Unicode
_________
ညဦးပိုင်းတွင် လေသည် သစ်ရွက်ကြို သစ်ရွက်ကြား သစ်ရွက်ကြားမှ ဖြတ်သန်းလာကာ ဆောင်းဦး၏ အငွေ့အသက်ကိုယူဆောင် လာကြသည်။သွယ်ကိုင်းနေသော သစ်ကိုင်းလက်တံများမှ တဖြုတ်ဖြုတ်ကြွေကျနေသည့် အရွက်ခြောက်များသည် မြေပေါ်တွင် ဖွာလန်ကြဲနေကြသည်။
သို့သော် မြေကြီးပေါ်တွင် ကြာကြာ မပျော်မွေ့လိုက်ရ။တံမြက်စည်းတံများကြားတွင် မပါချင်ဘဲ ပါသွားရပြီးနောက် တငွေ့ငွေ့လောင်ကျွမ်းနေသော မီးပုံထဲသို့ စံမြန်းသွားရလေသည်။
"ဟူး...ချွေးတောင်ပြန်ချင်တယ် "
တံမြက်စည်းကို နီးစပ်ရာ သစ်ပင်ဘေးမှီထားလိုက်ပြီးနောက် သူ့လက်နှစ်ဖက်က ဖုန်မှုန့်တွေကို ခါထုတ်လိုက်သည်။ထို့နောက် မီးပုံဘေး ခပ်လှမ်းလှမ်းတွင် ထိုင်ချကာ ထုံကျဥ်စပြုနေသော လက်နှစ်ဖက်ကို မီးကင်လိုက်သည်။
ဤအခြေအနေအထိကတော့ အရာအာလုံးသည် သာယာဖွယ်အတိဖြစ်သည်။
"ကင်ဆော့ဂျင်"
သူ့ ဘေးနားကို လိုအပ်သည်ထက် ပိုကပ်ထိုင်လိုက်သော ကောင်လေးကြောင့် ဝေးရာသို့ မသိမသာဆုတ်လိုက်သည်။ထိုအခါ မူပိုင်ဖြစ်သော နှာခေါင်းလုံးလုံးကို ရှုံ့ကာ အတင်းလိုက်ကပ်သည်။
"ဟေ့ကောင် ဝေးဝေးမှာနေ"
အော်ထုတ်လိုက်လျှင် မျက်နှာက အနည်းငယ်တောင် ညှိုးမသွား။
"ကိုယ်နေချင်တာက ကင်ဆော့ဂျင်ရဲ့အနားဆိုရင်ရော"
ထိုကောင်လေးသည် မဆီလျော်သည့် အခေါ်အဝေါ်များကိုပဲ ထပ်တလဲလဲ သုံးသည်။အမှန်အတိုင်း ပြောရလျှင် မိမိထက် ငယ်သော ကောင်လေးဆီက နာမည်အပြည့်အစုံအခေါ်ခံရတာကို သူသဘောမတွေ့။သို့သော် မခေါ်နှင့်ဟု ပြောလျှင် အဘွားရှေ့မှာ ခေါ်သလို'ကိုကို ' ဟုခေါ်ပြန်တော့လည်း သူ့မှာကြက်သီးထရသည်။
ထို့ကြောင့် ဘာမှအထွန့်မတက်တော့ဘဲ'အရူးစိတ်ချမ်းသာရင် ကမ္ဘာတစ်ခြမ်းအေးချမ်းတယ်' ဟု သဘောပိုက်ကာ ခေါ်ချင်သလိုခေါ်ပါစေ ဟု အမိုက်အမဲလေးကို သဘောထားကြီးစွာ ခွင့်လွှတ်ပေးထားလိုက်သည်။
"အပိုတွေပြောမနေနဲ့။ငါ့အနားကို ကပ်ဖို့မစဥ်းစားနဲ့"
" စိတ်ကြီးပဲ"
ထိုတစ်ခွန်းသာပြောပြီး ငြိမ်ကျသွားမှ ဆော့ဂျင်မှာ အသက်ဖြောင့်ဖြောင့်ရှုနိုင်တော့သည်။ မနက်ဖြန် မြို့ပေါ်က စျေးကို လိုအပ်တာတွေ သွားဝယ်ဖို့ ခေါင်းထဲမှာ အလျင်အမြန်စာရင်းလုပ်နေတုန်း အသံကစူးရှစွာ ထွက်ပေါ်လာပြန်လာသည်။
"ဗိုက်ဆာလိုက်တာ။ဘာရှိသေးလဲ"
"အချိန်မတော်မှ ဘာကိုဗိုက်ဆာရလဲ။ဘာမှမရှိဘူး ရေသောက်ဗိုက်မှောက်နေ"
တကယ်လည်း ဘာထမင်းကျန် ဟင်းကျန်မှမရှိတော့။ထိုအရေးကို ကြိုမြင်သော ဆော့ဂျင်က ညနေကတည်းက ရှိသမျှ အကုန်စားသောက်ပြီး အိုးတွေပါ ဆေးထားပြီးပြီဖြစ်သည်။
အဘွား ဟင်းချက်လျှင်တော့ ကူညီလုပ်ကိုင်ပေးတတ်သည်။ဆော့ဂျင် မီးဖိုချောင်ထဲ ဝင်လျှင်တော့ ထိုသို့မဟုတ်။ဘာချက်မှာလဲ..ဘယ်လိုလုပ်မှာလဲ..စသည်ဖြင့် မေးခွန်းပေါင်းမြောက်များစွာကို မရမကလိုက်မေးကာ အိုးခွက်ပန်းကန်တွေကိုလည်း လှန်လျောကြည့်တတ်သည်။
စိတ်မရှည်တဲ့အဆုံး နှစ်ချက်လောက် ရိုက်လိုက်မှ ဒင်းကအပိုးကျိုးသည်။အဘွားကိုလည်း အသံပြဲကြီးနဲ့ ေအာ်ပြီးတိုင်တတ်သေးသည်။
ထို့ကြောင့် အစားအသောက်နှင့် ပတ်သက်လျှင် ထိုကောင်လေးကို ဆော့ဂျင်က အမြင်ကပ်သည်။
"ခင်ဗျားက ရုပ်လေးနဲ့မှမလိုက် သိပ်ရက်စက်တာပဲ"
"မင်းကိုဆို ေမတ္တာလုံးဝမရှိတာ"
"ဟင်း!!ထားပါတော့ "
ဂျောင်ကုက ပြိုင်ငြင်းမနေတော့ဘဲ ခြံထဲကို တစ်ချက်ဝေ့ကြည့်လိုက်သည်။လွယ်လွယ်နှင့် အရှုံးပေးတတ်တာက ဂျောင်ကုပုံစံမဟုတ်။ဂျောင်ကုကို အချဥ်မှတ်လျှင်တော့ မှားသွားပါလိမ့်မည်။
ခြံရှေ့ကို အကြည့်တစ်ချက်အရောက်တွင် သူ့နှုတ်ခမ်းတွေ ကွေးတက်သွားသည်။
တွေ့ပြီ...။
"ဒါဆို စားစရာတစ်ခုခုသေချာပေါက် ရှိတယ်ဆိုရင် ကျွန်တော့်ကို စားခွင့်ပြုမှာလား"
ဆော့ဂျင်သည် ကြက်သီးမွှေးညင်းများ ထသွားသည်။အနှီကောင်လေး၏ အကြည့်သည် ကြက်ခြံနားတစ်ဝိုက် ရစ်ဝဲနေသောကြောင့် ဖြစ်သည်။
"ငါ့ကြက်တွေကို ထပ်မထိနဲ့တော့"
"မထိပါဘူးဗျ...ဥကိုပဲထိမှာ။ကြက်ဥ...ကြက်ဥ...ဟီး"
ကြက်အကောင်ပဲဖြစ်စေ၊ကြက်ဥကိုပဲ ဖြစ်စေ ဆော့ဂျင်က နည်းနည်းလေးတောင် အထိအခိုက်မခံ။ထို့ကြောင့် ကောင်လေးအကျပ်ရိုက်သွားအောင် ကပ်သီးကပ်သပ်ပြောလိုက်သည်။
"စားချင်သပ ဆိုလည်းစားပေါ့။ဒါပေမယ့် ငါရေဆေးပြီးသား အိုးတေွခွက်တွေကို မသုံးရဘူး။မီးဖိုချောင်ထဲလည်း ဝင်ခွင့်မပြုဘူး"
ကဲ ဘယ့်နှယ့်ရှိစ။ဒင်း ဘယ်လိုစားမလဲ။အစိမ်းဖောက်သောက်မှပဲ ရမယ်။
ဆော့ဂျင်က ကိုယ့်အပြောကို ကိုယ်သဘောကျကာ မျက်နှာကို မော်ကြွားထားသည်။
ထိုအခါ ကောင်လေးကလည်း မခေပါ။ဟက်ကနဲ တစ်ချက်ရယ်ပြီး လက်ဖျောက်တစ်ချက်တီးသည်။
"စိတ်ချ။နည်းလမ်းရှိပြီးသား..ခဏလေးစောင့်"
ဂျွန်ဂျောင်ကုသည် စိန်ခေါ်လျှင် တိမ်ပေါ်အထိတက်မည့် လူစားမျိုးဖြစ်သည်။
ထို့နောက် အမှောင်ရိပ်ထဲသို့ တိုးဝင်သွားကာ အိပ်တန်းတက်နေပြီသော ကြက်မကြီးများဆီက ကြက်ဥနှစ်လုံးကို ယူလာကာ ခြံထောင့်က တောင်ပို့ဆီသို့ သွားသည်။
သိပ်မကြာလိုက်..။
လက်ထဲမှာ ကြက်ဥနှစ်လုံးနှင့်အတူ ရံွှ့အနည်းငယ်ပါလာသည်။ထို့နောက် ကြက်ဥပေါ်တွင် ရံွှ့တစ်လက်မခန့်အထူ ရအောင် ပတ်ပတ်လည်ကပ်လိုက်ပြီးနောက် လက်ဖဝါးနှစ်ဖက်ကိုသုံး၍ ရံွှ့တွေကွာမကျအောင် ပွတ်လိုက်သည်။
ထို့နောက် အရှေ့က မီးပုံထဲသို့ ကြက်ဥနှစ်လုံးကို ဆတ်ကနဲပစ်ချလိုက်သည်။
"အဲ့ဒါဘာလုပ်တာလဲ "
"ကြည့်နေစမ်းပါဗျာ"
"မင်း ရံွှ့တွေက သန့်ရောသန့်ရဲ့လား"
"တွေ့ကရာနေရာက ယူလာတာမဟုတ်ဘူး။ဟိုခြံထောင့်က ရံွှ့တောင်ပို့က"
ဆော့ဂျင်က ဘာမှထပ်မမေးတော့ဘဲ အရှေ့က မီးပုံဆီ သစ်ရွက်ခြောက်တွေကိုပဲ လောင်စာထပ်တိုးပေးလိုက်သည်။
မိနစ်အနည်းငယ်ခန့်ကြာသောအခါ ဂျောင်ကုက တုတ်တစ်ချောင်းဖြင့် မီးပုံထဲက ရံွှ့လုံးနှစ်လုံးကို ကော်ထုတ်လိုက်သည်။မျက်နှာပြင်တင်းမာပြီး အက်ကွဲခြောက်သွေ့နေသော ရံွှ့တွေကို ဖယ်လိုက်လျှင် အငွေ့တထောင်းထောင်း ထနေသော ကြက်ဥကိုရလေသည်။
"အားပါး...အနံ့လေးက မွှေးလိုက်တာ "
ဂျောင်ကုက ဆော့ဂျင် ငေးကြည့်နေမှန်း သိသောကြောင့် တမင်အသံကို မြှင့်လိုက်ပြီး အငွေ့တထောင်းထောင်း ထနေသော ကြက်ဥများကို သစ်ရွက်နှင့်ခုကိုင်ကာ အခံွတွေခွာပစ်လိုက်သည်။
"စားကောင်းမယ့်ပုံလေး..ဟီး"
ထို့နောက် တဖူးဖူးမှုတ်လိုက်ပြီး အားရပါးရ တစ်ကိုက်,ကိုက်စားပြလိုက်သည်။နူးညံ့နေသော အနှစ်နဲ့အကာများက မီးဖုတ်ထားသည်မို့ အနံ့ကလည်းပိုမွှေးကာ ပိုအရသာရှိသည်ဟု ထင်ရသည်။
"စားချင်လို့လား "
ဆော့ဂျင်က သူမျှော်တာ လူမိသွားသည်မို့ ကြောင်အမ်းအမ်းဖြင့် ဆတ်ကနဲ မျက်နှာလွှဲလိုက်သည်။
"စား..စား..မင်းဘာသာ"
ထိုစဥ် အလိုက်ကန်းဆိုးမသိသော ဗိုက်က တဂွီဂွီနှင့် အသံပေးသည်။လုံးဝ နောက်ခိုင်းထားပြီးမှ မနေနိုင်သည့်အဆုံး ေဂျာင်ကုကို ကွက်ကြည့်,ကွက်ကြည့်လုပ်ကာ..
"ကျန်တဲ့ တစ်ခု ငါ့ကိုကျွေး"
"ရော့..."
ဂျောင်ကုက ပြုံးသွားကာ လှမ်းပေးလိုက်လေလျှင် ဆော့ဂျင်က ဆတ်ကနဲဆွဲယူပြီး ခပ်မြန်မြန်စားပစ်လိုက်သည်။
"ဖြေးဖြေး စားပါ။နင်နေဦးမယ်."
ဂျောင်ကုက ဆော့ဂျင်ကို မျက်တောင်မခတ်ဘဲ ရွှန်းရွှန်းစားစားကြည့်ရင်းပြောသည်။ထိုအကြည့်များကြောင့် ဆော့ဂျင်ခမျာမှာ အယောင်ယောင်အမှားဖြစ်ကာ ကြက်ဥတစ်လုပ်စာကို မဝါးဘဲ မျိုချမိလိုက်သည်။
"အဟွတ်...ဟွတ်..."
"ကဲ.. ကဲ...မပြောဘူးလား။ဖြေးဖြေးစားပါ ဆိုတာကို"
"အဟွတ်...မင်း က မကြည့်နဲ့လေ"
"ဟင့်အင်း...ကြည့် ချင် လို့ကို ကြည့်နေတာ"
"မင်း.."
ဆော့ဂျင်က အရင်ကထက် ပိုအနေခက်ကာ နောက်ကိုဆုတ်လိုက်သည်။ထိုအခါ ဂျောင်ကုက မနီး,နီးအောင် အတင်းရှေ့ကိုတိုးလာသည်။
"မင်း ဘာဖြစ်နေတာလဲ..ထပ်တိုးမလာနဲ့"
ပြောစကားကို မည်သည့်အခါတုန်းကမှ နားမထောင်သော ကောင်လေးက ဆန့်ကျင်ဘက်အနေဖြင့် မျက်နှာချင်း ထိလုမတတ်တိုးကပ်လာကာ ဆော့ဂျင် ခါးတစ်ဖက်ကို ထိန်းကိုင်ထားသည်။
အရှေ့သို့ ဆွဲကပ်လိုက်သောအခါ လက်ထဲက စားလက်စကြက်ဥလေးကိုတောင် ယောင်ပြီးလွှတ်ချမိမတတ်။ထိုကောင်လေးသည် ထင်ထားတာထက် ကြောက်စရာကောင်းသည်။ဝင်သက်ထွက်သက်လေနွေ့နွေးက သူ့မျက်နှာပေါ် ဖျတစွာ ရိုက်ခတ်သွားသောအခါ ေဆာ့ဂျင် မျက်လုံးတွေမှိတ်ကျသွားသည်။
"ဘာ တွေ တွေးနေတာတုန်း ကင်ဆော့ဂျင်ရဲ့"
အဖြစ်အပျက်က ဆော့ဂျင် ထင်သလိုမဟုတ်။နူးညံ့သော အနမ်းတစ်ပွင့် ကျရောက်လာမည့်အစား သူ့နှုတ်ထောင့်ဆီက ပေနေသော ကြက်ဥ အနှစ်လေးကို ဖယ်ရှားပေးလာသော ကောင်လေးရဲ့ လက်တွေ။
"အား...မင်း..."
ဆော့ဂျင်သည် စိတ်ဆိုးတာရော ရှက်တာရော စုပေါင်းသွားပြီး နားရွက်နှစ်ဖက်လုံးရဲရဲတွတ်သွားသည်။ထို့နောက် မတ်တပ်ထရပ်လိုက်ရင်း ဂျောင်ကု၏ ခြေထောက်တစ်ဖက်ကိုပါ တက်နင်းပစ်လိုက်သည်။
"အရူးကောင်...ငါ့နောက်လိုက်မလာနဲ့..နေခဲ့"
"အား...သေပါပြီ ကျွန်တော့်ခြေထောက်တော့ ကျိုးပြီထင်တယ်"
"သေ..သေ...မသနားဘူး"
ဆော့ဂျင်က နောက်ကိုတစ်ချက်မှ ပြန်မကြည့်ဘဲ ဆောင့်ဆောင့် အောင့်အောင့်ဖြင့် ထွက်လာလျှင် ဂျွန်ဂျောင်ကု၏ အသံခပ်အုပ်အုပ်က ထွက်ပေါ်လာသည်။ထို့ကြောင့် အတင်းနောက်ကြောင်းပြန်ပြေးပြီး မောင်မင်းကြီးသား၏ ပါးစပ်ကိုလက်ဝါးနှင့် အတင်းအုပ်ကာ ထိပ်ကိုတစ်ချက် ထုလိုက်သည်။
"အဘွားရေ ဒီမှာဗျို့....ကိုကိုက သူ့ကိုမနမ်းလို့တဲ့။ကျွန်တော့်ခြေထောက်ကို တက်နင်းသွားတယ်"
᪥ ~ ᪥ ~ ᪥
စျေးထဲတွင် ယခင်ကထက် လူများ ကျိတ်ကျိတ်တိုးစည်ကားနေသည်။ဆော့ဂျင်သည် ထုံးစံအတိုင်း ငါးမြှားတံကို ပခုံးပေါ်ထမ်းကာ လမ်းဘေးဝဲယာက ဆိုင်တွေဆီ လိုက်ငေးနေသည်။အိမ်အတွက် လိုအပ်တာလေးတွေ ဝယ်ဖို့ခြမ်းဖို့ရော မနေ့က ဖမ်းမိခဲ့သမျှ ငါးအချို့ကိုရောင်းဖို့အတွက်ရော စျေးထဲကို လာခဲ့တာဖြစ်သည်။
မလိုက်ချင်,လိုက်ချင်နှင့် လိုက်လာရသော ဂျောင်ကုမှာ မျက်နှာကိုရဲရဲမဖော်ဘဲ ဟိုကြည့် ဒီကြည့်နှင့် စျေးထဲကလူမှန်သမျှကို အရိပ်အခြေလိုက်ကြည့်နေသည်။
ဒီလိုဆိုတော့လည်း အိမ်မှာ ဗိုလ်ကျ ခဲ့တဲ့ အမွှေစိန်မဟုတ်တဲ့အတိုင်း.။ဒင်းကိုက ခုတစ်မျိုး တော်ကြာတစ်မျိုး။
"ကင်ဆော့ဂျင်.. မြန်မြန်ပြန်ရအောင်"
"နေပါဦး။စျေးဝယ်ရဦးမယ်။ဘယ်လိုဖြစ်နေတာလဲ"
"မြန်မြန်ဝယ်ပြီး ပြန်ရအောင်။ဒီမှာကြာကြာ မနေချင်ဘူး"
ဆော့ဂျင်က ဟက်ကနဲတစ်ချက်ရယ်လိုက်ကာ..
"ဘာလဲ။အလိမ်အညာတွေ လူမိသွားမှာစိုးလို့လား။တော်ကြာ မင်းအဖေနဲ့မင်းအမေက တစ်နေရာရာကနေ ပေါ်လာပြီး ဒါက ကျွန်မတို့ရဲ့သားလေးပါဆိုပြီး ခေါ်သွားမှာစိုးနေလို့လား။မင်းကလေ တော်တော်ဉာဏ်များတဲ့ကောင် ငါ့အဘွားက မင်းပြောသမျှကို ယုံနေတာ"
သူသည် ဆော့ဂျင်၏ စကားတွေကို မကြားမိ။တစ်နေရာဆီကို အကြည့်ရောက်ကာ မျက်မှောင်နှစ်ဖက်လုံး တွန့်ကုပ်သွားသည်။
ဂျောင်ကု ကြည့်နေသည့် နေရာကား ဆန်နှင့် စားစရာများဝေနေသော နေရာဖြစ်သည်။
မရှိဆင်းရဲသားများအား စားနပ်ရိက္ခာဖူလုံစေခြင်း အလို့ငှာ နန်းတော်က တစ်ပတ်လျှင်တစ်ခါ ဆန်နှင့်စားစရာများ ဝေငှပေးသည့် အစီအစဉ်ဖြစ်သည်။စားနပ်ရိက္ခာဖူလုံရေးဌာနက တာဝန်ယူပြီး ထိုအစီအစဥ်ကို အကောင်အထည် ဖော်ခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။
ေဂျာင်ကုသာ အမှတ်မမှားဘူးဆိုလျှင် တစ်ဦးလျှင် ဆန်အိတ်တစ်အိတ်၊ဂျုံတစ်အိတ်နှင့်အခြား စားသောက်ဖွယ်ရာများပါပါသည်။ယခုမူကား တန်းစီနေသော ပြည်သူများသည် နေပူကျဲကျဲထဲတွင် အချိန်အတော်ကြာရပ်ပြီးမှ ဆန်တစ်အိတ်သေးတစ်အိတ်သာ ရကြသည်။ထိုသို့ဆိုလျှင် တခြားစားသောက်ဖွယ်ရာများ ဘယ်နေရာသို့ရောက်သွားပါသနည်း။
"မင်း ဘာရပ်ကြည့်နေတာလဲ သွားရအောင်"
"ခဏနေဦး.."
မတရားသောအမှုကို မြင်လျှင် အလိုလိုခေါင်းထောင် ထချင်လာသော သူ၏ဗီဇသွေးကို မလွန်ဆန်နိုင်။လက်နှစ်ဖက်ကို နောက်ပစ်ပြီးသည်နှင့် ထိုနေရာသို့ ခြေလှမ်းကျဲတို့ဖြင့် အလိုလိုရောက်သွားသည်။
"အဟမ်း...ဒီမှာ..ဒီကတာဝန်ရှိသူနဲ့ ကျုပ်စကားပြောချင်တယ်"
ဂျောင်ကု အသံကြားသောအခါ စာရင်းစာအုပ်တစ်အုပ်ကိုင်ထားသော လူကြီးက ခေါင်းမော့ကြည့်လာသည်။ထို့နောက် ဂျောင်ကု၏ ဝတ်ပုံစားပုံကိုခေါင်းကနေ ခြေအဆုံးကြည့်ပြီး နှာခေါင်းတစ်ချက်ရှုံ့ကာ လက်ထဲက စာရင်းစာအုပ်ဆီ ပြန်အကြည့်ရောက်သွားသည်။
အရေးမလုပ်၊ဂရုမထားဘူး ဆိုသည့် သဘော။
ဂျောင်ကု နားထင်ကြောတွေ ထောင်ထသွားသည်။
္"မင်း ဘာလုပ်မလို့လဲ။ပြဿနာမရှာချင်စမ်းနဲ့"
ဆော့ဂျင်သည် ခပ်အေးအေးနေသူဖြစ်ရာ အမှုအခင်းများကို လွန်စွာကြောက်သည်။
"ဆော့ဂျင် အရင် ပြန်နှင့်ပါလား"
"ဘယ်ပြန်လို့ဖြစ်မလဲ။အဘွားက ငါ့ကိုဆူမှာပေါ့"
ယခင်က ထိုကောင်လေးကို မရှိလေ အေးလေ ဆိုသည့်စိတ်နှင့် မြန်မြန်ပျောက်ကွယ်သွားပါစေဟု ဆုတောင်းမိခဲ့ဖူးသည်။ယခုမူကား သူတို့အိမ်လေးကနေ ထွက်သွားမှာကို ကြောက်သည်။
အထူးသဖြင့် ထိုကောင်လေးကို ခင်တွယ်လွန်းနေသော အဘွားဖြစ်သူ စိတ်ထိခိုက်မှာစိုးသည်။ပြီးတော့ သူကိုယ်တိုင်လည်း ကောင်လေးလက်ကို ဆွဲထားချင်သည်။
အလွန်တရာ မြင်ပြင်းကပ်သည့် ကြားက ကောင်လေး၏ စကားသံတွေကအစ အမူအရာလေးတွေကအစ ထာဝရပျောက်ကွယ်သွားမှာ ကြောက်သည်။အရိုးရှင်းဆုံးပြောရလျှင် ကောင်လေးအပေါ် သူ မေတ္တာရှိနေပြီ။
"ကိုယ်ပြောတာ နားထောင်ပါ ဆော့ဂျင်။သိပ်မကြာခင် ကိုယ်လိုက်လာမယ်"
အတင်းတွန်းလွှတ်နေသောကြောင့် ပေကပ်ကပ်ဖြင့်ပင် ကောင်လေးကိုလှမ်းမြင်နိုင်သော အကွာအဝေးကနေ ရပ်ကြည့်နေလိုက်သည်။သူ စိတ်မချ။ပြဿနာတစ်ခုခုဖြစ်မှာစိုးသည်။
"ခင်ဗျား နားကန်းနေတာလား။ဒီမှာတာဝန်ရှိတဲ့သူက ဘယ်သူလဲ"
ဂျောင်ကု၏ ခပ်ကျယ်ကျယ်အသံကြောင့် တန်းစီနေသော လူစုပင်လျှင်တိတ်ကျသွားသည်။ထိုအခါမှ စာရင်းစာအုပ်ကိုင်ထားသော လူကြီးက ကြည့်ဖော်ရတော့သည်။
"ငါပဲ...စားနပ်ရိက္ခာဖူလုံရေးဌာနက လက်ထောက်အဆင့်( ၃)မင်ဂျယ်ဟွာပဲ"
"ဒါဆို ကျုပ်မေးမယ်။ဒီမှာ တန်းစီနေတဲ့လူတေွရတာ ဆန်အိတ်လေးတစ်အိတ်တည်းရယ်။ကျန်တဲ့ဂျုံအိတ်နဲ့ စားစရာတွေရော"
"အဲ့ဒါ မင်းနဲ့ဘာဆိုင်လဲ။ကိုယ့်နေရာ ကိုယ်မသိဘူး။မင်းလိုကောင်ကပဲ"
ေဒါသတရားကို ဆက်လက်ထိန်းချုပ်ထားဖို့ မဖြစ်နိုင်တော့။သန်မာသော လက်အစုံက ထိုသူ့ရင်ဘတ်က အကျီစကို ဆွဲဆုပ်ကိုင်လိုက်သည်။
"အသက်မသေချင်ရင် ကျန်တဲ့စားစရာတွေ အခုထုတ်ပေးလိုက်။မဟုတ်ရင် တရားရုံးတော်ကို အခုချက်ချင်းပို့ပစ်လိုက်မယ်"
ထိုသူက မခိုးမမခန့်လေသံဖြင့် ရယ်ကာ သူ့ကိုပြန်ကြည့်သည်။
"အဟက်..ရယ်စရာပဲ။မင်းက ဘာကောင်မို့လဲ။လာကြစမ်း..ရဲမက်တို့ ဒီကောင့်ကို ဆွဲထုတ်သွားလိုက်"
ထိုအခါ လုံခြုံရေးယူထားသော ရဲမက်များသည် ဂျောင်ကုအနားသို့ တိုးကပ်လာကြသည်။ဓားအိမ်ထဲက အရောင်လဲ့နေသော ဓားသွားကို ဆွဲထုတ်လိုက်သောအခါ အနားက စားစရာယူဖို့ တန်းစီနေသူတွေရော တခြားလာရပ်ကြည့်နေသူများပါ လန့်ဖျန့်ကုန်ကြသည်။
ခပ်လှမ်းလှမ်းမှာ ရပ်နေသော ဆော့ဂျင်သည် ဖြစ်ချင်ရာဖြစ် ဟူသော ပုံစံဖြင့် ဂျောင်ကုရှိရာကို လူအုပ်ကြားမှ ဖြဲခွဲဝင်လာသည်။
ဘယ်လောက်ပဲ ကြောက်သည် ဆိုဦးတော့။ကောင်လေး ဒုက္ခ ရောက်မှာကိုတော့ သူဒီအတိုင်းရပ်ကြည့်မနေနိုင်။
သို့သော် တိတ်ဆိတ်နေသော လူအုပ်ကြားတွင် ကြည်လင် ခန့်ညားသော ကောင်လေး၏ အသံကြောင့် သူ့ခြေလှမ်းတွေ ရပ်တန့်သွားသည်။
"ကောင်းပြီ..ကိုယ်တော့် လည်ပင်းပေါ်က ဓားသွားကို အခုဖယ်ပေး"
ဂျောင်ကုသည် အကျီအိတ်ထဲက ခပ်ဝိုင်းဝိုင်းအရာတစ်ခုကို ထိုရဲမက်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ဟင်..ဒါက...ဒါက တော်ဝင်ကျောက်စိမ်းတံဆိပ်ပြား"
ထိုအရာကို ကြည့်ပြီးနောက် ရဲမက်သည် မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် မြေကြီးပေါ်သို့ ပြားပြားဝပ်ထိုင်ချလိုက်သည်။
"အားလုံးပဲ ဦးညွှတ်ပြီးအရိုအသေ ပေးကြ..ဂျိုဆွန်းရဲ့ အိမ်ရှေ့စံ မင်းသားလေးပဲ"
"ဟင်!!"
"ဟာ..!"
လူအုပ်ကြီးဆီမှ အာမေဍိတ်မျိုးစုံပွက်လောရိုက်သွားသည်။
"တစ်ခါပဲ ခွင့်လွှတ်ပေးပါ အရှင့်သား။ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးတော်မူပါ"
ခုနကအထိ မာရေကြောရေပြောနေသည့် လူကြီးရော ရဲမက်များပါ ဒူးထောက်ကာ အသည်းအသန် တောင်းပန်နေကြသည်။
ဆော့ဂျင်သည် ကိုယ့်နားကို ကိုယ်မယုံနိုင်။အံ့သြတုန်လှုပ်ခြင်း ကြီးစွာဖြင့် လက်ထဲက ငါးမြှားတံလေးပင် လွတ်ကျသွားသည်။
ဘုရား...ဘုရား...အိမ် ရှေ့ စံ တဲ့လား။
လောကကြီးက ဆန်းကျယ်လိုက်တာ။ဒီကောင်လေးက ဂျိုဆွန်းရဲ့ အိမ်ရှေ့စံတဲ့။
ထို့နောက် လူအုပ်ကြီးကလည်း တညီတညာတည်း ဒူးထောက်ပြီး ဦးညွှတ်ကြသည်။ဆော့ဂျင်သည် အယောင်အမှားမှားဖြင့် ရောယောင်ပြီးဒူးထောက်ကာ အရိုအသေပြုသည်။သို့သော် သူ့လက်များသည် တဆတ်ဆတ်တုန်နေသည်။
"အိမ်ရှေ့စံမင်းသားလေး ကျန်းမာပါစေ"
"သက်တော်ရှာကျော် ရှည်ပါစေ
᪥ ~ ᪥ ~ ᪥
ဆော့ဂျင်သည် ဘယ်အချိန် ဘယ်လိုပြန်လာခဲ့မိမှန်းတောင် မမှတ်မိတော့။အိမ်ရှေ့က ကွပ်ပျစ်ပေါ်ကိုရောက်မှ အိမ်ပြန်ရောက်မှန်းသတိကပ်မိတော့သည်။အမောဖြေရင်း ရေအိုးထဲက ရေတစ်ခွက်ကို ခပ်သောက်ပစ်လိုက်သည်။
"အဘွားရေ..အဘွား..."
"ဘာဖြစ်လာတာလဲ..မြေးရဲ့"
တုန်တုန်ချိချိနှင့် အိမ်ပေါ်က ဆင်းလာသော အဘွားကိုဂျောင်ကုကို မမြင်သည်နှင့် အန္တရာယ် တစ်ခုခုများကြုံလာသလားဟု စိတ်ပူသွားသည်။
"ဟိုကလေးရော...ဟိုကလေးဘယ်မှာကျန်ခဲ့လဲ"
"အဘွား..သူ..သူက..."
ဆော့ဂျင် တော်တော်နှင့်မပြောနိုင်။အခုအချိန်ထိ ရင်တုန်နေတာက ပျောက်မသွားသေး။ခံစားချက်မျိုးစုံက ပူတစ်လှည့် အေးတစ်လှည့် ဖြစ်ကာ အခြေအနေမှန်ကို လက်ခံနိုင်ဖို့ မယုံကြည်နိုင်အောင် တုန်လှုပ်နေသည်။
"သူက အိမ်ရှေ့စံတဲ့ "
"အဲ့ဒီကောင်လေးက အိမ်ရှေ့စံတဲ့ "
"ဟေ...."
အဘွားသည်လည်း ဆော့ဂျင်လိုပင် 'ဟေ'ဟု သံရှည်ဆွဲကာ ရပ်နေရာမှ ဖင်ထိုင်ကျသွားသည်။
"ဘယ်လိုလုပ်ရမလဲ။ကျွန်တော့်ဘဝတော့ သွားပြီ"
"သူ့ကို ကောင်စုတ်လေးတို့ ကောင်လေးတို့အမျိုးမျိုးခေါ်ခဲ့တာ..ပြီးတော့ ခေါင်းကိုထုလိုက် ကျောကိုရိုက်လိုက်နဲ့။ဒါကြောင့် အရင်တစ်ခါက သူပြောခဲ့ဖူးတာ သူ့ခေါင်းကို ထိတာမကြိုက်ဘူးတဲ့။အဘွားရေ ကျွန်တော်တော့ သေပြီ။ကျွန်တော့်ကို ရဲမက်တွေနဲ့လာဖမ်းတော့မယ် ထင်တယ်"
ဆော့ဂျင်သည် တရစပ်ပြောပြီးသည်နှင့် စိတ်ဓာတ်အကြီးအကျယ်ကျသွားကာ အဘွားကိုတောင် အရေးမလုပ်နိုင်တော့ဘဲ အခန်းထဲ ဝင်ပြီး တံခါးကိုအသေပိတ်ထားလိုက်တော့သည်။
..
..
ဒီတစ်ပတ်လုံး သူနှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်။ညသန်းခေါင်ယံတွင် အိမ်ရှေ့က မြင်းခွာသံများ ကြားရသည်ဟုနားထဲ ကြားယောင်သည်။တရားရုံးတော်တွင် အိမ်ရှေ့စံကိုယ်တိုင်က သူ့ကို အမှုစီရင်သည်ဟု အိမ်မက်မက်သည်။
နန်းတော်မှာ ရှိနေရမည့် အိမ်ရှေ့စံမင်းသားသည် ဘယ်လိုဓာတ်ဖောက်ပြန်ပြီး သူ့အိမ်အထိ လာမွှေသည်ဟု မတွေးတတ်တော့။
ပြီးတော့ 'ချစ်တယ်' လို့ပြောခဲ့တာကရော။
သေချာပေါက် ကစားခဲ့တာပေါ့။
အိမ်ရှေ့စံအဆင့်နှင့် မိမိလိုအရပ်သားတစ်ယောက်၏ အဆင့်သည် မိုးနှင့်မြေလို့ ကွာခြားသည်။သူသည် အိမ်ရှေ့စံ၏ ဘဝထဲတွင် အပျင်းပြေဆော့ကစားခြင်းခံရသော မဖြစ်စလောက် အမှုန်အမွှားလေး သာသာပဲဖြစ်လိမ့်မည်။
"အား...ဆိုးလိုက်တာ။ကိုယ့်ဘာသာ နန်းတော်မှာမနေဘဲ ငါ့ဘာသာ နေနေတဲ့ဘဝထဲကို လာရှုပ်တယ်။အခုကျတော့ ငါ့ကိုတောင် သတိရသေးရဲ့လား။ဒင်းက ေမ့နေလောက်ပြီ...အီး"
"မင်းဘာသာ မင်းသားလေး မကလို့ဘာဖြစ်ဖြစ်...ငါ့ဆီက အနမ်းတွေကိုလည်း ဇွတ်တရွတ်ယူသွားသေးတယ်။မကောင်းတဲ့ကောင်.."
ထိုစကားများသည် သူတစ်ယောက်တည်းရှိတုန်း အချိန်တွင်သာ ေပါက်ကွဲပြီးပြောနေခြင်း ဖြစ်သည်။အသံကျယ်ကျယ်လည်း မပြောရဲ။တစ်ယောက်ယောက်ကြားသွားမှာ စိုးသည်။
စိတ်ပေါက်ပေါက်နှင့် ခေါင်းအုံးကို ဂျောင်ကုအမှတ်ဖြင့် ထုနေတုန်း မြင်းခွာသံ တခွပ်ခွပ်ကိုကြားရပြန်သည်။
"နေ့ခင်းကြောင်တောင်မှာတောင် ငါ့ကို ဒီအသံတွေကဒုက္ခပေးနေတယ်။အား....မကြားချင်ဘူး..မကြားချင်ဘူး"
"မကြားချင်လို့ မရဘူး မြေးရေ။အိမ်ရှေ့ကို ထွက်ကြည့်ဦး"
သူ့အသံနောက်ကနေ တစ်ဆက်တည်းပေါ်လာသော အဘွားအသံကြောင့် အိမ်မက်မဟုတ်မှန်းသိလိုက်ရသည်။
သေချာပြီ။အဖမ်းခံရပြီ။
ခြေတုန်တုန် လက်တုန်တုန်ဖြင့် တံခါးကိုဖွင့်လိုက်သောအခါ ဓားကိုယ်စီလွယ်ထားသော ရဲမက်များကို တွေ့လိုက်ရသည်။ထိုရဲမက်များကြားမှ မျက်ခုံးမွှေးဖြူဖြူနှင့် နန်းတွင်းဝတ်စုံဆင်မြန်းထားသော အဘိုးကြီးသည် အရှေ့ကိုထွက်လာပြီးသည့်နောက် ပြုံးရွှင်သော မျက်နှာထားဖြင့်..
"ဒီကလူလေးက ကင်ဆော့ဂျင်နော်"
"ဟုတ်...ဟုတ်ပါတယ်ခင်ဗျ"
"ကျွန်တော်မျိုးက အိမ်ရှေ့စံမင်းသားလေးရဲ့ အထိန်းတော်ရှောင်းပါ။မင်းသားလေးက အခေါ်လွှတ်လိုက်လို့ ရောက်လာတာပါ"
"ဗျာ...ကျွန်တော့်....ကို.."
"လိုက်မလာရင် ကျွန်တော်မျိုးတို့ကို နန်းတော်ကိုပြန်မလာဖို့လည်း မှာလိုက်ပါသေးတယ်"
အထိန်းတော်ကြီးရှောင်းသည် တတ်နိုင်သမျှ မျက်နှာချိုသွေးကာ ချိုချိုသာသာပြောသည်။မင်းသားလေးမှာလိုက်သည်က ကင်ဆော့ဂျင်သာ လိုက်မလာခဲ့ရင် နန်းတော်ထဲအရင်ကထက် နှစ်ဆပိုမွှေမည်ဟူ၍ ဖြစ်သည်။ထိုအမှာစကားကို အမှန်အတိုင်း မပြောဘဲ 'လိုက်လာအောင် မခေါ်ပေးနိုင်ရင် နန်းတော်ကို ပြန်မလာနှင့်'ဟု အဆင်ပြေအောင် ပြောလိုက်ခြင်းဖြစ်သည်။
အမှန်အတိုင်းသာ ပြောလိုက်ပါလျှင်မူ ကင်ဆော့ဂျင်ဟူသော ကောင်လေးသည် ဘယ်တော့မှလိုက်လိမ့်မည်မဟုတ်။
နဂိုမူလကတောင် တစ်နေ့တစ်မျိုးမရိုးရအောင် မွှေတာ။နှစ်ဆ ဆိုသည့်ပမာဏသည် မင်းကြီးရောမိဖုရားကြီးပါ သွေးတက်နိုင်သည့် ပမာဏဖြစ်သည်။ထို့ကြောင့် ယခုအချိန်တွင် ကင်ဆော့ဂျင်သည် သူတို့အားလုံး၏ ကျေးဇူးရှင်လေးဖြစ်သည်။
"ကောင်းပါပြီ။ကျွန်တော် လိုက်ခဲ့ပါ့မယ်"
အထိန်းတော်ကြီးသည် ထိုစကားကိုကြားတော့မှ သက်ပြင်းချနိုင်တော့သည်။အနည်းဆုံးတော့ ဒီရက်ပိုင်း နန်းတော်ထဲတွင် နားအေးပါးအေးနေရမည်ဖြစ်သည်။
ထို့အပြင် အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ကိုလည်း မြင်တွေ့နိုင်ဖွယ်ရာရှိသည်။
᪥ ~ ᪥ ~ ᪥
"သူ စောင့်နေပါတယ်..ဝင်သွားလိုက်ပါ လူလေး"
ဆော့ဂျင်သည် ကြီးမားပြီး ခမ်းနားလွန်းလှသော နန်းဆောင်အသွယ်သွယ်ကို မျှော်မဆုံးနိုင်ရှိသည်။ထို့နောက် သူ့အစုနှင့်သူ နန်းဆောင်တစ်ခုနှင့်တစ်ခုကြား သွားလာလှုပ်ရှားနေကြသော နန်းတွင်းသူများသည်လည်း တစ်မျိုးတစ်ဖုံကြည့်ကောင်းနေကြပြန်သည်။
ထိုအရာများအားလုံးထက် သူရင်ခုန်နေသည်က သူ့ရှေ့တည့်တည့်က နန်းဆောင်အတွင်း စောင့်နေမည့်သူ။
"အရှင့်သား ကင်ဆော့ဂျင်ရောက်ပါပြီ"
အခန်းရှေ့က နန်းတွင်းသူတစ်ဦးက အသိပေးလိုက်သောအခါ အထဲက ပြန်ဖြေသံတိုးတိုးကိုကြားလိုက်ရသည်။ထိုအခါ ဆော့ဂျင်၏ လက်များသည် ယခင်ကထက်ပိုအေးသွားသည်။
"ဝင်လာခိုင်းလိုက်"
နဂါးနှစ်ကောင်ပုံစံ ထွင်းထားသော တံခါးမကြီးကို ဆွဲဖွင့်လိုက်သောအခါ အပေါက်ဝကိုကျောပေးပြီး သူ့ကိုနောက်ခိုင်းနေသည့် အိမ်ရှေ့စံ။
"ဟို....ကျွန်....ကျွန်တော်မျိုး...ရောက်...ရောက်ပါပြီ"
အထစ်ထစ်အငေါ့ငေါ့ဖြင့် သူဆိုလေသော် ထိုကျောခိုင်းနေသည့် မျက်နှာကသူ့ဘက်လှည့်လာသည်။
"နေကောင်းလား ကင်ဆောဂျင်"
ဝင်းဝါသော အသားအရေနှင့်လိုက်ဖက်နေသည့် ဝတ်ရုံရှည်သည် ချောမောသော မျက်နှာကို ပိုပြီးတည်ကြည် ခန့်ညားအောင် အားဖြည့်ပေးထားသည်။
အိမ်ရှေ့စံ ဝတ်စုံအပြည်နှင့် မင်းသားကိုကြည့်ရင်း ဆော့ဂျင်သည် နှလုံးခုန်သံတွေ တဆတ်ဆတ်တုန်လာသည်။
"ကောင်းပါတယ် အရှင့်သား"
"အင်း...ဒါဆို ကိုယ်တော်တို့ ပြောစရာရှိတာပြောရတော့မယ်"
ထိုစကားကြောင့် သူ့နှလုံးက အပြင်ကိုခုန်ထွက်တော့မည် ဟုထင်ရသည်။
"ကိုယ်တော်..မောင်မင်းရဲ့အိမ်မှာရှိစဥ်က ကိုယ်တော့်အပေါ်ကျူးလွန်ခဲ့တဲ့အပြစ်တွေကို မှတ်မိမှာပေါ့"
"မှတ်..မှတ်မိပါတယ်"
"ကောင်းပြီ။အဲဲ့ဒီအပြစ်တွေအတွက် ကိုယ်တော်ကိုယ်တိုင် စွဲချက်တိုင်မယ်။ကိုယ်တော်ကိုယ်တိုင် တရားစီရင်မယ်။ကိုယ်တော်ကိုယ်တိုင် အမိန့်ချမယ်"
ဆော့ဂျင်က မျက်လုံးနှစ်ဖက်ကိုစုံမှိတ်ကာ အဆိုးရွားဆုံးသော အဖြေကို မျှော်လင့်ထားလိုက်သည်။
"မောင်မင်းကို တစ်သက်တစ်ကျွန်း အကျဥ်းချထားဖို့ ကိုယ်တော်ဆုံးဖြတ်လိုက်ပြီ"
"ဗျာ...နည်းနည်းသက်ညှာ...."
"ကိုယ်တော့်ရင်ခွင်ထဲမှာ"
"ဟင်.."
အံ့သြခြင်း အစုံဖြင့် အာမေဍိတ်သံတစ်ခု ထွက်သွားသောအခါ ဂျောင်ကုက သူ့ရှေ့ကိုရောက်နေပြီဖြစ်သည်။တန်းတူဖြစ်အောင် ထိုင်ချလိုက်ရင်း အေးစက်နေသော ဆော့ဂျင်လက်နှစ်ဖက်ကို ဆုပ်ကိုင်လာသည်။
"ပြောပါဦး..အရင်ကလို 'မင်း..'ဆိုပြီး ဆူပူတဲ့အသံလေး ကိုယ်ကြားချင်လို့"
ရုတ်တရက်မို့ ဆော့ဂျင်က မျက်လုံးအဝိုင်သားဖြင့် မှင်တက်နေမိသည်။သူထင်သည်က အပြစ်ပေးဖို့ သက်သက် အခေါ်လွှတ်တာပဲ ဖြစ်မည်ဟု။
"မယုံသေးတာလား။ကိုယ် စနောက်နေတာမဟုတ်ဘူး။ကင်ဆော့ဂျင်ကို တကယ်ချစ်တာ "
"အဲ့ဒါက...မင်းသား..."
ဂျောင်ကုက ဆော့ဂျင်၏ မေးစေ့ကိုကိုင်ပြီး မော့စေသည်။မျက်နှာမော့လာချိန်တွင် သူ့ နှုတ်ခမ်းလွှာကို ဖွဖွနမ်းရှိုက်သည်။ထို့နောက် လက်ကောက်ဝတ်ကို ချုပ်ကိုင်ကာ မျက်လုံးချင်းဆုံအောင် ကြည့်လိုက်သည်။လိုအပ်သည်ထက် ပိုနီးကပ်နေသော အနေအထားကြောင့် အသက်ရှုသံနှစ်ခုကို ပေါင်းစည်းသွားမလား ထင်ရသည်။
"ဟင့်အင်း...ကိုယ့်ကို အဲဲ့ဒီလိုမခေါ်နဲ့။အရင်တုန်းကလိုပဲ ကင်ဆော့ဂျင်ကို ချစ်တဲ့ ကောင်လေးပဲ ဖြစ်ချင်တယ်"
"အင်း.."
ဂျောင်ကု၏ နူးညံ့သော အပြုအမူနှင့်စကားများကြောင့် သူ စိတ်သက်သာရာရသွားသည်။
"ေဖြပါဦး...ကိုယ့်ကိုချစ်တယ်မဟုတ်လား"
"ချစ်တယ် ပြီးတော့ မင်းကို အရမ်းလွမ်းတယ် "
ဆော့ဂျင်၏ ပွင့်ပွင့်လင်းလင်း အခေါ်အဝေါ်ကြောင့် ဂျောင်ကုပြုံးသွားသည်။ထို့နောက် သွက်လက်စွာပင် ခါးကိုဆွဲဖက်လိုက်ကာ နီနီရဲရဲ နှုတ်ခမ်းလွှာကို ထပ်မံ အနမ်းခြွေလိုက်သည်။
"တခြားအရာတွေ ဘာမှမလိုတော့ဘူး...ကိုယ့်ဘဝရဲ့လက်တွဲဖော်ပဲ ဖြစ်ပေး။ကိုယ့်ရင်ခွင်ထဲမှာ တစ်သက်လုံး အကျဥ်းကျခံနိုင်လား"
"အင်း...ငါမင်းရဲ့ အမိန့်ချမှုကို ကျေကျေနပ်နပ်လက်ခံတယ်"
ဆော့ဂျင်က ဂျောင်ကုမျက်နှာကို လက်နှစ်ဖက်ဖြင့် ဆွဲယူလိုက်ရင်း နှုတ်ခမ်းအောက်ဆီက မှည့်လေးကို မြတ်မြတ်နိုးနိုးနမ်းလိုက်သည်။
"ဆော့ဂျင် အရင်လာစတာနော်။ကိုယ့်အဆိုးမဆိုနဲ့"
ထို့နောက်တွင်ကား ထပ်တူကျသွားသော အနမ်းများနှင့်အတူ ချိုမြန်သော အချစ်ဓာတ်များသည် နန်းဆောင်ထဲဲတွင် ပြန့်ကျဲသွားသည်။တရိပ်ရိပ်တက်လာသော အချစ်ဒီရေများသည် ဒီတစ်သက်ပြန်ကျဖို့ လမ်းမမြင်တော့။
တစ်ခါတစ်ရံ ဖူးစာဆိုသည့် အရာသည် ဆန်းကြယ်သည့် သဘောရှိသည်။အိမ်ရှေ့စံ တစ်ဖြစ်လဲ ထိုကောင်လေးကို တစ်သက်လုံး လက်တွဲမဖြုတ်ပဲ ချစ်သွားတော့မည်ဆိုတာကို ကမ္ဘာမြေထုအပေါ် သစ္စာပြုစရာမလိုအောင် သေချာသွားခဲ့လေသည်။
ထို့နောက်တွင်မူ မင်းသားလေးနှင့် တံငါသည်လေး၏ အချစ်ဇာတ်လမ်းလေးသည် လူတိုင်း၏ ပါးစပ်ဖျားတွင် ပြောစမှတ်တွင်သွားရသော အလှပဆုံး ပံုပြင်လေးတစ်ပုဒ် ဖြစ်လာတော့သည်။
~~~~~~~~~~~~~ ပြီးပါပြီ~~~~~~~~~~~~
AN. မနေ့ညကတည်းက upပေးမလို့ပါပဲ။
အားလုံးလက်စသတ်ရေးပြီးတဲ့အချိန်ကျတော့ ၂နာရီထိုးသွားပြီရယ်..အချိန်မရှိတော့လို့ အခုမနက်မှ upပေးလိုက်တာ😁
Jinkook mmလေးတွေရတိုင်း short storyလေးတွေရေးချင်တာ တစ်ခါမှလက်ကချမရေးဖြစ်ဘူးရယ်။ဒီတစ်ခါတော့ အောင်အောင်မြင်မြင်ရေးဖြစ်သွားတယ်ပေါ့။
ပျက်ကွက်တာတွေ အတော်များနေတဲ့အတွက် ဒီရက်ပိုင်း Before I Go ဘက်ကို ပြန်ပြီး အာရုံစိုက်ပါတော့မယ်။နို့မို့ဆို ဒီနှစ်အတွင်း ပြီးဖို့လမ်းမမြင်ဘူး😓
Thanks for your reading & voting
Riona🌼
..
..
..
Zawgyi
_______
ညဦးပိုင္းတြင္ ေလသည္ သစ္႐ြက္ႀကိဳ သစ္႐ြက္ၾကား သစ္႐ြက္ၾကားမွ ျဖတ္သန္းလာကာ ေဆာင္းဦး၏ အေငြ႕အသက္ကိုယူေဆာင္ လာၾကသည္။သြယ္ကိုင္းေနေသာ သစ္ကိုင္းလက္တံမ်ားမွ တျဖဳတ္ျဖဳတ္ေႂကြက်ေနသည့္ အ႐ြက္ေျခာက္မ်ားသည္ ေျမေပၚတြင္ ဖြာလန္ႀကဲေနၾကသည္။
သို႔ေသာ္ ေျမႀကီးေပၚတြင္ ၾကာၾကာ မေပ်ာ္ေမြ႕လိုက္ရ။တံျမက္စည္းတံမ်ားၾကားတြင္ မပါခ်င္ဘဲ ပါသြားရၿပီးေနာက္ တေငြ႕ေငြ႕ေလာင္ကြၽမ္းေနေသာ မီးပုံထဲသို႔ စံျမန္းသြားရေလသည္။
"ဟူး...ေခြၽးေတာင္ျပန္ခ်င္တယ္ "
တံျမက္စည္းကို နီးစပ္ရာ သစ္ပင္ေဘးမွီထားလိုက္ၿပီးေနာက္ သူ႕လက္ႏွစ္ဖက္က ဖုန္မႈန္႔ေတြကို ခါထုတ္လိုက္သည္။ထို႔ေနာက္ မီးပုံေဘး ခပ္လွမ္းလွမ္းတြင္ ထိုင္ခ်ကာ ထုံက်ဥ္စျပဳေနေသာ လက္ႏွစ္ဖက္ကို မီးကင္လိုက္သည္။
ဤအေျခအေနအထိကေတာ့ အရာအာလုံးသည္ သာယာဖြယ္အတိျဖစ္သည္။
"ကင္ေဆာ့ဂ်င္"
သူ႕ ေဘးနားကို လိုအပ္သည္ထက္ ပိုကပ္ထိုင္လိုက္ေသာ ေကာင္ေလးေၾကာင့္ ေဝးရာသို႔ မသိမသာဆုတ္လိုက္သည္။ထိုအခါ မူပိုင္ျဖစ္ေသာ ႏွာေခါင္းလုံးလုံးကို ႐ႈံ႕ကာ အတင္းလိုက္ကပ္သည္။
"ေဟ့ေကာင္ ေဝးေဝးမွာေန"
ေအာ္ထုတ္လိုက္လွ်င္ မ်က္ႏွာက အနည္းငယ္ေတာင္ ညိႇဳးမသြား။
"ကိုယ္ေနခ်င္တာက ကင္ေဆာ့ဂ်င္ရဲ႕အနားဆိုရင္ေရာ"
ထိုေကာင္ေလးသည္ မဆီေလ်ာ္သည့္ အေခၚအေဝၚမ်ားကိုပဲ ထပ္တလဲလဲ သုံးသည္။အမွန္အတိုင္း ေျပာရလွ်င္ မိမိထက္ ငယ္ေသာ ေကာင္ေလးဆီက နာမည္အျပည့္အစုံအေခၚခံရတာကို သူသေဘာမေတြ႕။သို႔ေသာ္ မေခၚႏွင့္ဟု ေျပာလွ်င္ အဘြားေ႐ွ႕မွာ ေခၚသလို'ကိုကို ' ဟုေခၚျပန္ေတာ့လည္း သူ႕မွာၾကက္သီးထရသည္။
ထို႔ေၾကာင့္ ဘာမွအထြန္႔မတက္ေတာ့ဘဲ'အ႐ူးစိတ္ခ်မ္းသာရင္ ကမ႓ာတစ္ျခမ္းေအးခ်မ္းတယ္' ဟု သေဘာပိုက္ကာ ေခၚခ်င္သလိုေခၚပါေစ ဟု အမိုက္အမဲေလးကို သေဘာထားႀကီးစြာ ခြင့္လႊတ္ေပးထားလိုက္သည္။
"အပိုေတြေျပာမေနနဲ႔။ငါ့အနားကို ကပ္ဖို႔မစဥ္းစားနဲ႔"
" စိတ္ႀကီးပဲ"
ထိုတစ္ခြန္းသာေျပာၿပီး ၿငိမ္က်သြားမွ ေဆာ့ဂ်င္မွာ အသက္ေျဖာင့္ေျဖာင့္႐ႈႏိုင္ေတာ့သည္။ မနက္ျဖန္ ၿမိဳ႕ေပၚက ေစ်းကို လိုအပ္တာေတြ သြားဝယ္ဖို႔ ေခါင္းထဲမွာ အလ်င္အျမန္စာရင္းလုပ္ေနတုန္း အသံကစူး႐ွစြာ ထြက္ေပၚလာျပန္လာသည္။
"ဗိုက္ဆာလိုက္တာ။ဘာ႐ွိေသးလဲ"
"အခ်ိန္မေတာ္မွ ဘာကိုဗိုက္ဆာရလဲ။ဘာမွမ႐ွိဘူး ေရေသာက္ဗိုက္ေမွာက္ေန"
တကယ္လည္း ဘာထမင္းက်န္ ဟင္းက်န္မွမ႐ွိေတာ့။ထိုအေရးကို ႀကိဳျမင္ေသာ ေဆာ့ဂ်င္က ညေနကတည္းက ႐ွိသမွ် အကုန္စားေသာက္ၿပီး အိုးေတြပါ ေဆးထားၿပီးၿပီျဖစ္သည္။
အဘြား ဟင္းခ်က္လွ်င္ေတာ့ ကူညီလုပ္ကိုင္ေပးတတ္သည္။ေဆာ့ဂ်င္ မီးဖိုေခ်ာင္ထဲ ဝင္လွ်င္ေတာ့ ထိုသို႔မဟုတ္။ဘာခ်က္မွာလဲ..ဘယ္လိုလုပ္မွာလဲ..စသည္ျဖင့္ ေမးခြန္းေပါင္းေျမာက္မ်ားစြာကို မရမကလိုက္ေမးကာ အိုးခြက္ပန္းကန္ေတြကိုလည္း လွန္ေလ်ာၾကည့္တတ္သည္။
စိတ္မ႐ွည္တဲ့အဆုံး ႏွစ္ခ်က္ေလာက္ ႐ိုက္လိုက္မွ ဒင္းကအပိုးက်ိဳးသည္။အဘြားကိုလည္း အသံၿပဲႀကီးနဲ႔ ေအာ္ၿပီးတိုင္တတ္ေသးသည္။
ထို႔ေၾကာင့္ အစားအေသာက္ႏွင့္ ပတ္သက္လွ်င္ ထိုေကာင္ေလးကို ေဆာ့ဂ်င္က အျမင္ကပ္သည္။
"ခင္ဗ်ားက ႐ုပ္ေလးနဲ႔မွမလိုက္ သိပ္ရက္စက္တာပဲ"
"မင္းကိုဆို ေမတၱာလုံးဝမ႐ွိတာ"
"ဟင္း!!ထားပါေတာ့ "
ေဂ်ာင္ကုက ၿပိဳင္ျငင္းမေနေတာ့ဘဲ ျခံထဲကို တစ္ခ်က္ေဝ့ၾကည့္လိုက္သည္။လြယ္လြယ္ႏွင့္ အ႐ႈံးေပးတတ္တာက ေဂ်ာင္ကုပုံစံမဟုတ္။ေဂ်ာင္ကုကို အခ်ဥ္မွတ္လွ်င္ေတာ့ မွားသြားပါလိမ့္မည္။
ျခံေ႐ွ႕ကို အၾကည့္တစ္ခ်က္အေရာက္တြင္ သူ႕ႏႈတ္ခမ္းေတြ ေကြးတက္သြားသည္။
ေတြ႕ၿပီ...။
"ဒါဆို စားစရာတစ္ခုခုေသခ်ာေပါက္ ႐ွိတယ္ဆိုရင္ ကြၽန္ေတာ္႕ကို စားခြင့္ျပဳမွာလား"
ေဆာ့ဂ်င္သည္ ၾကက္သီးေမႊးညင္းမ်ား ထသြားသည္။အႏွီေကာင္ေလး၏ အၾကည့္သည္ ၾကက္ျခံနားတစ္ဝိုက္ ရစ္ဝဲေနေသာေၾကာင့္ ျဖစ္သည္။
"ငါ့ၾကက္ေတြကို ထပ္မထိနဲ႔ေတာ့"
"မထိပါဘူးဗ်...ဥကိုပဲထိမွာ။ၾကက္ဥ...ၾကက္ဥ...ဟီး"
ၾကက္အေကာင္ျဖစ္ပဲျဖစ္ေစ၊ၾကက္ဥကိုပဲ ျဖစ္ေစ ေဆာ့ဂ်င္က နည္းနည္းေလးေတာင္ အထိအခိုက္မခံ။ထို႔ေၾကာင့္ ေကာင္ေလးအက်ပ္႐ိုက္သြားေအာင္ ကပ္သီးကပ္သပ္ေျပာလိုက္သည္။
"စားခ်င္သပ ဆိုလည္းစားေပါ့။ဒါေပမယ့္ ငါေရေဆးၿပီးသား အိုးေတြခြက္ေတြကို မသုံးရဘူး။မီးဖိုေခ်ာင္ထဲလည္း ဝင္ခြင့္မျပဳဘူး"
ကဲ ဘယ့္ႏွယ့္႐ွိစ။ဒင္း ဘယ္လိုစားမလဲ။အစိမ္းေဖာက္ေသာက္မွပဲ ရမယ္။
ေဆာ့ဂ်င္က ကိုယ့္အေျပာကို ကိုယ္သေဘာက်ကာ မ်က္ႏွာကို ေမာ္ႂကြားထားသည္။
ထိုအခါ ေကာင္ေလးကလည္း မေခပါ။ဟက္ကနဲ တစ္ခ်က္ရယ္ၿပီး လက္ေဖ်ာက္တစ္ခ်က္တီးသည္။
"စိတ္ခ်။နည္းလမ္း႐ွိၿပီးသား..ခဏေလးေစာင့္"
ဂြၽန္ေဂ်ာင္ကုသည္ စိန္ေခၚလွ်င္ တိမ္ေပၚအထိတက္မည့္ လူစားမ်ိဳးျဖစ္သည္။
ထို႔ေနာက္ အေမွာင္ရိပ္ထဲသို႔ တိုးဝင္သြားကာ အိပ္တန္းတက္ေနၿပီေသာ ၾကက္မႀကီးမ်ားဆီက ၾကက္ဥႏွစ္လုံးကို ယူလာကာ ျခံေထာင့္က ေတာင္ပို႔ဆီသို႔ သြားသည္။
သိပ္မၾကာလိုက္..။
လက္ထဲမွာ ၾကက္ဥႏွစ္လုံးႏွင့္အတူ ရံႊ႕အနည္းငယ္ပါလာသည္။ထို႔ေနာက္ ၾကက္ဥေပၚတြင္ ရံႊ႕တစ္လက္မခန္႔အထူ ရေအာင္ ပတ္ပတ္လည္ကပ္လိုက္ၿပီးေနာက္ လက္ဖဝါးႏွစ္ဖက္ကိုသုံး၍ ရံႊ႕ေတြကြာမက်ေအာင္ ပြတ္လိုက္သည္။
ထို႔ေနာက္ အေ႐ွ႕က မီးပုံထဲသို႔ ၾကက္ဥႏွစ္လုံးကို ဆတ္ကနဲပစ္ခ်လိုက္သည္။
"အဲ့ဒါဘာလုပ္တာလဲ "
"ၾကည့္ေနစမ္းပါဗ်ာ"
"မင္း ရံႊ႕ေတြက သန္႔ေရာသန္႔ရဲ႕လား"
"ေတြ႕ကရာေနရာက ယူလာတာမဟုတ္ဘူး။ဟိုျခံေထာင့္က ရံႊ႕ေတာင္ပို႔က"
ေဆာ့ဂ်င္က ဘာမွထပ္မေမးေတာ့ဘဲ အေ႐ွ႕က မီးပုံဆီ သစ္႐ြက္ေျခာက္ေတြကိုပဲ ေလာင္စာထပ္တိုးေပးလိုက္သည္။
မိနစ္အနည္းငယ္ခန္႔ၾကာေသာအခါ ေဂ်ာင္ကုက တုတ္တစ္ေခ်ာင္းျဖင့္ မီးပုံထဲက ရံႊ႕လုံးႏွစ္လုံးကို ေကာ္ထုတ္လိုက္သည္။မ်က္ႏွာျပင္တင္းမာၿပီး အက္ကြဲေျခာက္ေသြ႕ေနေသာ ရံႊ႕ေတြကို ဖယ္လိုက္လွ်င္ အေငြ႕တေထာင္းေထာင္း ထေနေသာ ၾကက္ဥကိုရေလသည္။
"အားပါး...အနံ႔ေလးက ေမႊးလိုက္တာ "
ေဂ်ာင္ကုက ေဆာ့ဂ်င္ ေငးၾကည့္ေနမွန္း သိေသာေၾကာင့္ တမင္အသံကို ျမႇင့္လိုက္ၿပီး အေငြ႕တေထာင္းေထာင္း ထေနေသာ ၾကက္ဥမ်ားကို သစ္႐ြက္ႏွင့္ခုကိုင္ကာ အခံြေတြခြာပစ္လိုက္သည္။
"စားေကာင္းမယ့္ပုံေလး..ဟီး"
ထို႔ေနာက္ တဖူးဖူးမႈတ္လိုက္ၿပီး အားရပါးရ တစ္ကိုက္,ကိုက္စားျပလိုက္သည္။ႏူးညံ့ေနေသာ အႏွစ္နဲ႔အကာမ်ားက မီးဖုတ္ထားသည္မို႔ အနံ႔ကလည္းပိုေမႊးကာ ပိုအရသာ႐ွိသည္ဟု ထင္ရသည္။
"စားခ်င္လို႔လား "
ေဆာ့ဂ်င္က သူေမွ်ာ္တာ လူမိသြားသည္မို႔ ေၾကာင္အမ္းအမ္းျဖင့္ ဆတ္ကနဲ မ်က္ႏွာလႊဲလိုက္သည္။
"စား..စား..မင္းဘာသာ"
ထိုစဥ္ အလိုက္ကန္းဆိုးမသိေသာ ဗိုက္က တဂြီဂြီႏွင့္ အသံေပးသည္။လုံးဝ ေနာက္ခိုင္းထားၿပီးမွ မေနႏိုင္သည့္အဆုံး ေဂ်ာင္ကုကို ကြက္ၾကည့္,ကြက္ၾကည့္လုပ္ကာ..
"က်န္တဲ့ တစ္ခု ငါ့ကိုေကြၽး"
"ေရာ့..."
ေဂ်ာင္ကုက ျပဳံးသြားကာ လွမ္းေပးလိုက္ေလလွ်င္ ေဆာ့ဂ်င္က ဆတ္ကနဲဆြဲယူၿပီး ခပ္ျမန္ျမန္စားပစ္လိုက္သည္။
"ေျဖးေျဖး စားပါ။နင္ေနဦးမယ္."
ေဂ်ာင္ကုက ေဆာ့ဂ်င္ကို မ်က္ေတာင္မခတ္ဘဲ ႐ႊန္း႐ႊန္းစားစားၾကည့္ရင္းေျပာသည္။ထိုအၾကည့္မ်ားေၾကာင့္ ေဆာ့ဂ်င္ခမ်ာမွာ အေယာင္ေယာင္အမွားျဖစ္ကာ ၾကက္ဥတစ္လုပ္စာကို မဝါးဘဲ မ်ိဳခ်မိလိုက္သည္။
"အဟြတ္...ဟြတ္..."
"ကဲ.. ကဲ...မေျပာဘူးလား။ေျဖးေျဖးစားပါ ဆိုတာကို"
"အဟြတ္...မင္း က မၾကည့္နဲ႔ေလ"
"ဟင့္အင္း...ၾကည့္ ခ်င္ လို႔ကို ၾကည့္ေနတာ"
"မင္း.."
ေဆာ့ဂ်င္က အရင္ကထက္ ပိုအေနခက္ကာ ေနာက္ကိုဆုတ္လိုက္သည္။ထိုအခါ ေဂ်ာင္ကုက မနီး,နီးေအာင္ အတင္းေ႐ွ႕ကိုတိုးလာသည္။
"မင္း ဘာျဖစ္ေနတာလဲ..ထပ္တိုးမလာနဲ႔"
ေျပာစကားကို မည္သည့္အခါတုန္းကမွ နားမေထာင္ေသာ ေကာင္ေလးက ဆန္႔က်င္ဘက္အေနျဖင့္ မ်က္ႏွာခ်င္း ထိလုမတတ္တိုးကပ္လာကာ ေဆာ့ဂ်င္ ခါးတစ္ဖက္ကို ထိန္းကိုင္ထားသည္။
အေ႐ွ႕သို႔ ဆြဲကပ္လိုက္ေသာအခါ လက္ထဲက စားလက္စၾကက္ဥေလးကိုေတာင္ ေယာင္ၿပီးလႊတ္ခ်မိမတတ္။ထိုေကာင္ေလးသည္ ထင္ထားတာထက္ ေၾကာက္စရာေကာင္းသည္။ဝင္သက္ထြက္သက္ေလေႏြ႕ေႏြးက သူ႕မ်က္ႏွာေပၚ ဖ်တစြာ ႐ိုက္ခတ္သြားေသာအခါ ေဆာ့ဂ်င္ မ်က္လုံးေတြမွိတ္က်သြားသည္။
"ဘာ ေတြ ေတြးေနတာတုန္း ကင္ေဆာ့ဂ်င္ရဲ႕"
အျဖစ္အပ်က္က ေဆာ့ဂ်င္ ထင္သလိုမဟုတ္။ႏူးညံ့ေသာ အနမ္းတစ္ပြင့္ က်ေရာက္လာမည့္အစား သူ႕ႏႈတ္ေထာင့္ဆီက ေပေနေသာ ၾကက္ဥ အႏွစ္ေလးကို ဖယ္႐ွားေပးလာေသာ ေကာင္ေလးရဲ႕ လက္ေတြ။
"အား...မင္း..."
ေဆာ့ဂ်င္သည္ စိတ္ဆိုးတာေရာ ႐ွက္တာေရာ စုေပါင္းသြားၿပီး နား႐ြက္ႏွစ္ဖက္လုံးရဲရဲတြတ္သြားသည္။ထို႔ေနာက္ မတ္တပ္ထရပ္လိုက္ရင္း ေဂ်ာင္ကု၏ ေျခေထာက္တစ္ဖက္ကိုပါ တက္နင္းပစ္လိုက္သည္။
"အ႐ူးေကာင္...ငါ့ေနာက္လိုက္မလာနဲ႔..ေနခဲ့"
"အား...ေသပါၿပီ ကြၽန္ေတာ္႕ေျခေထာက္ေတာ့ က်ိဳးၿပီထင္တယ္"
"ေသ..ေသ...မသနားဘူး"
ေဆာ့ဂ်င္က ေနာက္ကိုတစ္ခ်က္မွ ျပန္မၾကည့္ဘဲ ေဆာင့္ေဆာင့္ ေအာင့္ေအာင့္ျဖင့္ ထြက္လာလွ်င္ ဂြၽန္ေဂ်ာင္ကု၏ အသံခပ္အုပ္အုပ္က ထြက္ေပၚလာသည္။ထို႔ေၾကာင့္ အတင္းေနာက္ေၾကာင္းျပန္ေျပးၿပီး ေမာင္မင္းႀကီးသား၏ ပါးစပ္ကိုလက္ဝါးႏွင့္ အတင္းအုပ္ကာ ထိပ္ကိုတစ္ခ်က္ ထုလိုက္သည္။
"အဘြားေရ ဒီမွာဗ်ိဳ႕....ကိုကိုက သူ႕ကိုမနမ္းလို႔တဲ့။ကြၽန္ေတာ္႕ေျခေထာက္ကို တက္နင္းသြားတယ္"
᪥ ~ ᪥ ~ ᪥
ေစ်းထဲတြင္ ယခင္ကထက္ လူမ်ား က်ိတ္က်ိတ္တိုးစည္ကားေနသည္။ေဆာ့ဂ်င္သည္ ထုံးစံအတိုင္း ငါးျမႇားတံကို ပခုံးေပၚထမ္းကာ လမ္းေဘးဝဲယာက ဆိုင္ေတြဆီ လိုက္ေငးေနသည္။အိမ္အတြက္ လိုအပ္တာေလးေတြ ဝယ္ဖို႔ျခမ္းဖို႔ေရာ မေန႔က ဖမ္းမိခဲ့သမွ် ငါးအခ်ိဳ႕ကိုေရာင္းဖို႔အတြက္ေရာ ေစ်းထဲကို လာခဲ့တာျဖစ္သည္။
မလိုက္ခ်င္,လိုက္ခ်င္ႏွင့္ လိုက္လာရေသာ ေဂ်ာင္ကုမွာ မ်က္ႏွာကိုရဲရဲမေဖာ္ဘဲ ဟိုၾကည့္ ဒီၾကည့္ႏွင့္ ေစ်းထဲကလူမွန္သမွ်ကို အရိပ္အေျခလိုက္ၾကည့္ေနသည္။
ဒီလိုဆိုေတာ့လည္း အိမ္မွာ ဗိုလ္က် ခဲ့တဲ့ အေမႊစိန္မဟုတ္တဲ့အတိုင္း.။ဒင္းကိုက ခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳး။
"ကင္ေဆာ့ဂ်င္.. ျမန္ျမန္ျပန္ရေအာင္"
"ေနပါဦး။ေစ်းဝယ္ရဦးမယ္။ဘယ္လိုျဖစ္ေနတာလဲ"
"ျမန္ျမန္ဝယ္ၿပီး ျပန္ရေအာင္။ဒီမွာၾကာၾကာ မေနခ်င္ဘူး"
ေဆာ့ဂ်င္က ဟက္ကနဲတစ္ခ်က္ရယ္လိုက္ကာ..
"ဘာလဲ။အလိမ္အညာေတြ လူမိသြားမွာစိုးလို႔လား။ေတာ္ၾကာ မင္းအေဖနဲ႔မင္းအေမက တစ္ေနရာရာကေန ေပၚလာၿပီး ဒါက ကြၽန္မတို႔ရဲ႕သားေလးပါဆိုၿပီး ေခၚသြားမွာစိုးေနလို႔လား။မင္းကေလ ေတာ္ေတာ္ဉာဏ္မ်ားတဲ့ေကာင္ ငါ့အဘြားက မင္းေျပာသမွ်ကို ယုံေနတာ"
သူသည္ ေဆာ့ဂ်င္၏ စကားေတြကို မၾကားမိ။တစ္ေနရာဆီကို အၾကည့္ေရာက္ကာ မ်က္ေမွာင္ႏွစ္ဖက္လုံး တြန္႔ကုပ္သြားသည္။
ေဂ်ာင္ကု ၾကည့္ေနသည့္ ေနရာကား ဆန္ႏွင့္ စားစရာမ်ားေဝေနေသာ ေနရာျဖစ္သည္။
မ႐ွိဆင္းရဲသားမ်ားအား စားနပ္ရိကၡာဖူလုံေစျခင္း အလို႔ငွာ နန္းေတာ္က တစ္ပတ္လွ်င္တစ္ခါ ဆန္ႏွင့္စားစရာမ်ား ေဝငွေပးသည့္ အစီအစဥ္ျဖစ္သည္။စားနပ္ရိကၡာဖူလုံေရးဌာနက တာဝန္ယူၿပီး ထိုအစီအစဥ္ကို အေကာင္အထည္ ေဖာ္ခဲ့သည္မွာ အေတာ္ၾကာခဲ့ၿပီျဖစ္သည္။
ေဂ်ာင္ကုသာ အမွတ္မမွားဘူးဆိုလွ်င္ တစ္ဦးလွ်င္ ဆန္အိတ္တစ္အိတ္၊ဂ်ံဳတစ္အိတ္ႏွင့္အျခား စားေသာက္ဖြယ္ရာမ်ားပါပါသည္။ယခုမူကား တန္းစီေနေသာ ျပည္သူမ်ားသည္ ေနပူက်ဲက်ဲထဲတြင္ အခ်ိန္အေတာ္ၾကာရပ္ၿပီးမွ ဆန္တစ္အိတ္ေသးတစ္အိတ္သာ ရၾကသည္။ထိုသို႔ဆိုလွ်င္ တျခားစားေသာက္ဖြယ္ရာမ်ား ဘယ္ေနရာသို႔ေရာက္သြားပါသနည္း။
"မင္း ဘာရပ္ၾကည့္ေနတာလဲ သြားရေအာင္"
"ခဏေနဦး.."
မတရားေသာအမႈကို ျမင္လွ်င္ အလိုလိုေခါင္းေထာင္ ထခ်င္လာေသာ သူ၏ဗီဇေသြးကို မလြန္ဆန္ႏိုင္။လက္ႏွစ္ဖက္ကို ေနာက္ပစ္ၿပီးသည္ႏွင့္ ထိုေနရာသို႔ ေျခလွမ္းက်ဲတို႔ျဖင့္ အလိုလိုေရာက္သြားသည္။
"အဟမ္း...ဒီမွာ..ဒီကတာဝန္႐ွိသူနဲ႔ က်ဳပ္စကားေျပာခ်င္တယ္"
ေဂ်ာင္ကု အသံၾကားေသာအခါ စာရင္းစာအုပ္တစ္အုပ္ကိုင္ထားေသာ လူႀကီးက ေခါင္းေမာ့ၾကည့္လာသည္။ထို႔ေနာက္ ေဂ်ာင္ကု၏ ဝတ္ပုံစားပုံကိုေခါင္းကေန ေျခအဆုံးၾကည့္ၿပီး ႏွာေခါင္းတစ္ခ်က္႐ႈံ႕ကာ လက္ထဲက စာရင္းစာအုပ္ဆီ ျပန္အၾကည့္ေရာက္သြားသည္။
အေရးမလုပ္၊ဂ႐ုမထားဘူး ဆိုသည့္ သေဘာ။
ေဂ်ာင္ကု နားထင္ေၾကာေတြ ေထာင္ထသြားသည္။
္"မင္း ဘာလုပ္မလို႔လဲ။ျပႆနာမ႐ွာခ်င္စမ္းနဲ႔"
ေဆာ့ဂ်င္သည္ ခပ္ေအးေအးေနသူျဖစ္ရာ အမႈအခင္းမ်ားကို လြန္စြာေၾကာက္သည္။
"ေဆာ့ဂ်င္ အရင္ ျပန္ႏွင့္ပါလား"
"ဘယ္ျပန္လို႔ျဖစ္မလဲ။အဘြားက ငါ့ကိုဆူမွာေပါ့"
ယခင္က ထိုေကာင္ေလးကို မ႐ွိေလ ေအးေလ ဆိုသည့္စိတ္ႏွင့္ ျမန္ျမန္ေပ်ာက္ကြယ္သြားပါေစဟု ဆုေတာင္းမိခဲ့ဖူးသည္။ယခုမူကား သူတို႔အိမ္ေလးကေန ထြက္သြားမွာကို ေၾကာက္သည္။
အထူးသျဖင့္ ထိုေကာင္ေလးကို ခင္တြယ္လြန္းေနေသာ အဘြားျဖစ္သူ စိတ္ထိခိုက္မွာစိုးသည္။ၿပီးေတာ့ သူကိုယ္တိုင္လည္း ေကာင္ေလးလက္ကို ဆြဲထားခ်င္သည္။
အလြန္တရာ ျမင္ျပင္းကပ္သည့္ ၾကားက ေကာင္ေလး၏ စကားသံေတြကအစ အမူအရာေလးေတြကအစ ထာဝရေပ်ာက္ကြယ္သြားမွာ ေၾကာက္သည္။အ႐ိုး႐ွင္းဆုံးေျပာရလွ်င္ ေကာင္ေလးအေပၚ သူ ေမတၱာ႐ွိေနၿပီ။
"ကိုယ္ေျပာတာ နားေထာင္ပါ ေဆာ့ဂ်င္။သိပ္မၾကာခင္ ကိုယ္လိုက္လာမယ္"
အတင္းတြန္းလႊတ္ေနေသာေၾကာင့္ ေပကပ္ကပ္ျဖင့္ပင္ ေကာင္ေလးကိုလွမ္းျမင္ႏိုင္ေသာ အကြာအေဝးကေန ရပ္ၾကည့္ေနလိုက္သည္။သူ စိတ္မခ်။ျပႆနာတစ္ခုခုျဖစ္မွာစိုးသည္။
"ခင္ဗ်ား နားကန္းေနတာလား။ဒီမွာတာဝန္႐ွိတဲ့သူက ဘယ္သူလဲ"
ေဂ်ာင္ကု၏ ခပ္က်ယ္က်ယ္အသံေၾကာင့္ တန္းစီေနေသာ လူစုပင္လွ်င္တိတ္က်သြားသည္။ထိုအခါမွ စာရင္းစာအုပ္ကိုင္ထားေသာ လူႀကီးက ၾကည့္ေဖာ္ရေတာ့သည္။
"ငါပဲ...စားနပ္ရိကၡာဖူလုံေရးဌာနက လက္ေထာက္အဆင့္( ၃)မင္ဂ်ယ္ဟြာပဲ"
"ဒါဆို က်ဳပ္ေမးမယ္။ဒီမွာ တန္းစီေနတဲ့လူေတြရတာ ဆန္အိတ္ေလးတစ္အိတ္တည္းရယ္။က်န္တဲ့ဂ်ံဳအိတ္နဲ႔ စားစရာေတြေရာ"
"အဲ့ဒါ မင္းနဲ႔ဘာဆိုင္လဲ။ကိုယ့္ေနရာ ကိုယ္မသိဘူး။မင္းလိုေကာင္ကပဲ"
ေဒါသတရားကို ဆက္လက္ထိန္းခ်ဳပ္ထားဖို႔ မျဖစ္ႏိုင္ေတာ့။သန္မာေသာ လက္အစုံက ထိုသူ႕ရင္ဘတ္က အက်ီစကို ဆြဲဆုပ္ကိုင္လိုက္သည္။
"အသက္မေသခ်င္ရင္ က်န္တဲ့စားစရာေတြ အခုထုတ္ေပးလိုက္။မဟုတ္ရင္ တရား႐ုံးေတာ္ကို အခုခ်က္ခ်င္းပို႔ပစ္လိုက္မယ္"
ထိုသူက မခိုးမမခန္႔ေလသံျဖင့္ ရယ္ကာ သူ႕ကိုျပန္ၾကည့္သည္။
"အဟက္..ရယ္စရာပဲ။မင္းက ဘာေကာင္မို႔လဲ။လာၾကစမ္း..ရဲမက္တို႔ ဒီေကာင့္ကို ဆြဲထုတ္သြားလိုက္"
ထိုအခါ လုံျခဳံေရးယူထားေသာ ရဲမက္မ်ားသည္ ေဂ်ာင္ကုအနားသို့ တိုးကပ္လာၾကသည္။ဓားအိမ္ထဲက အေရာင္လဲ့ေနေသာ ဓားသြားကို ဆြဲထုတ္လိုက္ေသာအခါ အနားက စားစရာယူဖို႔ တန္းစီေနသူေတြေရာ တျခားလာရပ္ၾကည့္ေနသူမ်ားပါ လန္႔ဖ်န္႔ကုန္ၾကသည္။
ခပ္လွမ္းလွမ္းမွာ ရပ္ေနေသာ ေဆာ့ဂ်င္သည္ ျဖစ္ခ်င္ရာျဖစ္ ဟူေသာ ပုံစံျဖင့္ ေဂ်ာင္ကု႐ွိရာကို လူအုပ္ၾကားမွ ၿဖဲခြဲဝင္လာသည္။
ဘယ္ေလာက္ပဲ ေၾကာက္သည္ ဆိုဦးေတာ့။ေကာင္ေလး ဒုကၡ ေရာက္မွာကိုေတာ့ သူဒီအတိုင္းရပ္ၾကည့္မေနႏိုင္။
သို႔ေသာ္ တိတ္ဆိတ္ေနေသာ လူအုပ္ၾကားတြင္ ၾကည္လင္ ခန္႔ညားေသာ ေကာင္ေလး၏ အသံေၾကာင့္ သူ႕ေျခလွမ္းေတြ ရပ္တန္႔သြားသည္။
"ေကာင္းၿပီ..ကိုယ္ေတာ္႕ လည္ပင္းေပၚက ဓားသြားကို အခုဖယ္ေပး"
ေဂ်ာင္ကုသည္ အက်ီအိတ္ထဲက ခပ္ဝိုင္းဝိုင္းအရာတစ္ခုကို ထိုရဲမက္၏ လက္ထဲသို႔ ထည့္ေပးလိုက္သည္။
"ဟင္..ဒါက...ဒါက ေတာ္ဝင္ေက်ာက္စိမ္းတံဆိပ္ျပား"
ထိုအရာကို ၾကည့္ၿပီးေနာက္ ရဲမက္သည္ မ်က္လုံးျပဴးမ်က္ဆန္ျပဴးျဖင့္ ေျမႀကီးေပၚသို႔ ျပားျပားဝပ္ထိုင္ခ်လိုက္သည္။
"အားလုံးပဲ ဦးၫႊတ္ၿပီးအ႐ိုအေသ ေပးၾက..ဂ်ိဳဆြန္းရဲ႕ အိမ္ေ႐ွ႕စံ မင္းသားေလးပဲ"
"ဟင္!!"
"ဟာ..!"
လူအုပ္ႀကီးဆီမွ အာေမဍိတ္မ်ိဳးစုံပြက္ေလာ႐ိုက္သြားသည္။
"တစ္ခါပဲ ခြင့္လႊတ္ေပးပါ အ႐ွင့္သား။ကြၽန္ေတာ္မ်ိဳးကို ခြင့္လႊတ္ေပးေတာ္မူပါ"
ခုနကအထိ မာေရေၾကာေရေျပာေနသည့္ လူႀကီးေရာ ရဲမက္မ်ားပါ ဒူးေထာက္ကာ အသည္းအသန္ ေတာင္းပန္ေနၾကသည္
ေဆာ့ဂ်င္သည္ ကိုယ့္နားကို ကိုယ္မယုံႏိုင္။အံ့ၾသတုန္လႈပ္ျခင္း ႀကီးစြာျဖင့္ လက္ထဲက ငါးျမႇားတံေလးပင္ လြတ္က်သြားသည္။
ဘုရား...ဘုရား...အိမ္ ေ႐ွ႕ စံ တဲ့လား။
ေလာကႀကီးက ဆန္းက်ယ္လိုက္တာ။ဒီေကာင္ေလးက ဂ်ိဳဆြန္းရဲ႕ အိမ္ေ႐ွ႕စံတဲ့။
ထို႔ေနာက္ လူအုပ္ႀကီးကလည္း တညီတညာတည္း ဒူးေထာက္ၿပီး ဦးၫႊတ္ၾကသည္။ေဆာ့ဂ်င္သည္ အေယာင္အမွားမွားျဖင့္ ေရာေယာင္ၿပီးဒူးေထာက္ကာ အ႐ိုအေသျပဳသည္။သို႔ေသာ္ သူ႕လက္မ်ားသည္ တဆတ္ဆတ္တုန္ေနသည္။
"အိမ္ေ႐ွ႕စံမင္းသားေလး က်န္းမာပါေစ"
"သက္ေတာ္႐ွာေက်ာ္ ႐ွည္ပါေစ
᪥ ~ ᪥ ~ ᪥
ေဆာ့ဂ်င္သည္ ဘယ္အခ်ိန္ ဘယ္လိုျပန္လာခဲ့မိမွန္းေတာင္ မမွတ္မိေတာ့။အိမ္ေ႐ွ႕က ကြပ္ပ်စ္ေပၚကိုေရာက္မွ အိမ္ျပန္ေရာက္မွန္းသတိကပ္မိေတာ့သည္။အေမာေျဖရင္း ေရအိုးထဲက ေရတစ္ခြက္ကို ခပ္ေသာက္ပစ္လိုက္သည္။
"အဘြားေရ..အဘြား..."
"ဘာျဖစ္လာတာလဲ..ေျမးရဲ႕"
တုန္တုန္ခ်ိခ်ိႏွင့္ အိမ္ေပၚက ဆင္းလာေသာ အဘြားကိုေဂ်ာင္ကုကို မျမင္သည္ႏွင့္ အႏၲရာယ္ တစ္ခုခုမ်ားၾကဳံလာသလားဟု စိတ္ပူသြားသည္။
"ဟိုကေလးေရာ...ဟိုကေလးဘယ္မွာက်န္ခဲ့လဲ"
"အဘြား..သူ..သူက..."
ေဆာ့ဂ်င္ ေတာ္ေတာ္ႏွင့္မေျပာႏိုင္။အခုအခ်ိန္ထိ ရင္တုန္ေနတာက ေပ်ာက္မသြားေသး။ခံစားခ်က္မ်ိဳးစုံက ပူတစ္လွည့္ ေအးတစ္လွည့္ ျဖစ္ကာ အေျခအေနမွန္ကို လက္ခံႏိုင္ဖို႔ မယုံၾကည္ႏိုင္ေအာင္ တုန္လႈပ္ေနသည္။
"သူက အိမ္ေ႐ွ႕စံတဲ့ "
"အဲ့ဒီေကာင္ေလးက အိမ္ေ႐ွ႕စံတဲ့ "
"ေဟ...."
အဘြားသည္လည္း ေဆာ့ဂ်င္လိုပင္ 'ေဟ'ဟု သံ႐ွည္ဆြဲကာ ရပ္ေနရာမွ ဖင္ထိုင္က်သြားသည္။
"ဘယ္လိုလုပ္ရမလဲ။ကြၽန္ေတာ္႕ဘဝေတာ့ သြားၿပီ"
"သူ႕ကို ေကာင္စုတ္ေလးတို႔ ေကာင္ေလးတို႔အမ်ိဳးမ်ိဳးေခၚခဲ့တာ..ၿပီးေတာ့ ေခါင္းကိုထုလိုက္ ေက်ာကို႐ိုက္လိုက္နဲ႔။ဒါေၾကာင့္ အရင္တစ္ခါက သူေျပာခဲ့ဖူးတာ သူ႕ေခါင္းကို ထိတာမႀကိဳက္ဘူးတဲ့။အဘြားေရ ကြၽန္ေတာ္ေတာ့ ေသၿပီ။ကြၽန္ေတာ္႕ကို ရဲမက္ေတြနဲ႔လာဖမ္းေတာ့မယ္ ထင္တယ္"
ေဆာ့ဂ်င္သည္ တရစပ္ေျပာၿပီးသည္ႏွင့္ စိတ္ဓာတ္အႀကီးအက်ယ္က်သြားကာ အဘြားကိုေတာင္ အေရးမလုပ္ႏိုင္ေတာ့ဘဲ အခန္းထဲ ဝင္ၿပီး တံခါးကိုအေသပိတ္ထားလိုက္ေတာ့သည္။
..
..
ဒီတစ္ပတ္လုံး သူႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္မေပ်ာ္။ညသန္းေခါင္ယံတြင္ အိမ္ေ႐ွ႕က ျမင္းခြာသံမ်ား ၾကားရသည္ဟုနားထဲ ၾကားေယာင္သည္။တရား႐ုံးေတာ္တြင္ အိမ္ေ႐ွ႕စံကိုယ္တိုင္က သူ႕ကို အမႈစီရင္သည္ဟု အိမ္မက္မက္သည္။
နန္းေတာ္မွာ ႐ွိေနရမည့္ အိမ္ေ႐ွ႕စံမင္းသားသည္ ဘယ္လိုဓာတ္ေဖာက္ျပန္ၿပီး သူ႕အိမ္အထိ လာေမႊသည္ဟု မေတြးတတ္ေတာ့။
ၿပီးေတာ့ 'ခ်စ္တယ္' လို႔ေျပာခဲ့တာကေရာ။
ေသခ်ာေပါက္ ကစားခဲ့တာေပါ့။
အိမ္ေ႐ွ႕စံအဆင့္ႏွင့္ မိမိလိုအရပ္သားတစ္ေယာက္၏ အဆင့္သည္ မိုးႏွင့္ေျမလို႔ ကြာျခားသည္။သူသည္ အိမ္ေ႐ွ႕စံ၏ ဘဝထဲတြင္ အပ်င္းေျပေဆာ့ကစားျခင္းခံရေသာ မျဖစ္စေလာက္ အမႈန္အမႊားေလး သာသာပဲျဖစ္လိမ့္မည္။
"အား...ဆိုးလိုက္တာ။ကိုယ့္ဘာသာ နန္းေတာ္မွာမေနဘဲ ငါ့ဘာသာ ေနေနတဲ့ဘဝထဲကို လာ႐ႈပ္တယ္။အခုက်ေတာ့ ငါ့ကိုေတာင္ သတိရေသးရဲ႕လား။ဒင္းက ေမ့ေနေလာက္ၿပီ...အီး"
"မင္းဘာသာ မင္းသားေလး မကလို႔ဘာျဖစ္ျဖစ္...ငါ့ဆီက အနမ္းေတြကိုလည္း ဇြတ္တ႐ြတ္ယူသြားေသးတယ္။မေကာင္းတဲ့ေကာင္.."
ထိုစကားမ်ားသည္ သူတစ္ေယာက္တည္း႐ွိတုန္း အခ်ိန္တြင္သာ ေပါက္ကြဲၿပီးေျပာေနျခင္း ျဖစ္သည္။အသံက်ယ္က်ယ္လည္း မေျပာရဲ။တစ္ေယာက္ေယာက္ၾကားသြားမွာ စိုးသည္။
စိတ္ေပါက္ေပါက္ႏွင့္ ေခါင္းအုံးကို ေဂ်ာင္ကုအမွတ္ျဖင့္ ထုေနတုန္း ျမင္းခြာသံ တခြပ္ခြပ္ကိုၾကားရျပန္သည္။
"ေန႔ခင္းေၾကာင္ေတာင္မွာေတာင္ ငါ့ကို ဒီအသံေတြကဒုကၡေပးေနတယ္။အား....မၾကားခ်င္ဘူး..မၾကားခ်င္ဘူး"
"မၾကားခ်င္လို႔ မရဘူး ေျမးေရ။အိမ္ေ႐ွ႕ကို ထြက္ၾကည့္ဦး"
သူ႕အသံေနာက္ကေန တစ္ဆက္တည္းေပၚလာေသာ အဘြားအသံေၾကာင့္ အိမ္မက္မဟုတ္မွန္းသိလိုက္ရသည္။
ေသခ်ာၿပီ။အဖမ္းခံရၿပီ။
ေျခတုန္တုန္ လက္တုန္တုန္ျဖင့္ တံခါးကိုဖြင့္လိုက္ေသာအခါ ဓားကိုယ္စီလြယ္ထားေသာ ရဲမက္မ်ားကို ေတြ႕လိုက္ရသည္။ထိုရဲမက္မ်ားၾကားမွ မ်က္ခုံးေမႊးျဖဴျဖဴႏွင့္ နန္းတြင္းဝတ္စုံဆင္ျမန္းထားေသာ အဘိုးႀကီးသည္ အေ႐ွ႕ကိုထြက္လာၿပီးသည့္ေနာက္ ျပဳံး႐ႊင္ေသာ မ်က္ႏွာထားျဖင့္..
"ဒီကလူေလးက ကင္ေဆာ့ဂ်င္ေနာ္"
"ဟုတ္...ဟုတ္ပါတယ္ခင္ဗ်"
"ကြၽန္ေတာ္မ်ိဳးက အိမ္ေ႐ွ႕စံမင္းသားေလးရဲ႕ အထိန္းေတာ္ေ႐ွာင္းပါ။မင္းသားေလးက အေခၚလႊတ္လိုက္လို႔ ေရာက္လာတာပါ"
"ဗ်ာ...ကြၽန္ေတာ္႕....ကို.."
"လိုက္မလာရင္ ကြၽန္ေတာ္မ်ိဳးတို႔ကို နန္းေတာ္ကိုျပန္မလာဖို႔လည္း မွာလိုက္ပါေသးတယ္"
အထိန္းေတာ္ႀကီးေ႐ွာင္းသည္ တတ္ႏိုင္သမွ် မ်က္ႏွာခ်ိဳေသြးကာ ခ်ိဳခ်ိဳသာသာေျပာသည္။မင္းသားေလးမွာလိုက္သည္က ကင္ေဆာ့ဂ်င္သာ လိုက္မလာခဲ့ရင္ နန္းေတာ္ထဲအရင္ကထက္ ႏွစ္ဆပိုေမႊမည္ဟူ၍ ျဖစ္သည္။ထိုအမွာစကားကို အမွန္အတိုင္း မေျပာဘဲ 'လိုက္လာေအာင္ မေခၚေပးႏိုင္ရင္ နန္းေတာ္ကို ျပန္မလာႏွင့္'ဟု အဆင္ေျပေအာင္ ေျပာလိုက္ျခင္းျဖစ္သည္။
အမွန္အတိုင္းသာ ေျပာလိုက္ပါလွ်င္မူ ကင္ေဆာ့ဂ်င္ဟူေသာ ေကာင္ေလးသည္ ဘယ္ေတာ့မွလိုက္လိမ့္မည္မဟုတ္။
နဂိုမူလကေတာင္ တစ္ေန႔တစ္မ်ိဳးမ႐ိုးရေအာင္ ေမႊတာ။ႏွစ္ဆ ဆိုသည့္ပမာဏသည္ မင္းႀကီးေရာမိဖုရားႀကီးပါ ေသြးတက္ႏိုင္သည့္ ပမာဏျဖစ္သည္။ထို႔ေၾကာင့္ ယခုအခ်ိန္တြင္ ကင္ေဆာ့ဂ်င္သည္ သူတို႔အားလုံး၏ ေက်းဇူး႐ွင္ေလးျဖစ္သည္။
"ေကာင္းပါၿပီ။ကြၽန္ေတာ္ လိုက္ခဲ့ပါ့မယ္"
အထိန္းေတာ္ႀကီးသည္ ထိုစကားကိုၾကားေတာ့မွ သက္ျပင္းခ်ႏိုင္ေတာ့သည္။အနည္းဆုံးေတာ့ ဒီရက္ပိုင္း နန္းေတာ္ထဲတြင္ နားေအးပါးေအးေနရမည္ျဖစ္သည္။
ထို႔အျပင္ အခ်စ္ဇာတ္လမ္းေလး တစ္ပုဒ္ကိုလည္း ျမင္ေတြ႕ႏိုင္ဖြယ္ရာ႐ွိသည္။
᪥ ~ ᪥ ~ ᪥
"သူ ေစာင့္ေနပါတယ္..ဝင္သြားလိုက္ပါ လူေလး"
ေဆာ့ဂ်င္သည္ ႀကီးမားၿပီး ခမ္းနားလြန္းလွေသာ နန္းေဆာင္အသြယ္သြယ္ကို ေမွ်ာ္မဆုံးႏိုင္႐ွိသည္။ထို႔ေနာက္ သူ႕အစုႏွင့္သူ နန္းေဆာင္တစ္ခုႏွင့္တစ္ခုၾကား သြားလာလႈပ္႐ွားေနၾကေသာ နန္းတြင္းသူမ်ားသည္လည္း တစ္မ်ိဳးတစ္ဖုံၾကည့္ေကာင္းေနၾကျပန္သည္။
ထိုအရာမ်ားအားလုံးထက္ သူရင္ခုန္ေနသည္က သူ႕ေ႐ွ႕တည့္တည့္က နန္းေဆာင္အတြင္း ေစာင့္ေနမည့္သူ။
"အ႐ွင့္သား ကင္ေဆာ့ဂ်င္ေရာက္ပါၿပီ"
အခန္းေ႐ွ႕က နန္းတြင္းသူတစ္ဦးက အသိေပးလိုက္ေသာအခါ အထဲက ျပန္ေျဖသံတိုးတိုးကိုၾကားလိုက္ရသည္။ထိုအခါ ေဆာ့ဂ်င္၏ လက္မ်ားသည္ ယခင္ကထက္ပိုေအးသြားသည္။
"ဝင္လာခိုင္းလိုက္"
နဂါးႏွစ္ေကာင္ပုံစံ ထြင္းထားေသာ တံခါးမႀကီးကို ဆြဲဖြင့္လိုက္ေသာအခါ အေပါက္ဝကိုေက်ာေပးၿပီး သူ႕ကိုေနာက္ခိုင္းေနသည့္ အိမ္ေ႐ွ႕စံ။
"ဟို....ကြၽန္....ကြၽန္ေတာ္မ်ိဳး...ေရာက္...ေရာက္ပါၿပီ"
အထစ္ထစ္အေငါ့ေငါ့ျဖင့္ သူဆိုေလေသာ္ ထိုေက်ာခိုင္းေနသည့္ မ်က္ႏွာကသူ႕ဘက္လွည့္လာသည္။
"ေနေကာင္းလား ကင္ေဆာဂ်င္"
ဝင္းဝါေသာ အသားအေရႏွင့္လိုက္ဖက္ေနသည့္ ဝတ္႐ုံ႐ွည္သည္ ေခ်ာေမာေသာ မ်က္ႏွာကို ပိုၿပီးတည္ၾကည္ ခန္႔ညားေအာင္ အားျဖည့္ေပးထားသည္။
အိမ္ရွေ႕စံ ဝတ္စုံအျပည္ႏွင့္ မင္းသားကိုၾကည့္ရင္း ေဆာ့ဂ်င္သည္ ႏွလုံးခုန္သံေတြ တဆတ္ဆတ္တုန္လာသည္။
"ေကာင္းပါတယ္ အ႐ွင့္သား"
"အင္း...ဒါဆို ကိုယ္ေတာ္တို႔ ေျပာစရာ႐ွိတာေျပာရေတာ့မယ္"
ထိုစကားေၾကာင့္ သူ႕ႏွလုံးက အျပင္ကိုခုန္ထြက္ေတာ့မည္ ဟုထင္ရသည္။
"ကိုယ္ေတာ္..ေမာင္မင္းရဲ႕အိမ္မွာ႐ွိစဥ္က ကိုယ္ေတာ္႕အေပၚက်ဴးလြန္ခဲ့တဲ့အျပစ္ေတြကို မွတ္မိမွာေပါ့"
"မွတ္..မွတ္မိပါတယ္"
"ေကာင္းၿပီ။အဲဲ႕ဒီအျပစ္ေတြအတြက္ ကိုယ္ေတာ္ကိုယ္တိုင္ စြဲခ်က္တိုင္မယ္။ကိုယ္ေတာ္ကိုယ္တိုင္ တရားစီရင္မယ္။ကိုယ္ေတာ္ကိုယ္တိုင္ အမိန္႔ခ်မယ္"
ေဆာ့ဂ်င္က မ်က္လုံးႏွစ္ဖက္ကိုစုံမွိတ္ကာ အဆိုး႐ြားဆုံးေသာ အေျဖကို ေမွ်ာ္လင့္ထားလိုက္သည္။
"ေမာင္မင္းကို တစ္သက္တစ္ကြၽန္း အက်ဥ္းခ်ထားဖို႔ ကိုယ္ေတာ္ဆုံးျဖတ္လိုက္ၿပီ"
"ဗ်ာ...နည္းနည္းသက္ညႇာ...."
"ကိုယ္ေတာ္႕ရင္ခြင္ထဲမွာ"
"ဟင္.."
အံ့ၾသျခင္း အစုံျဖင့္ အာေမဍိတ္သံတစ္ခု ထြက္သြားေသာအခါ ေဂ်ာင္ကုက သူ႕ေ႐ွ႕ကိုေရာက္ေနၿပီျဖစ္သည္။တန္းတူျဖစ္ေအာင္ ထိုင္ခ်လိုက္ရင္း ေအးစက္ေနေသာ ေဆာ့ဂ်င္လက္ႏွစ္ဖက္ကို ဆုပ္ကိုင္လာသည္။
"ေျပာပါဦး..အရင္ကလို 'မင္း..'ဆိုၿပီး ဆူပူတဲ့အသံေလး ကိုယ္ၾကားခ်င္လို႔"
႐ုတ္တရက္မို႔ ေဆာ့ဂ်င္က မ်က္လုံးအဝိုင္သားျဖင့္ မွင္တက္ေနမိသည္။သူထင္သည္က အျပစ္ေပးဖို႔ သက္သက္ အေခၚလႊတ္တာပဲ ျဖစ္မည္ဟု။
"မယုံေသးတာလား။ကိုယ္ စေနာက္ေနတာမဟုတ္ဘူး။ကင္ေဆာ့ဂ်င္ကို တကယ္ခ်စ္တာ "
"အဲ့ဒါက...မင္းသား..."
ေဂ်ာင္ကုက ေဆာ့ဂ်င္၏ ေမးေစ့ကိုကိုင္ၿပီး ေမာ့ေစသည္။မ်က္ႏွာေမာ့လာခ်ိန္တြင္ သူ႕ ႏႈတ္ခမ္းလႊာကို ဖြဖြနမ္း႐ိႈက္သည္။ထို႔ေနာက္ လက္ေကာက္ဝတ္ကို ခ်ဳပ္ကိုင္ကာ မ်က္လုံးခ်င္းဆုံေအာင္ ၾကည့္လိုက္သည္။လိုအပ္သည္ထက္ ပိုနီးကပ္ေနေသာ အေနအထားေၾကာင့္ အသက္႐ႈသံႏွစ္ခုကို ေပါင္းစည္းသြားမလား ထင္ရသည္။
"ဟင့္အင္း...ကိုယ့္ကို အဲဲ႕ဒီလိုမေခၚနဲ႔။အရင္တုန္းကလိုပဲ ကင္ေဆာ့ဂ်င္ကို ခ်စ္တဲ့ ေကာင္ေလးပဲ ျဖစ္ခ်င္တယ္"
"အင္း.."
ေဂ်ာင္ကု၏ ႏူးညံ့ေသာ အျပဳအမူႏွင့္စကားမ်ားေၾကာင့္ သူ စိတ္သက္သာရာရသြားသည္။
"ေျဖပါဦး...ကိုယ့္ကိုခ်စ္တယ္မဟုတ္လား"
"ခ်စ္တယ္ ၿပီးေတာ့ မင္းကို အရမ္းလြမ္းတယ္ "
ေဆာ့ဂ်င္၏ ပြင့္ပြင့္လင္းလင္း အေခၚအေဝၚေၾကာင့္ ေဂ်ာင္ကုျပဳံးသြားသည္။ထို႔ေနာက္ သြက္လက္စြာပင္ ခါးကိုဆြဲဖက္လိုက္ကာ နီနီရဲရဲ ႏႈတ္ခမ္းလႊာကို ထပ္မံ အနမ္းေႁခြလိုက္သည္။
"တျခားအရာေတြ ဘာမွမလိုေတာ့ဘူး...ကိုယ့္ဘဝရဲ႕လက္တြဲေဖာ္ပဲ ျဖစ္ေပး။ကိုယ့္ရင္ခြင္ထဲမွာ တစ္သက္လုံး အက်ဥ္းက်ခံႏိုင္လား"
"အင္း...ငါမင္းရဲ႕ အမိန္႔ခ်မႈကို ေက်ေက်နပ္နပ္လက္ခံတယ္"
ေဆာ့ဂ်င္က ေဂ်ာင္ကုမ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ ဆြဲယူလိုက္ရင္း ႏႈတ္ခမ္းေအာက္ဆီက မွည့္ေလးကို ျမတ္ျမတ္ႏိုးႏိုးနမ္းလိုက္သည္။
"ေဆာ့ဂ်င္ အရင္လာစတာေနာ္။ကိုယ့္အဆိုးမဆိုနဲ႔"
ထို႔ေနာက္တြင္ကား ထပ္တူက်သြားေသာ အနမ္းမ်ားႏွင့္အတူ ခ်ိဳျမန္ေသာ အခ်စ္ဓာတ္မ်ားသည္ နန္းေဆာင္ထဲဲတြင္ ျပန္႔က်ဲသြားသည္။တရိပ္ရိပ္တက္လာေသာ အခ်စ္ဒီေရမ်ားသည္ ဒီတစ္သက္ျပန္က်ဖို႔ လမ္းမျမင္ေတာ့။
တစ္ခါတစ္ရံ ဖူးစာဆိုသည့္အရာသည္ ဆန္းၾကယ္သည့္ သေဘာ႐ွိသည္။အိမ္ေ႐ွ႕စံ တစ္ျဖစ္လဲ ထိုေကာင္ေလးကို တစ္သက္လုံး လက္တြဲမျဖဳတ္ပဲ ခ်စ္သြားေတာ့မည္ဆိုတာကို ကမ႓ာေျမထုအေပၚ သစၥာျပဳစရာမလိုေအာင္ ေသခ်ာသြားခဲ့ေလသည္။
ထို႔ေနာက္တြင္မူ မင္းသားေလးႏွင့္ တံငါသည္ေလး၏ အခ်စ္ဇာတ္လမ္းေလးသည္ လူတိုင္း၏ ပါးစပ္ဖ်ားတြင္ ေျပာစမွတ္တြင္သြားရေသာ အလွပဆုံး ပံဳျပင္ေလးတစ္ပုဒ္ ျဖစ္လာေတာ့သည္။
~~~~~~~~~~~~~ ၿပီးပါၿပီ~~~~~~~~~~~~
AN. မေန႔ညကတည္းက upေပးမလို႔ပါပဲ။
အားလုံးလက္စသတ္ေရးၿပီးတဲ့အခ်ိန္က်ေတာ့ ၂နာရီထိုးသြားၿပီရယ္..အခ်ိန္မ႐ွိေတာ့လို႔ အခုမနက္မွ upေပးလိုက္တာ😁
Jinkook mmေလးေတြရတိုင္း short storyေလးေတြေရးခ်င္တာ တစ္ခါမွလက္ကခ်မေရးျဖစ္ဘူးရယ္။ဒီတစ္ခါေတာ့ ေအာင္ေအာင္ျမင္ျမင္ေရးျဖစ္သြားတယ္ေပါ့။
ပ်က္ကြက္တာေတြ အေတာ္မ်ားေနတဲ့အတြက္ ဒီရက္ပိုင္း Before I Go ဘက္ကို ျပန္ၿပီး အာ႐ုံစိုက္ပါေတာ့မယ္။ႏို႔မို႔ဆို ဒီႏွစ္အတြင္း ၿပီးဖို႔လမ္းမျမင္ဘူး😓
Thanks for your reading & voting
Riona🌼