ဉာဏ်များလွန်းသော ခင်ပွန်းသည်
By Shi_Sheng
488K 53.6K 1.2K
ဖေ့ကျင်းသည်​ ဝမ်းတွင်းမည်းမင်းသားတစ်​ပါး...အပြင်​လူ​တွေအမြင်​မှာတော့ သူက တည်​ငြိမ်​​အေး​ဆေးပြီး ကြင်​နာ... More
အခနျး (၁)
အခန်း (၂)/က
အခန်း (၂)/ ခ
အခန်း (၃)/ က
အခန်း (၃)/ ခ
အခန်း (၄)
အခန်း (၅)/ က
အခန်း (၅)/ ခ
အခန်း (၆)
အခန်း (၇)
အခန်း (၈)
Chapter (9)Part(A)
အခန်း (၉)/ (ခ)
အခန္း (၁၀)
အခန်း (၁၁)
အခန်း (၁၂)/(က)
အခန်း (၁၂)/ခ
အခန်း (၁၃)/က
အခန်း (၁၃)/ခ
အခန်း (၁၄)
အခန်း (၁၅)/က
အခန်း (၁၅)/ခ
အခန်း (၁၅)/ဂ
အခန်း (၁၆)/က
အခနျး (၁၆ ) / ခ
အခန်း (၁၇)/က
အခန်း (၁၇)/ခ
အခန်း (၁၈) / (က)
အခန်း (၁၈)/ခ
အခန်း (၁၉)
အခန်း (၂၀) / (က)
အခန်း (၂၀)/ ခ
အခန်း (၂၁)
အခန်း (၂၂)/ (က)
အခန်း (၂၂)/ (ခ)
အခန်း (၂၃)/(က)
အခန်း (၂၃)/ (ခ)
အခန်း (၂၄)
အခန်း (၂၅)/(က)
အခန်း (၂၅)/(ခ)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)/(က)
အခန်း (၃၆)/(ခ)
အခန်း (၃၇)
အခန်း (၃၈)/(က)
အခန်း (၃၈)/(ခ)
အခန်း (၃၉)/ က
အခန်း (၃၉)/(ခ)
အခန်း (၄၀)/(က)
အခန်း (၄၀)/ ခ
အခန်း (၄၁)
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)
အခန်း (၄၅)
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၀)
အခန်း (၅၁)
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)/ က
အခန်း (၅၄)/ ခ
အခန်း (၅၅)
အခန်း (၅၆)
အခန်း (၅၇)
အခန်း (၅၈)
အခန်း (၅၉)
အခန်း (၆၀)
အခန်း (၆၁)
အခန်း (၆၂)
အခန်း (၆၃)
အခန်း (၆၄)
အခန်း (၆၅)
အခန်း (၆၇)
အခန်း (၆၈)
အခန်း (၆၉)
အခန်း (၇၀)
အခန်း (၇၁)
အခန်း (၇၂)
အခန်း (၇၃)
အခန်း (၇၄)
အခန်း (၇၅)
အခန်း (၇၆)
အခန်း (၇၇)
အခန်း (၇၈)
အခန်း (၇၉)
အခန်း (၈၀)
အခန်း (၈၁)/ ဇာတ်သိမ်းပိုင်း
အခန်း (၆၆)
2.2K 275 2
By Shi_Sheng
Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
အခန်း (၆၆)
TRANSLATOR - NC
--------------------
"မယ်တော့်မှာ ဘာအစီအစဉ်များရှိပါသလဲ" ဖေ့ကျန်း မေးလိုက်တော့လေသည်။
"ဆောင်းတွင်း အေးစက်စက်ကြီးလဲ ကုန်လွန်ပြီဆိုတော့ သူတို့တွေ မြို့တော်ကို ပြန်လာကြတော့မယ်" မုမိဖုရားက ဆိုလိုက်လေသည်။ "လမိဖုရား နွေဦးကျော်အောင်တောင် အသက်မရှင်နိုင်တော့မဲ့ ကိစ္စလို၊ မင့်ခမည်းတော်ရဲ့ မွေးနေ့စားသောက်ပွဲအခန်းအနားလို အခွင့်အရေးကောင်းတွေ အများကြီး ရှိသေးတယ်"
ဖုန်းကျောင်း စံအိမ်တော်၌ ဖေ့ကျင်း၊ ရန်ရှီးနဉ်နှင့် ကျန်သူများမှာ မိမိတို့ဘာသာ ပျော်ရွှင်မြူးထူးနေကြလေသည်။
တချို့က တံခါးရှေ့မှာ ထိုင်နေကြပြီး သက်သောင့်သက်သာ ဖြေလျှော့နေကြသလို တချို့ကလည်း အမဲလိုက်ရင်း၊ ဆော့ကစားရင်း၊ အိပ်လိုက် စားလိုက် လုပ်နေကြလေသည်။
သူတို့မှာ တစ်နေ့တစ်နေ့ ပျော်ရရွှင်ရအောင် ဘာလုပ်ကြမလဲ၊ ဘယ်လို ကစားရမလဲသာ တွေးစရာ ရှိသည်။ ဖုန်းကျောင်းစံအိမ်တော်၌ အမြဲတမ်းနေခွင့်မရသည်ကိုသာ စိတ်မကောင်းဖြစ်နေကြလေသည်။
လေးလမြောက်၏ ၁၂ ရက်ကို ရောက်သောအခါတွင်မူ ဖုန်းကျောင်းအိမ်တော်သို့ ဝမ်းနည်းစရာ သတင်းတစ်ရပ်ရောက်လာခဲ့လေသည်။ လမိဖုရား ကံတော်ကုန်ပြီတဲ့လေ။
"ဖေ့ကျင်း၊ လမိဖုရားက ဘာလို့ ရုတ်တရက်ကြီး ကံကုန်ရတာတဲ့လဲ..." ရန်ရှီးနဉ် စိတ်မကောင်းကြီးစွာ မေးလိုက်တော့သည်။
ဖေ့ကျင်းလည်း ရန်ရှီးနဉ်ကို ဖက်ထားရင်း နောက်လိုက်နောက်ပါ အစေခံများအားလုံးကို အထုတ်အထည်များ သိမ်းဆည်းထားရန် မှာလိုက်တော့သည်။
ထိုနေ့မှာပင် ဖေ့ကျင်းနှင့် ရန်ရှီးနဉ်တို့ မြို့တော်သို့ ပြန်လာခဲ့လိုက်ကြသည်။
မြင်းလှည်းအတွင်းမှာတော့ ရန်ရှီးနဉ်သည် သူမ၏ ကိုယ်ဝန်ဗိုက်ကို အသာအယာ ပွတ်သပ်နေလေသည်။ "အစ်ကိုကြီး၊ လမိဖုရားက ကျွန်မထက် နှစ်အနည်းငယ်လောက်ပဲ အသက်ပိုကြီးတာနော်..."
"လူတစ်ယောက်နဲ့ တစ်ယောက်တော့ ကံချင်း ဘယ်တူပါ့မလဲ" ဖေ့ကျင်းက ပြောလိုက်သည်။
"ဖေ့ခန်းကို ဘယ်လိုလုပ်မလဲ" ရန်ရှီးနဉ် မေးလိုက်လေသည်။ "သူက ကလေးပေါက်စလေးပဲရှိသေး... သူ့ကို ဘယ်သူက ကာကွယ်ပေးတော့မလဲ"
ဖေ့ကျင်းက ဖေ့ခန်း၏ အခြေအနေသည် သူ ငယ်စဉ်ကနှင့် တူလှသည်ဟု စဉ်းစားမိသည်။ သူ့ငယ်ဘဝမှာလည်း ကာကွယ်ပေးမည့်သူ မရှိခဲ့ပေ။
"အစ်ကိုကြီး..." ရန်ရှီးနဉ် ခေါ်လိုက်လေသည်။
"ဟင်..." ဖေ့ကျင်းက ထူး၏။
"ကျွန်မတို့ ဖေ့ခန်းကိုလေ... အိမ်တော်ကို ခေါ်ထားပြီး ကာကွယ်ပေးကြမလား"
"ကိုယ်လဲ ရှောင်ခန်းကို အိမ်တော်ခေါ်ထားချင်ပါတယ်၊ ဒါပေမဲ့ လောလောဆယ်မှာ ကိုယ်တို့ရဲ့ အိမ်တော်က သူ့အတွက် မလုံခြုံနေဘူး" ဖေ့ကျင်းက ပြန်ဖြေသည်။
မင်းကြီး သက်တော်ထင်ရှား ရှိနေသရွေ့တော့ နန်းတော်တွင်း၌ ဖေ့ခန်းဘဝမှာ သနားစရာ​ကောင်းနေသည့်တိုင် အသက်တော့ရှင်ခွင့် ရနေဦးမည်။
"ဖေ့ခန်းလေးက သနားစရာပဲ... ကလေးက ၅ နှစ်ပဲရှိသေးတာကို" ရန်ရှီးနဉ် ညည်းတွားမိလေသည်။
"ရှီးနဉ် ဖေ့ခန်း ငယ်တုန်းလေး နာကျင်မှု ခံစားရတာ ကောင်းတော့ကောင်းပါတယ်... အဲ့တော့မှ သူ ပိုပြီး ရင့်ကျက်မြန်၊ ကြံ့ခိုင်လာမှာ၊ နန်းတော်ထဲမှာလဲ အသားကျအောင် လိုက်လျောညီထွေနေတတ်လာမယ်" ဖေ့ကျင်း ပြောလိုက်လေသည်။ "ကိုယ်တို့ ဖေ့ခန်းကို ကာကွယ်ပေးချင်တယ်ဆိုရင်တော့ ဘယ်သူမှ ခြိမ်းခြောက်ရန်ပြုနိုင်စွမ်း မရှိတဲ့ အနေအထားရောက်နေအောင် ကြိုးစားဖို့ လိုမယ်"
ရန်ရှီးနဉ် သူမ ဗိုက်ကို ကာကွယ်လိုဟန်ဖြင့် လက်နှစ်ဖက်ဖြင့် ဖုံးထားလိုက်တော့သည်။
"ဆောင်းခိုလို့တော့ ပြီးသွားပြီ" ဖေ့ကျင်းက ဆိုသည်။
ဖေ့ကျင်း ရန်ရှီးနဉ်နှင့် ရင်သွေးလေးကိုပါ တစ်ပါတည်း ပွေ့ဖက်ထားလိုက်တော့သည်။
ထိုနေ့ နေစောင်းချိန်၌ လမိဖုရားအတွက် ရိုးရိုးရှင်းရှင်း ဈာပနအခန်းအနားငယ်ကို နန်းတော်တွင်းမှာပဲ ကျင်းပပေးခဲ့ကြသည်။ ရန်ရှီးနဉ်မှာ ကိုယ်ဝန်ဆောင်ထားသောကြောင့် ဈာပနပွဲ တက်ခွင့်မရှိပေ။ သူမ ခပ်လှမ်းလှမ်းမှသာ ငေးမောကြည့်ရသည်။ ဖေ့ခန်းမှာ သေးလွန်းသဖြင့် မြင်ပင် မမြင်ရ။ ဖေ့ခန်းအကြောင်း မေးရန် ဖေ့ကျင်း ပြန်လာသည်အထိ စောင့်လိုက်ရသည်။
"ဖေ့ခန်းက တိတ်တိတ်လေးပဲ ငိုနေရှာတာ" ဖေ့ကျင်းက ပြောလိုက်လေသည်။ "လမိဖုရား ဆုံးသွားတာက သူ့ကို စိတ်ဒဏ်ရာဖြစ်သွားစေမလားတော့ ကိုယ် မပြောတတ်ဘူး၊ လောလောဆယ်မှာ သူ စကားနှစ်လုံးတောင် အသံထွက် မပြောနိုင်ရှာဘူး"
"ဖေ့ကျင်း ဖေ့ခန်းကို နှစ်သိမ့်ပေးပါဦး" ရန်ရှီးနဉ် ပြောလိုက်လေသည်။
"ကိုယ် သွားချင်ပါတယ်၊ ဒါပေမဲ့ သူ့အနားမှာ အပျိုတော်တွေ မိန်းမစိုးတွေချည်းပဲ" ဖေ့ကျင်း ပြန်​ပြောလိုက်တော့သည်။ "သူနဲ့ သီးသန့် နှစ်ယောက်တည်း စကားပြောလို့ရမှာ မဟုတ်ဘူး"
ရန်ရှီးနဉ် အကူအကယ်မဲ့ ခံစားရလေသည်။
ဖေ့ကျင်းက ရန်ရှီးနဉ် လက်ကို ကိုင်ထားလိုက်တော့သည်။ "နောက် သုံးရက်နေရင် ကိုယ် မင်းကို ဖေ့ခန်းဆီ ခေါ်သွားပေးမယ်နော်"
ရန်ရှီးနဉ် ဖေ့ခန်းအတွက် စိုးရိမ်နေမိသည်။ ဖေ့ခန်း စကားမပြောနိုင်သောကြောင့် လမိဖုရားကို မင်းကြီးက အလေးမပေး​မှန်း ရန်ရှီးနဉ် သိသည်။ ထို့ကြောင့် နန်းတွင်းသူ နန်းတွင်းသားများကလည်း ဖေ့ခန်းကို အလေးမထားကြပေ။
"ချစ်ဇနီး၊ မင်း ဗိုက်ထဲက မြေခွေးလေးရော ကန်နေသေးလား ဒုက္ခပေးနေသေးလား" ဖေ့ကျင်းက မေးပြန်သည်။
"ဘာမြေခွေးလေးလဲ"
ဖေ့ကျင်းမှာ ရန်ရှီးနဉ် ပြုံးတာကို မြင်ပြီး သဘောကျနေမိလေသည်။ "မိန်းမ မြေခွေးလေး မွေးပြီးရင် ခြင်္သေ့လေးတစ်ကောင်လောက် ထပ်ယူရအောင်... မဖြစ်သေးပါဘူး၊ ခြင်္သေ့လေး မယူခင် နှစ်နှစ်လောက် အရင်စောင့်ရမယ်"
ရန်ရှီးနဉ် ဆွံ့အသွားမိတော့လေသည်။ ဖေ့ကျင်းက သူမတို့၏ ရင်သွေးလေးကို မွေးချင်း စောစောစီးစီး ဘာကြောင့် ထပ်မရစေချင်သလဲဆိုသည်ကို ရန်ရှီးနဉ် ရိပ်မိသည်။ ထိုစဉ် ရုတ်တရက် အသံတစ်သံ ကြားလိုက်ရလေသည်။ "ဖေ့ကျင်း ဒီမှာ တစ်ယောက်ယောက်ရှိနေတယ်"
ဖေ့ကျင်းက ပုန်းကွယ်စရာနေရာကလေးကို လှမ်းကြည့်လိုက်သည်။ "ညီ ၁၃ လား"
ဖေ့ခန်း အခန်းထဲကို ချောင်းကြည့်လိုက်သည်။ မည်သူမျှ မရှိသည်ကို တွေ့သောအခါမှ သူ ပုန်းခိုနေရာမှ ထွက်လာလေသည်။
"မောင်လေး ၁၃၊ ဘာလို့ ဒီကို ရောက်နေတာလဲ" ရန်ရှီးနဉ် မေးလိုက်လေသည်။ "မင်းရဲ့ အပျိုတော်တွေ ကုန်းကုန်းတွေရော"
ဖေ့ခန်း၏ မျက်ရည်ဝိုင်းနေသော မျက်ဝန်းလေးများက ရန်ရှီးနဉ် ဗိုက်ကို ကြည့်နေလေသည်။ ရန်ရှီးနဉ်မှာ ရင်နာရတော့သည်။
ဖေ့ကျင်း ဖေ့ခန်းရှေ့ ဒူးထောက်ချလိုက်သည်။ "ညီ ၁၃ မင်း ဘာလို့ ဒီနေရာမှာ တစ်ယောက်တည်း ပုန်းနေတာလဲ"
ဖေ့ခန်းက ဖေ့ကျင်းအား လက်ညိုးထိုးပြလေသည်။
"ညီ ၁၃က အစ်ကိုတော့်ကို စောင့်နေတာလား" ဖေ့ကျင်း မေးလိုက်သည်။
ဖေ့ခန်းက ခေါင်းညိတ်ပြလေ၏။
"ညီ ၁၃၊ မင်းက အစ်ကိုတော့်ကို ဘာများ ပြောချင်လို့လဲ"
ဖေ့ခန်းသည် ဆံထိုးတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ရန်ရှီးနဉ်အား ပေးလိုက်တော့လေသည်။ ၎င်းမှာ လိပ်ပြာပုံ ဆံထိုးလေးဖြစ်ပြီး လမိဖုရား သူမကို ပေးစဉ်အခါက မယူခဲ့လိုက်သော ဆံထိုးဖြစ်လေသည်။
____
[Zawgyi]
Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
အခန်း (၆၆)
TRANSLATOR - NC
--------------------
"ဟင်..." ဖေ့ကျင်းက ထူး၏။
"ဘာမြေခွေးလေးလဲ"
Continue Reading
You'll Also Like
390K 37.7K 176
Title: My Mom's Second Marriage Gifted Me Seven Brothers Author: Jay English Translator: EndlessFantasy Translation Genre: Drama, Romance This co...
179K 19.8K 99
ဘာသာပြန်သူ - စွဲညို့အသင်း
563K 58.6K 190
Author(s) - Zǐ Qīng Yōu 紫青悠 Mm translator - Dora_lucy Start date - 25.9.2021 End date - 2.12.2023 I don't own this novel, cred...
117K 8.3K 87
My wife spoil me too much.... translated by :Triple - M20 အျမဲလိုလို သူ့ကို သေစေချင်နေသည့်သူ့ဇနီးက ကားမတော်တဆမှုဖြစ်ပြီးနောက် အတိတ်မေ့သွားတာကို သိလို...