တစ်ဦးဆိုင် ရပ်ဝန်း
Unicode
လွန်း ခန္ဓာ ကိုယ် အပေါ်ပိုင်း ပူကျစ်လာ၍ ဆက်အိပ်ချင်သော်ငြား မျက်လုံးတို့က ပွင့်လာသည်။
ရင်ခွင်ထဲမှာ အမာရွတ် ကလေးက ရောက်နေပြီး သူတို့နှစ်ယောက်လုံးညက နေ အခုထိ ဒီနေရာမှာပဲ ရှိသေးသည်။ ဒါဆို ကိုယ်တွေ ပူနေတာ အမာရွတ် ကလေးပေါ့။
" လမြတ်ဝါဆို ထဦး လမြတ်ဝါဆို ထပါဦး မင်းဖျားနေပြီ လမြတ်ဝါဆို "
အမာရွတ် ကလေးကို လှုပ်နှိုးနေသော်လည်း အင်း အဲ အသံသာထွက်လာပြီး ရင်ခွင်ထဲကိုပဲ ပို၍ တိုးဝင်လာလေသည်။
နည်းနည်း မှောင်ရီနေသေး၍ မနက်ငါးနာရီလောက်တော့ အချိန်က ရှိလောက်မည်။
သူဘယ်လိုလုပ်ပေးရမလဲ အမာရွတ် ကလေး မိဘတွေကို သွားခေါ်ရမလား။
" လမြတ်ဝါဆို ခဏ ငါမင်းမိဘတွေကို သွားနှိုးလိုက်မယ် ခဏနော် "
" မသွားနဲ့ လွန်း သွားနှိုးလည်း အပိုတွေပဲဖြစ်မယ် "
လည်ချောင်းတစ်လျှောက် နာနေသည်မို့ လမြတ်ဝါဆို အသံက အက်ကွဲစွာ ထွက်လာသည်။
" ဒါဆို ငါက မင်းကို ဒီအတိုင်း ထိုင်ကြည့်နေရမှာလား သူတို့ကမင်းမိဘတွေလေ သူတို့မင်းကို မချစ်ဘူးဆိုရင်တောင် မင်းကို စောင့်ရှောက်ဖို့ တာဝန်အပြည့်ရှိတယ်"
လွန်း အသံ မာလာ၍ ဒေါသထွက်နေပြီမှန်း လမြတ်ဝါဆို သိသည်။ မျက်လုံးတွေကလည်း မဖွင့်ချင် မှေးပဲမှေးနေချင်တော့တယ်။
" လွန်း နောက်ဖေးအပေါက်ကနေ ငါ့အခန်းထဲ သွားမယ် ကူတွဲပေး အခန်းထဲရောက်မှ လွန်း ရေပတ်တိုက်ပေး "
လွန်းလည်း ပူကျစ်တောက်နေသည့် အမာရွတ် ကလေးခန္ဓာကိုယ်ကို မနိုင်တနိုင်
ဖြင့် တွဲလိုက်သည်။
" ဖြေးဖြေးလျှောက်နော် လမြတ်ဝါဆို ခေါင်းတွေမူးနေသေးလား မသက်သာရင် ကျောင်းမသွားရဘူး "
"အဆင်ပြေတယ် လွန်း "
နောက်ဖေး တံခါးမကြီးအား လော့ မချထား၍ တော်သေးသည်။
အရင်ဆုံး စတိုခန်း စတိုခန်းပြီးမှ မီးဖိုခန်း ကြားထဲမှာ အခန်း သုံးခန်းရှိသေးသည်။ သုံးခန်းကျော်ကာမှ လမြတ်ဝါဆို အခန်းကိုရောက်သည်။
" ငါဖွင့်မယ် လွန်း မလန့်သွားနဲ့နော် "
ဘာကို လန့်ရမှာလဲ အမာရွတ် ကလေးကတော့ ။
" အေးပါ မလန့်ပါဘူး လမြတ်ဝါဆို ရယ် "
ဂျောက်
မီးဖွင့်ပြီးသည့် နောက်တွင်တော့ အမာရွတ် ကလေးပြောသည့် လန့်မသွားနဲ့နော် လွန်းဆိုသည့် စကားကို သဘောပေါက်လိုက်ပြီ။
မီးဖွင့်ထားတာတောင် တစ်ခန်းလုံးကမှောင်မဲနေပြီး အလင်းရောင် မှိန်မှိန်လေးသာ မြင်ရသည်။
နံရံကပ် Wallpaper တွေကအစ အမဲရောင်ပြောင်ကြီးတွေ ဖြစ်ပြီး ပြတင်းပေါက် လိုက်ကာစတွေလည်း အမဲရောင်များ ဖြစ်ကြသည်။ မွေ့ယာ စောင် ခေါင်းအုံး အသုံးအဆောင် ပစ္စည်း အားလုံးလည်း ထိုနည်းတူစွာ အမဲရောင်များ ဖြစ်သည်။
အိမ်မက်ဆိုးတွေ မက်တတ်တယ် ထင်ပါရဲ့
Dreamcatcher သုံးခုလောက် ချိတ်ထားတာ တွေ့ရသည်။
" လွန်း "
ဘယ်လောက်တောင် အထီးကျန်နေလိုက်မလဲ သူ့အမာရွတ်ကလေးက။
" လွန်း "
အခုမှ သတိပြန်ဝင်လာသဖြင့် လွန်း အမာရွတ် ကလေးကို မွေ့ယာပေါ် ကူတွဲပေးလိုက်သည်။
" ရေချိုးခန်းက ဒီဘက်ကမလား လမြတ်ဝါဆို ငါ့ကို တဘက်ဖြစ်ဖြစ် ပုဝါအပိုင်းစဖြစ်ဖြစ် ထုတ်ပေးထား"
လွန်း ရေချိူးခန်းထဲ ဝင်တော့ မှန်တင်ခုံပေါ်မှာ ဘရိတ်ဓားတွေကို အထပ်လိုက်တွေ့ရသည်။
သုံးပြီးသားတွေ မဟုတ်ပဲ အသစ်တွေဖြစ်နေလို့တော်သေးတယ်။
ဘာမှတွေးမနေပဲ လွန်း ရေချိုးခန်းထဲက ကော်ခွက် ခပ်လတ်လတ် အရွယ်တစ်လုံး ယူလာလိုက်သည်။
ရေခဲသေတ္တာထဲ က အအေးဆုံး တစ်ဘူးကို ကော်ခွက်ထဲထည့်လိုက်ပြီး အမာရွတ် ကလေး ဘေးနာ၌ ဝင်ထိုင်လိုက်သည်။
" အင်္ကျီ ချွတ်ရမယ်နော် ရေပတ် တိုက်ပြီးတာနဲ့ ငါ အဝတ်စားထူထူလေး တစ်ခါထဲ လဲပေးထားမယ် ပြီးရင် အိမ်ခဏပြန်ပြီး ဆန်ပြုတ်ပြုတ်ပေးမယ် ပြီးရင်ပြန်လာခဲ့မယ် ကြားလား "
ကြယ်သီးကို တစ်လုံး ချင်း ချွတ်ပေးနေသည့် လွန်းကြောင့် လမြတ်ဝါဆို မျက်လုံးကို ခပ်တင်းတင်း မှိတ်ထားမိသည်။
ရေခဲရေကိုင်ထားသောကြောင့် လွန်းလက်လေးက အေးစက်နေသည်။
" အေးတယ် လွန်း "
"မအေးအောင် လုပ်ပေးမယ် "
အင်္ကျီ အကုန်ချွတ်ပြီးသည့် နောက်မှာတော့ လမြတ်ဝါဆို ထထိုင်လိုက်ရသည်။
" လွန်း "
ရင်ခွင်ထဲ ဆွဲဖက်လိုက်သည့် လွန်းကြောင့် လမြတ်ဝါဆို ရင်တောင်တုန်သွားရသည်။
" မှီထား လမြတ်ဝါဆို နောက်ကျောကို ရေပတ်တိုက်ဖို့ ဟာ အားမရှိဘူးလား ငါ့ခါးကို လက်နှစ်ဖက်နဲ့ ဖက်ထားပြီး မင်းခေါင်းကို ငါ့ပုခုံးပေါ် မှီထား လိုက် "
လမြတ်ဝါဆို နှာခေါင်းက အခုဆို လွန်းရဲ့
ပုခုံးသား အိအိလေးတွေပေါ် ရောက်နေသောကြောင့် မသိမသာ ဖိကပ်ထားလိုက်သည်။
ခါးသွယ်သွယ်လေးကိုလည်း တင်းနေအောင် ဖက်ထားမိသည်။
" ရပြီ ရပြီ အဲ့လောက်ကြီးထိ မညှစ်နဲ့ နာသွားပြီ "
ခါးကို လှန်ပြလာသော လွန်းက သူ့ခါး နာသွားကြောင်းကို ပြချင်သော်လည်း အင်္ကျီ က အပေါ်ထိ တက်သွား၍ ရင်ဘတ်ဖွေးဖွေးလေးတွေကိုပါ မြင်လိုက်ရ၍ လမြတ်ဝါဆို အဖျားပင်ပျောက်ချင်သွားရသည်။
" ဆောရီး လွန်း ရဲသွားတာပဲ ခါးက "
မျက်နှာကြီး နီရဲနေသည့် အမာရွတ် ကလေးကြောင့် လွန်း အပူများ ပြန်တက်လာပြီလား နဖူးကို စမ်းကြည့်မိသည်။
" သိပ်တော့ မပူတော့ဘူး လမြတ်ဝါဆို လှဲလိုက် ဘောင်းဘီချွတ်ရအောင် "
" မချွတ်ပါဘူး လွန်း ဒါတော့ ငါ့ဘာသာငါ လုပ်ပါရစေနော် လွန်း လည်း ခဏနားဦးလေ"
" ရှက်နေတာလား လမြတ်ဝါဆို မရှက်ပါနဲ့ မင်းလည်း ဒါ ငါလည်း ဒါ အတူတူ ပဲလေ အရွယ်အစားပဲ ကွာလောက်မှာ ဟာကို "
လမြတ်ဝါဆို သေသာသေလိုက်ချင်တော့သည် လွန်းရှေ့မှာ သူကဘာလို့ ချွတ်ပြရမှာလဲ ။
" လွန်းရယ် ဒီတစ်ခုတော့ နားလည်ပေးပါနော် တောင်းဆိုတာပါ "
အတူတူပဲ ဟာကို အမာရွတ် ကလေးက ရှက်နေသေးတယ်။
"ပြီးတာပဲ အင်္ကျီ လဲပေးခဲ့မယ် ဘောင်းဘီ ကို ကိုယ့်ဘာသာကိုယ်လဲတော့ "
ဟူဒီ ခပ်ပွပွ အမဲရောင်တစ်ထည် ဝတ်ပေးခဲ့ပြီး လွန်း ခြံဘက်ပြန်ကူးလာလိုက်သည်။
အမာရွတ် ကလေး ကိုယ်တိုင် ခြံတံခါး ဖွင့်ပြီး လိုက်ပို့ခြင်း ဖြစ်သည်။
" ဒါကဘယ်ကပြန်လာတာလဲ လွန်းငယ် "
ပါတိတ်ဝမ်းဆက်ရွှေအိုရောင်နဲ့ မေမေလေးက အပြင်သွားဖို့ထင်သည်။
" ဟိုဟာ မမှီလိုက်တဲ့ စာတွေပြန်ကူးဖို့အတွက် စာအုပ်သွားငှားတာပါ မေမေလေး "
" စာအုပ်သွားငှားတာလည်း အစောကြီးပဲ လွန်းငယ် နောက်တစ်ခါ အချိန်ကိုကြည့်ပါ စိတ်ပူရအောင်မလုပ်နဲ့ သွားတော့ မနက်စာပြင်ပေးထားခဲ့တယ် ပြီးတော့ ဒီနေ့ အိမ်ကို
ဧည့်သည်တစ်ယောက်ပါလာလိမ့်မယ် "
" ဟုတ်ကဲ့ မေမေလေး ဂရုစိုက်ပါ"
လွန်း ကိုယ်တိုင်ကပါ နုန်းနေပြီမို့ ရေကို မြန်မြန်ချိုးလိုက်သည်။ အဖြူအစိမ်း ဝတ်ပြီူကာမှ ဆန်ပြုတ် ပြုတ်ဖို့ ပြင်ရသည်။
သေချာလည်း မပြုတ်တတ်တာမို့ ခနောဆန်ပြုတ်ပဲ ပြုတ်လိုက်ပြီး ကြက်ဥနှစ်လုံးနဲ့ ပုစွန်အခွံချွတ်ထားသည့် အကောင်ကြီးကြီး ရှစ်ကောင်လောက် ထည့်လိုက်သည်။
အနံ့လေးက သင်းနေတာမို့ အမာရွတ် ကလေးကို မကြွေးခင် လွန်းကိုယ်တိုင် ဦးဦးဖျားဖျား နှိုက်မြည်းမိသည်။
အရသာက ရူးလောက်အောင် ကို ကောင်းနေတာမို့ လွန်းစားနေတာနဲ့တင် ပုစွန်ရှစ်ကောင်မှာ သုံးကောင်လောက် ပြောင်သွားသည်။
ကြာရင် အကုန် ပြောင်တော့မှာမို့ ဖေဖေ့ကို တစ်ချက်သွားကြည့်ပြီး ဖေဖေ အိပ်နေတုန်းပဲ ရှိသေးတာမို့ ဆေးရယ် ရေရယ် မနက်စာရယ် ဖေဖေ့ အခန်းထဲ ထည့်ပေးထားခဲ့သည်။
ဆန်ပြုတ်ဘူး တစ်ဖက် ဆေးထုပ်ကတစ်ဖက်နဲ့ လွန်း လွယ်အိတ်လွယ်ကာ ခြံပြင်ကိုထွက်လာလိုက်သည်။
" ဘာလို့ ထွက်စောင့်နေတာတုန်း လေအေးတွေတိုက်က တိုက်နဲ့ အထဲဝင်မယ် လမြတ်ဝါဆို "
လွန်း နောက်ဖေးခြံတံတိုင်းကို ကျော်လာမည်ဆိုး၍ လမြတ်ဝါဆို အရင်ဆုံး နောက်ကို သွားကြည့်ရသေးသည်။မတွေ့ကာမှ ခြံပြင်မှာ ထွက်စောင့်နေခြင်းဖြစ်သည်။
" လွန်း ကိုစောင့်နေတာ လာအထဲဝင်မယ် ဗိုက်ဆာနေပြီ "
" အင်း အင်း ကျောင်းမသွားရဘူး နော် လမြတ်ဝါဆို "
လမြတ်ဝါဆိုလည်း ဗိုက်ဆာနေသည်မို့ လွန်း လုပ်ပေးလာသည့် ဆန်ပြုတ်ကို အားရပါးရ စားမိသည်။
" စား စား ဆေးသောက်ရမယ် အဝစား ပြီးရင် စောင်ခြုံပြီး အိပ် ချွေးထုတ်ရမယ် "
" ကျောင်းကို ငါလည်း လိုက်မယ် လွန်း မင်းကိုတစ်ယောက်တည်း မလွှတ်ချင်ဘူး"
" မရဘူး မင်းကဖျားနေတာလေ လမြတ်ဝါဆို "
" လွန်းကလည်း လိုက်မှာ ကျောင်းက ကောင်တွေက ငါမပါရင် မင်းကိုကြောင်မှာကွ "
" သူတို့ဟာသူတို့ ကြောင်တာလေ ငါမှစိတ်မဝင်စားတာ လမြတ်ဝါဆို ရဲ့"
" မရဘူး အဲ့ဒါဆို ငါဆေးမသောက်တော့ဘူး "
လွန်းလည်း မတတ်နိုင်သည့် အဆုံး ခေါင်းသာငြိမ့်ပြလိုက်ရသည်။
အမာရွတ်ကလေးက နေမကောင်းရင် တော်တော် ဂျီကြတယ်။
___________________________________________________________
GarlicBoom
တစ္ဦးဆိုင္ ရပ္ဝန္း
Zawgyi
လြန္း ခႏၶာ ကိုယ္ အေပၚပိုင္း ပူက်စ္လာ၍ ဆက္အိပ္ခ်င္ေသာ္ျငား မ်က္လုံးတို႔က ပြင့္လာသည္။
ရင္ခြင္ထဲမွာ အမာ႐ြတ္ ကေလးက ေရာက္ေနၿပီး သူတို႔ႏွစ္ေယာက္လုံးညက ေန အခုထိ ဒီေနရာမွာပဲ ရွိေသးသည္။ ဒါဆို ကိုယ္ေတြ ပူေနတာ အမာ႐ြတ္ ကေလးေပါ့။
" လျမတ္ဝါဆို ထဦး လျမတ္ဝါဆို ထပါဦး မင္းဖ်ားေနၿပီ လျမတ္ဝါဆို "
အမာ႐ြတ္ ကေလးကို လႈပ္ႏွိုးေနေသာ္လည္း အင္း အဲ အသံသာထြက္လာၿပီး ရင္ခြင္ထဲကိုပဲ ပို၍ တိုးဝင္လာေလသည္။
နည္းနည္း ေမွာင္ရီေနေသး၍ မနက္ငါးနာရီေလာက္ေတာ့ အခ်ိန္က ရွိေလာက္မည္။
သူဘယ္လိုလုပ္ေပးရမလဲ အမာ႐ြတ္ ကေလး မိဘေတြကို သြားေခၚရမလား။
" လျမတ္ဝါဆို ခဏ ငါမင္းမိဘေတြကို သြားႏွိုးလိုက္မယ္ ခဏေနာ္ "
" မသြားနဲ႕ လြန္း သြားႏွိုးလည္း အပိုေတြပဲျဖစ္မယ္ "
လည္ေခ်ာင္းတစ္ေလွ်ာက္ နာေနသည္မို႔ လျမတ္ဝါဆို အသံက အက္ကြဲစြာ ထြက္လာသည္။
" ဒါဆို ငါက မင္းကို ဒီအတိုင္း ထိုင္ၾကည့္ေနရမွာလား သူတို႔ကမင္းမိဘေတြေလ သူတို႔မင္းကို မခ်စ္ဘူးဆိုရင္ေတာင္ မင္းကို ေစာင့္ေရွာက္ဖို႔ တာဝန္အျပည့္ရွိတယ္"
လြန္း အသံ မာလာ၍ ေဒါသထြက္ေနၿပီမွန္း လျမတ္ဝါဆို သိသည္။ မ်က္လုံးေတြကလည္း မဖြင့္ခ်င္ ေမွးပဲေမွးေနခ်င္ေတာ့တယ္။
" လြန္း ေနာက္ေဖးအေပါက္ကေန ငါ့အခန္းထဲ သြားမယ္ ကူတြဲေပး အခန္းထဲေရာက္မွ လြန္း ေရပတ္တိုက္ေပး "
လြန္းလည္း ပူက်စ္ေတာက္ေနသည့္ အမာ႐ြတ္ ကေလးခႏၶာကိုယ္ကို မနိုင္တနိုင္
ျဖင့္ တြဲလိုက္သည္။
" ေျဖးေျဖးေလွ်ာက္ေနာ္ လျမတ္ဝါဆို ေခါင္းေတြမူးေနေသးလား မသက္သာရင္ ေက်ာင္းမသြားရဘူး "
"အဆင္ေျပတယ္ လြန္း "
ေနာက္ေဖး တံခါးမႀကီးအား ေလာ့ မခ်ထား၍ ေတာ္ေသးသည္။
အရင္ဆုံး စတိုခန္း စတိုခန္းၿပီးမွ မီးဖိုခန္း ၾကားထဲမွာ အခန္း သုံးခန္းရွိေသးသည္။ သုံးခန္းေက်ာ္ကာမွ လျမတ္ဝါဆို အခန္းကိုေရာက္သည္။
" ငါဖြင့္မယ္ လြန္း မလန့္သြားနဲ႕ေနာ္ "
ဘာကို လန့္ရမွာလဲ အမာ႐ြတ္ ကေလးကေတာ့ ။
" ေအးပါ မလန့္ပါဘူး လျမတ္ဝါဆို ရယ္ "
ေဂ်ာက္
မီးဖြင့္ၿပီးသည့္ ေနာက္တြင္ေတာ့ အမာ႐ြတ္ ကေလးေျပာသည့္ လန့္မသြားနဲ႕ေနာ္ လြန္းဆိုသည့္ စကားကို သေဘာေပါက္လိုက္ၿပီ။
မီးဖြင့္ထားတာေတာင္ တစ္ခန္းလုံးကေမွာင္မဲေနၿပီး အလင္းေရာင္ မွိန္မွိန္ေလးသာ ျမင္ရသည္။
နံရံကပ္ Wallpaper ေတြကအစ အမဲေရာင္ေျပာင္ႀကီးေတြ ျဖစ္ၿပီး ျပတင္းေပါက္ လိုက္ကာစေတြလည္း အမဲေရာင္မ်ား ျဖစ္ၾကသည္။ ေမြ႕ယာ ေစာင္ ေခါင္းအုံး အသုံးအေဆာင္ ပစၥည္း အားလုံးလည္း ထိုနည္းတူစြာ အမဲေရာင္မ်ား ျဖစ္သည္။
အိမ္မက္ဆိုးေတြ မက္တတ္တယ္ ထင္ပါရဲ႕
Dreamcatcher သုံးခုေလာက္ ခ်ိတ္ထားတာ ေတြ႕ရသည္။
" လြန္း "
ဘယ္ေလာက္ေတာင္ အထီးက်န္ေနလိုက္မလဲ သူ႕အမာ႐ြတ္ကေလးက။
" လြန္း "
အခုမွ သတိျပန္ဝင္လာသျဖင့္ လြန္း အမာ႐ြတ္ ကေလးကို ေမြ႕ယာေပၚ ကူတြဲေပးလိုက္သည္။
" ေရခ်ိဳးခန္းက ဒီဘက္ကမလား လျမတ္ဝါဆို ငါ့ကို တဘက္ျဖစ္ျဖစ္ ပုဝါအပိုင္းစျဖစ္ျဖစ္ ထုတ္ေပးထား"
လြန္း ေရခ်ိဴးခန္းထဲ ဝင္ေတာ့ မွန္တင္ခုံေပၚမွာ ဘရိတ္ဓားေတြကို အထပ္လိုက္ေတြ႕ရသည္။
သုံးၿပီးသားေတြ မဟုတ္ပဲ အသစ္ေတြျဖစ္ေနလို႔ေတာ္ေသးတယ္။
ဘာမွေတြးမေနပဲ လြန္း ေရခ်ိဳးခန္းထဲက ေကာ္ခြက္ ခပ္လတ္လတ္ အ႐ြယ္တစ္လုံး ယူလာလိုက္သည္။
ေရခဲေသတၱာထဲ က အေအးဆုံး တစ္ဘူးကို ေကာ္ခြက္ထဲထည့္လိုက္ၿပီး အမာ႐ြတ္ ကေလး ေဘးနာ၌ ဝင္ထိုင္လိုက္သည္။
" အကၤ်ီ ခြၽတ္ရမယ္ေနာ္ ေရပတ္ တိုက္ၿပီးတာနဲ႕ ငါ အဝတ္စားထူထူေလး တစ္ခါထဲ လဲေပးထားမယ္ ၿပီးရင္ အိမ္ခဏျပန္ၿပီး ဆန္ျပဳတ္ျပဳတ္ေပးမယ္ ၿပီးရင္ျပန္လာခဲ့မယ္ ၾကားလား "
ၾကယ္သီးကို တစ္လုံး ခ်င္း ခြၽတ္ေပးေနသည့္ လြန္းေၾကာင့္ လျမတ္ဝါဆို မ်က္လုံးကို ခပ္တင္းတင္း မွိတ္ထားမိသည္။
ေရခဲေရကိုင္ထားေသာေၾကာင့္ လြန္းလက္ေလးက ေအးစက္ေနသည္။
" ေအးတယ္ လြန္း "
"မေအးေအာင္ လုပ္ေပးမယ္ "
အကၤ်ီ အကုန္ခြၽတ္ၿပီးသည့္ ေနာက္မွာေတာ့ လျမတ္ဝါဆို ထထိုင္လိုက္ရသည္။
" လြန္း "
ရင္ခြင္ထဲ ဆြဲဖက္လိုက္သည့္ လြန္းေၾကာင့္ လျမတ္ဝါဆို ရင္ေတာင္တုန္သြားရသည္။
" မွီထား လျမတ္ဝါဆို ေနာက္ေက်ာကို ေရပတ္တိုက္ဖို႔ ဟာ အားမရွိဘူးလား ငါ့ခါးကို လက္ႏွစ္ဖက္နဲ႕ ဖက္ထားၿပီး မင္းေခါင္းကို ငါ့ပုခုံးေပၚ မွီထား လိုက္ "
လျမတ္ဝါဆို ႏွာေခါင္းက အခုဆို လြန္းရဲ႕
ပုခုံးသား အိအိေလးေတြေပၚ ေရာက္ေနေသာေၾကာင့္ မသိမသာ ဖိကပ္ထားလိုက္သည္။
ခါးသြယ္သြယ္ေလးကိုလည္း တင္းေနေအာင္ ဖက္ထားမိသည္။
" ရၿပီ ရၿပီ အဲ့ေလာက္ႀကီးထိ မညွစ္နဲ႕ နာသြားၿပီ "
ခါးကို လွန္ျပလာေသာ လြန္းက သူ႕ခါး နာသြားေၾကာင္းကို ျပခ်င္ေသာ္လည္း အကၤ်ီ က အေပၚထိ တက္သြား၍ ရင္ဘတ္ေဖြးေဖြးေလးေတြကိုပါ ျမင္လိုက္ရ၍ လျမတ္ဝါဆို အဖ်ားပင္ေပ်ာက္ခ်င္သြားရသည္။
" ေဆာရီး လြန္း ရဲသြားတာပဲ ခါးက "
မ်က္ႏွာႀကီး နီရဲေနသည့္ အမာ႐ြတ္ ကေလးေၾကာင့္ လြန္း အပူမ်ား ျပန္တက္လာၿပီလား နဖူးကို စမ္းၾကည့္မိသည္။
" သိပ္ေတာ့ မပူေတာ့ဘူး လျမတ္ဝါဆို လွဲလိုက္ ေဘာင္းဘီခြၽတ္ရေအာင္ "
" မခြၽတ္ပါဘူး လြန္း ဒါေတာ့ ငါ့ဘာသာငါ လုပ္ပါရေစေနာ္ လြန္း လည္း ခဏနားဦးေလ"
" ရွက္ေနတာလား လျမတ္ဝါဆို မရွက္ပါနဲ႕ မင္းလည္း ဒါ ငါလည္း ဒါ အတူတူ ပဲေလ အ႐ြယ္အစားပဲ ကြာေလာက္မွာ ဟာကို "
လျမတ္ဝါဆို ေသသာေသလိုက္ခ်င္ေတာ့သည္ လြန္းေရွ႕မွာ သူကဘာလို႔ ခြၽတ္ျပရမွာလဲ ။
" လြန္းရယ္ ဒီတစ္ခုေတာ့ နားလည္ေပးပါေနာ္ ေတာင္းဆိုတာပါ "
အတူတူပဲ ဟာကို အမာ႐ြတ္ ကေလးက ရွက္ေနေသးတယ္။
"ၿပီးတာပဲ အကၤ်ီ လဲေပးခဲ့မယ္ ေဘာင္းဘီ ကို ကိုယ့္ဘာသာကိုယ္လဲေတာ့ "
ဟူဒီ ခပ္ပြပြ အမဲေရာင္တစ္ထည္ ဝတ္ေပးခဲ့ၿပီး လြန္း ၿခံဘက္ျပန္ကူးလာလိုက္သည္။
အမာ႐ြတ္ ကေလး ကိုယ္တိုင္ ၿခံတံခါး ဖြင့္ၿပီး လိုက္ပို႔ျခင္း ျဖစ္သည္။
" ဒါကဘယ္ကျပန္လာတာလဲ လြန္းငယ္ "
ပါတိတ္ဝမ္းဆက္ေ႐ႊအိုေရာင္နဲ႕ ေမေမေလးက အျပင္သြားဖို႔ထင္သည္။
" ဟိုဟာ မမွီလိုက္တဲ့ စာေတြျပန္ကူးဖို႔အတြက္ စာအုပ္သြားငွားတာပါ ေမေမေလး "
" စာအုပ္သြားငွားတာလည္း အေစာႀကီးပဲ လြန္းငယ္ ေနာက္တစ္ခါ အခ်ိန္ကိုၾကည့္ပါ စိတ္ပူရေအာင္မလုပ္နဲ႕ သြားေတာ့ မနက္စာျပင္ေပးထားခဲ့တယ္ ၿပီးေတာ့ ဒီေန႕ အိမ္ကို
ဧည့္သည္တစ္ေယာက္ပါလာလိမ့္မယ္ "
" ဟုတ္ကဲ့ ေမေမေလး ဂ႐ုစိုက္ပါ"
လြန္း ကိုယ္တိုင္ကပါ ႏုန္းေနၿပီမို႔ ေရကို ျမန္ျမန္ခ်ိဳးလိုက္သည္။ အျဖဴအစိမ္း ဝတ္ၿပီဴကာမွ ဆန္ျပဳတ္ ျပဳတ္ဖို႔ ျပင္ရသည္။
ေသခ်ာလည္း မျပဳတ္တတ္တာမို႔ ခေနာဆန္ျပဳတ္ပဲ ျပဳတ္လိုက္ၿပီး ၾကက္ဥႏွစ္လုံးနဲ႕ ပုစြန္အခြံခြၽတ္ထားသည့္ အေကာင္ႀကီးႀကီး ရွစ္ေကာင္ေလာက္ ထည့္လိုက္သည္။
အနံ႕ေလးက သင္းေနတာမို႔ အမာ႐ြတ္ ကေလးကို မေႂကြးခင္ လြန္းကိုယ္တိုင္ ဦးဦးဖ်ားဖ်ား ႏွိုက္ျမည္းမိသည္။
အရသာက ႐ူးေလာက္ေအာင္ ကို ေကာင္းေနတာမို႔ လြန္းစားေနတာနဲ႕တင္ ပုစြန္ရွစ္ေကာင္မွာ သုံးေကာင္ေလာက္ ေျပာင္သြားသည္။
ၾကာရင္ အကုန္ ေျပာင္ေတာ့မွာမို႔ ေဖေဖ့ကို တစ္ခ်က္သြားၾကည့္ၿပီး ေဖေဖ အိပ္ေနတုန္းပဲ ရွိေသးတာမို႔ ေဆးရယ္ ေရရယ္ မနက္စာရယ္ ေဖေဖ့ အခန္းထဲ ထည့္ေပးထားခဲ့သည္။
ဆန္ျပဳတ္ဘူး တစ္ဖက္ ေဆးထုပ္ကတစ္ဖက္နဲ႕ လြန္း လြယ္အိတ္လြယ္ကာ ၿခံျပင္ကိုထြက္လာလိုက္သည္။
" ဘာလို႔ ထြက္ေစာင့္ေနတာတုန္း ေလေအးေတြတိုက္က တိုက္နဲ႕ အထဲဝင္မယ္ လျမတ္ဝါဆို "
လြန္း ေနာက္ေဖးၿခံတံတိုင္းကို ေက်ာ္လာမည္ဆိုး၍ လျမတ္ဝါဆို အရင္ဆုံး ေနာက္ကို သြားၾကည့္ရေသးသည္။မေတြ႕ကာမွ ၿခံျပင္မွာ ထြက္ေစာင့္ေနျခင္းျဖစ္သည္။
" လြန္း ကိုေစာင့္ေနတာ လာအထဲဝင္မယ္ ဗိုက္ဆာေနၿပီ "
" အင္း အင္း ေက်ာင္းမသြားရဘူး ေနာ္ လျမတ္ဝါဆို "
လျမတ္ဝါဆိုလည္း ဗိုက္ဆာေနသည္မို႔ လြန္း လုပ္ေပးလာသည့္ ဆန္ျပဳတ္ကို အားရပါးရ စားမိသည္။
" စား စား ေဆးေသာက္ရမယ္ အဝစား ၿပီးရင္ ေစာင္ၿခဳံၿပီး အိပ္ ေခြၽးထုတ္ရမယ္ "
" ေက်ာင္းကို ငါလည္း လိုက္မယ္ လြန္း မင္းကိုတစ္ေယာက္တည္း မလႊတ္ခ်င္ဘူး"
" မရဘူး မင္းကဖ်ားေနတာေလ လျမတ္ဝါဆို "
" လြန္းကလည္း လိုက္မွာ ေက်ာင္းက ေကာင္ေတြက ငါမပါရင္ မင္းကိုေၾကာင္မွာကြ "
" သူတို႔ဟာသူတို႔ ေၾကာင္တာေလ ငါမွစိတ္မဝင္စားတာ လျမတ္ဝါဆို ရဲ႕"
" မရဘူး အဲ့ဒါဆို ငါေဆးမေသာက္ေတာ့ဘူး "
လြန္းလည္း မတတ္နိုင္သည့္ အဆုံး ေခါင္းသာၿငိမ့္ျပလိုက္ရသည္။
အမာ႐ြတ္ကေလးက ေနမေကာင္းရင္ ေတာ္ေတာ္ ဂ်ီၾကတယ္။
___________________________________________________________
GarlicBoom