#Unicode
အကိုနဲ့ဖြတ်သန်းရင်း တစ်နေ့တာလေးကုန်ဆုံးသွားခဲ့သည်။ အကို့ကိုထပ်တွေ့နိုင်ဖို့က သူ့မှာမနက်ဖြန်
တစ်ရက်ဘဲအချိန်ရှိတော့သည်။ မနက်ဖြန်ပီးလျှင် သူကနဂိုမူလအတိုင်း လှောင်အိမ်ထဲက ငှက်ကလေးအဖြစ်သာနေသွားရမည်။
ထိုအကြောင်းတွေကိုစဉ်းစားရင်သူဘဲပင်ပန်းတာမို့
မစဉ်းစားတော့ဘဲ အကိုနဲ့အတူရှိခဲ့တဲ့ဒီနေ့လေးကို
ပြန်တွေးရင်းသာ အိပ်စက်ခြင်းဆီသို့...။
:
:
ဒီနေ့လည်းအကိုနဲ့တွေ့ရမည်ဆိုတော့ ရွှင်မြူးနေတော့သည်။အကိုက အညိုရောင်ကြိုက်တယ်ဟုပြောပြထားသောကြောင့်ဘာမဆိုင်ညာမဆိုင်သူ အညို
ရောင်တီရှပ်လေးဝတ်လိုက်သည်။
ဒီနေ့အတွက်သူတို့ရဲ့နေရာလေးကတော့ ဟိုနေ့ကအကိုနဲ့စတွေ့ခဲ့တဲ့ပန်းခြံလေးပင်...။
ဒီနေ့လည်းအကိုကသူ့ထက်စောရောက်နေပြန်သည်။
"အကိုtaehyung အခုလည်းစောရောက်နေပြန်ပီ"
သူပြောတော့အကိုကရယ်ကာ
"တွေ့ချင်တဲ့သူက စောင့်နေရမှာပေါ့"တဲ့။
အကိုပြောလိုက်တဲ့စကားကြောင့် နှလုံးခုန်သံတို့
မြန်လာကာ ပေါက်ထွက်သွားတော့မည့်အလားပင်။
"ကျွန်တော်တို့ဒီနေရာမှာဘဲစတွေ့ကြတာနော်"စကားလမ်းကြောင်းလွှဲကာသူပြောတော့
"မဟုတ်ဘူး အကိုက ဂျင့်ကိုလမ်းကြားလေးထဲမှာ
ကတည်းကစတွေ့တာ"
"လမ်းကြား.."အကို့ပြောစကားကိုစဉ်းစားတော့
"အင်း..ဂျင်ကကားလာတာကိုမသိဘဲ ဘေးမကပ်ဘဲနေတော့ ကားသမားကြီးကဟွန်းတီးလိုက်တာလေ"
"အာ ဂျင်မှတ်မိပီ အဲ့တုန်းကဂျင်ပစ္စည်းတွေပါပြုတ်ကျကုန်လို့ အချိန်တွေပိုကြာသွားပီ ကားသမားကြီးကိုတောင်တောင်းပန်နေရတယ်"
"အင်း.."
"နေပါဦး ဂျင်အခုမှသိတယ်အဲ့တုန်းက
ဂျင့်ကိုဓာတ်ပုံရိုက်သွားတာ အကိုမလား"
"အင်းဟုတ်တယ်"
"ဘာလို့ဂျင့်ရဲ့ပုံကိုရိုက်သွားတာလဲဟင်"
"သဘောကျလို့"
"hmm..."အကို့အပြောလေးကိုအံ့ဩမိကာ အကို့ကိုမော့ကြည့်မိတော့
"ကိုယ်ကဓာတ်ပုံရိုက်ရတာဝါသနာပါတယ်လေ ဂျင့်ရဲ့ပုံလေးကလည်းသဘာဝဆန်တော့သဘောကျမိလို့
ရိုက်လိုက်တာပါ"အကိုကရှင်းပြလာသည်။
ဟုတ်ပါရဲ့အကိုကရိုးရိုးသားသားပြောလိုက်တာကို သူကဘာကိုမျှော်လင့်နေမိပါလိမ့်.....။
"ကဲ..အကိုတို့ပန်းခြံထဲမရောက်ဘူးတဲ့နေရာမရှိအောင် လျှောက်သွားကြရအောင်"အကိုကပြောပီးသူ့လက်ကိုဆွဲကာအရှေ့ကနေဦးဆောင်ပြေးသွားသည်။
ဒီနေ့အကိုနဲ့ ရေကန်ထဲမှာ လှေလည်းစီးခဲ့တယ်။ငါးစာလည်းကျွေးခဲ့တယ်။ကြိုးတံတားပေါ်လည်းလျှောက်ခဲ့တယ်။ဝင်္ကပါထဲလည်းဝင်ပီးကစားခဲ့သေးတယ်။
အကိုနဲ့လမ်းကွဲပီးဝင်္ကပါထဲကနေပြန်မထွက်နိုင်တော့
အကိုကသူ့ကို ထိုနေရာမှာသာရပ်နေခိုင်းပီး မရ
ရအောင် လာခေါ်ရှာသည်။
ပြန်တွေ့တော့လည်းဆူပူဟန်ဖြင့်...
"ဂျင်ကွာ အကို့လက်ကိုဘာလို့လွှတ်လိုက်တာလဲ အခုတော့ လမ်းပျောက်ပီမလား"
"ဂျင်တောင်းပန်ပါတယ်နော် အကိုထယ်ယောင်း "
သူ့စကားသံမှာ ဝမ်းနည်းမှုလေးစွတ်ဖတ်နေသောကြောင့် အကိုကချက်ချင်း...
"အပြေးပြိုင်မယ် ရှုံးတဲ့သူမုန့်ဝယ်ကျွေးကြေး"ပြောပီးပြေးထွက်သွားသောကြောင့် သူလည်းအရှုံးမခံ
မြန်မြန်ပြေးလိုက်တော့သည်။
အကိုကသူ့ကိုအရှုံးပေးကာ သူကြိုက်တဲ့မုန့်တွေကို
ဝယ်ကျွေးသည်။
နေမင်းကြီးလည်းအနောက်ဘက်ကိုတဖြည်းဖြည်း
ဝင်နေပီဖြစ်သည့်အတွက် အိမ်ပြန်ဖို့အချိန်တန်နေပီ
ဖြစ်သည်။
အကိုနဲ့အတူတူတံတားပေါ်မှာလမ်းလျှောက်နေပေမဲ့ ခုနတုန်းကလိုသူမပျော်တော့ပါ။ ခဏနေကြရင် အကိုနဲ့ခွဲရတော့မည်ဆိုတဲ့အသိစိတ်ကြီးကြောင့် စိတ်တို့မွန်းကျပ်လာတော့သည်။
"ဂျင်~..."
အကို့ကို သူမော့မကြည့်ဖြစ်ပါ။
"ခဏနေကြရင်ကိုယ်တို့တွေခွဲရတော့မယ်နော်"အကိုကထိုသို့ပြောလာတော့ သူစိတ်တို့ပိုမွန်းကျပ်လာကာခေါင်းငြိမ့်ရုံသာ တုံ့ပြန်နိုင်တော့သည်။
"နောက်တချိန်ပြန်ဆုံတွေ့ခွင့်ရမယ်လို့ ကိုယ်မမျှော်
လင့်ရဲဘူး"လက်ကောက်ဝတ်ကနာရီကိုလှည့်ရင်းသာ အကိုပြောသမျှကို နားထောင်နေရသည်။သူ့မှာအကို့ကိုပြန်ပြောဖို့ အင်အားတောင်မရှိတော့။
"ဒါမဲ့ ကိုယ် ဂျင်နဲ့စတွေ့တဲ့အချိန်ကနေအခုထိကိုယ်အရမ်းပျော်တယ်"
ခေါင်းငုံ့ထားရင်း သက်ပျင်းတေသာသူချမိသည်။
"ဂျင်ရော..ဂျင်ကိုယ်ပြောတာကြားလား"
အကိုကခေါင်းငုံ့ထားတဲ့သူအနားကိုတိုးကာမေးလာ
သည်။
"ကျွန်တော်စကားပြောလို့မရဘူး ငိုမိမှာဆိုးလို့"
ထိုစကားလေးတခွန်းသာပြောထွက်ခဲ့ပီး အကို့နားက
ထွက်ခွာလာခဲ့သည်။မျက်ခမ်းစပ်မှာလည်း
မျက်ရည်လေးတွေနေရာယူလာပီး ပါးပြင်တစ်
လျှောက်ကျဆင်းလာတော့သည်။
သို့သော်လည်းခြေလှမ်းတို့က အကို့ဆီသာသွားချင်နေသောကြောင့်သူမနေနိုင်စွာ အကို့ဆီကိုပြန်လှည့်လာခဲ့တော့သည်။စိတ်ညစ်စွာထိုင်နေသောအကိုက ပြန်လာတဲ့သူ့ကိုမြင်တော့
"ဂျင်.."
"ကျွန်တော်ရဲ့ဘဝမှာအကိုနဲ့တွေ့ခဲ့တဲ့ဒီ၂ရက်လောက်တခါမှပျော်လည်းမပျော်ခဲ့ရဘူး ကျွန်တော်ရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးတဲ့အကို့ကို အများကြီးကျေးဇူးတင်ပါတယ် "
"..."
"ကျွန်တော်တို့နောက်ဘယ်တော့မှဆုံတွေ့နိုင်မှာ
မဟုတ်တော့ဘူး ကျွန်တော်ကလက်ထက်ရတော့မှာ ပီးတော့သူနဲ့အတူနိုင်ငံခြားကိုလိုက်သွားရမှာ"
သူပြောလိုက်တဲ့စကားကြောင့်အကိုကရင်နာနာနဲ့ပြုံးလာသည်။
"အကို့ကိုဂျင်နှုတ်ဆက်ခဲ့ပါတယ်"သူ့မျက်ရည်တွေကိုဆက်မထိန်းနိုင်တော့သည်မို့ အကို့ရှေ့ကနေအမြန်ဆုံးထွက်လာလိုက်တော့သည်။
အကိုနဲ့သူ့ရဲ့ဇာတ်လမ်းလေးကတော့ဒီမှာဘဲအဆုံး
သတ်သွားသည်ထင်ပါရဲ့.....
Tbc...
Thanks for reading💖
#🍓🍒
#Zawgyi
အကိုနဲ႔ျဖတ္သန္းရင္း တစ္ေန႔တာေလးကုန္ဆုံးသြားခဲ့သည္။ အကို႔ကိုထပ္ေတြ႕နိုင္ဖို႔က သူ႔မွာမနက္ျဖန္
တစ္ရက္ဘဲအခ်ိန္ရွိေတာ့သည္။ မနက္ျဖန္ပီးလၽွင္ သူကနဂိုမူလအတိုင္း ေလွာင္အိမ္ထဲက ငွက္ကေလးအျဖစ္သာေနသြားရမည္။
ထိုအေၾကာင္းေတကိုစဥ္းစားရင္သူဘဲပင္ပန္းတာမို႔
မစဥ္းစားေတာ့ဘဲ အကိုနဲ႔အတူရွိခဲ့တဲ့ဒီေန႔ေလးကို
ျပန္ေတြးရင္းသာ အိပ္စက္ျခင္းဆီသို႔...။
:
:
ဒီေန႔လည္းအကိုနဲ႔ေတြ႕ရမည္ဆိုေတာ့ ရႊင္ျမဴးေနေတာ့သည္။အကိုက အညိဳေရာင္ႀကိဳက္တယ္ဟုေျပာျပထားေသာေၾကာင့္ဘာမဆိုင္ညာမဆိုင္သူ အညိဳ
ေရာင္တီရွပ္ေလးဝတ္လိုက္သည္။
ဒီေန႔အတြက္သူတို႔ရဲ့ေနရာေလးကေတာ့ ဟိုေန႔ကအကိုနဲ႔စေတြ႕ခဲ့တဲ့ပန္းၿခံေလးပင္...။
ဒီေန႔လည္းအကိုကသူ႔ထက္ေစာေရာက္ေနျပန္သည္။
"အကိုtaehyung အခုလည္းေစာေရာက္ေနျပန္ပီ"သူေျပာေတာ့အကိုကရယ္ကာ
"ေတြ႕ခ်င္တဲ့သူက ေစာင့္ေနရမွာေပါ့"တဲ့။
အကိုေျပာလိုက္တဲ့စကားေၾကာင့္ ႏွလုံးခုန္သံတို႔
ျမန္လာကာ ေပါက္ထြက္သြားေတာ့မည့္အလားပင္။
"ကၽြန္ေတာ္တို႔ဒီေနရာမွာဘဲစေတြ႕ၾကတာေနာ္"စကားလမ္းေၾကာင္းလႊဲကာသူေျပာေတာ့
"မဟုတ္ဘူး အကိုက ဂ်င့္ကိုလမ္းၾကားေလးထဲမွာ
ကတည္းကစေတြ႕တာ"
"လမ္းၾကား.."အကို႔ေျပာစကားကိုစဥ္းစားေတာ့
"အင္း..ဂ်င္ကကားလာတာကိုမသိဘဲ ေဘးမကပ္ဘဲေနေတာ့ ကားသမားႀကီးကဟြန္းတီးလိုက္တာေလ"
"အာ ဂ်င္မွတ္မိပီ အဲ့တုန္းကဂ်င္ပစၥည္းေတြပါျပဳတ္က်ကုန္လို႔ အခ်ိန္ေတပိုၾကာသြားပီ ကားသမားႀကီးကိုေတာင္ေတာင္းပန္ေနရတယ္"
"အင္း.."
"ေနပါဦး ဂ်င္အခုမွသိတယ္အဲ့တုန္းက
ဂ်င့္ကိုဓာတ္ပုံရိုက္သြားတာ အကိုမလား"
"အင္းဟုတ္တယ္"
"ဘာလို႔ဂ်င့္ရဲ့ပုံကိုရိုက္သြားတာလဲဟင္"
"သေဘာက်လို႔"
"hmm..."အကို႔အေျပာေလးကိုအံ့ဩမိကာ အကို႔ကိုေမာ့ၾကည့္မိေတာ့
"ကိုယ္ကဓာတ္ပုံရိုက္ရတာဝါသနာပါတယ္ေလ ဂ်င့္ရဲ့ပုံေလးကလည္းသဘာဝဆန္ေတာ့သေဘာက်မိလို႔
ရိုက္လိုက္တာပါ"အကိုကရွင္းျပလာသည္။
ဟုတ္ပါရဲ့အကိုကရိုးရိုးသားသားေျပာလိုက္တာကို သူကဘာကိုေမၽွာ္လင့္ေနမိပါလိမ့္.....။
"ကဲ..အကိုတို႔ပန္းၿခံထဲမေရာက္ဘူးတဲ့ေနရာမရွိေအာင္ ေလၽွာက္သြားၾကရေအာင္"အကိုကေျပာပီးသူ႔လက္ကိုဆြဲကာအေရွ႕ကေနဦးေဆာင္ေျပးသြားသည္။
ဒီေန႔အကိုနဲ႔ ေရကန္ထဲမွာ ေလွလည္းစီးခဲ့တယ္။ငါးစာလည္းေကၽြးခဲ့တယ္။ႀကိဳးတံတားေပၚလည္းေလၽွာက္ခဲ့တယ္။ဝကၤပါထဲလည္းဝင္ပီးကစားခဲ့ေသးတယ္။
အကိုနဲ႔လမ္းကြဲပီးဝကၤပါထဲကေနျပန္မထြက္နိုင္ေတာ့
အကိုကသူ႔ကို ထိုေနရာမွာသာရပ္ေနခိုင္းပီး မရ
ရေအာင္ လာေခၚရွာသည္။
ျပန္ေတြ႕ေတာ့လည္းဆူပူဟန္ျဖင့္...
"ဂ်င္ကြာ အကို႔လက္ကိုဘာလို႔လႊတ္လိုက္တာလဲ အခုေတာ့ လမ္းေပ်ာက္ပီမလား"
"ဂ်င္ေတာင္းပန္ပါတယ္ေနာ္ အကိုထယ္ေယာင္း "သူ႔စကားသံမွာ ဝမ္းနည္းမွုေလးစြတ္ဖတ္ေနေသာေၾကာင့္ အကိုကခ်က္ခ်င္း...
"အေျပးၿပိဳင္မယ္ ရွုံးတဲ့သူမုန႔္ဝယ္ေကၽြးေၾကး"ေျပာပီးေျပးထြက္သြားေသာေၾကာင့္ သူလည္းအရွုံးမခံ
ျမန္ျမန္ေျပးလိုက္ေတာ့သည္။
အကိုကသူ႔ကိုအရွုံးေပးကာ သူႀကိဳက္တဲ့မုန႔္ေတကို
ဝယ္ေကၽြးသည္။
ေနမင္းႀကီးလည္းအေနာက္ဘက္ကိုတျဖည္းျဖည္း
ဝင္ေနပီျဖစ္သည့္အတြက္ အိမ္ျပန္ဖို႔အခ်ိန္တန္ေနပီ
ျဖစ္သည္။
အကိုနဲ႔အတူတူတံတားေပၚမွာလမ္းေလၽွာက္ေနေပမဲ့ ခုနတုန္းကလိုသူမေပ်ာ္ေတာ့ပါ။ ခဏေနၾကရင္ အကိုနဲ႔ခြဲရေတာ့မည္ဆိုတဲ့အသိစိတ္ႀကီးေၾကာင့္ စိတ္တို႔မြန္းက်ပ္လာေတာ့သည္။
"ဂ်င္~..."အကို႔ကို သူေမာ့မၾကည့္ျဖစ္ပါ။
"ခဏေနၾကရင္ကိုယ္တို႔ေတြခြဲရေတာ့မယ္ေနာ္"အကိုကထိုသို႔ေျပာလာေတာ့ သူစိတ္တို႔ပိုမြန္းက်ပ္လာကာေခါင္းၿငိမ့္႐ုံသာ တုံ႔ျပန္နိုင္ေတာ့သည္။
"ေနာက္တခ်ိန္ျပန္ဆုံေတြ႕ခြင့္ရမယ္လို႔ ကိုယ္မေမၽွာ္
လင့္ရဲဘူး"လက္ေကာက္ဝတ္ကနာရီကိုလွည့္ရင္းသာ အကိုေျပာသမၽွကို နားေထာင္ေနရသည္။သူ႔မွာအကို႔ကိုျပန္ေျပာဖို႔ အင္အားေတာင္မရွိေတာ့။
"ဒါမဲ့ ကိုယ္ ဂ်င္နဲ႔စေတြ႕တဲ့အခ်ိန္ကေနအခုထိကိုယ္အရမ္းေပ်ာ္တယ္"
ေခါင္းငုံ႔ထားရင္း သက္ပ်င္းေတသာသူခ်မိသည္။
"ဂ်င္ေရာ..ဂ်င္ကိုယ္ေျပာတာၾကားလား"အကိုက
ေခါင္းငုံ႔ထားတဲ့သူအနားကိုတိုးကာေမးလာသည္။
"ကၽြန္ေတာ္စကားေျပာလို႔မရဘူး ငိုမိမွာဆိုးလို႔"ထိုစကားေလးတခြန္းသာေျပာထြက္ခဲ့ပီး အကို႔နားက
ထြက္ခြာလာခဲ့သည္။မ်က္ခမ္းစပ္မွာလည္း
မ်က္ရည္ေလးေတေနရာယူလာပီး ပါးျပင္တ
ေလၽွာက္က်ဆင္းလာေတာ့သည္။
သို႔ေသာ္လည္းေျခလွမ္းတို႔က အကို႔ဆီသာသြားခ်င္ေနေသာေၾကာင့္သူမေနနိုင္စြာ အကို႔ဆီကိုျပန္လွည့္လာခဲ့ေတာ့သည္။စိတ္ညစ္စြာထိုင္ေနေသာအကိုက ျပန္လာတဲ့သူ႔ကိုျမင္ေတာ့
"ဂ်င္.."
"ကၽြန္ေတာ္ရဲ့ဘဝမွာအကိုနဲ႔ေတြ႕ခဲ့တဲ့ဒီ၂ရက္ေလာက္တခါမွေပ်ာ္လည္းမေပ်ာ္ခဲ့ရဘူး ကၽြန္ေတာ္ရဲ့ဆႏၵေတကိုျဖည့္ဆည္းေပးတဲ့အကို႔ကို အမ်ားႀကီးေက်းဇူးတင္ပါတယ္ "
"..."
"ကၽြန္ေတာ္တို႔ေနာက္ဘယ္ေတာ့မွဆုံေတြ႕နိုင္မွာ
မဟုတ္ေတာ့ဘူး ကၽြန္ေတာ္ကလက္ထက္ရေတာ့မွာ ပီးေတာ့သူနဲ႔အတူနိုင္ငံျခားကိုလိုက္သြားရမွာ"သူေျပာလိုက္တဲ့စကားေၾကာင့္အကိုကရင္နာနာနဲ႔ျပဳံးလာသည္။
"အကို႔ကိုဂ်င္ႏွုတ္ဆက္ခဲ့ပါတယ္"သူ႔မ်က္ရည္ေတကိုဆက္မထိန္းနိုင္ေတာ့သည္မို႔ အကို႔ေရွ႕ကေနအျမန္ဆုံးထြက္လာလိုက္ေတာ့သည္။
အကိုနဲ႔သူ႔ရဲ့ဇာတ္လမ္းေလးကေတာ့ဒီမွာဘဲအဆုံး
သတ္သြားသည္ထင္ပါရဲ့.....
Tbc...
Thanks for reading💖
#🍓🍒