Uni❤️
" ရှောင်းကျန့် .. မောင်လေး .. "
နေ့လည်ထမင်းစားသွားခါနီးချင်းယွဲ့ဆိုတဲ့အစ်မကပြေးလာပြီးလှမ်းခေါ်သည်မို့ရပ်စောင့်လိုက်သည် ။
" ဗျာ "
" ဝမ်ကျောင်းမလာဘူးလား "
" လာတယ်ဗျ "
" ဟုတ်လား မနက်ကတည်းကအတန်းတတ်တာမတွေ့လို့လေ "
" အော် … မနက်ကတော့ကားပေါ်မှာပါလာတာပဲ အစ်မ "
" အော် .. အင်းအင်းမောင်လေး .. အစ်မသွားပြီ "
ရှောင်းကျန့်ခေါင်းညိမ့်ပြလိုက်သည် ။
ကိုငယ်ကကျွန်တော့်ကိုအငယ်လို့ပြောင်းလဲပြီးခေါ်သလိုသူ့ကိုယ်သူလဲဝမ်လို့ပြောင်းလဲပြီးအခေါ်ခံနေတာပါလား ။
" ကျန့်ကျန့် အဲ့တာဘယ်သူလဲ "
" ကိုငယ့်သူငယ်ချင်း "
" အော် .. ချောတယ်နော် "
ဘိုဝန်ပြောမှသတိထားမိတယ် .. အဲ့အစ်မကတော်တော်ချောတာပဲ ..
အဲ့အလှတွေမှာကိုငယ်ကပစ်ကြွေနေတာနေမှာပေါ့ .. အဟင်း !!
" ကျန့်ကျန့် !!! "
" အမလေး !! ဖြည်းဖြည်းခေါ်လဲကြားပါတယ် "
" ငါခေါ်နေတာကြာပေါ့ ဘာတွေတွေးနေလို့မကြားလဲမှမသိတာ ..
မဟုတ်မှမင်းအစ်ကိုရဲ့သူငယ်ချင်းမမအကြောင်းတွေးနေတာတော့မဟုတ်ဘူးမလား "
" အဟမ်း ! မဟုတ်ပါဘူး "
ဘိုဝန်ကဟုတ်လို့လားဆိုတဲ့ပုံစံနဲ့ကြည့်နေပြန်တယ် ။
" ဟုတ်ပါတယ်ဆို လာလာ ထမင်းသွားစားရအောင် "
ရှောင်းကျန့်လဲထမင်းစားတဲ့နေရာသို့ဘိုဝန့်ကိုဆွဲခေါ်လာခဲ့တယ် ။ မဟုတ်ရင်အဲ့ကောင်ကထင်ရာမြင်ရာတွေဇွတ်ပြောတော့မှာ ။
သူပြောသလိုအဲ့ဒီအစ်မအကြောင်းတွေးနေတာမှန်ပေမဲ့ အဲ့ကောင်ထင်သလိုစိတ်နဲ့တွေးတာမှမဟုတ်တာ ။
ထမင်းဝိုင်းမှာတော့ထုံးစံအတိုင်းနှစ်ယောက်တည်းပဲ .. ဟိုသတ္တဝါဖန်ရှင်းကသူ့ဘဲစီနီယာယူဘင်နဲ့စားနေမှာပေါ့ ။
အဖြေမပေးခင်ကတော့စီနီယာယူဘင်ကပဲသူ့ကိုအမဲဖျက်တော့မလိုလိုပုံစံနဲ့ဆိုပြီးကြောက်လို့ စီနီယာယူဘင်လာတိုင်းပတ်ပုန်းနေတဲ့ကောင်က ဟိုကအဖြေမပေးရင်တိုက်ပေါ်ကခုန်ချသေပါမယ်ဆိုပြီးချိန်းခြောက်ပြီးအဖြေတောင်းလို့ပေးပြီးတဲ့အချိန်ကတည်းကသူ့ဘဲကြီးအနားကကိုမခွာတော့ဘူး ။
အရင်ကကြောက်တယ်ပြောခဲ့တာသူမဟုတ်တဲ့အတ်ိုင်း !
သူ့ဘဲကြီးကသူတို့အရင်ကထင်ခဲ့သလိုမျိုးမဟုတ်ပါဘူး .. သူ့ကိုချစ်ရှာပါတယ် .. သူ့ကိုအလိုလိုက်ပါတယ် .. သူ့အပေါ်ကြင်နာပါတယ်နွေးထွေးပါတယ် .. စိတ်ထားလည်းကောင်းပါတယ်ဘာညာနဲ့ဖာထေးနေလိုက်တာအမြင်ကတ်စရာ !
သူငယ်ချင်းအတင်းကိုထမင်းငုံ့စားရင်းတစ်ယောက်တည်းစိတ်ထဲကတုတ်နေချိန် မျက်စိရှေ့ကိုဘွတ်ဖိနပ်လေးရံလာရပ်တာတွေ့လို့မော့ကြည့်လိုက်တော့ ကိုငယ် ~
ဘေးကစီနီယာအစ်ကိုတစ်ယောက် ..
နောက်ကဖန်ရှင်းနဲ့သူ့ဘဲ ..
ဒါဆိုဖန်ရှင်းဘဲကြီးနဲ့ကိုငယ်ကသူငယ်ချင်းပေါ့ ..
ရှေ့ကသူတို့ကိုကြည့်ကာအံ့ဩနေတဲ့အကောင်ပေါက်ကိုကြည့်ကာရိပေါ်မျက်ခုံးတစ်ချက်တွန့်လိုက်မိတယ် ။
ဘာအံ့ဩစရာရှိလို့သူကအံ့ဩနေရတာလဲ ။ သူ့သူငယ်ချင်းရည်းစားကကိုယ့်သူငယ်ချင်းဆိုတာကိုသူကမသိဘူးလား ။ မသိတော့ရောဒါကအံ့ဩစရာလား ။
" ရှောင်းကျန့် .. ဘိုဝန် .. ဒါကိုကို့သူငယ်ချင်းတွေ ငါမိတ်ဆက်ပေးချင်လို့အတင်းခေါ်လာတာ "
အတင်းခေါ်လာတာ !
ကိုငယ်ကသူများအတင်းဆွဲခေါ်လဲလိုက်ချင်မှလိုက်တဲ့လူစားပါ ဘာလို့အခုလိုသူများတွေကိုနှုတ်ဆက်ဖို့မထိတကူးတကလိုက်မှာတဲ့လဲ !!
" ကိုကို့နာမည်ကယူဘင်တဲ့ ဒီအစ်ကိုကဝမ်ရိပေါ်တဲ့ ဒီအစ်ကိုကကျိရန်တဲ့ "
" ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ် လီဘိုဝန်ပါ "
" ရှောင်းကျန့်ပါ "
" အစ်ကိုတို့ကလဲတွေ့ရတာဝမ်းသာပါတယ် ဖန်ရှင်းကိုခင်သလိုအစ်ကိုတို့ကိုလဲခင်လို့ရပါတယ် "
ကိုငယ်တို့နှစ်ယောက်ခေါင်းပဲညိမ့်ပြပြီးဘာမှမပြောလို့ ဖန်ရှင်းရဲ့ဘဲကြီးကအားနာလို့ထင်သည်ကြားထဲကဝင်ပြောပေးသည် ။
အင်း .. အခြေအနေကအားလုံးအတွက်နဲနဲတော့နေရခက်နေတာတော့အမှန်ပဲ ။
" ယူဘင် .. ငါသွားတော့မယ်ချင်းယွဲ့စောင့်နေလို့ မင်းကတိအတိုင်းနော် .. ညီလေးတို့သွားပြီနော် "
အားလုံးကတော့ခေါင်းညိမ့်ပြလိုက်ကြပေမဲ့ရှောင်းကျန့်ကတော့ကိုငယ့်ကိုသာကြည့်နေမိသည် ။ ကိုငယ်ကတော့ဟိုအစ်မနဲ့ချိန်းထားလို့ဆိုပြီးအလောတကြီးထွက်သွားသည် ။
ဘာမေ့ကျန်ခဲ့လို့လဲမသိပြန်လှည့်လာလေသည် ။ ဒီတစ်ခါတော့ရှောင်းကျန့်ဆီတည့်တည့်လျှောက်လာလေသည် ။
" ညနေပြန်မလိုက်တော့ဘူးပြန်နှင့်လိုက် .. ကိုကိုမေးရင်ချင်းယွဲ့အိမ်မှာလို့ပြောလိုက်နော် "
နဲနဲကြောင်တောင်တောင်ဖြစ်နေတာကတော့ဘိုဝန်ပါ ။ ဖန်ရှင်းကတော့သူ့ဘဲဆီကကြားပြီးသားနေမှာပေါ့ ကိုယ်ကကိုငယ့်ညီဆိုတာကို အဲ့ဒါကြောင့်အံ့ဩဟန်မပြတာနေမှာ ။
ကိုငယ့်သူငယ်ချင်းတွေကလည်းကိုယ့်ကို ကိုငယ့်ညီအဖြစ်အရင်ကတည်းသိထားကြပြီးသားထင်တယ် သူတို့ကြည့်ရတာလည်းပုံမှန်ပဲ ။
" ဘေဘီ .. ကိုယ်လဲသွားတော့မယ် ဒီနေ့တော့သူငယ်ချင်းတွေနဲ့အတူတူစားလိုက်တော့နော် "
" ဟုတ် ကိုကို "
စီနီယာယူဘင်ကဖန်ရှင်းခေါင်းကိုဖွဖွလေးပုတ်ပြီးတော့သူ့သူငယ်ချင်းကျိရန်ဆိုသူနဲ့အတူတူထွက်သွားလေသည် ။
ဘိုဝန် " ကျန့်ကျန့် .. စီနီယာဝမ်ရိပေါ်ကမင်းအစ်ကိုလား "
" အင်း ငါပြောပြောနေတဲ့ကိုငယ်ဆိုတာသူလေ "
" အော် "
ဖန်ရှင်း " ငါလည်းဒီနေ့မှကိုကို့ဆီကသိတာ သူတို့ကတော့အရင်ကတည်းကမင်းတို့ညီအစ်ကိုတွေဆိုတာသိတယ်လို့ပြောတာပဲ "
" အင်းပါ တော်ပြီ မြန်မြန်စားကြတော့ .. အတန်းချိန်နောက်ကျရင်အဆူခံရလိမ့်မယ် "
ဟိုနှစ်ကောင့်ပါးစပ်ကိုအမြန်ပိတ်လိုက်ရသည် မဟုတ်ရင်လေပေါလို့ပြီးမှာမဟုတ်တော့ဘူး ။ ကိုငယ်ဆိုသည်မှာလည်းအားအားရှိ ချင်းယွဲ့ပဲ မပြောချင်တော့ဘူးတကယ် ။
ကျောင်းဆင်းလို့အိမ်ပြန်ချိန်ရောက်တော့ကိုငယ်ကသူ့ကိုမစောင့်နဲ့တော့ဆိုလို့မစောင့်ပဲပြန်လာခဲ့လိုက်တယ် ။
ခြံထဲမှာကိုကြီးကားရှိနေပုံထောက်ရင်အမြဲအိမ်ပြန်ချိန်နောက်ကျတတ်တဲ့ကိုကြီးကထူးထူးခြားခြားစောစောစီးစီးအိမ်ပြန်ရောက်နေပြီပေါ့ ။
အိမ်ထဲဝင်သွားတော့ဧည့်ခန်းမှာထိုင်နေတဲ့ကိုကြီးမျက်နှာကခပ်တည်တည်နဲ့အေးစက်စက်ကြီးမို့ကိုကြီးအလုပ်ကိစ္စများအဆင်မပြေလာလို့လားလို့ထင်လိုက်မိတယ် ။
" ကျန့်ကျန့် .. မင်းအစ်ကိုရော "
ကိုကြီးအသံကဒေါသရိပ်နည်းနည်းစွပ်နေတာကိုသတိထားမိလိုက်တယ် ။
" အစ်မချင်းယွဲ့အိမ်မှာလို့ပြောတယ်ကိုကြီး "
" အားနေချင်းယွဲ့နာမည်ခံပြီးဆိုင်ကယ်ခိုးစီးနေတယ် အသက်ကမပြည့်သေးဘူးပေါက်ကရလျှောက်လုပ်နေတော့တာပဲ "
ဟင် !!
ဆိုင်ကယ်စီးတယ် …
" အဲ့ကောင်ပြန်လာရင်စာဖတ်ခန်းထဲလာခိုင်းလိုက် "
" ဟုတ်ကဲ့ကိုကြီး "
" ကျန့်ကျန့်လဲစာကြိုးစားနော် အခုအချိန်ကပညာရှာချိန် ပညာပဲအဓိကရှာ "
" ဟုတ်ကိုကြီး "
ပြောပြီးတာနဲ့ကိုကြီးကအပေါ်သို့တက်သွားလေတယ် ။ ထို့နောက်ရှောင်းကျန့်လည်းကိုငယ့်ကိုဖုန်းဆက်ခေါ်လိုက်တယ် ။ မဟုတ်ရင်ကိုငယ်ပြန်လာတာနောက်ကျနေရင်ကိုကြီးကစိတ်ပိုတိုသွားမှဒုက္ခ ။
အပေါ်တက်ပြီးရေလည်းမချိုးနိုင်သေး နားလည်းမနားနိုင်သေး ကိုငယ်ပြန်လာတဲ့အထိဆိုဖာပေါ်ထိုင်စောင့်နေလိုက်သည် ။
သိပ်မကြာပါဘူးကိုငယ်ကပြန်ရောက်လာတာမို့ကိုကြီးဆီလွှတ်လိုက်ရတယ် ။ အခုမှရှောင်းကျန့်လည်းရေချိုးပြီးနားဖို့အပေါ်တတ်လာခဲ့လိုက်တော့သည် ။
ရေချိုးဖို့ဆီကိုမရောက်လိုက်ပါဘူး လှေကားထိပ်ရောက်တာနဲ့စာဖတ်ခန်းဘက်ကအခြေအတင်ဖြစ်နေကြတဲ့အသံနှစ်သံကိုကြားလိုက်ရတယ် ။
" ဝမ်လေး ! ကိုကိုမင်းကိုမလုပ်နဲ့လို့တားနေတာမဟုတ်ဘူး အသက်ပြည့်တဲ့အထိစောင့်ခိုင်းနေတာ ဝမ်လေးတစ်ခုခုဖြစ်မှာကိုကိုအရမ်းကြောက်တာ .. ဝမ်လေးအသက်ပြည့်ပြီးသွားတဲ့အချိန်ဝမ်လေးတကယ်ဝါသနာပါရင်အဲ့ဘက်မှာထူးထူးချွန်ချွန်ဖြစ်အောင်မြေတောင်မြှောက်ပေးအုံးမှာ "
" ကိုကိုပြောတာကိုကျွန်တော်နားလည်တယ် စိတ်ပူတာကိုလည်းနားလည်တယ် .. ဒါပေမဲ့ကျွန်တော်ကလေးမှမဟုတ်တော့တာ အသက်မပြည့်သေးဘူးဆိုပေမဲ့မကြာခင်ပဲ 17 ပြည့်တော့မှာလေကိုကိုရာ … "
ရှောင်းကျန့်လဲခွင့်ပြုချက်မရှိဘဲနားထောင်တာဟာမကောင်းတဲ့အလုပ်မလို့ကိုယ့်အခန်းထဲသာဝင်ခဲ့လိုက်သည် ။
ရှောင်းကျန့်ရေချိုးပြီးကုတင်ပေါ်တတ်လှဲပြီးနားကာစပဲရှိသေးတယ် ကိုငယ်ကတံခါးခေါက်ပြီးဝင်လာသည် ။
" အငယ် ! "
" ဗျာ "
" အငယ့်မှာရည်းစားတွေဘာတွေရှိနေပြီလား "
" ဟင့်အင်း ကိုငယ် … မရှိပါဘူး "
အရင်တခါကလည်းမရှိပါဘူးလို့ပြောပြီးသားကို !
" ကြိုက်နေတဲ့သူရော "
" ကျွန်တော့်ဘက်ကလား သူတို့ဘက်ကလား "
" နှစ်ခုလုံး "
" ကျွန်တော့်ဘက်ကတော့မရှိပါဘူး သူတို့ဘက်ကတော့အများကြီးလို့ကြားတယ် "
" အော် …
ပြန်မကြိုက်နဲ့နော် စာပဲကြိုးစား .. သူတို့တွေကတကယ်မကြိုက်ဘူးစိတ်ကစားနေကြတာ "
" ဟုတ်ကဲ့ နားလည်ပါတယ် "
" အင်းအင်း "
ကိုငယ်ကဘာလဲ .. ကြောင်တောင်တောင်တွေလာပြောပြီးအခန်းထဲကပြန်ထွက်သွားတယ် ။
××××××××××
💭 အခုချက်ချင်းသန့်စင်ခန်းထဲလာခဲ့ !! 💭
💬 ဟုတ်ကဲ့ကိုငယ် 💬
ကိုငယ်ကဘာလို့ခေါ်မှန်းမသိပေမဲ့ အတန်းရှေ့မှာအတူတူစကားရပ်ပြောနေတဲ့ဘိုဝန့်ကိုအတန်းထဲအရင်ဝင်ဖို့ပြောခဲ့လိုက်ပြီးကိုယ်ကကိုငယ်ခေါ်တဲ့သန့်စင်ခန်းဘက်ထွက်ခဲ့လိုက်သည် ။
သန့်စင်ခန်းရောက်တော့ကိုငယ်ကမှန်ရှေ့မှာလက်ထောက်ပြီးမှန်ထဲကနေကိုယ့်ကိုစိုက်ကြည့်နေလေသည် ။
အခြေအနေကနဲနဲအနေရကျပ်တာမို့ဘာလုပ်ရမှန်းမသိဘူး ။ သန့်စင်ခန်းထဲမှာတခြားကျောင်းသားတွေလည်းမရှိဘူး ။ ကိုငယ့်ပုံစံကစိတ်ဆိုးနေတဲ့ပုံဆိုတော့နဲနဲတော့လန့်စရာကောင်းနေသည် ။
" ဟို .. ကိုငယ် ကျွန်တော်ရောက်ပြီ "
" မင်းကိုဟိုကောင်နမ်းတာဒီဘက်ပါးလား "
ညာဖက်ကပါးကိုမေးငေါ့ပြပြီးကိုငယ်ကမေးလေသည် ။
အစောကဘိုဝန်ဖြတ်ခနဲနမ်းလိုက်တာကို ကိုငယ်တွေ့သွားတယ်ထင်ပါရဲ့ ။
ကိုငယ့်ပုံစံနဲ့အသံကစိတ်တိုနေတာလားလို့မေးစရာမလိုအောင်သိသာနေသည်မို့ပြန်ဖြေရမှာတောင်ခပ်လန့်လန့်ရယ် ။
" ဟုတ် .. ဟုတ်ကဲ့ ညာဖက်ပါးပါ "
" အိုကေ "
တစ်စက္ကန့် နှစ်စက္ကန့် သုံးစက္ကန့် !!!
ကိုငယ်က သူ့ညာဖက်ပါးကို နမ်းနေတယ် ။
နမ်းတာကနူးနူးညံ့ညံ့တော့ဟုတ်မနေဘူး ။
" ကိုငယ် ~ "
" နောက်တစ်ခါဘယ်သူနမ်းတာမှမခံနဲ့ "
" ဗျာ "
" ငါကလွဲလို့ "
" ဗျာ "
" ဒါကမင်းပါးပေါ်ကသူများနမ်းတာတဲ့အညစ်အကြေးတွေဖယ်ပေးတာ "
" သူက .. သူကအငယ့်သူငယ်ချင်းပါ "
" သူငယ်ချင်းဆိုတိုင်းအနမ်းခံလို့ရတယ်ပေါ့ "
" အဲ့လိုမဟုတ်ပါဘူး အငယ်တို့ကရိုးရိုးသားသားပါ "
" မင်းတို့ကရိုးရိုးသားသားဆိုတော့ငါကဆန်းနေတာပေါ့ "
" မဟုတ်ပါဘူးကိုငယ်ကလည်း "
" မင်းတစ်ခုခုဖြစ်ရင် ခေါ်စောင့်ရှောက်ထားတဲ့ငါတို့အပြစ်လာမှာ အဲ့တော့မင်းဘာသာမင်းထိန်းသိမ်းပါ "
စိုးရိမ်လို့မဟုတ်ဘဲ အပြစ်ပြောခံရမှာစိုးလို့တဲ့လား ~
" စိတ်ချပါကိုငယ် ကိုငယ်တို့မျက်နှာပျက်ရမဲ့ကိစ္စတွေကျွန်တော်မလုပ်ပါဘူး အတန်းချိန်တတ်တော့မှာမို့ကျွန်တော်သွားတော့မယ် "
ထွက်သွားတဲ့ကျောပြင်ငယ်လေးကိုကြည့်ရင်း ~
မကောင်းတဲ့လူတွေနဲ့တွေ့မှာစိုးလို့ကိုယ်တားနေတာပါ ~
ကိုယ့်စေတနာတွေကိုမင်းသိစေဖို့မရည်ရွယ်ချင်တာမို့ ကိုယ်တို့မိသားစုသိက္ခာနဲ့ကိုင်ပေါက်လိုက်မိတာခွင့်လွှတ်ပါအငယ် ~
#############
Zawgyi❤️
" ေရွာင္းက်န႔္ .. ေမာင္ေလး .. "
ေန့လည္ထမင္းစားသြားခါနီးခ်င္းယြဲ႔ဆိုတဲ့အစ္မကေျပးလာၿပီးလွမ္းေခၚသည္မို႔ရပ္ေစာင့္လိုက္သည္ ။
" ဗ်ာ "
" ဝမ္ေက်ာင္းမလာဘူးလား "
" လာတယ္ဗ် "
" ဟုတ္လား မနက္ကတည္းကအတန္းတတ္တာမေတြ့လို႔ေလ "
" ေအာ္ … မနက္ကေတာ့ကားေပၚမွာပါလာတာပဲ အစ္မ "
" ေအာ္ .. အင္းအင္းေမာင္ေလး .. အစ္မသြားၿပီ "
ေရွာင္းက်န႔္ေခါင္းညိမ့္ျပလိုက္သည္ ။
ကိုငယ္ကကြၽန္ေတာ့္ကိုအငယ္လို႔ေျပာင္းလဲၿပီးေခၚသလိုသူ႔ကိုယ္သူလဲဝမ္လို႔ေျပာင္းလဲၿပီးအေခၚခံေနတာပါလား ။
" က်န႔္က်န႔္ အဲ့တာဘယ္သူလဲ "
" ကိုငယ့္သူငယ္ခ်င္း "
" ေအာ္ .. ေခ်ာတယ္ေနာ္ "
ဘိုဝန္ေျပာမွသတိထားမိတယ္ .. အဲ့အစ္မကေတာ္ေတာ္ေခ်ာတာပဲ ..
အဲ့အလွေတြမွာကိုငယ္ကပစ္ေႂကြေနတာေနမွာေပါ့ .. အဟင္း !!
" က်န႔္က်န႔္ !!! "
" အမေလး !! ျဖည္းျဖည္းေခၚလဲၾကားပါတယ္ "
" ငါေခၚေနတာၾကာေပါ့ ဘာေတြေတြးေနလို႔မၾကားလဲမွမသိတာ ..
မဟုတ္မွမင္းအစ္ကိုရဲ့သူငယ္ခ်င္းမမအေၾကာင္းေတြးေနတာေတာ့မဟုတ္ဘူးမလား "
" အဟမ္း ! မဟုတ္ပါဘူး "
ဘိုဝန္ကဟုတ္လို႔လားဆိုတဲ့ပံုစံနဲ႔ၾကၫ့္ေနျပန္တယ္ ။
" ဟုတ္ပါတယ္ဆို လာလာ ထမင္းသြားစားရေအာင္ "
ေရွာင္းက်န႔္လဲထမင္းစားတဲ့ေနရာသို႔ဘိုဝန႔္ကိုဆြဲေခၚလာခဲ့တယ္ ။ မဟုတ္ရင္အဲ့ေကာင္ကထင္ရာျမင္ရာေတြဇြတ္ေျပာေတာ့မွာ ။
သူေျပာသလိုအဲ့ဒီအစ္မအေၾကာင္းေတြးေနတာမွန္ေပမဲ့ အဲ့ေကာင္ထင္သလိုစိတ္နဲ႔ေတြးတာမွမဟုတ္တာ ။
ထမင္းဝိုင္းမွာေတာ့ထံုးစံအတိုင္းႏွစ္ေယာက္တည္းပဲ .. ဟိုသတၲဝါဖန္ရွင္းကသူ႔ဘဲစီနီယာယူဘင္နဲ႔စားေနမွာေပါ့ ။
အေျဖမေပးခင္ကေတာ့စီနီယာယူဘင္ကပဲသူ႔ကိုအမဲဖ်က္ေတာ့မလိုလိုပံုစံနဲ႔ဆိုၿပီးေၾကာက္လို႔ စီနီယာယူဘင္လာတိုင္းပတ္ပုန္းေနတဲ့ေကာင္က ဟိုကအေျဖမေပးရင္တိုက္ေပၚကခုန္ခ်ေသပါမယ္ဆိုၿပီးခ်ိန္းေျခာက္ၿပီးအေျဖေတာင္းလို႔ေပးၿပီးတဲ့အခ်ိန္ကတည္းကသူ႔ဘဲႀကီးအနားကကိုမခြာေတာ့ဘူး ။
အရင္ကေၾကာက္တယ္ေျပာခဲ့တာသူမဟုတ္တဲ့အတ္ိုင္း !
သူ႔ဘဲႀကီးကသူတို႔အရင္ကထင္ခဲ့သလိုမ်ိဳးမဟုတ္ပါဘူး .. သူ႔ကိုခ်စ္ရွာပါတယ္ .. သူ႔ကိုအလိုလိုက္ပါတယ္ .. သူ႔အေပၚၾကင္နာပါတယ္ေနြးေထြးပါတယ္ .. စိတ္ထားလည္းေကာင္းပါတယ္ဘာညာနဲ႔ဖာေထးေနလိုက္တာအျမင္ကတ္စရာ !
သူငယ္ခ်င္းအတင္းကိုထမင္းငံု႔စားရင္းတစ္ေယာက္တည္းစိတ္ထဲကတုတ္ေနခ်ိန္ မ်က္စိေရ႔ွကိုဘြတ္ဖိနပ္ေလးရံလာရပ္တာေတြ့လို႔ေမာ့ၾကၫ့္လိုက္ေတာ့ ကိုငယ္ ~
ေဘးကစီနီယာအစ္ကိုတစ္ေယာက္ ..
ေနာက္ကဖန္ရွင္းနဲ႔သူ႔ဘဲ ..
ဒါဆိုဖန္ရွင္းဘဲႀကီးနဲ႔ကိုငယ္ကသူငယ္ခ်င္းေပါ့ ..
ေရ႔ွကသူတို႔ကိုၾကၫ့္ကာအံ့ဩေနတဲ့အေကာင္ေပါက္ကိုၾကၫ့္ကာရိေပၚမ်က္ခံုးတစ္ခ်က္တြန႔္လိုက္မိတယ္ ။
ဘာအံ့ဩစရာရိွလို႔သူကအံ့ဩေနရတာလဲ ။ သူ႔သူငယ္ခ်င္းရည္းစားကကိုယ့္သူငယ္ခ်င္းဆိုတာကိုသူကမသိဘူးလား ။ မသိေတာ့ေရာဒါကအံ့ဩစရာလား ။
" ေရွာင္းက်န႔္ .. ဘိုဝန္ .. ဒါကိုကို႔သူငယ္ခ်င္းေတြ ငါမိတ္ဆက္ေပးခ်င္လို႔အတင္းေခၚလာတာ "
အတင္းေခၚလာတာ !
ကိုငယ္ကသူမ်ားအတင္းဆြဲေခၚလဲလိုက္ခ်င္မွလိုက္တဲ့လူစားပါ ဘာလို႔အခုလိုသူမ်ားေတြကိုႏႈတ္ဆက္ဖို႔မထိတကူးတကလိုက္မွာတဲ့လဲ !!
" ကိုကို႔နာမည္ကယူဘင္တဲ့ ဒီအစ္ကိုကဝမ္ရိေပၚတဲ့ ဒီအစ္ကိုကက်ိရန္တဲ့ "
" ဟုတ္ကဲ့ေတြ့ရတာဝမ္းသာပါတယ္ လီဘိုဝန္ပါ "
" ေရွာင္းက်န႔္ပါ "
" အစ္ကိုတို႔ကလဲေတြ့ရတာဝမ္းသာပါတယ္ ဖန္ရွင္းကိုခင္သလိုအစ္ကိုတို႔ကိုလဲခင္လို႔ရပါတယ္ "
ကိုငယ္တို႔ႏွစ္ေယာက္ေခါင္းပဲညိမ့္ျပၿပီးဘာမွမေျပာလို႔ ဖန္ရွင္းရဲ့ဘဲႀကီးကအားနာလို႔ထင္သည္ၾကားထဲကဝင္ေျပာေပးသည္ ။
အင္း .. အေျခအေနကအားလံုးအတြက္နဲနဲေတာ့ေနရခက္ေနတာေတာ့အမွန္ပဲ ။
" ယူဘင္ .. ငါသြားေတာ့မယ္ခ်င္းယြဲ႔ေစာင့္ေနလို႔ မင္းကတိအတိုင္းေနာ္ .. ညီေလးတို႔သြားၿပီေနာ္ "
အားလံုးကေတာ့ေခါင္းညိမ့္ျပလိုက္ၾကေပမဲ့ေရွာင္းက်န႔္ကေတာ့ကိုငယ့္ကိုသာၾကၫ့္ေနမိသည္ ။ ကိုငယ္ကေတာ့ဟိုအစ္မနဲ႔ခ်ိန္းထားလို႔ဆိုၿပီးအေလာတႀကီးထြက္သြားသည္ ။
ဘာေမ့က်န္ခဲ့လို႔လဲမသိျပန္လွၫ့္လာေလသည္ ။ ဒီတစ္ခါေတာ့ေရွာင္းက်န႔္ဆီတၫ့္တၫ့္ေလ်ွာက္လာေလသည္ ။
" ညေနျပန္မလိုက္ေတာ့ဘူးျပန္ႏွင့္လိုက္ .. ကိုကိုေမးရင္ခ်င္းယြဲ႔အိမ္မွာလို႔ေျပာလိုက္ေနာ္ "
နဲနဲေၾကာင္ေတာင္ေတာင္ျဖစ္ေနတာကေတာ့ဘိုဝန္ပါ ။ ဖန္ရွင္းကေတာ့သူ႔ဘဲဆီကၾကားၿပီးသားေနမွာေပါ့ ကိုယ္ကကိုငယ့္ညီဆိုတာကို အဲ့ဒါေၾကာင့္အံ့ဩဟန္မျပတာေနမွာ ။
ကိုငယ့္သူငယ္ခ်င္းေတြကလည္းကိုယ့္ကို ကိုငယ့္ညီအျဖစ္အရင္ကတည္းသိထားၾကၿပီးသားထင္တယ္ သူတို႔ၾကၫ့္ရတာလည္းပံုမွန္ပဲ ။
" ေဘဘီ .. ကိုယ္လဲသြားေတာ့မယ္ ဒီေန့ေတာ့သူငယ္ခ်င္းေတြနဲ႔အတူတူစားလိုက္ေတာ့ေနာ္ "
" ဟုတ္ ကိုကို "
စီနီယာယူဘင္ကဖန္ရွင္းေခါင္းကိုဖြဖြေလးပုတ္ၿပီးေတာ့သူ႔သူငယ္ခ်င္းက်ိရန္ဆိုသူနဲ႔အတူတူထြက္သြားေလသည္ ။
ဘိုဝန္ " က်န႔္က်န႔္ .. စီနီယာဝမ္ရိေပၚကမင္းအစ္ကိုလား "
" အင္း ငါေျပာေျပာေနတဲ့ကိုငယ္ဆိုတာသူေလ "
" ေအာ္ "
ဖန္ရွင္း " ငါလည္းဒီေန့မွကိုကို႔ဆီကသိတာ သူတို႔ကေတာ့အရင္ကတည္းကမင္းတို႔ညီအစ္ကိုေတြဆိုတာသိတယ္လို႔ေျပာတာပဲ "
" အင္းပါ ေတာ္ၿပီ ျမန္ျမန္စားၾကေတာ့ .. အတန္းခ်ိန္ေနာက္က်ရင္အဆူခံရလိမ့္မယ္ "
ဟိုႏွစ္ေကာင့္ပါးစပ္ကိုအျမန္ပိတ္လိုက္ရသည္ မဟုတ္ရင္ေလေပါလို႔ၿပီးမွာမဟုတ္ေတာ့ဘူး ။ ကိုငယ္ဆိုသည္မွာလည္းအားအားရိွ ခ်င္းယြဲ႔ပဲ မေျပာခ်င္ေတာ့ဘူးတကယ္ ။
ေက်ာင္းဆင္းလို႔အိမ္ျပန္ခ်ိန္ေရာက္ေတာ့ကိုငယ္ကသူ႔ကိုမေစာင့္နဲ႔ေတာ့ဆိုလို႔မေစာင့္ပဲျပန္လာခဲ့လိုက္တယ္ ။
ၿခံထဲမွာကိုႀကီးကားရိွေနပံုေထာက္ရင္အၿမဲအိမ္ျပန္ခ်ိန္ေနာက္က်တတ္တဲ့ကိုႀကီးကထူးထူးျခားျခားေစာေစာစီးစီးအိမ္ျပန္ေရာက္ေနၿပီေပါ့ ။
အိမ္ထဲဝင္သြားေတာ့ဧၫ့္ခန္းမွာထိုင္ေနတဲ့ကိုႀကီးမ်က္ႏွာကခပ္တည္တည္နဲ႔ေအးစက္စက္ႀကီးမို႔ကိုႀကီးအလုပ္ကိစၥမ်ားအဆင္မေျပလာလို႔လားလို႔ထင္လိုက္မိတယ္ ။
" က်န႔္က်န႔္ .. မင္းအစ္ကိုေရာ "
ကိုႀကီးအသံကေဒါသရိပ္နည္းနည္းစြပ္ေနတာကိုသတိထားမိလိုက္တယ္ ။
" အစ္မခ်င္းယြဲ႔အိမ္မွာလို႔ေျပာတယ္ကိုႀကီး "
" အားေနခ်င္းယြဲ႔နာမည္ခံၿပီးဆိုင္ကယ္ခိုးစီးေနတယ္ အသက္ကမျပၫ့္ေသးဘူးေပါက္ကရေလ်ွာက္လုပ္ေနေတာ့တာပဲ "
ဟင္ !!
ဆိုင္ကယ္စီးတယ္ …
" အဲ့ေကာင္ျပန္လာရင္စာဖတ္ခန္းထဲလာခိုင္းလိုက္ "
" ဟုတ္ကဲ့ကိုႀကီး "
" က်န႔္က်န႔္လဲစာႀကိဳးစားေနာ္ အခုအခ်ိန္ကပညာရွာခ်ိန္ ပညာပဲအဓိကရွာ "
" ဟုတ္ကိုႀကီး "
ေျပာၿပီးတာနဲ႔ကိုႀကီးကအေပၚသို႔တက္သြားေလတယ္ ။ ထို႔ေနာက္ေရွာင္းက်န႔္လည္းကိုငယ့္ကိုဖုန္းဆက္ေခၚလိုက္တယ္ ။ မဟုတ္ရင္ကိုငယ္ျပန္လာတာေနာက္က်ေနရင္ကိုႀကီးကစိတ္ပိုတိုသြားမွဒုကၡ ။
အေပၚတက္ၿပီးေရလည္းမခ်ိဳးႏိုင္ေသး နားလည္းမနားႏိုင္ေသး ကိုငယ္ျပန္လာတဲ့အထိဆိုဖာေပၚထိုင္ေစာင့္ေနလိုက္သည္ ။
သိပ္မၾကာပါဘူးကိုငယ္ကျပန္ေရာက္လာတာမို႔ကိုႀကီးဆီလႊတ္လိုက္ရတယ္ ။ အခုမွေရွာင္းက်န႔္လည္းေရခ်ိဳးၿပီးနားဖို႔အေပၚတတ္လာခဲ့လိုက္ေတာ့သည္ ။
ေရခ်ိဳးဖို႔ဆီကိုမေရာက္လိုက္ပါဘူး ေလွကားထိပ္ေရာက္တာနဲ႔စာဖတ္ခန္းဘက္ကအေျခအတင္ျဖစ္ေနၾကတဲ့အသံႏွစ္သံကိုၾကားလိုက္ရတယ္ ။
" ဝမ္ေလး ! ကိုကိုမင္းကိုမလုပ္နဲ႔လို႔တားေနတာမဟုတ္ဘူး အသက္ျပၫ့္တဲ့အထိေစာင့္ခိုင္းေနတာ ဝမ္ေလးတစ္ခုခုျဖစ္မွာကိုကိုအရမ္းေၾကာက္တာ .. ဝမ္ေလးအသက္ျပၫ့္ၿပီးသြားတဲ့အခ်ိန္ဝမ္ေလးတကယ္ဝါသနာပါရင္အဲ့ဘက္မွာထူးထူးခြၽန္ခြၽန္ျဖစ္ေအာင္ေျမေတာင္ေျမႇာက္ေပးအံုးမွာ "
" ကိုကိုေျပာတာကိုကြၽန္ေတာ္နားလည္တယ္ စိတ္ပူတာကိုလည္းနားလည္တယ္ .. ဒါေပမဲ့ကြၽန္ေတာ္ကေလးမွမဟုတ္ေတာ့တာ အသက္မျပၫ့္ေသးဘူးဆိုေပမဲ့မၾကာခင္ပဲ 17 ျပၫ့္ေတာ့မွာေလကိုကိုရာ … "
ေရွာင္းက်န႔္လဲခြင့္ျပဳခ်က္မရိွဘဲနားေထာင္တာဟာမေကာင္းတဲ့အလုပ္မလို႔ကိုယ့္အခန္းထဲသာဝင္ခဲ့လိုက္သည္ ။
ေရွာင္းက်န႔္ေရခ်ိဳးၿပီးကုတင္ေပၚတတ္လွဲၿပီးနားကာစပဲရိွေသးတယ္ ကိုငယ္ကတံခါးေခါက္ၿပီးဝင္လာသည္ ။
" အငယ္ ! "
" ဗ်ာ "
" အငယ့္မွာရည္းစားေတြဘာေတြရိွေနၿပီလား "
" ဟင့္အင္း ကိုငယ္ … မရိွပါဘူး "
အရင္တခါကလည္းမရိွပါဘူးလို႔ေျပာၿပီးသားကို !
" ႀကိဳက္ေနတဲ့သူေရာ "
" ကြၽန္ေတာ့္ဘက္ကလား သူတို႔ဘက္ကလား "
" ႏွစ္ခုလံုး "
" ကြၽန္ေတာ့္ဘက္ကေတာ့မရိွပါဘူး သူတို႔ဘက္ကေတာ့အမ်ားႀကီးလို႔ၾကားတယ္ "
" ေအာ္ …
ျပန္မႀကိဳက္နဲ႔ေနာ္ စာပဲႀကိဳးစား .. သူတို႔ေတြကတကယ္မႀကိဳက္ဘူးစိတ္ကစားေနၾကတာ "
" ဟုတ္ကဲ့ နားလည္ပါတယ္ "
" အင္းအင္း "
ကိုငယ္ကဘာလဲ .. ေၾကာင္ေတာင္ေတာင္ေတြလာေျပာၿပီးအခန္းထဲကျပန္ထြက္သြားတယ္ ။
××××××××××
💭 အခုခ်က္ခ်င္းသန႔္စင္ခန္းထဲလာခဲ့ !! 💭
💬 ဟုတ္ကဲ့ကိုငယ္ 💬
ကိုငယ္ကဘာလို႔ေခၚမွန္းမသိေပမဲ့ အတန္းေရ႔ွမွာအတူတူစကားရပ္ေျပာေနတဲ့ဘိုဝန႔္ကိုအတန္းထဲအရင္ဝင္ဖို႔ေျပာခဲ့လိုက္ၿပီးကိုယ္ကကိုငယ္ေခၚတဲ့သန႔္စင္ခန္းဘက္ထြက္ခဲ့လိုက္သည္ ။
သန႔္စင္ခန္းေရာက္ေတာ့ကိုငယ္ကမွန္ေရ႔ွမွာလက္ေထာက္ၿပီးမွန္ထဲကေနကိုယ့္ကိုစိုက္ၾကၫ့္ေနေလသည္ ။
အေျခအေနကနဲနဲအေနရက်ပ္တာမို႔ဘာလုပ္ရမွန္းမသိဘူး ။ သန႔္စင္ခန္းထဲမွာတျခားေက်ာင္းသားေတြလည္းမရိွဘူး ။ ကိုငယ့္ပံုစံကစိတ္ဆိုးေနတဲ့ပံုဆိုေတာ့နဲနဲေတာ့လန႔္စရာေကာင္းေနသည္ ။
" ဟို .. ကိုငယ္ ကြၽန္ေတာ္ေရာက္ၿပီ "
" မင္းကိုဟိုေကာင္နမ္းတာဒီဘက္ပါးလား "
ညာဖက္ကပါးကိုေမးေငါ့ျပၿပီးကိုငယ္ကေမးေလသည္ ။
အေစာကဘိုဝန္ျဖတ္ခနဲနမ္းလိုက္တာကို ကိုငယ္ေတြ့သြားတယ္ထင္ပါရဲ့ ။
ကိုငယ့္ပံုစံနဲ႔အသံကစိတ္တိုေနတာလားလို႔ေမးစရာမလိုေအာင္သိသာေနသည္မို႔ျပန္ေျဖရမွာေတာင္ခပ္လန႔္လန႔္ရယ္ ။
" ဟုတ္ .. ဟုတ္ကဲ့ ညာဖက္ပါးပါ "
" အိုေက "
တစ္စကၠန႔္ ႏွစ္စကၠန႔္ သံုးစကၠန႔္ !!!
ကိုငယ္က သူ႔ညာဖက္ပါးကို နမ္းေနတယ္ ။
နမ္းတာကႏူးႏူးညံ့ညံ့ေတာ့ဟုတ္မေနဘူး ။
" ကိုငယ္ ~ "
" ေနာက္တစ္ခါဘယ္သူနမ္းတာမွမခံနဲ႔ "
" ဗ်ာ "
" ငါကလြဲလို႔ "
" ဗ်ာ "
" ဒါကမင္းပါးေပၚကသူမ်ားနမ္းတာတဲ့အညစ္အေၾကးေတြဖယ္ေပးတာ "
" သူက .. သူကအငယ့္သူငယ္ခ်င္းပါ "
" သူငယ္ခ်င္းဆိုတိုင္းအနမ္းခံလို႔ရတယ္ေပါ့ "
" အဲ့လိုမဟုတ္ပါဘူး အငယ္တို႔ကရိုးရိုးသားသားပါ "
" မင္းတို႔ကရိုးရိုးသားသားဆိုေတာ့ငါကဆန္းေနတာေပါ့ "
" မဟုတ္ပါဘူးကိုငယ္ကလည္း "
" မင္းတစ္ခုခုျဖစ္ရင္ ေခၚေစာင့္ေရွာက္ထားတဲ့ငါတို႔အျပစ္လာမွာ အဲ့ေတာ့မင္းဘာသာမင္းထိန္းသိမ္းပါ "
စိုးရိမ္လို႔မဟုတ္ဘဲ အျပစ္ေျပာခံရမွာစိုးလို႔တဲ့လား ~
" စိတ္ခ်ပါကိုငယ္ ကိုငယ္တို႔မ်က္ႏွာပ်က္ရမဲ့ကိစၥေတြကြၽန္ေတာ္မလုပ္ပါဘူး အတန္းခ်ိန္တတ္ေတာ့မွာမို႔ကြၽန္ေတာ္သြားေတာ့မယ္ "
ထြက္သြားတဲ့ေက်ာျပင္ငယ္ေလးကိုၾကၫ့္ရင္း ~
မေကာင္းတဲ့လူေတြနဲ႔ေတြ့မွာစိုးလို႔ကိုယ္တားေနတာပါ ~
ကိုယ့္ေစတနာေတြကိုမင္းသိေစဖို႔မရည္ရြယ္ခ်င္တာမို႔ ကိုယ္တို႔မိသားစုသိကၡာနဲ႔ကိုင္ေပါက္လိုက္မိတာခြင့္လႊတ္ပါအငယ္ ~
#############