𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || V...
By Amethyst_jei
7.7K 1.3K 244
INTRO
🤎1🤎
🤎2🤎
🤎3🤎
🤎4🤎[P-2]
🤎5🤎
🤎6🤎
🤎7🤎
🤎8🤎(💔)
🤎9🤎 [P-1]
🤎9🤎[P-2]
🤎10🤎
🤎11🤎[P-1]
🤎11🤎[P-2]
🤎12🤎
🤎13🤎
🤎14🤎
🤎15🤎[P-1]
🤎15🤎[P-2]
🤎16🤎
🤎17🤎
BROWN TAE
🤎4🤎[P-1]
278 69 4
By Amethyst_jei
Unicode
"ခင်ဗျားကို အမေ့မျက်နှာနဲ့သည်းခံနေတာ ထိုးမိတော့မယ်နော်!!!!"
အကိုဟို​ဆော့နဲ့လျှောက်လည်ပြီးအပြန် မူးပြီးရစ်နေသောပထွေးသည်  ဧည့်ခန်းကပစ္စည်းတစ်ချို့အားရိုက်ခွဲထားသည်။ အမေသည်မလုပ်ဖို့တားနေရုံကလွဲ ကျန်တာဘာမှမလုပ်နိုင်ခဲ့။ လှေကားနားမှာသာရပ်နေသည်။
မဟုတ်သေးဘူးလေ။ သူများအိမ်ပေါ်မှာနေ သူများအမေကိုယူထားပြီး ခွေးသာသာလုပ်ရပ်ကိုလုပ်နေတာတော့မဟုတ်သေးပါဘူး။
သူသည် ထိုလူစိတ်မဲ့နေသောသူအား ထိုးလိုက်မိလေပြီ။ ခံလိုက်အဲ့မှာ
သုံးချက်လောက်ဆင့်ထိုးပြီးမှာတော့ အမေ့ဆီမှာအသံထွက်လာသည်။ သူ့ရဲ့အဖိုးတန်ယောကျာ်းအားကာကွယ်သောအသံသာ။
"ထယ်ယောင်းတော်တော့ အဲ့လိုရိုင်းဆိုင်းနေရလား သူကနင့်အဖေအရွယ်နော်"
"အဖေအရွယ်မို့လို့ပေါ့ နို့မို့ဆို သေအောင်လုပ်ပြီးနေလောက်ပြီ"
"အရိုင်းအဆိုင်းကောင်"
တစ်အိမ်လုံးကိုဖျတ်ဆီးနေတဲ့သူ့ယောကျာ်းကိုထိလို့ပါတယ်တဲ့လေ။ ကျွန်တော့်လို ငြိမ်မြဲငြိမ်နေတတ်သူဟာ အခုလိုထထိုးလိုက်ခြင်းသည် အရိုင်းအဆိုင်းဖြစ်သွားရသည်တဲ့လေ။အေးပေါ့လေ ပစ္စည်းတွေအား ချမ်းသာသူသူ့အမေအတွက်တော့ပြန်အစားထိုးရပြီး ချစ်လှစွာသောယောကျာ်းကတော့ပြန်အစားလို့မရလို့ဖြစ်မည်။ အဲ့မှာ ဖျတ်ဆီးသမျှအကုန်ငြိမ်ခံနေလိုက်။
သူလည်းစိတ်တိုစွာ ထိုမူး၍လှဲကျနေသောသူအား ခြေထောက်နဲ့တစ်ချက်ကန်လိုက်ကာ အမေ့ရဲ့ ကင်မ်ထယ်ယောင်း ဆိုတဲ့အသံကိုလျစ်လျုရှု၍အိမ်မှပြန်ထွက်လာခဲ့လိုက်သည်။ စိတ်ပျက်စရာ!
ဦးတည်ရာမဲ့နေခဲ့သည်။ အိမ်ကနေဒီလိုပြဿနာတက်၍ ဆင်းမလာဖူးသောအခါ ဘယ်ကိုသွားလို့သွားရမှန်းမသိတော့ပါ။ သိတဲ့မိတ်ဆွေတွေရဲ့အိမ်ကိုလည်းမသွားချင်သလို နေရာကိုလည်းမသိခဲ့။ သူငယ်ချင်းလည်းမရှိတဲ့သူအဖို့ ဘာများတတ်နိုင်မှာလဲ?
Phone contact မှာလည်းဘယ်သူ့ဖုန်းနံပတ်မှရှိမနေခဲ့။ ဟိုတယ်​ဖြစ်​ဖြစ် တည်းခိုခန်းမှာဖြစ်ဖြစ်တည်းဖို့လုပ်ပြန်တော့လည်း အိတ်ကပ်ထဲက ပိုက်ဆံမှာ အကြွေနည်းနည်းသာရှိတော့သည်။ ဘယ်လိုလုပ်ရပါ့? နေပါအုံး Phone contact ဆိုလို့ မနေ့ကမှလောလောလတ်လတ်မှတ်ထားလေသော အစ်ကိုဟိုဆော့ဖုန်းနံပတ်။
သူ့အိမ်မှာတော့သွားမအိပ်ချင်။ ဒါပေမယ့်ပိုက်ဆံလှမ်းချေးလိုက်ရင်ရော? အချိန်ကိုကြည့်လိုက်တော့ ည ၇ နာရီ။ မအိပ်လောက်သေးပါဘူးနော်။ သူ့ရဲ့ Contact ထဲက အစ်ကိုဟိုဆော့ဆိုတဲ့နာမည်နဲ့ ဖုန်းနံပတ်လေးအားနှိပ်ကာ ခေါ်လိုက်သည်။
"ဟယ်လို ထယ်ယောင်း"
ကြည်ကြည်သာသာအသံလေးသည် မမြင်ရလည်း စိတ်ထဲအေးသလိုဖြစ်သွားရတာပဲလား? အစ်ကိုဟိုဆော့ကဆန်းကြယ်လိုက်တာ။ အေးဆေးတည်ငြိမ်တဲ့နတ်သားလေးလိုပဲ။
"အကိုဟိုဆော့ ကျွန်တော့ကိုပိုက်ဆံနည်းနည်းလောက်ချေးပါလား တည်းခိုခန်းတစ်ခုမှာတည်းချင်လို့"
"ဟင်အိမ်မပြန်ဘူးလား?"
"အင်း မပြန်ချင်လို့"
အစအဆုံးရှင်းပြချင်စိတ်မရှိပါ။ မိသားစုရေးဆိုတော့ သူ့ရဲ့မိသားစုအကြောင်းကြားသိရင် နောက်ကွယ်တွင်လှောင်ပြောင်လေမလား? ဒီရှုပ်ထွေးတဲ့ မိသားစုကြားရှိနေတဲ့ကိုယ့်အား ဖယ်သွေသွားလေမလား? ခင်တာမကြာသေးပေမဲ့ ဆန်းဆန်းကြယ်ကြယ်နေရောင်ခြည်လိုအစ်ကိုဟိုဆော့အား ဆက်ဆံရေးမပြတ်ချင်သည်မှာလည်းအမှန်တကယ်ပါ။
"ဟို...ဟိုလေ ငါ့အိမ်မှာပဲလာအိပ်မလား မင်းတည်းခိုခန်းမှာအိပ်တတ်လို့လား?"
အင်းးး ရှင်းရှင်းပြောရရင် နေရာစိမ်းချင်းအတူတူ တည်းခိုခန်းလို ကိုယ်မသုံးခင်သူများသုံးသွားသောအခန်းလိုနေရာမျိုးမှာမအိပ်ချင်မိတာတော့အမှန်။ ဒါပေမယ့် အကိုဟိုဆော့အိမ်မှာလည်းမိဘတွေရှိနေနိုင်တာပဲကို.....အဆင်ပြေပါ့မလား?
"မအိပ်တတ်ဘူး။ အစ်ကို့အိမ်က မိဘတွေက.... အဆင်ပြေပါ့မလား?"
"ပြေတယ် ပြေတယ် လာသာလာ "
Crush ကြီးက အိမ်လာအိပ်မယ်ဆိုတော့ဂျောင်ဟိုဆော့တို့ပျော်တာပေါ့။ အိမ်ကအဖေနဲ့အမေသည် ဘာမှမပြောသော လွတ်လပ်တဲ့ free family သာဖြစ်သည်။ ခုကရော သူငယ်ချင်း ခေါ် ဂျုနီယာကိုအခက်အခဲကြုံနေလို့ကူညီတာပဲလေ ဟဲဟဲ ဘာမှမဖြစ်လောက်ပါဘူး။
အိမ်ရဲ့ဧည့်ခန်းမှာ ထမင်းစားပြီးလို့အချိုတည်းကာ တီဘီကြည့်နေရင်း ဟိုဆော့သည်အပေါ်ထပ်သို့ပြေးတက်ကာ အနည်းငယ်ပွနေသယောင်ရှိသောသူ့အခန်းအားရှင်းရတော့သည်။ ဘာမှတော့မရှိပါဘူး စာအုပ်အနည်းအကျဥ်းစားပွဲပေါ်ပွနေတာရယ်၊ အဝတ်တောင်းထဲဖရိုဖရဲကျနေသောမလျှော်ရသေးတဲ့အကျီတွေအား သေချာထိုးထည့်လိုက်သည်။
ပြီးတော့အပေါ်ကုတ်လေးယူဝတ်ကာ ခြေလှမ်းတို့သည် တက္ကသိုလ်ကြီးရှေ့သွားဖို့ရာပြင်ရပေသည်။
"ဟဲ့ သားဘယ်သွားမလို့လဲ?"
အမေက တီဘီကြည့်ရင်းပြောလာတာမို့
"သူငယ်ချင်းတစ်ယောက်ကို သွားခေါ်လာမလို့"
ထိုမျှသာပြောရင်းထွက်လာခဲ့သည်။ အိမ်ရောက်မှသေချာပြောပြတော့မည်။ ဟိုကရောက်နေပြီလားတောင်မသိတာမို့ ခပ်သုတ်သုတ်ခြေလှမ်းနဲ့အတူ ခြံထဲကစက်ဘီးကိုယူပြီး ခပ်လှမ်းလှမ်းတက္ကသိုလ်ဆီသို့။
ဆောင်းနှင်းတို့သည် ညအချိန်ကျမှတဖွဲဖွဲကျနေတာမို့ အတော်ပင်အေးလှပါသည်။ သူကတော့အနွေးထည်လေးဝတ်လာပေမယ့် ထိုကောင်လေးကရော မနက်ကအဝတ်အစားပဲလား?
တက္ကသိုလ်ရှေ့ရောက်တော့ မနက်ကသူနဲ့လည်တုန်းကဝတ်ထားသောအဝတ်အစားနဲ့ပင် အညိုကောင်လေးအားတွေ့လိုက်ပါသည်။ အညိုရောင်လေးရဲ့မျက်နှာတို့ဟာ ညိုးနွမ်းနေပြီး စိတ်ညစ်နေပုံလည်းအမှန်တကယ်ပင်ပေါက်လှသည်။
"ထယ်ယောင်း"
"ဪ အစ်ကို။ အစ်ကို့ကိုတော့ကျွန်တော်ဒုက္ခပေးမိပြီ"
"ရပါတယ်ကွာ လာတက်"
စက်ဘီးကိုအိမ်ရှိရာလမ်းသို့ပြန်ကွေ့ပြီး အညိုရောင်ဝက်ဝံလေးအားတက်ခိုင်းလိုက်သည်။ ဝက်ဝံတို့ဟာ ဆောင်းတွင်းမှာ အဖြူရောင်ဝက်ဝံတို့ဖြင့်ပြောင်းသွားကြတယ်မလား? နှင်းဝက်ဝံတွေအဖြစ်လေ....။
ဒါဆို ဒီဝက်ဝံလေးကျ ဘာလို့နွေးနွေးထွေးထွေးအညိုရောင်လေးပဲဖြစ်နေရတာပါလိမ့်။ အညိုရောင်ဝက်ဝံလေးကြောင့် သူ့ကိုတွေ့တိုင်း ရင်ဘတ်ထဲနွေးနွေးသွားလိုက်ရတာဆိုတာ။
ထယ်ယောင်းသည် ဆိုင်ကယ်မပြောနဲ့ စက်ဘီးတောင်မစီးခဲ့ဖူးသူ။ မစီးခဲ့ဖူးတာမို့မစီးရဲခဲ့ပါ။ အရှေ့က အစ်ကိုဟို​ဆေ့သည် အမြန်နင်းနေတာမို့ သူလည်းကြောက်ကြောက်လှန့်လှန့်နဲ့သာ လက်တစ်ဖက်က အစ်ကိုဟိုဆော့ခါးကိုဖက်ရင်း တစ်ဖက်က ကိုယ်ထိုင်နေတဲ့ထိုင်ခုံအနောက်ကိုကိုင်ထားလိုက်မိသည်။ တကယ်ပါပဲ ဖြေးဖြေးနင်းလို့မရဘူးလားမသိဘူး။
ဆောင်းနှင်းတွေကလည်းအရမ်းသည်းစွာကျလာတော့ အနောက်ကကောင်လေးအေးနေမှာဆိုးတာနဲ့ အမြန်နှုန်းနဲ့သာအရှိန်တင်နင်းလာမိသည်။ လမ်းတစ်ဝက်လောက်ကျ တုန်ရီနေသောလက်ကလေးသည် သူ့ခါးအားရစ်သီလာသည်။ နေပါအုံးဘယ်လိုခံစားချက်ကြီးလဲ?
ဘာဖြစ်လို့လဲမသိတာကြောင့်အရှိန်လေးနည်းနည်းလျှော့ကာ
"ထယ်ယောင်းဘာဖြစ်လို့လဲကြောက်လို့လား?"
"အင်း ကျွန်တော်စက်ဘီးမစီးဖူးတော့ကြောက်လို့ပါ အရှိန်လေးလျှော့ပေးပါနော်"
ဟားးး ဟားးး ဟားးး
ဟို​ဆော့အားရပါးရ ရယ်ချလိုက်မိသည်။ ဝက်ဝံလေးက စက်ဘီးစီးရမှာကြောက်သည်တဲ့လေ။ ကလေးလိုပဲ အသံလေးကအစတုန်နေတော့တာပဲ။ ဟိုဆော့လည်းအားရပါးရ ရယ်မိပြီးမှ အညိုရောင်လေးအား အားနာသွားကာ
"ဆောရီး ဆောရီး ကိုယ်ဖြေးဖြေးနင်းပေးမယ် ထယ်ယောင်း"
"အင်း ကျေးဇူးပါအစ်ကို"
အသံလေးလည်းပြန်လန်းပေမယ့် ခါးထပ်တို့ကလက်တို့ကပြန်မလျှော့သွားခဲ့ပါ။ ကြောက်နေသေးလို့လား ဒါမှမဟုတ် အားကိုးရာတစ်ခုအဖြစ်ဆက်ဖက်တွယ်ထားသေးတာလားဆိုတာကတော့ ဘယ်သူသိနိုင်မည်နည်း။ လက်တို့ပိုင်ရှင် အညိုရောင်ဝက်ဝံလေးသာသိလိမ့်မည်။
အညိုရောင်ဝက်ဝံလေးက ဆောင်းနှင်းတော့မကြောက်ပေမယ့် စက်ဘီးစီးရမှာတော့ကြောက်ခဲ့တယ်။ အဲ့ညကအမှတ်တရ ဆောင်းနှင်းတွေကြား အရှိန်မှန်မှန်နဲ့နင်းလာတဲ့စက်ဘီးလေးရယ်၊ စက်ဘီးနင်းနေတဲ့ကောင်လေးရဲ့ ပျော်ပျော်ရွှင်ရွှင်အပြုံးတစ်ခုရယ်၊ စက်ဘီးနောက်ကထိုင်ရင်း ကြောက်ရွံမှုတစ်ချို့တစ်စိုးတစ်စကျန်နေသေးတာမို့ ခါးတို့ကိုဖက်တွယ်ကာ အေးစက်နေတဲ့လက်ဖျားပိုင်ရှင် အညိုရောင်ဝက်ဝံလေးရယ်~
Brown_Tae
Part2ရှိသေးတယ်ရယ် မနက်ဖြန်မှလာတင်တော့မယ်နော့်!
Thanks for reading
Amethyst_Jei
Zawgyi
"အရိုင်းအဆိုင်းကောင်"
"ဟယ်လို ထယ်ယောင်း"
"ဟင်အိမ်မပြန်ဘူးလား?"
"အင်း မပြန်ချင်လို့"
"ပြေတယ် ပြေတယ် လာသာလာ "
"ထယ်ယောင်း"
"ရပါတယ်ကွာ လာတက်"
ဟားးး ဟားးး ဟားးး
"အင်း ကျေးဇူးပါအစ်ကို"
Brown_Tae
Thanks for reading
Amethyst_Jei
Continue Reading
You'll Also Like
10.8K 2K 20
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️
497K 67.3K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
156K 9.8K 20
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
8.8K 1.1K 24
Jungkook Atlas Francis - Taehyung Rowan Elliot