Lily was a little girl

By Phyusinmg99

43.9K 2.2K 253

အမေ့ရဲ့သူငယ်ချင်းကိုမှ ချစ်မိသွားသောအခါ Mother Friend 👩‍👧 အချစ်ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး Kim ရယ် ချစ်တ... More

Part - 1 (Uni)
Part - 2 (Uni)
Part - 3 (Uni)
Part - 4 (Uni)
Part - 5 (Uni)
Part - 6 (Uni)
Part - 8 (Uni)
Part - 9 (Uni) 18+🔞
Part - 10 (Uni) 18+🔞
Part - 11 (Uni)
Part - 12 (Uni)
Part - 13 (Uni)

Part - 7 (Uni)

2.1K 150 9
By Phyusinmg99



( မနက်မိုးလင်းသော် လီလီ အောက်ထပ်သို့ ဆင်းလာသည်။ထိုစဉ် မီးဖိုချောင်ထဲတွင် Kim ဟင်းချက်နေသည်။) လီလီမှ.......

"Kim ဘာဝိုင်းကူပေးရအုံးမလဲ"

" ရပါတယ် လီလီရဲ့ ဒါနဲ့ လီလီ ဒီနေ့အားလား"

" ဟုက်အားပါတယ် ဘာလို့လဲ "

"ဘာမှမဟုက်ပါဘူး ဒီအတိုင်းမေးကြည့်တာပါ"
( Kim လီလီကို တစ်ခုခုမေးချင်နေဟန် ပေါ်
သည် )

" ဟုက် "

(လီလီနှင့်Kimတို့ မနက်စာစားပြီးသော် Kim ပန်းခြံထဲတွင် ထိုင်၍ စာဖတ်နေသည်။)ထိုစဉ်
လီလီမှ........

"Kim စာဖတ်နေတာလား"

"အော် လီလီ လာ....ထိုင်လေ Kimနည်းနည်းမေးစရာလေးရှိလို့ပါ။ မေးလို့ရမလား...."

"Kim ရယ် ကြိုက်တာမေးပါ ရပါတယ် "

"ဒါဆိုမေးမယ်နော် ခုလီလီက ၁၈နှစ်ကျော်ပြီဆိုတော့ ရည်းစားတွေ ဘာတွေ မရှိဘူးလား။မဖြေချင်လည်းရတယ်နော်"

"အော် ဖြေချင်တာပေါ့ Kim ရယ်"

"Kim ကသူများ Privacy ကိုလေးစားလို့ပါ"

"ရပါတယ်  လီလီမှာ ချစ်သူမရှိပါဘူးရှင့်"
(လီလီစိတ်ထဲမှ......ဖြေချင်နေတာ ကြာပေါ့...)

"Crush မိနေတဲ့ သူရော မရှိဘူးလား"

"လီလီ Crush နေတဲ့ သူတော့ရှိတယ် Kim သိရောသိချင်ရဲ့လား"

"အင်း သိချင်တယ် ပြောပြလေ"

"လီလီ ကြိုက်နေတဲ့သူက လီလီထက်
အသက်အများကြီး ကြီးတယ်ဆိုရင်ရော Kim
သဘောတူမှာလား"

"ဟင့်အင်း Kim ကတော့ သိပ်သဘောမကျဘူး"

"ဒါဆို ရွယ်တူ ကိုကြိုက်ရင်ရော သဘောကျမှာလား"

"အဲ့ဒါလည်း သဘောမကျဘူး"
( လီလီ ရည်းစားရသွားမည်ကို Kimမလိုလားသော ဟန်ရှိသည် )

(ထိုသို့ပြောသည်ကို လီလီစိတ်ထဲတွင်
အလွန်ကျေနပ်နေသည်)
"ဟင် Kimက ချေးများလိုက်တာ"

"Kim ကချေးများတာမဟုက်ဘူး လီလီကို ကောင်းတဲ့သူနဲ့တွေ့စေချင်လို့ပါ"

"Kim လိုမျိုးကောင်းတဲ့သူလား။လီလီက Kimလိုသဘောကောင်းတဲ့ သူကိုပဲလိုချင်တာ"

"လီလီရယ် နောက်တွေ့လာမှာပေါ့ "

"ဟင့်အင်း ဟင့်အင်း လီလီက ခုတွေ့ချင်တာ"

"အင်းအင်း တားမရတော့လည်း တွေ့တွေ့
မပြောတော့ဘူး"

"အင်း ခုလည်းတွေ့နေပါပြီနော်"
(.ဟုလီလီ ပြောလိုက်သော် Kim မှပြံုး
နေသည်)

"လီလီလည်းလေ Kimကို မေးချင်တာလေး
တွေရှိတယ်။ဒါပေမဲ့ မမေးသေးပါဘူး ဒီ့ထက် ပိုရင်းနှီးလာတဲ့အချိန်ကျမှပဲမေးတော့မယ်"

"ဟင် ခုKimနဲ့လီလီက တော်တော်ကိုရင်းနှီးနေကြပြီ မဟုက်ဘူးလား။ဒီထက်ပိုရင်းနှီးစရာဘာရှိသေးလို့လဲ လီလီရဲ့ "

"Kim ရဲ့ ကိုယ်ရေးကိုယ်တာ အချစ်ရေးအ
ကြောင်းကိုမေးဖို့ဆိုရင် ဒီထက်ပိုရင်းနှီးဖို့လို့
တယ်မဟုက်လား။ "

"အင်း ဟုက်တယ် လီလီပြောတာမှန်တယ် Kim ကိုယ်ရေးကိုယ်တာ အကြောင်းတွေ လီလီကို ပြောပြဖို့အတွက် Kimအဆင့်သင့်မဖြစ်သေးဘူး လို့ထင်မိတယ်။ "

"အဲ့ဒါကြောင့် လီလီပြောတယ်လေ ဒီထက်
ပိုပြီးရင်းနှီးဖို့ လိုတယ်လို့ Kimဒီ့ထက်ပိုပြီးတော့ လီလီကို ချစ်ပေးနိုင်မလားဟင်"
(လီလီ မျက်နှာငယ်လေးဖြင့် မေးလိုက်သည်)

"ချစ်ပေးနိုင်တာပေါ့ လီလီရယ် လီလီက Kimအပေါ်ကို သံယောဇဉ်တွေ တွယ်နေတာလား"

"လီလီ က Kimအပေါ် သံယောဇဉ် တွယ်နေတာ ထက်ကို ပိုပါတယ် Kimရယ် "

"Kimလည်းလီလီကို တူမလေးတစ်ယောက် လို ချစ်ပါတယ် "

(လီလီ မျက်စိ မျက်နှာပျက်ဖြင့် ပြန်မေးလိုက်
သည်)
"တူမလေး တစ်ယောက်လို..........ဟုက်လား"

(Kimမှ ခေါင်းလေးငြိမ့်ပြီး ဖြေလိုက်သည်)
"အွန်း...."

( လီလီမှ စိတ်မကောင်းဖြစ်သွားပုံပေါ်သည် )
လီလီ အပေါ်တက်တော့မယ် လုပ်စရာလေးတွေ ရှိသေးလို့
(စကားပြောနေရင်းမှ လီလီထထွက်သွားသည်)

(ထိုအခြေအနေကို Kim သတိထားမိမည်ဟု
ထင်သည်။ Kim အတွေးများစွာဖြင့် ထိုနေရာလေးတွင်ကျန်နေ ခဲ့သည်)

(ထိုစဉ် လီလီ အပေါ်ထပ်သို့ရောက်သော် Kim၏တူမလေးလိုချစ်တယ် ဆိုသောစကားကြောင့် လီလီ အပြင်းအထန်ပေါက်ကွဲနေလေသည်။ )
လီလီမှတစ်ယောက်ထဲ အခန်းထဲတွင်......

"တော်ပြီ ငါတကယ်တော်ပြီ ငါတကယ်ပင်ပန်းနေပြီ သူကတော့ သိမှာမဟုက်ဘူး ငါပြော
လိုက်ရင်လည်း ငါ့ကို မုန်းသွားမှာ ပြီးတော့ အိမ်ပေါ်ကနေ နှင်ချမယ် တသက်လုံး သူစိမ်း
တွေလို မခေါ်နိုင်မပြောနိုင်ဖြစ်မယ် ငါ့မိဘတွေလည်းသိပြီး ငါအဆူခံရမယ် ဒါတွေ အားလုံးကို ငါသိရက်နဲ့ ရှေ့ဆက်တိုးနေမိတယ် ဘာလို့လဲ ဘာလို့လဲဆိုတော့ ငါချစ်လို့လေ ငါအရမ်းချစ်လို့ ငါ့ထက် အသက်အများကြီးတဲ့ အမျိုးသမီး တစ်ယောက်ကို ငါချစ်လို့မရဘူးလား။ငါသူ့ကို ဖွင့်ပြောဖို့ ကြိုးစားတိုင်း ငါကြောက်နေမိတယ် သူငါ့ကိုအထင်သေးသွားမလား မုန်းသွားမလား ဆိုပြီးတော့ ဘာလို့ ငါဒီလိုတွေဖြစ်နေရတာလဲ ငါလက်မလျော့ချင်ဘူး လူ့ဘဝရဲ့ ခဏတာအချိန်လေးအတွင်းမှာ ငါသူနဲ့ပဲ ဖြတ်သန်းချင်တယ်။ သူမဟုက်တဲ့ ဘယ်သူနဲ့မှ မဖြတ်သန်းချင်ဘူး။သေချာနေပြီပဲ ငါဘာလို့ နောက်ဆုတ်ရမှာလဲ ဟင့်အင်း ငါနောက်မဆုတ်ဘူး ငါတို့နှစ်
ယောက် ချစ်သူတွေလိုမျိုး မနေနိုင်ဖြစ်ခဲ့
ရင်တောင်မှ သူပြောသလိုပဲ အဒေါ်နဲ့ တူမ တစ်ယောက်လို တစ်သက်လုံး သူ့အနားမှာ နေရရုံနဲ့ ငါကျေနပ်ပါတယ်လေ။". ဟူး............
(လီလီ သက်ပြင်းချလိုက်သည်)

ညရောက်သော်.......
(Kimအပေါ်ထပ်သို့ အိပ်ရန် တက်လာသည် )
Kimမှ လီလီ စိတ်ဆိုးနေသည်ကို သိ၍ ခေါ်
လိုက်သည်......

"လီလီ"

(ထိုစဉ် လီလီ အိပ်ချင်ယောင်ဆောင်နေသည်)

"လီလီ.......အိပ်နေပြီလား"
( လီလီ မှ ပြန်မထူးသောကြောင့် Kim အခန်းအထဲသို့ ဝင်လာသည် )

( ထို့နောက် လီလီ အိပ်နေသည်ကို Kim ရပ်
ကြည့်နေသည်။Kim သည်လီလီ ၏ ခန္ဓာ
ကိုယ်ကို သေချာ စိုက် ကြည့်နေခဲ့သည်။)
Kim ၏စိတ်ထဲတွင်........

(လီလီလေးက လှလိုက်တာ ငါသူ့ဘဝ ကြီးကို
ငါ့ကြောင့် နစ်မွန်းနေမှာထက် လှလှပပ လေးဖူးပွင့်စေချင်တယ် ဟုတွေး၍ လီလီ ၏ နဖူးလေးကို အနမ်းပေးလိုက်သည်။)
ထိုနောက် အခန်းထဲ မှပြန်ထွက်သွားသည်.....

ထိုစဉ် လီလီ ချက်ချင်း မျက်လုံးဖွင့်လိုက် သော် လီလီ ၏ နှလုံးခုန်နူန်းမှာ ပုံမှန်ထက် ပို၍မြန်နေသည်။ လီလီ အိပ်ယာပေါ်တွင်လှဲနေရာမှ ကုန်းထလိုက်သည်။သူမ အလွန် စိတ်လူပ်ရှားနေသဖြင့် ထိုနေ့ည တစ်ညလုံး အိပ်မပျော်ပေ။

( ဆက်ရန်ရှိသေးသည် ☺️)
မျှော်ပေး ပါအုံးနော် တစ်ရက်ခြား တစ်ခါ
တင်နိုင်အောင် ကြိုးစားပေးပါမယ်နော် 🥰

Continue Reading

You'll Also Like

80.8K 4.9K 58
My second Gl fic. Wint Phoo Thazin ❣️ Nway Nay Chi
196K 5.1K 33
Have you ever wondered what Girl Meets World would be like if Maya and Riley discovered that they had feelings for each other? In this Rilaya fanfict...
327K 1.1K 44
🔞🔞🔞 warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.🔞🔞
20.4K 798 5
မာနခဲလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းချိုချိုးလေးပါ