MAY BE FRIEND (Complete)

By Van1eJerry

236K 21.9K 3.5K

Jeon Jungkook & Kim Taehyung Kim Taehyung & Park Jimin Park Jimin & Min Suga Start Date...8-8-2021 End Date... More

Intro
MBF 1
MBF 2
MBF 4
MBF 5
MBF 6
MBF 7
MBF 8
MBF 9
MBF 10
MBF 11
MBF 12 ⚠
MBF 13
MBF⚠ 14 ⚠
MBF 15
MBF 16
MBF 17
MBF 18
MBF⚠ 19 ⚠
MBF 20
MBF 21
MBF 22
MBF 23
MBF Final Part 1
MBF The Final
Q & A

MBF 3

8.6K 933 303
By Van1eJerry

"တွေရတာဝမ်းသာပါတယ် Tae Tae "

Taehyung အံ့သြတုန်လှုပ်ကာမဝံ့မရဲမော့ကြည့်လိုက်တော့ သူ့ကိုပြုံးရယ်ပြီးကြည့်နေတဲ့ကျောင်းသားတစ်ယောက်...ထိုလူရဲ့Eye Smile လေးရယ်ပြီးတော့သူမမြင်ဖူးတဲ့မျက်နှာကြောင့် Taehyung နည်းနည်းတော့စိတ်သက်သာရာရသွားသည်...

Tae Taeလို့ခေါ်တည်းကထိုလူကလိုင်းပေါ်ကသူငယ်ချင်းဆိုတာခန့်မှန်းမိလိုက်သည်..

"မင်းလူမှားနေပြီ ငါ့နာမည်ကTae Taeမဟုတ်ဘူး"

ထိုကျောင်းသားကပြုံးလိုက်ပြီး..

"ငါသိပါတယ်..မင်းနာမည်ကKim Taehyung အခန်း၃က ဟူတ်တယ်မလား "

Taehyung မယုံကြည်နိုင်စွာကြည့်မိတော့ ထိုကျောင်းသားက...

"ငါStalker မဟုတ်ပါဘူးကွာ..ငါ့နာမည်ကJiminအခန်း၂က..မင်းကနာမည်ကြီးပဲလေငါမသိဘဲနေမလား "

ဟုတ်သားပဲ Jungkook လိုကျောင်းရဲ့မင်းသားလေးနဲ့ Soyoung လိုကျောင်းရဲ့အလှလေးကသူ့အနားမှာရှိနေတာကြောင့် ကျောင်းမှာTaehyung ကိုသိတဲ့သူတွေများလာသည်လေ...

"မင်းငါ့ကိုဘယ်လိုသိတာလည်း "

"မထူးဆန်းပါဘူးကွာ မင်းနာမည်ကTaehyungလေ..မင်းငါ့ကိုတစ်ခါပြောဖူးတယ်မလား မင်းAcc nameကမင်းနာမည်ရှေ့ဆုံးကဟာကိုယူထားတာဆိုပြီး..အစကတော့မင်းမှန်းမသေချာသေးဘူး ဒါပေမယ့်မင်းရဲ့ပုံစံကဆိုးတယ်ဆိုပြီး မင်းပုံစံကိုပြောပြခဲ့တာလေ အဲ့တာကြောင့်မင်းကTae Taeဆိုတာသေချာသွားတာ"

Taehyung သူ့ကိုယ်သူစိတ်ထဲကနေသာအပြစ်တင်နေမိသည်..သူတို့တစ်ယောက်နဲ့တစ်ယောက်မတွေ့နိုင်ဘူးထင်ပြီး သူ့ပုံစံပါပြောပြခဲ့မိသည်လေ...

"မင်းကိုတစ်ခါမှမတွေ့ဖူးပါဘူး"

"အွန်းငါဒီနှစ်မှ Busan ကပြောင်းလာတာလေ..ပြီးတော့မင်းကဘယ်တုန်းကမင်းပတ်ဝန်းကျင်ကိုစိတ်ဝင်စားဖူးလို့လည်း အဲ့တာကြောင့်မသိတာနေမှာပေါ့ "

(ဟုတ်သားပဲငါ့အခန်းထဲကလူတွေတောင်အကုန်မမှတ်မိတာ သူ့လိုကျောင်ပြောင်းလာတဲ့သူဆိုပိုဆိုးမှာပေါ့)

Taehyung စိတ်ထဲမှာ Jimin ကိုမယုံရတဲ့သူလို့တော့မထင်..ဘာလို့လည်းဆိုတော့သူတို့မမြင်ဖူးခင်ကတည်းက J ဆိုတဲ့သူကသူ(TH)ပြောသမျှကိုစိတ်ရှည်သည်းခံကာအကြံဉာဏ်တွေအမြဲပေးသည်..သူတို့တွေစာအကြောင်းလဲဆွေးနွေးကြသည်..Taehyung အိမ်မက်ဆိုးတွေမက်တယ်ပြောတုန်းကလည်း Dreamcatcher လေးဝယ်ပြီးအခန်းမှာချိတ်ထားဖို့အကြံပေးသည်..

မနေ့ကသူစိတ်လောပြီးBlockမိတာကိုအခုမှအားနာလာရသည်..Jiminကသူ့အပေါ်အများကြီးကောင်းပေးခဲ့တာပဲလေ...

"မင်းမနေ့ကငါ့ကိုblockသွားတော့ ငါဘယ်လောက်တောင်စိတ်မကောင်းဖြစ်ရလည်းသိလား"

Jimin က Taehyung ဘေးဝင်ထိုင်ကာပြောလိုက်သည်...

"တောင်းပန်ပါတယ် ငါအရမ်းလန့်သွားခဲ့တာမင်းကငါ့ကိုရော ငါချစ်တဲ့သူကိုပါသိနေတာဆိုတော့လေ"

Jimin ကTaehyungရဲ့ပုခုံးကိုလက်နဲ့ပုတ်ပြီးကိုင်လိုက်သည်...

"ငါဘယ်သူ့ကိုမှမပြောပြပါဘူးကွာ အရမ်းလည်းမလန့်ပါနဲ့ မင်းငါ့ကိုစာနဲ့ပြောရမှာထက်လူကိုယ်တိုင်ပြောတာကမင်းအတွက်ပိုအကျိုးရှိမယ်လို့ငါထင်လိုက်လို့ပါ"

"တောင်းပန်ပါတယ် ငါအရမ်းလွန်သွားတယ်"

"တောင်းပန်ရင်ငါ့ကိုblockပြန်ဖြေပေးလေ ပြီးတော့ငါ့ကိုမုန့်လိုက်ဝယ်ကျွေးပေါ့"

"ကောင်းပြီ မင်းဘာစားချင်လည်းစဥ်းစားထားလိုက် ကျောင်းပိတ်ရင်ငါလိုက်ဝယ်ကျွေးမယ် "

"Ok..ကတိနော်"

"Ok "

အဲ့လိုနဲ့ Taehyung မှာ Jimin ဆိုတဲ့သူငယ်ချင်းတစ်ယောက်ပါထပ်တိုးလာခဲ့သည်...

Jungkook ကတော့Taehyung သူငယ်ချင်းအသစ်ရသွားတာကိုမကျေမနပ်တွေဖြစ်နေတော့သည်..ပြီးတော့ Taehyung အပေါ်ကို Jiminကြည့်တဲ့အကြည့်တွေကိုဘဝင်မကျဘူး..Soyoung ကတော့ သူ့ထက်အရေးပေးခံရတဲ့ Taehyung ကိုတနေ့တခြားပိုပိုပြီးအမြင်မကြည်ဖြစ်လာသည်..

ငယ်ငယ်တည်းကTaehyung နဲ့ယှဥ်ရင်အမြဲသူ့ကိုရွေးကြတာလေ..အခုတော့ Jimin ရော Jungkook ကပါသူ့ထက်Taehyung ပေါ်သာအလေးပေးနေတာမြင်ရတော့စိတ်တိုလာသည်..Jimin ဆိုပိုဆိုးသည်.. သူမကTaehyung ကိုတစ်ခုခုခိုင်းပြီဆို Jimin ကပဲထလုပ်ပေးတာကြောင့် နောက်ပိုင်းသူမTaehyungကိုသိပ်မခိုင်းဖြစ်တော့...မဟုတ်ရင် Jimin ရဲ့fangirlလေးတွေက​သူမကိုတခုခုလုပ်နိုင်သည်လေ...Jimin ကလည်းJungkook နီးနီးနာမည်ကြီးသည်...

Taehyung အတွက်တော့နာမည်ကြီး၃ယောက်နဲ့နေရတာကြောင့် ဒေါင်းယောင်ဆောင်သောကျီးကန်းလေးလိုဖြစ်နေသည်...ကျောင်းမှာရှိတဲ့ ၈၀ ရာခိုင်နှုန်းလောက်က Taehyung ဖြစ်ချင်နေကြသည်...

တဖြည်းဖြည်းနဲ့သူတို့တွေနောက်ဆုံးနှစ်စာမေးပွဲကိုဖြေကြရတော့မှာဖြစ်သည်..ကျန်တဲ့သုံးယောက်အတွက်ကဘာမှမဖြစ်ပေမယ့် Taehyung လိုဉာဏ်အရမ်းမကောင်းတဲ့သူအတွက်ကျတော့ စာပိုကြိုးစားမှဖြစ်မည်..ပြီးတော့သူစာမေးပွဲဖြေပြီးရင် Jungkook ကိုဖွင့်ပြောဖို့လုပ်ထားတာကြောင့် အရမ်းလည်းရင်ခုန်နေသည်...Jungkook ကလည်းသူ့အပေါ်ဂရုစိုက်တာကြောင့် သူ့ကိုအခွင့်အရေးလေးတော့ပေးလိမ့်မယ်လို့ထင်သည်..

Jimin ကိုပြောပြတော့ "မင်းအဆင်ပြေရင် ပြီးတာပါပဲ"လို့သာပြောလာသည်...Taehyung သတိမထားမိခဲ့တာကထိုအချိန်က မျက်နှာမှာဝမ်းနည်းမှုတွေပေါ်နေတဲ့ Jimin ကိုပင်...Soyoung ကိုတော့သူဖွင့်ပြောပြီးမှပြောမယ်လို့တွေးထားသည်..

ဒီနေ့က ကျောင်းပိတ်တာနောက်ဆုံးရက်ဖြစ်ပြီးသူတို့တွေမနက်ဖြန်ဆိုစာမေးပွဲဖြေရတော့မှာဖြစ်သည်..

ကျောင်းပိတ်တဲ့တပတ်လုံးစာတွေနဲ့လုံးပန်းပြီးတော့ စာမေးပွဲဖြေဖို့အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်...အဲ့တာကြောင့်သူတို့တွေဒီနေ့ကိုစိတ်အပန်းဖြေတဲ့အနေနဲ့လျှောက်လည်ဖို့ပြောထားကြသည်...

ဒီနေ့သူတို့၄ယောက်လုံးပေါ့ပေါ့ပါးပါးသာဝတ်လာကြသည်...ကျန်သုံးယောက်ကတော့ထင်းထွက်နေပြီး Taehyung တစ်ယောက်တည်းကသာပုံတုံးတုံးကြီးထွက်နေသည်..

"မင်းတို့တွေကဘာပဲဝတ်ဝတ်ကြည့်ကောင်းနေတော့တာပဲ စိတ်တိုလိုက်တာ"

Taehyung မကျေမနပ်ပြောတော့Soyoung က..

"ဒါကတော့နဂိုရှိလို့နဂိုင်းထွက်တာလေ နင်ကလည်း"

Soyoung ကအခုတလောသူ့အပေါ်အမြင်မကြည်ဖြစ်နေတယ်လို့ ဘာလို့ခံစားနေရမှန်း Taehyung မသိ..သူငယ်ချင်းအသစ်တွေရသွားလို့များလားလို့တွေးမိတော့ Soyoung အတွက်စိတ်မကောင်းဖြစ်သွားသည်..Soyoung ကအမြဲသူ့အပေါ်မှီခိုနေရတာပဲမလား...အဲ့တာကြောင့်သူ Soyoung ကိုအပြစ်မတင်မိခြင်းဖြစ်သည်..

"အိုက်ဂူးငါ့အတွက်တော့ Taehyung ကချစ်စရာအကောင်းဆုံးပဲ "

Jimin ကTaehyung ရဲ့ပါးလေးနှစ်ဖက်ကိုသူ့လက်သေးသေးလေးနဲ့စုလိုက်တော့ Taehyung နှုတ်ခမ်းတွေကရှေ့ကိုချွန်ထွက်လာပြီး ဘဲနှုတ်သီးလေးလိုဖြစ်နေသည်...

"ကြည့်ပါလားဘဲလေးကျနေတာပဲ.."

"Ya...မင်းကမှဘဲပေါက်လေး"

Taehyung အသံတွေကမပီမသထွက်လာပြီး Jimin ကိုပြန်လုပ်လိုက်တာကြောင့်နှစ်ယောက်သားက နှုတ်ခမ်းလေးတွေထော်ကုန်ကြသည်...ထိုအချိန် သူတို့နှစ်ယောက်လုံးကိုဆွဲခွာလိုက်တဲ့Jungkook..

"တော်လိုက်တော့..မင်းတို့က ကလေးတွေလား"

Jungkook ပြောလိုက်မှ Taehyung နဲ့ Jimin တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာရယ်မိတော့သည်...

Jungkook စိတ်ထဲမှာတော့(Taehyung မင်းကငါ့ကိုတော့Skinshipတွေရှောင်ခိုင်းပြီး Jimin ကျတော့ရတယ်လား)

Jungkook မကျေမနပ်ဖြစ်နေသည်..Taehyung ကိုသူ့ဘက်ကအကြံအစည်နဲ့ကပ်ခဲ့တာဆိုပေမယ့် Taehyung ရဲ့ရိုးသားမှုတွေကြောင့်သူငယ်ချင်းတယောက်လိုတကယ်ခင်ခဲ့သည်..သူတို့ကြားထဲကို Jimin ရောက်လာပြီးကတည်းက Jungkook ရဲ့ခံစားချက်တွေရှုပ်ထွေးလာရသည်..Taehyung ကသူ့ထက်Jiminကိုပိုခင်သွားမှာကိုမလိုလားဘူး..ပြီးတော့ Jimin ရဲ့မြတ်နိုးမှုတွေနဲ့ကြည့်တဲ့အကြည့်တွေကိုမကြိုက်ဘူး..ယောကျာ်းလေးအချင်းချင်းအဲ့လိုကြည့်နေတာကသူ့အတွက်စိတ်အနှောက်အယှက်ဖြစ်ရတယ်..

အခုနောက်ပိုင်း Soyoung ဘက်ကသူ့ကိုစိတ်ဝင်စားနေတဲ့အပြုအမူတွေလည်းမြင်ရတာကြောင့် သူ့ရည်မှန်းချက်အောင်မြင်သွားပြီဖြစ်သည်...သို့ပေမယ့်သူကျေနပ်မှုရှိမနေဘူး ဘာလို့လည်းတော့သူကိုယ်တိုင်လည်းမသိ...

သူတို့တွေပထမဆုံးမနက်စာစားကြသည်...ပြီးတော့ရုပ်ရှင်သွားကြည့်ကြသည်..ရုပ်ရှင်ကSEဖြစ်နေတာကြောင့် Taehyung မှာရုပ်ရှင်ပြီးတာတောင်ငိုနေလို့ Jimin ကချော့နေရသည်..Soyoung ကိုတော့ Jungkook ကချော့နေသည်..တကယ်တော့ Soyoung ကလွယ်လွယ်နဲ့ငိုတတ်တဲ့သူမဟုတ် ဘာလို့အခုမှငိုနေရတာလည်းဆိုတော့ Taehyung ကို Jungkook ချော့မှာမလိုလားတာကြောင့်ပင်...

သူတို့တွေရုပ်ရှင်ကနေကစားကွင်းကိုထပ်လာကြသည်...ပင်လယ်ဓားပြလှေစီးတော့ Jimin ကအရင်ဝင်ထိုင်ပြီး Taehyung ကဘေးမှာဝင်ထိုင်သည်..Soyoung က Taehyung ဘေးထိုင်ဖို့လုပ်ပေမယ့် Jungkook ကဝင်ထိုင်လိုက်တာကြောင့် သူမကJungkook ဘေးမှာသာဝင်ထိုင်ရတော့သည်...

တဖြည်းဖြည်းနဲ့ပင်လယ်ဓားပြလှေကမြန်လာပြီး အမြင့်ကိုရောက်လာသည်...Jimin တစ်ယောက်Taehyung လက်ကိုတင်းနေအောင်ဆုတ်ကိုင်ကာ စအော်တော့သည်...Taehyung နဲ့ Jungkook ကတော့ပျော်လွန်းလို့အော်ပြီးစီးနေကြသည်...Soyoung ကတော့စိတ်ရှုတ်တဲ့အမူအရာနဲ့နားပိတ်ထားပြီးစီးနေသည်..

လက်တွေမြောက်ထားတာကြောင့်Taehyung နဲ့ Jungkook တို့ရဲ့လက်တွေကထိနေကြသည်..Jungkook ရဲ့လက်လေးကိုမသိမသာဆုတ်ကိုင်လိုက်တဲ့ Taehyung...Jungkook ကလည်းရုံးထွက်ခြင်းမပြုဘဲ နှစ်ယောက်လုံးရဲ့မျက်နှာမှာတော့အပြုံးလေးတွေဖြင့်သာ...

(A/N..သိတယ်မလားအဲ့mmလေး😁)

သူတို့အောက်ရောက်တော့ Jiminက..

"တော်ပြီနောက်တစ်ခါမစီးတော့ဘူး "

"Jimin မင်းကြောက်တဲ့အရာလည်းရှိသေးတာပဲလား "

"ငါတကယ်အဲ့လိုဟာတွေမစီးနိုင်ဘူး "

"ဟုတ်ပါပြီ ငါတို့အခုဘာသွားစီးကြမှာလည်း Jungkook "

Jungkook ကခနစဥ်းစားလိုက်ပြီး...

"Skate သွားစီးမယ် မစီးတာကြာနေပြီ "

"ဟမ်..ငါမစီးတတ်ဘူး "

"ငါ.."

Jungkook ပြောမလို့ပဲရှိသေးတယ် Jimin ကဖြတ်ပြီးပြောလိုက်သည်...

"ငါသင်ပေးမှာပေါ့ ငါကအဲ့မှာဆရာကြီးပဲ"

"ငါလည်းမစီးတတ်ဘူး Jungkook ငါ့ကိုသင်ပေးလေ "

Soyoung ကပြောတော့ Jungkook က..

"ကောင်းပြီလေ သွားကြမယ် "

ရှေ့ကနေထွက်သွားတဲ့ Jungkook..တကယ်တော့သူဘာကိုမကျေနပ်နေမှန်းမသိ Soyoung ကသူ့ကိုအခွင့်အရေးပေးနေတာပဲလေ သူပျော်ရမှာမဟုတ်ဘူးလား..

Skate ကွင်းရောက်တော့ Jungkook နဲ့ Jimin ကသူတို့Skill တွေကိုပြတော့သည်..Jungkook နဲ့Jimin ပေါင်းပြီးကွင်းတစ်ခုလုံးကိုငှားလိုက်တာကြောင့် သူတို့ကလွဲဲပြီးဘယ်သူမှမရှိ..

"ဝါး...မိုက်လိုက်တာ "

Soyoung နဲ့ Taehyung ကစကိတ်ဖိနပ်လေးတွေသာစီးထားပြီး ဘောင်ကိုကိုင်ပြီးပဲရပ်နေကြသည်..

ရုတ်တရက် Jungkook က Taehyung ရဲ့လက်ကိုဆွဲခေါ်ပြီးကွင်းထဲကိုခေါ်သွားသည်..Jimin အဝေးကနေသာရပ်ကြည့်နေရသည်..Taehyung ရဲ့မျက်နှာကအပြုံးတွေကိုမြင်တော့ သူ့နှလုံးသားကနည်းနည်းနာကျင်ရသည်...

(အင်းလေ..ငါကJungkookမှမဟုတ်တာဘဲ)

Jimin ကျွမ်းကျင်စွာစီးပြီး Soyoung ဆီသွားလိုက်သည်..

"မင်းစီးမှာမလား ရော့ငါ့အကျီကိုင်ပြီးလိုက်ခဲ့ "

Jiminက သူ့လက်ကိုအကိုင်မခံဘဲအကျီစကိုသာကိုင်ခိုင်းတာကြောင့် Soyoung ဒေါသထွက်သွားသည်..သို့ပေမယ့်သူမစီးတတ်ဘူးပြောထားတာပဲမလား ဆက်ဟန်ဆောင်ရမှာပေါ့..Jimin လက်ကအကျီစကိုဆွဲကိုင်ပြီးလိုက်သွားတဲ့ Soyoung ကနည်းနည်းလေးတောင်မယိုင်ခဲ့...

Taehyung မှာသာယိုင်တိုင်ယိုင်တိုင်နဲ့ဖြစ်ကာ ခနခနလဲကျတော့မယ့်ပုံကြောင့် Jimin စိတ်ပူနေမိသည်...

Jungkook ကလည်းမညည်းညူဘဲ Taehyung နောက်ကနေစိတ်ပူစွာလိုက်ထိန်းပေးသည်..လဲကျခါနီးတွင်အနားသွားကာခါးကိုလှမ်းထိန်းပေးသည်...Jungkook သူ့ကိုထိလိုက်တိုင်း Taehyung ရင်တွေအရမ်းခုန်လွန်းတာကြောင့် ပါးလေးတွေပင်ရဲနေသည်...Taehyung ကြောင့်သူကောင်းကောင်းမစီးရပေမယ့် တချက်မှအပြုံးမပျက်သွားတဲ့ Jungkook...Taehyung လဲမှာစိုးရိမ်ပြီးသာအရိပ်တကြည့်ကြည့်ဖြစ်နေသည်...

Jimin ကလည်း Soyoung စီးတတ်မှန်းသိသွားတာကြောင့် Taehyung နားကိုသာရောက်လာသည်...Taehyung ကိုအရိပ်တကြည့်ကြည့်နဲ့လိုက်ကြည့်နေကြတဲ့ Jimin နဲ့ Jungkook ကြောင့် Soyoung ဒေါသထွက်ကာဆက်မစီးတော့ပဲကွင်းအပြင်ကိုထွက်ခဲ့လိုက်သည်...

သူတို့၃ယောက်စီးလို့ဝသွားမှကွင်းထဲကနေထွက်လာကြသည်...

"တောင်းပန်ပါတယ် မင်းတို့ငါ့ကြောင့်ကောင်းကောင်းမစီးခဲ့ရဘူး "

"အဲ့တာဆိုငါတို့ကိုမုန့်ဝယ်ကျွေးပေါ့ "

"Ya..Jimin မင်းကလေအမြဲတန်းအစားကြီးပဲ..ဝယ်ကျွေးမယ်ဟုတ်ပြီလား "

သူတို့တွေမောနေကြတာကြောင့် Skate ကွင်းထဲမှာရောင်းတဲ့ တော့ပိုကီနဲ့ကင်ဘတ်ကိုသာဝယ်စားလိုက်ကြသည်...

Taehyung တော့ပိုကီစားပြီးစပ်သွားတာကြောင့် Jungkookကရေငှဲ့ပေးပြီး Jimin ကColaငှဲ့ကာကမ်းပေးလာသည်...Taehyung ဝေခွဲမရဖြစ်သွားပေမယ့်သူအခုစပ်နေတာကြောင့်..

"ငါ..ငါCola ပဲသောက်လိုက်မယ်နော် Jungkook "

Taehyung ကcola ကိုယူလိုက်တာကြောင့် Jungkook ရေကိုသူ့ဟာသူသာသောက်လိုက်သည်..

Soyoung ထိုအခြေအနေတွေကိုကြည့်ဖို့စိတ်ကုန်လာတာကြောင့် သူမလက်ထဲကတူကိုစောင့်ချပြီး...

"ငါအနောက်ထဲခနသွားလိုက်ဦးမယ် "

(ငါသူ့ကိုပြစ်ထားသလိုဖြစ်သွားလို့စိတ်ဆိုးသွားတာလားမသိဘူး)
Taehyung အတွေးနဲ့အတူထရပ်ဖို့ပြင်လိုက်ပေမယ့် Jungkook ကတားလိုက်ပြီး...

"ငါလည်းအနောက်သွားမလို့ Soyoung ကိုငါဂရုစိုက်လိုက်မယ် "

"အွန်း..သူစိတ်ဆိုးသွားတာလားမသိဘူး သေချာပြန်ခေါ်လာခဲ့ပေးပါဦးJungkook"

Jungkook ခေါင်းငြိမ့်ပြီးထွက်သွားသည်...Taehyung မျက်နှာမကောင်းတာကြောင့် Jimin က..

"Soyoung ကစိတ်ဆိုးတာဖြစ်ချင်မှဖြစ်မှာပေါ့ သူတကယ်အနောက်သွားချင်တာလည်းဖြစ်နိုင်တာပဲကို "

"အဲ့လိုဆိုရင်တော့ကောင်းတာပေါ့ "

တော်တော်ကြာသည်ထိJungkook နဲ့Soyoung ကရောက်မလာတာကြောင့် Taehyung စိတ်ပူလာသည်...

"ငါသူတို့နောက်လိုက်သွားကြည့်လိုက်မယ် "

"ငါရောလိုက်ခဲ့မယ် "

သူတို့Skate ရုံအနောက်ကလမ်းကြားဘက်ကိုထွက်လာခဲ့လိုက်သည်...

Taehyung ရှေ့ကနေလျှောက်လာပြီး လမ်းကြားထိပ်မှာပဲသူ့ခြေလှမ်းတွေရပ်သွားရသည်...သူ့မျက်လုံးသူတောင်မယုံနိုင်စွာဖြစ်ပြီးကျောက်ရုပ်ကြီးလိုရပ်နေမိသည်..

သူမြင်လိုက်တာက လမ်းကြားထဲမှာအနမ်းပေးနေကြတဲ့ Jungkook နဲ့ Soyoung...

Taehyung ရင်ဘက်ထဲကနာကျင်လာတာကြောင့်သူတောင်မသိလိုက်ဘဲ မျက်ရည်တွေကျလာသည်..

(ဘာလို့လည်း..ဘာလို့Jungkook နဲ့ Soyoung က... ငါ့ကိုဘာတွေဖုံးကွယ်ထားကြတာလည်း..ဘာလို့ငါကဘာမှမသိရတာလဲ..)

Jimin လည်းထိုအဖြစ်အပျက်တွေကိုမြင်သွားတာကြောင့် Taehyung ကိုနံရံအကွယ်ဘက်ကိုဆွဲခေါ်ပြီး ဖက်လိုက်သည်...

"မကြည့်နဲ့ Taehyung.."

Taehyung စိတ်ထဲမှာ Jungkookက Soyoung ကိုစိတ်မဝင်စားဘူးလို့ထင်ခဲ့သည်..သူတို့နှစ်ယောက်တွဲဖြစ်သွားတာကယောကျာ်းမိန်းမသဘာဝကြောင့်လို့လက်ခံလို့ရပေမယ့် Taehyung ကြားလိုက်ရတဲ့စကားတွေကြောင့် သူ့နှလုံးသားကိုဆွဲဆုတ်ခံရသလိုပင်နာကျင်သွားရသည်...

"ဂုဏ်ယူပါတယ်နင်ငါ့ရဲ့စိတ်ဝင်စားမှုကိုလုံးဝရသွားလို့ "

"ငါကJungkookပဲလေ.. မင်းခနကသဝန်တိုသွားတာဆိုတော့ငါ Taehyung အပေါ်ကောင်းပြနေတာအလကားမဖြစ်ဘူးဘဲ"

"နင်ငါ့ကြောင့် Taehyung ကိုကပ်တာသူသိသွားမှာမကြောက်ဘူးလား "

"မကြောက်ပါဘူး Taehyung ကငါ့ကိုခင်တော့ခွင့်လွှတ်မှာပါ..သူလည်းယောကျာ်းလေးပဲလေနင့်လိုအလှလေးနဲ့ရည်းစားဖြစ်သွားတဲ့ငါ့အတွက်ဝမ်းတောင်သာပေးဦးမှာ "

တကယ်တော့ Taehyung အပေါ်ကောင်းပေးတာက သူ့ခံစားချက်အစစ်အမှန်တွေဆိုပေမယ့် Soyoung ကျေနပ်အောင်ပြောပေးပြီး နောင်ခါလာနောင်ခါစျေးလို့ Jungkook သဘောထားလိုက်ခြင်းဖြစ်သည်...သူနဲ့ Soyoung သာရည်းစားဖြစ်သွားရင် Taehyung ကိုတောင်းပန်ပြီးသူငယ်ချင်းအဖြစ်ဆက်နေဖို့တွေးထားပြီးသားဖြစ်သည်...

Jimin ကတော့ Taehyung အတွက်ဒေါသထွက်နေတာကြောင့် Jungkook တို့ဆီသွားဖို့လုပ်နေတာနဲ့ Taehyung မှာမျက်ရည်တွေနဲ့မနည်းဆွဲထားရသည်...

"Jimin...မသွားပါနဲ့...Jimin na..ငါပြန်ချင်ပြီ "

အက်ကွဲနေတဲ့အသံတွေနဲ့ပြောလာတဲ့ Taehyung ကြောင့် Jimin စိတ်လျှော့ကာထိုနေရာကနေသူတို့ထွက်လာခဲ့တော့သည်...ပြီးတော့ဘယ်သူ့ကိုမှမနှုတ်ဆက်ဘဲ ပြန်လိုက်တော့သည်...

Jungkook တို့ပြန်ရောက်တော့ Taehyung တို့ကိုမတွေ့...တာဝန်ရှိသူကိုမေးကြည့်တော့ ပြန်သွားပြီဆိုတာကြောင့် Jungkook စိတ်ဆိုးသွားသည်...

"ငါတို့ကိုတောင်မနှုတ်ဆက်သွားရအောင် ဘာတွေများအရေးကြီးနေလို့လည်း"

Jungkook မနက်ဖြန်မှတနေကုန်မခေါ်ဘဲနေပြစ်လိုက်မယ်လို့တွေးကာ Soyoung နဲ့ပြန်လာခဲ့ကြသည်..မနက်ဖြန်သာမကဘဲ နောက်ရက်တွေပါ Taehyung နဲ့အဆက်အသွယ်မရတော့မှန်းသိရင် Jungkook ဒီနေ့မှာTaehyung ဆီသွားမိမလား...
...
နောက်ရက်သူတို့တွေစာမေးပွဲဖြေကြတော့ Jimin ရော Taehyung ပါရောက်မလာခဲ့...Jungkook Ph ဆက်ပေမယ့် စက်ပိတ်ထားတယ်ချည်းသာပြောသည်..Soyoung ကိုမေးတော့လည်းရေရေရာရာမသိ...သူမပုံကနည်းနည်းလေးတောင်စိတ်ပူတဲ့ပုံမပြဘဲ အေးအေးဆေးဆေးသာ..

စာမေးပွဲတွေပြီးတဲ့ထိပေါ်မလာတဲ့ Jimin နဲ့ Taehyung...Taehyungရဲ့အိမ်လိုက်သွားတော့ သူငယ်ချင်းတစ်ယောက်နဲ့ခရီးထွက်သွားတယ်ဆိုတာပဲသိပြီး ဘယ်ကိုသွားတာလည်းမသိရ...

Jungkook သူ့ကိုဘာမှမပြောဘဲအဆက်အသွယ်ဖြတ်သွားတဲ့ Taehyung ကိုတော်တော်စိတ်ဆိုးမိသည်...

(အေးလေးမင်းဘက်ကအဆက်အသွယ်ဖြတ်မှတော့ငါလည်းဘာလို့မနေနိုင်ရမှာလည်း..ငါမင်းကိုတောင်းပန်စရာမလိုတော့ဘူးပေါ့)

Uniတက်ဖို့စာမေးပွဲဖြေတော့ Soyoung ကဆေးဘက်ဆိုင်ရာကိုဖြေပေမယ့် Jungkook ကတော့ Taehyung တက်ချင်တယ်လို့ပြောဖူးတဲ့ xx uni ကိုသာလျှောက်သည်..သူ့စိတ်ထဲမှာ Taehyung ကိုပြန်တွေ့နိုင်မယ့်မျှော်လင့်ချက်လေးနှင့်သာ..

Jungkook နဲ့ Soyoung ကလအနည်းငယ်သာတွဲလိုက်သည်...Taehyung ရဲ့အိမ်ကိုနောက်တစ်ခါသွားရှာပေမယ့် တစ်မိသားစုလုံးပြောင်းသွားတာကြောင့်လုံးဝကိုအဆက်အသွယ်ပြတ်သွားတော့သည်..

Uni ပထမနှစ်ကိုတက်တော့ Jungkook ရည်းစားတွေထားပေမယ့်ခနလေးနဲ့ငြီးငွေ့ကာတပတ်တောင်မခံ...

One year later,

Jungkook အခုဆို Senior ကျောင်းသားတောင်ဖြစ်နေပြီ...Taehyung ကိုလည်းမေ့မေ့ပျောက်ပျောက်ဖြစ်သွားတော့သည်...အခုသူ့မှာ Suga ဆိုတဲ့သူငယ်ချင်းတစ်ယောက်ပဲရှိသည်..Suga ကသူ့ထက်၁နှစ်ကြီးပေမယ့် အထက်တန်းတစ်နှစ်ကျတာကြောင့် သူနဲ့အတန်းတူသလိုအဆောင်မှာလည်းအခန်းအတူပင်ဖြစ်သည်...Suga ပုံစံကအေးစက်စက်ဖြစ်နေပေမယ့် စိတ်ထားကောင်းတာကြောင့်သူတို့တွေသူငယ်ချင်းဖြစ်လာခြင်းဖြစ်သည်...

ဒီနေ့ကအဆောင်ကိုပြန်လာရမှာဖြစ်တာကြောင့် Jungkook ကိုသူ့ဆိုင်ကယ်နဲ့ကျောင်းကိုလာခဲ့လိုက်သည်...Jungkook ကကားထက်ဆိုင်ကယ်ကိုပိုသဘောကျတာကြောင့် အထက်တန်းပြီးတော့ Appaကိုဆိုင်ကယ်သာဝယ်ခိုင်းလိုက်သည်...

အဆောင်ကကျောင်းဝင်းထဲမှာပဲရှိတာဖြစ်သည်..Jungkook ကျောင်းထဲဝင်ပြီးဆိုင်ကယ်ကိုအဆောင်ဘက်မောင်းခဲ့လိုက်သည်...

အဆောင်ရှေ့ကိုရောက်တော့ သူ့ရှေ့မှာယောင်လည်လည်လေးရပ်နေတဲ့ သူကိုမြင်ဖူးတာကြောင့်သေချာကြည့်နေမိသည်...ဆိုင်ကယ်ဦးထုတ်ဆောင်းထားတာကြောင့်သူ့အတွက်ထိုသူကိုသေချာကြည့်ဖို့အခွင့်အရေးပိုရသွားသည်...ချောတယ်လို့ပြောလို့ရသလို လှတယ်လို့လည်းထင်မိသည်..ဆံပင်အပြာရောင်လေးတွေကသူ့ကိုပိုပြီးကြည့်ကောင်းစေသည်..ထိုအချိန်မှာပဲထိုသူ့အနားကိုရောက်လာတဲ့သူကြောင့် Jungkook မျက်လုံးတွေပြူးသွားရသည်..တဆက်တည်းပြုံးရယ်လိုက်တဲ့ထိုလူ့မျက်နှာကြောင့် သူ့အတွေးထဲမှာနာမည်တစ်ခုကတန်းရောက်လာခဲ့သည်...

"Taehyung?"

အတွေးနဲ့အတူ Jungkook ရဲ့ဘယ်ဘက်ရင်အုံက နှလုံးသားလေးလှုပ်ရှားသွားရသည်..
Jimin နဲ့အတူရှိနေတဲ့သူကTaehyung ပင်...

End,

အခုမှဇာတ်လမ်းကစမှာပါနော် အဟဲဟဲ😁
တကယ်တော့ Jungkook က Taehyung ကိုသူငယ်ချင်းလိုပဲသဘောကျတာပါ မချစ်သေးပါဘူး..

Jungkook ကမိန်းကလေးနဲ့ယောကျာ်းလေးသာတွဲလို့ရတဲ့ဆက်ဆံရေးကိုပဲလက်ခံထားတာနော်..

Jimin နဲ့သဝန်တိုတာကသူငယ်ချင်းတွေကြားမှာရှိတတ်တဲ့သဝန်တိုမှုလေးပါ ဒါပေမယ့်အခုတော့Jungkookရင်စခုန်နေပါပြီနော် ဟိဟိ..

Zawgyi,

"ေတြရတာဝမ္းသာပါတယ္ Tae Tae "

Taehyung အံ့ၾသတုန္လႈပ္ကာမဝံ့မရဲေမာ့ၾကည့္လိုက္ေတာ့ သူ႕ကိုၿပဳံးရယ္ၿပီးၾကည့္ေနတဲ့ေက်ာင္းသားတစ္ေယာက္...ထိုလူရဲ႕Eye Smile ေလးရယ္ၿပီးေတာ့သူမျမင္ဖူးတဲ့မ်က္ႏွာေၾကာင့္ Taehyung နည္းနည္းေတာ့စိတ္သက္သာရာရသြားသည္...

Tae Taeလို႔ေခၚတည္းကထိုလူကလိုင္းေပၚကသူငယ္ခ်င္းဆိုတာခန့္မွန္းမိလိုက္သည္..

"မင္းလူမွားေနၿပီ ငါ့နာမည္ကTae Taeမဟုတ္ဘူး"

ထိုေက်ာင္းသားကၿပဳံးလိုက္ၿပီး..

"ငါသိပါတယ္..မင္းနာမည္ကKim Taehyung အခန္း၃က ဟူတ္တယ္မလား "

Taehyung မယုံၾကည္နိုင္စြာၾကည့္မိေတာ့ ထိုေက်ာင္းသားက...

"ငါStalker မဟုတ္ပါဘူးကြာ..ငါ့နာမည္ကJiminအခန္း၂က..မင္းကနာမည္ႀကီးပဲေလငါမသိဘဲေနမလား "

ဟုတ္သားပဲ Jungkook လိုေက်ာင္းရဲ႕မင္းသားေလးနဲ႕ Soyoung လိုေက်ာင္းရဲ႕အလွေလးကသူ႕အနားမွာရွိေနတာေၾကာင့္ ေက်ာင္းမွာTaehyung ကိုသိတဲ့သူေတြမ်ားလာသည္ေလ...

"မင္းငါ့ကိုဘယ္လိုသိတာလည္း "

"မထူးဆန္းပါဘူးကြာ မင္းနာမည္ကTaehyungေလ..မင္းငါ့ကိုတစ္ခါေျပာဖူးတယ္မလား မင္းAcc nameကမင္းနာမည္ေရွ႕ဆုံးကဟာကိုယူထားတာဆိုၿပီး..အစကေတာ့မင္းမွန္းမေသခ်ာေသးဘူး ဒါေပမယ့္မင္းရဲ႕ပုံစံကဆိုးတယ္ဆိုၿပီး မင္းပုံစံကိုေျပာျပခဲ့တာေလ အဲ့တာေၾကာင့္မင္းကTae Taeဆိုတာေသခ်ာသြားတာ"

Taehyung သူ႕ကိုယ္သူစိတ္ထဲကေနသာအျပစ္တင္ေနမိသည္..သူတို႔တစ္ေယာက္နဲ႕တစ္ေယာက္မေတြ႕နိုင္ဘူးထင္ၿပီး သူ႕ပုံစံပါေျပာျပခဲ့မိသည္ေလ...

"မင္းကိုတစ္ခါမွမေတြ႕ဖူးပါဘူး"

"အြန္းငါဒီႏွစ္မွ Busan ကေျပာင္းလာတာေလ..ၿပီးေတာ့မင္းကဘယ္တုန္းကမင္းပတ္ဝန္းက်င္ကိုစိတ္ဝင္စားဖူးလို႔လည္း အဲ့တာေၾကာင့္မသိတာေနမွာေပါ့ "

(ဟုတ္သားပဲငါ့အခန္းထဲကလူေတြေတာင္အကုန္မမွတ္မိတာ သူ႕လိုေက်ာင္ေျပာင္းလာတဲ့သူဆိုပိုဆိုးမွာေပါ့)

Taehyung စိတ္ထဲမွာ Jimin ကိုမယုံရတဲ့သူလို႔ေတာ့မထင္..ဘာလို႔လည္းဆိုေတာ့သူတို႔မျမင္ဖူးခင္ကတည္းက J ဆိုတဲ့သူကသူ(TH)ေျပာသမွ်ကိုစိတ္ရွည္သည္းခံကာအႀကံဉာဏ္ေတြအၿမဲေပးသည္..သူတို႔ေတြစာအေၾကာင္းလဲေဆြးႏြေးၾကသည္..Taehyung အိမ္မက္ဆိုးေတြမက္တယ္ေျပာတုန္းကလည္း Dreamcatcher ေလးဝယ္ၿပီးအခန္းမွာခ်ိတ္ထားဖို႔အႀကံေပးသည္..

မေန႕ကသူစိတ္ေလာၿပီးBlockမိတာကိုအခုမွအားနာလာရသည္..Jiminကသူ႕အေပၚအမ်ားႀကီးေကာင္းေပးခဲ့တာပဲေလ...

"မင္းမေန႕ကငါ့ကိုblockသြားေတာ့ ငါဘယ္ေလာက္ေတာင္စိတ္မေကာင္းျဖစ္ရလည္းသိလား"

Jimin က Taehyung ေဘးဝင္ထိုင္ကာေျပာလိုက္သည္...

"ေတာင္းပန္ပါတယ္ ငါအရမ္းလန့္သြားခဲ့တာမင္းကငါ့ကိုေရာ ငါခ်စ္တဲ့သူကိုပါသိေနတာဆိုေတာ့ေလ"

Jimin ကTaehyungရဲ႕ပုခုံးကိုလက္နဲ႕ပုတ္ၿပီးကိုင္လိုက္သည္...

"ငါဘယ္သူ႕ကိုမွမေျပာျပပါဘူးကြာ အရမ္းလည္းမလန့္ပါနဲ႕ မင္းငါ့ကိုစာနဲ႕ေျပာရမွာထက္လူကိုယ္တိုင္ေျပာတာကမင္းအတြက္ပိုအက်ိဳးရွိမယ္လို႔ငါထင္လိုက္လို႔ပါ"

"ေတာင္းပန္ပါတယ္ ငါအရမ္းလြန္သြားတယ္"

"ေတာင္းပန္ရင္ငါ့ကိုblockျပန္ေျဖေပးေလ ၿပီးေတာ့ငါ့ကိုမုန့္လိုက္ဝယ္ေကြၽးေပါ့"

"ေကာင္းၿပီ မင္းဘာစားခ်င္လည္းစဥ္းစားထားလိုက္ ေက်ာင္းပိတ္ရင္ငါလိုက္ဝယ္ေကြၽးမယ္ "

"Ok..ကတိေနာ္"

"Ok "

အဲ့လိုနဲ႕ Taehyung မွာ Jimin ဆိုတဲ့သူငယ္ခ်င္းတစ္ေယာက္ပါထပ္တိုးလာခဲ့သည္...

Jungkook ကေတာ့Taehyung သူငယ္ခ်င္းအသစ္ရသြားတာကိုမေက်မနပ္ေတြျဖစ္ေနေတာ့သည္..ၿပီးေတာ့ Taehyung အေပၚကို Jiminၾကည့္တဲ့အၾကည့္ေတြကိုဘဝင္မက်ဘဴး..Soyoung ကေတာ့ သူ႕ထက္အေရးေပးခံရတဲ့ Taehyung ကိုတေန႕တျခားပိုပိုၿပီးအျမင္မၾကည္ျဖစ္လာသည္..

ငယ္ငယ္တည္းကTaehyung နဲ႕ယွဥ္ရင္အၿမဲသူ႕ကိုေ႐ြးၾကတာေလ..အခုေတာ့ Jimin ေရာ Jungkook ကပါသူ႕ထက္Taehyung ေပၚသာအေလးေပးေနတာျမင္ရေတာ့စိတ္တိုလာသည္..Jimin ဆိုပိုဆိုးသည္.. သူမကTaehyung ကိုတစ္ခုခုခိုင္းၿပီဆို Jimin ကပဲထလုပ္ေပးတာေၾကာင့္ ေနာက္ပိုင္းသူမTaehyungကိုသိပ္မခိုင္းျဖစ္ေတာ့...မဟုတ္ရင္ Jimin ရဲ႕fangirlေလးေတြကသူမကိုတခုခုလုပ္နိုင္သည္ေလ...Jimin ကလည္းJungkook နီးနီးနာမည္ႀကီးသည္...

Taehyung အတြက္ေတာ့နာမည္ႀကီး၃ေယာက္နဲ႕ေနရတာေၾကာင့္ ေဒါင္းေယာင္ေဆာင္ေသာက်ီးကန္းေလးလိုျဖစ္ေနသည္...ေက်ာင္းမွာရွိတဲ့ ၈၀ ရာခိုင္ႏႈန္းေလာက္က Taehyung ျဖစ္ခ်င္ေနၾကသည္...

တျဖည္းျဖည္းနဲ႕သူတို႔ေတြေနာက္ဆုံးႏွစ္စာေမးပြဲကိုေျဖၾကရေတာ့မွာျဖစ္သည္..က်န္တဲ့သုံးေယာက္အတြက္ကဘာမွမျဖစ္ေပမယ့္ Taehyung လိုဉာဏ္အရမ္းမေကာင္းတဲ့သူအတြက္က်ေတာ့ စာပိုႀကိဳးစားမွျဖစ္မည္..ၿပီးေတာ့သူစာေမးပြဲေျဖၿပီးရင္ Jungkook ကိုဖြင့္ေျပာဖို႔လုပ္ထားတာေၾကာင့္ အရမ္းလည္းရင္ခုန္ေနသည္...Jungkook ကလည္းသူ႕အေပၚဂ႐ုစိုက္တာေၾကာင့္ သူ႕ကိုအခြင့္အေရးေလးေတာ့ေပးလိမ့္မယ္လို႔ထင္သည္..

Jimin ကိုေျပာျပေတာ့ "မင္းအဆင္ေျပရင္ ၿပီးတာပါပဲ"လို႔သာေျပာလာသည္...Taehyung သတိမထားမိခဲ့တာကထိုအခ်ိန္က မ်က္ႏွာမွာဝမ္းနည္းမႈေတြေပၚေနတဲ့ Jimin ကိုပင္...Soyoung ကိုေတာ့သူဖြင့္ေျပာၿပီးမွေျပာမယ္လို႔ေတြးထားသည္..

ဒီေန႕က ေက်ာင္းပိတ္တာေနာက္ဆုံးရက္ျဖစ္ၿပီးသူတို႔ေတြမနက္ျဖန္ဆိုစာေမးပြဲေျဖရေတာ့မွာျဖစ္သည္..

ေက်ာင္းပိတ္တဲ့တပတ္လုံးစာေတြနဲ႕လုံးပန္းၿပီးေတာ့ စာေမးပြဲေျဖဖို႔အဆင္သင့္ျဖစ္ေနၾကၿပီျဖစ္သည္...အဲ့တာေၾကာင့္သူတို႔ေတြဒီေန႕ကိုစိတ္အပန္းေျဖတဲ့အေနနဲ႕ေလွ်ာက္လည္ဖို႔ေျပာထားၾကသည္...

ဒီေန႕သူတို႔၄ေယာက္လုံးေပါ့ေပါ့ပါးပါးသာဝတ္လာၾကသည္...က်န္သုံးေယာက္ကေတာ့ထင္းထြက္ေနၿပီး Taehyung တစ္ေယာက္တည္းကသာပုံတုံးတုံးႀကီးထြက္ေနသည္..

"မင္းတို႔ေတြကဘာပဲဝတ္ဝတ္ၾကည့္ေကာင္းေနေတာ့တာပဲ စိတ္တိုလိုက္တာ"

Taehyung မေက်မနပ္ေျပာေတာ့Soyoung က..

"ဒါကေတာ့နဂိုရွိလို႔နဂိုင္းထြက္တာေလ နင္ကလည္း"

Soyoung ကအခုတေလာသူ႕အေပၚအျမင္မၾကည္ျဖစ္ေနတယ္လို႔ ဘာလို႔ခံစားေနရမွန္း Taehyung မသိ..သူငယ္ခ်င္းအသစ္ေတြရသြားလို႔မ်ားလားလို႔ေတြးမိေတာ့ Soyoung အတြက္စိတ္မေကာင္းျဖစ္သြားသည္..Soyoung ကအၿမဲသူ႕အေပၚမွီခိုေနရတာပဲမလား...အဲ့တာေၾကာင့္သူ Soyoung ကိုအျပစ္မတင္မိျခင္းျဖစ္သည္..

"အိုက္ဂူးငါ့အတြက္ေတာ့ Taehyung ကခ်စ္စရာအေကာင္းဆုံးပဲ "

Jimin ကTaehyung ရဲ႕ပါးေလးႏွစ္ဖက္ကိုသူ႕လက္ေသးေသးေလးနဲ႕စုလိုက္ေတာ့ Taehyung ႏႈတ္ခမ္းေတြကေရွ႕ကိုခြၽန္ထြက္လာၿပီး ဘဲႏႈတ္သီးေလးလိုျဖစ္ေနသည္...

"ၾကည့္ပါလားဘဲေလးက်ေနတာပဲ.."

"Ya...မင္းကမွဘဲေပါက္ေလး"

Taehyung အသံေတြကမပီမသထြက္လာၿပီး Jimin ကိုျပန္လုပ္လိုက္တာေၾကာင့္ႏွစ္ေယာက္သားက ႏႈတ္ခမ္းေလးေတြေထာ္ကုန္ၾကသည္...ထိုအခ်ိန္ သူတို႔ႏွစ္ေယာက္လုံးကိုဆြဲခြာလိုက္တဲ့Jungkook..

"ေတာ္လိုက္ေတာ့..မင္းတို႔က ကေလးေတြလား"

Jungkook ေျပာလိုက္မွ Taehyung နဲ႕ Jimin တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာရယ္မိေတာ့သည္...

Jungkook စိတ္ထဲမွာေတာ့(Taehyung မင္းကငါ့ကိုေတာ့Skinshipေတြေရွာင္ခိုင္းၿပီး Jimin က်ေတာ့ရတယ္လား)

Jungkook မေက်မနပ္ျဖစ္ေနသည္..Taehyung ကိုသူ႕ဘက္ကအႀကံအစည္နဲ႕ကပ္ခဲ့တာဆိုေပမယ့္ Taehyung ရဲ႕ရိုးသားမႈေတြေၾကာင့္သူငယ္ခ်င္းတေယာက္လိုတကယ္ခင္ခဲ့သည္..သူတို႔ၾကားထဲကို Jimin ေရာက္လာၿပီးကတည္းက Jungkook ရဲ႕ခံစားခ်က္ေတြရႈပ္ေထြးလာရသည္..Taehyung ကသူ႕ထက္Jiminကိုပိုခင္သြားမွာကိုမလိုလားဘူး..ၿပီးေတာ့ Jimin ရဲ႕ျမတ္နိုးမႈေတြနဲ႕ၾကည့္တဲ့အၾကည့္ေတြကိုမႀကိဳက္ဘူး..ေယာက်ာ္းေလးအခ်င္းခ်င္းအဲ့လိုၾကည့္ေနတာကသူ႕အတြက္စိတ္အႏွောက္အယွက္ျဖစ္ရတယ္..

အခုေနာက္ပိုင္း Soyoung ဘက္ကသူ႕ကိုစိတ္ဝင္စားေနတဲ့အျပဳအမူေတြလည္းျမင္ရတာေၾကာင့္ သူ႕ရည္မွန္းခ်က္ေအာင္ျမင္သြားၿပီျဖစ္သည္...သို႔ေပမယ့္သူေက်နပ္မႈရွိမေနဘူး ဘာလို႔လည္းေတာ့သူကိုယ္တိုင္လည္းမသိ...

သူတို႔ေတြပထမဆုံးမနက္စာစားၾကသည္...ၿပီးေတာ့႐ုပ္ရွင္သြားၾကည့္ၾကသည္..႐ုပ္ရွင္ကSEျဖစ္ေနတာေၾကာင့္ Taehyung မွာ႐ုပ္ရွင္ၿပီးတာေတာင္ငိုေနလို႔ Jimin ကေခ်ာ့ေနရသည္..Soyoung ကိုေတာ့ Jungkook ကေခ်ာ့ေနသည္..တကယ္ေတာ့ Soyoung ကလြယ္လြယ္နဲ႕ငိုတတ္တဲ့သူမဟုတ္ ဘာလို႔အခုမွငိုေနရတာလည္းဆိုေတာ့ Taehyung ကို Jungkook ေခ်ာ့မွာမလိုလားတာေၾကာင့္ပင္...

သူတို႔ေတြ႐ုပ္ရွင္ကေနကစားကြင္းကိုထပ္လာၾကသည္...ပင္လယ္ဓားျပေလွစီးေတာ့ Jimin ကအရင္ဝင္ထိုင္ၿပီး Taehyung ကေဘးမွာဝင္ထိုင္သည္..Soyoung က Taehyung ေဘးထိုင္ဖို႔လုပ္ေပမယ့္ Jungkook ကဝင္ထိုင္လိုက္တာေၾကာင့္ သူမကJungkook ေဘးမွာသာဝင္ထိုင္ရေတာ့သည္...

တျဖည္းျဖည္းနဲ႕ပင္လယ္ဓားျပေလွကျမန္လာၿပီး အျမင့္ကိုေရာက္လာသည္...Jimin တစ္ေယာက္Taehyung လက္ကိုတင္းေနေအာင္ဆုတ္ကိုင္ကာ စေအာ္ေတာ့သည္...Taehyung နဲ႕ Jungkook ကေတာ့ေပ်ာ္လြန္းလို႔ေအာ္ၿပီးစီးေနၾကသည္...Soyoung ကေတာ့စိတ္ရႈတ္တဲ့အမူအရာနဲ႕နားပိတ္ထားၿပီးစီးေနသည္..

လက္ေတြေျမာက္ထားတာေၾကာင့္Taehyung နဲ႕ Jungkook တို႔ရဲ႕လက္ေတြကထိေနၾကသည္..Jungkook ရဲ႕လက္ေလးကိုမသိမသာဆုတ္ကိုင္လိုက္တဲ့ Taehyung...Jungkook ကလည္း႐ုံးထြက္ျခင္းမျပဳဘဲ ႏွစ္ေယာက္လုံးရဲ႕မ်က္ႏွာမွာေတာ့အၿပဳံးေလးေတြျဖင့္သာ...

(A/N..သိတယ္မလားအဲ့mmေလး😁)

သူတို႔ေအာက္ေရာက္ေတာ့ Jiminက..

"ေတာ္ၿပီေနာက္တစ္ခါမစီးေတာ့ဘူး "

"Jimin မင္းေၾကာက္တဲ့အရာလည္းရွိေသးတာပဲလား "

"ငါတကယ္အဲ့လိုဟာေတြမစီးနိုင္ဘူး "

"ဟုတ္ပါၿပီ ငါတို႔အခုဘာသြားစီးၾကမွာလည္း Jungkook "

Jungkook ကခနစဥ္းစားလိုက္ၿပီး...

"Skate သြားစီးမယ္ မစီးတာၾကာေနၿပီ "

"ဟမ္..ငါမစီးတတ္ဘူး "

"ငါ.."

Jungkook ေျပာမလို႔ပဲရွိေသးတယ္ Jimin ကျဖတ္ၿပီးေျပာလိုက္သည္...

"ငါသင္ေပးမွာေပါ့ ငါကအဲ့မွာဆရာႀကီးပဲ"

"ငါလည္းမစီးတတ္ဘူး Jungkook ငါ့ကိုသင္ေပးေလ "

Soyoung ကေျပာေတာ့ Jungkook က..

"ေကာင္းၿပီေလ သြားၾကမယ္ "

ေရွ႕ကေနထြက္သြားတဲ့ Jungkook..တကယ္ေတာ့သူဘာကိုမေက်နပ္ေနမွန္းမသိ Soyoung ကသူ႕ကိုအခြင့္အေရးေပးေနတာပဲေလ သူေပ်ာ္ရမွာမဟုတ္ဘူးလား..

Skate ကြင္းေရာက္ေတာ့ Jungkook နဲ႕ Jimin ကသူတို႔Skill ေတြကိုျပေတာ့သည္..Jungkook နဲ႕Jimin ေပါင္းၿပီးကြင္းတစ္ခုလုံးကိုငွားလိုက္တာေၾကာင့္ သူတို႔ကလြဲဲၿပီးဘယ္သူမွမရွိ..

"ဝါး...မိုက္လိုက္တာ "

Soyoung နဲ႕ Taehyung ကစကိတ္ဖိနပ္ေလးေတြသာစီးထားၿပီး ေဘာင္ကိုကိုင္ၿပီးပဲရပ္ေနၾကသည္..

႐ုတ္တရက္ Jungkook က Taehyung ရဲ႕လက္ကိုဆြဲေခၚၿပီးကြင္းထဲကိုေခၚသြားသည္..Jimin အေဝးကေနသာရပ္ၾကည့္ေနရသည္..Taehyung ရဲ႕မ်က္ႏွာကအၿပဳံးေတြကိုျမင္ေတာ့ သူ႕ႏွလုံးသားကနည္းနည္းနာက်င္ရသည္...

(အင္းေလ..ငါကJungkookမွမဟုတ္တာဘဲ)

Jimin ကြၽမ္းက်င္စြာစီးၿပီး Soyoung ဆီသြားလိုက္သည္..

"မင္းစီးမွာမလား ေရာ့ငါ့အက်ီကိုင္ၿပီးလိုက္ခဲ့ "

Jiminက သူ႕လက္ကိုအကိုင္မခံဘဲအက်ီစကိုသာကိုင္ခိုင္းတာေၾကာင့္ Soyoung ေဒါသထြက္သြားသည္..သို႔ေပမယ့္သူမစီးတတ္ဘူးေျပာထားတာပဲမလား ဆက္ဟန္ေဆာင္ရမွာေပါ့..Jimin လက္ကအက်ီစကိုဆြဲကိုင္ၿပီးလိုက္သြားတဲ့ Soyoung ကနည္းနည္းေလးေတာင္မယိုင္ခဲ့...

Taehyung မွာသာယိုင္တိုင္ယိုင္တိုင္နဲ႕ျဖစ္ကာ ခနခနလဲက်ေတာ့မယ့္ပုံေၾကာင့္ Jimin စိတ္ပူေနမိသည္...

Jungkook ကလည္းမညည္းၫူဘဲ Taehyung ေနာက္ကေနစိတ္ပူစြာလိုက္ထိန္းေပးသည္..လဲက်ခါနီးတြင္အနားသြားကာခါးကိုလွမ္းထိန္းေပးသည္...Jungkook သူ႕ကိုထိလိုက္တိုင္း Taehyung ရင္ေတြအရမ္းခုန္လြန္းတာေၾကာင့္ ပါးေလးေတြပင္ရဲေနသည္...Taehyung ေၾကာင့္သူေကာင္းေကာင္းမစီးရေပမယ့္ တခ်က္မွအၿပဳံးမပ်က္သြားတဲ့ Jungkook...Taehyung လဲမွာစိုးရိမ္ၿပီးသာအရိပ္တၾကည့္ၾကည့္ျဖစ္ေနသည္...

Jimin ကလည္း Soyoung စီးတတ္မွန္းသိသြားတာေၾကာင့္ Taehyung နားကိုသာေရာက္လာသည္...Taehyung ကိုအရိပ္တၾကည့္ၾကည့္နဲ႕လိုက္ၾကည့္ေနၾကတဲ့ Jimin နဲ႕ Jungkook ေၾကာင့္ Soyoung ေဒါသထြက္ကာဆက္မစီးေတာ့ပဲကြင္းအျပင္ကိုထြက္ခဲ့လိုက္သည္...

သူတို႔၃ေယာက္စီးလို႔ဝသြားမွကြင္းထဲကေနထြက္လာၾကသည္...

"ေတာင္းပန္ပါတယ္ မင္းတို႔ငါ့ေၾကာင့္ေကာင္းေကာင္းမစီးခဲ့ရဘူး "

"အဲ့တာဆိုငါတို႔ကိုမုန့္ဝယ္ေကြၽးေပါ့ "

"Ya..Jimin မင္းကေလအၿမဲတန္းအစားႀကီးပဲ..ဝယ္ေကြၽးမယ္ဟုတ္ၿပီလား "

သူတို႔ေတြေမာေနၾကတာေၾကာင့္ Skate ကြင္းထဲမွာေရာင္းတဲ့ ေတာ့ပိုကီနဲ႕ကင္ဘတ္ကိုသာဝယ္စားလိုက္ၾကသည္...

Taehyung ေတာ့ပိုကီစားၿပီးစပ္သြားတာေၾကာင့္ Jungkookကေရငွဲ႕ေပးၿပီး Jimin ကColaငွဲ႕ကာကမ္းေပးလာသည္...Taehyung ေဝခြဲမရျဖစ္သြားေပမယ့္သူအခုစပ္ေနတာေၾကာင့္..

"ငါ..ငါCola ပဲေသာက္လိုက္မယ္ေနာ္ Jungkook "

Taehyung ကcola ကိုယူလိုက္တာေၾကာင့္ Jungkook ေရကိုသူ႕ဟာသူသာေသာက္လိုက္သည္..

Soyoung ထိုအေျခအေနေတြကိုၾကည့္ဖို႔စိတ္ကုန္လာတာေၾကာင့္ သူမလက္ထဲကတူကိုေစာင့္ခ်ၿပီး...

"ငါအေနာက္ထဲခနသြားလိုက္ဦးမယ္ "

(ငါသူ႕ကိုျပစ္ထားသလိုျဖစ္သြားလို႔စိတ္ဆိုးသြားတာလားမသိဘူး)
Taehyung အေတြးနဲ႕အတူထရပ္ဖို႔ျပင္လိုက္ေပမယ့္ Jungkook ကတားလိုက္ၿပီး...

"ငါလည္းအေနာက္သြားမလို႔ Soyoung ကိုငါဂ႐ုစိုက္လိုက္မယ္ "

"အြန္း..သူစိတ္ဆိုးသြားတာလားမသိဘူး ေသခ်ာျပန္ေခၚလာခဲ့ေပးပါဦးJungkook"

Jungkook ေခါင္းၿငိမ့္ၿပီးထြက္သြားသည္...Taehyung မ်က္ႏွာမေကာင္းတာေၾကာင့္ Jimin က..

"Soyoung ကစိတ္ဆိုးတာျဖစ္ခ်င္မွျဖစ္မွာေပါ့ သူတကယ္အေနာက္သြားခ်င္တာလည္းျဖစ္နိုင္တာပဲကို "

"အဲ့လိုဆိုရင္ေတာ့ေကာင္းတာေပါ့ "

ေတာ္ေတာ္ၾကာသည္ထိJungkook နဲ႕Soyoung ကေရာက္မလာတာေၾကာင့္ Taehyung စိတ္ပူလာသည္...

"ငါသူတို႔ေနာက္လိုက္သြားၾကည့္လိုက္မယ္ "

"ငါေရာလိုက္ခဲ့မယ္ "

သူတို႔Skate ႐ုံအေနာက္ကလမ္းၾကားဘက္ကိုထြက္လာခဲ့လိုက္သည္...

Taehyung ေရွ႕ကေနေလွ်ာက္လာၿပီး လမ္းၾကားထိပ္မွာပဲသူ႕ေျခလွမ္းေတြရပ္သြားရသည္...သူ႕မ်က္လုံးသူေတာင္မယုံနိုင္စြာျဖစ္ၿပီးေက်ာက္႐ုပ္ႀကီးလိုရပ္ေနမိသည္..

သူျမင္လိုက္တာက လမ္းၾကားထဲမွာအနမ္းေပးေနၾကတဲ့ Jungkook နဲ႕ Soyoung...

Taehyung ရင္ဘက္ထဲကနာက်င္လာတာေၾကာင့္သူေတာင္မသိလိုက္ဘဲ မ်က္ရည္ေတြက်လာသည္..

(ဘာလို႔လည္း..ဘာလို႔Jungkook နဲ႕ Soyoung က... ငါ့ကိုဘာေတြဖုံးကြယ္ထားၾကတာလည္း..ဘာလို႔ငါကဘာမွမသိရတာလဲ..)

Jimin လည္းထိုအျဖစ္အပ်က္ေတြကိုျမင္သြားတာေၾကာင့္ Taehyung ကိုနံရံအကြယ္ဘက္ကိုဆြဲေခၚၿပီး ဖက္လိုက္သည္...

"မၾကည့္နဲ႕ Taehyung.."

Taehyung စိတ္ထဲမွာ Jungkookက Soyoung ကိုစိတ္မဝင္စားဘူးလို႔ထင္ခဲ့သည္..သူတို႔ႏွစ္ေယာက္တြဲျဖစ္သြားတာကေယာက်ာ္းမိန္းမသဘာဝေၾကာင့္လို႔လက္ခံလို႔ရေပမယ့္ Taehyung ၾကားလိုက္ရတဲ့စကားေတြေၾကာင့္ သူ႕ႏွလုံးသားကိုဆြဲဆုတ္ခံရသလိုပင္နာက်င္သြားရသည္...

"ဂုဏ္ယူပါတယ္နင္ငါ့ရဲ႕စိတ္ဝင္စားမႈကိုလုံးဝရသြားလို႔ "

"ငါကJungkookပဲေလ.. မင္းခနကသဝန္တိုသြားတာဆိုေတာ့ငါ Taehyung အေပၚေကာင္းျပေနတာအလကားမျဖစ္ဘူးဘဲ"

"နင္ငါ့ေၾကာင့္ Taehyung ကိုကပ္တာသူသိသြားမွာမေၾကာက္ဘူးလား "

"မေၾကာက္ပါဘူး Taehyung ကငါ့ကိုခင္ေတာ့ခြင့္လႊတ္မွာပါ..သူလည္းေယာက်ာ္းေလးပဲေလနင့္လိုအလွေလးနဲ႕ရည္းစားျဖစ္သြားတဲ့ငါ့အတြက္ဝမ္းေတာင္သာေပးဦးမွာ "

တကယ္ေတာ့ Taehyung အေပၚေကာင္းေပးတာက သူ႕ခံစားခ်က္အစစ္အမွန္ေတြဆိုေပမယ့္ Soyoung ေက်နပ္ေအာင္ေျပာေပးၿပီး ေနာင္ခါလာေနာင္ခါေစ်းလို႔ Jungkook သေဘာထားလိုက္ျခင္းျဖစ္သည္...သူနဲ႕ Soyoung သာရည္းစားျဖစ္သြားရင္ Taehyung ကိုေတာင္းပန္ၿပီးသူငယ္ခ်င္းအျဖစ္ဆက္ေနဖို႔ေတြးထားၿပီးသားျဖစ္သည္...

Jimin ကေတာ့ Taehyung အတြက္ေဒါသထြက္ေနတာေၾကာင့္ Jungkook တို႔ဆီသြားဖို႔လုပ္ေနတာနဲ႕ Taehyung မွာမ်က္ရည္ေတြနဲ႕မနည္းဆြဲထားရသည္...

"Jimin...မသြားပါနဲ႕...Jimin na..ငါျပန္ခ်င္ၿပီ "

အက္ကြဲေနတဲ့အသံေတြနဲ႕ေျပာလာတဲ့ Taehyung ေၾကာင့္ Jimin စိတ္ေလွ်ာ့ကာထိုေနရာကေနသူတို႔ထြက္လာခဲ့ေတာ့သည္...ၿပီးေတာ့ဘယ္သူ႕ကိုမွမႏႈတ္ဆက္ဘဲ ျပန္လိုက္ေတာ့သည္...

Jungkook တို႔ျပန္ေရာက္ေတာ့ Taehyung တို႔ကိုမေတြ႕...တာဝန္ရွိသူကိုေမးၾကည့္ေတာ့ ျပန္သြားၿပီဆိုတာေၾကာင့္ Jungkook စိတ္ဆိုးသြားသည္...

"ငါတို႔ကိုေတာင္မႏႈတ္ဆက္သြားရေအာင္ ဘာေတြမ်ားအေရးႀကီးေနလို႔လည္း"

Jungkook မနက္ျဖန္မွတေနကုန္မေခၚဘဲေနျပစ္လိုက္မယ္လို႔ေတြးကာ Soyoung နဲ႕ျပန္လာခဲ့ၾကသည္..မနက္ျဖန္သာမကဘဲ ေနာက္ရက္ေတြပါ Taehyung နဲ႕အဆက္အသြယ္မရေတာ့မွန္းသိရင္ Jungkook ဒီေန႕မွာTaehyung ဆီသြားမိမလား...
...
ေနာက္ရက္သူတို႔ေတြစာေမးပြဲေျဖၾကေတာ့ Jimin ေရာ Taehyung ပါေရာက္မလာခဲ့...Jungkook Ph ဆက္ေပမယ့္ စက္ပိတ္ထားတယ္ခ်ည္းသာေျပာသည္..Soyoung ကိုေမးေတာ့လည္းေရေရရာရာမသိ...သူမပုံကနည္းနည္းေလးေတာင္စိတ္ပူတဲ့ပုံမျပဘဲ ေအးေအးေဆးေဆးသာ..

စာေမးပြဲေတြၿပီးတဲ့ထိေပၚမလာတဲ့ Jimin နဲ႕ Taehyung...Taehyungရဲ႕အိမ္လိုက္သြားေတာ့ သူငယ္ခ်င္းတစ္ေယာက္နဲ႕ခရီးထြက္သြားတယ္ဆိုတာပဲသိၿပီး ဘယ္ကိုသြားတာလည္းမသိရ...

Jungkook သူ႕ကိုဘာမွမေျပာဘဲအဆက္အသြယ္ျဖတ္သြားတဲ့ Taehyung ကိုေတာ္ေတာ္စိတ္ဆိုးမိသည္...

(ေအးေလးမင္းဘက္ကအဆက္အသြယ္ျဖတ္မွေတာ့ငါလည္းဘာလို႔မေနနိုင္ရမွာလည္း..ငါမင္းကိုေတာင္းပန္စရာမလိုေတာ့ဘူးေပါ့)

Uniတက္ဖို႔စာေမးပြဲေျဖေတာ့ Soyoung ကေဆးဘက္ဆိုင္ရာကိုေျဖေပမယ့္ Jungkook ကေတာ့ Taehyung တက္ခ်င္တယ္လို႔ေျပာဖူးတဲ့ xx uni ကိုသာေလွ်ာက္သည္..သူ႕စိတ္ထဲမွာ Taehyung ကိုျပန္ေတြ႕နိုင္မယ့္ေမွ်ာ္လင့္ခ်က္ေလးႏွင့္သာ..

Jungkook နဲ႕ Soyoung ကလအနည္းငယ္သာတြဲလိုက္သည္...Taehyung ရဲ႕အိမ္ကိုေနာက္တစ္ခါသြားရွာေပမယ့္ တစ္မိသားစုလုံးေျပာင္းသြားတာေၾကာင့္လုံးဝကိုအဆက္အသြယ္ျပတ္သြားေတာ့သည္..

Uni ပထမႏွစ္ကိုတက္ေတာ့ Jungkook ရည္းစားေတြထားေပမယ့္ခနေလးနဲ႕ၿငီးေငြ႕ကာတပတ္ေတာင္မခံ...

One year later,

Jungkook အခုဆို Senior ေက်ာင္းသားေတာင္ျဖစ္ေနၿပီ...Taehyung ကိုလည္းေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားေတာ့သည္...အခုသူ႕မွာ Suga ဆိုတဲ့သူငယ္ခ်င္းတစ္ေယာက္ပဲရွိသည္..Suga ကသူ႕ထက္၁ႏွစ္ႀကီးေပမယ့္ အထက္တန္းတစ္ႏွစ္က်တာေၾကာင့္ သူနဲ႕အတန္းတူသလိုအေဆာင္မွာလည္းအခန္းအတူပင္ျဖစ္သည္...Suga ပုံစံကေအးစက္စက္ျဖစ္ေနေပမယ့္ စိတ္ထားေကာင္းတာေၾကာင့္သူတို႔ေတြသူငယ္ခ်င္းျဖစ္လာျခင္းျဖစ္သည္...

ဒီေန႕ကအေဆာင္ကိုျပန္လာရမွာျဖစ္တာေၾကာင့္ Jungkook ကိုသူ႕ဆိုင္ကယ္နဲ႕ေက်ာင္းကိုလာခဲ့လိုက္သည္...Jungkook ကကားထက္ဆိုင္ကယ္ကိုပိုသေဘာက်တာေၾကာင့္ အထက္တန္းၿပီးေတာ့ Appaကိုဆိုင္ကယ္သာဝယ္ခိုင္းလိုက္သည္...

အေဆာင္ကေက်ာင္းဝင္းထဲမွာပဲရွိတာျဖစ္သည္..Jungkook ေက်ာင္းထဲဝင္ၿပီးဆိုင္ကယ္ကိုအေဆာင္ဘက္ေမာင္းခဲ့လိုက္သည္...

အေဆာင္ေရွ႕ကိုေရာက္ေတာ့ သူ႕ေရွ႕မွာေယာင္လည္လည္ေလးရပ္ေနတဲ့ သူကိုျမင္ဖူးတာေၾကာင့္ေသခ်ာၾကည့္ေနမိသည္...ဆိုင္ကယ္ဦးထုတ္ေဆာင္းထားတာေၾကာင့္သူ႕အတြက္ထိုသူကိုေသခ်ာၾကည့္ဖို႔အခြင့္အေရးပိုရသြားသည္...ေခ်ာတယ္လို႔ေျပာလို႔ရသလို လွတယ္လို႔လည္းထင္မိသည္..ဆံပင္အျပာေရာင္ေလးေတြကသူ႕ကိုပိုၿပီးၾကည့္ေကာင္းေစသည္..ထိုအခ်ိန္မွာပဲထိုသူ႕အနားကိုေရာက္လာတဲ့သူေၾကာင့္ Jungkook မ်က္လုံးေတြျပဴးသြားရသည္..တဆက္တည္းၿပဳံးရယ္လိုက္တဲ့ထိုလူ႕မ်က္ႏွာေၾကာင့္ သူ႕အေတြးထဲမွာနာမည္တစ္ခုကတန္းေရာက္လာခဲ့သည္...

"Taehyung?"

အေတြးနဲ႕အတူ Jungkook ရဲ႕ဘယ္ဘက္ရင္အုံက ႏွလုံးသားေလးလႈပ္ရွားသြားရသည္..
Jimin နဲ႕အတူရွိေနတဲ့သူကTaehyung ပင္...

End,

အခုမွဇာတ္လမ္းကစမွာပါေနာ္ အဟဲဟဲ😁
တကယ္ေတာ့ Jungkook က Taehyung ကိုသူငယ္ခ်င္းလိုပဲသေဘာက်တာပါ မခ်စ္ေသးပါဘူး..

Jungkook ကမိန္းကေလးနဲ႕ေယာက်ာ္းေလးသာတြဲလို႔ရတဲ့ဆက္ဆံေရးကိုပဲလက္ခံထားတာေနာ္..

Jimin နဲ႕သဝန္တိုတာကသူငယ္ခ်င္းေတြၾကားမွာရွိတတ္တဲ့သဝန္တိုမႈေလးပါ ဒါေပမယ့္အခုေတာ့Jungkookရင္စခုန္ေနပါၿပီေနာ္ ဟိဟိ..

Continue Reading

You'll Also Like

1.1M 40.6K 93
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
392K 13.9K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...
264K 7.7K 87
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
3.5K 80 8
This is my first book so bear with it and I'm gay my self so homophios leave and there are like no male reader's for this man so hear you are you gay...