Healing Love

By Merrie614

74.5K 12.7K 1.3K

Chanbaek Only More

Healing Love (1)
Healing Love (2)
Healing Love (3)
Healing Love (4)
Healing Love (5)
Healing Love (6)
Healing Love (7)
Healing Love (8)
Healing Love (9)
Healing Love (10)
Healing Love(11)
Healing Love (12)
Healing Love(13)๐Ÿšจ
Healing Love (14)
Healing Love (15)
Healing Love(16)
Healing Love(17)
Healing Love (18)
Healing Love(19)
Healing Love (20)
Healing Love(21)
Healing Love (22)
Healing Love (23) ๐Ÿšจ๐Ÿšจ
Healing Love (24)
Healing Love (25)
Healing Love (26)
Healing Love (27)
Healing Love (28)
Healing Love (29)
Healing Love (31)
Healing Love (32) ๐Ÿšจ
Healing Love (33)
Hello

Healing Love (30)

2.2K 439 45
By Merrie614

Healing Love 🍁

Part-30

အပြင်မှာ မိုးတွေ သည်းကြီးမည်းကြီး ရွာချနေ၏။  Baekhyun တစ်ယောက် တိုက်ခန်းမှာ Chanyeol ကို စောင့်ရင်း စိတ်လှုပ်ရှားနေသည်။  မီးဖိုချောင်ကနေ ဝရန်တာအထိ ခေါက်တုန့်ခေါက်ပြန် လျှောက်ကာ လက်ဆစ်များတောင် ချိုးမိနေ၏။၊ အသက်ရှုနှုန်းလည်း မြန်ကာ တစ်ကိုယ်လုံး ဂဏာမငြိမ်နိုင်။ 

ဒီနေ့က Chanyeol အောင်စာရင်း ထွက်တဲ့နေ့ ....

ကြည့်ပေးပါ့မယ်ဆိုတာကို သူပဲ ရှာကြည့်လိုက်ပါမယ်တဲ့။ သိချင်လွန်းလို့ ဖုန်းဆက်ကြည့်တော့ အလုပ်က ပြန်လာနေပြီမို့ စောင့်နေပေးပါ တဲ့လေ.... ပြန်လာနေပြီလို့ ပြောတာ လွန်ခဲ့တဲ့ မိနစ် ၄၀ လောက်က ဖြစ်ပေမယ့် ရုံးနဲ့ အိမ်ရဲ့ အကွာအဝေးက ဒီလောက် မကြာနိုင်တာကြောင့် စိတ်ပူမှုက နှစ်ဆဖြစ်၏၊

ထိုအချိန်မှာပဲ တံခါးဘက်ကနေ password ရိုက်သံ ကြားလိုက်ရတာကြောင့် Baekhyun တံခါးနားထိ လျှောက်သွားလိုက်သည်။ သူ စိတ်ပူနေတာ သူ အသိဆုံးပဲလေ။

" ပြန်လာပြီလား အစ်ကို "

အိမ်ထဲ ဝင်လာတဲ့ Chanyeol က မျက်နှာမကောင်း။ အလုပ်မှာ အဆင်မပြေ​လို့လား....ဒါမှမဟုတ် အောင်စာရင်းများ ....

" အင်း... မိုးရွာနေလို့ ကိုယ် နောက်ကျသွားတယ် "

" မျက်နှာလည်း မကောင်းဘူး ... ဘာဖြစ်လို့လဲဗျ "

" ဟင့်​အင်း ~~~ "

ဆိုကာ အိပ်ခန်းထဲ ဝင်သွား၏။ ကိုယ်ပါ အနောက်က လိုက်ဝင်ပြီး သူ့မျက်နှာကိုသာ သေချာလိုက်ကြည့်နေမိသည်၊ သူ မဖြေချင်သေးတဲ့ မေးခွန်းမို့ ကိုယ်လည်း ဆက်မမေးချင်တော့တာပါ။

" ရေချိုးလိုက်ဦးမယ်...ကောင်လေးရော ချိုးပြီးပြီလား "

Shirt အင်္ကျီကို ကြယ်သီးတွေ ဖြုတ်လျှက် Baekhyun ကို လှည့်မေးလာ၏၊ Baekhyun ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် သူလည်း ဘာမှ ဆက်မပြောဘဲ ရေသွားချိုးတော့၏။

သေချာနေပါပြီ...ဒီလောက်ဆို အစ်ကို စိတ်ညစ်နေပြီ။ အောင်စာရင်းသာ အဆင်ပြေရင် အစ်ကို ဒီလို ဝမ်းနည်းနေမှာမဟုတ်... အတတ်နိုင်ဆုံး နှစ်သိမ့် ခွန်အားပေးဖို့သာ တွေးထားမိတော့သည်။

Chanyeol ချထားခဲ့တဲ့ ဖုန်းကို အားသွင်းပေးပြီး ချွတ်ခဲ့တဲ့ အဝတ်တွေကိုလည်း မနေ့က အဝတ်တွေနဲ့ ပေါင်းကာ လျှော်စက်ထဲ ထည့်ပေးလိုက်၏။ အစ်ကိုက မလုပ်ခိုင်းပေမယ့် ကျွန်တော်ကိုက အစ်ကိုနဲ့ ပတ်သက်ရင် အစစအရာရာ ကိုယ့်လက်ကိုယ့်ခြေ ဖြစ်ချင်နေတာ ။

လုပ်စရာရှိတာလုပ်ပြီး ညစာပြင်နေတုန်း ရေချိုးခန်းထဲက ထွက်လာ၏၊

" ပြီးရင် ထွက်ခဲ့နော် အစ်ကို ... ကျွန်တော် မေမေ့ဆီကနေ ဟင်းဝင်ယူလာတယ် "

" အင်း အင်း "

ညစာတော့ ဝင်အောင်စား၏။
ဒါပေမယ့် မျက်လွှာချထားကာ စကားမပြောဘူး ။  Baekhyun ကလည်း မမေးဖြစ်။

ညစာစားပြီး အစ်ကိုက ပန်းကန်ဆေး တာဝန်ယူထားတာကြောင့် အစ်ကို ပန်းကန်ဆေးနေချိန်ဆို ကျွန်တော်က TV ဖွင့်ထားပြီး အစ်ကို့ကို စောင့်နေတတ်သည်။ ဒါက ညတိုင်း လုပ်ရိုးလုပ်စဥ်ပင်။
အခုလည်း  TV လိုင်း ရှာနေတုန်း အသီးပန်းကန်လေးနဲ့ ဘေးမှာ လာထိုင်၏။

ထို့နောက် ကျွန်တော့်ကို ပွေ့ကာ သူ့ပေါင်ပေါ် တင်ထားပြန်သည်။ ကျွန်တော့် လက်တစ်ဖက်ကိုလည်း သူ့ လက်ဖဝါးထဲ ထည့်ထား၏။

" ချစ်စရာလေး "

ဆိုကာ လက်ချောင်းထိပ်လေးတွေကို နှုတ်ခမ်းနှစ်ခုကြား ထည့်ကာ မနာအောင် ကိုက်နေသည်၊

" အစ်ကို ဘာဖြစ်လာတာလဲ "

" ဘာဖြစ်လာတယ် ထင်လို့လဲ ကောင်လေးက "

ဝေ့လည်ကြောင်ပတ်နဲ့ ပြောရမယ့်စကားကို မပြောတာကြောင့်  Baekhyun  စိတ်တိုလာ၏။ အသက်ရှုသံ မြန်လာတာက နဂါးပေါက်လေး နှာမှုတ်နေတဲ့အတိုင်း....

" စိတ်လျှော့လေကွာ.... "

ရယ်သံနှောပြီး နူးနူးညံ့ညံ့လေး ပြောလာတဲ့ Chanyeol ကြောင့် Baekhyun လေးတစ်ယောက် စိတ်လျှော့ရ၏။ စတွေ့ကတည်းက သူ ဒီ ခပ်သြသြအသံကို သိပ်သဘောကျခဲ့တာမလား။

" ကောင်လေး သိလား... ကိုယ် အခု ဥပဒေအရာရှိ မဟုတ်တော့ဘူး "

" ဗျာ ! "

Baekhyun တကယ် စိတ်ပူသွားရသည်။
အမှုကိစ္စကြောင့် အလုပ်ကိုပါ ထိခိုက်မလားဆိုတဲ့ စိုးရိမ်မှုက အမြဲဝင်နေခဲ့သည်မို့ အခု အစ်ကို့စကားကြားတဲ့အခါ ပိုစိတ်ပူရ၏။

" အစ်ကို...အလုပ်က "

" တရားသူကြီးဖြစ်သွားတာ "

ပေါင်ပေါ်မှာ ထိုင်နေတဲ့ Baekhyun က ဆတ်ခနဲ လှည့်ကြည့်လာ၏။ မျှော်လင့်ချက်အပြည့် မျက်ဝန်းလေးတွေနဲ့ ဖြစ်သည်။

" တကယ်...အစ်ကို တကယ်ပြောနေတာလား "

မယုံနိုင်စွာ မေးမိတော့ Chanyeol က ပြုံးကာ ခေါင်းလေးညိတ်ပြ၏။

" ဟား !! အစ်ကိုကကွာ !! တကယ် မကောင်းဘူး ! ကျွန်တော် ဘယ်လောက် စိတ်ပူနေလဲ သိရဲ့လား "

" ဟားဟား ~~ ကိုယ် သိတာပေါ့ , ကိုယ် ဝင်လာကတည်းက ကိုယ့်ကောင်လေး ဘယ်လောက် စိတ်ပူနေလဲ ဆိုတာ "

ရယ်ကျဲကျဲနဲ့ ပြောလိုက်ပေမယ့် Baekhyun ကတော့ စိတ်ဆိုးစွာ အင်္ကျီအောက်ကနေ လက်လျိုဝင်ပြီး ဗိုက်သားကို လိမ်ဆွဲတော့၏။ အဆီမရှိ ကျစ်လစ်နေတဲ့ အသားတွေကြောင့် ဆွဲမရကာ မရ ရအောင် လိုက်စမ်းနေရသေးသည်။ ဒါတောင် Chanyeol က ရယ်နေ၏။

" ရယ်...ရယ်နေ ခင်ဗျား !! တွေ့မယ် လေးငယ်တို့နဲ့ တိုင်မှာ "

Baekhyun ပြောတဲ့ လေးငယ်ဆိုတာ Chanyeol ဦးလေးရဲ့ အမျိုးသားဖြစ်သည်။ သူတို့အချင်းချင်းလည်း အဆက်အသွယ်ရှိကြကာ အခုဆို ပိုလို့ ရင်းနှီးနေ၏။ Chanyeol ကိုများ Baekhyun တိုင်လိုက်ရင် လေးလေးရော လေးငယ်ကပါ ဆူတတ်သည် ။

" ချစ်လို့ စတာပါ ကောင်လေးရာ.... ကိုယ် နာနေပြီ .. လွှတ်တော့နော် လိမ္မာတယ် "

" ဟွန့် ~~"

နာနေပြီပြောမှ နှာတစ်ချက်မှုတ်ကာ လွှတ်ပေးသည်။
ချစ်စရာကောင်းလွန်းလို့ နှဖူးပေါ်ကျနေတဲ့ ဆံပင်လေးတွေကို အပြောင်သပ်တင်ပေးလိုက်၏။ နုနုနယ်နယ် မျက်နှာလေးက အထင်းသား ပေါ်လာသည်။

" မပျော်ဘူးလား...ကိုယ့်ကောင်လေးက "

" မပျော်ဘဲ နေပါ့မလား... အစ်ကို့ကို ဒီလမ်းကြောင်းပေါ် အရောက်စေချင်ဆုံးသူက ကျွန်တော်ပါ "

" ကောင်လေး သိလား... ကိုယ့် အိပ်မက်တွေ ဖြစ်လာလို့ ပျော်တာထက် ကိုယ့်ကောင်လေး ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာလို့ ကိုယ် ပို ဂုဏ်ယူတယ် ... အားလုံးက မင်း ကျေးဇူးတွေ မင်း မေတ္တာတွေပါ "

သူပြောလိုက်တော့ ကောင်လေးက ပြုံးကာ သူ့နဖူးကို ခပ်ဖွဖွ လာနမ်း၏။

" ဂုဏ်ယူပါတယ်...ကျွန်တော့်ရဲ့ တရားသူကြီး​ပေါက်စလေး "

" နမ်းပါဦး ကိုယ့်ကို ~~"

" ဒီမှာ မနမ်းချင်ဘူး "

" ဟင်~~"

Chanyeol နားမလည်စွာ ပြန်မေးတော့ ကောင်လေးက မျက်ခုံးပင့်ပြကာ Chanyeol အင်္ကျီကို ဆွဲလှန်၏။

အပြင်မှာ မိုးတွေ ရွာနေပေမယ့် တိုက်ခန်းထဲက အိပ်ခန်းလေးတစ်ခုထဲမှာတော့ အသက်ရှုသံတွေ ပြင်းထန်လို့ ....

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

" ဂုဏ်ယူတယ်ကွာ ငါ့တူလေး "

"  cheers လေးလေး "

စာမေးပွဲအောင်လို့ ဂုဏ်ပြုပေးမယ်ဆိုကာ အိမ်ကို ညစာ စားဖို့ ဖိတ်တဲ့ လေးလေးတို့ကြောင့် ကောင်လေးနဲ့အတူ လာခဲ့သည်။ အကုန်လုံးက ကောင်လေးအကြိုက်တွေ မှာပေးထားကာ အရည်သောက်ကအစ ကောင်လေးအကြိုက် လေးငယ်က ချက်ထားပေးခြင်းဖြစ်၏။

ယောကျာ်းသားလေးယောက်မို့ အသောက်အစားကတော့ မပါမဖြစ်။ alcohol sickness ပြင်းတဲ့ ကောင်လေးအတွက်ကတော့ ဝိုင် ပြင်ပေးထား၏။ ဒါတောင် ကောင်လေး​က သိပ်မကျေနပ်ချင်။

" တာဝန်က ဘယ်ရုံးကို ကျတာလဲ Chanyeol လေး "

လေးငယ်က မေးလာ၏။

" ဂယောင်းဂီဒိုပြည်နယ်ရုံးချုပ်မှာ ကျတာ လေးငယ်....အရင်ရုံးထက်တော့ ပိုမောင်းရတယ် "

" ဘာပဲဖြစ်ဖြစ် ဂုဏ်ယူပါတယ်ကွာ...ငါတို့ Baekhyun လေးလည်း ပျော်နေမှာပဲ "

လေးငယ်က စကားဆိုရင်း သူ့ဘေးမှာထိုင်နေတဲ့ Baekhyun ခေါင်းလေးကို သပ်ပေး၏။ Chanyeol နဲ့က မျက်နှာချင်းဆိုင်မို့ Chanyeol ခြေသလုံးပေါ်ကိုလည်း သူ့ခြေထောက်နှစ်ဖက်လုံး လှမ်းတင်ထားသေးသည်။

Chanyeol နဲ့ သူ့ဦးလေးတို့ အလုပ်အကြောင်းပြောနေတုန်း Baekhyun တစ်ယောက် စားပွဲ​ပေါ်က လေးငယ်ရဲ့ သောက်လက်စ ဘီယာခွက်ကို ချောင်းနေ၏။ လေးငယ်က အိမ်ထဲမှာ အမှိုက်ထည့်ဖို့ အိတ် သွားယူနေတုန်း ထို ဘီယာခွက်ကို လက်လှမ်းလိုက်သည် ။ လူငယ်ပဲမို့ မလုပ်နဲ့လို့ တားရင် ပိုလုပ်ချင်သည့် စိတ်ကလေးလည်း ရှိသည်။

" Babe !!! "

လှမ်းယူနေတဲ့ Baekhyun လက်ကလေး တုန်သွား၏။ ဦးလေးနဲ့ စကားပြောနေပေမယ့် Chanyeol အာရုံက Baekhyun ဆီမှာသာ ရှိပုံရ သည်။

" တစ်ငုံပဲလေ..."

" ပြီးမှာလား အဲ့ဒီတစ်ငုံနဲ့ "

" ဟဲဟဲ.... "

ပြောင်စပ်စပ်နဲ့ ရယ်ပြ၏။
အသည်းယားပေမယ့် Chanyeol မျက်နှာကို တည်ထားလိုက်ရသည်။

" မနက် ကျောင်းမှမရှိတာဘဲ...သောက်ပါစေကွာ "

လေးလေးက ကာဆီး ကာဆီး လုပ်ပေး၏။

" မနက် ကျောင်းမရှိတာထက် သူပဲ ခံရလို့ ​ပြောနေတာ .... သောက် သောက် အများကြီးသောက်ရင် ကိုယ် ဆူမှာနော် "

" ဟီး ဟုတ်ကဲ့ "

ဆိုကာ ခွက်အသစ်တောင် မယူဘဲ လေးငယ်ခွက်ထဲက ကျန်တာသာ နည်းနည်းစီ သောက်သည်။ အချစ်ပိုနေရတာလည်း အထူးအဆန်းတော့မဟုတ်ပါ။
စကားကတော့ နားထောင်ပါသည်။ သူ မူးလွန်းလို့ လေးလေးတို့အိမ်မှာ အိပ်လိုက်ရသည်အထိ။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ကျောင်းပြောင်း အိမ်ပြောင်းကိစ္စနဲ့ အလုပ်တွေ ရှုပ်နေလို့  update ကြာသွားရပါတယ် .... တောင်းပန်ပါတယ်နော် 😔😞

စကားမစပ် ဘယ်လိုလုပ်မလဲ...ဇာတ်သိမ်းဖို့က လိုသေးတယ်

Healing Love 🍁

Part-30

အျပင္မွာ မိုးေတြ သည္းႀကီးမည္းႀကီး ႐ြာခ်ေန၏။  Baekhyun တစ္ေယာက္ တိုက္ခန္းမွာ Chanyeol ကို ေစာင့္ရင္း စိတ္လႈပ္ရွားေနသည္။  မီးဖိုေခ်ာင္ကေန ဝရန္တာအထိ ေခါက္တုန့္ေခါက္ျပန္ ေလွ်ာက္ကာ လက္ဆစ္မ်ားေတာင္ ခ်ိဳးမိေန၏။၊ အသက္ရႈႏႈန္းလည္း ျမန္ကာ တစ္ကိုယ္လုံး ဂဏာမၿငိမ္နိုင္။ 

ဒီေန႕က Chanyeol ေအာင္စာရင္း ထြက္တဲ့ေန႕ ....

ၾကည့္ေပးပါ့မယ္ဆိုတာကို သူပဲ ရွာၾကည့္လိုက္ပါမယ္တဲ့။ သိခ်င္လြန္းလို႔ ဖုန္းဆက္ၾကည့္ေတာ့ အလုပ္က ျပန္လာေနၿပီမို႔ ေစာင့္ေနေပးပါ တဲ့ေလ.... ျပန္လာေနၿပီလို႔ ေျပာတာ လြန္ခဲ့တဲ့ မိနစ္ ၄၀ ေလာက္က ျဖစ္ေပမယ့္ ႐ုံးနဲ႕ အိမ္ရဲ႕ အကြာအေဝးက ဒီေလာက္ မၾကာနိုင္တာေၾကာင့္ စိတ္ပူမႈက ႏွစ္ဆျဖစ္၏၊

ထိုအခ်ိန္မွာပဲ တံခါးဘက္ကေန password ရိုက္သံ ၾကားလိုက္ရတာေၾကာင့္ Baekhyun တံခါးနားထိ ေလွ်ာက္သြားလိုက္သည္။ သူ စိတ္ပူေနတာ သူ အသိဆုံးပဲေလ။

" ျပန္လာၿပီလား အစ္ကို "

အိမ္ထဲ ဝင္လာတဲ့ Chanyeol က မ်က္ႏွာမေကာင္း။ အလုပ္မွာ အဆင္မေျပ​လို႔လား....ဒါမွမဟုတ္ ေအာင္စာရင္းမ်ား ....

" အင္း... မိုး႐ြာေနလို႔ ကိုယ္ ေနာက္က်သြားတယ္ "

" မ်က္ႏွာလည္း မေကာင္းဘူး ... ဘာျဖစ္လို႔လဲဗ် "

" ဟင့္​အင္း ~~~ "

ဆိုကာ အိပ္ခန္းထဲ ဝင္သြား၏။ ကိုယ္ပါ အေနာက္က လိုက္ဝင္ၿပီး သူ႕မ်က္ႏွာကိုသာ ေသခ်ာလိုက္ၾကည့္ေနမိသည္၊ သူ မေျဖခ်င္ေသးတဲ့ ေမးခြန္းမို႔ ကိုယ္လည္း ဆက္မေမးခ်င္ေတာ့တာပါ။

" ေရခ်ိဳးလိုက္ဦးမယ္...ေကာင္ေလးေရာ ခ်ိဳးၿပီးၿပီလား "

Shirt အကၤ်ီကို ၾကယ္သီးေတြ ျဖဳတ္လွ်က္ Baekhyun ကို လွည့္ေမးလာ၏၊ Baekhyun ေခါင္းၿငိမ့္ျပလိုက္သည္။
ထို႔ေနာက္ သူလည္း ဘာမွ ဆက္မေျပာဘဲ ေရသြားခ်ိဳးေတာ့၏။

ေသခ်ာေနပါၿပီ...ဒီေလာက္ဆို အစ္ကို စိတ္ညစ္ေနၿပီ။ ေအာင္စာရင္းသာ အဆင္ေျပရင္ အစ္ကို ဒီလို ဝမ္းနည္းေနမွာမဟုတ္... အတတ္နိုင္ဆုံး ႏွစ္သိမ့္ ခြန္အားေပးဖို႔သာ ေတြးထားမိေတာ့သည္။

Chanyeol ခ်ထားခဲ့တဲ့ ဖုန္းကို အားသြင္းေပးၿပီး ခြၽတ္ခဲ့တဲ့ အဝတ္ေတြကိုလည္း မေန႕က အဝတ္ေတြနဲ႕ ေပါင္းကာ ေလွ်ာ္စက္ထဲ ထည့္ေပးလိုက္၏။ အစ္ကိုက မလုပ္ခိုင္းေပမယ့္ ကြၽန္ေတာ္ကိုက အစ္ကိုနဲ႕ ပတ္သက္ရင္ အစစအရာရာ ကိုယ့္လက္ကိုယ့္ေျခ ျဖစ္ခ်င္ေနတာ ။

လုပ္စရာရွိတာလုပ္ၿပီး ညစာျပင္ေနတုန္း ေရခ်ိဳးခန္းထဲက ထြက္လာ၏၊

" ၿပီးရင္ ထြက္ခဲ့ေနာ္ အစ္ကို ... ကြၽန္ေတာ္ ေမေမ့ဆီကေန ဟင္းဝင္ယူလာတယ္ "

" အင္း အင္း "

ညစာေတာ့ ဝင္ေအာင္စား၏။
ဒါေပမယ့္ မ်က္လႊာခ်ထားကာ စကားမေျပာဘူး ။  Baekhyun ကလည္း မေမးျဖစ္။

ညစာစားၿပီး အစ္ကိုက ပန္းကန္ေဆး တာဝန္ယူထားတာေၾကာင့္ အစ္ကို ပန္းကန္ေဆးေနခ်ိန္ဆို ကြၽန္ေတာ္က TV ဖြင့္ထားၿပီး အစ္ကို႔ကို ေစာင့္ေနတတ္သည္။ ဒါက ညတိုင္း လုပ္ရိုးလုပ္စဥ္ပင္။
အခုလည္း  TV လိုင္း ရွာေနတုန္း အသီးပန္းကန္ေလးနဲ႕ ေဘးမွာ လာထိုင္၏။

ထို႔ေနာက္ ကြၽန္ေတာ့္ကို ေပြ႕ကာ သူ႕ေပါင္ေပၚ တင္ထားျပန္သည္။ ကြၽန္ေတာ့္ လက္တစ္ဖက္ကိုလည္း သူ႕ လက္ဖဝါးထဲ ထည့္ထား၏။

" ခ်စ္စရာေလး "

ဆိုကာ လက္ေခ်ာင္းထိပ္ေလးေတြကို ႏႈတ္ခမ္းႏွစ္ခုၾကား ထည့္ကာ မနာေအာင္ ကိုက္ေနသည္၊

" အစ္ကို ဘာျဖစ္လာတာလဲ "

" ဘာျဖစ္လာတယ္ ထင္လို႔လဲ ေကာင္ေလးက "

ေဝ့လည္ေၾကာင္ပတ္နဲ႕ ေျပာရမယ့္စကားကို မေျပာတာေၾကာင့္  Baekhyun  စိတ္တိုလာ၏။ အသက္ရႈသံ ျမန္လာတာက နဂါးေပါက္ေလး ႏွာမႈတ္ေနတဲ့အတိုင္း....

" စိတ္ေလွ်ာ့ေလကြာ.... "

ရယ္သံႏွောၿပီး ႏူးႏူးညံ့ညံ့ေလး ေျပာလာတဲ့ Chanyeol ေၾကာင့္ Baekhyun ေလးတစ္ေယာက္ စိတ္ေလွ်ာ့ရ၏။ စေတြ႕ကတည္းက သူ ဒီ ခပ္ၾသၾသအသံကို သိပ္သေဘာက်ခဲ့တာမလား။

" ေကာင္ေလး သိလား... ကိုယ္ အခု ဥပေဒအရာရွိ မဟုတ္ေတာ့ဘူး "

" ဗ်ာ ! "

Baekhyun တကယ္ စိတ္ပူသြားရသည္။
အမႈကိစၥေၾကာင့္ အလုပ္ကိုပါ ထိခိုက္မလားဆိုတဲ့ စိုးရိမ္မႈက အၿမဲဝင္ေနခဲ့သည္မို႔ အခု အစ္ကို႔စကားၾကားတဲ့အခါ ပိုစိတ္ပူရ၏။

" အစ္ကို...အလုပ္က "

" တရားသူႀကီးျဖစ္သြားတာ "

ေပါင္ေပၚမွာ ထိုင္ေနတဲ့ Baekhyun က ဆတ္ခနဲ လွည့္ၾကည့္လာ၏။ ေမွ်ာ္လင့္ခ်က္အျပည့္ မ်က္ဝန္းေလးေတြနဲ႕ ျဖစ္သည္။

" တကယ္...အစ္ကို တကယ္ေျပာေနတာလား "

မယုံနိုင္စြာ ေမးမိေတာ့ Chanyeol က ၿပဳံးကာ ေခါင္းေလးညိတ္ျပ၏။

" ဟား !! အစ္ကိုကကြာ !! တကယ္ မေကာင္းဘူး ! ကြၽန္ေတာ္ ဘယ္ေလာက္ စိတ္ပူေနလဲ သိရဲ႕လား "

" ဟားဟား ~~ ကိုယ္ သိတာေပါ့ , ကိုယ္ ဝင္လာကတည္းက ကိုယ့္ေကာင္ေလး ဘယ္ေလာက္ စိတ္ပူေနလဲ ဆိုတာ "

ရယ္က်ဲက်ဲနဲ႕ ေျပာလိုက္ေပမယ့္ Baekhyun ကေတာ့ စိတ္ဆိုးစြာ အကၤ်ီေအာက္ကေန လက္လ်ိဳဝင္ၿပီး ဗိုက္သားကို လိမ္ဆြဲေတာ့၏။ အဆီမရွိ က်စ္လစ္ေနတဲ့ အသားေတြေၾကာင့္ ဆြဲမရကာ မရ ရေအာင္ လိုက္စမ္းေနရေသးသည္။ ဒါေတာင္ Chanyeol က ရယ္ေန၏။

" ရယ္...ရယ္ေန ခင္ဗ်ား !! ေတြ႕မယ္ ေလးငယ္တို႔နဲ႕ တိုင္မွာ "

Baekhyun ေျပာတဲ့ ေလးငယ္ဆိုတာ Chanyeol ဦးေလးရဲ႕ အမ်ိဳးသားျဖစ္သည္။ သူတို႔အခ်င္းခ်င္းလည္း အဆက္အသြယ္ရွိၾကကာ အခုဆို ပိုလို႔ ရင္းႏွီးေန၏။ Chanyeol ကိုမ်ား Baekhyun တိုင္လိုက္ရင္ ေလးေလးေရာ ေလးငယ္ကပါ ဆူတတ္သည္ ။

" ခ်စ္လို႔ စတာပါ ေကာင္ေလးရာ.... ကိုယ္ နာေနၿပီ .. လႊတ္ေတာ့ေနာ္ လိမၼာတယ္ "

" ဟြန့္ ~~"

နာေနၿပီေျပာမွ ႏွာတစ္ခ်က္မႈတ္ကာ လႊတ္ေပးသည္။
ခ်စ္စရာေကာင္းလြန္းလို႔ ႏွဖူးေပၚက်ေနတဲ့ ဆံပင္ေလးေတြကို အေျပာင္သပ္တင္ေပးလိုက္၏။ ႏုႏုနယ္နယ္ မ်က္ႏွာေလးက အထင္းသား ေပၚလာသည္။

" မေပ်ာ္ဘူးလား...ကိုယ့္ေကာင္ေလးက "

" မေပ်ာ္ဘဲ ေနပါ့မလား... အစ္ကို႔ကို ဒီလမ္းေၾကာင္းေပၚ အေရာက္ေစခ်င္ဆုံးသူက ကြၽန္ေတာ္ပါ "

" ေကာင္ေလး သိလား... ကိုယ့္ အိပ္မက္ေတြ ျဖစ္လာလို႔ ေပ်ာ္တာထက္ ကိုယ့္ေကာင္ေလး ျဖစ္ေစခ်င္တဲ့အတိုင္း ျဖစ္လာလို႔ ကိုယ္ ပို ဂုဏ္ယူတယ္ ... အားလုံးက မင္း ေက်းဇူးေတြ မင္း ေမတၱာေတြပါ "

သူေျပာလိုက္ေတာ့ ေကာင္ေလးက ၿပဳံးကာ သူ႕နဖူးကို ခပ္ဖြဖြ လာနမ္း၏။

" ဂုဏ္ယူပါတယ္...ကြၽန္ေတာ့္ရဲ႕ တရားသူႀကီး​ေပါက္စေလး "

" နမ္းပါဦး ကိုယ့္ကို ~~"

" ဒီမွာ မနမ္းခ်င္ဘူး "

" ဟင္~~"

Chanyeol နားမလည္စြာ ျပန္ေမးေတာ့ ေကာင္ေလးက မ်က္ခုံးပင့္ျပကာ Chanyeol အကၤ်ီကို ဆြဲလွန္၏။

အျပင္မွာ မိုးေတြ ႐ြာေနေပမယ့္ တိုက္ခန္းထဲက အိပ္ခန္းေလးတစ္ခုထဲမွာေတာ့ အသက္ရႈသံေတြ ျပင္းထန္လို႔ ....

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

" ဂုဏ္ယူတယ္ကြာ ငါ့တူေလး "

"  cheers ေလးေလး "

စာေမးပြဲေအာင္လို႔ ဂုဏ္ျပဳေပးမယ္ဆိုကာ အိမ္ကို ညစာ စားဖို႔ ဖိတ္တဲ့ ေလးေလးတို႔ေၾကာင့္ ေကာင္ေလးနဲ႕အတူ လာခဲ့သည္။ အကုန္လုံးက ေကာင္ေလးအႀကိဳက္ေတြ မွာေပးထားကာ အရည္ေသာက္ကအစ ေကာင္ေလးအႀကိဳက္ ေလးငယ္က ခ်က္ထားေပးျခင္းျဖစ္၏။

ေယာက်ာ္းသားေလးေယာက္မို႔ အေသာက္အစားကေတာ့ မပါမျဖစ္။ alcohol sickness ျပင္းတဲ့ ေကာင္ေလးအတြက္ကေတာ့ ဝိုင္ ျပင္ေပးထား၏။ ဒါေတာင္ ေကာင္ေလး​က သိပ္မေက်နပ္ခ်င္။

" တာဝန္က ဘယ္႐ုံးကို က်တာလဲ Chanyeol ေလး "

ေလးငယ္က ေမးလာ၏။

" ဂေယာင္းဂီဒိုျပည္နယ္႐ုံးခ်ဳပ္မွာ က်တာ ေလးငယ္....အရင္႐ုံးထက္ေတာ့ ပိုေမာင္းရတယ္ "

" ဘာပဲျဖစ္ျဖစ္ ဂုဏ္ယူပါတယ္ကြာ...ငါတို႔ Baekhyun ေလးလည္း ေပ်ာ္ေနမွာပဲ "

ေလးငယ္က စကားဆိုရင္း သူ႕ေဘးမွာထိုင္ေနတဲ့ Baekhyun ေခါင္းေလးကို သပ္ေပး၏။ Chanyeol နဲ႕က မ်က္ႏွာခ်င္းဆိုင္မို႔ Chanyeol ေျခသလုံးေပၚကိုလည္း သူ႕ေျခေထာက္ႏွစ္ဖက္လုံး လွမ္းတင္ထားေသးသည္။

Chanyeol နဲ႕ သူ႕ဦးေလးတို႔ အလုပ္အေၾကာင္းေျပာေနတုန္း Baekhyun တစ္ေယာက္ စားပြဲ​ေပၚက ေလးငယ္ရဲ႕ ေသာက္လက္စ ဘီယာခြက္ကို ေခ်ာင္းေန၏။ ေလးငယ္က အိမ္ထဲမွာ အမွိုက္ထည့္ဖို႔ အိတ္ သြားယူေနတုန္း ထို ဘီယာခြက္ကို လက္လွမ္းလိုက္သည္ ။ လူငယ္ပဲမို႔ မလုပ္နဲ႕လို႔ တားရင္ ပိုလုပ္ခ်င္သည့္ စိတ္ကေလးလည္း ရွိသည္။

" Babe !!! "

လွမ္းယူေနတဲ့ Baekhyun လက္ကေလး တုန္သြား၏။ ဦးေလးနဲ႕ စကားေျပာေနေပမယ့္ Chanyeol အာ႐ုံက Baekhyun ဆီမွာသာ ရွိပုံရ သည္။

" တစ္ငုံပဲေလ..."

" ၿပီးမွာလား အဲ့ဒီတစ္ငုံနဲ႕ "

" ဟဲဟဲ.... "

ေျပာင္စပ္စပ္နဲ႕ ရယ္ျပ၏။
အသည္းယားေပမယ့္ Chanyeol မ်က္ႏွာကို တည္ထားလိုက္ရသည္။

" မနက္ ေက်ာင္းမွမရွိတာဘဲ...ေသာက္ပါေစကြာ "

ေလးေလးက ကာဆီး ကာဆီး လုပ္ေပး၏။

" မနက္ ေက်ာင္းမရွိတာထက္ သူပဲ ခံရလို႔ ​ေျပာေနတာ .... ေသာက္ ေသာက္ အမ်ားႀကီးေသာက္ရင္ ကိုယ္ ဆူမွာေနာ္ "

" ဟီး ဟုတ္ကဲ့ "

ဆိုကာ ခြက္အသစ္ေတာင္ မယူဘဲ ေလးငယ္ခြက္ထဲက က်န္တာသာ နည္းနည္းစီ ေသာက္သည္။ အခ်စ္ပိုေနရတာလည္း အထူးအဆန္းေတာ့မဟုတ္ပါ။
စကားကေတာ့ နားေထာင္ပါသည္။ သူ မူးလြန္းလို႔ ေလးေလးတို႔အိမ္မွာ အိပ္လိုက္ရသည္အထိ။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ေက်ာင္းေျပာင္း အိမ္ေျပာင္းကိစၥနဲ႕ အလုပ္ေတြ ရႈပ္ေနလို႔  update ၾကာသြားရပါတယ္ .... ေတာင္းပန္ပါတယ္ေနာ္ 😔😞

စကားမစပ္ ဘယ္လိုလုပ္မလဲ...ဇာတ္သိမ္းဖို႔က လိုေသးတယ္

Continue Reading

You'll Also Like

795K 29.5K 97
๐€ ๐’๐Œ๐€๐‹๐‹ ๐…๐€๐‚๐“: you are going to die. does this worry you? โช tua s1 โŽฏโŽฏโŽฏ 4 โซ ยฉ ๐™ต๐™ธ๐š…๐™ด๐™ท๐š‡๐š๐™ถ๐š๐™ด๐™ด๐š…๐™ด๐š‚...
138K 15K 16
Suhoร—Lay , Bร—B Zawgyi , Unicode Cover by @LenCo Graphics
37.5K 530 18
Kuroko is a boy from Teiko junior high, he decided to join Seirin after some drama with the GoM, you see, Teiko's priority was to win, everything els...
1K 159 14
แ€กแ€žแ€€แ€บแ€กแ€›แ€™แ€บแ€ธแ€€แ€ฝแ€ฌแ€•แ€ซแ€แ€šแ€บ แ€–แ€แ€บแ€แ€ปแ€„แ€บแ€™แ€พแ€–แ€แ€บแ€€แ€ผแ€•แ€ซ แ€€แ€ปแ€แ€ฑแ€ฌแ€บแ€…แ€ญแ€แ€บแ€›แ€ฐแ€ธแ€•แ€ฑแ€ซแ€€แ€บแ€œแ€ญแ€ฏแ€ทแ€‘แ€›แ€ฑแ€ธแ€แ€ฌแ€•แ€ซแ€Ÿแ€ฎแ€ธแ€Ÿแ€ฎแ€ธ ใ… ใ