Invaluable

By Koo1_7_1_0

4.5K 300 222

Jinkook short story (only two parts) More

Invaluable(Zawgi ver. )
Invaluable (Extra)
Invaluable(Extra) (Zawgi ver. )

Invaluable

2.4K 141 80
By Koo1_7_1_0

အေးစက်စက်နိုးထရတဲ့မနက်ခင်းတွေကိုသူမုန်းသည်...။ခပ်နွေးနွေးနေရောင်ခြည်ကဝင်ရောက်နေပေမယ့် ပိုင်ရှင်မဲ့နေတဲ့ကုတင်တစ်ဖက်ခြမ်းက ခေါင်းအုံးလေးကြောင့် နေရောင်ခြည်လေးကလည်း ထင်သလောက် နွေးထွေးမှုမပေးနိုင်...။

ပျင်းရိစွာနဲ့အိပ်ယာပေါ်မှ လေးပင်စွာထလိုက်ပြီး ရေချိုးခန်းထဲသို့ဝင်ကာ မျက်နှာသစ်ခြင်းအမှုကိုပျင်းရိခြင်း အပြည့်နဲ့ပြုလိုက်သည်...။ထို့နောက်အိမ်အောက်ထပ်သို့ဆင်းလာကာ ထမင်းစားခန်းထဲသို့ဝင်ခဲ့သည်...။ခါတိုင်းလိုပဲ အေးစက်စက်မနက်စာက စားပွဲပေါ်မှာ..။ဒီလိုသေချာပြင်ဆင်ပေးထားတဲ့ အေးစက်စက်မနက်စာထက် သူက ကမန်းကတန်းပြင်ပေးရတဲ့ပူနွေးနွေးမနက်စာကိုပိုလို့ပင်သဘောကျသည်...။

ပြင်ပေးသူက ပြင်ထားပေးသည်မို့ စားရမှာကတော့သူ့တာဝန်သာ...။ဖွယ်ဖွယ်ရာရာပြင်ထားပေးတဲ့မနက်စာကို စိတ်မပါစွာစားလိုက်ပြီး ဘေးနားမှာတင်ထားပေးတဲ့နွားနို့ကို ကိုင်လို့ ဧည့်ခန်းဘက်ထွက်လာလိုက်သည်...။

ဆိုဖာပေါ်ကို စိတ်ပျက်လက်ပျက်ထိုင်ချလို့ရောက်တက်ရာရာလိုင်းတွေတစ်ခုချင်းသာပြောင်းလို့ကြည့်နေလိုက်သည်...။

တစ်နေရာအရောက်..သတင်းအစီစဥ်တစ်ခုမှာပါလာတဲ့သတင်းတစ်ပုဒ်ကြောင့် လိုင်းတွေပြောင်းနေရာမှ ရပ်ကာ အာရုံစိုက်လို​က်သည်...။

••Kim groupမှ Yoon groupနှင့် အကျိုးတူပူးပေါင်း••

Jungkook အာရုံစိုက်နေတာ သတင်းကိုမဟုတ်ပဲ သတင်းထဲမှာပါလာတဲ့ Kim group ရဲ့ CEO Kim Seokjinကို...။တစ်နည်းအားဖြင့် သူ့ရဲ့အမျိုးသားကိုသာ အာရုံစိုက်နေခြင်းဖြစ်သည်...။တောက်ပလှပါတဲ့ အပြုံးတွေနဲ့ သူတကာကိုပြုံးပြနေပါတဲ့ Kim Seokjinကြီးပါလား..။ချိုသာသာအပြုံးတွေက အရင်ကလို
သူတစ်ယောက်တည်းအတွက်မဟုတ်တော့ဘူးပဲ...။တောက်ပနေတဲ့ အပြုံးတွေကို မျက်စိမခံနိုင်စွာပဲ TVကိုပိတ်ပစ်ပြီး အခန်းထဲ ​ပြန်ဝင်လာလိုက်သည်.....။

လူတကာကိုပြုံးပြနေတဲ့ Kim Seokjinကို မုန်းလိုက်တာ...။

________🌃

တစ်နေ့လုံးနေလို့ ဖုန်းတစ်ခေါက်တောင်မဆက်ပါတဲ့ Kim Seokjinဆိုတဲ့လူကြီးဟာ သိပ်ကိုမှနေနိုင်တဲ့လူတစ်ယောက်ပေမှန်း Jeon Jungkookမသိခဲ့ရိုးအမှန်...။ချစ်သူဘဝတုန်းကတော့ တစ်မိနစ်ခြားတစ်ခါ ဖုန်းဆက်အလွမ်းသယ်ခဲ့တဲ့ Kim Seokjinကြီးဘယ်မှာလဲ....။ပူပူနွေးနွေး အိမ်ထောင်သည်ဘဝတုန်းက စိတ်မချတာမို့အနားကတစ်ဖဝါးမှမခွာချင်ပါဘူးဆိုတဲ့ Kim Seokjinကြီးကရော...ဘယ်ရောက်နေလဲ...။

စိတ်ညစ်ညစ်နဲ့ ခေါ်ဆိုသူမဲ့နေသော ဖုန်းလေးကို လွှင့်ပစ်လို့ ကွန်ပြူတာကိုရှေ့ချပြီး ဇာတ်ကားထိုင်ကြည့်နေလိုက်သည်...။ခင်ဗျားကြီးက ပစ်ထားရင် ကျွန်တော်ကလည်းနေနိုင်တယ်ဗျ...နေနိုင်တယ်...။

စိတ်ထဲ အကြီးအကျယ်တွေကြုံးဝါးလို့ မနေ့ကမှ downထားတဲ့ Dramaကားကို ဖွင့်ကြည့်နေလိုက်သည်...။အပိုင်း50ကျော်ပါတဲ့ Dramaကားကို ကြည့်နေရရင်တော့ Kim Seokjinကြီးကိုလွမ်းတာသက်သာမယ်ထင်တာပဲ....။

_______🌃

"ကွာရှင်းကြရအောင်..."

ဖုန်းထဲဝင်လာတဲ့ messageကိုကြည့်ပြီး တော့ မျက်လုံးဝိုင်းသွားရသည်...။ဒါပဲလား...။သုံးနှစ်ကျော်ကျော်လောက် ချစ်သူသက်တမ်းရှိပြီး နှစ်နှစ်ကျော်သုံးနှစ်နီးပါးလောက် အိမ်ထောင်သည်အဖြစ် ဖြတ်သန်းခဲ့ကြတဲ့ သူတို့ဘဝက ဒီလောက်နဲ့ပဲ အဆုံးသတ်ပြီလား...။

အချိန်မပေးနိုင်တာကြောင့်လား..။နားလည်မှုတွေမရှိကြတော့လို့လား..။ပွင့်လင်းမှုမရှိကြတော့လို့လား..။မိဘတွေရဲ့ ကန့်ကွတ်ခြင်းကိုတောင်လွန်ဆန်လို့ သူတို့နှစ်ယောက်က အချစ်တွေနဲ့ပင် လက်တွဲခဲ့ကြတာမလား...။ဒါဆိုဘာလို့လဲ....။ဘယ်အရာကသူတို့ကိုလမ်းခွဲရမယ့်အဓိကကြောင်းပြချက်လဲ...။

ဖြေရှင်းချက်လိုချင်နေသေး၍ ဖုန်းကို အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ကိုင်သူမဲ့တဲ့ဖုန်းလေးကတော့ ယခုထက်ထိပြန်ကြားပေးမည့်သူမရှိသေးပေ....။အရူးမီးဝိုင်းသလိုပူလောင်လာတဲ့ စိတ်အစဥ်​​ကြောင့် ရေကရားထဲမှရေကို ခွက်ထဲသို့လောင်းထည့်လိုက်သည်...။ဖိတ်တစ်ဝက် ဝင်တစ်ဝက်နဲ့ ရေခွက်ထဲက ရေအနည်းငယ်ကိုသာ အငမ်းမရမော့သောက်လိုက်မိသည်...။တုန်ရီနေတဲ့ လက်တစ်စုံဟာ ဖန်ခွက်တစ်လုံးကိုတောင် ဆုတ်ကိုင်ဖို့အားနည်းစွာပဲ လွှတ်ချလိုက်မိသည်...။

ကွဲကြေနေတဲ့ ဖန်စတွေကိုကြည့်ပြီး သူတွေးလိုက်မိတယ်...။မင်းမရှိရင်...ငါ့ဘဝကဒီလိုကြီးပဲဖြစ်နေမှာ....။

ကြမ်းပြင်ပေါ်ပြန့်ကျဲနေတဲ့ ဖန်ကွဲစတစ်ခုကိုကောက်လို့လက်ကောက်ဝတ်ပေါ်တင်လိုက်သည်...။ခပ်ကြမ်းကြမ်းဖိဆွဲလိုက်ရင်တော့ဖြင့် သွေးတွေက လှပနေမှာလား...။

အတွေးတို့နဲ့အတူ လက်ကောက်ဝတ်ပေါ်တင်ထားတဲ့ ဖန်ကွဲစလေးကို ဖိဆွဲချလိုက်တယ်...။တစ်စိမ့်စိမ့်ထွက်လာတဲ့ သွေးတစ်ချို့ကြောင့် လက်ကောက်ဝတ်လေးက အနီရောင်ရောယှက်လို့လှပနေခဲ့တယ်....။

ငါက ကျန်ခဲ့တဲ့သူမဖြစ်ချင်ဘူး...ထားသွားတဲ့သူပဲဖြစ်ချင်တာ ကိုကိုရဲ့...။
.
.
_____🌃

"သနားစရာလေး..."

ဇာတ်လမ်းကဆွဲဆောင်နိုင်လွန်းတာမို့ Jungkookတို့ကွန်ပျူတာရှေ့တင်ပဲ မျက်ရည်နဲ့ မျက်ခွက်...။မင်းသမီးက သေသွားတာ..သိပ်ကိုမှသနားစရာကောင်းလွန်းတယ်မို့လား...။အချစ်ကြီးလွန်းလို့ အမြတ်လည်းကြီးခဲ့တာ...။သူက မချစ်တော့ဘူးဆိုရင်တောင် ကိုယ်ကပဲထားသွားမှာ ကိုယ့်ကိုထားသွားမှာတော့လုံးဝမလိုချင်ဘူး...။

မင်းသမီးရဲ့ ဖြစ်အင်ကို မျက်ရည်မျက်ခွက်နဲ့
ကြည့်နေရင်း Jungkookလက်မထောင်ပြလိုက်သည်...။မကြီးရဲ့အချစ်ကို သားသိပ်လေးစားသွားပြီ...။

ထို့နောက် ဖောက်ပြန်နေပါတဲ့ မင်းသားဘက်ကို ဒေါသလှည့်သည်...။ဒီလောက် ထက်မြတ်ပြည့်စုံနေပြီး မင်းဘဝကြီးကို ကောင်းကောင်းလမ်းပြပေးနိုင်သူကို ဘာကြောင့် ပစ်သွားနိုင်ရတာလဲ...။နောက်ကောင်မကရော ဘယ်လောက်ပုံလာမှာမို့လို့ နောက်လူကိုရွေးချယ်ရတာလဲ...။

နောက်လူ....နောက်လူ...။

ဇာတ်လမ်းထဲကို စိတ်တို့နှစ်မြုတ်ထားရာမှရုတ်တရက် Jungkookသတိရမိသွားသည်...။Jin hyungကရော...Jin hyungကသူ့ကိုပစ်ထားတာ တစ်ပတ်မကတော့ဘူး...။မနက်ဘက်တွေမှာ သူမနိုးခင်ကတည်းက ထွက်သွားတတ်ပြီး ညဘက်တွေဆို သူအိပ်ပျော်တတ်တဲ့အချိန်မှပြန်ပြန်လာတတ်တဲ့ Jin Hyungကရော...။

အရင်ကလို တီတီတာတာပြောချိန်တောင်မရှိပဲ သူအနားလာတာနဲ့ ရှောင်ရှောင်ထွက်သွားတတ်တဲ့ Jin hyungကရော...။တွေးနေရင်းနဲ့ Jungkookမျက်ရည်တွေဝိုင်းလာရသည်...။အကယ်၍...အကယ်၍ပေါ့...Jin hyungမှာသာ နောက်တစ်ယောက်ရှိနေသေးရင်...။

ဟင်အင်း..ဟင်အင်း..Jin hyungကသူတစ်ယောက်တည်းကိုချစ်တာ.. ။ခြောက်နှစ်နီးပါးလောက် သူရစ်သမျှ ဆိုးသမျှကို ပြုံးပြုံးကြီးသည်းခံနားလည်ပေးတတ်တဲ့ Jin hyungက သူ့ကိုသိပ်ချစ်တာ သူအသိ...မဟုတ်...တလောကလုံးအသိ...။

ဒါဆို Jin hyungက ဘာလို့လဲ...။ဘာလို့အစကနဲ့မတူပဲ ပြောင်းလဲလာနေတယ်လို့သူခံစားရတာလဲ...။မဟုတ်မှလွှဲ..သူ့ကိုစိတ်ကုန်နေလို့များ..။

"မဟုတ်ဘူး..."

ဇာတ်လမ်းကြည်​ပြီးခါစမို့ ပေါက်ကရတွေးတာ...ဟုတ်တယ်...Jeon Jungkookပေါက်ကရမတွေးစမ်းနဲ့..Jin hyung ကမင်းကိုသိပ်ချစ်တာသိတယ်မလား....။

သိပေမယ့်....သိပေမယ့်လည်း...။

တစ်ယောက်ထဲ ခေါင်းငြိမ့်ခေါင်းခါလုပ်နေတဲ့ Jungkookအိပ်ယာပေါ်မှာ စောင်လေးနဲ့ လုံးထွေးနေပြီး ဒူးနှစ်ဖက်ကို ပိုက်လို့ မျက်ရည်မကျအောင် အတင်းထိန်းနေရရှာတယ်...။မကျအောင် ထိန်းထားတဲ့ မျက်ရည်တွေကြောင့်မျက်ဝန်းအိမ်လေးက ခပ်ရွှဲရွှဲ...။အရည်ကြည်တွေ တလဲ့လဲ့တောက်ပနေတဲ့ မျက်ဝန်းအိမ်ကလေးက စိန်ရောင်တွေတောက်နေသလိုမျိုး..ခပ်ဝိုင်းဝိုင်းမျက်ဝန်းပေါက်လေးက ပိုမိုဝိုင်းစက်နေကာ စိုးရိမ်စိတ်တချို့ကြောင့် မျက်ခုံးတို့ကလည်း အနည်းငယ်မြင့်တက်နေသည်...။

"ဖုန်း..ဖုန်းရော..ဖုန်းဆက်ကြည့်ရမယ်..ဟုတ်တယ်..."

စိတ်ဆိုးတုန်းက လွှင့်ပစ်မိပါတဲ့ ဖုန်းလေးကို ကုတင်ပေါ်ကပြေးဆင်းလို့ကမန်းကတန်းပြေးရှာရတယ်...။ကုတင်ခြေရင်းနားလေးမှာ ပစ်စလက်ခက်ဆန်စွာ ပြုတ်ကျနေတဲ့ဖုန်းကိုကောက်ကိုင်လို့ အလွတ်ရနေတဲ့ ဖုန်းနံပါတ်လေးကိုနှိပ်လိုက်တယ်...။

အကြိမ်ကြိမ်ခေါ်နေပေမယ့် စက်ပိတ်ထားတာနဲ့ပဲ တိုးနေတဲ့ ဖုန်းသံလေးကြောင့် Jungkookထိန်းထားသမျှ မျက်ရည်တွေက ပိုးပိုးပေါက်ပေါက် ပါးပြင်ပေါ် အလုအယက်ပြေးဆင်းလာကြသည်...။

စက်ပိတ်ထားပါသည်လို့သာရေရွတ်နေတဲ့ ဖုန်းကိုဒေါသထွက်ထွက်နဲ့ ဆက်မခေါ်တော့ပဲ အတွင်းရေးမှူးဖြစ်တဲ့ Namjoon hyungဖုန်းကိုသာခေါ်လိုက်ရသည်...။

"Hello...jungkookie ပြော.."

"Hyung..Jin hyungရော..jin hyungဘယ်မှာလဲ..."

ရှိုက်သံတစ်ဝက်နဲ့ လုံးထွေးစွာပြောနေတဲ့ Jungkook အသံကြောင့် Namjoon ကြောင်အကာ ဖုန်းကို နားအနားကပ်ထားရာမဗခွာလို့ ပြန်ကြည့်လိုက်သည်..။သေချာပေါက် ဒါကJungkookဖုန်းပါပဲ... ။

"Jungkookie..ဘာဖြစ်တာလဲ hyungကိုပြော..Jin hyungကတော့မအားသေးဘူးကွ အစည်းဝေးရှိနေတယ်."

"ပြန်လာ..အခုပြန်လာလို့ပြောပေး.."

"မရလောက်ဘူးJungkookieရဲ့ အစည်းဝေးက အခုမှ စခါစလေး နောက်ပြီး တစ်ဖက်လူကလည်း နည်းနည်းအရေးကြီးနေတယ်...နော်...လိမ်မာပါတယ်...နော်..."

"အားးးမလိုချင်ဘူး..Jin hyungကိုခေါ်ပေးဆိုဗျာ.."

"Kookie!! "

"ဟင်.."

တစ်ဖက်ကနေ ခပ်မာမာပြန်ခေါ်လိုက်တဲ့လေသံက Namjoon hyungလေသံမဟုတ်တော့မှန်းသူသိသည်...။

"Jin hyung...ကျွန်တော်.."

"မင်းဘယ်လိုဖြစ်နေတာလဲ Kookie...အလုပ်ချိန်ကြီးနော်..မင်းမနှောင့်ယှက်စမ်းနဲ့..နောက်တစ်ခါထပ်ဆက်လာရင် ငါ့အဆိုးမဆိုနဲ့နော်..."

တိခနဲ ပျက်သွားတဲ့ လေသံနဲ့အတူ ကျသွားပြီဖြစ်တဲ့ ဖုန်းလိုင်းလေး...။နားထပ်မှာ ဖုန်းကိုကပ်ထားရပ်ကနေ Jungkookကြောင်ကြောင်ကလေးမတ်တပ်ရပ်နေမိသည်...။

Hyungက အော်တာ...။Jin hyungကသူ့ကိုအော်တာ...။

တွေးတွေးပြီးဝမ်းနည်းလာတာမို့ jungkookကြမ်းပြင်ပေါ်ပဲ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်...။တလှိမ့်လှိမ့်နဲ့ မျက်ရည်တွေကျနေတာဟာ သူငိုနေတာမဟုတ်ဘူး...ဝမ်းနည်းလွန်းလို့ သူ့ဘာသာကျလာတာ...။

ဖုန်းလေးကို ကျစ်ကျစ်ပါအောင်ကိုင်လို့ အံကိုတင်းတင်းကြိတ်ထားကာရှိုက်သံမထွက်အောင် ငိုနေခဲ့တယ်...။သူသိပ်ဝမ်းနည်းတယ်...။သူ့ကိုမျက်နှာတစ်ချက်ညှိုးရင်တောင် ရင်နာရပါတယ်ဆိုတဲ့ Jin hyung...။ဆူဖို့မပြောနဲ့ တစ်ခါလေးတောင် လေသံမာမာနဲ့ မပြောဖူးတဲ့ Jin hyungက အခုတော့ သူ့ကို အော်လိုက်ပါသတဲ့...။

ဟားးးအားလုံးကပေါက်ကရတွေပဲ...။အားလုံးက လိမ်တာတွေကြီးပဲ...သေလောက်အောင် ချစ်ခဲ့အလိုလိုက်ခဲ့လဲ နောက်ဆုံးတော့စိတ်ကုန်နိုင်တာပဲ..။သူကသာအရူးကြီးလို Jin hyungကတော့ မပြောင်းလဲဘူးလို့ထင်ခဲ့တာ...။သူမေ့ခဲ့တာ...Jin hyungကလည်းလူတွေထဲကလူပဲလေ...။ပြောင်းလဲနိုင်တာပဲ...။ဟက်...Jeon Jungkookမင်းသိပ်ရူးတာပဲ...။

________🌃

"Hyung...ဘာလို့ကလေးကိုသွားအော်လိုက်ရတာလဲ...ဟိုက ငိုသံကြီးတွေနဲ့ ဖုန်းဆက်လာတာကို..ပြဿနာတစ်ခုခုဖြစ်လားမှမသိတာ..."

Seokjin hyungပစ်ပေးလာတဲ့ ဖုန်းကိုလှမ်းဖမ်းရင်း ပွစိပွစိရေရွတ်နေလိုက်တယ်...။တကယ်ပဲ အလိုလိုက်ပြီးသည်းသည်းလှုပ်တုန်းကလဲ သူပဲ...အခုကျတော့ ဖုန်းလေးဆက်တာကို ဒီလောက်ထိအော်လိုက်စရာလိုလား...။

Namjoonရဲ့ အပြောတွေကို ပြန်လည်တုံ့ပြန်ခြင်းမရှိပါပဲ Seokjinနားထင်ကိုသာလက်အသာထောက်လို့ ခေါင်းကိုက်ခြင်းကို ဖြေလျှော့နေရသည်...။ပြောချင်ရာပြောနေတဲ့ အတွင်းရေးမှူးက ကိုယ့်ရဲ့ညီဆိုတော့လဲ အော်ထည့်ပစ်လိုက်ရင်တောင် ကိုယ့်ကိုကြောက်မှာမဟုတ်ပဲ ဟိုကလေးဘက်ကနာနေမှာ သူသိတာမို့ ပြန်မပြောတော့ခြင်းသာ...။တကယ်ကိုလေ...ပွစိပွစိပြောနေမယ့်အစား သံပုရာရည်လေးတစ်ခွက်လောက်သာရရင် Seokjinတို့Namjoonကို ဘောက်ဆူးကြီးကြီးကိုပေးလိုက်အုံးမှာ...။

"တော်ပါတော့ Namjoonရာ..ငါ့ကလေးအကြောင်းငါသိတယ်..ငိုသံဆိုတာကလည်း dramaကားကြည့်ပြီးတော့ ခံစားနေရတာပဲ ဖြစ်မှာ..အခုတလော အဲ့ကလေးက dramaတွေနဲ့ အfeelတစ်လိုင်းဖြစ်နေတာ...ငါ့ကလေးအကြောင်းသာ အားလုံးသိ​ရင် မင်းကိုပဲပေးလိုက်တော့မယ်..အခုတော့ ပွစိပွစိရေရွတ်နေမယ့်အစား ငါ့ကိုသံပုရာရည်လေးသွားဖျော်ပေးစမ်းပါ.."

ဘေးနားကနေ ရေရွတ်လို့မပြီးနိုင်တော့တဲ့ Namjoonကြောင့် Seokjin ပ,ထုတ်လိုက်ရသည်...။မဟုတ်ရင် အလုပ်ကြောင့် ခေါင်းမူးရတာတစ်ဖက် သူ့ကြောင့်နားပူရတာတစ်ဖက်ဆို အဆင်ပြေမှာမဟုတ်ဘူး...။

ပြောလို့မဝသေးတဲ့ Namjoonကလည်း အကိုဖြစ်သူရဲ့ ဝေဒနါက ပြ​င်းထန်ပုံရတာမို့သံပုရာရည်ဝယ်ရန် ရုံးအောက်သို့ဆင်းလာရသည်...။အမှန်ဆို သူဒီ့ထက်ပိုပြောချင်တာ...ဟိုဘက်ကKookieရဲ့ ရှိုက်သံတွေက ဘယ်လိုတောင် တုန်ရီနေခဲ့တာလဲဆိုတာ သူအသိ...။တစ်အိမ်လုံးက အူတုန်၊သဲတုန်လေးဖြစ်နေရတဲ့ Kookieက ဒီလောက် သည်းသည်းထန်ထန်ငိုနေတာကို ommaသာသိရင် Seokjin hyungဘဝကြီးက မတွေးရဲစရာ...။သူပြောတာထက် 10ဆမက ပြန်ပြောနေမယ့် ommaအကြောင်းတွေးကြည့်ရုံနှင့် Namjoon ကြက်သီးထလာရသည်...။

ဟူးးးတစ်ကိုယ်တည်းသမားဘဝကပဲကောင်းပါတယ်...။

တွေးပြီးခါမှ Namjoonမျက်လုံးထဲမှာ လုံးဖောင်းဖောင်းနဲ့မျက်လုံးတွေပျောက်အောင်ရီတတ်တဲ့သူ့ရဲ့ကလေးငယ်ကို ပြန်မြင်လာတယ်...။

"အင်း..Minလေးနဲ့ဘဝကပဲ အေးချမ်းတယ်.."
_______🌃

နေ့လည်လောက်ကတည်းက ကုတင်ခြေရင်းမှာ ပစ်စလက်ခက်ထိုင်ချထားတဲ့ Jungkookက အခုထက်ထိမထရသေး..။အချိန်ကိုကြည့်မိရင် 5နာရီလောက်ရှိနေရော့မည်ထင်သည်...။အနည်းဆုံးသူတိုင်နေခဲ့တာ 3နာရီလောက်ပေါ့...။

ဗလာကျင်းနေတဲ့ စိတ်အစဥ်ကိုပြင်ဆင်ကာ သူမတ်တပ်ရပ်ဖို့ကြိုးစားလိုက်သည်...။အချိန်အတော်ကြာ ထိုင်ထားတာမို့ ကွေးထားတဲ့ ဒူးတွေကို ဆန့်ထုတ်လိုက်ချိန်မှာ အဆစ်တွေကနေ အသံတွေပါမြည်လာသည်...။ထိုင်နေတုန်းကမသိသာပေမယ့် အခုသူ အတော့်ကိုညောင်းနေပြီဖြစ်သည်...။

ငူငူကြီးနဲ့ တစ်လှမ်းချင်းလျှောက်လာရင်း အခန်းထဲကိုဝေ့ဝဲကြည့်လိုက်သည်...။ကုတင်ခေါင်းရင်းမှာ ဖန်ဓာတ်ပုံဘောင်လေးထဲ ထည့်ထားတဲ့
မဂ်လာဓာတ်ပုံလေးက ပနံသင့်သင့်ရှိနေသည်..။ဖြူစွတ်စွတ် လက်ထပ်ဝတ်စုံနဲ့ သူတို့နှစ်ယောက်က သိပ်ကိုမှ ပျော်ရွှင်နေခဲ့တာဖြစ်တယ်...။

ဓာတ်ပုံလေးကို ကျောခိုင်းလို့ သူအိမ်ပြင်ထွက်လာလိုက်သည်...။ချောက်ကပ်ကပ်အိမ်ကြီးက သူ့ကို ထပ်ငိုပါအုံးလားလို့ အားပေးအားမြှောက်လုပ်နေသလို...။

"Jungkookie..."

အိမ်ရှေ့ဘက်ကအော်ခေါ်သံကြောင့် Jungkookလှည့်ကြည့်လိုက်သည်...။အိမ်ထဲကိုဝင်လာသူက Jin hyungရဲ့ညီ Taehyungie hyung...။မျှော်နေရသူမဟုတ်တာမို့ အဖတ်မလုပ်စွာပဲ တစ်ဖက်ကိုပြန်လှည့်လိုက်သည်...။သူမျှော်နေတာ Jin hyungကို...။

"Jungkookie..အယ်.."

Taehyungခေါ်နေတာကို ပြန်မထူးတဲ့အပြင်တစ်ဖက်ကိုပါလှည့်သွားတာမို့ Taehyungစိတ်ဆိုးစွာ Jungkookရှေ့တည့်တည့်ရပ်လိုက်တော့ ဖောင်းအစ်နေတဲ့ မျက်လုံးတွေနဲ့ Jungkookကိုတွေ့လိုက်ရတယ်...။ရုတ်တရတ်မို့ကြောင်အနေချိန်တောင်မရပဲ သူJungkookရဲ့ လက်ကိုဆွဲလို့ မျ​က်နှာပြေးသစ်ပေးရသည်...။ဖောင်းအစ်နေတဲ့မျက်လုံးအစုံကိုကြည့်ပြီး သူပင် မျက်လုံးတွေကိုက်လာရသည်...။

"Jungkookie..ဘာဖြစ်တာလဲ..ပြောစမ်းပါ.."

မျက်နှာသစ်ပေးပြီးတာနဲ့ဆိုဖာပေါ်မှာ ရုတ်တည်ကြီးနဲ့ထိုင်နေတဲ့ Jungkookအနားမှာထိုင်လို့ Taehyungပြောနေသော်လည်း ဟိုကလေးကတော့ဖြင့်သူ့ကိုအဖတ်တောင်မလုပ်...။

"Jungkookie..."

"အော်တာ...Jin hyungက..သားကို...အော်တာ.."

သူ့ကိုဖြေနေတာမျိုးလဲ မဟုတ်ပါပဲ Jungkookကတစ်ယောက်ထဲ ရေရွတ်သလိုပြောနေတာဖြစ်တယ်..။ပြောပြီးတာနဲ့ မျက်ရည်တွေဝိုင်းလာပြန်ပါတဲ့ Jungkookကြောင့် Taehyungမှာ ထိပ်ထိပ်ပြာပြာ...။

"ဒါမျိုးကလေးကိုလုပ်လို့ရမလား..လာJungkookie...စာရင်းသွားရှင်းမယ်.."

"ဟင်အင်း..မသွားဘူး.."

Taehyungကလက်ဆွဲလို့ သွားမယ်တကဲကဲလုပ်နေတာကို ရုန်းနေတဲ့ Jungkookကြောင့် Taehyung ဆက်မဆွဲတော့ပဲ လွှတ်လိုက်သည်။အင်းပေါ့လေ..ကာယကံရှင်ကမှမသွားချင်တာ..။ဒီကိစ္စကိုဖြေရှင်းဖို့ တစ်နည်းနည်းတော့ရှိတယ်မလား..။ရှိလောက်မှာပါ...။

အချိန်အနည်းငယ်မျှစဥ်းစားပြီးတဲ့ကာလမှာ Taehyungခေါင်းထဲပေါ်လာတာက omma..။ဟုတ်တယ်..Ommaသာမေးရင် တစ်ပတ်လုံးလုံး Jungkookieကို ဘာလို့ရှောင်နေတယ်ဆိုတာ ပြန်ဖြေမှာပဲလေ..။

"သွားမယ်.."

"ဟင်..မသွားဘူး..Jin hyung စိတ်အနှောင့်အယှက်ဖြစ်လိမ့်မယ်..."

"မဟုတ်ဘူး..Ommaတို့ဆီသွားရအောင်..အကူညီတောင်းကြမယ်.."

"ဘာကို အကူညီတောင်းမှာလဲ.."

Taehyungပြောတာကို နားမလည်သလိုလေးပြန်မေးနေတဲ့ Jungkookကို ဆက်ရှင်းပြမနေတော့ပဲ ကိုင်ထားတဲ့ လက်ကိုဆွဲလို့ ကားပေါ်ခေါ်တင်လာတော့သည်...။လမ်းတစ်လျှောက်လုံးလည်း ဘာစကားမှမဆိုသလို ဘယ်ကိုမှလဲ မကြည့်ပဲ ကားမှန်ဘက်ကိုသာ ခေါင်းလှည့်ထားပြီး ငူငူကြီးလိုက်ပါလာတဲ့Jungkookကိုကြည့်ပြီး Taehyungမှာ စိတ်မကောင်း..။Hyungကဘယ်လောက်တောင်ပစ်ထားလို့ ကလေးက ဒီလောက်ဝမ်းနည်းနေတာလဲ...။

_______🌃

"ဟယ်...သားငယ်လေးKookieလာလည်တာလား.."

သူတို့ခြံထဲ ဝင်လိုက်ကြတယ်ဆိုရင်ပဲ ခြံထဲက ပန်းခြံအသေးလေးမှာ ထိုင်နေကြတဲ့ Kim ommaနဲ့ သူမရဲ့ညီမဖြစ်သူ Kim Yoowooကို တွေ့လိုက်ရတယ်...။

"မဟုတ်ဘူး ommaသားခေါ်ခဲ့တာ..အန်တီyoonwoo ရောက်နေတာပဲ.."

"အင်း..."

Taehyungက ommaနဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ အဒေါ်ဖြစ်သူကို နှုတ်ဆက်လိုက်တယ်...။အမှန်ပြောရရင် Taehyungသူမကိုသဘောမကျဘူး...။လိုအပ်မှသာ အပူလာကပ်လေ့ရှိတဲ့ ဒေါ်လေးဖြစ်သူက အခုလည်း အကျိုးလိုလို့ညောင်ရေလာလောင်းတာပဲနေမှာ...။

နောက်ပြီး သူတို့ဝင်လာတာမြင်တဲ့ ဒေါ်လေးက Taehyungနောက်မှာပါလာတဲ့ Jungkookieကိုကြည့်ပြီး မျက်နှာမှာ အလိုမကျမှုတွေ ထင်းနေတာကို Taehyungအပါအဝင် ommaကရောသတိထားမိတယ်...။

သူမက Seokjin hyungကို သူမရဲ့ အသိသမီးတစ်ယောက်နဲ့ ငြိစွန်းစေချင်တာ..။သူမနဲ့ အရင်းနှီးဆုံးသူငယ်ချင်း သူမနဲ့တစ်လှေတည်းစီးမယ့် သူရဲ့သမီးနဲ့ Seokjin hyungကို သဘောတူစေချင်ခဲ့တာဖြစ်တယ်...။ဒါကြောင့်လည်း Ommaနဲ့Appaကအစ သဘောတူတဲ့ လက်ထပ်ပွဲကို သူမက အပြင်းအထန်ကို ကန့်ကွတ်ခဲ့တာ..။

ဒါတွေကို သိတဲ့ Jungkookက Taehyungမျက်နှာကို တစ်ချက်ကြည့်လို့ ခေါင်းငုံ့သွားခဲ့တယ်..။Jungkookက အထိမခံတဲ့ လူစားပေမယ့် Seokjin hyungနဲ့ ပတ်သတ်နေရင် သူ့ကို သက်သက်မဲ့ တက်နင်းသွားရင်တောင် ပြုံးပြနေမယ့် လူစားမျိုးဖြစ်နေတယ်...။သူ့ကိုထိရင် နည်းနည်းလေးမှ သည်းခံမှုမရှိတဲ့ Jungkookက Seokjin hyungနာမည်ပါလာရင် ကမ္ဘာတစ်ဆုံးထိ သူ့ကို နှိပ်စက်နေရင်တောင် အသံတိတ်နေမယ့်လူစားမျိုးသာဖြစ်တယ်...။

အခုလည်း သူက Ommaဘေးနားမှာ ဝင်ထိုင်ကာ Jungkookကလည်း Taehyungဘေးနားဝင်ထိုင်လိုက်တယ်...။

"ပြောပါအုံး..သားငယ်က မလာစဖူး..ommaကိုသတိရလို့လား.."

Ommaက သူမရဲ့ မတွေ့ရတာကြာပြီဖြစ်တဲ့ ချစ်သည်းညှာလေးကို ပါးလေးဆွဲလို့ ဆိုတယ်...။Jungkookကသူတို့ Kim အိမ်တော်တစ်ခုလုံးရဲ့ အူတုန်သဲတုန်လေးဖြစ်တယ်...။Seokjin hyungကတော့ပိုတာပေါ့လေ...။

"မဟုတ်ဘူး omma...အပူကပ်စရာရှိလို့.."

ဘာလို့ရောက်လာမှန်းတောင် မသိတဲ့ Jungkookက ommaရဲ့အမေးကိုခေါင်းသာခါပြတယ်...။ဒါကြောင့်မို့ ဦးဆောင်သူ Taehyungကပဲ ရှင်းပြဖို့ပြင်ရတယ်...။အလုံးစုံပြောပြပြီးတဲ့ အခါမှာ ommaကအလိုမကျမှုနဲ့ မျက်မှောင်ကျုံ့ထားတယ်...။ထို့နောက် Jungkookဘက်ကိုလှည့်လို့..

"နေပါအုံး..Kim Seokjinကသားငယ်ကိုပစ်ထားတယ်ပေါ့...ဘယ်လောက်ကြာပြီလဲ.."

"ပစ်ထားတယ်လို့လည်းမဟုတ်ပါဘူး..Jin hyungကတကယ်မအားတာပါ..ဒီနေ့တောင် အကျိုးတူပူးပေါင်းတဲ့သတင်းတွေတက်လာသေးတယ်လေ...ဟုတ်တယ်မလား"

အတည်ပေါက်ကြီးတွေပြောနေတဲ့ Jungkookက Taehyungကိုပါ စစ်ကူတောင်းသလိုကြည့်လာတယ်...။Taehyungကတော့ ommaဘက်တော်သားမို့လို့ နှုတ်ခမ်းလေးအနည်းငယ်မဲ့ပြီး ခေါင်းကို ဖြည်းညှင်းစွာခါပြလိုက်တယ်...။

"အို...ဘယ်လိုပဲ မအားဘူးဆိုဆိုပေါ့..ကလေးကို
တော့အချိန်ပေးသင့်တာပေါ့လေ..."

Ommaကမကျေမနပ်နဲ့ ရေရွတ်တယ်...။သူမ
ကြည့်ရတာ သားဖြစ်သူကို အခုချက်ချင်း နားရွက်ကနေဆွဲလိမ်ပြီး ဆုံးမချင်နေတဲ့ အရိပ်အယောင်တွေအပြည့်နဲ့...။

"အို...ဒါကရှင်းပါတယ်...ရိုးသွားတာပဲနေမှာပေါ့..ဘယ်လိုပဲ ချစ်တယ် ပြောပြောလေ..ယောကျာ်းလေးနှစ်ယောက်နဲ့ ထူထောင်ထားတဲ့ အိမ်ထောင်ရေးက ဘယ်လိုလုပ်ပြီး မြဲနိုင်မှာလဲ...ကြာရင်ရိုးသွားမှာ အသိသာကြီး.."

"Yoonwoo..နင်တိတ်စမ်း.."

ဒေါသကြောက့် နီစပြုနေတဲ့ မျက်နှာနဲ့ Kim ommaက သူမညီမဖြစ်သူကို လှမ်းတားတယ်..။သူမဘာသာ သူမသားတွေကိုဆုံးမသင့်ရင် ဆုံးမမယ်..ကြားလူက ဘာဘာညာညာညာလာပြောတာမျိုးကိုတော့ သာမလက်မခံနိုင်...။အပြောလည်းမခံနိုင်ပေ...။

"မမ..ငါပြောနေတာမှားလား.ဆက်ဆံမှုကလွဲ..ဘာမှမရှိနိုင်တဲ့ အိမ်ထောင်ရေးကြီးပဲလေ..ကလေးမရှိဘာမရှိတဲ့ အိမ်ထောင်ရေးက ရေရှည်ဘယ်လို သာယာမလဲ..နင်မသိတာလား.."

"နင်တိတ်လိုက်တော့..နင့်ရဲ့ ညစ်ညမ်းတဲ့ အတွေးတွေနဲ့ ပြည့်နေတဲ့စိတ်ကို ဒီမှာပဲ ရပ်ပြီး နင်ထွက်သွားတော့...ငါ့ညီမဆိုတဲ့ မျက်နှာလေးထောက်နေလို့ အိမ်ထဲဝင်ခွင့်ကတာ မာန်လာတက်ပြမနေနဲ့..ငါသာစိတ်ပါရင် နင့်ကို ဒီခြံထဲမှာပဲ ငါကိုယ်တိုင် လက်စဖျောက်လိုက်လို့ရတယ်.နားလည်လား..ငါ့ကလေးတွေကို ငါဆုံးမမယ်..နင်က လာပြီး အလင်းပြနေစရာမလိုဘူး...ထွက်သွား.."

"မမ...ငါပြောတာက ဘာမှား..."

"နင်အခု ခန္ဓာနဲ့ဝိဉာဥ်ကပ်ပြီးထွက်သွားမလား..
ဝိဉာဥ်သက်သက်နဲ့ ထွက်သွားမလား..."

ခြံတံခါးကို လက်ညိုးတွင်တွင်ထိုးလို့ ပြောနေတဲ့ Kim ommaဟာ ဒေါသတွေနဲ့ ပြည့်နှက်နေပြီး စူးရဲတဲ့ အသွင်ကိုအပြည့်အဝဆောင်တယ်...။အသက်ကို ခပ်ပြင်းပြင်းရှူနေကာ အံကိုတင်းတင်းကြိတ်ထားတယ်...။

ဒေါ်လေးကတော့ မကျေမနပ်နဲ့ တောက်တစ်ချက်ခေါက်လို့ ထထွက်သွားတယ်...။Ommaက သူမညီမဘယ်လိုထွက်သွားလဲတောင်သတိမထားနိုင်ဘူး...။ဒီညစ်ညမ်းတဲ့ အတွေးတွေနဲ့ သူမကလေးတွေကို​ပြောလိုက်တာကိုပဲ ဒေါသထွက်မဆုံးဖြစ်နေတယ်...။

"Kim Seokjinကိုဖုန်းခေါ်လိုက်..."

သြဇာအပြည့်နဲ့ Kim ommaအသံအဆုံး အိမ်တော်ထိန်းကြီးကလည်း Seokjinကို ဖုန်းအမြန်ဆက်ရတယ်...။တစ်ဖက်က ဖုန်းကိုင်လိုက်တယ်ဆိုရင်ပဲ Kim ommaက ဖုန်းကိုတောင်းလိုက်တယ်...။

"Seokjin...အိမ်ကိုအမြန်ပြန်လာခဲ့.."

". ......''

"အခုချက်ချင်း!! "

ရုတ်တရက်ထအော်တဲ့ ommaကြောင့် Jungkook နဲ့Taehyungမှာ ခပ်ကုပ်ကုပ်လေးငြိမ်နေကြရာမှ ပခုံးကိုယ်စီ တွန့်သွားကြသည်...။ဘာအသံမှ မထွက်ပဲ သူတို့နှစ်ယောက်လဲ ငြိမ်ငြိမ်ကလေးသာထိုင်နေကြတယ်....။Ommaက အတည်ကြီးကြောက်ဖို့ကောင်းပါတယ်...။

မကြာလိုက်တဲ့ အချိန်မှာ ခြံထဲကို မြန်ဆန်စွာ မောင်းဝင်လာတဲ့ ကားတစ်စီး...။Jungkookက မျက်လုံးလေးဝင့်ပြီး ကြည့်လိုက်တော့ Jin hyungကားဖြစ်နေတယ်...။သူအခုမှသိတယ်...သူ့အမျိုးသားအလုပ်သွားလိုက်တာ Suit အနက်ရောင်နဲ့ သန့်လို့ပြန့်လို့ပင်...။ဒါဟာ Jungkookကို Seokjinကို ဒီနေ့အဖို့ပထမဆုံးတွေ့တာဖြစ်တယ်....။

"Omma ဘာပြောစရာရှိ..kookie!..."

"Hi...Jin hyung..."

ခပ်မြန်မြန်ဝင်လာတဲ့ Jin က ခုံပေါ်မှာထိုင်နေတဲ့ ommaကိုပဲ မြင်ပြီးဘေးနားထိုင်နေတဲ့ အိမ်က ကလေး​ကို မမြင်ခဲ့တာအတည်ပင်ဖြစ်တယ်..။သူခေါ်လိုက်တော့ Jungkookက ခပ်ကုပ်ကုပ်ထိုင်နေရာက ရီပြပြီး လက်ကလေးပင်ပြန်ပြနေသေးတယ်...။ဘာကိစ္စကြောင့် သူ့ကလေးက ခပ်ကုပ်ကုပ်ထိုင်နေရတာလဲ...။

"ထိုင်စမ်းပါအုံး ကိုယ်တော်ချောရယ်..ထိုင်စမ်းပါအုံး..."

ကြောင်တောင်တောင်ဇာတ်ခင်းနေတဲ့ သားဖြစ်သူကို သူမစိတ်မရှည်စွာခေါ်လိုက်ရတယ်...။ထိုအခါမှသာ Kim Seokjinက ommaနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်...။အကြည့်တို့ကတော့ Jungkookစီမှာတလှည့် မိခင်ဖြစ်သူစီမှာတစ်လှည့်နဲ့ ကြည့်နေတယ်...။

"ပြောစမ်းပါအုံး..ငါခေါ်တာတောင် အကြောင်းပြရအောင် မင်းအလုပ်က အဲ့လောက်အရေးကြီးနေလား."

"မဟုတ်ပါဘူးommaရဲ့..သားတကယ်ကြီး ထွက်လာလို့မရလို့ပါ..."

"ငါခေါ်တာက အဲ့လောက်အရေးမကြီးဘူး..အရေးကြီးတာက ဟိုမှာ..."

ပြောလည်းပြော လက်ညှိုးကလည်း ညွှန်ပြတာမို့ သူလှည့်ကြည့်လိုက်သည်...။ommaလက်ညှိုးညွှန်ပြတာက Taehyungဘေးနား ကပ်ကာထိုင်နေပါတဲ့ Kookieစီမှာ...။

"နင်က ကလေးကိုဘယ်လောက်တောင်ပစ်ထားလို့​ကလေးက ဝမ်းနည်းနေရတာလဲ ငိုလွန်းလို့ဖောင်းနေတဲ့ မျက်လုံးတွေကိုကြည့်ပါအုံး..ငါ့ကလေးက ဘယ်လောက်တောင်ဝမ်းနည်းနေခဲ့လဲ.."

ommaစကားကြောင့် SeokjinကKookieကို
လှည့်ကြည့်လိုက်တယ်...။ဖောင်းအစ်နေတဲ့ မျက်ခွံလေးတွေကို သူက kookieအိပ်ထားခဲ့တယ်လို့ ထင်နေခဲ့တာ...။

"နင် ကလေးကိုမိဘတွေစီကတောင်းတော့ ဘယ်လိုပြောခဲ့လဲ..တစ်သက်လုံးပြုံးနေစေရမယ်ဆို..ဒါလားပေးခဲ့တဲ့ကတိတွေက.."

"omma...သားရှင်းပြ..."

"ကွာရှင်းလိုက်..."

"ဗျာ..."

Seokjin မိခင် ဖြစ်သူကိုရှင်းပြဖို့ လုပ်နေချိန်နောက်နားစီက အသံကြားလိုက်ရတာမို့ လှည့်ကြည့်လိုက်သည်...။သူတို့နောက်မှာ suitအပြည့်နဲ့ ရပ်နေတဲ့ appa...။အေးအေးလူလူနဲ့ သူ့ကိုကွာရှင်းခိုင်းလိုက်တာ appaပေါ့...။

"ဘာစကားတွေပြောလိုက်တာလဲ appa.."

Seokjin ဖခင်ဖြစ်သူကိုစူးရဲစွာစိုက်ကြည့်လိုက်တယ်....။ခါတိုင်းဆို သူတို့အိမ်ထောင်ရေးပိုမိုအဆင်ပြေစေဖို့ လမ်းပြပေးခဲ့တဲ့ appaက ခုတော့ လွယ်လွယ်လက်လျှော့ခိုင်းတယ်တဲ့လား...။

"မင်းပင်ပန်းတယ်မဟုတ်လား..ကလေးတစ်ဖက် အလုပ်တစ်ဖက်နဲ့..ကွာရှင်းလိုက် ပြီးရင်မင်းလမ်းမင်းလျှောက်..Yoonwooပြောတာလည်းမမှားပါဘူး..."

"ဟင်အင်း...မကွာရှင်းပေးနိုင်ဘူး..အကယ်၍ Jin hyungကကွာမယ်ဆိုရင်တောင် သား..သားသေမှ"

"Kookie!! "

appaစကားမဆုံးခင် ဖြတ်ပြောပါတဲ့ Jungkookကို Jin hyungက အော်လို့တားတယ်..။ကျလုကျခင်မျက်ရည်တွေကိုထိန်းလို့ Jungkook..jin hyungကိုလှည့်ကြည့်လိုက်တယ်..။

မြင်လား...ကျွန်တော့်မျက်လုံးထဲမှာ ကျွန်တော်ခံစားနေရတဲ့အရာတွေကိုမြင်လား...။

Seokjin သူ့ကိုကြည့်နေပါတဲ့ kookieရဲ့အကြည့်တွေကို မခံနိုင်စွာပဲ သူမျက်နှာလွှဲလိုက်တယ်...။kookieရဲ့မျက်ဝန်းတွေက မျက်ရည်ကျဖို့မပြောနဲ့ မျက်ရည်လေးဝိုင်းရင်တောင်မှ သူ့မှာ နာကျင်ရတယ်...။

ထို့နောက်သူ့ရှေ့မှ appaကိုစူးစိူက်လို့ကြည့်လိုက်တယ်...။

"ကျွန်တော်တိုကိစ္စကို ကျွန်တော်တို့ဖြေရှင်းမှာမို့လို့ appaဝင်မပါပါနဲ့ အကြံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်..ကျွန်တော်က အသက်အရွယ်ရပြီးသား ယောကျာ်းသားတစ်ယောက်ဖြစ်တယ်.နောက်ပြီး ဦးနှောက် လည်းကောင်းတာမို့ appaရဲ့ အကြံကို ကျေးဇူးတင်စွာပဲ ငြင်းပါရစေ..omma ကျွန်တော်ပြန်တော့မယ်..အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်..."

Ommaကိုပါနှုတ်ဆက်ပြီး Kookieရဲ့ လက်လေးကိုဆွဲလို့ ထွက်လာလိုက်တယ်...။သူ့ကလေးကို မျက်ရည်ကျစေတဲ့ ဒီလိုနေရာမျိုးက မိဘအရိပ်အောက်ဆိုရင်တောင် သူနည်းနည်း​​မှ နေချင်စိတ်မရှိဘူး...။

Jungkookရဲ့ လက်ကိုဆွဲလို့ ကားပေါ်တက်ပြီး ခြံထဲကနေ အကြမ်းပတမ်းမောင်းထွက်သွားတဲ့ကားကိုကြည့်ကာ Kim ommaက စိတ်ဆိုးခြင်းများစွာနဲ့ Kim appaရဲ့ နားရွက်ကို လှမ်းဆွဲကာ လိမ်ပစ်လိုက်တယ်...။

"ရှင်ဘာတွေပြောလိုက်တာလဲ..သားငယ်လေးက ဘယ်လောက်ဝမ်းနည်းသွားတယ်ထင်လဲ ဟမ်..တွေ့လား သာငယ်ငိုသွားတာကိုရှင်တွေ့လား.."

"အား..နာတယ်...ကိုက သူတို့ပွင့်လင်းသွားအောင်ကူညီရုံပါ နောက်ကျရင် သားငယ်ကို ကိုယ်တိုင်ချော့လို​က်မယ်...လွှတ်ပါအုံး..TaeTae မင်းအမေကို ကူပြောပေးအုံး..အားး"

"မပြောပေးနိုင်ဘူး appaကိုသားလည်းစိတ်ဆိုးတယ်..omma ဒီအဖိုးအိုကြီးကို ဆုံးမပစ်လိုက်စမ်းပါ.."

သူ့ကိုမကူညီတဲ့အပြင် မိခင်ဖြစ်သူကိုပါမြှောက်ပေးနေပါတဲ့ သားငယ်ကြောင့် Kim appaမှာ ကူကယ်ရယမဲ့စွာ...။သူကစေတနာနဲ့ ကူညီပေးတာကိုဘာလို့ အကောင်းမမြင်ပေးနိုင်ကြတာလဲ...
________🌃

ကားပေါ်မှာ တိတ်ဆိတ်စွာလိုက်ပါလာတဲ့ kookieကြောင့် Seokjinလည်းစကားတစ်ခွန်းမျမစမိ...။အခုထိ သူ့ခေါင်းထဲတွေးနေတာက appaပြောတဲ့..

'Yoonwooပြောတာလည်း မမှားပါဘူး'

အဲ့ဒီစကားတစ်ခွန်းသာ ထပ်တလဲလဲကြားယောင်နေတယ်...။ဒီကိစ္စကို အိမ်ရောက်တော့မှမေးဖို့ သူတေးမှတ်ထားလိုက်တယ်..။ထို့နောက် ကားမောင်းနေခြင်းကိုသာ အာရုံစိုက်ထားလိုက်တယ်..။မဟုတ်ရင် အိမ်သို့မရောက်ပဲ လမ်းပေါ်မှာသာကိစ္စပြီးသွားရင် လူကြားမကောင်းပဲနေအုံးမယ်...။

အိမ်ရောက်တာနဲ့ အခန်းထဲဝင်ရန်ပြင်နေတဲ့kookieကြောင့် သူလှမ်းခေါ်လိုက်ရတယ်...။သူတို့စကားပြောဖို့လိုတယ်မလား..။

"Kookie...ကိုတို့စကားနည်းနည်းပြောရအောင်.."

သူခေါ်လိုက်တော့လည်း Kookieက ဆိုဖာပေါ်မှာ ငြိမ်ငြိမ်လေးလာထိုင်တယ်...။ခေါင်းကိုငုံ့ချထားပြီး လက်နှစ်ဖက်ကို အချင်းချင်းပွတ်ဆွဲနေတဲ့ kookieက သူ့မျက်လုံးထဲမှာ သနားဖို့ကောင်းနေသလို ချစ်စရာလဲ အတိပြီးတယ်...။ဒီကလေးက သူ့ကို အမျိုးမျိုးခံစားစေနိုင်ပါတဲ့ အဆိုးအဆာလေး...။

"ဒေါ်လေး Yoonwooက ဘာပြောခဲ့လဲ ကို့ကိုပြောပြနိုင်မလား..."

သူမေးလိုက်တော့ အချင်းချင်းပွတ်ဆွဲနေတဲ့ Kookieရဲ့လက်လေးတွေက ခဏမျှငြိမ်သက်သွားတယ်...။ထို့နောက် သူ့ကိုမော့ကြည့်လာပါတဲ့ Kookie...။

"Jin hyung ကလေးလိုချင်လား..အခုခေတ်ရဲ့ ဆေးပညာတွေကလဲတိုးတက်နေပါပြီ...ကျွန်တော်က ယောကျာ်းလေးတစ်ယောက်ဆိုပေမယ့် အကယ်၍ hyungက လိုချင်ရင်..ကျွန်တော်..ကျွန်တော်..ဟင့်"

မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျကာ ပြောလက်စ စကားကိုတောင် ဆက်မပြောနိုင်တော့တဲ့ kookieကို သူဆွဲဖတ်လို့ ခေါင်းလုံးလုံးလေးကို ရင်ခွင်ထဲ ထည့်ထားလိုက်တယ်...။ရှိုက်သံတွေ ထွက်အောင် အော်ငိုနေတဲ့ kookieက သူ့အ••ကျီစလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့ သည်းထန်စွာငိုကြွေးနေတာဖြစ်တယ်...။

ထို့နောက် ခေါင်းလုံးလုံးလေးကို ရင်ခွင်ထဲမှာ အသာထုတ်လို့ ပါးပြင်နှစ်ဖက်ကို အုပ်မိုးကာ ကိုင်ထားတယ်...။

"Kookieကို့ကိုကြည့်..ကို့မျက်လုံးကိုသေချာ
ကြည့်..."

ကျဆင်းနေဆဲ မျက်ရည်တွေကို လက်မလေးနဲ့အသာပွတ်ဆွဲလို့ မျက်လုံးခြင်းဆုံစေတယ်...။ဒီအချိန်မှာ သူ့မျက်လုံးထဲက အမှန်တရားတွေကို ချစ်ရသူသိဖို့သာ သူရည်ရွယ်တယ်...။

"ဒေါ်လေး Yoonwooကဘာတွေပြောခဲ့လဲ ကိုမသိဘူး..ဒါပေမယ့် Kookieသိထားရမှာက ကိုတို့နှစ်ယောက်ရဲ့ အချစ်တွေ ခိုင်မြဲဖို့ ကလေးဆိုတဲ့ ကြားခံနယ်မလိုအပ်ဖူး..ကိုလိုအပ်တာက Jeon Jungkookဆိုတဲ့ ကို့ကလေးငယ်အမြဲ​ပြုံး နေဖို့ အမြဲပျော်နေဖို့...မျက်ရည်တွေထက်စာရင် အပြုံးတွေနဲ့ပဲ ပိုလိုက်ဖတ်တဲ့ kookieကို ကိုကအပြုံးတွေပဲ ဆောင်ယူပေးချင်တာ...မျက်ရည်တွေနဲ့ မအပ်စပ်တာမို့လို့ မငိုပါနဲ့တော့ ကလေးငယ်ရယ်.."

သူပြောပြီးတာနဲ့ kookie က နှုတ်ခမ်းလေးမဲ့ကျလာပြီး ပိုတိုးလို့ ငိုကြွေးတယ်...။ကျဆင်းလာတဲ့ မျက်ရည်တွေကို သူလက်နဲ့တောင်မသုတ်ပေးချင်တော့ဘူး...။နုဖတ်တဲ့အသားရည်ဖြူဖြူလေးက ငိုထားတဲ့အရှိန်ကြောင့် နီရဲရဲလေးဖြစ်နေပြီ...။နောက်ထပ် သူ့လက်ရာလေးထင်းသွားမှာတောင်သူမလိုလားဘူး...။

မျက်ရည်စတွေဖြတ်ပြေးနေတဲ့ ပါးပြင်လေးတွေပေါ်ကို  နှုတ်ခမ်းဖူးဖူးလေးနဲ့ ထိကပ်လိုက်တယ်...။ပါးပြင်တစ်လျှောက် ခပ်ဖွဖွအနမ်းတွေက ကလေးငယ်ရဲ့ မျက်ရည်တွေ ချောက်သွားစေဖို့ပဲ မျှော်လင့်ခဲ့တာဖြစ်တယ်...။ထို့နောက် ငိုနေတာရပ်သွားပြီဖြစ်တဲ့ kookieထဲမှ ရှိုက်သံလေးတွေ တစ်စွန်းတစ်စထွက်ပေါ်နေတုန်း...။

ပါးပြင်ပေါ်ကနေ နဖူးလေးကို နမ်းတယ်..။ထို့နောက် ခပ်လုံးလုံးနှာဖျားလေး.။ထိုမှတစ်ဆင့် သူ့ရဲ့ မြတ်နိုးရာတွေထဲက တစ်ခုဖြစ်တဲ့ နှုတ်ခမ်းပါးလေးကို အနမ်းတို့က ဆင်းသတ်တယ်...။မြတ်နိုးမှုများနဲ့ အရင်းတည်တဲ့ သူ့အနမ်းတွေက တကယ်ကို တနူးတညံ့လေး...။အပေါ်နှုတ်ခမ်းဖျားလေးက ချိုရဲနေသလို အောက်နှုတ်ခမ်းဖျားလေးကလဲ သူ့ကို စိတ်လှုပ်ရှားမှု ရင်ခုန်မှုတို့ကို အဆုံးစွန်ပေးစွမ်းနိုင်တယ်...။

ထို့နောက် နှုတ်ခမ်းပါးလေးကိုနမ်းရှိုက်နေရာမှ အသာလွှတ်လို့ သူ့ရှေ့က မျက်ရည်​လေးတွေစမ်းနေသေးတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေကို အသာနမ်းရှိုက်တယ်...။

"Jin hyung..."

"ဟင်.."

kookieစီကခေါ်သံကြားတာမို့ သူထူးလိုက်တယ်..။ထို့နောက် မျက်နှာချင်းဆိုင်လို့ လေးနက်စွာကြည့်လိုက်တယ်...။ဒီကလေးငယ်နဲ့ပတ်သတ်ရင် သူက အရာအားလုံးကို အလေးနက်ထားတယ်..။

"ထားမသွားဘူးမို့လား..ကျွန်တော်က ယောကျာ်းလေးတစ်ယောက်မို့ ကြာရင်..."

ဆက်လို့ပြောမထွပ်တော့တဲ့ စကားတွေကြောင့် နှုတ်ခမ်းလေးအသာကိုက်လို့ ငြိမ်သက်သွားပါတဲ့ kookieကိုကြည့်ပြီး သူအသာပြုံးလိုက်တယ်...။ဒီကလေးက သူနဲ့ပတ်သတ်ရင် စိုးရိမ်တတ်လွန်းတယ်...။နောက်များကျရင် သူဒီ
အကျင့်ကို ပြင်ပေးပါအုံးမယ်...။

"kookieကို့ကိုယုံ..ကို့အတွက်က အချစ်ဦးကလည်း Jeon Jungkookဆိုတဲ့ကလေးငယ်ဖြစ်သလို အချစ်ဆုံးကလည်း Jeon Jungkookဆိုတဲ့ လူသားငယ်ပဲ..မင်းလေးက ယောကျာ်းမို့လို့ မိန်းမမို့လို့ ဆိုတာမျိုးတွေ မတွေးမိစေနဲ့ မင်းရဲ့ဖြစ်တည်မှုကို လေးစားမြတ်နိုးတာမို့လို့..မင်းကိုချစ်တဲ့ ကို့အချစ်တွေကို တစ်ဘဝစာ ယုံကြည်သွားလို့ရတယ်..ကိုပြောတာ နားလည်လား..."

သူပြောတာကို ခေါင်းလေးဆက်ကာဆက်ကာ
ညိမ့်ပြတဲ့ Kookieက မျင်ရည်လေးတွေ ဝဲတက်လာပြန်တယ်...။သူသဘောတကျပြုံးလို့ နှာခေါင်းလုံးလုံးလေးကို ခပ်ဖွဖွဆွဲလိမ်လိုက်တယ်...။

"မင်းလေးက ဘာလို့ ဒီလောက်ခံစားလွယ်နေတာလဲ..."

"Jin hyung ကစကားတွေနဲ့ လူကိုလာလာပြီး ငိုခိုင်းနေတာ..."

"ဟား..ဟုတ်ပါပြီ..နောက်ထပ်မငိုနဲ့တော့..kookieကမျက်ရည်နဲ့မလိုက်ဘူး..ကြောင်ချေးကုတ်ရုပ်လေးဖြစ်နေပြီ..."

"ပေါက်ကရမပြောစမ်းနဲ့.."

နှုတ်ခမ်းစူလို့ စွာလာပါတဲ့ kookieကြောင့် Seokjin စိတ်သက်သာရာရသွားသည်...။အနည်းဆုံးတော့ သူ့ကလေးငယ် ပြုံးလာခဲ့ပြီလေ..။

________🌃

"kookie မအိပ်ခင် နွားနို့လေးသောက်..အယ်.."

အခန်းထဲကို နွားနို့ယူပြီးဝင်လာပါတဲ့ Seokjinက အိပ်ယာထပ်မှာ စောင်တွေနဲ့ လုံးထွေးပြီး အိပ်ပျော်နေပြီဖြစ်တဲ့ kookie
ကြောင့် အသံတို့တိတ်သွားတယ်...။ommaတို့က ဖုန်းဆက်ပြီးအကျိုးကြောင်းမေးတာမို့ အနည်းငယ်ကြာသွားတဲ့ အချိန်မှာ သူ့ကလေးငယ်က အိပ်ပျော်နေပြီဖြစ်တယ်...။

အိပ်ယာဘေး ဖြည်းဖြည်းချင်းလျှောက်လာပြီး စားပွဲပေါ်မှာ နွားနို့ခွက်တင်လို့ ဖုံးထားလိုက်တယ်.။ထို့နောက် သူပါအိပ်ယာပေါ်ကို တက်လို့အိပ်ဖို့ပြင်လိုက်တယ်...။စောင်တွေကြားကနေ လုံးလုံးလေးနဲ့ ထင်းထွက်နေတဲ့ မျက်နှာကြည်ကြည်လေးကိုကြည့်လို့သူပြုံးလိုက်တယ်..။

Kookieရဲ့ နဖူးပြေပြေလေးကို မြတ်နိုးသလို နဖူးပြေပြေလေးကို ဖုံးအုပ်ထားတတ်ပါတဲ့ ဆံနွယ်လေးတွေကိုလည်း မြတ်နိုးတယ်...။ညီညာသေသပ်တဲ့ မျက်ခုံးနှစ်သွယ်ကိုလည်းမြတ်နိုးတယ်..။ခပ်ဝိုင်းဝိုင်းမျက်ဝန်းလေးတွေကိုမြတ်နိုးသလို မျက်ဝန်းလေးတွေကို ကာရံထားပါတဲ့ မျက်ခွံလေးတွေကိုလည်း မြတ်နိုးတယ်...။နှာခေါင်းလုံးလုံးလေးကိုမြတ်နိုးသလို..သေသပ်စွာအနားသပ်ထားပါတဲ့ နှုတ်ခမ်းရဲရဲတစ်စုံကိုလည်းမြတ်နိုးတယ်ပြီးတော့ ပါးပြင်လေးတွေကိုလည်း သူမြတ်နိုးရပါသေးတယ်...။

Jeon Jungkookဆိုတာ သူမြတ်နိုးရာ အစုစုတည်ရှိနေတဲ့ မြတ်နိုးရာအမြုလေးဖြစ်တယ်...။

"Jin hyung.."

"အင်း..အင်း..ကိုရှိတယ်...အိပ် အိပ်"

အနည်းငယ်လူးလွန့်လာတဲ့ kookieကြောင့် ရင်ဘတ်လေးကို ခပ်ဖွဖွလေးပုတ်လို့ပြန်သိပ်လိုက်တယ်...။လှုပ်ရှားလာတဲ့ ကိုယ်ငယ်လေးကသူ့ဆီကိုတိုးလာကာ ရင်ခွင်ထဲဝင်တယ်...။သူ့လက်မောင်းတစ်ဖက်ကို ခေါင်းတင်လို့ ပြန်အိပ်သွားပါတဲ့ kookieရဲ့ကျောပြင်ကို အသာပုတ်လို့ပြန်ချော့သိပ်နေလိုက်ရတယ်...။

တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ Jungkookရဲ့အသက်ရှူသံတိုးတိုးကသာ ခပ်မှန်မှန်လေးထွက်ပေါ်နေတယ်...။အသက်ရှူသံတွေကို သံဇဥ်တွေလိုနားစဥ်လို့ သူအိပ်မယ်...။

Kim Seokjinအတွက်တော့ Jeon Jungkookရဲ့အရာရာကို တန်ဖိုးထားရတယ်...။သူ့အတွက်တော့ Jungkookက အဖိုးမဖြတ်နိုင်တဲ့ မြတ်နိုးရာလေးဖြစ်တယ်...။

________The End____

6298 words!

Continue Reading

You'll Also Like

5.3K 756 11
แ€„แ€ซแ€แ€ญแ€ฏแ€ทแ€˜แ€šแ€บแ€กแ€›แ€ฌแ€แ€ฝแ€ฑแ€™แ€พแ€ฌ แ€™แ€พแ€ฌแ€ธแ€šแ€ฝแ€„แ€บแ€ธแ€แ€ฒแ€ทแ€€แ€ผแ€แ€ฌแ€œแ€ฒ~
290K 14.5K 25
The story of two individuals, Taehyung and Jungkook. Taehyung is a divorced man and has a son while Jungkook is wealthy widower with two children. W...
282K 8.4K 93
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
13.2K 407 25
Taehyung as a Yandere and Yoongi as his Senpai Nothing bad can happen... Right? Warning: For sure Violence (blood, gore, ect), for sure bad languag...