သခင်လေးဒါန်း

By ThaWaan1

64.2K 1.9K 135

Normal typeလေးကို Ro Roလေးရေးထားပါတယ်ဗျ ဥရောပရှိ ၂၆နှစ်အရွယ် ဗာဂျရီလုပ်ငန်းစု၏ Ceo ဒါန်းနဲ့ အသက်၂၀အရွယ် peral... More

သခင်လေးဒါန်း~အပိုင်း>>[1]ဇာတ်ကောင်မိတ်ဆက်
သခင်လေးဒါန်း _အပိုင်း{2}
သခင်လေးဒါန်း အပိုင်း~{3}
သခင်လေးဒါန်း အပိုင်း_{4}
သခင်လေးဒါန်း~အပိုင်း{5}
သခင်လေးဒါန်း အပိုင်း-{6}
သခင်လေးဒါန်း အပိုင်း-{7}
သခင်လေးဒါန်း အပိုင်း~{8}
သခင်လေးဒါန်း အပိုင်း-{9}
သခင်လေးဒါန်း အပိုင်း-{11)
သခင်လေးဒါန်း အပိုင်း_{12}
သခင်လေးဒါန်း အပိုင်း -{13}
သခင်လေးဒါန်း အပိုင်း-{14}
သခင်လေဒါန်း အပိုင်း~{15)
သခင်လေးဒါန်း အပိုင်း_{16}
သခင်လေးဒါန်း အပိုင်း-{17}
သခင်လေးဒါန်း အပိုင်း-{18}
သခင်လေးဒါန်း.အပိုင်း(19)
သခင်လေးဒါန်း အပိုင်း~{20}
သခင်လေးဒါန်း {အပိုင်း-21}

သခင်လေးဒါန်း အပိုင်း-(10)

2.1K 97 2
By ThaWaan1

Club မန်နေဂျာမှာ ပြာပြာသလဲဖြင့်
MDဂျက် ကျွန်တော်တောင်းပန်ပါတယ် တခါမှ
CEOဒါန်းက clubကိုမလာဖူးတော့ မမှတ်မိဘူးဖစ်သွားတာပါခင်ဗျာ VIP customer တွေကိုလည်းသေချာစိစစ်လက်ခံလိုက်ပါမယ် ဒီနေ့ဖစ်သွားတာတွေအတွက်တောင်းပန်ပါတယ် Ceo ကိုလည်း စိတ်မဆိုးဖို့ပြောပေးပါဥိးခင်ဗျ

ရတယ် မန်နေဂျာ ပြောပေးလိုက်ပါမယ် အလုပ်သာကောင်းကောင်းဆက်လုပ်ပါ ပီးတော့ဒီသတင်းကိုအပြင်မပေါက်ကြားအောင် သေချာလုပ်ထားပါ
ကျွန်တော်ပြန်တော့မယ်

စိတ်ချလက်ချသာပြန်ပါ MD ကျွန်တော်သေချာလုပ်လိုက်ပါမယ်

ဒါန်း တယောက် မူးနေသော peralကိုပွေ့လာကာ
သူမ အခန်းရှိ ကုတင်ပေါ်သို့ တင်ပေးလိုက်ပီး စောင်သေချာခြုံပေးကာ မီးပိတ်ပီး အခန်းထဲကပြန်ထွက်လာခဲ့လေသည်

peral တယောက် ဒါန်းကားထဲတွင် အန်ချလိုက်သောကြောင့် ဒါန်း ရေထပ်ချိုးရလေ၏ ရေချိုးပီး တဘတ် ကိုခါးတွင်ပတ်ကာ ခေါင်းကိုသုတ်ပီး ရေချိုးခန်းထဲက ထွက်လာခဲ့စဥ် ဒါန်းတယောက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လန့်သွားလေ၏

Peralတယောက်မူးပီး ဒါန်းအခန်းအပေါက်ဝတွင် ရပ်နေကာ ရေချိုခန်းထဲကအပေါ်ပိုင်းဗလာဖြင့် ထွက်လာသော ဒါန်းရဲ့ ကြွက်သားတောင့်တင်းသော six pack bodyအား ရပ်ပီး စိုက်ကြည့်နေလေ၏

ဒါန်းလည်း လန့်သွားကာ peral မအိပ်သေးဘူးလား
peralကို အစောကြီး ဘာလို့ အိပ်ခိုင်းနေတာလဲ
peral တယောက် ဒါန်းနားရောက်လာကာ ဒါန်းရဲ့ ရင်ဘတ်ရှိကြွက်သားများအားလက်ဖြင့်သေချာ ကိုင်ကြည့်နေလေ၏
ohh သခင်လေးဒါန်း ဒီနားက အမာရွတ်ကဘယ်ကနေရလာတာလဲ ပီးတော့သခင်လေးက ရုပ်ကော bodyကော ဘာလို့ဒီလောက်တောင် ဆွဲဆောင်မူရှိနေရတာလဲ
ကောင်မလေးတွေကြိုက်အောင်လို့လား
ဘာလို့ ကောင်မလေးတွေကကကော သခင်လေးဒါန်းကိုကြိုက်နေကြတာလဲ ကုမ္ပဏီမှာ သခင်လေးကိုလာဖက်တဲ့ အမကြီးကကော သခင်လေးရည်းစားမလား
အဟင့်:::အဟင့်::::အဟင့်:::: 😭 peralတယောက် ဒါန်းရင်ဘတ်ထဲ သဝန်တိုကာ မူးမူးနှင့် ထငိုနေလေ၏

သခင်လေးက ဒီလောက်ကြီးချောပီး ဆွဲဆောင်မူရှိနေတော့ သခင်လေးနဲ့တွေ့တိုင်း peral ရင်ခုန်နေရတာပေါ့
အဲဒါ သခင်လေးကြောင့် သခင်လေးမကောင်းလို့
peral ခုလိုဖစ်နေရတာ အဲဒါသခင်လေးမကောင်းလို့ peralအမှားမဟုဘူး ဟု ပြောရင်း ပြောရင်းနဲ့ ဒါန်းရင်ဘတ်ထဲအိပ်ပျော်သွားလေ၏

ဒါန်းတယောက် မူးပီးကလေးလိုချွဲနေသော peral အားကြည့်ကာ ရင်တွေခုန်နေ လေ၏
ဒါန်း သူ့ရင်ဘတ်ထဲတွင်အိပ်ပျော်နေသော peralလေးကိုချီကာ peraLအခန်းရှိ ကုတင်ပေါ်သို့ အသာလေးချကာ အိပ်ပျော်နေသော peralလေးအား ဒါန်း ကြင်နာစွာကြည့်ရင်း ပြန်ထွက်လာခဲ့လေ၏

ဒါန်းသည် တခါမှမချစ်ဖူးပေ ပီးတော့ သူတစုံတယောက်အားချစ်လို့လည်းမရပေ ခုသူခံစားနေရတာတွေ အကုန်သိမ်းထားတာခြင်းကperalလေးအတွက်အကောင်းဆုံးသာဖြစ်သည် ဟုတွေးထားလေသည်

မနက်ခင်းတွင် ကလင်~~ကလင် ~~☎️
hello အိပ်ချင်မူးတူးအသံဖြင့်
Hello peral နိူးပီလား ငါပါဂျက်ဆီ
အေး ဂျက်ဆီပြော
မနေ့ညက နင်အဆင်ပြေရဲ့လား နင်ကိုမေ့ပီး
ငါမူးပီး အိမ်ပြန်သွားမိတာ
ဟုလား ငါ အဆင်ပြေပါတယ် ခုအိမ်မှာ
အားးးးကျွတ်~~ကျွတ်
peralတယောက်ခေါင်းထိုးကိုက်လေ၏
ဘာဖစတွာလဲ PERAL
ခေါင်းတွေကိုက်နေတာ ဂျက်ဆီ
မနေ့ညကနင်သောက်တာ များသွားလို့နေမယ်
ဒါနဲ့ မနေ့ညက နင့်ကိုစကားလာပြောတဲ့ လူကောဘယ်လိုဖစ်သွားပီလဲ နင်နဲ့အဆင်ပြေသွားလား
စကားလာပြောတဲ့လူ ဘယ်သူလဲ ဂျက်ဆီ ငါမသိဘူး
ဟင် နင် မမှတ်မိတော့ဘူးပေါ့
အေးဟာ ဘာမှမမှတ်မိတော့ဘူး ခေါင်းပဲကိုက်နေတာ
peralတယောက်ညကဖစ်ပျက်သမျုတွေတခုမှပြန်
မမှတ်မိပေ
အေးပါ ခေါင်းကိုက်သက်သာအောင် သံပုရည်လေးသောက်လ်ုက် peral
ok ဂျက်ဆီ သောက်လ်ုက်မယ် ဒါပဲနော် ဖုန်းချပီ

peralတယောက် ခေါင်းတွေကိုက်နဲ့ ထမင်းစားရန် အောက်ထပ်သို့ဆင်းသွားလေ၏
ထမင်းစားပွဲတွင်ထိုင်ကာ အားးးး ကျွတ်~~~ကျွတ်~~~
သမီးလေး ရော့ ဒါလေးသောက်လိုက် ခေါင်းကြည်သွားလိမ့်မယ်
peralလည်း အန်တီရိုစီပေးသော ပျားသံပုရာ အား
အကုန်သောက်လိုက်လေ၏
ခုမှ နည်းနည်းနေရတာ သက်သာလာတော့တယ်
အန်တီရိုစီ ကျေးဇူးပဲနော် peralညက သောက်တာများသွားလို့ထင်တယ် နိုးကတည်းက ခေါင်းတွေကိုက်နေတာ

ဒီမှာ စွပ်ပြုတ်လေးပါထပ်သောက်လိုက်ဥိးသမီး
နေလို့ပိုကောင်းသွားလိမ့်မယ်
ဟုကဲ အန်တီရိုစီ

အန်တီရိုစီကို သခင်လေးက အကုန်လုပ်ခိုင်းထားတာ
သမီးလေးနိုးလာရင် ခေါင်းကိုက်နေမှာတဲ့ စွပ်ပြုတ် နဲ့ ပျားသံပုရာ လုပ်ပီးတိုက်လိုက်ပါဆိုပီးမှာခဲ့တာ
peralတယောက် စွပ်ပြုတ်သောက်ရင်း အန်တီရိုစီပြောတာကြားပီး ပျော်နေလေ၏

ဒါန်း ကုမ္ပဏီတွင် ညကperalပြောသောစကားများမြင်ယောင်ကာ ပြုံးနေမီလေ၏
ဒါနြးးးးးးးးးး ဒါနြးးးးးးးးး ဒါနြးးးးးးးးးးး
ဂျက်အော်သံကြောင့် ဒါန်းတယောက် အတွေးပျောက်ကာ
ငါကြားတယ် မအော်နဲ့
မင်းကပြုံးဖြီးဖြီးချည်းလုပ်ပီး ငါခေါ်တာလည်းမကြားနဲ့
ဘာဖစ်နေတောလဲ
ဘာမှမဖစ်ဘူး မင်းကဘာကိစ္စလာတာလဲ
မင်းကို စီမံကိန်းအသစ်ပီးသွားကြောင်းလာတင်ပြတာ
အဲဒါ မော်ဒိုက် မှာ ဖွင့်ပွဲနောက်အပတ်ထဲ လုပ်ရမှာ
အဲ့ဖွင့်ပွဲ ကိုမင်းသွားမှာလားမသွားဘူးလား လာမေးတာ
ဒါနဲ့ ညက ညမလေးကော အဆင်ပြေရဲ့လား
မတရား မူးနေတယ်ထင်တယ်
​ပြေတယ် မူးပီးလျေုာက်​ပြောနေတာတခုပဲ
ညမလေးက ဘာတွေမူးပီးလျေုာက်ပြောနေတာလဲ
ဘာမှမဟုဘူး မင်းနဲ့မဆိုင်ဘူး
အဲ့ဆို မင်း မော်ဒိုက် ဖွင့်ပွဲ သွားမှာလားမသွားဘူးလား
မင်းအဖြေသိနေတာပဲ ငါ မသွားဘူး ဆိုတာ

ဂျက်တယောက် ဒါန်းရှေ့တွင် Phကိုထုတ်ကာ speaker အား ဖွင့်၍
Hello ညမလေးလား
Hello ကိုကြီး ဂျက်
ညမလေး ညက အဆင်ပြေရဲ့ လား
ပြေပါတယ် ခုခေါင်းနည်းနည်းကိုက်နေတာတခုပဲ
omm ဂရုစိုက်ဥိးညမလေး
ခုphဆက်တာကလေ ကိုကြီးမေးစရာရှိလို့
မေးလေ ကိုကြီး
နောက်အပတ်ထဲ မော်ဒိုက်ကမ်းခြေမှာကိုကြီးတို့ ကုမ္ပဏီရဲ့ အပန်းဖြေ hotel ဖွင့်ပွဲရှိတယ် ညမလေး
အဲဒါ ညမလေး ကောလိုက်မလား
ညမလေး မော်ဒိုက်တခါမှမရောက်ဖူးဘူးတော့
လိုက်တော့လိုက်ချင်တယ် ဒါပေမယ့် ကုမ္ပဏီ ဖွင့်ပွဲဆိုတော့ အလုပ်ကိစ္စဖစ်နေတော့ ညမလေးလိုက်လို့အဆင်ပြေပါ့မလား
ပြေတယ် ညမလေး ဘာမှစိတ်မပူနဲ့ ကိုယ်ကြီးတို့လည်း အပျော်သွားမှာ အနားယူရင်း ညမလေးလိုက်သာလိုက်ခဲ့
တကယ်လား လိုက်လို့ရလား ကိုကြီး ဒါနဲ့ ညမလေး သခင်လေးဒါန်းကို ခွင့်တောင်းပီးမေးကြည့်လိုက်အုံးမယ်

ဒါန်းကို ခွင့်တောင်းမနေနဲ့ညမလေး သူပါ လိုက်မှာ
ကိုကြီးဘေးနားမှာ ခု ဒါန်းရှိတယ်
မင်းလိုက်မှာဟုတယ်မလားဒါန်း ???
ဒါမှမဟု ညမလေးနဲ့ငါနဲ့ပဲ နှစ်ယောက်ထဲ မော်ဒိုက်ကိုသွားလိုက်ရမလား
ရပီ တော်တော့ ငါလိုက်မယ်
ကဲ ဒါဆိုညမလေး သွားတဲ့နေ့ကျတွေ့မယ်နော် ဒါနဲ့ညက ကိစ္စတွေကောမှတ်မိလား
ဒါန်းတယောက် ဂျက်အမေးကြောင့် မျက်နှာပူနေလေ၏
ဘာကိစ္စလဲကိုကြီး ညမလေး ခေါင်းတွေကိုက်ပီးဘာမှမမှတ်မိဘူးဖစ်နေတာ ညမသူငယ်ချင်းဂျက်ဆီကလည်း စကားလာပြောတဲ့လူ မှတ်မိလားတွေကော မေးနေတာ ညကဘာဖစ်သွားလို့လဲကိုကြီး
aww ဘာမှမဖစ်ပါဘူး ညမလေး ဒီတိုင်း က်ုကြီးကမေးကြည့်တာ ဒါပဲနော်ညမလေး
ဟုဟု ကိုကြီး

ဂျက် တယောက် သူသူငယ့်ချင်းဒါန်းအား စချင်တာနဲ့
ဒါန်း မင်း မနေ့ညက clubမှာ အတော်ကြမ်းတယ်နော်
ငါတို့ရဲ့ ဟိုအရင်နေ့ရက်တွေတောင်ပြန်သတိရတယ်
ဟား::::::ဟား::::::::ဟား::::::::
မင်းပြောတော့ clubမလာဘူးဆိုပီး
ဘာလို့ရုတ်တရက်ကြီးရောက်လာပီး ပွဲထကြမ်းရတာလဲ
မင်း ကကော ဘာလို့ ငါ့ကို ပုံပို့ရတာလဲ
ငါကဒီတိုင်း ညမလေး ကိုလာကျူနေတဲ့သူတွေ့တာနဲ့ မင်းလည်းသိအောင်ပို့ပေးလိုက်တာပါ မင်းအဲ့ပုံကိုတွေ့ပီး တကယ်ကြီးရောက်လာမယ်လို့ကို ထင်မထားဘူးကွား ပီးတော့ ပွဲပါကြမ်းသွားသေးတယ် ဟား:::::::ဟား:::::::
မင်းညမလေးကို ချစ်နေပီမလား:::::::;
ဂျက်အမေးကြောင့် ဒါန်းတယောက် သူ့အမေနှင့်အဖေအအားပြန်မြင်ယောင်လာလေ၏
ဂျက် သူ့ကို ငါချစ်ဖို့ဆိုတာကလည်းလုံးဝမဖစ်နိူင်ဘူး ဆိုတာ မင်းလည်းသိနေတာပဲ
ခုချိန်မှာ peralကို ကျောင်းအေးဆေးပဲတတ်ပီးနေစေချင်တယ် ငါတို့ကိစ္စတွေကြား ပါမသွားစေချင်ဘူး
ပီးတော့ ငါမှာ စေ့စပ်ရမယ့်လူရှိတာ မင်းသိနေတာပဲ

ဒါန်း မင်းဆုံးဖြတ်တာမှန်တယ်
ငါတို့လမ်းမှာညမလေးကိုမပါစေချင်ဘူး
သူ့အတွက်အန္တရာယ်များတယ် ငါတို့ကိစ္စတွေပီးအောင်အရင်လုပ်သင့်တယ် ဒါန်း

ငါသိတယ် ခု ငါစုံစမ်းရမှာတွေအများကြီးရှိသေးတယ် ငါတို့ဒီနေရာကိုလွယ်လွယ်နဲ့ရောက်ခဲ့တာမဟုဘူး

ok ဒါန်း ငါသိတယ်
ပီးတော့ ငါဆိုတဲ့ ဂျက် မင်း နားမှာရှိတာ မမေ့နဲ့ ဒါန်း
မင်းတယောက်ထဲဘယ်တော့မှမလူပ်ရှားနဲ့

ဗာဂျမ်ရီကုမ္ပဏီသည် အကြီးဆုံးရှယ်ယာရှင်၅ဦးနှင့် တခြားရှယ်ယာရှင် ၃၀နှင့်ဖွဲ့စည်းထားခြင်းဖစ်သည်
ဥိးLOYALသေဆုံးပီးနောက်တွင် က ဗာဂျမ်ရီကုမ္ပဏီ ရှိရှယ်ယာများအား ဒေါ်လိူင်းထိပ်တင်လွှဲပြောင်းခဲ့စဉ်က ကုမ္ပဏီတခုလုံး၏ရှယ်ယာ၂၀%သာ ရရှိလေသည် ရှယ်ယာရှင်အချင်းချင်းတွေနဲ့အငြင်းအခုံဖစ် လွှမ်းမိုးမူတွေကြောင့် CEO မရှိပဲ အကြီးဆုံးရှယ်ယာရှင်၄ဦးသာကုမ္ပဏီကိုအုပ်ချုပ်ခဲ့ကြသည်
ဒေါ်လိူင်းထိပ်တင် ​၏ အကိုloyalသေဆုံးမူသည်လည်း ကားaccidentလို့အမည်ခံထားပေမယ့် မူခင်းရဲတွေရဲ့ပြောကြားချက်အရ ဦး loyalမှာ accident မဖစ်ခင်၃နာရီလိုကတည်းကသေဆုံးပီးသားဖစ်နေလေသည်

​ဒါန်းဖခင်မှာ ဦးloyalရဲ့ သားသာဖစ်သည် ဒါန်းအဖေသည်ကျောင်းတတ်ရင်း လူမျိုးခြားဖစ်သော ဒါန်းအမေနှင့်ချစ်ကြိုက်မိလေသည်
ဦးloyalမှာသဘောမတူခဲ့သောကြောင့် ဒါန်းအဖေလည်းအိမ်ပေါ်ကဆင်းကာ ဒါန်းအမေနှင့်လက်ထပ်၍ မြန်မာပြည်တွင်အခြချကာနေထိုင်လေ​၏ ဦးloyalသည် သားတယောက်ထဲသာရှိသည်မို့ စိတ်မချကာ ညမဖစ်သူ
ဗစ်တိရီးယားအား မြန်မာပြည်သို့လွှတ်ခါ သူ့သားအားစောင့်ရှောက်စေခဲ့သည် ဗစ်တိုးရီယားလည်း
မြန်မာအမည် လိူင်းထိပ်တင်ဟုပြောင်းကာ ဒါန်းအဖေတို့နှင့် အတူမြန်မာပြည်နေထိုင်ခဲ့လေသည် ဒါန်းမွေးပီး
၈နှစ်လောက်အကြာတွင် ဗာဂျမ်ရီကုမ္ပဏီ တွင်
ရှယ်ယာရှင် နေရာလုအငြင်းပွားမူတွေဖစ်ကာ
မူလတည်ထောင်သူဦး loyalအား ဖြုတ်ချရန် အကြီးဆုံးရှယ်ယာရှင်လေးဦးက ပေါင်းကာကြံစည်ကြလေ​၏
ဦး loyal သေဆုံးလျုင် သူ့သားဖစ်သူ ဒါန်းအဖေကအမွေဆက်ခံရမည်ဖစ်သည် ကို သိကြသည်
ထို့ကြောင့် ထိုရှယ်ယာ၄ဦးမှာ အရင်ဆုံး အဝေးရောက်နေသော ဦးloyalသား မိသားစုအား ကားaccident အတု လုပ်ကာ အရင်သတ်ခဲ့ကြလေ​၏ ကံကောင်းစွာဖြင့် ဒါန်း အသက်ရှင်ခဲ့လေသည် ဒေါ်လိူင်းထိပ်တင်တယောက် ထိုအကြောင်းအရာတွေအား သူအကို loyal သေဆုံးပီးမှသာ သေတမ်းစာဖတ်ပီး သိခဲ့ရလေသည် ဥိးloyalမှာစံအိမ်နှင့် ရှယ်ယာအား ညမဖစ်သူအား လွှဲပေးခဲ့လေသည်ရှယ်ယာရှင်၄ဦးမှာ ဒါန်းအသက်ရှင်သည်ကို လုံးဝမသိခဲ့ပေ ထို့ကြောင့် ဒေါ်လိူင်းထိပ်တင်တယောက် ဒါန်းအားတိတ်တဆိတ် မွေးခဲ့သည်
ဒါန်း တက္ကသိုလိ ရောက်တဲ့အချိန်တွင် ရှယ်ယာရှင်တွေဘက်က ဦးloyalမြေးဒါန်းအသက်ရှင်ကြောင်းသိသွားသောအခါ ဒါန်းရဲ့လူပ်ရှားမူအားစုံစမ်းပီးလုပ်ကြံရန် devilဆိုသောဂိုဏ်း၏ခေါင်းဆောင်ဖစ်သူ ဂျက်အားအလုပ်အပ်ခဲ့သည် ဂျက်သည် ဒါန်းအားစုံစမ်းရန် ဒါန်းတတ်သည့်တက္ကသိုလ်တွင် တတ်ကာ ဒါန်းအားချဉ်းကပ်ခဲ့လေသည် ဂျက်တို့ဂိုဏ်းသည်မကောင်းတာမှန်သမျု လုပ်သော ဂိုဏ်းကြီးတွေထဲကတခုဖစ်သည်
ဂျက်သည်မိဘမဲ့ဖစ်ပီးလမ်းဘေးတွင်ကြီးပြင်းခဲ့ကာ ခိုးဆိုးလုနိူက် လုပ်ရင်း ဂိုဏ်းတွေထဲရောက်သွားကာ အသက်၁၈တွင်ဂိုဏ်ခေါင်းဆောင်နေရာသို့ရခဲ့လေသည် ဒါန်းမှာ သူ့ဘဝတွင်ပထမဆုံးသူငယ်ချင်းဖစ်သော ဂျက်အား အလွန် ခင်မင်ခဲ့သည် မိဘမဲ့ ဘဝတူတွေဖစ်ပီး
သူအားစိတ်ရင်းနှင့်ခင်သောဒါန်းအား ဂျက် မသတ်ရက်ပေ ဒါန်းသည် ထိုအချိန်က မျက်မှန်လေးဖြင့် အေးဆေးနေတတ်သော စာဂျပိုး တယောက်သာဖစ်လေသည် ဂျက်အား မကောင်းတဲ့အလုပ်တွေမလုပ်ရန်ဆုံးမတတ်ပီး ဂျက်ပိုက်ဆံလိုလို့တောင်းလျုင်လည်း အိမ်ကပင်ယူခါ ပေးခဲ့သည် ဂျက်သည် ဒါန်းပေးသမျုပိုက်ဆံယူကာ အလောင်းကစားလုပ်အရက်သောက်လိုက်နေကာ ဒါန်းအားလိုသုံးလုပ်ကာပေါင်းခဲ့သည် ဒါန်းရဲ့သတင်းများအား ရှယ်ယာရှင်တွေဘက်သို့တခုမှပြန်မပို့ခဲ့သောကြောင့် ရှယ်ယာရှင်တွေလည်း ဒါန်းအားလုပ်ကြံရန် တခြားဂိုဏ်းတခုအားထပ်လွှတ်ခဲ့သည်
ဂျက်ထိုသတင်းအားသိသည်နှင့် ဒါန်းရှိရာ သို့ အမြန်လာခဲ့လေသည် ဒါန်းမှာစာအုပ်လေးဖတ်ကာ လမ်းလျေုာက်အိမ်ပြန်နေလေသည်
ဂျက် ဒါန်း ကိုတွေ့သည်နှင့် ဒါန်းဟု အော်ခေါ်လိုက်ကာ ရုတ်တရက် ဒါန်းသည် သူ့ဆီပြေးလာပီး သူအားတွန်းထုတ်လေ​၏ ဒါန်းတယောက်ဂျက်အစားဓားထိုးခံလိုက်ခြင်းဖြစ်သည် ဂျက် ဓားထိုးသောသူအား ကြည့်လိုက်သည့်အခါတွင် သူ့ဂိုဏ်းက လူဖစ်နေလေသည်
ရှယ်ယာရှင်တွေသည် ဂျက်ကို ဂိုဏ်းခေါင်းဆောင်းနေရာကဖယ်ထုတ်ရန် ဒုတိယဂိုဏ်းခေါင်းဆောင်နဲ့ဂိုဏ်းအတွင်းရှိ လူများအား သွေးထိုးမြှောက်ပင့်ပေးလေသည် ထိုကြောင့်ဂိုဏ်းကလူတွေသည် ခေါင်းဆောင်နေရာလုရန် ဂျက်အားလာသတ်ခြင်းဖစ်သည်
ဂျက်တယောက် သူ့အစား ဒါန်းဓားအထိုးခံပေးသည်ကိုကြည့်ရင်း စိတ်မကောင်းဖစ်ကာ သူ့ဂိုဏ်းအားကလူတွေအား စိတ်ရှိတိုင်းတယောက်ထဲထိုးကြိတ်ကာချနေ​လေသည် ထိုအချိန်တွင်ဒါန်းအားလုပ်ကြံရန် တခြားဂိုဏ်းကလူ ၁၀ယောက်ခန့် ရောက်လာခဲ့ကြပြန်လေသည်
ဒါန်းလည်း ဓားထိုးရာတန်းးလန်းကြီးနှင့်ဓားကိုဆွဲထုတ်ကာ ပြန်ထလာလေသည်
​ဒေါ်လိူင်းထိပ်တင်သည် ဒါတွေကြိုသိနေသောကြောင့် ဒါန်အား ငယ်ကတည်းက တိုက်ကွမ်ဒိုအစရှိသော တိုက်ခိုက်နည်းများအား သင်ကြားစေခဲ့သည်
ဒါန်းဆရာမှာ ဥရောပသမ္မတရဲ့ လူယုံတော်သက်တော်စောင့်တဥိးဖစ်သည် ဒါန်းသည်ငယ်ကတည်းကလေ့ကျင့်လာသောကြောင့် အတိုက်အခိုက်မှာအလွန်ကျွမ်းကျင်လှသည် သမ္မတ သက်တော်စောင့်လုပ်ရန် ကမ်းလှမ်းခံရသော်လည်းဒါန်းမလုပ်ခဲ့ပေ
ဂျက်တယောက် ဒါန်းထလာသည်ကိုမြင်၍
ဒါန်း မင်းသွားတော့ ပြေးသွားတော့ မင်းကိုလာသတ်တာ
ငါက မင်းတယောက်ထဲ ထားပီးဘယ်ကိုပြေးရမှာလဲ
ဒါန်းမျက်မှန်ကိုချွတ်ကာ ဂျက်နှင့်အတူတူ ဂိုဏ်းက လူတွေအကုန်ချနေလေ၏ ဂျက်တယောက် သူထင်ထားသည့်ခပ်အေးအေး ခပ်တုံးတုံး ဒါန်းကနေ ခုလို အတိုက်အခိုက်ကျွမ်းတဲ့ ဒါန်းအဖစ်ပြောင်းသွားကြောင့် အံ့သြနေမိလေ၏ ဂျက်ရဲ့Devilဂိုဏ်းကို လည်း ဂျက်နှင့်အတူဒါန်းပြန်သိမ်းပေးခဲ့သည်
မင်းကဘာကောင်လဲ ဒါန်း
ဒီလိုတိုက်ခိုက်တာတွေဘယ်ကနေသင်လာတာလဲ
ငါ့ထက်တောက်ကြမ်းသေးတယ် မင်းကအံ့သြစရာပဲ
အဘွားက ငယ်ကတည်းက ငါ့ကိုသင်ခ်ုင်းထားတာ
တနေ့ဒီလိုတွေကြုံရမယ်ဆိုတာ လည်း ပြောပြထားတယ် ဘာလို့မှန်းတော့မသိဘူး
ငါပြောပြရမလား ငါသိတာတွေ မင်းကို
ရတယ် ငါ့အဘွားပြောပြတာကိုပဲစောင့်မယ်
ငါက မင်းကို လုပ်ကြံမယ်လူဆိုတာ မင်းအစကတည်းကသိတယ်မလား ဒါန်း
အေး သိတယ်
မင်း တိုက်ရင်နိူင်နေတာပဲ ဘာလို့ ငါ့ကိုဘာမှမ​လုပ်တာလဲ
မင်းက ငါရဲ့ ပထမဆုံးသူငယ်ချင်းဖစ်နေလို့ပဲ ပီးတော့
မင်းဆီကနေ ဒီလိုဘဝကြီးကနေရုန်းထွက်ချင်နေပီဆိုတဲ့ ပုံစံ ကိုငါမြင်နေရတယ်
ဟားးးးးးဟားးးးးဟားးးးးးးးးး
မင်းကတော့ တကယ့်ကောင်ပဲ ဒါန်း
ဂျက် ဘဝတွင် သူ့အား ပထမဆုံး သူငယ်ချင်းလို့သဘောထား ပေါင်းသည်မှာ ဒါန်းတယောက်ထဲသာဖစ်သည် ကျန်လူများသည် ဂျက်အားကြောက်လို့သာကပ်ပေါင်းနေကြခြင်း မကောင်းတာတွေလုပ်ခိုင်းရန် လိုလို့ ပေါင်းနေကြခြင်းသာဖစ်မှန်းဂျက်သိသည်
ဂျက်သည် သူ၏လမ်းဘေးဂိုဏ်းဘဝအား နေထိုင်ရသည်ကို စွန့်လွှတ်ချင်ပေမယ့် မရုန်းထွက်နိူင်ခဲ့ပေယ ဒါန်းနှင့်တွေ့သောအခါတွင် သူလည်းသာမာန်ဘဝတွင် နေထိုင် ချင်တဲ့မျေုာ်လင့်ချက်လေးပြန်ရရှိလာခဲ့လေကာ ရုန်းထွက်နိူင်ခဲ့လေသည်

ဒေါ်လိူင်းထိပ်တင်သည် ဒါန်း တက္ကသိုလ်ပီးသည့်နှစ်တွင် ဒါန်းမိဘနှင့်အဘိုးဖစ်သူသေဆုံးမူအကြောင်းအစုံအလင်ကိုပြောပြပီး သူ့ရှယ်ယာတွေနဲ့စံအိမ်အား ဒါန်းကိုလွှဲပြောင်ပေးကာ ဦးloyal၏မြေးဖြစ်ကြောင်းတရံဝင်ကြောညာခဲ့သည်
ဒါန်းနှင့်ဂျက် နှစ်ယောက် ရှယ်ယာနည်းနည်းဖြင့်ကုမ္ပဏီသို့စဝင်ခဲ့လေသည် ဒါန်းရဲ့ညဏ်ကောင်းတဲ့ကြိုးစားလုပ်ဆောင်မူတွေိင့် ဂျက်ရဲ့သစ္စာရှိမူတွေကြောင့်
ဒါန်း ကုမ္ပဏီတွင်နေရာတဖြည်းဖြည်းရလာခဲ့သည်
CEO နေရာအထိယူရန် ဒါန်းနှင့်ဂျက်ကြိုးစားစီစဥ်ခဲ့ကြသည် ရှယ်ယာရှင်၄ဦးသည် ဂျက်ပါ ဒါန်းဘက်ရှိနေသည့်အပြင် ဒါန်းရဲ့ Ceo နေရာယူချင်သော ခြေလှမ်းတွေရိပ်မိနေကာ ဒါန်းအား ကမ်းလှမ်းချင်းတခုပြုလုပ်လာခဲ့လေသည် ထိုကမ်းလှမ်းမူတွင် သူ့တို့ရဲ့ သမီးတွေထဲကတဦးဖစ်သူနှင့် ဒါန်းအားလက်ထပ်ယူရန်ဖစ်သည် ထိုသို့လက်ထပ်မှသာ CEO ရွေးချယ်ပွဲအားကျင်းပခွင့်ပြုမည်ဖစ်ကြောင်း စာချုပ်ဖြင့်ကမ်းလှမ်းလာခဲ့သည် သူတို့သမီးတွေနင့် ပေးစားခြင်းသည် သူတို့အားပြန်သတ်ရန်အစီအစဥ်ရှိသော ဒါန်းအား သူတို့သမီးတွေနဲ့ ခြေချုပ်မိကာ သူတို့ဘက်သိမ်သွင်းရန်သာဖစ်သည် ဒါန်းလည်းထိုအရာကို သိသိကြီးနဲ့ လက်ခံလိုက်ကာ CEOဖစ်လာခဲ့သည် ထိုအကြောင်းအရာတွေကို ဒေါ်လိူင်းထိပ်တင်သိသွားကာ သူ့မြေးလေးအစားအရမ်းစိတ်မကောင်းဖစ်ရသော်လည်း မိဘနှင့်အဘိုးဖစ်သူတို့ရဲ့သေဆုံးမူအတွက်လက်စားချေရန်နှင့် ဗာဂျမ်ရီ ကုမ္ပဏီကိုပြန်ယူရန်အတွက် လူသတ်သမားသမီးနှင့် ဒါန်းသေချာပေါက်ယူရတော့မည် ဖစ်သည် ဒေါ်လိူင်းထိပ်တင် တယောက် ဒါန်းအား မစေ့စပ်ခင် တခြားမိန်းကလေးတဥိးနှင့်ချစ်မိသွားကာ စေ့စပ်ပွဲအားဖျက်သိမ်းစေချင်သည် ဒါန်းအား ထိုလူတွေကြိုးဆွဲရာ မကစေချင်ပေ ထိုလူတွေရဲ့ယုတ်မာမူကို
ဒေါ်လိူင်းထိပ်တင်အသိဆုံးသာဖစ်လေသည် ထို့ကြောင့် ဒေါ်လိူင်းထိပ်တင်သူ့မြေးအားတခြားမိန်းကလေးတွေနှင့် ပေးစားဖို့စီစဥ်ခဲ့သော်လည်း ဒါန်းကလက်မခံခဲ့ချေ ဒေါ်လိူင်းထိပ်တင်တယောက် စိတ်ပူနေချိန် peralရောက်လာခဲ့လေသည် ဒါန်းတွင် ပါးနပ်စွာလျို့ဝှက်ကြံစည်မူတွေရှိထားမှန်း ဒေါ်လိူင်းထိပ်တင်တယောက်မသိခဲ့ချေ
ယခု ဗာဂျမ်ရီကုမ္ပဏီသည် ဒါန်းအပါအဝင် ရှယ်ယာရှင်၅ဥိးနှင့် တခြားရှယ်ဟာရှင်၃၀နှင့်ဖွဲ့စည်းထားလေသည် ဒါန်းသည် ဗာဂျမ်ရီလုပ်ငန်းစု၁ခုလုံး၏ CEOနှင့်ရှယ်ယာအများဆုံးအဖစ် ရပ်တည်နေလေသည်

peral ဒီနေ့ အမှတ်စာရင်းတွေထွက်မှာနော်
ငါတော့ ရင်တွေခုန်နေပီသိလား အဖေက roll10ထဲဝင်ရင် ငါ့ကို ကားဝယ်ပေးမယ်ပြောထားတာ
ဝင်မှာပါ ဂျက်ဆီ ဘာမှစိတ်ပူမနေနဲ့
ငါကတော့ နင်တို့လို rollတွေပူမနေပါဘူး အေးဆေးပဲ အောင်မှာလားကျမှာလား ဒါပဲ
နင်ကဘယ်ပူမလဲ လိုင်းရစ် နင်ခေါင်းထဲ ဘယ်ကောင်မလေးဘယ်လိုလိုက်ကြောင်ရမလဲပဲ
စဥျးစားနတောမလား
အဲ့တော့ဘာဖစ်လဲ ငါရုပ်ချောလို့ ငါရည်စားများတာလေနင်ကသာ နင်မကြောင်လို့ ငါ့ကိုစိတ်တိုနေတာမလား
ဘာ~~~ ငါကကော နင်လို ရည်းစားတကာကောင်က
လာကြောင်တိုင်းကြိုက်မယ်ထင်နေလားမသိဘူး အမလေး အံ့သြပ နင်ကိုယ်နင်အထင်ကြီးမနေနဲ့
ကဲ ကဲ လိုင်းရစ် ဂျက်ဆီ နင်တို့နှစ်ယောက်တော်ကြတော့ ဟိုမှာဆရာလာနေပီ

ကဲ ကဲ silence pls ဒီနေ့ အမှတ်စာရင်းတွေကြော်ညာမယ်

ပျော်လိုက်တာperalရယ် ငါကောပဲဂျက်ဆီ
ငါတို့၂ယောက်လုံး roll 10ဝင်တယ်
ဟုပ peral နင်က roll 6 ငါကroll8
အားးးးးးးးပျော်လိုကိတာ ငါကားရတော့မယ်
နင်တို့နှစ်ယောက်လည်း ဖြည်းဖြည်းပျော်ကြအုံး
လိုင်းရစ် နင်ကောအောင်တယ်မလား
အောင်တယ် rollကတော့ 35တဲ့ peraL
နင် roll 35ပဲရမှာပေါ့ စာမေးပွဲဖြေပီးတာနဲ့ တန်းပီးဖွန်ပတ်ကြောင်နေတာကို အောင်တာကို ကျေးဇူးတင်ဥိး
ဂျက်ဆီ နင် ငါ့ပဲရန်လာရှာနေတာလား
ငါကရန်ရှာနေတာမဟုဘူး အမှန်ပြောနေတာ
နင်နဲ့ဖက်ပီးရန်သတ်မနေချင်ဘူး peralငါသွားတော့မယ်နော် ok လိုင်းရစ်
ကြွကြွ နင့်ကောင်မတွေဆီ

ဟဲ့ နင်တို့သိပီးပီးလား CEOဒါန်း instgram သုံးတယ်ဆိုတာလေ
ဟုလား ဘယ်မှာလဲ ပြပါဥိးး ငါမသိသေးဘူး
ဒီမှာလေ ဒီacc
ဟယ်ဘာ postမှလည်းတင်မထားဘူး
အေး ဘာမှသာ မတင်တာ followerကိုကြည့်လိုက်အုံးmillionချီနေပီ bluemarkတောင်ရနေပီ
ဟယ် ဟုပ တို့CEO ဒါန်းကအောင်မြင်ချက်
ဟဲ့ CEO followပြန်လုပ်ထားတာ ၂ယောက်တဲ့ကြည့်စမ်း အဲဒါဘယ်သူတွေလဲမသိဘူး
ငါလည်းမသိဘူး ကြည့်မရဘူးတွေ့လား privateလုပ်ထားတယ်ဟ
ဟုပ ထူးဆန်းတာ CEO က followထားတာ ဆိုတော့
ဘယ်သူတွေလဲမသိဘူးသိချင်လိုက်တာအေ
ဟုပ ပီးတော့ CEO က မော်ဒိုက် ဖွင့်ပွဲသွားမှာတဲ့
ကွားပီးပီးလား
ဟယ် ဟုလား
ငါကြားတာကတော့ မ fairy ပြန်လာပီးအဲ့ပွဲတတ်မယ်လို့လည်းကြားထားတယ်
ဟယ် ဟုလားးးဟ အဲ့ဆိုပွဲကကြည့်ကောင်းပီဟ
ဟုတယ် မစီရမ်က မfairyမရှိတုန်း CEO နားဇွတ်ကပ်နေတာလေ
အေးဟုပ အမှန်ပဲ ခု မfairyပြန်လာပီဆိုတော့
ဟီးးဟီးး ဘယ်လိုတွေဖစ်ကြအုံးမလဲမသိဘူးနော်

peralတယောက် နောက်၂ရက်နေရင်မော်ဒိုက်သွားရန်အဝတ်အစားတွေထည့်နေကာ ပျော်နေသည့်အပြင် ဒါန်း စာရှင်းပြပေးသောကြောင့် အမှတ်ကောင်းခါ roll6ရသည် ဖစ်သောကြောင့် Peralတယောက် ဒါန်းအားလက်ဆောင်ဝယ်ပေးပီးကျေးဇူးဆပ်ရန် စဥ်းစားနေလေ၏
မေ့နေတာ ကိုကြီးဂျက်ကိုမေးရမယ်
hello ကိုကြီးဂျက်
Hello ညမလေး ပြော
ကိုကြီး မနက်ဖြန်အားလား
မအားလည်း ညမလေးအတွက်ဆိုအားပီးသား
ဘာလဲသာပြောလိုက် ညမလေး
အဲ့ဆိုမနက်ဖြန် ညမလေးကိုစံအိမ်လာခေါ်ပေးနော် အဲ့ကျမှပြောပြတော့မယ်
ok ပါ ညမလေး

ညမလေးက ဒါန်းကဖို့လက်ဆောင်ဝယ်ပေးချင်တယ်
ဟုလား
ဟုတယ် ကိုကြီး သခင်လေးဒါန်းစာပြပေးလို့
ညမလေး roll 6ရတယ်လေ ကိုကြီး အဲဒါသခင်လေးဒန်းကို ကျေးဇူးပြန်ဆပ်ဖို့ လက်ဆောင်ဝယ်ပေးမလားလို့
ငါညမလေး က roll 6တောင်ရတယ်ပေါ့ တော်လိုက်တာ
ဒါနဲ့ ဒါန်းဖို့ ဘာလက်ဆောင်ဝယ်ပေးမှာဆိုတော့
ဘာဝယ်ပေးမယ် စဥ်းစားထားလဲ ညမလေးက
ညမလေးတွေးထားတာကတော့ သခင်လေးဒါန်းအမြဲတမ်းသုံးနေကျ အသုံးအဆေင်ပစ္စည်းတခုခုပေါ့
immm အဲ့ဒါဆို ကိုကြီးစဥ်းစားလိုက်အုံးမယ်
ခုတော့ shopping centerအရင်သွားကြမယ်
ok ကိုကြီး
ကဲ ညမလေး စိတ်ကြိုက်တာရွေးပီးဝယ်ပေးတော့
ဒီမှာအစုံပဲ ပီးတော့ ဒီcenterက ဗာဂျမ်ရီလုပ်ငန်းစုအပိုင်ထဲက တခုပဲ ဆိုတော့ အေးဆေးသာဝယ်ညမလေး
ကိုကြီးတို့က centerတွေလည်းပိုင်တာပဲလား
ဟုတယ် ညမလေး ဒါတွေတင်မကသေးဘူး နောက်ထပ်လုပ်ငန်းတွေလည်း ရှိသေးတယ်
ကိုကြီးတို့လုပ်ငန်းတွေ ညမလေးတော့လိုက်မမှီတော့ပါဘူး ခုညမလေးစဥ်းစားမိတာတော့တခုရှိတယ်
ဘာလဲညမလေး
သခင်လေးဒါန်းဖို့ နတ်ကတိုင်ဝယ်ပေးမလားလို့လေ
ကိုကြီး
ဟာအဲ့အကြံ မဆိုးဘူး ညမလေး ကောင်းတယ်
လာ နတ်ကတိုင်တွေစုံတဲ့ဆိုင် ကိုကြီးသိတယ်
peral တယောက် နတ်ကတိုင်တွေရွေးနေလေ၏
ဒီရွှေရောင်ပိုးသားနတ်ကတိုင်လေးကလှလိုက်တာ
သခင်လေးဒါန်းနဲ့ဆိုလိုက်မှာ စျေးကဘယ်လောက်လဲမသိဘူး OMG ဘုရားရေ $8500 မြန်မာငွေဆိုသိန်း ၁၃၀ကျော် တောင်ရှိတယ် စျေးကြီးလိုက်တာ ငါမှာ $5000 ကျော်ပဲကျန်တော့တာကို
မင်္ဂလာပါ Mis ခု mis ကိုင်ထားတဲ့နတ်ကတိုင်လေးက
ဒီနှစ်အသစ်ထွက်တဲ့ designလေးပါရှင့်
ညမလေး ရွေးထားတာလေးမဆိုးဘူးပဲ ဒါန်းနဲ့လိုက်မှာ
အရောင်းဝန်ထမ်းမလေးသည် ဂျက်အားမြင်သည်နှင့် MDမင်္ဂလာပါ CEO ဒါန်းဖို့နတ်ကတိုင်လာဝယ်တာလာရှင့်
ဟုတယ် ညမ
အဲ့ဆို Ceoဝတ်နေကျ နတ်ကတိုင် brandက ဒီဘက်မှာရှင့် ကြွပါရှင့် အရောင်းဝန်ထမ်းမလေးက တခုပီးတခုထုတ်ကာ ပြပေးနေလေသည်
peral ပြပေးသောနတ်ကတိုင်တွေရဲ့စျေးတွေလိုက်ဖက်ကာ နတ်ကတိုင်တခုလေးတောင် အကုန်လုံးက မြန်မာငွေ သိန်း၅၀၀အထက်တွေချည်းပဲ ဘယ်လိုတောင်ဝယ်ဝတ်နိူင်ကြတာလဲ မသိဘူး
Peral တယောက် စျေးများဖတ်ကာ သွေးတတ်နေလေ၏
မဖစ်ဘူး မဖစ်ဘူး ကိုကြီးညမလေးနဲ့ခဏလိုက်ခဲ့ဥိး
peralတယောက်တိုးတိုးဖြင့် ကိုကြီးစျေးအရမ်းကြီးတယ်
ညမလေးမတတ်နိူင်ဘူး ညမတို့နိူင်ငံငွေနဲ့ယှဥ်လ်ုက်ရင်
နက်ကတိုင်လေးတခု ကား၁စီးစာလောက်ရှိတယ်ကိုကြီး ဂျက် တယောက်ထရယ်လေ၏ ဟားးးးးဟားးးးဟားးး
အဲ့လောက်တောင်ကွာတာလား ညမလေး
ဟုတယ်ကိုကြီး အတော်ကိုငွေစျေးကကွာတာ
အဲ့ဆို ကိုကြီးပေးလိုက်မယ်လေညမလေး
ညမလေးကို ကိုကြီးကroll 6ရလို့ မုန့်ဖိုးပေးတယ်လို့သဘောထားလိုက်
ရတယ် ကိုကြီး ညမလေးပိုက်ဆံနဲ့ပဲဝယ်ပေးချင်တာမို့
ခဏနော် ကိုကြီး ညမလေးအိမ်ph ဆက်လိုက်အုံးမယ်
HELLO ဖေဖေ
HELLO သမီးလေး
ဖေဖေ PERALကို$ 5000လောက်ခုလွှဲပေးလို့ရလား
ရတာပေါ့ သမီးလေး ကလည်း ခုလွှဲပေးရမှာလားသမီး
ဟုတယ်ဖေကြီး
ok သမီးလွှဲပေးလိုက်မယ့် သမီးက roll6ရတာဆိုတော့ဖေကြီးမုန့်ဖိုးပါထည့်လွှဲပေးလိုက်မယ်သမီးဖို့
ဒါမှ တို့ဖေဖေကွ ဖေဖေကိုအဲ့ကြောင့်ချစ်နေရတာ
ဒါနဲ့ သမီး နောက်၂လနေရင် ပြန်လာမှာမလား
peralထိုအချိန်မှသတိရမိလေသည်
နောက်၂လနေရင် လပတ်examထပ်ဖြေပီးသည်နှင့် ကျောင်းသည်၂လပိတ်သောကြောင့် peralမြန်မာပြည်ပြန်ရမည်ဖစ်လေသည်
ဟုတယ်ဖေဖေ သမီးပြန်လာမှာပေါ့ ဖေဖေနဲ့မေမေတို့ကိုလွမ်းနေတာကို
သမီးလေးဒါပဲနော် ဖေဖေ ချိန်းထားတာရှိလို့
ဟုကဲ့ဖေဖေ

peralတယောက် ပိုက်ဆံထုတ်ကာ ရွှေအိုရောင်နတ်ကတိုင်လေးဝယ်ကာစံအိမ်သို့ပြန်လာခဲ့လေသည်

ဒေါက်~~ဒေါက် 🚪
သခင်မလေး သခင်လေးဒါန်းကခေါ်ခိုင်းလိုက်လို့ပါရှင့်
peral သည် ခရီးဆောင်အိတ်ကိုယူကာ
အောက်သို့ပြေးဆင်းသွားခဲ့လေ၏
သခင်လေး peralအဆင့်သင့်ဖစ်ပီ
ok သွားမယ် peral

သခင်လေးဒန်း၏ကိုယ်ပိုင်လေယာဥ်ပေါ်တွင်
ညမလေးလာ ကိုကြီးဘေးနားကခုံမှာထိုင်
ဟုဟုကိုကြီး
လက်ဆောင်ပါခဲ့တယ်မလားညမလေး
ပါတယ် ကိုကြီး ဒါနဲ့လေယာဥ်ပေါမှာ ညမလေးတို့၃ယောက်ထဲပဲလား
တခြားသူတွေကောမတွေ့ပါလားကိုကြီး
ဒါက ဒါန်းပိုင်တဲ့ ကိုယ်ပိုင်လေယာဥ်လေညမလေး
ကိုကြီး၃ယောက်ထဲပဲ ရှိတယ် ပီးရင် တခြားလေယာဥ်ဝန်ထမ်းတွေရယ်ပေါ့
aww ဟုဟုကိုကြီး

ဝါးးးးးးလှလိုက်တာ မော်ဒိုက်က
CEO MD မင်္ဂလာပါ ရှင့်
CEOတိုဖို့ အခန်း၃ခန်းပြင်ပေးထားပါတယ်
ဒီဘက်ကိုကြွပါရှင့်
လာညမလေး သွားမယ် ပီးမှကိုကြီးတို့လျေုာက်လည်ကြတာပေါ့
ဟုဟု ကိုကြီး
ဝါးးးးးးးHotel က vip အခန်းတွေကမိုက်လိုက်တာ
ရှယ်ပဲ luxryဆန်လိုက်တာ ဖေဖေနဲ့မေမေကိုခေါ်ပြချင်လိုက်တာ
ဒေါက်~~ဒေါက်
ဟင် hotel room services လားမသိဘူး
Hello Miss CEO က ဒါလေးပေးခိုင်းလို့ပါရှင့်
Awe ဟုကဲ့ ကျေးဇူးပါရှင့်
peralတယောက် Hotel ဝန်ထမ်းလာပေးသော ဘူးလေးကိုလှမ်းယူလိုက်လေ၏
ဘူးပေါ်တွင် peral exam တွင် roll 6ရတဲ့အတွက်ဂုဏ်ပြုပါတယ် ညDinnerပွဲကျဒါလေးဝတ်ခဲ့ပါ from သခင်လေးဒါန်း ဆိုပီးဘူးပေါ်တွင်ရေးထားလေသည်
peralတယောက် သခင်လေးဒါန်းက လက်ဆောင်ပေးသောကြောင့် အပျော်ကြီးပျော်သွားလေ၏
ညနေရောက်မှထုတ်ကြည့်တော့မယ့်
ခုတော့နားလိုက်ဥိးမယ် အိပ်ချင်ပီ
peralတယောက်အိပ်ပျော်သွားလေ၏

ကလင်~~ကလင်~ကလင်☎️
Peralတယောက် phသံကြောင့်လန့်နိုးလာကာ
hello
ညမလေး အိပ်နေတာလား dinnerပွဲက၇နာရီစမှာနော်
ခု၆နာရီရှိနေပီထတော့ ညမလေး
ဟမ် ဟုလားးးကိုကြီး ညမလေးထပီထပီ
ဒါပဲနော် ဖုန်းချလ်ုက်ပီနော် ကိုကြီး

peralရေအမြန်ချိုးပီးသည်နှင့် ခေါင်းdryerမူတ်နေတုန်းတွင် ဒေါက်~ဒေါက် 🚪
ပွဲနီးလို့လာခေါ်ကြတာလား ငါကခုမှရေချိုးပီးတာလေ
peralတယောက်ထကာတံခါးသွားဖွင့်ပေးလေသည်
ကောင်မလေး၅ယောက် ဝင်လာကာ
မင်္ဂလာပါ Miss peral CEO ဒါန်းကလွှတ်လိုက်လို့ပါဟုပြောကာ peralအား ထိုင်ခိုင်း၍ အလှဝိုင်းပြင်ပေးကြလေ၏
ကဲ မှန်ကြည့်လို့ရပါပီ Mis per
Peralတယောက်မှန်ကိုကြည့်ကာ ကိုယ်မျက်လုံးကိုတောင်မယုံနိူင်ပေ အရမ်းလှနေလေသည်
mis peral dress လေးထုတ်ပေးလို့ရမလားရှင့်
ဟမ်အကျီပါဝတ်ပေးကြမှာလား
peral တယောက် ဒါန်းပေးသောဘူးလေးအားယူကာ
ဒီမှာပါ အမ dressက
သခင်လေးဒါန်းက jewerlly dress ဖိနပ် အိတ်ပါအကုန် အစုံ ထည့်ပေးလိုက်တာပဲ
ထိုမိန်းကလေးများသည် peralအားဆင်ပေးဝတ်ပေးကာသူတို့အလုပ်ပီးသည်နှင့်ပြန်သွားကြလေ၏

peralတယောက်ကိုယ့်ဟာကိုမှန်ထဲကြည့်ကာ
သခင်လေးဒါန်းကရွေးတတ်လိုက်တာ
အရမ်းလှတာပဲဝတ်စုံလေးကအစ အကုန်လုံး
ငါလည်း သခင်လေးဒါန်း ဝတ်စုံမဝတ်ခင် လက်ဆောင်အမြန်သွားပေးရမယ်
သခင်လေးဒါန်းကငါ့ဘေးက အခန်းထင်တယ်
ဒေါက်~~_ဒေါက် 🚪ဝင်ခဲ့ တံခါးဖွင့်ထားတယ်
peralတယောက်လက်ဆောင်ဘူးလေးကိုင်ကာ ဝင်သွားလေ၏
ဒါန်း သူ့အခန်းထဲသို့ ဝင်လာသော peral လေးအားယငေးကြည့်နေမိသည်
Peralတယောက် ရွှေအိုရောင်ဒေါက်ဖိနပ် အမြင်လေ့စီးကာ ရွှေအိုရောင် ပိုးသားအကပ်ဂါဝန်လေးအရှည်လေးဖြမှာ peralရဲ့bodyကောက်ကြောင်းအလှအားပေါ်လွှင်နေလေသည် မျက်ဝန်းဝိုင်းဝိုင်းလေးဖြင် ဆံပင်အမည်းအရှည်အား ခါးထိချထားလေသည် အရုပ်မလေးနှင့်တူကာ ချစ်ဖို့ကောင်းလှသည်
ဒါန်းသည် peral အသားအရေနှင့်တူသော ရွှေအိုရောင်အစ အားရွေးကာ ကိုယ်တိုင် DESIGNERတွင်အပ်ကာချုပ်ခိုင်းထားခြင်းဖြစ်သည် JEWERLLYအပြင်ဖိနပ်နှင့်အိတ်တွေကိုလည်း ဒါန်းစိတ်ကြိုက်မှာထားပေးခြင်းဖစ်သည်

peralတယောက်ဆံပင်လေးများအား နားထဲထိုးသပ်ခါ သခင်လေးဒါန်း peral ခုexam roll 6ရတာ သခင်လေးရဲ့ စာသင်ပြပေးမူကြောင့်ပါ ဒါကြောင့် perL ကျေးဇူးတင်တယ့်အနေနဲ့ သခင်လေးကို လက်ဆောင်ပေးစရာရှိလို့ပါဆိုပီး ဘူးလေးထုတ်ပေးလေ၏
ဒါန်းလည်း peralပေးသောဘူးလေးအားယူကာ ဖွင့်ကြည့်လေ၏
ကျေးဇူးပဲ peral ခု နတ်ကတိုင်ဘာဝတ်ရမလဲရွေးနေတာ
ခု တွေ့သွားပီ ဝတ်မယ့်ဟာ
ဟိုလေ သခင်လေး peral နတ်ကတိုင်ကစျေးသိပ်မကြီးတော့လေ
dinnerပွဲမှာဝတ်လို့အဆင်ပြေပါ့မလား သခင်လေး

ပြေပါတယ် peralဝယ်ပေးထားတာပဲ
အဲ့ဆို peral ကိုယ်တိုင်ဝတ်ပေးလို့ရလား သခင်လေး
ဒါန်း နတ်ကတိုင်ဘူးအား peralအားပေးလိုက်လေ၏
Peralတယောက် ဒါန်းနှင့်ခန္ဓာကိုယ်ချင်းကပ်နေသောကြောင့် ရင်တွေခုန်နေသော်လည်း ဒါန်းအား ကိုယ်တိုင်နတ်ကတိုင်သေချာ ဝတ်ပေးလိုက်လေ၏

peralသည် ပထမဆုံး ဒါန်းအတွက်
နတ်ကတိုင်ဝတ် ပေးသောသူဖစ်သည်

သခင်လေးနဲ့လိုက်တယ် peralရွေးတာမှန်သွားပီ
peral တယောက် ပျော်ကာပြုံးနေလေ၏

ဒါန်း ကလေးတယောက်လိုထိုအပြုံးလေးတွေကိုသဘောကျလေ၏ ပြုံးလိုက်ရင် ပါးချိုင့်လေး၂ဖက်ဖြင့်ကလေးတယောက်လို အရမ်းချစ်ဖို့ကောင်းလှသည့်သူမလေးအားလည်း ဒါန်းခံစားချက်ရှိနေပါသည် သို့သော် ထုတ်ပြဖို့အချိန်မတန်သေးပေ

ကဲ ပီးကြပီလား သွားကြမယ်
ဟာကိုကြီးဂျက် မှတ်တောင်မမှတ်မိဘူး
နတ်ပြာရောင်suitဖြင့် ဂျက်တယောက် ခန့်ညားနေသည်
ညမလေး ဒီညအရမ်းလှနေတယ်နော်
တကယ်လားးကိုကြီး ဒါတွေအကုန်လုံး
သခင်လေးဒါန်းကလက်ဆောင်ပေးထားတာ
ဒါန်း မင်း ကမျက်နှာလိုက်တယ် ငါ့ကျမပေးဘူး
ဂျက် သွားကြမယ် Dinner
ညမလေးလာ သွားမယ်
××××××××××××÷÷÷÷÷÷÷×××××××

ကဲကဲ အားပေးကြဥိးနော် ရှည်ရှည်လေးupလိုက်ပီ

Continue Reading

You'll Also Like

1.1M 27.1K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
535K 57.7K 24
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
290K 24.3K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...
184K 13.5K 19
"YOU ARE MINE TO KEEP OR TO KILL" ~~~ Kiaan and Izna are like completely two different poles. They both belong to two different RIVAL FAMILIES. It's...