Unicode
အသက်ရှုလို့မရဘူး....
နောက်တစ်နေ့မှာ...ဧည့်သည်လာမှာမို့ မေမေက မိုးလင်းကတည်းကသူ့အကူအန်တီတွေ လှမ်းခေါ်ထားပြီး ချက်ပြုတ်နေတာ။
ဒီဇင်ဘာပိတ်ရက်မို့ အကူတွေရော ကျောင်းသားတွေရောမရှိကြဘူး။
မေမေခေါ်လို့ လာဝိုင်းကူတဲ့အန်တီနှစ်ယောက်နဲ့တူတူ မောင်ကလဲ မီးဖိုထဲမှာဝိုင်းကူတယ်။
လင်းသန့်ကြည်မှာ ဘဂျမ်းဒီလိုကူလုပ်ပေးနေတာကို သဘောမကျဘူး။ ဘယ်လိုပြောပြီးတားရမလဲ အကြံထုတ်နေရတယ်။
ဧည့်သည်လာမှာမို့ အလုပ်တွေများတယ်ဆိုပေမဲ့ အန်တီကြီးတွေလာဝိုင်းကူနေတာပဲ။ အဆင်ပြေသွားမှာပါ။
ပြီးတော့...ရိုးရိုးလာတဲ့ ဧည့်သည်မှမဟုတ်တာ။
အခန့်မသင့်ရင် သူ့ရင်ထဲကနေ သူ့ငယ်ထွေးကို ဆွဲထုတ်သွားနိုင်တယ်လေ။
ဘဂျမ်းက ဘာမှမဖြစ်သလိုနေပေမဲ့...လင်းသန့်ကြည်ကတော့...မောင်တစ်ယောက် သူ့ကိုထိုးသတ်မဲ့ဓားကို သူကိုယ်တိုင်သွေးပေးနေသလိုပဲ ခံစားရတယ်။
ဒါကြောင့်....ဘယ်လိုအတားအဆီးပဲရှိရှိ မောင့်လက်ကို မလွှတ်ဘူးလို့ ခိုင်မာတဲ့အတွေးကိုတွေးပြီး အားတင်းတယ်။
အဖွားနဲ့နေ နေရပေမဲ့ စိတ်ကမီးဖိုခန်းထဲမှာ။
ရေသောက်လိုက် ရှုးပေါက်လိုက်လုပ်ရင်း အခြေအနေကိုတစေ့တစောင်း သွားပြီးအကဲခတ်ရတယ်။ မေမေနဲ့ဘဂျမ်းက ငယ်ပေါင်းကြီးဖာ်လို စကားလက်ဆုံကျလို့....ရယ်လို့ မောလို့။
မေမေက အဲ့လိုပါပဲ...လင်းသန့်ကြည်ခေါ်လာသမျှ အပေါင်းအသင်း သူငယ်ချင်း မိတ်ဆွေ အားလုံးကို နွေးနွေးထွေးထွေးဆက်ဆံတတ်သည်။
သားလေးတစ်ယောက်ထဲမွေးထားတာမို့ မြင်လေရာသားသမီးအရွယ်လူတွေကို သားသမီးလိုပဲ ဆက်ဆံတတ်သူ။
.
.
.
ဘဂျမ်း ဆိုတာကရော....သူရိုးသားပြီးအေးတာ ခဏချင်းသိရစေသူ။
မျက်လုံးလေးတွေကအစ...စကားလေးတွေကအစ ရိုးလွန်းသူ။
ကွယ်ဝှက်ခြင်းမရှိ..ပကတိရေပြင်လိုတည်ငြိမ်ပြီး အေးဆေးသူလေ။
ရောက်ရာနေရာမှာ...သူ့ရိုးဂုဏ်နဲ့တင့်တယ်တဲ့သူ။
မေမေနဲ့ဘဂျမ်း အဆင်ပြေတာ နားလည်လွယ်ကြတာကို သဘောကျပေမဲ့...ထိုအချင်းအရာတွေဟာ မီးခိုးငွေ့တွေလို နေရောင်အောက်မှာပျောက်ကွယ်လွင့်ပါးသွားမယ်လို့ ထင်မိတာကြောင့် နှမြောတယ်။
မေမေလား...မောင်လား...ရွေးချယ်ရမှာမျိုးမဖြစ်ချင်ဘူး။
မေမေရော မောင်ရော နှစ်ယောက်လုံး လင်းသန့်ကြည်ရဲ့ဘဝပဲ။
နှစ်ယောက်လုံးကို အဆုံးရှုံးမခံနိုင်ဘူး။
ဒါကြောင့် ဒီလိုကြီးမားတဲ့ကိစ္စက လွယ်လွယ်ကူကူဖြေရှင်းလို့မရနိုင်ဘူး...လောလောထပြီးရှင်းရင်လဲ ဒုက္ခများသွားမယ်။ အချိန်....အချိန်လိုတယ်။
အချိန်ယူပြီးရှင်းရမှာ။
မောင်....စိတ်ရှည်ရှည်နဲ့တောင့်ခံနိုင်ဖို့ပဲလိုတယ်။
မောင့်ကိုပဲစိတ်ပူတယ်။
လင်းသန့်ကြည်နဲ့ပတ်သက်ရင် ပျော့ညံ့လွန်းတဲ့ မောင့်ကိုပဲစိတ်ပူတယ်။
မောင်နဲ့လဲ စကားကိုအေးဆေးမပြောရဘူး။
မောင်နေတဲ့ လင်းသန့်ကြည်အခန်းထဲ ယောင်ပြီးတောင်မဝင်ရဲဘူး။
ဖုန်းပြောဖို့လဲ မဖြစ်နိုင်ဘူး။
Massage ပို့ပြန်တော့လဲအဖွားက ရန်ကုန်မှာ ရည်းစားကျန်ခဲ့တာလားလို့ စနေတော့တာ။
မြင်နေရက်နဲ့ ဝေးရတာ ခုမှအစစ်။
ဘယ်လိုမှ မတတ်သာတော့လို့....မောင် ရေချိုးခန်းဝင်တာတွေ့တော့...လင်းသန့်ကြည် အိမ်သာထဲပြေးဝင်ပြီး မောင်နဲ့စကားပြောဖို့လုပ်ရတယ်။
"မောင်"
"ဗျာ...အာ...လန့်လိုက်တာ....ငယ်ထွေး...ဘယ်ကနေခေါ်နေတာလဲ"
"အိမ်သာထဲက"
"အွန်း...မောင်ရေချိုးမလို့"
"မောင်....စိတ်မညစ်ရဘူးနော်"
"အင်းပါ"
"မောင့်ကိုဘယ်လိုပြောပြရမှန်းမသိဘူး...မောင်ရယ်...စိတ်မညစ်နဲ့လို့ပဲ ပြောတတ်တယ်...ငယ်က မောင့်အပိုင်နော်...နော်...နော်...မောင် မမေ့နဲ့နော်"
"မမေ့ပါဘူး...ငယ်ထွေးလဲ မောင့်ကိုအဲ့လောက်စိတ်မပူပါနဲ့...မောင်က ယောကျားပါ"
"သိပါတယ်....မောင့်ကို စိတ်မချလို့ပါ"
"စိတ်မချတော့ ဘာလုပ်ချင်လို့လဲ"
"ဘာလုပ်ရမလဲ မသိလို့ပေါ့ မောင်ရဲ့"
"ကောင်မလေးက ချစ်စရာလေးတဲ့...ငယ်ထွေးမေမေပြောနေတယ်...ငယ်တွေ့ရင် သဘောကျမှာတဲ့"
"......."
"တကယ်ချစ်စရာလေးလား... တည်တည်ငြိမ်ငြိမ်လိမ္မာတဲ့ကောင်မလေးလား ကြည့်လိုက်ပါအုံး...ငယ်ထွေးရဲ့..."
"........"
"မောင်ကိုလဲ ကူပြီးပြော္္္ပါတဲ့...လင်းသန့်လေး က ငြင်းရင် ချော့ပြီးကူပြောပေးပါတဲ့....အန်တီက ကလေးမကိုသဘောကျတယ်တဲ့"
"......"
"ပြီးတော့....မြေးလဲ လိုချင်တယ်တဲ့....လင်းသန့်လေး ဒီကိုပြောင်းလာရင် ဘဂျမ်းလဲလိုက်ခဲ့နော်တဲ့...မောင်တော့..ငယ်ထွေးရဲ့ကလေးကို ထိန်းရအုံးမယ်နဲ့ တူပါတယ်"
"ကြည့်ပြီး...ဘာ..လုပ်...ရ...မှာလဲ...
အဟင့် အဟင့်...အဟင့်. ..မောင်ပဲ လျှောက်ပြောနေပေတော့...ငယ် သေမှာပဲ...အဟင့်...အဟင့်...."
"ဟေ့...ငယ်ထွေးလေး....ရူး..ရူး...
တိုးတိုးပါကွာ...ဘာလို့ငိုနေတာလဲ...မောင်က စတာပါ..ငယ်ထွေးစိတ်ပင်ပန်းနေလို့စတဲ့ဟာကို...မငိုနဲ့...တိတ်...တိတ်....တော်ကြာ သိသွားမယ်...မငိုနဲ့...မောင်ကချော့ပေးလို့မရသေးတဲ့အချိန် မငိုနဲ့...ငယ်ထွေးလေးရေ...တိတ်ပါကွာ...."
တစ်ယောက်က အိမ်သာထဲမှာ ငို...
တစ်ယောက်က ရေချိုးခန်းထဲမှာဆောက်တည်ရာမရ ငိုနေသူကိုချော့ခွင့် မရတာလဲငရဲပဲ။
ငိုသံတွေက တအိအိနဲ့မရပ်သေး။
"လင်းသန့်ရေ...."
ဟော....မေမေခေါ်နေတယ်။
"သားငယ်လေးရေ....တီချယ်တို့ရောက်လာပြီ....လာတော့လေ"
"လာ....လာပြီ...မေမေ"
ကျနေတဲ့ မျက်ရည်တွေကို အတင်းဖိသုတ်ရတယ်။
ဒီကမ္ဘာပေါ်မှာ ကိုယ့်ကြင်နာသူကိုဘေးမှာထားပြီး မိဘစီစဥ်တဲ့သူနဲ့တွေ့ရ...ရိုးရိုးမတွေ့ချင်လို့ ငိုပြီးတွေ့တဲ့လူ...လင်းသန့်ကြည်အပြင်တခြါးတစ်ယောက်ရှိပါတော့မလား။
"မောင်...တံခါးဖွင့်အုံး"
"မောင်က ရေချိုးနေတာကို...ဘယ်လိုဖွင့်ပေးမလဲ"
"မ..သိ...ဘူး...ဖွင့်ဆိုဖွင့်"
"ဘာလုပ်ဖို့လဲ ငယ်ထွေးရဲ့"
"လက်ဆေးဖို့"
"တခြားရေချိုးခန်းထဲဝင်ဆေးပေါ့...ရေချိုးခန်းတွေအများကြီးပဲကို"
"အဟင့်...အဟင့်...မောင်နော်...အဟင့်"
ကပျာကယာ ရေလဲပုဆိုးကိုကောက်စွပ်ပြီး တံခါး ခိုးဖွင့်ရတယ်။ လူမြင်မှာစိုးလို့။ လူရှိတဲ့ရေချိုးခန်းထဲ နောက်တစ်ယောက်ဝင်တာ မြင်ရင် မကောင်းဘူးလေ။
တံခါးကို သေးသေးလေးပဲ ဟပေးရသေးတယ်...အတင်းတိုးဝင်လာပြီး...ရင်ခွင်ထဲ တိုးတော့တာပဲ။
"မောင်...ငယ့်ကို ....ငယ့်ကို..."
"အင်း...အင်း...ငယ်ထွေးလေးရယ်...မောင်က အားလုံးနားလည်တာမို့...မငိုပါနဲ့...ဘာအတွက်ငိုတာလဲ....မောင့်ကြောင့်လား...ဟင်..
မောင့်ကြောင့်ဆိုရင် မငိုပါနဲ့...မောင့်အတွက်နဲ့ ငယ်ထွေးပင်ပန်းလှပြီ...မောင့်အတွက် လုံးဝစိတ်မပူနဲ့...အေးအေးဆေးဆေးပဲ ဧည့်သည်ကိုတွေ့လိုက်ပါ....မောင်တကယ်အဆင်ပြေတယ်"
"မောင်ကရော...မောင် အနားမှာနေပေး...မောင်ရှိရင် ငယ် ရတယ်"
သနားဖို့ကောင်းတယ်။
မျက်ရည်တွေ ကျနေဆဲပဲ။
ဘဂျမ်း ငယ်ထွေးပါးပြင်လေးကို ဖွဖွနမ်းရင်း မျက်ရည်တွေသုတ်ပေးတယ်။
နီထွေးထွေး နှုတ်ခမ်းလေးကို ဖိကိုက်ထားတာ နာနေတော့မှာပဲ။
နှုတ်ခမ်းလေးတွေကို ဖွဖွငုံထွေးမိတယ်။
တကယ်ပဲ လွမ်းနေရတဲ့ အနမ်းတွေပါ။
"ငယ်ထွေး.."
နှုတ်ခမ်းအစုံကိုလွှတ်ပေးရင်း ခေါ်တယ်။
"သွားလိုက်အုံး...လူကြီးတွေ စောင့်နေကြပြီ"
"မောင် က ရော....မောင်လဲ လာပါ"
"လိုက်ခဲ့မယ်...မောင် လိုက်ခဲ့မယ်...သွားနှင့်...ငယ်ထွေးလေး..မျက်နှာသစ်ပြီးမှသွားနော်...မျက်နှာအရမ်းမပျက်ပါနဲ့ ငယ်ထွေးရယ်...ဧည့်သည်တွေ အားနာဖို့ကောင်းတယ်"
ငယ်ထွေးကို အတတ်နိုင်ဆုံးချော့မော့ပြီး ပြောရတယ်။
ဘဂျမ်းဘက်က အဆင်ပြေကြောင်း...သက်သေပြရတယ်။ ငယ်က ဘဂျမ်းမျက်နှာကို တကြည့်ကြည့်နဲ့ စေ့စေ့စပ်စပ်အကဲခတ်တယ်။
ငယ်ထွေးရှေ့မှာ လုံးဝမျက်နှာမပျက်အောင်ထိန်းနေရတယ်။
ငယ်ထွေးရှေ့မှာ ဟန်ဆောင်ရတာ ဘဂျမ်းအတွက်အခက်ခဲဆုံးပါပဲ။
ငယ်ထွေး ရေချိုးခန်းထဲကထွက်သွားတာနဲ့...ဘဂျမ်း ရေချိုးခန်းနံရံကိုမှီချကာထိုင်လိုက်တယ်။
ရင်ထဲက တင်းကျပ်လွန်းလို့...အော်ဟစ်ပစ်လိုက်ချင်တယ်။
ငယ်ထွေးကို သနားလွန်းလို့...ငယ်ထွေးအမေကိုလဲ သနားလွန်းလို့....ဘဂျမ်းရူးမတတ်ဖြစ်ရတယ်။
မိခင်တစ်ယောက်ရဲ့ သားအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာထုထည်ကို ဘယ်လိုအင်အားနဲ့ကျော်ရမှာလဲ။
ပြီးတော့...အေးချမ်းတဲ့ဘဝတွေ...ဒီအခြေအနေမရောက်ခင် အေးချမ်းခဲ့ကြတဲ့ဘဝတွေ။
ဘယ်အရာကမှားနေတာလဲ...မတွေးတတ်တော့။
ကိုယ်တိုင် နောက်ဆုတ်ဖို့ကိုလဲ...လုပ်မပေးနိုင်။
ရူးလောက်အောင် ခက်တဲ့ အကြောင်းအရာတွေပါပဲ။
မောင်တို့...ဖြေရှင်းနိုင်ပါ့မလား...ငယ်ထွေးရေ...
ဖြေရှင်းဖို့လဲ ကြောက်နေမိတယ်။
မဖြေရှင်းနိုင်မှာကိုလဲ ကြောက်တယ်။
မဖြေရှင်းပဲ နေရင်း ပိုရှုပ်ထွေးလာမှာကိုလဲ ကြောက်တယ်။
အဆိုးဆုံးက...ငယ်ထွေး...ခံစားနာကျင်ရမှာကို သေမှာထက်ကြောက်မိတယ်။
.
.
.
.
ဆက်ရန်...
Zawgyi
အသက္႐ႈလို႔မရဘူး....
ေနာက္တစ္ေန႔မွာ...ဧည့္သည္လာမွာမို႔ ေမေမက မိုးလင္းကတည္းကသူ႕အကူအန္တီေတြ လွမ္းေခၚထားၿပီး ခ်က္ျပဳတ္ေနတာ။
ဒီဇင္ဘာပိတ္ရက္မို႔ အကူေတြေရာ ေက်ာင္းသားေတြေရာမ႐ွိၾကဘူး။
ေမေမေခၚလို႔ လာဝိုင္းကူတဲ့အန္တီႏွစ္ေယာက္နဲ႔တူတူ ေမာင္ကလဲ မီးဖိုထဲမွာဝိုင္းကူတယ္။
လင္းသန္႔ၾကည္မွာ ဘဂ်မ္းဒီလိုကူလုပ္ေပးေနတာကို သေဘာမက်ဘူး။ ဘယ္လိုေျပာၿပီးတားရမလဲ အၾကံထုတ္ေနရတယ္။
ဧည့္သည္လာမွာမို႔ အလုပ္ေတြမ်ားတယ္ဆိုေပမဲ့ အန္တီႀကီးေတြလာဝိုင္းကူေနတာပဲ။ အဆင္ေျပသြားမွာပါ။
ၿပီးေတာ့...႐ိုး႐ိုးလာတဲ့ ဧည့္သည္မွမဟုတ္တာ။
အခန္႔မသင့္ရင္ သူ႕ရင္ထဲကေန သူ႕ငယ္ေထြးကို ဆြဲထုတ္သြားႏိုင္တယ္ေလ။
ဘဂ်မ္းက ဘာမွမျဖစ္သလိုေနေပမဲ့...လင္းသန္႔ၾကည္ကေတာ့...ေမာင္တစ္ေယာက္ သူ႕ကိုထိုးသတ္မဲ့ဓားကို သူကိုယ္တိုင္ေသြးေပးေနသလိုပဲ ခံစားရတယ္။
ဒါေၾကာင့္....ဘယ္လိုအတားအဆီးပဲ႐ွိ႐ွိ ေမာင့္လက္ကို မလႊတ္ဘူးလို႔ ခိုင္မာတဲ့အေတြးကိုေတြးၿပီး အားတင္းတယ္။
အဖြားနဲ႔ေန ေနရေပမဲ့ စိတ္ကမီးဖိုခန္းထဲမွာ။
ေရေသာက္လိုက္ ႐ႈးေပါက္လိုက္လုပ္ရင္း အေျခအေနကိုတေစ့တေစာင္း သြားၿပီးအကဲခတ္ရတယ္။ ေမေမနဲ႔ဘဂ်မ္းက ငယ္ေပါင္းႀကီးဖာ္လို စကားလက္ဆုံက်လို႔....ရယ္လို႔ ေမာလို႔။
ေမေမက အဲ့လိုပါပဲ...လင္းသန္႔ၾကည္ေခၚလာသမွ် အေပါင္းအသင္း သူငယ္ခ်င္း မိတ္ေဆြ အားလုံးကို ေႏြးေႏြးေထြးေထြးဆက္ဆံတတ္သည္။
သားေလးတစ္ေယာက္ထဲေမြးထားတာမို႔ ျမင္ေလရာသားသမီးအ႐ြယ္လူေတြကို သားသမီးလိုပဲ ဆက္ဆံတတ္သူ။
.
.
.
ဘဂ်မ္း ဆိုတာကေရာ....သူ႐ိုးသားၿပီးေအးတာ ခဏခ်င္းသိရေစသူ။
မ်က္လုံးေလးေတြကအစ...စကားေလးေတြကအစ ႐ိုးလြန္းသူ။
ကြယ္ဝွက္ျခင္းမ႐ွိ..ပကတိေရျပင္လိုတည္ၿငိမ္ၿပီး ေအးေဆးသူေလ။
ေရာက္ရာေနရာမွာ...သူ႕႐ိုးဂုဏ္နဲ႔တင့္တယ္တဲ့သူ။
ေမေမနဲ႔ဘဂ်မ္း အဆင္ေျပတာ နားလည္လြယ္ၾကတာကို သေဘာက်ေပမဲ့...ထိုအခ်င္းအရာေတြဟာ မီးခိုးေငြ႕ေတြလို ေနေရာင္ေအာက္မွာေပ်ာက္ကြယ္လြင့္ပါးသြားမယ္လို႔ ထင္မိတာေၾကာင့္ ႏွေျမာတယ္။
ေမေမလား...ေမာင္လား...ေ႐ြးခ်ယ္ရမွာမ်ိဳးမျဖစ္ခ်င္ဘူး။
ေမေမေရာ ေမာင္ေရာ ႏွစ္ေယာက္လုံး လင္းသန္႔ၾကည္ရဲ႕ဘဝပဲ။
ႏွစ္ေယာက္လုံးကို အဆုံး႐ႈံးမခံႏိုင္ဘူး။
ဒါေၾကာင့္ ဒီလိုႀကီးမားတဲ့ကိစၥက လြယ္လြယ္ကူကူေျဖ႐ွင္းလို႔မရႏိုင္ဘူး...ေလာေလာထၿပီး႐ွင္းရင္လဲ ဒုကၡမ်ားသြားမယ္။ အခ်ိန္....အခ်ိန္လိုတယ္။
အခ်ိန္ယူၿပီး႐ွင္းရမွာ။
ေမာင္....စိတ္႐ွည္႐ွည္နဲ႔ေတာင့္ခံႏိုင္ဖို႔ပဲလိုတယ္။
ေမာင့္ကိုပဲစိတ္ပူတယ္။
လင္းသန္႔ၾကည္နဲ႔ပတ္သက္ရင္ ေပ်ာ့ညံ့လြန္းတဲ့ ေမာင့္ကိုပဲစိတ္ပူတယ္။
ေမာင္နဲ႔လဲ စကားကိုေအးေဆးမေျပာရဘူး။
ေမာင္ေနတဲ့ လင္းသန္႔ၾကည္အခန္းထဲ ေယာင္ၿပီးေတာင္မဝင္ရဲဘူး။
ဖုန္းေျပာဖို႔လဲ မျဖစ္ႏိုင္ဘူး။
Massage ပို႔ျပန္ေတာ့လဲအဖြားက ရန္ကုန္မွာ ရည္းစားက်န္ခဲ့တာလားလို႔ စေနေတာ့တာ။
ျမင္ေနရက္နဲ႔ ေဝးရတာ ခုမွအစစ္။
ဘယ္လိုမွ မတတ္သာေတာ့လို႔....ေမာင္ ေရခ်ိဳးခန္းဝင္တာေတြ႕ေတာ့...လင္းသန္႔ၾကည္ အိမ္သာထဲေျပးဝင္ၿပီး ေမာင္နဲ႔စကားေျပာဖို႔လုပ္ရတယ္။
"ေမာင္"
"ဗ်ာ...အာ...လန္႔လိုက္တာ....ငယ္ေထြး...ဘယ္ကေနေခၚေနတာလဲ"
"အိမ္သာထဲက"
"အြန္း...ေမာင္ေရခ်ိဳးမလို႔"
"ေမာင္....စိတ္မညစ္ရဘူးေနာ္"
"အင္းပါ"
"ေမာင့္ကိုဘယ္လိုေျပာျပရမွန္းမသိဘူး...ေမာင္ရယ္...စိတ္မညစ္နဲ႔လို႔ပဲ ေျပာတတ္တယ္...ငယ္က ေမာင့္အပိုင္ေနာ္...ေနာ္...ေနာ္...ေမာင္ မေမ့နဲ႔ေနာ္"
"မေမ့ပါဘူး...ငယ္ေထြးလဲ ေမာင့္ကိုအဲ့ေလာက္စိတ္မပူပါနဲ႔...ေမာင္က ေယာက်ားပါ"
"သိပါတယ္....ေမာင့္ကို စိတ္မခ်လို႔ပါ"
"စိတ္မခ်ေတာ့ ဘာလုပ္ခ်င္လို႔လဲ"
"ဘာလုပ္ရမလဲ မသိလို႔ေပါ့ ေမာင္ရဲ႕"
"ေကာင္မေလးက ခ်စ္စရာေလးတဲ့...ငယ္ေထြးေမေမေျပာေနတယ္...ငယ္ေတြ႕ရင္ သေဘာက်မွာတဲ့"
"......."
"တကယ္ခ်စ္စရာေလးလား... တည္တည္ၿငိမ္ၿငိမ္လိမၼာတဲ့ေကာင္မေလးလား ၾကည့္လိုက္ပါအုံး...ငယ္ေထြးရဲ႕..."
"........"
"ေမာင္ကိုလဲ ကူၿပီးေျပာ္္ၸါတဲ့...လင္းသန္႔ေလး က ျငင္းရင္ ေခ်ာ့ၿပီးကူေျပာေပးပါတဲ့....အန္တီက ကေလးမကိုသေဘာက်တယ္တဲ့"
"......"
"ၿပီးေတာ့....ေျမးလဲ လိုခ်င္တယ္တဲ့....လင္းသန္႔ေလး ဒီကိုေျပာင္းလာရင္ ဘဂ်မ္းလဲလိုက္ခဲ့ေနာ္တဲ့...ေမာင္ေတာ့..ငယ္ေထြးရဲ႕ကေလးကို ထိန္းရအုံးမယ္နဲ႔ တူပါတယ္"
"ၾကည့္ၿပီး...ဘာ..လုပ္...ရ...မွာလဲ...
အဟင့္ အဟင့္...အဟင့္. ..ေမာင္ပဲ ေလွ်ာက္ေျပာေနေပေတာ့...ငယ္ ေသမွာပဲ...အဟင့္...အဟင့္...."
"ေဟ့...ငယ္ေထြးေလး....႐ူး..႐ူး...
တိုးတိုးပါကြာ...ဘာလို႔ငိုေနတာလဲ...ေမာင္က စတာပါ..ငယ္ေထြးစိတ္ပင္ပန္းေနလို႔စတဲ့ဟာကို...မငိုနဲ႔...တိတ္...တိတ္....ေတာ္ၾကာ သိသြားမယ္...မငိုနဲ႔...ေမာင္ကေခ်ာ့ေပးလို႔မရေသးတဲ့အခ်ိန္ မငိုနဲ႔...ငယ္ေထြးေလးေရ...တိတ္ပါကြာ...."
တစ္ေယာက္က အိမ္သာထဲမွာ ငို...
တစ္ေယာက္က ေရခ်ိဳးခန္းထဲမွာေဆာက္တည္ရာမရ ငိုေနသူကိုေခ်ာ့ခြင့္ မရတာလဲငရဲပဲ။
ငိုသံေတြက တအိအိနဲ႔မရပ္ေသး။
"လင္းသန္႔ေရ...."
ေဟာ....ေမေမေခၚေနတယ္။
"သားငယ္ေလးေရ....တီခ်ယ္တို႔ေရာက္လာၿပီ....လာေတာ့ေလ"
"လာ....လာၿပီ...ေမေမ"
က်ေနတဲ့ မ်က္ရည္ေတြကို အတင္းဖိသုတ္ရတယ္။
ဒီကမ႓ာေပၚမွာ ကိုယ့္ၾကင္နာသူကိုေဘးမွာထားၿပီး မိဘစီစဥ္တဲ့သူနဲ႔ေတြ႕ရ...႐ိုး႐ိုးမေတြ႕ခ်င္လို႔ ငိုၿပီးေတြ႕တဲ့လူ...လင္းသန္႔ၾကည္အျပင္တျခါးတစ္ေယာက္႐ွိပါေတာ့မလား။
"ေမာင္...တံခါးဖြင့္အုံး"
"ေမာင္က ေရခ်ိဳးေနတာကို...ဘယ္လိုဖြင့္ေပးမလဲ"
"မ..သိ...ဘူး...ဖြင့္ဆိုဖြင့္"
"ဘာလုပ္ဖို႔လဲ ငယ္ေထြးရဲ႕"
"လက္ေဆးဖို႔"
"တျခားေရခ်ိဳးခန္းထဲဝင္ေဆးေပါ့...ေရခ်ိဳးခန္းေတြအမ်ားႀကီးပဲကို"
"အဟင့္...အဟင့္...ေမာင္ေနာ္...အဟင့္"
ကပ်ာကယာ ေရလဲပုဆိုးကိုေကာက္စြပ္ၿပီး တံခါး ခိုးဖြင့္ရတယ္။ လူျမင္မွာစိုးလို႔။ လူ႐ွိတဲ့ေရခ်ိဳးခန္းထဲ ေနာက္တစ္ေယာက္ဝင္တာ ျမင္ရင္ မေကာင္းဘူးေလ။
တံခါးကို ေသးေသးေလးပဲ ဟေပးရေသးတယ္...အတင္းတိုးဝင္လာၿပီး...ရင္ခြင္ထဲ တိုးေတာ့တာပဲ။
"ေမာင္...ငယ့္ကို ....ငယ့္ကို..."
"အင္း...အင္း...ငယ္ေထြးေလးရယ္...ေမာင္က အားလုံးနားလည္တာမို႔...မငိုပါနဲ႔...ဘာအတြက္ငိုတာလဲ....ေမာင့္ေၾကာင့္လား...ဟင္..
ေမာင့္ေၾကာင့္ဆိုရင္ မငိုပါနဲ႔...ေမာင့္အတြက္နဲ႔ ငယ္ေထြးပင္ပန္းလွၿပီ...ေမာင့္အတြက္ လုံးဝစိတ္မပူနဲ႔...ေအးေအးေဆးေဆးပဲ ဧည့္သည္ကိုေတြ႕လိုက္ပါ....ေမာင္တကယ္အဆင္ေျပတယ္"
"ေမာင္ကေရာ...ေမာင္ အနားမွာေနေပး...ေမာင္႐ွိရင္ ငယ္ ရတယ္"
သနားဖို႔ေကာင္းတယ္။
မ်က္ရည္ေတြ က်ေနဆဲပဲ။
ဘဂ်မ္း ငယ္ေထြးပါးျပင္ေလးကို ဖြဖြနမ္းရင္း မ်က္ရည္ေတြသုတ္ေပးတယ္။
နီေထြးေထြး ႏႈတ္ခမ္းေလးကို ဖိကိုက္ထားတာ နာေနေတာ့မွာပဲ။
ႏႈတ္ခမ္းေလးေတြကို ဖြဖြငုံေထြးမိတယ္။
တကယ္ပဲ လြမ္းေနရတဲ့ အနမ္းေတြပါ။
"ငယ္ေထြး.."
ႏႈတ္ခမ္းအစုံကိုလႊတ္ေပးရင္း ေခၚတယ္။
"သြားလိုက္အုံး...လူႀကီးေတြ ေစာင့္ေနၾကၿပီ"
"ေမာင္ က ေရာ....ေမာင္လဲ လာပါ"
"လိုက္ခဲ့မယ္...ေမာင္ လိုက္ခဲ့မယ္...သြားႏွင့္...ငယ္ေထြးေလး..မ်က္ႏွာသစ္ၿပီးမွသြားေနာ္...မ်က္ႏွာအရမ္းမပ်က္ပါနဲ႔ ငယ္ေထြးရယ္...ဧည့္သည္ေတြ အားနာဖို႔ေကာင္းတယ္"
ငယ္ေထြးကို အတတ္ႏိုင္ဆုံးေခ်ာ့ေမာ့ၿပီး ေျပာရတယ္။
ဘဂ်မ္းဘက္က အဆင္ေျပေၾကာင္း...သက္ေသျပရတယ္။ ငယ္က ဘဂ်မ္းမ်က္ႏွာကို တၾကည့္ၾကည့္နဲ႔ ေစ့ေစ့စပ္စပ္အကဲခတ္တယ္။
ငယ္ေထြးေ႐ွ႕မွာ လုံးဝမ်က္ႏွာမပ်က္ေအာင္ထိန္းေနရတယ္။
ငယ္ေထြးေ႐ွ႕မွာ ဟန္ေဆာင္ရတာ ဘဂ်မ္းအတြက္အခက္ခဲဆုံးပါပဲ။
ငယ္ေထြး ေရခ်ိဳးခန္းထဲကထြက္သြားတာနဲ႔...ဘဂ်မ္း ေရခ်ိဳးခန္းနံရံကိုမွီခ်ကာထိုင္လိုက္တယ္။
ရင္ထဲက တင္းက်ပ္လြန္းလို႔...ေအာ္ဟစ္ပစ္လိုက္ခ်င္တယ္။
ငယ္ေထြးကို သနားလြန္းလို႔...ငယ္ေထြးအေမကိုလဲ သနားလြန္းလို႔....ဘဂ်မ္း႐ူးမတတ္ျဖစ္ရတယ္။
မိခင္တစ္ေယာက္ရဲ႕ သားအေပၚထားတဲ့ ခ်စ္ျခင္းေမတၱာထုထည္ကို ဘယ္လိုအင္အားနဲ႔ေက်ာ္ရမွာလဲ။
ၿပီးေတာ့...ေအးခ်မ္းတဲ့ဘဝေတြ...ဒီအေျခအေနမေရာက္ခင္ ေအးခ်မ္းခဲ့ၾကတဲ့ဘဝေတြ။
ဘယ္အရာကမွားေနတာလဲ...မေတြးတတ္ေတာ့။
ကိုယ္တိုင္ ေနာက္ဆုတ္ဖို႔ကိုလဲ...လုပ္မေပးႏိုင္။
႐ူးေလာက္ေအာင္ ခက္တဲ့ အေၾကာင္းအရာေတြပါပဲ။
ေမာင္တို႔...ေျဖ႐ွင္းႏိုင္ပါ့မလား...ငယ္ေထြးေရ...
ေျဖ႐ွင္းဖို႔လဲ ေၾကာက္ေနမိတယ္။
မေျဖ႐ွင္းႏိုင္မွာကိုလဲ ေၾကာက္တယ္။
မေျဖ႐ွင္းပဲ ေနရင္း ပို႐ႈပ္ေထြးလာမွာကိုလဲ ေၾကာက္တယ္။
အဆိုးဆုံးက...ငယ္ေထြး...ခံစားနာက်င္ရမွာကို ေသမွာထက္ေၾကာက္မိတယ္။
.
.
.
.
ဆက္ရန္...