အဓိပတိလမ်းမထက်က မောင့်ခြေရာ{အ...

By HoarFROST_

5.4M 576K 116K

ကျွန်တော်လေ...သည်အဓိပတိလမ်းမကြီးကို သိပ်သဘောကျတယ်။အထူးသဖြင့် မောင့်ခြေဖမိုးလေးနဲ့တွဲမြင်ရတာကို ပိုသဘောကျတယ်။ ... More

Prologue
{၁}U&Z
{၂}U/Z
{၃}U/Z
{၄}U/Z
{၅}U/Z
{၆}U/Z
{၇}U/Z
{၈}U/Z
{၉}U/Z
{၁၀}U/Z
{၁၁}U/Z
{၁၂}U/Z
{၁၃}U/Z
{၁၄}U/Z
{၁၅}U/Z
{၁၆}U/Z
{၁၇}U/Z
{၁၈}U/Z
{၁၉}U/Z
{၂၀}U/Z
{၂၁}U/Z
{၂၂}U/Z
{၂၃}U/Z
၂၄{U/Z}
{၂၅}U/Z
{၂၆}U/Z
{၂၇}U/Z
{၂၈}U/Z
{၂၉}U/Z
{၃၀}U/Z
{၃၁}U/Z
{၃၂}U/Z
{၃၄}U/Z
{၃၅} U/ Z
{၃၆}U/Z
{၃၇}U/Z
{၃၈}U/Z
{၃၉}U/Z
{၄၀}U/Z
{၄၁}U/Z*
{၄၂}U/Z
{၄၃}U/Z
{၄၄}U/Z
{၄၅}U/Z
{၄၆}U/Z
{၄၇}U/Z
{၄၈}U/Z
{၄၉}U/Z
{၅၀}U/Z
{၅၁}U/Z
{၅၂}U/Z
{၅၃}U/Z
{၅၄}U/Z
{၅၅}U/Z-Final
Mg's Footprint
Book Preorder Details
Q/A

{၃၃}U/Z

72.6K 8.8K 1.4K
By HoarFROST_

Unicode

ပန်းဦးမေသည် သူမ၏မူပိုင်နေရာအဖြစ်သတ်မှတ်ထားသောခြံထဲကဒန်းပေါ်တွင် စာထိုင်ဖတ်နေ၏။ ဝင်းဝင်းလတ်၏ အချစ်၏နောက်ဆက်တွဲစာမျက်နှာများစာအုပ်သည် သူတို့လို ဆရာဝန်လောင်းလျာများနှင့် အပ်စပ်သည်ဟုလည်း ဆိုလို့ရသည်။
ဘေးမှာချထားတဲ့ ရေဒီယိုကနေထုတ်လွှင့်နေသည့် ကိုမှိုး၏ မကြင်နာသူသို့ သီချင်းကလည်း သူကြားရုံမျှ လွင့်ပျံ့နေသေးသည်။

ထိုစဉ် သူ့အနီးသို့ ခပ်သင်းသင်းရနံ့က နေရာယူလာသည်။ ပန်းဦးမေ မော့ကြည့်လိုက်တော့ အပြင်သွားဖို့ရန်ပြင်ဆင်ထားသည့် ခင်စံပယ်ညိုကိုတွေ့ရသည်။ရုပ်ရှင်မင်းသမီးနှယ် ပြင်ဆင်ထားသော ခင်စံပယ်ညိုက ကျောင်းကခင်စံပယ်ညိုပုံစံနှင့်တော့ကွဲပြားသည်။
ကျောင်းမှာဆိုလျှင် ခါးရှည်အင်္ကျီနဲ့ ခြေသလုံးအလယ်လောက် ထဘီကိုသာဝတ်တတ်ပြီး ဆံပင်ရှည်များကိုဖြန့်ချထားတတ်တာမို့ ယဉ်သကို အလှမယ်သဖွယ်။
ယခုမူတော့ ဂျင်းဘောင်းဘီပွပွကို ဘိလပ်စတိုင်ဟန်ပန်ဖြင့်။

"ရုပ်ရှင်သွားရိုက်မို့လား"

ပန်းဦးမေ ခနဲ့ဟန်မေးလိုက်ပေမဲ့ခင်စံပယ်ညိုက ထိုအရေးကို သိပ်အာရုံမရှိလှပေ။

"ကိုနွေ နင့်ကို ဆက်သွယ်သေးလား"

"နင်လည်း အိမ်မှာရှိနေတာပဲဟယ်။ဖုန်းလည်းမလာဘူး။ ငါလည်းအပြင်မှမထွက်တာ ဘယ်လိုလုပ်အဆက်အသွယ်ရမှာလဲ။ ပြီးရင် နွေဦးမောင်ဆိုတဲ့ကောင်က အဲ့လိုပဲ ပျောက်ပျောက် သွားနေကျလေ။ နင့်အာရုံတွေကို ကိုဥဿ စီမှာပဲ ထားစမ်းပါဟယ်။"

"အဲ့တာနင့်အပူမပါပါဘူး။ ကိုယ့်ရုပ်ကိုယ်လည်း ပြန်ကြည့်ဦး။ မိန်းကလေးဖြစ်ပြီး နေပုံက။"

ပန်းဦးမေသည် သူပြောမှ ကိုယ့်ကိုယ် ပြန်ငုံ့ကြည့်လိုက်မိသည်။ အိမ်နေထဘီနှင့် အပေါ်ကတီရှပ်။ ဘာများမှားနေလို့လဲ။

"သမီးသွားမယ်လေ"

"လာပြီမေမေ။"
ကားပေါ်ကနေ ဒေါ်ရတနာက လှမ်းခေါ်တာကြောင့် ခင်စံပယ်ညိုသည်လည်း ပန်းဦးမေ၏ ချေပ သံကိုမစောင့်ပါဘဲ သွက်လက်စွာပြေးထွက်သွားလေသည်။

ပန်းဦးမေသည် ထွက်သွားသည့်ခင်စံပယ်ညိုကိုကြည့်ပြီး တစ်ကိုယ်စာကျိန်ဆဲလိုက်လေသည်။
"ခွေးမ။ ငါ့ကိုများ။ သူကျတော့ မိတ်ကပ်အိုးထဲ မှောက်ရက် လဲလာသလားတောင်ထင်ရတယ်"

မကျေမနပ်ရေရွတ်ပြီးနောက် ပေါင်ပေါ်မှောက်တင်ထားသည့်စာအုပ်ကိုပြန်ယူကာ စိတ်နှစ်လိုက်တော့သည်။
သိပ်မကြာလိုက်ပါဘဲ ခြံတံခါးလူဝင်ပေါက်ကို တစ်စုံတစ်ယောက်က ဆွဲဖွင့်လာသည်မို့ သူ့အကြည့်တွေကို ခြံဝသို့ပို့လိုက်မိသည်။

"ဟယ်..."

အာမေဍိတ်သံပင်ထွက်ရလောက်အောင်အထိ သူအံ့အားသင့်ရသည်။ ပြောရင်းလက်စ ဆိုင်းမဆင့်ဘုံမဆင့်ရောက်လာသူက နွေဦးမောင်ပင်။
ညာဘက်နားရွက်တွင် ကံ့ကော်တစ်ပွင့်ကိုပန်ထားပုံကိုကြည့်ပြီး ပန်းဦးမေ၏မျက်ဝန်းတွေကမှေးကျဉ်းသွားတော့သည်။

နွေဦးမောင်က သူရှိရာကိုလှမ်းလာပြီး ဘေးရှိရေဒီယိုကိုဖယ်ကာ ဝင်ထိုင်သည်။
"ဦးလေးဒီကိုရောက်နေတယ်ဆို…"

"ဖေဖေလား။ အေး ခုနကမှရောက်တာ။နေပါဦး။ နေပါဦး ။ နင်က ဆိုင်းမဆင့်ဘုံမဆင့်ဟယ်။ ပန်းကြီးကလည်းပန်ထားသေးတယ်"

"ပန်းလေးပါ။"

ပန်းဦးမေက မနိုင်ဘူး ဆိုသည့်ဟန်ဖြင့်လက်မှိုင်ချကာ
"အဲ့လောက်အကြာကြီး ခရီးထွက်သွားရလား။
မေမေလတ်ဖြင့်နင့်ကိုစိတ်ပူနေတာ။ ဖုန်းလည်းမဆက်ဘူး"

"အစကတော့ အဲ့လောက်မကြာဘူးတွေးထားတာ။ ကြားထဲမှာ နရီ့မေမေဆုံးသွားတော့ အသုဘကိစ္စရယ်။ တခြား ကိစ္စတွေကြောင့် ပိုကြာသွားတာ"

ပန်းဦးမေ၏နှုတ်ခမ်းလေးသည်အံ့ဩဟန်ဖြင့်ဝိုင်းစက်သွားတော့သည်။

"နရီ့မေမေ။ ဟယ် ဘယ်လိုဖြစ်တာလဲ။သနားပါတယ်။ ငါ့နရီလေး"

နွေဦးမောင်က သူ့ကိုပေစောင်းစောင်းတစ်ချက်ကြည့်လာပေမဲ့ သူမမှုချေ။

"ဒါနဲ့နရီက အဖေလည်း မရှိ​တော့ဘူးမလား။အရင်တစ်ခေါက်က ကန်တင်းမှာပြောဖူးသလိုပဲ။"

"အဲ့လိုတော့မဟုတ်ဘူး။ လိုရင်းတိုရှင်းပြောရရင် နရီ့အဖေက ရှိနေသေးတယ်။ နရီလည်းအခုမှသိတာ။ အဆက်အသွယ်ပြတ်နေတာလဲကြာလှပြီ။ အစ်ကို ဒီမှာ တစ်ညအိပ်ပြီး မန္တလေးကိုခရီးပြန်ထွက်ရမယ်၊ဥဿလည်းပါမယ်၊ ဇေရဲရော။"

ပန်းဦးမေသည် အလုံးစုံသေချာမသိသော်ငြား အတင်းရောကာရော ခေါင်းညိတ်နားလည်ဟန်ပြလိုက်သည်။
" ငါလည်းလိုက်မယ်။ တစ်နေ့တစ်နေ့အိမ်မှာပဲနေနေရတာ။"

"ပန်းဦး အပျော်သွားမှာမဟုတ်ဘူးနော်။"

"သိပါတယ်။ ငါလည်း မန္တလေးကိုနှံ့ပါတယ်နော်။ ငြိမ်းကိုပါခေါ်ချင်တာ။"

နွေဦးမောင်က တိတ်တဆိတ်လက်ခံလိုက်ကာ မတ်တပ်ထရပ်၏။
"သဘောလေ။ ကားကဆန့်မှာပါ။မဆန့်လည်း အစ်ကို ကားထပ်ယူလိုက်မယ်။ အခု ဦးလေး အိမ်ပေါ်မှာလား။"

ပန်းဦးမေကခေါင်းခါပြသည်။
"မဟုတ်ဘူး။ ဧည့်ခန်းထဲမှာ ဦးလေးနဲ့စကားပြောနေတယ်။"

"ဦးလေး? ဘယ်သူလဲ"

"ဘယ်သူရှိရမလဲ။ ငါ့ဦးလေးပါဆို နင့်အဖေပေါ့"

နွေဦးမောင်၏တည်ငြိမ်နေသော စိတ်တွေသည် လှိုင်းထသွားရကာ ချက်ချင်းပင် မျက်နှာပျက်သွား၏။ ပန်းဦးမေကလည်း သားအဖနှစ်ယောက်ကြားက အခြေအနေကို အလုံးစုံမသိချေ။ထို့ကြောင့်ပြေရာပြေကြောင်းသာ လောကွတ်ချော်လိုက်တော့သည်။

"ဦးလေးလည်း နင့်ကိုလွမ်းမှာပေါ့။ ကဲပါလေ၊ ငါလည်း အိမ်ထဲဝင်တော့မယ်။လာလာ"

အိမ်ထဲရောက်သည်နှင့်ဧည့်ခန်းထဲရှိ ဦးလေးဖြစ်သူ ဦးညိုဝင်းကို တံခါးမှန်ကနေ မြင်နေရသည်။ ပန်းဦးကလည်းသူ့ကိုလက်ဆွဲကာ ဧည့်ခန်းထဲခေါ်သွားသည်မို့ မပီမသအပြုံးတစ်ခုကို ဟန်ကိုယ်ဖို့ တပ်ဆင်ရင်း လိုက်ပါလာရသည်။
စားပွဲထိပ်တွင် ထိုင်နေသော ဖခင်ဖြစ်သူက အသက် ၅၀ကျော် ၆၀နီးပါးဟုမထင်ရလောက်အောင်ကို နုသည်။ နှုတ်ခမ်းမွှေးရေးရေးက မြို့မျက်နှာဖုံးရှင်ကြီးကို ပိုပြီး လူကြီးလူကောင်းဆန်စေလိမ့်မည်။ ကျားသစ်လို လျင်မြန်သည့်မျက်လုံးတွေနှင့် သူ ဆုံခိုက်တွင် ကြည်နူးနေရသောခံစားချက်များသည် ယိုင်နဲ့သွားရသည်။
ပြောပြခွင့်မရှိသော ခံစားချက်အဖုံဖုံကို ဖခင်ဖြစ်သူဘေးတွင် ထိုင်နေသော မိခင်မျက်ဝန်းများကြောင့် ချိုးနှိမ်လိုက်ရတော့သည်။

"အဲ သားပါရောက်လာတာပါလား။ ဒီနေ့တော့မိသားစုဆုံပြီးဟေး…ခေါင်းမှာလည်း ပန်းနဲ့ပါလား။"

ဦးညိုဝင်းက ကျောင်းတွင် သိပ်ကိုစကားပြောညင်သာသည်ဟု နာမည်ကြီးသည်။အိမ်တွင်တွေ့တော့ သူ့အသံတွင် ပျော်ရွှင်မှုများကပ်ငြိနေလေသည်။

"ဦးလေးနေကောင်းတယ်နော်။"

"ကောင်းပါ့ကွာ။ ကျောင်းတွေတောင် သိပ်မကြာဘူးပြန်ဖွင့်တော့မှာပဲ။ ဘယ်လိုလဲ ဒီနှစ်အခြေအနေ?"

"ကောင်းတယ် ဦးလေး။"

"ငါ့ညီ အစ်ကို မင်းတူနဲ့ဆွေးနွေးစရာလေးရှိလို့"
စကားစ ပျိုးနေတုံးမှာပင် ဦးညိုမောင်ကဖြတ်ပြောလာသည်။အဆုံးမရှိသောစကားပေမဲ့ အဆုံးသတ်ကို အဓိပ္ပာယ်ကောက်လို့ရသည်မို့ ဦးညိုဝင်းလည်း ထရပ်ကာ
"ဟုတ်သားပဲ မတွေ့ရတာကြာပြီကို၊ ပြောကြပြောကြ။ သမီးလာ။ အဖေတို့အပေါ်တက်ကြမယ်"

ပန်းဦးလည်းဘုမသိဘမသိပါသွားရရှာသည်။
"ဘာသံကြားကြား ဆင်းမလာနဲ့"
သူတို့သားအဖ လှေကားခြေရင်းရောက်ခါနီးမှာပဲ ဦးညိုမောင်၏အသံကို အေးစက်စွာကြားလိုက်ရလေသည်။ငယ်ကတည်းက အစ်ကိုလက်အောက်တွင်နေခဲ့ရသူမို့ ဦးညိုဝင်းလည်း ခပ်ဆိတ်ဆိတ်သာနေ၍ အိမ်ပေါ်ထပ်သို့တက်သွားလေသည်။

ဦးညိုမောင်သည် အခါးရည်ကြမ်းကို ငှဲ့ကာ နွေဦးမောင်ရှိရာသို့တိုးပေးလိုက်သည်။
နွေဦးမောင်သည်လည်း မျက်စိရှေ့ရောက်လာသော ခွက်ကိုမြင်မှ ဦးညိုမောင်အား အကြည့်ချင်း ဆုံလိုက်သည်။
"နေကောင်းတယ်နော်အဖေ။"

ဦးညိုမောင်၏တင်းတင်းစေ့ထားသော နှုတ်ခမ်းတွင် ပေါ်နေသောခပ်ရေးရေးအပြုံးက အရာအားလုံးကို အောင်မြင်နေသူလို၊ အရာအားလုံးကို သိမ်းပိုက်နိုင်သူလို၊ တခြားလူတွေအား စိတ်ခန်းယားစေမည့် မထီမဲ့မြင်အပြုံးမျိုး။

"သားဖနှစ်ယောက်စကားပြောနှင့်ကြ။ မေမေ လက်ဖက်သုပ်ပေးမယ်"

ဒေါ်ရင်ရင်လတ်က စိတ်မချပေမဲ့လည်း ကြိုတိုင်ပင်ထားသည့်နှယ် မီးဖိုချောင်ထဲသို့ သုတ်သီးသုတ်ပျာဝင်သွား၏။
နွေဦးမောင်သည်လည်း ခေလှသူတော့မဟုတ်ရာ
ဘယ်ယုန်မြင်လို့ ဘယ်ခြုံထွင်နေမှန်းလည်းသိလေပြီ။သို့သော်ညား မိမိအလွန်မဖြစ်ဖို့ရန် ခပ်ဆိတ်ဆိတ်သာနေ၏။

"အဖေရှေ့မှာ ပန်းပန်ထားတာ သင့်တော်တယ်လား။"

နွေဦးမောင်သည် နားရွက်ဖျားကို လက်ဖြင့်စမ်းမိလိုက်သည်။လက်ပြန်ရုတ်လာချိန်တွင် ပန်းပွင့်တော့မပါလာချေ။

"ဒါဆို ဘယ်လိုမျိုးကသင့်တော်လဲဟင်။"

ဦးညိုမောင်သည် အခါးရည်ကို မော့သောက်လိုက်ကာ
"ထင်တာထက် ပိုဆိုးနေတာပဲ။ ကျောက်ပြင်နဲ့ ထဘီ ဝယ်ပေးဖို့ပဲကျန်တာထင်တယ်။ မရှက်ဘူးလား။ နွေဦးမောင်။ အခြောက်နဲ့နေပြီး။ အခြောက်စိတ်တွေကူးလာတာပဲ။ ဘယ်လောက်ပဲလွတ်ထားပေးတယ်ပြောပြော။ အခြောက်နဲ့ ဖြစ်ရလောက်အောင် မင်းအသိဉာဏ်တွေက ခွေးစားသွားသလား။ ဒါနဲ့များ ဒီလိုစိတ်နဲ့ကျောင်းဆရာဖြစ်ချင်သေးတယ်ပေါ့။"

"ခွင့်မပြုဘူးဆိုတာသိပါတယ်။ အဲ့တာကြောင့် ခွင့်တောင်းဖို့လည်းအစီစဉ်မရှိပါဘူး။ပြီးတော့ အဖေလူမှားနေတယ် ။"

ဦးညိုမောင်ကဟက်ခနဲရယ်သည်။
"ရှင်းစမ်းပါဦး"

"ကျွန်တော်ကမှ အခြောက်။ အဖေ ကျွန်တော့်ကို အဲ့လိုပြောလို့ရတယ်။ အခြောက်။ အခြောက်မ။
မိန်းမလျာလား။ ဘယ်လိုထပ်ပြောချင်သေးလဲ။ အဖေ့သားကိုပဲ အဖေပြော။ သူ့ကိုတော့ အဲ့လိုမပြောနဲ့။ သူက အဖေလက်လွတ်စပယ် သုံးနှုန်းလို့ရတဲ့လူလို့ထင်နေတာလား"

အခြောက်လို့ပြောခံရတာကို မနာပေမဲ့ တမင်တကာနှိမ်ချပြောတာမျိုးကို သူလက်မခံ။
နွေဦးမောင်၏လေသံသည်သိသိသာသာပင်ကျယ်လောင်သွားသည်။ဦးညိုမောင်၏အပြုံးကလည်း ပျောက်ကွယ်လို့သွားသည်။ပြီးနောက် ရူးနှမ်းစွာ ရယ်မောလေသည်။

"အစွယ်တောင်မပေါက်သေးတဲ့ကျားကများငါ့ကို... နွေဦးမောင်။ ငါကမင်းကိုမွေးထားတဲ့အဖေပါကွ။ လက်ညိုးတစ်ချက်ကွေးရုံနဲ့ မင်းရဲ့ ဘာမဟုတ်တဲ့ဟာလေးကို ဖျောက်ပစ်လိုက်လို့ရတယ်။ သဘောပေါက်လား။"

နွေဦးမောင်သည် လည်း မျက်ခုံးကိုပင့်ကာ သူ့ဖခင်အား ရယ်ပြလိုက်သည်။

"ဒါပေါ့။ ပွဲရုံဗန်းပြ မှောင်ခိုဆရာကြီးက ဒီလောက်တော့ပမွှားပေါ့။ဒီလိုစကားကိုမပြောရင် အဖေဘယ်ဟုတ်ပါ့မလဲ။ ကျွန်တော်ကကော ဒါတွေကို မပြင်ဆင်ထားဘူးထင်နေတာလား အဖေ။"

ဦးညိုမောင်သည် မှန်းရခက်သည့် မှင်သေသေမျက်နှာဖြင့် သူ့ကိုကြည့်လာသည်။
"ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတာကို စဉ်းစားတတ်တဲ့ကျွန်တော့်အရွယ်က အစွယ်ပေါက်ပြီးသား အဖေ့လိုကျားတော့ ဖြစ်လာမှာမဟုတ်ဘူး။ တောင်ပံစုံတဲ့ သိမ်းငှက်လိုမျိုးပေါ့။အရာအားလုံးကို အပေါ်စီးကနေကြည့်နေတာလေ။"

နွေဦးမောင်သည် လက်ဖြင့်ပင် ပုံပမာပြလိုက်သေးသည်။

"နွေဦးမောင်..."

"အဖေ... ကျွန်တော် ဘယ်တုန်းကမှ အဖေ့တို့ဆီမှာ မပျော်ခဲ့ဘူး။ အဲ့တာကိုကော အဖေသိလား။ကျွန်တော်မန္တလေးကနေ ဒီကိုပြောင်းလာတာ။ ကျွန်တော် အဖေနဲ့တွေ့ဖို့ မကြိုးစားတာ။ ဒါတွေကိုတောင်အဖေနားမလည်ဘူးလား။"

"ဒီလောက် ဥစ္စာပစ္စည်းပြည့်ဝနေတာတောင် မင်းက ဒီလိုလေသံထွက်လာသေးတယ်ပေါ့။ မွေးရကျိုးနပ်လိုက်တာကွာ!"

"အဖေက အကြည့်မှမခံဖူးတာ။"

"ဘာ!"

"ကျောင်းမှာ ဒီကောင့်အဖေက ဒီလိုကြီးပါဆိုတဲ့အကြည့်မျိုးလေ။ တချို့အမေတွေက သူတို့သားတွေကို ဘယ်လိုမှာလဲသိလား။ နွေဦးမောင်နဲ့ မပေါင်းနဲ့တဲ့။ သူ့အဖေက လူဆိုးတဲ့ "

ဦးညိုမောင်က မျက်နှာလွှဲကာ
"မဆိုင်တဲ့ခေါင်းစဉ်နဲ့လမ်းလွှဲသွားတာပဲ။ ခေါင်းမရှောင်နဲ့ နွေဦးမောင်။ စောနရီဆိုတဲ့ကောင်ကို ငါတစ်ခုခုမလုပ်ခင် အမြန်ဖြတ်လိုက်"

"ကျွန်တော်နေထိုင်လာတဲ့ သက်တမ်းတစ်လျှောက်မှာ အဖေ့ကို ဒီအလုပ်တွေမလုပ်ဖို့ ပြောဖူးတာတစ်ခါပဲရှိတယ်။ မှတ်မိလား။ အဖေ့လိုပါပဲ။ ကျွန်တော်က နာခံတတ်တဲ့ကောင်မဟုတ်ဘူး။
ကျွန်တော်ရွေးတဲ့လမ်းက ဘယ်သူ့မျက်ရည်ကိုမှချနင်းထားတာမဟုတ်လို့၊ လိပ်ပြာလည်းလုံတယ်။ တစ်ခုရှိသေးတယ်။ အဖေ့ဘက်က ခြေတစ်လှမ်းက ကျွန်တော် ကြိုလှမ်းထားတဲ့ ခြေဆယ်လှမ်းနဲ့ညီတာမို့။ ကျွန်တော့်လူကို ထိဖို့ စိတ်ကူးနဲ့တောင်မ​ေတွးပါနဲ့။"

ဦးညိုမောင်သည် ဒေါသမီးတောက်လောင်လျက်ရှိပေမဲ့ သူ့သား၏စကားများက မြားတစ်စင်းလို တည့်မတ်နေသည်ကိုလည်း သူသဘောပေါက်သည်။

နွေဦးမောင်သည်ပြောစရာမရှိတော့သည့်နှယ် နေရာမှထထွက်ချိန်တွင် ဧည့်ခန်းပေါက်ဝ၌ လက်ဖက်သုပ်ပန်းကန်ကိုကိုင်ကာ မျက်ရည်ရွှဲလဲဖြင့် ရပ်နေ​ေသာ မိခင်ဖြစ်သူကိုမြင်လိုက်ရသည်။ သူကိုယ်တိုင်လည်း ဝမ်းနည်းသွားရသည်။ ဘဝမှာ မသတီဆုံးအရာတွေကို သူ့ဖခင်က ရှေ့ဆောင်လမ်းပြလုပ်ခဲ့သည်။ သည်မိသားစုကနေရုန်းထွက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ မိခင်ကိုတော့ သူချစ်သည်။ သည်အမှုကိစ္စတွေမှာမပါသည့် မိခင်ကိုလည်း သူသနားသည်။
မိသားစုပိုင်ပွဲရုံကို လင်ယောကျာ်းလက် အပ်ခဲ့သော်ညား ထိုပွဲရုံက အစကနဦးကတည်းက အခွံသက်သက်သာ။ နောက်ကွယ်မှာ ဖောင်းပွနေသောအရာများသည် တရားမဝင်လုပ်ငန်းများသာရှိသည်။
သူ မေမေ့အကြည့်တွေကိုလွှဲကာထွက်ရန်ပြင်တော့ မေမေကသူ့လက်ကို ဆွဲလာလေသည်။

"သားမောင်ရယ်။သေချာစဉ်းစားပါဦး။ သားကိုကြည့်လာမဲ့ပတ်ဝန်းကျင်ကအကြည့်တွေကို သားဘယ်လိုလုပ်မလဲ။ အဲ့သည့် အခြောက်..."

မေမေ့ဆီကအခြောက်ဆိုသည့်စကားကို တစ်စွန်းတစ်စကြားလိုက်ရချိန်တွင် နွေဦးမောင်၏စိတ်များသည် ကဆုန်ပေါက်ပြေးတတ်သည့် မြင်းတစ်ကောင်နှယ် လွတ်ထွက်သွားတော့သည်။

"ဒါဆို အဖေ့လို လူနဲ့ယူတုန်းက ပတ်ဝန်းကျင်က အကြည့်တွေကို မေမေ ဘယ်လိုများဖြတ်ကျော်ခဲ့လဲ"

"ဟင်..."

"နွေဦးမောင်!"

လက်ဖက်သုပ်ပန်းကန်သည် အောက်ပြုတ်ကျသွားသလို၊ နွေဦးမောင်၏နဖူးစပ်နားသို့ ထိမှန်လာသည့်အခါးရည် ပန်းကန်လုံးသည်လည်း ကြမ်းပြင်သို့ ထပ်ဆင့်ကျသွားလေသည်။

ဒေါ်ရင်ရင်လတ်သည်လည်း ပြူးပြူးပြာပြာဖြစ်သွားရသည်။ ဦးညိုမောင်ပစ်လိုက်သောလက်ဆကြောင့် နွေဦးမောင်၏နဖူးစပ်မှသွေးများဟာလည်း နားထင်တစ်လျှောက်စီးကျလာတော့သည်။
"မင်းသိပ်တရားလွန်နေပြီ။ နွေဦးမောင်"

ဒေါ်ရင်ရင်လတ်ကတော့ သွေးများမြင်ပြီးနောက် ထိတ်လန့်သွားကာ

"ကိုညိုမောင်။ ရှင် ကျွန်မသားကို ဘယ်လိုတောင်လုပ်လိုက်တာလဲ။ လက်မပါရဘူးလို့ ပြောထားတယ်လေ !!"
"အမလေး အမေ့သားလေး"

နွေဦးမောင်သည် စပ်ဖျဉ်းဖျဉ်းနာကျင်မှုကိုခံစားရသော်ညား ထိုနာကျင်မှုသည် ယခုခံစားနေရသော ခံစားချက်များနှင့်မယှဉ်သာပေ။ သူဘယ်တုံးကမှ ဤကဲ့သို့သော အနိုင်နှင့်ပိုင်းပြီးပြောရမည့်စကားမျိုးကို မပြောချင်ခဲ့ပါ။ သူလည်းပင်ပန်းရသည်။ အံကြိတ်ထားရင်းနှင့်ကျလာသည့် မျက်ရည်စများကို မိခင်ဖြစ်သူထပ်မမြင်စေဖို့ရန် ဆွဲထားသည့်လက်ကို ဥပက္ခာပြုလိုက်မိတော့သည်။

°°°°°°

" နွေဦးမောင်။ မေမေလတ်ကိုတော့ နင်အဲ့လိုမပြောသင့်ဘူးဟယ်။ သူ့ဘက်ကကြည့်ရင်လည်း နင်နားလည်သင့်တယ်။ ငါလည်း ဦးလေးက အဲ့လိုတွေလုပ်တဲ့သူမှန်း အစောကတည်းကရိပ်မိပါတယ်။"

ပန်းဦးမေက နဖူးစပ်ကဒဏ်ရာကို ဆေးထည့်ပေးရင်း ကရုဏာဒေါသဖြင့်ဆိုသည်။

"နရီက အစ်ကို့ဘဝထဲကိုဝင်လာပြီးသားလူတစ်ယောက်ပဲ ပန်းဦး။ သူ အစ်ကို့ကိုလိုအပ်တဲ့အထိ အစ်ကိုသူ့နားရှိနေဦးမှာပဲ။ သူကလည်း အစ်ကို့ကိုလိုအပ်သလို၊ အစ်ကိုလည်းသူ့ကိုလိုအပ်တယ်"

"ဒါဆို မေမေလတ်ကို ဘယ်လိုလုပ်မှာလဲ"

"ဒီနှစ်စာမေးပွဲပြီးရင် မေမေ့ကိုသေချာပြောဖို့စီစဉ်ပြီးသားပါ၊ ဒါပေမဲ့မေမေကပါ ဘယ်လိုလုပ်ပြီး ဒီလို အခြောက်ဆိုတဲ့စကားမျိုးကိုပြောထွက်တာလဲ။ မေမေက အဲ့လို အတွေးမျိုးရှိတတ်တဲ့လူမှမဟုတ်တာ"

ပန်းဦးမေသည်တွေဝေသွားရသည်။
နွေဦးမောင်နှင့်စောနရီအခြေအနေသည် လူအများသိလျှင်တောင် သူငယ်ချင်းဟုပင် ရိုးရိုးသားသားတွေးကြမည့်အခြေအနေ။ ကြားထဲမှာ ခလောက်ဆန်နေသည့်လူများရှိနေပြီလား။

"ပန်းဦး အစ်ကိုခေါင်းသွားလျှော်ဦးမယ်။ ဆံပင်ကိုရှေ့ချလိုက်ရင်တော့ အနာကိုဖုံးသွားမယ်မလား။ မနက်ဖြန် သူနဲ့တွေ့ရင် ဒါကိုမြင်ပြီး ဝမ်းနည်းသွားလိမ့်ဦးမယ်"

ပန်းဦးမေသည် သက်ပြင်းချကာ
"အင်း အနာကို ရေမထိအောင်တော့ ဂရုစိုက်။ ပြီးရင် နရီ့ကိုလည်း နင်ပွင့်လင်းဖို့လိုတယ်နော်"

"အင်း သိပါတယ်"

နွေဦးမောင်ရေချိုးခန်းထဲဝင်သွားတော့ ပန်းဦးမေသည်လည်း အခန်းထဲကထွက်ဖို့ပြင်တော့သည်။ ဆေးလိမ်းစဉ်က ဖယ်ထားမိသည့်ပန်းပွင့်ကို ခုတင်ပေါ်တွင်မြင်မိတော့ ထိတ်ခနဲဖြစ်သွားရသေးသည်။

ကံ့ကော်ပွင့်တွင် နွေဦးမောင်၏သွေးများစွန်းနေလေသည်။ပန်းဦးမေသည် ကံ့ကော်ပွင့်ကိုယူလိုက်သည်။ ဒီလိုနမိတ်မကောင်းတာမျိုးကို နွေဦးမောင်မြင်လျှင်ပိုဆိုးသွားလိမ့်ဦးမယ်။
ဆရာဝန်တစ်ယောက်ဖြစ်လာမည့် သူက သွေးနဲ့ပတ်သက်ပြီး အထအနကောက်တတ်သူမဟုတ်ပေမဲ့လည်း သူ့စိတ်ထဲထင့်နေမိသည်။မနက်ဖြန်မနက်တော့ ဘုရားမှာ ကံ့ကော်ပန်းလှူဦးမည်။

°°°°°
13.8.2021

စာရေးသူ၏အမှာစာ

လွန်းနဲ့မဂ္ဂအကြောင်းက နောက် နှစ်ပိုင်းလောက်မှလာမှာပါ။
Update နောက်ကျလို့ သွေ့ပုချိ❤️

_________

Zawgyi

ပန္းဦးေမသည္ သူမ၏မူပိုင္ေနရာအျဖစ္သတ္မွတ္ထားေသာၿခံထဲကဒန္းေပၚတြင္ စာထိုင္ဖတ္ေန၏။ ဝင္းဝင္းလတ္၏ အခ်စ္၏ေနာက္ဆက္တဲြစာမ်က္ႏွာမ်ားစာအုပ္သည္ သူတို႔လို ဆရာဝန္ေလာင္းလ်ာမ်ားႏွင့္ အပ္စပ္သည္ဟုလည္း ဆိုလို႔ရသည္။
ေဘးမွာခ်ထားတဲ့ ေရဒီယိုကေနထုတ္လႊင့္ေနသၫ့္ ကိုမှိုး၏ မၾကင္နာသူသို႔ သီခ်င္းကလည္း သူၾကားရံုမ်ွ လြင့္ပ်ံ႔ေနေသးသည္။

ထိုစဉ္ သူ႔အနီးသို႔ ခပ္သင္းသင္းရနံ႔က ေနရာယူလာသည္။ ပန္းဦးေမ ေမာ့ၾကၫ့္လိုက္ေတာ့ အျပင္သြားဖို႔ရန္ျပင္ဆင္ထားသၫ့္ ခင္စံပယ္ညိုကိုေတြ့ရသည္။ရုပ္ရွင္မင္းသမီးႏွယ္ ျပင္ဆင္ထားေသာ ခင္စံပယ္ညိုက ေက်ာင္းကခင္စံပယ္ညိုပံုစံႏွင့္ေတာ့ကဲြျပားသည္။
ေက်ာင္းမွာဆိုလ်ွင္ ခါးရွည္အက်ႌနဲ႔ ေျခသလံုးအလယ္ေလာက္ ထဘီကိုသာဝတ္တတ္ၿပီး ဆံပင္ရွည္မ်ားကိုျဖန႔္ခ်ထားတတ္တာမို႔ ယဉ္သကို အလွမယ္သဖြယ္။
ယခုမူေတာ့ ဂ်င္းေဘာင္းဘီပြပြကို ဘိလပ္စတိုင္ဟန္ပန္ျဖင့္။

"ရုပ္ရွင္သြားရိုက္မို႔လား"

ပန္းဦးေမ ခနဲ႔ဟန္ေမးလိုက္ေပမဲ့ခင္စံပယ္ညိုက ထိုအေရးကို သိပ္အာရံုမရိွလွေပ။

"ကိုေနြ နင့္ကို ဆက္သြယ္ေသးလား"

"နင္လည္း အိမ္မွာရိွေနတာပဲဟယ္။ဖုန္းလည္းမလာဘူး။ ငါလည္းအျပင္မွမထြက္တာ ဘယ္လိုလုပ္အဆက္အသြယ္ရမွာလဲ။ ၿပီးရင္ ေနြဦးေမာင္ဆိုတဲ့ေကာင္က အဲ့လိုပဲ ေပ်ာက္ေပ်ာက္ သြားေနက်ေလ။ နင့္အာရံုေတြကို ကိုဥႆ စီမွာပဲ ထားစမ္းပါဟယ္။"

"အဲ့တာနင့္အပူမပါပါဘူး။ ကိုယ့္ရုပ္ကိုယ္လည္း ျပန္ၾကၫ့္ဦး။ မိန္းကေလးျဖစ္ၿပီး ေနပံုက။"

ပန္းဦးေမသည္ သူေျပာမွ ကိုယ့္ကိုယ္ ျပန္ငံု႔ၾကၫ့္လိုက္မိသည္။ အိမ္ေနထဘီႏွင့္ အေပၚကတီရွပ္။ ဘာမ်ားမွားေနလို႔လဲ။

"သမီးသြားမယ္ေလ"

"လာၿပီေမေမ။"
ကားေပၚကေန ေဒၚရတနာက လွမ္းေခၚတာေၾကာင့္ ခင္စံပယ္ညိုသည္လည္း ပန္းဦးေမ၏ ေခ်ပ သံကိုမေစာင့္ပါဘဲ သြက္လက္စြာေျပးထြက္သြားေလသည္။

ပန္းဦးေမသည္ ထြက္သြားသၫ့္ခင္စံပယ္ညိုကိုၾကၫ့္ၿပီး တစ္ကိုယ္စာက်ိန္ဆဲလိုက္ေလသည္။
"ေခြးမ။ ငါ့ကိုမ်ား။ သူက်ေတာ့ မိတ္ကပ္အိုးထဲ ေမွာက္ရက္ လဲလာသလားေတာင္ထင္ရတယ္"

မေက်မနပ္ေရရြတ္ၿပီးေနာက္ ေပါင္ေပၚေမွာက္တင္ထားသၫ့္စာအုပ္ကိုျပန္ယူကာ စိတ္ႏွစ္လိုက္ေတာ့သည္။
သိပ္မၾကာလိုက္ပါဘဲ ၿခံတံခါးလူဝင္ေပါက္ကို တစ္စံုတစ္ေယာက္က ဆဲြဖြင့္လာသည္မို႔ သူ႔အၾကၫ့္ေတြကို ၿခံဝသို့ပို႔လိုက္မိသည္။

"ဟယ္..."

အာေမဍိတ္သံပင္ထြက္ရေလာက္ေအာင္အထိ သူအံ့အားသင့္ရသည္။ ေျပာရင္းလက္စ ဆိုင္းမဆင့္ဘံုမဆင့္ေရာက္လာသူက ေနြဦးေမာင္ပင္။
ညာဘက္နားရြက္တြင္ ကံ့ေကာ္တစ္ပြင့္ကိုပန္ထားပံုကိုၾကၫ့္ၿပီး ပန္းဦးေမ၏မ်က္ဝန္းေတြကေမွးက်ဉ္းသြားေတာ့သည္။

ေနြဦးေမာင္က သူရိွရာကိုလွမ္းလာၿပီး ေဘးရိွေရဒီယိုကိုဖယ္ကာ ဝင္ထိုင္သည္။
"ဦးေလးဒီကိုေရာက္ေနတယ္ဆို…"

"ေဖေဖလား။ ေအး ခုနကမွေရာက္တာ။ေနပါဦး။ ေနပါဦး ။ နင္က ဆိုင္းမဆင့္ဘံုမဆင့္ဟယ္။ ပန္းႀကီးကလည္းပန္ထားေသးတယ္"

"ပန္းေလးပါ။"

ပန္းဦးေမက မႏိုင္ဘူး ဆိုသၫ့္ဟန္ျဖင့္လက္မိႈင္ခ်ကာ
"အဲ့ေလာက္အၾကာႀကီး ခရီးထြက္သြားရလား။
ေမေမလတ္ျဖင့္နင့္ကိုစိတ္ပူေနတာ။ ဖုန္းလည္းမဆက္ဘူး"

"အစကေတာ့ အဲ့ေလာက္မၾကာဘူးေတြးထားတာ။ ၾကားထဲမွာ နရီ့ေမေမဆံုးသြားေတာ့ အသုဘကိစၥရယ္။ တျခား ကိစၥေတြေၾကာင့္ ပိုၾကာသြားတာ"

ပန္းဦးေမ၏ႏႈတ္ခမ္းေလးသည္အံ့ဩဟန္ျဖင့္ဝိုင္းစက္သြားေတာ့သည္။

"နရီ့ေမေမ။ ဟယ္ ဘယ္လိုျဖစ္တာလဲ။သနားပါတယ္။ ငါ့နရီေလး"

ေနြဦးေမာင္က သူ႔ကိုေပေစာင္းေစာင္းတစ္ခ်က္ၾကၫ့္လာေပမဲ့ သူမမႈေခ်။

"ဒါနဲ႔နရီက အေဖလည္း မရိွ​ေတာ့ဘူးမလား။အရင္တစ္ေခါက္က ကန္တင္းမွာေျပာဖူးသလိုပဲ။"

"အဲ့လိုေတာ့မဟုတ္ဘူး။ လိုရင္းတိုရွင္းေျပာရရင္ နရီ့အေဖက ရိွေနေသးတယ္။ နရီလည္းအခုမွသိတာ။ အဆက္အသြယ္ျပတ္ေနတာလဲၾကာလွၿပီ။ အစ္ကို ဒီမွာ တစ္ညအိပ္ၿပီး မႏၲေလးကိုခရီးျပန္ထြက္ရမယ္၊ဥႆလည္းပါမယ္၊ ေဇရဲေကာ။"

ပန္းဦးေမသည္ အလံုးစံုေသခ်ာမသိေသာ္ညား အတင္းေရာကာေရာ ေခါင္းညိတ္နားလည္ဟန္ျပလိုက္သည္။
" ငါလည္းလိုက္မယ္။ တစ္ေန့တစ္ေန့အိမ္မွာပဲေနေနရတာ။"

"ပန္းဦး အေပ်ာ္သြားမွာမဟုတ္ဘူးေနာ္။"

"သိပါတယ္။ ငါလည္း မႏၲေလးကိုႏွံ႔ပါတယ္ေနာ္။ ၿငိမ္းကိုပါေခၚခ်င္တာ။"

ေနြဦးေမာင္က တိတ္တဆိတ္လက္ခံလိုက္ကာ မတ္တပ္ထရပ္၏။
"သေဘာေလ။ ကားကဆန႔္မွာပါ။မဆန႔္လည္း အစ္ကို ကားထပ္ယူလိုက္မယ္။ အခု ဦးေလး အိမ္ေပၚမွာလား။"

ပန္းဦးေမကေခါင္းခါျပသည္။
"မဟုတ္ဘူး။ ဧၫ့္ခန္းထဲမွာ ဦးေလးနဲ႔စကားေျပာေနတယ္။"

"ဦးေလး? ဘယ္သူလဲ"

"ဘယ္သူရိွရမလဲ။ ငါ့ဦးေလးပါဆို နင့္အေဖေပါ့"

ေနြဦးေမာင္၏တည္ၿငိမ္ေနေသာ စိတ္ေတြသည္ လိႈင္းထသြားရကာ ခ်က္ခ်င္းပင္ မ်က္ႏွာပ်က္သြား၏။ ပန္းဦးေမကလည္း သားအဖႏွစ္ေယာက္ၾကားက အေျခအေနကို အလံုးစံုမသိေခ်။ထို႔ေၾကာင့္ေျပရာေျပၾကောင္းသာ ေလာကြတ္ေခ်ာ္လိုက္ေတာ့သည္။

"ဦးေလးလည္း နင့္ကိုလြမ္းမွာေပါ့။ ကဲပါေလ၊ ငါလည္း အိမ္ထဲဝင္ေတာ့မယ္။လာလာ"

အိမ္ထဲေရာက္သည္ႏွင့္ဧၫ့္ခန္းထဲရိွ ဦးေလးျဖစ္သူ ဦးညိုဝင္းကို တံခါးမွန္ကေန ျမင္ေနရသည္။ ပန္းဦးကလည္းသူ႔ကိုလက္ဆဲြကာ ဧၫ့္ခန္းထဲေခၚသြားသည္မို႔ မပီမသအႃပံုးတစ္ခုကို ဟန္ကိုယ္ဖို႔ တပ္ဆင္ရင္း လိုက္ပါလာရသည္။
စားပဲြထိပ္တြင္ ထိုင္ေနေသာ ဖခင္ျဖစ္သူက အသက္ ၅၀ေက်ာ္ ၆၀နီးပါးဟုမထင္ရေလာက္ေအာင္ကို ႏုသည္။ ႏႈတ္ခမ္းေမႊးေရးေရးက ၿမိဳ႔မ်က္ႏွာဖံုးရွင္ႀကီးကို ပိုၿပီး လူႀကီးလူေကာင္းဆန္ေစလိမ့္မည္။ က်ားသစ္လို လ်င္ျမန္သၫ့္မ်က္လံုးေတြႏွင့္ သူ ဆံုခိုက္တြင္ ၾကည္ႏူးေနရေသာခံစားခ်က္မ်ားသည္ ယိုင္နဲ႔သြားရသည္။
ေျပာျပခြင့္မရိွေသာ ခံစားခ်က္အဖံုဖံုကို ဖခင္ျဖစ္သူေဘးတြင္ ထိုင္ေနေသာ မိခင္မ်က္ဝန္းမ်ားေၾကာင့္ ခ်ိဳးႏိွမ္လိုက္ရေတာ့သည္။

"အဲ သားပါေရာက္လာတာပါလား။ ဒီေန့ေတာ့မိသားစုဆံုၿပီးေဟး…ေခါင္းမွာလည္း ပန္းနဲ႔ပါလား။"

ဦးညိုဝင္းက ေက်ာင္းတြင္ သိပ္ကိုစကားေျပာညင္သာသည္ဟု နာမည္ႀကီးသည္။အိမ္တြင္ေတြ့ေတာ့ သူ႔အသံတြင္ ေပ်ာ္ရႊင္မႈမ်ားကပ္ငြိ​ေနေလသည္။

"ဦးေလးေနေကာင္းတယ္ေနာ္။"

"ေကာင္းပါ့ကြာ။ ေက်ာင္းေတြေတာင္ သိပ္မၾကာဘူးျပန္ဖြင့္ေတာ့မွာပဲ။ ဘယ္လိုလဲ ဒီႏွစ္အေျခအေန?"

"ေကာင္းတယ္ ဦးေလး။"

"ငါ့ညီ အစ္ကို မင္းတူနဲ႔ေဆြးေနြးစရာေလးရိွလို႔"
စကားစ ပ်ိဳးေနတံုးမွာပင္ ဦးညိုေမာင္ကျဖတ္ေျပာလာသည္။အဆံုးမရိွေသာစကားေပမဲ့ အဆံုးသတ္ကို အဓိပၸာယ္ေကာက္လို႔ရသည္မို႔ ဦးညိုဝင္းလည္း ထရပ္ကာ
"ဟုတ္သားပဲ မေတြ့ရတာၾကာၿပီကို၊ ေျပာၾကေျပာၾက။ သမီးလာ။ အေဖတို႔အေပၚတက္ၾကမယ္"

ပန္းဦးလည္းဘုမသိဘမသိပါသြားရရွာသည္။
"ဘာသံၾကားၾကား ဆင္းမလာနဲ႔"
သူတို႔သားအဖ ေလွကားေျခရင္းေရာက္ခါနီးမွာပဲ ဦးညိုေမာင္၏အသံကို ေအးစက္စြာၾကားလိုက္ရေလသည္။ငယ္ကတည္းက အစ္ကိုလက္ေအာက္တြင္ေနခဲ့ရသူမို႔ ဦးညိုဝင္းလည္း ခပ္ဆိတ္ဆိတ္သာေန၍ အိမ္ေပၚထပ္သို႔တက္သြားေလသည္။

ဦးညိုေမာင္သည္ အခါးရည္ၾကမ္းကို ငွဲ႔ကာ ေနြဦးေမာင္ရိွရာသို႔တိုးေပးလိုက္သည္။
ေနြဦးေမာင္သည္လည္း မ်က္စိေရ႔ွေရာက္လာေသာ ခြက္ကိုျမင္မွ ဦးညိုေမာင္အား အၾကၫ့္ခ်င္း ဆံုလိုက္သည္။
"ေနေကာင္းတယ္ေနာ္အေဖ။"

ဦးညိုေမာင္၏တင္းတင္းေစ့ထားေသာ ႏႈတ္ခမ္းတြင္ ေပၚေနေသာခပ္ေရးေရးအႃပံုးက အရာအားလံုးကို ေအာင္ျမင္ေနသူလို၊ အရာအားလံုးကို သိမ္းပိုက္ႏိုင္သူလို၊ တျခားလူေတြအား စိတ္ခန္းယားေစမၫ့္ မထီမဲ့ျမင္အႃပံုးမ်ိဳး။

"သားဖႏွစ္ေယာက္စကားေျပာႏွင့္ၾက။ ေမေမ လက္ဖက္သုပ္ေပးမယ္"

ေဒၚရင္ရင္လတ္က စိတ္မခ်ေပမဲ့လည္း ႀကိဳတိုင္ပင္ထားသၫ့္ႏွယ္ မီးဖိုေခ်ာင္ထဲသို႔ သုတ္သီးသုတ္ပ်ာဝင္သြား၏။
ေနြဦးေမာင္သည္လည္း ေခလွသူေတာ့မဟုတ္ရာ
ဘယ္ယုန္ျမင္လို႔ ဘယ္ႃခံုထြင္ေနမွန္းလည္းသိေလၿပီ။သို႔ေသာ္ညား မိမိအလြန္မျဖစ္ဖို႔ရန္ ခပ္ဆိတ္ဆိတ္သာေန၏။

"အေဖေရ႔ွမွာ ပန္းပန္ထားတာ သင့္ေတာ္တယ္လား။"

ေနြဦးေမာင္သည္ နားရြက္ဖ်ားကို လက္ျဖင့္စမ္းမိလိုက္သည္။လက္ျပန္ရုတ္လာခ်ိန္တြင္ ပန္းပြင့္ေတာ့မပါလာေခ်။

"ဒါဆို ဘယ္လိုမ်ိဳးကသင့္ေတာ္လဲဟင္။"

ဦးညိုေမာင္သည္ အခါးရည္ကို ေမာ့ေသာက္လိုက္ကာ
"ထင္တာထက္ ပိုဆိုးေနတာပဲ။ ေက်ာက္ျပင္နဲ႔ ထဘီ ဝယ္ေပးဖို႔ပဲက်န္တာထင္တယ္။ မရွက္ဘူးလား။ ေနြဦးေမာင္။ အေျခာက္နဲ႔ေနၿပီး။ အေျခာက္စိတ္ေတြကူးလာတာပဲ။ ဘယ္ေလာက္ပဲလြတ္ထားေပးတယ္ေျပာေျပာ။ အေျခာက္နဲ႔ ျဖစ္ရေလာက္ေအာင္ မင္းအသိဉာဏ္ေတြက ေခြးစားသြားသလား။ ဒါနဲ႔မ်ား ဒီလိုစိတ္နဲ႔ေက်ာင္းဆရာျဖစ္ခ်င္ေသးတယ္ေပါ့။"

"ခြင့္မျပဳဘူးဆိုတာသိပါတယ္။ အဲ့တာေၾကာင့္ ခြင့္ေတာင္းဖို႔လည္းအစီစဉ္မရိွပါဘူး။ၿပီးေတာ့ အေဖလူမွားေနတယ္ ။"

ဦးညိုေမာင္ကဟက္ခနဲရယ္သည္။
"ရွင္းစမ္းပါဦး"

"ကၽြန္ေတာ္ကမွ အေျခာက္။ အေဖ ကၽြန္ေတာ့္ကို အဲ့လိုေျပာလို႔ရတယ္။ အေျခာက္။ အေျခာက္မ။
မိန္းမလ်ာလား။ ဘယ္လိုထပ္ေျပာခ်င္ေသးလဲ။ အေဖ့သားကိုပဲ အေဖေျပာ။ သူ႔ကိုေတာ့ အဲ့လိုမေျပာနဲ႔။ သူက အေဖလက္လြတ္စပယ္ သံုးႏႈန္းလို႔ရတဲ့လူလို႔ထင္ေနတာလား"

အခွောကျလို့ပွောခံရတာကို မနာပမေဲ့ တမငျတကာနှိမျခပြွောတာမြိုးကို သူလကျမခံ။
ေနြဦးေမာင္၏ေလသံသည္သိသိသာသာပင္က်ယ္ေလာင္သြားသည္။ဦးညိုေမာင္၏အႃပံုးကလည္း ေပ်ာက္ကြယ္လို႔သြားသည္။ၿပီးေနာက္ ရူးႏွမ္းစြာ ရယ္ေမာေလသည္။

"အစြယ္ေတာင္မေပါက္ေသးတဲ့က်ားကမ်ားငါ့ကို... ေနြဦးေမာင္။ ငါကမင္းကိုေမြးထားတဲ့အေဖပါကြ။ လက္ညိုးတစ္ခ်က္ေကြးရံုနဲ႔ မင္းရဲ့ ဘာမဟုတ္တဲ့ဟာေလးကို ေဖ်ာက္ပစ္လိုက္လို႔ရတယ္။ သေဘာေပါက္လား။"

ေနြဦးေမာင္သည္ လည္း မ်က္ခံုးကိုပင့္ကာ သူ႔ဖခင္အား ရယ္ျပလိုက္သည္။

"ဒါေပါ့။ ပဲြရံုဗန္းျပ ေမွာင္ခိုဆရာႀကီးက ဒီေလာက္ေတာ့ပမႊားေပါ့။ဒီလိုစကားကိုမေျပာရင္ အေဖဘယ္ဟုတ္ပါ့မလဲ။ ကၽြန္ေတာ္ကေရာ ဒါေတြကို မျပင္ဆင္ထားဘူးထင္ေနတာလား အေဖ။"

ဦးညိုေမာင္သည္ မွန္းရခက္သၫ့္ မွင္ေသေသမ်က္ႏွာျဖင့္ သူ႔ကိုၾကၫ့္လာသည္။
"ဒါလုပ္ရင္ ဒါျဖစ္မယ္ဆိုတာကို စဉ္းစားတတ္တဲ့ကၽြန္ေတာ့္အရြယ္က အစြယ္ေပါက္ၿပီးသား အေဖ့လိုက်ားေတာ့ ျဖစ္လာမွာမဟုတ္ဘူး။ ေတာင္ပံစံုတဲ့ သိမ္းငွက္လိုမ်ိဳးေပါ့။အရာအားလံုးကို အေပၚစီးကေနၾကၫ့္ေနတာေလ။"

ေနြဦးေမာင္သည္ လက္ျဖင့္ပင္ ပံုပမာျပလိုက္ေသးသည္။

"ေနြဦးေမာင္..."

"အေဖ... ကၽြန္ေတာ္ ဘယ္တုန်းကမွ အေဖ့တို႔ဆီမွာ မေပ်ာ္ခဲ့ဘူး။ အဲ့တာကိုေကာ အေဖသိလား။ကၽြန္ေတာ္မႏၲေလးကေန ဒီကိုေျပာင္းလာတာ။ ကၽြန္ေတာ္ အေဖနဲ႔ေတြ့ဖို႔ မႀကိဳးစားတာ။ ဒါေတြကိုေတာင္အေဖနားမလည္ဘူးလား။"

"ဒီေလာက္ ဥစၥာပစၥည္းျပၫ့္ဝေနတာေတာင္ မင္းက ဒီလိုေလသံထြက္လာေသးတယ္ေပါ့။ ေမြးရက်ိဳးနပ္လိုက္တာကြာ!"

"အေဖက အၾကၫ့္မွမခံဖူးတာ။"

"ဘာ!"

"ေက်ာင္းမွာ ဒီေကာင့္အေဖက ဒီလိုႀကီးပါဆိုတဲ့အၾကၫ့္မ်ိဳးေလ။ တခ်ိဳ႕အေမေတြက သူတို႔သားေတြကို ဘယ္လိုမွာလဲသိလား။ ေနြဦးေမာင္နဲ႔ မေပါင္းနဲ႔တဲ့။ သူ႔အေဖက လူဆိုးတဲ့ "

ဦးညိုေမာင္က မ်က္ႏွာလႊဲကာ
"မဆိုင္တဲ့ေခါင္းစဉ္နဲ႔လမ္းလႊဲသြားတာပဲ။ ေခါင္းမေရွာင္နဲ႔ ေနြဦးေမာင္။ ေစာနရီဆိုတဲ့ေကာင္ကို ငါတစ္ခုခုမလုပ္ခင္ အျမန္ျဖတ္လိုက္"

"ကၽြန္ေတာ္ေနထိုင္လာတဲ့ သက္တမ္းတစ္ေလ်ွာက္မွာ အေဖ့ကို ဒီအလုပ္ေတြမလုပ္ဖို႔ ေျပာဖူးတာတစ္ခါပဲရိွတယ္။ မွတ္မိလား။ အေဖ့လိုပါပဲ။ ကၽြန္ေတာ္က နာခံတတ္တဲ့ေကာင္မဟုတ္ဘူး။
ကၽြန္ေတာ္ေရြးတဲ့လမ္းက ဘယ္သူ႔မ်က္ရည္ကိုမွခ်နင္းထားတာမဟုတ္လို႔၊ လိပ္ျပာလည္းလံုတယ္။ တစ္ခုရိွေသးတယ္။ အေဖ့ဘက္က ေျခတစ္လွမ္းက ကၽြန္ေတာ္ ႀကိဳလွမ္းထားတဲ့ ေျခဆယ္လွမ္းနဲ႔ညီတာမို႔။ ကၽြန္ေတာ့္လူကို ထိဖို႔ စိတ္ကူးနဲ႔ေတာင္မ​ေတြးပါနဲ႔။"

ဦးညိုေမာင္သည္ ေဒါသမီးေတာက္ေလာင္လ်က္ရိွေပမဲ့ သူ႔သား၏စကားမ်ားက ၿမွားတစ္စင္းလို တၫ့္မတ္ေနသည္ကိုလည္း သူသေဘာေပါက္သည္။

ေနြဦးေမာင္သည္ေျပာစရာမရိွေတာ့သၫ့္ႏွယ္ ေနရာမွထထြက္ခ်ိန္တြင္ ဧၫ့္ခန္းေပါက္ဝ၌ လက္ဖက္သုပ္ပန္းကန္ကိုကိုင္ကာ မ်က္ရည္ရႊဲလဲျဖင့္ ရပ္ေန​ေသာ မိခင္ျဖစ္သူကိုျမင္လိုက္ရသည္။ သူကိုယ္တိုင္လည္း ဝမ္းနည္းသြားရသည္။ ဘဝမွာ မသတီဆံုးအရာေတြကို သူ႔ဖခင္က ေရ႔ွေဆာင္လမ္းျပလုပ္ခဲ့သည္။ သည္မိသားစုကေနရုန္းထြက္ဖို႔ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ေပမဲ့ မိခင္ကိုေတာ့ သူခ်စ္သည္။ သည္အမႈကိစၥေတြမွာမပါသၫ့္ မိခင္ကိုလည္း သူသနားသည္။
မိသားစုပိုင္ပဲြရံုကို လင္ေယာက်ာ္းလက္ အပ္ခဲ့ေသာ္ညား ထိုပဲြရံုက အစကနဦးကတည္းက အခြံသက္သက္သာ။ ေနာက္ကြယ္မွာ ေဖာင္းပြေနေသာအရာမ်ားသည္ တရားမဝင္လုပ္ငန္းမ်ားသာရိွသည္။
သူ ေမေမ့အၾကၫ့္ေတြကိုလႊဲကာထြက္ရန္ျပင္ေတာ့ ေမေမကသူ႔လက္ကို ဆဲြလာေလသည္။

"သားေမာင္ရယ္။ေသခ်ာစဉ္းစားပါဦး။ သားကိုၾကၫ့္လာမဲ့ပတ္ဝန္းက်င္ကအၾကၫ့္ေတြကို သားဘယ္လိုလုပ္မလဲ။ အဲ့သၫ့္ အေျခာက္..."

ေမေမ့ဆီကအေျခာက္ဆိုသၫ့္စကားကို တစ္စြန္းတစ္စၾကားလိုက္ရခ်ိန္တြင္ ေနြဦးေမာင္၏စိတ္မ်ားသည္ ကဆုန္ေပါက္ေျပးတတ္သၫ့္ ျမင္းတစ္ေကာင္ႏွယ္ လြတ္ထြက္သြားေတာ့သည္။

"ဒါဆို အေဖ့လို လူနဲ႔ယူတုန်းက ပတ္ဝန္းက်င္က အၾကၫ့္ေတြကို ေမေမ ဘယ္လိုမ်ားျဖတ္ေက်ာ္ခဲ့လဲ"

"ဟင္..."

"ေနြဦးေမာင္!"

လက္ဖက္သုပ္ပန္းကန္သည္ ေအာက္ျပဳတ္က်သြားသလို၊ ေနြဦးေမာင္၏နဖူးစပ္နားသို႔ ထိမွန္လာသၫ့္အခါးရည္ ပန္းကန္လံုးသည္လည္း ၾကမ္းျပင္သို႔ ထပ္ဆင့္က်သြားေလသည္။

ေဒၚရင္ရင္လတ္သည္လည္း ျပဴးျပဴးျပာျပာျဖစ္သြားရသည္။ ဦးညိုေမာင္ပစ္လိုက္ေသာလက္ဆေၾကာင့္ ေနြဦးေမာင္၏နဖူးစပ္မွေသြးမ်ားဟာလည္း နားထင္တေစ်လ်ွာက္စီးက်လာေတာ့သည္။
"မင္းသိပ္တရားလြန္ေနၿပီ။ ေနြဦးေမာင္"

ေဒၚရင္ရင္လတ္ကေတာ့ ေသြးမ်ားျမင္ၿပီးေနာက္ ထိတ္လန႔္သြားကာ

"ကိုညိုေမာင္။ ရွင္ ကၽြန္မသားကို ဘယ္လိုေတာင္လုပ္လိုက္တာလဲ။ လက္မပါရဘူးလို႔ ေျပာထားတယ္ေလ !!"
"အမေလး အေမ့သားေလး"

ေနြဦးေမာင္သည္ စပ္ဖ်ဉ္းဖ်ဉ္းနာက်င္မႈကိုခံစားရေသာ္ညား ထိုနာက်င္မႈသည္ ယခုခံစားေနရေသာ ခံစားခ်က္မ်ားႏွင့္မယွဉ္သာေပ။ သူဘယ္တံုးကမွ ဤကဲ့သို႔ေသာ အႏိုင္ႏွင့္ပိုင္းၿပီးေျပာရမၫ့္စကားမ်ိဳးကို မေျပာခ်င္ခဲ့ပါ။ သူလည္းပင္ပန္းရသည္။ အံႀကိတ္ထားရင္းႏွင့္က်လာသၫ့္ မ်က္ရည္စမ်ားကို မိခင္ျဖစ္သူထပ္မျမင္ေစဖို႔ရန္ ဆဲြထားသၫ့္လက္ကို ဥပကၡာျပဳလိုက္မိေတာ့သည္။

°°°°°°

" ေနြဦးေမာင္။ ေမေမလတ္ကိုေတာ့ နင္အဲ့လိုမေျပာသင့္ဘူးဟယ္။ သူ႔ဘက္ကၾကၫ့္ရင္လည္း နင္နားလည္သင့္တယ္။ ငါလည္း ဦးေလးက အဲ့လိုေတြလုပ္တဲ့သူမွန္း အေစာကတည္းကရိပ္မိပါတယ္။"

ပန္းဦးေမက နဖူးစပ္ကဒဏ္ရာကို ေဆးထၫ့္ေပးရင္း ကရုဏာေဒါသျဖင့္ဆိုသည္။

"နရီက အစ္ကို႔ဘဝထဲကိုဝင္လာၿပီးသားလူတစ္ေယာက္ပဲ ပန္းဦး။ သူ အစ္ကို႔ကိုလိုအပ္တဲ့အထိ အစ္ကိုသူ႔နားရိွေနဦးမွာပဲ။ သူကလည္း အစ္ကို႔ကိုလိုအပ္သလို၊ အစ္ကိုလည္းသူ႔ကိုလိုအပ္တယ္"

"ဒါဆို ေမေမလတ္ကို ဘယ္လိုလုပ္မွာလဲ"

"ဒီႏွစ္စာေမးပဲြၿပီးရင္ ေမေမ့ကိုေသခ်ာေျပာဖို႔စီစဉ္ၿပီးသားပါ၊ ဒါေပမဲ့ေမေမကပါ ဘယ္လိုလုပ္ၿပီး ဒီလို အေျခာက္ဆိုတဲ့စကားမ်ိဳးကိုေျပာထြက္တာလဲ။ ေမေမက အဲ့လို အေတြးမ်ိဳးရိွတတ္တဲ့လူမွမဟုတ္တာ"

ပန္းဦးေမသည္ေတြေဝသြားရသည္။
ေနြဦးေမာင္ႏွင့္ေစာနရီအေျခအေနသည္ လူအမ်ားသိလ်ွင္ေတာင္ သူငယ္ခ်င္းဟုပင္ ရိုးရိုးသားသားေတြးၾကမၫ့္အေျခအေန။ ၾကားထဲမွာ ခေလာက္ဆန္ေနသၫ့္လူမ်ားရိွေနၿပီလား။

"ပန္းဦး အစ္ကိုေခါင္းသြားေလ်ွာ္ဦးမယ္။ ဆံပင္ကိုေရ႔ွခ်လိုက္ရင္ေတာ့ အနာကိုဖံုးသြားမယ္မလား။ မနက္ျဖန္ သူနဲ႔ေတြ့ရင္ ဒါကိုျမင္ၿပီး ဝမ္းနည္းသြားလိမ့္ဦးမယ္"

ပန္းဦးေမသည္ သက္ျပင္းခ်ကာ
"အင္း အနာကို ေရမထိေအာင္ေတာ့ ဂရုစိုက္။ ၿပီးရင္ နရီ့ကိုလည္း နင္ပြင့္လင္းဖို႔လိုတယ္ေနာ္"

"အင္း သိပါတယ္"

ေနြဦးေမာင္ေရခ်ိဳးခန္းထဲဝင္သြားေတာ့ ပန္းဦးေမသည္လည္း အခန္းထဲကထြက္ဖို႔ျပင္ေတာ့သည္။ ေဆးလိမ္းစဉ္က ဖယ္ထားမိသၫ့္ပန္းပြင့္ကို ခုတင္ေပၚတြင္ျမင္မိေတာ့ ထိတ္ခနဲျဖစ္သြားရေသးသည္။

ကံ့ေကာ္ပြင့္တြင္ ေနြဦးေမာင္၏ေသြးမ်ားစြန္းေနေလသည္။ပန္းဦးေမသည္ ကံ့ေကာ္ပြင့္ကိုယူလိုက္သည္။ ဒီလိုနမိတ္မေကာင္းတာမ်ိဳးကို ေနြဦးေမာင္ျမင္လ်ွင္ပိုဆိုးသြားလိမ့္ဦးမယ္။
ဆရာဝန္တစ္ေယာက္ျဖစ္လာမၫ့္ သူက ေသြးနဲ႔ပတ္သက္ၿပီး အထအနေကာက္တတ္သူမဟုတ္ေပမဲ့လည္း သူ႔စိတ္ထဲထင့္ေနမိသည္။မနက္ျဖန္မနက္ေတာ့ ဘုရားမွာ ကံ့ေကာ္ပန္းလႉဦးမည္။

°°°°°
13.8.2021

စာေရးသူ၏အမွာစာ

လြန္းနဲ႔မဂၢအေၾကာင္းက ေနာက္ ႏွစ္ပိုင္းေလာက္မွလာမွာပါ။
Update ေနာက္က်လို႔ ေသြ့ပုခ်ိ❤️

Continue Reading

You'll Also Like

10.6M 714K 67
punishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။
2.5M 247K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
747K 8.1K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
405K 10.1K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...