ဆွေပြမျိုးပြ
ဒီဇင်ဘာပိတ်ရက်ရောက်တာနဲ့ ခရီးထွက်ဖို့ပြင်ကြရတယ်။ ဝတ်ရည်က လင်းသန့်အစားဂျူတီဝင်ပေးမှာဆိုတော့မလိုက်ဘူး။ ဒါ ဒေါက်တာလင်းသန့်တမင်စီစဥ်ထားတဲ့အကြောင်းတွေ။ နှစ်ယောက်ထဲခရီးသွားချင်လို့ လုပ်ထားတာ။
"ငါလဲ လိုက်ချင်တာကို....ခွင့်ယူလိုက်ရင်ရတယ်လေ လင်းသန့်ရဲ့...လိုက်ခဲ့မယ်လေ....ဖွားတို့နဲ့မတွေ့ရတာကြာနေပြီ"
"မေမေရော ဖွားရော နင့်ကိုသတိရနေပါတယ်....ဒါပေမဲ့ ဆေးရုံမှာ ငါတစ်ယောက်ထဲခွင့်မဟုတ်ဘူးလေ...ခွင့်ကနှစ်ယောက်ယူပြီးနေပြီကို နင်ကထပ်ယူတော့ ဆေးရုံမှာ ဆေးရုံအုပ်ကြီးပဲကျန်ခဲ့လိမ့်မယ်"
"ဟုတ်တော့လဲဟုတ်ပါတယ်လေ...နောက်မှသွားပါတော့မယ်....ဒါမှမဟုတ်လဲအပြန် ဖွားတို့ကိုခေါ်ခဲ့ပါလား"
"ခေါ်လို့ရရင် ခေါ်ခဲ့မယ်"
"နင် လျှောက်မလည်နဲ့နော်"
"မလည်ဘူး..အိမ်မှာပဲနေမှာ"
"New year ကဘယ်မှာလုပ်မှာလဲ"
"အဲ...အဲ့ဒါတော့ မသိသေးဘူး"
"လိုက်ချင်တာကိုဟာ...."
"နောက်တစ်ခေါက် အာကာလဲ အားတဲ့ရက်ထပ်သွားကြမယ်လေဟာ...ရန်ကုန်နဲ့ဧရာဝတီနီးနီးလေးပါ...ခုသွား...ခုရောက်တယ်"
"အေးပါ"
တစ်မနက်ခင်းလုံး ဝတ်ရည်ကိုချော့မော့နေရသေးတယ်။ တော်ကြာ စိတ်ဖောက်ပြီးချက်ချင်းထလိုက်မှာ ကြောက်လို့။
မောင်နဲ့အတူ လွတ်လွတ်လပ်လပ်သွားချင်တာလေ...နော့။
အဝတ်အစားတွေထည့်ပြီး....မောင်တစ်ယောက် ဘာတွေထည့်နေပါလိမ့်လို့ သွားစစ်ဆေးရမယ်။
"အန်တီထား...သား....ဘဂျမ်းဆီခဏသွားလိုက်အုံးမယ်"
"သွားလေ...သား....ကားကိုရောစစ်ပြီးပြီလား"
"စစ်ပြီးပြီ အန်တီထား...မနေ့က ဘဂျမ်းသွားစစ်ပြီးပြီ"
ခရီးတိုဆိုပေမဲ့ ကားကိုသေချာစစ်ပြီးမှ ခရီးထွက်ကြတာအကောင်းဆုံးပါပဲ။ စက်ပစ္စည်းဆိုတာမျိုးက လူပေါ့ဆရင်ပေါ့ဆသလို ပြသနာတက်တယ်တယ်လေ။
"မောင်"
"ဗျာ"
"အဝတ် ထည့်ပြီးပြီးလား"
"ပြီးပြီပေါ့....မောင်ကအထွေအထူးထည့်စရာဘာလိုမှာလဲ"
"အဝတ်တွေ ပိုတော့ထည့်ခဲ့နော်"
"ငါးစုံထည့်ထားတယ် မရဘူးလား"
"မရဘူး...ထပ်ထည့်...အိကျီအနွေးရောပါပြီလား...ညအိပ်ဝတ်ရောထည့်ရမယ်လေ"
ပြောရင်းဆိုရင်းပဲ...ဘဂျမ်းအဝတ်အိတ်ကိုဆွဲယူစစ်ဆေးပြီး အကုန်ပြန်ထုတ်...အစကနေ သူစိတ်တိုင်းကျ ပြန်ထည့်ပေးတယ်။
"အဲ့လောက်လိုတာလား....ငယ်ရဲ့"
"လိုတယ်"
ဘာမှမပြောဘဲ အသာငြိမ်နေပေးရတယ်။ ကိုဒေါသလေးအကြောင်းကသိတဲ့အတိုင်းပဲ။ လူသာသေးတာ ဒေါသကမသေးဘူး။
စိတ်ကထောင်းကနဲဆို........
အိမ်ကနေထွက်လာတော့...ညနေလေးနာရီလောက်...
အိမ်အတွက်လက်ဆောင်ဝယ်ချင်လို့ ocean ဝင်ရသေးတယ်။
ရန်ကုန်နယ်နိမိတ်ထွက်တော့ ည ခုနှစ်နာရီကျော်ပြီ။
ငယ်ထွေးပေါက်လေးက ပျော်လို့...ဘဂျမ်းလဲ ပျော်တာပဲ...ရင်တွေလဲတုန်နေတယ်။ ငယ်ထွေးမိသားစုနဲ့ တွေ့ရတော့မှာဆိုတော့ ရင်ထဲတမျိုးပဲ။ ငယ်ထွေးလေး ငယ်ဘဝနေခဲ့တဲ့အိမ် မျက်မြင်ကိုယ်တွေ့ မြင်ရတော့မယ်။
ငယ်ထွေးရဲ့ ငယ်သူငယ်ချင်းတွေနဲ့လဲ တွေ့ရင်တွေ့ရအုံးမှာ။ ငယ်ထွေးလေးရဲ့ ငယ်ဘဝကို ပုံဖော်ကြည့်ရတော့မယ်။ မောင့်ငယ်ထွေး ငယ်ငယ်က ချစ်စရာလေးလား.....ခုလိုပဲဆိုးလားပေါ့ သိရတော့မယ်။
စာတော်လို့ပဲ အားလုံးဝိုင်းပြီးချစ်တာ ခံရသူလေးလား။
"ငယ်ထွေး"
"မောင်"
"နားချင်သေးလား...ဗိုက်ရောဆာလား"
"မဆာဘူး...မောင်...အိမ်ရောက်မှစားကြမယ်လေ...ညနေကမုန့်စားလာတာပဲ...မောင်ရော....ဗိုက်ဆာလို့လား"
"မောင်က မဆာပါဘူး...."
"မဆာလဲ စားလိုက်တော့"
ကားမောင်းနေတဲ့ ဘဂျမ်းပါးစပ်နားရောက်လာတဲ့ မုန့်လေး....
"ရော့...ဒါလဲသောက်....အိပ်ငိုက်မယ်"
"မငိုက်ပါဘူးကွာ....မောင် ကားမောင်းရင်ဘယ်တော့မှ အိပ်မငိုက်ဘူး"
.
.
.
ဘေးကနေ သီချင်းလေးညည်းလိုက်...စကားလေးပြောလိုက်....ရေဗူးဖွင့်ပြီး ပါးစပ်နားပို့ပေးလိုက် သူပဲအလုပ်တွေရှုပ်နေတာ။
ဖြေးဖြေးမောင်းနော်..... ကားတွေသိပ်မကျော်နဲ့နော်...
မပျင်းစေရဘူး...တရစပ်ပြောနေတာ။
မြို့တွေ ရွာတွေဖြတ်ရင်လဲ ကားမှန်ချပြီး သူကအပြင်ကိုငေးရသေးတာ။
ဘာလုပ်တာလဲ မေးတော့...အကျင့်ပါနေလို့တဲ့။
အဝေးပြေးကားနဲ့ပြန်ရင် အဲ့လိုပဲတဲ့။ ဆူသံညံသံ စျေးရောင်းသံကြားရင် ခေါင်းထောင်ကြည့်တာပဲတဲ့။
သိသိမသိသိ ဝယ်ဝယ်မဝယ်ဝယ်ငေးနေကြမို့ ငေးတာတဲ့။
"မောင်"
"ဗျာ"
"မောင့်နာမည်ကို ဘယ်သူပေးတာလဲ"
"မောင့်အမေ ပေးတာ...ဘာလို့လဲ"
"ဘဂျမ်း တဲ့လား"
"အင်းလေ...မလှဘူးလား နာမည်လေးက"
"အဟင်း...အဟိ...လှတယ်...အဟိ...လှတယ်"
"ဟာ...မောင့်နာမည်ကိုရယ်တယ်ပေါ့လေ"
"မရယ်ပါဘူး....မောင်တို့ရွာမှာ နာမည်ပေးရင်အဲ့လိုတွေပဲလား"
"နာမည်ကို မပြောင်နဲ့....ရာဇဝင်ရှိတယ်"
"ဟုတ်လား...ပြောပြပါအုံး....မောင့်ကိုမေးချင်နေတာ စတွေ့ကတည်းက..."
"စတွေ့ကတည်းက...ဟုတ်လား....မောင့်ကိုစတွေ့တာ ငယ်ထွေးမှတ်မိလား"
"မှတ်မိတာပေါ့...မောင်ကလဲ....ငယ် အဲ့နေ့ကတည်းကပဲ မောင့်ကို မမေ့တော့တာ....မောင့်နာမည်ကြောင့်လဲပါတယ်"
"ဟုတ်လား..."
"ဟုတ်တယ်...ဆေးခန်းပိတ်ကာနီးမှ....ကလေးတစ်ယောက်ကိုလာပြရင်းနဲ့ မောင်နဲ့တွေ့တာ....မောင့်မျက်လုံးလေးတွေ လှတာ ငယ်သတိထားမိတယ်...ငယ့်ကို မောင်တစ်ချက်ပဲကြည့်တာတောင် ခုထိ ငယ်မှတ်မိနေတယ်"
ပြောရင်း...ဘဂျမ်းပါးပြင်တွေဆီရောက်လာတဲ့ လက်ကလေး...
ဘဂျမ်း လက်ကလေးကိုဆွဲယူကာနမ်းရင်း...
"မောင်...ထင်မထားဘူး...အဲ့နေ့က မောင်ကပဲ အရမ်းသတိတွေရပြီး ငယ်ထွေးကိုမေ့မရဘူးထင်နေတာ...မောင်လဲ စတွေ့ကတည်းကလေ....ဘယ်လိုဖြစ်မှန်းမသိဘူး...ငယ်ထွေးကိုပဲသတိရနေတာ...
အဲ့နေ့ကစပြီး...ငယ်ထွေးအကြောင်းမတွေးမိတဲ့နေ့ မရှိဘူး....မောင်...ငယ်ထွေးကိုစွဲလမ်းနေတာ ....မောင်ကရိုးရိုးပဲထင်နေမိတာ"
"မရိုးဘူးလား...."
"ဘယ်....ရိုးလိမ့်မလဲ....ကိုယ့်ကိုကိုယ်တောင်မသိဘူး"
"ဘယ်ချိန်ရောက်တော့...မရိုးတာသတိထားမိသွားလဲ"
"အဟွန်း....မသိဘူး"
"ဟယ်...တကယ်မသိဘူးလား"
"တကယ်မသိဘူး....မောင် ငယ်ထွေးကို ထိန်မးရလောက်အောင် ဘယ်ချိန်ကဖြစ်တာလဲ မောင် တကယ်မသိဘူး....အဲ့ဒီနေ့ကတည်းကပဲထင်ပါတယ်"
"ဟွန့်....အတိအကျမသိဘူးတဲ့"
"တကယ်ပြောတာပါ...အဲ့နေ့က စတယ်ထင်တယ်...မောင်တော့...စွဲလမ်းပြီးရင်းစွဲလမ်း...ဘယ်လိုမှ တားဆီးမရတော့တာကြောင့်..ထိန်းနေရင်းကြားက...အကြင်နာတိုးမိပါတယ်ဗျာ"
"အလျှောက်ကောင်းလို့ အထောင်းသက်သာတယ်မှတ်နော်...နောက်ဆို ဘာဖြစ်ဖြစ်တိတိကျကျမှတ်ထားပေး...ပရော်ပရည် လပေါ်သော်ရည် မလုပ်နဲ့...ကြားလား....ဘဂျမ်းကြီး....အွန်းးးအွန်း....နေပါအုံး နာမည်ရာဇဝင်လေးပြောပြပါအုံးလို့"
"ဒီလိုကွာ....မောင်တို့ရွာမှာအိမ်တိုင်း TVမရှိဘူးလေ....ရွာက ဆင်းရဲတာကိုး...အဲ့ဒါ နည်းနည်းပါးပါးသောင်သာတဲ့အိမ်မှာ TV ကြည့်ကြရတာလေ...စနေ တနင်္ဂနွေနှစ်ရက်ဆိုသူတို့က အောက်စက်လို့ခေါ်တယ်လေ...အခွေထည့်ပြတဲ့ဟာ...အဲ့တုန်းက CDချပ်တွေလဲမရှိဘူးလေ...မြို့ပေါ်တက်ပြီးအခွေငှား...ရွာမှာပြန်ပြတယ်...ပိုက်ဆံပေးကြည့်ကြရတာပေါ့..."
"အင်း....အဲ့ဒါနဲ့"
"အမေက ကုလားကားသိပ်ကြိုက်တာလေ...သူအကြိုက်ဆုံးမင်းသားက... အမီတာဘဂျမ်း"
"တော်သေးတယ်....ရှာရွတ်ခန်းမကြိုက်လို့...အဟိ"
"ဆက်မပြောဘဲ နေလိုက်ရမလား...."
"အွန်....လုပ်ပါနဲ့...ပြောပါ...အမီတာဘဂျမ်းရဲ့"
"အမေက မောင့်ကိုယ်ဝန်ကြီးနဲ့မှာ.... ကြည့်လိုက်တဲ့ အမီတာဘဂျမ်းတဲ့...အဲ့စက်ပိုင်ရှင်အိမ်ကို နေ့တိုင်းသွားပြီး အမီတာဘဂျမ်းကားပဲ အပတ်တိုင်းပြဖို့ပူဆာတာတဲ့...ခွေကိုမြို့မှာ ပြန်မအပ်ရသေးခင်...ပိုက်ဆံပေးပြီး သူ့တစ်ယောက်ထဲကိုထပ်ဖွင့်ပေးရတာလဲရှိတယ်တဲ့...အဲ့လောက်ကြိုက်တာတဲ့"
"မွေးလာတော့....."
"မောင်ပဲလေ...အဲ့ဒါကြောင့် မောင့်နာမည်ကို ဘဂျမ်းလို့အမေက ပေးထာတာ"
"ဒါဖြင့်...မောင့်နာမည်အပြည့်အစုံက အမီတာဘဂျမ်းပေါ့"
"စတယ်နော်...စနေတယ်ပေါ့လေ....ရာဇဝင်ရှိတဲ့နာမည်တစ်ခုကို...လေးစားစမ်းပါ....ဘယ့်နှယ်လဲ မောင်က ကုလားဆင်လေးဖြစ်နေဘူးလား...
ဟမ်...ကုလားချော ချောလို့ ကြွေသွားတာမှလား....အမှန်တိုင်းပြော"
"ဟုတ်ပါ့...ဟုတ်ပါ့...ကုလားနဲ့လဲတူတယ်....ဆင်နဲ့လဲတူတယ်....ကုလားဆင်လေး...မျက်တောင်လေးတွေ ကော့လို့... မျက်လုံးလေးများနက်လို့...နှာခေါင်းလေးများစင်းလို့...အသားလေးများမှောင်လို့....သိပ်ကိုကြင်နာရတာ...ဒီက"
"ဟာ....ဘယ်လိုပြောတာ...."
"အရမ်း အရမ်းကြွေတာပါလို့ဆို...ဒီကုလားဆင်လေးကို...အဟိ"
ပြောပုံလေးက...ချစ်စရာမကောင်းဘူးလားဗျာ...
အကြင်နာဆထက်တပိုးတိုးလေး...
ဆွဲမွှေ့ပြီးနမ်းချင်စရာ....
.
.
.
.
"မောင်"
"ဗျာ"
"ရှုးပေါက်ချင်တယ်...."
"ဟုတ်လား.....ဆီထည့်တဲ့နေရာရောက်မှ အိမ်သာဝင်ရအောင်လေ...မအောင့်နိုင်တော့ဘူးလား"
"အင်း...မအောင့်နိုင်တော့ဘူး"
ဒါနဲ့ပဲ...ကားကို..လမ်းဘေးချရပ်ပြီး ရှုးပေါက်ဖို့ဆင်းရတယ်။
ဘဂျမ်းနောက်ကနေ လိုက်လာတယ်။
ကားတွေက ဖြတ်သွားဖြတ်လာရှိတတ်တော့...လမ်းဘေးခပ်ကျကျကိုဆင်းလာရသေးတာ။ ကားမီးရောင်တွေ လာရင် အဆင်မပြေဘူး။သိပ်တော့လဲဆင်းလို့မရပြန်ဘူး....မြွေပါး ကင်းပါးကြောက်ရတာကိုး။
ဘဂျမ်းက သူ့ဘက်မကြည့်ပါဘူး...ရှက်နေမှာစိုးလို့။
ကိုယ့်ကိစ္စကိုယ်ရှင်းရတာပေါ့...မတ်တပ်ပဲလေ....😉
ကိစ္စပြီးလို့ လှည့်ကြည့်တော့...နောက်မှာ ခုန်ဆွဆွနဲ့ ...
"ဘာဖြစ်လို့လဲ ငယ်ထွေး....မအောင့်နိုင်ဘူးဆို...လုပ်လေ"
"မောင် ဘယ်လို ရှုးပေါက်လိုက်တာလဲ..."
"ဇစ်ဖွင့်ပြီးပေါက်လိုက်တာလေ...."
"ငယ်....ငယ်က...ချွတ်ပြီးပေါက်မှာ...မောင် ကာပေးထား"
"ဟာ....မချွတ်နဲ့လေ....ကားမီးရောင်တွေနဲ့ကို...မောင့်လိုပဲ ပေါက်လိုက်...ယောကျားလေးတွေ လမ်းဘေးမတ်တပ်ရပ်နေရင် ရှုးပေါက်တာမှန်းလူတိုင်းသိတယ်...စိတ်မဝင်စားကြဘူး...ငယ်လုပ်မှ ကားပေါ်ကဆင်းချလာရင်ဘယ်လိုလုပ်မလဲ"
"ကြောက်တယ်.....မပြောနဲ့"
"မပြောဘူး...မပြောဘူး....ပေါက်လိုက်....မောင် ပေါက်သလိုလေးပဲ ပေါက်လိုက်"
"ဟင့်အင်း....လက်ဆေးစရာ နေရာလဲမရှိဘူး...မကိုင်ချင်ဘူး...မကိုင်ချင်ဘူး....အားးးးးထွက်ချင်နေပြီ....မောင်ရေ...အီးးးး"
ခုန်ဆွ ခုန်ဆွနဲ့ ဖြစ်နေပုံကိုကြည့်ကြအုံး...
"ငယ် မကိုင်ချင်ရင်... မောင် ကိုင်ပေးရမှာလား...ကိုင်ပေးမယ်လေ"
"အဟင့်....မောင်ကတမျိုး....ကာထားပေးပါဆို....ကာထားပေး...."
ဘဂျမ်းမှာ...လက်နဲ့လဲကာရတယ်...ကိုယ်လုံးနဲ့လဲ ကာရတယ်...တော်သေးတယ်...ဘယ်ကားတစ်စီးမှ ပေါက်တော်မူချိန်မှာ မလာလို့။
ဒေါက်တာလင်းသန့်ကြည်လဲ နောက်တယ်နော်။
.
.
.
.
.
ဆက်ရန်.....
Zawgyi
ေဆြျပမ်ိဳးျပ
ဒီဇင္ဘာပိတ္ရက္ေရာက္တာနဲ႕ ခရီးထြက္ဖို႔ျပင္ၾကရတယ္။ ဝတ္ရည္က လင္းသန့္အစားဂ်ဴတီဝင္ေပးမွာဆိုေတာ့မလိုက္ဘူး။ ဒါ ေဒါက္တာလင္းသန့္တမင္စီစဥ္ထားတဲ့အေၾကာင္းေတြ။ ႏွစ္ေယာက္ထဲခရီးသြားခ်င္လို႔ လုပ္ထားတာ။
"ငါလဲ လိုက္ခ်င္တာကို....ခြင့္ယူလိုက္ရင္ရတယ္ေလ လင္းသန့္ရဲ႕...လိုက္ခဲ့မယ္ေလ....ဖြားတို႔နဲ႕မေတြ႕ရတာၾကာေနၿပီ"
"ေမေမေရာ ဖြားေရာ နင့္ကိုသတိရေနပါတယ္....ဒါေပမဲ့ ေဆး႐ုံမွာ ငါတစ္ေယာက္ထဲခြင့္မဟုတ္ဘူးေလ...ခြင့္ကႏွစ္ေယာက္ယူၿပီးေနၿပီကို နင္ကထပ္ယူေတာ့ ေဆး႐ုံမွာ ေဆး႐ုံအုပ္ႀကီးပဲက်န္ခဲ့လိမ့္မယ္"
"ဟုတ္ေတာ့လဲဟုတ္ပါတယ္ေလ...ေနာက္မွသြားပါေတာ့မယ္....ဒါမွမဟုတ္လဲအျပန္ ဖြားတို႔ကိုေခၚခဲ့ပါလား"
"ေခၚလို႔ရရင္ ေခၚခဲ့မယ္"
"နင္ ေလွ်ာက္မလည္နဲ႕ေနာ္"
"မလည္ဘူး..အိမ္မွာပဲေနမွာ"
"New year ကဘယ္မွာလုပ္မွာလဲ"
"အဲ...အဲ့ဒါေတာ့ မသိေသးဘူး"
"လိုက္ခ်င္တာကိုဟာ...."
"ေနာက္တစ္ေခါက္ အာကာလဲ အားတဲ့ရက္ထပ္သြားၾကမယ္ေလဟာ...ရန္ကုန္နဲ႕ဧရာဝတီနီးနီးေလးပါ...ခုသြား...ခုေရာက္တယ္"
"ေအးပါ"
တစ္မနက္ခင္းလုံး ဝတ္ရည္ကိုေခ်ာ့ေမာ့ေနရေသးတယ္။ ေတာ္ၾကာ စိတ္ေဖာက္ၿပီးခ်က္ခ်င္းထလိုက္မွာ ေၾကာက္လို႔။
ေမာင္နဲ႕အတူ လြတ္လြတ္လပ္လပ္သြားခ်င္တာေလ...ေနာ့။
အဝတ္အစားေတြထည့္ၿပီး....ေမာင္တစ္ေယာက္ ဘာေတြထည့္ေနပါလိမ့္လို႔ သြားစစ္ေဆးရမယ္။
"အန္တီထား...သား....ဘဂ်မ္းဆီခဏသြားလိုက္အုံးမယ္"
"သြားေလ...သား....ကားကိုေရာစစ္ၿပီးၿပီလား"
"စစ္ၿပီးၿပီ အန္တီထား...မေန႕က ဘဂ်မ္းသြားစစ္ၿပီးၿပီ"
ခရီးတိုဆိုေပမဲ့ ကားကိုေသခ်ာစစ္ၿပီးမွ ခရီးထြက္ၾကတာအေကာင္းဆုံးပါပဲ။ စက္ပစၥည္းဆိုတာမ်ိဳးက လူေပါ့ဆရင္ေပါ့ဆသလို ျပသနာတက္တယ္တယ္ေလ။
"ေမာင္"
"ဗ်ာ"
"အဝတ္ ထည့္ၿပီးၿပီးလား"
"ၿပီးၿပီေပါ့....ေမာင္ကအေထြအထူးထည့္စရာဘာလိုမွာလဲ"
"အဝတ္ေတြ ပိုေတာ့ထည့္ခဲ့ေနာ္"
"ငါးစုံထည့္ထားတယ္ မရဘူးလား"
"မရဘူး...ထပ္ထည့္...အိက်ီအႏြေးေရာပါၿပီလား...ညအိပ္ဝတ္ေရာထည့္ရမယ္ေလ"
ေျပာရင္းဆိုရင္းပဲ...ဘဂ်မ္းအဝတ္အိတ္ကိုဆြဲယူစစ္ေဆးၿပီး အကုန္ျပန္ထုတ္...အစကေန သူစိတ္တိုင္းက် ျပန္ထည့္ေပးတယ္။
"အဲ့ေလာက္လိုတာလား....ငယ္ရဲ႕"
"လိုတယ္"
ဘာမွမေျပာဘဲ အသာၿငိမ္ေနေပးရတယ္။ ကိုေဒါသေလးအေၾကာင္းကသိတဲ့အတိုင္းပဲ။ လူသာေသးတာ ေဒါသကမေသးဘူး။
စိတ္ကေထာင္းကနဲဆို........
အိမ္ကေနထြက္လာေတာ့...ညေနေလးနာရီေလာက္...
အိမ္အတြက္လက္ေဆာင္ဝယ္ခ်င္လို႔ ocean ဝင္ရေသးတယ္။
ရန္ကုန္နယ္နိမိတ္ထြက္ေတာ့ ည ခုႏွစ္နာရီေက်ာ္ၿပီ။
ငယ္ေထြးေပါက္ေလးက ေပ်ာ္လို႔...ဘဂ်မ္းလဲ ေပ်ာ္တာပဲ...ရင္ေတြလဲတုန္ေနတယ္။ ငယ္ေထြးမိသားစုနဲ႕ ေတြ႕ရေတာ့မွာဆိုေတာ့ ရင္ထဲတမ်ိဳးပဲ။ ငယ္ေထြးေလး ငယ္ဘဝေနခဲ့တဲ့အိမ္ မ်က္ျမင္ကိုယ္ေတြ႕ ျမင္ရေတာ့မယ္။
ငယ္ေထြးရဲ႕ ငယ္သူငယ္ခ်င္းေတြနဲ႕လဲ ေတြ႕ရင္ေတြ႕ရအုံးမွာ။ ငယ္ေထြးေလးရဲ႕ ငယ္ဘဝကို ပုံေဖာ္ၾကည့္ရေတာ့မယ္။ ေမာင့္ငယ္ေထြး ငယ္ငယ္က ခ်စ္စရာေလးလား.....ခုလိုပဲဆိုးလားေပါ့ သိရေတာ့မယ္။
စာေတာ္လို႔ပဲ အားလုံးဝိုင္းၿပီးခ်စ္တာ ခံရသူေလးလား။
"ငယ္ေထြး"
"ေမာင္"
"နားခ်င္ေသးလား...ဗိုက္ေရာဆာလား"
"မဆာဘူး...ေမာင္...အိမ္ေရာက္မွစားၾကမယ္ေလ...ညေနကမုန့္စားလာတာပဲ...ေမာင္ေရာ....ဗိုက္ဆာလို႔လား"
"ေမာင္က မဆာပါဘူး...."
"မဆာလဲ စားလိုက္ေတာ့"
ကားေမာင္းေနတဲ့ ဘဂ်မ္းပါးစပ္နားေရာက္လာတဲ့ မုန့္ေလး....
"ေရာ့...ဒါလဲေသာက္....အိပ္ငိုက္မယ္"
"မငိုက္ပါဘူးကြာ....ေမာင္ ကားေမာင္းရင္ဘယ္ေတာ့မွ အိပ္မငိုက္ဘူး"
.
.
.
ေဘးကေန သီခ်င္းေလးညည္းလိုက္...စကားေလးေျပာလိုက္....ေရဗူးဖြင့္ၿပီး ပါးစပ္နားပို႔ေပးလိုက္ သူပဲအလုပ္ေတြရႈပ္ေနတာ။
ေျဖးေျဖးေမာင္းေနာ္..... ကားေတြသိပ္မေက်ာ္နဲ႕ေနာ္...
မပ်င္းေစရဘူး...တရစပ္ေျပာေနတာ။
ၿမိဳ႕ေတြ ႐ြာေတြျဖတ္ရင္လဲ ကားမွန္ခ်ၿပီး သူကအျပင္ကိုေငးရေသးတာ။
ဘာလုပ္တာလဲ ေမးေတာ့...အက်င့္ပါေနလို႔တဲ့။
အေဝးေျပးကားနဲ႕ျပန္ရင္ အဲ့လိုပဲတဲ့။ ဆူသံညံသံ ေစ်းေရာင္းသံၾကားရင္ ေခါင္းေထာင္ၾကည့္တာပဲတဲ့။
သိသိမသိသိ ဝယ္ဝယ္မဝယ္ဝယ္ေငးေနၾကမို႔ ေငးတာတဲ့။
"ေမာင္"
"ဗ်ာ"
"ေမာင့္နာမည္ကို ဘယ္သူေပးတာလဲ"
"ေမာင့္အေမ ေပးတာ...ဘာလို႔လဲ"
"ဘဂ်မ္း တဲ့လား"
"အင္းေလ...မလွဘူးလား နာမည္ေလးက"
"အဟင္း...အဟိ...လွတယ္...အဟိ...လွတယ္"
"ဟာ...ေမာင့္နာမည္ကိုရယ္တယ္ေပါ့ေလ"
"မရယ္ပါဘူး....ေမာင္တို႔႐ြာမွာ နာမည္ေပးရင္အဲ့လိုေတြပဲလား"
"နာမည္ကို မေျပာင္နဲ႕....ရာဇဝင္ရွိတယ္"
"ဟုတ္လား...ေျပာျပပါအုံး....ေမာင့္ကိုေမးခ်င္ေနတာ စေတြ႕ကတည္းက..."
"စေတြ႕ကတည္းက...ဟုတ္လား....ေမာင့္ကိုစေတြ႕တာ ငယ္ေထြးမွတ္မိလား"
"မွတ္မိတာေပါ့...ေမာင္ကလဲ....ငယ္ အဲ့ေန႕ကတည္းကပဲ ေမာင့္ကို မေမ့ေတာ့တာ....ေမာင့္နာမည္ေၾကာင့္လဲပါတယ္"
"ဟုတ္လား..."
"ဟုတ္တယ္...ေဆးခန္းပိတ္ကာနီးမွ....ကေလးတစ္ေယာက္ကိုလာျပရင္းနဲ႕ ေမာင္နဲ႕ေတြ႕တာ....ေမာင့္မ်က္လုံးေလးေတြ လွတာ ငယ္သတိထားမိတယ္...ငယ့္ကို ေမာင္တစ္ခ်က္ပဲၾကည့္တာေတာင္ ခုထိ ငယ္မွတ္မိေနတယ္"
ေျပာရင္း...ဘဂ်မ္းပါးျပင္ေတြဆီေရာက္လာတဲ့ လက္ကေလး...
ဘဂ်မ္း လက္ကေလးကိုဆြဲယူကာနမ္းရင္း...
"ေမာင္...ထင္မထားဘူး...အဲ့ေန႕က ေမာင္ကပဲ အရမ္းသတိေတြရၿပီး ငယ္ေထြးကိုေမ့မရဘူးထင္ေနတာ...ေမာင္လဲ စေတြ႕ကတည္းကေလ....ဘယ္လိုျဖစ္မွန္းမသိဘူး...ငယ္ေထြးကိုပဲသတိရေနတာ...
အဲ့ေန႕ကစၿပီး...ငယ္ေထြးအေၾကာင္းမေတြးမိတဲ့ေန႕ မရွိဘူး....ေမာင္...ငယ္ေထြးကိုစြဲလမ္းေနတာ ....ေမာင္ကရိုးရိုးပဲထင္ေနမိတာ"
"မရိုးဘူးလား...."
"ဘယ္....ရိုးလိမ့္မလဲ....ကိုယ့္ကိုကိုယ္ေတာင္မသိဘူး"
"ဘယ္ခ်ိန္ေရာက္ေတာ့...မရိုးတာသတိထားမိသြားလဲ"
"အဟြန္း....မသိဘူး"
"ဟယ္...တကယ္မသိဘူးလား"
"တကယ္မသိဘူး....ေမာင္ ငယ္ေထြးကို ထိန္မးရေလာက္ေအာင္ ဘယ္ခ်ိန္ကျဖစ္တာလဲ ေမာင္ တကယ္မသိဘူး....အဲ့ဒီေန႕ကတည္းကပဲထင္ပါတယ္"
"ဟြန့္....အတိအက်မသိဘူးတဲ့"
"တကယ္ေျပာတာပါ...အဲ့ေန႕က စတယ္ထင္တယ္...ေမာင္ေတာ့...စြဲလမ္းၿပီးရင္းစြဲလမ္း...ဘယ္လိုမွ တားဆီးမရေတာ့တာေၾကာင့္..ထိန္းေနရင္းၾကားက...အၾကင္နာတိုးမိပါတယ္ဗ်ာ"
"အေလွ်ာက္ေကာင္းလို႔ အေထာင္းသက္သာတယ္မွတ္ေနာ္...ေနာက္ဆို ဘာျဖစ္ျဖစ္တိတိက်က်မွတ္ထားေပး...ပေရာ္ပရည္ လေပၚေသာ္ရည္ မလုပ္နဲ႕...ၾကားလား....ဘဂ်မ္းႀကီး....အြန္းးးအြန္း....ေနပါအုံး နာမည္ရာဇဝင္ေလးေျပာျပပါအုံးလို႔"
"ဒီလိုကြာ....ေမာင္တို႔႐ြာမွာအိမ္တိုင္း TVမရွိဘူးေလ....႐ြာက ဆင္းရဲတာကိုး...အဲ့ဒါ နည္းနည္းပါးပါးေသာင္သာတဲ့အိမ္မွာ TV ၾကည့္ၾကရတာေလ...စေန တနဂၤႏြေႏွစ္ရက္ဆိုသူတို႔က ေအာက္စက္လို႔ေခၚတယ္ေလ...အေခြထည့္ျပတဲ့ဟာ...အဲ့တုန္းက CDခ်ပ္ေတြလဲမရွိဘူးေလ...ၿမိဳ႕ေပၚတက္ၿပီးအေခြငွား...႐ြာမွာျပန္ျပတယ္...ပိုက္ဆံေပးၾကည့္ၾကရတာေပါ့..."
"အင္း....အဲ့ဒါနဲ႕"
"အေမက ကုလားကားသိပ္ႀကိဳက္တာေလ...သူအႀကိဳက္ဆုံးမင္းသားက... အမီတာဘဂ်မ္း"
"ေတာ္ေသးတယ္....ရွာ႐ြတ္ခန္းမႀကိဳက္လို႔...အဟိ"
"ဆက္မေျပာဘဲ ေနလိုက္ရမလား...."
"အြန္....လုပ္ပါနဲ႕...ေျပာပါ...အမီတာဘဂ်မ္းရဲ႕"
"အေမက ေမာင့္ကိုယ္ဝန္ႀကီးနဲ႕မွာ.... ၾကည့္လိုက္တဲ့ အမီတာဘဂ်မ္းတဲ့...အဲ့စက္ပိုင္ရွင္အိမ္ကို ေန႕တိုင္းသြားၿပီး အမီတာဘဂ်မ္းကားပဲ အပတ္တိုင္းျပဖို႔ပူဆာတာတဲ့...ေခြကိုၿမိဳ႕မွာ ျပန္မအပ္ရေသးခင္...ပိုက္ဆံေပးၿပီး သူ႕တစ္ေယာက္ထဲကိုထပ္ဖြင့္ေပးရတာလဲရွိတယ္တဲ့...အဲ့ေလာက္ႀကိဳက္တာတဲ့"
"ေမြးလာေတာ့....."
"ေမာင္ပဲေလ...အဲ့ဒါေၾကာင့္ ေမာင့္နာမည္ကို ဘဂ်မ္းလို႔အေမက ေပးထာတာ"
"ဒါျဖင့္...ေမာင့္နာမည္အျပည့္အစုံက အမီတာဘဂ်မ္းေပါ့"
"စတယ္ေနာ္...စေနတယ္ေပါ့ေလ....ရာဇဝင္ရွိတဲ့နာမည္တစ္ခုကို...ေလးစားစမ္းပါ....ဘယ့္ႏွယ္လဲ ေမာင္က ကုလားဆင္ေလးျဖစ္ေနဘူးလား...
ဟမ္...ကုလားေခ်ာ ေခ်ာလို႔ ေႂကြသြားတာမွလား....အမွန္တိုင္းေျပာ"
"ဟုတ္ပါ့...ဟုတ္ပါ့...ကုလားနဲ႕လဲတူတယ္....ဆင္နဲ႕လဲတူတယ္....ကုလားဆင္ေလး...မ်က္ေတာင္ေလးေတြ ေကာ့လို႔... မ်က္လုံးေလးမ်ားနက္လို႔...ႏွာေခါင္းေလးမ်ားစင္းလို႔...အသားေလးမ်ားေမွာင္လို႔....သိပ္ကိုၾကင္နာရတာ...ဒီက"
"ဟာ....ဘယ္လိုေျပာတာ...."
"အရမ္း အရမ္းေႂကြတာပါလို႔ဆို...ဒီကုလားဆင္ေလးကို...အဟိ"
ေျပာပုံေလးက...ခ်စ္စရာမေကာင္းဘူးလားဗ်ာ...
အၾကင္နာဆထက္တပိုးတိုးေလး...
ဆြဲေမႊ႕ၿပီးနမ္းခ်င္စရာ....
.
.
.
.
"ေမာင္"
"ဗ်ာ"
"ရႈးေပါက္ခ်င္တယ္...."
"ဟုတ္လား.....ဆီထည့္တဲ့ေနရာေရာက္မွ အိမ္သာဝင္ရေအာင္ေလ...မေအာင့္နိုင္ေတာ့ဘူးလား"
"အင္း...မေအာင့္နိုင္ေတာ့ဘူး"
ဒါနဲ႕ပဲ...ကားကို..လမ္းေဘးခ်ရပ္ၿပီး ရႈးေပါက္ဖို႔ဆင္းရတယ္။
ဘဂ်မ္းေနာက္ကေန လိုက္လာတယ္။
ကားေတြက ျဖတ္သြားျဖတ္လာရွိတတ္ေတာ့...လမ္းေဘးခပ္က်က်ကိဳဆင္းလာရေသးတာ။ ကားမီးေရာင္ေတြ လာရင္ အဆင္မေျပဘူး။သိပ္ေတာ့လဲဆင္းလို႔မရျပန္ဘူး....ေႁမြပါး ကင္းပါးေၾကာက္ရတာကိုး။
ဘဂ်မ္းက သူ႕ဘက္မၾကည့္ပါဘူး...ရွက္ေနမွာစိုးလို႔။
ကိုယ့္ကိစၥကိုယ္ရွင္းရတာေပါ့...မတ္တပ္ပဲေလ....😉
ကိစၥၿပီးလို႔ လွည့္ၾကည့္ေတာ့...ေနာက္မွာ ခုန္ဆြဆြနဲ႕ ...
"ဘာျဖစ္လို႔လဲ ငယ္ေထြး....မေအာင့္နိုင္ဘူးဆို...လုပ္ေလ"
"ေမာင္ ဘယ္လို ရႈးေပါက္လိုက္တာလဲ..."
"ဇစ္ဖြင့္ၿပီးေပါက္လိုက္တာေလ...."
"ငယ္....ငယ္က...ခြၽတ္ၿပီးေပါက္မွာ...ေမာင္ ကာေပးထား"
"ဟာ....မခြၽတ္နဲ႕ေလ....ကားမီးေရာင္ေတြနဲ႕ကို...ေမာင့္လိုပဲ ေပါက္လိုက္...ေယာက်ားေလးေတြ လမ္းေဘးမတ္တပ္ရပ္ေနရင္ ရႈးေပါက္တာမွန္းလူတိုင္းသိတယ္...စိတ္မဝင္စားၾကဘူး...ငယ္လုပ္မွ ကားေပၚကဆင္းခ်လာရင္ဘယ္လိုလုပ္မလဲ"
"ေၾကာက္တယ္.....မေျပာနဲ႕"
"မေျပာဘူး...မေျပာဘူး....ေပါက္လိုက္....ေမာင္ ေပါက္သလိုေလးပဲ ေပါက္လိုက္"
"ဟင့္အင္း....လက္ေဆးစရာ ေနရာလဲမရွိဘူး...မကိုင္ခ်င္ဘူး...မကိုင္ခ်င္ဘူး....အားးးးးထြက္ခ်င္ေနၿပီ....ေမာင္ေရ...အီးးးး"
ခုန္ဆြ ခုန္ဆြနဲ႕ ျဖစ္ေနပုံကိုၾကည့္ၾကအုံး...
"ငယ္ မကိုင္ခ်င္ရင္... ေမာင္ ကိုင္ေပးရမွာလား...ကိုင္ေပးမယ္ေလ"
"အဟင့္....ေမာင္ကတမ်ိဳး....ကာထားေပးပါဆို....ကာထားေပး...."
ဘဂ်မ္းမွာ...လက္နဲ႕လဲကာရတယ္...ကိုယ္လုံးနဲ႕လဲ ကာရတယ္...ေတာ္ေသးတယ္...ဘယ္ကားတစ္စီးမွ ေပါက္ေတာ္မူခ်ိန္မွာ မလာလို႔။
ေဒါက္တာလင္းသန့္ၾကည္လဲ ေနာက္တယ္ေနာ္။
.
.
.
.
.
ဆက္ရန္.....