"အိပ်တော့ရအောင်၊ အိမ်ထဲဝင်ရအောင်"
"ငါ ကောင်းနဲ့ပဲအိပ်ချင်တာ"
"ဒါဆို အကွေးအိပ်မှပဲ၊ ကျွန်တော် အခန်းထဲလိုက်ပို့ပေးမယ်။ အိပ် အိပ်"
လက်တစ်ဖက်ဖြင့် သူမလေးရဲ့ကျောပြင်ကို ပွတ်သပ်ပေးပြီး လမ်းကြားလေးထဲ အရှေ့အနောက် လျှောက်ရင်း သူမလေးကို ချော့သိပ်နေမိသည်။
အချီခံထားရတဲ့ အကွေးကလည်း ကောင်းရဲ့ ခါးကို တင်းကျပ်စွာခွထားရင်း ကောင်းရဲ့ပခုံးပေါ်မှာမေးတင်ကာ မျက်လုံးလေးတွေမှိတ်ထားလေသည်။ကောင်းဆီကနေ ရနေတဲ့ ကိုယ်သင်းရနံ့ကို ရှူရှိုက်ပြီး အိပ်ရတဲ့အရသာက ဘာနဲ့မှမတူပဲ အေးမြစေသည်။ကောင်းနဲ့သာဆိုရင် ပြင်သစ်မဟုတ်ပဲ ငရဲပြည်ဆိုလျှင်တောင်မှ အကွေးက သွားဖို့ တစ်ချက်တွန့်မှာမဟုတ်ပါ။အကြောင်းပြချက်ကရှင်းသည်...ကောင်းပါနေလို့ပါ။
အချိန်တိုင်းမှာ ကောင်းသာရှိရင် အဆင်ပြေမည်ဆိုတာကို အကြွင်းမဲ့ယုံကြည်သည်။အခုထိ အသက်၂၀မပြည့်သေးတဲ့ ကောင်းက အကွေးအတွက်တော့ ဒီကမ္ဘာမှာ အယုံကြည်ရဆုံးနှင့် အဆင်ပြေဆုံးသူပင်။
ဒီည ကောင်းသာမရှိဘူးဆိုရင် သူမ အိပ်ပျော်ပါ့မလားလို့တွေးမိပြီး ဘယ်ရယ်မဟုတ် အကြောင်းပြချက်မဲ့စွာပင် ကောင်းရဲ့လည်ပင်းကို မသိမသာလေးနမ်းမိသည်။ကောင်းကို သူမချစ်နေပြီ။ဆောင်းနဲ့ ကိုကိုနဲ့ နမ်းတာကို မြင်ဖူးသည်။ တစ်ယောက်နှုတ်ခမ်းကို တစ်ယောက်က မလွှတ်တမ်းနမ်းနေကြတာကို သူမ အသေအချာမြင်ခဲ့ဖူးသည်။သို့သော်လည်း ကောင်းကတော့ ငယ်သေးလို့ထင်သည်။ ကောင်းက အနမ်းတွေကို မတုန့်ပြန်တတ်ပါ။ထို့ကြောင့် အကွေးကပဲ ကောင်းကို သိသိသာသာရော၊ မသိမသာနဲ့ပါ အနမ်းခြွေနေရသည်။
"အိပ်ပြီလား..."
"ဟင့်အင်း"
"မအိုက်ဘူးလား..."
"လေးလို့လား"
ပခုံးပေါ်ကနေ ဖယ်ခွာပြီး မျက်နှာချင်းဆိုင်မေးတဲ့ ထိုအပြောကို ကောင်းချက်ချင်းပဲ ခေါင်းယမ်းပြလိုက်သည်။ ကောင်းကို သေချာစိုက်ကြည့်ပြီး ကောင်းရဲ့မျက်နှာကို သူမလက်လေးတွေနဲ့ ကိုင်ယူကာ ကောင်းရဲ့ နဖူးကို အခြွေပြန်သည်။ ဒီနေ့ အကွေးလေးဘာဖြစ်နေပါလိမ့်လို့တွေးပေမယ့်လည်း ကောင်းကျေနပ်နေတာတော့ အမှန်ပါ။
"နောက်ကျနေပြီ အကွေး အိပ်တော့လေ။"
"အင်း..."ဆိုပြီး ပခုံးပေါ်ကို မှီတွယ်ထားတဲ့ အကွေး။
သူမလေးကို ချီထားရင်းနဲ့ ကောင်းပုံမှန်အတိုင်း လမ်းလျှောက်နေလိုက်သည်။ အကွေးရဲ့ အသံရှူသံမှန်မှန်လေးကို ကြားရသည့်အချိန် အရောက်မှာ အိမ်ထဲပြန်ဝင်ပြီး သူမလေးကို အခန်းထဲထားပေးရသည်။အကွေး အနားမှာ အိပ်ချင်သည်။သို့သော်လည်း သားနဲ့သမီးရှိသေးသည်မို့ စိတ်လျော့ပြီး အိမ်ရှေ့ခန်းကို ပြန်လာခဲ့ရသည်။
အကွေးကတော့ ဘာမှမသိပဲ ငြိမ်သက်စွာနဲ့ အိပ်နေသည်။ကြည့်နေရင်းနဲ့ ချစ်ချင်လာသည်ကြောင့် သူမ ပါးလေးကို စူးနင့်နင့်နဲ့ အနမ်းတစ်ချက်ခြွေလိုက်ပြီး အခန်းပြင်ကို အမြန်ပဲပြန်ထွက်ခဲ့လိုက်သည်။အချိန်ကြာသွားရင် သူမလေးကို ပိုတိုးပြီးချစ်မိနေလိမ့်မည်။
သို့နှင့် ကွပ်ပျစ်ခင်းဆီသို့ပြန်လာသည့် အချိန်အရောက်မှာတော့ အိပ်မောကျနေတဲ့ သားနဲ့သမီး မျက်နှာကြောင့် ကောင်းရဲ့စိတ်နှလုံးဟာလည်း ငြိမ်အေးသွားစေသည်။အကွေးရဲ့ ဒီနေ့လုပ်ပုံက အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပင်။အကွေးနားမှာ ဆက်နေရင် ကောင်း အကွေးကိုနစ်နာအောင် တစ်ခုခု လုပ်မိနိုင်သည်။အခုလို သားနဲ့သမီးအနားကို ရောက်လာမှ ကောင်း စိတ်တွေက ငြိမ်အေးရသည်။
ဒီတစ်ညတော့ ကောင်း သားနဲ့သမီးမျက်နှာကို ကြည့်ရင်း အချိန်ကုန်ရသည်။ ချစ်ရတဲ့ အကွေးလေးကိုလည်း သွားကြည့်ချင်စိတ်တွေဖြစ်နေသည်။သို့သော်လည်း အတတ်နိုင်ဆုံးထိန်းချုပ်ပြီး အကွေးရဲ့ ကိုယ်ပွားလေးတွေကိုပဲ ကြည့်ရင်း အချိန်ကုန်စေလိုက်သည်။
မနက်လင်းတော့ ထုံစံအတိုင်း အကွေးအမေကအိပ်ရာကနေ အစောထပြီး ချက်ပြုတ်သည်။ကောင်းလည်း မီးဖိုထဲသွားလိုက်ပြီး လုပ်ကူပေးလိုက်သည်။
"အိမ်မှာလည်း ကောင်းပဲချက်တာဆို"
"အကွေးက ကလေးတွေနဲ့ဆိုတော့ ကျွန်တော်ပဲ ချက်ပေးလိုက်တာပါ။အထွေအထူးတော့ မဟုတ်ပါဘူး အမေရ၊ ဒီတိုင်း ရိုးရှင်းတဲ့ဟင်းတွေပါပဲ"
"ကောင်းကသာ ရိုးရှင်းတဲ့ဟင်းတွေလို့ ပြောနေတာ၊
ကောင်းရဲ့အကွေးကတော့ အမေ့ဟင်းကိုတောင် မစားနိုင်တော့ဘူး။ကောင်းလောက် လက်ရာမကောင်းလို့နေမှာပေါ့"
"မဟုတ်တာ အမေရာ၊ အကွေးက ကျွန်တော်နဲ့ခွဲရလို့ သိပ်မစားတာနေမှာပါ"
ကောင်းက ထိုသို့ရွန်းဖောက်ပြီး ပြုံးပြတော့ လခြမ်းကွေး၏ အမေသည်သဘောတကျနဲ့ပင် ပြုံးရယ်ပြီး ကောင်း၏လက်မောင်းကို ချစ်စနိုးဖြင့် ခပ်ဖွဖွရိုက်ကာ....
"ဟုတ်လောက်တယ်၊ မျက်နှာကလည်း ညှိုးနေတာပဲ ကောင်းရယ်"
"အကွေးက ကျွန်တော်နဲ့ ဝေးလို့မရဘူး အမေ"
"ဟားဟားးးးး....ဟုတ်ပါပြီတော်၊
ကဲ ကောင်းရဲ့ သားသမီးတွေအတွက် ကောင်းပဲ ချက်လိုက်။သူတို့လေးတွေလည်း အမေချက်တာကို မစားကြဘူး"
"ဟုတ်ကဲ့ အမေ..."
ကောင်းကိုယ်တိုင်ပဲ သားနဲ့သမီးအတွက် မနက်စာအပြင် အကွေးအတွက်လည်း ထမင်းပေါင်းလေး လုပ်ပေးထားလိုက်သည်။
အကွေးတို့ အိမ်ရာကနေနိုးလာတော့ မနက်၇နာရီထိုးနေပြီ။ ညက အိပ်ရာဝင်တာနောက်ကျလို့ဖြစ်မည် ရောင်ခြည်နဲ့ရောင်ဝါ ကတော့ အိပ်ရာကနေ မ,ထသေး။
"အိုး ထမင်းပေါင်းလား..."
မျက်နှာသစ်ရာကနေ ပြန်လာတဲ့ ကြယ်စင်လင်းဟာ စားပွဲခုံပေါ်ရှိတဲ့ ထမင်းပေါင်းပန်းကန်လေးကို အနံ့ခံရင်း ရေရွတ်သည်မို့ အကွေးလည်း မျက်နှာကိုအရင်သွားမသစ်ပဲ ထမင်းဝိုင်းသို့လာခဲ့လိုက်သည်။
"ငါ့ဟာ..."
"မသိဘူး ၊ ငါကြိုက်တယ်"
ပြောပြောဆိုဆိုနဲ့ အလင်းကချက်ချင်းပင် ဇွန်းကောက်ကိုင်ပြီး ထမင်းပေါင်းကို ယူစားသည်။
"နင် လုပ်ပြန်ပြီ"
အလင်းရဲ့ နောက်ကျောကို ခပ်ပြင်းပြင်းရိုက်ပြီး အကွေးရန်လုပ်လိုက်သည်။
ထိုအချိန်မှာ အလင်းကလည်း အကွေးကို ပြန်ရိုက်ဖို့ရန်အတွက် လက်ရွယ်နေသည်မို့ ကောင်းချက်ချင်းပင် ကြားဖြတ်ဝင်လိုက်ပြီး...
"ကျွန်တော် အသစ်လုပ်ပေးမယ်၊
အခုတော့ အကွေးမျက်နှာသစ်ရဦးမယ်" လို့ ပြောပြီး အကွေးရဲ့ ပခုံးနှစ်ဖက်ကို လက်နဲ့ခပ်ဖွဖွကိုင်ပြီး အနောက်ထဲကို ခေါ်ခဲ့လိုက်သည်။
ထိုထိတိုင် အကွေးက နောက်သို့စောင်းငဲ့ကြည့်ပြီး အလင်းကို ရန်လုပ်နေသေးသည်။အလင်းကလည်း အမဖြစ်သူကို လက်တပြပြနဲ့ ဟန်မူပိုနေလေသည်။ဒီမြင်ကွင်းကို အိမ်ပေါ်ထပ်ကနေ ဆင်းလာသည့် အဝန်းလည်း အစအဆုံးမြင်လိုက်ရသည်။
လှေကားကနေ ဆင်းလာပြီးနောက်မှာ အဝန်းက အလင်းဆီသို့သွားလိုက်ပြီး အလင်းချထားတဲ့ဇွန်းကို ကောက်ကိုင်ပြီး ထမင်းပေါင်း တစ်ဇွန်းကို ယူစားလိုက်သည်။
"ကောင်းတယ်ဟ"
"နင် မျက်နှာမသစ်ရသေးပဲနဲ့ အဝန်းရာ။
ရွံစရာကြီး...."
"နင်လည်း မျက်နှာမသစ်ပဲနဲ့ကျောင်းသွားခဲ့တဲ့ရက်တွေ အများကြီးပါအလင်းရာ"
ထိုသို့ပြောပြီး အလင်းရဲ့နဖူးကို လက်မနှင့်လက်ခလယ်သုံးပြီး တောက်ချလိုက်ကာ အိမ်နောက်ထဲကို ဝင်ခဲ့လိုက်သည်။
"အဝန်းတော့ သေချင်ပြီထင်တယ်"
နောက်မှာ ကျန်ခဲ့တဲ့ အလင်းရဲ့ကြိမ်းဝါးသံကို ဂရုမစိုက်အား၊ အိမ်အနောက်ကို ရောက်ဖို့ရန်အတွက်ပဲ အဝန်း အလျင်လိုနေသည်။ အကွေးနဲ့သူမယောကျာ်း ဘာတွေများ လုပ်နေမှာလဲဆိုတာကို သူအနေနဲ့ စိတ်တဝင်တစားဖြစ်နေသည်။
"တပက်မရှိဘူးပဲ..."
ချက်ချင်းပဲ ကောင်းရင်ဘက်မှာ မျက်နှာလာအပ်ရင်းမျက်နှာ ရေသုတ်တဲ့ အကွေး။
"နံနေမှာပေါ့ အကွေးရ"
"ကောင်းဆီက မနံပါဘူး၊
ဒါနဲ့ ငါ့အတွက် မနက်စာဘာချက်ပေးမှာလဲဟင်.."
မျက်နှာသုတ်ပြီးသည့်တိုင် ကောင်းဆီကနေမခွာသေးပဲ ကောင်းရဲ့ ခါးကိုသူမလက်ကလေးတွေနဲ့ သွယ်ဖက်ထားရင်း မျက်နှာလေးမော့ကာ မေးသည်။
"ထမင်းပဲရှိတာ။ အကွေး ထမင်းပဲစားရမှာပေါ့၊
ကျွန်တော့်အိမ်မှမဟုတ်တာ အထွေအထူးတော့ သွားလုပ်လို့မရဘူးလေ...ကျွန်တော်ပြောတာ အကွေး နားလည်တယ်မလား"
"အင်း ဘယ်နေ့ပြန်မှာလဲဟင်"
"တစ်ပတ်အချိန်ရတယ်။ နောက်ပတ် စနေနေ့မှ ပြင်သစ်ကိုသွားရမှာ။ အကွေးအိမ်မှာနေချင်ရင် နေလေ...ကျွန်တော်လည်း ရောက်နေပြီပဲ။ အကွေးပျော်သလောက်သာနေပါ"
"ဒါဆို မနက်ဖြန်မှ ပြန်ရအောင်နော်၊
ကောင်းတော့ အိပ်ရေးပျက်တော့မှာပဲ"
သူမအိမ်မှာဆို မွေ့ရာအထူမရှိတာကြောင့် ကောင်းအိပ်မပျော်မှာကို သူမ သိသည်။သို့သော်လည်း အဝန်းတို့နဲ့ မခွဲချင်သေးသည်မို့ ကောင်းအဆင်မပြေတာကိုသိလျက်နဲ့ နောက်ထပ်တစ်ရက်တော့ ကောင်းကို ခက်ခဲအောင်လုပ်မိပြီ။
"အကွေးရှိတာပဲကို..." လို့ ပြောပြီး ကောင်းက အကွေးကို ပြန်ဖက်ထားလေသည်။
"အဟမ်း !!"
"အဟမ်း ဟမ်း...."
ရောင်နီဝန်းရဲ့ အကြည့်ကြောင့် ကောင်းကပါ ချောင်းဆိုးလာသည်မို့ အကွေးလည်း အဝန်းကို အူကြောင်ကြောင်နဲ့ ကြည့်နေလိုက်သည်။ ကောင်းကို ဖက်ထားတဲ့ လက်တွေကတော့ မဖြုတ်သေး။
"သွားတိုက်မို့၊ ဖယ်ကြဦး..."
"အင်း.."
အကွေးက ခေါင်းငြိမ့်ပြပြီး ကောင်းကို ဖက်ထားလျှက်ကပင် နေရာကနေ အနည်းငယ်တိုးပေးသည်မို့ အဝန်းက အကွေးတို့ကို မျက်ခုံးပင့်ပြီးကြည့်လိုက်သည်။ထိုအခါမှာ အကွေးကလည်း အဝန်းဆီကို မျက်ခုံးလေးတွေ ပင့်လိုက်၊မျက်မှောင်လေးကျုံ့လိုက်နဲ့ကြည့်နေသည်။
သူတို့မောင်နှမ နှစ်ယောက်ကြားမှာ ကောင်း အနေခက်တာတော့အမှန်ပါ။ အကွေးလက်ကလေးကို ဖယ်ဖြုတ်လိုက်လျှင်လည်း အကွေးက တွေးနေဦးမှာ။ သူမအတွေးတွေထဲမှာ မဟုတ်တာတွေမပါလာစေချင်၊ တွေးရင်းနဲ့လည်း သူမကို မပင်ပန်းစေချင်သည်မို့ ကောင်း သူမလက်တွေကိုမဖယ်မိ။
ယောက်ဖဆီကလည်း အကြည့်က မခွာရဲ။ ကိုယ့်မိန်းမက ဖက်တာကို ခံရပေမယ့်လည်း ယောက်ဖက မျက်မှာင့်ကျုံ့ကြည့်နေတော့ မျက်နှာပူရသည်။ သို့သော်လည်း မျက်နှာပူပူနဲ့ မိန်းမဆီကနေ အဖက်ခံပြီး ယောက်ဖဖြစ်သူကို ကြည့်နေလိုက်သည်။
"အဝန်းရေ စာလာတယ်"
အိမ်ရှေ့က အလင်းရဲ့အသံကြောင့် အဝန်းက အိမ်ရှေ့ကို ဝင်သွားသည်။ အကွေးကလည်း ကောင်းကို ဖက်ထားရာမှ ခွာပြီး အဝန်းနောက်က ထပ်ချက်မကွာလိုက်သွားသည်မို့ ကောင်းလည်း သူတို့မောင်နှမနဲ့မလှမ်းမကမ်းကပင် လိုက်လာပြီး မီးဖိုထဲဝင်ကာ အကွေးအတွက် မနက်စာလုပ်ပေးနေလိုက်သည်။
ကောင်း ထမင်းပန်းကန်ကို ကိုင်ပြီး အပြင်ထွက်လာသည့် အချိန်မှာ...
"ဒါဆို ရုပ်ရှင်သွားကြည့်ရမှာပဲ"
စာရွက်ကို ကိုင်ထားတဲ့ အလင်းက ဆရာမကြီးလေသံနှင့်ပြောသည်။ ဒါကို အကွေးက အူကြောင်ကြောင်နဲ့ မျက်လုံးလေးတွေငြိမ်ပြီး အလင်းလက်ထဲက စာရွက်ကို ကြည့်နေသည်။
သူမတို့ရဲ့အကိုကြီး ရောင်နီဝန်းကတော့ဖြင့် ထမင်းစားတဲ့စားပွဲမှာ ထိုင်နေပြီး ငြိမ်သက်နေသည်။
"မှောင်ရိပ်ဆိုတာ၊ အရှင်းလင်းဆုံး၊
မြင်ရပါများ၊ မျက်နှာတော်အား၊
အမှောင်ထဲတွင်သာ၊ မီးရှူးတန်ဆောင် ထွန်းပြောင်လို့ငြီး၊ ဖူးငဲ့ မြင်ချင် လှလွန်း၏။
နေရာပါးမှာ၊ နေ့မှောင်ညရိပ်
ထင်သည့်ခါဝယ်၊ ငေးကြည့်ချင်လွန်းသည်။
မဝံ့ရဲသူဖို့၊ မျှော်လင့်ချက်သည်
ယနေ့မှာသာ၊ ရှိသည်ခါမို့
သုံးချိန်သုံးချက်၊ မကွယ်ဝှက်တမ်း
စောင့်ဆိုင်းမည်မို့၊ လာမည်ကို မျှော်လျက်နဲ့ မမျှော်ရက်နိုင်ပါ။"
အကွေးရွတ်တဲ့ ထိုစာသားကို ကောင်းနားမလည်ပါ။
"ဒါဆို....ဘယ်သူဖြစ်မလဲ"
"အဝန်းစာပို့နေတဲ့ သူများလား၊"ထိုသို့ပြောပြီး အလင်းက အဝန်းဆီသို့ တိုးသွားကာ....
"သွားမှာလား ရုပ်ရှင်ရုံကို..."ဟု မေးသည်။
"ခဏလေး..ငါ့မှာ အဝတ်တွေပါမလာဘူး အလင်း၊
ငါဘယ်လိုလုပ်ရမလဲဟင်"
"နင့်ကို ချိန်းတာမှမဟုတ်တာ။
နင်က ဘာလိုက်လုပ်မှာလဲ...အဝန်းပဲ သွားရင်ရပြီကို။ရုပ်ရှင်ပြတဲ့ သုံးချိန်လုံး စောင့်နေမှာဆိုတော့ အဝန်း နင်သွားသင့်တယ်။"
အလင်းက ထုံးစံအတိုင်းဆရာမကြီးလုပ်ပြီး အဝန်းရဲ့စာကို အဆုံးအဖြတ်လုပ်ပေးနေသည်။သို့သော်လည်း အဝန်းက မလှုပ်မယှက်ငြိမ်သက်နေသည်။အကွေးကတော့ အလင်းမျက်နှာကို ကြည့်နေပြီး....
"ရုပ်ရှင်ရုံ ဆိုတာ နင်ဘယ်လိုသိလဲ အလင်း" ဟု မေးသည်။
တကယ်တမ်းစာထဲမှာက အထက်ပါ ကဗျာလိုလို၊ အလင်္ကာလိုလို၊ လေးလုံးစပ်လိုလိုသာရေးထားတဲ့ စာပုဒ်လေးပဲပါသည်။ ဒါကို ဖတ်ပြီး အလင်းက ချက်ချင်းပဲ ရုပ်ရှင်ရုံဟုပြောသည်။ပြီးတော့ ဒီစာကိုဘယ်သူပို့လဲဆိုတာ မပါပေမယ့်လည်း အဝန်းရဲ့ချစ်သူလို့ အလင်းက ကောက်ချက်ချနေသည်။အကွေးလုံးဝကို လိုက်လို့မမှီတော့။ထို့ကြောင့် အကွေးဆီမှာ မေးခွန်းတွေများနေလေသည်။
အကွေးရဲ့အမေးကို အလင်းက တစ်ချက်ပြုံးပြပြီး....
"နေ့ဘက်မှာ မှောင်တဲ့နေရာ၊ သုံးချိန်သုံးချက်ဆိုတော့ သုံးခါပြတဲ့ရုပ်ရှင်ရုံကလွဲပြီးဘယ်နေရာဖြစ်လဲ။ ပြီးတော့ ငါတို့ ရမည်းသင်းမှာ ရုပ်ရှင်ရုံက တစ်ရုံပဲရှိတယ်။ အဲ့တော့ အသေအချာ အဲ့နေရာပဲလေ....ခေါင်းသုံး ခေါင်းသုံး။"
အကွေးရဲ့ နားထင်လေးကို လက်သည်းအရှည်လေးနဲ့ ထိုးရင်း အလင်းကရှင်းပြသည်။
"ဒါဆို အဝန်းစာပို့နေကျ သူဆိုတာကို နင်ဘယ်လိုသိလဲ...."
အကွေးရဲ့ မေးခွန်းကလည်း အဆုံးမသတ်သေးသလို၊ အလင်းရဲ့ ဆရာမကြီးအပြုံးကလည်း မပျက်သေးပဲ....အဝန်းရဲ့ မေးအောက်ကို အလင်းရဲ့လက်ဖဝါးနုနုလေးက ထိုးခံရင်း....
"ဒီစာရွက်မြင်ပြီး ဒီလိုဖြစ်သွားတဲ့၊
ဒီမျက်နှာကြောင့်ပေါ့...."
"ဟင်..."
အကွေးက အဝန်းမျက်နှာကို ကြည့်ရင်းနဲ့ အဝန်းရဲ့ဘေးက ထိုင်ခုံမှာ ဝင်ထိုင်သည်။ ပြီးနောက် သူမရဲ့ လက်သေးသေးလေးတွေနဲ့ အဝန်းရဲ့ပါးပြင်ကို ထိတွေ့ပြီး..."မျက်နှာလည်း မသစ်ဘူး" ဟု ဆိုကာ နှာခေါင်းလေး ချုံ့သည်။
အကွေးစကားကြောင့် အဝန်းမှာ မှိုင်ထွေရာမှ ရယ်ပြလိုက်ရသည်။
"နင်လည်း အရင်က သွားမတိုက်ပါဘူး အကွေးရာ.."
"အခုတိုက်တယ်လေ၊ ဒီမှာ ကြည့်လိုက်"
အဝန်းကို သွားစေ့ပြနေတဲ့ အကွေးကြောင့် အလင်းစိတ်ညစ်သွားသည်။ ဒီအမဟာ ဘယ်တော့မှ ဦးတည်ရာမရှိ၊ ရောက်တတ်အရာရာတွေ ပြောတတ်လွန်းသည်။ အခုပဲ ကြည့် အဝန်းရဲ့အကြောင်းကနေ သူမရဲ့ သွားတွေဆီကို အာရုံရောက်သွားပြန်သည်။ အဝန်းကလည်း မှိုင်ထွေနေရာကနေ အကွေးကြောင့်နဲ့ ရယ်မောသွားသည်။ အလင်းတစ်ယောက်ပဲ စာကိစ္စကို အာရုံရှိတော့သည်။
ထို့ကြောင့် အလင်းဘက်က အလျော့မပေးပဲ...
"ငါတို့ မန်းဆေးမှာ ပုံပြင်တစ်ပုဒ်ရှိတယ်၊
မြန်မာစာ အရမ်းတော်တဲ့ သူနှစ်ယောက်၊စီနီယာ ဂျူနီယာ ဆက်ဆံရေးနဲ့ ကဗျာတွေ ပတ်ပျိုးတွေ သီချင်းကြီးတွေအထိ တွဲဖက်ညီညီ ရေးဖွဲ့သီဆို ဆွေးနွေးကြရင်း အရမ်းတွဲဖက်ညီတဲ့ လူနှစ်ယောက်ရှိတယ်။တစ်နှစ်ပဲ... အဲ့ဒီတစ်နှစ်အတွင်းမှာရှိခဲ့တဲ့ သူတို့ရဲ့ဆက်ဆံရေးကို ငါတို့တက္ကသိုလ်ကသူတွေအစဥ်အဆက်ပြန်ပြီး လက်ဆင့်ကမ်းပြောပြရတဲ့ ထိ ထူးခြားခဲ့တာ။နောက်တစ်နှစ်မှာတော့ ဘယ်လိုကြောင့်လဲတော့မသိဘူး နှစ်ယောက်ထဲက တစ်ယောက်က ငါတို့ကျောင်းကနေ ထွက်သွားခဲ့တယ်။ ကျန်ခဲ့တဲ့တစ်ယောက်ကတော့ ပုံမှန်အတိုင်းပဲ ကျောင်းပြီးအောင် တတ်ခဲ့တယ်လို့ ကြားတယ်"
အလင်းရဲ့ စကားအရှည်ကြီးကြောင့် အဝန်းရင်မောရသည်။အကွေးရဲ့ မေးခွန်းတွေကို အဝန်းမကြားချင်သေး။ ထို့ကြောင့် အဝန်းစကားလမ်းကြောင်းပြောင်းဖို့လုပ်လိုက်သည်။
"ရုပ်ရှင်သွားကြည့်ရအောင် အကွေး၊
ကလေးတွေ ရုပ်ရှင်မကြည့်ဖူးဘူးမဟုတ်လား။
ငါတို့ အကုန်လုံး သွားရအောင်၊ first memoryက အရမ်းအရေးပါတယ်။"
"ခဏ ခဏ.....အလင်းရဲ့ စကားကဘာလဲ၊
ဘယ်သူနဲ့ ဘယ်သူ့ကို ပြောတာလဲ...နင်လား..."
အဝန်းဆီကို မျက်လုံးတွေဝိုင်းပြီး မေးတဲ့ ထိုအမေး။ အကွေးရဲ့မေးခွန်းတွေကို သဘောကျခဲ့ပေမယ့် ဒီအမေးကိုတော့ဖြင့် အဝန်းမှာ သဘောမကျနိုင်ဖြစ်ရသည်။
"ငါလား"
"အင်း"
အဝန်းက ငါလားလို့ ပြန်မေးတော့ အကွေးက ခေါင်းတဆတ်ဆတ်ညိမ့်ပြီး "အင်း"ချသည်။
"မဖြစ်နိုင်တာ။....ဟိုတစ်နေ့က အလင်းဂါဝန်လေးဝယ်လာတာငါတွေ့တယ်၊ အဲ့ဒီထဲက ငါစဥ်းစားနေတာ အကွေးနဲ့သာဆိုရင် အရမ်းလိုက်မှာပဲလို့"
"ဟုတ်လား..."
"အင်း အဖြူရောင် ဇာဂါဝန်လေး၊
တော်တော်လှတယ်ဟ"
"ဇာဆိုတော့ အပေါက်တွေနဲ့ပေါ့ ဖြစ်ပါ့မလား"
လွန်ခဲ့တဲ့ ၂ရက်ကမှ ဝယ်လာတဲ့ ဂါဝန်ဆီကို အကိုနဲ့အမနဲ့က အာရုံရောက်လာသည်မို့ အလင်းချက်ချင်းပင် အိမ်ပေါ်ကို ပြေးတက်သည်။ နောက်က အကွေးကလည်း ချက်ချင်းပဲလိုက်လာသည်။ အကွေးနဲ့ နောက်မှာ အဝန်းလည်း လိုက်လာလိမ့်မည်။ဒီလိုနဲ့ သူတို့မောင်နှမ သုံးယောက် အိမ်အပေါ်ထပ်မှာ ဂါဝန်လုကြရသည်။
"မလုပ်ပါနဲ့ဟ...ငါမှာ နှမြောမြောနဲ့ဝယ်ထားရတာ"
အလင်း ဂါဝန်လေးကို ဖွက်ထားရင်း အကိုနဲ့အမကို အသနားခံမိသည်။ ငယ်ငယ်က အကွေးက ဂါဝန်မဝတ်ပါ။ အလင်းရဲ့ အင်္ကျီတွေကိုလည်း စိတ်မဝင်စား။ သူမစိတ်ဝင်စားတာက အဝန်းရဲ့ T_shirtတွေ၊ Teeတွေ။ အဝန်းဝတ်လို့ အင်္ကျီလေးက လှနေရင် နောက် ရက်သိပ်မကြာခင်မှာပဲ ထိုအင်္ကျီဟာ အကွေးရဲ့ကိုယ်ပေါ်ကို ရောက်နေတတ်သည်။အခုလည်း ဂါဝန်လေးကို အကွေးမမြင်မှရမည်။ မဟုတ်ရင် ဒီဂါဝန်သည် အကွေးအတွက်ဖြစ်သွားလိမ့်မည်။
အကိုဖြစ်သူကလည်း အလင်းနဲ့အကွေးနဲ့ဆို အကွေးဘက်ကပါသည်မို့ အလင်းမှာ အားကိုးရာမဲ့သည်။
"အယ် လှတယ်ဟ..."
ဆတ်ခနဲဆွဲပြီး အခန်းပြင်ထွက်ကာ အပေါ်ထပ်ရှိ မှန်တံခါးရှေ့မှာ အင်္ကျီလေးကို ကိုယ်နဲ့ကပ်ပြီးကြည့်နေတဲ့ လခြမ်းကွေး။
"၃၅၀၀၀ပေးထားရတာပါ အကွေးရာ၊
ငါ့ကို သနားစမ်းပါ။"
ပြောပြီး အင်္ကျီသွားလုဖို့ လုပ်ပေမယ့်လည်း အဝန်းက နောက်ကနေပြီး အလင်းကို လှမ်းဆွဲထား၏။
အင်္ကျီလေးကို ကိုယ်နဲ့ကပ်ပြီး မှန်ကိုစိတ်ကြိုက်ကြည့်ပြီးသည့်နောက်မှာတော့ အကွေးက အလင်းတို့ဘက်ကို လှည့်လာပြီး....
"ငါ ဝတ်လိုက်မယ် "ဟု ဆိုသည်။
"အင်း နင်နဲ့မှလှတာ အကွေး၊
သွားဝတ်လိုက် သွား သွား..."
လည်ပင်း လေးထောင့်အပြဲနဲ့ ပိတ်ဖောက်ဇာပုံစံမျိုး နူးနူးညံ့ညံ့နဲ့ ပါးလှပ်လှပ် ဂါဝန်လေးက အကွေးဆို ပေါင်လယ်လောက်သာရှိသည်။ အကွေးဂါဝန်ဝတ်တာကို မြင်ဖူးပေမယ့်လည်း ဒီလို အတိုလေးတွေဝတ်တာမျိုးကို အဝန်းတစ်ခါမှ မမြင်ဖူးပါ။တောက်လျှောက်မှာ အကွေးက အမြဲ အရှည်တွေသာ ဝတ်တတ်သည်မို့ အကွေးရဲ့ခြေသလုံးဟာ မြင်ဖူးသမျှထဲမှာ ဂိတ်ဆုံးမို့ ညီမဖြစ်သူရဲ့ ပေါင်တံလေးကို မြင်ဖူးချင်လှသည်။
အလင်းကတော့ မမြင်ချင်မှ အဆုံး အတို အကပ်တွေဝတ်တတ်ပြီး အရပ်နဲ့မှမလိုက် cuteဖြစ်ချင်သည်မို့ အလင်းတစ်ကိုယ်လုံးမှာ အဝန်းမမြင်ဖူးတဲ့ နေရာဆိုလို့ ၂နေရာသာရှိသည်။ မြန်မာဝတ်စုံဝတ်လျှင်တောင်မှ အကွေးက ရင်ဖုံးလက်ရှည်နှင့် ချိတ်တပ်စကတ်ကိုဝတ်သည်။အလင်းက လက်ပြတ်၊ခါးတိုနဲ့ ဖိစကတ်ဆိုလား...သူမရဲ့ခန္ဓာကိုယ် ကောက်ကြောင်းကို ပေါ်လွင်စေသည်များကိုသာဝတ်ဆင်တတ်သည်။ ညီမနှစ်ယောက်ဟာ တစ်နေရာလေးမှ မတူသည်မို့ အဝန်းမှာလည်း တစ်ယောက်ကို ပုံစံတစ်မျိုးနဲ့ ထိန်းကြောင်းရတာ ရင်မောရသည်။
အကွေးတုန်းကလည်း အူလို့၊ အလင်းကျတော့လည်း လည်လွန်းလို့နဲ့ သူ့မှာ ရင်မအေးရ။
အကွေး အောက်ဆင်းသွားတော့ ကောင်းကချက်ချင်းပင်...
"အကွေး ထမင်းစားရအောင်" ဟု ခေါ်သည်။
"ခဏလေး ကောင်း..."
သူမ အခန်းထဲကိုဝင်သွားပြီး အခန်းတံခါးကိုပါ ပိတ်သွားသည်။
"နင် ပြန်ပေးရမယ်မှတ်ပါ။
နင့်အိတ်ထဲက ငါရအောင်နှိုက်ပြမယ်"
"ရရင် ယူပါဟာ...ဟားးဟားးးး...."
အလင်းကို အနိုင်ပိုင်းရတာကို အဝန်းတော်တော်လေး သဘောကျနေသည်။
အလင်းနဲ့အဝန်း အောက်ထပ်ကို ပြန်ဆင်းလာတဲ့အချိန်မှာ ထမင်းစားဝိုင်းမှာ တင်ထားခဲ့တဲ့ စာရွက်လေး မရှိတော့သည်ကို အဝန်းသတိထားမိလိုက်သည်။သို့သော်လည်း ဘာမှ မဖြစ်ချင်ယောင်ဆောင်ပြီး ထမင်းစားနေလိုက်သည်။ အလင်းကို ကြည့်ရတာလည်း အင်္ကျီကိစ္စကြောင့်ဖြစ်မည်...အဝန်းရဲ့ကိစ္စကို အာရုံမရှိတော့။
အမွှာလေးတွေ ထမင်းစားလို့ပြီးသွားပြီ။ အဝန်းတို့စားတာကလည်း တစ်ဝက်ကျိုးနေပြီ အကွေးက အခုထိ အခန်းထဲကနေမထွက်လာသေး။
"အကွေး အစာလွန်မယ်၊ စားလှည့်တော့..."
တစ်မနက်လုံးငြိမ်နေတဲ့ အကွေးအဖေက အကွေးကို လှမ်းခေါ်သည်။ကောင်းကတော့ ကလေးတွေကို ခုံပေါ်ကနေ ချပေးပြီး ကွပ်ပျစ်ပေါ်ကို ထိုင်စေသည်။
အကွေး အသံမထွက်လာသည်မို့ ကောင်းကပဲ ပြောစရာရှိသည်ကို ပြောဖို့လုပ်လိုက်သည်။
"အဖေတို့ကို ခွင့်တောင်းတယ်ပဲပြောရမလားမသိဘူး...ကျွန်တော်တို့မိသားစု နောက်အပတ်ဆို ပြင်သစ်ကို သွားတော့မယ်။"
"ဟေ..."
"ဘယ်လိုဖြစ်တာတုန်း ကောင်းရဲ့"
အကွေး အမေက ထမင်းဝိုင်းကနေ ကောင်းဆီသို့ ကြည့်ရင်း မေးသည်။
အကွေးရဲ့အကိုနဲ့ညီမကလည်း ကောင်းရဲ့စကားကြောင့် စားလက်စ ထမင်းလုတ်ပင် ပြုတ်ကျသည်အထိ အံ့သြနေသည်။ဒါကြောင့် ကောင်း ခပ်မြန်မြန်ပဲ အကြောင်းပြချက်ကို ပြောပြရသည်။
"ကျွန်တော်က ပြင်သစ်အသင်းနဲ့စာချုပ်ချုပ်လိုက်ပြီ၊အဲ့တာကြောင့် မိသားစုလိုက် ပြင်သစ်မှာ ၇နှစ်လောက်တော့ သွားနေရမယ်။ အကွေးတို့ကို စိတ်ချပါ...ကျွန်တော်အကောင်းဆုံး ဂရုစိုက်မှာပါ။ကြိုပြိီးမပြောဘူးဆိုတာကလည်း ကျွန်တော့်အခြေအနေကမသေချာလို့ အခုသေချာမှပဲပြောလိုက်တဲ့သဘောပါ။ကတိုက်ကရိုက်ဖြစ်သွားရင် တောင်းပန်ပါတယ်"
"မဟုတ်တာ ကောင်းရယ်၊
မင်းမှာလည်း မင်းအကြောင်းပြချက်နဲ့ မင်းကို၊တောင်းပန်စရာမလိုပါဘူးကွယ်"
ကောင်းစကားပြောရင် တစ်ဖက်သူက မလိုက်လျောပဲ မနေနိုင်။ကောင်းက စကားပြော အင်မတန်ညက်သည်ဟု အဝန်းကောက်ချက်ချမိသည်။အသက်ငယ်ပေမယ့် ကောင်းက ရင့်ကျက်သည်၊မာနကြီးသည်။ ဒီလိုဆို စိတ်ချထားလို့ ရပါ့မလားဆိုတာကတော့ အဝန်းဘက်က အဆုံးထိမယုံရဲသေး။
အရင်ကမှ တစ်နိုင်ငံတည်း နေရာချင်းသိပ်မဝေးလို့ ချက်ချင်းဆို ချက်ချင်း သွားတွေ့နိုင်သည်။အခုဟာက နိုင်ငံနှစ်ခုကြား အကွာအဝေးက မိုင်ပေါင်း၅၃၁၈မိုင်ကွာဝေးသည်ဟု အဝန်းစိတ်ထဲက တွက်ချက်နေမိသည်။
လေယာဥ်စီးမယ်ဆိုလျှင်တောင်မှ မြန်မာနိုင်ငံနဲ့ပြင်သစ်က တိုက်ရိုက်လေယာဥ်မရှိ။ မြန်မာကနေ ပဲရစ်၊ထိုမှတဆင့် ပြင်သစ်ကို ခရီးဆက်ရမည်။ ကူးတာပြောင်းတာနဲ့ဆို အချိန်က နာရီ ၂၀နီးပါး ကြာမည်။အဝေးမှာ ငအူသာ အူကြောင်ကြောင်တွေလုပ်နေရင် အဝန်းချက်ချင်းလိုက်သွားလျှင်တောင်မှ နောက်ကျနိုင်သည်မို့....
"မင်းပဲ သွားလို့မရဘူးလား"
အသေအချာတွက်ချက်ပြီးမှ အဝန်း ဒီအမေးကို မေးခြင်းဖြစ်သည်။
သို့သော်လည်း အဝန်းရဲ့ဒီအမေးကို ကောင်းကမျက်နှာပျက်သွားသည်။ ထိုအချိန်မှာပဲ အခန်းထဲကနေ ထွက်လာတဲ့ လခြမ်းကွေးက...
"ငါက ကောင်းနဲ့လိုက်သွားမှာ"
"မဟုတ်သေးဘူး အကွေး..."
ခေါင်းယမ်းကာ ထိုသို့ပြောပြီး အကွေးရှိရာသို့လှည့်ကြည့်လိုက်သည့် အချိန်မှာ အဝန်းစကားဆက်မပြောနိုင်အောင် ဖြစ်သွားရသည်။
ဘာမှလိမ်းခြယ်ထားခြင်းမရှိသည့်တိုင် သွေးကြောတို့၏ ယှက်ဖြာမှု၊ အကြောတို့၏ စိမ်းစိုမှုနှင့်အတူ မျက်နှာပြင်နှင့် လည်တိုင်ကျော့ကျော့ဟာ ကျော့ရှင်းနေလေသည်။ အင်္ကျီလည်ပင်းက လက်မောင်း အစထိ ကျယ်သည်မို့ သူမရဲ့ လည်တိုင် အခြေသာမက ရင်ညွှန့်အထိပါ ဖွေးသန့်နေတာကိုမြင်ရသည်။
ဂုတ်ဖောင်း လက်အတိုလေးမို့ လက်တံသေးသွယ်သွယ်ဟာလည်း ဝတ်ထားတဲ့ အင်္ကျီအဖြူနှင့် အလားသဏ္ဌာန် တူစွာပင် ဖွေးရွရွဖြစ်နေသည်။ဇာပေါက်လေးတွေကနေတဆင့် မြင်နေရတဲ့ အတွင်းပိုင်း အသားလေးတွေကလည်း အင်္ကျီအဖြူနှင့်လိုက်ဖက်ညီစွာပင်။
ပေါင်လယ်ကနေ စပြီး ခြေဖဝါးအထိ အသားအရည်ဟာလည်း တပြေးတည်း ပန်းရောင်ဘက်သို့ သမ်းနေသယောင်။နိဂုံးအနေနှင့် ပြောရရင် အကွေး သိပ်ကိုချစ်စရာကောင်းနေသည်။
အဝန်းကတင်မဟုတ်ပဲ ကျန်တဲ့လူတွေပါ အကွေးကို တအံ့တသြနဲ့ ငေးမောနေကြသည်။အကွေးဒီလို ဝတ်တာက ဒီတစ်ခါပထမဆုံးအကြိမ်မို့ မွေးထားတဲ့ သူမ အမေကတောင်....
"အကွေးရယ် အသားတွေဖွေးလာလိုက်တာ" ဟု ရေ ရွတ်ရသည်အထိ။
"အင်း လှလား.."
ပြုံးရွှင်စွာနဲ့ မေးတဲ့ ထိုအမေးကို ကောင်းကလွဲပြီး အကုန်လုံးက ခေါင်းငြိမ့်ပြကြသည်။ ကောင်းကတော့ အကွေးရဲ့ဤအသွင်အပြင်အား တခါမှမမြင်ဖူးခဲ့သည့်တိုင် အကွေးရဲ့ခန္ဓာကိုယ်ကို ကြည့်နေရင်းကပင် သူ့ရင်ခုန်သံတွေ အရမ်းမြန်လာသည်။
"ကောင်း ငါလှလား"
ကောင်းရှေ့မှာ ခါးထောက်ပြီး ရပ်ကာ မေးတဲ့ထိုအမေး။ဒီတော့ ကောင်းက သတိလက်လွတ်နဲ့ပင် ခေါင်းငြိမ့်ပြမိပြီး....
"အရမ်းလှတာပဲ" လို့ပါ ထုတ်ပြောမိသည်။
ထိုအခါမှာ အကွေးက သဘောတကျနဲ့ပင် ငွေဆည်းလည်းသံလိုမျိုး သာယာစွာပင်ရယ်မောလေသည်။ကျွန်တော့်အတွက်တော့ တောတောင်အထပ်ထပ်လွှမ်းခြုံထားတဲ့ မြိုင်အလယ်ကိုရောက်သွားသလိုမျိုး။ သာယာလိုက်တာများဗျာ။
____________________
Zawgyi......
"အိပ္ေတာ့ရေအာင္၊ အိမ္ထဲဝင္ရေအာင္"
"ငါ ေကာင္းနဲ႔ပဲအိပ္ခ်င္တာ"
"ဒါဆို အေကြးအိပ္မွပဲ၊ ကြၽန္ေတာ္ အခန္းထဲလိုက္ပို႔ေပးမယ္။ အိပ္ အိပ္"
လက္တစ္ဖက္ျဖင့္ သူမေလးရဲ႕ေက်ာျပင္ကို ပြတ္သပ္ေပးၿပီး လမ္းၾကားေလးထဲ အေရွ႕အေနာက္ ေလွ်ာက္ရင္း သူမေလးကို ေခ်ာ့သိပ္ေနမိသည္။
အခ်ီခံထားရတဲ့ အေကြးကလည္း ေကာင္းရဲ႕ ခါးကို တင္းက်ပ္စြာခြထားရင္း ေကာင္းရဲ႕ပခုံးေပၚမွာေမးတင္ကာ မ်က္လုံးေလးေတြမွိတ္ထားေလသည္။ေကာင္းဆီကေန ရေနတဲ့ ကိုယ္သင္းရနံ႔ကို ရႉရႈိက္ၿပီး အိပ္ရတဲ့အရသာက ဘာနဲ႔မွမတူပဲ ေအးျမေစသည္။ေကာင္းနဲ႔သာဆိုရင္ ျပင္သစ္မဟုတ္ပဲ ငရဲျပည္ဆိုလွ်င္ေတာင္မွ အေကြးက သြားဖို႔ တစ္ခ်က္တြန္႔မွာမဟုတ္ပါ။အေၾကာင္းျပခ်က္ကရွင္းသည္...ေကာင္းပါေနလို႔ပါ။
အခ်ိန္တိုင္းမွာ ေကာင္းသာရွိရင္ အဆင္ေျပမည္ဆိုတာကို အႂကြင္းမဲ့ယုံၾကည္သည္။အခုထိ အသက္၂၀မျပည့္ေသးတဲ့ ေကာင္းက အေကြးအတြက္ေတာ့ ဒီကမာၻမွာ အယုံၾကည္ရဆုံးႏွင့္ အဆင္ေျပဆုံးသူပင္။
ဒီည ေကာင္းသာမရွိဘူးဆိုရင္ သူမ အိပ္ေပ်ာ္ပါ့မလားလို႔ေတြးမိၿပီး ဘယ္ရယ္မဟုတ္ အေၾကာင္းျပခ်က္မဲ့စြာပင္ ေကာင္းရဲ႕လည္ပင္းကို မသိမသာေလးနမ္းမိသည္။ေကာင္းကို သူမခ်စ္ေနၿပီ။ေဆာင္းနဲ႔ ကိုကိုနဲ႔ နမ္းတာကို ျမင္ဖူးသည္။ တစ္ေယာက္ႏႈတ္ခမ္းကို တစ္ေယာက္က မလႊတ္တမ္းနမ္းေနၾကတာကို သူမ အေသအခ်ာျမင္ခဲ့ဖူးသည္။သို႔ေသာ္လည္း ေကာင္းကေတာ့ ငယ္ေသးလို႔ထင္သည္။ ေကာင္းက အနမ္းေတြကို မတုန္႔ျပန္တတ္ပါ။ထို႔ေၾကာင့္ အေကြးကပဲ ေကာင္းကို သိသိသာသာေရာ၊ မသိမသာနဲ႔ပါ အနမ္းေႁခြေနရသည္။
"အိပ္ၿပီလား..."
"ဟင့္အင္း"
"မအိုက္ဘူးလား..."
"ေလးလို႔လား"
ပခုံးေပၚကေန ဖယ္ခြာၿပီး မ်က္ႏွာခ်င္းဆိုင္ေမးတဲ့ ထိုအေျပာကို ေကာင္းခ်က္ခ်င္းပဲ ေခါင္းယမ္းျပလိုက္သည္။ ေကာင္းကို ေသခ်ာစိုက္ၾကည့္ၿပီး ေကာင္းရဲ႕မ်က္ႏွာကို သူမလက္ေလးေတြနဲ႔ ကိုင္ယူကာ ေကာင္းရဲ႕ နဖူးကို အေႁခြျပန္သည္။ ဒီေန႔ အေကြးေလးဘာျဖစ္ေနပါလိမ့္လို႔ေတြးေပမယ့္လည္း ေကာင္းေက်နပ္ေနတာေတာ့ အမွန္ပါ။
"ေနာက္က်ေနၿပီ အေကြး အိပ္ေတာ့ေလ။"
"အင္း..."ဆိုၿပီး ပခုံးေပၚကို မွီတြယ္ထားတဲ့ အေကြး။
သူမေလးကို ခ်ီထားရင္းနဲ႔ ေကာင္းပုံမွန္အတိုင္း လမ္းေလွ်ာက္ေနလိုက္သည္။ အေကြးရဲ႕ အသံရႉသံမွန္မွန္ေလးကို ၾကားရသည့္အခ်ိန္ အေရာက္မွာ အိမ္ထဲျပန္ဝင္ၿပီး သူမေလးကို အခန္းထဲထားေပးရသည္။အေကြး အနားမွာ အိပ္ခ်င္သည္။သို႔ေသာ္လည္း သားနဲ႔သမီးရွိေသးသည္မို႔ စိတ္ေလ်ာ့ၿပီး အိမ္ေရွ႕ခန္းကို ျပန္လာခဲ့ရသည္။
အေကြးကေတာ့ ဘာမွမသိပဲ ၿငိမ္သက္စြာနဲ႔ အိပ္ေနသည္။ၾကည့္ေနရင္းနဲ႔ ခ်စ္ခ်င္လာသည္ေၾကာင့္ သူမ ပါးေလးကို စူးနင့္နင့္နဲ႔ အနမ္းတစ္ခ်က္ေႁခြလိုက္ၿပီး အခန္းျပင္ကို အျမန္ပဲျပန္ထြက္ခဲ့လိုက္သည္။အခ်ိန္ၾကာသြားရင္ သူမေလးကို ပိုတိုးၿပီးခ်စ္မိေနလိမ့္မည္။
သို႔ႏွင့္ ကြပ္ပ်စ္ခင္းဆီသို႔ျပန္လာသည့္ အခ်ိန္အေရာက္မွာေတာ့ အိပ္ေမာက်ေနတဲ့ သားနဲ႔သမီး မ်က္ႏွာေၾကာင့္ ေကာင္းရဲ႕စိတ္ႏွလုံးဟာလည္း ၿငိမ္ေအးသြားေစသည္။အေကြးရဲ႕ ဒီေန႔လုပ္ပုံက အႏၲရာယ္ကို ဖိတ္ေခၚေနသလိုပင္။အေကြးနားမွာ ဆက္ေနရင္ ေကာင္း အေကြးကိုနစ္နာေအာင္ တစ္ခုခု လုပ္မိႏိုင္သည္။အခုလို သားနဲ႔သမီးအနားကို ေရာက္လာမွ ေကာင္း စိတ္ေတြက ၿငိမ္ေအးရသည္။
ဒီတစ္ညေတာ့ ေကာင္း သားနဲ႔သမီးမ်က္ႏွာကို ၾကည့္ရင္း အခ်ိန္ကုန္ရသည္။ ခ်စ္ရတဲ့ အေကြးေလးကိုလည္း သြားၾကည့္ခ်င္စိတ္ေတြျဖစ္ေနသည္။သို႔ေသာ္လည္း အတတ္ႏိုင္ဆုံးထိန္းခ်ဳပ္ၿပီး အေကြးရဲ႕ ကိုယ္ပြားေလးေတြကိုပဲ ၾကည့္ရင္း အခ်ိန္ကုန္ေစလိုက္သည္။
မနက္လင္းေတာ့ ထုံစံအတိုင္း အေကြးအေမကအိပ္ရာကေန အေစာထၿပီး ခ်က္ျပဳတ္သည္။ေကာင္းလည္း မီးဖိုထဲသြားလိုက္ၿပီး လုပ္ကူေပးလိုက္သည္။
"အိမ္မွာလည္း ေကာင္းပဲခ်က္တာဆို"
"အေကြးက ကေလးေတြနဲ႔ဆိုေတာ့ ကြၽန္ေတာ္ပဲ ခ်က္ေပးလိုက္တာပါ။အေထြအထူးေတာ့ မဟုတ္ပါဘူး အေမရ၊ ဒီတိုင္း ႐ိုးရွင္းတဲ့ဟင္းေတြပါပဲ"
"ေကာင္းကသာ ႐ိုးရွင္းတဲ့ဟင္းေတြလို႔ ေျပာေနတာ၊
ေကာင္းရဲ႕အေကြးကေတာ့ အေမ့ဟင္းကိုေတာင္ မစားႏိုင္ေတာ့ဘူး။ေကာင္းေလာက္ လက္ရာမေကာင္းလို႔ေနမွာေပါ့"
"မဟုတ္တာ အေမရာ၊ အေကြးက ကြၽန္ေတာ္နဲ႔ခြဲရလို႔ သိပ္မစားတာေနမွာပါ"
ေကာင္းက ထိုသို႔႐ြန္းေဖာက္ၿပီး ၿပဳံးျပေတာ့ လျခမ္းေကြး၏ အေမသည္သေဘာတက်နဲ႔ပင္ ၿပဳံးရယ္ၿပီး ေကာင္း၏လက္ေမာင္းကို ခ်စ္စႏိုးျဖင့္ ခပ္ဖြဖြ႐ိုက္ကာ....
"ဟုတ္ေလာက္တယ္၊ မ်က္ႏွာကလည္း ညႇိဳးေနတာပဲ ေကာင္းရယ္"
"အေကြးက ကြၽန္ေတာ္နဲ႔ ေဝးလို႔မရဘူး အေမ"
"ဟားဟားးးးး....ဟုတ္ပါၿပီေတာ္၊
ကဲ ေကာင္းရဲ႕ သားသမီးေတြအတြက္ ေကာင္းပဲ ခ်က္လိုက္။သူတို႔ေလးေတြလည္း အေမခ်က္တာကို မစားၾကဘူး"
"ဟုတ္ကဲ့ အေမ..."
ေကာင္းကိုယ္တိုင္ပဲ သားနဲ႔သမီးအတြက္ မနက္စာအျပင္ အေကြးအတြက္လည္း ထမင္းေပါင္းေလး လုပ္ေပးထားလိုက္သည္။
အေကြးတို႔ အိမ္ရာကေနႏိုးလာေတာ့ မနက္၇နာရီထိုးေနၿပီ။ ညက အိပ္ရာဝင္တာေနာက္က်လို႔ျဖစ္မည္ ေရာင္ျခည္နဲ႔ေရာင္ဝါ ကေတာ့ အိပ္ရာကေန မ,ထေသး။
"အိုး ထမင္းေပါင္းလား..."
မ်က္ႏွာသစ္ရာကေန ျပန္လာတဲ့ ၾကယ္စင္လင္းဟာ စားပြဲခုံေပၚရွိတဲ့ ထမင္းေပါင္းပန္းကန္ေလးကို အနံ႔ခံရင္း ေရ႐ြတ္သည္မို႔ အေကြးလည္း မ်က္ႏွာကိုအရင္သြားမသစ္ပဲ ထမင္းဝိုင္းသို႔လာခဲ့လိုက္သည္။
"ငါ့ဟာ..."
"မသိဘူး ၊ ငါႀကိဳက္တယ္"
ေျပာေျပာဆိုဆိုနဲ႔ အလင္းကခ်က္ခ်င္းပင္ ဇြန္းေကာက္ကိုင္ၿပီး ထမင္းေပါင္းကို ယူစားသည္။
"နင္ လုပ္ျပန္ၿပီ"
အလင္းရဲ႕ ေနာက္ေက်ာကို ခပ္ျပင္းျပင္း႐ိုက္ၿပီး အေကြးရန္လုပ္လိုက္သည္။
ထိုအခ်ိန္မွာ အလင္းကလည္း အေကြးကို ျပန္႐ိုက္ဖို႔ရန္အတြက္ လက္႐ြယ္ေနသည္မို႔ ေကာင္းခ်က္ခ်င္းပင္ ၾကားျဖတ္ဝင္လိုက္ၿပီး...
"ကြၽန္ေတာ္ အသစ္လုပ္ေပးမယ္၊
အခုေတာ့ အေကြးမ်က္ႏွာသစ္ရဦးမယ္" လို႔ ေျပာၿပီး အေကြးရဲ႕ ပခုံးႏွစ္ဖက္ကို လက္နဲ႔ခပ္ဖြဖြကိုင္ၿပီး အေနာက္ထဲကို ေခၚခဲ့လိုက္သည္။
ထိုထိတိုင္ အေကြးက ေနာက္သို႔ေစာင္းငဲ့ၾကည့္ၿပီး အလင္းကို ရန္လုပ္ေနေသးသည္။အလင္းကလည္း အမျဖစ္သူကို လက္တျပျပနဲ႔ ဟန္မူပိုေနေလသည္။ဒီျမင္ကြင္းကို အိမ္ေပၚထပ္ကေန ဆင္းလာသည့္ အဝန္းလည္း အစအဆုံးျမင္လိုက္ရသည္။
ေလွကားကေန ဆင္းလာၿပီးေနာက္မွာ အဝန္းက အလင္းဆီသို႔သြားလိုက္ၿပီး အလင္းခ်ထားတဲ့ဇြန္းကို ေကာက္ကိုင္ၿပီး ထမင္းေပါင္း တစ္ဇြန္းကို ယူစားလိုက္သည္။
"ေကာင္းတယ္ဟ"
"နင္ မ်က္ႏွာမသစ္ရေသးပဲနဲ႔ အဝန္းရာ။
႐ြံစရာႀကီး...."
"နင္လည္း မ်က္ႏွာမသစ္ပဲနဲ႔ေက်ာင္းသြားခဲ့တဲ့ရက္ေတြ အမ်ားႀကီးပါအလင္းရာ"
ထိုသို႔ေျပာၿပီး အလင္းရဲ႕နဖူးကို လက္မႏွင့္လက္ခလယ္သုံးၿပီး ေတာက္ခ်လိုက္ကာ အိမ္ေနာက္ထဲကို ဝင္ခဲ့လိုက္သည္။
"အဝန္းေတာ့ ေသခ်င္ၿပီထင္တယ္"
ေနာက္မွာ က်န္ခဲ့တဲ့ အလင္းရဲ႕ႀကိမ္းဝါးသံကို ဂ႐ုမစိုက္အား၊ အိမ္အေနာက္ကို ေရာက္ဖို႔ရန္အတြက္ပဲ အဝန္း အလ်င္လိုေနသည္။ အေကြးနဲ႔သူမေယာက်ာ္း ဘာေတြမ်ား လုပ္ေနမွာလဲဆိုတာကို သူအေနနဲ႔ စိတ္တဝင္တစားျဖစ္ေနသည္။
"တပက္မရွိဘူးပဲ..."
ခ်က္ခ်င္းပဲ ေကာင္းရင္ဘက္မွာ မ်က္ႏွာလာအပ္ရင္းမ်က္ႏွာ ေရသုတ္တဲ့ အေကြး။
"နံေနမွာေပါ့ အေကြးရ"
"ေကာင္းဆီက မနံပါဘူး၊
ဒါနဲ႔ ငါ့အတြက္ မနက္စာဘာခ်က္ေပးမွာလဲဟင္.."
မ်က္ႏွာသုတ္ၿပီးသည့္တိုင္ ေကာင္းဆီကေနမခြာေသးပဲ ေကာင္းရဲ႕ ခါးကိုသူမလက္ကေလးေတြနဲ႔ သြယ္ဖက္ထားရင္း မ်က္ႏွာေလးေမာ့ကာ ေမးသည္။
"ထမင္းပဲရွိတာ။ အေကြး ထမင္းပဲစားရမွာေပါ့၊
ကြၽန္ေတာ့္အိမ္မွမဟုတ္တာ အေထြအထူးေတာ့ သြားလုပ္လို႔မရဘူးေလ...ကြၽန္ေတာ္ေျပာတာ အေကြး နားလည္တယ္မလား"
"အင္း ဘယ္ေန႔ျပန္မွာလဲဟင္"
"တစ္ပတ္အခ်ိန္ရတယ္။ ေနာက္ပတ္ စေနေန႔မွ ျပင္သစ္ကိုသြားရမွာ။ အေကြးအိမ္မွာေနခ်င္ရင္ ေနေလ...ကြၽန္ေတာ္လည္း ေရာက္ေနၿပီပဲ။ အေကြးေပ်ာ္သေလာက္သာေနပါ"
"ဒါဆို မနက္ျဖန္မွ ျပန္ရေအာင္ေနာ္၊
ေကာင္းေတာ့ အိပ္ေရးပ်က္ေတာ့မွာပဲ"
သူမအိမ္မွာဆို ေမြ႕ရာအထူမရွိတာေၾကာင့္ ေကာင္းအိပ္မေပ်ာ္မွာကို သူမ သိသည္။သို႔ေသာ္လည္း အဝန္းတို႔နဲ႔ မခြဲခ်င္ေသးသည္မို႔ ေကာင္းအဆင္မေျပတာကိုသိလ်က္နဲ႔ ေနာက္ထပ္တစ္ရက္ေတာ့ ေကာင္းကို ခက္ခဲေအာင္လုပ္မိၿပီ။
"အေကြးရွိတာပဲကို..." လို႔ ေျပာၿပီး ေကာင္းက အေကြးကို ျပန္ဖက္ထားေလသည္။
"အဟမ္း !!"
"အဟမ္း ဟမ္း...."
ေရာင္နီဝန္းရဲ႕ အၾကည့္ေၾကာင့္ ေကာင္းကပါ ေခ်ာင္းဆိုးလာသည္မို႔ အေကြးလည္း အဝန္းကို အူေၾကာင္ေၾကာင္နဲ႔ ၾကည့္ေနလိုက္သည္။ ေကာင္းကို ဖက္ထားတဲ့ လက္ေတြကေတာ့ မျဖဳတ္ေသး။
"သြားတိုက္မို႔၊ ဖယ္ၾကဦး..."
"အင္း.."
အေကြးက ေခါင္းၿငိမ့္ျပၿပီး ေကာင္းကို ဖက္ထားလွ်က္ကပင္ ေနရာကေန အနည္းငယ္တိုးေပးသည္မို႔ အဝန္းက အေကြးတို႔ကို မ်က္ခုံးပင့္ၿပီးၾကည့္လိုက္သည္။ထိုအခါမွာ အေကြးကလည္း အဝန္းဆီကို မ်က္ခုံးေလးေတြ ပင့္လိုက္၊မ်က္ေမွာင္ေလးက်ဳံ႕လိုက္နဲ႔ၾကည့္ေနသည္။
သူတို႔ေမာင္ႏွမ ႏွစ္ေယာက္ၾကားမွာ ေကာင္း အေနခက္တာေတာ့အမွန္ပါ။ အေကြးလက္ကေလးကို ဖယ္ျဖဳတ္လိုက္လွ်င္လည္း အေကြးက ေတြးေနဦးမွာ။ သူမအေတြးေတြထဲမွာ မဟုတ္တာေတြမပါလာေစခ်င္၊ ေတြးရင္းနဲ႔လည္း သူမကို မပင္ပန္းေစခ်င္သည္မို႔ ေကာင္း သူမလက္ေတြကိုမဖယ္မိ။
ေယာက္ဖဆီကလည္း အၾကည့္က မခြာရဲ။ ကိုယ့္မိန္းမက ဖက္တာကို ခံရေပမယ့္လည္း ေယာက္ဖက မ်က္မွာင့္က်ဳံ႕ၾကည့္ေနေတာ့ မ်က္ႏွာပူရသည္။ သို႔ေသာ္လည္း မ်က္ႏွာပူပူနဲ႔ မိန္းမဆီကေန အဖက္ခံၿပီး ေယာက္ဖျဖစ္သူကို ၾကည့္ေနလိုက္သည္။
"အဝန္းေရ စာလာတယ္"
အိမ္ေရွ႕က အလင္းရဲ႕အသံေၾကာင့္ အဝန္းက အိမ္ေရွ႕ကို ဝင္သြားသည္။ အေကြးကလည္း ေကာင္းကို ဖက္ထားရာမွ ခြာၿပီး အဝန္းေနာက္က ထပ္ခ်က္မကြာလိုက္သြားသည္မို႔ ေကာင္းလည္း သူတို႔ေမာင္ႏွမနဲ႔မလွမ္းမကမ္းကပင္ လိုက္လာၿပီး မီးဖိုထဲဝင္ကာ အေကြးအတြက္ မနက္စာလုပ္ေပးေနလိုက္သည္။
ေကာင္း ထမင္းပန္းကန္ကို ကိုင္ၿပီး အျပင္ထြက္လာသည့္ အခ်ိန္မွာ...
"ဒါဆို ႐ုပ္ရွင္သြားၾကည့္ရမွာပဲ"
စာ႐ြက္ကို ကိုင္ထားတဲ့ အလင္းက ဆရာမႀကီးေလသံႏွင့္ေျပာသည္။ ဒါကို အေကြးက အူေၾကာင္ေၾကာင္နဲ႔ မ်က္လုံးေလးေတြၿငိမ္ၿပီး အလင္းလက္ထဲက စာ႐ြက္ကို ၾကည့္ေနသည္။
သူမတို႔ရဲ႕အကိုႀကီး ေရာင္နီဝန္းကေတာ့ျဖင့္ ထမင္းစားတဲ့စားပြဲမွာ ထိုင္ေနၿပီး ၿငိမ္သက္ေနသည္။
"ေမွာင္ရိပ္ဆိုတာ၊ အရွင္းလင္းဆုံး၊
ျမင္ရပါမ်ား၊ မ်က္ႏွာေတာ္အား၊
အေမွာင္ထဲတြင္သာ၊ မီးရႉးတန္ေဆာင္ ထြန္းေျပာင္လို႔ၿငီး၊ ဖူးငဲ့ ျမင္ခ်င္ လွလြန္း၏။
ေနရာပါးမွာ၊ ေန႔ေမွာင္ညရိပ္
ထင္သည့္ခါဝယ္၊ ေငးၾကည့္ခ်င္လြန္းသည္။
မဝံ့ရဲသူဖို႔၊ ေမွ်ာ္လင့္ခ်က္သည္
ယေန႔မွာသာ၊ ရွိသည္ခါမို႔
သုံးခ်ိန္သုံးခ်က္၊ မကြယ္ဝွက္တမ္း
ေစာင့္ဆိုင္းမည္မို႔၊ လာမည္ကို ေမွ်ာ္လ်က္နဲ႔ မေမွ်ာ္ရက္ႏိုင္ပါ။"
အေကြး႐ြတ္တဲ့ ထိုစာသားကို ေကာင္းနားမလည္ပါ။
"ဒါဆို....ဘယ္သူျဖစ္မလဲ"
"အဝန္းစာပို႔ေနတဲ့ သူမ်ားလား၊"ထိုသို႔ေျပာၿပီး အလင္းက အဝန္းဆီသို႔ တိုးသြားကာ....
"သြားမွာလား ႐ုပ္ရွင္႐ုံကို..."ဟု ေမးသည္။
"ခဏေလး..ငါ့မွာ အဝတ္ေတြပါမလာဘူး အလင္း၊
ငါဘယ္လိုလုပ္ရမလဲဟင္"
"နင့္ကို ခ်ိန္းတာမွမဟုတ္တာ။
နင္က ဘာလိုက္လုပ္မွာလဲ...အဝန္းပဲ သြားရင္ရၿပီကို။႐ုပ္ရွင္ျပတဲ့ သုံးခ်ိန္လုံး ေစာင့္ေနမွာဆိုေတာ့ အဝန္း နင္သြားသင့္တယ္။"
အလင္းက ထုံးစံအတိုင္းဆရာမႀကီးလုပ္ၿပီး အဝန္းရဲ႕စာကို အဆုံးအျဖတ္လုပ္ေပးေနသည္။သို႔ေသာ္လည္း အဝန္းက မလႈပ္မယွက္ၿငိမ္သက္ေနသည္။အေကြးကေတာ့ အလင္းမ်က္ႏွာကို ၾကည့္ေနၿပီး....
"႐ုပ္ရွင္႐ုံ ဆိုတာ နင္ဘယ္လိုသိလဲ အလင္း" ဟု ေမးသည္။
တကယ္တမ္းစာထဲမွာက အထက္ပါ ကဗ်ာလိုလို၊ အလကၤာလိုလို၊ ေလးလုံးစပ္လိုလိုသာေရးထားတဲ့ စာပုဒ္ေလးပဲပါသည္။ ဒါကို ဖတ္ၿပီး အလင္းက ခ်က္ခ်င္းပဲ ႐ုပ္ရွင္႐ုံဟုေျပာသည္။ၿပီးေတာ့ ဒီစာကိုဘယ္သူပို႔လဲဆိုတာ မပါေပမယ့္လည္း အဝန္းရဲ႕ခ်စ္သူလို႔ အလင္းက ေကာက္ခ်က္ခ်ေနသည္။အေကြးလုံးဝကို လိုက္လို႔မမွီေတာ့။ထို႔ေၾကာင့္ အေကြးဆီမွာ ေမးခြန္းေတြမ်ားေနေလသည္။
အေကြးရဲ႕အေမးကို အလင္းက တစ္ခ်က္ၿပဳံးျပၿပီး....
"ေန႔ဘက္မွာ ေမွာင္တဲ့ေနရာ၊ သုံးခ်ိန္သုံးခ်က္ဆိုေတာ့ သုံးခါျပတဲ့႐ုပ္ရွင္႐ုံကလြဲၿပီးဘယ္ေနရာျဖစ္လဲ။ ၿပီးေတာ့ ငါတို႔ ရမည္းသင္းမွာ ႐ုပ္ရွင္႐ုံက တစ္႐ုံပဲရွိတယ္။ အဲ့ေတာ့ အေသအခ်ာ အဲ့ေနရာပဲေလ....ေခါင္းသုံး ေခါင္းသုံး။"
အေကြးရဲ႕ နားထင္ေလးကို လက္သည္းအရွည္ေလးနဲ႔ ထိုးရင္း အလင္းကရွင္းျပသည္။
"ဒါဆို အဝန္းစာပို႔ေနက် သူဆိုတာကို နင္ဘယ္လိုသိလဲ...."
အေကြးရဲ႕ ေမးခြန္းကလည္း အဆုံးမသတ္ေသးသလို၊ အလင္းရဲ႕ ဆရာမႀကီးအၿပဳံးကလည္း မပ်က္ေသးပဲ....အဝန္းရဲ႕ ေမးေအာက္ကို အလင္းရဲ႕လက္ဖဝါးႏုႏုေလးက ထိုးခံရင္း....
"ဒီစာ႐ြက္ျမင္ၿပီး ဒီလိုျဖစ္သြားတဲ့၊
ဒီမ်က္ႏွာေၾကာင့္ေပါ့...."
"ဟင္..."
အေကြးက အဝန္းမ်က္ႏွာကို ၾကည့္ရင္းနဲ႔ အဝန္းရဲ႕ေဘးက ထိုင္ခုံမွာ ဝင္ထိုင္သည္။ ၿပီးေနာက္ သူမရဲ႕ လက္ေသးေသးေလးေတြနဲ႔ အဝန္းရဲ႕ပါးျပင္ကို ထိေတြ႕ၿပီး..."မ်က္ႏွာလည္း မသစ္ဘူး" ဟု ဆိုကာ ႏွာေခါင္းေလး ခ်ဳံ႕သည္။
အေကြးစကားေၾကာင့္ အဝန္းမွာ မႈိင္ေထြရာမွ ရယ္ျပလိုက္ရသည္။
"နင္လည္း အရင္က သြားမတိုက္ပါဘူး အေကြးရာ.."
"အခုတိုက္တယ္ေလ၊ ဒီမွာ ၾကည့္လိုက္"
အဝန္းကို သြားေစ့ျပေနတဲ့ အေကြးေၾကာင့္ အလင္းစိတ္ညစ္သြားသည္။ ဒီအမဟာ ဘယ္ေတာ့မွ ဦးတည္ရာမရွိ၊ ေရာက္တတ္အရာရာေတြ ေျပာတတ္လြန္းသည္။ အခုပဲ ၾကည့္ အဝန္းရဲ႕အေၾကာင္းကေန သူမရဲ႕ သြားေတြဆီကို အာ႐ုံေရာက္သြားျပန္သည္။ အဝန္းကလည္း မႈိင္ေထြေနရာကေန အေကြးေၾကာင့္နဲ႔ ရယ္ေမာသြားသည္။ အလင္းတစ္ေယာက္ပဲ စာကိစၥကို အာ႐ုံရွိေတာ့သည္။
ထို႔ေၾကာင့္ အလင္းဘက္က အေလ်ာ့မေပးပဲ...
"ငါတို႔ မန္းေဆးမွာ ပုံျပင္တစ္ပုဒ္ရွိတယ္၊
ျမန္မာစာ အရမ္းေတာ္တဲ့ သူႏွစ္ေယာက္၊စီနီယာ ဂ်ဴနီယာ ဆက္ဆံေရးနဲ႔ ကဗ်ာေတြ ပတ္ပ်ိဳးေတြ သီခ်င္းႀကီးေတြအထိ တြဲဖက္ညီညီ ေရးဖြဲ႕သီဆို ေဆြးေႏြးၾကရင္း အရမ္းတြဲဖက္ညီတဲ့ လူႏွစ္ေယာက္ရွိတယ္။တစ္ႏွစ္ပဲ... အဲ့ဒီတစ္ႏွစ္အတြင္းမွာရွိခဲ့တဲ့ သူတို႔ရဲ႕ဆက္ဆံေရးကို ငါတို႔တကၠသိုလ္ကသူေတြအစဥ္အဆက္ျပန္ၿပီး လက္ဆင့္ကမ္းေျပာျပရတဲ့ ထိ ထူးျခားခဲ့တာ။ေနာက္တစ္ႏွစ္မွာေတာ့ ဘယ္လိုေၾကာင့္လဲေတာ့မသိဘူး ႏွစ္ေယာက္ထဲက တစ္ေယာက္က ငါတို႔ေက်ာင္းကေန ထြက္သြားခဲ့တယ္။ က်န္ခဲ့တဲ့တစ္ေယာက္ကေတာ့ ပုံမွန္အတိုင္းပဲ ေက်ာင္းၿပီးေအာင္ တတ္ခဲ့တယ္လို႔ ၾကားတယ္"
အလင္းရဲ႕ စကားအရွည္ႀကီးေၾကာင့္ အဝန္းရင္ေမာရသည္။အေကြးရဲ႕ ေမးခြန္းေတြကို အဝန္းမၾကားခ်င္ေသး။ ထို႔ေၾကာင့္ အဝန္းစကားလမ္းေၾကာင္းေျပာင္းဖို႔လုပ္လိုက္သည္။
"႐ုပ္ရွင္သြားၾကည့္ရေအာင္ အေကြး၊
ကေလးေတြ ႐ုပ္ရွင္မၾကည့္ဖူးဘူးမဟုတ္လား။
ငါတို႔ အကုန္လုံး သြားရေအာင္၊ first memoryက အရမ္းအေရးပါတယ္။"
"ခဏ ခဏ.....အလင္းရဲ႕ စကားကဘာလဲ၊
ဘယ္သူနဲ႔ ဘယ္သူ႔ကို ေျပာတာလဲ...နင္လား..."
အဝန္းဆီကို မ်က္လုံးေတြဝိုင္းၿပီး ေမးတဲ့ ထိုအေမး။ အေကြးရဲ႕ေမးခြန္းေတြကို သေဘာက်ခဲ့ေပမယ့္ ဒီအေမးကိုေတာ့ျဖင့္ အဝန္းမွာ သေဘာမက်ႏိုင္ျဖစ္ရသည္။
"ငါလား"
"အင္း"
အဝန္းက ငါလားလို႔ ျပန္ေမးေတာ့ အေကြးက ေခါင္းတဆတ္ဆတ္ညိမ့္ၿပီး "အင္း"ခ်သည္။
"မျဖစ္ႏိုင္တာ။....ဟိုတစ္ေန႔က အလင္းဂါဝန္ေလးဝယ္လာတာငါေတြ႕တယ္၊ အဲ့ဒီထဲက ငါစဥ္းစားေနတာ အေကြးနဲ႔သာဆိုရင္ အရမ္းလိုက္မွာပဲလို႔"
"ဟုတ္လား..."
"အင္း အျဖဴေရာင္ ဇာဂါဝန္ေလး၊
ေတာ္ေတာ္လွတယ္ဟ"
"ဇာဆိုေတာ့ အေပါက္ေတြနဲ႔ေပါ့ ျဖစ္ပါ့မလား"
လြန္ခဲ့တဲ့ ၂ရက္ကမွ ဝယ္လာတဲ့ ဂါဝန္ဆီကို အကိုနဲ႔အမနဲ႔က အာ႐ုံေရာက္လာသည္မို႔ အလင္းခ်က္ခ်င္းပင္ အိမ္ေပၚကို ေျပးတက္သည္။ ေနာက္က အေကြးကလည္း ခ်က္ခ်င္းပဲလိုက္လာသည္။ အေကြးနဲ႔ ေနာက္မွာ အဝန္းလည္း လိုက္လာလိမ့္မည္။ဒီလိုနဲ႔ သူတို႔ေမာင္ႏွမ သုံးေယာက္ အိမ္အေပၚထပ္မွာ ဂါဝန္လုၾကရသည္။
"မလုပ္ပါနဲ႔ဟ...ငါမွာ ႏွေျမာေျမာနဲ႔ဝယ္ထားရတာ"
အလင္း ဂါဝန္ေလးကို ဖြက္ထားရင္း အကိုနဲ႔အမကို အသနားခံမိသည္။ ငယ္ငယ္က အေကြးက ဂါဝန္မဝတ္ပါ။ အလင္းရဲ႕ အက်ႌေတြကိုလည္း စိတ္မဝင္စား။ သူမစိတ္ဝင္စားတာက အဝန္းရဲ႕ T_shirtေတြ၊ Teeေတြ။ အဝန္းဝတ္လို႔ အက်ႌေလးက လွေနရင္ ေနာက္ ရက္သိပ္မၾကာခင္မွာပဲ ထိုအက်ႌဟာ အေကြးရဲ႕ကိုယ္ေပၚကို ေရာက္ေနတတ္သည္။အခုလည္း ဂါဝန္ေလးကို အေကြးမျမင္မွရမည္။ မဟုတ္ရင္ ဒီဂါဝန္သည္ အေကြးအတြက္ျဖစ္သြားလိမ့္မည္။
အကိုျဖစ္သူကလည္း အလင္းနဲ႔အေကြးနဲ႔ဆို အေကြးဘက္ကပါသည္မို႔ အလင္းမွာ အားကိုးရာမဲ့သည္။
"အယ္ လွတယ္ဟ..."
ဆတ္ခနဲဆြဲၿပီး အခန္းျပင္ထြက္ကာ အေပၚထပ္ရွိ မွန္တံခါးေရွ႕မွာ အက်ႌေလးကို ကိုယ္နဲ႔ကပ္ၿပီးၾကည့္ေနတဲ့ လျခမ္းေကြး။
"၃၅၀၀၀ေပးထားရတာပါ အေကြးရာ၊
ငါ့ကို သနားစမ္းပါ။"
ေျပာၿပီး အက်ႌသြားလုဖို႔ လုပ္ေပမယ့္လည္း အဝန္းက ေနာက္ကေနၿပီး အလင္းကို လွမ္းဆြဲထား၏။
အက်ႌေလးကို ကိုယ္နဲ႔ကပ္ၿပီး မွန္ကိုစိတ္ႀကိဳက္ၾကည့္ၿပီးသည့္ေနာက္မွာေတာ့ အေကြးက အလင္းတို႔ဘက္ကို လွည့္လာၿပီး....
"ငါ ဝတ္လိုက္မယ္ "ဟု ဆိုသည္။
"အင္း နင္နဲ႔မွလွတာ အေကြး၊
သြားဝတ္လိုက္ သြား သြား..."
လည္ပင္း ေလးေထာင့္အၿပဲနဲ႔ ပိတ္ေဖာက္ဇာပုံစံမ်ိဳး ႏူးႏူးညံ့ညံ့နဲ႔ ပါးလွပ္လွပ္ ဂါဝန္ေလးက အေကြးဆို ေပါင္လယ္ေလာက္သာရွိသည္။ အေကြးဂါဝန္ဝတ္တာကို ျမင္ဖူးေပမယ့္လည္း ဒီလို အတိုေလးေတြဝတ္တာမ်ိဳးကို အဝန္းတစ္ခါမွ မျမင္ဖူးပါ။ေတာက္ေလွ်ာက္မွာ အေကြးက အၿမဲ အရွည္ေတြသာ ဝတ္တတ္သည္မို႔ အေကြးရဲ႕ေျခသလုံးဟာ ျမင္ဖူးသမွ်ထဲမွာ ဂိတ္ဆုံးမို႔ ညီမျဖစ္သူရဲ႕ ေပါင္တံေလးကို ျမင္ဖူးခ်င္လွသည္။
အလင္းကေတာ့ မျမင္ခ်င္မွ အဆုံး အတို အကပ္ေတြဝတ္တတ္ၿပီး အရပ္နဲ႔မွမလိုက္ cuteျဖစ္ခ်င္သည္မို႔ အလင္းတစ္ကိုယ္လုံးမွာ အဝန္းမျမင္ဖူးတဲ့ ေနရာဆိုလို႔ ၂ေနရာသာရွိသည္။ ျမန္မာဝတ္စုံဝတ္လွ်င္ေတာင္မွ အေကြးက ရင္ဖုံးလက္ရွည္ႏွင့္ ခ်ိတ္တပ္စကတ္ကိုဝတ္သည္။အလင္းက လက္ျပတ္၊ခါးတိုနဲ႔ ဖိစကတ္ဆိုလား...သူမရဲ႕ခႏၶာကိုယ္ ေကာက္ေၾကာင္းကို ေပၚလြင္ေစသည္မ်ားကိုသာဝတ္ဆင္တတ္သည္။ ညီမႏွစ္ေယာက္ဟာ တစ္ေနရာေလးမွ မတူသည္မို႔ အဝန္းမွာလည္း တစ္ေယာက္ကို ပုံစံတစ္မ်ိဳးနဲ႔ ထိန္းေၾကာင္းရတာ ရင္ေမာရသည္။
အေကြးတုန္းကလည္း အူလို႔၊ အလင္းက်ေတာ့လည္း လည္လြန္းလို႔နဲ႔ သူ႔မွာ ရင္မေအးရ။
အေကြး ေအာက္ဆင္းသြားေတာ့ ေကာင္းကခ်က္ခ်င္းပင္...
"အေကြး ထမင္းစားရေအာင္" ဟု ေခၚသည္။
"ခဏေလး ေကာင္း..."
သူမ အခန္းထဲကိုဝင္သြားၿပီး အခန္းတံခါးကိုပါ ပိတ္သြားသည္။
"နင္ ျပန္ေပးရမယ္မွတ္ပါ။
နင့္အိတ္ထဲက ငါရေအာင္ႏႈိက္ျပမယ္"
"ရရင္ ယူပါဟာ...ဟားးဟားးးး...."
အလင္းကို အႏိုင္ပိုင္းရတာကို အဝန္းေတာ္ေတာ္ေလး သေဘာက်ေနသည္။
အလင္းနဲ႔အဝန္း ေအာက္ထပ္ကို ျပန္ဆင္းလာတဲ့အခ်ိန္မွာ ထမင္းစားဝိုင္းမွာ တင္ထားခဲ့တဲ့ စာ႐ြက္ေလး မရွိေတာ့သည္ကို အဝန္းသတိထားမိလိုက္သည္။သို႔ေသာ္လည္း ဘာမွ မျဖစ္ခ်င္ေယာင္ေဆာင္ၿပီး ထမင္းစားေနလိုက္သည္။ အလင္းကို ၾကည့္ရတာလည္း အက်ႌကိစၥေၾကာင့္ျဖစ္မည္...အဝန္းရဲ႕ကိစၥကို အာ႐ုံမရွိေတာ့။
အမႊာေလးေတြ ထမင္းစားလို႔ၿပီးသြားၿပီ။ အဝန္းတို႔စားတာကလည္း တစ္ဝက္က်ိဳးေနၿပီ အေကြးက အခုထိ အခန္းထဲကေနမထြက္လာေသး။
"အေကြး အစာလြန္မယ္၊ စားလွည့္ေတာ့..."
တစ္မနက္လုံးၿငိမ္ေနတဲ့ အေကြးအေဖက အေကြးကို လွမ္းေခၚသည္။ေကာင္းကေတာ့ ကေလးေတြကို ခုံေပၚကေန ခ်ေပးၿပီး ကြပ္ပ်စ္ေပၚကို ထိုင္ေစသည္။
အေကြး အသံမထြက္လာသည္မို႔ ေကာင္းကပဲ ေျပာစရာရွိသည္ကို ေျပာဖို႔လုပ္လိုက္သည္။
"အေဖတို႔ကို ခြင့္ေတာင္းတယ္ပဲေျပာရမလားမသိဘူး...ကြၽန္ေတာ္တို႔မိသားစု ေနာက္အပတ္ဆို ျပင္သစ္ကို သြားေတာ့မယ္။"
"ေဟ..."
"ဘယ္လိုျဖစ္တာတုန္း ေကာင္းရဲ႕"
အေကြး အေမက ထမင္းဝိုင္းကေန ေကာင္းဆီသို႔ ၾကည့္ရင္း ေမးသည္။
အေကြးရဲ႕အကိုနဲ႔ညီမကလည္း ေကာင္းရဲ႕စကားေၾကာင့္ စားလက္စ ထမင္းလုတ္ပင္ ျပဳတ္က်သည္အထိ အံ့ၾသေနသည္။ဒါေၾကာင့္ ေကာင္း ခပ္ျမန္ျမန္ပဲ အေၾကာင္းျပခ်က္ကို ေျပာျပရသည္။
"ကြၽန္ေတာ္က ျပင္သစ္အသင္းနဲ႔စာခ်ဳပ္ခ်ဳပ္လိုက္ၿပီ၊အဲ့တာေၾကာင့္ မိသားစုလိုက္ ျပင္သစ္မွာ ၇ႏွစ္ေလာက္ေတာ့ သြားေနရမယ္။ အေကြးတို႔ကို စိတ္ခ်ပါ...ကြၽန္ေတာ္အေကာင္းဆုံး ဂ႐ုစိုက္မွာပါ။ႀကိဳၿပိီးမေျပာဘူးဆိုတာကလည္း ကြၽန္ေတာ့္အေျခအေနကမေသခ်ာလို႔ အခုေသခ်ာမွပဲေျပာလိုက္တဲ့သေဘာပါ။ကတိုက္က႐ိုက္ျဖစ္သြားရင္ ေတာင္းပန္ပါတယ္"
"မဟုတ္တာ ေကာင္းရယ္၊
မင္းမွာလည္း မင္းအေၾကာင္းျပခ်က္နဲ႔ မင္းကို၊ေတာင္းပန္စရာမလိုပါဘူးကြယ္"
ေကာင္းစကားေျပာရင္ တစ္ဖက္သူက မလိုက္ေလ်ာပဲ မေနႏိုင္။ေကာင္းက စကားေျပာ အင္မတန္ညက္သည္ဟု အဝန္းေကာက္ခ်က္ခ်မိသည္။အသက္ငယ္ေပမယ့္ ေကာင္းက ရင့္က်က္သည္၊မာနႀကီးသည္။ ဒီလိုဆို စိတ္ခ်ထားလို႔ ရပါ့မလားဆိုတာကေတာ့ အဝန္းဘက္က အဆုံးထိမယုံရဲေသး။
အရင္ကမွ တစ္ႏိုင္ငံတည္း ေနရာခ်င္းသိပ္မေဝးလို႔ ခ်က္ခ်င္းဆို ခ်က္ခ်င္း သြားေတြ႕ႏိုင္သည္။အခုဟာက ႏိုင္ငံႏွစ္ခုၾကား အကြာအေဝးက မိုင္ေပါင္း၅၃၁၈မိုင္ကြာေဝးသည္ဟု အဝန္းစိတ္ထဲက တြက္ခ်က္ေနမိသည္။
ေလယာဥ္စီးမယ္ဆိုလွ်င္ေတာင္မွ ျမန္မာႏိုင္ငံနဲ႔ျပင္သစ္က တိုက္႐ိုက္ေလယာဥ္မရွိ။ ျမန္မာကေန ပဲရစ္၊ထိုမွတဆင့္ ျပင္သစ္ကို ခရီးဆက္ရမည္။ ကူးတာေျပာင္းတာနဲ႔ဆို အခ်ိန္က နာရီ ၂၀နီးပါး ၾကာမည္။အေဝးမွာ ငအူသာ အူေၾကာင္ေၾကာင္ေတြလုပ္ေနရင္ အဝန္းခ်က္ခ်င္းလိုက္သြားလွ်င္ေတာင္မွ ေနာက္က်ႏိုင္သည္မို႔....
"မင္းပဲ သြားလို႔မရဘူးလား"
အေသအခ်ာတြက္ခ်က္ၿပီးမွ အဝန္း ဒီအေမးကို ေမးျခင္းျဖစ္သည္။
သို႔ေသာ္လည္း အဝန္းရဲ႕ဒီအေမးကို ေကာင္းကမ်က္ႏွာပ်က္သြားသည္။ ထိုအခ်ိန္မွာပဲ အခန္းထဲကေန ထြက္လာတဲ့ လျခမ္းေကြးက...
"ငါက ေကာင္းနဲ႔လိုက္သြားမွာ"
"မဟုတ္ေသးဘူး အေကြး..."
ေခါင္းယမ္းကာ ထိုသို႔ေျပာၿပီး အေကြးရွိရာသို႔လွည့္ၾကည့္လိုက္သည့္ အခ်ိန္မွာ အဝန္းစကားဆက္မေျပာႏိုင္ေအာင္ ျဖစ္သြားရသည္။
ဘာမွလိမ္းျခယ္ထားျခင္းမရွိသည့္တိုင္ ေသြးေၾကာတို႔၏ ယွက္ျဖာမႈ၊ အေၾကာတို႔၏ စိမ္းစိုမႈႏွင့္အတူ မ်က္ႏွာျပင္ႏွင့္ လည္တိုင္ေက်ာ့ေက်ာ့ဟာ ေက်ာ့ရွင္းေနေလသည္။ အက်ႌလည္ပင္းက လက္ေမာင္း အစထိ က်ယ္သည္မို႔ သူမရဲ႕ လည္တိုင္ အေျခသာမက ရင္ၫႊန္႔အထိပါ ေဖြးသန္႔ေနတာကိုျမင္ရသည္။
ဂုတ္ေဖာင္း လက္အတိုေလးမို႔ လက္တံေသးသြယ္သြယ္ဟာလည္း ဝတ္ထားတဲ့ အက်ႌအျဖဴႏွင့္ အလားသဏၭာန္ တူစြာပင္ ေဖြး႐ြ႐ြျဖစ္ေနသည္။ဇာေပါက္ေလးေတြကေနတဆင့္ ျမင္ေနရတဲ့ အတြင္းပိုင္း အသားေလးေတြကလည္း အက်ႌအျဖဴႏွင့္လိုက္ဖက္ညီစြာပင္။
ေပါင္လယ္ကေန စၿပီး ေျခဖဝါးအထိ အသားအရည္ဟာလည္း တေျပးတည္း ပန္းေရာင္ဘက္သို႔ သမ္းေနသေယာင္။နိဂုံးအေနႏွင့္ ေျပာရရင္ အေကြး သိပ္ကိုခ်စ္စရာေကာင္းေနသည္။
အဝန္းကတင္မဟုတ္ပဲ က်န္တဲ့လူေတြပါ အေကြးကို တအံ့တၾသနဲ႔ ေငးေမာေနၾကသည္။အေကြးဒီလို ဝတ္တာက ဒီတစ္ခါပထမဆုံးအႀကိမ္မို႔ ေမြးထားတဲ့ သူမ အေမကေတာင္....
"အေကြးရယ္ အသားေတြေဖြးလာလိုက္တာ" ဟု ေရ ႐ြတ္ရသည္အထိ။
"အင္း လွလား.."
ၿပဳံး႐ႊင္စြာနဲ႔ ေမးတဲ့ ထိုအေမးကို ေကာင္းကလြဲၿပီး အကုန္လုံးက ေခါင္းၿငိမ့္ျပၾကသည္။ ေကာင္းကေတာ့ အေကြးရဲ႕ဤအသြင္အျပင္အား တခါမွမျမင္ဖူးခဲ့သည့္တိုင္ အေကြးရဲ႕ခႏၶာကိုယ္ကို ၾကည့္ေနရင္းကပင္ သူ႔ရင္ခုန္သံေတြ အရမ္းျမန္လာသည္။
"ေကာင္း ငါလွလား"
ေကာင္းေရွ႕မွာ ခါးေထာက္ၿပီး ရပ္ကာ ေမးတဲ့ထိုအေမး။ဒီေတာ့ ေကာင္းက သတိလက္လြတ္နဲ႔ပင္ ေခါင္းၿငိမ့္ျပမိၿပီး....
"အရမ္းလွတာပဲ" လို႔ပါ ထုတ္ေျပာမိသည္။
ထိုအခါမွာ အေကြးက သေဘာတက်နဲ႔ပင္ ေငြဆည္းလည္းသံလိုမ်ိဳး သာယာစြာပင္ရယ္ေမာေလသည္။ကြၽန္ေတာ့္အတြက္ေတာ့ ေတာေတာင္အထပ္ထပ္လႊမ္းၿခဳံထားတဲ့ ၿမိဳင္အလယ္ကိုေရာက္သြားသလိုမ်ိဳး။ သာယာလိုက္တာမ်ားဗ်ာ။