မိုးကောင်းကင်နှင့်ကမ္ဘာမြေ...

By SpringGenAerri

778K 71.3K 3.3K

မိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစ... More

part(1)
part(2)
part(3)
part(4)
part(5)
part(6)
part(7)
part(8)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
part(55)
part(56)
part(57)
part(58)
part(59)
part(60)
part(61)
part(62)
part(63)
part(64)
part (65)
part(66)
part(67)
part(68)
part(69)🍧🍧🍧
part(70)
part(71)ဇာတ်သိမ်းပိုင်း
မောင့်အကြောင်းလေးတွေ
ကြင်နာသူနဲ့ နေ့ရက်ပေါင်းများစွာ♥
အကြင်နာနှင့် နွေးထွေးသော အရိပ်
အကြင်နာ ဝေမျှခြင်း♥
ယနေ့မှစ နှစ်တစ်ရာတိုင်
နွေးထွေးစွာအေးမြလေသော အကြင်နာ♥

part(48)

8K 794 13
By SpringGenAerri

အေးရိပ်

ငယ်ထွေးတို့အိမ်ကိုရောက်တော့...ညဆယ့်တစ်နာရီကျော်ပြီ။ အမေရော...အဖွားရော မတွေ့တာကြာတဲ့သားလေးကို ပြေးဖက်ကြတော့တာပဲ။
ငယ်ထွေးအဖွားက အသက် ၇၀လောက်ရှိမယ်ထင်တယ်။ ဒါပေမဲ့ ကျန်းမာတဲ့ပုံပဲ။ မြေးလေးကိုတကြည့်ကြည့်နဲ့ အတော်ချစ်ပုံရတယ်။ ရောက်တာနဲ့ ခြေ လက်ဆေးပြီး ထမင်းစားဖို့ပြင်ကြရတယ်။ ဘဂျမ်းကိုလဲ ဖော်ရွေကြပါတယ်။ ဘဂျမ်းလဲ အလိုက်တသိပဲ ခပ်ခွာခွာနေပေးရတယ်...လွမ်းနေကြရှာတာ အရမ်းကိုသိသာတာကြောင့် အလွမ်းသယ်တာကိုကြည့်နေရတယ်။

ချက်ထားလိုက်တာလဲ စုံလို့...
ကိုလင်းသန့်လေးရဲ့ အကြိုက်ဆုံးပုစွန်ထုတ်လဲပါတာပေါ့။
ဘဂျမ်းကိုလဲ စားနော် သားဆိုတာချည်းပဲ။
ဟင်းတွေ ခပ် ခပ်ထည့်ပေးလွန်းလို့ တားနေရတယ်။
ထမင်းမစားဘဲ ဟင်းချည်းစားနိုင်သူလေးကတော့...ဘာပြောကောင်းမလဲ။ ခေါင်းကိုမဖော်ဘူး။
ဟင်းချည်းထိုင်စား​နေတာ။
တော်သေးတာပေါ့..ငပိရည်ဒီတိုင်းမသောက်တတ်လို့။

ငယ်ထွေးအမေ ဟင်းချက်လက်ရာလဲကောင်းတာပဲ။
မြန်မာအမျိုးသမီးတွေက.... အိမ်ထောင်မှုကို လက်ဆင့်ကမ်းရင်းသင်ယူရင်းနဲ့ပဲ အချက်အပြုတ်မတတ်တဲ့သူရှားပါတယ်။ နောက်ပိုင်း လူငယ်တွေသာ အလုပ် လုပ်ကြရလို့ ကိုယ်တိုင်မချက်ကြရတော့တာ။ အရင်ခေတ်ကလူတွေဆို အိမ်မှာချက်ပြုတ်ရင်း လျှော်ဖွတ်ရင်းပဲနေကြရတာများတယ်လေ။
အိမ်အကူဆိုတာလဲ ရုပ်ရှင်တွေထဲမှာပဲရှိကြတာ...အပြင်မှာတကယ်မရှိဘူးတောင်ထင်ရတယ်။
ခေတ်စနစ်ပြောင်းလာကြလို့ နေထိုင်မှုပုံစံပြောင်းလာတယ်ဆိုအုံးတော့ မြန်မာအမျိုးသမီးတွေက အချက်အပြုတ်နဲ့တော့ မစိမ်းကြပါဘူး။

စားကောင်းသောက်ကောင်းလိုက်တာ ဗိုက်ကိုတင်းသွားတာပဲ။
ငယ်ထွေးတစ်ယောက်ကတော့...သူအမေ အဖွားတို့ရှေ့ရောက်မှ ကလေးဆိုမှ ကလေးဖြစ်နေတော့တာ။
တကယ်ကိုရင်ခွင်ထဲဝင် ဝင်ပြီးခေါင်းနဲ့ဝှေ့နေတာ။
အဖွားကလဲချစ်.....အမေကလဲတုန်နဲ့...တစ်ညလုံးနီးပါးမအိပ်ဘူး..... စကားထိုင်ပြောနေတာ။
ချွဲလိုက်တာလဲ လွန်ရော...ဟိုအကြောင်း ဒီအကြောင်းတွေဆိုတာ တစ်ယောက်ကတစ်ယောက်ကို မေးလို့မပြီးကြဘူး။

"သား...ကိုဘဂျမ်း...အိပ်ချင်ပြီလား"

"အာ...ရပါတယ်...မအိပ်ချင်သေးပါဘူး"

"သားက...ကားမောင်းလာရတာပဲ...အိပ်တော့သား...မနက်လဲ အစောကြီးမထနဲ့...လင်းသန့်ကပြောစရာမလိုဘူး...မထဘဲအိပ်မှာ...သားလဲအိပ်နော်"

"မေမေရယ်...သားလဲ အရမ်းမအိပ်ရတော့ပါဘူး...ဂျူတီစောတဲ့ရက်တွေ ဘယ်ချိန်အိပ်ယာထရတယ်မှတ်လဲ"

"အေးပါ...အေးပါ...​မေမေ့သားလေး ပင်ပန်းနေရှာတာ"

"မေမေ...ဘဂျမ်းကိုလေ...သားအခန်းမှာအိပ်ခိုင်းလိုက်နော်....သားက ဖွားနဲ့အိပ်မယ်"

"အဖွားမြေးလေး...အဖွားနဲ့အိပ်...ဟုတ်တယ်"

မနက်သုံးနာရီထိုးနေပြီ။
အမေနဲ့အဖွားကို နှုတ်ဆက်ပြီး....ဘဂျမ်းအိပ်ယာဝင်ခဲ့သည်။
ငယ်ထွေးကတော့ ချွဲလို့မပြီးသေး။

"မောင်...ဒါ ငယ့်အခန်း...မောင် အိပ်တော့..မေမေအိပ်ယာခင်းတွေလဲပေးပြီးသားတဲ့...အိပ်တော့နော်"

"ငယ်ထွေးလဲ အရမ်းနောက်မကျနဲ့တော့...အိပ်နော်....နောက်နေ့တွေမှ အေးဆေးစကားပြော"

"အင်းပါ...မောင် မနက်စောစောမထနဲ့နော်"

စိတ်မချ လက်မချ မှာသွားသေးတယ်။
ငယ်ထွေးအခန်းကို ဝေ့ဝဲကြည့်မိတယ်။
ကျွန်းကုတင်လေးနဲ့...သန့်ရှင်းနေတဲ့ အခန်းလေး...
အမေဖြစ်သူက သူ့သားအခန်းကို အမြဲသန့်ရှင်းရေးလုပ်ပေးထားတဲ့ပုံ။
ပြတင်းတံခါးမှန်လေးတွေရော....ပြတင်းပေါက်ဘောင်တွေပေါ်မှာပါ ဖုန်တစ်စက်မရှိဘူး။
ကျွန်းဘီရိုလေးလဲရှိတယ်။
စာကြည့်စားပွဲလေးပေါ်မှာ...စာအုပ်တွေ တစ်ထပ်ကြီးရယ်...စာတော့ အတော်ဖတ်ပုံပဲ...ငယ်ထွေးက။
စားပွဲပေါ်မှာ ဓာတ်ပုံလေးတွေ....
မနက်ရောက်မှ သေချာကြည့်ရမယ်။
ငယ်ထွေးဓာတ်ပုံတွေပဲနေမှာ...
.
.
.
အိပ်ယာဝင်တာနောက်ကျတယ်ဆိုပေမဲ့...မနက်တိုင်းနိုးနေကျမျက်လုံးတွေက မရဘူး.... နိုးလာတာပဲ။
ငယ်ထွေးက စောစောမထနဲ့လို့မှာထားတာကြောင့်ချက်ချင်းတော့မထသေးဘူး။
တစ်အိမ်လုံးတိတ်ဆိတ်နေတာပဲ... အမေတို့အဖွားတို့လဲ ညကအိပ်ယာဝင်နောက်ကျလို့မထနိုင်သေးဘူးထင်ပါရဲ့။
ထပ်အိပ်ပေမဲ့ အိပ်လို့မရတော့ဘူး။
အပြင်မှာအမှောင်ထုကပါးလာပေမဲ့ နှင်းတွေတော့သိပ်သိပ်သည်သည်းကျနေဆဲ။
ရန်ကုန်ထက်စာရင် ဒီဘက်က မနက်ဆို နှင်းကျတယ်။
ပိုပြီးလဲ အေးတယ်။
အေးလာတာကြောင့် စောင်ကိုဆွဲခြုံထားရတယ်။
ငယ်ထွေးတစ်ယောက်တော့ ကွေးနေလောက်ပြီ။
ဘဂျမ်းအခန်းမှာ ဂျီကျပြီး အိပ်သွားတဲ့ညလေးကိုသတိရတယ်။ အအိပ်မက်လေးက ချမ်းရင်ကွေးနေအောင်အိပ်နေတော့မှာ။

ခြောက်နာရီစွန်းစွန်းလောက်ဆိုတာနဲ့...ဘဂျမ်းက အိပ်ယာထဲဆက်နေလို့မရတော့တာနဲ့..ထလိုက်တော့တယ်။
အိပ်ထဲက သွားတိုက်ဆေး သွားတိုက်တံတွေထုတ်ပြီး အပြင်ထွက်လိုက်တာနဲ့....ငယ်ထွေးအမေက နှုတ်ဆက်တယ်။

"ဟယ်....သား..ဘဂျမ်း...နိုးပြီလား...အစောကြီးပဲ...မအန်တီ့ကြောင့်နိုးသွားတာလား....နိုးမှာစိုးလို့ ဖြေးဖြေးလုပ်နေတာ"

"မဟုတ်...မဟုတ်ပါဘူးဗျ..ကျွန်တော် နိုးနေတာကြာပြီ...ကျွန်တော်က ဆရာတို့အလုပ်မသွားခင် ထပြင်ဆင်စရာရှိတာ ပြင်ဆင်ပေးရင်း ဟိုမှာလဲစောစောထပါတယ်"

"ဟုတ်လား....အန်တီက ချက်ပြုတ်နေသံတွေကြားလို့လားလို့ပါ...သား...မျက်နှာသစ်မလို့လား....လာ...လာ"

ငယ်ထွေးတို့အိမ်ကအကျယ်ကြီးပဲ။
ညက သတိမထားမိတာ....တစ်အိမ်လုံးဆို တော်တော်လေးကျယ်တယ်။
အခန်းတွေလဲအများကြီးပဲ။
သြော်...ငယ်ထွေးတို့က အဆောင်ဖွင့်တာပဲ။
ငယ်ထွေးပြောဖူးတယ်။

တစ်အိမ်လုံးသစ်တွေနဲ့ဆောက်ထားတာ။
ကြီးကြီးမားမား ခန့်ခန့်ထည်ထည်နဲ့ အိမ်ကြီးက လှတယ်။
ရှေးခေတ်အိမ်တွေဆိုတော့ ခေတ်ကာလတန်ဖိုးနဲ့ဆို အတော်လေး တန်နေလောက်ပြီ။
ဒီလိုအိမ်မျိုး ရှားသွားပြီလေ။
အိမ်ရှေ့မှာပဲ ငယ်ထွေးတို့မိသားစုကနေကြတာ။
မီးဖိုနဲ့ထမင်းစားခန်းက အိမ်အလယ်မှာဖြစ်ပြီးတော့...ဆက်သွားရင် အခန်းတွေရှိသေးတယ်။
ရေချိုးခန်း အိမ်သာကတော့....အခန်းတွေရဲ့အဆုံးမှာ ခပ်ကျယ်ကျယ်အခန်း​လေးခန်းတွေ့တယ်။ အိမ်သာလဲ လေးခန်းပဲ။ရေချိုးခန်းဘေးမှာ အိမ်သာတွေဆောက်ပေးထားတယ်။
ရေချိုးခန်း အိမ်သာက အိမ်မကြီးနဲ့တစ်ဆက်ထဲတော့မဟုတ်ဘူး။
နောက်ဘက်ခပ်ကျကျမှာ သပ်သပ်လေးဆောက်ထားတာ။
အိမ်ရှေ့နဲ့အိမ်နောက်ကို လှမ်းခေါ်ရင်ကြားရမှာ မဟုတ်ဘူး။ အိမ်ကြီးကတကယ်ကို အကြီးကြီးပဲ။

သန့်ရှင်းရေးကိစ္စပြီးတော့...မနက်စာအတွက်ဝိုင်းကူဖို့ မီးဖိုခန်းထဲပဲဝင်လာခဲ့လိုက်တယ်။
ဆီထမင်းထိုးနေတာတဲ့...ကိုလင်းသန့်ကြိုက်သတဲ့လေ။
ငါးရံ့ခြောက်ဖုတ်နဲ့ဆီထမင်းသိပ်ကြိုက်တာတဲ့။
အိမ်ပြန်ရောက်ရင် အမေ့လက်ရာတွေအကုန်စားချင်လို့ဆိုပြီး ညက ပြောထားတာမနည်းဘူးတဲ့။

"လင်းသန့်က...တစ်ယောက်ထဲမွေးထားတာဆိုတော့သားရယ်...သိပ်ပြီး အဖော်မင်တာ...ငယ်ငယ်ကဆို အိမ်ကိုသူ့သူငယ်ချင်းတွေ မခေါ်လာတဲ့နေ့မရှိဘူး...ကျောင်းကပြန်ရင် သူငယ်ချင်းတွေကသူနဲ့အိမ်မှာဝင်ကစားပြီးမှ ပြန်ရတယ်....လာရင်လဲ ရှိသမျှမုန့်အကုန်ချကျွေးပြီး...ကစားတာ"

"ဟုတ်ကဲ့"

ဘာမှ လုပ်ပေးစရာမရှိတော့...ဘဂျမ်းတစ်ယောက် ခုံတစ်လုံးမှာထိုင်ပြီး ငယ်ထွေး​မေ​မေပြောတဲ့ ငယ်ထွေးပေါက်လေးကိုမျက်လုံးထဲ မြင်ယောင်ကြည့်ပြီး သဘောကျနေတယ်။

"လင်းသန့်ဖေဖေက ကားမောင်းတာလေ....ပြန်လာရင် အရုပ်...မုန့်..မရိုးစေရဘူး...ရောက်တဲ့နေရာကနေ ဝယ်လာတာ"

"ဟုတ်ကဲ့"

တကယ်ကို အရမ်းအချစ်ခံရပြီး နေလာခဲ့သူလေးပါလား။

"လင်းသန့်နဲ့ခင်တာ ကြာပြီလား သား"

"ဗျာ...ဟုတ်...ကြာတော့သိပ်မကြာသေးပါဘူး"

"ဒါပေမဲ့....သားကို အပ်ပါတယ်ကွယ်...လင်းသန့်လေးကိုစောင့်ရှောက်ပါ...သူက တခါတလေ သူ့စိတ်အတိုင်းလေးပဲ လုပ်တတ်ပေမဲ့ သဘောကောင်းတယ်...အန်တီ့သားလေးမို့ပြောတာမဟုတ်ဘူး...လိမ္မာတဲ့ကလေးပါ"

"ဟုတ်...စိတ်ချပါဗျ....ကျွန်တော် စောင့်ရှောက်မှာပါ...စိတ်ချပါဗျ"

"လင်းသန့်ကစိတ်ကလေးဖြူတယ်...အနေအေးတယ်...စိတ်တော့မထင်ရဘူး.... ကြီးတယ်..."

"ဟုတ်တယ်....စိတ်ကြီးတယ်"

"ဝတ်ရည်နဲ့ဆို တကယ်မောင်နှစ်မအရင်းလိုပါပဲ...အာကာရောပဲလေ...အရင်က ကျောင်းပိတ်ရင် လင်းသန့်နဲ့လိုက်လာတတ်ကြတယ်....ခုတော့ အလုပ်တွေကိုယ်စီနဲ့မအားရတော့ဘူးပေါ့"

"ဟုတ်...မဝတ်ရည်တို့လဲ အလည်လာအုံးမယ်ပြောပါတယ်"

"လင်းသန့်က ကြင်နာတတ်တော့ ဆရာဝန်အလုပ်နဲ့ကိုက်ပါတယ်...ဒါပေမဲ့...စိတ်ပူတယ်...ဝတ်ရည်တို့..ဒေါက်တာကြီးတို့က မိသားစုလိုစောင့်ရှောက်ပေးကြလို့ ကျေးဇူးတင်ရတယ်....ခုတော့ ကိုဘဂျမ်းကလဲ လင်းသန့်ကိုစောင့်ရှောက်ပေးအုံးနော်...ဖုန်းပြောတိုင်း ကိုဘဂျမ်းအကြောင်း...လင်းသန့်ကသိပ်ပြောတာ"

"ဟုတ်....ဟုတ်လားး"

ရင်ထဲတော့ ပျော်သွားတာ တားမရဘူး။
ငယ်ထွေးက မောင့်အကြောင်း အိမ်ကိုပြောပြတယ်တဲ့။
ဒါကြောင့်လဲ အဖွားရောအမေရောက မစိမ်းတာ။
ဘဂျမ်းလေ..လို့မိတ်ဆက်ပေးတာနဲ့ သိနေကြတာ။

ထိုင်နေရတာ ပျင်းလာတာနဲ့ ဘဂျမ်းက ဖုတ်ထားပြီးသား ငါးရံခြောက်တွေကို ထုပေးဖွပေးနေလိုက်တယ်။
ငယ်ထွေးအမေက မလုပ်နဲ့ပြောပေမဲ့....ကျွန်တော် အန်တီထားကိုလဲ ကူပြီးလုပ်ပေးနေကြပါ လို့ ဘဂျမ်းပြောတော့....ဘဂျမ်းက တော်တာပေါ့တဲ့။

ဟုတ်...(သဘောတွေကျနေတာ)

ခုနစ်နာရီခွဲနေပြီ။
ငယ်ထွေးကမထသေးဘူး။
ဒါကြောင့် ဘဂျမ်းလဲ ဘာမှ မစားရသေးဘူး။
.
.
.
.
.
ဆက်ရန်.....

Zawgyi

ေအးရိပ္

ငယ္ေထြးတို႔အိမ္ကိုေရာက္ေတာ့...ညဆယ့္တစ္နာရီေက်ာ္ၿပီ။ အေမေရာ...အဖြားေရာ မေတြ႕တာၾကာတဲ့သားေလးကို ေျပးဖက္ၾကေတာ့တာပဲ။
ငယ္ေထြးအဖြားက အသက္ ၇၀ေလာက္ရွိမယ္ထင္တယ္။ ဒါေပမဲ့ က်န္းမာတဲ့ပုံပဲ။ ေျမးေလးကိုတၾကည့္ၾကည့္နဲ႕ အေတာ္ခ်စ္ပုံရတယ္။ ေရာက္တာနဲ႕ ေျခ လက္ေဆးၿပီး ထမင္းစားဖို႔ျပင္ၾကရတယ္။ ဘဂ်မ္းကိုလဲ ေဖာ္ေ႐ြၾကပါတယ္။ ဘဂ်မ္းလဲ အလိုက္တသိပဲ ခပ္ခြာခြာေနေပးရတယ္...လြမ္းေနၾကရွာတာ အရမ္းကိုသိသာတာေၾကာင့္ အလြမ္းသယ္တာကိုၾကည့္ေနရတယ္။

ခ်က္ထားလိုက္တာလဲ စုံလို႔...
ကိုလင္းသန့္ေလးရဲ႕ အႀကိဳက္ဆုံးပုစြန္ထုတ္လဲပါတာေပါ့။
ဘဂ်မ္းကိုလဲ စားေနာ္ သားဆိုတာခ်ည္းပဲ။
ဟင္းေတြ ခပ္ ခပ္ထည့္ေပးလြန္းလို႔ တားေနရတယ္။
ထမင္းမစားဘဲ ဟင္းခ်ည္းစားနိုင္သူေလးကေတာ့...ဘာေျပာေကာင္းမလဲ။ ေခါင္းကိုမေဖာ္ဘူး။
ဟင္းခ်ည္းထိုင္စား​ေနတာ။
ေတာ္ေသးတာေပါ့..ငပိရည္ဒီတိုင္းမေသာက္တတ္လို႔။

ငယ္ေထြးအေမ ဟင္းခ်က္လက္ရာလဲေကာင္းတာပဲ။
ျမန္မာအမ်ိဳးသမီးေတြက.... အိမ္ေထာင္မႈကို လက္ဆင့္ကမ္းရင္းသင္ယူရင္းနဲ႕ပဲ အခ်က္အျပဳတ္မတတ္တဲ့သူရွားပါတယ္။ ေနာက္ပိုင္း လူငယ္ေတြသာ အလုပ္ လုပ္ၾကရလို႔ ကိုယ္တိုင္မခ်က္ၾကရေတာ့တာ။ အရင္ေခတ္ကလူေတြဆို အိမ္မွာခ်က္ျပဳတ္ရင္း ေလွ်ာ္ဖြတ္ရင္းပဲေနၾကရတာမ်ားတယ္ေလ။
အိမ္အကူဆိုတာလဲ ႐ုပ္ရွင္ေတြထဲမွာပဲရွိၾကတာ...အျပင္မွာတကယ္မရွိဘူးေတာင္ထင္ရတယ္။
ေခတ္စနစ္ေျပာင္းလာၾကလို႔ ေနထိုင္မႈပုံစံေျပာင္းလာတယ္ဆိုအုံးေတာ့ ျမန္မာအမ်ိဳးသမီးေတြက အခ်က္အျပဳတ္နဲ႕ေတာ့ မစိမ္းၾကပါဘူး။

စားေကာင္းေသာက္ေကာင္းလိုက္တာ ဗိုက္ကိုတင္းသြားတာပဲ။
ငယ္ေထြးတစ္ေယာက္ကေတာ့...သူအေမ အဖြားတို႔ေရွ႕ေရာက္မွ ကေလးဆိုမွ ကေလးျဖစ္ေနေတာ့တာ။
တကယ္ကိုရင္ခြင္ထဲဝင္ ဝင္ၿပီးေခါင္းနဲ႕ေဝွ႕ေနတာ။
အဖြားကလဲခ်စ္.....အေမကလဲတုန္နဲ႕...တစ္ညလုံးနီးပါးမအိပ္ဘူး..... စကားထိုင္ေျပာေနတာ။
ခြၽဲလိုက္တာလဲ လြန္ေရာ...ဟိုအေၾကာင္း ဒီအေၾကာင္းေတြဆိုတာ တစ္ေယာက္ကတစ္ေယာက္ကို ေမးလို႔မၿပီးၾကဘူး။

"သား...ကိုဘဂ်မ္း...အိပ္ခ်င္ၿပီလား"

"အာ...ရပါတယ္...မအိပ္ခ်င္ေသးပါဘူး"

"သားက...ကားေမာင္းလာရတာပဲ...အိပ္ေတာ့သား...မနက္လဲ အေစာႀကီးမထနဲ႕...လင္းသန့္ကေျပာစရာမလိုဘူး...မထဘဲအိပ္မွာ...သားလဲအိပ္ေနာ္"

"ေမေမရယ္...သားလဲ အရမ္းမအိပ္ရေတာ့ပါဘူး...ဂ်ဴတီေစာတဲ့ရက္ေတြ ဘယ္ခ်ိန္အိပ္ယာထရတယ္မွတ္လဲ"

"ေအးပါ...ေအးပါ...​ေမေမ့သားေလး ပင္ပန္းေနရွာတာ"

"ေမေမ...ဘဂ်မ္းကိုေလ...သားအခန္းမွာအိပ္ခိုင္းလိုက္ေနာ္....သားက ဖြားနဲ႕အိပ္မယ္"

"အဖြားေျမးေလး...အဖြားနဲ႕အိပ္...ဟုတ္တယ္"

မနက္သုံးနာရီထိုးေနၿပီ။
အေမနဲ႕အဖြားကို ႏႈတ္ဆက္ၿပီး....ဘဂ်မ္းအိပ္ယာဝင္ခဲ့သည္။
ငယ္ေထြးကေတာ့ ခြၽဲလို႔မၿပီးေသး။

"ေမာင္...ဒါ ငယ့္အခန္း...ေမာင္ အိပ္ေတာ့..ေမေမအိပ္ယာခင္းေတြလဲေပးၿပီးသားတဲ့...အိပ္ေတာ့ေနာ္"

"ငယ္ေထြးလဲ အရမ္းေနာက္မက်နဲ႕ေတာ့...အိပ္ေနာ္....ေနာက္ေန႕ေတြမွ ေအးေဆးစကားေျပာ"

"အင္းပါ...ေမာင္ မနက္ေစာေစာမထနဲ႕ေနာ္"

စိတ္မခ် လက္မခ် မွာသြားေသးတယ္။
ငယ္ေထြးအခန္းကို ေဝ့ဝဲၾကည့္မိတယ္။
ကြၽန္းကုတင္ေလးနဲ႕...သန့္ရွင္းေနတဲ့ အခန္းေလး...
အေမျဖစ္သူက သူ႕သားအခန္းကို အၿမဲသန့္ရွင္းေရးလုပ္ေပးထားတဲ့ပုံ။
ျပတင္းတံခါးမွန္ေလးေတြေရာ....ျပတင္းေပါက္ေဘာင္ေတြေပၚမွာပါ ဖုန္တစ္စက္မရွိဘူး။
ကြၽန္းဘီရိုေလးလဲရွိတယ္။
စာၾကည့္စားပြဲေလးေပၚမွာ...စာအုပ္ေတြ တစ္ထပ္ႀကီးရယ္...စာေတာ့ အေတာ္ဖတ္ပုံပဲ...ငယ္ေထြးက။
စားပြဲေပၚမွာ ဓာတ္ပုံေလးေတြ....
မနက္ေရာက္မွ ေသခ်ာၾကည့္ရမယ္။
ငယ္ေထြးဓာတ္ပုံေတြပဲေနမွာ...
.
.
.
အိပ္ယာဝင္တာေနာက္က်တယ္ဆိုေပမဲ့...မနက္တိုင္းနိုးေနက်မ်က္လုံးေတြက မရဘူး.... နိုးလာတာပဲ။
ငယ္ေထြးက ေစာေစာမထနဲ႕လို႔မွာထားတာေၾကာင့္ခ်က္ခ်င္းေတာ့မထေသးဘူး။
တစ္အိမ္လုံးတိတ္ဆိတ္ေနတာပဲ... အေမတို႔အဖြားတို႔လဲ ညကအိပ္ယာဝင္ေနာက္က်လိဳ႕မထနိုင္ေသးဘူးထင္ပါရဲ႕။
ထပ္အိပ္ေပမဲ့ အိပ္လို႔မရေတာ့ဘူး။
အျပင္မွာအေမွာင္ထုကပါးလာေပမဲ့ ႏွင္းေတြေတာ့သိပ္သိပ္သည္သည္းက်ေနဆဲ။
ရန္ကုန္ထက္စာရင္ ဒီဘက္က မနက္ဆို ႏွင္းက်တယ္။
ပိုၿပီးလဲ ေအးတယ္။
ေအးလာတာေၾကာင့္ ေစာင္ကိုဆြဲၿခဳံထားရတယ္။
ငယ္ေထြးတစ္ေယာက္ေတာ့ ေကြးေနေလာက္ၿပီ။
ဘဂ်မ္းအခန္းမွာ ဂ်ီက်ၿပီး အိပ္သြားတဲ့ညေလးကိုသတိရတယ္။ အအိပ္မက္ေလးက ခ်မ္းရင္ေကြးေနေအာင္အိပ္ေနေတာ့မွာ။

ေျခာက္နာရီစြန္းစြန္းေလာက္ဆိုတာနဲ႕...ဘဂ်မ္းက အိပ္ယာထဲဆက္ေနလို႔မရေတာ့တာနဲ႕..ထလိုက္ေတာ့တယ္။
အိပ္ထဲက သြားတိုက္ေဆး သြားတိုက္တံေတြထုတ္ၿပီး အျပင္ထြက္လိုက္တာနဲ႕....ငယ္ေထြးအေမက ႏႈတ္ဆက္တယ္။

"ဟယ္....သား..ဘဂ်မ္း...နိုးၿပီလား...အေစာႀကီးပဲ...မအန္တီ့ေၾကာင့္နိုးသြားတာလား....နိုးမွာစိုးလို႔ ေျဖးေျဖးလုပ္ေနတာ"

"မဟုတ္...မဟုတ္ပါဘူးဗ်..ကြၽန္ေတာ္ နိုးေနတာၾကာၿပီ...ကြၽန္ေတာ္က ဆရာတို႔အလုပ္မသြားခင္ ထျပင္ဆင္စရာရွိတာ ျပင္ဆင္ေပးရင္း ဟိုမွာလဲေစာေစာထပါတယ္"

"ဟုတ္လား....အန္တီက ခ်က္ျပဳတ္ေနသံေတြၾကားလို႔လားလို႔ပါ...သား...မ်က္ႏွာသစ္မလို႔လား....လာ...လာ"

ငယ္ေထြးတို႔အိမ္ကအက်ယ္ႀကီးပဲ။
ညက သတိမထားမိတာ....တစ္အိမ္လုံးဆို ေတာ္ေတာ္ေလးက်ယ္တယ္။
အခန္းေတြလဲအမ်ားႀကီးပဲ။
ေၾသာ္...ငယ္ေထြးတို႔က အေဆာင္ဖြင့္တာပဲ။
ငယ္ေထြးေျပာဖူးတယ္။

တစ္အိမ္လုံးသစ္ေတြနဲ႕ေဆာက္ထားတာ။
ႀကီးႀကီးမားမား ခန့္ခန့္ထည္ထည္နဲ႕ အိမ္ႀကီးက လွတယ္။
ေရွးေခတ္အိမ္ေတြဆိုေတာ့ ေခတ္ကာလတန္ဖိုးနဲ႕ဆို အေတာ္ေလး တန္ေနေလာက္ၿပီ။
ဒီလိုအိမ္မ်ိဳး ရွားသြားၿပီေလ။
အိမ္ေရွ႕မွာပဲ ငယ္ေထြးတို႔မိသားစုကေနၾကတာ။
မီးဖိုနဲ႕ထမင္းစားခန္းက အိမ္အလယ္မွာျဖစ္ၿပီးေတာ့...ဆက္သြားရင္ အခန္းေတြရွိေသးတယ္။
ေရခ်ိဳးခန္း အိမ္သာကေတာ့....အခန္းေတြရဲ႕အဆုံးမွာ ခပ္က်ယ္က်ယ္အခန္း​ေလးခန္းေတြ႕တယ္။ အိမ္သာလဲ ေလးခန္းပဲ။ေရခ်ိဳးခန္းေဘးမွာ အိမ္သာေတြေဆာက္ေပးထားတယ္။
ေရခ်ိဳးခန္း အိမ္သာက အိမ္မႀကီးနဲ႕တစ္ဆက္ထဲေတာ့မဟုတ္ဘူး။
ေနာက္ဘက္ခပ္က်က်မွာ သပ္သပ္ေလးေဆာက္ထားတာ။
အိမ္ေရွ႕နဲ႕အိမ္ေနာက္ကို လွမ္းေခၚရင္ၾကားရမွာ မဟုတ္ဘူး။ အိမ္ႀကီးကတကယ္ကို အႀကီးႀကီးပဲ။

သန့္ရွင္းေရးကိစၥၿပီးေတာ့...မနက္စာအတြက္ဝိုင္းကူဖို႔ မီးဖိုခန္းထဲပဲဝင္လာခဲ့လိုက္တယ္။
ဆီထမင္းထိုးေနတာတဲ့...ကိုလင္းသန့္ႀကိဳက္သတဲ့ေလ။
ငါးရံ႕ေျခာက္ဖုတ္နဲ႕ဆီထမင္းသိပ္ႀကိဳက္တာတဲ့။
အိမ္ျပန္ေရာက္ရင္ အေမ့လက္ရာေတြအကုန္စားခ်င္လို႔ဆိုၿပီး ညက ေျပာထားတာမနည္းဘူးတဲ့။

"လင္းသန့္က...တစ္ေယာက္ထဲေမြးထားတာဆိုေတာ့သားရယ္...သိပ္ၿပီး အေဖာ္မင္တာ...ငယ္ငယ္ကဆို အိမ္ကိုသူ႕သူငယ္ခ်င္းေတြ မေခၚလာတဲ့ေန႕မရွိဘူး...ေက်ာင္းကျပန္ရင္ သူငယ္ခ်င္းေတြကသူနဲ႕အိမ္မွာဝင္ကစားၿပီးမွ ျပန္ရတယ္....လာရင္လဲ ရွိသမွ်မုန့္အကုန္ခ်ေကြၽးၿပီး...ကစားတာ"

"ဟုတ္ကဲ့"

ဘာမွ လုပ္ေပးစရာမရွိေတာ့...ဘဂ်မ္းတစ္ေယာက္ ခုံတစ္လုံးမွာထိုင္ၿပီး ငယ္ေထြး​ေမ​ေမေျပာတဲ့ ငယ္ေထြးေပါက္ေလးကိုမ်က္လုံးထဲ ျမင္ေယာင္ၾကည့္ၿပီး သေဘာက်ေနတယ္။

"လင္းသန့္ေဖေဖက ကားေမာင္းတာေလ....ျပန္လာရင္ အ႐ုပ္...မုန့္..မရိုးေစရဘူး...ေရာက္တဲ့ေနရာကေန ဝယ္လာတာ"

"ဟုတ္ကဲ့"

တကယ္ကို အရမ္းအခ်စ္ခံရၿပီး ေနလာခဲ့သူေလးပါလား။

"လင္းသန့္နဲ႕ခင္တာ ၾကာၿပီလား သား"

"ဗ်ာ...ဟုတ္...ၾကာေတာ့သိပ္မၾကာေသးပါဘူး"

"ဒါေပမဲ့....သားကို အပ္ပါတယ္ကြယ္...လင္းသန့္ေလးကိုေစာင့္ေရွာက္ပါ...သူက တခါတေလ သူ႕စိတ္အတိုင္းေလးပဲ လုပ္တတ္ေပမဲ့ သေဘာေကာင္းတယ္...အန္တီ့သားေလးမို႔ေျပာတာမဟုတ္ဘူး...လိမၼာတဲ့ကေလးပါ"

"ဟုတ္...စိတ္ခ်ပါဗ်....ကြၽန္ေတာ္ ေစာင့္ေရွာက္မွာပါ...စိတ္ခ်ပါဗ်"

"လင္းသန့္ကစိတ္ကေလးျဖဴတယ္...အေနေအးတယ္...စိတ္ေတာ့မထင္ရဘူး.... ႀကီးတယ္..."

"ဟုတ္တယ္....စိတ္ႀကီးတယ္"

"ဝတ္ရည္နဲ႕ဆို တကယ္ေမာင္ႏွစ္မအရင္းလိုပါပဲ...အာကာေရာပဲေလ...အရင္က ေက်ာင္းပိတ္ရင္ လင္းသန့္နဲ႕လိုက္လာတတ္ၾကတယ္....ခုေတာ့ အလုပ္ေတြကိုယ္စီနဲ႕မအားရေတာ့ဘူးေပါ့"

"ဟုတ္...မဝတ္ရည္တို႔လဲ အလည္လာအုံးမယ္ေျပာပါတယ္"

"လင္းသန့္က ၾကင္နာတတ္ေတာ့ ဆရာဝန္အလုပ္နဲ႕ကိုက္ပါတယ္...ဒါေပမဲ့...စိတ္ပူတယ္...ဝတ္ရည္တို႔..ေဒါက္တာႀကီးတို႔က မိသားစုလိုေစာင့္ေရွာက္ေပးၾကလို႔ ေက်းဇူးတင္ရတယ္....ခုေတာ့ ကိုဘဂ်မ္းကလဲ လင္းသန့္ကိုေစာင့္ေရွာက္ေပးအုံးေနာ္...ဖုန္းေျပာတိုင္း ကိုဘဂ်မ္းအေၾကာင္း...လင္းသန့္ကသိပ္ေျပာတာ"

"ဟုတ္....ဟုတ္လားး"

ရင္ထဲေတာ့ ေပ်ာ္သြားတာ တားမရဘူး။
ငယ္ေထြးက ေမာင့္အေၾကာင္း အိမ္ကိုေျပာျပတယ္တဲ့။
ဒါေၾကာင့္လဲ အဖြားေရာအေမေရာက မစိမ္းတာ။
ဘဂ်မ္းေလ..လို႔မိတ္ဆက္ေပးတာနဲ႕ သိေနၾကတာ။

ထိုင္ေနရတာ ပ်င္းလာတာနဲ႕ ဘဂ်မ္းက ဖုတ္ထားၿပီးသား ငါးရံေျခာက္ေတြကို ထုေပးဖြေပးေနလိုက္တယ္။
ငယ္ေထြးအေမက မလုပ္နဲ႕ေျပာေပမဲ့....ကြၽန္ေတာ္ အန္တီထားကိုလဲ ကူၿပီးလုပ္ေပးေနၾကပါ လို႔ ဘဂ်မ္းေျပာေတာ့....ဘဂ်မ္းက ေတာ္တာေပါ့တဲ့။

ဟုတ္...(သေဘာေတြက်ေနတာ)

ခုနစ္နာရီခြဲေနၿပီ။
ငယ္ေထြးကမထေသးဘူး။
ဒါေၾကာင့္ ဘဂ်မ္းလဲ ဘာမွ မစားရေသးဘူး။
.
.
.
.
.
ဆက္ရန္.....


Continue Reading

You'll Also Like

66.2K 5.8K 34
ယုဇနပန်းရနံ့ကိုရှူရှိုက်ပါ။ သံစဉ်​​ထဲမှာစီး​မြောပြီး လခြမ်း​ကွေးလို အလှတရားနဲ့ မင်းသမီးက​လေးကို ရှုစားပါတဲ့...။ ဪ မင်းသမီး​လေးရယ်... မဖြစ်နိုင်ဘူးဆို...
182K 4.5K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
5.1K 471 41
လေပြည်ရဲ့ရောင်စဉ်အားလုံးကို သိရှိနိုင်ဖို့က လွယ်ကူပါ့မလား။ (၂၀၁၅ တုန်းကတင်ခဲ့တဲ့ Fanfiction ပါ။ စာအုပ်အဖြစ်လည်းထွက်ခဲ့ပြီးပါပြီ။ ၂၀၁၅ ဗားရှင်းကိုတော...