းကျန်းမာမာရှိပီး ကလေးကိုလဲကယ်လို့ရလိုက်ရပါတယ် ပြဿနာကြီးကြီးမားမားတော့မရှိပါဘူး ဒါမဲ့ကိုယ့်ကိုယ်တော့ဂရုစိုက်ရပေးမယ်"
ကုရှင်ချွမ်းရဲ့တင်းကျပ်နေတဲ့ကြွက်သားတွေလဲပြေလျော့သွားတယ် "သူ့ကိုအခုတွေ့လို့ရပီလား?"
ရှန်းစစ်ရဲယ်ကချောင်းဟန့်လိုက်ပီး အေးစက်စက်လေသံနဲ့ပြောတယ် "ငါကမိသားစုဝင်ပဲ ငါအရင်ကြည့်ချင်တယ်"
ဆရာဝန်ကရှက်ရွံ့နေပုံပေါ်ပီး ဘေးနားပတ်လည်ကိုကြည့်လိုကိတယ် "လူနာကမစ္စတာကုကိုအရင်တွေ့ချင်တယ်လို့ပြောပါတယ်"
ရှန်းစစ်ရဲယ်မျက်နှာကဖြူဖျော့သွားပီး လေးလေးပင်ပင်သက်ပြင်းချကာဆိုဖာပေါ်မှာပြန်ထိုင်လိုက်တယ်။
ကုရှင်ချွမ်းကသီးသန့်လူနာဆောင်ထဲကို ဆရာဝန်နောက်ကနေလိုက်သွးလိုက်တယ်။ ဆည်းဆာနေရောင်ခြည်နီနီကအိပ်ယာပေါ်ကိုကျရောက်နေပီး စုန့်ရီရဲ့ဖြူဖျော့ဖျော့မျက်နှာလေးကိုသွေးရောင်အနည်းငယ်လွှမ်းစေတယ်။
ထုံဆေးကပြယ်သွားပီမို့ စုန့်ရီနာကျင်မှုကိုပြန်ခံစားနေရတယ်။ သူ့ရဲ့ကျဥ်နေတဲ့ခြေထောက်တွေကတုန်ယင်နေပီး ကုရှင်ချွမ်းကိုမနည်းအားယူပီးကြည့်နေရတယ် "စစ်ရဲယ်ကမင်းကိုအရှက်တော့မခွဲဘူးမလား?"
ကုရှင်ချွမ်းမခံချိမခံသာဖြစ်နေပီး လက်တွေကိုဆန့်ထုတ်ကာ စုန့်ရီကိုဖက်လိုက်တယ်။ သူကစုန့်ရီကိုယ်ပေါ်ကရင်းနှီးနေတဲ့ရနံ့လေးကိုရှူရှိုက်လိုက်တယ်။ သူ့နှလုံးသားဆီကကြောက်ရွံ့မှုကပျောက်ကွယ်သွားပီး အသံတိုးတိုးနဲ့မေးတယ် "နာလား?"
"အဆင်ပြေပါတယ်" စုန့်ရီခံနိုင်ရုံလောက်ပဲဖက်ထားတဲ့ ကုရှင်ချွမ်းရဲ့လက်မောင်းကြွက်သားတင်းတင်းတွေကိုစုန့်ရီခံစားမိတယ်။ သူလက်ကိုထုတ်လိုက်ပီး ကလေးလေးတွေကိုချော့တဲ့အလား ကုရှင်ချွမ်းကျောကိုဖွဖွလေးပုတ်ပေးနေလိုက်တယ် "ငါအဆင်ပြေပါတယ် ဒါနဲ့ပါပါရာဇီကိုရောမင်းဘယ်လိုလုပ်လိုက်ပီလဲ?"
ကုရှင်ချွမ်းကနှာခေါင်းလေးကိုစုန့်ရီလည်ပင်မှာပွတ်သပ်လိုက်ပီး တိုးစိတိုးစိနဲ့ပြောတယ် "ငါသူ့ကိုအသက်ချမ်းသာပေးထားပါတယ် မင်းမစိုးရိမ်နဲ့"
စုန့်ရီကသူ့ရဲ့ကျောပြင်ကိုစည်းချက်ကျကျလေးပုတ်ပေးနေတယ် "သူ့ကိုသင်ခန်းစာပေးရုံပဲပေး သူလဲဒီလိုဖြစ်သွားဖို့မရည်ရွယ်ခဲ့ပါဘူး ငါအဆင်ပြေလားဆိုပီးသူမေးသေးတယ်"
"သူ့အကြောင်းမပြောနဲ့တော့" ကုရှင်ချွမ်းကခေါင်ထောင်ပီး စုန့်ရီကိုကြည့်လိုက်တယ်။ သူ့ရဲ့ဖျော့တော့တော့နှာတ်ခမ်းလေးတွေနဲ့ ဖြူရော်ရော်မျက်နှာလေးကိုမြင်တော့ သူ့နှလုံးသားကတံစဥ်းလိုပဲခပ်မြိမြိဖြစ်သွားတယ်။ သူကထိုင်းမှိုင်းနေတဲ့အသံနဲ့ပြောလိုက်တယ် "ငါတောင်းပန်ပါတယ် ငါမစဥ်းမစားလုပ်မိလို့ဖြစ်ရတာ"
စုန့်ရီကမျက်မှောင်ကြုံ့လိုက်ပီး ညင်ညင်သာသာပြောတယ် "ဒါကမင်းကြောင့်မဟုတ်ပါဘူး မတော်တဆဖြစ်တာပဲကို ဒီလိုမျိုးဖြစ်သွားမယ်လို့ဘယ်သူကခန့်မှန်းမိမှာလဲ"
ကုရှင်ချွမ်းစုန့်ရီကိုပိုပီးတင်းတင်းဖက်လိုက်တယ်။ စုန့်ရီပိုပီးတွေးပေးတတ်လေလေ သူကပိုပီးမသက်မသာဖြစ်လာရလေပဲ။ စုန့်ရီလိုလူကောင်းတစ်ယောက်က စုန့်ရီကိုသူကြိုက်မှန်းမသိခင်တုန်းက သူအနားမှာရှိနေတာတောင်အများကြီးခံစားခဲ့ရတယ်။
သူ့ခံစားချက်တွေကိုသူသာစောစောသိခဲ့မယ်ဆိုရင် နှစ်ပေါင်းရှစ်ရာလောက်ကတည်းကသူတို့အတူတူရှိနေလောက်ပီ။ သူဒီအချိန်ထိတောင်စောင့်နေစရာမလိုဘူး။.သူတကယ်ကိုနောင်တရပါတယ်။ သူအချိန်တွေနောက်ပြန်ဆုတ်ပီး အဲ့ဒီတုန်းကသူ့ကိုလည်ပင်းညှစ်ပီး ခံစားချက်တွေကိုရှင်းရှင်းလင်လင်းမြင်သွားစေချင်တယ်။ ဒီကမ္ဘာမှာသူ့လိုလူမျိုးတောင်ရှိသေးရဲ့လားမသိဘူး။ ကိုယ်ကြိုက်တဲ့သူကဘယ်သူမှန်းတောင်မသိဘူးတဲ့။
သူစုန့်ရီရဲ့နှုတ်ခမ်းအေးအေးလေးကိုနမ်းလိုက်တယ် "မင်းဘာလို့ဒီလောက်သဘောကျစရာကောင်းနေရတာလဲ?"
စုန့်ရီကရယ်လိုက်တယ်။ သူ့ကိုကလိထိုးတော့မရှောင်နိုင်တော့ဘဲ အိပ်ယာဘေးစားပွဲပေါ်ကဖာန်းကိုလှမ်းယူလိုက်တယ် "မင်းကလေးလေးရဲ့ပုံကိုကြည့်ချင်လား?"
ကုရှင်ချွမ်းကအံ့ဩသွားပီး သူ့ကိုစိုက်ကြည့်နေတယ်။
စုန့်ရီအရမ်းစိတ်လှုပ်ရှားနေတယ်။ ကလေးရှိနေမှန်းဒီနည်းလမ်းနဲ့ကုရှင်ချွမ်းသိသွားမယ်လို့သူမျှော်လင့်မထားဘူး။ ကုရှင်ချွမ်းမျက်နှာလွှဲသွားမှာစိုးတာမို့ ဖုန်းထဲက B-ultrasound ပုံလေးကိုပြလိုက်တယ် "ဒီမှာကြည့်ကြည့်"
လေးလသားကလေးလေးကလူပုံလေးပေါက်နေပီဖြစ်တယ်။ 4D Doppler ultrasound ရဲ့ရှင်းလင်းတဲ့ပုံလေးက ခေါင်းသေးသေးလေးနဲ့ခြေထောက်သေးသေးလက်သေးသေးတွေအတူတူကွေးထားတာကိုပြသနေတယ်။
ကုရှင်ချွမ်းအဲ့တာကိုစက္ကန့်အတော်ကြာသိုက်ကြည့်ပီး သူ့ရဲ့ကြော့မော့တဲ့မေးရိုးကတင်းသွားတယ်။ စုန့်ရီသူ့ရဲ့မျက်နှာအမူအရာကိုဂရုတစိုပ်ကြည့်နေပီး သူ့ရဲ့စိုးရိမ်သောကတွေလဲငြိမ်အေးသွားတယ်။
"သူကဘာလို့အရမ်းရုပ်ဆိုးနေတာလဲ?" ကုရှင်ချွမ်းကနှုတ်ခမ်းသပ်လိုက်ပီး အသက်အောင့်ထားတယ်။
သူအဲ့ဒီအချိန်ကိုသိတယ်။ ဒါလေးကပထမဆုံးအကြိမ်ဟိုတယ်မှာ သူစိုက်ခဲ့တဲ့မျိုးစေ့လေးဖြစ်တယ်။ ရှန်းလီအမေကနောက်ဆုံးတော့ ကောင်းမွန်တဲ့အလုပ်တစ်ခုလုပ်ခဲ့တာပဲ။
စုန့်ရီဖုန်းကိုပြန်ယူလိုက်ပီး ကြည့်ကြည့်တယ်။ ဒါကဘာလေးနဲ့တူမှန်းသူသေချာတောင်မသိသေးဘူး။ ရုပ်ဆိုးတာတွေလှတာတွေဆိုပြောပြနေစရာတောင်မလိုဘူး။ "မင်းရဲ့genes တွေကမကောင်းဘူးဆိုတာပြတာနေမှာပေါ့"
ကုရှင်ချွမ်းကညင်ညင်သာသာ 'အာ' ဆိုပီးပြောတယ်။ သူကနားနားကပ်ပီး လေငွေ့ပူပူတွေရှူထုတ်တယ် "တကယ်တော့ ငါနည်းနည်းကြောက်နေတာ"
"ဘာကိုကြောက်တာလဲ?"
"ငါကပထမဆုံးအကြိမ်အဖြစ်အဖေတစ်ယောက်ဖြစ်လာမှာလေ ငါကအမြဲတမ်းလိုလိုစိတ်တိုလွယ်တယ် တကယ်လို့ကလေးကိုဆိုးသွမ်းအောင်ပျိုးထောင်မိရင်ဘယ်လိုလုပ်မလဲ" ကုရှင်ချွမ်းကအရမ်းအလအနက်ထားပီးမေးလာတယ်။
စုန့်ရီရယ်ချင်သွပေမဲ့ နူးနူးညံ့ညံ့လေးပဲပြောလိုက်တယ် "ငါရှိနေတာပဲကို သူကဘယ်လိုလုပ်ဆိုးသွမ်းသွားမှာလဲ"
ကုရှင်ချွမ်းကမျက်လုံးကိုမှေးရင်းတစ်ခုခုကိုစဥ်းစားမိသွားဟန်ပြောလာတယ် "ငါသူ့ကိုအခုစကားပြောကြည့်ရင်သူကြားမှာလား?"
ကလေးပြုစုမွေးမြူတဲ့အကြောင်းအရာတွေနဲ့စိမ်းသက်နေတဲ့အတွက် စုန့်ရီကိုယ်တိုင်လဲမသိဘူး။ စုန့်ရီမျက်နှာကရှက်ရဲရဲသွားတယ် "မင်းစမ်းကြည့်ရောဘယ်လိုလဲ?"
ကုရှင်ချွမ်းကမြန်မြန်ငုံ့ကိုင်းလိုက်ပီး စုန့်ရီရဲ့နည်းနည်းလေးဆူနေတဲ့ဗိုက်လေးပေါ်ကိုပါးလေးကပ်လိုက်တယ်။ ခုန်နှုန်းသေးသေးလေးကအရမ်းကိုတိုးတယ်ဆိုပေမဲ့ ထိတ်လန့်စရာကောင်းလောက်အောင် သူ့နားတွေကနေတဆင့်ခြေတွေလက်တွေကိုပါထုံကျဥ်သွားစေနိုင်တယ်။ အဲ့ဒီအသံလေးကသူကျွမ်းကျင်စွာတီးခတ်ဖူးတဲ့ဂီတသံစဥ်တွေ သူနားထောင်ဖူးတဲ့ကမ္ဘာကျော်သီချင်းတွေထက်တောင် ပိုပီးလှပချိုမြိန်တယ်။
"ကြားနေရလား?" စုန့်ရီရှက်ရွံ့သွားပီး မျက်နှာကပူလောင်လာရတယ်။
ကုရှင်ချွမ်းကခေါင်းညိမ့်လိုက်ပီး စုန့်ရီဗိုက်လေးကိုအင်္ကျီပေါ်ကနေထိလိုက်တယ် "ပေါင်ပေ့ ငါကမင်းရဲ့တျဲပါ ငါတို့အနာဂတ်မှာအတူတူကစားလို့ရတယ်"
"ကစားဖို့ပဲတွေးမနေနဲ့ စာလဲကြိုးစားရမယ်" စုန့်ရီကသူ့ရဲ့ဖြူကောင်လိုခေါင်းကိုတွန်းလိုက်တယ်။
ကုရှင်ချွမ်းကမတ်မတ်ပြန်ထိုင်လိုက်ပီး စုန့်ရီကိုအစုန်အဆန်ကြည့်တယ် "မင်းဒီလိုထိုင်နေရင်သူ့ကိုခိုက်မိမှာလား?"
စုန့်ရီသူ့ကိုစိတ်လေတယ်ဆိုတဲ့အကြည့်တစ်ခုနဲ့ကြည့်လိုက်တယ်။ သူတို့နှစ်ယောက်လုံးကဒီကိစ္စတွေနဲ့ စိမ်းတယ်ဆိုပေမဲ့ ကုရှင်ချွမ်းကသူ့ထက်တောင်ပိုဆိုးနေသေးတယ်။ နောက်ပိုင်းကျလေ့လာထားသင့်တယ် "ငါ့ဗိုက်ကအရမ်းမကြီးသေးပါဘူး မင်းစာအုပ်တွေပိုဖတ်ရမယ်"
"ဒေါက် ဒေါက် ဒေါက်"
တံခါးခေါက်သံကအခန်းထဲကနွေးထွေးတဲ့လေထုကို ကြားဝင်နှောင့်ယှက်တယ်။ ရှန်းစစ်ရဲယ်ရဲ့တည်တည်ကြည်ကြည်အသံကထွက်လာတယ် "ကုအိမ်တော်ကကလေး မပြီးသေးဘူးလား ငါ့ရဲ့ရှောင်ရီကိုငါ့လဲကြည့်ခွင့်ပေးအုံးဟ"
ကုရှင်ချွမ်းကမကြားသလိုဟန်ဆောင်လိုက်တယ်။ သူ့ရဲ့မျက်လုံးနက်နက်လေးတွေကတောက်ပနေတယ် "ငါ့ပါးပါးလဲပြုံးနိုင်အောင် အိမ်ကမိဘတွေကိုပြောပြရမယ်"
စုန့်ရီမျက်နှာကအထိတ်တလန့်ဖြစ်နေပီး အကြိမ်အနည်းငယ်လောက်ချောင်းဟန့်လိုက်တယ် "ငါစစ်ရဲယ်နဲ့တွေ့ချင်သေးတယ် မင်းအပြင်မှာစောင့်အုံး"
ကုရှင်ချွမ်းကတန့်သွားပီး စုန့်ရီရဲ့ပျော့ပြောင်းတဲ့နားလေးကိုလက်ဆန့်ထုတ်ပီး ဖျစ်လိုက်တယ် "မင်းအဖိုးပြောတာတွေကိုသဘောမတူနဲ့နော် သူငါ့ကိုအသိအမှတ်ပြုဖို့နဲ့ မင်းတို့မိသားစုကငါတို့ဆက်ဆံရေးကိုလက်ခံလာအောင်ငါကြိုးစားမယ်"
စုန့်ရီကခေါင်းညိမ့်ပြတယ် "ငါသိပြီ ငါလဲစစ်ရဲယ်ကိုဖျောင်းဖျပေးမယ်"
ကုရှင်ချွမ်းစိတ်သက်သာရာရသွားပီး အပြင်ဘက်ကိုထွက်သွားတယ်။ ရှန်းစစ်ရဲယ်မျက်နှာကြီးကအိုးဖင်လိုပဲမည်းတူးနေပီး ကုရှင်ချွမ်းကိုကြောက်စရာကောင်းစွာကြည့်နေတယ်။
ကုရှင်ချွမ်းကဘာမှမဖြစ်ဘဲ ရှန်းစစ်ရဲယ်ကိုပြုံးပြလိုက်တယ်။
အခန်းတံခါးကနောက်တစ်ခါပိတ်သွားတဲ့အခါမှာ ကုရှင်ချွမ်းကဖုန်းကိုထုတ်လိုက်ပီး နောက်ဆုံးပို့ထားတဲ့စာကိုဖတ်ကာ အောက်ထပ်ကိုမြန်မြန်ဆင်းသွားတယ်။
အရမ်းကြီးသိသာပေါ်လွင်မှုမရှိသောအနက်ရောက်ကားတစ်စီးကဆေးရုံပန်းခြံထဲမှာရပ်ထားတယ်။ ကုရှင်ချွမ်းနောက်ခန်းတံခါးကိုဖွင့်ပီး ဝင်ထိုက်လိုက်တယ်။ နောက်ခန်းထဲမှာထိုင်ခုံတွေဖယ်ရှားထားပီး လူသုံးယောက်ကိုကောက်ညှင်းထုတ်တွေလိုကြိုးတွေနဲ့ချည်ထားတယ်။
သူတို့ကကုရှင်ချွမ်းကပေါ်တက်လာတာတွေ့တော့ ရုန်းကန်နေကြပီး ပါးစပ်ထဲမှာစို့ထားတဲ့ပဝါတွေကြောင့် ဝူးဝူးဝါးဝါးအသံတွေသာထွက်နေတယ်။
ကားမောင်းသူနေရာကနေခေါင်းတစ်လုံးပြူထွက်လာတယ်။ ရှီးနင်ကပါးစပ်ထဲမှာတစ်ဝက်လောက်ကုန်နေပီဖြစ်တဲ့ဆေးလိပ်ကိုခဲထားတယ်။ "သူတို့ကိုဖမ်းပီးသွားတော့ ပါးစပ်ကခြောက်လာတာတဲ့သောက်နေတာ"
ကုရှင်ချွမ်းကလက်ဆန့်ထုတ်ပီး သူ့ပါးစပ်ထဲကဆေးလိပ်ကိုဆွဲယူကာ အလာ်ကနေချိုးပီး လွှင့်ပစ်လိုက်တယ်။ သူ့အကြည့်တွေကကားထဲကဆေးလိပ်ပြာခွက်မှာရပ်သွားပီး ပြောတယ် "နောက်ပိုင်းကျဆေးလိပ်သောက်တာရပ်လိုက် ငါဆေးလိပ်နံ့မခံချင်ဘူး"
ရှီးနင်ကသူ့ကိုစိတ်ရှုပ်ထွေးတဲ့မျက်လုံးတွေနဲ့ကြည့်ပီး သူ့နှုတ်ခမ်းသာလက်နဲ့ပိတ်ထားတယ် "ဒါကအရမ်းထူးဆန်းတယ်လို့ငါလဲထင်တယ် ရှန်းစစ်ရဲယ်နေတဲ့နေရာကလူအားလုံး Imperial Capital ကဝါရင့်တဲ့ဂုဏ်သရေရှိသူတွေချည်းပဲ အိမ်ထဲကမကောင်းတဲ့ပစ္စည်းကိုတောင်မြင်ရခက်တာ လုံခြုံရေးကလဲဘဏ်တိုက်တစ်ခုနဲ့တောင်တူတယ်"
ကုရှင်ချွမ်းခေါင်းညိမ့်လိုက်ပီး အောက်မှာလဲကျနေတဲ့လူသုံးယောက်ကိုကြည့်လိုက်တယ် "ငါသိတယ် ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိရင် အဲ့ဒီအသိုင်းအဝိုင်းရဲ့ဂိတ်တံခါးနားတောင်ကပ်လို့မရဘူး"
"သူနဲ့အညှိုးရှိတဲ့လူတွေရှိလား?" ရှီးနင်ကမေးတယ်။
ကုရှင်ချွမ်းမှာခန့်မှန်းမိတာတစ်ခုရှိတယ် သူကခေါင်းယမ်းလိုက်တယ် "သူတို့ဖြစ်နိုင်သမျှမြန်မြန်ဝန်ခံအောင်မင်းလုပ်လိုက်"
ရှီးနင်ကပြုံးလိုက်တယ် "ပြဿနာမရှိဘူး ငါနောက်ဆုံးတစ်ခေါက်ကလုပ်ခဲ့တာကိုမင်းကျေနပ်ရဲ့လား အခုလူနာမိသားစုကနေ့တိုင်းလိုက်နေလို့ ကျောက်မျိုးရိုးကထွက်ပြေးနေရတာ အိမ်တောင်မပြန်ရဲဘူး"
"မဆိုးဘူး" ကုရှင်ချွမ်းကပေါ့ပေါ့ပါးပါးပဲပြောလိုက်ပီး အောက်ကိုကိုင်းကာ အေးစက်မည်းမှောင်နေတဲ့မျက်လုံးတွေနဲ့အတူ ပါပါရာဇီတစ်ယောက်ရဲ့ပါးကိုလက်နဲ့ပုတ်လိုက်တယ်။ ထိုလူကနောက်ကိုအတင်းရှောင်သွားတယ်။
ကုရှင်ချွမ်းခပ်ဟဟရယ်လိုက်တယ် " ငါအခုလူတွေကိုမရိုက်တော့ဘူးဒါပေမဲ့ငါ့မိတ်ဆွေကငါနဲ့ပိုပီးရန်လိုတယ် မင်းတို့မြန်မြန်ပြောရင် နည်းနည်းပဲခံစားရလိမ့်မယ်"
ရှီးနင်ကဆေးလိပ်မသောက်ရတာမို့ အာသီသပြေအောင်ပါးစပ်ထဲမှာသွားကြားထိုးတံထည့်ထားတယ်။ သူကနောက်ကလူသုံးယောက်မြင်အောက်နောက်ကြည့်မှန်ထဲကနေ သွားဖြူဖြူတွေအတန်းလိုက်ကိုမြင်အောင်ပြလိုက်တယ်။
ကုရှင်ချွမ်းကကားတံခါးကိုဖွင့်ပီး ခန္တာကိုယ်တစ်ဝက်ထွက်ပီးခါမှ အရမ်းအရေးကြီးတဲ့အကြောင်းအရာကိုတွေးမိသွားတယ်။ သူကရှီးနင်ကိုပြန်လှည့်ကြည့်လိုက်ပီး သတင်းကောင်းကိုပြောပြလိုက်တယ် "စကားမစပ် ငါအဖေတစ်ယောက်ဖြစ်တော့မယ်"
"ဘာကြီး" ရှီးနင်းကအံ့အားသင့်သွားတယ်။
ကုရှင်ချွမ်းကသူ့ကိုကြည့်ပီး တည့်တည့်ငြိမ်ငြိမ်ပြောလိုက်တယ် "မအံ့ဩနဲ့ အိမ်ကလူတွေကို group ဖွဲ့ပီး friend circle ကနေပို့လိုက် ငါကအဖေတစ်ယောက်ဖြစ်တော့မယ်ဆိုတာကိုလူတိုင်းသိသွားပါစေ"
~~~~~~~
Zawgyi
ကုရွင္ခၽြမ္းကခြဲစိတ္ခန္းရဲ့မ်က္ႏွာခ်င္းဆိုင္မွာရွိေနတဲ့ဆိုဖာေပၚမွာထိုင္ေနတယ္။ သူကလက္ေတြကိုေခါက္ပီး ဒူးေပၚမွာတင္ထားတယ္။ သူ႔မ်က္လုံးေတြကရဲေနပီး ခြဲစိတ္ခန္းကိုပဲစိုက္ၾကည့္ေနတယ္။
သူ႔စိတ္ထဲမွာ စုန္႔ရီအဝတ္ေတြေပၚကမူးေမ့ခ်င္စရာေကာင္းတဲ့ေသြးရဲရဲေတြပဲ ေနရာအျပည့္ယူထားတယ္။
သူကငယ္ငယ္ေလးကတည္းကအရမ္းသတၱိရွိခဲ့တယ္။ သူဆယ္ေက်ာ္သက္အရြယ္တုန္းကပင္လယ္ထဲဆင္းပီး ငါးမန္းရဲ့အျမႇီးကိုေတာင္ သြားဆြဲရဲတယ္။
သူ႔ဘဝမွာပထမဆုံးအႀကိမ္အျဖစ္ေၾကာက္ရြံ့မွုကိုခံစားရတာျဖစ္ပီး ေက်ားရိုးတစ္ေလၽွာက္မွာအေအးလွိုင္းျဖတ္စီးေနကာ တစ္ကိုယ္လုံးတုန္ယင္ေနတာကိုမထိန္းနိုင္ျဖစ္ေနတယ္။
တကယ္လို႔စုန္႔ရီသာတစ္ခုခုျဖစ္ခဲ့ရင္ တစ္ဘဝလုံးသူ႔ကိုယ္သူခြင့္လႊတ္နိုင္မွာမဟုတ္ဘူး။
ရွန္းစစ္ရဲယ္နဲ႔ရွန္းတုလဲအေလာတႀကီးေရာက္ခ်လာတယ္။ ရွန္းစစ္ရဲယ္မ်က္ႏွာကမီးေသြးလိုမည္းသဲေနပီး ကုရွင္ခၽြမ္းဆီတည့္တည့္သြားကာ စကားတစ္ခြန္းမဆိုဘဲ ပါးကိုရိုက္လိုက္တယ္။
ျဖန္းခနဲအသံက လူသူတိတ္ဆိတ္တဲ့ ေကာ္ရစ္ဒါမွာ ပဲတင္သံထြက္လာတယ္။
ကုရွင္ခၽြမ္းရဲ့မ်က္ႏွာျဖဴျဖဴေပၚမွာရဲေနတဲ့လက္ေခ်ာင္းရာႀကီးေပၚလာတယ္။ ကုရွင္ခၽြမ္းရဲ့မ်က္ႏွာကတစ္ဖက္ကိုေစာင္းသြားပီး မလွုပ္မရွားပဲရွိေနတယ္။ သူ႔ရဲ့ေဘးတေစာင္းမ်က္ႏွာကေတာ့ေအးစက္ေနတယ္။
ရွန္းစစ္ရဲယ္ရဲ့လက္ဖဝါးကထုံသြားပီး သူကေဒါသတႀကီးစိုက္ၾကည့္ေနတယ္ "မင္းကိုငါ့အိမ္ထဲဝင္ခြင့္မေပးလိုက္ခဲ့သင့္ဘူး!"
"ဖိုးဖိုး ေဒါသမထြက္ပါနဲ႔" ရွန္းတုကရွန္းစစ္ရဲယ္ကိုဂ႐ုတစိုက္ ေျပာေနတယ္။
ကုရွင္ခၽြမ္းေခါင္းငုံ႔လိုက္တယ္။ အျဖဴေရာင္ၾကမ္းခင္းကသူ႔ေခါင္းေပၚမွာေဖ်ာ့ေတာ့ေတာ့အလင္းျပန္ေစတယ္။ သူ႔အမူအရာကေတာ့ မည္းေမွာင္ေနတယ္ "စစ္ရဲယ္ ကၽြန္ေတာ္ဒီျပႆနာကိုေျဖရွင္းလိုက္မယ္"
ရွန္းစစ္ရဲယ္ကေဒါသထြက္စြာရယ္လိုက္တယ္ "ငါထင္တာမမွားခဲ့ဘူး မင္းကတကယ္ဦးေႏွာက္မရွိတဲ့အေကာင္ မင္းတို႔ရဲ့ဆက္ဆံေရးကိုေၾကျငာလိုက္မယ္ဆိုရင္ ဒီလိုအက်ိဳးဆက္ေတြရလာမယ္ဆိုတာမင္းမခန္႔မွန္းမိဘူးလား?"
"ကၽြန္ေတာ္ေတာင္းပန္ပါတယ္ စစ္ရဲယ္" ကုရွင္ခၽြမ္းကရွန္းစစ္ရဲယ္ကိုေခါင္းေမာ့ၾကည့္လိုက္ပီး ရိုးရိုးသားသားေတာင္းပန္လိုက္တယ္။
သူကအထက္စီးဆန္ပီး ေမာက္မာရိုင္းစိုင္းတယ္။ ဘယ္သူကမွသူ႔ကိုအထင္မေသးဖူးဘူး။ သူ႔တစ္သက္လုံးေျပာခဲ့တဲ့ေတာင္းပန္စကားဆိုတာကလဲေရတြက္ၾကည့္လို႔ရတယ္။
ရွန္းစစ္ရဲယ္ကသူ႔ကိုလက္ညႇိုးထိုးလိုက္ပီး သူ႔ေဒါသေတြကေခါင္းထိေရာက္ေနတယ္ "မင္းေတာင္းပန္စကားေျပာစရာမလိုဘူး ေရွာင္ရီဆံပင္တစ္ေခ်ာင္းဆုံးရွုံးရင္ မင္းကိုတစ္ခါတည္းသတ္ပစ္မယ္!"
စုန္႔ရီတစ္ခုခုျဖစ္ခဲ့မယ္ဆိုရင္ ရွန္းစစ္ရဲယ္သူ႔ကိုလာသတ္စရာေတာင္လိုမွာမဟုတ္ဘူး။ သူ႔ဘာသာသူအျပစ္ေပးဖို႔ေစာင့္ဆိုင္းေနမွာမဟုတ္ဘူး။
ရွန္းစစ္ရဲယ္ကေခါင္းကိုေမာ့လိုက္ပီး အသက္ျပင္းျပင္းရွူကာ စိတ္ၿငိမ္ေအာင္လုပ္လိုက္တယ္ "ရွန္းတု ဆရာဝန္ဆီသြားပီး အေျခအေနသြားေမး"
ရွန္းတုရဲ့အမူအရာကမဲခနဲျဖစ္သြားတယ္။ သူလဲစုန္႔ရီရဲ့အေျခအေနကိုသြားၾကည့္ခ်င္ေပမဲ့ ရွန္းစစ္ရဲယ္ကိုလဲသိပ္စိတ္မခ်ဘူး။ ဒါေပမဲ့ရွန္းစစ္ရဲယ္နဲ႔ကုရွင္ခၽြမ္းႏွစ္ေယာက္တည္းေျပာစရာရွိမယ္ဆိုတာသိလို႔ လွည့္ထြက္လာလိုက္တယ္။
ရွန္းစစ္ရဲယ္ကကုရွင္ခၽြမ္းကိုၾကည့္ပီး အံႀကိတ္ကာ နာက်င္မွုကိုေဖာ္ျပလာတယ္ "ငါမင္းကိုစေတြ႕ကတည္းကဘာလို႔အထင္ေသးလဲမင္းသိလား?"
ကုရွင္ခၽြမ္းသူ႔ကိုေမာ့ၾကည့္လိုက္တယ္ "ဘာလို႔လဲ?"
ရွန္းစစ္ရဲယ္ကသက္ျပင္းအရွည္ႀကီးခ်လိုက္တယ္ "ဘာလို႔ဆို မင္းကငါငယ္ငယ္ကနဲ႔အရမ္းတူလို႔ ရဲရင့္တယ္ စိတ္လိုက္မာန္ပါလုက္တတ္တယ္ တျခားသူေတြနဲ႔ခံစားခ်က္ကိုလ်စ္လ်ဴရွုတယ္"
ကုရွင္ခၽြမ္းကအံ့ဩသြားတယ္ "ကၽြန္ေတာ္ကစစ္ရဲယ္နဲ႔တူတယ္?"
ရွန္းစစ္ရဲယ္ကအဝါေရာင္သစ္မာခ်ိဳင္းေထာက္ကိုသူ႔လက္ထဲကေနခ်လိုက္ပီး ဆိုဖာေပၚမွာထိုင္ခ်လိုက္တယ္။ သူကခြဲစိတ္ခန္းတံခါးကိုၾကည့္ရင္း ေျပာေနတယ္ "မင္းကငါငယ္ငယ္တုံးနဲ႔တိတိက်က်ႀကီးကိုတူတာ ငါကမင္းဘယ္လိုလူလဲဆိုတာကိုသိေနတာ အာ့ေၾကာင့္မို႔မင္းကိုသေဘာမက်တာ"
ကုရွင္ခၽြမ္းသူ႔ကိုလွည့္ၾကည့္လိုက္ပီး အေလးအနက္ေျပာလိုက္တယ္ "စစ္ရဲယ္ ကၽြန္ေတာ္ စုန္႔ရီကိုတကယ္ႀကိဳက္တယ္ ကၽြန္ေတာ္သူ႔ကိုေကာင္းေကာင္းဆက္ဆံမွာပါ"
ရွန္းစစ္ရဲယ္ကေခါင္းယမ္းလိုက္ပီး မ်က္လုံးေတြကတည္ၿငိမ္ေလးနက္ေနတယ္ "စုန္႔ရီအတြက္မင္းႏွလုံးသားကစစ္မွန္တယ္ဆိုတာငါသိတယ္ ဒါေပမဲ့စုန္႔ရီေပ်ာက္ဆုံးသြားပီးမွ ျပန္ရတဲ့ရွန္းမိသားစုရဲ့ရတနာေလး ငါ့သားနဲ႔ေခၽြးမခ်န္ထားခဲ့တဲ့ရတနာေလးကို နည္းနည္းေလးမွအမွားအယြင္းမခံနိုင္ဘူး သူတစ္ခုခုျဖစ္သြားရင္ ငါဘယ္လိုအသက္ရွင္ေနရမွာလဲဲ?"
ကုရွင္ခၽြမ္းႏွုတ္ခမ္းေတြကတုန္ယင္ေနပီး သူ႔အသံကတိုးတိုးေလးနဲ႔အက္ရွေနတယ္ "စစ္ရဲယ္ ေတာင္းပန္ပါတယ္"
"အဲ့ဒါကိုမေျပာနဲ႔ေတာ့ မင္းကသူ႔အတြက္မထိုက္တန္ဘူးလို႔ငါကေတြးမိ႐ုံပဲ" ရွန္းစစ္ရဲယ္ကသူ႔ကိုတစ္ခ်က္ၾကည့္ပီး ဆက္ေျပာတယ္ "မင္းကအရမ္းလူႀကိဳက္မ်ားတာကိုငါသိတယ္ မင္းလိုမ်ိဳးလူတစ္ေယာက္ကလက္ထပ္ဖို႔မသင့္ေတာ့ဘူး ငါတို႔ေရွာင္ရီကႏွစ္ေပါင္းမ်ားစြာ ဒုကၡေတြခံစားခဲ့ရတာ သူ႔ရဲ့က်န္တဲ့ဘဝတေလၽွာက္လုံးေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနရပီး ဘာဒုကၡမွမရွိဖို႔ပဲငါေမၽွာ္လင့္တာ မင္းလိုလူႀကိဳက္မ်ားတဲ့သူနဲ႔ဆိုရင္ သူ႔မွာစိတ္ပူစရာေတြအရမ္းမ်ားလိမ့္မယ္"
ကုရွင္ခၽြမ္းကဘာစကားမွမေျပာဘူး။ သူ႔ရဲ့လက္ေခ်ာင္းေတြကတျဖည္းျဖည္းလက္သီးဆုပ္အျဖစ္ေျပာင္းသြားပီး လက္ဆစ္ေတြေတာင္ျဖဴေနတယ္။ ရွန္းစစ္ရဲယ္ကသူ႔ရဲ့လက္သီးကိုၾကည့္လိုက္တယ္ "တစ္ခုခုမွားတယ္လို႔ခံစားရလို႔လား?"
ကုရွင္ခၽြမ္းကသူ႔ကိုၾကည့္ဖို႔ေခါင္းလွည့္လာပီး သူ႔မ်က္လုံးေတြက ျမက္ခင္းျပင္က်ယ္ႀကီးထဲက အသားစားသတၱဝါတစ္ေကာင္လို ခၽြန္ျမေနတယ္။
ရွန္းစစ္ရဲယ္႐ုတ္တရပ္လန္႔သြားပီး သေရာ္ျပဳံးျပဳံးလိုက္တယ္ "ေရွာင္ရီကသူ႔မွာကိုယ္ဝန္ရွိေနတာကိုမင္းကိုမေျပာျပဘူး အဲ့တာကိုမင္းဘယ္လိုထင္လဲ?"
ကုရွင္ခၽြမ္းကမ်က္လုံးေတြကိုမွိတ္လိုက္ပီး ဆိုဖာေပၚမွာမွီလိုက္တယ္။ သူ႔ရဲ့ေငါထြက္လာတဲ့လည္ေစ့ကအထက္ေအာက္လွုပ္ရွားေနတယ္။ ကုရွင္ခၽြမ္းကရိုးရွင္းတယ္ဆိုေပမဲ့ တုံးအတဲ့လူေတာ့မဟုတ္ဘူး။ သူအေျဖကိုေဝေဝဝါးဝါးခန္႔မွန္းလို႔ရတယ္။ သူ႔ရဲ့စရိုက္ကငယ္ငယ္ေလးကဒီလိုပုံစံမ်ိဳးျဖစ္တယ္။ ဒါနဲ႔ပတ္သက္ပီး မွားတယ္လို႔လဲသူမခံစားရဘူး။ ဒါေပမဲ့စုန္႔ရီကကိုယ္ဝန္ရွိေနပီ သူ႔ကိုမေျပာျပဘူး...
သူစုန္႔ရီကိုယုံၾကည္ေအာင္လုပ္နိုင္တာမလုပ္နိုင္တာေတြေၾကာင့္မဟုတ္ဘူး သူကစုန္႔ရီကိုလုံျခဳံတဲ့ခံစားမွုမ်ိဳးမေပးနိုင္ခဲ့တာ။
ဒါကရင္ဘတ္မွာဓားထိုးခံရတာတာထက္ပိုပီးမသက္မသာျဖစ္တယ္။ သူ႔ကိုယ္သူေျဖာင့္မတ္တည္ၾကည္တဲ့လူတစ္ေယာက္လို႔အျမဲတမ္းခံစားရေပမဲ့ သူကသူသေဘာက်တဲ့လူကိုေတာင္ လုံျခဳံတယ္ဆိုတဲ့ခံစားခ်က္မ်ိဳးမေပးစြမ္းနိုင္ဘူး။ ေယာက္်ားတစ္ေယာက္အေနနဲ႔ သူဘယ္ေလာက္ေတာင္အမ်ားႀကီးပ်က္ကြက္ခဲ့ရတာလဲ။
ရွန္းစစ္ရဲယ္ကသူ႔ကိုၾကည့္ပီး ေျပာလာတယ္ "ေရွာင္ရီကမင္းကိုႀကိဳက္တယ္လို႔လဲ ငါမထင္ဘူး မင္းတို႔ႏွစ္ေယာက္ဘယ္လိုလုပ္ဒီလိုဆက္ဆံေရးျဖစ္လာခဲ့လဲမသိေပမဲ့ မင္းတို႔ဆက္ဆံေရးကအရမ္းႀကီးခိုင္ျမဲေနတာမဟုတ္ဘူး"
"စစ္ရဲယ္" ကုရွင္ခၽြမ္းကမ်က္လုံးေတြဖြင့္လိုက္ပီး ရွန္းစစ္ရဲယ္ကိုတည့္တည့္သိုက္ၾကည့္လိုက္တယ္ "စစ္ရဲယ္သူ႔အေၾကာင္းကိုမသိေသးဘူး စုန္႔ရီကသာမန္လူေတြလိုမဟုတ္ဘူး သူ႔မွာကၽြန္ေတာ့္အေပၚခံစားခ်က္ေတြမရွိရင္ ကၽြန္ေတာ္နဲ႔အတူရွိေနဖို႔သေဘာတူမွာမဟုတ္ဘူး"
စုန္႔ရီကကုရွင္ခၽြမ္းကိုနားလည္သလို ကုရွင္ခၽြမ္းကလဲ စုန္႔ရီကိုနားလည္တယ္။ သူတို႔ရဲ့စရိုက္မ်ိဳးစုံကိုေပးဖယ္ထားၾကည့္မယ္ဆိုရင္ ႏွစ္ေယာက္ၾကားမွာ အတူညီဆုံးေသာအရာက ဘယ္ေတာ့မွရပ္တန္႔သြားမွာမဟုတ္တဲ့ မာနႀကီးမွုပဲ။
စုန္႔ရီကကုရွင္ခၽြမ္းအေပၚမွာခံစားခ်က္တခ်ိဳ႕ရွိေပမဲ့ လူေတြကိုပုံမွန္ပဲဆက္ဆံေလ့ရွိတာကိုသိေနတာမို႔ ရွန္းစစ္ရဲယ္အံ့အားသင့္သြားတယ္။ ကုရွင္ခၽြမ္းကိုဒီေလာက္ထိစိတ္ပိုင္းျဖတ္ထားမယ္လို႔ သူေမၽွာ္လင့္မထားဘူး "လူေတြကေျပာင္းလဲသလို ခံစားခ်က္ေတြကလဲေျပာင္းလဲမွာပဲ မင္းတို႔ကုမိသားစုကခ်မ္းသာတယ္ ဒါေပမဲ့ငါတို႔ရွန္းမိသားစုကလဲေငြအရမ္းခ်ိဳ႕တဲ့ေနတာမဟုတ္ဘူး ငါတို႔အိမ္ကကေလးေလးကိုခ်မ္းသာတဲ့မိသားစုတစ္ခုစီကိုသြားခြင့္ျပဳဖို႔ ငါ့မွာအစီအစဥ္မရွိဘူး အနာဂတ္မွာသူ႔ဆီကိုမလာနဲ႔"
ကုရွင္ခၽြမ္းကခနေလာက္တိတ္သြားပီး ညင္ညင္သာသာေျပာလာတယ္ "စစ္ရဲယ္ ကၽြန္ေတာ္ေျပာင္းလဲမယ္ဆိုရင္ေရာဘယ္လိုလဲ?"
"ဘာကိုလဲ?"
ကုရွင္းခၽြမ္းကရွန္းစစ္ရဲယ္ကိုစိုက္ၾကည့္လိုက္ပီး ခိုင္မာျပတ္သားတဲ့အသံနဲ႔ေျပာလာတယ္ "စစ္ရဲယ္ကၽြန္ေတာ့္ကိုစိတ္မေက်နပ္တဲ့အရာအားလုံးကိုကၽြန္ေတာ္ေျပာင္းလဲပ့ါမယ္ ကၽြန္ေတာ္ကစိတ္လိုက္မာန္ပါနဲ႔ စိတ္ရွိတိုင္းလုပ္တတ္တယ္လို႔ စစ္ရဲယ္ထင္တယ္ဆိုရင္ ေနာက္ပိုင္းက်ကၽြန္ေတာ္ကဘာပဲလုပ္လုပ္ဦးေႏွာက္ကိုသုံးပါ့မယ္ တစ္ခုခုမလုပ္ခင္ႏွစ္ခါစဥ္းစားပါ့မယ္ ကၽြန္ေတာ္ကရန္လိုတယ္လို႔ထင္ရင္ လူေတြကိုဘယ္ေတာ့မွရန္မမူေတာ့ဘူး စစ္ရဲယ္ကကၽြန္ေတာ္ေနတဲ့ေနရာနဲ႔ပတ္သတ္ပီးမေက်နပ္ျဖစ္တယ္ဆိုရင္ ကၽြန္ေတာ္ေနရာေျပာင္းလိုက္မယ္ ဒါေပမဲ့ကၽြန္ေတာ္စုန္႔ရီနဲ႔ဘယ္ေတာ့မွျပတ္မွာမဟုတ္ဘူး ဒီကိစၥနဲ႔ပတ္သတ္ပီးဘာေဆြးေႏြးစရာမွမရွိဘူး"
ကုေရွာက္ယြမ္သာဒါေတြၾကားရရင္ အိပ္မက္မက္ေနတယ္ဆိုရင္ေတာင္ ျပဳံးျပဳံးႀကီးနိုးလာလိမ့္မယ္။ သူဘဝမွာအမ်ားဆုံးေမၽွာ္လင့္တာက ကုရွင္ခၽြမ္းဆီကဒီလိုစကားေတြၾကားရဖို႔ပဲျဖစ္တယ္။
ရွန္းစစ္ရဲယ္ကေခါင္းမာစြာနဲ႔ပဲေခါင္းခါလိုက္တယ္ "ေရွာင္ရီအေပၚထားတဲ့မင္းရဲ့ခံစားခ်က္ေတြကိုငါနားလည္ပါတယ္ နင္းလဲငါ့ကိုနားလည္ဖို႔ေမၽွာ္လင့္မိတယ္ ငါကငါတို႔အိမ္ကကေလးေလးကိုမင္းဆီမွာပုံပီးေလာင္းေၾကးမထပ္နိုင္႐ုံပဲ"
သူစကားေတြထြက္လာပီးတဲ့အခ်ိန္မွာ ခြဲစိတ္ခန္းကအနီေရာင္အလင္းေလးကအစိမ္းေရာင္ေျပာင္းသြားတယ္။ အစိမ္းေရာင္ခြဲစိတ္ဝတ္စုံဝတ္ထားတဲ့ေဒါက္တာကတံခါးကိုတြန္းဖြင့္ပီး mask ခၽြတ္ကာအျပင္ဘက္ကိုထြက္လာတယ္။ ကုရွင္ခၽြမ္းနဲ႔ရွန္းစစ္ရဲယ္ကသူ႔ကိုႏွုတ္ဆက္လိုက္တယ္။
ဆရာဝန္ကနဖူးကေခၽြးေတြကိုသုတ္လိုက္တယ္ "လူနာကက်န္းက်န္းမာမာရွိပီး ကေလးကိုလဲကယ္လို႔ရလိုက္ရပါတယ္ ျပႆနာႀကီးႀကီးမားမားေတာ့မရွိပါဘူး ဒါမဲ့ကိုယ့္ကိုယ္ေတာ့ဂ႐ုစိုက္ရေပးမယ္"
ကုရွင္ခၽြမ္းရဲ့တင္းက်ပ္ေနတဲ့ႂကြက္သားေတြလဲေျပေလ်ာ့သြားတယ္ "သူ႔ကိုအခုေတြ႕လို႔ရပီလား?"
ရွန္းစစ္ရဲယ္ကေခ်ာင္းဟန္႔လိုက္ပီး ေအးစက္စက္ေလသံနဲ႔ေျပာတယ္ "ငါကမိသားစုဝင္ပဲ ငါအရင္ၾကည့္ခ်င္တယ္"
ဆရာဝန္ကရွက္ရြံ့ေနပုံေပၚပီး ေဘးနားပတ္လည္ကိုၾကည့္လိုကိတယ္ "လူနာကမစၥတာကုကိုအရင္ေတြ႕ခ်င္တယ္လို႔ေျပာပါတယ္"
ရွန္းစစ္ရဲယ္မ်က္ႏွာကျဖဴေဖ်ာ့သြားပီး ေလးေလးပင္ပင္သက္ျပင္းခ်ကာဆိုဖာေပၚမွာျပန္ထိုင္လိုက္တယ္။
ကုရွင္ခၽြမ္းကသီးသန္႔လူနာေဆာင္ထဲကို ဆရာဝန္ေနာက္ကေနလိုက္သြးလိုက္တယ္။ ဆည္းဆာေနေရာင္ျခည္နီနီကအိပ္ယာေပၚကိုက်ေရာက္ေနပီး စုန္႔ရီရဲ့ျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာေလးကိုေသြးေရာင္အနည္းငယ္လႊမ္းေစတယ္။
ထုံေဆးကျပယ္သြားပီမို႔ စုန္႔ရီနာက်င္မွုကိုျပန္ခံစားေနရတယ္။ သူ႔ရဲ့က်ဥ္ေနတဲ့ေျခေထာက္ေတြကတုန္ယင္ေနပီး ကုရွင္ခၽြမ္းကိုမနည္းအားယူပီးၾကည့္ေနရတယ္ "စစ္ရဲယ္ကမင္းကိုအရွက္ေတာ့မခြဲဘူးမလား?"
ကုရွင္ခၽြမ္းမခံခ်ိမခံသာျဖစ္ေနပီး လက္ေတြကိုဆန္႔ထုတ္ကာ စုန္႔ရီကိုဖက္လိုက္တယ္။ သူကစုန္႔ရီကိုယ္ေပၚကရင္းႏွီးေနတဲ့ရနံ့ေလးကိုရွူရွိုက္လိုက္တယ္။ သူ႔ႏွလုံးသားဆီကေၾကာက္ရြံ့မွုကေပ်ာက္ကြယ္သြားပီး အသံတိုးတိုးနဲ႔ေမးတယ္ "နာလား?"
"အဆင္ေျပပါတယ္" စုန္႔ရီခံနိုင္႐ုံေလာက္ပဲဖက္ထားတဲ့ ကုရွင္ခၽြမ္းရဲ့လက္ေမာင္းႂကြက္သားတင္းတင္းေတြကိုစုန္႔ရီခံစားမိတယ္။ သူလက္ကိုထုတ္လိုက္ပီး ကေလးေလးေတြကိုေခ်ာ့တဲ့အလား ကုရွင္ခၽြမ္းေက်ာကိုဖြဖြေလးပုတ္ေပးေနလိုက္တယ္ "ငါအဆင္ေျပပါတယ္ ဒါနဲ႔ပါပါရာဇီကိုေရာမင္းဘယ္လိုလုပ္လိုက္ပီလဲ?"
ကုရွင္ခၽြမ္းကႏွာေခါင္းေလးကိုစုန္႔ရီလည္ပင္မွာပြတ္သပ္လိုက္ပီး တိုးစိတိုးစိနဲ႔ေျပာတယ္ "ငါသူ႔ကိုအသက္ခ်မ္းသာေပးထားပါတယ္ မင္းမစိုးရိမ္နဲ႔"
စုန္႔ရီကသူ႔ရဲ့ေက်ာျပင္ကိုစည္းခ်က္က်က်ေလးပုတ္ေပးေနတယ္ "သူ႔ကိုသင္ခန္းစာေပး႐ုံပဲေပး သူလဲဒီလိုျဖစ္သြားဖို႔မရည္ရြယ္ခဲ့ပါဘူး ငါအဆင္ေျပလားဆိုပီးသူေမးေသးတယ္"
"သူ႔အေၾကာင္းမေျပာနဲ႔ေတာ့" ကုရွင္ခၽြမ္းကေခါင္ေထာင္ပီး စုန္႔ရီကိုၾကည့္လိုက္တယ္။ သူ႔ရဲ့ေဖ်ာ့ေတာ့ေတာ့ႏွာတ္ခမ္းေလးေတြနဲ႔ ျဖဴေရာ္ေရာ္မ်က္ႏွာေလးကိုျမင္ေတာ့ သူ႔ႏွလုံးသားကတံစဥ္းလိုပဲခပ္ၿမိၿမိျဖစ္သြားတယ္။ သူကထိုင္းမွိုင္းေနတဲ့အသံနဲ႔ေျပာလိုက္တယ္ "ငါေတာင္းပန္ပါတယ္ ငါမစဥ္းမစားလုပ္မိလို႔ျဖစ္ရတာ"
စုန္႔ရီကမ်က္ေမွာင္ၾကဳံ႕လိုက္ပီး ညင္ညင္သာသာေျပာတယ္ "ဒါကမင္းေၾကာင့္မဟုတ္ပါဘူး မေတာ္တဆျဖစ္တာပဲကို ဒီလိုမ်ိဳးျဖစ္သြားမယ္လို႔ဘယ္သူကခန္႔မွန္းမိမွာလဲ"
ကုရွင္ခၽြမ္းစုန္႔ရီကိုပိုပီးတင္းတင္းဖက္လိုက္တယ္။ စုန္႔ရီပိုပီးေတြးေပးတတ္ေလေလ သူကပိုပီးမသက္မသာျဖစ္လာရေလပဲ။ စုန္႔ရီလိုလူေကာင္းတစ္ေယာက္က စုန္႔ရီကိုသူႀကိဳက္မွန္းမသိခင္တုန္းက သူအနားမွာရွိေနတာေတာင္အမ်ားႀကီးခံစားခဲ့ရတယ္။
သူ႔ခံစားခ်က္ေတြကိုသူသာေစာေစာသိခဲ့မယ္ဆိုရင္ ႏွစ္ေပါင္းရွစ္ရာေလာက္ကတည္းကသူတို႔အတူတူရွိေနေလာက္ပီ။ သူဒီအခ်ိန္ထိေတာင္ေစာင့္ေနစရာမလိုဘူး။.သူတကယ္ကိုေနာင္တရပါတယ္။ သူအခ်ိန္ေတြေနာက္ျပန္ဆုတ္ပီး အဲ့ဒီတုန္းကသူ႔ကိုလည္ပင္းညႇစ္ပီး ခံစားခ်က္ေတြကိုရွင္းရွင္းလင္လင္းျမင္သြားေစခ်င္တယ္။ ဒီကမၻာမွာသူ႔လိုလူမ်ိဳးေတာင္ရွိေသးရဲ့လားမသိဘူး။ ကိုယ္ႀကိဳက္တဲ့သူကဘယ္သူမွန္းေတာင္မသိဘူးတဲ့။
သူစုန္႔ရီရဲ့ႏွုတ္ခမ္းေအးေအးေလးကိုနမ္းလိုက္တယ္ "မင္းဘာလို႔ဒီေလာက္သေဘာက်စရာေကာင္းေနရတာလဲ?"
စုန္႔ရီကရယ္လိုက္တယ္။ သူ႔ကိုကလိထိုးေတာ့မေရွာင္နိုင္ေတာ့ဘဲ အိပ္ယာေဘးစားပြဲေပၚကဖာန္းကိုလွမ္းယူလိုက္တယ္ "မင္းကေလးေလးရဲ့ပုံကိုၾကည့္ခ်င္လား?"
ကုရွင္ခၽြမ္းကအံ့ဩသြားပီး သူ႔ကိုစိုက္ၾကည့္ေနတယ္။
စုန္႔ရီအရမ္းစိတ္လွုပ္ရွားေနတယ္။ ကေလးရွိေနမွန္းဒီနည္းလမ္းနဲ႔ကုရွင္ခၽြမ္းသိသြားမယ္လို႔သူေမၽွာ္လင့္မထားဘူး။ ကုရွင္ခၽြမ္းမ်က္ႏွာလႊဲသြားမွာစိုးတာမို႔ ဖုန္းထဲက B-ultrasound ပုံေလးကိုျပလိုက္တယ္ "ဒီမွာၾကည့္ၾကည့္"
ေလးလသားကေလးေလးကလူပုံေလးေပါက္ေနပီျဖစ္တယ္။ 4D Doppler ultrasound ရဲ့ရွင္းလင္းတဲ့ပုံေလးက ေခါင္းေသးေသးေလးနဲ႔ေျခေထာက္ေသးေသးလက္ေသးေသးေတြအတူတူေကြးထားတာကိုျပသေနတယ္။
ကုရွင္ခၽြမ္းအဲ့တာကိုစကၠန္႔အေတာ္ၾကာသိုက္ၾကည့္ပီး သူ႔ရဲ့ေၾကာ့ေမာ့တဲ့ေမးရိုးကတင္းသြားတယ္။ စုန္႔ရီသူ႔ရဲ့မ်က္ႏွာအမူအရာကိုဂ႐ုတစိုပ္ၾကည့္ေနပီး သူ႔ရဲ့စိုးရိမ္ေသာကေတြလဲၿငိမ္ေအးသြားတယ္။
"သူကဘာလို႔အရမ္း႐ုပ္ဆိုးေနတာလဲ?" ကုရွင္ခၽြမ္းကႏွုတ္ခမ္းသပ္လိုက္ပီး အသက္ေအာင့္ထားတယ္။
သူအဲ့ဒီအခ်ိန္ကိုသိတယ္။ ဒါေလးကပထမဆုံးအႀကိမ္ဟိုတယ္မွာ သူစိုက္ခဲ့တဲ့မ်ိဳးေစ့ေလးျဖစ္တယ္။ ရွန္းလီအေမကေနာက္ဆုံးေတာ့ ေကာင္းမြန္တဲ့အလုပ္တစ္ခုလုပ္ခဲ့တာပဲ။
စုန္႔ရီဖုန္းကိုျပန္ယူလိုက္ပီး ၾကည့္ၾကည့္တယ္။ ဒါကဘာေလးနဲ႔တူမွန္းသူေသခ်ာေတာင္မသိေသးဘူး။ ႐ုပ္ဆိုးတာေတြလွတာေတြဆိုေျပာျပေနစရာေတာင္မလိုဘူး။ "မင္းရဲ့genes ေတြကမေကာင္းဘူးဆိုတာျပတာေနမွာေပါ့"
ကုရွင္ခၽြမ္းကညင္ညင္သာသာ 'အာ' ဆိုပီးေျပာတယ္။ သူကနားနားကပ္ပီး ေလေငြ႕ပူပူေတြရွူထုတ္တယ္ "တကယ္ေတာ့ ငါနည္းနည္းေၾကာက္ေနတာ"
"ဘာကိုေၾကာက္တာလဲ?"
"ငါကပထမဆုံးအႀကိမ္အျဖစ္အေဖတစ္ေယာက္ျဖစ္လာမွာေလ ငါကအျမဲတမ္းလိုလိုစိတ္တိုလြယ္တယ္ တကယ္လို႔ကေလးကိုဆိုးသြမ္းေအာင္ပ်ိဳးေထာင္မိရင္ဘယ္လိုလုပ္မလဲ" ကုရွင္ခၽြမ္းကအရမ္းအလအနက္ထားပီးေမးလာတယ္။
စုန္႔ရီရယ္ခ်င္သြေပမဲ့ ႏူးႏူးညံ့ညံ့ေလးပဲေျပာလိုက္တယ္ "ငါရွိေနတာပဲကို သူကဘယ္လိုလုပ္ဆိုးသြမ္းသြားမွာလဲ"
ကုရွင္ခၽြမ္းကမ်က္လုံးကိုေမွးရင္းတစ္ခုခုကိုစဥ္းစားမိသြားဟန္ေျပာလာတယ္ "ငါသူ႔ကိုအခုစကားေျပာၾကည့္ရင္သူၾကားမွာလား?"
ကေလးျပဳစုေမြးျမဴတဲ့အေၾကာင္းအရာေတြနဲ႔စိမ္းသက္ေနတဲ့အတြက္ စုန္႔ရီကိုယ္တိုင္လဲမသိဘူး။ စုန္႔ရီမ်က္ႏွာကရွက္ရဲရဲသြားတယ္ "မင္းစမ္းၾကည့္ေရာဘယ္လိုလဲ?"
ကုရွင္ခၽြမ္းကျမန္ျမန္ငုံ႔ကိုင္းလိုက္ပီး စုန္႔ရီရဲ့နည္းနည္းေလးဆူေနတဲ့ဗိုက္ေလးေပၚကိုပါးေလးကပ္လိုက္တယ္။ ခုန္ႏွုန္းေသးေသးေလးကအရမ္းကိုတိုးတယ္ဆိုေပမဲ့ ထိတ္လန္႔စရာေကာင္းေလာက္ေအာင္ သူ႔နားေတြကေနတဆင့္ေျခေတြလက္ေတြကိုပါထုံက်ဥ္သြားေစနိုင္တယ္။ အဲ့ဒီအသံေလးကသူကၽြမ္းက်င္စြာတီးခတ္ဖူးတဲ့ဂီတသံစဥ္ေတြ သူနားေထာင္ဖူးတဲ့ကမၻာေက်ာ္သီခ်င္းေတြထက္ေတာင္ ပိုပီးလွပခ်ိဳၿမိန္တယ္။
"ၾကားေနရလား?" စုန္႔ရီရွက္ရြံ့သြားပီး မ်က္ႏွာကပူေလာင္လာရတယ္။
ကုရွင္ခၽြမ္းကေခါင္းညိမ့္လိုက္ပီး စုန္႔ရီဗိုက္ေလးကိုအကၤ်ီေပၚကေနထိလိုက္တယ္ "ေပါင္ေပ့ ငါကမင္းရဲ့တ်ဲပါ ငါတို႔အနာဂတ္မွာအတူတူကစားလို႔ရတယ္"
"ကစားဖို႔ပဲေတြးမေနနဲ႔ စာလဲႀကိဳးစားရမယ္" စုန္႔ရီကသူ႔ရဲ့ျဖဴေကာင္လိုေခါင္းကိုတြန္းလိုက္တယ္။
ကုရွင္ခၽြမ္းကမတ္မတ္ျပန္ထိုင္လိုက္ပီး စုန္႔ရီကိုအစုန္အဆန္ၾကည့္တယ္ "မင္းဒီလိုထိုင္ေနရင္သူ႔ကိုခိုက္မိမွာလား?"
စုန္႔ရီသူ႔ကိုစိတ္ေလတယ္ဆိုတဲ့အၾကည့္တစ္ခုနဲ႔ၾကည့္လိုက္တယ္။ သူတို႔ႏွစ္ေယာက္လုံးကဒီကိစၥေတြနဲ႔ စိမ္းတယ္ဆိုေပမဲ့ ကုရွင္ခၽြမ္းကသူ႔ထက္ေတာင္ပိုဆိုးေနေသးတယ္။ ေနာက္ပိုင္းက်ေလ့လာထားသင့္တယ္ "ငါ့ဗိုက္ကအရမ္းမႀကီးေသးပါဘူး မင္းစာအုပ္ေတြပိုဖတ္ရမယ္"
"ေဒါက္ ေဒါက္ ေဒါက္"
တံခါးေခါက္သံကအခန္းထဲကေႏြးေထြးတဲ့ေလထုကို ၾကားဝင္ေႏွာင့္ယွက္တယ္။ ရွန္းစစ္ရဲယ္ရဲ့တည္တည္ၾကည္ၾကည္အသံကထြက္လာတယ္ "ကုအိမ္ေတာ္ကကေလး မၿပီးေသးဘူးလား ငါ့ရဲ့ေရွာင္ရီကိုငါ့လဲၾကည့္ခြင့္ေပးအုံးဟ"
ကုရွင္ခၽြမ္းကမၾကားသလိုဟန္ေဆာင္လိုက္တယ္။ သူ႔ရဲ့မ်က္လုံးနက္နက္ေလးေတြကေတာက္ပေနတယ္ "ငါ့ပါးပါးလဲျပဳံးနိုင္ေအာင္ အိမ္ကမိဘေတြကိုေျပာျပရမယ္"
စုန္႔ရီမ်က္ႏွာကအထိတ္တလန္႔ျဖစ္ေနပီး အႀကိမ္အနည္းငယ္ေလာက္ေခ်ာင္းဟန္႔လိုက္တယ္ "ငါစစ္ရဲယ္နဲ႔ေတြ႕ခ်င္ေသးတယ္ မင္းအျပင္မွာေစာင့္အုံး"
ကုရွင္ခၽြမ္းကတန္႔သြားပီး စုန္႔ရီရဲ့ေပ်ာ့ေျပာင္းတဲ့နားေလးကိုလက္ဆန္႔ထုတ္ပီး ဖ်စ္လိုက္တယ္ "မင္းအဖိုးေျပာတာေတြကိုသေဘာမတူနဲ႔ေနာ္ သူငါ့ကိုအသိအမွတ္ျပဳဖို႔နဲ႔ မင္းတို႔မိသားစုကငါတို႔ဆက္ဆံေရးကိုလက္ခံလာေအာင္ငါႀကိဳးစားမယ္"
စုန္႔ရီကေခါင္းညိမ့္ျပတယ္ "ငါသိၿပီ ငါလဲစစ္ရဲယ္ကိုေဖ်ာင္းဖ်ေပးမယ္"
ကုရွင္ခၽြမ္းစိတ္သက္သာရာရသြားပီး အျပင္ဘက္ကိုထြက္သြားတယ္။ ရွန္းစစ္ရဲယ္မ်က္ႏွာႀကီးကအိုးဖင္လိုပဲမည္းတူးေနပီး ကုရွင္ခၽြမ္းကိုေၾကာက္စရာေကာင္းစြာၾကည့္ေနတယ္။
ကုရွင္ခၽြမ္းကဘာမွမျဖစ္ဘဲ ရွန္းစစ္ရဲယ္ကိုျပဳံးျပလိုက္တယ္။
အခန္းတံခါးကေနာက္တစ္ခါပိတ္သြားတဲ့အခါမွာ ကုရွင္ခၽြမ္းကဖုန္းကိုထုတ္လိုက္ပီး ေနာက္ဆုံးပို႔ထားတဲ့စာကိုဖတ္ကာ ေအာက္ထပ္ကိုျမန္ျမန္ဆင္းသြားတယ္။
အရမ္းႀကီးသိသာေပၚလြင္မွုမရွိေသာအနက္ေရာက္ကားတစ္စီးကေဆး႐ုံပန္းၿခံထဲမွာရပ္ထားတယ္။ ကုရွင္ခၽြမ္းေနာက္ခန္းတံခါးကိုဖြင့္ပီး ဝင္ထိုက္လိုက္တယ္။ ေနာက္ခန္းထဲမွာထိုင္ခုံေတြဖယ္ရွားထားပီး လူသုံးေယာက္ကိုေကာက္ညႇင္းထုတ္ေတြလိုႀကိဳးေတြနဲ႔ခ်ည္ထားတယ္။
သူတို႔ကကုရွင္ခၽြမ္းကေပၚတက္လာတာေတြ႕ေတာ့ ႐ုန္းကန္ေနၾကပီး ပါးစပ္ထဲမွာစို႔ထားတဲ့ပဝါေတြေၾကာင့္ ဝူးဝူးဝါးဝါးအသံေတြသာထြက္ေနတယ္။
ကားေမာင္းသူေနရာကေနေခါင္းတစ္လုံးျပဴထြက္လာတယ္။ ရွီးနင္ကပါးစပ္ထဲမွာတစ္ဝက္ေလာက္ကုန္ေနပီျဖစ္တဲ့ေဆးလိပ္ကိုခဲထားတယ္။ "သူတို႔ကိုဖမ္းပီးသြားေတာ့ ပါးစပ္ကေျခာက္လာတာတဲ့ေသာက္ေနတာ"
ကုရွင္ခၽြမ္းကလက္ဆန္႔ထုတ္ပီး သူ႔ပါးစပ္ထဲကေဆးလိပ္ကိုဆြဲယူကာ အလာ္ကေနခ်ိဳးပီး လႊင့္ပစ္လိုက္တယ္။ သူ႔အၾကည့္ေတြကကားထဲကေဆးလိပ္ျပာခြက္မွာရပ္သြားပီး ေျပာတယ္ "ေနာက္ပိုင္းက်ေဆးလိပ္ေသာက္တာရပ္လိုက္ ငါေဆးလိပ္နံ့မခံခ်င္ဘူး"
ရွီးနင္ကသူ႔ကိုစိတ္ရွုပ္ေထြးတဲ့မ်က္လုံးေတြနဲ႔ၾကည့္ပီး သူ႔ႏွုတ္ခမ္းသာလက္နဲ႔ပိတ္ထားတယ္ "ဒါကအရမ္းထူးဆန္းတယ္လို႔ငါလဲထင္တယ္ ရွန္းစစ္ရဲယ္ေနတဲ့ေနရာကလူအားလုံး Imperial Capital ကဝါရင့္တဲ့ဂုဏ္သေရရွိသူေတြခ်ည္းပဲ အိမ္ထဲကမေကာင္းတဲ့ပစၥည္းကိုေတာင္ျမင္ရခက္တာ လုံျခဳံေရးကလဲဘဏ္တိုက္တစ္ခုနဲ႔ေတာင္တူတယ္"
ကုရွင္ခၽြမ္းေခါင္းညိမ့္လိုက္ပီး ေအာက္မွာလဲက်ေနတဲ့လူသုံးေယာက္ကိုၾကည့္လိုက္တယ္ "ငါသိတယ္ ပိုင္ရွင္ရဲ့ခြင့္ျပဳခ်က္မရွိရင္ အဲ့ဒီအသိုင္းအဝိုင္းရဲ့ဂိတ္တံခါးနားေတာင္ကပ္လို႔မရဘူး"
"သူနဲ႔အညႇိုးရွိတဲ့လူေတြရွိလား?" ရွီးနင္ကေမးတယ္။
ကုရွင္ခၽြမ္းမွာခန္႔မွန္းမိတာတစ္ခုရွိတယ္ သူကေခါင္းယမ္းလိုက္တယ္ "သူတို႔ျဖစ္နိုင္သမၽွျမန္ျမန္ဝန္ခံေအာင္မင္းလုပ္လိုက္"
ရွီးနင္ကျပဳံးလိုက္တယ္ "ျပႆနာမရွိဘူး ငါေနာက္ဆုံးတစ္ေခါက္ကလုပ္ခဲ့တာကိုမင္းေက်နပ္ရဲ့လား အခုလူနာမိသားစုကေန႔တိုင္းလိုက္ေနလို႔ ေက်ာက္မ်ိဳးရိုးကထြက္ေျပးေနရတာ အိမ္ေတာင္မျပန္ရဲဘူး"
"မဆိုးဘူး" ကုရွင္ခၽြမ္းကေပါ့ေပါ့ပါးပါးပဲေျပာလိုက္ပီး ေအာက္ကိုကိုင္းကာ ေအးစက္မည္းေမွာင္ေနတဲ့မ်က္လုံးေတြနဲ႔အတူ ပါပါရာဇီတစ္ေယာက္ရဲ့ပါးကိုလက္နဲ႔ပုတ္လိုက္တယ္။ ထိုလူကေနာက္ကိုအတင္းေရွာင္သြားတယ္။
ကုရွင္ခၽြမ္းခပ္ဟဟရယ္လိုက္တယ္ " ငါအခုလူေတြကိုမရိုက္ေတာ့ဘူးဒါေပမဲ့ငါ့မိတ္ေဆြကငါနဲ႔ပိုပီးရန္လိုတယ္ မင္းတို႔ျမန္ျမန္ေျပာရင္ နည္းနည္းပဲခံစားရလိမ့္မယ္"
ရွီးနင္ကေဆးလိပ္မေသာက္ရတာမို႔ အာသီသေျပေအာင္ပါးစပ္ထဲမွာသြားၾကားထိုးတံထည့္ထားတယ္။ သူကေနာက္ကလူသုံးေယာက္ျမင္ေအာက္ေနာက္ၾကည့္မွန္ထဲကေန သြားျဖဴျဖဴေတြအတန္းလိုက္ကိုျမင္ေအာင္ျပလိုက္တယ္။
ကုရွင္ခၽြမ္းကကားတံခါးကိုဖြင့္ပီး ခႏၲာကိုယ္တစ္ဝက္ထြက္ပီးခါမွ အရမ္းအေရးႀကီးတဲ့အေၾကာင္းအရာကိုေတြးမိသြားတယ္။ သူကရွီးနင္ကိုျပန္လွည့္ၾကည့္လိုက္ပီး သတင္းေကာင္းကိုေျပာျပလိုက္တယ္ "စကားမစပ္ ငါအေဖတစ္ေယာက္ျဖစ္ေတာ့မယ္"
"ဘာႀကီး" ရွီးနင္းကအံ့အားသင့္သြားတယ္။
ကုရွင္ခၽြမ္းကသူ႔ကိုၾကည့္ပီး တည့္တည့္ၿငိမ္ၿငိမ္ေျပာလိုက္တယ္ "မအံ့ဩနဲ႔ အိမ္ကလူေတြကို group ဖြဲ႕ပီး friend circle ကေနပို႔လိုက္ ငါကအေဖတစ္ေယာက္ျဖစ္ေတာ့မယ္ဆိုတာကိုလူတိုင္းသိသြားပါေစ"
~~~~~~~