𝐓𝐡𝐞 𝐖𝐨𝐫𝐥𝐝 𝐎𝐟 𝐔𝐬...

real_ponpon tarafından

1.4K 115 28

( Unicode + Zawgyi ) Seoul မြို့က ကျောင်းသားလေး နှစ်ယောက်ရဲ့ ရိုးရိုးရှင်းရှင်း တစ်ခန်းရပ် အချစ်ဇာတ်လမ်းလေး... Daha Fazla

Part - 1 ( Unicode )
Part - 1 ( Zawgyi )
Part - 2 ( End ) ( Zawgyi )

Part - 2 ( End ) ( Unicode )

486 53 11
real_ponpon tarafından

အချိန်ကာလတွေပြောင်းလဲလာသော်လည်း မပြောင်းလဲလာ‌တာကတော့ သူငယ်ချင်း 6 ယောက်ပင် ။ ဘယ်သွားသွား အမြဲတပူးပူး တတွဲတွဲ ။

အတွဲတွေဆိုတော့ ပိုဆိုးတာလည်း ပါတာပေါ့လေ ။ အတွဲ‌နှစ်တွဲကြောင့်ပင် အတွဲမဟုတ်သော ဂျေး နှင့် ဂျောင်၀န်းကပင် ပို၍ တွဲဖြစ်သည် ။

စာလုပ်တော့လည်း ဂျောင်၀န်းက အတွဲတွေကြား မနေချင်ဟုဆိုကာ‌ ဂျေးနှင့်ပဲ အမြဲစာလုပ်သည်

စားစရာရှိလည်း ဂျေးနှင့်ပင်
သွားစရာရှိလည်း ဂျေးနှင့်ပင်
ဘာမဆို အမြဲ ဂျေးနှင့်ပင် ။

ဂျေးကတော့ သနားပါတယ် ကလေးထိန်းနေရတာပဲ , သူ့တစ်နေ့တာက ဂျေးမပါလျှင် မပြီးဘူး ဟု သူငယ်ချင်းတွေကတောင် စနောက်ကြရသည်အထိ ။

ဘာမှတော့ ပြန်မပြောမိပါ။ အမှန်လည်း အဲ့လိုပဲလေ ။ ဂျေးမပါလျှင် ဂျောင်၀န်းတစ်ယောက် ဘာမှမလုပ်တတ်တော့အထိကို ဖြစ်သွားသည်မိသည်အထိ ။

ဂျောင်၀န်းလည်း ဂျေးကို တကယ် သံယောဇဉ်ရှိ ပါသည် ။ သူ့အနွံတာ ဆိုးသမျှ ကောင်းသမျှကို သည်းခံပေးသောကြောင့် ၊ တစ်ခါတစ်ခါကျပြန်တော့လည်း သူ ဂျေးကို တကယ်ပင် သနားမိသည် ၊ အမြဲသူ့အလိုပဲ လိုက်ပေးနေရတာမို့ ၊

ထိုအခါများတွင်တော့ ငါတို့ ဂျေးက ချစ်ဖို့အကောင်းဆုံးပဲဟုဆိုကာ ဂျေးအိမ်သို့ ပိတ်ရက်များတွင် ညလာအိပ်ပြီး မလုပ်တတ် လုပ်တတ်ဖြင့် လုပ်ထားသော မုန့်တို့ကို လုပ်ကျွေးလေသည်

တကယ်ပါ ဂျေးနှင့်အတူရှိ နေရသည်မှာ
ဂျောင်၀န်းအတွက်တော့ တကယ့်ဆုလာဘ်ပါပဲ ဘာလုပ်လုပ် အပြစ်မမြင်ဘဲ ဘေးကနေတောင် အမြဲ support ပေးနေတာမျိုး

သူငယ်ချင်းများကြားတွင် တစ်ချက် တစ်ချက် ထထအရွှန်းဖောက်လျှင်လည်း မျက်လုံး လေး ကလယ်"နှင့်ကြည့်ကာ အမြဲလက်ခုပ်တီးပြီး ရယ်ပေးရုံသာမက သူကပါ အရွှန်း၀င်ဖောက်ပေးတာမျိုး

သူငယ်ချင်းများက မင်းတို့နှစ်ယောက် တွဲသာတွဲလိုက်ကြပါတော့ဟု ပြောလိုက်သောအခါတွင်လည်း မျက်လုံးကြီးပြူးပြီး နားရွက်ကြီးတွေ နီလာသော ဂျေးကိုကြည့်ပြီး ဗိုက်နှိပ်ရယ်ရသည်မှာလည်း ခဏ ခဏ ။

စချင်စိတ်ကြောင့် , ဂျေး! ငါတို့တွဲကြည့်ကြမလား ဟုဆိုလိုက်လျှင်လည်း ခန္ဓာကိုယ်ကြီးနှင့်မှမလိုက် ရှက်သွားသော သူ့အားကြည့်ရသည်မှာလည်း ဂျောင်၀န်း၏ ဝါသနာတစ်ခုလို ဖြစ်နေပြီ

ဂျေးကို သူငယ်ချင်းတော်ခွင့်ရတာ တကယ်ကို ကံကောင်းတာပါဟု သတ်မှတ်မိသည် ...

ဂျေးလည်း ဂျောင်၀န်း ကို တကယ်ခင်တာရယ်ပါ အချိန်တွေကြာလာတော့လည်း ဘယ်ဘက်ရင်အုံက အကောင်ပေါက်လေးခုန်တာကိုတော့ သတိထားမိလာတာပေါ့လေ

မှတ်မှတ်ရရ ရင်ခုန်သံတွေစတင်တဲ့နေ့ကတော့ ...

သောကြာနေ့ ကျောင်းနောက်ဆုံးချိန်ရောက်တိုင်း ဂျောင်၀န်းတို့အခန်းက ကျောင်းသားတွေအကုန်လုံး စာကြည့်တိုက်ကိုသွားရသည်

ဖတ်ချင်တဲ့စာအုပ်တွေအုပ်ပြီး ဖတ်ထားတာတွေကို မှတ်မိသလောက် assignment ပြန်ရေးပြီး ဆရာ့ဆီ ပြန်၍တင်ရသည် ။

စာမေးပွဲမှာ ခြေချော်လက်ချော်ဖြစ်ခဲ့ရင်တောင် အခုလို activity တွေကိုကြည့်ပြီး ထပ်ဆုံးဖြတ်ကြတာမို့ ကျောင်းသားတွေကိုယ်တိုင်ကလည်း ယခုလို စာဖတ်ချိန်တွင် တက်တက်ကြွကြွပင် ။

ဟိုအတွဲနှစ်တွဲကတော့ ထုံးစံအတိုင်း တစ်ယောက်လက် တစ်ယောက်ချိတ်ကာ ရင်ကော့ ဖင်ကော့ကာဖြင့် ထွက်သွားကြလေပြီ ။

ထုံးစံအတိုင်း ဂျေးနှင့်ပဲသွားမည်ဟု ဘေးလှည့်ကြည့်တော့ ကိုယ်တော်ချောက ရှူးပေါက်ချင်တယ်ဟုဆိုကာ toilet သို့ အပြေးထွက်သွားလေ‌တော့ ဟို‌ရောက်မှပဲ တွေ့ကြမည်ဟုဆိုကာ ဂျေးကို မစောင့်ဘဲ ဂျောင်၀န်းတစ်ယောက် အရင်သာ ထွက်လာခဲ့လိုက်လေသည်

ကျောင်းစာကြည့်တိုက်သို့ရောက်သော်
ဂျေးကြိုက်လောက်မည့် စာအုပ်တန်းဘက်သို့ လျှောက်ခဲ့လိုက်ပြီး စာအုပ်တွေကို တစ်အုပ်ချင်းကြည့်ပြီး ရွေးကာနေလိုက်သည်

လျှောက်လာရင်း စာအုပ်စင်၏ အပေါ်ဆုံးအဆင့်ကို မော့ကြည့်လိုက်ရာ " အာရှတိုက်နိုင်ငံများအကြောင်း " ဆိုသော စာအုပ်ကို တွေ့လိုက်တော့ ယူရန်ဆုံးဖြတ်လိုက်သည် ။ ဖတ်ပြီး နားမလည်တာမှန်သမျှ ဂျေးကို ဂျီကျပြီး မေးမယ်ဟုပါ တစ်ခါတည်းဆုံးဖြတ်လိုက်သည် ။

တစ်ခုဆိုးတာက အပေါ်‌ဆုံးအဆင့်ကို ဂျောင်၀န်းမမှီခြင်းပင် ။ ခုတက်ဖို့ ခုံကိုစာကြည့်တိုက်တစ်ပတ် ပတ်ရှာလိုက်ရသေးသည်။ စိတ်ထဲတွင်လည်း ဂျေး ကို ပိကျိ ပိကျိ ပြောနေလေသည် ။

" ဟွန်း ပြောတော့ ရှူးပေါက်မို့တဲ့ ကြာလိုက်တာ သူကိုယ်တိုင်တောင် ရှူးဖြစ်သွားပြီလားမသိဘူး ငါနဲ့ ရှူးနဲ့ ဘယ်သူက ပိုအရေးကြီးနေလို့လဲ နေဦး လာပလေ့စေ လာမှ ဒီစာအုပ်တစ်အုပ်လုံးကို မနားတမ်း ရှင်းပြခိုင်းပစ်မယ် "

တစ်ယောက်တည်း ပွစိ ပွစိ ပြောကာ ခုံခုယူသော်လည်း သတိတစ်ချက်လွတ်သွားသောကြောင့် ဟန်ချက်ပျက်ပြီး ခြေချော်ကာ လဲကျသွားလေတော့သည်

" အဟင်း မသကာ ခြေကျိုးရုံပေါ့
ယန်းဂျောင်၀န်း ရယ် ဘယ်တတ်နိုင်မလဲ ရှိစေတော့ ရှိစေတော့ " ဟု စိတ်ထဲမှမှတ်ကာ မျက်လုံးကို စုံမှိတ်လိုက်ပြီး အံကိုတင်း၍ ကြိတ်ထားလေသည်

ဒီစက္ကန့်ပိုင်း အခိုက်တန့်လေးမှာတောင် သူ ဂျေးကို သတိရမိပါသည် ။ ဂျေးသာရှိရင် သေချာပေါက် ခုလို ဖြစ်မှာမဟုတ်ဘူး ရအောင် ကာကွယ်ပေးမှာပဲဟု တွေးဖြစ်အောင် တွေးလိုက်မိသေးသည်

ထိုစဉ် ...

" Yahhhhhhh ! JungWonnah ! "

အသံတစ်သံ ၊ ဒီအသံကို သူ အရိုးစွဲအောင် မှတ်မိပါသည် ။ သူ၏ နှစ်ယောက်မရှိသော Park Jong Seong !

" နေဦး ငါ အောက်ကို ပြုတ်ကျတာကော ဟုတ်ရဲ့လား နာလည်းမနာဘူး အောက်ကဟာကြီးကကော ဘာကြီးလဲ ‌ခုဏက ဂျေး အသံကကော ဘာလဲ ... ဪ ဂျေးအသံကိုတောင် နားကြားတွေမှားပြီး ကြားနေပါရော့လား Yang Jung Won ရေ မင်းလည်း တကယ့်ဟာပဲကွ "

မျက်လုံးစုံမှိတ်ထားပြီး စက္ကန့်ပိုင်းအတွင်း ၀င်လာသော အတွေးပေါင်းစုံဖြင့် ဂျောင်၀န်းတစ်ယောက် ယောက်ယတ်ခတ်လျက် ...

" ခဏ ငါ့နှုတ်ခမ်းနဲ့ဖိမိတာက ဘာကြီးလဲ ပျော့အိအိ နဲ့ စိုစိ စိုစိလေး "

တွေးရင်း မျက်လုံးဖွင့်ကြည့်လိုက်တော့မှ သူ့အောက်မှာရှိနေသည်က သူ၏ နှစ်ယောက်မရှိသော ဂျေးပင် ။

နှုတ်ခမ်းချင်းထိကပ်နေသော်လည်း ရုတ်တရက်မို့ နှစ်ယောက်လုံးမှာ မဖယ်ခွာမိကြ ။

ဂျေးမှာ ‌သူ့အပေါ်မှတက်မိုး၍ နှုတ်ခမ်းကိုလာထိထားသော အကောင်ပေါက်ကို ထိန်း၍ ဖြေးဖြေးချင်းထရသည် ။ ထိုအချိန်ထိ ဂျောင်း၀န်းမှာ အသိပြန်မလည်သေး ။ ကျောက်ရုပ်ကြီးကဲ့သို့ ငူငူကြီး သာ ။

" ဂျောင်း၀န်း အဆင်ပြေရဲ့လား တစ်ခုခုထိခိုက်မိသွားသေးလား "

" ... "

" ဂျောင်း၀န်း ! ငါမေးနေတယ်လေ ဦးနှောက်တွေဘာတွေများ ထိသွားတာလား ? "

ဂျောင်၀န်းမျက်နှာရှေ့သို့ လက်ကိုလှုပ်ပြတော့မှ

" ဟင် ! အင် ! "

" ဘာဖြစ်သွားလဲ နာနေသေးလားလို့ "

" အင် ! အဲ နည်းနည်းနာတယ် "

" ဂျောင်၀န်း !!! ဘာဖြစ်တာလဲ" "

အပြေးလွှားရောက်လာသူက ဆောနူ !

" စာအုပ်‌ရွေးရင်း ခြေချော်ကျသွားတာ ခြေဆစ်လွဲသွားလား မသိဘူး အဲ့နားက နာနေတယ် "

ငိုမဲ့မဲ့ဖြင့် ပြောလာသော ဂျောင်း၀န်းကို ကြည့်ကာ
ဂျေးလည်း သက်ပြင်းတစ်ချက်ချပြီး

" ဆောနူ ! ငါ ဂျောင်၀န်းကို ကျောင်းဆေးခန်းလိုက်ပို့လိုက်မယ် စာဆက်မသင်တော့ဘူး ဆရာ့ကို တစ်ချက်ခွင့်တိုင်ပေး ကျန်တဲ့သူတွေကိုပြောလိုက်ဦး ... ညနေ ကျောင်းအဆင်း အိမ်ကို၀င်ခဲ့ကြပေါ့ "

" အေး ဟုတ်ပြီ စိတ်ချ" အာ့ဆို ငါခုပဲ သွားပြောလိုက်တော့မယ် "

" ထကြည့် ဂျောင်၀န်း ! ထနိုင်လား ဘယ်လိုလဲ "

မျက်ရည်လေးများ ဝေ့ဝဲကာ ခေါင်းလေးကို အသာယမ်းပြီး ငိုမဲ့မဲ့ဖြစ်နေသော ဂျောင်၀န်း ...

" ကဲ အာ့ဆို ငါ ဂုန်းပိုးမယ် ... တက် ! "

" လူတွေ ... "

" Yahhh ! အဲ့လူတွေကို ဂရုစိုက်မှာလား ? မင်းဒဏ်ရာကို ဂရုစိုက်မှာလား ? တက်မှာသာတက် "

ဂျောင်း၀န်းလည်း ဘာမှမပြောသာပဲ တက်လိုက်ရတော့သည် ။

ဒီအခြေနေကြီးက ဘယ်လိုကြီးပါလိမ့် ?
အမှန်ဆို ငါက ဂုန်းပိုးမဲ့ပိုး ဂျောင်၀န်းအစား ကောင်မလေးတစ်ယောက် ဖြစ်ရမှာလေ ခုကျ ... အင်း ဒါမဲ့ ပျော်တယ် ဂျောင်၀န်းဖြစ်နေလို့ကို ပျော်တယ် .... ငါ တကယ်ပဲ ဂျောင်၀န်းကို ... အာ မဖြစ်နိုင်ပါဘူး

ဂျောင်၀န်းမှာလည်း

အားးး ရင်တွေခုန်လို့ သေတော့မှာပဲ
ယန်းဂျောင်၀န်းရေ စိတ်ထိန်း" ဒါဆို ငါတကယ်ပဲ ဂျေးကို သဘောကျနေတာ သေချာသွားပြီပေါ့ ဟူးးး ဘာလို့ ယောက်ျားလေးတစ်ယောက်ကိုလဲ ?

အတွေးကိုယ်စီဖြင့် နှုတ်ဆိတ်လျက် ကျောင်းဆေးပေးခန်းသို့ ဦးတည်ခဲ့ကြလေသည် ။

နှစ်ယောက်စလုံးအတွက်ကလည်း first love , first kiss တွေဖြစ်ခဲ့ကြတာမို့ ကျောင်းစာကြည့်တိုက်မှ အမှတ်မထင်ဖြစ်သွားသော အနမ်းဟု ယူဆရသော ထိကပ်မှုလေးက ဂျေးနှင့် ဂျောင်၀န်းတို့၏ စိတ်အစဉ်ကို အမြဲ စိုးမိုးထားသည်ကတော့ အသေအချာ ။

*****

ထို့နေ့ဖြစ်သွားပြီးနောက်ပိုင်း ဂျောင်၀န်းမှာ ဂျေးကို ရှောင်ဖယ်" ပြုလုပ်လာတော့သည်။
ထို့ကြောင့် ဂျောင်၀န်း၏ ရှောင်ဖယ်ခြင်းခံရမဲ့အတူတူ မထူးတော့ပါဘူးတွေးကာ အခါခါစဉ်းစားပြီး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည် ။ ဤသည်မှာ ဂျောင်၀န်းကို ဖွင့်ပြောဖို့ပင် ...

တီ !

ph message ၀င်လာသောကြောင့် ဖွင့်ကြည့်လိုက်သော်

" မနက် ငါကျောင်းမတက်ဘူး ဂျောင်၀န်း ! စာတွေသေချာမှတ်ထားပေးဦး ... ပြီးတော့ အဲ့တာထက် အရေးကြီးတာက ကျောင်းကအပြန် ( ... ) ပန်းခြံကို ခဏလောက် လာခဲ့ပါလား ? ငါ မင်းကို အရေးတကြီးပြောစရာရှိလို့ တခြားသူတွေမသိစေနဲ့ မင်းတစ်ယောက်ထဲပဲ လာခဲ့နော် "

စာကိုဖတ်ရင်း ဂျောင်၀န်းရင်တွေ ခုန်လာသည်

ဘုရားရေ ငါ့တစ်ယောက်ထဲကို ခေါ်တာတဲ့ ဘာလဲ" သူ ငါ့ကို ဖွင့်ပြောမှာတော့ မဟုတ်လောက်ပါဘူးနော် ရားးးးး ပတ်ဂျုံဆောင်း ! မင်း ဘယ်အချိန်ထိ ငါ့ကို စိုးမိုးနေမှာလဲ ဟမ် ? ရှောင်ဖယ်" နေလည်း ရင်ခုန်တာက ပျောက်မသွားဘူး အားး ငါ ရူးချင်လာပြီ !

" အကို ! ဘာဖြစ်တာလဲ" ? "

ပြောရင်း" အသံကျယ်သွားသည်ထင့်။
ဂျောင်၀န်း၏ ညီလေး နီခီ မှ စိုးရိမ်တကြီးဖြင့် အခန်း တံခါးလာခေါက်တော့မှ ဂျောင်၀န်းလည်း အသိပြန်၀င်လာလေသည်။

" ဟမ် ? အမ်း ! ဟို ... ဘာမှမဖြစ်ဘူး
စာတွေများလို့ စိတ်ရှုပ်လာလို့ အော်လိုက်တာ "

" ဪ အင်း ပြီးရော "

အခန်းတံခါးရှေ့မှ နီခီထွက်သွားသော ခြေသံကြားမှ ဂျောင်၀န်းလည်း သက်ပြင်းခပ်ဖွဖွကို ချနိုင်လေသည် ။

" ဟူး ပတ်ဂျုံဆောင်းရေ ပတ်ဂျုံဆောင်းရဲ့ ! "

*****

" လာလေ ဂျောင်၀န်း ! ဘာရပ်ကြည့်နေတာလဲ "

ပန်းခြံထဲရှိ ထိုင်ခုံ၌ ထိုင်နေသော ဂျေးသည် ဘယ်အချိန်ထဲက ကြိုရောက်နေလည်း ဆိုတာ ဂျောင်း၀န်း မသိ ။

သူ့ကို မြင်မြင်ချင်း ရင်တွေ အဆမတန်ခုန်လာသောကြောင့် အနားသို့လည်း မသွားဘဲ ငူငူကြီး ရပ်ကြည့်နေမိလေသောကြောင့် ထိုင်ဖို့ကိုပင် ဂျေးက ပြောရလေသည်။

ရင်တွေတုန်နေတယ် ! မဟုတ်ဘူး ဒါ ခုန်နေတာ ဟုတ်တယ် လုံး၀ကိုခုန်နေတာ ရားးး
ယန်ဂျောင်၀န်း !!! စိတ်ထိန်းပါဦး ... ဟိုက ဘာမှမပြောရသေးဘူးလေ အားးး

ဂျောင်၀န်းကသာ စိတ်တွေလှုပ်ရှားနေတာ ဂျေးတစ်ယောက်ကတော့ ခပ်အေးအေးပင် ...

" ဂျောင်၀န်း ! "

" --- "

" ဂျောင်၀န်း ... "

" ဟင် ... ဘာ ... ဘာပြောလိုက်တာလဲ "

" ဘာမှ မပြောရသေးဘူးလေ ... ခုမှပြောမှာ "

" ဪ ... အင်း "

ပြောလည်းပြော ဂျောင်၀န်းဘက်ကိုလည်း တိုးသွား၍ တစ်ဖက်စောင်းထိုင်လိုက်သော ဂျေး ... ထိုင်ခုံကျောမှီတစ်ဖက်ကိုလည်း လက်တင်လိုက်သောကြောင့် ဖက်သလိုဖြစ်သွားကာ ဂျောင်၀န်းတစ်ယောက်မှာ မလူးသာ မလွန့်သာ .....

" ဂျောင်၀န်း ... "

" အင်း "

" ငါပြောမှာကို သေချာနားထောင်နော် ငါအကြိမ်ကြိမ် စဉ်းစားပြီးမှပြောခဲ့တာမို့ အထင်မသေးစေချင်ဘူး မင်း စိတ်ဆိုးမယ်ဆိုရင်တော့ မင်းသဘောပါ ငါလည်း ဆက်ပြီး မျိုသိပ်မထားနိုင်တော့တာမို့ "

" ---- "

" ငါ မင်းကို ချစ်တယ် ဂျောင်၀န်း "

မျက်လုံးလေး ဝိုင်းစက်ကာ မျက်ခွံငယ်လေး လှန်၍ ကြည့်လိုက်သော ဂျောင်၀န်း ...

" လှတယ် "

" ဟင် ? "

" မင်းရဲ့ အဲ့မျက်လုံးလေးကလေ သိပ်လှတယ် ငါ့ရဲ့ အနာဂတ်တစ်ခုလုံးကို ပုံအောပစ်လောက်ချင်တဲ့အထိ တောက်ပနေတာ ကြယ်တွေ ရှုံး လောက်တဲ့အထိပဲ "

" --- "

" ချစ်တယ် အဲ့မျက်လုံးလေးကို ... မျက်လုံး‌ လေးတင်မဟုတ်ဘူး မင်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို ချစ်တယ် ဒါပေမဲ့ ယန်းဂျောင်၀န်းဆိုတဲ့ မင်းကတော့ ငါ့အတွက် အနှိုင်းမဲ့ပေါ့ "

ဂျောင်၀န်းရင်တွေ အဆက်မပြတ်ခုန်လာသည် ။ ကိုယ်ရင်ခုန်မိတဲ့သူက ကိုယ့်ကို ချစ်ကြောင်း ဖွင့်ဟ၀န်ခံလာတဲ့အခါမှာ ရင်ခုန်မိတာက အဆန်းတော့ မဟုတ်လောက်ပါဘူးလေ ... ရုတ်တရက် ဂျောင်၀န်းအမြင်အာရုံတွေ ဝေဝါးလာသည် ။

တစ်စိတ် ! ငါ မျက်ရည်ဝဲနေမိတာလား ... ?
shitttt !

မသိလိုက်ခင် စက္ကန့်ပိုင်းအချိန်တိုအတွင်းမှာတင် မျက်ရည်စက်လေးက ကျသွားသည်နှင့်အပြိုင် ဂျေးရဲ့ လက်မလေးကလည်း ပါးပေါ်ထက်တွင် နေရာတကျ ...

" ဟေ့ ! ဘာလို့ ငိုတာလဲ ? ငါ့ခံစားချက်ကို ငါက ၀န်ခံရုံပါ မင်းအတွက်အဆင်မပြေဘူးဆိုလည်း ငါက ရပါတယ် မင်းအဆင်ပြေသလိုသာလုပ်ပါ အရာရာ မင်းသဘောပဲ ဂျောင်၀န်း ... မင်းကိုလေ ငေးကြည့်နေရလည်း ဖြစ်တယ် မင်းကို ဖြူဖြူစင်စင်နဲ့ပဲ ချစ်ခဲ့တာပါ မင်းက ငါ့ကို အဲ့လောက်တောင် မုန်းတာလား ဂျောင်၀န်း မျက်ရည်ကျတဲ့အထိတောင် ဆိုတော့လေ .... စိတ်ချပါ မင်းငါ့ကို မမြင်စေရဘူး "

* shitttt ! သူ ဘာတွေပြောနေတာလဲ ? ငါကကော သဘောမကျဘူးလို့ ပြောလို့လား မချစ်ဘူးလို့ ပြောလိုက်မိလို့လား သူ့ခံစားချက်တွေကို သိလိုက်ရလို့ shock ရပြီး ၀မ်းနည်း၀မ်းသာဖြစ်သွားတာလေ အဲ့တာကြောင့် မျက်ရည်က သူ့ဘာသာ ထွက်သွားတာလေ အဲ့တာကို ဘာတွေလာပြောနေတာလဲ ? *

" ငါ့ကို တစ်ကျောင်းထဲတောင် မမြင်ချင်ဘူးဆိုရင် ငါကျောင်းက ထွက်သွားပေးမှာပါ အဓိကကလေ မင်းပျော်နေဖို့ပဲ မင်းအဆင်ပြေနေရင်
ငါ ... "

ရုတ်တရက် ထိကပ်သွားသော နှုတ်ခမ်းတစ်စုံနဲ့အတူ စကားစတို့ ရုတ်တရက် ပြတ်တောက်သွားခြင်း ...

ဂျေး၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အသေချာကိုင်ကာ နှုတ်ခမ်းသားတို့ကို ပို၍ ဖိကပ်မိလိုက်သည် ။ ရုတ်တရက်မို့ အံ့အားသင့်သွားသော်လည်း ဂျောင်၀န်းနှင့်အပြိုင် မျက်လုံးအစုံတို့ကို မှိတ်ချခဲ့သော ဂျေး ...

လူငယ်ဆန်စွာ၀တ်ထားသော ကောင်လေးတစ်ယောက်နှင့် ကျောင်း၀တ်စုံ၀တ်ထားသော ကောင်လေးတစ်ယောက် ...
စိမ်းစိမ်းစိုစို ပန်းမန်များကြားရှိ ထိုင်ခုံတစ်ခုံနှင့် ရပ်ထားလေသော စက်ဘီလေး တစ်စီး ...
ထပ်တူကျ၍ ရိုးရှင်းစွာဖိကပ်ထားသော နှုတ်ခမ်းတစ်စုံ ...
ရှက်ရည်လူး၍ အနောက်ဘက်သို့ ၀င်လုဆဲဆဲဖြစ်နေသော နေမင်းကြီး ...
ပျံတက်သွားသော ငှက်ကလေးတွေ ...
အရာရာဟာ ပန်းချီကားတစ်ချပ်ပမာ ။

ထိုကောင်လေးနှစ်ယောက်၏ ချစ်ခြင်းများသည် ပတ်၀န်းကျင်ကိုပါ အတိဖုံးလွှမ်းသွားသော
ကြောင့် အရာအားလုံးဟာ လှလှပပပင် ။

*****

" ကလေးလေး ! ကိုအခု အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော် "

" မဟုတ်ပါဘူး ဒါ တကယ်အတည်ပါ "

" ဒါဆို ကလေးလေးလည်း ကို့ကို စိတ်၀င်စားနေခဲ့တာပေါ့ "

" အင်း "

" ဟိုစာကြည့်တိုက်မှာ ဖြစ်သွားတဲ့ ကိစ္စရဲ့နောက်ပိုင်းမှပေါ့ "

" အင်း "

စက်ဘီးကိုကိုင်၍ တွန်းလာကာ တစ်ဖက်စီ၌ လမ်းလျှောက်ပြီး အိမ်အပြန်လမ်းတွင် ဂျေးအီတစ်ယောက် အမေးမြန်းထူနေခြင်းပင် ။

" ဒါဆို ကို့ကို ကလေးလေးက ချစ်တာပေါ့နော် "

" ဪ ချစ်ပါတယ်ဆို ! ကဲ ... မောင်ကကွာ သိပ်အမေးမြန်း ထူတာပဲ "

" ဟင် ဘယ်လို ဘယ်လို ဘယ်လို ? ကို့ကို အခု ဘယ်လိုခေါ်လိုက်တာ ??? "

" မောင်လို့ ခေါ်တာလေ ဘာလို့လဲ မောင်က မောင်လို့ ခေါ်တာကို မကြိက်လို့လား "

တမောင်ထဲ မောင်နေသော ပေါက်စကို ဂျေးတစ်ယောက် တော်တော်ကို အသဲယားနေပြီပင်။

" ကြိုက်တာပေါ့ အများကြီးကြိုက်တာ ကမ္ဘာကြီးလောက်ကိုကြိုက် စကြ၀ဠာကြီးလောက်ကို ကြိုက်တာ "

" တော်ပါ အပိုတွေ ... မနက်ဖြန် လာကြိုနော် မောင် ... ကျောင်းကို အတူတူသွားကြရအောင်လေ "

" အင်း စိတ်ချ မောင်လာကြိုမယ်နော် "

" အွန်းးး "

အပြန်လမ်းတစ်လျှောက် ဂျေး၏မျက်နှာမှာ သကြားပေါ် ပျားသကာလောင်းထားသလိုပင် ၊
အချစ်၏ စွမ်းအားကြောင့် အပြန်လမ်း၌ ခြေလှမ်းတို့ တက်ကြွနေရတာကိုတော့ ဂျေးအီမှလွဲ၍ မည်သူများ သိပါလေစ ...

*****

" ဒါဆို မင်းတို့က တွဲနေပြီပေါ့ "

" အင်း မောင်နဲ့ငါနဲ့က မနေ့ကစပြီး တွဲလိုက်ပြီ ... နော် မောင် "

" Wowwww "

" မောင်တွေဘာတွေတောင် ဖြစ်ကုန်ပါပေါ့လား "

"ဟျောင့် ဂျေး ... နည်းနည်းပါးပါး ပြောပါဦးကွာ"

" အေးလေကွာ ခေါင်းကြီးကို ငုံ့ထားတာ ကြည့်ပါဦး "

" နားရွက်တွေ နီနေတာ ကြည့်ဦး ဟား ဟား "

အကုန်လုံးမှာ အရှက်သည်းနေသော ဂျေးအီကို ဝိုင်း၍ စနေကြလေသည် ။

" ကဲ ကဲ ဆရာလာတော့မယ် စာအုပ်တွေ ထုတ်ထားကြတော့ "

ယခုထက်ပို၍ ပွဲမဆူစေရန် အတန်းခေါင်းဆောင်ဖြစ်သော ဟီဆွန်းမှ ၀င်ကာ ထိန်းရလေတော့သည် ။
သိသင့်သလောက် သိသွားကြတာမို့ တဖြေးဖြေးနှင့် အားလုံးက သိသွားကြတော့သည်သာ ။
ယောက်ျားလေးသီးသန့်အထပ်တန်းကျောင်းမှာမို့ ဒါမျိုးတွေက ထူးဆန်းမနေ ။
ထို့ကြောင့် အားလုံးက အေးအေးဆေးဆေးပင် ။

အတွေးကမ္ဘာထဲသို့ နောက်ပြန်လည်ရင်း ဂျေးအီမှာ အိပ်ပျော်ခြင်းဆီသို့ ...

*****

♪ ting tong ♪

" Aww သားတို့ပါလား လာလေ ၀င်ကြ ၊ သားတို့သူငယ်ချင်း ဂျောင်း၀န်းကတော့ နေမကောင်းဘူး ခုထိ အခန်းထဲကကို ထွက်မလာဘူး ။ အခန်းတံခါးကိုလည်း လော့ခ်ချထားလေရဲ့ "

ထိုစဉ် ဂျောင်၀န်းမှာ အနားကိုရောက်ရှိလာကာ

" လာလေ အခန်းထဲ ၀င်လာခဲ့ "

" ဪ အင်း အင်း "

" အန်တီ အဲ့တာဆို သားတို့ အခန်းထဲ သွားလိုက်မယ် နော် "

" အေး သွားသွား သားတို့ "

အခန်းထဲ၀ယ် ,

" ကဲ ယန်းဂျောင်၀န်းရှီးးး ! "

" မင်းတို့လေးယောက် ရောက်လာတာက ဖျန်ဖြေပေးမလို့မလား မလိုဘူး ငါတကယ် ပြတ်နိုင်တယ် "

" သေချာလား "

" အင်း သေချာတယ် ! ဒီနေ့အပြီးပဲ "

" ငါတို့ပြောတာကိုကော နားမထောင်ချင်တော့ဘူးလား "

" အင်း နားမထောင်ချင်ဘူး ပြောစရာက ဒါပဲဆိုရင် မင်းတို့လည်း ပြန်တော့ ... ငါ အခု တစ်ယောက်ထဲပဲ နေချင်တယ် "

" မင်းထင်တာတွေက မှားနေပြီ "

" ဘာ မှားတယ် ? ဟုတ်လား ?
ဟက် ! မိန်းမတစ်ယောက်နဲ့ လမ်းမပေါ်လူမြင်ကွင်းကြီးမှာ ဖက်ထားကြတဲ့ပုံတွေက ငါ့အထင်တွေ မှားတာတဲ့လား ဟမ် ? ပြောစမ်းပါ ပြောကြစမ်းပါ တောက်ခ် "

မွန်းကြပ်နေတာတွေပေါက်ကွဲထွက်ကုန်၍ အသံများပို၍ပင် ကျယ်လာပြီး မျက်ရည်စများလည်း ဝေ့သီကာ ပါးပြင်အထက် လိမ့်ဆင်းလာသည် ။

ကျန်သူငယ်ချင်းလေးယောက်လည်း သိလိုက်လေပြီ ၊ ဂျောင်၀န်း ဂျေးကိုပြတ်နိုင်တယ်ဆိုတာ အလကား ... ခုပဲကြည့် မျက်ရည်ကြီးငယ်နဲ့ ဒေါသတကြီးပြောဆိုနေတာတွေ ... မျက်လုံးထဲ၀ယ် ချစ်ရသူကို မစွန့်လွှတ်ချင်သော အငွေ့အသက်များ ... အားလုံး အားလုံးမှာ အထင်းသား ။

အင်းလေ ချစ်လို့တွဲခဲ့ကြတဲ့ လက်တွေပဲ
ဘယ်သူကတော့ လွှတ်ချ ချင်ကြမှာတဲ့လဲ
ဒါပေမဲ့လည်း ကိုယ်မဟုတ်တဲ့ အခြားသူနဲ့ တူတူသာမန်မဟုတ်‌သော ရှိနေခြင်း !

ပျံ့နှံ့နေသော ပုံတွေကို မည်သူ့ကိုမဆို သွားပြပါက ဒါဟာ သမီးရည်းစားတွေလို့ ကလေးကအစ ခွေးကအစ ပြောနိုင်တဲ့ အနေအထား position တွေ ၊

ဂျေးရဲ့ရင်ခွင်ထဲ၀င်ကာ တင်းတင်းဆုပ်ဖက်ထားသော ခပ်ဟော့ဟော့ ကောင်မလေးတစ်ယောက်၊
ပြန်လည် သိုင်းဖက်ထားသော ချစ်ရသူ၏ လက်တစ်စုံက အနှီကောင်မလေးရဲ့ ကျောပြင်ထက်၀ယ် ယှက်၍ နေရာတကျ

သိပ် သ၀န်တိုပါသည်
အသွေးထဲ အသားထဲကကို လှိုက်၍ မောင်ဆိုသော သူအား သ၀န်တိုပါသည် အထူးသဖြင့် မိန်းကလေးတွေနဲ့ ပတ်သက်လာလျှင်ပေါ့

အိမ်ထောင်ရေးဘ၀ခရီးလမ်းကအစ အရာရာတိုင်းကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိကြတဲ့ မိန်းကလေးများနှင့် မောင့်ကို သေလောက်အောင် သ၀န်တိုပါသည်

ဂျောင်၀န်း အခုဖြစ်နေတာတွေကိုလည်း ကျန်သူငယ်ချင်းလေးယောက်မှာ နားလည်သည်
ဒါပေမဲ့ တစ်ခုက ခေါင်းမာခြင်း
ဘယ်လိုပြောပြော နားမထောင်ဘူးဟုသာ အတွင်တွင်ပြောကာ အိပ်ယာထက်တွင် လှဲကာ အိပ်ချင်ယောင်ဆောင်နေလေ၏

မထူးတော့ဘူးဆိုကာ ဆောင်းဟွန်းမှာ ပြောဖို့ အချက်ပြလိုက်ပြီး

" မင်းနားထောင်ထောင် မထောင်ထောင် ငါကတော့ ပြောစရာရှိတာ ပြောရမှာပဲ
အဲ့နေ့ညက ဖက်တယ်ဆိုတာ ဟုတ်တယ်
အေး ... ဒါမဲ့ လုပ်ကြံခံရတာ

မင်းမှတ်မိမှာပါ မင်းလိုချင်တဲ့ anime စာအုပ်ကို ဂျေးသွား၀ယ်တဲ့ညလေ အဲ့ဓာတ်ပုံတွေက အဲ့ညက ပုံတွေ

ပြီးတော့ မိန်းကလေးအထက်တန်းကျောင်းက မင်အီယွန်းဆိုတဲ့ တစ်ယောက်ကိုလည်း မင်းသိမှာပါ မင်းရဲ့ ဂျေးကို လိုက်ပြီး ဖွင့်ပြောနေတဲ့ တစ်ယောက်လေ မင်းနဲ့တောင် ပြဿနာတက်သေးတဲ့ဟာ

အဲ့ဓာတ်ပုံထဲက ကောင်မလေးက တခြားသူမဟုတ်ဘူး မင်အီယွန်းပဲ "

" ဘာ !!! "

အိပ်ရာထက် စောင်ပုံထဲမှ ငေါက်ခနဲ ထထိုင်ကာ အော်လိုက်သောကြောင့် အားလုံးမှာ လန့်သွားကြရလေသည် ။

" ဟာ ဖြေးဖြေးပြောပါကွာ မင်းကလည်း "

" အေးလေ လိပ်ပြာတောင် လွင့်တော့မယ် "

" ကဲ ကဲ ငါပဲ ဆက်ပြောလိုက်‌တော့မယ် အားလုံးတိတ်တိတ်နေတော့ "

ဟီဆွန်းပြောပြီးသည့်နောက်၀ယ် အားလုံးမှာ အငြိမ်သား ...

" အဲ့နေ့ညက မင်းလိုချင်တဲ့ anime စာအုပ်ကို သူ သွား၀ယ်တယ် အပြန်မှာကွာ မင်အီယွန်းက အကွက်ဆင်တယ် ဂျေးမြင်နိုင်လောက်တဲ့ လမ်းမပေါ်မှာ မတ်တပ်ရပ်နေတာ သူ့ကိုယ်သူ ကားတိုက်ခံပြီး suicide လုပ်မဲ့အကွက်တွေပေါ့
အဲ့ကားနဲ့သူကလည်း ကြိုးညှိထားပြီးသားကွာ

ကားလည်းလာနေတယ် အဲ့မှာမင်းရဲ့ မောင်က ဆွဲလိုက်တာပေါ့ အဲ့မှာ သူ့ဂွင်ထဲ၀င်ပြီလေ အတင်းတွေ ဆွဲဖက်ပြီး အော်ငိုပါလေရော အဲ့မှာပဲ ဓာတ်ပုံရိုက်မဲ့ သူ့လူကလည်း ဓာတ်ပုံတွေရိုက်ပြီး ဒီမနက်ကျမှ ဖြန့်လိုက်ကြတာပဲ

မင်အီယွန်းရဲ့ ရည်ရွယ်ချက်က ရှင်းတယ် မင်းတို့ကို ပြတ်စေချင်တာ ဂျေးနဲ့သူမတွဲရမဲ့အတူတူ တွဲနေတဲ့ မင်းနဲ့လည်း ပြတ်စေချင်တာ

အဲ့တော့ သူဖြစ်စေချင်တဲ့အတိုင်း မင်းက ပြတ်လိုက်မို့လား ပြီးတော့ ဒါက လုပ်ဇာတ်ဆိုတာ အသိသာကြီးပဲလေ "

" ဟုတ်တယ် ကိုကိုပြောတာ မှန်တယ် ပြီးတော့ ဂျောင်၀န်းရယ် မင်းအသိဆုံးပါ ဂျေးက မင်းကို ဘယ်လောက်ထိ ချစ်လဲဆိုတာကို ... ပြန်စဉ်းစားပါဦး "

ဂျောင်၀န်းလည်း ဂျယ်ယွန်းစကားအဆုံး အိခနဲနေကော မျက်နှာကိုလက်ဖြင့်အုပ်ပြီး ရှိုက်ငိုလေတော့သည် ။

" ကဲ ငိုမနေနဲ့တော့ ငိုနေလို့လည်း မထူးဘူး "

" ငါ ... "

" --- "

" ငါလေ ငါ ... ငါ မောင့်ကို ပါးရိုက်ခဲ့မိတယ်
အီးဟီး "

" ဘာ "

" ဘယ်လို ဘယ်လို "

" ဟမ် မင်းဘာပြောလိုက်တာ "

" ဟာ မင်းကွာ "

" ငါတို့ကို ဂျေးက အဲ့တာမပြောလိုက်ဘူး "

" အီးဟီး ... မင်းတို့ကလည်း ငါ့ကို မအော်ကြပါနဲ့ ... မောင် ငါ့ကို တကယ်ပစ်သွားမလား မသိဘူး ... အီးဟီး "

" ကဲကဲ ငိုမနေနဲ့တော့ ဂျေးအိမ်ကို အမြန်လိုက်သွားတော့ ‌အချိန်ဆွဲမနေနဲ့တော့ "

" အင်း ခုသွားလိုက်မယ် "

ပြောလည်းပြော အခန်းထဲမှ ကလေးလေးလို အူယားဖားယား ပြေးထွက်သွားသော ဂျောင်၀န်းကို ကြည့်ကာ အားလုံးမှာ သက်ပြင်းချ၍ ခေါင်းတခါခါ ...

*****

♪ Ting Tong ♪

" ကလေးလေး ! "

" ဟင့် ... မောင့် "

" ဟောဗျာ အဆိုးလေးက မောင့်ကို အိမ်အထိ လိုက်လာပြီး လာချွဲနေတာပဲ "

" အီးဟီး ..... "

" ဘာလို့ ငိုနေတာလဲ အသဲအသက်လေးရဲ့ မော့ပါဦး မျက်နှာလေးကို "

" ဟင့် "

" ကြည့်ပါဦးကွာ မျက်ရည်တွေကော နှပ်တွေကော ညစ်တူးလေးပဲကွ မောင့်ကလေးလေးက "

" အင့် မောင့် ! "

" လာ အိမ်ထဲ၀င် ခြံရှေ့ကြီးမှာ မငိုနဲ့လေ ... နော် ! လာ မောင် ချီသွားပေးမယ် "

ယန်းပေါက်စမှာ ခြေထောက်ကို မောင့်ရဲ့ ခါးမှာချိတ်၍ ခေါင်းကို မောင့်ပုခုံးထက်တွင် မှီတင်ထားကာ မောင်ခေါ်ရာနောက် ပါလာခဲ့လေသည်

" ငိုထားတော့ မောင့်ရဲ့ကြောင်ပေါက်လေးက အာပေတူးလေး ဖြစ်နေပြီ သိရဲ့လားကွ .... ဟင် ? "

ဂျေးမှာ ထိုင်ခုံတွင် ၀င်ထိုင်လိုက်သောအခါ
ဂျောင်၀န်းမှာ ထပ်၍ ထိုင်သလိုဖြစ်သွားကာ မျက်နှာချင်းမှာလည်း နီးစပ်သွားကြလေသည်

မျက်ရည်စတို့ကို လက်မဖြင့် အသာယာဖယ်ရှာပေးကာ

" အိုက်ဂူး ချစ်ဖို့ကောင်းလိုက်တာကွာ မောင့်ရဲ့ကလေးလေးက "

" မောင် ... "

" ဟင်မ် .... "

" မွ "

မနက်က ရိုက်ခဲ့မိသော ပါးကို အသံလေးထွက်အောင် နမ်းလိုက်ခြင်း

" အဟား ... မောင့်အသဲအသက်လေးက မောင့်ကို ခြွေနေတာပဲကွ ဟမ် "

" မောင် မမေးတော့ဘူးလား "

" ဟင့်အင်း ... ကလေးလေး ဒီကိုရောက်လာတယ်ဆိုထဲက စိတ်ပြေသွားလို့လေ မဟုတ်ဘူးလား "

" တောင်းပန်ပါတယ် မောင် .... ဒါပထမဆုံးနဲ့ နောက်ဆုံးကြိမ်ပါ နောက်တစ်ခါ ဒီလိုမျိုးတွေ မဖြစ်စေရဘူးလို့ မောင့်ကို ကတိပေးပါတယ် ယုံနော် မောင် "

" ယုံပါတယ် ကလေးလေးရဲ့ နောက်ဆို ကလေးလေးကလည်း အကျိုးအကြောင်း မောင့်ကိုလာမေး ၊ မောင်ရှင်းပြတာကို နားထောင်ပေါ့ အခုလို တစ်ယူသန်ရင် ဘယ်အဆင်ပြေမလဲ ကလေးလေးရဲ့ ဟုတ်တယ်မလား

အချစ်တစ်ခုထဲနဲ့ တည်ဆောက်လို့မရတာကို ကလေးလေးလည်း သိရဲ့သားနဲ့ ... နားလည်မှု ၊ ယုံကြည်မှု ၊ သစ္စာရှိမှု အဲ့တာတွေနဲ့မှ ပြီးပြည့်စုံတာ မောင့်ကလေးလေးရဲ့ ... ဟုတ်ပြီလား "

" အင်းပါ ဟုတ်ပါပြီ နားလည်ပါပြီ "

" လိမ္မာပြီးသားပဲ ကိုကို့ကလေးလေးက "

" အင်း ... "

" နောက်ဆို ကိုယ်တို့ရဲ့ ကမ္ဘာငယ်လေးထဲကို ဘယ်သူ့ကိုမှ ပေးမ၀င်နိုင်တော့ဘူး ။ မောင်ရယ် ဟောဒီက မောင့်ကလေးလေးရယ် နှစ်ယောက်ထဲပဲ ... "

" အွန်းးး ..... "

" --- "

" ချစ်တယ် ပတ်ဂျုံဆောင်းရှီးးး "

" ချစ်တယ် ‌ယန်းဂျောင်း၀န်းရှီးးး "

" ခ်ခ်ခ် "

" အဟား "

တဖြေးဖြေး နီးကပ်လာသော မျက်နှာနှစ်ခု ...
မှိတ်ကျသွားသော မျက်လုံးနှစ်စုံ...
ရိုးရှင်းစွာ ထပ်တူကျသွားသော နှုတ်ခမ်းနှစ်စုံ...
အပြန်အလှန် ငုံထွေး၍ ဖြစ်ပေါ်လာသော နူးညံ့သည့် အကြင်နာအနမ်းများ ...

ဂျောင်ဝန်း မိမိရရ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ မိမိတို့နှစ်ယောက်၏ ဖြူစင်သော ဤကမ္ဘာငယ်လေးထဲ နောက်နောင် မည်သူ့ကိုမျှ ပေးမဝင်တော့ ဟူ၍သာ ။

အင်း .... အရာအားလုံးဟာ သူ့ဟာနဲ့သူ
လှလှပပပါပဲ ......

*** The End ***

#4512 words
#9.2.2022
#23:45
#ポンポン

A/N

2 ပိုင်းထဲရှိတဲ့ The World Of Us ( တို့နှစ်ယောက်ရဲ့ ကမ္ဘာလေး ) short story လေးက ခုဆိုရင်တော့ ပြီးသွားခဲ့ပါပြီ ။ အမှန်ဆို ပထမပိုင်း up ပြီး တစ်ပတ်နေတာနဲ့ up မလို့ပါပဲ ဒါပေမဲ့ စိတ်အခြေနေမကောင်းတဲ့အပြင် အိပ်ရာထဲက မထနိုင်တဲ့အထိ နေကောင်းဖြစ်သွားတာမို့ တစ်လတိတိနေမှပဲ up မယ်ဆိုပြီး လုပ်လိုက်ပါတယ် ဒါပေမဲ့ပေါ့နော် ဒီနေ့က ယန်းပေါက်စ မွေးနေ့လည်းဖြစ်တော့ အမှတ်တရဖြစ်သွားအောင် ဒီနေ့ up လိုက်ပါတယ် >< typing ကိုတော့ မနည်းအမှီရိုက်ရပါတယ် လက်လည်းပြုတ်ထွက်မတတ်ပါပဲ :-(

ကျေးဇူးင်ခြင်း

ဖတ်ပေးတဲ့သူတစ်ယောက်ချင်းစီတိုင်း vote ပေးတဲ့သူတစ်ယောက်ချင်းစီတိုင်း RL ထဲကို ထည့်ပေးတဲ့ တစ်ယောက်ချင်းဆီတိုင်းကို တကယ်ကျေးဇူးအထူးပါ ~ ဖတ်တဲ့သူ ဆယ်ယောက်ရှိရင် ‌ကံကောင်းဆိုပြီး ပြောခဲ့တဲ့အထိကို မမျှော်မှန်းခဲ့တာပါ ဒါပေမဲ့လည်း သူ့ဟာနဲ့သူလေး လာဖတ်ကြ vote လေးပေးကြ RL ထဲ ထည့်ပေးကြတော့ ဟာနကို တကယ်ကို ကျေးဇူးတင်မိပါတယ်
အမှန်တိုင်းပြောရရင် social media acc တွေမှာ promotion မဆင်းရသေးဘူးပေါ့ညော် ဆင်းရမှာ ရှက်မိတာလည်း ပါပါတယ် ပထမဆုံးဆင်းရမှာမို့ကောပေါ့ သိတဲ့သူ ခင်တဲ့သူတွေကလည်း များများစားစားမရှိတာကြောင့်ကော ~ anyway , အကြည်ဓာတ်တို့ကို ကျေးဇူးအထူးပါညော် ~ arigatougozaimasu 🥺💙 အကြည်ဓာတ်တို့အနေနဲ့ အခု fic လေးကို ဖတ်ရတာ အဆင်ပြေတယ်ဆိုရင် အချင်းချင်း လက်တို့ပြီး promotion ဆင်းပေးရင်လည်း ဒီက စိတ်မဆိုးပါဘူးလို့ ; xD

ယန်းပေါက်စအတွက် BD wish ကို ဒီမှာ ထပ် wish ပါရစေ ^ ^

𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗟𝗲𝗮𝗱𝗲𝗿 𝗬𝗮𝗻𝗴 🥳💗

19 နှစ်ပြည့်မွေးနေ့ကစပြီး ဆယ်စုနှစ်တွေ အများကြီးထိ members တွေရယ် ချစ်ရတဲ့ ENGENE တွေနဲ့အတူ အောင်မြင်မှုတွေကို အတူဆွတ်ခူးပြီး ပျော်ရွှင်တဲ့ အနာဂတ်ဆီကို အတူလျှောက်လှမ်းကြရအောင် ~

ဒါကတော့ တူလေးဘတ်ဒေးအတွက် ဥထားတဲ့ ဆယ်ကာတွေနဲ့ wish ချလိုက်တဲ့ အူးလေးရယ်ပါ :3 🤭

ကဲ ဟာနကို စကားတွေ တအားများနေမိပြန်ပါပြီ
ㅋㅋㅋ , so let me stop here ...
see you in my next fic babies ... 🥺💙

#ポンポン

Okumaya devam et

Bunları da Beğeneceksin

5.4K 334 9
တော်တော်ကိုစိတ်ရှုပ်ဖို့ကောင်းတဲ့ညီဘဲ! #Winynny ဘယ်လိုတောင်လက်ပေါက်ကပ်လိုက်တဲ့အကိုလဲ? #satang
1.4K 139 13
𝗣𝗮𝗿𝗸 𝗝𝗲𝗼𝗻𝗴𝘄𝗼𝗼 𝗫 𝗬𝗼𝗼𝗻 𝗝𝗮𝗲𝗵𝘆𝘂𝗸 𝗫 𝗪𝗮𝘁𝗮𝗻𝗮𝗯𝗲 𝗛𝗮𝗿𝘂𝘁𝗼
210K 366 34
Compilation of the Best Stories on Literotica
536 66 9
Jihoon-မင်းဆိုတဲ့လူသားလေးကအရမ်းမြတ်နိုးဖို့ကောင်းတယ်ဆိုတာမင်းသိရဲ့လားHyunsuk. Hyunsuk-မင်းငါ့ကိုအာ့လိုမထိတထိစကားတွေနဲ့မပြောနဲ့ငါမကြိုက်ဘူးJihoon. Har...