ကမ္ဘာမြေအဆုံးထိ....♥(ကမာၻေျမအ...

By _R_A_I_N__

30.6K 1.7K 1K

ဇွဲလပြည့်ဆိုသောလူသားလေးနှင့် သူ၏မောင်ဆိုသောကောင်ငယ်လေးတို့၏ချစ်ခြင်းမေတ္တာအကြောင်းရေးဖွဲ့ထားသည့် ဝတ္ထုလေးတစ်ပ... More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-35
Part-36
Part-37
Part-38
Part-39
Part-40(final)
💓ကျေးဇူးတင်လွှာ💓
😝စျေးဗန်း😝

Part-34

595 30 38
By _R_A_I_N__

Unicode...

"ကိုကို...နဒီ မန္တလေးပြန်တော့မယ်"

နဒီ့စကားကြောင့် လပြည့်ပြောမိသည်။

"ပြန်တော့မလို့လား နဒီ"

"အင်း"

ခဏအကြာ လပြည့်နဒီ့အားထပ်ပြောမိသည်။

"နဒီ...ကိုကို့မှာနဒီ့ကိုပြောစရာရှိတယ်"

"အရေးမကြီးရင်နောက်မှပြောပါလားကိုကိုရယ်။အခုနဒီဗိုက်ဆာနေလို့ မုန့်သွားစားကြရအောင်...နော်..နော်လို့"

"အင်းပါ..."

လပြည့်လည်း ထိုစကားအားနဒီ့ကိုပြောချင်ပေမယ့်လည်း သူ့အနေနှင့်ဘယ်ကစပြောရမလဲမသိသလို အချိန်လည်းနည်းနည်းလောက်ဖြစ်ဖြစ်ယူချင်သေးသည်မို့ နောက်မှပြောရန်ဆုံးဖြတ်လိုက်သည်။

သို့ပေသည့် နောက်တစ်နေ့မနက်တွင် နဒီမှသူ့အားဘာမှမပြောဘဲ မန္တလေးသို့ပြန်သွားကြောင်းသိလိုက်ရသည်။သူ့စိတ်ထဲတစ်ခုခုထူးဆန်းနေသည်ဟုခံစားရသည်။ဘယ်အရာက ထူးဆန်းနေမှန်းလည်း သူလည်းမသိတော့ပေ။

***********************

ရုံးခန်းထဲတွင် ဟိန်းထက်သူမှာထားသည့်လက်စွပ်ဘူးလေးအားဖွင့်ကြည့်နေမိသည်။

"ပြည့်...ပြည့်ရဲ့မွေးနေ့မှာ...မောင့်အချစ်တွေနဲ့အတူ..ပြည့်ကိုလက်ထပ်ခွင့်တောင်းဖို့စီစဥ်ထားတယ်"

ထိုအတွေးနှင့်ပြုံးမိတုန်း ဖုန်းဝင်လာသည့်အတွက်ကိုင်လိုက်သည်။

"ဟယ်လို"

"ဟယ်လို...မောင်"

"အင်း...ပြည့်"

"တွေ့ရအောင်"

လပြည့်ဘက်မှတွေ့ရအောင်ဟုအရင်ပြောလာသည့်အတွက် ဟိန်းထက်ပြုံးမိသည်။

"အင်း...မောင်ဆိုင်လာခဲ့မယ်"

ဟိန်းထက်ထိုသို့ပြောကာ ဆိုင်သို့သွားလိုက်သည်။ဆိုင်ထဲတွင်သူ့အားပြည့်က စောင့်နေဟန်ရသည်။

"ပြည့်...နေမကောင်းဘူးလား?"

ဟိန်းထက် မျက်နှာပုံစံနွမ်းလျနေသောလပြည့်ကြောင့်မေးမိလိုက်ခြင်းပင်။

"ဟမ်...ကောင်းပါတယ်"

"သြော်...အင်းပါ"

လပြည့် သူ့အရှေ့ရှိဟိန်းထက်အားကြည့်နေမိသည်။

သူရွေးချယ်ခဲ့သည် တစ်စုံတစ်ဦးအား...။ထိုလူက ဟိန်းထက်ပင်။ဟုတ်သည်။သူဟိန်းထက်ကိုချစ်မိသွားခဲ့သည်။သူအစကထင်ခဲ့သည်။နဒီနှင့်ဟိန်းထက်နှစ်ယောက်လုံးကိုချစ်နေသည်ဟု။သို့ပေသည့် သူသေချာသိခဲ့တာကသူဟိန်းထက်အားချစ်မိနေခြင်းကိုပင်။သူနဒီ့၏လိုအပ်ချက်များ၊ဆန္ဒများကိုဖြည့်ဆည်းပေးချင်မိတာကို အချစ်ဟုသတ်မှတ်ခဲ့သည်ထင်ပါသည်။ထို့အတွက်နဒီ့အားလွယ်လွယ်ကူကူပင် သူကလည်းချစ်ပါတယ်ဟုပြန်ဖြေခဲ့မိခြင်း။သူ့၏ထိုလုပ်ရက်အတွက် နဒီ့အားအမှန်အတိုင်းပြောပြီးရင် နဒီစိတ်ကျေနပ်တဲ့အထိတောင်းပန်မည်ဟုလည်း သူစဥ်းစားထားသည်။အရာအားလုံးအတွက် နဒီ့ကိုတောင်းပန်မည်ဟု။


************************

"မေမေ...ကျွန်တော်ဒီတစ်ခါမွေးနေ့ပွဲကိုအိမ်မှာပဲလုပ်တော့မယ်"

လပြည့်မိခင်အားပြောနေခြင်းဖြစ်သည်။

"အင်း...လုပ်လေသားရဲ့။ဘာလိုလိုနဲ့ငါ့သားလေးတောင် ၂၅နှစ်ပြည့်ပြီပေါ့။လူကြီးလေးတောင်ဖြစ်လာပြီ...။သားမွေးနေ့ကိုတော့ သားသူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးလုပ်ပေါ့..။မေမေကနေ့အဲ့နေ့မတိုင်ခင်မှာ မေမေ့ သူငယ်ချင်းတွေနဲ့ဘုရားဖူးသွားမလို့..မေမေမရှိလည်းအဆင်ပြေတယ်မလား?"

"အာ..ပြေပါတယ်မေမေရယ်။စိတ်ချလက်ချသာသွားပါ"

"ဟုတ်ပါပြီရှင်"

လပြည့် သူ၏စိတ်အစုံမှာသေချာသွားသည့်အတွက် သူအခုရက်ပိုင်းပေါ့ပါးနေမိသည်မှာတော့အမှန်ပင်။

သို့ပေသည့်အခုတလော နဒီမှသူ့အားဖုန်းတောင်မဆက်လာပေ။သူဆက်သည့်အခါတွင်လည်း ဆက်ပိတ်ထားသည်နှင့်သာတိုးနေလေသည်။ထို့အတွက်ကိစ္စအားလုံးကို နဒီ့အားအခုထိမပြောရသေးပေ။

<<<<<<<<<<<<<>>>>>>>>>>

သာယာလှပသောညနေခင်းလေးနှင့်အတူ ခြံဝန်းထဲမှာပွဲငယ်လေးတစ်ပွဲကိုကျင်းပနေလေသည်။ထိုပွဲကတော့ လပြည့်၏မွေးနေ့ပွဲပင်။

မေမေလည်းမရှိသည်မို့ လပြည့်လည်းသူ့သူငယ်ချင်းလောက်နှင့် လူအနည်းငယ်သာဖိတ်ထားသည့်အတွက် ပွဲငယ်လေးတစ်ပွဲအနေနှင့်သာကျင်းပဖြစ်သည်။

လပြည့် လာကြသည့်သူငယ်ချင်းများအားဧည့်ခံနေသည်။

"အစ်ကို လပြည့်"

သူထိုသို့ဧည့်ခံနေရင်း လင်းခန့်တို့ရောက်လာခြင်းကြောင့် သူသွားကာကြိုဆိုလိုက်သည်။

"အာ..လင်းခန့်လာပြီလား"

"ဟုတ်အစ်ကို...။Happy Birthdayနော်..ရော့ BD present "

"ကျေးဇူးပါ...လင်းခန့်ရာ။ဒါနဲ့ ဟိန်းထက်ရောမပါဘူးလား?"

အခုအချိန်တောင်ရှိပြီ ရောက်မလာသေးသည့်ဟိန်းထက်ကြောင့်သူမေးလိုက်ခြင်းဖြစ်သည်။

"ဟိန်းထက်က ကျွန်တော်တို့နဲ့မပါဘူး။သူ့ဘာသာလာမယ်လို့ပြောတယ်"

"သြော်..ဟုတ်လား။အင်းပါ..သွားသွားအထဲမှာကြိုက်တာယူစားကြ"

လပြည့်ထိုသို့ပြောကာ လင်းခန့်တို့အုပ်စုအား လိုက်ပို့ပြီးနောက် ခြံရှေ့သို့ပြန်လာကာဟိန်းထက်အားမျှော်မိသည်။ထို့နောက်သူဖုန်းဆက်ရန်အတွက် ဖုန်းအားထုတ်လိုက်မိသည်။ထိုအချိန်တွင် သူ့ရှေ့သို့လူတစ်ယောက်ရောက်လာလေသည်။

"ကိုကို"

ခေါ်သံကြောင့် လပြည့်မော့ကြည့်လိုက်သည့်အခါ နဒီ့အားတွေ့လိုက်ရသည်။

"အာ...နဒီ..မန္တလေးပြန်သွားပြီမဟုတ်ဘူးလား?"

"မပြန်ဖြစ်သေးပါဘူး...။ကိုကို့မွေးနေ့ပြီးမှပဲပြန်တော့မလို့လေ။ကိုကို့မွေးနေ့မှာ နဒီမရှိလို့ဘယ်ရမလဲ...ဘာလဲ..ကိုကိုကနဒီရှိနေတာကိုမကြိုက်လို့လား?"

"အာ..မဟုတ်ပါဘူး နဒီရယ်..လာအထဲလာလေ"

"အင်း"

နဒီထိုသို့ဖြေပြီး ကိုကို့လက်အားတွဲကာခြံထဲသို့ဝင်လာခဲ့သည်။

စားပွဲဝိုင်းတစ်ဝိုင်းတွင်ထိုင်နေသည့် မင်းဇေမှ ထိုမြင်ကွင်းအားမြင်သောအခါ ရှိုင်းထက်အားမေးမိသည်။

"လပြည့်ဘေးကကောင်မလေးက ဘယ်သူလဲ?"

မင်းဇေစကားကြောင့် ရှိုင်းထက်လည်းကြည့်လိုက်ပြီး သက်ပြင်းချကာဆိုလာသည်။

"လပြည့်ရဲ့မပြတ်သားမှုကြီးကြောင့်ဖြစ်နေတဲ့အရှုပ်ထုပ်ပေါ့...။ဒီညတော့ပြဿနာတက်တော့မယ်ထင်ပါတယ်"

ရှိုင်းထက်စကားအား မင်းဇေနားမလည်ပေမယ့်လည်း တစ်ချက်မျှထပ်ကြည့်ပြီးနောက်ဘာမှထပ်မမေးတော့ပေ။

.
.
.
.
.

လပြည့် စိုးရိမ်နေမိသည်။နဒီကမန္တလေးပြန်သွားသည်ဆိုတဲ့သတင်းကြောင့် သူနဒီ့အားကိစ္စအလုံးစုံကိုဘာမျှမပြောရသေးပေ။အခုနဒီကမထင်မှတ်ဘဲသူ့မွေးနေ့ကိုရောက်လာသည့်အတွက် ထိုနှစ်ယောက်ဆုံတွေ့သွားရင် သူဘယ်လိုဖြေရှင်းရမလဲ?။

ခုနကဟိန်းထက်အားရောက်လာစေချင်နေသည့်သူ၏စိတ်အစုံဟာ အခုတွင်တော့ဟိန်းထက်ရောက်မလာဖို့ဘဲဆုတောင်းနေမိသည်။

နဒီ ဝိုင်ခွက်အားကိုင်ကာအရှေ့တွင်မျက်နှာပျက်နေသောကိုကို့အား ကြည့်နေမိသည်။

'ကိုကို...ဖြစ်လာမယ့်ကိစ္စတွေအတွက်ပူလောင်နေပြီလား...။မစိုးရိမ်ပါနဲ့..ဒါအစပဲရှိပါသေးတယ်'

နဒီလည်း ဝိုင်ခွက်အားချကာဆိုမိသည်။

"ကိုကို...နဒီခေါင်းမူးလိုက်တာ"

နဒီ့‌စကားကြားမှ လပြည့်လည်းအသိပြန်ဝင်လာကာပြောမိသည်။

"ခေါင်းမူးနေတာလား...။အိမ်ထဲမှာနားရင်နားမလား...ကိုကို သံပုရာရည်လေးဖျာ်ပေးမယ်"

"အင်း"

ထို့နှင့်သူတို့နှစ်ယောက်အိမ်ထဲသို့ဝင်လာခဲ့သည်။

နဒီ့အားဧည့်ခန်းထဲတွင်ထိုင်ခိုင်းထားပြီး လပြည့်မီးဖိုချောင်ထဲသို့သွားကာ နဒီ့ဖို့သံပုရာရည်တစ်ခွက်ဖျော်ပြီးနောက်ပြန်လာခဲ့သည်။သို့ပေသည့်လပြည့်ပြန်လာတော့ ဧည့်ခန်းထဲတွင်နဒီ့အားမတွေ့ရတော့ပေ။ထို့အတွက်စားပွဲပေါ်တွင် သံပုရာရည်ခွက်အားချကာ နဒီ့အားလိုက်ရှာနေမိသည်။

အောက်ထပ်တွင်မတွေ့သောကြောင့် အပေါ်ထပ်သို့တက်လာခဲ့သည်။ထိုအခါ နဒီ့အားသူ့အခန်းထဲတွင်တွေ့လိုက်ရသည်။နဒီက သူ့အားကျောခိုင်းကာမတ်တပ်ရပ်နေသည်။

"နဒီ..ကိုကိုကလိုက်ရှာနေတာ။ခေါင်းမူးနေတာ ထိုင်နေတာမဟုတ်ဘူး"

နဒီ ကိုကို့စကားအားပြန်မဖြေဘဲသက်ပြင်းတစ်ချက်ချပြီးနောက် စကားဆိုလိုက်သည်။

"ကိုကို..နဒီတို့ပွင့်ပွင့်လင်းလင်းပြောရအောင်"

"ဟမ်? နဒီဘာကိုပြောတာလဲ?"

"နဒီသတင်းတွေကြားမိတယ်...။ကိုကို ကိုကို့ဆိုင်ကဟိန်းထက်ဆိုတဲ့ကောင်လေးနဲ့တွဲနေတာဆို"

ထိုစကားအားကြားလိုက်သောအခါ လပြည့်တုန်လှုပ်မိသည်။

"နဒီ...နဒီက ဒါကိုဘယ်လိုလုပ်?"

နဒီ ကိုကို့ရဲ့အမေးတွေအားမဖြေဘဲထပ်မေးမိလိုက်သည်။

"အဲ့တာ..အမှန်ဘဲလား?"

"နဒီ့ကိုတော့မလိမ်ပါနဲ့...။ဒီလက်ပတ်လေးက သက်သေပဲလေ"

နဒီ ထိုစကားအားပြောပြီးနောက် လပြည့်ဘက်သို့လှည့်ကာ ထိုလက်ပတ်လေးအားပြလိုက်သည်။

"နဒီက ဒါကို..ဘယ်လို?"

ဒါသူပျောက်နေသည့် လက်ပတ်လေးပင်။သို့ပေသည့်နောက်တစ်ခုကိုလည်း နဒီ့လက်ထဲတွင်ကိုင်ထားသေးသည်။

"ပြောရရင်တော့အရှည်ကြီးဘဲ...။ဟိုအရင်ရက်က နဒီလူတစ်ယောက်နဲ့တိုက်မိတယ်။အဲ့လူကလက်ပတ်တစ်ခုပြုတ်ကျခဲ့တယ်။အဲ့လက်ပတ်ကကိုကို့စားပွဲပေါ်မှာ တင်ထားတဲ့ဟာနဲ့အတူတူပဲ...။ကမ္ဘာမှာဒီလိုလက်ပတ်မျိုးတူတာအများကြီးဘဲလို့မပြောနဲ့နော်...။ကိုကိုနဲ့ဟိန်းထက်တို့ရဲ့ပျော်ရွှင်ကြည်နူးနေတဲ့ပုံကို နဒီမြင်ဖူးပြီးသားမို့အဲ့ကောင်လေးကိုနဒီမှတ်မိနေတယ်လေ"

"တိုက်တိုက်ဆိုင်ဆိုင်...နဒီ့သူငယ်ချင်းကလည်း အဲ့ကောင်လေးရဲ့အစ်မတစ်ဝမ်းကွဲတဲ့"

"ကိုကို...ကိုကိိုတကယ်လုပ်ရက်တယ်သိလား။ပြောပါအုံး...ကိုကိုတကယ်ချစ်နေတာဘယ်သူများတဲ့လဲ?...နဒီအရင်တုန်းကကိုကို့အကြောင်းတွေကို သူငယ်ချင်းကလာပြောတုန်းက အဲ့စကားတွေကိုတောင်နဒီမယုံခဲ့ဘူး။ကိုကို့အပေါ်နဒီ..သံသယတောင်မဝင်ခဲ့ဘူး...။ကိုကိုမို့...နဒီ့အချစ်ကိုလှည့်စားရက်တယ်"

နဒီ ထိုစကားများအားဝမ်းနည်းမှုများနှင့်အတူပြောမိသည်။

"နဒီ...ကိုကိုရှင်းပြမယ်"

"အင်း...ပြောပါအုံး။ကိုကို့စကားကိုနဒီနားထောင်နေတယ်"

"ကိုကိုနဲ့ဟိန်းထက်နဲ့တွဲနေတယ်ဆိုတာမှန်ပါတယ်။ဟိန်းထက်ဘက်က ကိုကို့ကိုသဘောကျတယ်လို့ပြောလာလို့ ကိုကိုသူ့ကို..ဒီအတိုင်းသာတွဲခဲ့မိတာ။ဒါပေမယ်..အခု.."

"ဒါဆို...ကိုကိုတကယ်ချစ်တာနဒီ့ကိုလား?"

ထိုစကားကြောင့် လပြည့် နဒီ့အားသေချာကြည့်ကာပြောမိသည်။

"ကိုကိုအရင်က...ကိုကို့စိတ်ကိုတကယ်မသိဘူးခဲ့နဒီ။ဒါပေမယ့် အခုတော့...ကိုကိုသေချာသိသွားပြီ"

နဒီ စကားပြောနေရင်းတံခါးနားရှိလူတစ်ယောက်အရိပ်ကြောင့် ကိုကို့စကားများ၏ဦးတည်ရာကိုရောက်ခွင့်မပေးဘဲ သူမသိချင်တာသာမေးလိုက်သည်။

"ဒါဆိုကိုကိုက..ဟိန်းထက်ကိုတကယ်မချစ်ခဲ့ဘူးပေါ့"

"အင်း....ကိုကိုအမှန်အတိုင်းပြောရရင်မချစ်ခဲ့ဘူး"

"ဒါဆို..နဒီ့ကိုရော??"

"နဒီ...ကိုကိုနဒီ့ကို.."

လပြည့် သူ့စကားများအားသေချာရှင်းရှင်းလင်းလင်းပြန်ဖြေမည်အလုပ် မထင်မှတ်ဘဲ နဒီ့၏နှုတ်ခမ်းတစ်စုံကသူ့နှုတ်ခမ်းထပ်သို့ကျရောက်လာသည့်အတွက် မျက်ဝန်းများပြူးကျယ်ကာအံ့သြသွားရသည်။နဒီမှရှေ့သို့တိုးလာကာနမ်းလိုက်ခြင်းဖြစ်သည်။

ထိုသို့နမ်းလိုက်ခြင်းနှင့်အတူ အနည်းငယ်ဖွင့်ဟလျက်ရှိသည့်အခန်းတံခါးသည်လည်း လူတစ်ယောက်၏တွန်းလိုက်မှုကြောင့် အလုံးစုံပွင့်သွားရသည်။

တံခါးပွင့်သွားခြင်းနှင့်အတူ အနည်းငယ်တိုးလျသောအသံတစ်ခုထွက်ပေါ်လာသည်။

"ပြည့်"

ထိုအသံကြောင့် လပြည့်နဒီ့အားဖယ်ခွာမိကာ နောက်သို့လှည့်ကြည့်မိသည်။

သူတွေ့လိုက်ရသည်က လက်ထဲတွင်ပန်းစည်းတစ်စည်းနှင့်အတူ အခန်းဝတွင်ရပ်နေသောဟိန်းထက်ကိုပင်။

ဟိန်းထက်က အဓိပ္ပာယ်မဲ့နေသောမျက်ဝန်းသေများနှင့် သူ့အားကြည့်နေလေသည်။

"မောင်...ငါ"

"ပြည့်...မောင့်အပေါ်ရက်စက်လိုက်တာ။ဘာလို့များပြည့်ရာ.."

"ငါ..ငါရှင်းပြပါရစေ"

"တော်ပါတော့...မောင်ဘာမှမကြားချင်တော့ဘူး..."

"ဒါတွေက..အထင်လွဲနေတာပါ.."

"မောင့်နားနဲ့စက်စက်ကြားတာတောင်အထင်လွဲနေတာတဲ့လား?မောင့်ကိုမချစ်ခဲ့ပဲနဲ့...ဘာလို့များ..."

လပြည့် ခေါင်းတွင်တွင်ရမ်းကာဆိုမိသည်။

"မဟုတ်ဘူး..။အရာအားလုံးကဒီလိုမဟုတ်ဘူး..။ငါရှင်းပြတာကိုနားထောင်ပေးပါ"

"တော်တော့။ဘာမှလည်းမပြောနဲ့တော့။အဲ့ခေါ်သံကိုလည်း မကြားချင်တော့ဘူး"

"မောင်မသွားပါနဲ့...ငါတောင်းပန်ပါတယ်"

"လွှတ်စမ်းကွာ!!"

ထိုသို့ပြောကာ ဟိန်းထက်ပန်းစည်းအားပြစ်ချလိုက်ပြီးနောက်ထွက်သွားလိုက်သည်။

လပြည့် မျက်စိတစ်မှိတ်အတွင်းဖြစ်ပျက်သွားသောအခြေအနေက လျှပ်တစ်ပြက်ဆန်လွန်းသဖြင့်အံ့သြမှုတို့နှင့်အတူ မယုံကြည်နိုင်စွာဖြင့်ကြောင်ရပ်နေမိသည်။

ခဏအကြာ နဒီ့ဆီသို့ပြန်သွား၍မေးမိသည်။

"နဒီ...နဒီဒါတမင်လုပ်တာမလား?"

နဒီလည်းဖြေမိသည်။

"တမင်လုပ်တာတဲ့လား...။ကိုကို့ရဲ့မသေချာနေတဲ့စိတ်အစုံကို နဒီကသေချာသိသွားအောင်ပြသပေးလိုက်တာပါ...။ဒါဆိုနဒီရှုံးသွားပြီပေါ့။ကိုကိုသိရဲ့လား...ကိုကို့ရဲ့မပြတ်သားမှုတွေကြောင့်နဒီဘယ်လောက်တောင်ခံစားနေရလည်းဆိုတာ။ကိုကို့ရဲ့လုပ်ရက်တွေက...လွန်ခဲ့တဲ့ ၂နှစ်လုံးလုံး ကိုကိုကနဒီ့ကိုမချစ်ပဲလိမ်ညာခဲ့တာပေါ့!!"

"နဒီဒီလိုလုပ်လိုက်ရလို့...နဒီ့ရင်ထဲမှာဘယ်လောက်တောင်နာကျင်နေလည်းဆိုတာရော ကိုကိုသိရဲ့လား?။ကိုယ်ချစ်တဲ့ယောက်ျားတစ်ယောက်ရဲ့ မသေချာစိတ်တဲ့စိတ်အစုံကိုရှင်းလင်းစေဖို့အတွက် နဒီ့ရဲ့အချစ်တွေကိုတောင်ပေးဆပ်ခဲ့တာပါ"

နဒီ နာကျင်မှုများနှင့်အတူငိုကြွေးမိကာပြောမိသည်။

"နောက်ပိုင်း..ကိုကို့တို့နှစ်ယောက်အဆင်ပြေပြေ၊မပြေပြေ နဒီနဲ့မဆိုင်တော့ဘူး။ဒီပွဲမှာနဒီရှုံးခဲ့ပေမယ့်လည်း...နဒီကျေနပ်တယ်။ဘာလို့ဆို...နဒီအချစ်တွေကိုလှည့်စားခဲ့တဲ့ကိုကို့အတွက် နဒီခံစားခဲ့ရသလိုကိုကိုပြန်ခံစားရအောင်လုပ်နိုင်လို့ပဲ။ကိုကိုလေ.. အခုသိရဲ့လား ကိုကို့ကိုချစ်နေတဲ့လူတစ်ယောက်ရဲ့ အချစ်တွေကိုဆုံးရှုံးလိုက်ရသလို၊ကိုကိုချစ်နေတဲ့လူကိုလည်းဆုံးရှုံးလိုက်ရတယ်...။ကိုကိုနာကျင်လိုက်စမ်း...။ကိုကိုခံစားလိုက်စမ်းပါ..။ကိုကို့ရဲ့လုပ်ရက်တွေအတွက်"

လပြည့် နဒီ့အားတောင်းပန်စကားမှလွဲဘာစကားမှထပ်မပြောမိတော့ပေ။

"တောင်းပန်ပါတယ်။အစ်ကို့ရဲ့မပြတ်သားမှု‌တွေကြောင့်နဒီ့ကိုနာကျင်စေမိခဲ့တာ။အစ်ကိုတကယ်..တကယ်တောင်းပန်ပါတယ်"

"မတောင်းပန်ပါနဲ့ကိုကို...။နဒီကကိုကို့ကို အခုထပ်တူနာကျင်စေမယ့်အပြစ်မျိုးပြန်လည်ပေးခဲ့ပြီးပြီပဲ။ဒါနဒီတို့နောက်ဆုံးတွေ့ဆုံခြင်းပါ...။နောက်ဘယ်တော့မှပြန်မတွေ့ဘဲနေကြရအောင်"

နဒီထိုသို့ပြောကာ လက်ထဲတွင်ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည့် ထိုလက်ပတ်‌လေးအားစားပွဲပေါ်တွင်ပြန်တင်ထားလိုက်ပြီးနောက် အခန်းထဲမှထွက်လာခဲ့သည်။

"အရာအားလုံးအတွက် အစ်ကိုတကယ်တောင်းပန်ပါတယ်"

နဒီ ထိုစကားအားလျစ်လျူရှုကာ မပြေးရုံတစ်မယ်လျှောက်လှမ်းမိသည်။

နဒီဟိန်းထက်နှင့်ပြုလုပ်ထားသည့်အလောင်းအစားက ကို့ကို့ရဲ့မပြတ်သားသည့်စိတ်အစုံကိုရှင်းလင်းပြတ်သားစေခဲ့ပြီး ကိုကိုသာသူတို့ထဲကတစ်ယောက်ကိုရွေးချယ်ခဲ့ရင် ကျန်တစ်ယောက်ကဆန္ဒရှိစွာနှင့် ကိုကို့ဘေးနားကထွက်သွားပေးရမယ်ဟူ၍ပင်။

သို့ပေသည့်ကိုကိုနှင့်စကားပြောနေတုန်း ကိုကို့၏စကားလမ်းကြောင်းက သူမရှုံးနိမ့်သွားသည်မှာသိသာနေသည့်အတွက် နဒီတမင်သက်သက်ဟိန်းထက် ကိုကို့အားအထင်လွဲသား အောင်ပြုလုပ်လိုက်ခြင်းပင်။သူမ၏အချစ်ကိုလှည့်စားခဲ့သည့်ကိုကို့ကို ဒီအတိုင်းခွင့်မလွှတ်လိုက်နိုင်သည့်အတွက် နဒီထိုသို့ပြုမူလိုက်ခြင်း။နဒီခံစားရသလို ကိုကိုလည်းနာကျင်ခံစားရပြီး ချစ်ရသူကိုဆုံးရှုံးလိုက်ရစေရန်။နဒီ့ကိုလိမ်ညာခဲ့သမျှအတွက် ကိုကိုဒီလောက်တော့ခံစားသင့်သည်လေ။

'နာကျင်လိုက်တာ...။ရင်ထဲမှာစုတ်ပြတ်သတ်နေအောင်နာကျင်လိုက်တာ....။နဒီ့ရဲ့အချစ်ကစစ်မှန်ခဲဲ့ပါတယ်..။ဒါပေမဲ့..နဒီပြန်ရခဲ့တဲ့အချစ်က အတုအယောင်တစ်ခုတဲ့လား'

နဒီထိုအတွေးများနှင့်အတူ ပါးပေါ်မှမျက်ရည်များအားခပ်ကြမ်းကြမ်းပွတ်သုတ်မိပြီးနောက် ထိုခြံဝန်းထဲမှထွက်လာခဲ့သည်။

'ဒါနောက်ဆုံးတွေ့ဆုံခြင်းပါပဲ။ဘယ်တော့မှထပ်မတွေ့တော့ဘူး...'

<<<<<<<<<<<<<<<<>>>>>>>>>>>>>

ထိုညနေတွင်ဖြစ်ပျက်သွားသည့်အဖြစ်အပျက်များကား လူသုံးယောက်၏ကြေမွသွားသောနှလုံးသားများပင်။

သူမချစ်ခဲ့မိခြင်းမှာပြန်ရလိုက်ခြင်းက ချစ်ရသူ၏ဝေခွဲမရသည့် အတုအယောင်အချစ်တစ်ခု.....

သူ့အားချစ်နေခဲ့ပါသည်ဆိုသည့်ယုံကြည်မှုကိုရိုက်ချိုးခံရသည့်ကောင်လေးတစ်ယောက်နှင့်အတူ လမ်းဘေးတွင်လွှင့်ပြစ်ခံခဲ့ရသည့် လက်စွပ်လေးတစ်ကွင်း....

ဖြစ်ပျက်သွားသောကိစ္စများအား မယုံကြည်နိုင်စွာဖြင့် တံခါးရှေ့တွင်ဒူးထောက်ထိုင်နေမိသည့်ကောင်လေးတစ်ဦး.....

ထိုညနေတွင်ကား မွေးနေ့ပွဲငယ်တစ်ခုနှင့်အတူ အချစ်တစ်ခုအတွက်ကစားပွဲတစ်ခုသည်လည်းပြီးဆုံးသွားခဲ့သည်။





________________________________________________

AN-Part-2ကစပြီးနောက်ကြောင်းပြန်ခြင်းသည်တွင်ပြီးဆုံးပြီးပေါ့။နောက်ကြောင်းပြန်ခြင်းပြီးဆုံးပြီဆိုပေမယ့် လက်ရှိအချိန်ကအခုနေရာကနေစတဲ့အတွက် နောက်ကြောင်းပြန်တယ်လို့မဆိုလိုလည်းရပါတယ်။တကယ်လို့ဒီအပိုင်းကိုဖတ်ရင် part-1နဲ့ပြန်တွဲဖတ်လည်းရပါတယ်။တစ်ချို့စကားလုံးတွေကိုပြန်ထည့်မရေးတော့ပဲ ချုံ့ရေးလိုက်တော့တာမို့။

ဒီအခန်းမှာဇာတ်ကောင်သုံးယောက်စလုံးရဲ့စိတ်နေသဘောထားကိုနားလည်အောင်ပြသနိုင်ဖို့ Rainအတတ်နိုင်ဆုံးကြိုးစားရေးခဲ့ပါတယ်။တကယ်လို့ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့စိတ်နေသဘောထား၊စိတ်ခံစားချက်ကိုပေါ်လွင်အောင်ရေးမပြနိုင်ခဲ့ရင် Rainရဲ့အပြစ်မို့စာဖတ်သူလေးတွေက သူတို့လေးတွေကိုအတတ်နိုင်ဆုံးနားလည်ပေးဖို့မျှော်လင့်မိပါတယ်။

RAIN🌧️

******************************

Zawgyi....

"ကိုကို...နဒီ မႏၲေလးျပန္ေတာ့မယ္"

နဒီ့စကားေၾကာင့္ လျပည့္ေျပာမိသည္။

"ျပန္ေတာ့မလို႔လား နဒီ"

"အင္း"

ခဏအၾကာ လျပည့္နဒီ့အားထပ္ေျပာမိသည္။

"နဒီ...ကိုကို႔မွာနဒီ့ကိုေျပာစရာရွိတယ္"

"အေရးမႀကီးရင္ေနာက္မွေျပာပါလားကိုကိုရယ္။အခုနဒီဗိုက္ဆာေနလို႔ မုန့္သြားစားၾကရေအာင္...ေနာ္..ေနာ္လို႔"

"အင္းပါ..."

လျပည့္လည္း ထိုစကားအားနဒီ့ကိုေျပာခ်င္ေပမယ့္လည္း သူ႕အေနႏွင့္ဘယ္ကစေျပာရမလဲမသိသလို အခ်ိန္လည္းနည္းနည္းေလာက္ျဖစ္ျဖစ္ယူခ်င္ေသးသည္မို႔ ေနာက္မွေျပာရန္ဆုံးျဖတ္လိုက္သည္။

သို႔ေပသည့္ ေနာက္တစ္ေန႕မနက္တြင္ နဒီမွသူ႕အားဘာမွမေျပာဘဲ မႏၲေလးသို႔ျပန္သြားေၾကာင္းသိလိုက္ရသည္။သူ႕စိတ္ထဲတစ္ခုခုထူးဆန္းေနသည္ဟုခံစားရသည္။ဘယ္အရာက ထူးဆန္းေနမွန္းလည္း သူလည္းမသိေတာ့ေပ။

***********************

႐ုံးခန္းထဲတြင္ ဟိန္းထက္သူမွာထားသည့္လက္စြပ္ဘူးေလးအားဖြင့္ၾကည့္ေနမိသည္။

"ျပည့္...ျပည့္ရဲ႕ေမြးေန႕မွာ...ေမာင့္အခ်စ္ေတြနဲ႕အတူ..ျပည့္ကိုလက္ထပ္ခြင့္ေတာင္းဖို႔စီစဥ္ထားတယ္"

ထိုအေတြးႏွင့္ၿပဳံးမိတုန္း ဖုန္းဝင္လာသည့္အတြက္ကိုင္လိုက္သည္။

"ဟယ္လို"

"ဟယ္လို...ေမာင္"

"အင္း...ျပည့္"

"ေတြ႕ရေအာင္"

လျပည့္ဘက္မွေတြ႕ရေအာင္ဟုအရင္ေျပာလာသည့္အတြက္ ဟိန္းထက္ၿပဳံးမိသည္။

"အင္း...ေမာင္ဆိုင္လာခဲ့မယ္"

ဟိန္းထက္ထိုသို႔ေျပာကာ ဆိုင္သို႔သြားလိုက္သည္။ဆိုင္ထဲတြင္သူ႕အားျပည့္က ေစာင့္ေနဟန္ရသည္။

"ျပည့္...ေနမေကာင္းဘူးလား?"

ဟိန္းထက္ မ်က္ႏွာပုံစံႏြမ္းလ်ေနေသာလျပည့္ေၾကာင့္ေမးမိလိုက္ျခင္းပင္။

"ဟမ္...ေကာင္းပါတယ္"

"ေၾသာ္...အင္းပါ"

လျပည့္ သူ႕အေရွ႕ရွိဟိန္းထက္အားၾကည့္ေနမိသည္။

သူေ႐ြးခ်ယ္ခဲ့သည္ တစ္စုံတစ္ဦးအား...။ထိုလူက ဟိန္းထက္ပင္။ဟုတ္သည္။သူဟိန္းထက္ကိုခ်စ္မိသြားခဲ့သည္။သူအစကထင္ခဲ့သည္။နဒီႏွင့္ဟိန္းထက္ႏွစ္ေယာက္လုံးကိုခ်စ္ေနသည္ဟု။သို႔ေပသည့္ သူေသခ်ာသိခဲ့တာကသူဟိန္းထက္အားခ်စ္မိေနျခင္းကိုပင္။သူနဒီ့၏လိုအပ္ခ်က္မ်ား၊ဆႏၵမ်ားကိုျဖည့္ဆည္းေပးခ်င္မိတာကို အခ်စ္ဟုသတ္မွတ္ခဲ့သည္ထင္ပါသည္။ထို႔အတြက္နဒီ့အားလြယ္လြယ္ကူကူပင္ သူကလည္းခ်စ္ပါတယ္ဟုျပန္ေျဖခဲ့မိျခင္း။သူ႕၏ထိုလုပ္ရက္အတြက္ နဒီ့အားအမွန္အတိုင္းေျပာၿပီးရင္ နဒီစိတ္ေက်နပ္တဲ့အထိေတာင္းပန္မည္ဟုလည္း သူစဥ္းစားထားသည္။အရာအားလုံးအတြက္ နဒီ့ကိုေတာင္းပန္မည္ဟု။

************************

"ေမေမ...ကြၽန္ေတာ္ဒီတစ္ခါေမြးေန႕ပြဲကိုအိမ္မွာပဲလုပ္ေတာ့မယ္"

လျပည့္မိခင္အားေျပာေနျခင္းျဖစ္သည္။

"အင္း...လုပ္ေလသားရဲ႕။ဘာလိုလိုနဲ႕ငါ့သားေလးေတာင္ ၂၅ႏွစ္ျပည့္ၿပီေပါ့။လူႀကီးေလးေတာင္ျဖစ္လာၿပီ...။သားေမြးေန႕ကိုေတာ့ သားသူငယ္ခ်င္းေတြနဲ႕ေပ်ာ္ေပ်ာ္ပါးပါးလုပ္ေပါ့..။ေမေမကေန႕အဲ့ေန႕မတိုင္ခင္မွာ ေမေမ့ သူငယ္ခ်င္းေတြနဲ႕ဘုရားဖူးသြားမလို႔..ေမေမမရွိလည္းအဆင္ေျပတယ္မလား?"

"အာ..ေျပပါတယ္ေမေမရယ္။စိတ္ခ်လက္ခ်သာသြားပါ"

"ဟုတ္ပါၿပီရွင္"

လျပည့္ သူ၏စိတ္အစုံမွာေသခ်ာသြားသည့္အတြက္ သူအခုရက္ပိုင္းေပါ့ပါးေနမိသည္မွာေတာ့အမွန္ပင္။

သို႔ေပသည့္အခုတေလာ နဒီမွသူ႕အားဖုန္းေတာင္မဆက္လာေပ။သူဆက္သည့္အခါတြင္လည္း ဆက္ပိတ္ထားသည္ႏွင့္သာတိုးေနေလသည္။ထို႔အတြက္ကိစၥအားလုံးကို နဒီ့အားအခုထိမေျပာရေသးေပ။

<<<<<<<<<<<<<>>>>>>>>>>

သာယာလွပေသာညေနခင္းေလးႏွင့္အတူ ၿခံဝန္းထဲမွာပြဲငယ္ေလးတစ္ပြဲကိုက်င္းပေနေလသည္။ထိုပြဲကေတာ့ လျပည့္၏ေမြးေန႕ပြဲပင္။

ေမေမလည္းမရွိသည္မို႔ လျပည့္လည္းသူ႕သူငယ္ခ်င္းေလာက္ႏွင့္ လူအနည္းငယ္သာဖိတ္ထားသည့္အတြက္ ပြဲငယ္ေလးတစ္ပြဲအေနႏွင့္သာက်င္းပျဖစ္သည္။

လျပည့္ လာၾကသည့္သူငယ္ခ်င္းမ်ားအားဧည့္ခံေနသည္။

"အစ္ကို လျပည့္"

သူထိုသို႔ဧည့္ခံေနရင္း လင္းခန့္တို႔ေရာက္လာျခင္းေၾကာင့္ သူသြားကာႀကိဳဆိုလိုက္သည္။

"အာ..လင္းခန့္လာၿပီလား"

"ဟုတ္အစ္ကို...။Happy Birthdayေနာ္..ေရာ့ BD present "

"ေက်းဇူးပါ...လင္းခန့္ရာ။ဒါနဲ႕ ဟိန္းထက္ေရာမပါဘူးလား?"

အခုအခ်ိန္ေတာင္ရွိၿပီ ေရာက္မလာေသးသည့္ဟိန္းထက္ေၾကာင့္သူေမးလိုက္ျခင္းျဖစ္သည္။

"ဟိန္းထက္က ကြၽန္ေတာ္တို႔နဲ႕မပါဘူး။သူ႕ဘာသာလာမယ္လို႔ေျပာတယ္"

"ေၾသာ္..ဟုတ္လား။အင္းပါ..သြားသြားအထဲမွာႀကိဳက္တာယူစားၾက"

လျပည့္ထိုသို႔ေျပာကာ လင္းခန့္တို႔အုပ္စုအား လိုက္ပို႔ၿပီးေနာက္ ၿခံေရွ႕သို႔ျပန္လာကာဟိန္းထက္အားေမွ်ာ္မိသည္။ထို႔ေနာက္သူဖုန္းဆက္ရန္အတြက္ ဖုန္းအားထုတ္လိုက္မိသည္။ထိုအခ်ိန္တြင္ သူ႕ေရွ႕သို႔လူတစ္ေယာက္ေရာက္လာေလသည္။

"ကိုကို"

ေခၚသံေၾကာင့္ လျပည့္ေမာ့ၾကည့္လိုက္သည့္အခါ နဒီ့အားေတြ႕လိုက္ရသည္။

"အာ...နဒီ..မႏၲေလးျပန္သြားၿပီမဟုတ္ဘူးလား?"

"မျပန္ျဖစ္ေသးပါဘူး...။ကိုကို႔ေမြးေန႕ၿပီးမွပဲျပန္ေတာ့မလို႔ေလ။ကိုကို႔ေမြးေန႕မွာ နဒီမရွိလို႔ဘယ္ရမလဲ...ဘာလဲ..ကိုကိုကနဒီရွိေနတာကိုမႀကိဳက္လို႔လား?"

"အာ..မဟုတ္ပါဘူး နဒီရယ္..လာအထဲလာေလ"

"အင္း"

နဒီထိုသို႔ေျဖၿပီး ကိုကို႔လက္အားတြဲကာၿခံထဲသို႔ဝင္လာခဲ့သည္။

စားပြဲဝိုင္းတစ္ဝိုင္းတြင္ထိုင္ေနသည့္ မင္းေဇမွ ထိုျမင္ကြင္းအားျမင္ေသာအခါ ရွိုင္းထက္အားေမးမိသည္။

"လျပည့္ေဘးကေကာင္မေလးက ဘယ္သူလဲ?"

မင္းေဇစကားေၾကာင့္ ရွိုင္းထက္လည္းၾကည့္လိုက္ၿပီး သက္ျပင္းခ်ကာဆိုလာသည္။

"လျပည့္ရဲ႕မျပတ္သားမႈႀကီးေၾကာင့္ျဖစ္ေနတဲ့အရႈပ္ထုပ္ေပါ့...။ဒီညေတာ့ျပႆနာတက္ေတာ့မယ္ထင္ပါတယ္"

ရွိုင္းထက္စကားအား မင္းေဇနားမလည္ေပမယ့္လည္း တစ္ခ်က္မွ်ထပ္ၾကည့္ၿပီးေနာက္ဘာမွထပ္မေမးေတာ့ေပ။

.
.
.
.
.

လျပည့္ စိုးရိမ္ေနမိသည္။နဒီကမႏၲေလးျပန္သြားသည္ဆိုတဲ့သတင္းေၾကာင့္ သူနဒီ့အားကိစၥအလုံးစုံကိုဘာမွ်မေျပာရေသးေပ။အခုနဒီကမထင္မွတ္ဘဲသူ႕ေမြးေန႕ကိုေရာက္လာသည့္အတြက္ ထိုႏွစ္ေယာက္ဆုံေတြ႕သြားရင္ သူဘယ္လိုေျဖရွင္းရမလဲ?။

ခုနကဟိန္းထက္အားေရာက္လာေစခ်င္ေနသည့္သူ၏စိတ္အစုံဟာ အခုတြင္ေတာ့ဟိန္းထက္ေရာက္မလာဖို႔ဘဲဆုေတာင္းေနမိသည္။

နဒီ ဝိုင္ခြက္အားကိုင္ကာအေရွ႕တြင္မ်က္ႏွာပ်က္ေနေသာကိုကို႔အား ၾကည့္ေနမိသည္။

'ကိုကို...ျဖစ္လာမယ့္ကိစၥေတြအတြက္ပူေလာင္ေနၿပီလား...။မစိုးရိမ္ပါနဲ႕..ဒါအစပဲရွိပါေသးတယ္'

နဒီလည္း ဝိုင္ခြက္အားခ်ကာဆိုမိသည္။

"ကိုကို...နဒီေခါင္းမူးလိုက္တာ"

နဒီ့‌စကားၾကားမွ လျပည့္လည္းအသိျပန္ဝင္လာကာေျပာမိသည္။

"ေခါင္းမူးေနတာလား...။အိမ္ထဲမွာနားရင္နားမလား...ကိုကို သံပုရာရည္ေလးဖ်ာ္ေပးမယ္"

"အင္း"

ထို႔ႏွင့္သူတို႔ႏွစ္ေယာက္အိမ္ထဲသို႔ဝင္လာခဲ့သည္။

နဒီ့အားဧည့္ခန္းထဲတြင္ထိုင္ခိုင္းထားၿပီး လျပည့္မီးဖိုေခ်ာင္ထဲသို႔သြားကာ နဒီ့ဖို႔သံပုရာရည္တစ္ခြက္ေဖ်ာ္ၿပီးေနာက္ျပန္လာခဲ့သည္။သို႔ေပသည့္လျပည့္ျပန္လာေတာ့ ဧည့္ခန္းထဲတြင္နဒီ့အားမေတြ႕ရေတာ့ေပ။ထို႔အတြက္စားပြဲေပၚတြင္ သံပုရာရည္ခြက္အားခ်ကာ နဒီ့အားလိုက္ရွာေနမိသည္။

ေအာက္ထပ္တြင္မေတြ႕ေသာေၾကာင့္ အေပၚထပ္သို႔တက္လာခဲ့သည္။ထိုအခါ နဒီ့အားသူ႕အခန္းထဲတြင္ေတြ႕လိုက္ရသည္။နဒီက သူ႕အားေက်ာခိုင္းကာမတ္တပ္ရပ္ေနသည္။

"နဒီ..ကိုကိုကလိုက္ရွာေနတာ။ေခါင္းမူးေနတာ ထိုင္ေနတာမဟုတ္ဘူး"

နဒီ ကိုကို႔စကားအားျပန္မေျဖဘဲသက္ျပင္းတစ္ခ်က္ခ်ၿပီးေနာက္ စကားဆိုလိုက္သည္။

"ကိုကို..နဒီတို႔ပြင့္ပြင့္လင္းလင္းေျပာရေအာင္"

"ဟမ္? နဒီဘာကိုေျပာတာလဲ?"

"နဒီသတင္းေတြၾကားမိတယ္...။ကိုကို ကိုကို႔ဆိုင္ကဟိန္းထက္ဆိုတဲ့ေကာင္ေလးနဲ႕တြဲေနတာဆို"

ထိုစကားအားၾကားလိုက္ေသာအခါ လျပည့္တုန္လႈပ္မိသည္။

"နဒီ...နဒီက ဒါကိုဘယ္လိုလုပ္?"

နဒီ ကိုကို႔ရဲ႕အေမးေတြအားမေျဖဘဲထပ္ေမးမိလိုက္သည္။

"အဲ့တာ..အမွန္ဘဲလား?"

"နဒီ့ကိုေတာ့မလိမ္ပါနဲ႕...။ဒီလက္ပတ္ေလးက သက္ေသပဲေလ"

နဒီ ထိုစကားအားေျပာၿပီးေနာက္ လျပည့္ဘက္သို႔လွည့္ကာ ထိုလက္ပတ္ေလးအားျပလိုက္သည္။

"နဒီက ဒါကို..ဘယ္လို?"

ဒါသူေပ်ာက္ေနသည့္ လက္ပတ္ေလးပင္။သို႔ေပသည့္ေနာက္တစ္ခုကိုလည္း နဒီ့လက္ထဲတြင္ကိုင္ထားေသးသည္။

"ေျပာရရင္ေတာ့အရွည္ႀကီးဘဲ...။ဟိုအရင္ရက္က နဒီလူတစ္ေယာက္နဲ႕တိုက္မိတယ္။အဲ့လူကလက္ပတ္တစ္ခုျပဳတ္က်ခဲ့တယ္။အဲ့လက္ပတ္ကကိုကို႔စားပြဲေပၚမွာ တင္ထားတဲ့ဟာနဲ႕အတူတူပဲ...။ကမာၻမွာဒီလိုလက္ပတ္မ်ိဳးတူတာအမ်ားႀကီးဘဲလို႔မေျပာနဲ႕ေနာ္...။ကိုကိုနဲ႕ဟိန္းထက္တို႔ရဲ႕ေပ်ာ္႐ႊင္ၾကည္ႏူးေနတဲ့ပုံကို နဒီျမင္ဖူးၿပီးသားမို႔အဲ့ေကာင္ေလးကိုနဒီမွတ္မိေနတယ္ေလ"

"တိုက္တိုက္ဆိုင္ဆိုင္...နဒီ့သူငယ္ခ်င္းကလည္း အဲ့ေကာင္ေလးရဲ႕အစ္မတစ္ဝမ္းကြဲတဲ့"

"ကိုကို...ကိုကိိုတကယ္လုပ္ရက္တယ္သိလား။ေျပာပါအုံး...ကိုကိုတကယ္ခ်စ္ေနတာဘယ္သူမ်ားတဲ့လဲ?...နဒီအရင္တုန္းကကိုကို႔အေၾကာင္းေတြကို သူငယ္ခ်င္းကလာေျပာတုန္းက အဲ့စကားေတြကိုေတာင္နဒီမယုံခဲ့ဘူး။ကိုကို႔အေပၚနဒီ..သံသယေတာင္မဝင္ခဲ့ဘူး...။ကိုကိုမို႔...နဒီ့အခ်စ္ကိုလွည့္စားရက္တယ္"

နဒီ ထိုစကားမ်ားအားဝမ္းနည္းမႈမ်ားႏွင့္အတူေျပာမိသည္။

"နဒီ...ကိုကိုရွင္းျပမယ္"

"အင္း...ေျပာပါအုံး။ကိုကို႔စကားကိုနဒီနားေထာင္ေနတယ္"

"ကိုကိုနဲ႕ဟိန္းထက္နဲ႕တြဲေနတယ္ဆိုတာမွန္ပါတယ္။ဟိန္းထက္ဘက္က ကိုကို႔ကိုသေဘာက်တယ္လို႔ေျပာလာလို႔ ကိုကိုသူ႕ကို..ဒီအတိုင္းသာတြဲခဲ့မိတာ။ဒါေပမယ္..အခု.."

"ဒါဆို...ကိုကိုတကယ္ခ်စ္တာနဒီ့ကိုလား?"

ထိုစကားေၾကာင့္ လျပည့္ နဒီ့အားေသခ်ာၾကည့္ကာေျပာမိသည္။

"ကိုကိုအရင္က...ကိုကို႔စိတ္ကိုတကယ္မသိဘူးခဲ့နဒီ။ဒါေပမယ့္ အခုေတာ့...ကိုကိုေသခ်ာသိသြားၿပီ"

နဒီ စကားေျပာေနရင္းတံခါးနားရွိလူတစ္ေယာက္အရိပ္ေၾကာင့္ ကိုကို႔စကားမ်ား၏ဦးတည္ရာကိုေရာက္ခြင့္မေပးဘဲ သူမသိခ်င္တာသာေမးလိုက္သည္။

"ဒါဆိုကိုကိုက..ဟိန္းထက္ကိုတကယ္မခ်စ္ခဲ့ဘူးေပါ့"

"အင္း....ကိုကိုအမွန္အတိုင္းေျပာရရင္မခ်စ္ခဲ့ဘူး"

"ဒါဆို..နဒီ့ကိုေရာ??"

"နဒီ...ကိုကိုနဒီ့ကို.."

လျပည့္ သူ႕စကားမ်ားအားေသခ်ာရွင္းရွင္းလင္းလင္းျပန္ေျဖမည္အလုပ္ မထင္မွတ္ဘဲ နဒီ့၏ႏႈတ္ခမ္းတစ္စုံကသူ႕ႏႈတ္ခမ္းထပ္သို႔က်ေရာက္လာသည့္အတြက္ မ်က္ဝန္းမ်ားျပဴးက်ယ္ကာအံ့ၾသသြားရသည္။နဒီမွေရွ႕သို႔တိုးလာကာနမ္းလိုက္ျခင္းျဖစ္သည္။

ထိုသို႔နမ္းလိုက္ျခင္းႏွင့္အတူ အနည္းငယ္ဖြင့္ဟလ်က္ရွိသည့္အခန္းတံခါးသည္လည္း လူတစ္ေယာက္၏တြန္းလိုက္မႈေၾကာင့္ အလုံးစုံပြင့္သြားရသည္။

တံခါးပြင့္သြားျခင္းႏွင့္အတူ အနည္းငယ္တိုးလ်ေသာအသံတစ္ခုထြက္ေပၚလာသည္။

"ျပည့္"

ထိုအသံေၾကာင့္ လျပည့္နဒီ့အားဖယ္ခြာမိကာ ေနာက္သို႔လွည့္ၾကည့္မိသည္။

သူေတြ႕လိုက္ရသည္က လက္ထဲတြင္ပန္းစည္းတစ္စည္းႏွင့္အတူ အခန္းဝတြင္ရပ္ေနေသာဟိန္းထက္ကိုပင္။

ဟိန္းထက္က အဓိပၸာယ္မဲ့ေနေသာမ်က္ဝန္းေသမ်ားႏွင့္ သူ႕အားၾကည့္ေနေလသည္။

"ေမာင္...ငါ"

"ျပည့္...ေမာင့္အေပၚရက္စက္လိုက္တာ။ဘာလို႔မ်ားျပည့္ရာ.."

"ငါ..ငါရွင္းျပပါရေစ"

"ေတာ္ပါေတာ့...ေမာင္ဘာမွမၾကားခ်င္ေတာ့ဘူး..."

"ဒါေတြက..အထင္လြဲေနတာပါ.."

"ေမာင့္နားနဲ႕စက္စက္ၾကားတာေတာင္အထင္လြဲေနတာတဲ့လား?ေမာင့္ကိုမခ်စ္ခဲ့ပဲနဲ႕...ဘာလို႔မ်ား..."

လျပည့္ ေခါင္းတြင္တြင္ရမ္းကာဆိုမိသည္။

"မဟုတ္ဘူး..။အရာအားလုံးကဒီလိုမဟုတ္ဘူး..။ငါရွင္းျပတာကိုနားေထာင္ေပးပါ"

"ေတာ္ေတာ့။ဘာမွလည္းမေျပာနဲ႕ေတာ့။အဲ့ေခၚသံကိုလည္း မၾကားခ်င္ေတာ့ဘူး"

"ေမာင္မသြားပါနဲ႕...ငါေတာင္းပန္ပါတယ္"

"လႊတ္စမ္းကြာ!!"

ထိုသို႔ေျပာကာ ဟိန္းထက္ပန္းစည္းအားျပစ္ခ်လိဳက္ၿပီးေနာက္ထြက္သြားလိုက္သည္။

လျပည့္ မ်က္စိတစ္မွိတ္အတြင္းျဖစ္ပ်က္သြားေသာအေျခအေနက လွ်ပ္တစ္ျပက္ဆန္လြန္းသျဖင့္အံ့ၾသမႈတို႔ႏွင့္အတူ မယုံၾကည္နိုင္စြာျဖင့္ေၾကာင္ရပ္ေနမိသည္။

ခဏအၾကာ နဒီ့ဆီသို႔ျပန္သြား၍ေမးမိသည္။

"နဒီ...နဒီဒါတမင္လုပ္တာမလား?"

နဒီလည္းေျဖမိသည္။

"တမင္လုပ္တာတဲ့လား...။ကိုကို႔ရဲ႕မေသခ်ာေနတဲ့စိတ္အစုံကို နဒီကေသခ်ာသိသြားေအာင္ျပသေပးလိုက္တာပါ...။ဒါဆိုနဒီရႈံးသြားၿပီေပါ့။ကိုကိုသိရဲ႕လား...ကိုကို႔ရဲ႕မျပတ္သားမႈေတြေၾကာင့္နဒီဘယ္ေလာက္ေတာင္ခံစားေနရလည္းဆိုတာ။ကိုကို႔ရဲ႕လုပ္ရက္ေတြက...လြန္ခဲ့တဲ့ ၂ႏွစ္လုံးလုံး ကိုကိုကနဒီ့ကိုမခ်စ္ပဲလိမ္ညာခဲ့တာေပါ့!!"

"နဒီဒီလိုလုပ္လိုက္ရလို႔...နဒီ့ရင္ထဲမွာဘယ္ေလာက္ေတာင္နာက်င္ေနလည္းဆိုတာေရာ ကိုကိုသိရဲ႕လား?။ကိုယ္ခ်စ္တဲ့ေယာက္်ားတစ္ေယာက္ရဲ႕ မေသခ်ာစိတ္တဲ့စိတ္အစုံကိုရွင္းလင္းေစဖို႔အတြက္ နဒီ့ရဲ႕အခ်စ္ေတြကိုေတာင္ေပးဆပ္ခဲ့တာပါ"

နဒီ နာက်င္မႈမ်ားႏွင့္အတူငိုေႂကြးမိကာေျပာမိသည္။

"ေနာက္ပိုင္း..ကိုကို႔တို႔ႏွစ္ေယာက္အဆင္ေျပေျပ၊မေျပေျပ နဒီနဲ႕မဆိုင္ေတာ့ဘူး။ဒီပြဲမွာနဒီရႈံးခဲ့ေပမယ့္လည္း...နဒီေက်နပ္တယ္။ဘာလို႔ဆို...နဒီအခ်စ္ေတြကိုလွည့္စားခဲ့တဲ့ကိုကို႔အတြက္ နဒီခံစားခဲ့ရသလိုကိုကိုျပန္ခံစားရေအာင္လုပ္နိုင္လို႔ပဲ။ကိုကိုေလ.. အခုသိရဲ႕လား ကိုကို႔ကိုခ်စ္ေနတဲ့လူတစ္ေယာက္ရဲ႕ အခ်စ္ေတြကိုဆုံးရႈံးလိုက္ရသလို၊ကိုကိုခ်စ္ေနတဲ့လူကိုလည္းဆုံးရႈံးလိုက္ရတယ္...။ကိုကိုနာက်င္လိုက္စမ္း...။ကိုကိုခံစားလိုက္စမ္းပါ..။ကိုကို႔ရဲ႕လုပ္ရက္ေတြအတြက္"

လျပည့္ နဒီ့အားေတာင္းပန္စကားမွလြဲဘာစကားမွထပ္မေျပာမိေတာ့ေပ။

"ေတာင္းပန္ပါတယ္။အစ္ကို႔ရဲ႕မျပတ္သားမႈ‌ေတြေၾကာင့္နဒီ့ကိုနာက်င္ေစမိခဲ့တာ။အစ္ကိုတကယ္..တကယ္ေတာင္းပန္ပါတယ္"

"မေတာင္းပန္ပါနဲ႕ကိုကို...။နဒီကကိုကို႔ကို အခုထပ္တူနာက်င္ေစမယ့္အျပစ္မ်ိဳးျပန္လည္ေပးခဲ့ၿပီးၿပီပဲ။ဒါနဒီတို႔ေနာက္ဆုံးေတြ႕ဆုံျခင္းပါ...။ေနာက္ဘယ္ေတာ့မွျပန္မေတြ႕ဘဲေနၾကရေအာင္"

နဒီထိုသို႔ေျပာကာ လက္ထဲတြင္က်စ္က်စ္ပါေအာင္ဆုပ္ထားမိသည့္ ထိုလက္ပတ္‌ေလးအားစားပြဲေပၚတြင္ျပန္တင္ထားလိုက္ၿပီးေနာက္ အခန္းထဲမွထြက္လာခဲ့သည္။

"အရာအားလုံးအတြက္ အစ္ကိုတကယ္ေတာင္းပန္ပါတယ္"

နဒီ ထိုစကားအားလ်စ္လ်ဴရႈကာ မေျပး႐ုံတစ္မယ္ေလွ်ာက္လွမ္းမိသည္။

နဒီဟိန္းထက္ႏွင့္ျပဳလုပ္ထားသည့္အေလာင္းအစားက ကို႔ကို႔ရဲ႕မျပတ္သားသည့္စိတ္အစုံကိုရွင္းလင္းျပတ္သားေစခဲ့ၿပီး ကိုကိုသာသူတို႔ထဲကတစ္ေယာက္ကိုေ႐ြးခ်ယ္ခဲ့ရင္ က်န္တစ္ေယာက္ကဆႏၵရွိစြာႏွင့္ ကိုကို႔ေဘးနားကထြက္သြားေပးရမယ္ဟူ၍ပင္။

သို႔ေပသည့္ကိုကိုႏွင့္စကားေျပာေနတုန္း ကိုကို႔၏စကားလမ္းေၾကာင္းက သူမရႈံးနိမ့္သြားသည္မွာသိသာေနသည့္အတြက္ နဒီတမင္သက္သက္ဟိန္းထက္ ကိုကို႔အားအထင္လြဲသား ေအာင္ျပဳလုပ္လိုက္ျခင္းပင္။သူမ၏အခ်စ္ကိုလွည့္စားခဲ့သည့္ကိုကို႔ကို ဒီအတိုင္းခြင့္မလႊတ္လိုက္နိုင္သည့္အတြက္ နဒီထိုသို႔ျပဳမူလိုက္ျခင္း။နဒီခံစားရသလို ကိုကိုလည္းနာက်င္ခံစားရၿပီး ခ်စ္ရသူကိုဆုံးရႈံးလိုက္ရေစရန္။နဒီ့ကိုလိမ္ညာခဲ့သမွ်အတြက္ ကိုကိုဒီေလာက္ေတာ့ခံစားသင့္သည္ေလ။

'နာက်င္လိုက္တာ...။ရင္ထဲမွာစုတ္ျပတ္သတ္ေနေအာင္နာက်င္လိုက္တာ....။နဒီ့ရဲ႕အခ်စ္ကစစ္မွန္ခဲဲ့ပါတယ္..။ဒါေပမဲ့..နဒီျပန္ရခဲ့တဲ့အခ်စ္က အတုအေယာင္တစ္ခုတဲ့လား'

နဒီထိုအေတြးမ်ားႏွင့္အတူ ပါးေပၚမွမ်က္ရည္မ်ားအားခပ္ၾကမ္းၾကမ္းပြတ္သုတ္မိၿပီးေနာက္ ထိုၿခံဝန္းထဲမွထြက္လာခဲ့သည္။

'ဒါေနာက္ဆုံးေတြ႕ဆုံျခင္းပါပဲ။ဘယ္ေတာ့မွထပ္မေတြ႕ေတာ့ဘူး...'

<<<<<<<<<<<<<<<<>>>>>>>>>>>>>

ထိုညေနတြင္ျဖစ္ပ်က္သြားသည့္အျဖစ္အပ်က္မ်ားကား လူသုံးေယာက္၏ေၾကမြသြားေသာႏွလုံးသားမ်ားပင္။

သူမခ်စ္ခဲ့မိျခင္းမွာျပန္ရလိုက္ျခင္းက ခ်စ္ရသူ၏ေဝခြဲမရသည့္ အတုအေယာင္အခ်စ္တစ္ခု.....

သူ႕အားခ်စ္ေနခဲ့ပါသည္ဆိုသည့္ယုံၾကည္မႈကိုရိုက္ခ်ိဳးခံရသည့္ေကာင္ေလးတစ္ေယာက္ႏွင့္အတူ လမ္းေဘးတြင္လႊင့္ျပစ္ခံခဲ့ရသည့္ လက္စြပ္ေလးတစ္ကြင္း....

ျဖစ္ပ်က္သြားေသာကိစၥမ်ားအား မယုံၾကည္နိုင္စြာျဖင့္ တံခါးေရွ႕တြင္ဒူးေထာက္ထိုင္ေနမိသည့္ေကာင္ေလးတစ္ဦး.....

ထိုညေနတြင္ကား ေမြးေန႕ပြဲငယ္တစ္ခုႏွင့္အတူ အခ်စ္တစ္ခုအတြက္ကစားပြဲတစ္ခုသည္လည္းၿပီးဆုံးသြားခဲ့သည္။

________________________________________________

AN-Part-2ကစၿပီးေနာက္ေၾကာင္းျပန္ျခင္းသည္တြင္ၿပီးဆုံးၿပီးေပါ့။ေနာက္ေၾကာင္းျပန္ျခင္းၿပီးဆုံးၿပီဆိုေပမယ့္ လက္ရွိအခ်ိန္ကအခုေနရာကေနစတဲ့အတြက္ ေနာက္ေၾကာင္းျပန္တယ္လို႔မဆိုလိုလည္းရပါတယ္။တကယ္လို႔ဒီအပိုင္းကိုဖတ္ရင္ part-1နဲ႕ျပန္တြဲဖတ္လည္းရပါတယ္။တစ္ခ်ိဳ႕စကားလုံးေတြကိုျပန္ထည့္မေရးေတာ့ပဲ ခ်ဳံ႕ေရးလိုက္ေတာ့တာမို႔။

ဒီအခန္းမွာဇာတ္ေကာင္သုံးေယာက္စလုံးရဲ႕စိတ္ေနသေဘာထားကိုနားလည္ေအာင္ျပသနိုင္ဖို႔ Rainအတတ္နိုင္ဆုံးႀကိဳးစားေရးခဲ့ပါတယ္။တကယ္လို႔ဇာတ္ေကာင္တစ္ေယာက္ခ်င္းစီရဲ႕စိတ္ေနသေဘာထား၊စိတ္ခံစားခ်က္ကိုေပၚလြင္ေအာင္ေရးမျပနိုင္ခဲ့ရင္ Rainရဲ႕အျပစ္မို႔စာဖတ္သူေလးေတြက သူတို႔ေလးေတြကိုအတတ္နိုင္ဆုံးနားလည္ေပးဖို႔ေမွ်ာ္လင့္မိပါတယ္။

RAIN🌧️

Continue Reading

You'll Also Like

137K 10.8K 48
3.6.2021 - 11.5.2022
5.2K 152 18
🅻🅾🆅🅴 🅸🆂🅽'🆃 🆂🅾🅼🅴🆃🅷🅸🅽🅶 🆈🅾🆄 🅵🅸🅽🅳
19.6K 1.1K 52
လရောင်ဆိုတာ နေမင်းကြီးဆီကမှ အလင်းပြန်ထွန်းလင်းရတဲ့အမျိုးမဟုတ်လား။ အဲ့လိုပဲ လရောင်ရဲ့ဘဝမှာလည်း ကိုနေမရှိလို့မဖြစ်ဘူး။ ကျေးဇူးပြုပြီး လရောင်ရဲ့ဘဝထဲကနေ...
7.9K 296 12
① ချစ်စကားတစ်ခွန်း ② ကျွန်တော်မဖတ်ခဲ့တဲ့ မျက်ဝန်း ③ အချစ်တစ်ခု ဖန်တီးခြင်း ④ အချစ်နဲ့ ယူဇနာတစ်ထောင် ⑤ အငယ် (Zawgyi) ① ခ်စ္စကားတစ္ခြန္း ② ကြၽန္ေတာ္မဖတ...