Healing Love

Bởi Merrie614

70.3K 12.4K 1.3K

Chanbaek Only Xem Thêm

Healing Love (1)
Healing Love (2)
Healing Love (3)
Healing Love (4)
Healing Love (5)
Healing Love (6)
Healing Love (7)
Healing Love (8)
Healing Love (9)
Healing Love (10)
Healing Love(11)
Healing Love (12)
Healing Love(13)🚨
Healing Love (14)
Healing Love (15)
Healing Love(16)
Healing Love(17)
Healing Love (18)
Healing Love(19)
Healing Love (20)
Healing Love(21)
Healing Love (22)
Healing Love (23) 🚨🚨
Healing Love (24)
Healing Love (25)
Healing Love (26)
Healing Love (27)
Healing Love (28)
Healing Love (30)
Healing Love (31)
Healing Love (32) 🚨
Healing Love (33)

Healing Love (29)

2.1K 416 69
Bởi Merrie614

Healing Love 🍁

Part-29

" အဲဒီနေ့က မိတ်ဆုံစားပွဲ တစ်ခုကို သွားရတယ် ... မိတ်ဖြစ်ဆွေဖြစ် ဆုံတာဆိုပေမယ့် တစ်ဖက်က အမျိုးသမီးက သိသိသာသာ ကပ်နေတာ သတိထားမိပြီး အိမ်ပြန်လာခဲ့တာ , သူမက ကြိုတင် ဆေးခတ်ထားတာလည်း မသိခဲ့ဘူး "

Chanyeol ရော လေးလေးပါ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်​မိသည်။ ဥက္ကဋ္ဌလည်းဖြစ်သလို ပိုင်ဆိုင်မှုများတဲ့ မုဆိုးဖိုအား အပိုင်ကြံချင်တဲ့သူ များမှန်း တွေးထားမိပေမယ့် ဆေးခတ်ရလောက်တဲ့အထိတော့ မထင်ထားခဲ့မိကြဘူး။

" ငါ့ကို ဆေးခတ်ပြီး သူမက ငါ့ကားနောက်ကနေ ကပ်လိုက်လာတာ... အတွင်းရေးမှူးဂင်မ် က သိလို့ အချိန်မှီတားခဲ့လိုက်နိုင်တယ် ... ဒါပေမယ့်~~~"

ဆိုကာ Chanyeol ကို ကြည့်ပြီး ရပ်သွား၏။ ထိုအခါ Chanyeol ကပဲ...

" ဆက်ပြော "

" သားနဲ့ တွေ့ဖို့ဆိုပြီး ဆိုဟီး ရောက်လာတယ် .... အဖေ..အဖေ စိတ်မထိန်းနိုင်ခဲ့ဘူး "

" ဒါဆို မင်ဆိုဟီးက အလိုမတူဘဲ အစော်ကားခံရတာပေါ့ "
လေး​လေးက စကားဝင်ဆက်၏။

" အစကတော့ သူ ရုန်းတယ် ... သား ပြန်လာတော့မှာမို့ ~~ မလုပ်ဖို့ "

" ဒါပေမယ့်~~~ နောက်ပိုင်း သူ အလိုတူခဲ့တယ် "

ဒါဆို Chanyeol မြင်ခဲ့တဲ့ သူမ အလိုတူတယ်ဆိုတာ မမှားပါ။ အစပိုင်းတော့ ရုန်းကန်ခဲ့ပေမယ့်...ဟက် ! ဒါကလည်း ကိုယ် ပြန်လာမှာစိုးလို့ ရုန်းတာတဲ့လား !! အဲ့ဒီမြင်ကွင်းကို တွေ့ပြီးတာနဲ့ Chanyeol က အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ အိမ်ပေါ်က ဆင်းလာကာ ယခု တိုက်ခန်း​မှာ သောင်တင်နေခြင်းဖြစ်သည်။

" ဘယ်လို ဆက်လုပ်မှာလဲ Chanyeol  "

လေးလေးက သူ့ကို လှမ်းမေးတာကြောင့် သူ ခေါင်းခါပြလိုက်၏၊

" ဒါ မုဒိမ်းမှု မမြောက်ဘူးလေ လေးလေး ... သူမက အသက်လည်း ပြည့်ပြီးတဲ့အပြင် နောက်ပိုင်း အလိုတူလာတာမို့ ကျွန်တော်တို့ ဘက်က ပြန် ချေပခွင့်ရှိတယ် "

" အင်း ~~~ "

" ဒါပေမယ့် ကျွန်တော် မကူညီပေးချင်ဘူး ... ဘေးထွက်နေပါရစေ "

" အင်း... ငါ့တူ ခံစားချက်ကို လေးလေး နားလည်ပါတယ် "

" ခံစားချက်ဆိုတာထက် ကျွန်တော့်ကောင်လေးအပေါ်  ဖြူစင်ချင်လို့ပါ .... အခုလို ကိစ္စတွေ လိုက်လုပ်နေရတာနဲ့တင် အားနာလှပြီ "

ထိုအခါ ဥက္ကဋ္ဌ Park က မျက်မှောင်ကြုတ်ကာ...

" ကောင်လေး ? "

" ခင်ဗျားမှာ မျက်မှောင်​ကြုတ်ပိုင်ခွင့်တောင် မရှိဘူးနော် .... ကျုပ် ဘယ်သူနဲ့ပဲ တွဲတွဲ "

သူ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်တော့မှ ဥက္ကဋ္ဌ Park က မျက်နှာပျက်သွား၏။ သူ့မှာ တားပိုင်ခွင့် မဟုတ်ဘူး မကြိုက်ဘူး ပြောပိုင်ခွင့်တောင် မရှိတာ သူ မေ့လျော့နေသလား။

" ဒါက တစ်ကဏ္ဍ ထားပါ ... အခု အမှုအကြောင်းပဲ အာရုံစိုက်ကြတာပေါ့ ... ဒီမှာ ဥက္ကဋ္ဌ Park  ! ခင်ဗျား အခု လုပ်ရမှာ တစ်ခုပဲရှိတယ် ... အဲ့ဒါ ခင်ဗျားသား Chanyeol ကိုရော ကာယကံရှင် မင်ဆိုဟီးကိုပါ တောင်းပန်ရမှာ ... သူတို့ ကျေနပ်တဲ့အထိ "

" ကျွန်တော်က မလိုအပ်ဘူး ... သွားတော့မယ် "

ဆိုကာ Chanyeol ထ ထွက်လာသည်။ တောင်းပန်ခြင်းနောက်မှာ ခွင့်လွှတ်ခြင်းက ကပ်ပါလာလိမ့်မည်။ သူ ဒီလူကို ခွင့်မလွှတ်ချင်ဘူး။ ခွင့်လွှတ်ဖို့ စိတ်ကူးလေးတောင် မရှိဘူး။
မုန်းမြဲအတိုင်း မုန်းပြီးသာ လျစ်လျူရှုထားချင်သည်။

ညစာစားချိန်ရောက်နေပေမယ့် စားချင်စိတ်လည်း မရှိ။ ကောင်လေး ပြုတ်ပေးတဲ့ ခေါက်ဆွဲပြုတ်သာ တမ်းတမိပါသည်။ အတူတူစားတဲ့ မနက်စာ ညစာလည်း လွမ်းမိသလို အတူတူ ဖြတ်သန်းလာတဲ့ အခိုက်အတန့်တိုင်းကို ပြန်လိုချင်၏။ ကောင်လေး သူ့ခေါင်းကို ပုတ်ပေးတဲ့ အချိန်များဆို သူ သိပ်နွေးထွေးသည်။

စိတ်ညစ်ညစ်နဲ့ ဘီယာ ၄ ဗူးပါ ကဒ် နှစ် ကဒ် ဝင်ဝယ်လာကာ အိမ်ပေါ်တက်ခဲ့၏။ မနက်ဖြန် သဘက်ခါ ပိတ်ရက်မို့ ဒီည သောက်လို့ အဆင်ပြေသည်လေ... ကောင်လေး မသိအောင်တော့ သောက်ရမှာဖြစ်သည်။ သို့သော် အိမ်ထဲဝင်ပြီး မီးဖွင့်လိုက်တဲ့အချိန်မှာပဲ.....

" ကောင်လေး~~"

ဧည့်ခန်းထဲမှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ ချစ်ရသူ။
ရူးအောင် လွမ်းနေရတာမို့ လက်ထဲက ဘီယာဗူးအထုပ်ကို ပစ်ချကာ အနားကို လျှောက်သွားပြီး ခပ်တင်းတင်း ဖက်ထားမိ၏။ ကောင်လေးက ရုန်းတော့မဖယ်ပါ။

" ရောက်နေတာလား... "

" ကိုယ် အရမ်း လွမ်းနေတာ ~~~"

" ကိုယ့်​ကို စိတ်ဆိုးပြေပြီလားဟင် ... ပြောပါဦး ကိုယ့်ကောင်လေးရဲ့ "

လူချင်းပြန်ခွာကာ ကောင်လေး မျက်နှာကို အနီးကပ်ကြည့်မိသည်၊ နောက်တော့ မျက်ဝန်းလေးတွေထဲ အဖြေရှာ၏။

" ကျွန်တော် ခင်ဗျားကို စိတ်ဆိုးမပြေသေးဘူး ... ဒါပေမယ့် အဆင်မပြေဖြစ်နေတဲ့ ခင်ဗျားကို တစ်ယောက်တည်းလည်း မထားရက်ဘူး "

" ကောင်လေး...."

" ပြောပြပါ... ခင်ဗျားမှာ ရှိနေတဲ့ အခက်အခဲတွေ ကျွန်တော် အကုန်လုံး သိချင်တယ် ... ခင်ဗျားရဲ့အပူတွေကို ကျွန်တော် တစ်ဝက် ခွဲယူပေးမယ် ... ခင်ဗျားမှာ ကျွန်တော် ရှိတယ်လေ "

Chanyeol မျက်ရည်ဝဲမိ၏။ နှုတ်ခမ်းတို့ ပြုံးနေလျှက် မျက်ရည်ကျရသည်။ ကောင်လေးက သူ့ကို သိပ်ချစ်ပေးလေ သူ ကောင်လေးကို ထပ်ပြီး မဆုံးရှုံးချင်လေ ဖြစ်ရ၏။

" အနားမှာ ရှိနေပေးလို့ ကျေးဇူးတင်ပါတယ် ကောင်လေး "

" အနားမှာ ရှိခွင့်ရလို့ ပို ကျေးဇူးတင်မိတယ် "

🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ကိုယ့်အပူတွေကို မျှဝေခံစားချင်ပါတယ်ဆိုတဲ့ ကောင်လေးကြောင့် Chanyeol တစ်ခုချင်း ရှင်းပြလိုက်၏။ ဥက္ကဋ္ဌ Park ရဲ့ ဒီနေ့ ထွက်ဆိုချက်ပါ မချန် အကုန်ပြောပြလိုက်ရသည်။

သိပြီးကတည်းက သူ့ကို စကားမပြောတော့။ ခုံမှာ ခပ်လျှောလျှော ထိုင်နေတဲ့ သူ့ပေါ်မှာ မှောက်ယက်လေး နေကာ သူ့ပုခုံးပေါ် မေးတင်ထား၏။ ကျောလေးကို ပွတ်ပေးကာ နှာခေါင်းနားရောက်နေတဲ့ နားရွက်ကလေးကိုလည်း တဖွဖွ နမ်းမိသည်။

" ကောင်လေး.... "

" ကောင်လေး ~~~ "

"  Babe ~~"

" ဗျာ .... "

ငိုမဲ့မဲ့အသံလေး ထွက်လာ၏၊

" ကိုယ့်ကောင်လေးက ဝမ်းနည်းနေတာပဲ ... "

လေသံအေးအေးလေးနဲ့ ပြောလိုက်တော့ ကောင်လေးက မှောက်ခုံလေး လုပ်နေရာက ရင်ဘတ်ချင်းခွာကာ ထိုင်လာသည်။ အခုဆို သူ့ပေါင်ပေါ်မှာကို မျက်နှာချင်းဆိုင်အနေအထား....

" အစ်ကို အရမ်း စိတ်ညစ်ပြီး ပင်ပန်းနေတာကို မသိဘဲ ကျွန်တော်က....ကျွန်တော်ကပါ ထပ်ပြီး "

" မငိုရဘူးလေ... ကိုယ် မပြောလို့ မသိတာကို "

" ကျွန်တော့်ကောင်လေး သနားပါတယ် "

ဆိုကာ မျက်ရည်တွေပါ ကျကုန်သည်၊ ချောင်ကျသွားတဲ့ သူ့မျက်နှာကို ကိုင်ပြီးတော့လည်း ငိုပြန်၏။ ဒီည အငိုသန်လေးကို ထပ်ပြီး ငိုအောင် စချင်မိတော့သည်။

" တိတ်တော့ ... အခု ကိုယ် အဆင်ပြေနေပြီလေ , အောင်စာရင်းပဲ ပူရတော့မှာ "

" ၅ ရက် လိုသေးတယ်မလား "

" အင်း .... "

စိတ်သာဆိုးနေတာ ရက်တော့ သူမှတ်မိ၏။ ချစ်စရာလေး....

" ညစာ စားရအောင်လေ အစ်ကို မစားရသေးဘူးမလား "

" ကောင်လေးရော ဘာစားထားလဲ "

" ဟင့်အင်း.... ညနေက ဒိန်ချဥ်ပဲ သောက်ထားတာ "

ထိုအခါ Chanyeol က မှိုရတဲ့ မျက်နှာအတိုင်း ပြုံးစိစိဖြစ်သွား၏။

" ဒါဆို ညစာ နောက်မှ စားမယ် .... အခု ကိုယ့်ကောင်လေးကို အရင်စားမယ် "

နား အနားကပ်ပြောကာ လက်တို့ကလည်း မိမိပေါင်ပေါ်က ကောင်လေး တင်ပါးအိအိကို ခပ်ဖွဖွ ညှစ်ပစ်လိုက်၏။ ငြိမ်နေတဲ့ ကောင်လေးကတော့ အရှက်သည်းစွာ ခပ်တိုးတိုးရယ်လာသည်။

" ရေလည်း မချိုးရသေးပဲနဲ့ ..."

" အတူတူချိုးမလား "

" ကျွန်တော် ချိုးပြီးပြီလေ "

" မရဘူး.... လာခဲ့ "

ဆိုကာ ကောင်လေးရဲ့ hoodie ကို ခေါင်းကနေ ချွတ်ဖို့ကြိုးစားတော့ ကောင်လေး​က ရုန်းကန်ရင်း ရယ်သံလေးတွေ ပျံ့လွင့်လာသည်။ အခုမှ သူ အသက်ရှူဝသလို ခံစားရ၏။ ဘယ်လောက်တောင် လွမ်းနေရတဲ့ ရယ်သံချိုချိုလေးလဲ။

" ဟာ...မချိုးဘူးဆို "

" လာပါ...ကျောကုန်း ဂျေးတွန်းပေး "

ဆိုကာ မ ချီပြီး ရေချိုးခန်းထဲ ခေါ်သွားတော့သည်။

သိပ်ချစ်ရတဲ့ ကောင်လေးကတော့ ကိုယ့်​ကို ခေါင်းပါ လျှော်ပေးသေးတာ....

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

❤❤

Healing Love 🍁

Part-29

" အဲဒီေန႕က မိတ္ဆုံစားပြဲ တစ္ခုကို သြားရတယ္ ... မိတ္ျဖစ္ေဆြျဖစ္ ဆုံတာဆိုေပမယ့္ တစ္ဖက္က အမ်ိဳးသမီးက သိသိသာသာ ကပ္ေနတာ သတိထားမိၿပီး အိမ္ျပန္လာခဲ့တာ , သူမက ႀကိဳတင္ ေဆးခတ္ထားတာလည္း မသိခဲ့ဘူး "

Chanyeol ေရာ ေလးေလးပါ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္​မိသည္။ ဥကၠ႒လည္းျဖစ္သလို ပိုင္ဆိုင္မႈမ်ားတဲ့ မုဆိုးဖိုအား အပိုင္ႀကံခ်င္တဲ့သူ မ်ားမွန္း ေတြးထားမိေပမယ့္ ေဆးခတ္ရေလာက္တဲ့အထိေတာ့ မထင္ထားခဲ့မိၾကဘူး။

" ငါ့ကို ေဆးခတ္ၿပီး သူမက ငါ့ကားေနာက္ကေန ကပ္လိုက္လာတာ... အတြင္းေရးမႉးဂင္မ္ က သိလို႔ အခ်ိန္မွီတားခဲ့လိုက္နိုင္တယ္ ... ဒါေပမယ့္~~~"

ဆိုကာ Chanyeol ကို ၾကည့္ၿပီး ရပ္သြား၏။ ထိုအခါ Chanyeol ကပဲ...

" ဆက္ေျပာ "

" သားနဲ႕ ေတြ႕ဖို႔ဆိုၿပီး ဆိုဟီး ေရာက္လာတယ္ .... အေဖ..အေဖ စိတ္မထိန္းနိုင္ခဲ့ဘူး "

" ဒါဆို မင္ဆိုဟီးက အလိုမတူဘဲ အေစာ္ကားခံရတာေပါ့ "
ေလး​ေလးက စကားဝင္ဆက္၏။

" အစကေတာ့ သူ ႐ုန္းတယ္ ... သား ျပန္လာေတာ့မွာမို႔ ~~ မလုပ္ဖို႔ "

" ဒါေပမယ့္~~~ ေနာက္ပိုင္း သူ အလိုတူခဲ့တယ္ "

ဒါဆို Chanyeol ျမင္ခဲ့တဲ့ သူမ အလိုတူတယ္ဆိုတာ မမွားပါ။ အစပိုင္းေတာ့ ႐ုန္းကန္ခဲ့ေပမယ့္...ဟက္ ! ဒါကလည္း ကိုယ္ ျပန္လာမွာစိုးလို႔ ႐ုန္းတာတဲ့လား !! အဲ့ဒီျမင္ကြင္းကို ေတြ႕ၿပီးတာနဲ႕ Chanyeol က အဝတ္တစ္ထည္ ကိုယ္တစ္ခုနဲ႕ပဲ အိမ္ေပၚက ဆင္းလာကာ ယခု တိုက္ခန္း​မွာ ေသာင္တင္ေနျခင္းျဖစ္သည္။

" ဘယ္လို ဆက္လုပ္မွာလဲ Chanyeol  "

ေလးေလးက သူ႕ကို လွမ္းေမးတာေၾကာင့္ သူ ေခါင္းခါျပလိုက္၏၊

" ဒါ မုဒိမ္းမႈ မေျမာက္ဘူးေလ ေလးေလး ... သူမက အသက္လည္း ျပည့္ၿပီးတဲ့အျပင္ ေနာက္ပိုင္း အလိုတူလာတာမို႔ ကြၽန္ေတာ္တို႔ ဘက္က ျပန္ ေခ်ပခြင့္ရွိတယ္ "

" အင္း ~~~ "

" ဒါေပမယ့္ ကြၽန္ေတာ္ မကူညီေပးခ်င္ဘူး ... ေဘးထြက္ေနပါရေစ "

" အင္း... ငါ့တူ ခံစားခ်က္ကို ေလးေလး နားလည္ပါတယ္ "

" ခံစားခ်က္ဆိုတာထက္ ကြၽန္ေတာ့္ေကာင္ေလးအေပၚ  ျဖဴစင္ခ်င္လို႔ပါ .... အခုလို ကိစၥေတြ လိုက္လုပ္ေနရတာနဲ႕တင္ အားနာလွၿပီ "

ထိုအခါ ဥကၠ႒ Park က မ်က္ေမွာင္ၾကဳတ္ကာ...

" ေကာင္ေလး ? "

" ခင္ဗ်ားမွာ မ်က္ေမွာင္​ၾကဳတ္ပိုင္ခြင့္ေတာင္ မရွိဘူးေနာ္ .... က်ဳပ္ ဘယ္သူနဲ႕ပဲ တြဲတြဲ "

သူ ခပ္ျပတ္ျပတ္ပဲ ေျပာလိုက္ေတာ့မွ ဥကၠ႒ Park က မ်က္ႏွာပ်က္သြား၏။ သူ႕မွာ တားပိုင္ခြင့္ မဟုတ္ဘူး မႀကိဳက္ဘူး ေျပာပိုင္ခြင့္ေတာင္ မရွိတာ သူ ေမ့ေလ်ာ့ေနသလား။

" ဒါက တစ္က႑ ထားပါ ... အခု အမႈအေၾကာင္းပဲ အာ႐ုံစိုက္ၾကတာေပါ့ ... ဒီမွာ ဥကၠ႒ Park  ! ခင္ဗ်ား အခု လုပ္ရမွာ တစ္ခုပဲရွိတယ္ ... အဲ့ဒါ ခင္ဗ်ားသား Chanyeol ကိုေရာ ကာယကံရွင္ မင္ဆိုဟီးကိုပါ ေတာင္းပန္ရမွာ ... သူတို႔ ေက်နပ္တဲ့အထိ "

" ကြၽန္ေတာ္က မလိုအပ္ဘူး ... သြားေတာ့မယ္ "

ဆိုကာ Chanyeol ထ ထြက္လာသည္။ ေတာင္းပန္ျခင္းေနာက္မွာ ခြင့္လႊတ္ျခင္းက ကပ္ပါလာလိမ့္မည္။ သူ ဒီလူကို ခြင့္မလႊတ္ခ်င္ဘူး။ ခြင့္လႊတ္ဖို႔ စိတ္ကူးေလးေတာင္ မရွိဘူး။
မုန္းၿမဲအတိုင္း မုန္းၿပီးသာ လ်စ္လ်ဴရႈထားခ်င္သည္။

ညစာစားခ်ိန္ေရာက္ေနေပမယ့္ စားခ်င္စိတ္လည္း မရွိ။ ေကာင္ေလး ျပဳတ္ေပးတဲ့ ေခါက္ဆြဲျပဳတ္သာ တမ္းတမိပါသည္။ အတူတူစားတဲ့ မနက္စာ ညစာလည္း လြမ္းမိသလို အတူတူ ျဖတ္သန္းလာတဲ့ အခိုက္အတန့္တိုင္းကို ျပန္လိုခ်င္၏။ ေကာင္ေလး သူ႕ေခါင္းကို ပုတ္ေပးတဲ့ အခ်ိန္မ်ားဆို သူ သိပ္ႏြေးေထြးသည္။

စိတ္ညစ္ညစ္နဲ႕ ဘီယာ ၄ ဗူးပါ ကဒ္ ႏွစ္ ကဒ္ ဝင္ဝယ္လာကာ အိမ္ေပၚတက္ခဲ့၏။ မနက္ျဖန္ သဘက္ခါ ပိတ္ရက္မို႔ ဒီည ေသာက္လို႔ အဆင္ေျပသည္ေလ... ေကာင္ေလး မသိေအာင္ေတာ့ ေသာက္ရမွာျဖစ္သည္။ သို႔ေသာ္ အိမ္ထဲဝင္ၿပီး မီးဖြင့္လိုက္တဲ့အခ်ိန္မွာပဲ.....

" ေကာင္ေလး~~"

ဧည့္ခန္းထဲမွာ ၿငိမ္ၿငိမ္ေလးထိုင္ေနတဲ့ ခ်စ္ရသူ။
႐ူးေအာင္ လြမ္းေနရတာမို႔ လက္ထဲက ဘီယာဗူးအထုပ္ကို ပစ္ခ်ကာ အနားကို ေလွ်ာက္သြားၿပီး ခပ္တင္းတင္း ဖက္ထားမိ၏။ ေကာင္ေလးက ႐ုန္းေတာ့မဖယ္ပါ။

" ေရာက္ေနတာလား... "

" ကိုယ္ အရမ္း လြမ္းေနတာ ~~~"

" ကိုယ့္​ကို စိတ္ဆိုးေျပၿပီလားဟင္ ... ေျပာပါဦး ကိုယ့္ေကာင္ေလးရဲ႕ "

လူခ်င္းျပန္ခြာကာ ေကာင္ေလး မ်က္ႏွာကို အနီးကပ္ၾကည့္မိသည္၊ ေနာက္ေတာ့ မ်က္ဝန္းေလးေတြထဲ အေျဖရွာ၏။

" ကြၽန္ေတာ္ ခင္ဗ်ားကို စိတ္ဆိုးမေျပေသးဘူး ... ဒါေပမယ့္ အဆင္မေျပျဖစ္ေနတဲ့ ခင္ဗ်ားကို တစ္ေယာက္တည္းလည္း မထားရက္ဘူး "

" ေကာင္ေလး...."

" ေျပာျပပါ... ခင္ဗ်ားမွာ ရွိေနတဲ့ အခက္အခဲေတြ ကြၽန္ေတာ္ အကုန္လုံး သိခ်င္တယ္ ... ခင္ဗ်ားရဲ႕အပူေတြကို ကြၽန္ေတာ္ တစ္ဝက္ ခြဲယူေပးမယ္ ... ခင္ဗ်ားမွာ ကြၽန္ေတာ္ ရွိတယ္ေလ "

Chanyeol မ်က္ရည္ဝဲမိ၏။ ႏႈတ္ခမ္းတို႔ ၿပဳံးေနလွ်က္ မ်က္ရည္က်ရသည္။ ေကာင္ေလးက သူ႕ကို သိပ္ခ်စ္ေပးေလ သူ ေကာင္ေလးကို ထပ္ၿပီး မဆုံးရႈံးခ်င္ေလ ျဖစ္ရ၏။

" အနားမွာ ရွိေနေပးလို႔ ေက်းဇူးတင္ပါတယ္ ေကာင္ေလး "

" အနားမွာ ရွိခြင့္ရလို႔ ပို ေက်းဇူးတင္မိတယ္ "

🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ကိုယ့္အပူေတြကို မွ်ေဝခံစားခ်င္ပါတယ္ဆိုတဲ့ ေကာင္ေလးေၾကာင့္ Chanyeol တစ္ခုခ်င္း ရွင္းျပလိုက္၏။ ဥကၠ႒ Park ရဲ႕ ဒီေန႕ ထြက္ဆိုခ်က္ပါ မခ်န္ အကုန္ေျပာျပလိုက္ရသည္။

သိၿပီးကတည္းက သူ႕ကို စကားမေျပာေတာ့။ ခုံမွာ ခပ္ေလွ်ာေလွ်ာ ထိုင္ေနတဲ့ သူ႕ေပၚမွာ ေမွာက္ယက္ေလး ေနကာ သူ႕ပုခုံးေပၚ ေမးတင္ထား၏။ ေက်ာေလးကို ပြတ္ေပးကာ ႏွာေခါင္းနားေရာက္ေနတဲ့ နား႐ြက္ကေလးကိုလည္း တဖြဖြ နမ္းမိသည္။

" ေကာင္ေလး.... "

" ေကာင္ေလး ~~~ "

"  Babe ~~"

" ဗ်ာ .... "

ငိုမဲ့မဲ့အသံေလး ထြက္လာ၏၊

" ကိုယ့္ေကာင္ေလးက ဝမ္းနည္းေနတာပဲ ... "

ေလသံေအးေအးေလးနဲ႕ ေျပာလိုက္ေတာ့ ေကာင္ေလးက ေမွာက္ခုံေလး လုပ္ေနရာက ရင္ဘတ္ခ်င္းခြာကာ ထိုင္လာသည္။ အခုဆို သူ႕ေပါင္ေပၚမွာကို မ်က္ႏွာခ်င္းဆိုင္အေနအထား....

" အစ္ကို အရမ္း စိတ္ညစ္ၿပီး ပင္ပန္းေနတာကို မသိဘဲ ကြၽန္ေတာ္က....ကြၽန္ေတာ္ကပါ ထပ္ၿပီး "

" မငိုရဘူးေလ... ကိုယ္ မေျပာလို႔ မသိတာကို "

" ကြၽန္ေတာ့္ေကာင္ေလး သနားပါတယ္ "

ဆိုကာ မ်က္ရည္ေတြပါ က်ကဳန္သည္၊ ေခ်ာင္က်သြားတဲ့ သူ႕မ်က္ႏွာကို ကိုင္ၿပီးေတာ့လည္း ငိုျပန္၏။ ဒီည အငိုသန္ေလးကို ထပ္ၿပီး ငိုေအာင္ စခ်င္မိေတာ့သည္။

" တိတ္ေတာ့ ... အခု ကိုယ္ အဆင္ေျပေနၿပီေလ , ေအာင္စာရင္းပဲ ပူရေတာ့မွာ "

" ၅ ရက္ လိုေသးတယ္မလား "

" အင္း .... "

စိတ္သာဆိုးေနတာ ရက္ေတာ့ သူမွတ္မိ၏။ ခ်စ္စရာေလး....

" ညစာ စားရေအာင္ေလ အစ္ကို မစားရေသးဘူးမလား "

" ေကာင္ေလးေရာ ဘာစားထားလဲ "

" ဟင့္အင္း.... ညေနက ဒိန္ခ်ဥ္ပဲ ေသာက္ထားတာ "

ထိုအခါ Chanyeol က မွိုရတဲ့ မ်က္ႏွာအတိုင္း ၿပဳံးစိစိျဖစ္သြား၏။

" ဒါဆို ညစာ ေနာက္မွ စားမယ္ .... အခု ကိုယ့္ေကာင္ေလးကို အရင္စားမယ္ "

နား အနားကပ္ေျပာကာ လက္တို႔ကလည္း မိမိေပါင္ေပၚက ေကာင္ေလး တင္ပါးအိအိကို ခပ္ဖြဖြ ညွစ္ပစ္လိုက္၏။ ၿငိမ္ေနတဲ့ ေကာင္ေလးကေတာ့ အရွက္သည္းစြာ ခပ္တိုးတိုးရယ္လာသည္။

" ေရလည္း မခ်ိဳးရေသးပဲနဲ႕ ..."

" အတူတူခ်ိဳးမလား "

" ကြၽန္ေတာ္ ခ်ိဳးၿပီးၿပီေလ "

" မရဘူး.... လာခဲ့ "

ဆိုကာ ေကာင္ေလးရဲ႕ hoodie ကို ေခါင္းကေန ခြၽတ္ဖို႔ႀကိဳးစားေတာ့ ေကာင္ေလး​က ႐ုန္းကန္ရင္း ရယ္သံေလးေတြ ပ်ံ့လြင့္လာသည္။ အခုမွ သူ အသက္ရႉဝသလို ခံစားရ၏။ ဘယ္ေလာက္ေတာင္ လြမ္းေနရတဲ့ ရယ္သံခ်ိဳခ်ိဳေလးလဲ။

" ဟာ...မခ်ိဳးဘူးဆို "

" လာပါ...ေက်ာကုန္း ေဂ်းတြန္းေပး "

ဆိုကာ မ ခ်ီၿပီး ေရခ်ိဳးခန္းထဲ ေခၚသြားေတာ့သည္။

သိပ္ခ်စ္ရတဲ့ ေကာင္ေလးကတော့ ကိုယ့္​ကို ေခါင္းပါ ေလွ်ာ္ေပးေသးတာ....

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

❤❤



Đọc tiếp

Bạn Cũng Sẽ Thích

80.5K 3.6K 20
Grosvenor Square, 1813 Dearest reader, the time has come to place our bets for the upcoming social season. Consider the household of the Baron Feathe...
481K 14.6K 98
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
190K 19K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
320K 9.6K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...