တစ်ဦးဆိုင် ရပ်ဝန်း
Unicode
" ဗိုက်ဆာနေပြီ လား လွန်း "
ငိုမဲ့မဲ့ မျက်နှာနှင့် လွန်းက ခေါင်းငြိမ့်ပြလာသည်။
ညနေလေးနာရီ ခွဲနေပြီဖြစ်သော်လည်း မီးငယ်နှင့် ကြည်နူးသန့်စင် တို့က အခုထိပြန်မလာကြသေးပေ။
မနက်တုန်းက နေသာသလောက် အခုများတော့ဖြင့် ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းနေပြီး မကြာမီ မိုးရွာချမည့် သဘောရှိသည်။
" တစ်ကယ် ကြီးကို ဆာနေပြီ လမြတ်ဝါဆို "
လွန်း ဗိုက်ထဲက အူတွေတောင် လှိမ့်နေလောက်ပြီဟု ထင်ရသည်။
" အရင်ပြန်နှင့်ဆိုတာကို လွန်းရာ အခုတော့ အစာအိမ်အောင့်ရင် ဘယ်လိုလုပ်မလဲ
တောက်စ် "
" မင်းကို ထားခဲ့ပြီး တစ်ယောက်တည်း မပြန်ချင်လို့လေ လမြတ်ဝါဆိုရဲ့ ငါ့ကို မအော်ပါနဲ့ "
" ဟာ လွန်းကို အော်တာမဟုတ်ပါဘူး ဟိုနှစ်ယောက် ကိုပါ သူတို့ကြောင့် အခုလွန်းဗိုက်ဆာနေပြီလေ "
သူ့ကိုအော်တာ ထင်နေတဲ့ လွန်းဘေးနားကပ်သွားလိုက်ပြီး မျက်နှာချင်းဆိုင်အနေအထား ဖြစ်အောင် လှည့်လိုက်သည်။
" လွန်းကို အော်တာမဟုတ်ဘူးနော် မျက်နှာလေးတော့ မညိုးလိုက်ပါနဲ့ ငါမှားတာ နောက်တစ်ခါ လွန်းရှေ့မှာ ဘာကိစ္စပဲဖြစ်ဖြစ် မအော်မိအောင် ကြိုးစားမယ်နော် "
" ပြန်ရအောင် လမြတ်ဝါဆို ရေလည်း ဆာနေပြီ မိုးဖွားလေးတွေတောင် ကျနေပြီ စိတ်မဆိုးပါဘူး ငါက မင်းအော်တော့ စိတ်မကောင်း ဖြစ်သွားတာပေါ့"
" ဟုတ်ပြီ ဟုတ်ပြီ မိုးကာပါလား လွန်း ပါရင် တစ်ခါထဲ ဝတ်ထား နေမကောင်းဖြစ်မယ် "
လွန်း လွယ်အိတ်ထဲက မိုးကာ အဝါရောင်လေးကို ထုတ်လိုက်ပြီး အမာရွတ်ကလေးကို ဝတ်ပေးလိုက်သည်။
" မင်းဖျားလို့ မဖြစ်ဘူး လမြတ်ဝါဆို နေပြန်ကောင်းတာ တစ်ရက်တောင် မရှိသေးဘူး ငါက ဘာမှမဖြစ်ဖူး "
" လွန်း "
အစစအရာရာ ကို လွန်းက သူ့ကို ဂရုစိုက် ပေးနေတာ ဖွားဖွားလိုပဲ လွန်းက အရမ်းချစ်ဖို့ကောင်းတယ် ။
" အင်း လမြတ်ဝါဆို ငါတစ်ခုခုဖြစ်လို့ရတယ် မင်းတစ်ခုခုဖြစ်သွားလို့တော့မရဘူး ငါသေလောက်အောင် ကြောက်တယ် ငါ့မှာ ဘေးဘေနဲ့ မင်းပဲ ရှိတာ "
ဖြောက် ဖြောက် ဖြောက်
" မိုးရွာလာပြီ လွန်း လာတော့ ဒီကို အိမ်မြန်မြန် ပြန်ကြမယ် "
မိုးသည်းထဲမှာ စက်ဘီးတစ်စီးနဲ့ ကောင်လေးနှစ်ယောက်ရဲ့ မြင်ကွင်းက တန်ဖိုးကြီး ပန်းချီ ကားချပ်တော့ မဟုတ်ပေမယ့် မြင်သူတိုင်းအဖို့တော့ စိတ်ကိုခဏတာ ကြည်နူးသွားစေနိုင်သည်။
" ချမ်းနေလား လွန်း "
မိုးသံတွေကြောင့် အမာရွတ် ကလေး ပြောသော စကားကို လွန်း သဲသဲကွဲကွဲမကြားရပေ။
" ဘာပြောတာလဲ လမြတ်ဝါဆို "
ရှေ့ကနေမြင်ရသော ကျောပြင်လေးက တစ်ချက်တစ်ချက် တုန်နေသောကြောင့် လွန်းချမ်းနေပြီမှန်း လမြတ်ဝါဆို သိလိုက်သည်။
" အနောက်ကို နည်းနည်း ဆုတ်ပြီး ထိုင်ပေး လွန်း ဘာမှမဖြစ်ဖူး ရဲရဲဆုတ်ထိုင်လိုက် "
လွန်းလည်း ချမ်းနေတာမို့ အနွေးဓာတ်ရလိုရငြား အမာရွတ် ကလေး ရင်ခွင်ထဲ သာ တိုးဝင်မိသည်။
လွယ်အိတ်တွေက မိုးကာသားနဲ့ လုပ်ထားတာ မို့ စာအုပ်များ ရေထိမှာအတွက်တော့ မပူရပေ။
လမြတ်ဝါဆို လည်း လွန်းရဲ့ ခန္ဓာကိုယ်လေးကို ခပ်တင်းတင်း ဖက်ကာ စက်ဘီး ကို အရှိန်တင်နင်းမိသည်။ သူ့ရဲ့ လွန်း က ချမ်းနေပြီလေ။
" လွန်း အိမ်ထဲရောက်တာနဲ့အဝတ်စားအရင်လဲနော်နွေးနွေးထွေးထွေးနေ ကြားလား ဟောလစ်ဖြစ်ဖြစ်အိုဗာတင်းဖြစ်ဖြစ်ပူပူလေးတစ်ခွက်လောက်သောက်ဦးပြီးတော့ဒီကိုလ်ဂျင်ဖြစ်ဖြစ်ဘိုင်အိုဂျက်ဆစ်ဖြစ်ဖြစ် တစ်လုံးလောက်လည်း သောက်ထားဦး ခေါင်းကိုလည်း ခြောက်အောင် အရင်သုတ်ဦး "
အဘိုးကြီးတွေလို ပွစိပွစိနဲ့ ပြောနေသော အမာရွတ် ကလေး စကားကို လွန်း နားထောင်မှာပေါ့။
" မင်းရောပဲအိမ်ထဲရောက်တာနဲ့ အဝတ်စားအရင်လဲနော် လမြတ်ဝါဆို "
" အင်း အထဲဝင်တော့ လွန်း ဆယ်နာရီ လောက် မိုးတိတ်ရင် အနောက်ခြံကိုလာခဲ့ စောင့်နေမယ် လွန်းကို ပြောပြစရာရှိတယ် "
" မိုး မတိတ်ရင်ရော လမြတ်ဝါဆို "
လွန်းအမေးကို လမြတ်ဝါဆို နှုတ်ခမ်းလေး
တွန့်ရုံသာ ပြုံးပြပြီး
" မိုးမတိတ်လည်း ထီးယူပြီး စောင့်နေမယ် လွန်းလာတဲ့အထိ "
" လာမှာပေါ့ စောင့်နေ ဆယ်နာရီ ဒေါင်ဆိုတာနဲ့ ငါ ခြံတံတိုင်းပေါ် တက်နှင့်ပြီးသားပဲ တာ့တာ လမြတ်ဝါဆို "
အချင်းချင်း နှုတ်ဆက်ပြီး ကိုယ်စီ အိမ်ထဲ ဝင်လာလိုက်သည်။
လမြတ်ဝါဆို စက်ဘီးကို ဂိုဒေါင်ထဲထားပြီး အိမ်ထဲဝင်ဝင်ချင်းမှာပဲ ပါးပြင်တစ်ဖက်ကပူထူသွားရသည်။
" မာမီ "
ပါးရိုက်ခံလိုက်ရသောကြောင့် လမြတ်ဝါဆို ကြောင်ကြောင်ကြီး ရပ်နေမိသည်။
သူဘာအပြစ်များ လုပ်လို့ မာမီက ပါးရိုက်တဲ့အထိတောင် ဖြစ်ရတာလဲ။
" ရပ်မနေနဲ လမြတ်ဝါဆို မင်းကို မာမီ သိပ်စိတ်ပျက်တယ် မင်းညီမလေးကို တစ်ယောက်ထဲထားပြီး မင်းဘာလို့ပြန်သွားရတာလဲ မင်းညီမလေး တစ်ယောက်ထဲ အိမ်ပြန်လာခဲ့ရတာ မာမီတို့ ဘယ်လောက်စိတ်ပူသွားရတယ်ထင်လဲ မီးငယ်က ငိုယိုပြီး ပြန်လာတာ အိမ်မှာ မာမီတို့ ရှိနေလို့ တော်သေးတာပေါ့ "
အဓိက အကြောင်းရင်း က လေးမြတ်ခွာညို ကြောင့်ပေါ့။
" အကြောင်းရင်း တစ်ခုကို သေသေချာချာ မသိပဲ မာမီတို့ကို ကျွန်တော်က ပိုပြီးစိတ်ပျက်တယ် မာမီနဲ့ဒယ်ဒီ ကျွန်တော့်ကို စိတ်ပျက်တယ်ဆိုတာထက် ကျွန်တော်က မာမီနဲ့ဒယ်ဒီ ကို အဆပေါင်းများစွာ ပိုပြီး စိတ်ပျက်တယ် ဆိုတာ မှတ်ထားပေးပါ "
စိတ်ထဲရှိတဲ့ အတိုင်း ပြောပြီးပြီး ချင်း လမြတ်ဝါဆို အခန်းထဲပြေးဝင်ဖို့ ပြင်လိုက်သည် ။
" နေဦး ဝါဆို မာမီတို့ France ကို တစ်ပတ်အတွင်း ပြောင်းရမယ် မင်းညီမမွေးနေ့ပြီးတာနဲ့ နောက်ရက်ပဲ ထွက်မှာ မင်းတို့မောင်နှမနှစ်ယောက်လုံး ဟိုမှာ ကျောင်းတက်ဖို့အတွက် မာမီ အကုန်စီစဥ်ပြီးပြီ "
ရင်ထဲကနေ လှိုက်တက်လာတဲ့ ဒေါသတွေကို လမြတ်ဝါဆို မနည်းမြိုချနေရသည်။
" ကျွန်တော်မလိုက်ဘူး မာမီ မာမီတို့ဘာသာ ပြောင်းကြ ကျွန်တော် ဖွားဖွားနဲ့ပဲ နေခဲ့ပြီး ဒီမှာ ကျောင်းဆက်တက်မယ် မာမီတို့ သုံးယောက်ပဲ သွားကြပါ "
ဒေါ်လင်းလင်းသာ သက်ပြင်း အသာချပြီး မပြောမဖြစ် ကိစ္စတစ်ခုကို ထုတ်ပြောရတော့မည်။
" အခုသွားမှာ သားဖွားဖွား ကျန်းမာရေး အတွက်ပဲ ဝါဆို မင်းဖွားဖွား ကျန်းမာရေး ပြန်ဖောက်နေတယ် မင်းရဲ့ဖိုးဖိုးလည်း လိုက်မှာ ရှမ်းပြည်ကခြံတွေကို အငှားချခဲ့မှာ မာမီ France မှာရှိတဲ့ ပါရဂူတွေနဲ့ ချိတ်ပြီးပြီ ပြီးတော့ မင်းဒယ်ဒီရဲ့အလုပ်တွေလည်း ဟိုမှာ အခြေကျနေပြီ ဝါဆို သိမ်းစရာရှိတာ သိမ်းထားတော့ "
လမြတ်ဝါဆို အခုအချိန် ဘာမှမတွေးချင်သေး။ ဟင့်အင်း သူကဘာလို့ လိုက်သွားရမှာလဲ လွန်းတစ်ယောက်တည်း ကျန်နေခဲ့မှာပေါ့။
တစ်ဖက်ကလည်း ဖွားဖွား သူ့အသက်သခင်ကျေးဇူးရှင် တစ်မိသားစုလုံး ထဲမှာမှ သူ့ကိုအများကြီး ချစ်ပေးတဲ့ဖွားဖွား ။
ဖွားဖွားနဲ့ လွန်း နှစ်ယောက်လုံး က သူ့အတွက် ဖြစ်တည်ပေးလာတဲ့သူတွေ။
" အားးးးးးးးးးးး ရူးချင်လာပြီ "
အခန်းထောင့်မှာ လမြတ်ဝါဆို တစ်ယောက်ထဲ ရှိုက်ကာ ငိုနေမိသည်။
" လွန်းငယ် ဒီမှာလာထိုင်ဦး ဒါ သားမေမေလေးရဲ့ မောင် လင်းနေသော်တာတဲ့ ဒီနှစ်မှဆယ်တန်းအောင်ထားတာ ရန်ကုန် ဆေး (၁) မှာတက်ရမှာ သားလည်း ဆရာဝန်ကြီးလုပ်မှာမလား အခုတည်းက သားကိုကို့ကို ကပ်ထားတော့ "
လွန်း ရှေ့ကအကိုကြီးကို ကြည့်တော့ လေးထောင့်မျက်မှန် ခပ်ကြီးကြီးကို တပ်ထားပြီး အင်္ကျီကလည်း အကွက်လက်တိုပွပွကြီး ပုဆိုးကလည်း ဖေဖေဝတ်တဲ့ အဆင်တွေထဲကတစ်မျိုး ဖြစ်လောက်မည့် ပုဆိုးကိုဝတ်ထားသည်။
မျက်နှာက ဘာအရိပ်ယောင်မှ မရှိပဲ ပကတိ ငြိမ်းချမ်းခြင်း အတိသာ။
" ဟုတ်ကဲ့ ဖေဖေ ကိုကို ကျွန်တော့်ကိုလည်း စောင့်ရှောက်ပေးပါဦးဗျ "
လင်းနေသော်တာ မျက်မှန်ကို တစ်ချက်ပင့်တင်လိုက်ကာ ခေါင်းငြိမ့်မိသည်။ သူလိုချင်နေတဲ့ ညီလေးတစ်ယောက် ရပြီမို့ စိတ်ထဲမှာ အလွန်ပျော်နေမိသည် သို့သော်လည်း ထုတ်မပြတတ်သည်မို့ အပြင်မှာ ခပ်တည်တည်ပင် ဖြစ်နေသည်။
" သူကအဲ့လိုပဲ လွန်းငယ် စကားနည်းတယ် စာအုပ်ကြီးလေ အချိန်ပြည့် စာနဲ့ပဲ နပမ်းလုံးနေတာ သားကိုကိုက စိတ်ကောင်းရှိတယ် ဗိုက်ဆာနေကြပြီလား စားလို့ရပြီ နော် "
အနံ့လေးကလည်း မွှေးနေတာမို့ လွန်းရော ဖေဖေရော ကိုကိုရော ထမင်းစားပွဲနား အပြေးသွားမိသည်။
မေမေလေးက ကြက်သားပလာတာ လုပ်ကြွေးတာပထမဦးဆုံးအကြိမ်မို့ လွန်း အားရပါးရ စားပြစ်လိုက်သည်။
စားပြီးသွားတော့ စကားထိုင်ပြောကြရင်း တဖြည်းဖြည်း မိုးချုပ်လာပြီမို့ လွန်းငယ်ရော ကိုကိုရော ဖေဖေနဲ့မေမေလေးအား ကန်တော့ကာ အိပ်ရာ ဝင်ခဲ့ကြသည်။အရင်နေ့တွေတုန်းကလွန်းငယ်တစ်ယောက်တည်း ဖေဖေနဲ့မေမေလေးအား ကန့်တော့ရာမှာ ဒီနေ့တော့ ကိုကိုပါလိုက်ကန်တော့ဖို့ အဖော်ရှိလာပြီ။
လွန်း နာရီကြည့်တော့ ဆယ်နာရီ ထိုးဖို့ ငါးမိနစ် အလိုရောက်နေပြီမို့ အခန်းတံခါး သေချာစေ့ကာ ခြံအနောက်ဘက်ကို မြန်မြန်ပြေးထွက်လာလိုက်သည်။
မိုးကလည်း ကျောင်းကပြန်ရောက်ပြီး ခဏအကြာထဲက တိတ်သွားကာ အခုထိ ဆက်မရွာတော့ချေ။
" လမြတ်ဝါဆို ဟေ့ ကောင်လေး ဒီအကိုကြီးကို လာကူညီပေးပါဦး စားပြီး ဗိုက်အင့်နေလို့ ဟီး "
လမြတ်ဝါဆို ထိုင်နေတုန်း ရှိသေး ကြားလိုက်ရတဲ့ အသံချိုချိုလေး ကြောင့် ပြုံးလိုက်မိသည်။
" စားပြီး မဆင်းနိုင်တော့ဘူးပေါ့ ဟုတ်လား လွန်း ဖြေးဖြေး ဆင်းခဲ့ ဖမ်းထားပေးမယ် "
ဒီတစ်ခါတော့ အရင်ကလို တစ်ယောက်ပေါ်တစ်ယောက် ထပ်ရပ်ကြီး လဲမကြတော့ပါ။
" ဒီမှာကြည့်ဦး လမြတ်ဝါဆို ငါ့ဗိုက်ကလေး ပူနေတာပဲ ငါသုံးပွဲတောင်စားလာခဲ့တာ ပြီးတော့ ကိုကို အသစ်တစ်ယောက်လည်း ရခဲ့တယ် "
သုံးပွဲစားတဲ့အထိ လမြတ်ဝါဆို မျက်နှာက ကြည်လင်နေပေမယ့် ကိုကို အသစ်တစ်ယောက်ဆိုသည့်စကားနားလည်းရောက်ရော ချက်ချင်းဆိုသလို မှုန်ကုပ်သွားရသည်။
" ဘာ ကိုကို အသစ်တစ်ယောက် ဟုတ်လား လွန်း "
" လန့်လိုက်တာ ဟုတ်တယ် လမြတ်ဝါဆို မျက်မှန်ကြီးနဲ့ အဲ့အကိုကြီးက ဖေဖေ့လိုပဲ ရိုးရိုးကြီး သိလား "
ရိုးရိုးကြီး ဆိုသည့် စကား ကြားမှ လမြတ်ဝါဆို မျက်နှာ နည်းနည်း ပြန်ကြည်လင်လာသည်။
" ဘာပြောဖို့လဲ လမြတ်ဝါဆို ပြောလေ ငါဗိုက်အင့်နေတာ စကာများများ မပြောနိုင်ဘူး မင်းပြောတာ နားထောင်မယ် နော် "
သူ့ဗိုက်ကလေးပူနေတာကို လွန်းက အတော်လေးကို သဘောကြနေသည်ထင်တယ်။
"ဟိုမှာတွေ့တဲ့ သုံးလုံးတန်းနေတဲ့ ကြယ်လေးအကြောင်းကို လွန်းသိချင်လား "
မိုးရွာထားသော်လည်း ညဘက်ကြယ်တွေထွက်သဖြင့် စုံညီနေသော ကောင်းကင်ကြီးအား လမြတ်ဝါဆို လက်ညိုးထိုးပြလိုက်သည်။
လွန်း ပြူးတူးပြဲတဲလေး ကြည့်ကြည့်လိုက်သည်။ အမာရွတ် ကလေးပြောသလိုပဲ သုံးလုံးတန်းနေသည့်ကြယ်လေးကိုတွေ့လိုက်ရသည်။
" အင်း သိချင်တယ် လမြတ်ဝါဆို ပြောပြပါ နော် ငါ့ကို "
" ပြောပြမယ် လွန်း အဲ့ကြယ်လေး နာမည်ကို မောင်ရင်ဆိုင်းထမ်း လို့ ခေါ်ကြတာမျိုး ရှိတယ် အခု ငါပြောပြမှာက အဲ့ကြယ်လေး ရဲ့ ရာဇဝင်ကို "
" မြန်မြန်ပြော မြန်မြန် လမြတ်ဝါဆို သိချင်လာပြီ "
" ပြောပြမှာပါ လွန်းရယ် လွန်းကို ပြောပြချင်လို့ ငါသေချာလေ့လာထားတာ "
"တစ်ကယ် လမြတ်ဝါဆို အာ့ဆိုပြောပြတော့ "
လွန်း စိတ်ဝင်တစား နားထောင်နေမိသည်။
"အဲ့ဒီ ကြယ်လေးရဲ့ရာဇဝင်က ဒီလိုစတယ် လွန်း"
____________________________________________________________
GarlicBoom
တစ္ဦးဆိုင္ ရပ္ဝန္း
Zawgyi
" ဗိုက္ဆာေနၿပီ လား လြန္း "
ငိုမဲ့မဲ့ မ်က္ႏွာႏွင့္ လြန္းက ေခါင္းၿငိမ့္ျပလာသည္။
ညေနေလးနာရီ ခြဲေနၿပီျဖစ္ေသာ္လည္း မီးငယ္ႏွင့္ ၾကည္ႏူးသန့္စင္ တို႔က အခုထိျပန္မလာၾကေသးေပ။
မနက္တုန္းက ေနသာသေလာက္ အခုမ်ားေတာ့ျဖင့္ ေကာင္းကင္တစ္ခုလုံး အုံ႕မွိုင္းေနၿပီး မၾကာမီ မိုး႐ြာခ်မည့္ သေဘာရွိသည္။
" တစ္ကယ္ ႀကီးကို ဆာေနၿပီ လျမတ္ဝါဆို "
လြန္း ဗိုက္ထဲက အူေတြေတာင္ လွိမ့္ေနေလာက္ၿပီဟု ထင္ရသည္။
" အရင္ျပန္ႏွင့္ဆိုတာကို လြန္းရာ အခုေတာ့ အစာအိမ္ေအာင့္ရင္ ဘယ္လိုလုပ္မလဲ
ေတာက္စ္ "
" မင္းကို ထားခဲ့ၿပီး တစ္ေယာက္တည္း မျပန္ခ်င္လို႔ေလ လျမတ္ဝါဆိုရဲ႕ ငါ့ကို မေအာ္ပါနဲ႕ "
" ဟာ လြန္းကို ေအာ္တာမဟုတ္ပါဘူး ဟိုႏွစ္ေယာက္ ကိုပါ သူတို႔ေၾကာင့္ အခုလြန္းဗိုက္ဆာေနၿပီေလ "
သူ႕ကိုေအာ္တာ ထင္ေနတဲ့ လြန္းေဘးနားကပ္သြားလိုက္ၿပီး မ်က္ႏွာခ်င္းဆိုင္အေနအထား ျဖစ္ေအာင္ လွည့္လိုက္သည္။
" လြန္းကို ေအာ္တာမဟုတ္ဘူးေနာ္ မ်က္ႏွာေလးေတာ့ မညိုးလိုက္ပါနဲ႕ ငါမွားတာ ေနာက္တစ္ခါ လြန္းေရွ႕မွာ ဘာကိစၥပဲျဖစ္ျဖစ္ မေအာ္မိေအာင္ ႀကိဳးစားမယ္ေနာ္ "
" ျပန္ရေအာင္ လျမတ္ဝါဆို ေရလည္း ဆာေနၿပီ မိုးဖြားေလးေတြေတာင္ က်ေနၿပီ စိတ္မဆိုးပါဘူး ငါက မင္းေအာ္ေတာ့ စိတ္မေကာင္း ျဖစ္သြားတာေပါ့"
" ဟုတ္ၿပီ ဟုတ္ၿပီ မိုးကာပါလား လြန္း ပါရင္ တစ္ခါထဲ ဝတ္ထား ေနမေကာင္းျဖစ္မယ္ "
လြန္း လြယ္အိတ္ထဲက မိုးကာ အဝါေရာင္ေလးကို ထုတ္လိုက္ၿပီး အမာ႐ြတ္ကေလးကို ဝတ္ေပးလိုက္သည္။
" မင္းဖ်ားလို႔ မျဖစ္ဘူး လျမတ္ဝါဆို ေနျပန္ေကာင္းတာ တစ္ရက္ေတာင္ မရွိေသးဘူး ငါက ဘာမွမျဖစ္ဖူး "
" လြန္း "
အစစအရာရာ ကို လြန္းက သူ႕ကို ဂ႐ုစိုက္ ေပးေနတာ ဖြားဖြားလိုပဲ လြန္းက အရမ္းခ်စ္ဖို႔ေကာင္းတယ္ ။
" အင္း လျမတ္ဝါဆို ငါတစ္ခုခုျဖစ္လို႔ရတယ္ မင္းတစ္ခုခုျဖစ္သြားလို႔ေတာ့မရဘူး ငါေသေလာက္ေအာင္ ေၾကာက္တယ္ ငါ့မွာ ေဘးေဘနဲ႕ မင္းပဲ ရွိတာ "
ေျဖာက္ ေျဖာက္ ေျဖာက္
" မိုး႐ြာလာၿပီ လြန္း လာေတာ့ ဒီကို အိမ္ျမန္ျမန္ ျပန္ၾကမယ္ "
မိုးသည္းထဲမွာ စက္ဘီးတစ္စီးနဲ႕ ေကာင္ေလးႏွစ္ေယာက္ရဲ႕ ျမင္ကြင္းက တန္ဖိုးႀကီး ပန္းခ်ီ ကားခ်ပ္ေတာ့ မဟုတ္ေပမယ့္ ျမင္သူတိုင္းအဖို႔ေတာ့ စိတ္ကိုခဏတာ ၾကည္ႏူးသြားေစနိုင္သည္။
" ခ်မ္းေနလား လြန္း "
မိုးသံေတြေၾကာင့္ အမာ႐ြတ္ ကေလး ေျပာေသာ စကားကို လြန္း သဲသဲကြဲကြဲမၾကားရေပ။
" ဘာေျပာတာလဲ လျမတ္ဝါဆို "
ေရွ႕ကေနျမင္ရေသာ ေက်ာျပင္ေလးက တစ္ခ်က္တစ္ခ်က္ တုန္ေနေသာေၾကာင့္ လြန္းခ်မ္းေနၿပီမွန္း လျမတ္ဝါဆို သိလိုက္သည္။
" အေနာက္ကို နည္းနည္း ဆုတ္ၿပီး ထိုင္ေပး လြန္း ဘာမွမျဖစ္ဖူး ရဲရဲဆုတ္ထိုင္လိုက္ "
လြန္းလည္း ခ်မ္းေနတာမို႔ အႏြေးဓာတ္ရလိုရျငား အမာ႐ြတ္ ကေလး ရင္ခြင္ထဲ သာ တိုးဝင္မိသည္။
လြယ္အိတ္ေတြက မိုးကာသားနဲ႕ လုပ္ထားတာ မို႔ စာအုပ္မ်ား ေရထိမွာအတြက္ေတာ့ မပူရေပ။
လျမတ္ဝါဆို လည္း လြန္းရဲ႕ ခႏၶာကိုယ္ေလးကို ခပ္တင္းတင္း ဖက္ကာ စက္ဘီး ကို အရွိန္တင္နင္းမိသည္။ သူ႕ရဲ႕ လြန္း က ခ်မ္းေနၿပီေလ။
" လြန္း အိမ္ထဲေရာက္တာနဲ႕အဝတ္စားအရင္လဲေနာ္ႏြေးႏြေးေထြးေထြးေန ၾကားလား ေဟာလစ္ျဖစ္ျဖစ္အိုဗာတင္းျဖစ္ျဖစ္ပူပူေလးတစ္ခြက္ေလာက္ေသာက္ဦးၿပီးေတာ့ဒီကိုလ္ဂ်င္ျဖစ္ျဖစ္ဘိုင္အိုဂ်က္ဆစ္ျဖစ္ျဖစ္ တစ္လုံးေလာက္လည္း ေသာက္ထားဦး ေခါင္းကိုလည္း ေျခာက္ေအာင္ အရင္သုတ္ဦး "
အဘိုးႀကီးေတြလို ပြစိပြစိနဲ႕ ေျပာေနေသာ အမာ႐ြတ္ ကေလး စကားကို လြန္း နားေထာင္မွာေပါ့။
" မင္းေရာပဲအိမ္ထဲေရာက္တာနဲ႕ အဝတ္စားအရင္လဲေနာ္ လျမတ္ဝါဆို "
" အင္း အထဲဝင္ေတာ့ လြန္း ဆယ္နာရီ ေလာက္ မိုးတိတ္ရင္ အေနာက္ၿခံကိုလာခဲ့ ေစာင့္ေနမယ္ လြန္းကို ေျပာျပစရာရွိတယ္ "
" မိုး မတိတ္ရင္ေရာ လျမတ္ဝါဆို "
လြန္းအေမးကို လျမတ္ဝါဆို ႏႈတ္ခမ္းေလး
တြန့္႐ုံသာ ၿပဳံးျပၿပီး
" မိုးမတိတ္လည္း ထီးယူၿပီး ေစာင့္ေနမယ္ လြန္းလာတဲ့အထိ "
" လာမွာေပါ့ ေစာင့္ေန ဆယ္နာရီ ေဒါင္ဆိုတာနဲ႕ ငါ ၿခံတံတိုင္းေပၚ တက္ႏွင့္ၿပီးသားပဲ တာ့တာ လျမတ္ဝါဆို "
အခ်င္းခ်င္း ႏႈတ္ဆက္ၿပီး ကိုယ္စီ အိမ္ထဲ ဝင္လာလိုက္သည္။
လျမတ္ဝါဆို စက္ဘီးကို ဂိုေဒါင္ထဲထားၿပီး အိမ္ထဲဝင္ဝင္ခ်င္းမွာပဲ ပါးျပင္တစ္ဖက္ကပူထူသြားရသည္။
" မာမီ "
ပါးရိုက္ခံလိုက္ရေသာေၾကာင့္ လျမတ္ဝါဆို ေၾကာင္ေၾကာင္ႀကီး ရပ္ေနမိသည္။
သူဘာအျပစ္မ်ား လုပ္လို႔ မာမီက ပါးရိုက္တဲ့အထိေတာင္ ျဖစ္ရတာလဲ။
" ရပ္မေနနဲ လျမတ္ဝါဆို မင္းကို မာမီ သိပ္စိတ္ပ်က္တယ္ မင္းညီမေလးကို တစ္ေယာက္ထဲထားၿပီး မင္းဘာလို႔ျပန္သြားရတာလဲ မင္းညီမေလး တစ္ေယာက္ထဲ အိမ္ျပန္လာခဲ့ရတာ မာမီတို႔ ဘယ္ေလာက္စိတ္ပူသြားရတယ္ထင္လဲ မီးငယ္က ငိုယိုၿပီး ျပန္လာတာ အိမ္မွာ မာမီတို႔ ရွိေနလို႔ ေတာ္ေသးတာေပါ့ "
အဓိက အေၾကာင္းရင္း က ေလးျမတ္ခြာညို ေၾကာင့္ေပါ့။
" အေၾကာင္းရင္း တစ္ခုကို ေသေသခ်ာခ်ာ မသိပဲ မာမီတို႔ကို ကြၽန္ေတာ္က ပိုၿပီးစိတ္ပ်က္တယ္ မာမီနဲ႕ဒယ္ဒီ ကြၽန္ေတာ့္ကို စိတ္ပ်က္တယ္ဆိုတာထက္ ကြၽန္ေတာ္က မာမီနဲ႕ဒယ္ဒီ ကို အဆေပါင္းမ်ားစြာ ပိုၿပီး စိတ္ပ်က္တယ္ ဆိုတာ မွတ္ထားေပးပါ "
စိတ္ထဲရွိတဲ့ အတိုင္း ေျပာၿပီးၿပီး ခ်င္း လျမတ္ဝါဆို အခန္းထဲေျပးဝင္ဖို႔ ျပင္လိုက္သည္ ။
" ေနဦး ဝါဆို မာမီတို႔ France ကို တစ္ပတ္အတြင္း ေျပာင္းရမယ္ မင္းညီမေမြးေန႕ၿပီးတာနဲ႕ ေနာက္ရက္ပဲ ထြက္မွာ မင္းတို႔ေမာင္ႏွမႏွစ္ေယာက္လုံး ဟိုမွာ ေက်ာင္းတက္ဖို႔အတြက္ မာမီ အကုန္စီစဥ္ၿပီးၿပီ "
ရင္ထဲကေန လွိုက္တက္လာတဲ့ ေဒါသေတြကို လျမတ္ဝါဆို မနည္းၿမိဳခ်ေနရသည္။
" ကြၽန္ေတာ္မလိုက္ဘူး မာမီ မာမီတို႔ဘာသာ ေျပာင္းၾက ကြၽန္ေတာ္ ဖြားဖြားနဲ႕ပဲ ေနခဲ့ၿပီး ဒီမွာ ေက်ာင္းဆက္တက္မယ္ မာမီတို႔ သုံးေယာက္ပဲ သြားၾကပါ "
ေဒၚလင္းလင္းသာ သက္ျပင္း အသာခ်ၿပီး မေျပာမျဖစ္ ကိစၥတစ္ခုကို ထုတ္ေျပာရေတာ့မည္။
" အခုသြားမွာ သားဖြားဖြား က်န္းမာေရး အတြက္ပဲ ဝါဆို မင္းဖြားဖြား က်န္းမာေရး ျပန္ေဖာက္ေနတယ္ မင္းရဲ႕ဖိုးဖိုးလည္း လိုက္မွာ ရွမ္းျပည္ကၿခံေတြကို အငွားခ်ခဲ့မွာ မာမီ France မွာရွိတဲ့ ပါရဂူေတြနဲ႕ ခ်ိတ္ၿပီးၿပီ ၿပီးေတာ့ မင္းဒယ္ဒီရဲ႕အလုပ္ေတြလည္း ဟိုမွာ အေျခက်ေနၿပီ ဝါဆို သိမ္းစရာရွိတာ သိမ္းထားေတာ့ "
လျမတ္ဝါဆို အခုအခ်ိန္ ဘာမွမေတြးခ်င္ေသး။ ဟင့္အင္း သူကဘာလို႔ လိုက္သြားရမွာလဲ လြန္းတစ္ေယာက္တည္း က်န္ေနခဲ့မွာေပါ့။
တစ္ဖက္ကလည္း ဖြားဖြား သူ႕အသက္သခင္ေက်းဇူးရွင္ တစ္မိသားစုလုံး ထဲမွာမွ သူ႕ကိုအမ်ားႀကီး ခ်စ္ေပးတဲ့ဖြားဖြား ။
ဖြားဖြားနဲ႕ လြန္း ႏွစ္ေယာက္လုံး က သူ႕အတြက္ ျဖစ္တည္ေပးလာတဲ့သူေတြ။
" အားးးးးးးးးးးး ႐ူးခ်င္လာၿပီ "
အခန္းေထာင့္မွာ လျမတ္ဝါဆို တစ္ေယာက္ထဲ ရွိုက္ကာ ငိုေနမိသည္။
" လြန္းငယ္ ဒီမွာလာထိုင္ဦး ဒါ သားေမေမေလးရဲ႕ ေမာင္ လင္းေနေသာ္တာတဲ့ ဒီႏွစ္မွဆယ္တန္းေအာင္ထားတာ ရန္ကုန္ ေဆး (၁) မွာတက္ရမွာ သားလည္း ဆရာဝန္ႀကီးလုပ္မွာမလား အခုတည္းက သားကိုကို႔ကို ကပ္ထားေတာ့ "
လြန္း ေရွ႕ကအကိုႀကီးကို ၾကည့္ေတာ့ ေလးေထာင့္မ်က္မွန္ ခပ္ႀကီးႀကီးကို တပ္ထားၿပီး အကၤ်ီကလည္း အကြက္လက္တိုပြပြႀကီး ပုဆိုးကလည္း ေဖေဖဝတ္တဲ့ အဆင္ေတြထဲကတစ္မ်ိဳး ျဖစ္ေလာက္မည့္ ပုဆိုးကိုဝတ္ထားသည္။
မ်က္ႏွာက ဘာအရိပ္ေယာင္မွ မရွိပဲ ပကတိ ၿငိမ္းခ်မ္းျခင္း အတိသာ။
" ဟုတ္ကဲ့ ေဖေဖ ကိုကို ကြၽန္ေတာ့္ကိုလည္း ေစာင့္ေရွာက္ေပးပါဦးဗ် "
လင္းေနေသာ္တာ မ်က္မွန္ကို တစ္ခ်က္ပင့္တင္လိုက္ကာ ေခါင္းၿငိမ့္မိသည္။ သူလိုခ်င္ေနတဲ့ ညီေလးတစ္ေယာက္ ရၿပီမို႔ စိတ္ထဲမွာ အလြန္ေပ်ာ္ေနမိသည္ သို႔ေသာ္လည္း ထုတ္မျပတတ္သည္မို႔ အျပင္မွာ ခပ္တည္တည္ပင္ ျဖစ္ေနသည္။
" သူကအဲ့လိုပဲ လြန္းငယ္ စကားနည္းတယ္ စာအုပ္ႀကီးေလ အခ်ိန္ျပည့္ စာနဲ႕ပဲ နပမ္းလုံးေနတာ သားကိုကိုက စိတ္ေကာင္းရွိတယ္ ဗိုက္ဆာေနၾကၿပီလား စားလို႔ရၿပီ ေနာ္ "
အနံ႕ေလးကလည္း ေမႊးေနတာမို႔ လြန္းေရာ ေဖေဖေရာ ကိုကိုေရာ ထမင္းစားပြဲနား အေျပးသြားမိသည္။
ေမေမေလးက ၾကက္သားပလာတာ လုပ္ေႂကြးတာပထမဦးဆုံးအႀကိမ္မို႔ လြန္း အားရပါးရ စားျပစ္လိုက္သည္။
စားၿပီးသြားေတာ့ စကားထိုင္ေျပာၾကရင္း တျဖည္းျဖည္း မိုးခ်ဳပ္လာၿပီမို႔ လြန္းငယ္ေရာ ကိုကိုေရာ ေဖေဖနဲ႕ေမေမေလးအား ကန္ေတာ့ကာ အိပ္ရာ ဝင္ခဲ့ၾကသည္။အရင္ေန႕ေတြတုန္းကလြန္းငယ္တစ္ေယာက္တည္း ေဖေဖနဲ႕ေမေမေလးအား ကန့္ေတာ့ရာမွာ ဒီေန႕ေတာ့ ကိုကိုပါလိုက္ကန္ေတာ့ဖို႔ အေဖာ္ရွိလာၿပီ။
လြန္း နာရီၾကည့္ေတာ့ ဆယ္နာရီ ထိုးဖို႔ ငါးမိနစ္ အလိုေရာက္ေနၿပီမို႔ အခန္းတံခါး ေသခ်ာေစ့ကာ ၿခံအေနာက္ဘက္ကို ျမန္ျမန္ေျပးထြက္လာလိုက္သည္။
မိုးကလည္း ေက်ာင္းကျပန္ေရာက္ၿပီး ခဏအၾကာထဲက တိတ္သြားကာ အခုထိ ဆက္မ႐ြာေတာ့ေခ်။
" လျမတ္ဝါဆို ေဟ့ ေကာင္ေလး ဒီအကိုႀကီးကို လာကူညီေပးပါဦး စားၿပီး ဗိုက္အင့္ေနလို႔ ဟီး "
လျမတ္ဝါဆို ထိုင္ေနတုန္း ရွိေသး ၾကားလိုက္ရတဲ့ အသံခ်ိဳခ်ိဳေလး ေၾကာင့္ ၿပဳံးလိုက္မိသည္။
" စားၿပီး မဆင္းနိုင္ေတာ့ဘူးေပါ့ ဟုတ္လား လြန္း ေျဖးေျဖး ဆင္းခဲ့ ဖမ္းထားေပးမယ္ "
ဒီတစ္ခါေတာ့ အရင္ကလို တစ္ေယာက္ေပၚတစ္ေယာက္ ထပ္ရပ္ႀကီး လဲမၾကေတာ့ပါ။
" ဒီမွာၾကည့္ဦး လျမတ္ဝါဆို ငါ့ဗိုက္ကေလး ပူေနတာပဲ ငါသုံးပြဲေတာင္စားလာခဲ့တာ ၿပီးေတာ့ ကိုကို အသစ္တစ္ေယာက္လည္း ရခဲ့တယ္ "
သုံးပြဲစားတဲ့အထိ လျမတ္ဝါဆို မ်က္ႏွာက ၾကည္လင္ေနေပမယ့္ ကိုကို အသစ္တစ္ေယာက္ဆိုသည့္စကားနားလည္းေရာက္ေရာ ခ်က္ခ်င္းဆိုသလို မႈန္ကုပ္သြားရသည္။
" ဘာ ကိုကို အသစ္တစ္ေယာက္ ဟုတ္လား လြန္း "
" လန့္လိုက္တာ ဟုတ္တယ္ လျမတ္ဝါဆို မ်က္မွန္ႀကီးနဲ႕ အဲ့အကိုႀကီးက ေဖေဖ့လိုပဲ ရိုးရိုးႀကီး သိလား "
ရိုးရိုးႀကီး ဆိုသည့္ စကား ၾကားမွ လျမတ္ဝါဆို မ်က္ႏွာ နည္းနည္း ျပန္ၾကည္လင္လာသည္။
" ဘာေျပာဖို႔လဲ လျမတ္ဝါဆို ေျပာေလ ငါဗိုက္အင့္ေနတာ စကာမ်ားမ်ား မေျပာနိုင္ဘူး မင္းေျပာတာ နားေထာင္မယ္ ေနာ္ "
သူ႕ဗိုက္ကေလးပူေနတာကို လြန္းက အေတာ္ေလးကို သေဘာၾကေနသည္ထင္တယ္။
"ဟိုမွာေတြ႕တဲ့ သုံးလုံးတန္းေနတဲ့ ၾကယ္ေလးအေၾကာင္းကို လြန္းသိခ်င္လား "
မိုး႐ြာထားေသာ္လည္း ညဘက္ၾကယ္ေတြထြက္သျဖင့္ စုံညီေနေသာ ေကာင္းကင္ႀကီးအား လျမတ္ဝါဆို လက္ညိုးထိုးျပလိုက္သည္။
လြန္း ျပဴးတူးၿပဲတဲေလး ၾကည့္ၾကည့္လိုက္သည္။ အမာ႐ြတ္ ကေလးေျပာသလိုပဲ သုံးလုံးတန္းေနသည့္ၾကယ္ေလးကိုေတြ႕လိုက္ရသည္။
" အင္း သိခ်င္တယ္ လျမတ္ဝါဆို ေျပာျပပါ ေနာ္ ငါ့ကို "
" ေျပာျပမယ္ လြန္း အဲ့ၾကယ္ေလး နာမည္ကို ေမာင္ရင္ဆိုင္းထမ္း လို႔ ေခၚၾကတာမ်ိဳး ရွိတယ္ အခု ငါေျပာျပမွာက အဲ့ၾကယ္ေလး ရဲ႕ ရာဇဝင္ကို "
" ျမန္ျမန္ေျပာ ျမန္ျမန္ လျမတ္ဝါဆို သိခ်င္လာၿပီ "
" ေျပာျပမွာပါ လြန္းရယ္ လြန္းကို ေျပာျပခ်င္လို႔ ငါေသခ်ာေလ့လာထားတာ "
"တစ္ကယ္ လျမတ္ဝါဆို အာ့ဆိုေျပာျပေတာ့ "
လြန္း စိတ္ဝင္တစား နားေထာင္ေနမိသည္။
"အဲ့ဒီ ၾကယ္ေလးရဲ႕ရာဇဝင္က ဒီလိုစတယ္ လြန္း"
____________________________________________________________
GarlicBoom