ZawGyi
ဒီေန႔မနက္ကိုးနာရီခြဲေလာက္ ေဆးရံုကိုလာဖို႔ဖုန္းဆက္ေျပာလာတဲ့ က်ီေဟာက္ေၾကာင့္ ေ႐ွာင္းက်န္႔တစ္ေယာက္ ႐ွစ္နာရီခြဲတြင္ အိမ္မွထြက္လာခဲ့လိုက္သည္။
က်ီေဟာက္ေျပာတာေတာ့ အလုပ္အသစ္႐ွာေပးထားတယ္ဆိုပဲ...ဒီတစ္ခါေတာ့ တည္ျမဲမယ့္အလုပ္တစ္ေနရာကိုသူရခ်င္မိတယ္။ ေ႐ွာင္းက်န္႔ကအလုပ္မျမဲဘူး။ သူအလုပ္မျမဲရတဲ့အဓိကအေၾကာင္းအရင္းကိုေျပာရရင္ေတာ့ သူ႔ရဲ႕႐ုပ္ရည္ေၾကာင့္ပဲ ဟုတ္တယ္ ေယာက္်ားေလးဆိုေပမယ့္ သာမန္ထက္ပိုေနတယ္လို႔ေျပာလို႔ရတဲ့ သူ႔႐ုပ္ရည္ေၾကာင့္ သူနဲ႔အလုပ္တြဲလုပ္တဲ့သူေတာ္ေတာ္မ်ားမ်ားဆီက ထိကပါးရိကပါးဆက္ဆံတာမ်ဳိးကို မၾကာခဏခံရတာမို႔ ေ႐ွာင္းက်န္႔ကဘယ္အလုပ္မွအဆင္မေျပခဲ့တာအခုထိပဲ။
လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္းဆီက ေသြတိုးစမ္းတာခံရသလို တစ္ခါတစ္ေလက်ျပန္ေတာ့လည္း အထက္အရာ႐ွိေတြ သူေဌးေတြဆီကေနခံရဖူးတယ္။ အဆိုးဆံုးအေနနဲ႔ ေ႐ွာင္းက်န္႔က သူ႔သူေဌးတစ္ေယာက္ဆီကေန ရံုးခန္းထဲေခၚၿပီးေစာ္ကားဖုိ႔ၾကံစည္တာအထိခံရဖူးတယ္။ အဲဒီတုန္းက ကံေကာင္းသြားတာက အဲဒီသူေဌးက အသက္လည္းနည္းနည္းႀကီးေတာ့ ေ႐ွာင္းက်န္႔လည္းအားကုန္သံုးၿပီး ေဆာင့္တြန္းၿပီး႐ုန္းထြက္ႏိုင္ခဲ့လို႔သာ သူ႔ဘဝႀကီးမပ်က္ဆီးခဲ့ရတာ....လူေတြကတကယ္ေၾကာက္ဖို႔ေကာင္းပါတယ္။
အမွန္ေျပာရရင္ သူ႔ဘဝကိုသူေတာ္ေတာ္ေလး စိတ္ပ်က္ေနၿပီ။ ဒီလို႐ုပ္ရည္မ်ိဳးျဖစ္ေနတဲ့ သူ႔ကိုယ္သူလည္းသေဘာမက်ဘူး။ မိဘမဲ့ေဂဟာမွာႀကီးျပင္းလာတဲ့သူက အထက္တန္းၿပီးတာနဲ႔ ေဂဟာကထြက္လာၿပီး ကိုယ့္ဘဝကိုေက်ာင္းခဲ့တယ္။ အခ်ိန္ပိုင္းအလုပ္မ်ားစြာလုပ္ၿပီးမွ တကၠသိုလ္တက္ႏိုင္ၿပီး ဝါသနာရာပါရာ ဒီဇိုင္းပညာကိုသင္ယူခြင့္ရခဲ့တာ...ဒါေပမယ့္လည္း အလုပ္မျမဲတဲ့သူကဒီဇိုင္းပညာနဲ႔အလုပ္လုပ္ခြင့္ကို ခဏပဲရခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ဝမ္းေရးအတြက္ အလုပ္မေရြးႏိုင္ေတာ့ဘဲ ရတဲ့ေနရာကေနပဲဝင္လုပ္ရေတာ့တာပါပဲ။
ကုမၼဏီဝန္ထမ္း၊ အေရာင္းပိုင္း၊ မားကတ္တင္းစတဲ့ ေ႐ွာင္းက်န္႔မလုပ္ဖူးတဲ့အလုပ္ဆိုတာမ႐ွိသေလာက္ပဲ...အခုလည္းဘယ္လိုေနရာ ဘယ္လိုသူေဌးမ်ဳိးက သူ႔ကိုေစာင့္ႀကိဳေနမလဲမသိဘူး။ ဒီတစ္ခါအလုပ္အသစ္က အဆင္ေျပရင္သိပ္ေကာင္းမယ္လို႔ ေ႐ွာင္းက်န႔္ေတြးေနမိတယ္။ သူအေနနဲ႔ သူမ်ားေတြလိုေလာဘလည္းမႀကီးပါဘူး။ အတည္တက်ျဖစ္မယ့္ အလုပ္အကိုင္ေလးတစ္ခုပဲလိုခ်င္တာကို သူ႔က်မွဘာလို႔အဲဒီေလာက္ေတာင္ခက္ခဲေနရတာလဲမသိဘူး....
ေဆးရံုကိုေရာက္ေတာ့ က်ီေဟာက္တာဝန္က်ရာရံုးခန္းသို႔တန္း၍သြားလိုက္ေတာ့သည္။
"က်န္႔က်န္႔တို႔ကေတာ့ အခ်ိန္ကိုမွန္ေနတာပဲေနာ္ ဘယ္ေတာ့မွေနာက္က်တယ္ဆိုတာမ႐ွိဘူး"
သူ႔ကိုျမင္တာနဲ႔ ေျပာလာတဲ့ က်ီေဟာက္ကို ျပံဳးသာျပလိုက္မိတယ္။ က်ီေဟာက္က အထက္တန္းကတည္းက သူအရမ္းခင္ခဲ့ရၿပီး သူမ်ားေတြလိုသူ႔ကိုအျမတ္မထုတ္ဘဲ သူ႔အေပၚအရမ္းေကာင္းခဲ့တဲ့ တစ္ဦးတည္းေသာသူငယ္ခ်င္း.....
သူအလုပ္ျပဳတ္တိုင္းလည္း က်ီေဟာက္က သူ႔ကိုမၾကာခဏ ကူညီၿပီးအလုပ္႐ွာေပးဖူးတယ္။ ဒါေပမယ့္ အဲဒီအလုပ္ေတြကလည္းထံုးစံအတိုင္း ၾကာၾကာမခံေတာ့ သူတကယ္အားနာေနရၿပီ။
"တစ္ေခါက္အလုပ္ကေတာ့ မင္းနဲ႔အဆင္ေျပမယ္လို႔ ငါခံစားမိေနတယ္ သိလား က်န္႔က်န္႔"
"အဲဒီလိုျဖစ္ပါေစလို႔ ေမ်ွာ္လင့္ရတာပဲ"
ေဖ်ာ္စက္ထဲကေကာ္ဖီကိုထည့္လို႔ သူေ႐ွ႕လာခ်ေပးရင္း က်ီေဟာက္မွ
"မင္းႀကိဳက္တဲ့ Hot chocolate ေတာ့မ႐ွိဘူးကြာ အဲဒီေတာ့ ေကာ္ဖီပဲေသာက္ေတာ့ သိပ္မခါးေအာင္ငါေဖ်ာ္ေပးထားတယ္"
"ရပါတယ္"
"ခ်ိန္းထားတာကေတာ့ဆယ္နာရီမွ ဒါေပမယ့္ငါမင္းကို ႀကိဳၿပီးေျပာျပထားခ်င္တာေလးေတြ႐ွိလို႔"
"အင္း ေျပာေလ"
"အဆင္ေျပမယ္ထင္တယ္လို႔ေျပာတာက အခုလုပ္မင္းလုပ္ရမယ့္ သူေဌးကနာမည္ပ်က္မ႐ွိဘူးကြ...မိန္းကေလး ေယာက္်ားေလးစတဲ့ သူနဲ႔ပတ္သတ္ၿပီး ေကာလဟလမ်ဳိးေတာင္မၾကားဖူးသလို သူကလည္း ႐ႈပ္႐ႈပ္႐ွက္႐ွက္ေတြမႀကိဳက္ဘူးတဲ့"
"အဲဒါဆိုရင္ေကာင္းတာေပါ့"
"ဒါေပမယ့္ သူကေဒါသသိပ္ႀကီးတယ္တဲ့ အဲဒါေၾကာင့္ ဒီအလုပ္ကထင္သေလာက္ေတာ့မလြယ္ႏိုင္ဘူး"
"မတတ္ႏိုင္ဘူး စမ္းလုပ္ၾကည့္ရမွာပဲ ငါ့အေျခအေနက အလုပ္ေရြးဖုိ႔မွမျဖစ္ႏိုင္တာ"
"႐ွိေသးတယ္ သူ႔ေဒါသေၾကာင့္ သူ႔အနာမွာဝန္ထမ္းမျမဲဘူးတဲ့ အလုပ္လည္းအရမ္းခိုင္းတယ္လို႔ၾကားတယ္ အဲဒါေၾကာင့္ မင္းမလုပ္ခ်င္ဘူးဆိုရင္လည္း အားမနာနဲ႔"
"ကိစၥမ႐ွိဘူး။ ဟိုလိုအျပဳအမူေတြလုပ္မယ့္သူမ်ဳိး မဟုတ္သ၍ငါသည္းခံႏိုင္ပါမွာ"
"အဲဒါဆုိရင္ေတာ့ စမ္းၿပီးလုပ္ၾကည့္တာလည္းမဆိုးဘူးလို႔ထင္တယ္ ဒဏ္မခံႏိုင္ေလာက္ဘူးထင္ရင္အဲ့ဒီက်မွ ထြက္လိုက္ေပါ့"
"အင္း...ဒါနဲ႔ ငါကဘာလုပ္ရမွာလဲ?"
"သူ႔အတြင္းေရးမွဴး"
"ဪ...ဘယ္ကုမၼဏီ..."
ေဒါက္ ေဒါက္
"ေရာက္ၿပီထင္တယ္"
သူေမးေနတုန္းအခန္းတံခါးေခါက္သံေၾကာင့္ စကားစျပတ္သြားရေတာ့သည္။ ထိုင္ေနရာမွထကာ က်ီေဟာက္မွာ အခန္းတံခါးသြားဖြင့္ၿပီးေနာက္ သူႏွင့္အတူ သန္႔သန္႔ျပန္႔ျပန္႔လူတစ္ေယာက္ပါဝင္လာသည္ကိုေတြ႕လိုက္ရသည္။
"ကြၽန္ေတာ္ေနာက္ေတာ့မက်ပါဘူးေနာ္ ေကာ"
"မက်ပါဘူးဗ်ာ အတိအက်ပါပဲ လာခဲ့ ေကာေျပာထားတဲ့သူလည္းေရာက္ေနၿပီ မိတ္ဆက္ေပးမယ္"
ဧကႏၱ ငါအလုပ္လုပ္ရမယ့္ သူေဌးမ်ားလား ၾကည့္ရတာေတာ့ သေဘာေကာင္းမယ့္ပံုပါ။
က်ီေဟာက္နဲ႔ စကားေျပာေနရင္း သူ႔အေ႐ွ႕မွာ ေဖာ္ေဖာ္ေရြေရြပံုစံနဲ႔ ဝင္ထိုင္လိုက္တဲ့လူကိုၾကည့္ေနရင္း ေ႐ွာင္က်န္႔ေတြးလိုက္မိတယ္။
"ဒါက ေကာရဲ႕အခင္ဆံုးသူငယ္ခ်င္း ေ႐ွာင္ေရွာင္းက်န္႔တဲ့ မေန႔ကေကာေျပာတဲ့တစ္ေယာက္ေပါ့"
က်ီေဟာက္ေကာမိတ္ဆက္ေပးလို႔ သူ႔အေ႐ွ႕ကလူသားကိုၾကည့္လိုက္မိခ်ိန္ ခ်န္းယီတစ္ေယာက္သတိလက္လြတ္ ေငးေမာမိသြားတယ္။ ဒါကလူလား နတ္သားလား? မိန္းကေလးလည္းမဟုတ္ဘဲ ဘာျဖစ္လို႔အဲဒီေလာက္ေတာင္ေခ်ာေနရတာလဲ?
"အဟမ္း!! အဟမ္း!!"
ေ႐ွာင္းက်န္႔အား သ႐ုပ္ပ်က္မတတ္ငမ္းေနသည့္ ခ်န္းယီေၾကာင့္ က်ီေဟာက္တစ္ေယာက္ ေခ်ာင္းဟန္႔သံေပးလိုက္သည့္အခါမွသာ
"ဟုတ္ကဲ့ ေတြ႕ရတာအရမ္းဝမ္းသာပါတယ္"
"ဟုတ္ကဲ့ ကြၽန္ေတာ္လည္းဝမ္းသာပါတယ္ သူေဌး"
"သူက မင္းရဲ႕အလုပ္႐ွင္မဟုတ္ဘူး။ သူေဌးအသစ္ဆီကိုေခၚသြားေပးမယ့္သူ"
က်ီေဟာက္ေကာရဲ႕စကားေၾကာင့္ ခ်န္းယီမွာ စိတ္မေကာင္းျဖစ္မိသြားတယ္။ ဒီေလာက္ေခ်ာတဲ့ ေ႐ွာင္ေကာေကာေလးကို ဝမ္ရိေပၚဆီေပးလိုက္ရမွာ ႏွေျမာစရာပဲ ျဖစ္နိုင္ရင္ သူပဲေခၚထားလိုက္ခ်င္တာ...အခုက်ေတာ့ ေျပာၿပီးသားႀကီးျဖစ္ေနေတာ့ မေကာင္းေတာ့ဘူးမလား...ထားလိုက္ပါ ဝမ္ရိေပၚလိုလူဆီမွာ ဘယ္ႏွစ္ရက္မွခံမွာမဟုတ္ဘူး။ အဲဒီက်မွပဲ ငါ့အတြင္းေရးမွဴးအေနနဲ႔ အနားမွာေခၚထားရမယ္။
"အာာ..ဟုတ္လား မသိလို႔ ေဆာရီးပါေနာ္"
"ရပါတယ္ ေ႐ွာင္းေကာ"
"ဒါဆို ကြၽန္ေတာ္လုပ္ရမယ့္ ကုမၼဏီက?"
"ေအး ငါမင္းကိုမေျပာရေသးဘူးေနာ္ မင္းလုပ္ရမွာက Wang Group မွာ"
"ဗ်ာ? Wang Group ဟုတ္လား?"
Wang Group ဆိုတဲ့နာမည္ေၾကာင့္ ေ႐ွာင္းက်န္႔အံ့အားသင့္မိသြားတယ္။ အဲဒီကုမၼဏီက အရမ္းနာမည္ႀကီးတယ္မဟုတ္လား အဲဒီမွာအလုပ္လုပ္ခ်င္တဲ့သူေတြဒီေလာက္မ်ားတာကို ဘာျဖစ္လို႔သူ႔ကိုမွ....
"အဲဒီေလာက္မအံ့ျသပါနဲ႔ က်န္႔က်န္႔ရဲ႕"
"ဟို...ျဖစ္ပါ့မလား? ငါ့လိုသာမန္လူက.."
ေ႐ွာင္းက်န္႔အေမးမဆံုးေသးခင္ ခ်န္းယီတစ္ေယာက္ ျပာျပာသလဲထေျဖလိုက္တာက
"ျဖစ္တယ္ ဘာလို႔မျဖစ္ရမွာလဲ ေသခ်ာေပါက္ကိုျဖစ္တာ"
----------------------------------------
ဝမ္ရိေပၚတစ္ေယာက္ မ်က္ခံုးတန္းမ်ားသိသိသာသာတြန္႔က်ဳိးေနၿပီး သူ႔အေ႐ွ႕မွာရပ္ေနတဲ့လူကို ေသခ်ာၾကည့္ေနတယ္။
အတြင္းေရးမွဴးအသစ္ဆိုၿပီး ခ်န္းယီေခၚလာတဲ့လူက ဘယ္လိုေျပာရမလဲ လူပံုစံကိုၾကည့္လိုက္ေတာ့လည္း ႐ုပ္ကမင္းသားလိုလို ဘာလိုလိုနဲ႔ သိပ္ၿပီးအလုပ္လုပ္ႏိုင္မယ့္ပံုမေပၚဘူး။ ခ်န္းယီကိုလွမ္းၾကည့္လိုက္ေတာ့ အဲဒီလူရဲ႕အေနာက္ကေန သူ႔ကိုမ်က္လံုးျပဴးျပေနတယ္။ ျပႆ နာမ႐ွာနဲ႔ဆိုတဲ့သေဘာ....
"အျပင္မွာခဏသြားေစာင့္ေန"
"ဟုတ္ကဲ့"
သူ႔သူေဌးအသစ္ရဲ႕ ေအးစက္စက္မ်က္ႏွာေၾကာင့္ ေ႐ွာင္းက်န္႔ၾကက္သီးေတြေတာင္ထလာသလိုပဲ။ သူ႔ကိုသာမန္တစ္ခ်က္ေလာက္ပဲၾကည့္ၿပီး အျပင္မွာေစာင့္ေနခိုင္းတာမို႔ထြက္လာလိုက္တယ္။
အခန္းထဲမွ ေ႐ွာင္းက်န္႔ထြက္သြားသည္ႏွင့္ ခ်န္းယီမွာ
"ဘာျဖစ္ရျပန္ၿပီလဲ ဝမ္ရိေပၚ"
"ငါ မင္းကိုအသက္ႀကီးတဲ့လူလို႔ေျပာထားတယ္ေလ။ ဘာလို႔ငယ္ငယ္ေလးေတြေခၚလာတာလဲ?'
"ဒီမွာ သူ႔အသက္ကသံုးဆယ္႐ွိၿပီ...အဲတာမွငယ္တယ္ဆိုရင္ မင္းကဘယ္ေလာက္အထိအသက္ႀကီးတာလိုခ်င္တာလဲ? ငါကပင္စင္စားကို ဘိုးဘြားရိပ္သာမွာလုိက္႐ွာေပးရမွာလား?"
ခ်န္းယီစကားေၾကာင့္ ဝမ္ရိေပၚအနည္းငယ္ေတာ့ အံျသသြားရတယ္။
"သံုးဆယ္ ဟုတ္လုိ႔လား?"
"မယံုရင္ CV form မွာၾကည့္ မွတ္ပံုတင္ပါ႐ွိတယ္"
"ထားလိုက္ပါ ဒါေပမယ့္ၾကည့္ရတာ အလုပ္သိပ္လုပ္ႏိုင္မယ့္ပံုမေပၚဘူး"
"ငါ့မွာလည္းေလာေလာဆယ္လူမ႐ွိေတာ့တာမို႔ အျမင္နဲ႔မဆံုးျဖတ္ဘဲ အရင္သံုးၾကည့္လိုက္ပါဦး အဆင္မေျပရင္ျဖဳတ္လိုက္ေပါ့ကြာ"
"အင္း...ေလာေလာဆယ္ေတာ့ အဲဒီလိုပဲ လုပ္ရေတာ့မွာေပါ့"
"ဒါပဲမလား အဲဒါဆိုရင္လည္း ငါသြားေတာ့မယ္။ ငါ့မွာလည္း ငါ့အလုပ္႐ွိေသးတယ္ကြ"
"မင္းအျပင္ထြက္ရင္းနဲ႔ သူ႔ကိုအထဲျပန္ဝင္လာခိုင္းလိုက္ေတာ့"
"တကယ္ပါပဲ အတြင္းေရးမွဴးေရြးေနတာလား အိမ္ေထာင္ဖက္ေရြးေနတာလားဆိုတာ မသဲကြဲေတာ့ဘူး။ ေဂ်းကိုမ်ားတယ္။ လူပ်ဳိႀကီးျဖစ္မယ့္ေကာင္..."
ဝမ္ရိေပၚ၏အခန္းထဲမွ ျပန္ထြက္လာသည့္ ခ်န္းယီတစ္ေယာက္ ႏႈတ္မွလည္း ပြစိပြစိျဖင့္ ေရရြတ္လာခဲ့ေလသည္။
________________________________________
(19 Aug 2021)
Unicode
ဒီနေ့မနက်ကိုးနာရီခွဲလောက် ဆေးရုံကိုလာဖို့ဖုန်းဆက်ပြောလာတဲ့ ကျီဟောက်ကြောင့် ရှောင်းကျန့်တစ်ယောက် ရှစ်နာရီခွဲတွင် အိမ်မှထွက်လာခဲ့လိုက်သည်။
ကျီဟောက်ပြောတာတော့ အလုပ်အသစ်ရှာပေးထားတယ်ဆိုပဲ...ဒီတစ်ခါတော့ တည်မြဲမယ့်အလုပ်တစ်နေရာကိုသူရချင်မိတယ်။ ရှောင်းကျန့်ကအလုပ်မမြဲဘူး။ သူအလုပ်မမြဲရတဲ့အဓိကအကြောင်းအရင်းကိုပြောရရင်တော့ သူ့ရဲ့ရုပ်ရည်ကြောင့်ပဲ ဟုတ်တယ် ယောက်ျားလေးဆိုပေမယ့် သာမန်ထက်ပိုနေတယ်လို့ပြောလို့ရတဲ့ သူ့ရုပ်ရည်ကြောင့် သူနဲ့အလုပ်တွဲလုပ်တဲ့သူတော်တော်များများဆီက ထိကပါးရိကပါးဆက်ဆံတာမျိုးကို မကြာခဏခံရတာမို့ ရှောင်းကျန့်ကဘယ်အလုပ်မှအဆင်မပြေခဲ့တာအခုထိပဲ။
လုပ်ဖော်ကိုင်ဖက်အချင်းချင်းဆီက သွေတိုးစမ်းတာခံရသလို တစ်ခါတစ်လေကျပြန်တော့လည်း အထက်အရာရှိတွေ သူဌေးတွေဆီကနေခံရဖူးတယ်။ အဆိုးဆုံးအနေနဲ့ ရှောင်းကျန့်က သူ့သူဌေးတစ်ယောက်ဆီကနေ ရုံးခန်းထဲခေါ်ပြီးစော်ကားဖို့ကြံစည်တာအထိခံရဖူးတယ်။ အဲဒီတုန်းက ကံကောင်းသွားတာက အဲဒီသူဌေးက အသက်လည်းနည်းနည်းကြီးတော့ ရှောင်းကျန့်လည်းအားကုန်သုံးပြီး ဆောင့်တွန်းပြီးရုန်းထွက်နိုင်ခဲ့လို့သာ သူ့ဘဝကြီးမပျက်ဆီးခဲ့ရတာ....လူတွေကတကယ်ကြောက်ဖို့ကောင်းပါတယ်။
အမှန်ပြောရရင် သူ့ဘဝကိုသူတော်တော်လေး စိတ်ပျက်နေပြီ။ ဒီလိုရုပ်ရည်မျိုးဖြစ်နေတဲ့ သူ့ကိုယ်သူလည်းသဘောမကျဘူး။ မိဘမဲ့ဂေဟာမှာကြီးပြင်းလာတဲ့သူက အထက်တန်းပြီးတာနဲ့ ဂေဟာကထွက်လာပြီး ကိုယ့်ဘဝကိုကျောင်းခဲ့တယ်။ အချိန်ပိုင်းအလုပ်များစွာလုပ်ပြီးမှ တက္ကသိုလ်တက်နိုင်ပြီး ဝါသနာရာပါရာ ဒီဇိုင်းပညာကိုသင်ယူခွင့်ရခဲ့တာ...ဒါပေမယ့်လည်း အလုပ်မမြဲတဲ့သူကဒီဇိုင်းပညာနဲ့အလုပ်လုပ်ခွင့်ကို ခဏပဲရခဲ့ပြီး နောက်ပိုင်းမှာတော့ ဝမ်းရေးအတွက် အလုပ်မရွေးနိုင်တော့ဘဲ ရတဲ့နေရာကနေပဲဝင်လုပ်ရတော့တာပါပဲ။
ကုမ္မဏီဝန်ထမ်း၊ အရောင်းပိုင်း၊ မားကတ်တင်းစတဲ့ ရှောင်းကျန့်မလုပ်ဖူးတဲ့အလုပ်ဆိုတာမရှိသလောက်ပဲ...အခုလည်းဘယ်လိုနေရာ ဘယ်လိုသူဌေးမျိုးက သူ့ကိုစောင့်ကြိုနေမလဲမသိဘူး။ ဒီတစ်ခါအလုပ်အသစ်က အဆင်ပြေရင်သိပ်ကောင်းမယ်လို့ ရှောင်းကျန့်တွေးနေမိတယ်။ သူအနေနဲ့ သူများတွေလိုလောဘလည်းမကြီးပါဘူး။ အတည်တကျဖြစ်မယ့် အလုပ်အကိုင်လေးတစ်ခုပဲလိုချင်တာကို သူ့ကျမှဘာလို့အဲဒီလောက်တောင်ခက်ခဲနေရတာလဲမသိဘူး....
ဆေးရုံကိုရောက်တော့ ကျီဟောက်တာဝန်ကျရာရုံးခန်းသို့တန်း၍သွားလိုက်တော့သည်။
"ကျန့်ကျန့်တို့ကတော့ အချိန်ကိုမှန်နေတာပဲနော် ဘယ်တော့မှနောက်ကျတယ်ဆိုတာမရှိဘူး"
သူ့ကိုမြင်တာနဲ့ ပြောလာတဲ့ ကျီဟောက်ကို ပြုံးသာပြလိုက်မိတယ်။ ကျီဟောက်က အထက်တန်းကတည်းက သူအရမ်းခင်ခဲ့ရပြီး သူများတွေလိုသူ့ကိုအမြတ်မထုတ်ဘဲ သူ့အပေါ်အရမ်းကောင်းခဲ့တဲ့ တစ်ဦးတည်းသောသူငယ်ချင်း.....
သူအလုပ်ပြုတ်တိုင်းလည်း ကျီဟောက်က သူ့ကိုမကြာခဏ ကူညီပြီးအလုပ်ရှာပေးဖူးတယ်။ ဒါပေမယ့် အဲဒီအလုပ်တွေကလည်းထုံးစံအတိုင်း ကြာကြာမခံတော့ သူတကယ်အားနာနေရပြီ။
"တစ်ခေါက်အလုပ်ကတော့ မင်းနဲ့အဆင်ပြေမယ်လို့ ငါခံစားမိနေတယ် သိလား ကျန့်ကျန့်"
"အဲဒီလိုဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ"
ဖျော်စက်ထဲကကော်ဖီကိုထည့်လို့ သူရှေ့လာချပေးရင်း ကျီဟောက်မှ
"မင်းကြိုက်တဲ့ Hot chocolate တော့မရှိဘူးကွာ အဲဒီတော့ ကော်ဖီပဲသောက်တော့ သိပ်မခါးအောင်ငါဖျော်ပေးထားတယ်"
"ရပါတယ်"
"ချိန်းထားတာကတော့ဆယ်နာရီမှ ဒါပေမယ့်ငါမင်းကို ကြိုပြီးပြောပြထားချင်တာလေးတွေရှိလို့"
"အင်း ပြောလေ"
"အဆင်ပြေမယ်ထင်တယ်လို့ပြောတာက အခုလုပ်မင်းလုပ်ရမယ့် သူဌေးကနာမည်ပျက်မရှိဘူးကွ...မိန်းကလေး ယောက်ျားလေးစတဲ့ သူနဲ့ပတ်သတ်ပြီး ကောလဟလမျိုးတောင်မကြားဖူးသလို သူကလည်း ရှုပ်ရှုပ်ရှက်ရှက်တွေမကြိုက်ဘူးတဲ့"
"အဲဒါဆိုရင်ကောင်းတာပေါ့"
"ဒါပေမယ့် သူကဒေါသသိပ်ကြီးတယ်တဲ့ အဲဒါကြောင့် ဒီအလုပ်ကထင်သလောက်တော့မလွယ်နိုင်ဘူး"
"မတတ်နိုင်ဘူး စမ်းလုပ်ကြည့်ရမှာပဲ ငါ့အခြေအနေက အလုပ်ရွေးဖို့မှမဖြစ်နိုင်တာ"
"ရှိသေးတယ် သူ့ဒေါသကြောင့် သူ့အနာမှာဝန်ထမ်းမမြဲဘူးတဲ့ အလုပ်လည်းအရမ်းခိုင်းတယ်လို့ကြားတယ် အဲဒါကြောင့် မင်းမလုပ်ချင်ဘူးဆိုရင်လည်း အားမနာနဲ့"
"ကိစ္စမရှိဘူး။ ဟိုလိုအပြုအမူတွေလုပ်မယ့်သူမျိုး မဟုတ်သ၍ငါသည်းခံနိုင်ပါမှာ"
"အဲဒါဆိုရင်တော့ စမ်းပြီးလုပ်ကြည့်တာလည်းမဆိုးဘူးလို့ထင်တယ် ဒဏ်မခံနိုင်လောက်ဘူးထင်ရင်အဲ့ဒီကျမှ ထွက်လိုက်ပေါ့"
"အင်း...ဒါနဲ့ ငါကဘာလုပ်ရမှာလဲ?"
"သူ့အတွင်းရေးမှူး"
"ဪ...ဘယ်ကုမ္မဏီ..."
ဒေါက် ဒေါက်
"ရောက်ပြီထင်တယ်"
သူမေးနေတုန်းအခန်းတံခါးခေါက်သံကြောင့် စကားစပြတ်သွားရတော့သည်။ ထိုင်နေရာမှထကာ ကျီဟောက်မှာ အခန်းတံခါးသွားဖွင့်ပြီးနောက် သူနှင့်အတူ သန့်သန့်ပြန့်ပြန့်လူတစ်ယောက်ပါဝင်လာသည်ကိုတွေ့လိုက်ရသည်။
"ကျွန်တော်နောက်တော့မကျပါဘူးနော် ကော"
"မက်ပါဘူးဗ်ာ အတိအက်ပါပဲ လာခဲ့ ကောပြောထားတဲ့သူလည်းရောက်နေပြီ မိတ်ဆက်ပေးမယ်"
ဧကန္တ ငါအလုပ်လုပ်ရမယ့် သူဌေးများလား ကြည့်ရတာတော့ သဘောကောင်းမယ့်ပုံပါ။
ကျီဟောက်နဲ့ စကားပြောနေရင်း သူ့အရှေ့မှာ ဖော်ဖော်ရွေရွေပုံစံနဲ့ ဝင်ထိုင်လိုက်တဲ့လူကိုကြည့်နေရင်း ရှောင်းကျန့်တွေးလိုက်မိတယ်။
"ဒါက ကောရဲ့အခင်ဆုံးသူငယ်ချင်း ရှောင်းကျန့်တဲ့ မနေ့ကကောပြောတဲ့တစ်ယောက်ပေါ့"
ကျီဟောက်ကောမိတ်ဆက်ပေးလို့ သူ့အရှေ့ကလူသားကိုကြည့်လိုက်မိချိန် ချန်းယီတစ်ယောက်သတိလက်လွတ် ငေးမောမိသွားတယ်။ ဒါကလူလား နတ္သားလား? မိန်းကလေးလည်းမဟုတ်ဘဲ ဘာဖြစ်လို့အဲဒီလောက်တောင်ချောနေရတာလဲ?
"အဟမ်း!! အဟမ်း!!"
ရှောင်းကျန့်အား သရုပ်ပျက်မတတ်ငမ်းနေသည့် ချန်းယီကြောင့် ကျီဟောက်တစ်ယောက် ချောင်းဟန့်သံပေးလိုက်သည့်အခါမှသာ
"ဟုတ်ကဲ့ တွေ့ရတာအရမ်းဝမ်းသာပါတယ်"
"ဟုတ်ကဲ့ ကျွန်တော်လည်းဝမ်းသာပါတယ် သူဌေး"
"သူက မင်းရဲ့အလုပ်ရှင်မဟုတ်ဘူး။ သူဌေးအသစ်ဆီကိုခေါ်သွားပေးမယ့်သူ"
ကျီဟောက်ကောရဲ့စကားကြောင့် ချန်းယီမှာ စိတ်မကောင်းဖြစ်မိသွားတယ်။ ဒီလောက်ချောတဲ့ ရှောင်ကောကောလေးကို ဝမ်ရိပေါ်ဆီပေးလိုက်ရမှာ နှမြောစရာပဲ ဖြစ်နိုင်ရင် သူပဲခေါ်ထားလိုက်ချင်တာ...အခုက်တော့ ပြောပြီးသားကြီးဖြစ်နေတော့ မကောင်းတော့ဘူးမလား...ထားလိုက်ပါ ဝမ်ရိပေါ်လိုလူဆီမှာ ဘယ်နှစ်ရက်မှခံမှာမဟုတ်ဘူး။ အဲဒီက်မွပဲ ငါ့အတွင်းရေးမှူးအနေနဲ့ အနားမွာခေါ်ထားရမယ်။
"အာာ..ဟုတ္လား မသိလို့ ဆောရီးပါနော်"
"ရပါတယ် ရှောင်းကော"
"ဒါဆို ကျွန်တော်လုပ်ရမယ့် ကုမ္မဏီက?"
"အေး ငါမင်းကိုမပြောရသေးဘူးနော် မင်းလုပ်ရမှာက Wang Group မွာ"
"ဗ်ာ? Wang Group ဟုတ္လား?"
Wang Group ဆိုတဲ့နာမည်ကြောင့် ရှောင်းကျန့်အံ့အားသင့်မိသွားတယ်။ အဲဒီကုမ္မဏီက အရမ်းနာမည်ကြီးတယ်မဟုတ်လား အဲဒီမှာအလုပ်လုပ်ချင်တဲ့သူတွေဒီလောက်များတာကို ဘာဖြစ်လို့သူ့ကိုမှ....
"အဲဒီလောက်မအံ့သြပါနဲ့ ကျန့်ကျန့်ရဲ့"
"ဟို...ဖြစ်ပါ့မလား? ငါ့လိုသာမန္လူက.."
ရှောင်းကျန့်အမေးမဆုံးသေးခင် ချန်းယီတစ်ယောက် ပြာပြာသလဲထဖြေလိုက်တာက
"ဖြစ်တယ် ဘာလို့မဖြစ်ရမှာလဲ သေချာပေါက်ကိုဖြစ်တာ"
----------------------------------------
ဝမ်ရိပေါ်တစ်ယောက် မျက်ခုံးတန်းများသိသိသာသာတွန့်ကျိုးနေပြီး သူ့အရှေ့မှာရပ်နေတဲ့လူကို သေချာကြည့်နေတယ်။
အတွင်းရေးမှူးအသစ်ဆိုပြီး ချန်းယီခေါ်လာတဲ့လူက ဘယ်လိုပြောရမလဲ လူပုံစံကိုကြည့်လိုက်တော့လည်း ရုပ်ကမင်းသားလိုလို ဘာလိုလိုနဲ့ သိပ်ပြီးအလုပ်လုပ်နိုင်မယ့်ပုံမပေါ်ဘူး။ ချန်းယီကိုလှမ်းကြည့်လိုက်တော့ အဲဒီလူရဲ့အနောက်ကနေ သူ့ကိုမျက်လုံးပြူးပြနေတယ်။ ပြဿနာမရှာနဲ့ဆိုတဲ့သဘော....
"အပြင်မှာခဏသွားစောင့်နေ"
"ဟုတ်ကဲ့"
သူ့သူဌေးအသစ်ရဲ့ အေးစက်စက်မျက်နှာကြောင့် ရှောင်းကျန့်ကြက်သီးတွေတောင်ထလာသလိုပဲ။ သူ့ကိုသာမန်တစ်ချက်လောက်ပဲကြည့်ပြီး အပြင်မှာစောင့်နေခိုင်းတာမို့ထွက်လာလိုက်တယ်။
အခန်းထဲမှ ရှောင်းကျန့်ထွက်သွားသည်နှင့် ချန်းယီမှာ
"ဘာဖြစ်ရပြန်ပြီလဲ ဝမ်ရိပေါ်"
"ငါ မင်းကိုအသက်ကြီးတဲ့လူလို့ပြောထားတယ်လေ။ ဘာလို့ငယ်ငယ်လေးတွေခေါ်လာတာလဲ?'
"ဒီမွာ သူ့အသက်ကသုံးဆယ်ရှိပြီ...အဲတာမှငယ်တယ်ဆိုရင် မင်းကဘယ်လောက်အထိအသက်ကြီးတာလိုချင်တာလဲ? ငါကပင်စင်စားကို ဘိုးဘွားရိပ်သာမှာလိုက်ရှာပေးရမှာလား?"
ချန်းယီစကားကြောင့် ဝမ်ရိပေါ်အနည်းငယ်တော့ အံသြသွားရတယ်။
"သုံးဆယ် ဟုတ်လို့လား?"
"မယုံရင် CV form မှာကြည့် မှတ်ပုံတင်ပါရှိတယ်"
"ထားလိုက်ပါ ဒါပေမယ့်ကြည့်ရတာ အလုပ်သိပ်လုပ်နိုင်မယ့်ပုံမပေါ်ဘူး"
"ငါ့မှာလည်းလောလောဆယ်လူမရှိတော့တာမို့ အမြင်နဲ့မဆုံးဖြတ်ဘဲ အရင်သုံးကြည့်လိုက်ပါဦး အဆင်မပြေရင်ဖြုတ်လိုက်ပေါ့ကွာ"
"အင်း...လောလောဆယ်တော့ အဲဒီလိုပဲ လုပ်ရတော့မှာပေါ့"
"ဒါပဲမလား အဲဒါဆိုရင်လည်း ငါသွားတော့မယ်။ ငါ့မှာလည်း ငါ့အလုပ်ရှိသေးတယ်ကွ"
"မင်းအပြင်ထွက်ရင်းနဲ့ သူ့ကိုအထဲပြန်ဝင်လာခိုင်းလိုက်တော့"
"တကယ်ပါပဲ အတွင်းရေးမှူးရွေးနေတာလား အိမ်ထောင်ဖက်ရွေးနေတာလားဆိုတာ မသဲကြဲတော့ဘူး။ ဂျေးကိုများတယ်။ လူပျိုကြီးဖြစ်မယ့်ကောင်..."
ဝမ်ရိပေါ်၏အခန်းထဲမှ ပြန်ထွက်လာသည့် ချန်းယီတစ်ယောက် နှုတ်မှလည်း ပွစိပွစိဖြင့် ရေရွတ်လာခဲ့လေသည်။
________________________________________
(19 Aug 2021)