The little king of the vampire
By StarElla85
96.3K 5.8K 678
Vampireနဲ့လူသားတစ်ယောက်ကဘယ်လောက်ထိချစ်နိုင်သွားလဲဆိုတာဒီficလေးမှာတွေ့ရမှာပါ... #ဤဝတ္တုပါအကြောင်းအရာများသည်မည်... More
❤Intro❤
❤TLKOTV-1❤
❤TLKOTV-2❤
❤TLKOTV-3❤
❤TLKOTV-4❤
❤TLKOTV-5❤
❤TLKOTV-6❤
❤TLKOTV-7❤
❤TLKOTV-8❤
❤TLKOTV-9❤
❤TLKOTV-10❤
❤TLKOTV-11❤
❤TLKOV-12❤
❤TLKOTV-13❤
❤TLKOTV-14❤
❤TLKOTV-15❤
❤TLKOTV-16❤
❤TLKOTV-17❤
❤TLKOTV-18❤
❤TLKOTV-19❤
❤TLKOTV-20❤
❤TLKOTV-21❤
❤TLKOTV-22❤
❤TLKOTV-23❤
❤TLKOTV-24❤
❤TLKOTV-25❤
❤TLKOTV-26❤
❤TLKOTV-28❤
❤TLKOTV-29❤
❤TLKOTV-30❤
❤️TLKOTV-31❤️
Final[Uni]
Final[Zawgyi]
❤TLKOTV-27❤
1.4K 108 16
By StarElla85
Uni
.....
ကိုကိုဟာလေ ယုန်နဲ့တောင်လိုက်တွက်ကပ်နေတဲ့ ကလေးဆိုးလေး..သူ့ကိုကလေးလေးလို့ပြောရင်လည်းမကြိုက်ချင်ပြန်ဘူး...သူ့ကိုယ်လုံးကြီးကိုယုန်လေးတွေလိုရင်ခွင်ထဲထည့်ပြီးပွေ့ထားရင်အသက်ထွက်ရချည်ရဲ့
"ယုန်လေးတွေလိုသေးပေးလေ...အဲ့တာဆိုရင်ခွင်ထဲနေ့ရောညပါထည့်ထားပေးမယ်"
"တကယ်လား...ယုန်လိုသေးရင်ရတယ်မလား"
"ဟိတ်..ဟိတ်..လင်းနို့ပုံပြောင်းလို့မရဘူးနော်.."
ညဏ်များတဲ့ကိုကိုကလင်းနို့ပုံပြောင်းတော့မယ်ဆိုတာကြိုသိပြီးသား...
"အလည်လေး...ကိုကိုအမြုတေပြန်ရမှတွေ့မယ်"
"ခစ်..ခစ်..ကိုကို့Babyလေးပဲအဲ့လောက်တော့လည်ရမှာပေါ့"
ကိုကိုနဲ့စကားပြောနေတာကိုအာရုံရောက်နေတုန်း ပေါင်ပေါ်ကပေါ့သွားသလိုခံစားလိုက်ရတာကြောင့် ငုံ့ကြည့်လိုက်တော့ ပေါင်ပေါ်မှာယုန်လေးရှိမနေတော့..ဘေးဘက်ကိုဝေ့ဝဲကြည့်လိုက်မှ ထွက်ပေါက်ဆီ ခုန်ခွခုန်ခွနဲ့သွားနေတဲ့ယုန်လေးကိုတွေ့
ရသည်။
"ကိုကိုBabyယုန်လေးကိုသွားခေါ်လိုက်ဦးမယ်နော်"
"ပြေးမသွားနဲ့နော်Baby"
"ဟုတ်"
ကိုကို့ကိုဟုတ်တစ်လုံးတည်းသာပြန်ဖြေလိုက်ပြီး ယုန်လေးနောက်အမြန်လိုက်ရတော့သည်။အနောက်ကနေ ဖြေးဖြေးသွားဖို့အော်ပြောနေတဲ့ကိုကို့ရဲ့အသံကြားတာကြောင့် ကိုယ်ရှိန်သတ်ပြီး နောက်လှည့်ကာ ကိုကို့ကိုလျှာထုတ်ပြလိုက်သည်။ကိုကို့ကခေါင်းအားဘယ်ညာယမ်းကာပြုံးရင်း
"ကိုကို့ကိုပြောင်ပြမနေနဲ့...ယုန်ကအပြင်ရောက်နေပြီ"
ကိုကို့စကားကြောင့် နောက်လှည့်ကြည့်လိုက်တော့ ယုန်လေးကိုတောင်မတွေ့တော့။ကိုကို့ကိုကျောခိုင်းလိုက်ပြီး
အပြင်ထွက်သွားတဲ့ ယုန်လေးကိုသွားခေါ်ရန် ခြေလှမ်းတွေကို
ထွက်ပေါက်ဆီဦးတည်လိုက်သည်။
အပြင်ရောက်တာနဲ့ယုန်လေးကိုတန်းပြီးတွေ့မယ်ထင်ထားပေမဲ့ဘာကောင်မှမတွေ့ရတာကြောင့်Vaselလေးဘေးပတ်လည်ကိုဝေ့ဝဲကြည့်လိုက်တော့ ကျောခိုင်းပြီးရပ်နေတဲ့
ယောကျာ်းကြီးတစ်ယောက်က်ိုတွေ့လိုက်ရလေသည်။ကျောခိုင်းရပ်နေတဲ့ ယောကျာ်းကြီးရဲ့ အရပ်ကထန်းပင်ထက်တောင်မြင့်ရင်မြင့်နိုင်ပါသေးသည်။ကိုယ်လုံးကြီးကလည်းနည်းတာကြီးမဟုတ်ဘူး။
Vaselလေးထိုလူကြီးကိုကြောက်ပေမဲ့လည်း မိမိချစ်ရသူကဒီတိုင်းပြည်ရဲ့ ဘုရင်ဆိုတဲ့အသိနဲ့ အားမွေးရင်း
ထိုလူကြီးဆီလျှောက်သွားလေသည်။
"ဒီမှာဗျ"
Vaselလေးတုန်တုန်ရီရီဖြင့်ထိုလူကြီးအားခေါ်လိုက်သည်။ကျောခိုင်းထားတဲ့လူကြီးကအသံ တိုးတိုးတစ်ခုကိုကြားလိုက်ရတာကြောင့် နောက်လှည့်ကြည့်လာလေသည်။
"ကိုကို!!"
နောက်လှည့်လာတဲ့လူကြီးရဲ့သွင်ပြင်ကVaselလေးကိုသွေးပြတ်စေသည်။ယုန်ရဲ့ဂုတ်သွေးကိုစုပ်ယူနေရင်း နောက်လှည့်လာတာကြောင့်
မျက်နှာပါမကျန်တစ်ကိုယ်လုံးသွေးတွေပေကျံနေပြီး မျက်လုံးကြီးများက ဆာလောင်မှုအပြည့်နဲ့နီရဲနေသည်။
Vaselလေးကြောက်လန့်ပြီးမတ်တပ်ရပ်ဖို့အားတောင်မရှိတော့ပဲ မြေပြင်ပေါ်ဖင်ထိုင်ရက်လေးလဲသွားလေသည်။
"အီး...ဟီး...ကိုကိုရေ..ကိုကိုBabyကြောက်တယ်"
ထိုင်ရက်လေးမျက်လုံးနှစ်ဖက်ကိုလက်နဲ့အတင်းပိတ်ထားရင်းသူ့ရဲ့အားကိုရာကိုကို့ကိုအားကိုးတကြီးအော်ခေါ်နေမိသည်။
"Baby!!!"
VEEသူ့ကလေးလေးတော်တော်နဲ့ပြန်မလာတော့တာကြောင့်လမ်းမှာတစ်ခုခုဖြစ်နေမလားဆိုတဲ့စိုးရိမ်စိတ်နဲ့အတူBabyလေးနောက်လိုက်လာတော့သည်။လိုက်လာတာမှန်သွားတယ်လို့တောင်ပြောရမယ် သွေးဆာနေတဲ့Vampireရှေ့ထိုင်ရက်လေးလဲနေပြီး မိမိကိုအားကိုးတကြီးအော်ခေါ်နေတဲ့ Babyလေးကိုစိတ်ပူစွာအော်ခေါ်ရင်း အပြေးတစ်ပိုင်းပြေးသွားလေသည်။
"Babyဘာမှမဖြစ်တော့ဘူးနော်ကိုကိုရှိတယ်"
Babyလေးဘေးနားမုဆိုးဒူးထောက်ထိုင်လိုက်ပြီးကြောက်လွန်းလို့တုန်ရီနေတဲ့ကိုယ်ခန္တာငယ်လေးကိုထွေးပွေ့ပေးထားလိုက်သည်။
"မကြောက်နဲ့တော့နော်...ကိုကိုလာပြီ"
ကျောပြင်လေးအားစုံချည်ဆန်ချည်ပွတ်သတ်ပေးပြီးမကြောက်တော့အောင်နှစ်သိမ့်ပေးနေသည်။
"ကိုကို..."
"အင်း...ကိုကိုရှိပြီမို့မကြောက်နဲ့တော့နော်...ထ"
Babyလေးကိုထူလိုက်တော့မျက်လုံးလေးမှတ်ပြီး ရင်ဘက်ပေါ်မျက်နှာလေးအပ်ကာထရပ်လာလေသည်။
ရင်ဘက်ပေါ်ကခေါင်းလုံးလုံးလေးပေါ်လက်တင်ထားပြီး
ရှေ့မှာရပ်နေတဲ့Vampireအားမီးဝင်းဝင်းတောက်နေတဲ့မျက်လုံးများနဲ့ကြည့်လိုက်ကာသြဇာကြီးမားတဲ့အသံနဲ့အမိန့်ပေးလိုက်လေသည်။
"ဒူးထောက်စမ်း!!!"
Vampireလည်းကြောက်ကြောက်လန့်လန့်နဲ့လက်ထဲကစားလက်စယုန်အားအဝေးကိုလွှင့်ပြစ်လိုက်ပြီး ချက်ချင်းဒူးထောက်ထိုင်ချလိုက်လေသည်။
"မင်းငါ့Babyကိုခြောက်လှန့်လိုက်တာလား!"
"မ..မဟုတ်ပါဘူး..သူ့ဘာသာသူလန့်သွားတာပါ"
"တောက်..!Babyကိုဘယ်လိုခေါ်ရမလဲဆိုတာမင်းမသိသေးဘူးလား"
"ကို..ကို~~"
VEEတော်တော်လေးဒေါသထွက်နေတာကိုVaselလေးခံစားမိတာကြောင့်စိတ်ပြေလိုငှားအသံတိုးတိုးလေးနဲ့အော်ခေါ်လိုက်သည်။
"Baby..ဘာပြောမို့လဲ"
VEEရဲ့အသံကောမျက်နှာကောကအစောကနဲ့မတူတော့ပဲပျားသကာရည်လောင်းထားသကဲ့သို့ချိုမြနေတော့သည်။
အပြောင်းအလဲမြန်တာမဟုတ်ပါဘူး အချစ်ကအော်တိုပြောင်းပေးသွားတာ...
"သူ့ကBabyကိုမခြောက်ပါဘူး...Babyဘာသာလန့်သွားတာ"
"ဘယ်လိုပဲဖြစ်ဖြစ်သူ့ကြောင့်Babyလန့်သွားတယ်လေ"
"မလန့်ပါဘူးကိုကိုရဲ့"
မလန့်ဘူးသာပြောနေတာ ရင်ဘက်ထဲကနေ ခေါင်းမဖော်သေးတာခုထိပဲ
"မလန့်ရင်ခေါင်းဖော်လေ..."
"ဟင့်အင်း...ကိုကို့ရင်ဘက်ပေါ်နေလို့ကောင်းလို့...လန့်လို့မဟုတ်ပါဘူး"
"ဟုတ်ပါပြီကွာ...လူလိမ်အသေးစားလေး"
"ကိုကိုကလူလိမ်အကြီးစားကြီး"
"ဟား...ဟား...Babyကတော့လေ"
"......"
"မင်းဒီတစ်ခါတော့ခွင့်လွှတ်လိုက်မယ်...ဒီကိုဘာလာလုပ်တာလဲ!"
"တောကောင်ရှာမတွေ့လို့ယုန်သွေးလာသောက်တာပါ"
"နောက်တစ်ခါဒီမှာမသောက်နဲ့ယုန်ယူသွားပြီးကိုယ့်နေရာကိုယ်ပြန်သောက်...သွားတော့"
"ဟုတ်...ဟုတ်"
Vampireမက်တပ်ရက်ဖို့ပြင်လိုက်တော့
"ခဏလေး!!"
Babyလေးစကားကြောင့်VEEလည်းVampireကိုပြန်ထိုင်ခိုင်းစေသည်။
"ပြန်ထိုင်.."
"ကိုကိုဒီထဲကယုန်တွေကိုဘာလို့လှောင်ထားတာလဲ"
"Vampireတွေသားကောင်မရတဲ့နေ့ကျရင်သွေးသောက်လို့ရအောင်ထားထားတာလေ"
"ဘယ်လို!"
Vaselလေးခေါင်းမော့လိုက်ပြီးသူ့ကိုကို့ကိုနားမလည်နိုင်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီးပြန်မေးလိုက်လေသည်။
"ဘာလို့လဲBabyရဲ့"
"ကိုကို့ကိုမေးမယ်...Babyကိုတစ်ခြားသူတစ်ယောက်ကသတ်ပြီးသွေးသောက်သွားရင်ကိုကိုဘယ်လိုခံစားရမလဲ"
"ဘယ်ကောင်မှBabyကိုထိလို့မရဘူးBaby...အေး..ထိလာခဲ့ရင်လည်းအဲ့ကောင်ကိုသတ်ပြစ်ဖို့ဝန်မလေးဘူး"
"Babyကိုဆုံးရှုံးရရင်ကိုကိုဝမ်းနည်းမှာမဟုတ်လား...အဲ့လိုပဲယုန်လေးတွေလည်းသူတို့ချစ်တဲ့သူတွေမရှိတော့ရင်ဝမ်းနည်းကြမှာကိုကိုရဲ့"
"အင်း...ကိုကိုသဘောပေါက်ပြီBaby"
VEEညဏ်ကောင်းသူပီပီသူ့ကလေးလေးဘာကိုပြောချင်နေလဲဆိုတာတန်းသိလိုက်လေသည်။
"ယုန်တွေအကုန်ဘေးမဲ့ပေးမယ်...ယုန်သွေးသောက်သူမှန်သမျှကိုခေါင်းဖြုတ်သတ်စေ"
VEEပါးစပ်ကပြောလိုက်တော့ လေပေါ်မှာကြမ်းစာရွက်ကြီးပေါ်လာပြီး VEEပြောသမျှစကားလုံးတိုင်းကို မှတ်တမ်းတင်သွားလေသည်။
"ဘုရင်ကြီး...အဲ့လိုလုပ်လို့မှမရတာ"
ဒူးထောက်ထိုင်နေတဲ့Vampireကထိတ်ထိတ်ပြာပြာဝင်ပြောလေသည်။
"ယုန်တွေကိုသာဘေးမဲ့ပေးလိုက်ရင်သားကောင်ရှာမရတဲ့
Vampireတွေဘာသွားသောက်ရမလဲ"
"မင်းတို့ရဲ့အဲ့အချောင်ခိုချင်တဲ့စိတ်ကိုပြင်လိုက်...သားကောင်တစ်ကောင်ကိုတောင်မဖမ်းနိုင်တဲ့မင်းတို့က Virriမျိုးနွယ်စုနဲ့တိုက်ခိုက်ရင် နိုင်မယ်ထင်နေတာလား!"
"ဒါပေ..."
"မင်းထပ်ပြောနေရင်မင်းအသက်အတွက်အာမခံနေတော့မှာမဟုတ်ဘူးနော်!!...သွားတော့"
"...."
မကျေနပ်သော်လည်းမိမိအသက်ကိုနှမြောတဲ့Vampireကမျက်နှာပျက်ပြီးVEEကိုအရိုအသေပေးကာထွက်သွားလေသည်။
"ကိုကိုBabyမှားများမှားသွားလားဟင်"
"Babyဘယ်တော့မှမမှားဘူး"
အားနာနေတဲ့မျက်ဝန်းလေးတွေနဲ့ဆိုလာတဲ့Babyကိုအကြင်နာအပြည့်ပါတဲ့မျက်လုံးအစုံနဲ့စိုက်ကြည့်ရင်းခပ်နွေးနွေးလေးပြုံးပြကာပြောလိုက်လေသည်။
"ဒါပေမဲ့...သူတို့သားကောင်မရတဲ့နေ့ဆိုဗိုက်ဆာနေမှာပေါ့"
"အဲ့တာသူတို့ညံ့လို့ခံရတဲ့ကိစ္စလေ...ကိုကိုတို့နဲ့မှမဆိုင်တာကလေးလေးရဲ့"
"ကိုကိုကသူတို့ရဲ့ဘုရင်လေ"
"Babyလေးရဲ့ယောကျာ်းလည်းဟုတ်တယ်လေ...Babyဘာပဲတောင်းဆိုတောင်းဆိုကိုကိုကမရရအောင်လုပ်ပေးမှာ"
"Babyက.."
"ရှူး~~~ဘယ်သူ့အတွက်ကိုမှလိုက်ပူမနေနဲ့Baby...ဘယ်သူ့အကြောင်းမှလည်းမစဥ်းစားနဲ့...Babyရဲ့ခေါင်းသေးသေးလေးထဲမှာကိုကို့ရဲ့အကြောင်းပဲအမြဲရှိစေချင်တယ်"
"အင်းပါကိုကိုရဲ့..ဟိုယုန်လေးကသေသွားပြီထင်တယ်နော်.."
ယုန်လေးဆီသွားဖို့ခြေလှမ်းပြင်လိုက်စဥ်ကိုကိုကလက်ကနေပြန်ဆွဲလိုက်တာကြောင့်ဘာလဲဆိုတဲ့အကြည့်နဲ့မေးလိုက်တော့
"Babyဘယ်သွားမို့လဲ"
"ယုန်လေးကိုသွားယူပြီးမြေမြှုပ်ပေးမို့လေ..."
ယုန်ကိုတောင်မြေမြှပ်ပေးဖို့ဆိုပဲဒီကလေးလေးဟာလေဖြူစင်တယ်ဆိုတာထက်ကိုပိုတယ်...
"ဒီတိုင်းထားလိုက်ပါBabyရဲ့ညစ်ပတ်တယ်"
"ဟင့်အင်း...ယုန်လေးရဲ့နောက်ဆုံးခရီးလေးကိုကောင်းကောင်းမွန်မွန်ပို့ပေးချင်လို့ပါနော်...နော်~~~~ကိုကို"
VEEရဲ့လက်တစ်ဖက်ကိုကိုင်ကာဘယ်ညာရမ်းခါပြီးနှုတ်ခမ်းလေးဆူရင်းအပီအပြင်ကိုချွဲနေလေပြီ။
"ဟုတ်ပြီ...ဟုတ်ပြီ...ဘာလုပ်ရမလဲဆိုတာသာပြောကိုကိုလုပ်ပေးမယ်"
"Babyပါကူမယ်လေကိုကိုရဲ့"
"မကူရပါဘူးကလေးလေးရဲ့လက်နုနုလေးတွေနာကုန်မှာပေါ့"
Vaselလေးရဲ့လက်ဖဝါးနုနုလေးအားဖြန့်ပြပြီးပြောလိုက်လေသည်။
"အဲ့တာဆိုမြှုပ်ဖို့မြေကြီးတူးပေး"
"သခင်လေးစိတ်တိုင်းကျပါဗျာ"
VEEအကျီ်လက်အားခေါက်တင်လိုက်ပြီးဘေးမှာမြင်နေရတဲ့တုတ်ချောင်းကိုယူပြီးအားကြိုးမာန်တက်မြေတူးနေသည်။
VEEဘဝမှာယုန်မြေမြှုပ်ဖို့မြေကြီးတူးရမယ်လို့မထင်ထားတာအမှန်။
"တော်ပြီကိုကို...အဲ့လောက်ဆိုရမယ်"
မြှုပ်ဖို့သင့်တော်တဲ့အနေအထားရောက်တော့ကိုကို့အားဆက်မတူးရန်တားလိုက်သည်။
"ယုန်ထည့်လိုက်ပြီးပြန်ဖုံးလိုက်တော့အဲ့ဒါဆိုရပြီ...Babyပန်းသွားရှာထားလိုက်မယ်"
"တစ်ယောက်တည်းမသွားရဘူး...ကိုကို့ကိုခဏစောင့်
တူတူသွားမယ်"
VEEခဲမှန်ဖူးတဲ့စာသူငယ်သဖွယ်Vaselလေးတစ်ယောက်တည်းအပြင်မလွှတ်ရဲတော့။Vaselလေးထပ်ပြီးကြောက်လန့်နေရမှာကိုVEEမလိုလားတော့ပါ။
"အင်း..အင်း..အဲ့တာဆိုမြန်မြန်လုပ်"
"ကောင်းပါပြီဗျ...မျက်လုံးလေးတော့ခဏမှိတ်ထားပေးဦး"
"ဟင်..ဘာလို့လဲ"
"ယုန်ကရုပ်ပျက်ဆင်းပျက်ဖြစ်နေလို့...Babyလေးနှလုံးမကောင်းမှာစိုးလို့"
"ပြန်ဖွင့်လို့ရရင်ပြောနော်...မျက်လုံးအကြာကြီးမှတ်ထားရတာမကြိုက်လို့"
"စိတ်ချ...ကိုကိုအမြန်ပြီးအောင်လုပ်လိုက်မယ်"
VEEဘောင်းဘီအိတ်ကပ်ထဲကလက်ကိုင်ပုဝါကိုထုတ်လိုက်ပြီးယုန်အဟောင်းကိုလက်ကိုင်ပဝါနဲ့အုပ်ကိုင်ရင်းတူးထားတဲ့ထဲထည့်လိုက်သည်။
"Babyသိချင်တာလေးတစ်ခုရှိလို့...ဖြေပေးပါလား"
VEEမြေပြန်ဖို့နေရင်းBabyရဲ့ချစ်စဖွယ်တောင်းဆိုသံလေးကြောင့်တစ်ချက်ပြုံးလိုက်ရင်းနောက်လှည့်ကာ
"Babyလေးဘာမေးမေးဟောဒီ့ကလူကိုကိုကဖြေဖို့အသင့်ပါဗျာ"
"မမေးချင်မျက်လုံးကဖွင့်လို့ရပြီလား"
"ဘာလဲကိုကို့ကိုတစ်စက္ကန့်လေးမမြင်ရရင်တောင်မနေနိုင်တော့တာလား"
"နောက်မနေနဲ့...ဘာမှမမြင်ရတာကြီးမကြိုက်လို့"
"အော်..အဲ့တာဆိုBabyကကိုကို့ကိုတစ်စက္ကန့်ကြီးတောင်မမြင်ရတာကိုဘာမှမခံစားရဘူးပေါ့"
"ဂါး.....ရစ်မနေနဲ့မျက်လုံးဖွင့်လို့ရပြီလားလို့"
"ဟား...ဟား...ဒေါသထွက်နေတဲ့ဘဲငန်းလေးလိုပဲ...ဖွင့်တော့ရပြီ"
ကိုကို့ရဲ့စကားကြောင့်မျက်လုံးဖွင့်လိုက်တော့မြေဖို့တာကယုန်အလောင်းဖုံးရုံလောက်လေးသာပြီးသေးသည်။
"ကိုကိုကလိပ်လား...မြေဖို့နေတာကြာလိုက်တာ"
"Babyရဲ့ယောကျာ်းလိပ်ကြီးပါ..ဟက်"
"ခစ်..ခစ်..Vampireထင်လို့လက်ထက်မိတာ လိပ်ကြီးဖြစ်နေတယ်...ခစ်..ခစ်"
"ကလေးစုတ်လေး...စမနေနဲ့တော့...မေးစရာရှိလို့ဆို"
"အင်း...ခုနကဒူးထောက်တဲ့နေမှာချယ်ရီပင်တွေကရှိနေရတာလဲ"
"အဲ့တာကDiarကိုကိုကိုအကူအညီလှမ်းတောင်းလိုက်တာလေBabyရဲ့"
VEEမြေဖို့နေသော်လည်း သူ့ကလေးလေးရဲ့ စကားကိုသေချာလေးနားထောင်ပြီး ပြန်ဖြေနေလေသည်။
"အာ...အဲ့လိုလား
မမDiarကဘာလို့ကောင်းကင်ဘုံကနေနှင်ထုတ်ခံရတာလဲဟင်...ဟိုBabyကိုစပ်စုတယ်လို့တော့မထင်ပါနဲ့နော် ဒီတိုင်းသိချင်လို့ပါ"
Vaselလေးမေးသာမေးလိုက်ရတာ ကိုကို့ရဲ့စိတ်ထဲ အရမ်းစပ်စုတယ်လို့ ကောက်ချက်ချခံရမှာလည်း စိုးရိမ်မိပါသည်။
"မထင်ပါဘူးBabyရဲ့...Diarကအဲ့အကြောင်းကိုဘယ်သူမှကိုမပြောပြဘူး..ကိုကိုလည်းမသိဘူး။"
"ကိုကိုမေးကြည့်ဖူးလား"
"ဟင့်အင်း...ကိုကိုကBabyလေးအကြောင်းပဲစိတ်ဝင်စားတာ တစ်ခြားသူတွေဘာဖြစ်ဖြစ်စိတ်မဝင်စားဘူး"
"Babyလည်းကိုကို့အကြောင်းပဲစိတ်ဝင်စားတာပါ...ဟီး"
"ဟုတ်ပါပြီဗျာ..."
"ကိုကိုမြန်မြန်လုပ်တော့Babyအိမ်ပြန်ချင်နေပြီ"
"ပြီးပါပြီBabyရဲ့...ပန်းကကောတင်ဦးမှာလား"
"ဟင့်အင်း..သွားခူးရမှာပျင်းသွားပြီ"
"ဟက်...ငပျင်းလေး"
.........
Zawgyi
.....
ရသည်။
"ဟုတ်"
"ဒီမှာဗျ"
"ကိုကို!!"
"Baby!!!"
"ကိုကို..."
"ဒူးထောက်စမ်း!!!"
"ကို..ကို~~"
"Baby..ဘာပြောမို့လဲ"
"မလန့်ပါဘူးကိုကိုရဲ့"
"ဟား...ဟား...Babyကတော့လေ"
"......"
"ဟုတ်...ဟုတ်"
"ခဏလေး!!"
"ပြန်ထိုင်.."
"ဘယ်လို!"
"ဘာလို့လဲBabyရဲ့"
"ဒါပေ..."
"...."
"Babyက.."
"Babyဘယ်သွားမို့လဲ"
တူတူသွားမယ်"
"ဟင်..ဘာလို့လဲ"
"အာ...အဲ့လိုလား
"ဟုတ်ပါပြီဗျာ..."
"ဟက်...ငပျင်းလေး"
.........
Continue Reading
You'll Also Like
8.3K 558 7
သေးထွက်အောင်ရယ်ရမယ့် Fic သေးထွက်အောင်ရယ်ရမယ့် Fic
942K 138K 115
ကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပို...
908K 45.1K 68
မိုးငယ်( အိမ့်ဂျူး)
112K 3.8K 38
ကျွန်တော်ဘဝမှာဘာကိုမှမျှော်လင့်ချက်မထားတော့တာတော်တော်ကြာပြီးကိုကို။ဒါပေမဲ့ကိုကိုကိုတွေ့ပြီးထဲကကျွန်တော်ကို့ကို့အချစ်ကိုမျှော်လင့်ချက်ထားခဲ့တယ်။အဲ့မျှ...