မြန်မာစာပေအခြေခံမှ ရသစာပေသို့
By shinhtwe
20.4K 2.8K 460
အခုမှစပြီး စာရေးချင်တယ် ဘာမှလည်း မသိသေးဘူး ဆိုတဲ့သူတွေအတွက် ရသနယ်ပယ်ကို သွားတဲ့အခါ ဒီစာအုပ်လေးက လှေကားထစ်ဖြစ်... More
မိတ်ဆက်
အသုံးလွဲသော စကားလုံးများ
သတင်းစာရောင်းအား
သရုပ်ဖော်ရေးသားခြင်း
E bookဖြင့် စာဖတ်ခြင်းသည် ကောင်းလား ??
ပုဒ်ဖြတ် ပုဒ်ရပ်နှင့် စာပုဒ်ခွဲခြင်း
စာကြောင်းအမျိုးအစား Part-2 (U/Z)
စာကြောင်းအမျိုးအစား Part-3(U/Z)
ဇာတ်ကွက်ပုံဖော်ခြင်း(Z/U)
ရသ (9)မျိုးနှင့်ရသစာပေ
ရသ(9)မျိုးနှင့်ရသစာပေ
ရသ(9)မျိုးနှင့်ရသစာပေ
ရသ(9)မျိုးနှင့်ရသစာပေ
ကော်ပီ
ရသ(9)မျိုးနှင့် ရသစာပေ
မထုတ်သင့်တဲ့စာအုပ်တွေ
စာကြောင်းအမျိုးအစား(U/Z)
772 161 33
By shinhtwe
ဒါဆို "အမျိုးအစား"
Unicode
အိပ်ပျော်နေသော ကာလနဂါးမင်းရဲ့ညီမ စာရေးသူပြန်လာပါပြီ။😂😂
အလကားစတာပါ စိတ်ပါမှရေး မပါတဲ့အချိန်ကများနေသော ကျွန်မကို ခွင့်လွှတ်ပေးကြပါနော်။✍️✍️
ဇာတ်အိမ်အကြောင်းတွေရေးပေးမယ်လို့ ပြောခဲ့ပေမဲ့ အဓိကကျပြီး အခြေခံအပိုင်းလည်းဖြစ်တဲ့ အကြောင်းအရာတွေအများကြီးပြောဖို့ကျန်နေသေးလို့ပါနော်။
ဥပမာ - "စာကြောင်းအမျိုးအစား "လိုပေါ့။
မြန်မာစာမှာ "စာတစ်ကြောင်းဟာ ဘာကိုခေါ်သလဲ။"လို့ ရှင်းပြစရာမလိုဘူးထင်ပါတယ်။
ဒါဆို "အမျိုးအစား"
"မြန်မာစာကြောင်းတွေမှာ အမျိုးအစားဆိုပြီးခွဲလို့ရလား။ ရှိရော ရှိသလား။"
ဒါကတော့ တရားဝင်ပြဋ္ဌာန်းချက် ရှိမရှိ စာရေးသူမသိပါဘူး။ကိုယ်ပိုင်လေ့လာတွေ့ရှိချက်အရဖြေပါဆိုရင် စာကြောင်းအမျိုးအစားတွေခွဲလို့ရပါတယ်။အများကြီးဆိုပေမဲ့ wattpad စာရေးသူတွေအသုံးဝင်မဲ့ အချို့ကိုပဲ တင်ပြပါမယ်။
(ဒီကနေ သေချာစဉ်းစားဖတ်ပေးနော် အရေးကြီးလို့ပါ အယူအဆအမှားတွေကို တည့်တည့်ကြီးပဲထောက်ပြတော့မှာမို့ အနာရှိရင် စပ်ပါလိမ့်မယ် ဒါပေမဲ့ ဘယ်လူကြီးမင်းကိုမှ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ချက်မပါလို့ နားလည်ကျဖို့ တောင်းဆိုပါတယ်)
1.ရေးတဲ့အခါဖြစ်လေ့ရှိသောအမှားများ
စာအရေးအသားကောင်းဖို့ဆိုတာ
စကားလုံးအနုအရွလေးတွေရေးပြီး Emotionတွေ feelingတွေအများကြီးရေးလိုက်တာနဲ့ ပြည့်စုံပြီ
ထင်လိုက်ရင် လုံးဝ မှားပါတယ်နော် ❎❎❎
စာလုံးအနုအရွတွေနဲ့ စိတ်ခံစားချက်တွေကိုဖော်ပြတတ်ခြငိးဟာ စာရေးခြင်းအတတ်ပညာတစ်ခုပါ ဝန်ခံတယ်
ဒါပေမဲ့ ဇာတ်လမ်းတစ်ပုဒ်လုံးမှာ ပါတဲ့စာကြောင်းတိုင်းဟာ အနုအရွတွေနဲ့ စိတ်ခံစားချက်တွေချည်းပဲ ဆိုရင်တော့ ဒါပြန်စဉ်းစားရလိမ့်မယ်
(ဒါမျိုး emotional onlyရေးကျတဲ့ အက်ဆေးအမျိုးအစားက သပ်သပ်ရှိပါတယ်)
   wattpadမှာ တချို့ဇာတ်လမ်းတွေရှိတယ်
>> ဇာတ်ကောင်တိုင်းက ဇာတ်ကွက်တိုင်းလိုလိုမှာ ဘာမှမဟုတ်ဘဲ အရမ်းfeelပြ ❎❎
>>အခန်းတိုင်း ဘာမှမဟုတ်တာလေးနဲ့အကြီးအကျယ်ပေါက်ကွဲပြ❎❎
(တခန်းလည်းမဟုတ် နှစ်ခန်းလည်းမဟုတ်ဘဲ ဦးနှောက်ကောင်းတဲ့လူဆိုမလုပ်တာတွေလုပ်ပြတယ်
ဇာတ်ကောင်က ဆိုက်ကိုလည်းမဟုတ်
စိတ်မှမှန်သေးရဲ့လား တွေးမိပါတယ်
ဆိုက်ကိုဆိုရင်တောင် အဲလိုရေးပြတာ ဆိုက်ကိုဆိုတဲ့ထိတ်လန့်ကြောက်ရွံ့စရာလိုခံစားချက်မရဘဲ "ကျပ်မပြည့်တဲ့ကောင်"လို့ပဲ ခံစားရပါတယ်)
>>နောက်တစ်ခုက ရှိသေးတယ်
"ဇာတ်ကောင်ကို မူးယစ်ဆေးစွဲနေသလို ထင်စေတဲ့ ရေးသားချက်" ❎❎
ဒါက ဘယ်လိုအရေးအသားကိုပြောချင်တာလဲဆိုတာ မြင်သာအောင်ရေးပြမယ်။
[ ချမ်းမင်းက သူငယ်ချင်းကိုပြုံးပြတယ် ပြုံးပြတယ်လား သူအပြုံးလေးက တခြားသူအတွက်ဆိုတော့ အသည်းတွေကွဲရတယ် ဟော နောက်ထပ်တစ်ယောက်နဲ့ပုခုံးဖက်ပြီး အခန်းအပြင်ဖက်ကိုထွက်သွားပြီ ရယ်သံလေးက ချိုမြိန်လိုက်တာ ကျွန်တော်ညမှာ အိမ်မက်ချိုချိုလေးတွေ မက်တော့မယ်ထင်ပါရဲ့ လေပြေလေးတွေဆော့ကစားသွားတဲ့ သူဆံနွယ်လေးတွေက နုညံ့လွန်းလို့ တခြားသူထိမှာ အရမ်းစိုးရိမ်မိတယ်  ချမ်းမင်း ဗလာ ဗလာ နေရောင်က ဗလာ ဗလာ ကျွန်တော်ခံစားချက်က ဗလာ ဗလာ .…………………………………………………………………………………………………………]
ကဲ မပြီးနိုင်မစီးနိုင် အပိုင်း (40)ရှိရင် (40)လုံး ဒါမျိုးတွေချည်းရေးထားပါတယ်ရှင်။ စာဖတ်သူတို့ပဲပြောကြပါတော့။ချမ်းမင်းကိုလိုက်ကြည့်နေတဲ့သူက အတွေးတွေလွန်နေတတ်တဲ့စိတ်ရောဂါသည်လည်း မဟုတ်ဘဲနဲ့ အပိုင်း (40)လုံးပဲ အဲလိုကြီး တွေးလည်းတွေးနိုင်လွန်းတယ်။
ဇာတ်လမ်းမှာပါတဲ့ဇာတ်ကောင်တစ်ခုကိုပဲ ရေးထားတာမဟုတ်ဘဲ ဇာတ်ကောင် ၃ယောက်ပါရင် ၃ယောက်လုံး အဲလိုချည်းပဲရေးထားတာပါ။ဇာတ်ကောင်တွေအကုန်လုံး ငေးတိငေငိုင်ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ တဖက်က ဘာမှမဟုတ်တာလေးလုပ်ရင်တောင် ကျပ်မပြည့်တဲ့ကောင်လို သောက်ရမ်းတွေထင်ချင်ရာထင်ပြီးတွေးချင်ရာတွေးနေတာမျိုး ရေးတတ်လို့
"ဇာတ်ကောင်ကို မူးယစ်ဆေးစွဲနေသလို ထင်စေတဲ့ ရေးသားချက်" လို့ စာရေးသူက ခေါ်တာပါ😂
အဲလိုရေးတာတွေကို စာရေးသူကန့်ကွက်ပါတယ်နော်
(မရေးနဲ့မတားပါဘူး နှစ်သက်သလိုရေးနိုင်ပါတယ်)
2.စာကြောင်းရေးတဲ့အခါထည့်စဉ်းစားရမဲ့အချက်များ
(နောက်တစ်ပိုင်းမှာစောင့်ဖတ်ပါလို့)
Continue Reading
You'll Also Like
7.6K 250 52
WOC SERIES SAMPINGAN XAVIER ADREAN X DAHLIA ARYANA Merupakan Karya Kedua Sha Dahlia Aryana. Dipaksa bekerja di kelab malam oleh ibu kandungnya sendir...
16.2K 472 7
Yasmin Monroe signs up for Love Island 2024 looking to find her perfect match.
12.1K 1.1K 86
" දන්නවද අභී..! එයා හරියට වැස්සක් වගේ...!" " වැස්සක් !?...'' '' ඔව් වැස්සක්...එයාගෙ ආදරෙත් හරියට වැස්සක් වගේ...කාලයක් මාව ඒ වැස්සෙන් තෙම්මලා....එයා ය...
47.6K 6.4K 53
"ඒයි ඇටිකිච්ච ඔහොම ඉන්නවා" "නේත්‍ර, නේත්‍ර... මගේ නම නේත්‍ර" "මොකද උඹේ කට ඔච්චර සද්දෙ, මට ඔය වයසට වඩා උඩ පනින්න දඟලන ඇටි කිච්චන්ව පේන්න බෑ. ඒ නිසා මට...