A Nyi
By TJdandelion
4.7K 429 77
~Kim Taehyung&Kim Seokjin~ တစ်သက်စာ ရင်ခုန်ခြင်းတေအတွက် အချိန်အများကြီးမလိုပါဘူး စက္ကန့်ပိုင်းလောက်..အငြိလေး... More
Prolouge
~two~
~three~
Epilouge
~one~
922 96 13
By TJdandelion
#Unicode
သူတို့၂ယောက်ရဲ့နီးစပ်မှုများလား..မထင်ထားဘဲကောင်လေးနှင့်ကော်ဖီဆိုင်မှာ ထပ်မံတွေ့ဆုံခဲ့သည်။
မီနူးချပ်ပေါ် လက်ထောက်ကာ လိုချင်တဲ့အရသာရွေးနေတဲ့ ကောင်လေးနဲ့သူ့အကြိုက်တို့တူကာ မီနူးချပ်
ပေါ်ရှိ လက်တို့ထပ်တူကျရုံမကနှုတ်မှလည်း"espresso တစ်ခွက်လောက်ပေးပါ"ပြိုင်တူ
ထွက်မိကြသည်။
ကောင်လေးကသူ့ကိုတချက်သာလှည့်ကြည့်ပီး
ကောင်တာမှကော်ဖီခွက်ကိုယူကာ casherကောင်မလေးကိုပိုက်ဆံရှင်းပီးထိုနေရာမှထွက်သွားတော့သည်။ထွက်သွားတဲ့ကောင်လေးကျောပြင်ကို မျက်စိတဆုံးလိုက်ကြည့်မိနေသည်။
casherကောင်မလေးဆီကအသံကြားမှဘဲ ပိုက်ဆံရှင်းဖို့သတိရပီး ကော်ဖီခွက်ယူကာသူလည်းထိုနေရာမှ
ထွက်လာလိုက်တော့သည်။
စိတ်ထဲ၌ကောင်လေးကိုတွေ့ချင်နေသောကြောင့် ကောင်လေးသွားရာနောက်ကို လိုက်ရန်ဆုံးဖြတ်ခဲ့
သည်။ကောင်လေးနောက်ကို ထပ်ကျပ်မကွာလိုက်ရင်း ပန်းခြံထဲကိုဝင်သွားတဲ့ကောင်လေးကြောင့် မျက်ချီ
ပြတ်သွားတော့သည်။
ပန်းခြံထဲတွင်ဟိုကြည့်ဒီကြည့်နဲ့ကောင်လေးကိုရှာနေ
ရင်း တနေရာအရောက် ရေကန်ဘောင်ပေါ်တွင်ရပ်နေသောကောင်လေးကိုလှန်းတွေ့လိုက်သည်။
ဘာမြန်းလုပ်မလို့လဲလို့သူဆက်ကြည့်နေတုန်း
ဘောင်ပေါ်ကနေခုန်ချလိုက်သောကောင်လေး
ကြောင့်သူထိုနေရာသို့အမြန်ပြေးသွားရသည်။
"ဟိတ်..ဟိတ်..ဘာလုပ်မလို့...ဟာ..မလုပ်ရဘူး...!"
ရေကန်ဆီဆက်သွားနေသောကောင်လေးကြောင့်အနောက်ကနေအမြန်ပြေးကာလှန်းဆွဲလိုက်တော့
ကောင်လေးကသူ့ရင်ခွင်ထဲယိုင်ပီးရောက်လာသည်။
နှုတ်မှလည်းအော်ကာသူ့ကိုတွန်းထုတ်နေတဲ့
ကောင်လေးကြောင့်...
"ဘာလို့အော်တာလဲ..."
"ဘာလုပ်တာလဲ"
"အကို ဟိုပေါ်ကလှန်းမြင်တာ ဘာလို့ရေထဲခုန်ဆင်းတာလဲ ဘာတွေစိတ်ညစ်စရာများရှိလို့လဲ"
ကောင်လေးကမဖြေဘဲသူ့ကိုကြောင်တောင်တောင်နဲ့ဆက်ကြည့်နေသောကြောင့်
"ဟိတ်..စိတ်ညစ်စရာဘာတွေရှိလို့လဲလို့"နောက်တခါထပ်မေးလိုက်တော့မှ...
"စိတ်ညစ်စရာနည်းနည်းတော့ရှိတယ်"ကောင်လေး
ဖြေလိုက်တဲ့အဖြေကြောင့်အံ့ဩကာ
"ဟာ..စိတ်ညစ်စရာလေးနည်းနည်းရှိတာကို ရေထဲ
ခုန်ဆင်းပီးသတ်သေတော့မလို့လား ဒုက္ခပါဘဲ လာ..အကို့ကိုပြောပြ"
သူခေါ်လာလိုက်တော့အနောက်ကနေပါလာရှာသည်။
မြက်ခင်းပြင်ပေါ်နေရာယူလိုက်ကြပီး...
"ပြော..ဘာတွေစိတ်ညစ်စရာများရှိလို့လဲ"
သူမေးလိုက်တော့ကောင်လေးကဘေးကမြက်ပင်တွေကိုဆွဲနုတ်ရင်းအဖြေပေးလာသည်။
"ကျွန်တော်အသက်၂၀ကျော်ပီ ဒီနေ့ထိကျွန်တော်ရဲ့
ဆန္ဒနဲ့ဘာမှလည်းမလုပ်ဖူးဘူး ဘယ်မှလည်းမသွားဖူးဘူး အခုလည်းကျွန်တော်ရဲ့ဆန္ဒမပါဘဲအလုပ်တခုကို လုပ်ရဦးမယ် တကယ်ပါဘဲ ဂျင်လုပ်ချင်တဲ့
အလုပ်တွေကိုဘာလို့လုပ်လို့မရတာလဲ..."
ကောင်လေးရဲ့နာမည်က ဂျင်တဲ့လား...
"ဂျင့်ဆန္ဒမပါဘဲလုပ်ရမယ်"
သူမေးတော့ကောင်လေးက ခေါင်းငြိမ့်ပြလာသည်။
"ဆန္ဒမပါဘူးဆိုငြင်းပေါ့"
"ဟင့်အင့် ကျွန်တော်ဘဝမှာ အငြင်းစကားကိုတခါ
မှမပြောဖူးဘူး ပြောခွင့်လည်းမရှိဘူး"
ကောင်လေးကိုနဂိုထက်သူပိုပီးစိတ်ဝင်စားမိသွားသည်။
"အာ့ဆို ဂျင်ကစကားနားထောင်တဲ့သူတယောက်ပေါ့ အခုရော ဘာလဲ အိမ်ကနေထွက်ပြေးလာတာလား"
"မဟုတ်ပါဘူး ဆန္ဒမပါတဲ့အလုပ်တခုကိုမလုပ်ရသေးခင် ဘဝကိုလွတ်လွတ်လပ်လပ်လေးဖြတ်သန်းဖူး
ချင်လို့မေမေတို့ဆီကခွင့်တောင်းတာ မေမေက
တစ်ပတ်ခွင့်ပြုလိုက်တယ်လေ"
"တစ်ပတ်..အခုရောဘယ်နှစ်ရက်ရှိသွားပီလေ"
"ဒီနေ့က ၅ရက်မြောက်နေ့ လွတ်လွတ်လပ်လပ်
ဖြတ်သန်းဖို့၂ရက်ကျန်သေးတယ်"
"ကျန်တဲ့၂ရက်ကို ၁ယောက်တည်းလျှောက်မလည်ပါနဲ့လား ပီးတော့ခုနတုန်းကလိုအဖြစ်မျိုးတွေလည်း
ဆက်မဖြစ်စေချင်ဘူး အဖော်တယောက်လောက်ခေါ်သွားပါလား"
"အဖော်..ဂျင့်မှာအဖော်ခေါ်ဖို့သူငယ်ချင်းမရှိဘူး"
"ဟမ်..မရှိဘူးလား"
သူဘာပြန်ပြောရမှန်းမသိတော့တာနဲ့...
"အာ့ဆိုဒီလိုလုပ်ပါလား မနက်ဖြန်ကစပီးအကို့ကို အဖော်ခေါ်သွားပါလား"
သူပြောလိုက်တော့ကောင်လေးကသူ့ကို မျက်လုံးဝိုင်းဝိုင်းလေးနဲ့ကြည့်လာသည်။ပီးတော့ ဘာပြန်ပြောရမလဲကိုစဉ်းစားနေဟန်....
သူလည်းအိတ်ထဲကဖုန်းကိုထုတ်ပီး...
"အကို့ကို ယုံကြည်တယ်မလား"
ထိုသို့ပြောကာဖုန်းကိုလှန်းပေးတော့ကောင်လေးကပြုံးပီး ဖုန်းနံပါတ်လေးကိုcontactမှတ်ပေးသွားသည်။
"ညကျ ကိုးနာရီလောက်ဖုန်းဆက်လိုက်မယ်နော်"
ကောင်လေးကပြုံးပီးသူ့ကိုခေါင်းငြိမ့်ပြလာသည်။
ကောင်းကင်ကြီးလည်းမှုံ့မှိုင်းလာကာ မိုးစက်လေးတွေကျလာသောကြောင့်
"မိုးရွာနေပီ ထရအောင်"
"ဟုတ်အာ့ဆို သွားတော့မယ်နော်"
ကောင်လေးကနှုတ်ဆက်စကားဆိုပီး အိတ်လေး
ကိုခေါင်းပေါ်တင်ကာထိုနေရာမှပြေးထွက်သွား
တော့သည်။
ကျန်ခဲ့တဲ့သူ့မှာတော့ထိုနေရာကနေထွက်သွားတဲ့
ကောင်လေးကျောပြင်ကိုဆက်ကြည့်နေတုန်းပင်။မိုးသည်းလာတော့မှသူလည်းထိုနေရာလေးကိုစွန့်ခွာလာခဲ့တော့သည်။
ယခုလည်းကောင်လေးနဲ့တွေ့လိုက်ရတဲ့အချိန်က
မိနစ်ပိုင်းလောက်လေးသာကြာခဲ့ပေမဲ့ ရင်ခုန်းသံတွေကတော့လတ်ဆတ်မြဲတိုင်းပင်။
ကောင်လေးရေမင်းကကိုယ့်ရဲ့ရင်ခုန်သံတွေလားရာအရပ်လေးပါ....။
Tbc...
Thanks for reading💖
#🍓🍒
#Zawgyi
ထွက်မိကြသည်။
ထွက်လာလိုက်တော့သည်။
ပြတ်သွားတော့သည်။
ကောင်လေးကြောင့်...
"ဘာလို့အော်တာလဲ..."
"ဘာလုပ်တာလဲ"
"အကို ဟိုပေါ်ကလှန်းမြင်တာ ဘာလို့ရေထဲခုန်ဆင်းတာလဲ ဘာတေစိတ်ညစ်စရာများရှိလို့လဲ"
"ဟိတ်..စိတ်ညစ်စရာဘာတေရှိလို့လဲလို့"နောက်တခါထပ်မေးလိုက်တော့မှ...
"ပြော..ဘာတေစိတ်ညစ်စရာများရှိလို့လဲ"သူမေးလိုက်
"ကျန်တဲ့၂ရက်ကို ၁ယောက်တည်းလျှောက်မလည်ပါနဲ့လား ပီးတော့ခုနတုန်းကလိုအဖြစ်မျိုးတေလည်း
"မိုးရွာနေပီ ထရအောင်"
"ဟုတ်အာ့ဆို jinသွားတော့မယ်နော်"ကောင်လေးက
မိနစ်ပိုင်းလောက်လေးသာကြာခဲ့ပေမဲ့ ရင်ခုန်းသံတေကတော့လတ်ဆတ်မြဲတိုင်းပင်။
ကောင်လေးရေမင်းကကိုယ့်ရဲ့ရင်ခုန်သံတေလားရာအရပ်လေးပါ....။
Tbc...
Thanks for reading💖
#🍓🍒
Continue Reading
You'll Also Like
12.1K 1K 10
ချစ်လွန်းလို့မှားတဲ့အမှားမို့ကျွန်တော်ဆက် မှားပါရစေ🍂
1.1M 37.6K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
38K 2.4K 9
လေပြည်လေးတစ်ချက်တိုးဝေ့ခိုက် ကိုယ်အသက်ရှူသံတွေ ဆိတ်ငြိမ်သွားတဲ့အချိန်ထိ ကိုယ့်မှာ မင်းမှ မင်းပါဘဲ သားငယ် ..... လပွေညျလေးတဈခကြျတိုးဝေ့ခိုကျ ကိုယျအသကျရ...
15.2K 826 26
Merge between two rival companies forced two exes to work together...