A Nyi
By TJdandelion
4.9K 437 77
~Kim Taehyung&Kim Seokjin~ တစ်သက်စာ ရင်ခုန်ခြင်းတေအတွက် အချိန်အများကြီးမလိုပါဘူး စက္ကန့်ပိုင်းလောက်..အငြိလေး... More
Prolouge
~one~
~three~
Epilouge
~two~
645 79 16
By TJdandelion
#Unicode
မနက်ကပန်းခြံထဲတွေ့ခဲ့တဲ့အကို ကသူ့အတွေးထဲကိုကျူးကျော်ဝင်ရောက်နေသည်။
သူနဲ့အကိုရဲ့တွေ့ဆုံမှုကဆန်းကြယ်သလိုလိုပင်။တကယ်တမ်းသူ ရေကန်ထဲခုန်ချမလို့ကြံရွယ်နေခြင်းမဟုတ်ပေ။ မုန့်ထုပ်ကိုမိုးပေါ်မြှောက်ကစားနေရင်း
ပြုတ်ကျသွားသောကြောင့် ဆင်းကောက်နေခြင်း
ဖြစ်သည်။
ဒါကိုမသိသောအကို ကသူ့ကိုရေကန်ထဲခုန်ချကာ သတ်သေမယ်လို့ထင်နေပုံပင်။သူ့ဘဝကြီးက အခြားသူများလောက်ပျော်စရာမကောင်းပင်မဲ့ဒီလို သတ်သေမဲ့အလုပ်ကြီးကိုတော့ သူဘယ်တော့မှလုပ်
မည်မဟုတ်။
အကိုကထိုသို့အထင်နှင့်ရင်ဖွင့်ရန်ပြောရာသူလည်း အရင်ကမွန်းကျပ်ခဲ့တာတေကိုစိတ်သက်သာလို့
သက်သာညားအကို့ကိုရင်ဖွင့်မိသည်။အကိုကရင်
ဖွင့်သမျှကိုနားထောင်ပေးရုံမက နောက်နေ့ကျရင်အဖော်ပြုပေးမယ်ဟုပါပြောလာသည်။အကို့ဘေးနားရှိလိုက်ရတဲ့အချိန်မှာ ဘာကြောင့်မှန်းမသိ ရင်ခုန်သံတွေမြန်ဆန်လာခဲ့သည်။
ယခုလည်းအကိုက၉နာရီကျဖုန်းဆက်လိုက်မယ်ဟုဆိုထားသောကြောင့် လူကဂနာမငြိမ်စွာ အကို့ဖုန်းကိုမျှော်နေမိသည်။အချိန်တေကလည်းဒီနေ့ကျမှပိုကြာနေသလိုပင်...၉နာရီကလည်းမထိုးနိုင်သေးဘူး...
လှုပ်ခတ်နေတဲ့စိတ်လေး ငြိမ်လို့ငြိမ်ညားဆိုပီး social mediaတခုခုသုံးနေလိုက်တော့သည်။အချိန်ကိုသတိရကာနာရီကိုကြည့်လိုက်တော့၉နာရီထိုးဖို့၁မိနစ်...။
ခဏအကြာ ကြားလိုက်ရသောringtoneအသံနှင့်အတူ ဖုန်းစက်ခရင်ပေါ်မှ unknown  number...။
"ဟယ်လို.."
"ဂျင်လား မနက်ကလေစကားဘဲပြောလိုက်ရတယ် မိတ်တောင်မိတ်မဆက်လိုက်ရဘူး အကို့နာမည်က
ကင်မ်ထယ်ယောင်းပါ သူငယ်ချင်းတွေကတော့
ထယ်ယောင်းလို့ခေါ်တယ် ဂျင်လည်းအကို့ကို အကို
ထယ်ယောင်းလို့ခေါ်လို့ရတယ်"
အကို့အသံကိုကြားပီးနှလုံးခုန်သံတွေအရမ်းမြန်လာသောကြောင့် နှုတ်ခမ်းကိုကိုက်ကာနှုတ်ဆိတ်နေ
မိသည်။
အကို့ဆီမှ"ဟယ်လို"ဆိုတဲ့အသံထပ်ကြားတော့မှဘဲ..
"အော်..ဟုတ်ကဲ့"
ထိုသို့ပြောပီးနှစ်ယောက်သားကြားတိတ်ဆိတ်သွားရသည်။
အကိုကဘဲ စကားပြန်စကာ
"ဒီနေ့ပြောထားတာလေမနက်ဖြန်တွေ့မယ်ဆိုတဲ့နေရာအဲ့တာဘယ်ကိုလာခဲ့ရမလဲ"
သူစဉ်းစားနေကာ..
"ဟိတ်..မေးတာကြားလား"
"ဟုတ်ကဲ့ကြားပါတယ် ဟိုလေအခုစဉ်းစားလို့မရသေးလို့ messageပို့လိုက်မယ်လေရမလား"
"okလေ အာ့ဆို ဂျင် messageပိုမဲ့နေရာမှာမနက်ဖြန်အကိုစောင့်နေမယ်နော် good night"
"ဟုတ်.."
အကိုဖုန်းချသွားတော့မှ စိတ်ကိုလွတ်ချလိုက်ပီးမွေ့ယာပေါ်လှဲချလိုက်တော့သည်။
ရင်တွေကလည်းအရမ်းခုန်နေပီး  မျက်နှာပေါ်ကအပြုံးကြီးကိုလည်းဖျောက်လို့မရသေးပေ။ဒီနေ့ညတော့ သူ့အိမ်မက်လေးက လှပနေတော့မှာဘဲ...။
~~~~<<>>~~~~
ဒီနေ့မနက်အကိုနဲ့အတူတူလျှောက်လည်ရမှာဆိုတော့ အရင်နေ့တွေထက် ပိုပီးတက်ကြွနေခဲ့သည်။
ဘယ်လိုဝတ်သွားရင်ကောင်းမလဲ စမ်းဝတ်ကြည့်နေတာနဲ့ ကုတင်ပေါ်တွင် အဝတ်ပုံကြီးတောင်ဖြစ်သွား
သည်။
နောက်ဆုံးတော့ မီးခိုနုရောင်ရှပ်အင်္ကျီလက်တိုလေးနဲ့ အပြာနုရောင် ဂျင်းဘောင်းဘီရှည်လေးကိုဘဲဝတ်
လိုက်တော့သည်။
အကိုနဲ့ဒီတိုင်းဘဲလျှောက်လည်မှာကို ဘာဖြစ်လို့အပိုတွေလုပ်နေမိတာပါလိမ့်..
အကိုကချိန်းထားတဲ့နေရာကိုသူ့ထက်တောင်စောပီးရောက်နေသည်။
"အကိုထယ်ယောင်း ဂျင်နောက်ကျသွားတာလား"
"မဟုတ်ပါဘူး အကိုကစောရောက်နေတာပါဂျင်ဘယ်ကိုအရင်သွားချင်လဲ"
"ဂျင် ဟော့ပေါ့စားချင်နေတာ"
"ဟော့ပေါ့ ..မနက်ကြီးစားမလို့လား"
"အင်း.."
ခေါင်းငြိမ့်ပြရင်း အကိုနဲ့အတူတူဟော့ပေါ့
ဆိုင်ထဲဝင်လာခဲ့တော့သည်။
"အရင်ကဒီဆိုင်ကိုတွေ့ဖူးပင်မဲ့တခါမှလာမစားဖူးဘူး"
"အကိုရောဘဲ မစားဖူးဘူး"
"ဟို..ဂျင်ကြိုက်တာတွေမှာချင်လို့အဲ့တာရလားဟင်"
"ရပါ့ ဗျာ"
အကိုက သူ့ကိုကြည့်ပီးပြောလာသည်။
သူကြိုက်တာတွေမှာခဲ့ပီး ပိုက်ဆံရှင်းရန်သွားရာ...
"ဂျင်သွားထိုင်စောင့်တော့ အကိုရှင်းလိုက်မယ်"
"ဟင်..ဂျင်ပေးလိုက်ပါ့မယ်"
"ကဲပါ အကိုဝယ်ကျွေးပါမယ်ဆိုနေ"
အကို့ကို ခင်ပေမဲ့လည်း ဒီလိုမျိုးကြီးအကုန်ကျခံရှင်းပေးမှာကိုတော့လက်မခံချင်တာကြောင့်...
"ဟင့်အင်း တစ်ယောက်တစ်ဝက်ပေးရင်ရော"
အကိုကသူ့ကိုအရှုံးပေးပါပီဆိုတဲ့သဘောနဲ့ပြုံးကာ
သူ့စိတ်တိုင်းကျအတိုင်းဘဲ တစ်ဝက်စီရှင်းလိုက်ကြ
သည်။
ကိုယ်စိတ်တိုင်းကျမှာထားတဲ့အတွက်ကြောင့် ခေါင်းမဖော်တမ်းစားမိနေသည်။
ချဉ်စပ်ဟင်းရည်ဖြစ်သောကြောင့် သောက်ရင်းသီးသွားတော့..
"အဟွတ်..ဟွတ်"
"ဖြေးဖြေးသောက်လေ"
အကိုကနှုတ်ခမ်းမှာပေနေတဲ့အရာတေကိုသုတ်ပေး
ရင်းဆိုလာသည်။
"အကိုထယ်ယောင်း ဒါကြီးကစပ်လိုက်တာ"ထိုသို့ပြောလိုက်တော့အကိုက ရယ်ကာ
"ဂျင့်စိတ်တိုင်းကြမှာစားထားတာလေ သိပီမလားရော့ အအေးသောက်"
"ဟုတ်ပနော် နောက်ဆိုအစပ်လျော့ခိုင်းရမယ်"
စပ်နေတာကိုတောင်ထပ်စားနေတဲ့သူ့ကို အကိုကအစားသရဲလေး မလွယ်ဘူးဆိုတဲ့သဘောနဲ့ပြုံးကာ
ကြည့်နေတော့သည်။
အကိုနဲ့အတူရှိနေတဲ့အခိုက်အတံ့ကို ဘာကြောင့်မှန်းမသိနှစ်ခြိုက်မိသွားတော့သည်....
Tbc..
Thanks for reading💖
#Zawgyi
ဖြစ်သည်။
မည်မဟုတ်။
"ဟယ်လို.."
အကို့အသံကိုကြားပီးနှလုံးခုန်သံတေအရမ်းမြန်လာသောကြောင့် နှုတ်ခမ်းကိုကိုက်ကာနှုတ်ဆိတ်နေ
မိသည်။
"အော်..ဟုတ်ကဲ့"
အကိုကဘဲ စကားပြန်စကာ
"ဟိတ်..မေးတာကြားလား"
~~~~<<>>~~~~
ဒီနေ့မနက်အကိုနဲ့အတူတူလျှောက်လည်ရမှာဆိုတော့ အရင်နေ့တေထက် ပိုပီးတက်ကြွနေခဲ့သည်။
အကိုနဲ့ဒီတိုင်းဘဲလျှောက်လည်မှာကို ဘာဖြစ်လို့အပိုတေလုပ်နေမိတာပါလိမ့်..
"အကိုရောဘဲ မစားဖူးဘူး"
"ဟို..ဂျင်ကြိုက်တာတေမှာချင်လို့အဲ့တာရလားဟင်"
သူကြိုက်တာတေမှာခဲ့ပီး ပိုက်ဆံရှင်းရန်သွားရာ ..
"ဟင့်အင်း တယောက်တဝက်ပေးရင်ရော"အကိုကသူ့ကိုအရှုံးပေးပါပီဆိုတဲ့သဘောနဲ့ပြုံးကာ သူ့စိတ်တိုင်းကျအတိုင်းဘဲ တစ်ဝက်စီရှင်းလိုက်ကြသည်။
"အဟွတ်..ဟွတ်"
ကြည့်နေတော့သည်။
Tbc..
Thanks for reading💖
Continue Reading
You'll Also Like
365K 12.4K 74
𝐛𝐨𝐨𝐤 𝐨𝐧𝐞. gilmore girls universe. 𐙚 | B L U E ˖⁺‧₊˚♡˚₊‧⁺˖ ─── blue eyes like the sea on a cold, rainy day ❝ 𝘉𝘓𝘜𝘌 𝘌𝘠𝘌𝘋 𝘉𝘌𝘈𝘜𝘛�...
157K 11.3K 61
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...
172K 7.9K 104
In the vast and perilous world of One Piece, where the seas are teeming with pirates, marines, and untold mysteries, a young man is given a second ch...
1M 33.1K 78
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...