Believe ! I really fall in lo...

Da Zuri-Ju

249K 20.1K 387

- Yizhan / BJYX - ~ဘယ်ချိန်တည်းကလဲဆိုတာ ငါမသိဘူးရှောင်းကျန့် ဒါပေမယ့် ငါမင်းကို တကယ်ချစ်မိသွားတာပါ ငါမင်းကိုတ... Altro

အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃) [Final]

အပိုင်း(၂၃)

8.3K 626 17
Da Zuri-Ju

[Unicode]

၀မ်ရိပေါ်က သူ့ဘယ်ဘက်ရင်အုံပေါ်ကို လက်နဲ့ဖိအုပ်ထားတယ် မျက်ရည်ပြည့်နေတဲ့ မျက်၀န်းတွေနဲ့ ဆရာ၀န်ကို အားကိုးတကြီးကြည့်နေတယ်

"အချိန်မှီတယ်ဆိုရုံလေးပဲ ကျွန်တော်တို့ လူနာ့ အသက်ကိုတော့ ကယ်တင်နိုင်လိုက်ပါပီ"

"ဟူး"

ဒီစကားကိုကြားမှအကုန်လုံးသက်ပြင်းချနိုင်ကြတယ် ၀မ်ရိပေါ်မှာလည်း သူ့ရင်ဘတ်သူထုရင်း အသက်ကိုခပ်ပြင်းပြင်းရှုနေတယ် အခုမှသူအသက်၀၀ရှုနိုင်တော့တာမို့

"ဒါပေမယ့် လူနာက ဘယ်အချိန်မှပြန်သတိရလာမယ်ဆိုတာမျိုးတော့ ကျွန်တော်တို့လည်း အတိကျမပြောနိုင်ဘူး ဆယ်ရက်အတွင်းလည်းပြန်သတိရလာနိုင်သလို ဆယ်နှစ်ကြာတဲ့ထိသတိရမလာသေးတာလည်းဖြစ်နိုင်တယ် ပြောရရင် လူနာက Coma အနေထားဖြစ်နေတယ်"

ဆရာ၀န်ရဲ့နောက်ဆက်တွဲစကားကြောင့် ၀မ်ရိပေါ်ရဲ့ရင်ဘတ်ထဲမှာ ပြန်ပြီးပူလောင်လာပြန်တယ် နှလုံးသားကနာကျင်လာပြန်တယ် ဒါကရှောင်းကျန့်သူ့ကိုပေးတဲ့အပြစ်ထင်ပါရဲ့

'ဘာပဲဖြစ်ဖြစ် တစ်ချိန်ချိန်မှာတော့ နိုးထလာပေးမယ်မဟုတ်လားဟင် ၁၀နှစ်မကလို့ နှစ်၁၀၀ဆိုရင်ဖြစ်ဖြစ် ငါအသက်ရှင်နေသ၍ကာလပတ်လုံး မင်းကိုစောင့်နေမှာမို့ ပြန်လာပေးပါ ရှောင်းကျန့်ရာ'

ရေနစ်နေသူအတွက်တော့ ကောက်ရိုးမျှင်လေးဟာလည်း အားအင်ဖြစ်သတဲ့ ဒီလိုပါပဲ ပြန်နိုးလာမယ်ဆိုတဲ့ကောက်ရိုးမျှင်လေးက ၀မ်ရိပေါ်အတွက် အားအင်လေးပဲ ဒီမျှော်လင့်ချက်ကလေးနဲ့တင် သူအသက်ဆက်နိုင်ပြီမို့

ထျန်းရန်နဲ့မျန်မျန်က အိမ်မှာလိုအပ်တာတစ်ချို့ထပ်ပြီးသွားယူရမှာမို့ ပြန်သွားကြတယ် ဟောက်ရွှမ်းနဲ့ယွီပင်းကလည်း ညနေစာအတွက် စားစရာတချို့သွား၀ယ်ဦးမယ်ဆိုပြီးထွက်သွားကြတာမို့ လူနာခန်းလေးက တိတ်ဆိတ်မှုတွေကြီးစိုးနေတယ်
သီးသန့်လူနာခန်းရဲ့ ကုတင်ပေါ်မှာ ဖြူဖျော့စွာလှဲလျောင်းနေတဲ့ ကောင်လေးကို  လက်မှာပတ်တီးအဖွေးသားနဲ့ကောင်လေးက ကုတင်ဘေးကထိုင်ခုံပေါ်မှာထိုင်လို့ငေးကြည့်နေတယ်

၀မ်ရိပေါ်က ပတ်တီးမစီးထားရတဲ့လက်လေးနဲ့ ရှောင်းကျန့်နဖူးပေါ်ကျနေတဲ့ဆံစလေးတွေကို သပ်တင်ပေးတယ် ရှောင်းကျန့်မျက်နှာလေးက သူထိုးထားတဲ့ဒဏ်ရာတွေကြောင့် အနည်းငယ်ယောင်နေတယ်

"တောင်းပန်ပါတယ် ရှောင်းကျန့်ရာ ငါတကယ်တောင်းပန်ပါတယ် ငါက.. ငါက တကယ်မကောင်းတဲ့ကောင်ပဲနော် မင်းကိုနာကျင်အောင်လုပ်တယ် ဒါပေမယ့်လေ မင်းဒီတစ်ခေါက်ပြန်နိုးလာရင် ငါက အများကြီးကောင်းပေးမှာမို့ ပြန်နိုးထလာခဲ့ပေးပါနော် "

၀မ်ရိပေါ်ရဲ့ပါးပေါ်ကို မျက်ရည်ပူတွေက စီးကျလာပြန်တယ် မျက်လုံးတွေကကျိန်းစပ်ပြီးရဲနေတာတောင် မျက်ရည်တွေကမတိတ်နိုင်ဘူး

"၀မ်ရိပေါ် တော်ပြီလေကွာ မင်းမျက်လုံးတွေကန်းသွားလိမ့်မယ်"

ညစာထွက်၀ယ်တဲ့ဟောက်ရွှမ်းတို့ပြန်လာတော့ ၀မ်ရိပေါ်ထပ်ငိုနေတာမြင်တာမို့ ​မငိုဖို့ပြောရတယ် တစ်နေကုန် ငိုထားတာမို့ ၀မ်ရိပေါ်မျက်လုံးတွေက အတော်ဖောင်းအစ်နေပြီ

"ကျဲမျန်မျန်တို့ ပြန်မရောက်သေးဘူးလား"

"အင်း"

"မင်းအတွက်ဖက်ထုပ်ပေါင်း၀ယ်လာတယ် လာစားဦး တစ်နေကုန်ဘာမှမစားရသေးဘူးမလား"

"ဟင့်အင်း ငါစားချင်စိတ်မရှိဘူး မင်းတို့လည်း တစ်နေကုန်ပင်ပန်းနေပြီ ပြန်နားတော့လေ"

"မင်းကရော "

"ငါရှောင်းကျန့်သတိရလာတဲ့ထိ သူ့အနားမှာပဲနေမှာ"

"ညနေက မင်းမားမားphဆက်လို့ ငါမင်းဒီဆေးရုံမှာဆိုတဲ့အကြောင်းပြောလိုက်တယ် ကျန်တာတော့ငါဘာမှမပြောထားဘူး ခဏနေမင်းမားမားတို့ရောက်လာမယ်ထင်တယ်"

"အင်း မင်းတို့ပြန်ချင်ပြန်တော့လေ "

"ရတယ် ခဏနေမှပြန်မယ်"

ယွီပင်းက ထောင့်နားမှာရှိတဲ့ဆိုဖာပေါ်ထိုင်လိုက်ပြီး ဟောက်ရွှမ်းက ဖက်ထုပ်ပေါင်းအိတ်ကို လူနာကုတင်ဘေးက စားပွဲပေါ်တင်ပေးပြီး ယွီပင်းဘေးမှာသွားထိုင်တယ် ၀မ်ရိပေါ်ကတော့ ခုနအတိုင်းပါပဲ ရှောင်းကျန့်လက်လေးကိုခပ်ဖွဖွလေး ဆုပ်ကိုင်လို့ ရှောင်းကျန့်မျက်နှာလေးကိုငေးကြည့်ဆဲ

ခဏအကြာမှာ ၀မ်ရိပေါ်ရဲ့ ပါးပါးနဲ့မားမားက သီသန့်လူနာခန်းလေးထဲရောက်လာတယ် ရောက်ရောက်ချင်း ၀မ်မားက သူ့သားလေးကိုပြေးဖက်လို့ ငိုနေသေးတာ သူမက သူမရဲ့သားလေး တစ်ခုခုဖြစ်လို့ဆေးရုံရောက်နေတယ်လို့ထင်တာမို့ တကယ်ကိုစိုးရိမ်နေခဲ့တာ ၀မ်ပါးနဲ့၀မ်မားရောက်လာမှ ဟောက်ရွှမ်းနဲ့ယွီပင်းက နှုတ်ဆက်ပြီးအိမ်ပြန်သွားတယ်

"ဘာတွေဘယ်လိုဖြစ်ရတာလဲ သားရယ်"

၀မ်မားက ရိပေါ်ရဲ့နဖူးထောင့်က ပတ်တီးစလေးအုပ်ပြီး ပလာစတာကပ်ထားတဲ့ဒဏ်ရာကိုကြည့်ရင်း ပတ်တီးစည်းထားတဲ့လက်ကလေးကို ဖွဖွလေးဆုပ်ကိုင်ပြီးမေးတယ်

၀မ်ပါးကတော့ ဘာမှ၀င်မမေးပဲ ဘေးကနေသာရပ်ကြည့်နေတယ် မျက်နှာမှာတော့ သူလည်းစိုးရိမ်နေမှန်းသိသာပါတယ်

ရိပေါ်က ၀မ်မားရင်ခွင်ထဲ၀င်လို့ ဖြစ်ခဲ့သမျှကို ရှင်းပြပြီး ငိုတယ်

"သားက သိပ်ဆိုးတာပဲနော် သူကသားကြောင့် အများကြီးနာကျင်ခဲ့တာ.. ပြီးတော့ သားသူ့ကိုချစ်နေမိပြီ မား"

၀မ်ရိပေါ်က နောက်ဆုံးစကားကို မ၀ံ့မရဲနဲ့ သူ့မားကိုမျက်နှာလွှဲလို့ဆိုတယ် မိဘရှေ့မှာ ယောကျာ်းလေးတစ်ယောက်ကို ချစ်တယ် ပြောရတာ သူ့အနေနဲ့ နည်းနည်းတော့အဆင်မပြေဘူး ဒါပေမယ့် ဒါကသူရင်ဆိုင်ရမယ့်အရာပဲလေ တကယ်လို့မိဘတွေက သူ့ကိုစိတ်ဆိုးမယ် ဒါမှမဟုတ် စိတ်ဆိုးတာထက်ပိုတာတွေဖြစ်လာမယ်ဆိုရင်တောင် သူရင်ဆိုင်မယ် သူကဘာတွေပဲဖြစ်လာဖြစ်လာ ရှောင်းကျန့်ကိုပဲရွေးချယ်ပစ်ဖို့ ဆုံးဖြတ်ထားတာမို့
၀မ်ရိပေါ်ရဲ့စကားသံက မ၀ံ့မရဲဖြစ်နေရင်တောင် သူ့ဆုံးဖြတ်ချက်ကပြောင်းလဲမှာမဟုတ်ဘူးဆိုတာကတော့ သိသာနေတယ်

၀မ်မားက သူ့စကားကိုကြားတော့ နည်းနည်းတော့ တိတ်ဆိတ်သွားတယ် ခဏအကြာမှ စကားစလာတယ်

"သားကို မားမားက မာနတွေမထားဖို့ အတ္တတွေမကြီးဖို့ဘာလို့အမြဲပြောလဲ သိလား အဲ့ဒီအရာတွေက သိပ်ကိုပူလောင်လို့ပေါ့ လူဆိုတာ ရလာတဲ့လူ့ဘ၀အချိန်ခဏလေးမှာ အေးအေးချမ်းချမ်းနဲ့ပျော်ပျော်ရွှင်ရွှင်လေးပဲနေထိုင်သင့်တယ်လေ သားကလူတစ်ယောက်ကိုချစ်တယ် အဲ့ဒီလူက သားနဲ့မျိုးတူယောကျာ်းလေးတစ်ယောက်ဖြစ်နေတယ် ပတ်၀န်းကျင်အတွက်တော့ဒါက ပြောစရာကိစ္စဖြစ်နေလိမ့်မယ် သားဒါကိုရင်ဆိုင်ရလိမ့်မယ် ဒါပေမယ့် သူနဲ့သာဆိုပျော်ရွှင်ရမယ်လို့ထင်ရင် သားဘာကိုမှဂရုစိုက်နေစရာမလိုဘူး ကိုယ့်ဘ၀မှာ ကိုယ့်ပျော်ရွှင်မှုက အဓိကပဲလေ တစ်ပါးသူကိုမထိခိုက်ရင်ရပြီ ကျန်တာတွေးစရာမလိုဘူး မားမားပြောတာနားလည်လား လူ့ဘ၀ဆိုတဲ့အချိန်ခဏလေးမှာ ကိုယ်ချစ်ရသူကိုချစ်တယ်ပြောပြီး အတူတူရှိခွင့်ရတဲ့ ပျော်ရွှင်မှုက အကြည်နူးရဆုံးပဲ "

"မား"

ရိပေါ်က သူ့မားမားရင်ခွင်ထဲကနေ မျက်ရည်ပြည့်နေတဲ့မျက်၀န်းတွေနဲ့ သူ့မားကိုမော့ကြည့်လာတယ် အနည်းဆုံးတော့ မားက သူ့ကိုစိတ်ဆိုးမယ်လို့ထင်နေခဲ့တာ

၀မ်ပါးကလည်း ဘေးမှာရပ်နေရာကနေ ၀မ်မားရင်ခွင်ထဲက ရိပေါ် ခေါင်းလေးကိုပွတ်ပေးရင် ဆိုလာတယ်

" သား ငယ်ငယ်တည်းက ပါးတို့က သူတစ်ပါးထိခိုက်စေမယ့်အရာသာမဟုတ်ရင် သားလိုသမျှဖြည့်ဆည်းပြီး သားပျော်အောင်ထားခဲ့တယ် ပါးတို့အတွက်က သားပျော်ရွှင်မှုက အဓိကပဲ သားသာ ပျော်ရွှင်ရမယ်ဆို ပါးတို့က ဘယ်သူပဲဖြစ်ဖြစ်လက်ခံပေးနိုင်တယ် မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေပေါ့ ပါးထင်တယ် သားကသူ့ကိုအရင်တည်းကချစ်ခဲ့ရဲ့သားနဲ့ သားမှာအတွေးတွေများနေခဲ့တာလို့"

"ဟုတ်တယ် သား စဥ္းစားစရာတွေအများကြီးဖြစ်ခဲ့တယ် ဆုံးဖြတ်ချက်တွေမှားခဲ့တယ် ဒါပေမယ့် သားအခုကစပြီး သူ့ကိုရွေးချယ်မယ် သားကိုနားလည်ပေးလို့ ပါးနဲ့မားကို ကျေးဇူးတင်ပါတယ် "

"မလိုပါဘူး မလိုပါဘူး သားလေးပျော်ရင် မားတို့လည်း ပျော်တာမို့.. သားကောင်လေးက ချစ်စရာလေးပဲ "

၀မ်မားက ကုတင်ပေါ်လှဲလျောင်းနေတဲ့ ရှောင်းကျန့်လှမ်းကြည့်ပြီး ပြောလိုက်တာဖြစ်တယ် ဒီလိုပုံစံမျိုးနဲ့တွေ့ဆုံရတာကိုတော့ စိတ်ထဲမကောင်း ရှောင်းကျန့်လေးကိုလည်း
သနားမိတယ်

"ဒါတောင် သူ့မျက်နှာက သားကြောင့် ဒဏ်ရာတွေနဲ့မို့ သူကအရမ်းလှတာ မားသိလား သူ့မျက်လုံးလေးတွေဆို ကြည်တောက်ပြီး ကြယ်လေးတွေလို တလက်လက်နဲ့ ချစ်စရာသိပ်ကောင်းတာ ပြီးကျသူစကားပြောလိုက်ရင် ယုန်တွေလို ရှေ့သွားလေးနှစ်ချောင်းပေါ်ပေါ်လာသေးတာ "

ရှောင်းကျန့်အကြောင်းပြောပြနေတဲ့ ၀မ်ရိပေါ်က ခုနကထက်ပိုတက်ကြွလာပြီး မျက်၀န်းအိမ်ထဲမှာ ရှောင်းကျန့်ကို သူဘယ်လောက်ချစ်ကြောင်းပေါ်လွင်နေတယ်

"ဟုတ်လား သားက ကံကောင်းတာပဲ ဒီချစ်စရာကောင်လေးကို ရထားတာ"

"ဒါပေမယ့် သူကဘယ်ချိန်မှပြန်နိုးလာမလဲဆိုတာ သေချာမသိဘူး သူပြန်နိုးလာရင်တောင် သားကိုချစ်နေပါဦးမလား မသေချာဘူး ပြီးတော့သား သူ့ကိုချစ်တယ်လို့လည်း မပြောရသေးဘူး"

ခုနတက်ကြွနေတဲ့ကောင်လေးက 'ဘူး'နဲ့ဆုံးတဲ့စကားလေးတွေပြောတဲ့အခါ ပြန်ပြီးဖျော့တော့သွားပြန်တယ် ၀မ်မားလည်းသူ့သားကိုကြည့်ပြီး ၀မ်းနည်းလွန်းလို့ မျက်ရည်ခိုးသုတ်ရတဲ့ထိပါပဲ

"နိုးလာမှာပေါ့ သူနိုးလာရင် သူ့ကို ဘယ်လောက်ချစ်ကြောင်းပြောဖို့သာ သားကစာတွေစီထား ဟုတ်ပြီလား"

အခြေနေကို ၀မ်ပါးက ၀င်ထိန်းပေးတယ် တကယ်ဆိုသူ့သားအဖြစ်ကို မြင်ရတာ သူ့ရင်ထဲလည်းမကောင်းဘူး

" မား  သား သူပြန်သတိရလာတဲ့ထိ ဒီမှာစောင့်ပေးချင်တယ်"

ဘယ်ချိန်မှသတိရလာမယ်မသိတဲ့သူတစ်ယောက်ကို ပြန်သတိရလာတဲ့ထိစောင့်ပေးချင်တဲ့ သူတို့သားရဲ့အချစ်တွေနဲ့နောင်တတွေကို မြင်နေရတာမို့ မတားရက်

"ဒါဆို အစားပုံမှန်စား ပုံမှန်အိပ်ပြီး သူပြန်သတိရလာတာကို ကျန်းကျန်းမာမာနဲ့စောင့်ပါ့မယ်ဆိုတဲ့ ကတိတော့ပေးရမယ်"

"ဟုတ် ပေးတယ်"

"ဒါဆို ဒီဖတ်ထုပ်တွေအရင်ကုန်အောင်စား လာ"

၀မ်မားက ဟောက်ရွှမ်းတို့၀ယ်လာတဲ့ဖတ်ထုပ်တွေကုန်တဲ့ထိ ရိပေါ်ကိုခွံ့ကျွေးတယ် နောက်နေ့တွေမှာ ထမင်းချိုင့်ပုံမှန်ပို့ပေးပြီး အင်္ကျီတွေလည်း ယူလာပေးမယ့်အကြောင်း ပြောပြီး ပြန်သွားကြတယ်
အဆင့်မြင့်တဲ့သီးသန့်ခန်းမို့ လူနာစောင့်အတွက်ကုတင်ရယ် တီဗွီ ရေခဲသေတ္တာ ရေချိုးခန်း အိမ်သာ အစုံပါတာမို့ အဆင်ပြေတယ် ဒါပေမယ့် ဘယ်ချိန်မှပြန်သတိရလာမလဲဆိုတာမသိတာမို့ ၂လလောက်စောင့်ကြည့်ပြီးရင်တော့ အိမ်မှာပဲပြန်ခေါ်ထားပြီးဆက်ကုဖို့ ဆရာ၀န်နဲ့ပြောထားတယ်

၀မ်မားတို့ပြန်သွားပြီးခဏအကြာမှာ ထျန်းရန်ဆီက Ph၀င်လာတယ်

"​ေ၀့ အကိုထျန်းရန်"

"ရိပေါ် မျန်မျန်က ငိုနေရင်းမေ့လဲကျသွားလို့ အိမ်မှာနားနေရတယ် နည်းနည်းနောက်ကျမှရောက်မှာမို့ စောင့်ပေးဖို့အဆင်ပြေလား"

"ရတယ် ကျွန်တော်က ရှောင်းကျန့်သတိရလာတဲ့ထိ ဒီမှာပဲနေမှာ စိတ်မပူနဲ့ "

"အေး အေး အဲ့တာဆို ငါခဏနေမှလာခဲ့မယ် "

"အင်း"

ညဘက်အတော်ညဥ့္နက်မှ ထျန်းရန်က ဆေးရုံကိုရောက်လာတယ် သူလူနာခန်းထဲ၀င်လာတော့ ရိပေါ်က ရှောင်းကျန့်ကုတင်ဘေးက ခုံပေါ်မှာ ရှောင်းကျန့်လက်ကိုကိုင်ရင်း ကုတင်ပေါ်ခေါင်းမှောက်လို့ ထိုင်လျက်အိပ်ပျော်နေတယ် ရိပေါ်လည်းတနေကုန် လူရောစိတ်ရော ပင်ပန်းထားတာကိုသိတာမို့ ထျန်းရန်က ရိပေါ်နိုးမသွားအောင် ခြေသံဖော့လို့သာ ဆိုဖာပေါ်သွားထိုင်ပြီး စောင့်ပေးနေလိုက်တယ်

မနက်၅နာရီလောက်မှာ ရိပေါ်က မောဟိုက်စွာနဲ့ လန့်နိုးလာခဲ့တယ် ကြည့်ရတာအိပ်မက်ဆိုးတွေမက်နေပုံပါပဲ

"နိုးပြီလား"

ဆိုဖာပေါ်မှာထိုင်နေတဲ့ ထျန်းရန်က ရိပေါ်ကိုလှမ်းမေးလိုက်တယ်

"အင်း အကိုထျန်းရန် ဘယ်အချိန်ကရောက်တာလဲ"

"၁၂ခွဲလောက်က "

"သြော် ကျွန်တော်တောင်မသိလိုက်ဘူး"

"အင်း မင်းလည်းပင်ပန်းနေတာနဲ့ ငါမနှိုးနေတော့တာ "

"ကျဲမျန်မျန် ရော သက်သာရဲ့လား သူစိတ်ထိန်းနိုင်သွားပြီထင်နေတာ"

"သူကရှောင်းကျန့်အခန်းထဲက ဒါကိုမြင်ပြီး ထပ်ငိုတာလေ မင်းကိုပြသင့်ရဲ့လား မသိတော့ဘူး"

"ဘာလဲ"

"ရော့ ဒါကရှောင်းကျန့် suicideမလုပ်ခင်ကရေးထားခဲ့တဲ့စာ"

ထျန်းရန်ကသူ့လက်ထဲက ​တွန့်ကြေနေတဲ့ စာရွက်ကလေးကို ရိပေါ်ဆီကမ်းပေးလိုက်တယ် သူဒီစာကို ရိပေါ်ကိုပြသင့်ရဲ့လားမသေချာဘူး ဒါပေမယ့် ရှောင်းကျန့်
က ရိပေါ်ကိုဘယ်လောက်ထိချစ်တယ်ဆိုတာ သိစေချင်တာမို့ ရိပေါ်ခံစားရမယ်ဆိုတာသိပေမယ့်လည်း အဲ့ဒီစာကို ရိပေါ်ဆီပေးလိုက်တယ်

ရိပေါ်ကသူ့လက်ထဲရောက်လာတဲ့ တွန့်ကြေနေတဲ့စာလေးကို ဖတ်အပြီးမှာ သူကအရုပ်ကြိုးပျက်ကြမ်းပြင်ပေါ်ထိုင်ချလျက်သားပဲ
'ဟုတ်ပါတယ် ၀မ်ရိပေါ် ငါကလောကကြီးမှာမရှိသင့်တဲ့သူပါ မင်းပျော်မယ်မလား ငါမရှိရင် မင်းပျော်ရွှင်ရင်ရပါပီ'

ရိပေါ်သူ့ရဲ့လက်တွေနဲ့သူ့မျက်နှာကိုအုပ်ပြီး စီးကျလာတဲ့မျက်ရည်တွေကို ခပ်ကြမ်းကြမ်း သုတ်ပစ်ရင်း နာနာကျင်ကျင်နဲ့ စကားတွေကို ပလုံးပထွေးပြောတယ်
"မဟုတ်ဘူး ငါမပျော်ဘူး မင်းမရှိရင်ငါရူးသွားမှာ မင်းလောကကြီးမှာရှိမှရမယ် တောင်းပန်ပါတယ် ရှောင်းကျန့်"

ထျန်းရန်က ရိပေါ်ဆီလျှောက်လာပြီး ရိပေါ်ပုခုံးကို ခပ်ဖွဖွပုတ်ပေးတယ်

"စိတ်လျော့ပါ သူကမင်းကိုချစ်တာမို့ မင်းပျော်ရွှင်မယ်ထင်လို့ဒီလိုလုပ်ခဲ့တာ ဒါကမင်းကိုမပျော်စေမှန်းသိရင် သူကမင်းဆီ ပြန်လာမှာပါ"

ခေါင်းငုံ့နေတဲ့ရိပေါ်က ထျန်းရန်ကိုမော့ကြည့်လိုက်တယ်

"အကိုက သူ့ကိုလက်လွှတ်ပေးလိုက်တာလား  "

"ဘာကိုပြောချင်တာလဲ မင်းက"

"အကိုသူ့ကိုသဘောကျနေတာမို့လား ခု ကျွန်တော့်ကြောင့်သူ့ကို လက်လွှတ်ပေးလိုက်တာမို့လား "

"ဟမ် မဟုတ်ဘူး မင်းထင်တာမှားနေတယ် ငါရှောင်းကျန့်ကို ညီငယ်လေးလိုကလွဲ တစ်ခြားစိတ်မထားဖူးဘူး ငါသဘောကျနေတာက မျန်မျန် အဲ့တာမို့ ငါက ရှောင်းကျန့်ကိုတောင် မျန်မျန်နဲ့ အောင်သွယ်ခိုင်းခဲ့သေးတာ"

"ဘယ်လို"
ဒီစကားက လူနာခန်းတံခါးပေါက်၀မှာရပ်နေတဲ့ မျန်မျန့်ဆီကထွက်လာတဲ့ စကားသံ

"မျန်မျန်"

"အကိုက မျန်မျန့်ကို သဘောကျနေတာပေါ့ အဲ့တာမို့ရှောင်းကျန့်က အောင်သွယ်ပေးတဲ့အနေနဲ့ မျန်မျန့်ကို အကို့အကြောင်းတွေ တဖွဖွလာပြောနေခဲ့တာပေါ့ ဟုတ်လား"

"အင်း အကို သူ့ကို အကို့အကြောင်းတွေ မျန်မျန့်ကို ပြောပြပေးဖို့ တောင်းဆိုခဲ့တာ"

"ဒါကို မျန်မျန်အထင်လွဲခဲ့တာပေါ့.. တောင်းပန်ပါတယ် ရှောင်းကျန့်ရယ်"

မျန်မျန်က၀င်လာပြီး ရှောင်းကျန့်ကုတင်ဘေးမှာရပ်လို့ ရှောင်းကျန့်ကိုကြည့်ပြီး ရှိုက်ကြီးတငင်ငိုပြန်တယ် အခြေနေတွေက တအားရှုပ်ထွေးနေတာမို့ ဘာတွေဖြစ်နေမှန်း ရိပေါ်ရော ထျန်းရန်ရောက သေချာနားမလည်ဘူး မျန်မျန်က ငိုလို့၀မှ သူတို့နှစ်ယောက်ကိုတစ်ချက်ကြည့်ပြီး သူမ ထျန်းရန်ကိုသဘောကျခဲ့ကြောင်းနဲ့ ရှောင်းကျန့်ကို အထင်လွဲပြီး ရိပေါ်ကိုရှောင်းကျန့်ချစ်နေမှန်းသိလို့ ပိုင်ဆိုင်ချင်ခဲ့ကြောင်း ရှောင်းကျန့်အကြောင်း မဟုတ်မမှန်တွေလုပ်ကြံပြောဆိုခဲ့ကြောင်းကို ငိုရင်း၀န်ခံတယ်
ဒီလိုတွေကြားရတော့ ရိပေါ်စိတ်တိုခဲ့တယ် ဒါပေမယ့် သူ့လုပ်ရပ်တွေကလည်းမှန်ခဲ့တာမှမဟုတ်တာ အဲ့တာမို့ သူလည်းမျန်မျန့်ကို မချစ်ခဲ့ကြောင်းနဲ့ ထျန်းရန်အပေါ်အနိုင်လိုချင်ခဲ့တာကြောင့် သူမနဲ့တွဲခဲ့မိကြောင်းပြောပြပြီး နှစ်ဦးသဘောတူ လမ်းခွဲခဲ့တယ် အလယ်ကထျန်းရန်မှာတော့ သူကိုယ်တိုင်တောင်မသိလိုက်ပါပဲ သူ့ကိုဦးတည်ပြီးဖြစ်သွားခဲ့တဲ့ကိစ္စတွေမှာ ရှောင်းကျန့်က တစာခံ ဖြစ်သွားတာမို့ စိတ်မကောင်းရုံပဲ တတ်နိုင်တယ်

__________________

Daily updateမလုပ်ပေးနိုင်ပေမယ့် ခုကစပြီး တစ်ရက်ခြားပုံမှန်upပေးမလို့ ဘယ်လိုသဘောရလဲဟင် 🤔

[Zawgyi]



"ဟူး"













"အင်း"



"မင်းကရော "




"ရတယ် ခဏနေမှပြန်မယ်"











"မား"




"ဟုတ်တယ် သား စဉ်းစားစရာတွေအများကြီးဖြစ်ခဲ့တယ် ဆုံးဖြတ်ချက်တွေမှားခဲ့တယ် ဒါပေမယ့် သားအခုကစပြီး သူ့ကိုရွေးချယ်မယ် သားကိုနားလည်ပေးလို့ ပါးနဲ့မားကို ကျေးဇူးတင်ပါတယ် "


သနားမိတယ်











"ဟုတ် ပေးတယ်"


ဝမ်မားက ဟောက်ရွှမ်းတို့ဝယ်လာတဲ့ဖတ်ထုပ်တွေကို ကုန်တဲ့ထိရိပေါ်ခွံ့ကျွေးတယ် နောက်နေ့တွေမှာ ထမင်းချိုင့်ပုံမှန်ပို့ပေးပြီး အင်္ကျီတွေလည်း ယူလာပေးမယ့်အကြောင်း ပြောပြီး ပြန်သွားကြတယ်


"​ဝေ့ အကိုထျန်းရန်"




"အင်း"

ညဘက်အတော်ညဉ့်နက်မှ ထျန်းရန်က ဆေးရုံကိုရောက်လာတယ် သူလူနာခန်းထဲဝင်လာတော့ ရိပေါ်က ရှောင်းကျန့်ကုတင်ဘေးက ခုံပေါ်မှာ ရှောင်းကျန့်လက်ကိုကိုင်ရင်း ကုတင်ပေါ်ခေါင်းမှောက်လို့ ထိုင်လျက်အိပ်ပျော်နေတယ် ရိပေါ်လည်းတနေကုန် လူရောစိတ်ရော ပင်ပန်းထားတာကိုသိတာမို့ ထျန်းရန်က ရိပေါ်နိုးမသွားအောင် ခြေသံဖော့လို့သာ ဆိုဖာပေါ်သွားထိုင်ပြီး စောင့်ပေးနေလိုက်တယ်


"နိုးပြီလား"



"၁၂ခွဲလောက်က "




"သူကရှောင်းကျန့်အခန်းထဲက ဒါကိုမြင်ပြီး ထပ်ငိုတာလေ မင်းကိုပြသင့်ရဲ့လား မသိဘူးတော့ဘူး"

"ဘာလဲ"












"ဘယ်လို"

"မျန်မျန်"





__________________









Continua a leggere

Ti piacerà anche

1.1M 38K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
102K 2.5K 25
~4 years old~ "Hey Kachaan! My mommy says that when two people love each other a lot they will get married and kiss!" Deku almost squeals. "Ohhhh! L...
1.3M 58.5K 105
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
319K 9.6K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...