Love Between Serpent Beastman...

By imyourhlaing12

179K 36.2K 973

Title- 天敌饲养指南 A Guide to Raising Your Natural Enemy Original Author- Jué Jué/决绝 English Translator....Lada's... More

🐍🐹Description🐹🐍
🐹ဟမ်းစတားလေးရှုရှု🐹-1/🐹ဟမ္းစတားေလးရႈရႈ🐹-1
🐹ဟမ်းစတားလေးရှုရှု🐹-2/🐹ဟမ္းစတားေလးရႈရႈ🐹-2
🐍အဆင့်ကျသားရဲ အက်ဂါ🐍-1/🐍အဆင့္က်သားရဲ အက္ဂါ🐍-1
🐍အဆင့်ကျသားရဲ အက်ဂါ🐍-2/🐍အဆင့္က်သားရဲ အက္ဂါ🐍-2
🐔ကြက်တစ်ကောင် လက်ဆောင်🐔/🐔ၾကက္တစ္ေကာင္ လက္ေဆာင္🐔
🐍သဘောကောင်းသည့် ကိုကိုမြွေ🐍/🐍သေဘာေကာင္းသည့္ ကိုကိုေႁမြ🐍
🐹ရှုရှုအားအနိုင်ကျင့်ကြ၍ အက်ဂါလဲအနိုင်ကျင့်ခဲ့သည်🐍/🐹ရႈရႈအားအနိုင္က်င့္ၾက၍ အက္
🐍 ရှုရှုကိုစောင့်ရှောက်ပေးတဲ့ အက်ဂါ🐍/🐍 ရႈရႈကိုေစာင့္ေရွာက္ေပးတဲ့ အက္ဂါ🐍
💖သွေးအေးပေမဲ့ နှလုံးနွေးတဲ့မြွေပါလေ💖/💖ေသြးေအးေပမဲ့ ႏွလုံးႏြေးတဲ့ေႁမြပါေလ💖
🐍🐯တောအုပ်ထဲမှတိုက်ပွဲ 🐯🐍/🐍🐯ေတာအုပ္ထဲမွတိုက္ပြဲ 🐯🐍
🐍💖ရှုရှုအား ချစ်ရကျိုးနပ်ခဲ့၏💖🐍/🐍💖ရႈရႈအား ခ်စ္ရက်ိဳးနပ္ခဲ့၏💖🐍
🐹🌿ဆေးပေး၍ ပြေးခဲ့သည့် ရှုရှု🌿🐹/🐹🌿ေဆးေပး၍ ေျပးခဲ့သည့္ ရႈရႈ🌿🐹
🐹❗ကျွန်တော့်အသားကအရသာမရှိဘူး❗🐹/🐹❗ကြၽန္ေတာ့္အသားကအရသာမရွိဘူး❗🐹
Hello!!!
🐍🐾🐹ရှုရှုကကြောက်လည်း အက်ဂါကတော့လိုက်မှာပဲ🐹🐾🐍/🐍🐾🐹ရႈရႈကေၾကာက္လည္း အက္ဂါကေ
🏠အချစ်၏အိမ်မှာ ကိုယ်ရဲ့အိမ်ပါ🏠/🏠အခ်စ္၏အိမ္မွာ ကိုယ္ရဲ႕အိမ္ပါ🏠/
🐹ပျောက်ဆုံးနေသည့် မြက်စကပ်လေး🐹/🐹ေပ်ာက္ဆုံးေနသည့္ ျမက္စကပ္ေလး🐹
🌡အကောင်ငယ်လေး ဖျားလေပြီ🌡/🌡အေကာင္ငယ္ေလး ဖ်ားေလၿပီ🌡
🐍ချစ်တတ်လွန်းသည့် မြွေကြီးအက်ဂါ🐍/🐍ခ်စ္တတ္လြန္းသည့္ ေႁမြႀကီးအက္ဂါ🐍
🐍ရှုရှု၏အနာဂတ်ပိုင်ရှင်လောင်း​ကြီးအက်ဂါ🐍/ရႈရႈ၏အနာဂတ္ပိုင္ရွင္ေလာင္း​ႀကီးအက္ဂါ
🎓ဉာဏ်ကောင်းသည့် တပည့်လောင်း🎓/🎓ဉာဏ္ေကာင္းသည့္ တပည့္ေလာင္း🎓
💖🐹အချစ်က စကားပြောသင်ပေးနေသည်🐹💖/💖🐹အခ်စ္က စကားေျပာသင္ေပးေနသည္🐹💖
🐍တပည့်တစ်ကောင်မွေးရတာ လွယ်ကူမနေဘူး🐍/🐍တပည့္တစ္ေကာင္ေမြးရတာ လြယ္ကူမေနဘူး🐍
🌺ရွှေပြွန်မှရေသွန်ခံရမည့် အက်ဂါ၏ဂူကလေး🌺/🌺ေ႐ႊႁပြန္မွေရသြန္ခံရမည့္ အက္ဂါ၏ဂူကေလး
🐡🐹တပည့်ကြောင့် တံငါသည် လုပ်ခဲ့ရလေပြီ🐹🐡/🐡🐹တပည့္ေၾကာင့္ တံငါသည္ လုပ္ခဲ့ရေလၿပ
🐹ဆရာ Heat တက်နေပြီ🐹/🐹ဆရာ Heat တက္ေနၿပီ🐹
🌐👨‍👨‍👦‍👦သားရဲလူသားတို့ကမ္ဘာ👨‍👨‍👦‍👦🌐/🌐သားရဲလူသားတို႔ကမၻာ🌐
❄⛄တူတူအိပ်ကြမယ်လေ⛄❄/❄⛄တူတူအိပ္ၾကမယ္ေလ⛄❄
☯🐍 ပါရမီရင့်သည့် တပည့်ကျော်🐍☯/☯🐍 ပါရမီရင့္သည့္ တပည့္ေက်ာ္🐍☯
💖နှစ်ကိုယ်တူယှဥ်တွဲလိုရယ်နေထိုင်ကြပါတယ်💖/ႏွစ္ကိုယ္တူယွဥ္တြဲလိုရယ္ေနထိုင္ၾကပါတယ
❄🐹နှင်းတောထဲမှ နတ်သားငယ်ကလေး🐹❄/❄🐹ႏွင္းေတာထဲမွ နတ္သားငယ္ကေလး🐹❄
🐺🐹မျိုးနွယ်တူနှင့် တွေ့လေပြီ🐹🐺/🐺🐹မ်ိဳးႏြယ္တူႏွင့္ ေတြ႕ေလၿပီ🐹🐺
🐍🐹ခင်ဗျားကိုပါကျွန်တော်နဲ့ခေါ်ခဲ့မယ်🐹🐍/🐍🐹ခင္ဗ်ားကိုပါကြၽန္ေတာ္နဲ႕ေခၚခဲ့မယ္
🐍🐹ဖေဖေအက်ဂါနှင့် အပုပ်သတင်း🐹🐍/🐍🐹ေဖေဖအက္ဂါႏွင့္ အပုပ္သတင္း🐹🐍
🐆💖တော်လိုက်တဲ့ ကျားသစ်ကြီး💖🐆/🐆💖ေတာ္လိုက္တဲ့ က်ားသစ္ႀကီး💖🐆
🐍💫တပည့်သာလျှင် အထူးခြားဆုံးဖြစ်၏💫🐍/🐍💫တပည့္သာလွ်င္ အထူးျခားဆုံးျဖစ္၏💫🐍
🐍🥓ခင်ဗျားက အစားကြီးလွန်းတယ်🥓🐍/🐍🥓ခင္ဗ်ားက အစားႀကီးလြန္းတယ္🥓🐍
🐹💸ရှုရှုမှာ ပိုက်ပိုက်မရှိ💸🐹/🐹💸ရႈရႈမွာ ပိုက္ပိုက္မရွိ💸🐹
🐍🌋တစ်ယောက်သောသူက သဝန်တိုနေသည်🌋🐍/🐍🌋တစ္ေယာက္ေသာသူက သဝန္တိုေနသည္🌋🐍
⚡🐍မြွေကြီးကဒီဆရာအတွက် ကျင်းတူးပေးနေတယ်🐍⚡/ေႁမြႀကီးကဒီဆရာအတြက္ က်င္းတူးေပးေနတယ္
🐍​ခြေထောက် လေးချောင်း ပေါက်လာသည်🐍/🐍​ေျခေထာက္ ေလးေခ်ာင္း ေပါက္လာသည္🐍
🙈အနမ်းသူခိုးလေး လူမိသွားတယ်🙈/🙈အနမ္းသူခိုးေလး လူမိသြားတယ္🙈
🦁အရိုက်ခံရတော့မည်ကိုတွေးပူနေသည့် ဂျေရက်🦁/🦁အရိုက္ခံရေတာ့မည္ကိုေတြးပူေနသည့္ ေဂ်
🤣💖အလှလေးက ရေချိုးပေးမလို့တဲ့💖🤣/🤣💖အလွေလးက ေရခ်ိဳးေပးမလို႔တဲ့💖🤣
👑🐹ကမ္ဘာနံပါတ်တစ် တောသားလေးရှုရှု🐹👑/👑🐹ကမၻာနံပါတ္တစ္ ေတာသားေလးရႈရႈ🐹👑
👑​🐍ဘယ်သူမှားလို့ ဘယ်သူမှန်🐍👑/👑​🐍ဘယ္သူမွားလို႔ ဘယ္သူမွန္🐍👑
🐤💩အချစ်လေးရဲ့အိမ်သာတွင်းကို အက်ဂါတွေ့သွားပြီ💩🐤/အခ်စ္ေလးရဲ႕အိမ္သာတြင္းကို အက္
👑စျေးအပေါဆုံးညအိပ်ဝတ်စုံ၏ မော်ဒယ်မင်းသားကြီး👑/ေစ်းအေပါဆုံးညအိပ္ဝတ္စုံ၏ ေမာ္ဒယ္
📩📩📩
🐹🍼ရှုရှုက ကလေးမွေးနိုင်တယ်တဲ့🍼🐹/🐹🍼ရႈရႈက ကေလးေမြးနိုင္တယ္တဲ့🍼🐹
🐍စိတ်ဝိညာဥ်စွမ်းအား၏ အသုံးဝင်မှုနှင့် အက်ဂါ၏စကေး​ကြမ်း🐍/စိတ္ဝိညာဥ္စြမ္းအား၏ အသ
👑✨အက်ဂါ၏ စွမ်းပကား✨👑/👑✨အက္ဂါ၏ စြမ္းပကား✨👑
🚀👑အက်ဂါ့ကိုလာမစမ်းနဲ့ ဓားပြတိုက်ပစ်လိုက်မယ်👑🚀/🚀👑အက္ဂါ့ကိုလာမစမ္းနဲ႕ ဓားျပတ
👑ရုပ်ရှင်တူတူကြည့်ရင်း အချဥ်အိုးကွဲသွားတယ်👑/👑႐ုပ္ရွင္တူတူၾကည့္ရင္း အခ်ဥ္အိုးက
✨🐍အရှင့်သားကို သွားကယ်ကြရအောင်🐍✨/✨🐍အရွင့္သားကို သြားကယ္ၾကရေအာင္🐍✨
🚀🌃ကြယ်မြို့တော်ဆီ ပြန်ရောက်ပြီ🌃🚀/🚀🌃ၾကယ္ၿမိဳ႕ေတာ္ဆီ ျပန္ေရာက္ၿပီ🌃🚀
🍀🐍ငါနဲ့တိုက်ချင်သေးလား🐍🍀/🍀🐍ငါနဲ႕တိုက္ခ်င္ေသးလား🐍🍀
✨🐍တော်ဝင်မိသားစု ပြန်လည်ပေါင်းစည်းခြင်း🐍✨/✨🐍ေတာ္ဝင္မိသားစု ျပန္လည္ေပါင္းစည္းျ
🙈🐍တံတံလေးနှစ်ခုက ချစ်စရာလေးလို့ ရှုရှုကပြောတယ်🐍🙈/🙈🐍တံတံေလးႏွစ္ခုက ခ်စ္စရာေ
🐹💸စျေးဝယ်သွားမယ်💸🐹/🐹💸ေစ်းဝယ္သြားမယ္💸🐹

🦁🐹ငါနဲ့အတူလာအိပ်လို့ရတယ်နော်🐹🦁/🦁🐹ငါနဲ႕အတူလာအိပ္လို႔ရတယ္ေနာ္🐹🦁

2.3K 585 9
By imyourhlaing12

🦁🐹ငါနဲ့အတူလာအိပ်လို့ရတယ်နော်🐹🦁

(Unicode)

ချစ်စဖွယ်ကောင်းပြီး အဖိုးတန်လှသည့် သားရဲတစ်ပိုင်းလူသားလေးက မည်းမှောင်နေသည့်ရွှံ့ဂူကြီးတွင်နေသည်ကို တွေ့လိုက်ကြရ၏။ ထို့အပြင် ထိုအကောင်ငယ်လေးက သူ၏ကိုယ်ကိုတိရိစ္ဆာန်သားရေများ၊မြက်များဖြင့် နွေးထွေးအောင်လုပ်ရပြီး ကျောက်တုံးခွက်များဖြင့် ချက်ပြုတ်စားသောက်နေရ၏။

 ဂူထဲဝင်ကြည့်နေသော ဂျေရက်နှင့်အခြားလူများက အလွန်ဝမ်းနည်းနေကြ၏။

သူတို့က မကြာခနတောထဲတွင် အမဲလိုက်တတ်သော်လည်း သူတို့၏အခြေအနေက ဤမျှမဆိုးရွားချေ။ သူတို့၏သိုလှောင်နေရာတွင် လိုအပ်သော ပစ္စည်းပစ္စယပေါင်းစုံရှိ၏။

သားရဲလူသားများက ရှုရှု့အတွက် ဝမ်းနည်းနေသော်လည်း ရှုရှုက သူ၏ဂူနှင့်ပတ်သက်၍ မှားယွင်းသည်ဟုမခံစားရပေ။

သူက လူသားကိုယ်အဖြစ်ပြောင်းလဲသွားပြီဖြစ်၍ သူ၏ဂူအားသန့်ရှင်းသပ်ယပ်နေအောင် လုပ်နိုင်ပြီး မြွေကြီးကလည်း သူ့အားကူညီပေး၏။ သူ၏အခြေအနေက ဟမ်းစတားလေးအဖြစ်တောထဲတွင်နေခဲ့ရသည်ထက် သာလွန်၏။ ရှုရှုက တီဗွီမရှိသည်မှလွဲ၍ ကျန်တာအားလုံးပြည့်စုံသည်ဟုထင်နေ၏။

သူက ဟမ်းစတားဘဝကတည်းက တီဗွီကြည့်ရခြင်းကို အလွန်နှစ်သက်၏။ သူ၏ပိုင်ရှင် တီဗွီကြည့်တိုင်း သူကလည်း မျက်တောင်မခတ်တမ်းလိုက်ကြည့်တတ်၏။

ဂူထဲသို့ဝင်လိုက်ပြီး ရှုရှုက မီးဖိုနားသွားကာ ထင်းအချို့ထပ်ဖြည့်၍ မီးပုံအကြီးကြီးဖြစ်အောင်ဖိုလိုက်၏။ မီးဖိုအကြီးကြီးဖိုထားသော်လည်း သူ၏ဂူလေးမှာ ​မှောင်နေဆဲဖြစ်လေသည်။ ရှုရှုနှင့်အက်ဂါက ညအမှောင်ထဲတွင် ကောင်းမွန်စွာမြင်နိုင်ကြ၍ အမှောင်ကိုကြိုက်၏။ ထိုသားရဲလူသားများက အကျင့်မရှိကြသည်ဖြစ်ရာ အမှောင်ထဲမနေတတ်ကြပေ။

 ဤကဲ့သို့အေးခဲလှသော ဆောင်းရာသီတွင် အနွေးဓာတ်ကိုမီးပုံဆီမှသာ ရရှိနေ၍ သားရဲလူသားများမှာ အံ့သြနေကြတော့၏။ သားရဲတစ်ပိုင်းလူသားလေးက တကယ်ကိုသနားစရာကလေးပဲ။

သားရဲလူသားအုပ်စုတွင် လူခြောက်ဦးပါကာ တစ်ဦးချင်းစီက ထွားကျိုင်းသန်မာကြ၏။ ထို့ကြောင့် သူတို့ကရှုရှု၏ဂူထဲပြည့်သိပ်နေလေသည်။ သူတို့ထဲမှနှစ်ဦးက ဂူအပေါက်ဝနားထိုင်နေရ၍ ဂူမှာပို၍မှောင်မဲနေသလိုဖြစ်သွား၏။

 ထိုအခြေအနေကြောင့် ဂျေရက်က သူ၏ စခန်းချမီးအသေးလေးအား ထုတ်လိုက်၏။

 စခန်းချမီးလေးက သိပ်မကြီးလှသော်လည်း ဖွင့်လိုက်ရာ ဂူတစ်ခုလုံးအပြည့် အလင်းရောင်များရလာလေ၏။

ရှုရှုက စခန်းချမီးလေးကိုမြင်တော့ အလွန်အံ့သြသွားလေသည်။ သူတို့၏ ခေတ်မီလျှပ်စစ်အသုံးအဆောင်များကို ရှုရှုကစူးစမ်းချင်စိတ်အပြည့်ဖြင့် ကြည့်နေလိုက်သည်။ သူတို့၏နေရာဆီလိုက်သွားပြီးလျှင် ရှုရှုလည်းထိုပစ္စည်းများကိုဝယ်ကာ အိမ်ပြန်ယူလာရမည်။ သူက အဆင့်မြင့်နည်းပညာပစ္စည်းများကို အလွန်နှစ်သက်မိ၏။

 ထိုသို့တွေးကာ ရှုရှုက ထိုသားရဲလူသားများအား မျက်နှာလို မျက်နှာရလုပ်ရန် ဆုံးဖြတ်လိုက်၏။ သူက သိုလှောင်တွင်းလေးထဲမှ အစာများကို တဖြည်းဖြည်းချင်း ထုတ်လိုက်၏။ ထို့နောက် ကျောက်တုံးအိုးကိုယူလိုက်ကာ ဟင်းချက်ဖို့ပြင်လိုက်၏။

 ရှုရှုအားကြည့်နေသော ဂျေရက်နှင့်အခြားသူများက သူတို့အတွက်ထိုသားရဲတစ်ပိုင်းလူသားလေးက ဟင်းချက်ပေးတော့မည်မှန်း ရိပ်မိကြကာ ထိုအကောင်ငယ်လေးအား ပို၍သဘောကျလာကြသည်။

သားရဲလူသားများက လူကောင်လည်းကြီးသလို အစားလည်းကြီးကြ၏။ သားရဲတစ်ပိုင်းလူသားငယ်လေးသာ သူတို့စားဖို့အတွက် ပြင်ဆင်ပေးနေရမည်ဆိုလျှင် အလွန်ပင်ပန်းသွားလိမ့်မည်။ ထို့​ကြောင့် သားရဲလူသားတိုင်း သူတို့ကိုယ်တိုင်ချက်ပြုတ်တတ်အောင် သင်ယူထားကြ၏။ ယနေ့ခေတ်တွင် သားရဲတစ်ပိုင်းလူသားများက အဆင့်မြင့်ဟင်းချက်ကိရိယာများကို သုံး၍ သူတို့၏သားရဲလူသားများအား ​ချက်ပြုတ်ပေးနိုင်ပြီဖြစ်၏။ ဤသားရဲတစ်ပိုင်းလူသားလေးက သူတို့အား ကိုယ်တိုင်ချက်ပြုတ်ပေးဖို့ ပြင်ဆင်နေလေသည်။

 သားရဲတစ်ပိုင်းလူသားငယ်လေးက သူ၏ကျောက်တုံးအိုးနှင့် သူတို့စားဖို့ရာ ပြင်ဆင်ပေးနေရမည်ဆိုလျှင် နောက်တစ်နေ့ပင်ရောက်သွားရလိမ့်မည်။ ထို့အပြင် ထိုအကောင်ငယ်လေးလည်း အလွန်ပင်ပန်းနေပေလိမ့်မည်။

ဂျေကာက ထိုအကောင်ငယ်လေးချက်ပြုတ်ပေးမည့်ဟင်းကို စားရတော့မည်ဖြစ်၍လွန်စွာစိတ်လှုပ်ရှားနေ၏။ ထိုအချိန်တွင် ဂျေရက်က ချက်ချင်းထကာ "ငါမင်းကို ကူချက်ပေးမယ်" ဟုပြောလိုက်၏။

ထို့နောက် သူ၏သိုလှောင်ရာအိတ်မှ ခရင်းများနှင့်အသားခြောက်ကီလိုကျော် ကိုထုတ်လိုက်၏။ သူကခရင်းများနှင့် အသားကိုထိုးကာ ကင်လိုက်လေသည်။ ဂျေရက်က စွမ်းအင်ကျောက်တုံးဖြင့် ရေဆူအောင်တည်၍ရသော ရေနွေးအိုးလေးကိုပါ ထုတ်လိုက်၍ ရေနွေးတည်ရလွယ်ကူသွားလေသည်။

ရှုရှုက ရေနွေးအိုးက စွမ်းအင်ကျောက်တုံးဖြင့် ဆူပွက်လာသည်ကို ကြည့်ကာ ထပ်ခါထပ်ခါ အံ့အားသင့်နေတော့၏။ သို့သော် ဂျေကာနှင့်အခြားသူများက စိတ်ဓာတ်ကျသွားလေသည်။ သူတို့၏ ဗိုလ်မှုးက ဗိုလ်မှုးဟုခေါ်ထိုက်ပါပေသည်။ ဂျေရက်က သူတို့က ဉာဏ်ကောင်းလွန်းလှ၏။ သူတို့က သားရဲတစ်ပိုင်းလူသားငယ်လေး ချက်ပြုတ်ပေးသည်ကို ထိုင်စောင့်နေသော်လည်း ဗိုလ်မှုးဂျေရက်က သားရဲတစ်ပိုင်းလူသားငယ်လေး သူ့အပေါ်အမြင်ကောင်းလာစေရန် ကြိုးပမ်းနေပြီဖြစ်၏။

သူတို့က အနည်းငယ်နောက်ကျသွားသော်လည်း မကြာမီပင် ဂျေရက်အားအတုခိုးကာ တစ်ယောက်ပြီးတစ်ယောက် သူတို့၏သိုလှောင်အိတ်ထဲမှ ပစ္စည်းများထုတ်ကာ ဟင်းချက်ကူကြတော့၏။

ထိုအချိန်တွင် ဂျေရက်က အက်ဂါဖမ်းလာခဲ့သော ရစ်ငှက်ကိုကိုင်နေသော ရှုရှုအား ကူညီပေးနေ၏။

သားရဲလူသားများက သဘာဝအရ သားရဲတစ်ပိုင်းလူသားများကို ကာကွယ်လိုကြ၏။ သူတို့ရှေ့မှသားရဲတစ်ပိုင်းလူသားမှာ အဘိုးကြီးဖြစ်နေလျှင်ပင် သူတို့ကူညီကာကွယ်ဖို့ဝန်မလေးကြပေ။ ထို့အပြင် ရှုရှုက ကြည့်ကောင်းကာ ချစ်စဖွယ်ကောင်းသည့် သားရဲတစ်ပိုင်းလူသားငယ်လေးဖြစ်နေသေး၏။

 ထို့အပြင် တွဲဖက်မရှိသေးသော သားရဲတစ်ပိုင်းလူသားလေးဖြစ်၏။

အကယ်၍ ထိုသားရဲတစ်ပိုင်းလူသားလေးသာ သူတို့အဖွဲ့မှတစ်ယောက်ယောက်နှင့် ​ကြိုက်နှစ်သက်သွားလျှင်....နှစ်နှစ်အတွင်းထိုလူသားလေးအရွယ်ရောက်ကာ သူတို့ထဲမှတစ်ယောက်ယောက်နှင့် လက်ထပ်နိုင်ပေလိမ့်မည်။

​ရှေးယခင်ကနှင့်စာလျှင် သားရဲတစ်ပိုင်းလူသားများ များပြားလာသော်လည်း သားရဲတစ်ပိုင်းလူသားမွေးဖွားနှုန်းကနည်းပါးနေဆဲဖြစ်၍ သားရဲလူသားဦးရေထက် နှစ်ဆယ်ရာခိုင်နှုန်း လျော့နေသေးဆဲဖြစ်၏။ ထို့အပြင် ဂတ်စ်ဂြိုဟ်တွင် သားရဲတစ်ပိုင်းလူသားမှာ မရှိသလောက်ရှားပါး၍ ဤသားရဲတစ်ပိုင်းလူသားလေးအား သူတို့မည်မျှရူးသွပ်စွာ လက်ထပ်လိုကြကြောင်း ဘုရားသာသိပေလိမ့်မည်။ သူတို့က သားရဲတစ်ပိုင်းလူသားငယ်လေးကို သူတို့အိမ်ပေါ်ဆွဲတင်ကာ သူတို့၏သားရဲပုတီးစေ့ကို ထိုလူသားလေးလက်ထဲ အပ်နှင်းချင်ကြ၏။ ထိုအခါမှ သားရဲလူသားနှင့် သားရဲတစ်ပိုင်းလူသားတို့ အတွင်းကျကျရင်းနှီးဆက်ဆံကြမည်ဖြစ်၏။
...........

"ငါ့ရဲ့အသားကင်နည်းက အကောင်းဆုံးပဲ"

"မင်းတို့ခန ဘေးဖယ်ဦး။ ငါ့မှာ အသီးအရွက်တွေပါတယ်...။ သားရဲတစ်ပိုင်းကလေးလေးအတွက် စွပ်ပြုတ်ချက်ပေးလိုက်ဦးမယ်..."

"ဟေး...ငါ့မှာလဲ ဆော့စ်အချို့နဲ့ အိုးတွေပါတယ်။ သူ့ကို ဟော့ပေါ့လုပ်ကျွေးရမယ်"

............

ဂျေရက်မှလွဲ၍ ကျန်ငါးယောက်မှာ မင်းဖယ်၊ငါလုပ်မယ် ဟုဆိုကာ တစ်ယောက်ကိုတစ်ယောက် တွန်းတိုက်နေလေ၏။ ထိုခြောက်ယောက်ကြောင့် သိပ်မကြီးတော့ဟုထင်နေရသည့် ရှုရှု၏ဂူလေးမှာ ထိုသူများကြောင့် ရှုပ်ရှက်ခပ်လျက်ရှိ၏။ သူတို့က ရှုရှုကို ဂရုတစိုက် မီးဖိုးဘေးမှ ဆွဲထုတ်ကာ သူတို့ကိုယ်တိုင်ချက်ပြုတ်ကြတော့၏။

ရုတ်တရက် အလုပ်မရှိတော့သော ရှုရှုမှာ မြွေကြီး၏ဘေးနားတွင်သာ ထိုင်နေရတော့၏။ "မြွေကြီး...ဒီကမ္ဘာမှာ ကျွန်တော့်လိုမျိုး လူသားတွေရှိလိမ့်မယ်လို့ တကယ်မထင်ထားခဲ့ဘူး"

ဂူထဲတွင် မျိုးနွယ်တူ သားရဲလူသားများရှိ၍ ရှုရှုကမြွေကြီးနား ထိုင်ရသည်ကို မကြောက်တော့ပေ။ "သူတို့က ပစ္စည်းတွေအများကြီး ထုတ်ထားတာပဲ။ ဒီတောရဲ့အပြင်ဘက်နေရာက သေချာပေါက်လှလောက်မှာ။ ကျွန်တော်အပြင်သွားပြီး ကြည့်ချင်နေပြီ"

သားရဲတစ်ပိုင်းလူသားငယ်လေးက အက်ဂါရှိသည့်နေရာလေးနားတွင် မှီနေ၏။ အက်ဂါက ရှုရှု့အား ထိချင်နေသော်လည်း ထိုအကြံအားစွန့်လွှတ်လိုက်၏။ သူကတိတ်တဆိတ်ဖြင့် သားရဲတစ်ပိုင်းလူသားငယ်လေး ပြောသမျှကို နားထောင်ပေးနေလိုက်၏။

"တကယ်လို့ အပြင်ဘက်ကမ္ဘာကြီးက အရမ်းကောင်းနေရင်...ကျွန်တော်တို့ဒီကိုပြန်မလာပဲနေရအောင်..." ရှုရှုက တီးတိုးပြောလိုက်၏။ သူကစကားပြောနေရင်း လေထုထဲမှ သွားရည်ယိုဖွယ်ဟင်းအနံ့များကို ရှုရှိုက်နေလေသည်။

အစားအသောက်၏ အနံ့က အလွန်မွှေးပျံ့နေ၏။ ရှုရှုလည်း ဒီ​တောထဲကထွက်ပြီးအပြင်ရောက်လျှင် မွှေးကြိုင်လှသော အစားအသောက်များစားနိုင်တော့မည်မလား။ ထိုအတွေးဖြင့်ပင် ရှုရှုမှာ သွားရည်တမြားမြားကျလာတော့၏။

သားရဲတစ်ပိုင်းလူသားငယ်လေး၏စကားကို နားထောင်နေသည့် အက်ဂါ၏ စိတ်အခြေအနေမှာ မကောင်းချေ။ သားရဲတစ်ပိုင်းလူသားငယ်လေးက ထိုလူစုနှင့်လိုက်ကာ လူ့အဖွဲ့အစည်းထဲတွင် ရှင်သန်နိုင်၏။ သို့သော် အက်ဂါက အဆင့်ကျသားရဲဖြစ်၍ သားရဲတစ်ပိုင်းလူသားငယ်လေးနှင့် နေထိုင်၍မရတော့ပေ။

 "ရစ်ငှက်ကင်ကလည်း ရပြီ။ ငါ့ရဲ့အသားကင်ကို မြည်းကြည့်ပါဦး" ဂျေရက်က ရှုရှု့အား ပထမဆုံးကူညီသူဖြစ်သလို ပထမဆုံးချက်ပြုတ်ပြီးစီးသွားသူလည်းဖြစ်ကာ သူ၏ဟင်းပွဲများကို ထိုအကောင်ငယ်လေးအားမြည်းကြည့်စေနေ၏။

သားရဲတစ်ပိုင်းလူသားငယ်လေးက သူခွံ့ကျွေးလျှင်မစားမည်စိုး၍ ဂျေရက်က အဆင့်ကျသားရဲဖမ်းလာပေးသည့် ရစ်ငှက်ကင်ကို ရှုရှု့ထံပေးလိုက်၏။

ငှက်သားကင်၏ရနံ့က အလွန်ကောင်းမွန်လှ၍ ရှုရှုမှာ သွားရည်များကျနေရ၏။ သူက ဂျေရက်၏စကားကို နားမလည်သော်လည်း ထိုစကားများကို အဓိပ္ပါယ်ကို ခန့်မှန်းနိုင်၏။ ထို့​ကြောင့် ချက်ချင်းပင် ကျေးဇူးတင်ကြောင်းပြောလိုက်၏။

ကျေးဇူးတင်ကြောင်းပြောပြီး ရှုရှု့ကငှက်ကင်ကိုယူကာ ငှက်ခြေထောက်အားသူစားရန်ဖဲ့လိုက်၏။ ထို့နောက် အကျင့်ပါနေသည့်အတိုင်း ကျန်အသားများကို အက်ဂါ၏ ပန်းကန်လုံးကြီးထဲထည့်ကာ မြွေကြီးအားကျွေးလိုက်၏။

 အက်ဂါက ​ငှက်ကင်ကို ​ပါးစပ်အပြည့်မျိုချလိုက်လေသည်။ စားသောက်ပြီး၍ ခေါင်းမော့ကြည့်လိုက်ရာ အခြားသားရဲလူသားများက ရှုရှု့ကိုဝိုင်းရံကာ မျက်နှာသာရအောင် မရပ်မနား လုပ်နေကြ၏။

အရသာရှိလှသည့် တောင်ဖို့မှိုစွပ်ပြုတ်၊ စွဲမက်ဖွယ်အသားကင်၊ မွှေးပျံ့ပြီး အနည်းငယ်စပ်ကာ စားချင့်စဖွယ်ဟော့ပေါ့....စသည့်ဟင်းပွဲများက ရှုရှု့အရှေ့တွင်ရှိနေ၏။

အက်ဂါက သားရဲတစ်ပိုင်းလူသားငယ်လေးအတွက် ထိုကဲ့သို့ ချက်ပြုတ်ပေးလိုသော်လည်း သူ၏အခြေအနေကြောင့် လုပ်၍မရနိုင်ပေ။

 အက်ဂါက ထိုသို့တွေးနေဆဲမှာပင် သူ၏အရှေ့ရှိ သစ်သားပန်းကန်လုံးကြီးထဲတွင် အသားများရောက်နေကြောင်းတွေ့လိုက်ရ၏။

 "တပည့်လေး...များများစားရမယ်နော်.." ရှုရှုက ထိုဟင်းပွဲအများအပြားကိုအကုန်မစားနျုင်ပေ။ သူ့အတွက်ပေးကမ်းသည့်ဟင်းများကိုလည်း မငြင်းနိုင်သည့်အတွက် ဟင်းပွဲတစ်ပွဲစီတိုင်းအနည်းငယ် မြည်းကာ ကျန်ဟင်းများကို သူ၏တပည့်မြွေကြီးအား ကျွေးပစ်လိုက်တော့၏။

အက်ဂါက သားရဲလူသားအုပ်စုအား ဝေ့ကြည့်လိုက်ရာ ထိုလူစုက သူ့အားမနာလိုစွာကြည့်နေကြသည်ကိုတွေ့လိုက်ရ၍ သူ၏စိတ်အခြေအနေကောင်းလာလေသည်။

 သူက ဗိုက်ကြီးကားလာသည်အထိ ရှုရှု့ကျွေးသမျှ အကုန်စားပစ်လိုက်၏။

ရှုရှု၏ဗိုက်လေးမှာလည်း လုံးဝန်းလာလေသည်။ သူက ဗိုက်ဖောင်းဖောင်းလေးကိုပုတ်ကာ သူ၏အရှေ့မှ သားရဲလူသားအုပ်စုမှာ အလွန်သဘောကောင်းလှသည်ဟု ခံစားနေမိ၏။

အားးးသူတို့တွေက အရမ်းသဘောကောင်းကြတာပဲ။ ရှုရှုက ပျော်ရွှင်စွာဖြင့် မျက်လုံးလေးမှေးစင်းလိုက်၏။

သူတို့အားလုံးစားသောက်ပြီးချိန်တွင် မိုးစုန်းစုန်းချုပ်သွားပြီဖြစ်၏။ ရှုရှုက သူတို့အား ခြေဟန်လက်ဟန်ဖြင့် သူ၏ဂူထဲတည်းခိုစေ၏။

ဂျေရက်နှင့် သူ့အဖွဲ့မှာလည်း မဆိုင်းမတွသဘောတူကြ၏။

ရှုရှုက သူ၏ဂူအားကြည့်လိုက်၏။ သူ၏ဧည့်ခန်းလေးက ထိုလူခြောက်ယောက်နှင့် မဆံ့နိုင်ဟု ခံစားလိုက်ရ၍ သူသဘောကျသည့် ခြင်္သေ့လူသားအား သူနှင့်အတူလာအိပ်ရန် ဖိတ်ခေါ်လိုက်လေသည်။

"ဧည့်ခန်းထဲမှာ ပြည့်နေပြီ..။ ခင်ဗျား ကျွန်တော်နဲ့အတူလာအိပ်လို့ရတယ်.."

ဂျေရက်မှာ ကြက်သေသေသွားရ၏။ သားရဲတစ်ပိုင်းလူသားငယ်လေးက သူ့ကို အတူတူအိပ်ဖို့ခေါ်နေတယ်....။ ဒါ...ဒါက....
 
အက်ဂါကလည်း ကြက်သေသေသွားရ၏။ သူကပထမဆုံး ဒေါသထွက်သွားသော်လည်း မကြာမီပင် ရှုရှု့မှာ တကယ့်အတူတူအိပ်ခြင်း၏အဓိပ္ပါယ်ကို နားမလည်ပဲ သဘောရိုးဖြင့် အတူတူအိပ်မည်ဟုပြောခြင်းဖြစ်ကြောင်း သဘောပေါက်သွား၏။

 မည်သို့ပင်ဖြစ်စေ...သူချစ်သော သားရဲတစ်ပိုင်းလူသားငယ်လေးအား အခြားသားရဲလူသားနှင့် ပေးမအိပ်နိုင်ပေ။

အက်ဂါက သားရဲတစ်ပိုင်းလူသားငယ်လေး၏ အိပ်ခန်းပေါက်ဝတွင် ပိတ်လိုက်ကာ ဂျေရက်အား အေးစက်စက်စိုက်ကြည့်လိုက်၏။

ဂျေရက်က အဆင့်ကျသားရဲဆီမှ ဖိနှိပ်သည့်အားအချို့ကို ခံစားမိလိုက်၏။ သူကတုန်ယင်သွားရပြီး ခပ်ညစ်ညစ်အတွေးများကို ခါထုတ်လိုက်ပြီး သားရဲတစ်ပိုင်းလူသားလေးအားကြည့်လိုက်ရာ ထိုသူလေးက ဖြူစင်စွာဖြင့် အတောက်ပဆုံးပြုံးပြလာ၏။ ထိုအချိန်မှ သူလည်းသတိပြန်ဝင်လာလေသည်။ သားရဲတစ်ပိုင်းလူသားလေးက ငယ်ရွယ်သေးပြီး သားရဲလူသားနှင့်သားရဲတစ်ပိုင်းလူသားကြားမှ ကိစ္စများကို နားလည်သေးဦးမည်မဟုတ်ချေ။

 ဂျေရက်က စခန်းချရာတွင်သုံးသည့် လူဝင်၍အိပ်ရသော အိပ်ယာအသေးစားလေးအားထုတ်ကာ ထောင့်တစ်နေရာသို့သွားပြီး ဝင်ကာအိပ်လိုက်တော့၏။ အခြားသားရဲလူသားများကလည်း ဂျေရက်ကဲ့သို့ပင် သူတို့၏အိပ်ယာများထုတ်ကာ အိပ်ကြ၏။ သူတို့က သားရဲတစ်ပိုင်းလူသားငယ်လေး၏ ဖိတ်ခေါ်ချက်အား ငြင်းပယ်ကြ၏။ သူတို့က အသက်မပြည့်သေးသော သားရဲတစ်ပိုင်းလူသားငယ်လေးအပေါ် အခွင့်အရေးမယူချင်ကြပေ။

 ရှုရှုက ထိုလူများ ကြပ်ကြပ်ထုပ်ထုပ်တိုးအိပ်နေကြသည်ကိုကြည့်ကာ အတူတူခေါ်အိပ်မည့်အစီအစဥ်အား စွန့်လွှတ်လိုက်၏။ ထို့နောက် သူ၏မြက်ပုံလေးထဲသွားကာ အိပ်ပျော်သွားတော့၏။

သူက ဤညတွင် ကောင်းမွန်စွာအိပ်ပျော်သွားလေသည်။ တစ်စုံတစ်ယောက်က သူ၏ဂူထဲမှ ထွက်သွားသည့်အသံအား တစ်စွန်းတစ်စကြားလိုက်သော်လည်း ရှုရှုကအိပ်ချင်နေ၍ထွက်မကြည့်တော့ပေ။ ထိုသားရဲလူသားများ ညသန်းခေါင်အိမ်သာသွားချင်၍ ထွက်ခြင်းဖြစ်ရာ အရေးကြီးသည့်ကိစ္စမဟုတ်ဟု ရှုရှုကထင်၏။

ဂူ၏အပြင်ဘက်တစ်နေရာတွင်...အက်ဂါကရပ်တန့်လိုက်၏။ ထို့နောက် သူ၏နောက်မှကပ်၍လိုက်ပါလာသော ဂျေရက်ဘက်သို့လှည့်လိုက်ကာ သူ၏အမြီးကိုသုံး၍ မြေပြင်ပေါ်စာများရေးချလိုက်၏။

"မနက်ဖြန်...မင်းသူ့ကိုခေါ်သွားပြီးရင် ဂရုစိုက်ပေးပါ။ သူ့ရဲ့လုံခြုံရေးအတွက် ငါလိုက်ပို့ပေးမယ်။ ပြီးမှပဲ ငါဒီကို ပြန်လာတော့မယ်"

........🐍🦁🐍🦁🐍🦁🐍........

22.8.2021

🦁🐹ငါနဲ႕အတူလာအိပ္လို႔ရတယ္ေနာ္🐹🦁

(Zawgyi)

ခ်စ္စဖြယ္ေကာင္းၿပီး အဖိုးတန္လွသည့္ သားရဲတစ္ပိုင္းလူသားေလးက မည္းေမွာင္ေနသည့္႐ႊံ႕ဂူႀကီးတြင္ေနသည္ကို ေတြ႕လိုက္ၾကရ၏။ ထို႔အျပင္ ထိုအေကာင္ငယ္ေလးက သူ၏ကိုယ္ကိုတိရိစ္ဆာန္သားေရမ်ား၊ျမက္မ်ားျဖင့္ ႏြေးေထြးေအာင္လုပ္ရၿပီး ေက်ာက္တုံးခြက္မ်ားျဖင့္ ခ်က္ျပဳတ္စားေသာက္ေနရ၏။

 ဂူထဲဝင္ၾကည့္ေနေသာ ေဂ်ရက္ႏွင့္အျခားလူမ်ားက အလြန္ဝမ္းနည္းေနၾက၏။

သူတို႔က မၾကာခနေတာထဲတြင္ အမဲလိုက္တတ္ေသာ္လည္း သူတို႔၏အေျခအေနက ဤမွ်မဆိုး႐ြားေခ်။ သူတို႔၏သိုေလွာင္ေနရာတြင္ လိုအပ္ေသာ ပစၥည္းပစၥယေပါင္းစုံရွိ၏။

သားရဲလူသားမ်ားက ရႈရႈ႕အတြက္ ဝမ္းနည္းေနေသာ္လည္း ရႈရႈက သူ၏ဂူႏွင့္ပတ္သက္၍ မွားယြင္းသည္ဟုမခံစားရေပ။

သူက လူသားကိုယ္အျဖစ္ေျပာင္းလဲသြားၿပီျဖစ္၍ သူ၏ဂူအားသန့္ရွင္းသပ္ယပ္ေနေအာင္ လုပ္နိုင္ၿပီး ေႁမြႀကီးကလည္း သူ႕အားကူညီေပး၏။ သူ၏အေျခအေနက ဟမ္းစတားေလးအျဖစ္ေတာထဲတြင္ေနခဲ့ရသည္ထက္ သာလြန္၏။ ရႈရႈက တီဗြီမရွိသည္မွလြဲ၍ က်န္တာအားလုံးျပည့္စုံသည္ဟုထင္ေန၏။

သူက ဟမ္းစတားဘဝကတည္းက တီဗြီၾကည့္ရျခင္းကို အလြန္ႏွစ္သက္၏။ သူ၏ပိုင္ရွင္ တီဗြီၾကည့္တိုင္း သူကလည္း မ်က္ေတာင္မခတ္တမ္းလိုက္ၾကည့္တတ္၏။

ဂူထဲသို႔ဝင္လိုက္ၿပီး ရႈရႈက မီးဖိုနားသြားကာ ထင္းအခ်ိဳ႕ထပ္ျဖည့္၍ မီးပုံအႀကီးႀကီးျဖစ္ေအာင္ဖိုလိုက္၏။ မီးဖိုအႀကီးႀကီးဖိုထားေသာ္လည္း သူ၏ဂူေလးမွာ ​ေမွာင္ေနဆဲျဖစ္ေလသည္။ ရႈရႈႏွင့္အက္ဂါက ညအေမွာင္ထဲတြင္ ေကာင္းမြန္စြာျမင္နိုင္ၾက၍ အေမွာင္ကိုႀကိဳက္၏။ ထိုသားရဲလူသားမ်ားက အက်င့္မရွိၾကသည္ျဖစ္ရာ အေမွာင္ထဲမေနတတ္ၾကေပ။

 ဤကဲ့သို႔ေအးခဲလွေသာ ေဆာင္းရာသီတြင္ အႏြေးဓာတ္ကိုမီးပုံဆီမွသာ ရရွိေန၍ သားရဲလူသားမ်ားမွာ အံ့ၾသေနၾကေတာ့၏။ သားရဲတစ္ပိုင္းလူသားေလးက တကယ္ကိုသနားစရာကေလးပဲ။

သားရဲလူသားအုပ္စုတြင္ လူေျခာက္ဦးပါကာ တစ္ဦးခ်င္းစီက ထြားက်ိဳင္းသန္မာၾက၏။ ထို႔ေၾကာင့္ သူတို႔ကရႈရႈ၏ဂူထဲျပည့္သိပ္ေနေလသည္။ သူတို႔ထဲမွႏွစ္ဦးက ဂူအေပါက္ဝနားထိုင္ေနရ၍ ဂူမွာပို၍ေမွာင္မဲေနသလိုျဖစ္သြား၏။

 ထိုအေျခအေနေၾကာင့္ ေဂ်ရက္က သူ၏ စခန္းခ်မီးအေသးေလးအား ထုတ္လိုက္၏။

 စခန္းခ်မီးေလးက သိပ္မႀကီးလွေသာ္လည္း ဖြင့္လိုက္ရာ ဂူတစ္ခုလုံးအျပည့္ အလင္းေရာင္မ်ားရလာေလ၏။

ရႈရႈက စခန္းခ်မီးေလးကိုျမင္ေတာ့ အလြန္အံ့ၾသသြားေလသည္။ သူတို႔၏ ေခတ္မီလွ်ပ္စစ္အသုံးအေဆာင္မ်ားကို ရႈရႈကစူးစမ္းခ်င္စိတ္အျပည့္ျဖင့္ ၾကည့္ေနလိုက္သည္။ သူတို႔၏ေနရာဆီလိုက္သြားၿပီးလွ်င္ ရႈရႈလည္းထိုပစၥည္းမ်ားကိုဝယ္ကာ အိမ္ျပန္ယူလာရမည္။ သူက အဆင့္ျမင့္နည္းပညာပစၥည္းမ်ားကို အလြန္ႏွစ္သက္မိ၏။

 ထိုသို႔ေတြးကာ ရႈရႈက ထိုသားရဲလူသားမ်ားအား မ်က္ႏွာလို မ်က္ႏွာရလုပ္ရန္ ဆုံးျဖတ္လိုက္၏။ သူက သိုေလွာင္တြင္းေလးထဲမွ အစာမ်ားကို တျဖည္းျဖည္းခ်င္း ထုတ္လိုက္၏။ ထို႔ေနာက္ ေက်ာက္တုံးအိုးကိုယူလိုက္ကာ ဟင္းခ်က္ဖို႔ျပင္လိုက္၏။

 ရႈရႈအားၾကည့္ေနေသာ ေဂ်ရက္ႏွင့္အျခားသူမ်ားက သူတို႔အတြက္ထိုသားရဲတစ္ပိုင္းလူသားေလးက ဟင္းခ်က္ေပးေတာ့မည္မွန္း ရိပ္မိၾကကာ ထိုအေကာင္ငယ္ေလးအား ပို၍သေဘာက်လာၾကသည္။

သားရဲလူသားမ်ားက လူေကာင္လည္းႀကီးသလို အစားလည္းႀကီးၾက၏။ သားရဲတစ္ပိုင္းလူသားငယ္ေလးသာ သူတို႔စားဖို႔အတြက္ ျပင္ဆင္ေပးေနရမည္ဆိုလွ်င္ အလြန္ပင္ပန္းသြားလိမ့္မည္။ ထို႔​ေၾကာင့္ သားရဲလူသားတိုင္း သူတို႔ကိုယ္တိုင္ခ်က္ျပဳတ္တတ္ေအာင္ သင္ယူထားၾက၏။ ယေန႕ေခတ္တြင္ သားရဲတစ္ပိုင္းလူသားမ်ားက အဆင့္ျမင့္ဟင္းခ်က္ကိရိယာမ်ားကို သုံး၍ သူတို႔၏သားရဲလူသားမ်ားအား ​ခ်က္ျပဳတ္ေပးနိုင္ၿပီျဖစ္၏။ ဤသားရဲတစ္ပိုင္းလူသားေလးက သူတို႔အား ကိုယ္တိုင္ခ်က္ျပဳတ္ေပးဖို႔ ျပင္ဆင္ေနေလသည္။

 သားရဲတစ္ပိုင္းလူသားငယ္ေလးက သူ၏ေက်ာက္တုံးအိုးႏွင့္ သူတို႔စားဖို႔ရာ ျပင္ဆင္ေပးေနရမည္ဆိုလွ်င္ ေနာက္တစ္ေန႕ပင္ေရာက္သြားရလိမ့္မည္။ ထို႔အျပင္ ထိုအေကာင္ငယ္ေလးလည္း အလြန္ပင္ပန္းေနေပလိမ့္မည္။

ေဂ်ကာက ထိုအေကာင္ငယ္ေလးခ်က္ျပဳတ္ေပးမည့္ဟင္းကို စားရေတာ့မည္ျဖစ္၍လြန္စြာစိတ္လႈပ္ရွားေန၏။ ထိုအခ်ိန္တြင္ ေဂ်ရက္က ခ်က္ခ်င္းထကာ "ငါမင္းကို ကူခ်က္ေပးမယ္" ဟုေျပာလိုက္၏။

ထို႔ေနာက္ သူ၏သိုေလွာင္ရာအိတ္မွ ခရင္းမ်ားႏွင့္အသားေျခာက္ကီလိုေက်ာ္ ကိုထုတ္လိုက္၏။ သူကခရင္းမ်ားႏွင့္ အသားကိုထိုးကာ ကင္လိုက္ေလသည္။ ေဂ်ရက္က စြမ္းအင္ေက်ာက္တုံးျဖင့္ ေရဆူေအာင္တည္၍ရေသာ ေရႏြေးအိုးေလးကိုပါ ထုတ္လိုက္၍ ေရႏြေးတည္ရလြယ္ကူသြားေလသည္။

ရႈရႈက ေရႏြေးအိုးက စြမ္းအင္ေက်ာက္တုံးျဖင့္ ဆူပြက္လာသည္ကို ၾကည့္ကာ ထပ္ခါထပ္ခါ အံ့အားသင့္ေနေတာ့၏။ သို႔ေသာ္ ေဂ်ကာႏွင့္အျခားသူမ်ားက စိတ္ဓာတ္က်သြားေလသည္။ သူတို႔၏ ဗိုလ္မႈးက ဗိုလ္မႈးဟုေခၚထိုက္ပါေပသည္။ ေဂ်ရက္က သူတို႔က ဉာဏ္ေကာင္းလြန္းလွ၏။ သူတို႔က သားရဲတစ္ပိုင္းလူသားငယ္ေလး ခ်က္ျပဳတ္ေပးသည္ကို ထိုင္ေစာင့္ေနေသာ္လည္း ဗိုလ္မႈးေဂ်ရက္က သားရဲတစ္ပိုင္းလူသားငယ္ေလး သူ႕အေပၚအျမင္ေကာင္းလာေစရန္ ႀကိဳးပမ္းေနၿပီျဖစ္၏။

သူတို႔က အနည္းငယ္ေနာက္က်သြားေသာ္လည္း မၾကာမီပင္ ေဂ်ရက္အားအတုခိုးကာ တစ္ေယာက္ၿပီးတစ္ေယာက္ သူတို႔၏သိုေလွာင္အိတ္ထဲမွ ပစၥည္းမ်ားထုတ္ကာ ဟင္းခ်က္ကူၾကေတာ့၏။

ထိုအခ်ိန္တြင္ ေဂ်ရက္က အက္ဂါဖမ္းလာခဲ့ေသာ ရစ္ငွက္ကိုကိုင္ေနေသာ ရႈရႈအား ကူညီေပးေန၏။

သားရဲလူသားမ်ားက သဘာဝအရ သားရဲတစ္ပိုင္းလူသားမ်ားကို ကာကြယ္လိုၾက၏။ သူတို႔ေရွ႕မွသားရဲတစ္ပိုင္းလူသားမွာ အဘိုးႀကီးျဖစ္ေနလွ်င္ပင္ သူတို႔ကူညီကာကြယ္ဖို႔ဝန္မေလးၾကေပ။ ထို႔အျပင္ ရႈရႈက ၾကည့္ေကာင္းကာ ခ်စ္စဖြယ္ေကာင္းသည့္ သားရဲတစ္ပိုင္းလူသားငယ္ေလးျဖစ္ေနေသး၏။

 ထို႔အျပင္ တြဲဖက္မရွိေသးေသာ သားရဲတစ္ပိုင္းလူသားေလးျဖစ္၏။

အကယ္၍ ထိုသားရဲတစ္ပိုင္းလူသားေလးသာ သူတို႔အဖြဲ႕မွတစ္ေယာက္ေယာက္ႏွင့္ ​ႀကိဳက္ႏွစ္သက္သြားလွ်င္....ႏွစ္ႏွစ္အတြင္းထိုလူသားေလးအ႐ြယ္ေရာက္ကာ သူတို႔ထဲမွတစ္ေယာက္ေယာက္ႏွင့္ လက္ထပ္နိုင္ေပလိမ့္မည္။

​ေရွးယခင္ကႏွင့္စာလွ်င္ သားရဲတစ္ပိုင္းလူသားမ်ား မ်ားျပားလာေသာ္လည္း သားရဲတစ္ပိုင္းလူသားေမြးဖြားႏႈန္းကနည္းပါးေနဆဲျဖစ္၍ သားရဲလူသားဦးေရထက္ ႏွစ္ဆယ္ရာခိုင္ႏႈန္း ေလ်ာ့ေနေသးဆဲျဖစ္၏။ ထို႔အျပင္ ဂတ္စ္ၿဂိဳဟ္တြင္ သားရဲတစ္ပိုင္းလူသားမွာ မရွိသေလာက္ရွားပါး၍ ဤသားရဲတစ္ပိုင္းလူသားေလးအား သူတို႔မည္မွ်႐ူးသြပ္စြာ လက္ထပ္လိုၾကေၾကာင္း ဘုရားသာသိေပလိမ့္မည္။ သူတို႔က သားရဲတစ္ပိုင္းလူသားငယ္ေလးကို သူတို႔အိမ္ေပၚဆြဲတင္ကာ သူတို႔၏သားရဲပုတီးေစ့ကို ထိုလူသားေလးလက္ထဲ အပ္ႏွင္းခ်င္ၾက၏။ ထိုအခါမွ သားရဲလူသားႏွင့္ သားရဲတစ္ပိုင္းလူသားတို႔ အတြင္းက်က်ရင္းႏွီးဆက္ဆံၾကမည္ျဖစ္၏။
...........

"ငါ့ရဲ႕အသားကင္နည္းက အေကာင္းဆုံးပဲ"

"မင္းတို႔ခန ေဘးဖယ္ဦး။ ငါ့မွာ အသီးအ႐ြက္ေတြပါတယ္...။ သားရဲတစ္ပိုင္းကေလးေလးအတြက္ စြပ္ျပဳတ္ခ်က္ေပးလိုက္ဦးမယ္..."

"ေဟး...ငါ့မွာလဲ ေဆာ့စ္အခ်ိဳ႕နဲ႕ အိုးေတြပါတယ္။ သူ႕ကို ေဟာ့ေပါ့လုပ္ေကြၽးရမယ္"

............

ေဂ်ရက္မွလြဲ၍ က်န္ငါးေယာက္မွာ မင္းဖယ္၊ငါလုပ္မယ္ ဟုဆိုကာ တစ္ေယာက္ကိုတစ္ေယာက္ တြန္းတိုက္ေနေလ၏။ ထိုေျခာက္ေယာက္ေၾကာင့္ သိပ္မႀကီးေတာ့ဟုထင္ေနရသည့္ ရႈရႈ၏ဂူေလးမွာ ထိုသူမ်ားေၾကာင့္ ရႈပ္ရွက္ခပ္လ်က္ရွိ၏။ သူတို႔က ရႈရႈကို ဂ႐ုတစိုက္ မီးဖိုးေဘးမွ ဆြဲထုတ္ကာ သူတို႔ကိုယ္တိုင္ခ်က္ျပဳတ္ၾကေတာ့၏။

႐ုတ္တရက္ အလုပ္မရွိေတာ့ေသာ ရႈရႈမွာ ေႁမြႀကီး၏ေဘးနားတြင္သာ ထိုင္ေနရေတာ့၏။ "ေႁမြႀကီး...ဒီကမၻာမွာ ကြၽန္ေတာ့္လိုမ်ိဳး လူသားေတြရွိလိမ့္မယ္လို႔ တကယ္မထင္ထားခဲ့ဘူး"

ဂူထဲတြင္ မ်ိဳးႏြယ္တူ သားရဲလူသားမ်ားရွိ၍ ရႈရႈကေႁမြႀကီးနား ထိုင္ရသည္ကို မေၾကာက္ေတာ့ေပ။ "သူတို႔က ပစၥည္းေတြအမ်ားႀကီး ထုတ္ထားတာပဲ။ ဒီေတာရဲ႕အျပင္ဘက္ေနရာက ေသခ်ာေပါက္လွေလာက္မွာ။ ကြၽန္ေတာ္အျပင္သြားၿပီး ၾကည့္ခ်င္ေနၿပီ"

သားရဲတစ္ပိုင္းလူသားငယ္ေလးက အက္ဂါရွိသည့္ေနရာေလးနားတြင္ မွီေန၏။ အက္ဂါက ရႈရႈ႕အား ထိခ်င္ေနေသာ္လည္း ထိုအႀကံအားစြန့္လႊတ္လိုက္၏။ သူကတိတ္တဆိတ္ျဖင့္ သားရဲတစ္ပိုင္းလူသားငယ္ေလး ေျပာသမွ်ကို နားေထာင္ေပးေနလိုက္၏။

"တကယ္လို႔ အျပင္ဘက္ကမၻာႀကီးက အရမ္းေကာင္းေနရင္...ကြၽန္ေတာ္တို႔ဒီကိုျပန္မလာပဲေနရေအာင္..." ရႈရႈက တီးတိုးေျပာလိုက္၏။ သူကစကားေျပာေနရင္း ေလထုထဲမွ သြားရည္ယိုဖြယ္ဟင္းအနံ႕မ်ားကို ရႈရွိုက္ေနေလသည္။

အစားအေသာက္၏ အနံ႕က အလြန္ေမႊးပ်ံ့ေန၏။ ရႈရႈလည္း ဒီ​ေတာထဲကထြက္ၿပီးအျပင္ေရာက္လွ်င္ ေမႊးႀကိဳင္လွေသာ အစားအေသာက္မ်ားစားနိုင္ေတာ့မည္မလား။ ထိုအေတြးျဖင့္ပင္ ရႈရႈမွာ သြားရည္တျမားျမားက်လာေတာ့၏။

သားရဲတစ္ပိုင္းလူသားငယ္ေလး၏စကားကို နားေထာင္ေနသည့္ အက္ဂါ၏ စိတ္အေျခအေနမွာ မေကာင္းေခ်။ သားရဲတစ္ပိုင္းလူသားငယ္ေလးက ထိုလူစုႏွင့္လိုက္ကာ လူ႕အဖြဲ႕အစည္းထဲတြင္ ရွင္သန္နိုင္၏။ သို႔ေသာ္ အက္ဂါက အဆင့္က်သားရဲျဖစ္၍ သားရဲတစ္ပိုင္းလူသားငယ္ေလးႏွင့္ ေနထိုင္၍မရေတာ့ေပ။

 "ရစ္ငွက္ကင္ကလည္း ရၿပီ။ ငါ့ရဲ႕အသားကင္ကို ျမည္းၾကည့္ပါဦး" ေဂ်ရက္က ရႈရႈ႕အား ပထမဆုံးကူညီသူျဖစ္သလို ပထမဆုံးခ်က္ျပဳတ္ၿပီးစီးသြားသူလည္းျဖစ္ကာ သူ၏ဟင္းပြဲမ်ားကို ထိုအေကာင္ငယ္ေလးအားျမည္းၾကည့္ေစေန၏။

သားရဲတစ္ပိုင္းလူသားငယ္ေလးက သူခြံ႕ေကြၽးလွ်င္မစားမည္စိုး၍ ေဂ်ရက္က အဆင့္က်သားရဲဖမ္းလာေပးသည့္ ရစ္ငွက္ကင္ကို ရႈရႈ႕ထံေပးလိုက္၏။

ငွက္သားကင္၏ရနံ႕က အလြန္ေကာင္းမြန္လွ၍ ရႈရႈမွာ သြားရည္မ်ားက်ေနရ၏။ သူက ေဂ်ရက္၏စကားကို နားမလည္ေသာ္လည္း ထိုစကားမ်ားကို အဓိပၸါယ္ကို ခန့္မွန္းနိုင္၏။ ထို႔​ေၾကာင့္ ခ်က္ခ်င္းပင္ ေက်းဇူးတင္ေၾကာင္းေျပာလိုက္၏။

ေက်းဇူးတင္ေၾကာင္းေျပာၿပီး ရႈရႈ႕ကငွက္ကင္ကိုယူကာ ငွက္ေျခေထာက္အားသူစားရန္ဖဲ့လိုက္၏။ ထို႔ေနာက္ အက်င့္ပါေနသည့္အတိုင္း က်န္အသားမ်ားကို အက္ဂါ၏ ပန္းကန္လုံးႀကီးထဲထည့္ကာ ေႁမြႀကီးအားေကြၽးလိုက္၏။

 အက္ဂါက ​ငွက္ကင္ကို ​ပါးစပ္အျပည့္မ်ိဳခ်လိဳက္ေလသည္။ စားေသာက္ၿပီး၍ ေခါင္းေမာ့ၾကည့္လိုက္ရာ အျခားသားရဲလူသားမ်ားက ရႈရႈ႕ကိုဝိုင္းရံကာ မ်က္ႏွာသာရေအာင္ မရပ္မနား လုပ္ေနၾက၏။

အရသာရွိလွသည့္ ေတာင္ဖို႔မွိုစြပ္ျပဳတ္၊ စြဲမက္ဖြယ္အသားကင္၊ ေမႊးပ်ံ့ၿပီး အနည္းငယ္စပ္ကာ စားခ်င့္စဖြယ္ေဟာ့ေပါ့....စသည့္ဟင္းပြဲမ်ားက ရႈရႈ႕အေရွ႕တြင္ရွိေန၏။

အက္ဂါက သားရဲတစ္ပိုင္းလူသားငယ္ေလးအတြက္ ထိုကဲ့သို႔ ခ်က္ျပဳတ္ေပးလိုေသာ္လည္း သူ၏အေျခအေနေၾကာင့္ လုပ္၍မရနိုင္ေပ။

 အက္ဂါက ထိုသို႔ေတြးေနဆဲမွာပင္ သူ၏အေရွ႕ရွိ သစ္သားပန္းကန္လုံးႀကီးထဲတြင္ အသားမ်ားေရာက္ေနေၾကာင္းေတြ႕လိုက္ရ၏။

 "တပည့္ေလး...မ်ားမ်ားစားရမယ္ေနာ္.." ရႈရႈက ထိုဟင္းပြဲအမ်ားအျပားကိုအကုန္မစားန်ဳင္ေပ။ သူ႕အတြက္ေပးကမ္းသည့္ဟင္းမ်ားကိုလည္း မျငင္းနိုင္သည့္အတြက္ ဟင္းပြဲတစ္ပြဲစီတိုင္းအနည္းငယ္ ျမည္းကာ က်န္ဟင္းမ်ားကို သူ၏တပည့္ေႁမြႀကီးအား ေကြၽးပစ္လိုက္ေတာ့၏။

အက္ဂါက သားရဲလူသားအုပ္စုအား ေဝ့ၾကည့္လိုက္ရာ ထိုလူစုက သူ႕အားမနာလိုစြာၾကည့္ေနၾကသည္ကိုေတြ႕လိုက္ရ၍ သူ၏စိတ္အေျခအေနေကာင္းလာေလသည္။

 သူက ဗိုက္ႀကီးကားလာသည္အထိ ရႈရႈ႕ေကြၽးသမွ် အကုန္စားပစ္လိုက္၏။

ရႈရႈ၏ဗိုက္ေလးမွာလည္း လုံးဝန္းလာေလသည္။ သူက ဗိုက္ေဖာင္းေဖာင္းေလးကိုပုတ္ကာ သူ၏အေရွ႕မွ သားရဲလူသားအုပ္စုမွာ အလြန္သေဘာေကာင္းလွသည္ဟု ခံစားေနမိ၏။

အားးးသူတို႔ေတြက အရမ္းသေဘာေကာင္းၾကတာပဲ။ ရႈရႈက ေပ်ာ္႐ႊင္စြာျဖင့္ မ်က္လုံးေလးေမွးစင္းလိုက္၏။

သူတို႔အားလုံးစားေသာက္ၿပီးခ်ိန္တြင္ မိုးစုန္းစုန္းခ်ဳပ္သြားၿပီျဖစ္၏။ ရႈရႈက သူတို႔အား ေျခဟန္လက္ဟန္ျဖင့္ သူ၏ဂူထဲတည္းခိုေစ၏။

ေဂ်ရက္ႏွင့္ သူ႕အဖြဲ႕မွာလည္း မဆိုင္းမတြသေဘာတူၾက၏။

ရႈရႈက သူ၏ဂူအားၾကည့္လိုက္၏။ သူ၏ဧည့္ခန္းေလးက ထိုလူေျခာက္ေယာက္ႏွင့္ မဆံ့နိုင္ဟု ခံစားလိုက္ရ၍ သူသေဘာက်သည့္ ျခေသၤ့လူသားအား သူႏွင့္အတူလာအိပ္ရန္ ဖိတ္ေခၚလိုက္ေလသည္။

"ဧည့္ခန္းထဲမွာ ျပည့္ေနၿပီ..။ ခင္ဗ်ား ကြၽန္ေတာ္နဲ႕အတူလာအိပ္လို႔ရတယ္.."

ေဂ်ရက္မွာ ၾကက္ေသေသသြားရ၏။ သားရဲတစ္ပိုင္းလူသားငယ္ေလးက သူ႕ကို အတူတူအိပ္ဖို႔ေခၚေနတယ္....။ ဒါ...ဒါက....
 
အက္ဂါကလည္း ၾကက္ေသေသသြားရ၏။ သူကပထမဆုံး ေဒါသထြက္သြားေသာ္လည္း မၾကာမီပင္ ရႈရႈ႕မွာ တကယ့္အတူတူအိပ္ျခင္း၏အဓိပၸါယ္ကို နားမလည္ပဲ သေဘာရိုးျဖင့္ အတူတူအိပ္မည္ဟုေျပာျခင္းျဖစ္ေၾကာင္း သေဘာေပါက္သြား၏။

 မည္သို႔ပင္ျဖစ္ေစ...သူခ်စ္ေသာ သားရဲတစ္ပိုင္းလူသားငယ္ေလးအား အျခားသားရဲလူသားႏွင့္ ေပးမအိပ္နိုင္ေပ။

အက္ဂါက သားရဲတစ္ပိုင္းလူသားငယ္ေလး၏ အိပ္ခန္းေပါက္ဝတြင္ ပိတ္လိုက္ကာ ေဂ်ရက္အား ေအးစက္စက္စိုက္ၾကည့္လိုက္၏။

ေဂ်ရက္က အဆင့္က်သားရဲဆီမွ ဖိႏွိပ္သည့္အားအခ်ိဳ႕ကို ခံစားမိလိုက္၏။ သူကတုန္ယင္သြားရၿပီး ခပ္ညစ္ညစ္အေတြးမ်ားကို ခါထုတ္လိုက္ၿပီး သားရဲတစ္ပိုင္းလူသားေလးအားၾကည့္လိုက္ရာ ထိုသူေလးက ျဖဴစင္စြာျဖင့္ အေတာက္ပဆုံးၿပဳံးျပလာ၏။ ထိုအခ်ိန္မွ သူလည္းသတိျပန္ဝင္လာေလသည္။ သားရဲတစ္ပိုင္းလူသားေလးက ငယ္႐ြယ္ေသးၿပီး သားရဲလူသားႏွင့္သားရဲတစ္ပိုင္းလူသားၾကားမွ ကိစၥမ်ားကို နားလည္ေသးဦးမည္မဟုတ္ေခ်။

 ေဂ်ရက္က စခန္းခ်ရာတြင္သုံးသည့္ လူဝင္၍အိပ္ရေသာ အိပ္ယာအေသးစားေလးအားထုတ္ကာ ေထာင့္တစ္ေနရာသို႔သြားၿပီး ဝင္ကာအိပ္လိုက္ေတာ့၏။ အျခားသားရဲလူသားမ်ားကလည္း ေဂ်ရက္ကဲ့သို႔ပင္ သူတို႔၏အိပ္ယာမ်ားထုတ္ကာ အိပ္ၾက၏။ သူတို႔က သားရဲတစ္ပိုင္းလူသားငယ္ေလး၏ ဖိတ္ေခၚခ်က္အား ျငင္းပယ္ၾက၏။ သူတို႔က အသက္မျပည့္ေသးေသာ သားရဲတစ္ပိုင္းလူသားငယ္ေလးအေပၚ အခြင့္အေရးမယူခ်င္ၾကေပ။

 ရႈရႈက ထိုလူမ်ား ၾကပ္ၾကပ္ထုပ္ထုပ္တိုးအိပ္ေနၾကသည္ကိုၾကည့္ကာ အတူတူေခၚအိပ္မည့္အစီအစဥ္အား စြန့္လႊတ္လိုက္၏။ ထို႔ေနာက္ သူ၏ျမက္ပုံေလးထဲသြားကာ အိပ္ေပ်ာ္သြားေတာ့၏။

သူက ဤညတြင္ ေကာင္းမြန္စြာအိပ္ေပ်ာ္သြားေလသည္။ တစ္စုံတစ္ေယာက္က သူ၏ဂူထဲမွ ထြက္သြားသည့္အသံအား တစ္စြန္းတစ္စၾကားလိုက္ေသာ္လည္း ရႈရႈကအိပ္ခ်င္ေန၍ထြက္မၾကည့္ေတာ့ေပ။ ထိုသားရဲလူသားမ်ား ညသန္းေခါင္အိမ္သာသြားခ်င္၍ ထြက္ျခင္းျဖစ္ရာ အေရးႀကီးသည့္ကိစၥမဟုတ္ဟု ရႈရႈကထင္၏။

ဂူ၏အျပင္ဘက္တစ္ေနရာတြင္...အက္ဂါကရပ္တန့္လိုက္၏။ ထို႔ေနာက္ သူ၏ေနာက္မွကပ္၍လိုက္ပါလာေသာ ေဂ်ရက္ဘက္သို႔လွည့္လိုက္ကာ သူ၏အၿမီးကိုသုံး၍ ေျမျပင္ေပၚစာမ်ားေရးခ်လိဳက္၏။

"မနက္ျဖန္...မင္းသူ႕ကိုေခၚသြားၿပီးရင္ ဂ႐ုစိုက္ေပးပါ။ သူ႕ရဲ႕လုံၿခဳံေရးအတြက္ ငါလိုက္ပို႔ေပးမယ္။ ၿပီးမွပဲ ငါဒီကို ျပန္လာေတာ့မယ္"

........🐍🦁🐍🦁🐍🦁🐍........

22.8.2021

Continue Reading

You'll Also Like

1.7M 161K 161
အင်ပါယာရဲ့ဗိုလ်မှူးချုပ်ဟောင်း အခုတော့ အလိုရှိနေကြတဲ့အပြစ်သားဟာ ရုတ်တရက် မုဆိုးပြင်ဆင်ထားတဲ့ထောင်ချောက်ထဲ ကျသွားခဲ့တယ်။ နေစမ်းပါဦး အဲ့မုဆိုးက အရင်တုန...
658K 29.5K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန္မင္းတေခတ္ × ခြန္းေနွာင္ႀကိဳး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...
3.4M 280K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...