လူ့အမှိုက်ရဲ့ ရှင်သန်ရန် ကြို...
By Ophelia_2210585
11.1K 1.9K 87
#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status in CO... More
Description!
ဇာတ်ကောင်မိတ်ဆက် ~
Part - {1}
Part - (2)
Part - {3}
Part - {4}
Part - {5}
Part - {6}
Part - {7}
Part - {8}
Part - {10}
Part - {11}
Part - {12}
Part - {13}
Part - {14}
Part - {15}
Part - {16}
Part - {17}
Part - {18}
Part - {19}
Part - {20}
Part - {21}
Part - {22}
Part - {23}
Part - {24}
Part - {25}
Part - {26}
Part - {27}
Part - {28}
Part - {29}
Part - {30}
Part - {31}
Part - {32}
Part - {33}
Part - {34}
Part - {35}
Part - {36}
Part - {37}
Part - {38}
Part - {39}
Part - {40}
Part - {41}
Part - {42}
Part - {43}
Part - {44}
Part - {45}
Part - {46}
Part - {47}
Part - {48}
Part - {49}
Part - {50}
Part - {9}
181 48 3
By Ophelia_2210585
ဟဟျွန်ဆိုးက ကျွန်တော့်ကို လာဖက်ဖို့ ပြင်လိုက်ပေမဲ့ သူ့အနောက်ဖက်က အသံတစ်သံနဲ့ တားဆီးခံလိုက်ရတယ်။ ဟဟျွန်ဆိုးရဲ့ မျက်လုံးကြည်ကြည်တောက်တောက်လေးက ဝမ်းနည်းရိပ်သန်းသွားတယ်။
"မမ"
"မင်းအဲ့လို လုပ်မရဘူးလေ။ တောင်းပန်ပါတယ် သခင်"
ဟျွန်ဆိုးရဲ့အမ၊ ဟအွန်ဆိုးက တုန်တုန်ယင်ယင်နဲ့ ဟျွန်ဆိုးက ပွေ့ဖက်ထားတယ်။ သူမက အားနည်းပြီး ကြောက်တတ်လိမ့်မယ်။ ဒါပေမဲ့လည်း ရဲရင့်သေးတယ်။
ကျွန်တော် ဘာလုပ်ရမလဲ?
ဟအွန်ဆိုးက ဟဟျွန်ဆိုးကို ကျွန်တော့်ဆီကနေ အတင်းကာကွယ်နေတာ။ သူမက ကြောက်လန့်တုန်လှုပ်နေပြီး ကျွန်တော့်အကြည့်တွေကိုတောင် ရှောင်နေတယ်။
"ဘာမှ မဖြစ်ပါဘူး။ မင်းအမှား လုပ်ထားတာမှ မရှိတာ ခွင့်လွှတ်ပေးဖို့ တောင်းဆိုစရာ မလိုပါဘူး။"
"..."
"နောက်မှ တွေ့မယ် ဟျွန်ဆိုး"
"...ဟုတ်ကဲ့ ကိုကို"
ဟဟျွန်ဆိုးက ပြန်မဖြေခင်အထိ သူ့အမကို ငေးကြည့်နေတယ်။ ကျွန်တော် သူတို့နှစ်ယောက်ကို ကျော်သွားပြီး အပြင်ထွက်လိုက်တော့ သပ်ရပ်နေတဲ့ ပန်းခြံလေး တွေ့လိုက်ရတယ်။
ဒီအိမ်တော်က တော်တော်ကြီးတာပဲ။
တစ်ထပ်ကို ၅၀၀ဖျောင်း*လောက် ကျယ်တယ်။ အထပ်က ၄ထပ်တောင် ရှိတာ... တစ်ယောက်ထဲနေဖို့ဆို အရမ်းကြီးတယ်။ ဂီယွန်းဂျယ်က အခု နိုင်ငံခြားရောက်နေတဲ့ အဖေနဲ့ နေတယ်ဆိုပေမဲ့... အရမ်းကြီးတုန်းပဲ။
(Note : ဖျောင်းက ကိုးရီးယားရဲ့ ဧရိယာအတိုင်းအတာဖြစ်ပြီး ကိုးရီးယား 'ပေ'အတိုင်းအတာနဲ့ဆို 36စတုရန်းပေ ရှိပါတယ်။ 1ဖျောင်းက ပျမ်းမျှ 3.31စတုရန်းမီတာ ဒါမှမဟုတ် 35.58စတုရန်းပေ ရှိပါတယ်။)
သူ့အဖေပဲလား? သူ့အမေကော?
ဟုတ်သားပဲ ဂီယွန်းဂျယ်မှာ အခြားမိသားစုဝင် ရှိသေးလားမသိ? ကျွန်တော် သူ့မှတ်ဉာဏ်ထဲ ဝင်ရှာကြည့်ပေမဲ့ ဘာမှ မထွက်လာဘူး။ ထူးဆန်းတယ် ကျွန်တော် စဉ်းစားကြည့်လေလေ ခေါင်းမူးလာလေလေပဲ။
"အား..."
ကျွန်တော့်ကိုယ်က ယိုင်သွားပြီး အနီးက နံရံကို မှီပြီး ထိန်းကိုင်ဖို့ လုပ်လိုက်တယ်။ ကျွန်တော် လက်ဆန့်တန်းလိုက်ပေမဲ့ လက်တွေက ဆုံချက်ပျောက်နေတယ်။ ကျွန်တော် မျက်လုံးမှိတ်လိုက်ပြီး နံရံဖက် လဲကျသွားရင်တော့ တော်တော်နာမှာပဲလို့ တွေးနေပေမဲ့... တစ်ယောက်ယောက်က ကျွန်တော့်ကို တင်းတင်းဖက်ထားတယ်။
"အဆင်ပြေရဲ့လား?"
"အမ်?"
ဝက်သစ်ချပင်က အနံပြင်းပြင်းလေး ရလိုက်လို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ တောင့်တင်းတဲ့ ရင်အုပ်ကျယ်ကျယ်ကို တွေ့လိုက်ရတယ်။ ကျွန်တော် ခေါင်းမော့ပြီး ကြည့်‌လိုက်တော့ မေးရိုးထင်းထင်းနဲ့ ခန့်ချောတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။
"ဂွမ်ဂျယ်ဟော့..."
"မင်းက ကိုယ့်ကို 'အကို'လို့တောင် မခေါ်တော့ဘူးလား?"
ဂွမ်ဂျယ်ဟော့က ခပ်တိုးတိုး ရယ်လိုက်ပြီး ကျွန်တော့်ကို ချီလိုက်တယ်။ ပြီးတဲ့နောက် သူက အသာအယာပဲ အရိပ်ထဲက ခုံတန်းတစ်ခုမှာ ချပေးတယ်။
"...ကျေးဇူးပါ"
"ဒါနဲ့ နေလို့ အဆင်ပြေရဲ့လား? မင်းနေမကောင်းဘူးလို့ ပြောတာက... တကယ်မှန်နေတာပဲ။ မင်း မေ့လဲတော့မလို့"
ဂွမ်ဂျယ်ဟော့က ကျွန်တော့်ခေါင်းကို ခပ်ဖွဖွလေး လှမ်းပုတ်လိုက်တယ်။ ကျွန်တော် ရှောင်ဖို့ လုပ်ပေမဲ့ ခန္ဓာကိုယ်က လှုပ်မရဘူး။ ဂီယွန်းဂျယ်နဲ့ ဂွမ်ဂျယ်ဟော့တို့ရဲ့ ဆက်ဆံရေးက ကျွန်တော်ထင်ထားတာထက် ပိုရင်းနှီးတယ် ထင်တယ်။
ဂွမ်ဂျယ်ဟော့က ဂီယွန်းဂျယ်ကို နောက်ဆုံးအချိန်အထိ ဖြောင်းဖျဖို့ ကြိုးစားခဲ့တယ်ဆိုတာ သိပါတယ်။
ဒါပေမဲ့... 'အကို'?
သူ့ကို 'အကို'လို့ ခေါ်တယ်? ဂီယွန်းဂျယ်က? ဂီယွန်းဂျယ်က အကုန်လုံးအပေါ်မှာ ကြောင်ရိုင်းလေးတစ်ကောင်လိုပဲ။ ကျွန်တော်က သူ့မိသားစုအပေါ်ကိုပဲ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတယ် ထင်ထားတာ... ဒါပေမဲ့ မိဘမဲ့ တစ်ယောက်ကို 'အကို'လို့ ခေါ်ဖို့က သူ့ရဲ့ အကျင့်နဲ့ မကိုက်သလိုပဲ။ ဂီယွန်းဂျယ်က ဂွမ်ဂျယ်ဟော့ရဲ့ အမျိုးတောင် မဟုတ်ဘူးလေ။
'...ကြည့်ရတာ ကျွန်တော့် မှတ်ဉာဏ်‌တွေက မကိုက်သလိုပဲ'
ဂီယွန်းဂျယ် မှတ်ဉာဏ်ထဲက ဂွမ်ဂျယ်ဟော့နဲ့ တော်တော်ကွာခြားနေတယ်။ အဲ့ဒါက ကျွန်တော်သိတဲ့ ဂွမ်ဂျယ်ဟော့နဲ့ မူလဂီယွန်းဂျယ်သိတဲ့ ဂွမ်ဂျယ်ဟော့ဆိုပြီး ကွဲပြားနေသလိုပဲ။ ဒါ့အပြင် သူ့အမေနဲ့ ပတ်သတ်တဲ့ မှတ်ဉာဏ်တွေလည်း အဖျက်ခံလိုက်ရသလိုပဲ။ ဒီအချက်နှစ်ချက်နဲ့တင် ကျွန်တော် သိနေရပြီး ပြည့်စုံတယ် ယူဆထားတဲ့ ဂီယွန်းဂျယ်ရဲ့ မှတ်ဉာဏ်က မပြည့်စုံတဲ့အပြင် အချက်အလက်အကြီးကြီးတွေ ပျောက်နေသလိုပဲ။
ကျွန်တော့်မှာ မှားယွင်းနေတဲ့ မှတ်ဉာဏ်တွေတော့ မရှိပါဘူး... ဒါပေမဲ့ ကွယ်ပျောက်နေပြီး အဖျက်ခံထားရတဲ့ မှတ်ဉာဏ်တွေတော့ ရှိနေတယ်။
ဂီယွန်းဂျယ်ရဲ့ မှတ်ဉာဏ်နဲ့ ကျွန်တော့်ကို ဆက်သွယ်ပေးထားတာ ဘုရားသခင်ပဲလေ။ သူကတော့ ကျွန်တော်ထိခိုက်စေမဲ့ မှတ်ဉာဏ်အမှားတွေ ရောနှောပစ်မှာ မဟုတ်ဘူး။ ဟဟျွန်ဆိုးကို ကျွန်တော့်အကြောင်း ဖော်ပြလိုက်တာနဲ့တင် သေရတာ ပိုလွယ်လို့ပဲဟာ။
"ယွန်းဂျယ်?"
"ဟင်? အိုး... ကျွန်တော် ခေါင်းနည်းနည်း မူးနေလို့..."
ဂွမ်ဂျယ်ဟော့ရဲ့ အသံက ကျွန်တော့်ကို သတိပြန်ဝင်လာစေတယ်။ ကျွန်တော့် ဘာကြောင့် ခေါင်းမူးရတယ်ဆိုတာ တိတိကျကျ မပြောပဲ အကြောင်းပြချက်အနေနဲ့ သုံးလိုက်တယ်။
ကျွန်တော် ပြောလိုက်တော့ ဂွမ်ဂျယ်ဟော့က ကျွန်တော့်ဘေးမှာ ထိုင်နေရင်း ကျွန်တော့်ပါးတွေကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်လိုက်ပြီး ကျွန်တော့်မျက်နှာကို သူ့လက်မနဲ့ ပွတ်လိုက်တယ်။
"နေမကောင်း။ မဖြစ်။ စေနဲ့။"
"..."
"ကိုယ့်ကိုကိုယ်နဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ။ ကိုယ်က မင်းရဲ့ ဘေးမှာပဲ ရှိနေမှာ။ မင်းသိတယ်မလား?"
သူ့ရဲ့ စိုးရိမ်နေတဲ့ အသံကို ကြားလိုက်ရတော့ ကျွန်တော် အံကြိတ်လိုက်မိတယ်။ သူကျွန်တော့်ဖက်မှာ ရှိနေနိုင်လား? သူက ဂီယွန်းဂျယ်ဖက်မှာ ရှိနေပေမဲ့ ကျွန်တော့်အတွက်မှ မဟုတ်တာ။
ကျွန်တော် ဂွမ်ဂျယ်ဟော့ကို သတိထားရမယ်။
ကျွန်တော် အရင်ကလည်း သတိထားဖို့ ကြိုးစားပါသေးတယ်။ ဒါပေမဲ့ ဒီနှစ်ယောက်က ကျွန်တော် သိထားတာထက် ပိုရင်းနှီးကြတယ်။ သူ့ရဲ့ စိတ်ထဲက ပူပန်မှုကြောင့် ကျွန်တော် စိတ်လှုပ်ရှားရပေမဲ့ သူ့ရဲ့ ကြင်နာမှုမှာ မျောသွားလို့ မဖြစ်ဘူး။
ဘာလို့ဆို သူ့ရဲ့ ကြင်နာမှုက ကျွန်တော့်အတွက်မှ မဟုတ်တာ။
***
အဲ့ဒီ့တွေ့ဆုံမှု ပြီးတဲ့နောက်မှာ ကျွန်တော် ပတ်သွားနေခဲ့ပြီး ဂီယွန်းဂျယ်ရဲ့ စွမ်းအားရှင်တွေနဲ့ တွေ့ခဲ့တယ်။
အနာဂတ်မှာ ကျွန်တော်တို့ အချင်းချင်း သစ္စာဖောက်ကြမှာ ကျွန်တော် စိုးရိမ်နေသေးပေမဲ့ လက်တွေ့မှာ ကျွန်တော်တို့ ဆိုးရွားတဲ့ ဆက်ဆံရေး မဖြစ်သေးပုံပဲ။
ကျွန်တော်သာ နည်းနည်းပို ကောင်းအောင် နေရင်... နောင်ကျရင် သူတို့ သစ္စာဖောက်ကြ အုန်းမှာလား?
ကျွန်တော့်မှာ အကြံတစ်ခုတော့ ရှိတယ်။
ဒါပေမဲ့ မပြည့်စုံတဲ့ မှတ်ဉာဏ်ကို ကျွန်တော် ဘယ်နား သွားရှာရမလဲ?
မပြည့်စုံတဲ့ မှတ်ဉာဏ်က ဘုရားသခင်ရဲ့ အမှားလား ဒါမှမဟုတ် သူက ကျွန်တော့်ကို မသိစေချင်လို့ ဖျက်လိုက်တာလားတော့ ကျွန်တော် မပြောတတ်ဘူး။ ဒါပေမဲ့ ကျွန်တော် ရှာမှရမယ်လို့ ခံစားမိနေတယ်။
အဲ့မှာ အရေးကြီးတဲ့ အချက်အလက်အချို့ ရှိလိမ့်မယ်။
ကျွန်တော် စာအုပ်ထဲမှာ မတွေ့ရတဲ့ ဂွမ်ဂျယ်ဟော့နဲ့ ဆက်ဆံရေး... အဲ့လို အချက်အလက်သေးသေးလေးတွေပေါ့။
ဒါပေမဲ့လည်း ကျွန်တော့်မှာ ပြဿနာ ရှိနေတယ် : ပတ်သွားပြီး လေ့လာဖို့။
ဂီဟျွန်ဂျူး...
ဂီဟျွန်ဂျူးက ကျွန်တော့်ရဲ့ ကိုယ်ရေးအတွင်းရေးမှူးလို ရာထူးမျိုး ရှိနေတယ်။ အဲ့ဒါကြောင့် သူမက ကျွန်တော့်အပြုအမူတိုင်းကို ဒေါက်ထောက်ကြည့်နေတာ။ အခြား ထိန်းချုပ်ထားတဲ့စာချုပ်ရှိနေတဲ့ စွမ်းအားရှင်တွေနဲ့ မတူပဲ ဂီဟျွန်ဂျူးက အပြောနဲ့ စာချုပ် ချုပ်ထားတာတောင် မရှိဘူး။
အဲ့တာက သွေးသားတော်စပ်မှုကြောင့် ဆိုပေမဲ့ အနာဂတ်အကြောင်း သိနေတဲ့ ကျွန်တော့်အတွက်တော့ သွေးတော်စပ်မှုက အားကိုးရတဲ့ တားမြစ်ချက်တစ်ခု မဟုတ်ဘူး။
အဲ့ဒါကြောင့် ကျွန်တော်သူမကို မရေမရာ ဆင်ခြေမပေးချင်ဘူး။ ကျွန်တော့်မှာ သူမမပါပဲ ကိစ္စရပ်တွေ လုပ်ဆောင်ပေးမဲ့ ကိုယ်ပိုင်နောက်လိုက်တွေ ရှိပေမဲ့ သူတို့က လျှို့ဝှက်ထားပါ့မလား မသေချာဘူး။
ကျွန်တော် သီးသန့် ခြေလက်တွေ လိုတယ်။
ကျွန်တော့်နောက်လိုက်ပြီး ကျွန်တော့်အမိန့် နာခံမဲ့ လူလိုတယ်။
ဘယ်လိုလူမျိုးက ကောင်းမလဲ? ... ကျွန်တော်သူတို့ကို ဟိုဟာ ဒီဟာ လုပ်ခိုင်းရင်တောင် အလင်းထဲမှာ လုပ်တဲ့သူထက် အမှောင်ထဲမှာ လုပ်တဲ့သူက ပိုကောင်းတယ်...
ဒါပေမဲ့ ဘယ်သူမှ ပေါ်မလာဘူး။ ကျွန်တော် မူလဇာတ်ကြောင်း ဖတ်ထားတဲ့ အပြင်က အသိဉာဏ်တွေနဲ့ ဂီယွန်းဂျယ် မှတ်ဉာဏ်ပေါင်းတာတောင် တစ်ယောက်မှ မစဉ်းစားမိဘူး။
ပြီးတော့ အလုပ်သမားဌာနနဲ့ ပုဂ္ဂလိက အေဂျင်စီကနေလည်း မသုံးချင်ဘူး။ ကျွန်တော် သူတို့ကို မယုံတဲ့အပြင် စွမ်းအားရှင်တွေကြား လှုပ်ရှားဖို့အတွက် ကျွန်တော် ရှာနေတဲ့သူက စွမ်းအားရှင် ဖြစ်ရမယ်။
ဒါပေမဲ့ စွမ်းအားရှင် တော်တော်များများက ... ကျွန်တော့်ရဲ့ အသင်းထဲမှာ။
အသင်းကြီးကပေးတဲ့ အခကြေးငွေက ကောင်းလွန်းတယ်။ ကျွန်တော့်ကတော့ ဘယ်သူမှ ဒီအခြေအနေကို စွန့်ပစ်ပြီး ပုဂ္ဂလိကအေဂျင်စီတွေမှာ အလုပ်လုပ်ကြချင်ကြမယ်၊ လုပ်နိုင်ကြမယ် မထင်ဘူး။ တကယ်လို့ အဲ့လိုရှိခဲ့ရင်တောင် အသင်းကြီးထဲဝင်ဖို့ စိတ်ရင်းနဲ့ ငြင်းပယ်ခဲ့တာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ အားနည်းချက်ကြောင့်ပဲ ထုတ်ခံရတာနေမှာ။
ဒါကတော်တော်ကို မခံချိ မခံသာဖြစ်တာပဲ။
ဝတ္ထုအပြင်ဖက်က ဂီယွန်းဂျယ်ဘဝကြီးက လွတ်လပ်တယ်။ အဲ့တာ အရင်က ကျွန်တော် ဘာကြောင့် သူ့ကို အမှိုက်ကောင်လို့ တွေးရလဲဆိုတဲ့ မူလအကြောင်းအရင်းပဲ...
မူရင်းဝတ္ထုထဲမှာ သူက ဂီဟျွန်ဂျူးကို သူ့ရဲ့မဟာမိတ်အဖြစ် လက်ခံဖို့ ငြင်းဆန်ခဲ့တယ်လေ။ အဲ့တာကြောင့် ဂီယွန်းဂျယ်က သူ့ရဲ့ လွတ်လပ်မှုကို ဆုံးရှုံးခဲ့ရတာ။
အရာအားလုံးက စောင့်ကြည့်ခံနေရသလိုပဲ... တော်တော်ကို မသက်မသာနဲ့ မခံချင်စရာပဲ။
အရာအားလုံးက ဂီဟျွန်ဂျူးကနေမှ လုပ်ဆောင်ရတယ်။ ကျွန်တော်လုပ်ကိုင်တဲ့ ကိစ္စတစ်ခုချင်းစီက ဂီဟျွန်ဂျူးကို ပြန်တင်ပြကြတယ်။ အဲ့တာက မသက်မသာနဲ့ ဘာသိဘာသာနေဖို့ ခက်ပေမဲ့ သူမကိုလည်း ကျွန်တော် မထိန်းချုပ်နိုင်ဘူး။
သူမက ကျွန်တော် ခန့်ထားတာ မဟုတ်ဘူး။ ကျွန်တော့်အဘိုး ဂီဂျယ်မူကနေ ပို့ထားတာ။
ဂီဟျွန်ဂျူး လုပ်သမျှက ဂီယွန်းဂျယ်အတွက် အကူအညီရပေမဲ့ ကျွန်တော့်အတွက်တော့ အဲ့လို မဟုတ်ဘူး။
ကျွန်တော် လေကောင်းလေသန့် ရှူဖို့ လိုနေပြီ။
ကျွန်တော် ဒီအိမ်က ထွက်သွားချင်တယ်။ မဟုတ်ဘူး။ တကယ်က ကျွန်တော် ထွက်ပြေးချင်တာ။ ကျွန်တော် ဂီယွန်းဂျယ်ရဲ့ ဘဝမှာ နေရမဲ့အစား ထွက်ပြေးလိုက်ရင် ဒီလို ပူပန်နေရမှာ မဟုတ်ဘူး။
ဒါပေမဲ့ အဲ့တာက ခက်ခဲလိမ့်မယ်။ ကျွန်တော် ဒီအိမ်ကနေ ခဏလောက်တော့ အပြင်ထွက်ချင်တယ်။
အဲ့တာကြောင့် ကျွန်တော်ထပြီး အပြင်ထွက်လိုက်တယ်။ ကျွန်တော် စင်္ကြံလမ်းကနေ ပထမထပ်ဆီ ဆင်းလိုက်ပြီး တံခါးမကြီးကို ဖွင့်ရင်း အပြင်ထွက်လိုက်တယ်။ ကျွန်တော် ပန်းခြံကို ဖြတ်ပြီး တံခါးနား သွားလိုက်ပေမဲ့ ဒုက္ခရောက်သွားတယ်။
ထွက်ပေါက်က ဘယ်မှာလဲ?
ကျွန်တော် ထွက်ဖို့ လုပ်ပေမဲ့ ဘယ်လိုလုပ်ရမယ် မသိဘူး။ ကားကို ဘယ်လိုခေါ်ရမှာလဲ?
... အဲ့ဒါက ဂီဟျွန်ဂျူး အမြဲ လုပ်နေလို့လေ။
ဂီဟျွန်ဂျူးက ကျွန်တော် မလုပ်ခိုင်းခင်မှာပဲ လုပ်ပေးမှာမလို့ သူမကလွဲပြီး ဘယ်သူ့ကို မေးရမလဲ မသိဘူး။
သူမ မပါဘဲ ကျွန်တော် ဘာလုပ်နိုင်လဲ?
ကျွန်တော် အဲ့ဒီ့အကြောင်း ဘယ်လောက်တွေးတွေး မဖြစ်နိုင်ဘူး။ ကျွန်တော် အရူးလို ဂိတ်ပေါက်ကို ငေးကြည့်နေတုန်း တစ်ယောက်ယောက်က နောက်ကနေ လှမ်းခေါ်တယ်။
"ဟေး။ မင်းဒီမှာ ဘာလုပ်နေတာလဲ?"
ကျွန်တော် နောက်လှည့် ကြည့်လိုက်တော့ ဂျောင်ရီဂျွန်း ဖြစ်နေတယ်။ သူက လက်ပိုက်ပြီး ကျွန်တော် ဒီမှာ ဘာလုပ်နေသလဲဆိုတာ သိချင်နေသလိုမျိုး ကျွန်တော့်ကို အပေါ်အောက် ရပ်ကြည့်နေတယ်။
... သူဘယ်လိုထွက်ရမလဲ သိတာလား? ကျွန်တော် စိတ်မပါပေမဲ့ ပြောလိုက်တယ်။
"အာ ငါအပြင်ထွက်ချင်လို့..."
"ဘာ?"
ဂျောင်ရီဂျွန်းက အဲ့နားမှာ ရပ်နေရင်း တောင့်တင်းသွားတယ်။ ကျွန်တော်ဘာကို ပြောတာလဲဆိုတာ နားလည်သွားတာနဲ့ မျက်မှောင်ကြုံ့လိုက်တယ်။
"မင်းစိတ်လွတ်သွားတာလား?"
"ဒါပေမဲ့..."
"မင်း လုပ်ကြံခံထားရတာ တစ်လတောင် မရှိသေးဘူး"
ဂျောင်ရီဂျွန်းက ရုတ်တရက် ကျွန်တော့်နား ကပ်လာပြီး သူ့လက်တွေနဲ့ ကျွန်တော့်ခေါင်းကို တင်းကြပ်နေအောင် ကိုင်လိုက်တယ်။
"မင်း သေချာကော တွေးနိုင်သေးလား? ဟမ်?"
"အာ့!"
ကျွန်တော့်မှာ မတတ်နိုင်ပဲ သူ့ရဲ့ ဖမ်းချုပ်ထားတဲ့ လက်တွေနဲ့အတူ ခေါင်းပါ လိုက်လှုပ်နေရတယ်။ ဂျောင်ရီဂျွန်းမှာ ကျွန်တော့်ခေါင်းကို ထိန်းချုပ်ပြီး သေချာကိုင်ထားနိုင်တဲ့ လက်ကြီးတွေ ရှိတယ်။ ကျွန်တော် သူ့ဆီကနေ မခွာနိုင်ဘူး။
"ရပ် ရပ်အုန်း..."
"ဒီအတိုင်းပဲ ငါ့ဆီလာပြီး မင်းကို သတ်ပေးဖို့ မမေးတာလဲ? ဒီလောက် မကြောက်တတ်ဘူးဆိုတော့!"
"ရပ်တော့!"
ကျွန်တော် လက်ဆန့်လိုက်ပြီး ဂျောင်ရီဂျွန်းကို တင်းတင်း ဖက်လိုက်တယ်။
သူ့ခန္ဓာကိုယ် လှုပ်ရှားနေတုန်းဆို သူ့ကို စိတ်ငြိမ်အောင် လုပ်ဖို့ခက်လို့ အနီးဆုံးမှာ ရှိတဲ့ သူ့ခန္ဓာကိုယ်ကို ဖက်လိုက်တာ။
ကျွန်တော့်ကို လှုပ်ရမ်းနေတဲ့ ဂျောင်ရီဂျွန်းက ရပ်သွားတယ်။ ကျွန်တော့်ခေါင်းကို ဖိကိုင်ထားတဲ့ ဖိအားကလည်း လျော့သွားတော့ ကျွန်တော် ပိုတင်းနေအောင် ဖက်ထားလိုက်တယ်။
ဒါပေမဲ့လည်း ဂျောင်ရီဂျွန်းရဲ့ နှလုံးခုန်သံကို ကြားနေရတယ်။ သူ့နှလုံးခုန်သံက အရမ်းပြင်းတော့ နှလုံးခုန်နေတဲ့ ခံစားမှုကိုတောင် သူ့ရင်ဘတ်နဲ့ ကပ်နေတဲ့ ကျွန်တော့်ပါးတွေကနေ တစ်ဆင့် ခံစားမိနေတယ်။
Part - {9} The End~
August 23, 2021
Note ; သားသားလေး ယွန်းဂျယ်ကတော့ ဒီအပိုင်း သာယာချက်ပဲဗျာ။ နောက်ကျသွားလို့ တောင်းပန်ပါတယ်ဗျ။ ကျွန်တော် စကိတ်ဘုတ် သွားစီးလိုက်တာ မကျွမ်းကျင်လေတော့ မှောက်ရက်လဲ အယ် မဟုတ် ပက်လက်လဲတာ T T အဲ့တာ လဲတဲ့အချိန် လေအလျင်နဲ့ လက်ထောက်မိရာကနေ လက်ခေါက်သွားတယ် ထင်ပါရဲ့ဗျာ။ အဲ့တာ သက်သာလာလို့ အခုမှ တင်ပေးရတာ။ အီဗန်တို့ဖက် လာခဲ့အုန်းနော်။
Thanks for reading~
By Ophelia ♡。
Continue Reading
You'll Also Like
148K 10.5K 47
មិនថាកន្លងទៅយ៉ាងណា ប៉ុន្តែអារម្មណ៍ល្អៗចំពោះឯងមិន ប្រែប្រួលឡើយ គីម ថេយ៉ុង ។ យើងខុសដែលទុកឯងចោល ប៉ុន្តែយើងតែងតែនឹកនាដល់ឯងជានិច្ច ទោះឯងខឹង ឬ ស្អប់យើងកម្រ...
78.6K 10.7K 77
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
174K 5K 44
259K 24.9K 189
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...