မိုးကောင်းကင်နှင့်ကမ္ဘာမြေ...

By SpringGenAerri

784K 71.8K 3.3K

မိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစ... More

part(1)
part(2)
part(3)
part(4)
part(5)
part(6)
part(7)
part(8)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(54)
part(55)
part(56)
part(57)
part(58)
part(59)
part(60)
part(61)
part(62)
part(63)
part(64)
part (65)
part(66)
part(67)
part(68)
part(69)🍧🍧🍧
part(70)
part(71)ဇာတ်သိမ်းပိုင်း
မောင့်အကြောင်းလေးတွေ
ကြင်နာသူနဲ့ နေ့ရက်ပေါင်းများစွာ♥
အကြင်နာနှင့် နွေးထွေးသော အရိပ်
အကြင်နာ ဝေမျှခြင်း♥
ယနေ့မှစ နှစ်တစ်ရာတိုင်
နွေးထွေးစွာအေးမြလေသော အကြင်နာ♥

part(53)

7.6K 778 25
By SpringGenAerri

ငိုရခက်...ရယ်ရခက်

ဘဂျမ်း ရေချိုး အဝတ်လဲပြီး အိမ်ရှေ့ဧည့်ခန်းဆီထွက်လာတော့....ဧည့်သည်တွေနဲ့စကားဝိုင်းလေးကနေ ငယ်ထွေးမေမေကလှမ်းခေါ်တယ်။

" လူလေး...ဘဂျမ်း...လာပါအုံး...ဒီမှာလေ...လင်းသန့်ငယ်ငယ်က စာသင်ပေးတဲ့ဆရာမဒေါ်သန်းသန်းအေးတဲ့...လင်းသန့်လေးကိုသိပ်ချစ်တာ....ဒီဘက်က ဆရာမရဲ့သမီး​​လေး...ရွှေရည်ရွန်းလဲ့တဲ့...အစ်မရေ...သူက...ဘဂျမ်းတဲ့...ရန်ကုန်မှာတော့ လင်းသန့်ကို ဆရာဝန်ကြီးတို့မိသားစုနဲ့ ဒီလူလေးကစောင့်ရှောက်ပေးတာ"

တခုတ်တရ ဘဂျမ်းနဲ့မိတ်ဆက်ပေးနေတော့...မျက်နှာဘယ်နားထားရမှန်းတောင်မသိဘူး။
တကယ်မိသားစုဝင်တစ်ယောက်လို အရေးပါသူတစ်ယောက်လို မိတ်ဆက်ပေးတယ်။
ကလေးမက...ပြုံးပြုံးရွှင်ရွှင် အေးအေးဆေးဆေးပါပဲ။

မောင်ရင်ငယ်ထွေးကတော့...မဆူမကြုံ မနိမ့်မမြင့် မတည်မရယ်ပေါ့။ ခန့်မှန်းရခက်တဲ့ မျက်နှာကြီးနဲ့...ဖွားနားမှာကပ်ထိုင်နေတယ်။

ဆရာမနဲ့တော့ စကားတွေပြောတယ်။
ကလေးမကို သိပ်မကြည့်ဘူး။
စကားလဲ တစ်ခွန်းစ နှစ်ခွန်းစပဲပြောတယ်။

လုံးဝမကြည့်ရင် ရိပ်မိသွားပြီး အားနာစရာဖြစ်မှာစိုးတော့ တစ်ချက်တစ်ချက်တော့ကြည့်တယ်။
ကြည့်ပြီးရင်လဲ အီလည်လည်နဲ့ ဘာရုပ်မှန်းမသိဘူး။
လူကြီးတွေက စကားတွေပြောရင်းဆိုတော့ ငယ်ထွေးမျက်နှာအပြောင်းအလဲ မရိပ်မိကြဘူး။ ကလေးမကတော့ သိပ်ပြီးစကားလဲဝင်ပြောစရာမရှိတော့...ခေါင်းလေးငုံ့လိုက်...အပြင်ငေးလိုက်ပါပဲ။
ငယ်ထွေးမျက်နှာပဲ အရိပ်အကဲလိုက်ကြည့်နေတဲ့ ဘဂျမ်းမှာတော့...လူကြီးတွေရိပ်မိပြီးအားနာစရာဖြစ်မှာလဲကြောက်ရ...တီကောင်ကို ဆားနဲ့တို့သလိုဖြစ်​ဖြစ်သွားတဲ့ရုပ်လေးကိုလဲကြည့်ပြီး အူကယားလာတယ်။

တကယ်ပဲ ကလေးမကလိမ္မာရေးခြါးရှိပုံပါပဲ။
တက္ကသိုလ်ဆရာမတစ်ယောက်နဲ့ လိုက်ဖက်တဲ့ဝတ်စားဆင်ယင်မှုရော အနေအထိုင်ပါရှိတယ်။
ပြောမယ်ဆို ဒီတိုင်းထိုင်ကြည့်ရင်တောင်မှ...ငယ်ထွေးနဲ့လိုက်ဖက်တဲ့သူဆိုတာ မငြင်းနိုင်ဘူး။
ဘဂျမ်းမှာ ရင်နာတစ်ဖက်....ငယ်ထွေးကြောင့် အူယားတစ်ဖက်နဲ့ သိပ်တော့အဆင်မပြေဘူး။

တစ်ချက်...ကောင်မလေးက ငယ်ထွေးဖက်ကိုကြည့်ရင်း ငယ်ထွေးကြည့်တာနဲ့တိုက်ဆိုင်သွားတော့ ပြုံးပြတယ်။ ငယ်ထွေးလဲ လန့်ပြီးပြန်ပြုံးပြတယ်။ ဒါပေမဲ့ အီလည်ဆူလည်ဖြစ်နေတဲ့ရုပ်နဲ့ဆိုတော့...ကလေးမက ပြန်လန့်သွားရရှာတယ်။

အမေတွေကတော့ လူငယ်ချင်းပိုပြီးရင်းနှီးစေချင်တော့ စကားဝိုင်းထဲ ဆွဲခေါ်ရှာပါတယ်။
တစ်ခွန်းနှစ်ခွန်းပြောပြီးတာနဲ့... မူလအတိုင်း သူတို့နှစ်ယောက်က ကျောက်ရုပ် ကျောက်ပြတ် ပြန်ဆော့တော့တာပဲ။
ဘဂျမ်းမှာ..သဝန်မတိုနိုင်ဘူး။
ငယ်ထွေး ဂျစ်နေတာ သဘောကျလွန်းလို့ မပြုံးမိအောင်ထိန်းနေရတယ်။

ဒီနေရာမှာ...တစ်ခု...ရှင်းပြပါရစေ။
ဘဂျမ်းက စိတ်အတက်အကျမြန်တတ်တဲ့သူတော့မဟုတ်ပါဘူး။ ရန်စလာလို့ ဒေါသတကြီးတုန့်ပြန်တယ်ဆိုတာ လူပါးဝကြလို့ပါ။ ဥပမာ...ဝင်းလှိုင်တို့နဲ့ရန်ဖြစ်တဲ့ကိစ္စမျိုးပေါ့။ တော်ရုံဆို သည်းခံပါတယ်။ လွန်လာရင်တော့...ဆွဲလို့မရအောင်ပဲ ဒေါသထွက်ပါတယ်။ဒါက တစ်ပိုင်းပါ။

အခုလဲ....ငယ်ထွေးမိသားစုဆီရောက်မှ...ကြုံတွေ့ရတာတွေက ထင်ထားသလိုမျိုးမဟုတ်တော့ နာကျင်ကြေကွဲရတဲ့ခံစားချက်လဲ ဖြစ်ပါတယ်။
ငယ်ထွေးမိသားစုရဲ့ နွေးထွေးပြီး မိသားစုတစ်ယောက်လို...သားတစ်ယောက်လိုဆက်ဆံခံရတဲ့အတွက် ကြည်နူးပြီးပျော်တာလဲ ဖြစ်မိပါတယ်။
ငယ်ထွေးက အမေနဲ့အဖွားကိုချွဲနေတာတွေ...စားချင်သမျှကို အကုန်ပူဆာပြီးကလေးလိုဖြစ်နေတာတွေ...ပြီးတော့ ခုလိုမျိုးအလိုမကျလို့ဂျစ်နေတာတွေ မြင်ရပြန်တော့ အကြင်နာတိုးနေတာလဲ ဖြစ်နေတာပါပဲ။

တော်ကြာ...ဘဂျမ်းက ခုငိုလိုက် ခဏ​နေရယ်လိုက်နဲ့ ရူးများနေတာလားလို့ထင်မှတ်မှားမှာစိုးရပါတယ်။
ငယ်ထွေးကြောင့်နဲ့ပဲ ဒီကောင်အစကတည်းက ရူးပြီးသားမို့ ထူးထွေတဲ့အကြောင်းမဟုတ်ပေမဲ့ ပြောပြတာပါ...နော့။

.
.
.
ကလေးမက ငယ်ထွေးအမေနဲ့လဲ ရင်းနှီးပုံပါပဲ။
ရင်းရင်းနှီးနှီးစကားတွေပြောကြတယ်။
ပြုံးလိုက်ရင်လဲ ချစ်စရာလေးပါ။

ကျွန်တော်လဲ ကျွန်တော့်ဘဝကျွန်တော် တွေးမိတယ်။
အချစ်တစ်ပွဲ...စစ်ပွဲတစ်ရာပေါ့။
ကျွန်နော်ဆင်နွှဲနေရတဲ့ စစ်ပွဲတစ်ရာနဲ့ညီမျှတဲ့ ဒီပွဲကြီးမှာ...ကျွန်တော့်နဲ့ ယှဥ်ပြိုင်နေရတဲ့သူက ဒီလို နုနုငယ်ငယ်ပြုံးရွှင်ပြီးချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်တဲ့လား။
ကိုယ့်ကြည့်တော့ ဗလငါးတန်နဲ့ပြည့်စုံနေပြီး ပြိုင်ဘက်က လက်တစ်ဆုပ်စာလေးရယ်။
ရယ်ရခက် ငိုရခက်ကြီး။
မောင့်ကို ဒီအတွေးဆိုးတွေကနေ ကယ်လို့ရပါအုံးမလား...ငယ်ထွေးရေ..

ဖွယ်ဖွယ်ရာရာချက်ပြုတ်ထားတဲ့ စုံလင်လှတဲ့ ဟင်းပွဲတွေနဲ့ထမင်းစားဖို့ပြင်ကြတော့လဲ ငယ်ထွေးတစ်စခန်းထပြန်တာပါပဲ။ ရယ်ရခက် ငိုရခက်စေတဲ့အကွက်တွေပဲပေါ့။
ထမင်းစားပွဲက လေးထောင့်ပုံစားပွဲကြီး...
လူ ဆယ်ယောက် ထိုင်စားလို့ရတဲ့စားပွဲခုံကြီး။
ဖွားက ထိပ်ဆုံးမှာထိုင်တယ်။
ညာဘက်မှာ ငယ်ထွေးအမေနဲ့ဆရာမက တစ်ခုံဆီထိုင်တယ်။
သူတို့ဖြစ်စေချင်တာက...ဘယ်ဘက်ခုံမှာ ငယ်ထွေးနဲ့ကလေးမအတူထိုင်စေချင်တာ။
ဒါမှ...ကလေးမက ငယ်ထွေးကို ဟင်းခပ်ထည့်ပေးတာတို့ ဘာတို့လုပ်ပေးလို့အဆင်ပြေမှာပေါ့။
ဒါပေမဲ့...မောင်ရင်ငယ်ထွေးက ဆန်းကြယ်တယ်။
ဘဂျမ်းက အရင်ထိုင်လိုက်ပါတယ်။
ကလေးမရဲ့တစ်ခုံကျော်မှာလေ....ဘာကြောင့်ဆို ကြားခုံက ငယ်ထွေးထိုင်ဖို့။
ဟိုဘက်က အမေတွေနဲ့တူတူထိုင်ဖို့လဲ ကြောင်တောင်တောင်ဖြစ်မှာစိုးလို့ ဟန်မပျက်ပေါ့...ငယ်ထွေးနားပဲ ထိုင်လိုက်မယ်ပေါ့။
ဘဂျမ်းကတွေးပြီးထိုင်လိုက်တာပဲ။

"ထ...အုံး"

ထိုင်နေတဲ့...ဘဂျမ်းရဲ့ခုံကို နောက်ကနေ ဖွဖွတွန်းရင်းပြောတယ်။
ဘဂျမ်းကြောင်သွားတယ်။
ငယ်ထွေး ဘာလုပ်ပါလိမ့်ပေါ့။
ထပေးလိုက်တာနဲ့...ဘဂျမ်းခုံမှာသူကဝင်ထိုင်လိုက်တယ်။
ဟယ်....လုပ်ပြီဟေ့...ဒေါက်တာလင်းသန့်ကြည်တို့....

"ဘယ်....ဘယ်မှာ ထိုင်ရမှာလဲ"

လူကြီးတွေကလဲ အံသြပြီးကြောင်ကြည့်နေကြ...
ကလေးမကလဲ မျက်လုံးအပြူးသားလေးနဲ့...
ဘဂျမ်းလဲ ငယ်ထွေးလုပ်ရပ်နားမလည်ဘူး..
ဒါပေမဲ့..နားလည်လည် မလည်လည် ငယ်ထွေးစကားနားထောင်ရမယ်ဆိုတာတော့ မှတ်မိတယ်။

"အဲ့ခုံ...မှာ ..ထိုင်"

လက်ညှိုးထိုးပြတာက....ကလေးမရဲ့ဘေးကခုံကို

"ဟို...ဟို...."

ဘဂျမ်း ပြောစရာစကားချက်ချင်း အစရှာမရတာကြောင့် တဟိုဟိုဖြစ်နေတော့တယ်။
ထမင်းတွေ ခူးထည့်နေရင်းက တစ်ချက်မော့်ကြည့်တယ်။ ထိုင်ဆိုထိုင်လိုက်ဆိုတဲ့ အကြည့်ကြီး..
ဒါနဲ့ပဲ ငယ်ထွေးနဲ့ကလေးမရဲ့ကြားက ခုံမှာထိုင်ပြီးပဲ မျက်နှာပူပူနဲ့ ထမင်းစားလိုက်ရတယ်။
ဘယ်လို ဂျစ်တာလဲဆိုတာလေ...ခင်ဗျားတို့ရဲ့ ဒေါက်တာလင်းသန့်ကြည်...

ငယ်ထွေးအမေက မျက်နှာပျက်ပေမဲ့ ဘာမှမဖြစ်သလိုလေးပဲနေတယ်။
ဧည့်ခံရင်းနဲ့ ထမင်းစားမပျက်ဘူး။
ဆရာမလဲ မျက်နှာပျက်ချင်ချင်ပါပဲ။
အပြောင်းအလဲမရှိတဲ့ မျက်နှာလေးနဲ့ ထိုင်ပြီးထမင်းစားနေသူက...ဟိုကလေးမ။
တကယ်ကို တည်ငြိမ်အေးဆေးပါတယ်။

အားနာရတယ်...ကြားကနေပြီး အားနာနေရတယ်။
ခုမှ တကယ်ကြားထဲရောက်နေတာ။
ငယ်ထွေးရေ....မောင့်ကိုသာ နေမထိ ထိုင်မသာဖြစ်အောင် လုပ်နေလိုက်တော့။
ငယ်ထွေးလုပ်သမျှ မှန်တယ်။
ငယ်ထွေး ဘာလုပ်လုပ် မောင်ကတော့ အကြင်နာတိုးဖို့ပါပဲ။

လုပ်ချင်ရာလုပ်ပြီး...နေသာထိုင်သာရှိသွားတဲ့ ငယ်ထွေးပေါက်ကတော့...ဟိုဟင်းလေးလှမ်းပါအုံး ဒီဟင်းလေးကမ်းပါအုံးနဲ့ အပီအပြင်ဆွဲတော့တယ်။
ဘဂျမ်းမှီတဲ့ဟင်းတွေကို ဘဂျမ်းကထည့်ပေးရပြီး
ဘဂျမ်းမမှီတဲ့ဟင်းတွေကိုဆိုရင် ဟိုကလေးမက တဆင့်လှမ်းယူပေးရသေးတာ။

"ကျေးဇူးနော်...ညီမလေး" ဆိုတာလဲပြောလိုက်သေးတာ။

တော်ရှာပါပေတယ်...ငယ်ထွေးရယ်။
မောင် အားနာပြီးထွက်ပြေးရလောက်အောင်
မောင့်ငယ်ထွေး တော်ပါပေတယ်။
အကြံအစည်အရာမှာတော့...ငယ်ထွေးဟာ ပေါ့သေးသေးတော့မဟုတ်ဘူး။

.
.
.
.
.
.
ဆက်ရန်....

Zawgyi

ငိုရခက္...ရယ္ရခက္

ဘဂ်မ္း ေရခ်ိဳး အဝတ္လဲၿပီး အိမ္ေရွ႕ဧည့္ခန္းဆီထြက္လာေတာ့....ဧည့္သည္ေတြနဲ႕စကားဝိုင္းေလးကေန ငယ္ေထြးေမေမကလွမ္းေခၚတယ္။

" လူေလး...ဘဂ်မ္း...လာပါအုံး...ဒီမွာေလ...လင္းသန့္ငယ္ငယ္က စာသင္ေပးတဲ့ဆရာမေဒၚသန္းသန္းေအးတဲ့...လင္းသန့္ေလးကိုသိပ္ခ်စ္တာ....ဒီဘက္က ဆရာမရဲ႕သမီး​​ေလး...ေ႐ႊရည္႐ြန္းလဲ့တဲ့...အစ္မေရ...သူက...ဘဂ်မ္းတဲ့...ရန္ကုန္မွာေတာ့ လင္းသန့္ကို ဆရာဝန္ႀကီးတို႔မိသားစုနဲ႕ ဒီလူေလးကေစာင့္ေရွာက္ေပးတာ"

တခုတ္တရ ဘဂ်မ္းနဲ႕မိတ္ဆက္ေပးေနေတာ့...မ်က္ႏွာဘယ္နားထားရမွန္းေတာင္မသိဘူး။
တကယ္မိသားစုဝင္တစ္ေယာက္လို အေရးပါသူတစ္ေယာက္လို မိတ္ဆက္ေပးတယ္။
ကေလးမက...ၿပဳံးၿပဳံး႐ႊင္႐ႊင္ ေအးေအးေဆးေဆးပါပဲ။

ေမာင္ရင္ငယ္ေထြးကေတာ့...မဆူမႀကဳံ မနိမ့္မျမင့္ မတည္မရယ္ေပါ့။ ခန့္မွန္းရခက္တဲ့ မ်က္ႏွာႀကီးနဲ႕...ဖြားနားမွာကပ္ထိုင္ေနတယ္။

ဆရာမနဲ႕ေတာ့ စကားေတြေျပာတယ္။
ကေလးမကို သိပ္မၾကည့္ဘူး။
စကားလဲ တစ္ခြန္းစ ႏွစ္ခြန္းစပဲေျပာတယ္။

လုံးဝမၾကည့္ရင္ ရိပ္မိသြားၿပီး အားနာစရာျဖစ္မွာစိုးေတာ့ တစ္ခ်က္တစ္ခ်က္ေတာ့ၾကည့္တယ္။
ၾကည့္ၿပီးရင္လဲ အီလည္လည္နဲ႕ ဘာ႐ုပ္မွန္းမသိဘူး။
လူႀကီးေတြက စကားေတြေျပာရင္းဆိုေတာ့ ငယ္ေထြးမ်က္ႏွာအေျပာင္းအလဲ မရိပ္မိၾကဘူး။ ကေလးမကေတာ့ သိပ္ၿပီးစကားလဲဝင္ေျပာစရာမရွိေတာ့...ေခါင္းေလးငုံ႕လိုက္...အျပင္ေငးလိုက္ပါပဲ။
ငယ္ေထြးမ်က္ႏွာပဲ အရိပ္အကဲလိုက္ၾကည့္ေနတဲ့ ဘဂ်မ္းမွာေတာ့...လူႀကီးေတြရိပ္မိၿပီးအားနာစရာျဖစ္မွာလဲေၾကာက္ရ...တီေကာင္ကို ဆားနဲ႕တို႔သလိုျဖစ္​ျဖစ္သြားတဲ့႐ုပ္ေလးကိုလဲၾကည့္ၿပီး အူကယားလာတယ္။

တကယ္ပဲ ကေလးမကလိမၼာေရးျခါးရွိပုံပါပဲ။
တကၠသိုလ္ဆရာမတစ္ေယာက္နဲ႕ လိုက္ဖက္တဲ့ဝတ္စားဆင္ယင္မႈေရာ အေနအထိုင္ပါရွိတယ္။
ေျပာမယ္ဆို ဒီတိုင္းထိုင္ၾကည့္ရင္ေတာင္မွ...ငယ္ေထြးနဲ႕လိုက္ဖက္တဲ့သူဆိုတာ မျငင္းနိုင္ဘူး။
ဘဂ်မ္းမွာ ရင္နာတစ္ဖက္....ငယ္ေထြးေၾကာင့္ အူယားတစ္ဖက္နဲ႕ သိပ္ေတာ့အဆင္မေျပဘူး။

တစ္ခ်က္...ေကာင္မေလးက ငယ္ေထြးဖက္ကိုၾကည့္ရင္း ငယ္ေထြးၾကည့္တာနဲ႕တိုက္ဆိုင္သြားေတာ့ ၿပဳံးျပတယ္။ ငယ္ေထြးလဲ လန့္ၿပီးျပန္ၿပဳံးျပတယ္။ ဒါေပမဲ့ အီလည္ဆူလည္ျဖစ္ေနတဲ့႐ုပ္နဲ႕ဆိုေတာ့...ကေလးမက ျပန္လန့္သြားရရွာတယ္။

အေမေတြကေတာ့ လူငယ္ခ်င္းပိုၿပီးရင္းႏွီးေစခ်င္ေတာ့ စကားဝိုင္းထဲ ဆြဲေခၚရွာပါတယ္။
တစ္ခြန္းႏွစ္ခြန္းေျပာၿပီးတာနဲ႕... မူလအတိုင္း သူတို႔ႏွစ္ေယာက္က ေက်ာက္႐ုပ္ ေက်ာက္ျပတ္ ျပန္ေဆာ့ေတာ့တာပဲ။
ဘဂ်မ္းမွာ..သဝန္မတိုနိုင္ဘူး။
ငယ္ေထြး ဂ်စ္ေနတာ သေဘာက်လြန္းလို႔ မၿပဳံးမိေအာင္ထိန္းေနရတယ္။

ဒီေနရာမွာ...တစ္ခု...ရွင္းျပပါရေစ။
ဘဂ်မ္းက စိတ္အတက္အက်ျမန္တတ္တဲ့သူေတာ့မဟုတ္ပါဘူး။ ရန္စလာလို႔ ေဒါသတႀကီးတုန့္ျပန္တယ္ဆိုတာ လူပါးဝၾကလို႔ပါ။ ဥပမာ...ဝင္းလွိုင္တို႔နဲ႕ရန္ျဖစ္တဲ့ကိစၥမ်ိဳးေပါ့။ ေတာ္႐ုံဆို သည္းခံပါတယ္။ လြန္လာရင္ေတာ့...ဆြဲလို႔မရေအာင္ပဲ ေဒါသထြက္ပါတယ္။ဒါက တစ္ပိုင္းပါ။

အခုလဲ....ငယ္ေထြးမိသားစုဆီေရာက္မွ...ႀကဳံေတြ႕ရတာေတြက ထင္ထားသလိုမ်ိဳးမဟုတ္ေတာ့ နာက်င္ေၾကကြဲရတဲ့ခံစားခ်က္လဲ ျဖစ္ပါတယ္။
ငယ္ေထြးမိသားစုရဲ႕ ႏြေးေထြးၿပီး မိသားစုတစ္ေယာက္လို...သားတစ္ေယာက္လိုဆက္ဆံခံရတဲ့အတြက္ ၾကည္ႏူးၿပီးေပ်ာ္တာလဲ ျဖစ္မိပါတယ္။
ငယ္ေထြးက အေမနဲ႕အဖြားကိုခြၽဲေနတာေတြ...စားခ်င္သမွ်ကို အကုန္ပူဆာၿပီးကေလးလိုျဖစ္ေနတာေတြ...ၿပီးေတာ့ ခုလိုမ်ိဳးအလိုမက်လိဳ႕ဂ်စ္ေနတာေတြ ျမင္ရျပန္ေတာ့ အၾကင္နာတိုးေနတာလဲ ျဖစ္ေနတာပါပဲ။

ေတာ္ၾကာ...ဘဂ်မ္းက ခုငိုလိုက္ ခဏ​ေနရယ္လိုက္နဲ႕ ႐ူးမ်ားေနတာလားလို႔ထင္မွတ္မွားမွာစိုးရပါတယ္။
ငယ္ေထြးေၾကာင့္နဲ႕ပဲ ဒီေကာင္အစကတည္းက ႐ူးၿပီးသားမို႔ ထူးေထြတဲ့အေၾကာင္းမဟုတ္ေပမဲ့ ေျပာျပတာပါ...ေနာ့။

.
.
.
ကေလးမက ငယ္ေထြးအေမနဲ႕လဲ ရင္းႏွီးပုံပါပဲ။
ရင္းရင္းႏွီးႏွီးစကားေတြေျပာၾကတယ္။
ၿပဳံးလိုက္ရင္လဲ ခ်စ္စရာေလးပါ။

ကြၽန္ေတာ္လဲ ကြၽန္ေတာ့္ဘဝကြၽန္ေတာ္ ေတြးမိတယ္။
အခ်စ္တစ္ပြဲ...စစ္ပြဲတစ္ရာေပါ့။
ကြၽန္ေနာ္ဆင္ႏႊဲေနရတဲ့ စစ္ပြဲတစ္ရာနဲ႕ညီမွ်တဲ့ ဒီပြဲႀကီးမွာ...ကြၽန္ေတာ့္နဲ႕ ယွဥ္ၿပိဳင္ေနရတဲ့သူက ဒီလို ႏုႏုငယ္ငယ္ၿပဳံး႐ႊင္ၿပီးခ်စ္စရာေကာင္းတဲ့ မိန္းကေလးတစ္ေယာက္တဲ့လား။
ကိုယ့္ၾကည့္ေတာ့ ဗလငါးတန္နဲ႕ျပည့္စုံေနၿပီး ၿပိဳင္ဘက္က လက္တစ္ဆုပ္စာေလးရယ္။
ရယ္ရခက္ ငိုရခက္ႀကီး။
ေမာင့္ကို ဒီအေတြးဆိုးေတြကေန ကယ္လို႔ရပါအုံးမလား...ငယ္ေထြးေရ..

ဖြယ္ဖြယ္ရာရာခ်က္ျပဳတ္ထားတဲ့ စုံလင္လွတဲ့ ဟင္းပြဲေတြနဲ႕ထမင္းစားဖို႔ျပင္ၾကေတာ့လဲ ငယ္ေထြးတစ္စခန္းထျပန္တာပါပဲ။ ရယ္ရခက္ ငိုရခက္ေစတဲ့အကြက္ေတြပဲေပါ့။
ထမင္းစားပြဲက ေလးေထာင့္ပုံစားပြဲႀကီး...
လူ ဆယ္ေယာက္ ထိုင္စားလို႔ရတဲ့စားပြဲခုံႀကီး။
ဖြားက ထိပ္ဆုံးမွာထိုင္တယ္။
ညာဘက္မွာ ငယ္ေထြးအေမနဲ႕ဆရာမက တစ္ခုံဆီထိုင္တယ္။
သူတို႔ျဖစ္ေစခ်င္တာက...ဘယ္ဘက္ခုံမွာ ငယ္ေထြးနဲ႕ကေလးမအတူထိုင္ေစခ်င္တာ။
ဒါမွ...ကေလးမက ငယ္ေထြးကို ဟင္းခပ္ထည့္ေပးတာတို႔ ဘာတို႔လုပ္ေပးလို႔အဆင္ေျပမွာေပါ့။
ဒါေပမဲ့...ေမာင္ရင္ငယ္ေထြးက ဆန္းၾကယ္တယ္။
ဘဂ်မ္းက အရင္ထိုင္လိုက္ပါတယ္။
ကေလးမရဲ႕တစ္ခုံေက်ာ္မွာေလ....ဘာေၾကာင့္ဆို ၾကားခုံက ငယ္ေထြးထိုင္ဖို႔။
ဟိုဘက္က အေမေတြနဲ႕တူတူထိုင္ဖို႔လဲ ေၾကာင္ေတာင္ေတာင္ျဖစ္မွာစိုးလို႔ ဟန္မပ်က္ေပါ့...ငယ္ေထြးနားပဲ ထိုင္လိုက္မယ္ေပါ့။
ဘဂ်မ္းကေတြးၿပီးထိုင္လိုက္တာပဲ။

"ထ...အုံး"

ထိုင္ေနတဲ့...ဘဂ်မ္းရဲ႕ခုံကို ေနာက္ကေန ဖြဖြတြန္းရင္းေျပာတယ္။
ဘဂ်မ္းေၾကာင္သြားတယ္။
ငယ္ေထြး ဘာလုပ္ပါလိမ့္ေပါ့။
ထေပးလိုက္တာနဲ႕...ဘဂ်မ္းခုံမွာသူကဝင္ထိုင္လိုက္တယ္။
ဟယ္....လုပ္ၿပီေဟ့...ေဒါက္တာလင္းသန့္ၾကည္တို႔....

"ဘယ္....ဘယ္မွာ ထိုင္ရမွာလဲ"

လူႀကီးေတြကလဲ အံၾသၿပီးေၾကာင္ၾကည့္ေနၾက...
ကေလးမကလဲ မ်က္လုံးအျပဴးသားေလးနဲ႕...
ဘဂ်မ္းလဲ ငယ္ေထြးလုပ္ရပ္နားမလည္ဘူး..
ဒါေပမဲ့..နားလည္လည္ မလည္လည္ ငယ္ေထြးစကားနားေထာင္ရမယ္ဆိုတာေတာ့ မွတ္မိတယ္။

"အဲ့ခုံ...မွာ ..ထိုင္"

လက္ညွိုးထိုးျပတာက....ကေလးမရဲ႕ေဘးကခုံကို

"ဟို...ဟို...."

ဘဂ်မ္း ေျပာစရာစကားခ်က္ခ်င္း အစရွာမရတာေၾကာင့္ တဟိုဟိုျဖစ္ေနေတာ့တယ္။
ထမင္းေတြ ခူးထည့္ေနရင္းက တစ္ခ်က္ေမာ့္ၾကည့္တယ္။ ထိုင္ဆိုထိုင္လိုက္ဆိုတဲ့ အၾကည့္ႀကီး..
ဒါနဲ႕ပဲ ငယ္ေထြးနဲ႕ကေလးမရဲ႕ၾကားက ခုံမွာထိုင္ၿပီးပဲ မ်က္ႏွာပူပူနဲ႕ ထမင္းစားလိုက္ရတယ္။
ဘယ္လို ဂ်စ္တာလဲဆိုတာေလ...ခင္ဗ်ားတို႔ရဲ႕ ေဒါက္တာလင္းသန့္ၾကည္...

ငယ္ေထြးအေမက မ်က္ႏွာပ်က္ေပမဲ့ ဘာမွမျဖစ္သလိုေလးပဲေနတယ္။
ဧည့္ခံရင္းနဲ႕ ထမင္းစားမပ်က္ဘူး။
ဆရာမလဲ မ်က္ႏွာပ်က္ခ်င္ခ်င္ပါပဲ။
အေျပာင္းအလဲမရွိတဲ့ မ်က္ႏွာေလးနဲ႕ ထိုင္ၿပီးထမင္းစားေနသူက...ဟိုကေလးမ။
တကယ္ကို တည္ၿငိမ္ေအးေဆးပါတယ္။

အားနာရတယ္...ၾကားကေနၿပီး အားနာေနရတယ္။
ခုမွ တကယ္ၾကားထဲေရာက္ေနတာ။
ငယ္ေထြးေရ....ေမာင့္ကိုသာ ေနမထိ ထိုင္မသာျဖစ္ေအာင္ လုပ္ေနလိုက္ေတာ့။
ငယ္ေထြးလုပ္သမွ် မွန္တယ္။
ငယ္ေထြး ဘာလုပ္လုပ္ ေမာင္ကေတာ့ အၾကင္နာတိုးဖို႔ပါပဲ။

လုပ္ခ်င္ရာလုပ္ၿပီး...ေနသာထိုင္သာရွိသြားတဲ့ ငယ္ေထြးေပါက္ကေတာ့...ဟိုဟင္းေလးလွမ္းပါအုံး ဒီဟင္းေလးကမ္းပါအုံးနဲ႕ အပီအျပင္ဆြဲေတာ့တယ္။
ဘဂ်မ္းမွီတဲ့ဟင္းေတြကို ဘဂ်မ္းကထည့္ေပးရၿပီး
ဘဂ်မ္းမမွီတဲ့ဟင္းေတြကိုဆိုရင္ ဟိုကေလးမက တဆင့္လွမ္းယူေပးရေသးတာ။

"ေက်းဇူးေနာ္...ညီမေလး" ဆိုတာလဲေျပာလိုက္ေသးတာ။

ေတာ္ရွာပါေပတယ္...ငယ္ေထြးရယ္။
ေမာင္ အားနာၿပီးထြက္ေျပးရေလာက္ေအာင္
ေမာင့္ငယ္ေထြး ေတာ္ပါေပတယ္။
အႀကံအစည္အရာမွာေတာ့...ငယ္ေထြးဟာ ေပါ့ေသးေသးေတာ့မဟုတ္ဘူး။

.
.
.
.
.
.
ဆက္ရန္....

Continue Reading

You'll Also Like

69.7K 4.1K 52
ရိုးရှင်းတဲ့ ချစ်ခြင်း‌မေတ္တာပါပဲ။ ကိုယ်တို့ရဲ့နှလုံးသားတွေကိုတော့ လမ်းပျောက်စေလိမ့်မယ်။
230K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
1.2M 114K 92
Start - May 2020 BL OC (Myanmar) 💗 စိတ်ကူးယဥ် ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်ပါသည်။ တစ်စုံတစ်ယောက်ကို ထိခိုက်စေလိုသော ဆန္ဒမရှိပါ။
1.3M 44.1K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd