ညဉ့်ငှက်

keiwaanjai88

19.9K 1.4K 89

အမှတ်မထင် တွေ့ခဲ့ရတဲ့ ညငှက်လေး ဒီငှက်လေးကို သူ ..... MEW Suppasit " I love you " ဆိုတဲ့ စကားသံတိုးတိုးလေး... Еще

ညဉ့်ငှက် (အပိုင်း၁)
ညဉ့်ငှက် (အပိုင်း၃)
ညဉ့်ငှက် (အပိုင်း၄)
ညဉ့်ငှက် (အပိုင်း၅)
ညဉ့်ငှက် (အပိုင်း၆)
ညဉ့်ငှက် (အပိုင်း၇)
ညဉ့်ငှက် (အပိုင်း၈)
ညဉ့်ငှက် (အပိုင်း၉)
ညဉ့်ငှက် အပိုင်း(၁၀)
ညဉ့်ငှက် အပိုင်း‌(၁၁)
ညဉ့်ငှက် (အပိုင်း၁၂)
ညဉ့်ငှက် (အပိုင်း၁၃)
ညဉ့်ငှက် (အပိုင်း၁၄)
ညဉ့်ငှက် (အပိုင်း၁၅)
ညဉ့်ငှက် ( ဇာတ်သိမ်းပိုင်း )

ညဉ့်ငှက်( အပိုင်း၂ )

1.1K 78 10
keiwaanjai88

ညဉ့်ငှက် .. (အပိုင်း ၂)
🐦🐦🐦🐦🐦

သူ့အရပ်နဲ့သူ ထောင်ထောင်မောင်းမောင်း
ကြည့်ကောင်းနေတာ  ..
MEW ဆိုတဲ့သူ သူ့ပုခုံး လာဖက်လိုက်တော့
Gulf ကိုယ်လုံးက လက်မောင်ကြားထဲ
သေးငယ်သွားသလို ခံစားလိုက်ရတယ် ..

ဓာတ်လှေကားရုံရှေ့မှာ  အပေါ်ကနေ
ဆင်းလာတာ MEW  တို့ စောင့်နေလိုက်တယ်

" ကလောင် ! "

အပေါ်ကဆင်းလာတဲ့ ဓာတ်လှေကားထဲ
Gulf ဖျတ်ဆို ဝင်သွားလိုက်တယ် ..

တကယ်တော့ MEW တို့ အရှေ့မှာ အသက်ကြီးလင်မယားနှစ်ယောက်
ရှိ နေ သေးတာ ..
သူတို့ ပြီးမှ MEW တို့ ဝင်ရမှာ ..

Gulf အရင် ဓာတ်လှေကားထဲ
ဝင်သွားလိုက်တော့MEW အားနာပြီး
သူ့အရှေ့က လင်မယားကို ပြုံးပြလိုက်တယ်

" ရပါတယ် အရင်သွားလိုက်ပါ "

လင်မယားနှစ်ယောက်ကို MEW ပြုံးပြပြီး
ဓာတ်လှေကားထဲ ဝင်ခဲ့လိုက်တယ် ..

Gulf ကတော့ဒီလိုယဉ်ကျေးမှု့တွေကို
နားလည်ပုံ သိပုံလည်းမရ ..
သူ မရောက်ဘူးတဲ့ နေရာကို ရောက်လာ
ရတော့ ဓာတ်လှေကားကို အထူးအဆန်းလို လိုက်ကြည့်နေတာ MEW တွေ့လိုက်ရတယ် ..

သူ့တည်းခိုမယ့် အခန်းရောက်တာနဲ့
သော့ကတ်နဲ့ဖွင့်လိုက်တယ် ..

" Gulf လာ အထဲဝင် "

" WOW WOW "

ဟိုတယ်အခန်းသာဆိုတယ်
အ်ိမ်တစ်လုံးလောက် ခမ်းနား ပြည့်စုံနေတဲ့ အခန်းကို မျက်စိအပြုးသား
ပါးစပ်အဟောင်းသားနဲ့ Gulf လှည့်ပတ်
ကြည့်လိုက်မိတယ် ..

" ခင်ဗျား အခန်းကြီးက မိုက်တယ်နော် "

သူ့ကို အားရပါးရ လှမ်းပြောလိုက်တဲ့
Gulf ကို MEW ‌ပြုံးကြည့်လိုက်တယ် ..

ပစ္စည်းတွေ သယ်ပေးလာတဲ့
Bellboy ကောင်လေးကို မုန့်ဖိုးပေးရင်း MEW အသီးနဲ့ ရှန်ပိန် မှာလိုက်တယ် ..

" လွတ်လွတ်လပ်လပ်နေနော် Gulf
ကိုယ် စားစရာမှာထားတယ် တော်ကြာရောက်လာလိမ်မယ် "

ဟိုတယ်အခန်းထဲမှာ ရှိတဲ့ အသုံးအဆောင်
ပစ္စည်းတွေကို Gulf လိုက်ကြည့်လို့ မဆုံး
ဖြစ်နေရတယ် ..

ဒီလို အိမ်လောက်နီးနီးရှိတဲ့ အခန်းတစ်ခန်းမှာ
တစ်ညကို ဘယ်လောက်တောင်များ
ပေးရမလဲ

MEW ဆိုတဲ့သူက နှယ်နှယ်ရရ
လုပ်ငန်းရှင်တော့မဟုတ်လောက်ဘူးလို့
Gulf ထင်လိုက်မိတယ် ..

" ခင်ဗျား ကျတော်ထက် အသက်ကြီးမယ်
ထင်လို့ P'MEW  လို့ ခေါ်မယ်နော် "

" ကိစ္စမရှိဘူး ရတယ် ခေါ်ပါ "

" ဒီအခန်းက တစ်ည အိပ်ရင်
ဘယ်လောက်ပေးရလဲ P'MEW "

" ဒီဟိုတယ်ရဲ့ အခန်းတွေက တစ်ညထဲ
နေလို့မရဘူးလေ  ..  ဒီမှာ တည်းခိုချင်ရင် အနည်းဆုံး ဆယ်ရက် တစ်လ ဘိုကင်ယူမှ ရတာ ."

" ခင်ဗျာ ! ဘယ်လိုကြီးလည်း "

" ဟိုတယ်ဆိုတာ ကိုယိ့စိတ်ကြိုက်
ကိုယ်နေချင်သလောက်ပဲ နေမှာပေါ့  "

" ဒီဟိုတယ်က တခြားဟိုတယ်တွေလို
မဟုတ်ဘူးလေ ..
သူက စီးပွားရေးလုပ်ငန်တွေ အတွက်ပဲ
အဓိကထားတဲ့ business  VIP ဟိုတယ်ပေါ့

စီးပွားရေးလုပ်ငန်းဆိုတာ တစ်ရက် နှစ်ရက်နဲ့
ဆုံးဖြတ်လို့ရတာမဟုတ်ဘူးလေ ..
ခေါင်းအေးအေးနဲ့ တွေးရတယ်..
စဉ်းစားရတယ်ဆုံးဖြတ်ရတယ် ..
တခြားလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရတယ် အကြံဉာဏ်ယူရတယ် အတွေ့အကြုံ
ဖလှယ်ရတယ် ..
အဲဒါကြောင့် လာတဲ့လူတွေကိုလည်း
ကန့်သတ်ထားသလို ..
တည်းခိုတဲ့ ရက်ကိုလည်း ခုလိုသတ်မှတ်
ထားတာ "

" တင်းတောင် ! "

Gulf ကို ရှင်းပြနေတုန်း အခန်းတံခါးဘဲလ်သံ
ကြားတာနဲ့ နှစ်ယောက်သား လှည့်ကြည့်
လိုက်ကြတယ်..

" Room service  လာပြီထင်တယ် "

" နေနေ ကျတော် သွားဖွင့်ပေးလိုက်မယ်  "

သွက်သွက်လက်လက်နဲ့ ထ ပြေးသွားပြီး
တံခါး သွား ဖွင့်လိုက်တဲ့ Gulf ကို 
MEW ကြည့်နေမိတယ် .. 

ဒီကောင်လေး လှုပ်ရှားသမျှ ဘာလို့များ
သူ စိတ်ဝင်တစားနဲ့ သူ လိုက်ကြည့်မိမှန်း
MEW လည်း ကိုယ့်ဘာသာ နားမလည်တော့

" ကျေးဇူးပါ "

စားစရာတွန်းလှည်းကို  Gulf အခန်းထဲ
တွန်းဝင်လာခဲ့လိုက်တယ် ..

Gulfတွန်းလာတဲ့ တွန်းလှည်ပေါ်က
အုပ်ဆောင်းကို MEW ဖွင့်ပေးလိုက်တယ် .

MEW ဖွင့်ပေးတဲ့ အုပ်ဆောင်းထဲက
စတော်ဘယ်ရီသီးကြီးကြီးတစ်လုံးကို
Gulf ‌လှမ်းယူပြီး  တဘက်ကို လှည့်ပြီး
စားလိုက်တယ်  ..

ဒီလောက်ကြီးတဲ့ စတော်ဘယ်ရီသီးမျိုး
Gulf တစ်ခါမှ မမြင်ဘူးခဲ့ ..

စားရတာ ချိုအီပြီး အရသာရှိလိုက်တာ . 

" Gulf ရှန်ပိန်သောက်အုန်း "

MEWကမ်းလိုက်တဲ့ ရှန်ပိန်ခွက်ကို
Gulf ယူပြီးတကျိုက်ထဲ မော့သောက်
လိုက်တယ် ..

" ရှန်ပိန်ဆိုတာ ဒီလို အရသာခံပြီး
ဖြေး....... ဖြေး"

သူပြောလို့ စကားတောင်မဆုံးသေးဘူး
Gulf ရဲ့ ဖန်ခွက်ထဲက ရှန်ပိန်ကို တစ်ခါတည်း
မော့သောက်တာ ကို MEW ကြည့်ပြီး
လန့်သွားရတယ် ..

" အရသာက ဂွတ်တယ်နော်
ကျတော်ထပ်ယူလို့ ရမလား "

" ယူသွားလေ မင်းအတွက် မှာထားတာ "

" ဒါဆို ဟိုဟာရော ဖွင့်ကြည့်လို့ရမလား "

အခန်းဧည့်ခန်းထဲမှာ ရှိနေတဲ့ TV ကြီးကို
Gulf လက်ညှိုးထိုးပြလိုက်တယ် ..

" ရတယ် ဒီအခန်းထဲ သုံးလို့ရတဲ့ ပစ္စည်းတွေ
အကုန်လုံး မင်း သုံးခွင့်ရှိတယ် သုံးလို့ရတယ်

" အဲဒါဆို ကျတော် ဧည့်ခန်းထဲမှာရှိတယ်
ခင်ဗျား လိုအပ်တာရှိရင် ပြောလိုက်  အိုကေ "

စတော်ဘယ်ရီသီးအုပ်နဲ့ ရှန်ပိန်ပုလင်ကို
တဖက်စီ ကိုင်ပြီး  MEW အရှေ့ကနေ
Gulf ထွက်လာခဲ့လိုက်တယ် ..

ဧည့်ခန်းလိုနေရာမျိုးမှာ ရှိနေတဲ့
TVကြီးက Gulf ကို ဆွဲဆောင်နေတယ် ..

စတော်ဘယ်ရီသီးလေးစားလိုက် ရှန်ပိန်လေး
သောက်လိုက် TV ကြည့်လိုက်နဲ့
Gulf ဇိမ်ကျနေတော့တယ် ..

" အင်း ဟုတ်တယ်  Ko Htut
ကျတော်လည်း အဲဒါကို စောင့်နေတာ ..

အိုကေ အိုကေ ကျတော့်ကို mail တချက်
ပို့ပေးလိုက် ကျတော် စစ်ကြည့်လိုက်မယ် .

ဟုတ်ကဲ့ See U  ဗျ "

" ဟား ဟား ဟား "

အလုပ်စားပွဲမှာ စာရင်းဖိုင်တွဲတွေနဲ့
အလုပ်ရှုပ်နေရင်း MEW ခေါင်းမော့
ကြည့်လိုက်တယ် .. 

TV ရှေ့က ကြမ်းပြင်ကော်ဇောပေါ်မှာ ဝမ်းလျားမှောက် လက်မေးထောက်ကာ
ကာတွန်းကား ကြည့်ပြီး ရယ်နေတဲ့ Gulf ကို
MEW လှမ်းမြင်လိုက်ရတယ် ..

လွတ်လပ်ပြီး အပူအပင်မရှိသလို
ဖြူစင်တဲ့ ပုံစံနဲ့ကောင်လေးက ဘာလို့
ဒီလို သူများရဲ့ အဖြည့်ခံအလုပ်ကို
လုပ်နေရတာလည်း  ..

လက်ထဲက ဘောပင်ကို စားပွဲပေါ်ချခဲ့ပြီး
Gulf လှဲနေတဲ့ ဘေးက ဆိုဖာထိုင်ခုံနား MEW လျှောက်သွားပြီး ထိုင်လိုက်တယ် ..

ဆိုဖာခုံပေါ် နောက်မှီ ထိုင် ဘေးက
လက်တန်းပေါ် လက်နှစ်ဘက်ကို တင်ပြီး ရယ်မောနေတဲ့ Gulf ကို
MEW ထိုင်ပြီး ကြည့်နေမိတယ် ..

တယောက်ထဲဆိုပြီး  လွတ်လွတ်လပ်လပ်
လှဲနေတဲ့ Gulf တစ်ယောက် သူ့ဘေးကို MEW ရောက်လာတာနဲ့ လူးလဲ ထ ထိုင်
လိုက်တယ် . 

" P'MEW ခင်ဗျား ဘာလိုအပ်လိုလည်း
အရက်သောက်ချင်လို့လား .. "

Gulf စကားကို MEW ခေါင်းခါပြလိုက်တယ်

" ဒါဆို စကားပြောချင်လို့လား "

MEW ထပ်ပြီး ခေါင်းခါပြလိုက်တယ် ..

အမ် ! ဒါဆို ဘာလည်း ဒီလူကြီးက ..

ဧကန္တ ..  ဟာ !!

" ဟာ ! ကျတော် အလုပ်လက်ခံတဲ့အထဲမှာ
အဲဒီ ကိစ္စ မပါဘူးလို့ ပြောထားတယ်နော် "

" ဟား ဟား မဟုတ်ပါဘူးကွာ မင်းကလဲ "

လှဲနေတာကနေ အမြန်နောက်ဆုတ်ပြီး သူ့ကို
မျက်လုံးမျက်ဆန်ပြုးပြီး ပြောနေတဲ့ Gulf ကို
MEW သဘောကျကာ ရယ်လိုက်တော့တယ်

" အဲဒါဆို ဘာလည်း ခင်ဗျားက
ကျတော့်ကို စိုက်ကြည့်နေတာ ..  "

" မင်း အလုပ်အကြောင်း သိချင်တာ "

အလုပ်သဘောအရသာ ခဏတာတွေ့ကြတာ
ဒီလို လူတယောက်ကို Gulf သူ့အကြောင်း
ပြောပြသင့်လား  တွေးလိုက်တယ် . 

" ခင်ဗျားကလည်း ထူးထူးဆန်းဆန်း "

Gulf မသိမသာနဲ့ စကားတွေလွှဲလိုက်တယ် . 

ဒါကို MEW လည်း သဘောပေါက်လိုက်
မိတယ်

မပြောချင်တဲ့ အရာကို MEW လည်း
ထပ်ပြီးမမေးခဲ့တော့တယ် ..

Gulf နဲ့ MEW  တခြားအကြောင်းတွေ
ပြောပြီးတာနဲ့ သူ့အလုပ် သူ ပြန်လုပ်နေသလို
Gulf ကလည်း TV  ဆက်ကြည့် နေတော့တယ် ..

" အားး ညောင်းလိုက်တာ "

ခါးကို ဘယ်ညာလှည့်ပြီး
MEW အညောင်းဖြေလိုက်တယ် ..

နာရီကြည့်လိုက်တော့ မနက် ၂ နာရီထိုးလုပြီ . 

အိပ်ယာပေါ်ကို သူ လှမ်းကြည့်လိုက်တော့
Gulf ဆိုတဲ့ ကောင်လေး အိပ်မော‌ကျနေပြီ ..

နှစ်ယောက်ထိုင် ဆိုဖာခုံပေါ်လာပြီး
MEW လှဲချလိုက်တော့တယ် ..

ဘန်ကောက်ကို သူ လာတာတယ်ဆိုတာ
သူ့ရဲ့ စီးပွားရေးအတွက် ပါတနာလာရှာတာ ..
မြေစမ်းခရမ်းပျိုး လာ လေ့လာတာ ..

ဒါပေမယ့် သူ့စိတ်ထဲ ကိုယ့်ရဲ့ အလုပ်အပြင်
ဘာမဆိုင်ညာမဆိုင် 
ညဉ့်ငှက်လေးတကောင်ရဲ့
ဘဝဇာတ်ကြောင်းကိုပါ လေ့လာချင်နေ
မိတော့တယ် ..

🐦🐦🐦🐦🐦

ညဘက်ကို ဘယ်လောက်ပဲ နောက်ကျပြီး
အိပ်ယာဝင်ဝင် MEW မနက်ကိုတော့ အစောကြီးနိုးနေတတ်ခဲ့တယ် ..

တစ်ညလုံး ဆိုဖာပေါ်မှာ အိပ်လိုက်ရတော့
သူ ဇက်တွေ တောင့်တင်းနေရတယ် ..
ဆိုဖာပေါ်ကနေ ထ ထိုင်ပြီး MEW
ဟိုဘက်ဒီဘက်အကြောဆန့်လိုက်ပြီး
အခန်းရှေ့ကဝရံတာဘက် ထွက်
လေတဝကြီး ရှုသွင်းလိုက်တယ် . 

လတ်ဆတ်တဲ့ လေကောင်းလေသန့်
ရှုလိုက်ရတော့ MEW စိတ်တွေ ကြည်လင်
သွားတယ်  ..

အခန်းထဲပြန်ဝင်လာပြီး  သူ ရေချိုးဖို့
ပြင်လိုက်တယ်  ..
အိပ်ခန်းထဲ  ရောက်လာတော့  အိပ်ယာပေါ်မှာ
ခုထိ Gulf က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့
ကောင်းနေဆဲ  ..

အိပ်ပေါ်က နှစ်ယောက်အိပ် မွေ့ယာပေါ်မှာ
တစ်ယောက်ထဲ ခြေကားယားလက်ကားယားနဲ့အိပ်နေတာကို MEW အခန်းထောင့်မှာ ထောင်ထားတဲ့ မှန်ထဲကနေ လှမ်းကြည့်
လိုက်တယ် ..

မှန်ထဲက ကြည့်ရတာ အားမရသလို ဖြစ်တာနဲ့
MEW သူ့ခေါင်းကို Gulf အိပ်နေတံ့ဘက် လှည့်ကြည့်လိုက်တယ် ..

အကျီချွတ် ကျောမှောက်ပြီး အိပ်နေတော့
Gulf ရဲ့ ကျောပြောင်ပြောင်ကို
MEW မြင်လိုက်ရတယ် ..

Gulf ရဲ့ ကျောပြင်ကို MEW စူးစိုက်
ကြည့်လိုက်မိတော့ မဲ့သေးသေးလေးကို အထင်သား မြင်လိုက်ရတယ် .. 

Gulf ပုံစံသွင်ပြင်ကို ကြည့်ပြီး ဒီအလုပ်လုပ်တယ်ဆိုတာ MEW ခုထိ မယုံချင်
ဖြစ်နေမိတယ် ..

အတွေးစကို ဖြတ်ပြီး MEW ရေချိုးခန်းထဲ
ရေပန်းအောက် ဝင် ရေချိုးလိုက်‌တော့တယ် ..

စူးရှတဲ့ နေရောင်က မျက်လုံးပေါ် ကျလာမှပဲ
Gulf အိပ်ယာက နိုးတော့တယ်  ..

အိပ်ယာကောင်းကောင်းမှာ ဇိမ်ကျကျ
အိပ်လိုက်ရလို့ပဲလားမသိ ညထဲက
အိပ်လိုက်တာ Gulf မိုးလင်းမှပဲ နိုးတော့တယ်

No နဲ့သူ ငှားနေတဲ့အိမ်က သူလိုကိုယ်လို အလုပ်သမားတွေ စုပြီး အဆောင်မျိုး
နေကြတာ
ကျောတခင်းစာ နှာခေါင်း‌‌ပေါက်
အိပ်ယာလေးမှာ အိပ်ရတဲ့ ခံစားချက်နဲ့
လုံးဝ ကွာခြားတော့တယ်

Gulf မွေ့ယာပေါ် ဟိုဘက်ဒီဘက်
လှည့်ကြည့်လိုက်တယ် ..

ဟင် ! ဘာလည်း ငါတယောက်ထဲလား

ဟိုလူ ညက မအိပ်ဘူးလား ဒါမှမဟုတ်
သူ့အရင် ထ သွား တာလား ..

ညက တော်တော်နဲ့ MEW ဆိုတဲ့သူ
အိပ်မလား Gulf စောင့်နေလိုက်သေးတယ် ..

ယောက်ျားချင်းဆိုတော့ သူ ခေါ်ရင်
ကုတင်တဘက်မှ  Gulf အိပ်မယ်ပေါ့ .
မခေါ်ရင်တော့ သူ့ဘာသာ  ဆိုဖာပေါ်မှာပဲ
အိမ်မယ်ဆိုပြီး  စောင့်နေတာ ..

တဖြေးဖြေးသာ ညဉ့်နက်သွားတယ်
MEW ဆိုတဲ့တစ်ယောက်ကတော့
အိပ်မယ်ပုံ မရှိ ..
Gulf လည်း ဆက်ပြီး မစောင့်နိုင်တော့တာနဲ့
အိပ်ယာပေါ်တက်ကာ အရင်အိပ်လိုက်
တော့တယ်

အိပ်ယာပေါ်ကနေ Gulf လူးလဲ ထပြီး ညက
ချွတ်ထားတဲ့ သူ့အကျီကို ကောက်ဝတ်
လိုက်တယ်ပြီးတာနဲ့ ဧည့်ခန်းဘက်
ထွက်လာခဲ့လိုက်တယ် ..

"Morning Gulf  နိုးလာပြီလား
ဒီမှာ မနက်စာ လာစား "

ခေါင်းစုပ်ဖွား အကျီက ကပိုကယိုနဲ့
ထွက်လာတဲ့Gulf ကို MEW  လက်ယပ်  လှမ်းခေါ်လိုက်တယ်

ဝါးး 
Gulf စိတ်ထဲမှာ အံ့ဩသံ တ လိုက်တယ် ..

ဒါ မနက်စားလား
ဘုရင့်ပွဲတော်လား မသိတော့

စားပွဲဝိုင်းအပြည့်နဲ့ မနက်စာမျိုးစုံက
Gulf ကိုမျက်လုံးပြူးသွားစေခဲ့တယ် ..

ပေါင်မုန့်တချပ်ကို ဆွဲယူပြီး
Gulf ဝရံတာဘက်
ထွက်လာပြီး စားလိုက်တယ် ..

ကောင်းလိုက်တဲ့ ပေါင်မုန့်သား
Gulf ပါးစပ်ထဲ အိ ဆင်း ပျော်ဝင်သွားတယ် ..

သူများရှေ့မှာ မစားတတ်တာလား
ဒါမှမဟုတ်စားရမှာ ရှက်လို့ပဲလား မသိ
တခုခု စားတိုင်းGulf ကွယ်ကွယ် ဝှက်ဝှက် စားတတ်တာ MEW သတိထားမိလိုက်တယ်

" Gulf ဒီမှာ လာထိုင်စားလေ  ပြီးတော့
မင်း ဝတ်ပြီးသားအကျီတွေ ပြန်မဝတ်နဲ့လေ . 
ဟို အထဲမှာ အသစ်တွေ ရှိတယ် "

MEW ခေါ်တာနဲ့ Gulf ကုလားထိုင်တလုံး
ဆွဲထုတ်ပြီး ဝင်ထိုင်လိုက်တယ်  ..

ထိုင်ခုံပေါ် ခြေထောက်တဘက်တင် ဒူးထောင်ပြီးမနက်စာ စား‌နေတဲ့ Gulf ကို MEW မမြင်ဘူးသလိုကြည့်မိပြန်တယ် ..

" P'MEW ကျတော်
ရေချိုးခန်းသုံးလို့ရမလား "

" ရပါတယ် သုံးလေ "

" ဖြေးဖြေးစား ကိုယ် ဖုန်းဆက်စရာရှိလို့ "

Gulf သူ့စိတ်တိုင်းကြိုက်
လွတ်လွတ်လပ်လပ်စားရအောင်
MEW အရင် ထလာခဲ့လိုက်တယ်

" အိုကေ Ko Htut ညနေကို
တွေ့ကြည့်တာပေါ့
ဟုတ်တယ် ကျတော်လည်း အဲဒါ
စဉ်စားနေတာ"

Ko Htut ဆိုတာ ဘန့်ကောက်မှာ
အ‌ချေကျနေတဲ့
MEW သူငယ်ချင်းတစ်ယောက် ..

MEW ဘန်ကောက်မှာ အလုပ်လုပ်မယ့်
ကိစ္စအတွက်  သူတတ်နိုင်တဲ့ဘက်က အဆက်အသွယ်တွေ ရှာပေး ကူညီပေးနေတဲ့
မိတ်ဆွေကောင်းတယောက်ဆိုလည်း မမှား..

🎵🎶 🎵 🎶🎵 🎶 🎵🎶🎵 🎶🎵

Ko Htut နဲ့ ဖုန်းပြောနေရင်း MEW နားထဲ
သီချင်းဆိုသံ လိုလို ကြားမိလိုက်တယ် ..

ဖုန်းပြောနေရင်းတန်းလန်းနဲ့ MEW ရေချိုးခန်းတံခါးကို အသာတွန်း ဖွင့်ကြည့်
လိုက်တော့ ..

ဆပ်ပြာဖွေဖွေတွေပြည့်နေတဲ့ ရေချိုးကန်ထဲ
ရေချိုးနေရင်းနဲ့ နားမှာ နားကြပ်အုပ်
မျက်လုံးပိတ်ပြီး အားရပါးရနဲ့  သီချင်းကို  အော်ဟစ်ဆိုနေတဲ့ Gulf ကို သူ တွေ့လိုက်
ရတယ်

MEW ပြုံးမိသွားပြီး ရေချိုးကန်ဘောင်ပေါ်
ဝင်ထိုင်ပြီး Gulf ကို ကြည့်နေလိုက်တယ် ..

" Hello MEW "

" သီချင်းဖွင့်ထားတာလား သီချင်းဆိုသံ
ကြားမိသလိုပဲနော် ..

" Hello, Hello .. "

" အင်း Ko Htut  အကျိုးအကြောင်း
အေးဆေးမှ ပြန်ပြောမယ် ဒါပဲနော် " 

Ko Htut နဲ့ ဖုန်းပြောတာကို လက်စသပ်ပြီး
Gulf ကို MEW ဆက်ကြည့်နေလိုက်တယ် ..

Gulf ဆိုတဲ့ကောင်လေးနဲ့ တစ်ညတာ ခဏ
အတူ ရှိခဲ့တယ် ဆိုပေမယ့် MEW စိတ်ထဲ
Gulfနဲ့ မခွဲချင်သလို ဖြစ်နေမိတယ် ..

ဘာပဲဖြစ်ဖြစ် လူပိုတစ်ယောက်
ရှိနေတာ သူ့ရဲ့ အထီးကျန်သလို ဖြစ်နေတဲ့
သူ့စိတ်ကို သက်သာစေတယ်လို့
ခံစားနေရတယ် ..

" အ ဟား "

ကိုယ့်ဘာသာ ရေချိုးခန်းထဲ စိတ်ထင်တိုင်း
ကျဲနေတာ  ဖျတ်ခနဲ့ မျက်လုံးဖွင့်လိုက်ချိန်
သူ့ကိုကြည့်နေတဲ့ MEW ကို တွေ့လိုက်
ရတော့ Gulf ရှက် ရယ် ရယ် လိုက်တယ် ..

" ဆက်ဆိုလေကွာ "

" အဟီး Sorry  ဗျ "

" ဒီကနေ ပြန်ရင် မင်း ဘာလုပ်လည်း Gulf "

" မနက်ဆိုတော့ အိမ်ပဲ ပြန်မှာ
ညမှ Club မှာ အလုပ်ဆင်းရမှာ "

" မင်း ဒီလို ကိုယ်နဲ့ အပြင်လိုက်လာတော့
မင်းတို့ အလုပ်ရှင်က ဘာမှမပြောဘူးလား "

" သူ့ကို ရာနှုန်းနဲ့ ပြန်ပေးရတယ် "

" အော့ "

ခန္ဓာနဲ့သိက္ခာနဲ့ ရင်းပြီး လုပ်ရတဲ့သူက
တယောက်
အဲလိုလူတွေစီက ခေါင်းပုံဖြတ်တဲ့သူက
ရှိသေးတယ်လား ..

" ကိုယ့်နဲ့ တစ်ပတ်လောက်
နေပေးမလား Gulf "

" ဘယ်လို "

" မင်း  Club မှာ တစ်ညကို
ဘယ်လောက်ရလည်းအဲဒါထက် ပိုတဲ့ လုပ်အားခ မင်းကို ပေးမယ်ကွာ

မင်း အလုပ်ရှင်‌ကို ပေးရမယ့် ရာနှုန်းကိုလည်း
ကိုယ် သပ်သပ်ပေးမယ် .. ဘယ်လိုလည်း "

MEW ဆိုတဲ့လူနဲ့ ဒီလို ဟိုတယ်ကြီးမှာ
နေရစားရသက်သက်သာသာနဲ့ ဇိပ်ရှိနေတာ ဘယ်သူက မလုပ်ချင်ပဲရှိမလည်း ..

ဒါပေမယ့် သူ့ကို အလိုရှိတာ စကားပြောဖော်
သက်သက်ပဲလား သူ့ကဘာတွေ တုံ့ပြန့်မှု့
ပေးရမှာလည်း  Gulf စဉ်းစားသွားမိတယ်  ..

" ခင်ဗျား ဇိပ်လိုချင်ရင် မိန်းမရှာပေါ့ ..
ကျုပ်နဲ့ နေလို့ ခင်ဗျား ဘာခံစားမှု့မှ ရမှာမဟုတ်ဘူး "

" ကိုယ် ဒီကိစ္စတွေလိုအပ်မှတော့
မနေ့ကညထဲကမင်းကို ‌ကိုယ်မခေါ်ဘူးလေ ..

ကိုယ်လိုအပ်တာ အဲဒါတွေမဟုတ်ဘူး

တယောက်ယောက် ကိုယ့်အနားရှိတာကို
လိုချင်တာ ..

မနေ့က မင်းနဲ့အတူတူ ရှိနေတာ
ကိုယ့်စိတ်တွေ နွေးထွေးတယ်လို့
ခံစားရတယ် ..
အဲဒီ ခံစားချက်ကို ကိုယ်သဘောကျတယ် .. "

" ဒီလို တစ်ပတ်တောင် ခင်ဗျားနဲ့ နေပြီး
ကျုပ်ကဘာပြန်လုပ်ပေးရမှာလည်း "

" ကိုယ်နဲ့ စကားပြောဖော်လုပ်ပေးရမယ် ..
ကိုယ့် ခေါ်တဲ့နောက် လိုက်ရမယ် ..
ပြီးတော့ ဒင်နာ ရှိရင် အတူတူ တက်ပေး
ရမယ် "

" ဒါပဲလား "

" အင်းလေ ဒါပဲပေါ့ "

" အိုကေ အဲဒါဆို အလုပ်တော့လက်ခံပြီ ..
ကျတော့် လုပ်အားခက ၇ ရက်စာဆိုတော့ .
....... အဲလောက် ပေးရမယ် "

သူ့ရဲ့ တစ်ညရတဲ့ လုပ်ခထက် MEW ကို
Gulfပိုတွက်ပြီး မေးလိုက်တယ် ..

ဒီကောင်လေး လူလည်ကျပြီဆိုတာ
MEW သိ‌လိုက်ပြီး  စိတ်ထဲမှာ
ပြုံးလိုက်မိတယ်

" အိုကေ လက်ခံတယ် "

" MEW ခင်ဗျား လက်ခံတယ် တကယ်လား "

သူပိုပြီးတောင်းတာ MEW လည်း သိမှာပဲ
ဒါဆို သူ့ကို ငှားချင်မှ ငှားတော့မှာလို့
ထင်နေတာMEW က အိုကေ ဆိုတော့
Gulf အံအားသင့်သွားရတယ် ..

" တကယ် မင်းပြောတဲ့ လုပ်အားခကို
ကိုယ်လက်ခံတယ် ..  "

" အိုးးဟိုးး "

Gulf ပျော်ရွှင်ပြီး ရေချိုးဆပ်ပြာကန်ထဲ
သူ့ကိုယ်လုံးကို နစ်မြုပ်ပစ်လိုက်တယ်  ..

" ဟား ဟား ဟား "

ဆန်ပြာမြုပ်တွေ ပေးနေတဲ့ Gulf မျက်နှာကို
မျက်နှာသုတ်ပုဝါကြီးနဲ့ သုတ်ပေးရင်း
MEW ရယ်လိုက်တယ် ..

" Gulf ဒီမှာ ဒါက ညကနေ ခုထိ
ကိုယ်ခေါ်ထားချိန်ရဲ့ လုပ်အားခ  ..

ဒါကတော့ ကျန်တဲ့ ၇ရက်စာအတွက် စရံ
ပေးထားတာ မင်း သုံးချင်ဝယ်ချင်တာရှိရင်
သုံးလို့ရအောင် "

Gulf ရဲ့ လုပ်အားခကို MEW ငွေသားနဲ့
တခါတည်း ရှင်းပေးလိုက်တယ် ..

မွေ့ယာပေါ်  MEW ချပေးလိုက်တဲ့
ပိုက်ဆံတထပ်ကို Gulf ဇတ်ခနဲ ကောက်ယူ
လိုက်တယ် .  .

" မင်း ပိုက်ဆံ ကိုယ် ပြန် မလုပါဘူးကွ "

" ဟီးး အကျင့်ပါနေလို့ဗျ "

" ကိုယ်အပြင်သွားစရာရှိလို့
သွားလိုက်အုန်းမယ် မင်း အပြင် ထွက်မယ်
ဆိုရင် အခန်းသော့ကို ကောင်တာမှာ 
အပ်ခဲ့လိုက်နော် "

" Yes , "

Gulf ကို မှာစရာပေးစရာရှိတာတွေ ပေးပြီး
MEW လည်း အဝတ်အစားလဲလိုက်တယ် ..

" P'MEW  နက်တိုင် ကျတော်လုပ်ပေးမယ် "

ကိုယ်လုံးပေါ် မှန်ကြီးရှေ့မှာ တစ်ယောက်ထဲ
နက်တိုင်ချည်နေတဲ့ MEW အရှေ့ကို သွားပြီး
Gulf လုပ်ပေးလိုက်တယ် ..

သူ့ရင်ဘတ်နား ခေါင်းကပ်ပြီး နက်တိုင်
ချည်ပေးနေတဲ့ Gulf ကို MEW မသိမသာ
ငုံ့ကြည့်လိုက်တယ် . 

ရေချိုးပြီးကာစ ခါးသိုင်းအကျီကို
ဝတ်ထားတော့Gulf ရဲ့ ပုခုံးသားတွေကို MEW ထင်ထင်ရှားရှား မြင်လိုက်ရတယ် ..

ပုခုံးပေါ်မှာ လည်ပင်နားလေးတွေမှာ
မဲ့ပေါက်စလေးတွေ  ဟိုတလုံး ဒီတလုံးနဲ့  
သူ့ကိုစွဲဆောင်လို့နေတယ် ..

" ရပြီ P'MEW "

" ဘယ်ဆိုးလို့လည်း မင်းက လုပ်တတ်တာပဲ
Thank you .. "

" ကိုယ်သွားပြီး Bye .. "

MEW ကို တံခါးနားထိ
Gulf လိုက်ပို့လိုက်တယ် ..

MEW သူ့ကို နှုတ်ဆက်ပြီး ထွက်သွားတာနဲ့
တပြိုင်တည်း အခန်းတံခါးကို ပိတ် ပြီးတာနဲ့
Gulf အိပ်ယာပေါ် ဝုန်းဒိုင်းကျဲ အားရဝမ်းသာ
ခုန်ပေါက်တက်လိုက်တော့တယ် ..

"  Hello Lhong "

တစ်ယောက်ထဲ ဖြစ်သွားတာနဲ့ Lhong ကို
Gulf ဖုန်းခေါ်လိုက်တယ်  ..

" ဟာ ! Gulf မင်းကွာ ငါသေနေပီထင်တာ "

Gulf ကို စိုးရိမ်တကြီးနဲ့
Lhong ဆဲလိုက်တယ်

" ဟား ဟား ဟား မင်ကလည်း "

သူကလည်း သူပဲ  သူတို့ ကလပ်ကနေ
MEW ကားနဲ့ လိုက်သွားထဲက Lhong ကို Gulf အကျိုးအကြောင်းဘာမှ  မပြောပြ
ခဲ့မိတာ  ..

" ဘယ်လိုလည်း Gulf
မင်း အစားခံလိုက်ပြီလား "

" မဟုတ်ပါဘူးကွာ မင်းထင်တာတွေ
မေးမနေနဲ့ငါ ပြောတာကို ပြီးအောင် နားထောင်အုန်း "

ကလပ်ကနေ MEW ကို ကားမောင်းလိုက်ပို့
အဲဒီကနေ ဟိုတယ်မှာ တစ်ညအိပ် ..
မနက် မှာတော့ သူ့ကို ထပ်ပြီး 
MEW နေပေးဖို့ ငှားတဲ့ ကိစ္စ အကုန်
Gulf ပြောပြလိုက်တယ် ..

" တကယ်လား Gulf မင်းတော့
အချီကြီးမိတာပဲ မလွတ်စေနဲ့
မင်း ဒီလို ဧည့်သည်မျိုးက  ရခဲတယ်"

" မင်းကတော့ ဒါပဲ ပြောနေ မင်းရော ညက
နေမကောင်းဖြစ်နေတာ ဘယ်လိုလည်း ..

မသက်သာရင် အလုပ်ဆင်းမနေနဲ့
ခွင့်ယူလိုက်
ငါ့ကို P'MEW ကြိုတင်ပေးထားတဲ့
ပိုက်ဆံရှိတယ်
မင်းကိုငါ လွှဲပေးလိုက်မယ် Lhong  "

" ရပါတယ်ကွာ သက်သာပါတယ် ..
ငါတို့က ဘဝတူတွေ  မင်းက မင်းကျောင်းစရိတ် စုနေရတာ  ငါမသုံးရက်ပါဘူး .  "

Gulf သူနဲ့ မလွှဲသာလို့သာ ဒီလို အလုပ်ကို
လုပ်နေရပေမယ့်  သူ မလုပ်ချင်ဘူးဆိုတာ
Lhong အသိဆုံးပဲ ..

ညဘက် သူတို့ အိမ်ပြန်ရောက်လို့
ရေချိုးကြရင်Gulf တော်တော်နဲ့
ချိုးလို့မပြီးတယ်  ..
ဘာဖြစ်လို့လည်း ဆိုတော့ သူ့တကိုယ်လုံး
အသားတွေ နီရဲလန်အောင် တိုက်ချွတ်
နေလို့ ..

Gulf ဘာဖြစ်လို့လည်းဆိုတော့
သူ့ကိုယ်သူ  ရွံလို့တဲ့ .. 

Lhong ကတော့ ဒီအလုပ်ကို ဝါသနာပါလို့ကို
စွဲစွဲလန်းလန်း လုပ်နေတာ . 
Gulfလောက် ခံစားချက်သိပ်မရှိတော့ ..

" Gulf အကျိုးအကြောင်းထူးရင်
ဖုန်းဆက်အုန်း
အပျော်လွန်ပြီး မေ့မနေနဲ့ .."

" အေးပါကွာ ဒါဆို ဒါပဲ "

Lhong နဲ့ ဖုန်းပြောပြီး
Gulf ဘာလုပ်ရမလည်း
စဉ်းစားလိုက်တယ် ..

အော် သတိရပြီ !

အဝတ်အစားအရင် ဝယ်ရမယ် .
အဝတ်တထည်ထဲနဲ့ MEW ရှိ
သူရောက်လာတာ
လောလောဆယ် Gulf အဝတ်အစား
ဝယ်ဖို့ တွေးလိုက်တယ် ..

MEW ကတော့  သူ့အကျီတွေ ယူဝတ်လို့
ရတယ် ပြောပေ‌မယ့်  ကြည့်လိုက်တော့
သူ ဝတ်နေကျပုံစံမျိုး  ပေါ့ပေါ့ပါးပါး‌‌တွေ မဟုတ်ပဲ တကယ်ကိုGentlemen ဒီဇိုင်းတွေ
အဲဒီတော့  သူ ညက ဝတ်လာတဲ့
ဂျင်းဘောင်းဘီဒူးစုတ်နဲ့  ရှပ်အကျီပဲ
ပြန်ဝတ်ပြီး Gulf ထွက်လာခဲ့လိုက်တယ် .  .

ဓာတ်လှေကားထဲက ထွက် ဟိုတယ်ရဲ့ ကောင်တာမှာ သော့အပ်ပြီး
Gulf ထွက်ခဲ့တယ်

ဓာတ်လှေကားထဲက ထွက်လာတဲ့
ကောင်လေးကိုဟိုတယ်ကြီးတစ်ခုလုံးရဲ့
မန်နေချုပ် ဖြစ်သူ ..
ဦးဒယ်နီယယ် လှမ်းကြည့် အကဲခပ်
လိုက်တယ်

ဒီဟိုတယ်မှာ ဒီလို အပါစားဆန်တဲ့
ဧည့်သည်မျိုးလက်မခံပါဘူး ဒါဆို
ဒီကောင်လေးက ဘယ်ကဘယ်လို
ရောက်နေတာလည်း ..
သူ့ဘာသာ လာတည်းခိုတာတော့
မဟုတ်လောက်
VIP တယောက်ယောက်က ခေါ်လာတာလား

ကောင်တာမှာ သော့အပ်ပြီး 
Gulfထွက်သွားတာနဲ့
ဦးဒယ်နီယယ် ကောင်တာက
တာဝန်ကျသူကို လာမေးလိုက်တယ် ..

" Yu   လာအုန်း "

မနက်ပိုင်း ဧည့်ကြိုကောင်တာမှာ
တာဝန်ကျနေတဲ့  Yu ကို လှမ်းခေါ်
လိုက်တယ်

" ခုနက သော့အပ်သွားတာ
ဘယ်အခန်းလည်း သူက ဘယ်သူလည်း "

" ဟုတ်ကဲ့ ခဏလေး မန်နေဂျာကြီး
ကျမ တချက် စစ်ကြည့်ပေးပါမယ် "

ကွန်တာပြုတာနှိပ်ပြီး အခန်းနံပါတ်ကို
Yu ရိုက်ထည့်ကြည့်လိုက်တော့ ထွက်လာတဲ့ ဧည့်သည် နာမည်က  ....

" MEW Suppasit ဆိုတဲ့ ဧည့်သည်ပါ "

"  What ! MEW Suppasit "

နာမည်တူတာလားဆိုပြီး မန်နေဂျာကြီး
အံ့ဩသွားတယ် ..

ကောင်တာထဲက ကွန်ပြုတာကို
Yu လှည့်ပြ လိုက်တယ် ..
ဘယ်လို ဧည့်သည်မျိုးဖြစ်နေလို့
သူတို့မန်နေဂျာမျက်လုံးပြူးသွားရတာလည်း

" VIP လား မန်နေဂျာကြီး "

" VVIP "

ဒီဟိုတယ်ကြီးရဲ့ ရှယ်ယာဝင်တဦးက ဘယ်လို
လမ်းဘေးက ကောင်လေးတယောက်ကို
ခေါ်လာရတာလည်း 

MEW Suppasit ဆိုတာ သူတို့
ခန့်မှန်းရခက်တဲ့ လူတယောက်မှန်း
ဦးဒယ်နီယယ်  သိနေတော့
ဘယ်လိုစိတ်ကူးနဲ့ ဒီကောင်လေးကို
ခေါ်လာမှန်းသူ တွေးလို့ လိုက်မမှီတော့တယ်

🐦🐦🐦🐦🐦

ဟိုတယ်ထဲကသာ ထွက်လာတယ်
Gulf ဘယ်တွေသွားရမှန်းမသိ ဖြစ်နေတယ်

အဝတ်အစား ဝယ်မယ်သာ ပြောနေတာ
သူ တွေ့သမျှ ဆိုင်တွေက  အကောင်းစား
brand တွေပဲ ရောင်းတဲ့ ဆိုင်တွေ
များနေတယ် ..

ဘာပဲဖြစ်ဖြစ်ကွာ
ငါလည်း ပိုက်ဆံပေးဝယ်တာ
ဘာဖြစ်သေးလည်း ..

ကိုယ့်ကိုကိုယ် သတ္တိမွေးပြီး အမျိုးသားဝတ်
အကျီဆိုင်တစ်ဆိုင်ထဲ Gulf ဝင်သွား
လိုက်တယ် 

" မဂ်လာ .... ပါ "

Gulf ပုံစံကြည့်ပြီး နှုတ်ဆက်တာတောင်
တဝက်တပျက်ဖြစ်သွားတဲ့ အရောင်းဝန်ထမ်း ကောင်မလေးကို  Gulf ပြန်လှည့် ကြည့်
လိုက်တယ်  ..

ဆိုင်ထဲကို သရုပ်ပျက်လိုလို ပုံစံနဲ့ ဝင်လာတဲ့
ဧည့်သည်ကို မာလာတို့  အထူးအဆန်းလို
လိုက်ကြည့်လိုက်မိတယ် ..

သူတို့ဆိုင်ကို ဝင်လာတဲ့ ဧည်သည်တွေဟာ
တော် တန် ယုံ လူတန်းစားမျိုးတွေ မဟုတ် . .

အဆင့်အတန်းရှိလူကြီးလူကောင်းတွေ 
အခု ဝင်လာတဲ့ ဧည်သည်ကတော့
သူတို့ဆိုင်နဲ့မအပ်စပ်တဲ့ ဧည့်သည်မျိုး
ဖြစ်နေတယ် ..

" ဒီအကျီက ဆိုဒ် .... အဲလောက်ရှိလား "

အကျီစင်တန်း တခုမှာ ချိတ်ထားတဲ့ အကျီကို
သဘောကျတာနဲ့ Gulf မေးလိုက်တယ် ..

" အကျီဆိုဒ်က ရှိပါတယ် ..
ဒါပေမယ့် အဲဒါကဈေးကြီးတယ်နော်
လူကြီးမင်း ဝယ်နိုင်မှာမဟုတ်ဘူး ရှင့်  "

သူ့ကို အထင်အမြင်သေးသလို
အကြည့်နဲ့ ကြည့်ပြီး ‌ပြောလိုက်တဲ့ 
အရောင်းဝန်ထမ်း ကို သူ့ ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်လာတဲ့
ပိုက်ဆံတွေကို Gulf ဆွဲထုတ်လိုက်တယ် ..

" ကျုပ်မှာ ပိုက်ဆံပါပါတယ် "

" လူကြီးမင်းမှာ ပိုက်ဆံပါလည်း ကျမတို့
မရောင်းပါဘူး ဘာဖြစ်လို့လည်း ဆိုတော့
ဒါတွေက အဆင့်အတန်းရှိတဲ့
လူတွေအတွက်ပါ

ဒီက လူကြီးမင်းလို လမ်းပေါ်က လူတွေကို
ရောင်းတဲ့ အပေါစားတွေမဟုတ်ပါဘူး "

Gulf သူ့လက်ထဲက ပိုက်ဆံတွေကို
ကြေမွမတပ် လက်ထဲဆုပ်ကိုင်ပြီး
ရှက်ရွံ့သွားရတယ် .  .
ဆိုင်ထဲမှာ သူ့ကို  အထင်သေးတဲ့
မျက်လုံးတွေနဲ့ ဝိုင်းပြီး ကြည့်နေတာ
ခံလိုက်ရတယ် ..

ဝေ့ခနဲ တက်လာတဲ့ မျက်ရည်စတွေနဲ့အတူ
Gulf ဆိုင်ထဲက အမြန် ပြန်ထွက်ခဲ့တော့တယ်

ဘယ်မှလည်း သွားချင်တဲ့စိတ်မရှိတော့တာနဲ့
Gulf ဟိုတယ်ပဲ ပြန်လာခဲ့တော့တယ် ..

" Hi ကျတော် ဒယ်နီယယ်ပါ "

" ဒီက ဧည့်သည်ရဲ့ နာမည်က Gulf နော် "

ဟိုတယ်ထဲ ရောက်တာနဲ့  ကောင်တာမှာ
Gulfအခန်းသော့ယူနေတုန်း 
လူကြီးတယောက် သူ့ကို လာမေးပြီး  နှုတ်ဆက်လိုက်တာကြောင့်
Gulf ကြောင်အအနဲ့ ပြန်ပြီး နှုတ်ဆက်
ပြုံးပြလိုက်တယ် ..

" ကျတော်က ဒီဟိုတယ်ရဲ့ မန်နေဂျာချုပ်ပါ ..
Mr.mew  က ကျတော့်ကို မှာထားလို့ပါ .. "

" ခင်ဗျာ !  MEW  "

ဦးဒယ်နီယယ်ကို
Gulf မျက်လုံးအဝိုင်းသားနဲ့သာ
ငေး ကြည့် နေမိလိုက်တော့တယ် ..

🐦🐦🐦🐦🐦

ညဉ့်ငှက် .. (အပိုင်း ၃ ) ဆက်ရန်

အားလုံးရဲ့ တုံ့ပြန်မှုတွေ မှတ်ချက်တွေနဲ့
အားပေးမှု့တွေအတွက် ကျေးဇူးတင်ပါတယ် . 

#ခရေဖြူ✍️

ညဉ့္ငွက္ .. (အပိုင္း ၂)
🐦🐦🐦🐦🐦

သူ႕အရပ္နဲ႕သူ ေထာင္ေထာင္ေမာင္းေမာင္း
ၾကည့္ေကာင္းေနတာ  ..
MEW ဆိုတဲ့သူ သူ႕ပုခုံး လာဖက္လိုက္ေတာ့
Gulf ကိုယ္လုံးက လက္ေမာင္ၾကားထဲ
ေသးငယ္သြားသလို ခံစားလိုက္ရတယ္ ..

ဓာတ္ေလွကား႐ုံေရွ႕မွာ  အေပၚကေန
ဆင္းလာတာ MEW  တို႔ ေစာင့္ေနလိုက္တယ္

" ကေလာင္ ! "

အေပၚကဆင္းလာတဲ့ ဓာတ္ေလွကားထဲ
Gulf ဖ်တ္ဆို ဝင္သြားလိုက္တယ္ ..

တကယ္ေတာ့ MEW တို႔ အေရွ႕မွာ အသက္ႀကီးလင္မယားႏွစ္ေယာက္
ရွိ ေန ေသးတာ ..
သူတို႔ ၿပီးမွ MEW တို႔ ဝင္ရမွာ ..

Gulf အရင္ ဓာတ္ေလွကားထဲ
ဝင္သြားလိုက္ေတာ့MEW အားနာၿပီး
သူ႕အေရွ႕က လင္မယားကို ၿပဳံးျပလိုက္တယ္

" ရပါတယ္ အရင္သြားလိုက္ပါ "

လင္မယားႏွစ္ေယာက္ကို MEW ၿပဳံးျပၿပီး
ဓာတ္ေလွကားထဲ ဝင္ခဲ့လိုက္တယ္ ..

Gulf ကေတာ့ဒီလိုယဥ္ေက်းမႈ႕ေတြကို
နားလည္ပုံ သိပုံလည္းမရ ..
သူ မေရာက္ဘူးတဲ့ ေနရာကို ေရာက္လာ
ရေတာ့ ဓာတ္ေလွကားကို အထူးအဆန္းလို လိုက္ၾကည့္ေနတာ MEW ေတြ႕လိုက္ရတယ္ ..

သူ႕တည္းခိုမယ့္ အခန္းေရာက္တာနဲ႕
ေသာ့ကတ္နဲ႕ဖြင့္လိုက္တယ္ ..

" Gulf လာ အထဲဝင္ "

" WOW WOW "

ဟိုတယ္အခန္းသာဆိုတယ္
အ္ိမ္တစ္လုံးေလာက္ ခမ္းနား ျပည့္စုံေနတဲ့ အခန္းကို မ်က္စိအျပဳးသား
ပါးစပ္အေဟာင္းသားနဲ႕ Gulf လွည့္ပတ္
ၾကည့္လိုက္မိတယ္ ..

" ခင္ဗ်ား အခန္းႀကီးက မိုက္တယ္ေနာ္ "

သူ႕ကို အားရပါးရ လွမ္းေျပာလိုက္တဲ့
Gulf ကို MEW ‌ၿပဳံးၾကည့္လိုက္တယ္ ..

ပစၥည္းေတြ သယ္ေပးလာတဲ့
Bellboy ေကာင္ေလးကို မုန႔္ဖိုးေပးရင္း MEW အသီးနဲ႕ ရွန္ပိန္ မွာလိုက္တယ္ ..

" လြတ္လြတ္လပ္လပ္ေနေနာ္ Gulf
ကိုယ္ စားစရာမွာထားတယ္ ေတာ္ၾကာေရာက္လာလိမ္မယ္ "

ဟိုတယ္အခန္းထဲမွာ ရွိတဲ့ အသုံးအေဆာင္
ပစၥည္းေတြကို Gulf လိုက္ၾကည့္လို႔ မဆုံး
ျဖစ္ေနရတယ္ ..

ဒီလို အိမ္ေလာက္နီးနီးရွိတဲ့ အခန္းတစ္ခန္းမွာ
တစ္ညကို ဘယ္ေလာက္ေတာင္မ်ား
ေပးရမလဲ

MEW ဆိုတဲ့သူက ႏွယ္ႏွယ္ရရ
လုပ္ငန္းရွင္ေတာ့မဟုတ္ေလာက္ဘူးလို႔
Gulf ထင္လိုက္မိတယ္ ..

" ခင္ဗ်ား က်ေတာ္ထက္ အသက္ႀကီးမယ္
ထင္လို႔ P'MEW  လို႔ ေခၚမယ္ေနာ္ "

" ကိစၥမရွိဘူး ရတယ္ ေခၚပါ "

" ဒီအခန္းက တစ္ည အိပ္ရင္
ဘယ္ေလာက္ေပးရလဲ P'MEW "

" ဒီဟိုတယ္ရဲ႕ အခန္းေတြက တစ္ညထဲ
ေနလို႔မရဘူးေလ  ..  ဒီမွာ တည္းခိုခ်င္ရင္ အနည္းဆုံး ဆယ္ရက္ တစ္လ ဘိုကင္ယူမွ ရတာ ."

" ခင္ဗ်ာ ! ဘယ္လိုႀကီးလည္း "

" ဟိုတယ္ဆိုတာ ကိုယိ့စိတ္ႀကိဳက္
ကိုယ္ေနခ်င္သေလာက္ပဲ ေနမွာေပါ့  "

" ဒီဟိုတယ္က တျခားဟိုတယ္ေတြလို
မဟုတ္ဘူးေလ ..
သူက စီးပြားေရးလုပ္ငန္ေတြ အတြက္ပဲ
အဓိကထားတဲ့ business  VIP ဟိုတယ္ေပါ့

စီးပြားေရးလုပ္ငန္းဆိုတာ တစ္ရက္ ႏွစ္ရက္နဲ႕
ဆုံးျဖတ္လို႔ရတာမဟုတ္ဘူးေလ ..
ေခါင္းေအးေအးနဲ႕ ေတြးရတယ္..
စဥ္းစားရတယ္ဆုံးျဖတ္ရတယ္ ..
တျခားလုပ္ငန္းရွင္ေတြနဲ႕ ေတြ႕ဆုံရတယ္ အႀကံဉာဏ္ယူရတယ္ အေတြ႕အႀကဳံ
ဖလွယ္ရတယ္ ..
အဲဒါေၾကာင့္ လာတဲ့လူေတြကိုလည္း
ကန႔္သတ္ထားသလို ..
တည္းခိုတဲ့ ရက္ကိုလည္း ခုလိုသတ္မွတ္
ထားတာ "

" တင္းေတာင္ ! "

Gulf ကို ရွင္းျပေနတုန္း အခန္းတံခါးဘဲလ္သံ
ၾကားတာနဲ႕ ႏွစ္ေယာက္သား လွည့္ၾကည့္
လိုက္ၾကတယ္..

" Room service  လာၿပီထင္တယ္ "

" ေနေန က်ေတာ္ သြားဖြင့္ေပးလိုက္မယ္  "

သြက္သြက္လက္လက္နဲ႕ ထ ေျပးသြားၿပီး
တံခါး သြား ဖြင့္လိုက္တဲ့ Gulf ကို 
MEW ၾကည့္ေနမိတယ္ .. 

ဒီေကာင္ေလး လႈပ္ရွားသမွ် ဘာလို႔မ်ား
သူ စိတ္ဝင္တစားနဲ႕ သူ လိုက္ၾကည့္မိမွန္း
MEW လည္း ကိုယ့္ဘာသာ နားမလည္ေတာ့

" ေက်းဇူးပါ "

စားစရာတြန္းလွည္းကို  Gulf အခန္းထဲ
တြန္းဝင္လာခဲ့လိုက္တယ္ ..

Gulfတြန္းလာတဲ့ တြန္းလွည္ေပၚက
အုပ္ေဆာင္းကို MEW ဖြင့္ေပးလိုက္တယ္ .

MEW ဖြင့္ေပးတဲ့ အုပ္ေဆာင္းထဲက
စေတာ္ဘယ္ရီသီးႀကီးႀကီးတစ္လုံးကို
Gulf ‌လွမ္းယူၿပီး  တဘက္ကို လွည့္ၿပီး
စားလိုက္တယ္  ..

ဒီေလာက္ႀကီးတဲ့ စေတာ္ဘယ္ရီသီးမ်ိဳး
Gulf တစ္ခါမွ မျမင္ဘူးခဲ့ ..

စားရတာ ခ်ိဳအီၿပီး အရသာရွိလိုက္တာ . 

" Gulf ရွန္ပိန္ေသာက္အုန္း "

MEWကမ္းလိုက္တဲ့ ရွန္ပိန္ခြက္ကို
Gulf ယူၿပီးတက်ိဳက္ထဲ ေမာ့ေသာက္
လိုက္တယ္ ..

" ရွန္ပိန္ဆိုတာ ဒီလို အရသာခံၿပီး
ေျဖး....... ေျဖး"

သူေျပာလို႔ စကားေတာင္မဆုံးေသးဘူး
Gulf ရဲ႕ ဖန္ခြက္ထဲက ရွန္ပိန္ကို တစ္ခါတည္း
ေမာ့ေသာက္တာ ကို MEW ၾကည့္ၿပီး
လန႔္သြားရတယ္ ..

" အရသာက ဂြတ္တယ္ေနာ္
က်ေတာ္ထပ္ယူလို႔ ရမလား "

" ယူသြားေလ မင္းအတြက္ မွာထားတာ "

" ဒါဆို ဟိုဟာေရာ ဖြင့္ၾကည့္လို႔ရမလား "

အခန္းဧည့္ခန္းထဲမွာ ရွိေနတဲ့ TV ႀကီးကို
Gulf လက္ညွိုးထိုးျပလိုက္တယ္ ..

" ရတယ္ ဒီအခန္းထဲ သုံးလို႔ရတဲ့ ပစၥည္းေတြ
အကုန္လုံး မင္း သုံးခြင့္ရွိတယ္ သုံးလို႔ရတယ္

" အဲဒါဆို က်ေတာ္ ဧည့္ခန္းထဲမွာရွိတယ္
ခင္ဗ်ား လိုအပ္တာရွိရင္ ေျပာလိုက္  အိုေက "

စေတာ္ဘယ္ရီသီးအုပ္နဲ႕ ရွန္ပိန္ပုလင္ကို
တဖက္စီ ကိုင္ၿပီး  MEW အေရွ႕ကေန
Gulf ထြက္လာခဲ့လိုက္တယ္ ..

ဧည့္ခန္းလိုေနရာမ်ိဳးမွာ ရွိေနတဲ့
TVႀကီးက Gulf ကို ဆြဲေဆာင္ေနတယ္ ..

စေတာ္ဘယ္ရီသီးေလးစားလိုက္ ရွန္ပိန္ေလး
ေသာက္လိုက္ TV ၾကည့္လိုက္နဲ႕
Gulf ဇိမ္က်ေနေတာ့တယ္ ..

" အင္း ဟုတ္တယ္  Ko Htut
က်ေတာ္လည္း အဲဒါကို ေစာင့္ေနတာ ..

အိုေက အိုေက က်ေတာ့္ကို mail တခ်က္
ပို႔ေပးလိုက္ က်ေတာ္ စစ္ၾကည့္လိုက္မယ္ .

ဟုတ္ကဲ့ See U  ဗ် "

" ဟား ဟား ဟား "

အလုပ္စားပြဲမွာ စာရင္းဖိုင္တြဲေတြနဲ႕
အလုပ္ရႈပ္ေနရင္း MEW ေခါင္းေမာ့
ၾကည့္လိုက္တယ္ .. 

TV ေရွ႕က ၾကမ္းျပင္ေကာ္ေဇာေပၚမွာ ဝမ္းလ်ားေမွာက္ လက္ေမးေထာက္ကာ
ကာတြန္းကား ၾကည့္ၿပီး ရယ္ေနတဲ့ Gulf ကို
MEW လွမ္းျမင္လိုက္ရတယ္ ..

လြတ္လပ္ၿပီး အပူအပင္မရွိသလို
ျဖဴစင္တဲ့ ပုံစံနဲ႕ေကာင္ေလးက ဘာလို႔
ဒီလို သူမ်ားရဲ႕ အျဖည့္ခံအလုပ္ကို
လုပ္ေနရတာလည္း  ..

လက္ထဲက ေဘာပင္ကို စားပြဲေပၚခ်ခဲ့ၿပီး
Gulf လွဲေနတဲ့ ေဘးက ဆိုဖာထိုင္ခုံနား MEW ေလွ်ာက္သြားၿပီး ထိုင္လိုက္တယ္ ..

ဆိုဖာခုံေပၚ ေနာက္မွီ ထိုင္ ေဘးက
လက္တန္းေပၚ လက္ႏွစ္ဘက္ကို တင္ၿပီး ရယ္ေမာေနတဲ့ Gulf ကို
MEW ထိုင္ၿပီး ၾကည့္ေနမိတယ္ ..

တေယာက္ထဲဆိုၿပီး  လြတ္လြတ္လပ္လပ္
လွဲေနတဲ့ Gulf တစ္ေယာက္ သူ႕ေဘးကို MEW ေရာက္လာတာနဲ႕ လူးလဲ ထ ထိုင္
လိုက္တယ္ . 

" P'MEW ခင္ဗ်ား ဘာလိုအပ္လိုလည္း
အရက္ေသာက္ခ်င္လို႔လား .. "

Gulf စကားကို MEW ေခါင္းခါျပလိုက္တယ္

" ဒါဆို စကားေျပာခ်င္လို႔လား "

MEW ထပ္ၿပီး ေခါင္းခါျပလိုက္တယ္ ..

အမ္ ! ဒါဆို ဘာလည္း ဒီလူႀကီးက ..

ဧကႏၲ ..  ဟာ !!

" ဟာ ! က်ေတာ္ အလုပ္လက္ခံတဲ့အထဲမွာ
အဲဒီ ကိစၥ မပါဘူးလို႔ ေျပာထားတယ္ေနာ္ "

" ဟား ဟား မဟုတ္ပါဘူးကြာ မင္းကလဲ "

လွဲေနတာကေန အျမန္ေနာက္ဆုတ္ၿပီး သူ႕ကို
မ်က္လုံးမ်က္ဆန္ျပဳးၿပီး ေျပာေနတဲ့ Gulf ကို
MEW သေဘာက်ကာ ရယ္လိုက္ေတာ့တယ္

" အဲဒါဆို ဘာလည္း ခင္ဗ်ားက
က်ေတာ့္ကို စိုက္ၾကည့္ေနတာ ..  "

" မင္း အလုပ္အေၾကာင္း သိခ်င္တာ "

အလုပ္သေဘာအရသာ ခဏတာေတြ႕ၾကတာ
ဒီလို လူတေယာက္ကို Gulf သူ႕အေၾကာင္း
ေျပာျပသင့္လား  ေတြးလိုက္တယ္ . 

" ခင္ဗ်ားကလည္း ထူးထူးဆန္းဆန္း "

Gulf မသိမသာနဲ႕ စကားေတြလႊဲလိုက္တယ္ . 

ဒါကို MEW လည္း သေဘာေပါက္လိုက္
မိတယ္

မေျပာခ်င္တဲ့ အရာကို MEW လည္း
ထပ္ၿပီးမေမးခဲ့ေတာ့တယ္ ..

Gulf နဲ႕ MEW  တျခားအေၾကာင္းေတြ
ေျပာၿပီးတာနဲ႕ သူ႕အလုပ္ သူ ျပန္လုပ္ေနသလို
Gulf ကလည္း TV  ဆက္ၾကည့္ ေနေတာ့တယ္ ..

" အားး ေညာင္းလိုက္တာ "

ခါးကို ဘယ္ညာလွည့္ၿပီး
MEW အေညာင္းေျဖလိုက္တယ္ ..

နာရီၾကည့္လိုက္ေတာ့ မနက္ ၂ နာရီထိုးလုၿပီ . 

အိပ္ယာေပၚကို သူ လွမ္းၾကည့္လိုက္ေတာ့
Gulf ဆိုတဲ့ ေကာင္ေလး အိပ္ေမာ‌က်ေနၿပီ ..

ႏွစ္ေယာက္ထိုင္ ဆိုဖာခုံေပၚလာၿပီး
MEW လွဲခ်လိဳက္ေတာ့တယ္ ..

ဘန္ေကာက္ကို သူ လာတာတယ္ဆိုတာ
သူ႕ရဲ႕ စီးပြားေရးအတြက္ ပါတနာလာရွာတာ ..
ေျမစမ္းခရမ္းပ်ိဳး လာ ေလ့လာတာ ..

ဒါေပမယ့္ သူ႕စိတ္ထဲ ကိုယ့္ရဲ႕ အလုပ္အျပင္
ဘာမဆိုင္ညာမဆိုင္ 
ညဉ့္ငွက္ေလးတေကာင္ရဲ႕
ဘဝဇာတ္ေၾကာင္းကိုပါ ေလ့လာခ်င္ေန
မိေတာ့တယ္ ..

🐦🐦🐦🐦🐦

ညဘက္ကို ဘယ္ေလာက္ပဲ ေနာက္က်ၿပီး
အိပ္ယာဝင္ဝင္ MEW မနက္ကိုေတာ့ အေစာႀကီးနိုးေနတတ္ခဲ့တယ္ ..

တစ္ညလုံး ဆိုဖာေပၚမွာ အိပ္လိုက္ရေတာ့
သူ ဇက္ေတြ ေတာင့္တင္းေနရတယ္ ..
ဆိုဖာေပၚကေန ထ ထိုင္ၿပီး MEW
ဟိုဘက္ဒီဘက္အေၾကာဆန႔္လိုက္ၿပီး
အခန္းေရွ႕ကဝရံတာဘက္ ထြက္
ေလတဝႀကီး ရႈသြင္းလိုက္တယ္ . 

လတ္ဆတ္တဲ့ ေလေကာင္းေလသန႔္
ရႈလိုက္ရေတာ့ MEW စိတ္ေတြ ၾကည္လင္
သြားတယ္  ..

အခန္းထဲျပန္ဝင္လာၿပီး  သူ ေရခ်ိဳးဖို႔
ျပင္လိုက္တယ္  ..
အိပ္ခန္းထဲ  ေရာက္လာေတာ့  အိပ္ယာေပၚမွာ
ခုထိ Gulf က ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္လို႔
ေကာင္းေနဆဲ  ..

အိပ္ေပၚက ႏွစ္ေယာက္အိပ္ ေမြ႕ယာေပၚမွာ
တစ္ေယာက္ထဲ ေျခကားယားလက္ကားယားနဲ႕အိပ္ေနတာကို MEW အခန္းေထာင့္မွာ ေထာင္ထားတဲ့ မွန္ထဲကေန လွမ္းၾကည့္
လိုက္တယ္ ..

မွန္ထဲက ၾကည့္ရတာ အားမရသလို ျဖစ္တာနဲ႕
MEW သူ႕ေခါင္းကို Gulf အိပ္ေနတံ့ဘက္ လွည့္ၾကည့္လိုက္တယ္ ..

အက်ီခြၽတ္ ေက်ာေမွာက္ၿပီး အိပ္ေနေတာ့
Gulf ရဲ႕ ေက်ာေျပာင္ေျပာင္ကို
MEW ျမင္လိုက္ရတယ္ ..

Gulf ရဲ႕ ေက်ာျပင္ကို MEW စူးစိုက္
ၾကည့္လိုက္မိေတာ့ မဲ့ေသးေသးေလးကို အထင္သား ျမင္လိုက္ရတယ္ .. 

Gulf ပုံစံသြင္ျပင္ကို ၾကည့္ၿပီး ဒီအလုပ္လုပ္တယ္ဆိုတာ MEW ခုထိ မယုံခ်င္
ျဖစ္ေနမိတယ္ ..

အေတြးစကို ျဖတ္ၿပီး MEW ေရခ်ိဳးခန္းထဲ
ေရပန္းေအာက္ ဝင္ ေရခ်ိဳးလိုက္‌ေတာ့တယ္ ..

စူးရွတဲ့ ေနေရာင္က မ်က္လုံးေပၚ က်လာမွပဲ
Gulf အိပ္ယာက နိုးေတာ့တယ္  ..

အိပ္ယာေကာင္းေကာင္းမွာ ဇိမ္က်က်
အိပ္လိုက္ရလို႔ပဲလားမသိ ညထဲက
အိပ္လိုက္တာ Gulf မိုးလင္းမွပဲ နိုးေတာ့တယ္

No နဲ႕သူ ငွားေနတဲ့အိမ္က သူလိုကိုယ္လို အလုပ္သမားေတြ စုၿပီး အေဆာင္မ်ိဳး
ေနၾကတာ
ေက်ာတခင္းစာ ႏွာေခါင္း‌‌ေပါက္
အိပ္ယာေလးမွာ အိပ္ရတဲ့ ခံစားခ်က္နဲ႕
လုံးဝ ကြာျခားေတာ့တယ္

Gulf ေမြ႕ယာေပၚ ဟိုဘက္ဒီဘက္
လွည့္ၾကည့္လိုက္တယ္ ..

ဟင္ ! ဘာလည္း ငါတေယာက္ထဲလား

ဟိုလူ ညက မအိပ္ဘူးလား ဒါမွမဟုတ္
သူ႕အရင္ ထ သြား တာလား ..

ညက ေတာ္ေတာ္နဲ႕ MEW ဆိုတဲ့သူ
အိပ္မလား Gulf ေစာင့္ေနလိုက္ေသးတယ္ ..

ေယာက္်ားခ်င္းဆိုေတာ့ သူ ေခၚရင္
ကုတင္တဘက္မွ  Gulf အိပ္မယ္ေပါ့ .
မေခၚရင္ေတာ့ သူ႕ဘာသာ  ဆိုဖာေပၚမွာပဲ
အိမ္မယ္ဆိုၿပီး  ေစာင့္ေနတာ ..

တေျဖးေျဖးသာ ညဉ့္နက္သြားတယ္
MEW ဆိုတဲ့တစ္ေယာက္ကေတာ့
အိပ္မယ္ပုံ မရွိ ..
Gulf လည္း ဆက္ၿပီး မေစာင့္နိုင္ေတာ့တာနဲ႕
အိပ္ယာေပၚတက္ကာ အရင္အိပ္လိုက္
ေတာ့တယ္

အိပ္ယာေပၚကေန Gulf လူးလဲ ထၿပီး ညက
ခြၽတ္ထားတဲ့ သူ႕အက်ီကို ေကာက္ဝတ္
လိုက္တယ္ၿပီးတာနဲ႕ ဧည့္ခန္းဘက္
ထြက္လာခဲ့လိုက္တယ္ ..

"Morning Gulf  နိုးလာၿပီလား
ဒီမွာ မနက္စာ လာစား "

ေခါင္းစုပ္ဖြား အက်ီက ကပိုကယိုနဲ႕
ထြက္လာတဲ့Gulf ကို MEW  လက္ယပ္  လွမ္းေခၚလိုက္တယ္

ဝါးး 
Gulf စိတ္ထဲမွာ အံ့ဩသံ တ လိုက္တယ္ ..

ဒါ မနက္စားလား
ဘုရင့္ပြဲေတာ္လား မသိေတာ့

စားပြဲဝိုင္းအျပည့္နဲ႕ မနက္စာမ်ိဳးစုံက
Gulf ကိုမ်က္လုံးျပဴးသြားေစခဲ့တယ္ ..

ေပါင္မုန႔္တခ်ပ္ကို ဆြဲယူၿပီး
Gulf ဝရံတာဘက္
ထြက္လာၿပီး စားလိုက္တယ္ ..

ေကာင္းလိုက္တဲ့ ေပါင္မုန႔္သား
Gulf ပါးစပ္ထဲ အိ ဆင္း ေပ်ာ္ဝင္သြားတယ္ ..

သူမ်ားေရွ႕မွာ မစားတတ္တာလား
ဒါမွမဟုတ္စားရမွာ ရွက္လို႔ပဲလား မသိ
တခုခု စားတိုင္းGulf ကြယ္ကြယ္ ဝွက္ဝွက္ စားတတ္တာ MEW သတိထားမိလိုက္တယ္

" Gulf ဒီမွာ လာထိုင္စားေလ  ၿပီးေတာ့
မင္း ဝတ္ၿပီးသားအက်ီေတြ ျပန္မဝတ္နဲ႕ေလ . 
ဟို အထဲမွာ အသစ္ေတြ ရွိတယ္ "

MEW ေခၚတာနဲ႕ Gulf ကုလားထိုင္တလုံး
ဆြဲထုတ္ၿပီး ဝင္ထိုင္လိုက္တယ္  ..

ထိုင္ခုံေပၚ ေျခေထာက္တဘက္တင္ ဒူးေထာင္ၿပီးမနက္စာ စား‌ေနတဲ့ Gulf ကို MEW မျမင္ဘူးသလိုၾကည့္မိျပန္တယ္ ..

" P'MEW က်ေတာ္
ေရခ်ိဳးခန္းသုံးလို႔ရမလား "

" ရပါတယ္ သုံးေလ "

" ေျဖးေျဖးစား ကိုယ္ ဖုန္းဆက္စရာရွိလို႔ "

Gulf သူ႕စိတ္တိုင္းႀကိဳက္
လြတ္လြတ္လပ္လပ္စားရေအာင္
MEW အရင္ ထလာခဲ့လိုက္တယ္

" အိုေက Ko Htut ညေနကို
ေတြ႕ၾကည့္တာေပါ့
ဟုတ္တယ္ က်ေတာ္လည္း အဲဒါ
စဥ္စားေနတာ"

Ko Htut ဆိုတာ ဘန႔္ေကာက္မွာ
အ‌ေခ်က်ေနတဲ့
MEW သူငယ္ခ်င္းတစ္ေယာက္ ..

MEW ဘန္ေကာက္မွာ အလုပ္လုပ္မယ့္
ကိစၥအတြက္  သူတတ္နိုင္တဲ့ဘက္က အဆက္အသြယ္ေတြ ရွာေပး ကူညီေပးေနတဲ့
မိတ္ေဆြေကာင္းတေယာက္ဆိုလည္း မမွား..

🎵🎶 🎵 🎶🎵 🎶 🎵🎶🎵 🎶🎵

Ko Htut နဲ႕ ဖုန္းေျပာေနရင္း MEW နားထဲ
သီခ်င္းဆိုသံ လိုလို ၾကားမိလိုက္တယ္ ..

ဖုန္းေျပာေနရင္းတန္းလန္းနဲ႕ MEW ေရခ်ိဳးခန္းတံခါးကို အသာတြန္း ဖြင့္ၾကည့္
လိုက္ေတာ့ ..

ဆပ္ျပာေဖြေဖြေတြျပည့္ေနတဲ့ ေရခ်ိဳးကန္ထဲ
ေရခ်ိဳးေနရင္းနဲ႕ နားမွာ နားၾကပ္အုပ္
မ်က္လုံးပိတ္ၿပီး အားရပါးရနဲ႕  သီခ်င္းကို  ေအာ္ဟစ္ဆိုေနတဲ့ Gulf ကို သူ ေတြ႕လိုက္
ရတယ္

MEW ၿပဳံးမိသြားၿပီး ေရခ်ိဳးကန္ေဘာင္ေပၚ
ဝင္ထိုင္ၿပီး Gulf ကို ၾကည့္ေနလိုက္တယ္ ..

" Hello MEW "

" သီခ်င္းဖြင့္ထားတာလား သီခ်င္းဆိုသံ
ၾကားမိသလိုပဲေနာ္ ..

" Hello, Hello .. "

" အင္း Ko Htut  အက်ိဳးအေၾကာင္း
ေအးေဆးမွ ျပန္ေျပာမယ္ ဒါပဲေနာ္ " 

Ko Htut နဲ႕ ဖုန္းေျပာတာကို လက္စသပ္ၿပီး
Gulf ကို MEW ဆက္ၾကည့္ေနလိုက္တယ္ ..

Gulf ဆိုတဲ့ေကာင္ေလးနဲ႕ တစ္ညတာ ခဏ
အတူ ရွိခဲ့တယ္ ဆိုေပမယ့္ MEW စိတ္ထဲ
Gulfနဲ႕ မခြဲခ်င္သလို ျဖစ္ေနမိတယ္ ..

ဘာပဲျဖစ္ျဖစ္ လူပိုတစ္ေယာက္
ရွိေနတာ သူ႕ရဲ႕ အထီးက်န္သလို ျဖစ္ေနတဲ့
သူ႕စိတ္ကို သက္သာေစတယ္လို႔
ခံစားေနရတယ္ ..

" အ ဟား "

ကိုယ့္ဘာသာ ေရခ်ိဳးခန္းထဲ စိတ္ထင္တိုင္း
က်ဲေနတာ  ဖ်တ္ခနဲ႕ မ်က္လုံးဖြင့္လိုက္ခ်ိန္
သူ႕ကိုၾကည့္ေနတဲ့ MEW ကို ေတြ႕လိုက္
ရေတာ့ Gulf ရွက္ ရယ္ ရယ္ လိုက္တယ္ ..

" ဆက္ဆိုေလကြာ "

" အဟီး Sorry  ဗ် "

" ဒီကေန ျပန္ရင္ မင္း ဘာလုပ္လည္း Gulf "

" မနက္ဆိုေတာ့ အိမ္ပဲ ျပန္မွာ
ညမွ Club မွာ အလုပ္ဆင္းရမွာ "

" မင္း ဒီလို ကိုယ္နဲ႕ အျပင္လိုက္လာေတာ့
မင္းတို႔ အလုပ္ရွင္က ဘာမွမေျပာဘူးလား "

" သူ႕ကို ရာႏႈန္းနဲ႕ ျပန္ေပးရတယ္ "

" ေအာ့ "

ခႏၶာနဲ႕သိကၡာနဲ႕ ရင္းၿပီး လုပ္ရတဲ့သူက
တေယာက္
အဲလိုလူေတြစီက ေခါင္းပုံျဖတ္တဲ့သူက
ရွိေသးတယ္လား ..

" ကိုယ့္နဲ႕ တစ္ပတ္ေလာက္
ေနေပးမလား Gulf "

" ဘယ္လို "

" မင္း  Club မွာ တစ္ညကို
ဘယ္ေလာက္ရလည္းအဲဒါထက္ ပိုတဲ့ လုပ္အားခ မင္းကို ေပးမယ္ကြာ

မင္း အလုပ္ရွင္‌ကို ေပးရမယ့္ ရာႏႈန္းကိုလည္း
ကိုယ္ သပ္သပ္ေပးမယ္ .. ဘယ္လိုလည္း "

MEW ဆိုတဲ့လူနဲ႕ ဒီလို ဟိုတယ္ႀကီးမွာ
ေနရစားရသက္သက္သာသာနဲ႕ ဇိပ္ရွိေနတာ ဘယ္သူက မလုပ္ခ်င္ပဲရွိမလည္း ..

ဒါေပမယ့္ သူ႕ကို အလိုရွိတာ စကားေျပာေဖာ္
သက္သက္ပဲလား သူ႕ကဘာေတြ တုံ႕ျပန႔္မႈ႕
ေပးရမွာလည္း  Gulf စဥ္းစားသြားမိတယ္  ..

" ခင္ဗ်ား ဇိပ္လိုခ်င္ရင္ မိန္းမရွာေပါ့ ..
က်ဳပ္နဲ႕ ေနလို႔ ခင္ဗ်ား ဘာခံစားမႈ႕မွ ရမွာမဟုတ္ဘူး "

" ကိုယ္ ဒီကိစၥေတြလိုအပ္မွေတာ့
မေန႕ကညထဲကမင္းကို ‌ကိုယ္မေခၚဘူးေလ ..

ကိုယ္လိုအပ္တာ အဲဒါေတြမဟုတ္ဘူး

တေယာက္ေယာက္ ကိုယ့္အနားရွိတာကို
လိုခ်င္တာ ..

မေန႕က မင္းနဲ႕အတူတူ ရွိေနတာ
ကိုယ့္စိတ္ေတြ ေႏြးေထြးတယ္လို႔
ခံစားရတယ္ ..
အဲဒီ ခံစားခ်က္ကို ကိုယ္သေဘာက်တယ္ .. "

" ဒီလို တစ္ပတ္ေတာင္ ခင္ဗ်ားနဲ႕ ေနၿပီး
က်ဳပ္ကဘာျပန္လုပ္ေပးရမွာလည္း "

" ကိုယ္နဲ႕ စကားေျပာေဖာ္လုပ္ေပးရမယ္ ..
ကိုယ့္ ေခၚတဲ့ေနာက္ လိုက္ရမယ္ ..
ၿပီးေတာ့ ဒင္နာ ရွိရင္ အတူတူ တက္ေပး
ရမယ္ "

" ဒါပဲလား "

" အင္းေလ ဒါပဲေပါ့ "

" အိုေက အဲဒါဆို အလုပ္ေတာ့လက္ခံၿပီ ..
က်ေတာ့္ လုပ္အားခက ၇ ရက္စာဆိုေတာ့ .
....... အဲေလာက္ ေပးရမယ္ "

သူ႕ရဲ႕ တစ္ညရတဲ့ လုပ္ခထက္ MEW ကို
Gulfပိုတြက္ၿပီး ေမးလိုက္တယ္ ..

ဒီေကာင္ေလး လူလည္က်ၿပီဆိုတာ
MEW သိ‌လိုက္ၿပီး  စိတ္ထဲမွာ
ၿပဳံးလိုက္မိတယ္

" အိုေက လက္ခံတယ္ "

" MEW ခင္ဗ်ား လက္ခံတယ္ တကယ္လား "

သူပိုၿပီးေတာင္းတာ MEW လည္း သိမွာပဲ
ဒါဆို သူ႕ကို ငွားခ်င္မွ ငွားေတာ့မွာလို႔
ထင္ေနတာMEW က အိုေက ဆိုေတာ့
Gulf အံအားသင့္သြားရတယ္ ..

" တကယ္ မင္းေျပာတဲ့ လုပ္အားခကို
ကိုယ္လက္ခံတယ္ ..  "

" အိုးးဟိုးး "

Gulf ေပ်ာ္႐ႊင္ၿပီး ေရခ်ိဳးဆပ္ျပာကန္ထဲ
သူ႕ကိုယ္လုံးကို နစ္ျမဳပ္ပစ္လိုက္တယ္  ..

" ဟား ဟား ဟား "

ဆန္ျပာျမဳပ္ေတြ ေပးေနတဲ့ Gulf မ်က္ႏွာကို
မ်က္ႏွာသုတ္ပုဝါႀကီးနဲ႕ သုတ္ေပးရင္း
MEW ရယ္လိုက္တယ္ ..

" Gulf ဒီမွာ ဒါက ညကေန ခုထိ
ကိုယ္ေခၚထားခ်ိန္ရဲ႕ လုပ္အားခ  ..

ဒါကေတာ့ က်န္တဲ့ ၇ရက္စာအတြက္ စရံ
ေပးထားတာ မင္း သုံးခ်င္ဝယ္ခ်င္တာရွိရင္
သုံးလို႔ရေအာင္ "

Gulf ရဲ႕ လုပ္အားခကို MEW ေငြသားနဲ႕
တခါတည္း ရွင္းေပးလိုက္တယ္ ..

ေမြ႕ယာေပၚ  MEW ခ်ေပးလိုက္တဲ့
ပိုက္ဆံတထပ္ကို Gulf ဇတ္ခနဲ ေကာက္ယူ
လိုက္တယ္ .  .

" မင္း ပိုက္ဆံ ကိုယ္ ျပန္ မလုပါဘူးကြ "

" ဟီးး အက်င့္ပါေနလို႔ဗ် "

" ကိုယ္အျပင္သြားစရာရွိလို႔
သြားလိုက္အုန္းမယ္ မင္း အျပင္ ထြက္မယ္
ဆိုရင္ အခန္းေသာ့ကို ေကာင္တာမွာ 
အပ္ခဲ့လိုက္ေနာ္ "

" Yes , "

Gulf ကို မွာစရာေပးစရာရွိတာေတြ ေပးၿပီး
MEW လည္း အဝတ္အစားလဲလိုက္တယ္ ..

" P'MEW  နက္တိုင္ က်ေတာ္လုပ္ေပးမယ္ "

ကိုယ္လုံးေပၚ မွန္ႀကီးေရွ႕မွာ တစ္ေယာက္ထဲ
နက္တိုင္ခ်ည္ေနတဲ့ MEW အေရွ႕ကို သြားၿပီး
Gulf လုပ္ေပးလိုက္တယ္ ..

သူ႕ရင္ဘတ္နား ေခါင္းကပ္ၿပီး နက္တိုင္
ခ်ည္ေပးေနတဲ့ Gulf ကို MEW မသိမသာ
ငုံ႕ၾကည့္လိုက္တယ္ . 

ေရခ်ိဳးၿပီးကာစ ခါးသိုင္းအက်ီကို
ဝတ္ထားေတာ့Gulf ရဲ႕ ပုခုံးသားေတြကို MEW ထင္ထင္ရွားရွား ျမင္လိုက္ရတယ္ ..

ပုခုံးေပၚမွာ လည္ပင္နားေလးေတြမွာ
မဲ့ေပါက္စေလးေတြ  ဟိုတလုံး ဒီတလုံးနဲ႕  
သူ႕ကိုစြဲေဆာင္လို႔ေနတယ္ ..

" ရၿပီ P'MEW "

" ဘယ္ဆိုးလို႔လည္း မင္းက လုပ္တတ္တာပဲ
Thank you .. "

" ကိုယ္သြားၿပီး Bye .. "

MEW ကို တံခါးနားထိ
Gulf လိုက္ပို႔လိုက္တယ္ ..

MEW သူ႕ကို ႏႈတ္ဆက္ၿပီး ထြက္သြားတာနဲ႕
တၿပိဳင္တည္း အခန္းတံခါးကို ပိတ္ ၿပီးတာနဲ႕
Gulf အိပ္ယာေပၚ ဝုန္းဒိုင္းက်ဲ အားရဝမ္းသာ
ခုန္ေပါက္တက္လိုက္ေတာ့တယ္ ..

"  Hello Lhong "

တစ္ေယာက္ထဲ ျဖစ္သြားတာနဲ႕ Lhong ကို
Gulf ဖုန္းေခၚလိုက္တယ္  ..

" ဟာ ! Gulf မင္းကြာ ငါေသေနပီထင္တာ "

Gulf ကို စိုးရိမ္တႀကီးနဲ႕
Lhong ဆဲလိုက္တယ္

" ဟား ဟား ဟား မင္ကလည္း "

သူကလည္း သူပဲ  သူတို႔ ကလပ္ကေန
MEW ကားနဲ႕ လိုက္သြားထဲက Lhong ကို Gulf အက်ိဳးအေၾကာင္းဘာမွ  မေျပာျပ
ခဲ့မိတာ  ..

" ဘယ္လိုလည္း Gulf
မင္း အစားခံလိုက္ၿပီလား "

" မဟုတ္ပါဘူးကြာ မင္းထင္တာေတြ
ေမးမေနနဲ႕ငါ ေျပာတာကို ၿပီးေအာင္ နားေထာင္အုန္း "

ကလပ္ကေန MEW ကို ကားေမာင္းလိုက္ပို႔
အဲဒီကေန ဟိုတယ္မွာ တစ္ညအိပ္ ..
မနက္ မွာေတာ့ သူ႕ကို ထပ္ၿပီး 
MEW ေနေပးဖို႔ ငွားတဲ့ ကိစၥ အကုန္
Gulf ေျပာျပလိုက္တယ္ ..

" တကယ္လား Gulf မင္းေတာ့
အခ်ီႀကီးမိတာပဲ မလြတ္ေစနဲ႕
မင္း ဒီလို ဧည့္သည္မ်ိဳးက  ရခဲတယ္"

" မင္းကေတာ့ ဒါပဲ ေျပာေန မင္းေရာ ညက
ေနမေကာင္းျဖစ္ေနတာ ဘယ္လိုလည္း ..

မသက္သာရင္ အလုပ္ဆင္းမေနနဲ႕
ခြင့္ယူလိုက္
ငါ့ကို P'MEW ႀကိဳတင္ေပးထားတဲ့
ပိုက္ဆံရွိတယ္
မင္းကိုငါ လႊဲေပးလိုက္မယ္ Lhong  "

" ရပါတယ္ကြာ သက္သာပါတယ္ ..
ငါတို႔က ဘဝတူေတြ  မင္းက မင္းေက်ာင္းစရိတ္ စုေနရတာ  ငါမသုံးရက္ပါဘူး .  "

Gulf သူနဲ႕ မလႊဲသာလို႔သာ ဒီလို အလုပ္ကို
လုပ္ေနရေပမယ့္  သူ မလုပ္ခ်င္ဘူးဆိုတာ
Lhong အသိဆုံးပဲ ..

ညဘက္ သူတို႔ အိမ္ျပန္ေရာက္လို႔
ေရခ်ိဳးၾကရင္Gulf ေတာ္ေတာ္နဲ႕
ခ်ိဳးလို႔မၿပီးတယ္  ..
ဘာျဖစ္လို႔လည္း ဆိုေတာ့ သူ႕တကိုယ္လုံး
အသားေတြ နီရဲလန္ေအာင္ တိုက္ခြၽတ္
ေနလို႔ ..

Gulf ဘာျဖစ္လို႔လည္းဆိုေတာ့
သူ႕ကိုယ္သူ  ႐ြံလို႔တဲ့ .. 

Lhong ကေတာ့ ဒီအလုပ္ကို ဝါသနာပါလို႔ကို
စြဲစြဲလန္းလန္း လုပ္ေနတာ . 
Gulfေလာက္ ခံစားခ်က္သိပ္မရွိေတာ့ ..

" Gulf အက်ိဳးအေၾကာင္းထူးရင္
ဖုန္းဆက္အုန္း
အေပ်ာ္လြန္ၿပီး ေမ့မေနနဲ႕ .."

" ေအးပါကြာ ဒါဆို ဒါပဲ "

Lhong နဲ႕ ဖုန္းေျပာၿပီး
Gulf ဘာလုပ္ရမလည္း
စဥ္းစားလိုက္တယ္ ..

ေအာ္ သတိရၿပီ !

အဝတ္အစားအရင္ ဝယ္ရမယ္ .
အဝတ္တထည္ထဲနဲ႕ MEW ရွိ
သူေရာက္လာတာ
ေလာေလာဆယ္ Gulf အဝတ္အစား
ဝယ္ဖို႔ ေတြးလိုက္တယ္ ..

MEW ကေတာ့  သူ႕အက်ီေတြ ယူဝတ္လို႔
ရတယ္ ေျပာေပ‌မယ့္  ၾကည့္လိုက္ေတာ့
သူ ဝတ္ေနက်ပဳံစံမ်ိဳး  ေပါ့ေပါ့ပါးပါး‌‌ေတြ မဟုတ္ပဲ တကယ္ကိုGentlemen ဒီဇိုင္းေတြ
အဲဒီေတာ့  သူ ညက ဝတ္လာတဲ့
ဂ်င္းေဘာင္းဘီဒူးစုတ္နဲ႕  ရွပ္အက်ီပဲ
ျပန္ဝတ္ၿပီး Gulf ထြက္လာခဲ့လိုက္တယ္ .  .

ဓာတ္ေလွကားထဲက ထြက္ ဟိုတယ္ရဲ႕ ေကာင္တာမွာ ေသာ့အပ္ၿပီး
Gulf ထြက္ခဲ့တယ္

ဓာတ္ေလွကားထဲက ထြက္လာတဲ့
ေကာင္ေလးကိုဟိုတယ္ႀကီးတစ္ခုလုံးရဲ႕
မန္ေနခ်ဳပ္ ျဖစ္သူ ..
ဦးဒယ္နီယယ္ လွမ္းၾကည့္ အကဲခပ္
လိုက္တယ္

ဒီဟိုတယ္မွာ ဒီလို အပါစားဆန္တဲ့
ဧည့္သည္မ်ိဳးလက္မခံပါဘူး ဒါဆို
ဒီေကာင္ေလးက ဘယ္ကဘယ္လို
ေရာက္ေနတာလည္း ..
သူ႕ဘာသာ လာတည္းခိုတာေတာ့
မဟုတ္ေလာက္
VIP တေယာက္ေယာက္က ေခၚလာတာလား

ေကာင္တာမွာ ေသာ့အပ္ၿပီး 
Gulfထြက္သြားတာနဲ႕
ဦးဒယ္နီယယ္ ေကာင္တာက
တာဝန္က်သဴကို လာေမးလိုက္တယ္ ..

" Yu   လာအုန္း "

မနက္ပိုင္း ဧည့္ႀကိဳေကာင္တာမွာ
တာဝန္က်ေနတဲ့  Yu ကို လွမ္းေခၚ
လိုက္တယ္

" ခုနက ေသာ့အပ္သြားတာ
ဘယ္အခန္းလည္း သူက ဘယ္သူလည္း "

" ဟုတ္ကဲ့ ခဏေလး မန္ေနဂ်ာႀကီး
က်မ တခ်က္ စစ္ၾကည့္ေပးပါမယ္ "

ကြန္တာျပဳတာႏွိပ္ၿပီး အခန္းနံပါတ္ကို
Yu ရိုက္ထည့္ၾကည့္လိုက္ေတာ့ ထြက္လာတဲ့ ဧည့္သည္ နာမည္က  ....

" MEW Suppasit ဆိုတဲ့ ဧည့္သည္ပါ "

"  What ! MEW Suppasit "

နာမည္တူတာလားဆိုၿပီး မန္ေနဂ်ာႀကီး
အံ့ဩသြားတယ္ ..

ေကာင္တာထဲက ကြန္ျပဳတာကို
Yu လွည့္ျပ လိုက္တယ္ ..
ဘယ္လို ဧည့္သည္မ်ိဳးျဖစ္ေနလို႔
သူတို႔မန္ေနဂ်ာမ်က္လုံးျပဴးသြားရတာလည္း

" VIP လား မန္ေနဂ်ာႀကီး "

" VVIP "

ဒီဟိုတယ္ႀကီးရဲ႕ ရွယ္ယာဝင္တဦးက ဘယ္လို
လမ္းေဘးက ေကာင္ေလးတေယာက္ကို
ေခၚလာရတာလည္း 

MEW Suppasit ဆိုတာ သူတို႔
ခန႔္မွန္းရခက္တဲ့ လူတေယာက္မွန္း
ဦးဒယ္နီယယ္  သိေနေတာ့
ဘယ္လိုစိတ္ကူးနဲ႕ ဒီေကာင္ေလးကို
ေခၚလာမွန္းသူ ေတြးလို႔ လိုက္မမွီေတာ့တယ္

🐦🐦🐦🐦🐦

ဟိုတယ္ထဲကသာ ထြက္လာတယ္
Gulf ဘယ္ေတြသြားရမွန္းမသိ ျဖစ္ေနတယ္

အဝတ္အစား ဝယ္မယ္သာ ေျပာေနတာ
သူ ေတြ႕သမွ် ဆိုင္ေတြက  အေကာင္းစား
brand ေတြပဲ ေရာင္းတဲ့ ဆိုင္ေတြ
မ်ားေနတယ္ ..

ဘာပဲျဖစ္ျဖစ္ကြာ
ငါလည္း ပိုက္ဆံေပးဝယ္တာ
ဘာျဖစ္ေသးလည္း ..

ကိုယ့္ကိုကိုယ္ သတၱိေမြးၿပီး အမ်ိဳးသားဝတ္
အက်ီဆိုင္တစ္ဆိုင္ထဲ Gulf ဝင္သြား
လိုက္တယ္ 

" မဂ္လာ .... ပါ "

Gulf ပုံစံၾကည့္ၿပီး ႏႈတ္ဆက္တာေတာင္
တဝက္တပ်က္ျဖစ္သြားတဲ့ အေရာင္းဝန္ထမ္း ေကာင္မေလးကို  Gulf ျပန္လွည့္ ၾကည့္
လိုက္တယ္  ..

ဆိုင္ထဲကို သ႐ုပ္ပ်က္လိုလို ပုံစံနဲ႕ ဝင္လာတဲ့
ဧည့္သည္ကို မာလာတို႔  အထူးအဆန္းလို
လိုက္ၾကည့္လိုက္မိတယ္ ..

သူတို႔ဆိုင္ကို ဝင္လာတဲ့ ဧည္သည္ေတြဟာ
ေတာ္ တန္ ယုံ လူတန္းစားမ်ိဳးေတြ မဟုတ္ . .

အဆင့္အတန္းရွိလူႀကီးလူေကာင္းေတြ 
အခု ဝင္လာတဲ့ ဧည္သည္ကေတာ့
သူတို႔ဆိုင္နဲ႕မအပ္စပ္တဲ့ ဧည့္သည္မ်ိဳး
ျဖစ္ေနတယ္ ..

" ဒီအက်ီက ဆိုဒ္ .... အဲေလာက္ရွိလား "

အက်ီစင္တန္း တခုမွာ ခ်ိတ္ထားတဲ့ အက်ီကို
သေဘာက်တာနဲ႕ Gulf ေမးလိုက္တယ္ ..

" အက်ီဆိုဒ္က ရွိပါတယ္ ..
ဒါေပမယ့္ အဲဒါကေဈးႀကီးတယ္ေနာ္
လူႀကီးမင္း ဝယ္နိုင္မွာမဟုတ္ဘူး ရွင့္  "

သူ႕ကို အထင္အျမင္ေသးသလို
အၾကည့္နဲ႕ ၾကည့္ၿပီး ‌ေျပာလိုက္တဲ့ 
အေရာင္းဝန္ထမ္း ကို သူ႕ ေဘာင္းဘီအိတ္ကပ္ထဲ ထိုးထည့္လာတဲ့
ပိုက္ဆံေတြကို Gulf ဆြဲထုတ္လိုက္တယ္ ..

" က်ဳပ္မွာ ပိုက္ဆံပါပါတယ္ "

" လူႀကီးမင္းမွာ ပိုက္ဆံပါလည္း က်မတို႔
မေရာင္းပါဘူး ဘာျဖစ္လို႔လည္း ဆိုေတာ့
ဒါေတြက အဆင့္အတန္းရွိတဲ့
လူေတြအတြက္ပါ

ဒီက လူႀကီးမင္းလို လမ္းေပၚက လူေတြကို
ေရာင္းတဲ့ အေပါစားေတြမဟုတ္ပါဘူး "

Gulf သူ႕လက္ထဲက ပိုက္ဆံေတြကို
ေၾကမြမတပ္ လက္ထဲဆုပ္ကိုင္ၿပီး
ရွက္႐ြံ႕သြားရတယ္ .  .
ဆိုင္ထဲမွာ သူ႕ကို  အထင္ေသးတဲ့
မ်က္လုံးေတြနဲ႕ ဝိုင္းၿပီး ၾကည့္ေနတာ
ခံလိုက္ရတယ္ ..

ေဝ့ခနဲ တက္လာတဲ့ မ်က္ရည္စေတြနဲ႕အတူ
Gulf ဆိုင္ထဲက အျမန္ ျပန္ထြက္ခဲ့ေတာ့တယ္

ဘယ္မွလည္း သြားခ်င္တဲ့စိတ္မရွိေတာ့တာနဲ႕
Gulf ဟိုတယ္ပဲ ျပန္လာခဲ့ေတာ့တယ္ ..

" Hi က်ေတာ္ ဒယ္နီယယ္ပါ "

" ဒီက ဧည့္သည္ရဲ႕ နာမည္က Gulf ေနာ္ "

ဟိုတယ္ထဲ ေရာက္တာနဲ႕  ေကာင္တာမွာ
Gulfအခန္းေသာ့ယူေနတုန္း 
လူႀကီးတေယာက္ သူ႕ကို လာေမးၿပီး  ႏႈတ္ဆက္လိုက္တာေၾကာင့္
Gulf ေၾကာင္အအနဲ႕ ျပန္ၿပီး ႏႈတ္ဆက္
ၿပဳံးျပလိုက္တယ္ ..

" က်ေတာ္က ဒီဟိုတယ္ရဲ႕ မန္ေနဂ်ာခ်ဳပ္ပါ ..
Mr.mew  က က်ေတာ့္ကို မွာထားလို႔ပါ .. "

" ခင္ဗ်ာ !  MEW  "

ဦးဒယ္နီယယ္ကို
Gulf မ်က္လုံးအဝိုင္းသားနဲ႕သာ
ေငး ၾကည့္ ေနမိလိုက္ေတာ့တယ္ ..

🐦🐦🐦🐦🐦

ညဉ့္ငွက္ .. (အပိုင္း ၃ ) ဆက္ရန္

အားလုံးရဲ႕ တုံ႕ျပန္မႈေတြ မွတ္ခ်က္ေတြနဲ႕
အားေပးမႈ႕ေတြအတြက္ ေက်းဇူးတင္ပါတယ္ . 

#ခေရျဖဴ✍️

Продолжить чтение

Вам также понравится

13.3K 795 19
#Romance ကြၽန္ေတာ့ဘဝအတြက္ အသက္ေပးရေလာက္တဲ့အထိခ်စ္ရမဲ့သူရိွလာလိမ့္မယ္လို႔မထင္ခဲ့ဘူး သူကလူဆိုးတေယာက္ျဖစ္ေနရင္ေတာင္မွေပါ့ သူကြၽန္ေတာ့ကိုမု...
1.1M 49.2K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
64K 1.1K 9
This could or could not go along with the stories and stuff I don't really know. This story is just for fun! (After Harley Quinn and the Joker escape...
6.3K 146 10
We all know how in The Ocarina of Time, Ganondorf created dark Link and I also read up on how he cursed Dark Link so he couldn't feel his heartbeat...