Untold Fairytale

By Choco__JN

15.3K 1.5K 253

Do you believe in Fairytale? More

🦋
- 1 -
- 2 -
- 4 -
- 5 -
- 6 -
- 7 -
- 8 -
- 9 -
- 10 -
- 11 -
- 12 -
- 13 -
- 14 -
- 15 -
- 16 -
- 17 -
- 18 -
- FINAL -

- 3 -

710 93 7
By Choco__JN

Unicode version

ဂျယ်နို သူ့ကိုယ်သူသတိထားမိပြီး အသိပြန်ဝင်လာတယ့်အချိန်မှာ သူက တောနက်ထဲက တစ်နေရာကိုရောက်နှင့်နေပြီ။ ပုစွန်ဆီရောင်သန်းတယ့် နေရောင်ခြည်က အခုအချိန်မှာတော့ အမှောင်ထုရဲ့အားအင်အောက်မှာ ဝပ်တွားခရတယ်။ လုံးပတ်ကြီးပြီး အခြားအပင်တွေထက် အတော်အတန်ပိုမြင့်မားတယ့် သစ်ပင်ကြီးက သူ့ရဲ့အနောက်မှာ။ ထိုသစ်ပင်ရဲ့အခက်အလက်တွေက သူ့ကိုအုပ်မိုးပြီး ကာကွယ်ထားသယောင်။

လင်းရောင်ခြည်ဟူ၍ တစ်စိုးတစ်စိမျှမရှိ။ ပတ်ဝန်းကျင်တစ်ခုလုံးကို အမှောင်ထုကသာ ရစ်ပတ်ထားတယ်။ ကောင်းကင်က ဖြန့်ကျက်တယ့် လရောင်ခြည်ဟာလည်း မိုးထိအောင်မြင့်မားတယ့် သစ်ပင်တွေရဲ့ အကိုင်းအခက်တွေကြားမှာ ခပ်စိတ်စိတ်။

တိတ်ဆိတ်နေတယ့် ဝန်းကျင်ကိုဖြိုခွင်းစေတယ့် လေတိုးသံနဲ့ ပိုးဖလံတို့ရဲ့ မြည်တွန်သံက ဂျယ်နိုကိုပိုပြီး ထိတ်လန့်ခြောက်ခြားစေတယ်။

" မေမေ သားကိုလာခေါ်ပါ... " တစ်တောလုံးမြည်ဟီးသွားလောက်စေမယ့်အသံနဲ့ အားကုန်ဟစ်ပြီး အော်ချလိုက်ပေမယ့် တကယ်တမ်းထွက်လာတာက ညဘက်ရောက်လာလေ အချမ်းပိုလာလေဖြစ်တယ့် အအေးဒဏ်ကြောင့် ဖြစ်ပေါ်လာတယ့် ခပ်အက်အက် အသံတစ်ခုရယ်သာ။

မှိန်ပြပြအလင်းရောင်ကိုပေးနေတယ့် ကောင်းကင်ယံက လမင်းက အပေါ်ကိုရောက်လာလေလေ သူ့ရဲ့ထိတ်လန့်မှုက ပိုတိုးလာလေလေဘဲ။ ညဉ့်နက်လာတာနဲ့အမျှ တိုက်ခတ်တယ့်လေတွေကပါ အရိုးထဲစိမ့်ဝင်လောက်တယ့်အထိ အေးခဲလာတယ်။

ဒူးကိုလက်နှစ်ဖက်နဲ့ ပိုက်ကာကျုံ့ကျုံ့လေးထိုင်ရင်း အားပိုကောင်းလာတယ့် အအေးဒဏ်ကနေကိုယ့်ကိုယ်ကိုကာကွယ်ရတယ်။

အတွေးထဲမှာတော့ အကြောက်တရားပေါင်းစုံက စိုးမိုးတယ်။ အခုအချိန်မှာသာ သူ့ကိုဘယ်သူ့မှ ရှာမ‌တွေ့ဘဲ ဒီမှာတစ်ယောက်တည်း သေသွားခဲ့ရင်ဆိုတယ့် အတွေးကတော့ ထိပ်ဆုံးကပေါ့။

‌လက်နဲ့ပိုက်ထားတယ့်ဒူးပေါ်ကို ခေါင်းမှောက်ချလိုက်ရင်း မြင်ကွင်းထဲကို ဘာမှမဝင်လာနိုင်အောင် မျက်လုံးအစုံကို မှိတ်ချလိုက်တယ်။ စိတ်ထဲမှာလည်း ကားပေါ်ကမဆင်းခဲ့ရင် အကောင်းသားဆိုတယ့် နောင်တတွေက အစီအရီ။

" ကယ်ပေးမယ့်လူ ပေါ်လာပါစေ...
ကယ်ပေးမယ့်လူ ပေါ်လာပါ‌စေ...
ကယ်ပေးမယ့်လူ ပေါ်လာပါစေ... " ထိုစကားလုံးတွေကသာ ဂျယ်နိုရဲ့ နှုတ်ဖျားမှာ ခပ်ဖွဖွဖြစ်တည်တယ်။

တဖြည်းဖြည်းတုန်ရင်လာတယ့် နှုတ်ခမ်းဖျားတွေရဲ့ နောက်ဆက်တွဲ မျက်ရည်စက်တွေက ဂျယ်နိုရဲ့ မျက်ဝန်းအိမ်က‌နေ ယိုစိမ့်တယ်။ ခပ်တိုးတိုးထွက်ပေါ်လာတယ့် ရှိုက်သံနဲ့ လေတိုးသံတို့က ကာရန်ညီစွာ။

ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာတယ့် နှင်းဆီရနံသင်းသင်းနဲ့ ခြူသံသဲ့သဲ့က ရင်ထဲက နှလုံးစိုင်ကို တသိမ့်သိမ့်တုန်လှုပ်စေတယ့်အထိ ခြောက်ခြားသွားစေတယ်။

ဒီလိုနေရာမှာ ဒီအချိန်ကြီး ဘယ်ကခြူသံနဲ့ နှင်းဆီအနံ့က ပေါ်လာရတာလဲ?

ခေါင်းမှောက်ထားလျက်နဲ့ပင် မျက်လုံးတို့ကလည်း တင်းကျပ်စွာ ပိတ်ထားလျက်။ လက်ဖျား‌ခြေဖျားတွေ ရေခဲတမျှအေးစက်လာခြင်းက သူ့ရဲ့အကြောက်တရားကိုဖော်ပြတယ်။

တဖြည်းဖြည်းနဲ့ ဝိုးတိုးဝါးတားရနေတယ့် နှင်းဆီရနံ့က ပိုပီပြင်လာပြီး ခြူလုံးသံကလည်း ထင်ထင်ရှားရှားကြားရလာတယ်။

နောက်တော့ ခြူလုံးသံက ရပ်တန့်သွားတယ်။
နှင်းဆီရနံ့ကတော့ အခုထက်ထိ သင်းသင်းပျံ့ပျံ့ဘဲ။ ရပ်တန့်သွားတယ့် ခြူသံအစား သူ့ရဲ့ကိုယ်ပေါ်ကို နွေးထွေးတယ့် အမည်မသိတယ့် အငွေ့အသက်တစ်ခုက လွှမ်းခြုံလာတယ်။ အစောပိုင်းက အေးခဲနေတယ့်ခံစားချက်က ယူပစ်သလို ပျောက်ပျယ်သွားတယ်။

ဒါပေမယ့် သူအခုအထိတော့ ခေါင်းပြန်မထောင်ရဲသေး။ အခုအချိန်မှာ သူအဖြစ်ချင်ဆုံးကတော့ အငွေ့ပျံပြီးတော့ဘဲဖြစ်ဖြစ် သူ့ကိုယ်သူ ပျောက်ကွယ်သွားစေချင်တာဘဲ။ အင်း.. အသံတစ်ခုကို မကြားရခင်အထိပေါ့။

" လမ်းပျောက်နေတာလား ကောင်လေး? "

အေးစက်စက်အသံဆိုပေမယ့် တစ်ချိန်ထဲမှာဘဲ နွေးထွေးမှုတွေ အများကြီးပျော်ဝင်နေတယ့် အသံမျိုး။ ဘယ်ကရလာတယ့် သတ္တိတွေလည်းမသိပေမယ့် သူခေါင်းထောင်ကြည့်မိလိုက်တယ်။ ပထမဆုံး ကြားဖူးတယ့်အသံဆိုပေမယ့် အရမ်းကိုရင်းနှီးသလိုခံစားနေရတယ့် အသံပိုင်ရှင်ကို သူမြင်ဖူးချင်တယ်လေ။

တစ်ခဏလေးဘဲ တစ်ခဏဆိုတယ့်အချိန်ခဏလေးမှာ သူ့ရဲ့မျက်လုံးတွေက အံ့ဩမှုကြောင့် ဝိုင်းစက်ကုန်တယ်။ မပီပြင်တယ့် လရောင်ဖျော့ဖျော့အောက်မှာ ဝိုးတဝါးမြင်နေရတယ့် ထိုလူက ကြည့်လိုက်ရုံနဲ့ လူကောင်းဖြစ်မည်လို့ ခံစားမိနေရသည်။ ကြည့်ရတာ သူ့ရဲ့ဆုတောင်းသံကို ကြားသွားတယ့် ဘုရားသခင်က သူ့အဖြစ်ကိုမကြည့်ရက်တော့လို့ သူ့ကိုကယ်တင်ပေးမည့်လူကို လွှတ်ပေးလိုက်သည်ထင်။

ဒါပေမယ့်လည်း တစ်ချိန်ထဲမှာဘဲ ဝင်လာတယ့် သံသရတွေကလည်း အလုအယက်။ ခုနကကြားလိုက်ရတယ့် ခြူသံနဲ့ နှင်းဆီနံ့က ဒီလူ့ဆီကလား။

" ခင်‌ဗျားက ဘယ်သူလဲ။ " အတတ်နိုင်ဆုံး စကားကိုပုံမှန်အတိုင်းဖြစ်အောင်ထိန်းပြောနေတယ့်ကြားက တုန်ရင်သွားတယ့် အသံကိုစိတ်တိုင်းမကျဖြစ်နေတုန်း အရှေ့က သူနဲ့အရပ်ညီအောင် ထိုင်ချထားတယ့် လူဆီကနေ ရယ်သံခပ်လွင်လွင်ကိုကြားလိုက်ရတယ်။ ထူးဆန်းတယ်.. ရယ်သံကအစ သူ့အတွက် လုံခြုံမှုပေးနေသလိုမျိုး။

" အရင်တုန်းကအတိုင်း မပြောင်းလဲဘူးဘဲ။ သံသရတွေ များနေတုန်းဘဲ။ "

" ဘာ? " သူမျက်မှောင်ကျုံ့မိလိုက်သလိုဘဲ။ 'အရင်တုန်းကအတိုင်း' ဆိုတယ့်စကားက ဘာကိုဆိုလိုချင်တာလဲ။ သူဒီလူနဲ့ အခုမှတွေ့ဖူးတာမဟုတ်ဘူးလား။ သေချာသွားအောင် သူ့အရှေ့ကလူရဲ့ မျက်နှာကို သေချာပြန်စိုက်ကြည့်မိတော့ မှိန်ဝါးနေတယ့် လရောင်အောက်မှာ ထိုလူရဲ့ မျက်လုံးက လက်ခနဲ။ သေချာကြည့်တော့မှ ဆံပင်တွေကလည်း အနက်ရောင်မဟုတ်ဘူးဘဲ။ ဘာအရောင်လည်းဆိုတာတော့ သေချာမမြင်ရပေမယ့် သေချာတာတစ်ခုကတော့ သာမန်လူတွေပိုင်ဆိုင်တယ့် အနက်ရောင်ဆံပင်တွေ ထိုလူ့ဆီမှာ မရှိဘူးဆိုတာပါဘဲ။

မျက်နှာကို သေချာမမြင်ရပေမယ့် ထင်ရှားနေတယ့် မေးရိုးနဲ့ လရောင်အောက်မှာ တစ်ချက်တစ်ချက် အရောင်လက်သွားတယ့် မျက်လုံးပုံစံအရ ဒီလူဟာ ဒါသူပထမ‌ဆုံး တွေ့ဖူးတယ့်လူဘဲဆိုတာ ကြိမ်းသေသွားတယ်။

ဂျယ်နိုက သူ့အရှေ့ကလူရဲ့ မျက်နှာကို သေချာမမြင်ရတယ့်ကြားထဲက အကဲခတ်ကြည့်နေတုန်း ထိုလူက လက်တစ်ဖက်ကိုမြှောက်ပြီး သူ့ကိုနှဖူးတောက်ဖို့ပြင်တာကို တွေ့လိုက်ရတယ်။ ရုတ်တရက်မို့ လန့်သွားပြီး မျက်လုံးတောင် စုံမှိတ်ချလိုက်မိတယ်။ နောက်တော့မှ ဖြည်းဖြည်းချင်းဆီ ပြန်ဖွင့်တော့ သူ့ရဲ့အရှေ့ကလူက သူ့ကိုနှဖူးတောက်ဖို့ပြင်ထားတယ့်လက်ကို အနောက်ပြန်ဆုတ်လိုက်ပြီး လက်ညှိုးနဲ့ဘဲ နှဖူးကို ခပ်ဖွဖွလေးတွန်းတယ်။ ခပ်ဖွဖွလေးဆိုတာထက် တကယ်ကို မထိလိုက်သလိုမျိုး နူးနူးညံ့ညံ့။

" မရိုင်းစမ်းနဲ့ လီဂျယ်နို။ "

သူ အံ့ဩမှင်သက်သွားမိတယ်။ သူ့နာမည်ကို ဘယ်လိုသိတာလဲ။ အခုမှ စတွေ့တယ့် ဒီလူဟာ ထူးဆန်း‌မှုတွေအပြည့်နဲ့။

" ခင်ဗျားက ကျွန်တော့်နာမည်ဘယ်လိုတာလဲ။ "

" ဒီလောကကြီးမှာ ငါမသိတာဘာမှမရှိဘူး ဂျယ်နို။ "

တကယ်ကို ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတယ့်လူဘဲ။ အာ..မဟုတ်‌သေးဘူး။ အခုသူ့အရှေ့မှာ ထိုင်နေတာက လူရောဟုတ်သေးရဲ့လား။ တည်ငြိမ်စပြုလာတယ့် ‌ထိတ်လန့်မှုတွေက တဖန်ပြန်နိုးထလာပြီး အံဩမှင်သက်မှုနဲ့ ပေါင်းစည်းလိုက်တယ့်အခါမှာ သူ့ရဲ့ အသက်ရှုသံဟာ ပိုမိုမြန်ဆန်လာတယ်။ လူမဟုတ်ရင်တောင် သူ့ကိုဒုက္ခပေးမယ့်တစ်ခုခုတော့ မဟုတ်လောက်ပါဘူးနော်။

" ခင်ဗျားက နတ်သားလား။ " ကလေးအတွေးနဲ့ တွေးချင်တာတွေတွေးပြီး တအံ့တဩမေးမိတော့
သူ့အရှေ့က ပုံရိပ်ဟာ ပျက်လုံးတစ်ခုကို ကြားလိုက်ရသလို ရယ်တယ်။ ခုနကလို ရယ်သံခပ်ဖွဖွလေးမဟုတ်ဘဲ စိတ်လိုလက်ရရယ်တယ့် အသံမျိုး။

" အဟင်း... အဲ့လိုမှတ်ထားရင်လည်း အဆင်ပြေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါ့ရဲ့ဖြစ်တည်မှုကို သိနိုင်ဖို့အတွက် မင်းက အရမ်းငယ်လွန်းနေသေးတယ်။ "

ထိုစကားတစ်ခွန်းက သူ့ကိုအများကြီး အတွေးပွားစေတယ်။ သူလိုက်မမှီနိုင်တယ့် အကြောင်းအရာတွေဘဲ။

တိတ်ဆိတ်သွားတယ့် လေထုကြားမှာ နွေးထွေးမှုရော အေးစက်မှုရော အရှင်းကင်းမဲ့နေတယ့် လက်တစ်စုံက သူ့ရဲ့ပုခုံးကိုလာရောက်ဆုပ်ကိုင်တယ်။ တစ်ဖန် မျက်လုံးချင်းပြန်စုံသွားတယ့် အခိုက်အတန့်မှာတော့ သူ့အရှေ့က မျက်ဝန်းတွေရဲ့ အရောင်ကို ခန့်မှန်းလို့ရသွားတယ်။

လူကြီးတွေ ဝတ်နေကြ လက်ဝတ်ရတနာတွေမှာ ပါတယ့်အရောင်မျိုး။ အရောင်တလဲ့လဲ့နဲ့ အရမ်းကိုလှလွန်းတယ်။ သူပထမဆုံး သဘောကျမိတယ့် မျက်ဝန်းတွေဘဲ။

" မင်း နတ်သမီးပုံပြင်တွေကို ယုံလား? "

ဒီတစ်ခါတော့ ထိုစကားအတွက် ပြန်ဖြေဖို့အဖြေက သူ့မှာအဆင်သင့်ဘဲ။

" ကျွန်တော့်အသက်က ခုနစ်နှစ်တောင်ရှိနေပြီလေ။ နတ်သမီးပုံပြင်လို ဒဏ္ဍာရီတွေယုံမယ့် အရွယ်မှ မဟုတ်တော့တာ။ "

သူအဲ့လိုပြောလိုက်တော့ ဘာပြန်စကားမှ မလာဘဲ လက်ချောင်းသွယ်သွယ်တို့နဲ့ သူ့ရဲ့ဆံပင်ကို ခပ်ဖွဖွလေး လှုပ်ခါတယ်။ အခုမှတွေ့တယ့်လူတစ်ယောက်ဆိုပေမယ့် သူဒီခံစားချက်ကို သဘောကျမိတယ်။ ဂရုစိုက်ခံရတယ့် ခံစားချက်မျိုး။ အာ.. လူမဟုတ်ဘူးဘဲ သူပြောပုံအရဆိုရင် နတ်သားပေါ့။

" ဘယ်သူကမှ နတ်သမီးပုံပြင်တွေအတွက် အသက်ကြီးတယ်ဆိုတာမျိုးမရှိဘူး ဂျယ်နို။ အဲ့လိုမျိုး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ "

ထပ်ပြီးတော့ သူနားမလည်နိုင်မယ့်စကားတွေဘဲ ထပ်ပြောပြန်တယ်။ ခုနကလို အေးစက်စက်အသံထက် အခုက ကလေးတစ်ယောက်ကို ချော့မြူနေတယ့် အသံမျိုး။ အင်း..နားထောင်လို့ကောင်းတယ်။

" ဘာဖြစ်လို့လဲ သိလား? "
ဂျယ်နို သူသဘောကျတယ့် မျက်လုံးတွေကို ငေးကြည့်လျက်နဲ့ပင် ခေါင်းခါလိုက်တယ်။ တကယ်လည်း သူသိမှ မသိဘဲ။

" ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ထင်ထားတယ့် အရာတွေက တစ်ချိန်ချိန်မှာ ဖြစ်လာနိုင်တယ်။

အကယ်၍ မင်းသာ နတ်သမီးပုံပြင်တွေကို ယုံကြည်ရင်ပေါ့။ "

ရယ်တော့ရယ်ရသား။ ဒီလိုနေရာ ဒီလိုအချိန်ကြီးမှာ ဒီလိုအ‌ခြေအနေနဲ့ ပုံပြင်တွေအကြောင်း ထိုင်ဆွေးနွေးနေရတယ်လို့။

အဓိပ္ပါယ်မရှိဘူးဆိုတာသိပေမယ့်လည်း သူ့အရှေ့က ပုံရိပ်နဲ့ စကားဆက်ပြောနေချင်ခဲ့တယ်။ သူတို့နားက လေထုကို ပြန်အေးစက်မသွားစေချင်ဘူး။

" ဒီနေရာကထွက်သွားလိုက်တာနဲ့ ငါ့နာမည်ကို မေ့သွားမှာဆိုပေမယ့်... "

ပြောလက်စ စကားကိုရပ်ပြီး ခေါင်းကိုငုံ့ကာ ချောင်းတစ်ချက်ဟန့်တယ်။ ဂျယ်နိုကလည်း သူသဘောကျရတယ့် မျက်ဝန်းတွေရဲ့ပိုင်ရှင်ပြုမူသမျှကို တစ်ခုချင်းမျက်လုံးထဲကနေ သိမ်းဆည်းတယ်။

" တွေ့ရတာဝမ်းသာပါတယ် ဂျယ်နို။ ငါ့နာမည်က ဂျယ်မင်း.. နာဂျယ်မင်း။ "

ကမ်းပေးလာတယ့် လက်တစ်ဖက်ကို ဆွဲဆွဲမြဲမြဲပြန်ပြီးဆုပ်ကိုင်မိတော့ အ‌နွေးဓာတ်ရော အအေးဓာတ်ပါ ဗလာနတ္ထိဖြစ်နေတယ့် လက်ချောင်းတွေက သူ့ရဲ့ လက်သေးသေးကို လက်ဖဝါးထဲမြှုပ်နေအောင် တင်းတင်းကျပ်ကျပ်။

" ငါနဲ့လိုက်နေမလား ဂျယ်နို။ မင်းဖြစ်ချင်တာ အကုန်လုပ်ပေးမယ်လေ။ မင်းမသွားချင်တယ့် အဘိုးအဘွားတွေဆီလည်း သွားစရာမလိုတော့ဘူး။ ပြီး..ပြီးတော့ မင်းရဲ့ခွေးလေးကိုလည်း ငါပြန်ခေါ်ထားပေးနိုင်တယ်။ "

ဂျယ်နိုရဲ့ လက်သေးသေးလေးကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ရင်း ပြောနေတယ့် ဂျယ်မင်းရဲ့ မျက်ဝန်းက အရောင်တလဲ့လဲ့နဲ့ ။

" အ..နာတယ်။ " ဂျယ်မင်းက လက်နှစ်ဖက်နဲ့ ကိုင်ထားသည့်အပြင်ကိုမှ ထပ်ပြီး အားထည့်ကာဆုပ်ကိုင်လိုက်သည် ထင်ပါရဲ့။ ကလေးတစ်ယောက်က ဒီအားကိုဘယ်လိုခံနိုင်ပါ့မလဲ။

ဂျယ်နိုရဲ့ နာကျင်တယ့်အသံကို ကြားကြားချင်း လက်ကိုအမြန်လွှတ်လိုက်ပေမယ့် တစ်ဖက်က လက်ကလေးကတော့ နီရဲလို့။

" တောင်း..တောင်းပန်ပါတယ်။ ငါမနာတော့အောင်လုပ်ပေးမယ်လေ။ " ပြောပြောဆိုဆိုနဲ့ ဂျယ်မင်းက ဂျယ်နိုရဲ့လက်ကို ပြန်ဆွဲကိုင်လိုက်ပေမယ့် ဒီတစ်ခေါက်တော့ ဂျယ်နိုက ပြန်ရုန်းတယ်။

" ဘာမှမဖြစ်ပါဘူး။ ကျွန်တော်ဒီမှာလည်း ဆက်မနေချင်ဘူး။ ကျွန်တော့်မိဘတွေဆီပြန်ချင်တယ်။ ‌မေမေနဲ့ ဖေဖေအခုလောက်ဆို လိုက်ရှာနေကြတော့မှာ။ "

ဂျယ်နိုရဲ့ စကားကိုကြားတော့ ဂျယ်မင်းက သက်ပြင်းရှည်ကိုချတယ်။

" ဟုတ်သားဘဲ။ မင်းရဲ့ မိဘတွေ မင်းကိုအခုလိုက်ရှာနေကြတယ်။ "

ဂျယ်မင်းက ပြောလက်စကို ခဏရပ်လိုက်ပြီး ဂျယ်နိုရဲ့လက်ကို ပြန်ဆွဲယူလိုက်ပြီး ဒီတစ်ခေါက်တော့ ခပ်ဖွဖွလေး ဆုပ်ကိုင်တယ်။

" ငါနဲ့နေခဲ့ချင်လား ဒါမှမဟုတ် ငါ့ကိုထားခဲ့ချင်လား။ "

ရွေးချယ်ခိုင်းပေမယ့် သူကအဖြေကိုသိနှင့်ပြီးသားလေ။ ဒါမျိုးက ပထမဆုံးကြုံတာမဟုတ်တော့တာကြောင့်လည်းပါတာပေါ့။ ဒါပေမယ့်လည်း မျှော်လင့်နေမိတုန်းဘဲ။

" ခင်ဗျားနဲ့က အခုမှသိတာလေ မနေခဲ့ချင်ပါဘူး။ ကျွန်တော့် မိဘတွေဆီဘဲ ပြန်မယ်။ "

ဂျယ်မင်းက ပြုံးတယ်။ လရောင်‌သဲ့သဲ့အောက်မှာ ဂျယ်မင်းရဲ့အပြုံးက တစ္ဆေတစ်ကောင်လိုမျိုး ခြောက်ခြားဖွယ်အတိ။

" ကောင်းပြီ။ မင်းရဲ့လက် ငါ့ကိုပေး။ "

စိတ်ပိုင်းဖြတ်ပြီးတယ့် ဂျယ်နိုရဲ့ဆန္ဒကို ဂျယ်မင်းကလည်း လိုက်လျောဖို့အဆင်သင့်ဖြစ်နေခဲ့တယ်။

ဂျယ်နိုရဲ့ လက်ချောင်းတွေကို ဂျယ်မင်းက သူ့ရဲ့ သွယ်လျလျလက်ချောင်းတို့နဲ့ ယှက်သွယ်စေတယ်။

" အခုဘဝမှာ ငါ့ဆီကိုဘယ်တော့မှ ပြန်မလာနဲ့တော့။ နောက်တစ်ခါဆို ငါလွှတ်ပေးတော့မှာမဟုတ်ဘူး။ "

ဂျယ်နိုရဲ့ မျက်ဝန်းတွေကို စူးစိုက်ကြည့်ပြီးပြောလိုက်တယ့် ဂျယ်မင်းရဲ့စကားအဆုံးမှာ ငွေမှင်ရောင် အလင်းတန်းမျှင်တို့က သူတို့နှစ်ယောက်ရဲ့ ယှက်သွယ်ထားတယ့် လက်ချောင်းတွေကို လာရစ်ပတ်တယ်။

" နှုတ်ဆက်ခဲ့ပါတယ် ကောင်လေး။ ကောင်းကောင်းပြန်ပါ။ "

ဂျယ်မင်းရဲ့ စကားသံအဆုံးမှာ သူတို့ရဲ့ လက်ကိုရစ်ပတ်နေတယ့် အလင်းတန်းတို့က ပိုအင်အားကြီးလာပြီး ဂျယ်နိုရဲ့ မြင်ကွင်းထဲက ပုံရိပ်တွေက မှုန်ဝါးလာတယ်။

ဂျယ်နိုနောက်ဆုံးမြင်လိုက်ရတာက သူ့ကိုပြုံးပြီးစိုက်ကြည့်နေတယ့် ဂျယ်မင်းကိုဘဲ။ နောက်တော့ အရာအားလုံးက အမှောင်ကျသွားခဲ့တယ်။

•••••••

" သား ဂျယ်နို သတိရလာပြီလား။ "

လေးလံနေတယ့် မျက်ခွံတို့ကိုအားယူပြီးပင့်တင်လိုက်တော့ ‌အလင်းရောင်ခပ်စူးစူးက အလုအယက်ပြုံတိုးတယ်။ မေမေ့ရဲ့ စိတ်ပူနေတယ့်အသံကတော့ နားထဲမှာ ကြားတစ်ချက် မကြားတစ်ချက်။

" အရမ်းပင်ပန်းပြီး အိပ်ပျော်နေတာပါ။ ကျန်တာတော့ ဘာမှထိခိုက်ထားတာတော့ မရှိတော့ဘူး။ ကလေးကိုတော့ ဘာမှလှုပ်လှုပ်ရှားရှား သိပ်မလုပ်ခိုင်းနဲ့ဦး။ "

ထောင်းခနဲရလာတယ့် ဆေးနံ့တွေအရ ဒါကသူအမုန်းဆုံး ဆေးရုံရောက်နေတာဘဲဆိုတာသိလိုက်တယ်။ ပျော့ခွေနေတယ့် ကိုယ်ကိုအားယူပြီး ထထိုင်ဖို့လုပ်တော့ မေမေက ကမန်းကတန်းလက်ကိုလာဆွဲထူတယ်။

" သားကို တောစပ်နားမှာပြန်တွေ့တာ။ ပြန်တွေ့တော့ သားကတစ်ကိုယ်လုံးအေးစက်ပြီး သတိမေ့နေပြီ။ အဲ့တာကြောင့် ဆေးရုံတင်ထားတာ။ "

သူတောင်မမေးရသေးခင် အမေဖြစ်သူက သူ့စိတ်ကို ဖတ်မိနေတယ့်အလားအရင်ကြိုပြောပြတယ်။

" ဖေဖေရော? "

" အရှေ့မှာ မင်းရဲ့အဘွားနဲ့ ဖုန်းပြောနေတယ်။ "

ဂျယ်နိုရဲ့မေးခွန်းကိုဖြေပြီးတာနဲ့ ဂျယ်နိုရဲ့အမေက သားဖြစ်သူရဲ့ နှဖူးကိုစမ်းလိုက် ပါးကိုစမ်းလိုက်နဲ့ အလုပ်ရှုပ်နေလေသည်။ သိပ်မကြာပါ ဂျယ်နိုရဲ့ အဖေလည်း ဂျယ်နိုတို့ သားအမိအနားရောက်လာတယ်။

" သတိရ‌ပြီလား ဂျယ်နို။ "

ခေါင်းငြိမ့်ပြီး အဖြေပြန်ပေးလိုက်ပေမယ့် ထုံကျင်နေတယ့် ခေါင်းကလှုပ်ရှားလိုက်တာနဲ့ မိုက်ခနဲမူးဝေသွားသည်။

" ခဏနားလိုက်ဦး။ ညနေလောက်မှ ဆေးရုံကဆင်းကြတာပေါ့။ အဘွားတို့ကိုလည်း ဖုန်းဆက်ပြီးလှမ်းပြောထားတယ်။ "

" ဟုတ်။ "

" အဲ့တာဆို သားကအမေနဲ့ ခဏနေခဲ့လိုက်ဦး။ အဖေ ဆရာဝန်နဲ့စကားနည်းနည်းပြောစရာရှိ‌သေးလို့။ "

ဖေဖေထွက်သွားတာနဲ့ မေမေက "ဗိုက်ဆာနေပြီလား။ တစ်ခုခုစားမလား။ "

သူခေါင်းကိုပဲ ခပ်လေးလေးခါလိုက်မိတယ်။ အခုအချိန်မှာ ဘာမှစားချင်စိတ်မရှိသေးပေ။

" ခဏလောက် ပြန်အိပ်ချင်တယ်။ "

သူအဲ့လိုပြောလိုက်တော့ မေမေကထိုင်နေရာက ထလာပြီး ထိုင်လျက်ရှိနေတယ့်သူ့ကို ပြန်လှဲလို့ရအောင် ကူညီပေးသည်။

" အဲ့တာဆို ခဏလောက်အိပ်လိုက်ဦး။ မေမေဒီမှာပဲ ရှိနေမယ်။ "

ဂျယ်နို မျက်လုံးတို့ကိုမှိတ်ထားလျက်နှင့်‌ပင် အတွေးတို့က တောင်ရောက်မြောက်ရောက်။

ဘာလို့နေရတာ တစ်မျိုးကြီးဖြစ်နေတာလဲ။ အရမ်းထူးဆန်းတယ့် အိပ်မက်ကိုမက်ခဲ့သလိုမျိုး။

ပုံရိပ်ယောင်တို့က အမြင်လွှာမှာပေါ်လိုက်ပျောက်လိုက်။ တကယ်ဖြစ်ခဲ့တာလား အိပ်မက်လားဆိုတာတောင် ခွဲခြားလို့မရလောက်အောင် အရာအားလုံးက သေသပ်လွန်းသည်။ လူတစ်ယောက်နဲ့စကားပြောနေခဲ့တာကို ကြိမ်းသေမှတ်မိနေပေမယ့် ပြောခဲ့တယ့်စကားတွေနဲ့ အဲ့ဒီလူရဲ့ မျက်နှာကိုပုံဖော်ကြည့်ရတာ ကျောက်ခဲရေညှစ်နေရသလိုပင်။

ဘာလို့ ဘာမှမမှတ်မိတော့တာလဲ?

ထိုအကြောင်းတွေကို သူပြန်စဉ်းစားလိုက်တိုင်း ခေါင်းက တဆစ်ဆစ်နဲ့ကိုက်ခဲလာတယ်။

အိပ်မက်ပဲနေမှာပါ။ အရမ်းထူးဆန်းတယ့် အိပ်မက်...

သေချာတာကတော့ ဒီတစ်ခေါက်နွေရာသီက သူ့အတွက် မေ့မရနိုင်တယ့် နွေရာသီဖြစ်နေတော့မှာ။

•••••••

- 16 years after -
{2021}

မျက်နှာပေါ်ကို အညှာအတာမဲ့စွာထိုးနှက်လာတယ့် မိုးရေစက်တို့ကြောင့် စပ်ဖြင်းဖြင်းဖြစ်နေတယ့် မျက်လုံးတို့ကို အားယူပြီးဖွင့်လိုက်ချိန်တွင်တော့ ကြီးမားသော သစ်ပင်ကြီးတစ်ပင်အောက်တွင်ရောက်နေခဲ့သည်။ ထူထဲစွာပေါက်ရောက်နေတယ့် သစ်ပင်ချုံနွယ်တို့ကြောင့် နေလုံးအားမမြင်ရပဲ ညဘက်မဟုတ်ဘူးဟူ၍သာ သတိထားမိရုံ။

" အိပ်မက်မဟုတ်ဘူးဘဲ။ " စိတ်ထဲက ရေရွတ်လိုက်ရုံသာရှိသည်။ လက်တွေ့မှာတော့ အသံမထွက်လာနိုင်ခဲ့။

အိပ်မက်ဖြစ်ခဲ့ရင်ကောင်းမှာ။ အိပ်မက်ဖြစ်ပါစေလို့ဆုတောင်းနေခဲ့တာ။ မျက်လုံးဖွင့်လိုက်တာနဲ့ အရာအားလုံးပုံမှန်ပြန်ဖြစ်သွားမယ့် အိပ်မက်ဆိုးကြီးတစ်ခုဖြစ်ခဲ့ပါစေလို့ ဝင်သက်ထွက်သက်တိုင်းမှာ ဆုတောင်းနေမိတာ။

ဘုရားသခင်က သူ့ရဲ့ဆန္ဒကို လျစ်လျူရှုခဲ့သည်ဘဲ။

သုံးရက်။ ဒီနေရာကြီးမှာ ပိတ်မိနေတာ သုံးရက်တိတိရှိပြီ။

ချေစရာအစာပင် မကျန်ရှိတော့သောဗိုက်အား လက်တစ်ဖက်ဖြင့် တင်းကျပ်စွာဆုပ်ကိုင်၍ ကျန်လက်တစ်ဖက်ဖြင့် သစ်ပင်အားထောက်ပြီးအားပြုကာ ဖြည်းဖြည်းချင်းထိုင်နေရာမှ ထလိုက်သည်။ သုံးရက်လုံးလုံး သူ့ကိုမင်ဟျောင်းတို့ လာခေါ်မှာဘဲဆိုတယ့် မျှော်လင့်ချက်နဲ့ ဒီနေရာကနေမရွေ့ခဲ့တာ သူမှားသွားပြီထင်။

အစာမရှိတော့တာကြောင့် အားမရှိတော့တယ် ခန္ဓာနဲ့ သူဘယ်လိုရှေ့ဆက်ရမလဲ။

အားနဲ့မာန်နဲ့ ရွာချနေတယ့်မိုးရေစက်တို့ကြောင့် ကြိမ်းစက်နေတယ့် မျက်လုံးတို့ကိုပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မြင်ကွင်းကိုရှင်းအောင်လုပ်နေရတယ်။ အားအင်ချိနဲ့နေတယ့် ခြေထောက်တွေနဲ့ ‌ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေကြီးထဲမှ ရေများစိမ့်ထွက်လာကာ ခြေရာဗွက်အိုင်ငယ်များ ဖြစ်ပေါ်လာသည်။

ဒီတောအုပ်ထဲမှ ထွက်ခွာနိုင်လျှင် မင်ဟျောင်းတို့မဟုတ်ရင်တောင် ဘယ်သူပဲဖြစ်ဖြစ် လူတော့ရှိနေမှာဘဲဟုတွေးကာ အားတင်းရင်း ခြေလှမ်းတို့ ပိုအားထည့်လိုက်မိသည်။ သို့သော်လည်း ထို‌အတွေးတွေက အတုအယောင်သာဖြစ်သည်ကို နားလည်ဖို့ အချိန်သိပ်မလိုပေ။ ဂေါ့ဂျာဝယ်သည် သူ့အားအသက်ဝင်နေသည့် လူတစ်ယောက်ကဲ့သို့ လှည့်စားတတ်သည်။ အချိန်နာရီအနည်းငယ်ကြာတယ့်အထိ သူဟာလမ်းစရှာမတွေ့နိုင်သေး။ မိုးရေစက်တွေနဲ့ သစ်ပင်တို့ရဲ့ အခက်အလက်တွေ ရိုက်ခတ်သံက ဂျယ်နိုအား ပို၍ ခေါင်းနောက်စေသည်။ အချိန်တော်တော်ကြာကြာ လမ်းတွေ့နိုးနိုး သွားပြီးရင်း သွားနေသော်လည်း ပုံစံတူ အရောင်တူ အသွင်သဏ္ဍာန်တူတယ့် သစ်ပင်များက ဂျယ်နိုကို လှောင်ပြောင်နေသယောင်။

ထူထဲစွာပေါက်ရောက်နေတယ့် သစ်ပင်တွေရဲ့အပေါ်မှာ သူထိုင်နေတုန်းက တွေ့လိုက်တယ့် အနည်းငယ်ထက်သည်ဟု ထင်ရတယ့်ကျောက်ခဲနှင့် တစ်ပင်ချင်းစီ သေသေချာချာအမှတ်အသားပြုလုပ်ခဲ့ပါသော်လည်း အချည်းနှီးသာ။ ဘယ်လောက်ပဲ လမ်းစရှာပါစေ နောက်ဆုံးတော့ သူသတိရလာတယ့် သစ်ပင်ကြီးရှိရာကိုပဲ ပြန်ပြန်ရောက်လာလေသည်။ နောက်ဆုံးတော့ သူလက်လျှော့လိုက်ရသည်။

စမှတ်နေရာဖြစ်ခဲ့တယ့် သစ်ပင်ကြီးကိုပဲ မှီပြီးထိုင်ချလိုက်တယ်။ မီးစနဲ့ထိုးသလို ပူလောင်လာတယ့် အစာအိမ်က သုံးရက်လုံးလုံး ဘာအစာမှ လက်ခံ၍ မရရှိခဲ့ကြောင်း သတိပေးသည်။

အိတ်ထဲမှာလည်း ဘာအစာမှ မကျန်တော့။ အနည်းဆုံးတော့ မိုးရေသောက်မည်ဟုစဉ်းစားလိုက်သော်လည်း ကိုယ့်ဘက်ကို မပါတယ့်ကံတရားက အငြိုးတကြီးရွာသွန်းနေတယ့်မိုးတို့ကို ရပ်စဲစေခဲ့သည်။

ကြံရာမရတော့တယ့်အဆုံး မျက်လုံးတို့ကို စုံမှိတ်ချလိုက်ပြီး လှည့်တောင်မကြည့်မိခဲ့သော၊ ထိကြည့်ဖို့ပင် စိတ်ကူးထဲမရှိခဲ့သော ဗွက်အိုင်ငယ်ထဲမှ ရေကိုသောက်မိသည်။

" ဒီလိုနဲ့ဘဲ အစာပြတ်ပြီး သေ‌ရတော့မယ်ထင်တယ်။ " သူခပ်ရွဲ့ရွဲ့ပင် ပြုံးလိုက်မိသလိုပင်။

သို့သော်လည်း ယခုအချိန်အထိ သူ့ကိုတစ်ယောက်ယောက်က လာကယ်မယ်ဆိုတယ့် မျှော်လင့်ချက်ကတော့ ရှိနေတုန်း။

အချိန်အနည်းငယ်ကြာပြီးနောက်မှာ အုံ့မှိုင်းနေတယ့် မိုးကောင်းကင်ကလည်း အခုတော့ သူမဟုတ်သလို ကြည်တောက်ကာ နေပင်ထိန်ထိန်သာလျက်ရှိသည်။ သို့သော်လည်း ထူထဲနေတယ့် သစ်ပင်ချုံနွယ်တို့ကြောင့် နေရောင်ခြည်ဟာလည်း တိုးမပေါက်နိုင်ဘဲ ဟိုတစ်ပြောက် ဒီတစ်ပြောက်သာ ကျရောက်နေတော့သည်။ အငြိုးကြီးစွာ တိုက်ခတ်နေခဲ့သည့် လေပြင်းတို့ကလည်း ယခုအချိန်မှာ လေပြေလေညင်းများ သဏ္ဍာန်ပြောင်းလဲလို့ သွားလေသည်။

သစ်ပင်ကိုမှီကာ တဂွီဂွီအော်မြည်လျက် အချက်ပေးနေသည့် ဗိုက်ကိုတင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ရင်း မျက်လုံးတို့ကို အသာမှိတ်ထားလိုက်တယ်။ အိပ်ပျော်သွားရင် ဒီဆာလောင်မှု ပျောက်သွားလိုပျောက်သွားငြား အတွေးနှင့်။

ရုတ်တရက်ဆိုသလိုပင် ထူးဆန်းတယ့်အသံကို‌ကြားလိုက်မိတာကြောင့် မှိတ်ထားတယ့်မျက်လုံးကိုဖွင့်ကြည့်မိတော့ ပတ်ဝန်းကျင်က သစ်ပင်တွေကလွဲ၍ ဘာမှမရှိ။

" ဟက် လီဂျယ်နို ထင်ယောင်ထင်မှားတွေပါကြားနေရပြီဘဲ။ " ခပ်တိုးတိုး ရေရွတ်လိုက်ပြီး မျက်လုံးတို့ကို ပြန်မှိတ်ဖို့လုပ်ပေမယ့် နောက်တစ်ကြိမ်ထပ်ကြားလိုက်ရတယ့် အသံကြောင့် မှိတ်မလို့လုပ်နေသည့် မျက်လုံးက နှစ်ဆပြူးကျယ်ကုန်သည်။

လေတိုးသံ မဟုတ်ဘူး။
မိုးရေစက်တွေရဲ့အသံ မဟုတ်ဘူး။
သစ်ရွက်တွေရဲ့အချင်းချင်းပွတ်တိုက်သံ မဟုတ်ဘူး။

ခြူသံ...
ဟုတ်တယ် သူကြိမ်းသေပေါက် ခြူလုံးငယ်လေးတွေရဲ့ အသံကြားလိုက်ရတာ။

ခပ်တိုးတိုး ကြားနေရတယ့်အသံက တစ်ဆထက် တစ်ဆ ပိုပိုပြီးကျယ်လာတယ်။ သို့ပေမယ့် သူ့ပတ်ဝန်းကျင်ကတော့ အုံ့ဆိုင်းနေတယ့် သစ်ပင်တွေနဲ့ ပုံမှန်အတိုင်း။

" ဘယ်..ဘယ်သူလဲ! " အခုအခြေအနေမှာ ဒီလိုအသံကြားရတာဟာ လူတစ်ယောက်ယောက်လာနေပြီဆိုတယ့် အဓိပ္ပါယ်ဆိုပေမယ့် အခုအချိန်အထိ လူနှင့်ပတ်သက်လို့ ဘာအရိပ်မှပင် မတွေ့ရသေး။

အနောက်ဘက်မှာများလားဆိုပြီး အနောက်ကိုလှည့်ကြည့်လိုက်ပေမယ့်လည်း အနောက်ဘက်မှာလည်း သစ်ပင်တွေကလွဲ ဘာမှမရှိ။

အနောက်ဘက်ကို လှည့်ပြီးပတ်ဝန်းကျင်ကို အကဲခတ်နေတုန်း နှင်းဆီရနံ့ ခပ်သင်းသင်းကသူ့ရဲ့ နှာခေါင်းအနားတဝိုက်မှာ ဝေ့ဝိုက်ကျီစယ်တယ်။

နှင်းဆီ။ သူအကြိုက်ဆုံး ပန်း။ ဂျယ်နိုက ပုံမှန်အားဖြင့် ပန်းတွေကိုနှစ်သက်တတ်တယ့် ယောင်္ကျားလေးမျိုးမဟုတ်ပေမယ့် နှင်းဆီပန်းကိုတော့ ထူးထူးခြားခြားစွဲလမ်းနေတတ်သည်။

" ငါ့ကိုရှာနေတာလား? "

" အမယ်လေး! "

သူက အနောက်ဘက်ကိုလှည့်နေပေမယ့် စကားပြောသံက ရုတ်တရက်အရှေ့မှ ထွက်လာသည်။

သူလျင်မြန်စွာပင် အရှေ့ကိုပြန်လှည့်လိုက်တော့ မြင်လိုက်ရတယ့် ပုံရိပ်ကသူ့ရဲ့ လှုပ်ရှားမှုတွေကို တစ်ခဏတာအတွက် ရပ်တန့်သွားစေဖို့ လုံလောက်ခဲ့သည်။

သလင်းကျောက်ရောင် မျက်ဝန်းတွေက ရူးခါသွားနိုင်အောင် ပြုစားဖို့အတွက် လုံလောက်ပါတယ်လေ။ မိုးကောင်းကင်တစ်ခုလုံးကို ပုံရိပ်လေးရဲ့ဆံနွယ်တွေက အပိုင်စား‌ရထားသလို။

ဂျယ်နိုက သူ့ရဲ့အရှေ့မှာရှိနေတယ့် မိုးကောင်းကင်ငယ်လေးကို အာစေးမိနေသလိုငေးတယ်။ မိုးပြာရောင်ကောင်ငယ်လေးက သူ့ရဲ့မှိန်ဝါးနေတယ့် အတိတ်ကာလတို့ကို ရုပ်ရှင်အနှေးပြကွက်တစ်ခုလိုမျိုး တစ်ခုချင်းစီပြန်မြင်ယောင်လာစေသည်။

ငယ်ငယ်တုန်းက သူသတိရရချင်း ဘာဆိုဘာမှကိုပြန်မမှတ်မိပေမယ့် အချိန်ကာလအနည်းငယ်ကြာပြီးနောက်မှာတော့ ပုံရိပ်တွေက မှတ်ဉာဏ်တွေထဲမှာ နောက်တစ်ကြိမ်ပြန်နေရာယူလာခဲ့တယ်။ ဒါပေမယ့်လည်း သူမှတ်မိတယ့် ပုံရိပ်တွေထဲမှာတော့ သူနဲ့စကားပြောခဲ့တယ့် လူရဲ့မျက်နှာပုံစံနဲ့ အမည်နာမကတော့ ဝိုးတိုးဝါးတားသာရှိသည်။

အခုအချိန်မှာတော့... သူ့အရှေ့မှာရှိတယ့် ကောင်းကင်ငယ်လေးက သူ့ရဲ့ဝေဝါးနေတယ့် အစိတ်အပိုင်းတို့ ဆေးရောင်ခြယ်ပေးလိုက်သလိုမျိုး ပြန်ပြီးထင်ထင်ရှားရှားမှတ်မိလာစေသည်။

ဂျယ်နိုက သလင်းကျောက်ရောင် မျက်ဝန်းငယ်တို့ရဲ့ ပိုင်ရှင်ကိုတွေ့တွေ့ချင်း မျက်လုံးတွေကွေးညွတ်သွားတယ့်အထိ ပြုံးတယ်။ သူ့ရဲ့အပြုံးတွေက အားမရှိတာသိသာနေပေမယ့်လည်း ကြိမ်းသေပေါက်တော့ ချိုမြိန်နေမှာ အသေအချာပင်။

" ဂျယ်မင်းနီး... " တိုးဖွဖွအသံသာဆိုပေမယ့် မိုးကောင်းကင်ငယ်လေး‌ကို ကြားသွားစေဖို့လုံလောက်ပါတယ်။

ဒီတစ်ခါ အံ့အားသင့်ရသူကတော့ ဂျယ်မင်း။ သူမှတ်မိသလောက်တော့ ဂျယ်နိုရဲ့ သူနဲ့ပတ်သက်တယ့် မှတ်ဉာဏ်မှန်သမျှကို ဖျက်ခဲ့ပြီးပြီဆိုတာဘဲ။ အခုဘယ်လိုဖြစ်လို့ ဂျယ်နိုက သူ့နာမည်ပါမှတ်မိနေရတာလဲ။

သူ့ရဲ့အစွမ်းတွေပဲ မှေးမှိန်သွားတာလား? ဒါမှမဟုတ်...

ဂျယ်မင်းက ဂျယ်နိုရဲ့ မျက်လုံးကိုဖျတ်ခနဲစိုက်ကြည့်တယ်။ စိုက်ကြည့်တယ်ဆိုတာထက် မျက်လုံးချင်း ဆုံစေရုံလေး။ နှစ်တွေဘယ်လောက်ပဲကြာကြာ ဂျယ်နိုရဲ့မျက်ဝန်းတွေက သူ့အတွက်မူးယစ်ဆေးလိုဘဲ။ ကြာကြာကြည့်လေ မူးယစ်စေလေဘဲ။ သူကြာကြာစိုက်ကြည့်ဖို့ မရဲပါလေ။

ဒါမှမဟုတ် ဂျယ်နိုကပဲ ပြောင်းလဲသွားတာလား?

" မှတ်မိနေတာဘဲ။ " ဂျယ်မင်းက သူ့ရဲ့အံ့အားသင့်မှုတွေကို ဖုံးကွယ်ရင်း ဂျယ်နိုရဲ့ ဖြူဖျော့နေတယ့်နှုတ်ခမ်းပါးတွေကို ငေးတယ်။

" ငါမင်းကို သုံးရက်လောက်ပဲ ပစ်ထားလိုက်တာပါ။ သေမလိုပါ ဖြစ်နေပြီလား။ " ဂျယ်နို နားမလည်နိုင်တယ့် စကားတွေကို ဂျယ်နိုပြန်မဖြေခင်မှာပဲ ဂျယ်မင်းက ဆက်ပြောတယ်။

" ဒီတစ်ခေါက် နောက်ကျတယ်နော်။ " ဂျယ်မင်းရဲ့ လက်သွယ်သွယ်တို့ ဂျယ်နိုရဲ့ စိုထိုင်းနေတယ့်ဆံသားတွေအပေါ်မှာ။

" ရက်သုံးဆယ်။ ရက်ပေါင်း သုံးဆယ်တိတိနောက်ကျခဲ့တာ။ ငါက သုံးရက်လေးပဲ မသိချင်ယောင်ဆောင်လိုက်တာနဲ့ အခုသေမလိုဖြစ်နေပြီ။ ငါသာ မလာခဲ့ပဲ နောက်တစ်ရက်ကူးသွားရင် တကယ်သေနေလောက်ပြီ။ "

" ဘာတွေပြောနေ... " ဂျယ်နိုရဲ့ အက်ကွဲနေတယ့်အသံတွေကို ဂျယ်မင်းက ဆက်မကြားချင်ပုံ။

ဂျယ်နိုရဲ့ ဆံသားထက်ကိုရောက်နေခဲ့တယ့် ဂျယ်မင်းရဲ့လက်ချောင်းတွေက အခုတော့ ဂျယ်နိုရဲ့နှုတ်ခမ်းပါးထက်မှာ။

" ရှူး... "

ငြိမ်ကျသွားပြီး သူ့ကိုနားမလည်သလိုစိုက်ကြည့်‌နေတယ့် ဂျယ်နိုကိုလျစ်လျူရှုလိုက်တယ့် ဂျယ်မင်းက သူ့ရဲ့လက်ချောင်းတွေကို ဂျယ်နိုရဲ့ စိုထိုင်းနေတယ့် ဆံပင်တွေကြားမှာ ထပ်မံပြေးလွှားစေတယ်။

ဂျယ်နိုရဲ့ အတွေးတွေထဲမှာ သေချာသွားတာတစ်ခုရှိတယ်။ သူ့ရဲ့ နတ်သားငယ်လေးက သူ့အတွက်နားမလည်စရာတွေနဲ့ ပြည့်နှက်နေတာဘဲဆိုတာ။

အခုလည်း သူ့ရဲ့မိုးရေတွေကြောင့် စိုရွှဲကာတစ်ချောင်းချင်းစီဖြစ်နေတယ့် ဆံပင်တွေကို ခပ်ဖွဖွပွတ်သပ်ပြီး ပါးစပ်ကလည်း တစ်ခုခုရေရွတ်နေသေးတယ်။

အချိန်ခဏလောက်အထိ သူတို့နှစ်ယောက်ရဲ့ အနေအထားက ဒီအတိုင်းပင်။ ဂျယ်မင်းက ဂျယ်နိုရဲ့ ဆံနွယ်တွေကို ပွတ်သပ်ပြီး နှုတ်ဖျားကလည်း တစ်ခုခုကို ရေရွတ်နေတယ်။ ဂျယ်နိုကတော့ ဂျယ်မင်းရဲ့ သူ့ကိုရှောင်ဖယ်ထားတယ့် သလင်းကျောက်ရောင် မျက်ဝန်းတွေကို အခွင့်ရတုန်း အမိအရငေးကြည့်တယ်။

နောက်ထက်မိနစ်ဝက်လောက်ကြာတော့ ဂျယ်နိုက ထူးဆန်းခံစားချက်ကို စပြီးခံစားလာရတယ်။ အဲ့တာက ဂျယ်မင်းရဲ့ လက်ချောင်းထိပ်ဖျားတွေကနေ သူ့ရဲ့ ဦးရေပြားကိုဖြတ်ပြီး ခန္ဓာကိုယ်အနှံ့ကို တစ်ခုခုကစီးဆင်းနေသလိုမျိုး။ မီးစနဲ့အထိုးခံထားရသလို ပူလောင်ပြီးစူးအောင့်နေတယ့် အစာအိမ်ရဲ့ နာကျင်မှုက တဖြည်းဖြည်းနဲ့ လျော့ပါးလာတယ်။ အက်ကွဲပြီး ဖြူဖျော့နေတယ့် နှုတ်ခမ်းတို့ကလည်း ပုံမှန်အတိုင်းပြန်ဖြစ်လာတယ်။ အေးစက်ပြီး သွေးမလျှောက်တော့သလိုဖြစ်နေတယ့် ခန္ဓာကိုယ်ကလည်း ပုံမှန်အပူချိန်အတိုင်းပြန်ဖြစ်လာပြီး စပ်ဖြင်းဖြင်းခံစားရပြီး နီစပ်စပ်ဖြစ်နေတယ့် မျက်လုံးတို့ကလည်း အဖြူရောင်ဘက်ကို ကူးပြောင်းသွားပြီး အကောင်းအတိုင်းပြန်ဖြစ်လာတယ်။

ဂျယ်မင်းကတော့ ဂျယ်နိုရဲ့ သွေးရောင်ပြန်သမ်းလာတယ့် နှုတ်ခမ်းပါး‌တို့ကိုမြင်တော့မှ စိတ်ချသွားသလို သက်ပြင်းမောကိုချပြီး ဂျယ်နိုရဲ့ခေါင်းပေါ်က လက်ကိုအသာအယာပြန်ဖယ်တယ်။

" ဘာ..ဘာလုပ်လိုက်တာလဲဟင်။ " ဒီတစ်ခေါက်မေးလာတယ့် ဂျယ်နိုရဲ့စကားကိုတော့ သူမရှောင်ဖယ်တော့။

ဂုဏ်ယူစွာပြုံးလိုက်တယ့် အပြုံးကိုနှုတ်ခမ်းထက်မှာ ချိတ်ဆွဲပြီး " မင်းပြောဖူးတယ်လေ။ ငါက နတ်သားဆိုတာ။ နတ်သားတွေက ဘာမဆိုဖန်စင်းနိုင်တယ်လေ။ "

" ကျွန်တော်ပြောဖူးတာမဟုတ်ဘဲ ဂျယ်မင်းနီးက အဲ့လိုမှတ်ထားလဲ ဖြစ်တယ်လို့ပြောခဲ့တာမဟုတ်ဘူးလား။ "

ဂျယ်နိုက သူ့ရဲ့စကားအဆုံးမှာ ဂျယ်မင်းရဲ့ ပြူးကြောင်ကြောင်အကြည့်တို့ကို လက်ခံရရှိတယ်။

" အကုန်မှတ်မိတော့တာဘဲ ဒီကလေးတော့။ "

ဂျယ်မင်းက ပြုံးတယ်။ ထိုအပြုံးက ဂျယ်နိုက သူ့ရဲ့မှတ်ဉာဏ်ထဲမှာ ဓာတ်ပုံရိုက်ထားသလိုမျိုး စွဲနေအောင် မှတ်ထားလိုက်တယ်။

" ကျွန်တော့်ကို ကယ်ခဲ့တာဘဲ။ ဂျယ်မင်းနီးက ကျွန်တော့်ရဲ့ ပုံပြင်တွေထဲမှာ အမြဲတမ်းသူရဲကောင်းဖြစ်နေခဲ့တာမို့လို့ မမေ့နိုင်ပါဘူး။ " တကယ်လည်း ဂျယ်နိုရဲ့ ငယ်ဘဝကပုံပြင်တွေထဲမှာ ဂျယ်မင်းက သူရဲကောင်းနေရာမှာ အမြဲဗိုလ်စွဲနေခဲ့ပါသည်။ ဂျယ်မင်းရဲ့ နာမည်နဲ့ ရုပ်ကိုမမှတ်မိတယ့် ဂျယ်နိုက ဂျယ်မင်းကို ပုံပြင်တွေထဲမှာတော့ နာမည်တစ်ခုတပ်ပေးတယ်။ အဲ့နာမည်က 'အမည်မသိ သူရဲကောင်း' တယ့်လေ။ နတ်သမီး‌ပုံပြင်လို ဒဏ္ဍာရီတွေကို အယုံအကြည်မရှိတယ့်ဂျယ်နိုက ဂျယ်မင်းနဲ့တွေ့ဆုံပြီးတယ့် နောက်ပိုင်းမှာတော့ အများကြီးပြောင်းလဲလာခဲ့တယ်။

" တစ်စုံတစ်ယောက်ရဲ့ နတ်သမီးပုံပြင်တွေထဲက သူရဲကောင်းဖြစ်ရတာ သိပ်တော့လည်းမဆိုးပါဘူး။ "

အဲ့ဒီတစ်စုံတစ်ယောက်က ဂျယ်နိုဖြစ်နေတာကတော့ ဂျယ်မင်းကိုပိုပြီး စိတ်ကျေနပ်စေတယ်။

" ဒါနဲ့... " ဂျယ်မင်းကပြောလက်စကိုရပ်လိုက်တော့ ဂျယ်နိုကဘာပြောမလဲဆိုတာပိုသိချင်လာတာနဲ့ နားကိုပိုစွင့်တယ်။

" ဘာလို့ဂျယ်မင်းနီးလို့ဘဲခေါ်နေတာလဲ။ ငါမင်းထက် နှစ်ပေါင်းဘယ်လောက်ကြီးလဲဆိုတာ မင်းခန့်မှန်းလို့တောင် ရမှာမဟုတ်ဘူး။ "

ဂျယ်မင်းရဲ့စကားဆုံးတော့ ဂျယ်နိုက နှစ်နှစ်ခြိုက်ခြိုက်ကို ရယ်တယ်။

" သဘောကျလို့။ " ဂျယ်နိုက ရယ်လျက်ပင်ပေါ့ပေါ့ပါးပါးနဲ့ဖြေတယ်။ တွန့်ဆုတ်ခြင်းအလျင်းမရှိ။

" ဂျယ်မင်းနီးလို့ခေါ်ရတာ သဘောကျတယ်။ "

ဂျယ်နိုရဲ့ စကားကိုကြားတော့ ဂျယ်မင်းက ခဏငြိမ်သက်သွားတယ်။ လီဂျယ်နိုက တဖြည်းဖြည်းနဲ့ပြောင်းလဲလာပြီဘဲ။ သူစိတ်ပူစပြုလာတယ်။ ကံကြမ္မာရဲ့ တစ်ဖန်ပြန်လည်ပတ်နေမှုက အဆုံးသတ်တော့မှာလား။ သူကိုယ်တိုင်လည်း မသေချာ မရေရာဘဲ။

ဂျယ်နိုကို ပြန်ငေးကြည့်မိတယ်။ ပင်လယ်ပြင်လို မျက်ဝန်းတွေမှာ အကြိမ်ကြိမ်ကျရှုံးရတယ်။ ဘယ်လိုလုပ်မလဲ ကျရှုံးမယ်မှန်းသိနေပေမယ့် မိုက်ရူးရဲဆန်စွာ ငေးကြည့်ချင်နေတုန်းဘဲ။

သူကိုယ်တိုင်တောင် သေချာမသိတော့တယ့် ပြောင်းလဲလာတယ့် ကံကြမ္မာကို သိပ်မယုံချင်တော့။ တစ်ကြိမ်လောက်တော့ အတ္တကြီးကြည့်လို့ ဖြစ်မလား?

" ဂျယ်နို အတိတ်ဘဝကိုသာ ပြန်မြင်ခွင့်ရရင်...ပြန်မြင်ချင်သေးလား? "

ဂျယ်နိုက သူ့စကားကိုကြားတော့ တွေဝေသွားတယ့်ပုံ။

" ပြန်မြင်လို့ရမလား? " သူ့‌အမေးကို အမေးနဲ့ပြန်ဖြေလာတယ့် ဂျယ်နိုကြောင့် သူစိတ်လိုလက်‌ရပြုံးမိတယ်။

" ဘာလို့ မရရမှာလဲ။ နတ်သားတွေက လိုချင်တာမှန်သမျှ အကုန်ဖြည့်စည်းပေးနိုင်တယ်လေ။ "

ဂျယ်မင်းက ထိုင်နေရာကနေထလိုက်ပြီး ဂျယ်နိုကို လက်ကမ်းပေးတယ်။ သဘောက ဂျယ်နိုကိုပါ လိုက်ထစေချင်နေတယ့် ပုံစံ။

ဂျယ်နိုကလည်း ဂျယ်မင်းရဲ့လက်ကိုဆွဲကိုင်လိုက်ပြီး သူပါထရပ်လာတယ်။

" မှတ်မိလား ဒီနေရာကိုစရောက်လာတုန်းက ဒီသစ်ပင်မှာ လူနှစ်ယောက်ရဲ့ လက်အရာပုံစံ နှစ်ခုရှိတယ်ဆိုတာ။ "

ဂျယ်နိုက ခေါင်းငြိမ့်ပြီး မှတ်မိကြောင်းပြောတယ်။

ဂျယ်မင်းက ဂျယ်နိုကို သူပြောခဲ့တယ့် လက်အရာပုံစံနှစ်ခုရှိတယ့်နေရာဆီ လက်ဆွဲပြီးခေါ်သွားတယ်။ အဲ့ဒီနေရာကိုရောက်သွားတော့ ဂျယ်မင်းက သူဆွဲကိုင်ထားတယ့် ဂျယ်နိုရဲ့လက်လွှတ်လိုက်ပြီး ‌မေးဆတ်ပြတယ်။

" မင်းရဲ့ လက်နဲ့တစ်ထေရာထဲဖြစ်နေတယ့် ပုံစံတူ‌အပေါ်ကို လက်တင်လိုက်။ "

ဂျယ်မင်းဘာတွေလုပ်နေမှန်းမသိပေမယ့် ဂျယ်နိုက ဂျယ်မင်းရဲ့စကားကိုတော့ မငြင်းဆန်ပေ။ ပြောတယ့်အတိုင်း လက်ကိုတင်လိုက်တယ်။ ထူးဆန်းတယ် ဒီတစ်ခေါက်ကျတော့ သူဘာမှမခံစားရတော့။

ဂျယ်နိုနဲ့ ပုံစံတူတယ့်လက်ဘေးမှာ နောက်ထပ်လက်အရာတစ်ခုရှိသေးတယ်။ အဲ့ဟာကကျတော့ ဂျယ်မင်းရဲ့လက်နဲ့ကွက်တိ။

" ဘာလို့ လက်ပုံစံတွေက ကွက်တိဖြစ်နေလည်းထူးဆန်းနေတယ်မလား? "

" အင်း။ "

" ဘာလို့လဲဆိုတော့ ငါတို့ရဲ့လက်တွေပဲမို့လို့လေ။ " ဂျယ်မင်းက ပုံမှန်အတိုင်းပဲ ပြုံးပြီးပြောပေမယ့်ဒီတစ်ခါမျက်လုံးပြူးရသူကတော့ ဂျယ်နိုပင်။

" ဘယ်လိုဖြစ်... "

" မေးခွန်းတွေအရမ်းများနေမယ်ဆိုတာ သိတယ်။ အကုန်လုံးကို သိသွားအောင်လုပ်ပေးမှာမို့လို့ စိတ်ကိုငြိမ်အောင်ထားထား။ "

ဂျယ်မင်းက သူပြောပြီးတာနဲ့ တပြိုင်နက်မျက်လုံးတွေကို မှိတ်ချလိုက်ပြီး ပါးစပ်ကနေ တစ်ခုခုကို ခပ်တိုးတိုးလေးရေရွတ်လိုက်တယ်။ သူ့တစ်ကိုယ်စာကြားရုံလောက်လေး ရေရွတ်လိုက်တာကြောင့် ဂျယ်နိုဘက်က သေသေချာချာဘာမှမကြားလိုက်ရ။

နောက်တော့ သိပ်မကြာပါ။ ထိုသစ်ပင်ကြီးကနေ ထွက်လာတယ့် ငွေမှင်ရောင်အမှုန်တွေ‌က မျက်လုံးကိုမှိတ်လိုက်ရအောင်ပင် ကြိမ်းပြီးစူးရှလှသည်။ ရုတ်တရက် ထိုအမှုန်များက ကိုယ်ထဲကိုဖောက်ဝင်သွားတယ့် ခံစားချက်နဲ့အတူ သူ့ရဲ့ စိတ်ဝိဉာဉ်ကလည်း ဂျယ်မင်းခေါ်ဆောင်ရာနောက်ကိုပါသွားတော့တယ်။

အတိအကျပြောရမယ်ဆိုရင်တော့ ဒီဇာတ်လမ်းတွေစတင်ရာပေါ့။

•••••••

Zawgyi Version

ဂ်ယ္ႏို သူ႔ကိုယ္သူသတိထားမိၿပီး အသိျပန္ဝင္လာတယ့္အခ်ိန္မွာ သူက ေတာနက္ထဲက တစ္ေနရာကိုေရာက္ႏွင့္ေနၿပီ။ ပုစြန္ဆီေရာင္သန္းတယ့္ ေနေရာင္ျခည္က အခုအခ်ိန္မွာေတာ့ အေမွာင္ထုရဲ႕အားအင္ေအာက္မွာ ဝပ္တြားခရတယ္။ လုံးပတ္ႀကီးၿပီး အျခားအပင္ေတြထက္ အေတာ္အတန္ပိုျမင့္မားတယ့္ သစ္ပင္ႀကီးက သူ႔ရဲ႕အေနာက္မွာ။ ထိုသစ္ပင္ရဲ႕အခက္အလက္ေတြက သူ႔ကိုအုပ္မိုးၿပီး ကာကြယ္ထားသေယာင္။

လင္းေရာင္ျခည္ဟူ၍ တစ္စိုးတစ္စိမွ်မရွိ။ ပတ္ဝန္းက်င္တစ္ခုလုံးကို အေမွာင္ထုကသာ ရစ္ပတ္ထားတယ္။ ေကာင္းကင္က ျဖန႔္က်က္တယ့္ လေရာင္ျခည္ဟာလည္း မိုးထိေအာင္ျမင့္မားတယ့္ သစ္ပင္ေတြရဲ႕ အကိုင္းအခက္ေတြၾကားမွာ ခပ္စိတ္စိတ္။

တိတ္ဆိတ္ေနတယ့္ ဝန္းက်င္ကိုၿဖိဳခြင္းေစတယ့္ ေလတိုးသံနဲ႔ ပိုးဖလံတို႔ရဲ႕ ျမည္တြန္သံက ဂ်ယ္ႏိုကိုပိုၿပီး ထိတ္လန႔္ေျခာက္ျခားေစတယ္။

" ေမေမ သားကိုလာေခၚပါ... " တစ္ေတာလုံးျမည္ဟီးသြားေလာက္ေစမယ့္အသံနဲ႔ အားကုန္ဟစ္ၿပီး ေအာ္ခ်လိုက္ေပမယ့္ တကယ္တမ္းထြက္လာတာက ညဘက္ေရာက္လာေလ အခ်မ္းပိုလာေလျဖစ္တယ့္ အေအးဒဏ္ေၾကာင့္ ျဖစ္ေပၚလာတယ့္ ခပ္အက္အက္ အသံတစ္ခုရယ္သာ။

မွိန္ျပျပအလင္းေရာင္ကိုေပးေနတယ့္ ေကာင္းကင္ယံက လမင္းက အေပၚကိုေရာက္လာေလေလ သူ႔ရဲ႕ထိတ္လန႔္မႈက ပိုတိုးလာေလေလဘဲ။ ညဥ့္နက္လာတာနဲ႔အမွ် တိုက္ခတ္တယ့္ေလေတြကပါ အ႐ိုးထဲစိမ့္ဝင္ေလာက္တယ့္အထိ ေအးခဲလာတယ္။

ဒူးကိုလက္ႏွစ္ဖက္နဲ႔ ပိုက္ကာက်ဳံ႕က်ဳံ႕ေလးထိုင္ရင္း အားပိုေကာင္းလာတယ့္ အေအးဒဏ္ကေနကိုယ့္ကိုယ္ကိုကာကြယ္ရတယ္။

အေတြးထဲမွာေတာ့ အေၾကာက္တရားေပါင္းစုံက စိုးမိုးတယ္။ အခုအခ်ိန္မွာသာ သူ႔ကိုဘယ္သူ႔မွ ရွာမ‌ေတြ႕ဘဲ ဒီမွာတစ္ေယာက္တည္း ေသသြားခဲ့ရင္ဆိုတယ့္ အေတြးကေတာ့ ထိပ္ဆုံးကေပါ့။

‌လက္နဲ႔ပိုက္ထားတယ့္ဒူးေပၚကို ေခါင္းေမွာက္ခ်လိုက္ရင္း ျမင္ကြင္းထဲကို ဘာမွမဝင္လာႏိုင္ေအာင္ မ်က္လုံးအစုံကို မွိတ္ခ်လိုက္တယ္။ စိတ္ထဲမွာလည္း ကားေပၚကမဆင္းခဲ့ရင္ အေကာင္းသားဆိုတယ့္ ေနာင္တေတြက အစီအရီ။

" ကယ္ေပးမယ့္လူ ေပၚလာပါေစ...
ကယ္ေပးမယ့္လူ ေပၚလာပါ‌ေစ...
ကယ္ေပးမယ့္လူ ေပၚလာပါေစ... " ထိုစကားလုံးေတြကသာ ဂ်ယ္ႏိုရဲ႕ ႏႈတ္ဖ်ားမွာ ခပ္ဖြဖြျဖစ္တည္တယ္။

တျဖည္းျဖည္းတုန္ရင္လာတယ့္ ႏႈတ္ခမ္းဖ်ားေတြရဲ႕ ေနာက္ဆက္တြဲ မ်က္ရည္စက္ေတြက ဂ်ယ္ႏိုရဲ႕ မ်က္ဝန္းအိမ္က‌ေန ယိုစိမ့္တယ္။ ခပ္တိုးတိုးထြက္ေပၚလာတယ့္ ရႈိက္သံနဲ႔ ေလတိုးသံတို႔က ကာရန္ညီစြာ။

႐ုတ္တရက္ဆန္စြာ ထြက္ေပၚလာတယ့္ ႏွင္းဆီရနံသင္းသင္းနဲ႔ ျခဴသံသဲ့သဲ့က ရင္ထဲက ႏွလုံးစိုင္ကို တသိမ့္သိမ့္တုန္လႈပ္ေစတယ့္အထိ ေျခာက္ျခားသြားေစတယ္။

ဒီလိုေနရာမွာ ဒီအခ်ိန္ႀကီး ဘယ္ကျခဴသံနဲ႔ ႏွင္းဆီအနံ႔က ေပၚလာရတာလဲ?

ေခါင္းေမွာက္ထားလ်က္နဲ႔ပင္ မ်က္လုံးတို႔ကလည္း တင္းက်ပ္စြာ ပိတ္ထားလ်က္။ လက္ဖ်ား‌ေျခဖ်ားေတြ ေရခဲတမွ်ေအးစက္လာျခင္းက သူ႔ရဲ႕အေၾကာက္တရားကိုေဖာ္ျပတယ္။

တျဖည္းျဖည္းနဲ႔ ဝိုးတိုးဝါးတားရေနတယ့္ ႏွင္းဆီရနံ႔က ပိုပီျပင္လာၿပီး ျခဴလုံးသံကလည္း ထင္ထင္ရွားရွားၾကားရလာတယ္။

ေနာက္ေတာ့ ျခဴလုံးသံက ရပ္တန႔္သြားတယ္။
ႏွင္းဆီရနံ႔ကေတာ့ အခုထက္ထိ သင္းသင္းပ်ံ႕ပ်ံ႕ဘဲ။ ရပ္တန႔္သြားတယ့္ ျခဴသံအစား သူ႔ရဲ႕ကိုယ္ေပၚကို ေႏြးေထြးတယ့္ အမည္မသိတယ့္ အေငြ႕အသက္တစ္ခုက လႊမ္းၿခဳံလာတယ္။ အေစာပိုင္းက ေအးခဲေနတယ့္ခံစားခ်က္က ယူပစ္သလို ေပ်ာက္ပ်ယ္သြားတယ္။

ဒါေပမယ့္ သူအခုအထိေတာ့ ေခါင္းျပန္မေထာင္ရဲေသး။ အခုအခ်ိန္မွာ သူအျဖစ္ခ်င္ဆုံးကေတာ့ အေငြ႕ပ်ံၿပီးေတာ့ဘဲျဖစ္ျဖစ္ သူ႔ကိုယ္သူ ေပ်ာက္ကြယ္သြားေစခ်င္တာဘဲ။ အင္း.. အသံတစ္ခုကို မၾကားရခင္အထိေပါ့။

" လမ္းေပ်ာက္ေနတာလား ေကာင္ေလး? "

ေအးစက္စက္အသံဆိုေပမယ့္ တစ္ခ်ိန္ထဲမွာဘဲ ေႏြးေထြးမႈေတြ အမ်ားႀကီးေပ်ာ္ဝင္ေနတယ့္ အသံမ်ိဳး။ ဘယ္ကရလာတယ့္ သတၱိေတြလည္းမသိေပမယ့္ သူေခါင္းေထာင္ၾကည့္မိလိုက္တယ္။ ပထမဆုံး ၾကားဖူးတယ့္အသံဆိုေပမယ့္ အရမ္းကိုရင္းႏွီးသလိုခံစားေနရတယ့္ အသံပိုင္ရွင္ကို သူျမင္ဖူးခ်င္တယ္ေလ။

တစ္ခဏေလးဘဲ တစ္ခဏဆိုတယ့္အခ်ိန္ခဏေလးမွာ သူ႔ရဲ႕မ်က္လုံးေတြက အံ့ဩမႈေၾကာင့္ ဝိုင္းစက္ကုန္တယ္။ မပီျပင္တယ့္ လေရာင္ေဖ်ာ့ေဖ်ာ့ေအာက္မွာ ဝိုးတဝါးျမင္ေနရတယ့္ ထိုလူက ၾကည့္လိုက္႐ုံနဲ႔ လူေကာင္းျဖစ္မည္လို႔ ခံစားမိေနရသည္။ ၾကည့္ရတာ သူ႔ရဲ႕ဆုေတာင္းသံကို ၾကားသြားတယ့္ ဘုရားသခင္က သူ႔အျဖစ္ကိုမၾကည့္ရက္ေတာ့လို႔ သူ႔ကိုကယ္တင္ေပးမည့္လူကို လႊတ္ေပးလိုက္သည္ထင္။

ဒါေပမယ့္လည္း တစ္ခ်ိန္ထဲမွာဘဲ ဝင္လာတယ့္ သံသရေတြကလည္း အလုအယက္။ ခုနကၾကားလိုက္ရတယ့္ ျခဴသံနဲ႔ ႏွင္းဆီနံ႔က ဒီလူ႔ဆီကလား။

" ခင္‌ဗ်ားက ဘယ္သူလဲ။ " အတတ္ႏိုင္ဆုံး စကားကိုပုံမွန္အတိုင္းျဖစ္ေအာင္ထိန္းေျပာေနတယ့္ၾကားက တုန္ရင္သြားတယ့္ အသံကိုစိတ္တိုင္းမက်ျဖစ္ေနတုန္း အေရွ႕က သူနဲ႔အရပ္ညီေအာင္ ထိုင္ခ်ထားတယ့္ လူဆီကေန ရယ္သံခပ္လြင္လြင္ကိုၾကားလိုက္ရတယ္။ ထူးဆန္းတယ္.. ရယ္သံကအစ သူ႔အတြက္ လုံၿခဳံမႈေပးေနသလိုမ်ိဳး။

" အရင္တုန္းကအတိုင္း မေျပာင္းလဲဘူးဘဲ။ သံသရေတြ မ်ားေနတုန္းဘဲ။ "

" ဘာ? " သူမ်က္ေမွာင္က်ဳံ႕မိလိုက္သလိုဘဲ။ 'အရင္တုန္းကအတိုင္း' ဆိုတယ့္စကားက ဘာကိုဆိုလိုခ်င္တာလဲ။ သူဒီလူနဲ႔ အခုမွေတြ႕ဖူးတာမဟုတ္ဘူးလား။ ေသခ်ာသြားေအာင္ သူ႔အေရွ႕ကလူရဲ႕ မ်က္ႏွာကို ေသခ်ာျပန္စိုက္ၾကည့္မိေတာ့ မွိန္ဝါးေနတယ့္ လေရာင္ေအာက္မွာ ထိုလူရဲ႕ မ်က္လုံးက လက္ခနဲ။ ေသခ်ာၾကည့္ေတာ့မွ ဆံပင္ေတြကလည္း အနက္ေရာင္မဟုတ္ဘူးဘဲ။ ဘာအေရာင္လည္းဆိုတာေတာ့ ေသခ်ာမျမင္ရေပမယ့္ ေသခ်ာတာတစ္ခုကေတာ့ သာမန္လူေတြပိုင္ဆိုင္တယ့္ အနက္ေရာင္ဆံပင္ေတြ ထိုလူ႔ဆီမွာ မရွိဘူးဆိုတာပါဘဲ။

မ်က္ႏွာကို ေသခ်ာမျမင္ရေပမယ့္ ထင္ရွားေနတယ့္ ေမး႐ိုးနဲ႔ လေရာင္ေအာက္မွာ တစ္ခ်က္တစ္ခ်က္ အေရာင္လက္သြားတယ့္ မ်က္လုံးပုံစံအရ ဒီလူဟာ ဒါသူပထမ‌ဆုံး ေတြ႕ဖူးတယ့္လူဘဲဆိုတာ ႀကိမ္းေသသြားတယ္။

ဂ်ယ္ႏိုက သူ႔အေရွ႕ကလူရဲ႕ မ်က္ႏွာကို ေသခ်ာမျမင္ရတယ့္ၾကားထဲက အကဲခတ္ၾကည့္ေနတုန္း ထိုလူက လက္တစ္ဖက္ကိုေျမႇာက္ၿပီး သူ႔ကိုႏွဖူးေတာက္ဖို႔ျပင္တာကို ေတြ႕လိုက္ရတယ္။ ႐ုတ္တရက္မို႔ လန႔္သြားၿပီး မ်က္လုံးေတာင္ စုံမွိတ္ခ်လိုက္မိတယ္။ ေနာက္ေတာ့မွ ျဖည္းျဖည္းခ်င္းဆီ ျပန္ဖြင့္ေတာ့ သူ႔ရဲ႕အေရွ႕ကလူက သူ႔ကိုႏွဖူးေတာက္ဖို႔ျပင္ထားတယ့္လက္ကို အေနာက္ျပန္ဆုတ္လိုက္ၿပီး လက္ညႇိဳးနဲ႔ဘဲ ႏွဖူးကို ခပ္ဖြဖြေလးတြန္းတယ္။ ခပ္ဖြဖြေလးဆိုတာထက္ တကယ္ကို မထိလိုက္သလိုမ်ိဳး ႏူးႏူးညံ့ညံ့။

" မ႐ိုင္းစမ္းနဲ႔ လီဂ်ယ္ႏို။ "

သူ အံ့ဩမွင္သက္သြားမိတယ္။ သူ႔နာမည္ကို ဘယ္လိုသိတာလဲ။ အခုမွ စေတြ႕တယ့္ ဒီလူဟာ ထူးဆန္း‌မႈေတြအျပည့္နဲ႔။

" ခင္ဗ်ားက ကြၽန္ေတာ့္နာမည္ဘယ္လိုတာလဲ။ "

" ဒီေလာကႀကီးမွာ ငါမသိတာဘာမွမရွိဘူး ဂ်ယ္ႏို။ "

တကယ္ကို ထူးဆန္းမႈေတြနဲ႔ ျပည့္ႏွက္ေနတယ့္လူဘဲ။ အာ..မဟုတ္‌ေသးဘူး။ အခုသူ႔အေရွ႕မွာ ထိုင္ေနတာက လူေရာဟုတ္ေသးရဲ႕လား။ တည္ၿငိမ္စျပဳလာတယ့္ ‌ထိတ္လန႔္မႈေတြက တဖန္ျပန္ႏိုးထလာၿပီး အံဩမွင္သက္မႈနဲ႔ ေပါင္းစည္းလိုက္တယ့္အခါမွာ သူ႔ရဲ႕ အသက္ရႈသံဟာ ပိုမိုျမန္ဆန္လာတယ္။ လူမဟုတ္ရင္ေတာင္ သူ႔ကိုဒုကၡေပးမယ့္တစ္ခုခုေတာ့ မဟုတ္ေလာက္ပါဘူးေနာ္။

" ခင္ဗ်ားက နတ္သားလား။ " ကေလးအေတြးနဲ႔ ေတြးခ်င္တာေတြေတြးၿပီး တအံ့တဩေမးမိေတာ့
သူ႔အေရွ႕က ပုံရိပ္ဟာ ပ်က္လုံးတစ္ခုကို ၾကားလိုက္ရသလို ရယ္တယ္။ ခုနကလို ရယ္သံခပ္ဖြဖြေလးမဟုတ္ဘဲ စိတ္လိုလက္ရရယ္တယ့္ အသံမ်ိဳး။

" အဟင္း... အဲ့လိုမွတ္ထားရင္လည္း အဆင္ေျပပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ငါ့ရဲ႕ျဖစ္တည္မႈကို သိႏိုင္ဖို႔အတြက္ မင္းက အရမ္းငယ္လြန္းေနေသးတယ္။ "

ထိုစကားတစ္ခြန္းက သူ႔ကိုအမ်ားႀကီး အေတြးပြားေစတယ္။ သူလိုက္မမွီႏိုင္တယ့္ အေၾကာင္းအရာေတြဘဲ။

တိတ္ဆိတ္သြားတယ့္ ေလထုၾကားမွာ ေႏြးေထြးမႈေရာ ေအးစက္မႈေရာ အရွင္းကင္းမဲ့ေနတယ့္ လက္တစ္စုံက သူ႔ရဲ႕ပုခုံးကိုလာေရာက္ဆုပ္ကိုင္တယ္။ တစ္ဖန္ မ်က္လုံးခ်င္းျပန္စုံသြားတယ့္ အခိုက္အတန႔္မွာေတာ့ သူ႔အေရွ႕က မ်က္ဝန္းေတြရဲ႕ အေရာင္ကို ခန႔္မွန္းလို႔ရသြားတယ္။

လူႀကီးေတြ ဝတ္ေနၾက လက္ဝတ္ရတနာေတြမွာ ပါတယ့္အေရာင္မ်ိဳး။ အေရာင္တလဲ့လဲ့နဲ႔ အရမ္းကိုလွလြန္းတယ္။ သူပထမဆုံး သေဘာက်မိတယ့္ မ်က္ဝန္းေတြဘဲ။

" မင္း နတ္သမီးပုံျပင္ေတြကို ယုံလား? "

ဒီတစ္ခါေတာ့ ထိုစကားအတြက္ ျပန္ေျဖဖို႔အေျဖက သူ႔မွာအဆင္သင့္ဘဲ။

" ကြၽန္ေတာ့္အသက္က ခုနစ္ႏွစ္ေတာင္ရွိေနၿပီေလ။ နတ္သမီးပုံျပင္လို ဒ႑ာရီေတြယုံမယ့္ အ႐ြယ္မွ မဟုတ္ေတာ့တာ။ "

သူအဲ့လိုေျပာလိုက္ေတာ့ ဘာျပန္စကားမွ မလာဘဲ လက္ေခ်ာင္းသြယ္သြယ္တို႔နဲ႔ သူ႔ရဲ႕ဆံပင္ကို ခပ္ဖြဖြေလး လႈပ္ခါတယ္။ အခုမွေတြ႕တယ့္လူတစ္ေယာက္ဆိုေပမယ့္ သူဒီခံစားခ်က္ကို သေဘာက်မိတယ္။ ဂ႐ုစိုက္ခံရတယ့္ ခံစားခ်က္မ်ိဳး။ အာ.. လူမဟုတ္ဘူးဘဲ သူေျပာပုံအရဆိုရင္ နတ္သားေပါ့။

" ဘယ္သူကမွ နတ္သမီးပုံျပင္ေတြအတြက္ အသက္ႀကီးတယ္ဆိုတာမ်ိဳးမရွိဘူး ဂ်ယ္ႏို။ အဲ့လိုမ်ိဳး ဘယ္ေတာ့မွ ျဖစ္လာမွာမဟုတ္ဘူး။ "

ထပ္ၿပီးေတာ့ သူနားမလည္ႏိုင္မယ့္စကားေတြဘဲ ထပ္ေျပာျပန္တယ္။ ခုနကလို ေအးစက္စက္အသံထက္ အခုက ကေလးတစ္ေယာက္ကို ေခ်ာ့ျမဴေနတယ့္ အသံမ်ိဳး။ အင္း..နားေထာင္လို႔ေကာင္းတယ္။

" ဘာျဖစ္လို႔လဲ သိလား? "
ဂ်ယ္ႏို သူသေဘာက်တယ့္ မ်က္လုံးေတြကို ေငးၾကည့္လ်က္နဲ႔ပင္ ေခါင္းခါလိုက္တယ္။ တကယ္လည္း သူသိမွ မသိဘဲ။

" ဘယ္ေတာ့မွ မျဖစ္ႏိုင္ဘူးလို႔ထင္ထားတယ့္ အရာေတြက တစ္ခ်ိန္ခ်ိန္မွာ ျဖစ္လာႏိုင္တယ္။

အကယ္၍ မင္းသာ နတ္သမီးပုံျပင္ေတြကို ယုံၾကည္ရင္ေပါ့။ "

ရယ္ေတာ့ရယ္ရသား။ ဒီလိုေနရာ ဒီလိုအခ်ိန္ႀကီးမွာ ဒီလိုအ‌ေျခအေနနဲ႔ ပုံျပင္ေတြအေၾကာင္း ထိုင္ေဆြးေႏြးေနရတယ္လို႔။

အဓိပၸါယ္မရွိဘူးဆိုတာသိေပမယ့္လည္း သူ႔အေရွ႕က ပုံရိပ္နဲ႔ စကားဆက္ေျပာေနခ်င္ခဲ့တယ္။ သူတို႔နားက ေလထုကို ျပန္ေအးစက္မသြားေစခ်င္ဘူး။

" ဒီေနရာကထြက္သြားလိုက္တာနဲ႔ ငါ့နာမည္ကို ေမ့သြားမွာဆိုေပမယ့္... "

ေျပာလက္စ စကားကိုရပ္ၿပီး ေခါင္းကိုငုံ႔ကာ ေခ်ာင္းတစ္ခ်က္ဟန႔္တယ္။ ဂ်ယ္ႏိုကလည္း သူသေဘာက်ရတယ့္ မ်က္ဝန္းေတြရဲ႕ပိုင္ရွင္ျပဳမူသမွ်ကို တစ္ခုခ်င္းမ်က္လုံးထဲကေန သိမ္းဆည္းတယ္။

" ေတြ႕ရတာဝမ္းသာပါတယ္ ဂ်ယ္ႏို။ ငါ့နာမည္က ဂ်ယ္မင္း.. နာဂ်ယ္မင္း။ "

ကမ္းေပးလာတယ့္ လက္တစ္ဖက္ကို ဆြဲဆြဲၿမဲၿမဲျပန္ၿပီးဆုပ္ကိုင္မိေတာ့ အ‌ေႏြးဓာတ္ေရာ အေအးဓာတ္ပါ ဗလာနတၳိျဖစ္ေနတယ့္ လက္ေခ်ာင္းေတြက သူ႔ရဲ႕ လက္ေသးေသးကို လက္ဖဝါးထဲျမႇဳပ္ေနေအာင္ တင္းတင္းက်ပ္က်ပ္။

" ငါနဲ႔လိုက္ေနမလား ဂ်ယ္ႏို။ မင္းျဖစ္ခ်င္တာ အကုန္လုပ္ေပးမယ္ေလ။ မင္းမသြားခ်င္တယ့္ အဘိုးအဘြားေတြဆီလည္း သြားစရာမလိုေတာ့ဘူး။ ၿပီး..ၿပီးေတာ့ မင္းရဲ႕ေခြးေလးကိုလည္း ငါျပန္ေခၚထားေပးႏိုင္တယ္။ "

ဂ်ယ္ႏိုရဲ႕ လက္ေသးေသးေလးကို လက္ႏွစ္ဖက္နဲ႔ ဆုပ္ကိုင္ရင္း ေျပာေနတယ့္ ဂ်ယ္မင္းရဲ႕ မ်က္ဝန္းက အေရာင္တလဲ့လဲ့နဲ႔ ။

" အ..နာတယ္။ " ဂ်ယ္မင္းက လက္ႏွစ္ဖက္နဲ႔ ကိုင္ထားသည့္အျပင္ကိုမွ ထပ္ၿပီး အားထည့္ကာဆုပ္ကိုင္လိုက္သည္ ထင္ပါရဲ႕။ ကေလးတစ္ေယာက္က ဒီအားကိုဘယ္လိုခံႏိုင္ပါ့မလဲ။

ဂ်ယ္ႏိုရဲ႕ နာက်င္တယ့္အသံကို ၾကားၾကားခ်င္း လက္ကိုအျမန္လႊတ္လိုက္ေပမယ့္ တစ္ဖက္က လက္ကေလးကေတာ့ နီရဲလို႔။

" ေတာင္း..ေတာင္းပန္ပါတယ္။ ငါမနာေတာ့ေအာင္လုပ္ေပးမယ္ေလ။ " ေျပာေျပာဆိုဆိုနဲ႔ ဂ်ယ္မင္းက ဂ်ယ္ႏိုရဲ႕လက္ကို ျပန္ဆြဲကိုင္လိုက္ေပမယ့္ ဒီတစ္ေခါက္ေတာ့ ဂ်ယ္ႏိုက ျပန္႐ုန္းတယ္။

" ဘာမွမျဖစ္ပါဘူး။ ကြၽန္ေတာ္ဒီမွာလည္း ဆက္မေနခ်င္ဘူး။ ကြၽန္ေတာ့္မိဘေတြဆီျပန္ခ်င္တယ္။ ‌ေမေမနဲ႔ ေဖေဖအခုေလာက္ဆို လိုက္ရွာေနၾကေတာ့မွာ။ "

ဂ်ယ္ႏိုရဲ႕ စကားကိုၾကားေတာ့ ဂ်ယ္မင္းက သက္ျပင္းရွည္ကိုခ်တယ္။

" ဟုတ္သားဘဲ။ မင္းရဲ႕ မိဘေတြ မင္းကိုအခုလိုက္ရွာေနၾကတယ္။ "

ဂ်ယ္မင္းက ေျပာလက္စကို ခဏရပ္လိုက္ၿပီး ဂ်ယ္ႏိုရဲ႕လက္ကို ျပန္ဆြဲယူလိုက္ၿပီး ဒီတစ္ေခါက္ေတာ့ ခပ္ဖြဖြေလး ဆုပ္ကိုင္တယ္။

" ငါနဲ႔ေနခဲ့ခ်င္လား ဒါမွမဟုတ္ ငါ့ကိုထားခဲ့ခ်င္လား။ "

ေ႐ြးခ်ယ္ခိုင္းေပမယ့္ သူကအေျဖကိုသိႏွင့္ၿပီးသားေလ။ ဒါမ်ိဳးက ပထမဆုံးႀကဳံတာမဟုတ္ေတာ့တာေၾကာင့္လည္းပါတာေပါ့။ ဒါေပမယ့္လည္း ေမွ်ာ္လင့္ေနမိတုန္းဘဲ။

" ခင္ဗ်ားနဲ႔က အခုမွသိတာေလ မေနခဲ့ခ်င္ပါဘူး။ ကြၽန္ေတာ့္ မိဘေတြဆီဘဲ ျပန္မယ္။ "

ဂ်ယ္မင္းက ၿပဳံးတယ္။ လေရာင္‌သဲ့သဲ့ေအာက္မွာ ဂ်ယ္မင္းရဲ႕အၿပဳံးက တေစၦတစ္ေကာင္လိုမ်ိဳး ေျခာက္ျခားဖြယ္အတိ။

" ေကာင္းၿပီ။ မင္းရဲ႕လက္ ငါ့ကိုေပး။ "

စိတ္ပိုင္းျဖတ္ၿပီးတယ့္ ဂ်ယ္ႏိုရဲ႕ဆႏၵကို ဂ်ယ္မင္းကလည္း လိုက္ေလ်ာဖို႔အဆင္သင့္ျဖစ္ေနခဲ့တယ္။

ဂ်ယ္ႏိုရဲ႕ လက္ေခ်ာင္းေတြကို ဂ်ယ္မင္းက သူ႔ရဲ႕ သြယ္လ်လ်လက္ေခ်ာင္းတို႔နဲ႔ ယွက္သြယ္ေစတယ္။

" အခုဘဝမွာ ငါ့ဆီကိုဘယ္ေတာ့မွ ျပန္မလာနဲ႔ေတာ့။ ေနာက္တစ္ခါဆို ငါလႊတ္ေပးေတာ့မွာမဟုတ္ဘူး။ "

ဂ်ယ္ႏိုရဲ႕ မ်က္ဝန္းေတြကို စူးစိုက္ၾကည့္ၿပီးေျပာလိုက္တယ့္ ဂ်ယ္မင္းရဲ႕စကားအဆုံးမွာ ေငြမွင္ေရာင္ အလင္းတန္းမွ်င္တို႔က သူတို႔ႏွစ္ေယာက္ရဲ႕ ယွက္သြယ္ထားတယ့္ လက္ေခ်ာင္းေတြကို လာရစ္ပတ္တယ္။

" ႏႈတ္ဆက္ခဲ့ပါတယ္ ေကာင္ေလး။ ေကာင္းေကာင္းျပန္ပါ။ "

ဂ်ယ္မင္းရဲ႕ စကားသံအဆုံးမွာ သူတို႔ရဲ႕ လက္ကိုရစ္ပတ္ေနတယ့္ အလင္းတန္းတို႔က ပိုအင္အားႀကီးလာၿပီး ဂ်ယ္ႏိုရဲ႕ ျမင္ကြင္းထဲက ပုံရိပ္ေတြက မႈန္ဝါးလာတယ္။

ဂ်ယ္ႏိုေနာက္ဆုံးျမင္လိုက္ရတာက သူ႔ကိုၿပဳံးၿပီးစိုက္ၾကည့္ေနတယ့္ ဂ်ယ္မင္းကိုဘဲ။ ေနာက္ေတာ့ အရာအားလုံးက အေမွာင္က်သြားခဲ့တယ္။

•••••••

" သား ဂ်ယ္ႏို သတိရလာၿပီလား။ "

ေလးလံေနတယ့္ မ်က္ခြံတို႔ကိုအားယူၿပီးပင့္တင္လိုက္ေတာ့ ‌အလင္းေရာင္ခပ္စူးစူးက အလုအယက္ၿပဳံတိုးတယ္။ ေမေမ့ရဲ႕ စိတ္ပူေနတယ့္အသံကေတာ့ နားထဲမွာ ၾကားတစ္ခ်က္ မၾကားတစ္ခ်က္။

" အရမ္းပင္ပန္းၿပီး အိပ္ေပ်ာ္ေနတာပါ။ က်န္တာေတာ့ ဘာမွထိခိုက္ထားတာေတာ့ မရွိေတာ့ဘူး။ ကေလးကိုေတာ့ ဘာမွလႈပ္လႈပ္ရွားရွား သိပ္မလုပ္ခိုင္းနဲ႔ဦး။ "

ေထာင္းခနဲရလာတယ့္ ေဆးနံ႔ေတြအရ ဒါကသူအမုန္းဆုံး ေဆး႐ုံေရာက္ေနတာဘဲဆိုတာသိလိုက္တယ္။ ေပ်ာ့ေခြေနတယ့္ ကိုယ္ကိုအားယူၿပီး ထထိုင္ဖို႔လုပ္ေတာ့ ေမေမက ကမန္းကတန္းလက္ကိုလာဆြဲထူတယ္။

" သားကို ေတာစပ္နားမွာျပန္ေတြ႕တာ။ ျပန္ေတြ႕ေတာ့ သားကတစ္ကိုယ္လုံးေအးစက္ၿပီး သတိေမ့ေနၿပီ။ အဲ့တာေၾကာင့္ ေဆး႐ုံတင္ထားတာ။ "

သူေတာင္မေမးရေသးခင္ အေမျဖစ္သူက သူ႔စိတ္ကို ဖတ္မိေနတယ့္အလားအရင္ႀကိဳေျပာျပတယ္။

" ေဖေဖေရာ? "

" အေရွ႕မွာ မင္းရဲ႕အဘြားနဲ႔ ဖုန္းေျပာေနတယ္။ "

ဂ်ယ္ႏိုရဲ႕ေမးခြန္းကိုေျဖၿပီးတာနဲ႔ ဂ်ယ္ႏိုရဲ႕အေမက သားျဖစ္သူရဲ႕ ႏွဖူးကိုစမ္းလိုက္ ပါးကိုစမ္းလိုက္နဲ႔ အလုပ္ရႈပ္ေနေလသည္။ သိပ္မၾကာပါ ဂ်ယ္ႏိုရဲ႕ အေဖလည္း ဂ်ယ္ႏိုတို႔ သားအမိအနားေရာက္လာတယ္။

" သတိရ‌ၿပီလား ဂ်ယ္ႏို။ "

ေခါင္းၿငိမ့္ၿပီး အေျဖျပန္ေပးလိုက္ေပမယ့္ ထုံက်င္ေနတယ့္ ေခါင္းကလႈပ္ရွားလိုက္တာနဲ႔ မိုက္ခနဲမူးေဝသြားသည္။

" ခဏနားလိုက္ဦး။ ညေနေလာက္မွ ေဆး႐ုံကဆင္းၾကတာေပါ့။ အဘြားတို႔ကိုလည္း ဖုန္းဆက္ၿပီးလွမ္းေျပာထားတယ္။ "

" ဟုတ္။ "

" အဲ့တာဆို သားကအေမနဲ႔ ခဏေနခဲ့လိုက္ဦး။ အေဖ ဆရာဝန္နဲ႔စကားနည္းနည္းေျပာစရာရွိ‌ေသးလို႔။ "

ေဖေဖထြက္သြားတာနဲ႔ ေမေမက "ဗိုက္ဆာေနၿပီလား။ တစ္ခုခုစားမလား။ "

သူေခါင္းကိုပဲ ခပ္ေလးေလးခါလိုက္မိတယ္။ အခုအခ်ိန္မွာ ဘာမွစားခ်င္စိတ္မရွိေသးေပ။

" ခဏေလာက္ ျပန္အိပ္ခ်င္တယ္။ "

သူအဲ့လိုေျပာလိုက္ေတာ့ ေမေမကထိုင္ေနရာက ထလာၿပီး ထိုင္လ်က္ရွိေနတယ့္သူ႔ကို ျပန္လွဲလို႔ရေအာင္ ကူညီေပးသည္။

" အဲ့တာဆို ခဏေလာက္အိပ္လိုက္ဦး။ ေမေမဒီမွာပဲ ရွိေနမယ္။ "

ဂ်ယ္ႏို မ်က္လုံးတို႔ကိုမွိတ္ထားလ်က္ႏွင့္‌ပင္ အေတြးတို႔က ေတာင္ေရာက္ေျမာက္ေရာက္။

ဘာလို႔ေနရတာ တစ္မ်ိဳးႀကီးျဖစ္ေနတာလဲ။ အရမ္းထူးဆန္းတယ့္ အိပ္မက္ကိုမက္ခဲ့သလိုမ်ိဳး။

ပုံရိပ္ေယာင္တို႔က အျမင္လႊာမွာေပၚလိုက္ေပ်ာက္လိုက္။ တကယ္ျဖစ္ခဲ့တာလား အိပ္မက္လားဆိုတာေတာင္ ခြဲျခားလို႔မရေလာက္ေအာင္ အရာအားလုံးက ေသသပ္လြန္းသည္။ လူတစ္ေယာက္နဲ႔စကားေျပာေနခဲ့တာကို ႀကိမ္းေသမွတ္မိေနေပမယ့္ ေျပာခဲ့တယ့္စကားေတြနဲ႔ အဲ့ဒီလူရဲ႕ မ်က္ႏွာကိုပုံေဖာ္ၾကည့္ရတာ ေက်ာက္ခဲေရညႇစ္ေနရသလိုပင္။

ဘာလို႔ ဘာမွမမွတ္မိေတာ့တာလဲ?

ထိုအေၾကာင္းေတြကို သူျပန္စဥ္းစားလိုက္တိုင္း ေခါင္းက တဆစ္ဆစ္နဲ႔ကိုက္ခဲလာတယ္။

အိပ္မက္ပဲေနမွာပါ။ အရမ္းထူးဆန္းတယ့္ အိပ္မက္...

ေသခ်ာတာကေတာ့ ဒီတစ္ေခါက္ေႏြရာသီက သူ႔အတြက္ ေမ့မရႏိုင္တယ့္ ေႏြရာသီျဖစ္ေနေတာ့မွာ။

•••••••

- 16 years after -
{2021}

မ်က္ႏွာေပၚကို အညႇာအတာမဲ့စြာထိုးႏွက္လာတယ့္ မိုးေရစက္တို႔ေၾကာင့္ စပ္ျဖင္းျဖင္းျဖစ္ေနတယ့္ မ်က္လုံးတို႔ကို အားယူၿပီးဖြင့္လိုက္ခ်ိန္တြင္ေတာ့ ႀကီးမားေသာ သစ္ပင္ႀကီးတစ္ပင္ေအာက္တြင္ေရာက္ေနခဲ့သည္။ ထူထဲစြာေပါက္ေရာက္ေနတယ့္ သစ္ပင္ခ်ဳံႏြယ္တို႔ေၾကာင့္ ေနလုံးအားမျမင္ရပဲ ညဘက္မဟုတ္ဘူးဟူ၍သာ သတိထားမိ႐ုံ။

" အိပ္မက္မဟုတ္ဘူးဘဲ။ " စိတ္ထဲက ေရ႐ြတ္လိုက္႐ုံသာရွိသည္။ လက္ေတြ႕မွာေတာ့ အသံမထြက္လာႏိုင္ခဲ့။

အိပ္မက္ျဖစ္ခဲ့ရင္ေကာင္းမွာ။ အိပ္မက္ျဖစ္ပါေစလို႔ဆုေတာင္းေနခဲ့တာ။ မ်က္လုံးဖြင့္လိုက္တာနဲ႔ အရာအားလုံးပုံမွန္ျပန္ျဖစ္သြားမယ့္ အိပ္မက္ဆိုးႀကီးတစ္ခုျဖစ္ခဲ့ပါေစလို႔ ဝင္သက္ထြက္သက္တိုင္းမွာ ဆုေတာင္းေနမိတာ။

ဘုရားသခင္က သူ႔ရဲ႕ဆႏၵကို လ်စ္လ်ဴရႈခဲ့သည္ဘဲ။

သုံးရက္။ ဒီေနရာႀကီးမွာ ပိတ္မိေနတာ သုံးရက္တိတိရွိၿပီ။

ေခ်စရာအစာပင္ မက်န္ရွိေတာ့ေသာဗိုက္အား လက္တစ္ဖက္ျဖင့္ တင္းက်ပ္စြာဆုပ္ကိုင္၍ က်န္လက္တစ္ဖက္ျဖင့္ သစ္ပင္အားေထာက္ၿပီးအားျပဳကာ ျဖည္းျဖည္းခ်င္းထိုင္ေနရာမွ ထလိုက္သည္။ သုံးရက္လုံးလုံး သူ႔ကိုမင္ေဟ်ာင္းတို႔ လာေခၚမွာဘဲဆိုတယ့္ ေမွ်ာ္လင့္ခ်က္နဲ႔ ဒီေနရာကေနမေ႐ြ႕ခဲ့တာ သူမွားသြားၿပီထင္။

အစာမရွိေတာ့တာေၾကာင့္ အားမရွိေတာ့တယ္ ခႏၶာနဲ႔ သူဘယ္လိုေရွ႕ဆက္ရမလဲ။

အားနဲ႔မာန္နဲ႔ ႐ြာခ်ေနတယ့္မိုးေရစက္တို႔ေၾကာင့္ ႀကိမ္းစက္ေနတယ့္ မ်က္လုံးတို႔ကိုပုတ္ခတ္ပုတ္ခတ္လုပ္ၿပီး ျမင္ကြင္းကိုရွင္းေအာင္လုပ္ေနရတယ္။ အားအင္ခ်ိနဲ႔ေနတယ့္ ေျခေထာက္ေတြနဲ႔ ‌ေျခတစ္လွမ္း လွမ္းလိုက္တိုင္း ေျမႀကီးထဲမွ ေရမ်ားစိမ့္ထြက္လာကာ ေျခရာဗြက္အိုင္ငယ္မ်ား ျဖစ္ေပၚလာသည္။

ဒီေတာအုပ္ထဲမွ ထြက္ခြာႏိုင္လွ်င္ မင္ေဟ်ာင္းတို႔မဟုတ္ရင္ေတာင္ ဘယ္သူပဲျဖစ္ျဖစ္ လူေတာ့ရွိေနမွာဘဲဟုေတြးကာ အားတင္းရင္း ေျခလွမ္းတို႔ ပိုအားထည့္လိုက္မိသည္။ သို႔ေသာ္လည္း ထို‌အေတြးေတြက အတုအေယာင္သာျဖစ္သည္ကို နားလည္ဖို႔ အခ်ိန္သိပ္မလိုေပ။ ေဂါ့ဂ်ာဝယ္သည္ သူ႔အားအသက္ဝင္ေနသည့္ လူတစ္ေယာက္ကဲ့သို႔ လွည့္စားတတ္သည္။ အခ်ိန္နာရီအနည္းငယ္ၾကာတယ့္အထိ သူဟာလမ္းစရွာမေတြ႕ႏိုင္ေသး။ မိုးေရစက္ေတြနဲ႔ သစ္ပင္တို႔ရဲ႕ အခက္အလက္ေတြ ႐ိုက္ခတ္သံက ဂ်ယ္ႏိုအား ပို၍ ေခါင္းေနာက္ေစသည္။ အခ်ိန္ေတာ္ေတာ္ၾကာၾကာ လမ္းေတြ႕ႏိုးႏိုး သြားၿပီးရင္း သြားေနေသာ္လည္း ပုံစံတူ အေရာင္တူ အသြင္သ႑ာန္တူတယ့္ သစ္ပင္မ်ားက ဂ်ယ္ႏိုကို ေလွာင္ေျပာင္ေနသေယာင္။

ထူထဲစြာေပါက္ေရာက္ေနတယ့္ သစ္ပင္ေတြရဲ႕အေပၚမွာ သူထိုင္ေနတုန္းက ေတြ႕လိုက္တယ့္ အနည္းငယ္ထက္သည္ဟု ထင္ရတယ့္ေက်ာက္ခဲႏွင့္ တစ္ပင္ခ်င္းစီ ေသေသခ်ာခ်ာအမွတ္အသားျပဳလုပ္ခဲ့ပါေသာ္လည္း အခ်ည္းႏွီးသာ။ ဘယ္ေလာက္ပဲ လမ္းစရွာပါေစ ေနာက္ဆုံးေတာ့ သူသတိရလာတယ့္ သစ္ပင္ႀကီးရွိရာကိုပဲ ျပန္ျပန္ေရာက္လာေလသည္။ ေနာက္ဆုံးေတာ့ သူလက္ေလွ်ာ့လိုက္ရသည္။

စမွတ္ေနရာျဖစ္ခဲ့တယ့္ သစ္ပင္ႀကီးကိုပဲ မွီၿပီးထိုင္ခ်လိုက္တယ္။ မီးစနဲ႔ထိုးသလို ပူေလာင္လာတယ့္ အစာအိမ္က သုံးရက္လုံးလုံး ဘာအစာမွ လက္ခံ၍ မရရွိခဲ့ေၾကာင္း သတိေပးသည္။

အိတ္ထဲမွာလည္း ဘာအစာမွ မက်န္ေတာ့။ အနည္းဆုံးေတာ့ မိုးေရေသာက္မည္ဟုစဥ္းစားလိုက္ေသာ္လည္း ကိုယ့္ဘက္ကို မပါတယ့္ကံတရားက အၿငိဳးတႀကီး႐ြာသြန္းေနတယ့္မိုးတို႔ကို ရပ္စဲေစခဲ့သည္။

ႀကံရာမရေတာ့တယ့္အဆုံး မ်က္လုံးတို႔ကို စုံမွိတ္ခ်လိုက္ၿပီး လွည့္ေတာင္မၾကည့္မိခဲ့ေသာ၊ ထိၾကည့္ဖို႔ပင္ စိတ္ကူးထဲမရွိခဲ့ေသာ ဗြက္အိုင္ငယ္ထဲမွ ေရကိုေသာက္မိသည္။

" ဒီလိုနဲ႔ဘဲ အစာျပတ္ၿပီး ေသ‌ရေတာ့မယ္ထင္တယ္။ " သူခပ္႐ြဲ႕႐ြဲ႕ပင္ ၿပဳံးလိုက္မိသလိုပင္။

သို႔ေသာ္လည္း ယခုအခ်ိန္အထိ သူ႔ကိုတစ္ေယာက္ေယာက္က လာကယ္မယ္ဆိုတယ့္ ေမွ်ာ္လင့္ခ်က္ကေတာ့ ရွိေနတုန္း။

အခ်ိန္အနည္းငယ္ၾကာၿပီးေနာက္မွာ အုံ႔မႈိင္းေနတယ့္ မိုးေကာင္းကင္ကလည္း အခုေတာ့ သူမဟုတ္သလို ၾကည္ေတာက္ကာ ေနပင္ထိန္ထိန္သာလ်က္ရွိသည္။ သို႔ေသာ္လည္း ထူထဲေနတယ့္ သစ္ပင္ခ်ဳံႏြယ္တို႔ေၾကာင့္ ေနေရာင္ျခည္ဟာလည္း တိုးမေပါက္ႏိုင္ဘဲ ဟိုတစ္ေျပာက္ ဒီတစ္ေျပာက္သာ က်ေရာက္ေနေတာ့သည္။ အၿငိဳးႀကီးစြာ တိုက္ခတ္ေနခဲ့သည့္ ေလျပင္းတို႔ကလည္း ယခုအခ်ိန္မွာ ေလေျပေလညင္းမ်ား သ႑ာန္ေျပာင္းလဲလို႔ သြားေလသည္။

သစ္ပင္ကိုမွီကာ တဂြီဂြီေအာ္ျမည္လ်က္ အခ်က္ေပးေနသည့္ ဗိုက္ကိုတင္းတင္းက်ပ္က်ပ္ဆုတ္ကိုင္ရင္း မ်က္လုံးတို႔ကို အသာမွိတ္ထားလိုက္တယ္။ အိပ္ေပ်ာ္သြားရင္ ဒီဆာေလာင္မႈ ေပ်ာက္သြားလိုေပ်ာက္သြားျငား အေတြးႏွင့္။

႐ုတ္တရက္ဆိုသလိုပင္ ထူးဆန္းတယ့္အသံကို‌ၾကားလိုက္မိတာေၾကာင့္ မွိတ္ထားတယ့္မ်က္လုံးကိုဖြင့္ၾကည့္မိေတာ့ ပတ္ဝန္းက်င္က သစ္ပင္ေတြကလြဲ၍ ဘာမွမရွိ။

" ဟက္ လီဂ်ယ္ႏို ထင္ေယာင္ထင္မွားေတြပါၾကားေနရၿပီဘဲ။ " ခပ္တိုးတိုး ေရ႐ြတ္လိုက္ၿပီး မ်က္လုံးတို႔ကို ျပန္မွိတ္ဖို႔လုပ္ေပမယ့္ ေနာက္တစ္ႀကိမ္ထပ္ၾကားလိုက္ရတယ့္ အသံေၾကာင့္ မွိတ္မလို႔လုပ္ေနသည့္ မ်က္လုံးက ႏွစ္ဆျပဴးက်ယ္ကုန္သည္။

ေလတိုးသံ မဟုတ္ဘူး။
မိုးေရစက္ေတြရဲ႕အသံ မဟုတ္ဘူး။
သစ္႐ြက္ေတြရဲ႕အခ်င္းခ်င္းပြတ္တိုက္သံ မဟုတ္ဘူး။

ျခဴသံ...
ဟုတ္တယ္ သူႀကိမ္းေသေပါက္ ျခဴလုံးငယ္ေလးေတြရဲ႕ အသံၾကားလိုက္ရတာ။

ခပ္တိုးတိုး ၾကားေနရတယ့္အသံက တစ္ဆထက္ တစ္ဆ ပိုပိုၿပီးက်ယ္လာတယ္။ သို႔ေပမယ့္ သူ႔ပတ္ဝန္းက်င္ကေတာ့ အုံ႔ဆိုင္းေနတယ့္ သစ္ပင္ေတြနဲ႔ ပုံမွန္အတိုင္း။

" ဘယ္..ဘယ္သူလဲ! " အခုအေျခအေနမွာ ဒီလိုအသံၾကားရတာဟာ လူတစ္ေယာက္ေယာက္လာေနၿပီဆိုတယ့္ အဓိပၸါယ္ဆိုေပမယ့္ အခုအခ်ိန္အထိ လူႏွင့္ပတ္သက္လို႔ ဘာအရိပ္မွပင္ မေတြ႕ရေသး။

အေနာက္ဘက္မွာမ်ားလားဆိုၿပီး အေနာက္ကိုလွည့္ၾကည့္လိုက္ေပမယ့္လည္း အေနာက္ဘက္မွာလည္း သစ္ပင္ေတြကလြဲ ဘာမွမရွိ။

အေနာက္ဘက္ကို လွည့္ၿပီးပတ္ဝန္းက်င္ကို အကဲခတ္ေနတုန္း ႏွင္းဆီရနံ႔ ခပ္သင္းသင္းကသူ႔ရဲ႕ ႏွာေခါင္းအနားတဝိုက္မွာ ေဝ့ဝိုက္က်ီစယ္တယ္။

ႏွင္းဆီ။ သူအႀကိဳက္ဆုံး ပန္း။ ဂ်ယ္ႏိုက ပုံမွန္အားျဖင့္ ပန္းေတြကိုႏွစ္သက္တတ္တယ့္ ေယာက်ၤားေလးမ်ိဳးမဟုတ္ေပမယ့္ ႏွင္းဆီပန္းကိုေတာ့ ထူးထူးျခားျခားစြဲလမ္းေနတတ္သည္။

" ငါ့ကိုရွာေနတာလား? "

" အမယ္ေလး! "

သူက အေနာက္ဘက္ကိုလွည့္ေနေပမယ့္ စကားေျပာသံက ႐ုတ္တရက္အေရွ႕မွ ထြက္လာသည္။

သူလ်င္ျမန္စြာပင္ အေရွ႕ကိုျပန္လွည့္လိုက္ေတာ့ ျမင္လိုက္ရတယ့္ ပုံရိပ္ကသူ႔ရဲ႕ လႈပ္ရွားမႈေတြကို တစ္ခဏတာအတြက္ ရပ္တန႔္သြားေစဖို႔ လုံေလာက္ခဲ့သည္။

သလင္းေက်ာက္ေရာင္ မ်က္ဝန္းေတြက ႐ူးခါသြားႏိုင္ေအာင္ ျပဳစားဖို႔အတြက္ လုံေလာက္ပါတယ္ေလ။ မိုးေကာင္းကင္တစ္ခုလုံးကို ပုံရိပ္ေလးရဲ႕ဆံႏြယ္ေတြက အပိုင္စား‌ရထားသလို။

ဂ်ယ္ႏိုက သူ႔ရဲ႕အေရွ႕မွာရွိေနတယ့္ မိုးေကာင္းကင္ငယ္ေလးကို အာေစးမိေနသလိုေငးတယ္။ မိုးျပာေရာင္ေကာင္ငယ္ေလးက သူ႔ရဲ႕မွိန္ဝါးေနတယ့္ အတိတ္ကာလတို႔ကို ႐ုပ္ရွင္အေႏွးျပကြက္တစ္ခုလိုမ်ိဳး တစ္ခုခ်င္းစီျပန္ျမင္ေယာင္လာေစသည္။

ငယ္ငယ္တုန္းက သူသတိရရခ်င္း ဘာဆိုဘာမွကိုျပန္မမွတ္မိေပမယ့္ အခ်ိန္ကာလအနည္းငယ္ၾကာၿပီးေနာက္မွာေတာ့ ပုံရိပ္ေတြက မွတ္ဉာဏ္ေတြထဲမွာ ေနာက္တစ္ႀကိမ္ျပန္ေနရာယူလာခဲ့တယ္။ ဒါေပမယ့္လည္း သူမွတ္မိတယ့္ ပုံရိပ္ေတြထဲမွာေတာ့ သူနဲ႔စကားေျပာခဲ့တယ့္ လူရဲ႕မ်က္ႏွာပုံစံနဲ႔ အမည္နာမကေတာ့ ဝိုးတိုးဝါးတားသာရွိသည္။

အခုအခ်ိန္မွာေတာ့... သူ႔အေရွ႕မွာရွိတယ့္ ေကာင္းကင္ငယ္ေလးက သူ႔ရဲ႕ေဝဝါးေနတယ့္ အစိတ္အပိုင္းတို႔ ေဆးေရာင္ျခယ္ေပးလိုက္သလိုမ်ိဳး ျပန္ၿပီးထင္ထင္ရွားရွားမွတ္မိလာေစသည္။

ဂ်ယ္ႏိုက သလင္းေက်ာက္ေရာင္ မ်က္ဝန္းငယ္တို႔ရဲ႕ ပိုင္ရွင္ကိုေတြ႕ေတြ႕ခ်င္း မ်က္လုံးေတြေကြးၫြတ္သြားတယ့္အထိ ၿပဳံးတယ္။ သူ႔ရဲ႕အၿပဳံးေတြက အားမရွိတာသိသာေနေပမယ့္လည္း ႀကိမ္းေသေပါက္ေတာ့ ခ်ိဳၿမိန္ေနမွာ အေသအခ်ာပင္။

" ဂ်ယ္မင္းနီး... " တိုးဖြဖြအသံသာဆိုေပမယ့္ မိုးေကာင္းကင္ငယ္ေလး‌ကို ၾကားသြားေစဖို႔လုံေလာက္ပါတယ္။

ဒီတစ္ခါ အံ့အားသင့္ရသူကေတာ့ ဂ်ယ္မင္း။ သူမွတ္မိသေလာက္ေတာ့ ဂ်ယ္ႏိုရဲ႕ သူနဲ႔ပတ္သက္တယ့္ မွတ္ဉာဏ္မွန္သမွ်ကို ဖ်က္ခဲ့ၿပီးၿပီဆိုတာဘဲ။ အခုဘယ္လိုျဖစ္လို႔ ဂ်ယ္ႏိုက သူ႔နာမည္ပါမွတ္မိေနရတာလဲ။

သူ႔ရဲ႕အစြမ္းေတြပဲ ေမွးမွိန္သြားတာလား? ဒါမွမဟုတ္...

ဂ်ယ္မင္းက ဂ်ယ္ႏိုရဲ႕ မ်က္လုံးကိုဖ်တ္ခနဲစိုက္ၾကည့္တယ္။ စိုက္ၾကည့္တယ္ဆိုတာထက္ မ်က္လုံးခ်င္း ဆုံေစ႐ုံေလး။ ႏွစ္ေတြဘယ္ေလာက္ပဲၾကာၾကာ ဂ်ယ္ႏိုရဲ႕မ်က္ဝန္းေတြက သူ႔အတြက္မူးယစ္ေဆးလိုဘဲ။ ၾကာၾကာၾကည့္ေလ မူးယစ္ေစေလဘဲ။ သူၾကာၾကာစိုက္ၾကည့္ဖို႔ မရဲပါေလ။

ဒါမွမဟုတ္ ဂ်ယ္ႏိုကပဲ ေျပာင္းလဲသြားတာလား?

" မွတ္မိေနတာဘဲ။ " ဂ်ယ္မင္းက သူ႔ရဲ႕အံ့အားသင့္မႈေတြကို ဖုံးကြယ္ရင္း ဂ်ယ္ႏိုရဲ႕ ျဖဴေဖ်ာ့ေနတယ့္ႏႈတ္ခမ္းပါးေတြကို ေငးတယ္။

" ငါမင္းကို သုံးရက္ေလာက္ပဲ ပစ္ထားလိုက္တာပါ။ ေသမလိုပါ ျဖစ္ေနၿပီလား။ " ဂ်ယ္ႏို နားမလည္ႏိုင္တယ့္ စကားေတြကို ဂ်ယ္ႏိုျပန္မေျဖခင္မွာပဲ ဂ်ယ္မင္းက ဆက္ေျပာတယ္။

" ဒီတစ္ေခါက္ ေနာက္က်တယ္ေနာ္။ " ဂ်ယ္မင္းရဲ႕ လက္သြယ္သြယ္တို႔ ဂ်ယ္ႏိုရဲ႕ စိုထိုင္းေနတယ့္ဆံသားေတြအေပၚမွာ။

" ရက္သုံးဆယ္။ ရက္ေပါင္း သုံးဆယ္တိတိေနာက္က်ခဲ့တာ။ ငါက သုံးရက္ေလးပဲ မသိခ်င္ေယာင္ေဆာင္လိုက္တာနဲ႔ အခုေသမလိုျဖစ္ေနၿပီ။ ငါသာ မလာခဲ့ပဲ ေနာက္တစ္ရက္ကူးသြားရင္ တကယ္ေသေနေလာက္ၿပီ။ "

" ဘာေတြေျပာေန... " ဂ်ယ္ႏိုရဲ႕ အက္ကြဲေနတယ့္အသံေတြကို ဂ်ယ္မင္းက ဆက္မၾကားခ်င္ပုံ။

ဂ်ယ္ႏိုရဲ႕ ဆံသားထက္ကိုေရာက္ေနခဲ့တယ့္ ဂ်ယ္မင္းရဲ႕လက္ေခ်ာင္းေတြက အခုေတာ့ ဂ်ယ္ႏိုရဲ႕ႏႈတ္ခမ္းပါးထက္မွာ။

" ရႉး... "

ၿငိမ္က်သြားၿပီး သူ႔ကိုနားမလည္သလိုစိုက္ၾကည့္‌ေနတယ့္ ဂ်ယ္ႏိုကိုလ်စ္လ်ဴရႈလိုက္တယ့္ ဂ်ယ္မင္းက သူ႔ရဲ႕လက္ေခ်ာင္းေတြကို ဂ်ယ္ႏိုရဲ႕ စိုထိုင္းေနတယ့္ ဆံပင္ေတြၾကားမွာ ထပ္မံေျပးလႊားေစတယ္။

ဂ်ယ္ႏိုရဲ႕ အေတြးေတြထဲမွာ ေသခ်ာသြားတာတစ္ခုရွိတယ္။ သူ႔ရဲ႕ နတ္သားငယ္ေလးက သူ႔အတြက္နားမလည္စရာေတြနဲ႔ ျပည့္ႏွက္ေနတာဘဲဆိုတာ။

အခုလည္း သူ႔ရဲ႕မိုးေရေတြေၾကာင့္ စို႐ႊဲကာတစ္ေခ်ာင္းခ်င္းစီျဖစ္ေနတယ့္ ဆံပင္ေတြကို ခပ္ဖြဖြပြတ္သပ္ၿပီး ပါးစပ္ကလည္း တစ္ခုခုေရ႐ြတ္ေနေသးတယ္။

အခ်ိန္ခဏေလာက္အထိ သူတို႔ႏွစ္ေယာက္ရဲ႕ အေနအထားက ဒီအတိုင္းပင္။ ဂ်ယ္မင္းက ဂ်ယ္ႏိုရဲ႕ ဆံႏြယ္ေတြကို ပြတ္သပ္ၿပီး ႏႈတ္ဖ်ားကလည္း တစ္ခုခုကို ေရ႐ြတ္ေနတယ္။ ဂ်ယ္ႏိုကေတာ့ ဂ်ယ္မင္းရဲ႕ သူ႔ကိုေရွာင္ဖယ္ထားတယ့္ သလင္းေက်ာက္ေရာင္ မ်က္ဝန္းေတြကို အခြင့္ရတုန္း အမိအရေငးၾကည့္တယ္။

ေနာက္ထက္မိနစ္ဝက္ေလာက္ၾကာေတာ့ ဂ်ယ္ႏိုက ထူးဆန္းခံစားခ်က္ကို စၿပီးခံစားလာရတယ္။ အဲ့တာက ဂ်ယ္မင္းရဲ႕ လက္ေခ်ာင္းထိပ္ဖ်ားေတြကေန သူ႔ရဲ႕ ဦးေရျပားကိုျဖတ္ၿပီး ခႏၶာကိုယ္အႏွံ႔ကို တစ္ခုခုကစီးဆင္းေနသလိုမ်ိဳး။ မီးစနဲ႔အထိုးခံထားရသလို ပူေလာင္ၿပီးစူးေအာင့္ေနတယ့္ အစာအိမ္ရဲ႕ နာက်င္မႈက တျဖည္းျဖည္းနဲ႔ ေလ်ာ့ပါးလာတယ္။ အက္ကြဲၿပီး ျဖဴေဖ်ာ့ေနတယ့္ ႏႈတ္ခမ္းတို႔ကလည္း ပုံမွန္အတိုင္းျပန္ျဖစ္လာတယ္။ ေအးစက္ၿပီး ေသြးမေလွ်ာက္ေတာ့သလိုျဖစ္ေနတယ့္ ခႏၶာကိုယ္ကလည္း ပုံမွန္အပူခ်ိန္အတိုင္းျပန္ျဖစ္လာၿပီး စပ္ျဖင္းျဖင္းခံစားရၿပီး နီစပ္စပ္ျဖစ္ေနတယ့္ မ်က္လုံးတို႔ကလည္း အျဖဴေရာင္ဘက္ကို ကူးေျပာင္းသြားၿပီး အေကာင္းအတိုင္းျပန္ျဖစ္လာတယ္။

ဂ်ယ္မင္းကေတာ့ ဂ်ယ္ႏိုရဲ႕ ေသြးေရာင္ျပန္သမ္းလာတယ့္ ႏႈတ္ခမ္းပါး‌တို႔ကိုျမင္ေတာ့မွ စိတ္ခ်သြားသလို သက္ျပင္းေမာကိုခ်ၿပီး ဂ်ယ္ႏိုရဲ႕ေခါင္းေပၚက လက္ကိုအသာအယာျပန္ဖယ္တယ္။

" ဘာ..ဘာလုပ္လိုက္တာလဲဟင္။ " ဒီတစ္ေခါက္ေမးလာတယ့္ ဂ်ယ္ႏိုရဲ႕စကားကိုေတာ့ သူမေရွာင္ဖယ္ေတာ့။

ဂုဏ္ယူစြာၿပဳံးလိုက္တယ့္ အၿပဳံးကိုႏႈတ္ခမ္းထက္မွာ ခ်ိတ္ဆြဲၿပီး " မင္းေျပာဖူးတယ္ေလ။ ငါက နတ္သားဆိုတာ။ နတ္သားေတြက ဘာမဆိုဖန္စင္းႏိုင္တယ္ေလ။ "

" ကြၽန္ေတာ္ေျပာဖူးတာမဟုတ္ဘဲ ဂ်ယ္မင္းနီးက အဲ့လိုမွတ္ထားလဲ ျဖစ္တယ္လို႔ေျပာခဲ့တာမဟုတ္ဘူးလား။ "

ဂ်ယ္ႏိုက သူ႔ရဲ႕စကားအဆုံးမွာ ဂ်ယ္မင္းရဲ႕ ျပဴးေၾကာင္ေၾကာင္အၾကည့္တို႔ကို လက္ခံရရွိတယ္။

" အကုန္မွတ္မိေတာ့တာဘဲ ဒီကေလးေတာ့။ "

ဂ်ယ္မင္းက ၿပဳံးတယ္။ ထိုအၿပဳံးက ဂ်ယ္ႏိုက သူ႔ရဲ႕မွတ္ဉာဏ္ထဲမွာ ဓာတ္ပုံ႐ိုက္ထားသလိုမ်ိဳး စြဲေနေအာင္ မွတ္ထားလိုက္တယ္။

" ကြၽန္ေတာ့္ကို ကယ္ခဲ့တာဘဲ။ ဂ်ယ္မင္းနီးက ကြၽန္ေတာ့္ရဲ႕ ပုံျပင္ေတြထဲမွာ အၿမဲတမ္းသူရဲေကာင္းျဖစ္ေနခဲ့တာမို႔လို႔ မေမ့ႏိုင္ပါဘူး။ " တကယ္လည္း ဂ်ယ္ႏိုရဲ႕ ငယ္ဘဝကပုံျပင္ေတြထဲမွာ ဂ်ယ္မင္းက သူရဲေကာင္းေနရာမွာ အၿမဲဗိုလ္စြဲေနခဲ့ပါသည္။ ဂ်ယ္မင္းရဲ႕ နာမည္နဲ႔ ႐ုပ္ကိုမမွတ္မိတယ့္ ဂ်ယ္ႏိုက ဂ်ယ္မင္းကို ပုံျပင္ေတြထဲမွာေတာ့ နာမည္တစ္ခုတပ္ေပးတယ္။ အဲ့နာမည္က 'အမည္မသိ သူရဲေကာင္း' တယ့္ေလ။ နတ္သမီး‌ပုံျပင္လို ဒ႑ာရီေတြကို အယုံအၾကည္မရွိတယ့္ဂ်ယ္ႏိုက ဂ်ယ္မင္းနဲ႔ေတြ႕ဆုံၿပီးတယ့္ ေနာက္ပိုင္းမွာေတာ့ အမ်ားႀကီးေျပာင္းလဲလာခဲ့တယ္။

" တစ္စုံတစ္ေယာက္ရဲ႕ နတ္သမီးပုံျပင္ေတြထဲက သူရဲေကာင္းျဖစ္ရတာ သိပ္ေတာ့လည္းမဆိုးပါဘူး။ "

အဲ့ဒီတစ္စုံတစ္ေယာက္က ဂ်ယ္ႏိုျဖစ္ေနတာကေတာ့ ဂ်ယ္မင္းကိုပိုၿပီး စိတ္ေက်နပ္ေစတယ္။

" ဒါနဲ႔... " ဂ်ယ္မင္းကေျပာလက္စကိုရပ္လိုက္ေတာ့ ဂ်ယ္ႏိုကဘာေျပာမလဲဆိုတာပိုသိခ်င္လာတာနဲ႔ နားကိုပိုစြင့္တယ္။

" ဘာလို႔ဂ်ယ္မင္းနီးလို႔ဘဲေခၚေနတာလဲ။ ငါမင္းထက္ ႏွစ္ေပါင္းဘယ္ေလာက္ႀကီးလဲဆိုတာ မင္းခန႔္မွန္းလို႔ေတာင္ ရမွာမဟုတ္ဘူး။ "

ဂ်ယ္မင္းရဲ႕စကားဆုံးေတာ့ ဂ်ယ္ႏိုက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကို ရယ္တယ္။

" သေဘာက်လို႔။ " ဂ်ယ္ႏိုက ရယ္လ်က္ပင္ေပါ့ေပါ့ပါးပါးနဲ႔ေျဖတယ္။ တြန႔္ဆုတ္ျခင္းအလ်င္းမရွိ။

" ဂ်ယ္မင္းနီးလို႔ေခၚရတာ သေဘာက်တယ္။ "

ဂ်ယ္ႏိုရဲ႕ စကားကိုၾကားေတာ့ ဂ်ယ္မင္းက ခဏၿငိမ္သက္သြားတယ္။ လီဂ်ယ္ႏိုက တျဖည္းျဖည္းနဲ႔ေျပာင္းလဲလာၿပီဘဲ။ သူစိတ္ပူစျပဳလာတယ္။ ကံၾကမၼာရဲ႕ တစ္ဖန္ျပန္လည္ပတ္ေနမႈက အဆုံးသတ္ေတာ့မွာလား။ သူကိုယ္တိုင္လည္း မေသခ်ာ မေရရာဘဲ။

ဂ်ယ္ႏိုကို ျပန္ေငးၾကည့္မိတယ္။ ပင္လယ္ျပင္လို မ်က္ဝန္းေတြမွာ အႀကိမ္ႀကိမ္က်ရႈံးရတယ္။ ဘယ္လိုလုပ္မလဲ က်ရႈံးမယ္မွန္းသိေနေပမယ့္ မိုက္႐ူးရဲဆန္စြာ ေငးၾကည့္ခ်င္ေနတုန္းဘဲ။

သူကိုယ္တိုင္ေတာင္ ေသခ်ာမသိေတာ့တယ့္ ေျပာင္းလဲလာတယ့္ ကံၾကမၼာကို သိပ္မယုံခ်င္ေတာ့။ တစ္ႀကိမ္ေလာက္ေတာ့ အတၱႀကီးၾကည့္လို႔ ျဖစ္မလား?

" ဂ်ယ္ႏို အတိတ္ဘဝကိုသာ ျပန္ျမင္ခြင့္ရရင္...ျပန္ျမင္ခ်င္ေသးလား? "

ဂ်ယ္ႏိုက သူ႔စကားကိုၾကားေတာ့ ေတြေဝသြားတယ့္ပုံ။

" ျပန္ျမင္လို႔ရမလား? " သူ႔‌အေမးကို အေမးနဲ႔ျပန္ေျဖလာတယ့္ ဂ်ယ္ႏိုေၾကာင့္ သူစိတ္လိုလက္‌ရၿပဳံးမိတယ္။

" ဘာလို႔ မရရမွာလဲ။ နတ္သားေတြက လိုခ်င္တာမွန္သမွ် အကုန္ျဖည့္စည္းေပးႏိုင္တယ္ေလ။ "

ဂ်ယ္မင္းက ထိုင္ေနရာကေနထလိုက္ၿပီး ဂ်ယ္ႏိုကို လက္ကမ္းေပးတယ္။ သေဘာက ဂ်ယ္ႏိုကိုပါ လိုက္ထေစခ်င္ေနတယ့္ ပုံစံ။

ဂ်ယ္ႏိုကလည္း ဂ်ယ္မင္းရဲ႕လက္ကိုဆြဲကိုင္လိုက္ၿပီး သူပါထရပ္လာတယ္။

" မွတ္မိလား ဒီေနရာကိုစေရာက္လာတုန္းက ဒီသစ္ပင္မွာ လူႏွစ္ေယာက္ရဲ႕ လက္အရာပုံစံ ႏွစ္ခုရွိတယ္ဆိုတာ။ "

ဂ်ယ္ႏိုက ေခါင္းၿငိမ့္ၿပီး မွတ္မိေၾကာင္းေျပာတယ္။

ဂ်ယ္မင္းက ဂ်ယ္ႏိုကို သူေျပာခဲ့တယ့္ လက္အရာပုံစံႏွစ္ခုရွိတယ့္ေနရာဆီ လက္ဆြဲၿပီးေခၚသြားတယ္။ အဲ့ဒီေနရာကိုေရာက္သြားေတာ့ ဂ်ယ္မင္းက သူဆြဲကိုင္ထားတယ့္ ဂ်ယ္ႏိုရဲ႕လက္လႊတ္လိုက္ၿပီး ‌ေမးဆတ္ျပတယ္။

" မင္းရဲ႕ လက္နဲ႔တစ္ေထရာထဲျဖစ္ေနတယ့္ ပုံစံတူ‌အေပၚကို လက္တင္လိုက္။ "

ဂ်ယ္မင္းဘာေတြလုပ္ေနမွန္းမသိေပမယ့္ ဂ်ယ္ႏိုက ဂ်ယ္မင္းရဲ႕စကားကိုေတာ့ မျငင္းဆန္ေပ။ ေျပာတယ့္အတိုင္း လက္ကိုတင္လိုက္တယ္။ ထူးဆန္းတယ္ ဒီတစ္ေခါက္က်ေတာ့ သူဘာမွမခံစားရေတာ့။

ဂ်ယ္ႏိုနဲ႔ ပုံစံတူတယ့္လက္ေဘးမွာ ေနာက္ထပ္လက္အရာတစ္ခုရွိေသးတယ္။ အဲ့ဟာကက်ေတာ့ ဂ်ယ္မင္းရဲ႕လက္နဲ႔ကြက္တိ။

" ဘာလို႔ လက္ပုံစံေတြက ကြက္တိျဖစ္ေနလည္းထူးဆန္းေနတယ္မလား? "

" အင္း။ "

" ဘာလို႔လဲဆိုေတာ့ ငါတို႔ရဲ႕လက္ေတြပဲမို႔လို႔ေလ။ " ဂ်ယ္မင္းက ပုံမွန္အတိုင္းပဲ ၿပဳံးၿပီးေျပာေပမယ့္ဒီတစ္ခါမ်က္လုံးျပဴးရသူကေတာ့ ဂ်ယ္ႏိုပင္။

" ဘယ္လိုျဖစ္... "

" ေမးခြန္းေတြအရမ္းမ်ားေနမယ္ဆိုတာ သိတယ္။ အကုန္လုံးကို သိသြားေအာင္လုပ္ေပးမွာမို႔လို႔ စိတ္ကိုၿငိမ္ေအာင္ထားထား။ "

ဂ်ယ္မင္းက သူေျပာၿပီးတာနဲ႔ တၿပိဳင္နက္မ်က္လုံးေတြကို မွိတ္ခ်လိုက္ၿပီး ပါးစပ္ကေန တစ္ခုခုကို ခပ္တိုးတိုးေလးေရ႐ြတ္လိုက္တယ္။ သူ႔တစ္ကိုယ္စာၾကား႐ုံေလာက္ေလး ေရ႐ြတ္လိုက္တာေၾကာင့္ ဂ်ယ္ႏိုဘက္က ေသေသခ်ာခ်ာဘာမွမၾကားလိုက္ရ။

ေနာက္ေတာ့ သိပ္မၾကာပါ။ ထိုသစ္ပင္ႀကီးကေန ထြက္လာတယ့္ ေငြမွင္ေရာင္အမႈန္ေတြ‌က မ်က္လုံးကိုမွိတ္လိုက္ရေအာင္ပင္ ႀကိမ္းၿပီးစူးရွလွသည္။ ႐ုတ္တရက္ ထိုအမႈန္မ်ားက ကိုယ္ထဲကိုေဖာက္ဝင္သြားတယ့္ ခံစားခ်က္နဲ႔အတူ သူ႔ရဲ႕ စိတ္ဝိဉာဥ္ကလည္း ဂ်ယ္မင္းေခၚေဆာင္ရာေနာက္ကိုပါသြားေတာ့တယ္။

အတိအက်ေျပာရမယ္ဆိုရင္ေတာ့ ဒီဇာတ္လမ္းေတြစတင္ရာေပါ့။

•••••••

Continue Reading

You'll Also Like

48.6K 524 22
In a tale as old as time, our protagonist Lincoln Loud is branded with the label of bad luck. Desperate to break free from his cursed fate, he attemp...
32.1K 902 14
Book cover made by: Queendevilangel
5.5K 105 5
Sonic is the popular guy in gotta go fast high school. And Shadow was the popular guy in gotta go faster high school, they had nothing in common. Unt...
1.4M 99K 24
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...