Romance Rippling in the Breez...

By HeatheryYM_9395

3.5K 509 107

Breaking news! Our Campus Idol Couple ..... They Broke up. More

Introduction
[ 1 ]
[ 3 ]

[ 2 ]

654 116 14
By HeatheryYM_9395

🎼 : The King by Conan Gray

Chapter 2 :  He obviously knew that I love him so much but why?

Min Yoongiဆိုတဲ့ သူ့ရည်းစားဟောင်းသည်
မိန်းကလေး တစ်ယောက်ယောက်နဲ့
အခုမှ တွဲဖူးတာ တော့မဟုတ် ။

အထက်တန်းတုန်းကလည်း
သူ့ကိုအတင်းလိုက်ကပ်နေတဲ့
Jimin စိတ်ပျက်သွားအောင်
ဆိုတဲ့ ရူးကြောင်ကြောင် အတွေးနဲ့
ဘေးချင်းကပ်ကျောင်းက
ကျောင်းသူတစ်ယောက်နဲ့
သူ့ရှေ့မှာ တွဲပြဖူးသည်ပဲ ။

စိတ်အလိုမကျတိုင်း
လမ်းခွဲကြမယ် ဆိုတဲ့
စကား ကို  ခဏတိုင်းပြောနေပေမဲ့

အထက်တန်း ပထမနှစ်ကနေ
နောက်ဆုံးနှစ်အထိ ခက်ခက်ခဲခဲ
ပိုးပန်းခဲ့ပြီးမှ ရလာတဲ့
ဒီရည်းစားလေးတစ်ယောက် ကိုဖြင့်
Park Jiminသည် အလေးအနက်ကို
တုန်နေအောင်ချစ်ပါသည်။

အသည်းမာတဲ့တစ်ယောက်ယောက်ကတော့
သူ့ကို  ထားခဲ့နိုင်ပေမဲ့လည်းပေါ့....

.......

မရင့်ကျက်မှုတွေတစွန်းတစတွေရယ်နှင့်
အချစ်ဦးရယ် နွေဦးရယ်
သဘောတကျ တင်စားဖွဲ့နွဲ့စိတ်ကူးယဥ်တတ်တဲ့
အထက်တန်းကျောင်းသားအရွယ်,

ဒီနေ့လည်း
အထက်တန်း ပထမနှစ် class one ရဲ့
အတန်းခေါင်းဆောင် က ထပ်ပြီး
သူ့crush ကို လိုက်နှောင့်ယှက်နေပြန်ပြီဟေ့ ။

Clasa one ကအတန်းသားတွေကတော့
မထူးဆန်းဘဲ
ပုံမှန်လို ပဲ ရယ်မော ပြောနေသည်။

သေချာတာပေါ့
လွန်ခဲ့သည့် သုံးလေးလလောက်ကတော့ဖြင့်
သူတို့ မှာ
သူတို့လေးတွေအတန်းရဲ့
ကြီးမြတ်လှတဲ့ အတန်းခေါင်းဆောင် က
ဒီလို တစ်ယောက်ယောက်ဆီက
အငြင်းခံရရုံမက
လက်မလျှော့ဘဲ ဆက်ပြီး လိုက်တွယ်ကပ်နေတယ်လို့ သွားပြောကြည့်
ဘယ်သူတစ်ဦးတစ်ယောက်မှ ယုံမည်မဟုတ်။

Park Jiminဆိုသူက
အလယ်တန်း ထဲက
ဆက်တိုက် သူတို့အတန်းခေါင်းဆောင်
ဖြစ်ပြီး စာတော်ရုံမက
အတန်းသားတွေစာမလိုက်နိုင်လျှင်လည်း
စိတ်ရှည်လက်ရှည် ရှင်းပြတတ်တဲ့
အဲ့လို ကြင်နာတတ်တဲ့သူမျိူး လေ ။
အတန်းခေါင်းဆောင် အာဏာနှင့်
သူငယ်ချင်းတွေကို အနိုင့်ကျင့်တာမျိုး
ဘယ်တော့မှ မလုပ်ဖူးသည့်အပြင်
အားလုံး အခက်အခဲရှိတိုင်း
ကူညီ ဖြေရှင်းပေးတတ်သည်။
အမြဲ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့
နတ်သားလေးလို နူးနူးညံ့ညံ့အပြုံးလေးနဲ့မို့
ဒီချစ်စရာကောင်ငယ်လေးက
တစ်တန်းလုံးရဲ့ အသည်းကျော်လေး ဖြစ်၏ ။

ပထမဆုံး အကြိမ်အဖြစ်
သူတို့အတန်းခေါင်းဆောင် ရတနာလေး
အငြင်းခံလိုက်ရသည်ဟု
ကြားတုန်းက တစ်တန်းလုံး
အသင့်ပြင်ပြီးသားပင်
ဘယ်လိုမျက်စိမကောင်းတဲ့
တစ်ယောက်ကများ ငါတို့အတန်းခေါင်းဆောင်ကို ငြင်းရဲရတာလဲ
ဒီလို ရုပ်ချော ကြည့်ကောင်း
စာတော် သဘောကောင်းပြီး
ကြင်နာတတ် တဲ့ နတ်သားလေးကိုလေ
စိတ်မပျော်အောင်များ လုပ်ရလားဆိုပြီး
အုပ်စုလိုက်သွားဖြဲတော့မလို့ပင်။

ငါးယောက်တစ်ယောက်ချပြီးရိုက်ရမည့်သူက
သူများဆေးရုံရောက်အောင်လုပ်လို့
ကျောင်းပြောင်း လာတဲ့
ခပ်ချေချေ ကျောင်းသားအသစ်တဲ့လေ ။

အုပ်စုသွားဖြဲမည့်အစီအစဥ်ကို သူတို့ လက်လျှော့ လိုက်၏ ။

ဟေး...အဲ့လိုမလုပ်ဘဲ
ငါတို့ အုပ်စုလိုက် တုတ်နဲ့ချောင်းပဲရိုက်ကြမလား?

မတတ်နိုင်ဘူးလေ
သူတို့လည်း အထက်တန်းရောက်လာပေမဲ့
ကလေးပေါက်စတွေပဲရှိသေးတာကိုနော်
ကြောက်တာပေါ့လို့..... ။

နောက်ပိုင်းမှာတော့
အားလုံး ကျင့်သားရသွားကြပါပြီ ။

အငြင်းခံနေ ရတဲ့
အတန်းခေါင်ဆောင်Park ရယ် ..
အချေခံနေရတဲ့
အတန်းခေါင်းဆောင် Park ရယ်...
အဆဲခံနေရတဲ့
အတန်းခေါင်းဆောင် Park ရယ် ...

ဆိုတဲ့ ပြဇာတ် က သူတို့classရဲ့
နေ့စဥ် ဂန္ထဝင်မြောက် ပြဇာတ်ပေါ့လေ ။

Min Yoongi ဆိုတဲ့ လူဆိုးကောင်ကို
မရိုက်နိုင်တာကလွဲလို့
သူတို့ ရဲ့ အတန်းခေါင်းဆောင် ကိုတော့
အားလုံးချစ်ခင်နေကြတုန်းပါ။

သို့သော်ငြား
တခါတရံ Min Yoongiရှေ့မှာ
အားကြီး ချစ်ဖို့ကောင်းအောင် ချွဲနေတဲ့
ပတ်ခ်ကလေးရဲ့ အမူအရာတွေကို
တွေ့ရင်တော့ သူတို့မှာ
ရင်တွေဘာတွေနာတယ်ပေါ့လေ ။

ဘယ်တတ်နိုင်မလဲ
အချစ်မှာ အပြစ်မရှိဘူးလေ
ချစ်မိသွားတာမို့လို့ပေါ့လို့
ဖြည့်တွေး‌ပေးကြ ရတာပေါ့ ။

'အတန်းခေါင်းဆောင် ရေ
ငါတို့လို
အတန်းရန်ပုံငွေ စာရင်း ငွေ
ကူတွက်ပေးတာ လည်းမဟုတ်
ဘာသာရပ်အိမ်စာ စာအုပ်တွေ
ကူသယ်ပေးတာလည်း မဟုတ်
မင်းဘာလို့ သူ့ကျ ပိုချွဲပြနေတာလဲ'
လို့ မကျေမနပ်မေးမိရင်လည်း
အေးစက်တဲ့ မျက်လုံးတွေနဲ့
လာကြည့်တဲ့ Min Yoongi

Class2မှကလေးများ :

ဘာလာကြည့် ဘာလာကြည့် မင်းပဲ
ငါတို့ Jiminine ကို မကြိုက်ဘူးဆို  m(¬0¬)m

သူတို့ကို ခါတိုင်းအလုပ်ကူပေးရင်
ချွဲနေကြကို
ခု တလော Jimin သူ Yoongi
အနားပဲ ကပ်နေမိလို့ထင်သည်။
ကလေးတွေကမကျေမနပ်ဝိုင်းပြောကြတော့
Jiminဘာမှပြန်မပြောဖြစ် ။
ရယ်ပဲနေမိသည်။

မတတ်နိုင်ဘူးလေ
ကိုယ့်ဘာသာအေးဆေးမနေဘဲ
အလောင်းအစားသွားလုပ်မိပြီးကာမှ
သူရအောင်
မြူဆွယ်ရမယ့် ခပ်ချေချေ လိမ္မော်သီး
ကို တစ်ကယ်ကြီးသဘောကျမိသွားလို့
သူလည်း ဒုက္ခတွေ့နေတာပါလို့ ။

သူ့ဘေးကို လှည့်ကြည့်တော့
Yoongi က သူနှင့်မဆိုင်သလို
စာဖတ်နေသည်။

ဟုတ်တာပေါ့Yoongiဘေးမှာ
Jiminကအစက အတန်းရှေ့မှာ
ထိုင်နေကျဆိုပေမဲ့
သူ့ရဲ့ အတန်းခေါင်းဆောင် အာဏာနှင့်
Yoongiလေးကနေရာကို သူလုထားရတာ ။

စတိုးဆိုင်သွားရင်းနှင့်
သူတခုတ်တရ ဝယ်လာသည့်
ချိုချဉ် လေးတွေကို ထုတ်လိုက်သည်။
Yoongiက လိမ္မော်သီးလေးတွေဆို
ကြိုက်တတ်သည်မို့
ဒါလေးတွေလည်း ကြိုက်လောက်သည်ဟု
တွေးမိရင်းသူဝယ်လာခဲ့တာ ။

**Yoongi Yoongi ရော့ ဒီဟာ လေးစားကြည့် လိမ္မော် သီး ချိုချဉ် **

Min Yoongiက
ဘာမှပြန်မပြောရသေးပေမဲ့
Jiminကတော့ ပတ်ထားတဲ့
အပေါ်ခွံလေးကို ခွာပြီး
အတင်း ပါးစပ် ထဲ ခွံ့ပစ်လိုက်သည်။

'ချိုလား ? ချိုလား? လိမ္မော် ချိုချဉ် က ချိုလား Jiminine ကပိုချိုလား '

လို့ သူမေးတော့မဖြေ ။
တခြားဘက်ကို အကြည့်လွှဲသွားသည်။

လွယ်ကူမနေပါဘူး
ဒီလို ခပ်ချေချေ အတန်းဖော်ကိုမှ
Crush မိရတယ်လို့ ။

Class2မှ တတိယဘီးများ :

မချိုဘူး မချိုဘူး... ချဥ်တယ်လို့
ငိုချင်လာပြီ အတန်းခေါင်းဆောင် ရေ

....

စာတော်တဲ့အခန်းရဲ့
အတန်းခေါင်းဆောင် ဖြစ်ရုံမက
Park Jiminသည်
မျက်နှာလေးကလည်း ကြည့်ကောင်းသည်မို့
ကျောင်းသူ အများအပြား ရဲ့ crush  ခြင်းလည်းခံရသလို
တခါတရံဆို ပိုမို သတ္တိ ရှိသော အချို့ကျောင်းသူလေးများသည် သူ့ကို
တိုက်ရိုက် လာဖွင့်ပြောလေ့ရှိသည်။

ယခု လိုမျိုးပေါ့ ၊

Jiminသည် ထုံးစံ အတိုင်း
Yoongi ကို သွားစနောက်မိ၍
ပြန်ဆဲခံရလို့ Yoongi နှင့်
သူတခွန်း ငါတခွန်း
အချင်းများရင်း ရယ်မောနေတုန်းပါ။

**အတန်းခေါင်းဆောင် ရေ .. Jimin ... **

အပြင်ကနေ ပြန်လာသော
ကျောင်းသား မှ Jiminဘေးနား
နာမည်ခေါ်ရင်းရောက်လာခြင်းဖြစ်သည်။

**အွန်း.. Taehyung ဘာလဲ ဘာလိုလို့လဲ**

**အပြင်မှာ ဂျီနာ တဲ့.. မင်းကိုပြောစရာရှိလို့ ဆိုလား ခဏသွားလိုက်ဦး**

**သြော် ဟုတ်လား အေးအေး**

ဘေးခန်းက လက်ထောက် အတန်းခေါင်းဆောင်
ကျောင်းသူ မှန်း Jiminမှတ်မိတာမို့
အတန်းကိစ္စ နှင့်သက်ဆိုင်သည်ဟု
ထင်၍ သွက်သွက် ထထွက်သွားလိုက်သည်။

Jimin တစ်ယောက်
အခန်းပြင်ရောက်သွားသည်နှင့်
တစ်ယောက်ယောက်ရှေ့ကို
တမင်တကာသွားရပ်ရင်း
Taehyungကတော့ဖြင့်
အော်ကျယ်အော်ကျယ်နှင့်
သတင်းဖွသည်။

**ဟေး မင်းတို့သိလား... ဂျီနာ ကလေ ငါတို့Jiminineကို အလယ်တန်းထဲက တော်တော်ခင်ခင်ချင်နေတာ ခု သူဘာပြောမလို့လဲ မသိဘူးနော် **

Taehyungအတန်းဖော်က
စကားလမ်းကြောင်းပေးရုံပဲဖြစ်ပေမဲ့
လူတိုင်းကတော့ ဘာသဘောမှန်း
တန်းသဘောပေါက်ကြလေရဲ့ ။

'ဖွင့်ပြောတော့မှာလား မသိဘူးနော်'

ခပ်တိုးတိုးပြောနေကြတာဆိုပေမဲ့
အရမ်းကြီးတိုးနေတာမဟုတ်ဘဲ
အတန်းထဲကသူတွေတော့
ကြားနိုင်လောက်သည့် စကား တခုက
ဘယ်သူဘယ်ဝါ ပြောသူမသိပေမဲ့
သဲ့သဲ့ လေးတော့ကြားရုံထွက်လာသည်။

မျက်နှာကြီးတခုလုံး
သုန်မှုန် နေပြီဖြစ်တဲ့
Min Yoongiကို ခိုးကြည့်ရင်း
Kim Taehyung တစ်ယောက်
အပြုံးကြီးကြီးပြုံးလိုက်သည်။

ငါတို့ Jiminလေးကို ငြင်းချင်ဦးလေ
Min Yoongiဆိုတဲ့ စူပုတ်ရဲ့ ဟု
တွေးရင်း သဘောတကျဖြစ်နေ၏ ။

သူနှင့်မတူညီစွာ
တခြားတစ်ယောက်ကတော့ဖြင့်
မျက်မှောင်ကြုံ့ရင်း
သုန်မှုန် နေသည်မှာ
Jimin ပြန်လာပြီး အနားလာထိုင်တဲ့အထိပင်။

**Yoongi?ဘာဖြစ်လို့လဲ **

ရုတ်တရက် ကြီး
စိတ်မကြည်တော့တဲ့
လိမ္မော်သီးလေးကတော့ဖြင့်
ဘာမှမလုပ်ထားသလို
ရိုးသားတဲ့ပုံစံလေးနဲ့ လာမေးနေတဲ့
Park Jiminကို ဘာမှမဖြေဘဲ
မမြင်ချင်ယောင်ဆောင်ပစ်လိုက်သည်။

အတန်းခေါင်းဆောင် Park တို့
ဘာမှမသိဘဲ လေစိမ်းတိုက်ခံလိုက်သည်။

아... ? သူဘာမှမလုပ်မိဘဲ
ဘာလို့ စိတ်ဆိုးသွားပြန်တာလဲ
ဒါပေမဲ့ သူ့ရဲ့ လိမ္မော်သီးလေး
ဟွန့်ခနဲ နှာခေါင်းရှုံ့ရင်း
တစ်ဖက်လှည့်သွားတဲ့ ပုံစံလေးက
အရမ်းချစ်စရာကောင်းတယ်ရော ။

တွေ့လားတွေ့လား
ဒီလိုမျိုး စိတ်တိုပြနေတာတောင်
ကြောင်ပေါက်လေးလို ချစ်ဖို့ကောင်းနေတာ
သူက ဘယ်လိုလုပ်
သဘောမကျဘဲ နေနိုင်ပါ့မလဲလို့ ။

..

နောက်တစ်နေ့တွင်မှ
Jimin အကြောင်းစုံကို
Taehyung ဆီကပြန်သိရသည် ။

Taehyungပြောသလိုပဲ
ဂျီနာ ကသူ့ကို တစ်ကယ်ပဲဖွင့်ပြောခဲ့ပေမဲ့
တစ်ဖက်မိန်းကလေး စိတ်ထိခိုက်သွားမှာ
မ လိုလားတာကြောင့်
သူယဥ်ကျေးစွာပဲ လက်မခံနိုင်ကြောင်းကို
သေချာ ပြောပြပြီး ပြန်လိုက်ပို့ပေးလိုက်တာဖြစ်သည် ။

Min Yoongiကျောင်းရောက်သည်နှင့်
Jiminကတော့ ပြုံးရယ်ပြီး
လိုက်စပါတော့သည်။

' လိမ္မော်သီးလေးရေ  မှန်မှန်ဖြေ
Jiminine ကိုချစ်တယ်ဟုတ်?အဲ့တာကြောင့်
မနေ့ကစိတ်ဆိုးတာမလား  သဝန်တိုလို့မလား' 
Jiminက မေးတော့
'သွားစမ်းပါ ' ဟု ခပ်တောင့်တောင့်ပြောရင်း
မောင်းထုတ်သည်။

ဟင့် သူ့ကို တကယ်ကြီး
ပြန်မကြိုက်ချင်ဘူးလား လို့ ။

မနက်ကပျော်နေတာလေးတွေတောင်
ပျောက်သွားပြီ။

ခပ်ချေချေ crushတစ်ယောက်
ပိုင်ဆိုင်ထားတဲ့ Park Jiminရဲ့
နှလုံးသားရာသီဥတုကတော့
နွေဦးလို သာယာလိုက်
ဆောင်းရာသီလို အေးစက်ပြီး
စိတ်ဓာတ်ကျစဖွယ်ဖြစ်လိုက်နှင့် ။
အရူးလေးလိုပင်..... ။

#####

Heathery : ပတ်ခ်ကလေးဆီက
လိမ္မော်သီးလေးလို တုန်‌နေအောင်
အချစ်ခံချင်တယ်  (༎ຶ⌑༎ຶ)  (༎ຶ⌑༎ຶ)

...

Updateမြန်မယ်ပြောပြီး
ကြာနေတာလေး မဆူကြပါနဲ့လို့😁။

Chapter 2 :  He obviously knew that I love him so much but why?

Min Yoongiဆိုတဲ့ သူ႕ရည္းစားေဟာင္းသည္
မိန္းကေလး တစ္ေယာက္ေယာက္နဲ႕
အခုမွ တြဲဖူးတာ ေတာ့မဟုတ္ ။

အထက္တန္းတုန္းကလည္း
သူ႕ကိုအတင္းလိုက္ကပ္ေနတဲ့
Jimin စိတ္ပ်က္သြားေအာင္
ဆိုတဲ့ ႐ူးေၾကာင္ေၾကာင္ အေတြးနဲ႕
ေဘးခ်င္းကပ္ေက်ာင္းက
ေက်ာင္းသူတစ္ေယာက္နဲ႕
သူ႕ေရွ႕မွာ တြဲျပဖူးသည္ပဲ ။

စိတ္အလိုမက်တိဳင္း
လမ္းခြဲၾကမယ္ ဆိုတဲ့
စကား ကို  ခဏတိုင္းေျပာေနေပမဲ့

အထက္တန္း ပထမႏွစ္ကေန
ေနာက္ဆုံးႏွစ္အထိ ခက္ခက္ခဲခဲ
ပိုးပန္းခဲ့ၿပီးမွ ရလာတဲ့
ဒီရည္းစားေလးတစ္ေယာက္ ကိုျဖင့္
Park Jiminသည္ အေလးအနက္ကို
တုန္ေနေအာင္ခ်စ္ပါသည္။

အသည္းမာတဲ့တစ္ေယာက္ေယာက္ကေတာ့
သူ႕ကို  ထားခဲ့နိုင္ေပမဲ့လည္းေပါ့....

.......

မရင့္က်က္မႈေတြတစြန္းတစေတြရယ္ႏွင့္
အခ်စ္ဦးရယ္ ေႏြဦးရယ္
သေဘာတက် တင္စားဖြဲ႕ႏြဲ႕စိတ္ကူးယဥ္တတ္တဲ့
အထက္တန္းေက်ာင္းသားအ႐ြယ္,

ဒီေန႕လည္း
အထက္တန္း ပထမႏွစ္ class one ရဲ႕
အတန္းေခါင္းေဆာင္ က ထပ္ၿပီး
သူ႕crush ကို လိုက္ေႏွာင့္ယွက္ေနျပန္ၿပီေဟ့ ။

Clasa one ကအတန္းသားေတြကေတာ့
မထူးဆန္းဘဲ
ပုံမွန္လို ပဲ ရယ္ေမာ ေျပာေနသည္။

ေသခ်ာတာေပါ့
လြန္ခဲ့သည့္ သုံးေလးလေလာက္ကေတာ့ျဖင့္
သူတို႔ မွာ
သူတို႔ေလးေတြအတန္းရဲ႕
ႀကီးျမတ္လွတဲ့ အတန္းေခါင္းေဆာင္ က
ဒီလို တစ္ေယာက္ေယာက္ဆီက
အျငင္းခံရ႐ုံမက
လက္မေလွ်ာ့ဘဲ ဆက္ၿပီး လိုက္တြယ္ကပ္ေနတယ္လို႔ သြားေျပာၾကည့္
ဘယ္သူတစ္ဦးတစ္ေယာက္မွ ယုံမည္မဟုတ္။

Park Jiminဆိုသူက
အလယ္တန္း ထဲက
ဆက္တိုက္ သူတို႔အတန္းေခါင္းေဆာင္
ျဖစ္ၿပီး စာေတာ္႐ုံမက
အတန္းသားေတြစာမလိုက္နိုင္လွ်င္လည္း
စိတ္ရွည္လက္ရွည္ ရွင္းျပတတ္တဲ့
အဲ့လို ၾကင္နာတတ္တဲ့သူမ်ိဴး ေလ ။
အတန္းေခါင္းေဆာင္ အာဏာႏွင့္
သူငယ္ခ်င္းေတြကို အနိုင့္က်င့္တာမ်ိဳး
ဘယ္ေတာ့မွ မလုပ္ဖူးသည့္အျပင္
အားလုံး အခက္အခဲရွိတိုင္း
ကူညီ ေျဖရွင္းေပးတတ္သည္။
အၿမဲ ေကာင္းကင္ေပၚက ျပဳတ္က်လာတဲ့
နတ္သားေလးလို ႏူးႏူးညံ့ညံ့အၿပဳံးေလးနဲ႕မို႔
ဒီခ်စ္စရာေကာင္ငယ္ေလးက
တစ္တန္းလုံးရဲ႕ အသည္းေက်ာ္ေလး ျဖစ္၏ ။

ပထမဆုံး အႀကိမ္အျဖစ္
သူတို႔အတန္းေခါင္းေဆာင္ ရတနာေလး
အျငင္းခံလိုက္ရသည္ဟု
ၾကားတုန္းက တစ္တန္းလုံး
အသင့္ျပင္ၿပီးသားပင္
ဘယ္လိုမ်က္စိမေကာင္းတဲ့
တစ္ေယာက္ကမ်ား ငါတို႔အတန္းေခါင္းေဆာင္ကို ျငင္းရဲရတာလဲ
ဒီလို ႐ုပ္ေခ်ာ ၾကည့္ေကာင္း
စာေတာ္ သေဘာေကာင္းၿပီး
ၾကင္နာတတ္ တဲ့ နတ္သားေလးကိုေလ
စိတ္မေပ်ာ္ေအာင္မ်ား လုပ္ရလားဆိုၿပီး
အုပ္စုလိုက္သြားၿဖဲေတာ့မလို႔ပင္။

ငါးေယာက္တစ္ေယာက္ခ်ၿပီးရိုက္ရမည့္သူက
သူမ်ားေဆး႐ုံေရာက္ေအာင္လုပ္လို႔
ေက်ာင္းေျပာင္း လာတဲ့
ခပ္ေခ်ေခ် ေက်ာင္းသားအသစ္တဲ့ေလ ။

အုပ္စုသြားၿဖဲမည့္အစီအစဥ္ကို သူတို႔ လက္ေလွ်ာ့ လိုက္၏ ။

ေဟး...အဲ့လိုမလုပ္ဘဲ
ငါတို႔ အုပ္စုလိုက္ တုတ္နဲ႕ေခ်ာင္းပဲရိုက္ၾကမလား?

မတတ္နိုင္ဘူးေလ
သူတို႔လည္း အထက္တန္းေရာက္လာေပမဲ့
ကေလးေပါက္စေတြပဲရွိေသးတာကိုေနာ္
ေၾကာက္တာေပါ့လို႔..... ။

ေနာက္ပိုင္းမွာေတာ့
အားလုံး က်င့္သားရသြားၾကပါၿပီ ။

အျငင္းခံေန ရတဲ့
အတန္းေခါင္ေဆာင္Park ရယ္ ..
အေခ်ခံေနရတဲ့
အတန္းေခါင္းေဆာင္ Park ရယ္...
အဆဲခံေနရတဲ့
အတန္းေခါင္းေဆာင္ Park ရယ္ ...

ဆိုတဲ့ ျပဇာတ္ က သူတို႔classရဲ႕
ေန႕စဥ္ ဂႏၳဝင္ေျမာက္ ျပဇာတ္ေပါ့ေလ ။

Min Yoongi ဆိုတဲ့ လူဆိုးေကာင္ကို
မရိုက္နိုင္တာကလြဲလို႔
သူတို႔ ရဲ႕ အတန္းေခါင္းေဆာင္ ကိုေတာ့
အားလုံးခ်စ္ခင္ေနၾကတုန္းပါ။

သို႔ေသာ္ျငား
တခါတရံ Min Yoongiေရွ႕မွာ
အားႀကီး ခ်စ္ဖို႔ေကာင္းေအာင္ ခြၽဲေနတဲ့
ပတ္ခ္ကေလးရဲ႕ အမူအရာေတြကို
ေတြ႕ရင္ေတာ့ သူတို႔မွာ
ရင္ေတြဘာေတြနာတယ္ေပါ့ေလ ။

ဘယ္တတ္နိုင္မလဲ
အခ်စ္မွာ အျပစ္မရွိဘူးေလ
ခ်စ္မိသြားတာမို႔လို႔ေပါ့လို႔
ျဖည့္ေတြး‌ေပးၾက ရတာေပါ့ ။

'အတန္းေခါင္းေဆာင္ ေရ
ငါတို႔လို
အတန္းရန္ပုံေငြ စာရင္း ေငြ
ကူတြက္ေပးတာ လည္းမဟုတ္
ဘာသာရပ္အိမ္စာ စာအုပ္ေတြ
ကူသယ္ေပးတာလည္း မဟုတ္
မင္းဘာလို႔ သူ႕က် ပိုခြၽဲျပေနတာလဲ'
လို႔ မေက်မနပ္ေမးမိရင္လည္း
ေအးစက္တဲ့ မ်က္လုံးေတြနဲ႕
လာၾကည့္တဲ့ Min Yoongi

Class2မွကေလးမ်ား :

ဘာလာၾကည့္ ဘာလာၾကည့္ မင္းပဲ
ငါတို႔ Jiminine ကို မႀကိဳက္ဘူးဆို  m(¬0¬)m

သူတို႔ကို ခါတိုင္းအလုပ္ကူေပးရင္
ခြၽဲေနၾကကို
ခု တေလာ Jimin သူ Yoongi
အနားပဲ ကပ္ေနမိလို႔ထင္သည္။
ကေလးေတြကမေက်မနပ္ဝိုင္းေျပာၾကေတာ့
Jiminဘာမွျပန္မေျပာျဖစ္ ။
ရယ္ပဲေနမိသည္။

မတတ္နိုင္ဘူးေလ
ကိုယ့္ဘာသာေအးေဆးမေနဘဲ
အေလာင္းအစားသြားလုပ္မိၿပီးကာမွ
သူရေအာင္
ျမဴဆြယ္ရမယ့္ ခပ္ေခ်ေခ် လိေမၼာ္သီး
ကို တစ္ကယ္ႀကီးသေဘာက်မိသြားလို႔
သူလည္း ဒုကၡေတြ႕ေနတာပါလို႔ ။

သူ႕ေဘးကို လွည့္ၾကည့္ေတာ့
Yoongi က သူႏွင့္မဆိုင္သလို
စာဖတ္ေနသည္။

ဟုတ္တာေပါ့Yoongiေဘးမွာ
Jiminကအစက အတန္းေရွ႕မွာ
ထိုင္ေနက်ဆိဳေပမဲ့
သူ႕ရဲ႕ အတန္းေခါင္းေဆာင္ အာဏာႏွင့္
Yoongiေလးကေနရာကို သူလုထားရတာ ။

စတိုးဆိုင္သြားရင္းႏွင့္
သူတခုတ္တရ ဝယ္လာသည့္
ခ်ိဳခ်ဥ္ ေလးေတြကို ထုတ္လိုက္သည္။
Yoongiက လိေမၼာ္သီးေလးေတြဆို
ႀကိဳက္တတ္သည္မို႔
ဒါေလးေတြလည္း ႀကိဳက္ေလာက္သည္ဟု
ေတြးမိရင္းသူဝယ္လာခဲ့တာ ။

**Yoongi Yoongi ေရာ့ ဒီဟာ ေလးစားၾကည့္ လိေမၼာ္ သီး ခ်ိဳခ်ဥ္ **

Min Yoongiက
ဘာမွျပန္မေျပာရေသးေပမဲ့
Jiminကေတာ့ ပတ္ထားတဲ့
အေပၚခြံေလးကို ခြာၿပီး
အတင္း ပါးစပ္ ထဲ ခြံ႕ပစ္လိုက္သည္။

'ခ်ိဳလား ? ခ်ိဳလား? လိေမၼာ္ ခ်ိဳခ်ဥ္ က ခ်ိဳလား Jiminine ကပိုခ်ိဳလား '

လို႔ သူေမးေတာ့မေျဖ ။
တျခားဘက္ကို အၾကည့္လႊဲသြားသည္။

လြယ္ကူမေနပါဘူး
ဒီလို ခပ္ေခ်ေခ် အတန္းေဖာ္ကိုမွ
Crush မိရတယ္လို႔ ။

Class2မွ တတိယဘီးမ်ား :

မခ်ိဳဘူး မခ်ိဳဘူး... ခ်ဥ္တယ္လို႔
ငိုခ်င္လာၿပီ အတန္းေခါင္းေဆာင္ ေရ

....

စာေတာ္တဲ့အခန္းရဲ႕
အတန္းေခါင္းေဆာင္ ျဖစ္႐ုံမက
Park Jiminသည္
မ်က္ႏွာေလးကလည္း ၾကည့္ေကာင္းသည္မို႔
ေက်ာင္းသူ အမ်ားအျပား ရဲ႕ crush  ျခင္းလည္းခံရသလို
တခါတရံဆို ပိုမို သတၱိ ရွိေသာ အခ်ိဳ႕ေက်ာင္းသူေလးမ်ားသည္ သူ႕ကို
တိုက္ရိုက္ လာဖြင့္ေျပာေလ့ရွိသည္။

ယခု လိုမ်ိဳးေပါ့ ၊

Jiminသည္ ထုံးစံ အတိုင္း
Yoongi ကို သြားစေနာက္မိ၍
ျပန္ဆဲခံရလို႔ Yoongi ႏွင့္
သူတခြန္း ငါတခြန္း
အခ်င္းမ်ားရင္း ရယ္ေမာေနတုန္းပါ။

**အတန္းေခါင္းေဆာင္ ေရ .. Jimin ... **

အျပင္ကေန ျပန္လာေသာ
ေက်ာင္းသား မွ Jiminေဘးနား
နာမည္ေခၚရင္းေရာက္လာျခင္းျဖစ္သည္။

**အြန္း.. Taehyung ဘာလဲ ဘာလိုလို႔လဲ**

**အျပင္မွာ ဂ်ီနာ တဲ့.. မင္းကိုေျပာစရာရွိလို႔ ဆိုလား ခဏသြားလိုက္ဦး**

**ေၾသာ္ ဟုတ္လား ေအးေအး**

ေဘးခန္းက လက္ေထာက္ အတန္းေခါင္းေဆာင္
ေက်ာင္းသူ မွန္း Jiminမွတ္မိတာမို႔
အတန္းကိစၥ ႏွင့္သက္ဆိုင္သည္ဟု
ထင္၍ သြက္သြက္ ထထြက္သြားလိုက္သည္။

Jimin တစ္ေယာက္
အခန္းျပင္ေရာက္သြားသည္ႏွင့္
တစ္ေယာက္ေယာက္ေရွ႕ကို
တမင္တကာသြားရပ္ရင္း
Taehyungကေတာ့ျဖင့္
ေအာ္က်ယ္ေအာ္က်ယ္ႏွင့္
သတင္းဖြသည္။

**ေဟး မင္းတို႔သိလား... ဂ်ီနာ ကေလ ငါတို႔Jiminineကို အလယ္တန္းထဲက ေတာ္ေတာ္ခင္ခင္ခ်င္ေနတာ ခု သူဘာေျပာမလို႔လဲ မသိဘူးေနာ္ **

Taehyungအတန္းေဖာ္က
စကားလမ္းေၾကာင္းေပး႐ုံပဲျဖစ္ေပမဲ့
လူတိုင္းကေတာ့ ဘာသေဘာမွန္း
တန္းသေဘာေပါက္ၾကေလရဲ႕ ။

'ဖြင့္ေျပာေတာ့မွာလား မသိဘူးေနာ္'

ခပ္တိုးတိုးေျပာေနၾကတာဆိုေပမဲ့
အရမ္းႀကီးတိုးေနတာမဟုတ္ဘဲ
အတန္းထဲကသူေတြေတာ့
ၾကားနိုင္ေလာက္သည့္ စကား တခုက
ဘယ္သူဘယ္ဝါ ေျပာသူမသိေပမဲ့
သဲ့သဲ့ ေလးေတာ့ၾကား႐ုံထြက္လာသည္။

မ်က္ႏွာႀကီးတခုလုံး
သုန္မႈန္ ေနၿပီျဖစ္တဲ့
Min Yoongiကို ခိုးၾကည့္ရင္း
Kim Taehyung တစ္ေယာက္
အၿပဳံးႀကီးႀကီးၿပဳံးလိုက္သည္။

ငါတို႔ Jiminေလးကို ျငင္းခ်င္ဦးေလ
Min Yoongiဆိုတဲ့ စူပုတ္ရဲ႕ ဟု
ေတြးရင္း သေဘာတက်ျဖစ္ေန၏ ။

သူႏွင့္မတူညီစြာ
တျခားတစ္ေယာက္ကေတာ့ျဖင့္
မ်က္ေမွာင္ႀကဳံ႕ရင္း
သုန္မႈန္ ေနသည္မွာ
Jimin ျပန္လာၿပီး အနားလာထိုင္တဲ့အထိပင္။

**Yoongi?ဘာျဖစ္လို႔လဲ **

႐ုတ္တရက္ ႀကီး
စိတ္မၾကည္ေတာ့တဲ့
လိေမၼာ္သီးေလးကေတာ့ျဖင့္
ဘာမွမလုပ္ထားသလို
ရိုးသားတဲ့ပုံစံေလးနဲ႕ လာေမးေနတဲ့
Park Jiminကို ဘာမွမေျဖဘဲ
မျမင္ခ်င္ေယာင္ေဆာင္ပစ္လိုက္သည္။

အတန္းေခါင္းေဆာင္ Park တို႔
ဘာမွမသိဘဲ ေလစိမ္းတိုက္ခံလိုက္သည္။

아... ? သူဘာမွမလုပ္မိဘဲ
ဘာလို႔ စိတ္ဆိုးသြားျပန္တာလဲ
ဒါေပမဲ့ သူ႕ရဲ႕ လိေမၼာ္သီးေလး
ဟြန့္ခနဲ ႏွာေခါင္းရႈံ႕ရင္း
တစ္ဖက္လွည့္သြားတဲ့ ပုံစံေလးက
အရမ္းခ်စ္စရာေကာင္းတယ္ေရာ ။

ေတြ႕လားေတြ႕လား
ဒီလိုမ်ိဳး စိတ္တိုျပေနတာေတာင္
ေၾကာင္ေပါက္ေလးလို ခ်စ္ဖို႔ေကာင္းေနတာ
သူက ဘယ္လိုလုပ္
သေဘာမက်ဘဲ ေနနိုင္ပါ့မလဲလို႔ ။

..

ေနာက္တစ္ေန႕တြင္မွ
Jimin အေၾကာင္းစုံကို
Taehyung ဆီကျပန္သိရသည္ ။

Taehyungေျပာသလိုပဲ
ဂ်ီနာ ကသူ႕ကို တစ္ကယ္ပဲဖြင့္ေျပာခဲ့ေပမဲ့
တစ္ဖက္မိန္းကေလး စိတ္ထိခိုက္သြားမွာ
မ လိုလားတာေၾကာင့္
သူယဥ္ေက်းစြာပဲ လက္မခံနိုင္ေၾကာင္းကို
ေသခ်ာ ေျပာျပၿပီး ျပန္လိုက္ပို႔ေပးလိုက္တာျဖစ္သည္ ။

Min Yoongiေက်ာင္းေရာက္သည္ႏွင့္
Jiminကေတာ့ ၿပဳံးရယ္ၿပီး
လိုက္စပါေတာ့သည္။

' လိေမၼာ္သီးေလးေရ  မွန္မွန္ေျဖ
Jiminine ကိုခ်စ္တယ္ဟုတ္?အဲ့တာေၾကာင့္
မေန႕ကစိတ္ဆိုးတာမလား  သဝန္တိုလို႔မလား' 
Jiminက ေမးေတာ့
'သြားစမ္းပါ ' ဟု ခပ္ေတာင့္ေတာင့္ေျပာရင္း
ေမာင္းထုတ္သည္။

ဟင့္ သူ႕ကို တကယ္ႀကီး
ျပန္မႀကိဳက္ခ်င္ဘူးလား လို႔ ။

မနက္ကေပ်ာ္ေနတာေလးေတြေတာင္
ေပ်ာက္သြားၿပီ။

ခပ္ေခ်ေခ် crushတစ္ေယာက္
ပိုင္ဆိုင္ထားတဲ့ Park Jiminရဲ႕
ႏွလုံးသားရာသီဥတုကေတာ့
ေႏြဦးလို သာယာလိုက္
ေဆာင္းရာသီလို ေအးစက္ၿပီး စိတ္ဓာတ္က်စဖြယ္ျဖစ္လိုက္ႏွင့္ ။
အ႐ူးေလးလိုပင္..... ။

#####

Heathery : ပတ္ခ္ကေလးဆီက
လိေမၼာ္သီးေလးလို တုန္‌ေနေအာင္
အခ်စ္ခံခ်င္တယ္  (༎ຶ⌑༎ຶ)  (༎ຶ⌑༎ຶ)

...

Updateျမန္မယ္ေျပာၿပီး
ၾကာေနတာေလး မဆူၾကပါနဲ႕လို႔😁။

Continue Reading

You'll Also Like

2.7M 67.3K 123
Imagines and Oneshots from the Harry Potter Universe βœ§β‚ŠβΊ Draco Malfoy, Mattheo Riddle, Theodore Nott, Lorenzo Berkshire, Pansy Parkinson, Tom Riddle...
82.8K 2.4K 38
Francesca Astor came to Love Island to find her soulmate, and once she sets her eyes on him, she's never letting go. Rob Rausch x Fem!oc #1 robertrau...
818K 32.8K 38
On that fateful Halloween night, Lily and James survived while Voldemort apparently 'marked' Harry Potter as his equal. Aria Potter, twin sister of...
296K 7.2K 53
what will happen to ayasha (🐢) after their marriage contract with mikael (🦊) ended? Knowing that she's pregnant with the billionaire? This story a...