A.
သူတို့အဖွဲ့က နောက်ထပ် တဖန် ထပ်ပြီးတော့ တိတ်ဆိတ်သွားသည်။ရှောင်းကျန့်အတွက် ကျိလီ ခိုင်းမယ့် Dare က ဘာဖြစ်နိုင်မလဲ။ကျိလီ သူ့ကို ဘာများလုပ်ခိုင်းမလဲ ဆိုတာ စောင့်စားရင်း တွေးတောရင်း သူတို့တဖွဲ့လုံးတိတ်ဆိတ်နေသည်။
ကျိလီ က သူ့ပြုံးနေကြအတိုင်း သူတို့အဖွဲ့ထဲမှ သဘောအကောင်းဆုံး ကောင်လေးတစ်ယောက်ရဲ့ အပြုံးမျိုးနဲ့ သူတို့ကို ပြုံးပြနေသည်။
ပုံမှန်ဆို သူတို့အားလုံး ကျိလီ ပြုံးတာကို ရိုးရိုးလေးလို့ သတ်မှတ်လို့ရပေမဲ့ အခုဟာက တမျိုးပဲ။ဘယ်လိုတမျိုးလဲ ဆိုတာတော့ မပြောတတ်ပေမယ့် ခံစားမှုကတော့ သိပ်မကောင်းဘူး။ဒီတိုင်း...တမျိုးကြီးပဲ။
ကျိလီ က အဲ့တိုင်းလေးပဲ ပြုံးပြီး တော့ ဆက်ပြောလာတယ်။
"ဒါကတော့ လွယ်လွယ်လေးပါပဲ.....မင်း ဝမ်ရိပေါ် ရဲ့ ရှေ့မှာနေပြီးတော့ သူ့ရဲ့ နှုတ်ခမ်းတွေကို ကြည့်ရင်း ညည်းနေဖို့ပဲ လိုတယ်"
ပြော ပြီးပြီးချင်းကျိလီရဲ့ အပြုံးတွေဟာ ပိုပြီးတော့ တောက်ပ လာတယ်။နှုတ်ခမ်းထောင့်စွန်းတွေကလည်း အပေါ်ကိုကွေးညွှတ်ကုန်တယ်။ကျိလီရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ရှောင်းကျန့်ရဲ့ သူလုပ်နိုင်တယ် ။ကျိလီက သူ့ကို လွယ်တာပဲ ခိုင်းမှာ ။ဟုတ်တယ် သူ့ကို ဖြဲ ခြောက်နေတာ။ သူ့ကို ခိုင်းမဲ့ဟာက လွယ်မှာ အသေအချာပဲ။သူ့ကိုယ်သူ ယုံကြည်ချက်ရှိရှိ စိတ်ကြီးဝင်နေတဲ့အပြုံးမျိုးနဲ့ တွေးတွေးပြီး ပြုံးနေတဲ့ ရှောင်းကျန့်မှာ ကျိလီရဲ့ စကားကြောင့် နှုတ်ခမ်းက အပြုံးတွေဟာ ပျောက်ကွယ်သွားသည်။ပြီးတော့ ရှောင်းကျန့်ရဲ့ မျက်လုံးတွေဟာ အံ့သြမှု မယုံကြည်နိုင်မှု တွေပေါင်းပြီး ချက်ချင်းပဲ ပြူးကျယ်သွားတော့တယ်။
ရှောင်းကျန့် သူ သူထိုင်နေတဲ့ နေရာကနေ မရွေ့နိုင်ပဲ ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီး ဖြစ်သွားသည်။ပတ်ဝန်းကျင် တခုလုံး ကလည်း ရေခဲမှတ်ရောက်သွားသလို ချမ်းစိမ့်စိမ့်ကြီး ခံစားနေရသည်။ရှောင်းကျန့်တင် သာမက သူ့ရဲ့ ကျန် သူငယ်ချင်း အားလုံးလည်း ထိုင်နေတဲ့ နေရာမှာတင် ရေခဲရုပ်ထု ကြီးတွေလို တောင်တောင့်ကြီး ဖြစ်သွားကြတယ်။သူတို့ကြားလိုက်ရတဲ့ ရှောင်းကျန့်အတွက် ကျိလီခိုင်းတဲ့ Dare က ဘာကြီးတုန်း။လူတစ်ကိုယ်လုံးကို ကြက်သီးမွှေးညှင်းတွေထသွားပဲ။
"ဟားဟားဟားဟား!!!!ကျိလီ မင်းက အရမ်းနောက်တာပဲ၊မင်းရဲ့ဟာသ က တကယ်ရီရတယ် "
ရှောင်းကျန့်က ရယ်ရယ်မောမော နဲ့ ကျိလီကို ပြုံးပြီး ပြန်ဖြေနေတယ်။ဒါပေမဲ့ သူ့ရဲ့ အတွင်းစိတ်ထဲမှာတော့ သူ့ရဲ့ ဝိဉာဥ်ကို သူ့ရဲ့ကိုယ်ကနေ ထွက်မသွားဖို့ တောင်းပန်နေပြီ။ကျိလီ စကားကြားလိုက်ရတာ ရုပ်နဲ့နာမ်နဲ့ကွဲသွားသလို ခံစားနေရတယ်။
ရှောင်းကျန့် ကျိလီ ကို တချက် ပြန်ကြည့်လိုက်တဲ့အခါ ကျိလီရဲ့ မျက်နှာထားက နဂိုအတိုင်းပဲ ပြောင်းလဲ မသွားဘူး။ကျိလီရဲ့ မျက်နှာထား မပြောင်းလဲတာကို သတိထားမိသွားတဲ့အခါ ရှောင်းကျန့် သူ့ရဲ့ ခန္ဓာကိုယ် တွင်းမှာ ရှိတဲ့ သွေးတွေ အေးခဲပြီး တောင့်တင်းသွားသလို ခံစားလိုက်ရတယ်။
"Hell!No!!!!!မဟုတ်ဘူး !!!မဖြစ်နိုင်ဘူး!လုံးဝ လုံးဝ မဖြစ်နိုင်ဘူး!ကျိလီ မင်းရူးသွားတာလား။ဘယ်လိုတောင်ငါ့ကို ခိုင်းရက်ရတာလဲ!
မင်း !မင်း! မင်း ငါ့ကို မင်းရဲ့ သူငယ်ချင်းလို့ကော တွေးသေးရဲ့လား။"
ရှောင်းကျန့် ဒီ dareကို ကန့်ကွက်တယ် ။သူမလုပ်ချင်ဘူး။မဟုတ်ဘူး မလုပ်နိုင်ဘူး။သူ ဒီကနေ လွတ်မြောက်ဖို့ အစီအစဥ် တခု လိုတယ်!စဥ်းစားစမ်း စဥ်းစားစမ်း။
"ငါတို့က သူငယ်ချင်း အရင်းကြီးတွေလေကွာ။မင်းဘာ ကြောင့် ငါ့ကို ဒီလို လုပ်နိုင်ရတာလဲ။ငါ့ကို တခြား Dare တခု ခိုင်းလို့မရဘူးလား"
ရှောင်းကျန့်က ချက်ချင်းပဲ ကျိလီကို ခွေးပေါက်လေးလို မာန်ဖီနေရာကနေ ခုတော့ Puppy eye လေး လုပ်ပြပြီး တောင်းဆိုနေသည့်။ ဒီ ရူးချင်စရာကောင်းလောက်တဲ့ dareတခုကြောင့် သူ့ရဲ့ ကျန်ရှိနေသေးတဲ့ ဂုဏ်သိက္ခာလေးကိုတော့ မဆုံးရှုံးချင်ဘူး။
ဒီ Dare ကိုလုံးဝ လုံးဝ အကြီးကြီး ကန့်ကွက်တယ်!!
"ဒါပေမဲ့လည်း ရှောင်းကျန့်ရာ ဒါက Dare တခုပါပဲကွာ။ပြီးတော့ ဒါက မင်းရှုံးလို့ လုပ်ရတာလေ။အာ့ကြောင့် မင်း ဒီဟာကို လုပ်ကိုလုပ်ရမယ်။မင်းပဲပြောတယ်မလား။မင်းပဲ အခက်ခဲဆုံး Dareတခု လိုချင်တယ်ဆို။ဟုတ်တယ်ဟုတ်။အခု ကျိလီက မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးလိုက်ပြီလေ "
ကျိုးချန်က သူ့ဘေးနားထိုင်နေတဲ့ ကျိလီ ကို ပခုံးက နေဖက်ရင်း သူ့ကို မျက်ခုံးပင့်ပြပြီး ပြောသည်။သူ သိတယ် အဲ့ကောင် ကျိုးချန် အခွင့်ရေး ရတုန်း ကျိလီဘက်က ပြောသလိုနဲ့ သူ့ကို အကောက်ကြံနေတာ။
*ဟင်း ဟင်း အလှည့်ကြ မနွဲ့ စတမ်းပေါ့ ကျိုးချန်ရာ *
ရှောင်းကျန့်က စိတ်ထဲ ကနေ ကြုံးဝါးပြီး ကျိုးချန်ကို အကြည့်စိမ်းစိမ်းတွေနဲ့ ပြန်ကြည့်လိုက်သည်။ကျိုးချန်က သူ့အကြည့်တွေကို မျက်ကွယ်ပြု ပြီး ဆက်ပြောလာသည်။
"ဘာလို့လဲ။ဘာလို့ မလုပ်ချင်တာလဲ။ခု ကျိလီ ခိုင်းတဲ့ဟာက လုံးဝ စိတ်ဝင်စားစရာ ကောင်းတဲ့ဟာ ကို "
"ဒါပေမဲ့ ငါ..."
"ကျန့်ကျန့် pleaseeeeeee" မုန့်ယောင် က သူ့ရဲ့ ပါးချိုင့်တွေ ပေါ်အောင်ပြုံးပြရင်း ရှောင်းကျန့်ကို အသနားခံနေသည်။သူ့ရဲ့ အပြုံးလေးက အလုပ်ဖြစ်ပါစေ ဆုတောင်းရင်း။
"ကျန့်ကျန့် ငါတို့ရဲ့ အပျော်တွေကို မဖျက်ဘူးမလား ဟင် " ဇီယီ ကလည်း သူမရဲ့ မျက်လုံးလေးတွေကို ကလယ် ကလယ် လုပ်ရင်း ရှောင်းကျန့်ကို တောင်းဆိုနေပြန်သည်။ကျန်သူငယ်ချင်းတွေ ကြည့်ပြန်တော့လည်း သူ့ကို လက်ခံ စေချင်တဲ့ အရိပ်အယောင် ပါဝင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြသည်။
"ကိုယ့်လူတို့။ငါထင်တာကတော့....ငါတို့...ငါတို့ အလုပ်လုပ်တဲ့ ဋ္ဌာန ကို ပြန်ဖို့ လိုမယ်နော်။အချိန်က နီးနေပြီ " ရှောင်းကျန့်က ပြောလိုက်သည်။
ငါ ဒီဟာ ကြီး ကနေ လွတ်မှ ဖြစ်မယ်!!!
"ကျန့်ကျန့် ရေ ငါတို့အတွက် အနားယူဖို့ ပေးထားတဲ့ အချိန် က ၂၇မိနစ်ကြီးများတောင် ကျန်သေးတယ်"စုန်လန့် က ပြောလာတယ်။
ရှောင်းကျန့် သူ့ အစီအစဥ် ကျရှုံးသွားတဲ့အတွက် အရှုံးသမားလို သက်ပြင်းချလိုက်တယ်။
"ကောင်းပြီလေ"ရှောင်းကျန့်က ဘာခံစားချက်မှ မရှိတော့တဲ့ မျက်နှာနဲ့ ပြောလိုက်သည်။*မင်း မင်းရဲ့ ကျန်ရှိနေသေးတဲ့ ဂုဏ်သိက္ခာလေးကို ကြိုတင်ပြီးနှုတ်ဆက်ထားလိုက်တော့ ရှောင်းကျန့်ရေ။*ရှောင်းကျန့် က စိတ်ထဲမှာ သူ့ကိုသူပြန်ပြောနေသည်။
"Yayyyyyyyyyyyy" သူတို့အကုန်လုံး ဝမ်းသာ အားရ နဲ့ ထအော်ကြသည် "
"တိုးတိုးသက်သာ လုပ်ပါ ဆိုင်မှာ တခြားသူတွေလဲ ရှိသေးတယ်ဆိုတာ သတိရကြဦး"
"ကျန့်ကော ငါတို့ မင်းကို ချစ်တယ် နော်
we love uuuuu , ဆာရားငဲ"
အသဲပေးတဲ့သူက ပေး။လက်ကို အသဲပုံစံ ဝိုက်ပြတဲ့သူကပြ နဲ့ တော်တော်ပျော်နေကြတာပဲ။ဒီလို သစ္စာ ရှိတဲ့ သူငယ်ချင်းကောင်းတွေ သူ့မှာရှိလို့ သူ ကံကောင်းတယ်လို့ ပြောလို့ရတယ်။ဒါပေမဲ့လည်း အဲ့သစ္စာရှိလှတဲ့ သူငယ်ချင်းကောင်းတွေကပဲ သူ့ကို ဒီလို ရူးချင်စရာ ကိစ္စ တခုကို ခိုင်းတာပဲ။အဲ့လိုဆိုရင်တောင်မှ သူ့ငယ်ချင်း လုပ်ဖော်ကိုင်ဖက် တွေ ပျော်နေလို့ ရှောင်းကျန့်ကပျော်နေတုန်းပါပဲ။
"ဘယ်တော့ လောက် စ လုပ်ရမလဲ " ရှောင်းကျန့် ထပ်မေးလိုက်တယ်။
"ဟုတ်ပြီ။ကျန့်ကျန့်ရေ။အခုပဲ!!!တိတိကျကျ ထပ် ပြောရရင် အခုပဲ ။ဒီနေ့ က စမယ်။မနက်ဖြန်လဲ မဟုတ်ဘူး။နောက်တနေ့လဲ မဟုတ်ဘူး။"
ခိုင်းရတာ ကျိလီ ဖြစ်ပေမဲ့ အမိန်ပေးနေတာ ဇီယီမ။ဇီယီ က မျက်လုံးကြီး ပြူးပြီး သူတို့အကုန်လုံးကို ဆိုင်ဝင်ပေါက်ကို ပြနေသည်။
"ဝိုးဟိုးးးးး အဲ့ဒီမှာ အဲ့ဒီမှာ ကြည့်လိုက် ဝမ်ရိပေါ် !!သူ့သူငယ်ချင်းကြီးနဲ့ !"
ဝမ်ရိပေါ်က သူ့ရဲ့ သူငယ်ချင်းနဲ့ ဆိုင် ထဲ ကို ဝင်လာပြီး စားပွဲ တခုမှာ ဝင်ထိုင်လိုက်တယ်။
အခု ငါ့ရဲ့ ဂုဏ်သိက္ခာတွေ ဆုံးရှုံးဖို့ အချိန် ကျရောက်လာပြီလား??နှုတ်ဆက်ခဲ့ပါတယ် သူငယ်ချင်းတို့။
•••••••••••••••••••••••••••••••••••••••••••••
ဟီးဟီး ချစ်စရာ Rl တွေထဲ ထည့်ပေးကြလို့ ကျေးဇူးပါ><
[Zawgyi]
A.
သူတို႔အဖြဲ႔က ေနာက္ထပ္ တဖန္ ထပ္ၿပီးေတာ့ တိတ္ဆိတ္သြားသည္။ေရွာင္းက်န္႔အတြက္ က်ိလီ ခိုင္းမယ့္ Dare က ဘာျဖစ္ႏိုင္မလဲ။က်ိလီ သူ႔ကို ဘာမ်ားလုပ္ခိုင္းမလဲ ဆိုတာ ေစာင့္စားရင္း ေတြးေတာရင္း သူတို႔တဖြဲ႔လံုးတိတ္ဆိတ္ေနသည္။
က်ိလီ က သူ႔ၿပံဳးေနၾကအတိုင္း သူတို႔အဖြဲ႔ထဲမွ သေဘာအေကာင္းဆံုး ေကာင္ေလးတစ္ေယာက္ရဲ့ အၿပံဳးမ်ိဳးနဲ႔ သူတို႔ကို ၿပံဳးျပေနသည္။
ပံုမွန္ဆို သူတို႔အားလံုး က်ိလီ ၿပံဳးတာကို ရိုးရိုးေလးလို႔ သတ္မွတ္လို႔ရေပမဲ့ အခုဟာက တမ်ိဳးပဲ။ဘယ္လိုတမ်ိဳးလဲ ဆိုတာေတာ့ မေျပာတတ္ေပမယ့္ ခံစားမႈကေတာ့ သိပ္မေကာင္းဘူး။ဒီတိုင္း...တမ်ိဳးႀကီးပဲ။
က်ိလီ က အဲ့တိုင္းေလးပဲ ၿပံဳးၿပီး ေတာ့ ဆက္ေျပာလာတယ္။
"ဒါကေတာ့ လြယ္လြယ္ေလးပါပဲ.....မင္း ဝမ္ရိေပၚ ရဲ့ ေရ႔ွမွာေနၿပီးေတာ့ သူ႔ရဲ့ ႏႈတ္ခမ္းေတြကို ၾကည့္ရင္း ညည္းေနဖို႔ပဲ လိုတယ္"
ေျပာ ၿပီးၿပီးခ်င္းက်ိလီရဲ့ အၿပံဳးေတြဟာ ပိုၿပီးေတာ့ ေတာက္ပ လာတယ္။ႏႈတ္ခမ္းေထာင့္စြန္းေတြကလည္း အေပၚကိုေကြးၫႊတ္ကုန္တယ္။က်ိလီရဲ့ စကားကို ၾကားလိုက္ရတဲ့အခါ ေရွာင္းက်န္႔ရဲ့ သူလုပ္ႏိုင္တယ္ ။က်ိလီက သူ႔ကို လြယ္တာပဲ ခိုင္းမွာ ။ဟုတ္တယ္ သူ႔ကို ၿဖဲ ေျခာက္ေနတာ။ သူ႔ကို ခိုင္းမဲ့ဟာက လြယ္မွာ အေသအခ်ာပဲ။သူ႔ကိုယ္သူ ယံုၾကည္ခ်က္ရိွရိွ စိတ္ႀကီးဝင္ေနတဲ့အၿပံဳးမ်ိဳးနဲ႔ ေတြးေတြးၿပီး ၿပံဳးေနတဲ့ ေရွာင္းက်န္႔မွာ က်ိလီရဲ့ စကားေၾကာင့္ ႏႈတ္ခမ္းက အၿပံဳးေတြဟာ ေပ်ာက္ကြယ္သြားသည္။ၿပီးေတာ့ ေရွာင္းက်န္႔ရဲ့ မ်က္လံုးေတြဟာ အံ့ၾသမႈ မယံုၾကည္ႏိုင္မႈ ေတြေပါင္းၿပီး ခ်က္ခ်င္းပဲ ျပဴးက်ယ္သြားေတာ့တယ္။
ေရွာင္းက်န္႔ သူ သူထိုင္ေနတဲ့ ေနရာကေန မေရြ့ႏိုင္ပဲ ေက်ာက္ရုပ္ႀကီးလို ေတာင့္ေတာင့္ႀကီး ျဖစ္သြားသည္။ပတ္ဝန္းက်င္ တခုလံုး ကလည္း ေရခဲမွတ္ေရာက္သြားသလို ခ်မ္းစိမ့္စိမ့္ႀကီး ခံစားေနရသည္။ေရွာင္းက်န္႔တင္ သာမက သူ႔ရဲ့ က်န္ သူငယ္ခ်င္း အားလံုးလည္း ထိုင္ေနတဲ့ ေနရာမွာတင္ ေရခဲရုပ္ထု ႀကီးေတြလို ေတာင္ေတာင့္ႀကီး ျဖစ္သြားၾကတယ္။သူတို႔ၾကားလိုက္ရတဲ့ ေရွာင္းက်န္႔အတြက္ က်ိလီခိုင္းတဲ့ Dare က ဘာႀကီးတုန္း။လူတစ္ကိုယ္လံုးကို ၾကက္သီးေမႊးၫွင္းေတြထသြားပဲ။
"ဟားဟားဟားဟား!!!!က်ိလီ မင္းက အရမ္းေနာက္တာပဲ၊မင္းရဲ့ဟာသ က တကယ္ရီရတယ္ "
ေရွာင္းက်န္႔က ရယ္ရယ္ေမာေမာ နဲ႔ က်ိလီကို ၿပံဳးၿပီး ျပန္ေျဖေနတယ္။ဒါေပမဲ့ သူ႔ရဲ့ အတြင္းစိတ္ထဲမွာေတာ့ သူ႔ရဲ့ ဝိဉာဥ္ကို သူ႔ရဲ့ကိုယ္ကေန ထြက္မသြားဖို႔ ေတာင္းပန္ေနၿပီ။က်ိလီ စကားၾကားလိုက္ရတာ ရုပ္နဲ႔နာမ္နဲ႔ကြဲသြားသလို ခံစားေနရတယ္။
ေရွာင္းက်န္႔ က်ိလီ ကို တခ်က္ ျပန္ၾကည့္လိုက္တဲ့အခါ က်ိလီရဲ့ မ်က္ႏွာထားက နဂိုအတိုင္းပဲ ေျပာင္းလဲ မသြားဘူး။က်ိလီရဲ့ မ်က္ႏွာထား မေျပာင္းလဲတာကို သတိထားမိသြားတဲ့အခါ ေရွာင္းက်န္႔ သူ႔ရဲ့ ခႏၶာကိုယ္ တြင္းမွာ ရိွတဲ့ ေသြးေတြ ေအးခဲၿပီး ေတာင့္တင္းသြားသလို ခံစားလိုက္ရတယ္။
"Hell!No!!!!!မဟုတ္ဘူး !!!မျဖစ္ႏိုင္ဘူး!လံုးဝ လံုးဝ မျဖစ္ႏိုင္ဘူး!က်ိလီ မင္းရူးသြားတာလား။ဘယ္လိုေတာင္ငါ့ကို ခိုင္းရက္ရတာလဲ!
မင္း !မင္း! မင္း ငါ့ကို မင္းရဲ့ သူငယ္ခ်င္းလို႔ေကာ ေတြးေသးရဲ့လား။"
ေရွာင္းက်န္႔ ဒီ dareကို ကန္႔ကြက္တယ္ ။သူမလုပ္ခ်င္ဘူး။မဟုတ္ဘူး မလုပ္ႏိုင္ဘူး။သူ ဒီကေန လြတ္ေျမာက္ဖို႔ အစီအစဥ္ တခု လိုတယ္!စဥ္းစားစမ္း စဥ္းစားစမ္း။
"ငါတို႔က သူငယ္ခ်င္း အရင္းႀကီးေတြေလကြာ။မင္းဘာ ေၾကာင့္ ငါ့ကို ဒီလို လုပ္ႏိုင္ရတာလဲ။ငါ့ကို တျခား Dare တခု ခိုင္းလို႔မရဘူးလား"
ေရွာင္းက်န္႔က ခ်က္ခ်င္းပဲ က်ိလီကို ေခြးေပါက္ေလးလို မာန္ဖီေနရာကေန ခုေတာ့ Puppy eye ေလး လုပ္ျပၿပီး ေတာင္းဆိုေနသည့္။ ဒီ ရူးခ်င္စရာေကာင္းေလာက္တဲ့ dareတခုေၾကာင့္ သူ႔ရဲ့ က်န္ရိွေနေသးတဲ့ ဂုဏ္သိကၡာေလးကိုေတာ့ မဆံုးရႈံးခ်င္ဘူး။
ဒီ Dare ကိုလံုးဝ လံုးဝ အႀကီးႀကီး ကန္႔ကြက္တယ္!!
"ဒါေပမဲ့လည္း ေရွာင္းက်န္႔ရာ ဒါက Dare တခုပါပဲကြာ။ၿပီးေတာ့ ဒါက မင္းရႈံးလို႔ လုပ္ရတာေလ။အာ့ေၾကာင့္ မင္း ဒီဟာကို လုပ္ကိုလုပ္ရမယ္။မင္းပဲေျပာတယ္မလား။မင္းပဲ အခက္ခဲဆံုး Dareတခု လိုခ်င္တယ္ဆို။ဟုတ္တယ္ဟုတ္။အခု က်ိလီက မင္းရဲ့ ဆႏၵကို ျဖည့္ဆည္း ေပးလိုက္ၿပီေလ "
က်ိဳးခ်န္က သူ႔ေဘးနားထိုင္ေနတဲ့ က်ိလီ ကို ပခံုးက ေနဖက္ရင္း သူ႔ကို မ်က္ခံုးပင့္ျပၿပီး ေျပာသည္။သူ သိတယ္ အဲ့ေကာင္ က်ိဳးခ်န္ အခြင့္ေရး ရတုန္း က်ိလီဘက္က ေျပာသလိုနဲ႔ သူ႔ကို အေကာက္ႀကံေနတာ။
*ဟင္း ဟင္း အလွည့္ၾက မႏြဲ႔ စတမ္းေပါ့ က်ိဳးခ်န္ရာ *
ေရွာင္းက်န္႔က စိတ္ထဲ ကေန ႀကံဳးဝါးၿပီး က်ိဳးခ်န္ကို အၾကည့္စိမ္းစိမ္းေတြနဲ႔ ျပန္ၾကည့္လိုက္သည္။က်ိဳးခ်န္က သူ႔အၾကည့္ေတြကို မ်က္ကြယ္ျပဳ ၿပီး ဆက္ေျပာလာသည္။
"ဘာလို႔လဲ။ဘာလို႔ မလုပ္ခ်င္တာလဲ။ခု က်ိလီ ခိုင္းတဲ့ဟာက လံုးဝ စိတ္ဝင္စားစရာ ေကာင္းတဲ့ဟာ ကို "
"ဒါေပမဲ့ ငါ..."
"က်န္႔က်န္႔ pleaseeeeeee" မုန္႔ေယာင္ က သူ႔ရဲ့ ပါးခ်ိဳင့္ေတြ ေပၚေအာင္ၿပံဳးျပရင္း ေရွာင္းက်န္႔ကို အသနားခံေနသည္။သူ႔ရဲ့ အၿပံဳးေလးက အလုပ္ျဖစ္ပါေစ ဆုေတာင္းရင္း။
"က်န္႔က်န္႔ ငါတို႔ရဲ့ အေပ်ာ္ေတြကို မဖ်က္ဘူးမလား ဟင္ " ဇီယီ ကလည္း သူမရဲ့ မ်က္လံုးေလးေတြကို ကလယ္ ကလယ္ လုပ္ရင္း ေရွာင္းက်န္႔ကို ေတာင္းဆိုေနျပန္သည္။က်န္သူငယ္ခ်င္းေတြ ၾကည့္ျပန္ေတာ့လည္း သူ႔ကို လက္ခံ ေစခ်င္တဲ့ အရိပ္အေယာင္ ပါဝင္တဲ့ မ်က္လံုးေတြနဲ႔ ၾကည့္ေနၾကသည္။
"ကိုယ့္လူတို႔။ငါထင္တာကေတာ့....ငါတို႔...ငါတို႔ အလုပ္လုပ္တဲ့ ႒ာန ကို ျပန္ဖို႔ လိုမယ္ေနာ္။အခ်ိန္က နီးေနၿပီ " ေရွာင္းက်န္႔က ေျပာလိုက္သည္။
ငါ ဒီဟာ ႀကီး ကေန လြတ္မွ ျဖစ္မယ္!!!
"က်န္႔က်န္႔ ေရ ငါတို႔အတြက္ အနားယူဖို႔ ေပးထားတဲ့ အခ်ိန္ က ၂၇မိနစ္ႀကီးမ်ားေတာင္ က်န္ေသးတယ္"စုန္လန္႔ က ေျပာလာတယ္။
ေရွာင္းက်န္႔ သူ႔ အစီအစဥ္ က်ရႈံးသြားတဲ့အတြက္ အရႈံးသမားလို သက္ျပင္းခ်လိုက္တယ္။
"ေကာင္းၿပီေလ"ေရွာင္းက်န္႔က ဘာခံစားခ်က္မွ မရိွေတာ့တဲ့ မ်က္ႏွာနဲ႔ ေျပာလိုက္သည္။*မင္း မင္းရဲ့ က်န္ရိွေနေသးတဲ့ ဂုဏ္သိကၡာေလးကို ႀကိဳတင္ၿပီးႏႈတ္ဆက္ထားလိုက္ေတာ့ ေရွာင္းက်န္႔ေရ။*ေရွာင္းက်န္႔ က စိတ္ထဲမွာ သူ႔ကိုသူျပန္ေျပာေနသည္။
"Yayyyyyyyyyyyy" သူတို႔အကုန္လံုး ဝမ္းသာ အားရ နဲ႔ ထေအာ္ၾကသည္ "
"တိုးတိုးသက္သာ လုပ္ပါ ဆိုင္မွာ တျခားသူေတြလဲ ရိွေသးတယ္ဆိုတာ သတိရၾကၪီး"
"က်န္႔ေကာ ငါတို႔ မင္းကို ခ်စ္တယ္ ေနာ္
we love uuuuu , ဆာရားငဲ"
အသဲေပးတဲ့သူက ေပး။လက္ကို အသဲပံုစံ ဝိုက္ျပတဲ့သူကျပ နဲ႔ ေတာ္ေတာ္ေပ်ာ္ေနၾကတာပဲ။ဒီလို သစၥာ ရိွတဲ့ သူငယ္ခ်င္းေကာင္းေတြ သူ႔မွာရိွလို႔ သူ ကံေကာင္းတယ္လို႔ ေျပာလို႔ရတယ္။ဒါေပမဲ့လည္း အဲ့သစၥာရိွလွတဲ့ သူငယ္ခ်င္းေကာင္းေတြကပဲ သူ႔ကို ဒီလို ရူးခ်င္စရာ ကိစၥ တခုကို ခိုင္းတာပဲ။အဲ့လိုဆိုရင္ေတာင္မွ သူ႔ငယ္ခ်င္း လုပ္ေဖာ္ကိုင္ဖက္ ေတြ ေပ်ာ္ေနလို႔ ေရွာင္းက်န္႔ကေပ်ာ္ေနတုန္းပါပဲ။
"ဘယ္ေတာ့ ေလာက္ စ လုပ္ရမလဲ " ေရွာင္းက်န္႔ ထပ္ေမးလိုက္တယ္။
"ဟုတ္ၿပီ။က်န္႔က်န္႔ေရ။အခုပဲ!!!တိတိက်က် ထပ္ ေျပာရရင္ အခုပဲ ။ဒီေန့ က စမယ္။မနက္ျဖန္လဲ မဟုတ္ဘူး။ေနာက္တေန့လဲ မဟုတ္ဘူး။"
ခိုင္းရတာ က်ိလီ ျဖစ္ေပမဲ့ အမိန္ေပးေနတာ ဇီယီမ။ဇီယီ က မ်က္လံုးႀကီး ျပဴးၿပီး သူတို႔အကုန္လံုးကို ဆိုင္ဝင္ေပါက္ကို ျပေနသည္။
"ဝိုးဟိုးးးးး အဲ့ဒီမွာ အဲ့ဒီမွာ ၾကည့္လိုက္ ဝမ္ရိေပၚ !!သူ႔သူငယ္ခ်င္းႀကီးနဲ႔ !"
ဝမ္ရိေပၚက သူ႔ရဲ့ သူငယ္ခ်င္းနဲ႔ ဆိုင္ ထဲ ကို ဝင္လာၿပီး စားပြဲ တခုမွာ ဝင္ထိုင္လိုက္တယ္။
အခု ငါ့ရဲ့ ဂုဏ္သိကၡာေတြ ဆံုးရႈံးဖို႔ အခ်ိန္ က်ေရာက္လာၿပီလား??ႏႈတ္ဆက္ခဲ့ပါတယ္ သူငယ္ခ်င္းတို႔။
•••••••••••••••••••••••••••••••••••••••••••••
ဟီးဟီး ခ်စ္စရာ Rl ေတြထဲ ထည့္ေပးၾကလို႔ ေက်းဇူးပါ><