နောက်ဆုတ်လို့မရ.....
ဘဂျမ်းမျက်နှာကို လင်းသန့်ကြည် ပြုံးကြည့်နေမိတယ်။
လက်ကလေးကလဲ တရွရွနဲ့ ပြေးလွှား တို့ထိရင်းပေါ့။
"မောင်တို့လေ....စကားတွေ အများကြီးပြောဖို့လိုတယ်....သိလား.....ငယ်ထွေး...နောက်ကျနေပြီဆိုတော့.... အိမ်ပေါ်ပြန်တက်တော့....မောင် လိုက်ပို့မယ်....မနက်ဖန် ဆေးရုံသွားရမယ်လေ"
"ဒီညလေ.....ဒီည....မအိပ်ချင်ဘူး"
"ဘာလို့လဲ.....မအိပ်ရင် မနက်ဖန်အလုပ် ဘယ်လိုလုပ်မှာလဲ....မောင့်ငယ်ထွေးလေးရဲ့"
"ဟင့်....အင်း.....ဒီတိုင်းပဲ ထိုင်နေမယ်.....ဒီလိုလေးပဲ ထိုင်နေချင်တယ်"
ပြောရင်း....ရင်ခွင်ထဲတိုးဝင်လာတဲ့ ကိုယ်လုံးအိအိလေး
သူ့ပုခုံးလေးကို ဖက်ကာထားရင်း ခေါင်းလေးကို ခိုးပြီးနမ်းနေမိသည်။ ရင်ခွင်ထဲမှာ ငြိမ်နေတယ်။
ခဏနေတော့ ဘဂျမ်းရင်ဘတ်တွေကို သူ့မျက်နှာလေးနဲ့ လိုက်ပြီးပွတ်သတ်နေတယ်။
ရင်ဘတ်တွေကို တရှုံ့ရှုံ့လုပ်ပြီးတော့ ခါးလေးကိုဆန့်လာပြီး ဘဂျမ်းလည်တိုင်ကို ကပ်လာတယ်။
သူ့နဖူးအိအိလေးနဲ့ ပွတ်လိုက်....ဘဂျမ်းကို ကြည့်လိုက်နဲ့.....ကစားတယ်။
တစ်ချက် တစ်ချက် နှာဖျားလေးနဲ့ တိုးပြီးထိတယ်။
ရှေ့ကိုတိုးလာပြီဆို ကော့လာတဲ့ သူ့ခါးလေး....
ခါးကိုရစ်ပတ်ထားတဲ့ ဘဂျမ်း လက်တွေက လင်းသန့်ကြည်ရဲ့ ကျောပေါ်ရောက်လာလိုက်.....ခါးလေးပေါ်ပြန်ရောက်သွားလိုက်....
"အ ဟင့်....."
အသံလေးထွက်လာပုံကိုကြည့်....
"မယားတတ်ဘူးဆို"
"အရင်က မယားတတ်ဘူး...."
"ခုက....ဘာလုပ်မိလို့လဲ....မောင်လက်တွေကိုငြိမ်ပြီးထားတာပဲ....ငယ်ထွေး လှုပ်နေလို့လေ....ဟုတ်ဘူးလား"
"ဘာ....လို့.....အဲ့လောက်တတ်တာလဲ"
"အဲ့ဒါပဲ စဥ်းစားရခက်နေတာလေ....မောင် ဘာဖြစ်လို့များ....အဲ့လောက်ဖြစ်ပျက်သွားရတာလဲ"
"အရမ်းလည်တာပဲကွာ....မပြောတတ်တော့ဘူး"
တကယ်ပဲ ရှက်လာတာရော....သူ့လက်တွေရဲ့အထိအတွေ့ကြောင့်ရော....လင်းသန့်ကြည် သူ့ရင်ခွင်ထဲဝင်ပြီး ငြိမ်နေရပြန်တယ်။
အသက်ရှုသံမှန်မှန်နဲ့ နိမ့်လိုက် မြင့်လိုက်သူ့ရင်ဘတ်ကို ခိုးနမ်းရင်းပေါ့။
သူ့အိပ်ယာခေါင်းရင်းက ဖွင့်ထားတဲ့ ပြတင်းပေါက်သေးသေးလေးကနေ လေနုအေးလေးတွေ ဝင်လာတယ်။
ဒါပေမဲ့ ပူလွန်းတဲ့ခန္ဓာကိုယ်မှာ ချွေးစတွေနဲ့....
ပူးကပ်နေတဲ့ခန္ဓာနှစ်ခုက ပိုပြီးပူလာစေတယ်။
သူက စားပွဲလေးပေါ်က ယပ်တောင်လေးကိုဆွဲယူပြီး သူ့ရင်ခွင်ထဲက လင်းသန့်ကြည်ကိုခတ်ပေးတယ်။
"ရတယ်....မခတ်ပေးနဲ့....လေဝင်နေတာကို"
"ငယ်ထွေး နဖူးမှာ ချွေးစတွေနဲ့လေ....ခဏလေး....မောင်သုတ်ပေးမယ်....ဟိုမှာ....မောင့်ပဝါရှိတယ်....ယူပေးမယ်"
"ဟင့်အင်း....ရပါတယ်ဆို"
ရင်ခွင်ထဲကို ပိုတိုးဝင်ရင်း တိုးတိတိပြောသည်။
"ငယ်ထွေးက လိမ္မာရဲ့သားနဲ့"
"မလိမ္မာပါဘူး"
ပြောလို့ကိုမရ.....ဘဂျမ်းရင်ခွင်ထဲ တောက်တဲ့ကပ်သလိုကပ်နေတယ်....ခါးကိုလဲသိုင်းဖက်ထားတာကျစ်လို့.....
ဒါလား....ဒေါက်တာလင်းသန့်ကြည်
ပြောမရတော့လဲ....ဘဂျမ်းက တစ်မျိုးကြံရပြန်သည်။
မွေ့ယာပေါ်မှာထိုင်ရင်း ရင်ခွင်ထဲကို ဝင်နေတာလေ...
ဘဂျမ်းက ခုထိကြမ်းပြင်ပေါ်မှာပဲထိုင်နေသေးတာ။
မွေ့ယာပေါ်မှာထိုင်နေတဲ့ သူ့အောက်ပိုင်းကို ပွေ့ပြီး ဘဂျမ်းပေါင်ပေါ်ဆွဲတင်လိုက်သည်။
သူ့တစ်ကိုယ်လုံး ခုမှ ဘဂျမ်းကိုယ်ပေါ်ရောက်လာတာ။
ရင်ခွင်ထဲက....နုအိထွေးလေးကို သိုင်းဖက်ရင်း.....ဖင်ရွှေ့ ဖင်ရွှေ့နဲ့ အဝတ်ထည့်တဲ့ပုံးရှိရာသွားသည်။
ရင်ခွင်ထဲ ငုံ့ကြည့်တော့ ပြုံးစိစိနဲ့....
လူကိုစီးပြီး....ကလေးလိုပျော်နေသေးတယ်ပေါ့လေ။
ပုံးကိုဖွင့်တော့ လိုက်ကြည့်နေသေးသည်။
"အသစ်ပေးမလို့လား....မျက်နှာသုတ်ပဝါရော"
"ဟိုတန်းပေါ်မှာလေ....မျက်နှာသုတ်ပဝါက....လျှော်ရသေးဘူးလေ...ငယ်ထွေးရဲ့...အသစ်နဲ့သုတ်ပေးမယ်လေ"
"ဟင့်အင်း.....ဟိုဟာယူပေး...အဟောင်းနဲ့ပဲသုတ်ပေး"
"ဆိုး...လိုက်....တာ"
"အင်း....ဆိုးချင်လာတယ်.....သိလား.....ဘာလို့ဆိုးချင်လာတာပါလိမ့်"
"မောင် ဘယ်သိပါ့မလဲ ငယ်ထွေးရယ်.....မောင်က...ငယ်ထွေးကြောင့် ရူးသွားပြီဟာကို.....ဘယ်လိုသိပါ့မလဲ.....ဒါပေမဲ့....ငယ်ထွေး ဆိုးပါ.....ကြိုက်သလောက်....ဆိုး....ရတယ်...နော်"
သဘောကျသွားသလို ကျေနပ်သွားသလို ရုပ်လေးက ပြုံးနေတော့တာ....
အသည်းယားလို့ နှာဖျားလေးကို ကိုက်လိုက်ချင်တယ်။
ငယ်ထွေးရယ်.... နာရီပိုင်းလေးပဲရှိပါသေးတယ်....
မောင်....ငယ်ထွေးကို ရင်ခွဲပြတာ နာရီပိုင်းပဲရှိပါသေးတယ်။
မောင်ကလေ....ငယ်ထွေးအသားကို နာကျင်အောင်မလုပ်မိချင်ပါဘူး။
"ယူ ပေး လို့"
"ထပြီးယူမှ ရမှာလေ....ငယ်ထွေး မထပေးရင် ....မောင် ဘယ်လိုယူပေးမလဲ"
"သိ....ဘူး....ခုဏလိုပဲ သွားပေါ့"
"အင်း.....ဒါဆိုလဲ ဖက်ထား"
ဘဂျမ်းခါးကိုကျစ်နေအောင်ဖက်ရင်း ရင်ခွင်ထဲမှာ မျက်နှာကိုအပ်ထားသည်။
ရုတ်တရက် ဘဂျမ်းက မတ်တပ်ထရပ်လိုက်သည်။
လန့်ပြီး....မျက်လုံးလေးပြူးကာကြည့်ရင်း....
"မောင်....အိုးးးးးမောင်"
တကယ်လန့်သွားတာ....လင်းသန့်ကြည်ရဲ့ ခါးကိုကိုင်ရင်းထရပ်လိုက်တော့ ဘဂျမ်းမတ်တပ်ရပ်လိုက်တာနဲ့ လင်းသန့်ကြည်က ဘဂျမ်းကို ခွထားရက်သားဖြစ်သွားတော့သည်။
ရုတ်တရက်....လင်းသန့်ကြည်နှုတ်က ထွက်သွားတဲ့ ခေါ်သံလေး.....
ဘဂျမ်း....ပြုံးသည်။
ပြုံးရာမှ.....ရယ်သည်။
ထိန်းမရတော့အောင် ရယ်သည်။
"အဟင့်.....လူကို....လူကို....လုပ်ချင်တိုင်းလုပ်ပြီးရယ်နေတယ်.....ဘာရယ်တာလဲ....ဘာရယ်တာလဲ....အဟင့်....အဟင့်....အဟင့်"
ရှက်လွန်းလို့ မတတ်နိုင်တော့....လင်းသန့်ကြည် ငိုချလိုက်မိတော့သည်။
သူ့ပုခုံးစွန်းကိုလဲ ကိုက်ချလိုက်သည်။
အသံမထွက်ဘဲ ကြိတ်ခံနေသည်။
ထပ်ကိုက်သည်။
ပုခုံးကို ကိုက်ပြီးအားရတော့မှ.....
ဘဂျမ်း မျက်နှာကိုဆွဲမော့်ကာ....လည်ပင်းကို ကိုက်သည်။
ဒါ.....ဘဂျမ်းသမာဓိကို စမ်းနေတာ။
ငယ်ထွေးကတော့လေ....
ခပ်မြန်မြန်ပင် တန်းပေါ်လွှားတင်ထားတဲ့ ပဝါကို ဘဂျမ်းဆွဲယူသည်။
ပြီးတာနဲ့ အိပ်ယာဆီသို့ လျှောက်လာကာ.....လင်းသန့်ကြည်ကို အိပ်ယာပေါ်တင်လိုက်သည်။
စဥ်းစားကြနော်....
သူ ချီထားတဲ့လူကို....အိပ်ယာပေါ်ချတော့ ဘယ်လိုပုံစံဖြစ်သွားမလဲ။
လင်းသန့်ကြည် ပက်လက်လေးဖြစ်သွားသည်။
သူ့အပေါ်က အုပ်မိုးပြီးကြည့်နေတဲ့ ဘဂျမ်းကို ကြည်လဲ့နေတဲ့ မျက်ဝန်းလေးနဲ့ပြန်ကြည့်နေသည်။
လက်ကလေးက သူကိုက်လိုက်လို့ အကွင်းလိုက်နီနေတဲ့ ဘဂျမ်းလည်ပင်းကို ပွတ်သပ်ပေးနေသေးတာ....
"ငယ်...ထွေး....လေး"
"အင်း....."
"မောင်...နာသွားပြီ"
"ဖြေး ဖြေး ပဲ ကိုက်တာကို...အဟင့်"
နက်မှောင်နေတဲ့ ဘဂျမ်းမျက်ဝန်းတွေရဲ့ ရီဝေစူးရှတဲ့အကြည့်ကြောင့်....ကြံရာမရဖြစ်သွားပြီး ငိုလက်စကို ဆက်ငိုတယ်။
"မောင်.....နာ....သွား...ပြီ....လို့"
"အဟင့်....အဟင့်....ဉုံဖွ....အဟင့်"
ငိုတော့လဲမျက်ရည်က တကယ်ထွက်တာနော်။
ဘဂျမ်းက....သူ့အပေါ်ကနေ လူချင်းခွာပြီး...ပဝါစနဲ့နဖူးက ချွေးစလေးတွေကိုသုတ်ပေးတယ်။
ပြီးတော့.....လည်ပင်းမှာ တလဲ့လဲ့နဲ့ရှိနေတဲ့ ချွေးစလေးတွေကို သုတ်ပေးတယ်။
ပြီးတော့....ပါးပေါ်စီးကျနေတဲ့ မျက်ရည်စလေးတွေ...
ဘဂျမ်းလုပ်သမျှကိုအောက်ကနေပြီး လိုက်ကြည့်နေတယ်။
"အငိုသန်တာလား....ငယ်ထွေးက....ဟင်"
"မသန်ပါဘူး"
"ဒါဆို....ဘာလို့ ငို"
"မောင်....မောင်....စလို့လေ...."
"ဘယ်သူ့ကို မောင်က စ မိလို့လဲ"
"ငယ့်ကိုလေ....မောင်...စိတ်တိုင်းကျ စ နေတာပဲကို"
"ဟုတ်လို့လား"
"ဟုတ်တယ်...ဟုတ်တယ်....ဟုတ်တယ်လေ"
"မောင်က အတည်လေ...မောင်...ငယ်ထွေးကို စ နေတာ မှမဟုတ်တာ....မောင်က အတည်ပါ ငယ်ထွေးရယ်....ငယ်ထွေးသာ စိတ်ပြောင်းပြီး မောင့်ကို စ တာပါဆိုရင်လေ...မောင်....သေမှာ"
"ဟင့်အင်း.....ဟင့်အင်း....အဲ့လိုမပြောပါနဲ့...ငယ်လဲ အတည်ပါ...ငယ်လဲ အတည်ပါ မောင်ရဲ့"
ရင်ခွင်ထဲကို တိုးဝင်လာပြန်သည်။
"ငယ်ထွေးလေး"
"အင်"
အင်းလို့ထူးတာမဟုတ်ဘူး....အင် လို့ထူးသံထွက်သွားတာ....အတင်းဖျစ်ညှစ်ထားတဲ့ မောင့်ကြောင့်လေ...
အသံက လေသိပ်မဆက်နိုင်ဘူး....ဖြစ်နေပုံက...
"မောင်တို့လေ....စကားတွေ အများကြီး ပြောကြရမယ်နော်"
"ဘယ်တူနဲ့လဲ"
ဒါလဲအဖျစ်အညှစ်ခံထားရလို့ ထွက်လာတဲ့မပီမသ အသံပါပဲ....
"မောင်နဲ့ ငယ်ထွေးနဲ့ပေါ့"
ရင်ခွင်ထဲကနေ ခေါင်းလေးကို ညိမ့်ပြသည်။
မျက်နှာကို မော့်ကြည့်လိုက်....ပြန်တိုးဝင်သွားလိုက်...
တစ်ခါ ပြန်မော့်ကြည့်လိုက်....ရီဝေနက်ရှိုင်းတဲ့အကြည့်တွေကြောင့်ရှက်ပြီး ခေါင်းလေးကိုပုကာ ရင်ခွင်ထဲ ပြန်တိုးဝင်လိုက်....အလုပ်များနေတော့သည်။
"အိပ် ရ တော့ မယ်...ငယ်ထွေး"
"ပြန်ရတော့မှာလား"
"အင်း....မောင်လိုက်ပို့မယ်...ထ"
မထသေးဘူး....ရီဝေဝေနဲ့ကြည့်နေဆဲ....
"မောင်ကလေ....ငယ်ထွေးပင်ပန်းတာကို မမြင်ရက်ဘူး....ငယ်ထွေးပင်ပန်းမှာစိုးလို့ မောင် မျိုသိပ်ခဲ့ရတာပဲ အရမ်းကြာခဲ့ပြီ....မောင့်စကား ငယ်ထွေး နားမထောင်ရင်လေ....ငယ်ထွေးလေးပင်ပန်းလိမ့်မယ်....ငယ်ထွေးပင်ပန်းရင်....မောင်က သေမှာပေါ့"
"မောင်....မောင်...တကယ်ပဲ ငယ့်ကို... အဲ့လောက်ထိ.... လား"
"ပိုတောင်ပိုသေးတယ်...မောင်က ပြောမပြတတ်လို့"
ဒီတစ်ခါတော့ လင်းသန့်ကြည် ရယ်တဲ့အလှည့်...
"အဟင်း...အဟိ...အဟိ...မောင် တကယ် ပြောမပြတတ်ဘူးပေါ့လေ...အဟင်းဟင်း...."
လင်းသန့်ကြည်ကို ခါးေထာက်ကြည့်ရင်း....
"စကားကပြောတတ်တယ်လေ.....မောင့် ရင်ထဲက ငယ်ထွေးအပေါ်ထားတဲ့ ခံစားချက်ကိုပြောမပြတတ်တာကိုပြောတာလေ"
"အင်းပါ....အဟင်း...အဟင်း....မောင်တကယ် ပြောမပြတတ်ရှာပါဘူး....အဟင်း..."
.
.
.
"ကုန်းပိုးပြီးဆင်းပေးရမလား"
"တော်ပါ...မောင်ရယ်...ရပါပြီ"
ဖြေးဖြေးခြင်းဆင်းလာရသည်။
အိမ်တံခါးကိုလဲ ဖြေးဖြေးဖွင့်ရသည်။
တံခါးဖွင့်ပြီး....ခြေကို ဖွဖွနင်းကာ အိမ်ထဲဝင်ရသည်။
"မောင်လဲ အိပ်တော့...နော်"
မျက်စိကိုစုံမှိတ်ပြီး....ခေါင်းကိုညိမ့်ပြသည်။
လင်းသန့်ကြည် ဝင်သွားတာတစ်ဆုံးလိုက်ကြည့်ပြီးမှ...ဘဂျမ်းထပ်ခိုးလေးပေါ်ပြန်တက်ခဲ့သည်။
ဒီည အိပ်စရာလိုလို့လား။
ဘဂျမ်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ညလေးကို အိပ်ပစ်လိုက်ရမလား။
ငယ်ထွေးလေး ကျောခင်းသွားတဲ့အိပ်ယာပေါ် လက်နဲ့ဖွဖွတို့ထိမိသည်။
ဘဂျမ်းခေါင်းအုံးပေါ်မှာ ကျန်နေရစ်တဲ့ ငယ်ထွေးသုံးနေကျ ရှန်ပူနံ့လေး...
ငယ်ထွေးထိတွေ့ခဲ့တဲ့အရာတွေကို ဖွဖွနမ်းရင်းပဲ ညကိုဖြတ်ကျော်ရသည်။
လည်ပင်းက ကိုက်ရာလေးကိုလဲ ဖွဖွ ပွတ်သပ်မိရင်း....
မောင်.....ရူးသွားပြီ...သိလား....ငယ်ထွေးလေးရေလို့ပဲ အကြိမ်ကြိမ်ပြောနေမိသည်။
.
.
.
.
.
.
ဆက်ရန်......
Zawgyi
ေနာက္ဆုတ္လို႔မရ.....
ဘဂ်မ္းမ်က္ႏွာကို လင္းသန့္ၾကည္ ၿပဳံးၾကည့္ေနမိတယ္။
လက္ကေလးကလဲ တ႐ြ႐ြနဲ႕ ေျပးလႊား တို႔ထိရင္းေပါ့။
"ေမာင္တို႔ေလ....စကားေတြ အမ်ားႀကီးေျပာဖို႔လိုတယ္....သိလား.....ငယ္ေထြး...ေနာက္က်ေနၿပီဆိုေတာ့.... အိမ္ေပၚျပန္တက္ေတာ့....ေမာင္ လိုက္ပို႔မယ္....မနက္ဖန္ ေဆး႐ုံသြားရမယ္ေလ"
"ဒီညေလ.....ဒီည....မအိပ္ခ်င္ဘူး"
"ဘာလို႔လဲ.....မအိပ္ရင္ မနက္ဖန္အလုပ္ ဘယ္လိုလုပ္မွာလဲ....ေမာင့္ငယ္ေထြးေလးရဲ႕"
"ဟင့္....အင္း.....ဒီတိုင္းပဲ ထိုင္ေနမယ္.....ဒီလိုေလးပဲ ထိုင္ေနခ်င္တယ္"
ေျပာရင္း....ရင္ခြင္ထဲတိုးဝင္လာတဲ့ ကိုယ္လုံးအိအိေလး
သူ႕ပုခုံးေလးကို ဖက္ကာထားရင္း ေခါင္းေလးကို ခိုးၿပီးနမ္းေနမိသည္။ ရင္ခြင္ထဲမွာ ၿငိမ္ေနတယ္။
ခဏေနေတာ့ ဘဂ်မ္းရင္ဘတ္ေတြကို သူ႕မ်က္ႏွာေလးနဲ႕ လိုက္ၿပီးပြတ္သတ္ေနတယ္။
ရင္ဘတ္ေတြကို တရႈံ႕ရႈံ႕လုပ္ၿပီးေတာ့ ခါးေလးကိုဆန့္လာၿပီး ဘဂ်မ္းလည္တိုင္ကို ကပ္လာတယ္။
သူ႕နဖူးအိအိေလးနဲ႕ ပြတ္လိုက္....ဘဂ်မ္းကို ၾကည့္လိုက္နဲ႕.....ကစားတယ္။
တစ္ခ်က္ တစ္ခ်က္ ႏွာဖ်ားေလးနဲ႕ တိုးၿပီးထိတယ္။
ေရွ႕ကိုတိုးလာၿပီဆို ေကာ့လာတဲ့ သူ႕ခါးေလး....
ခါးကိုရစ္ပတ္ထားတဲ့ ဘဂ်မ္း လက္ေတြက လင္းသန့္ၾကည္ရဲ႕ ေက်ာေပၚေရာက္လာလိုက္.....ခါးေလးေပၚျပန္ေရာက္သြားလိုက္....
"အ ဟင့္....."
အသံေလးထြက္လာပုံကိုၾကည့္....
"မယားတတ္ဘူးဆို"
"အရင္က မယားတတ္ဘူး...."
"ခုက....ဘာလုပ္မိလို႔လဲ....ေမာင္လက္ေတြကိုၿငိမ္ၿပီးထားတာပဲ....ငယ္ေထြး လႈပ္ေနလို႔ေလ....ဟုတ္ဘူးလား"
"ဘာ....လို႔.....အဲ့ေလာက္တတ္တာလဲ"
"အဲ့ဒါပဲ စဥ္းစားရခက္ေနတာေလ....ေမာင္ ဘာျဖစ္လို႔မ်ား....အဲ့ေလာက္ျဖစ္ပ်က္သြားရတာလဲ"
"အရမ္းလည္တာပဲကြာ....မေျပာတတ္ေတာ့ဘူး"
တကယ္ပဲ ရွက္လာတာေရာ....သူ႕လက္ေတြရဲ႕အထိအေတြ႕ေၾကာင့္ေရာ....လင္းသန့္ၾကည္ သူ႕ရင္ခြင္ထဲဝင္ၿပီး ၿငိမ္ေနရျပန္တယ္။
အသက္ရႈသံမွန္မွန္နဲ႕ နိမ့္လိုက္ ျမင့္လိုက္သူ႕ရင္ဘတ္ကို ခိုးနမ္းရင္းေပါ့။
သူ႕အိပ္ယာေခါင္းရင္းက ဖြင့္ထားတဲ့ ျပတင္းေပါက္ေသးေသးေလးကေန ေလႏုေအးေလးေတြ ဝင္လာတယ္။
ဒါေပမဲ့ ပူလြန္းတဲ့ခႏၶာကိုယ္မွာ ေခြၽးစေတြနဲ႕....
ပူးကပ္ေနတဲ့ခႏၶာႏွစ္ခုက ပိုၿပီးပူလာေစတယ္။
သူက စားပြဲေလးေပၚက ယပ္ေတာင္ေလးကိုဆြဲယူၿပီး သူ႕ရင္ခြင္ထဲက လင္းသန့္ၾကည္ကိုခတ္ေပးတယ္။
"ရတယ္....မခတ္ေပးနဲ႕....ေလဝင္ေနတာကို"
"ငယ္ေထြး နဖူးမွာ ေခြၽးစေတြနဲ႕ေလ....ခဏေလး....ေမာင္သုတ္ေပးမယ္....ဟိုမွာ....ေမာင့္ပဝါရွိတယ္....ယူေပးမယ္"
"ဟင့္အင္း....ရပါတယ္ဆို"
ရင္ခြင္ထဲကို ပိုတိုးဝင္ရင္း တိုးတိတိေျပာသည္။
"ငယ္ေထြးက လိမၼာရဲ႕သားနဲ႕"
"မလိမၼာပါဘူး"
ေျပာလို႔ကိုမရ.....ဘဂ်မ္းရင္ခြင္ထဲ ေတာက္တဲ့ကပ္သလိုကပ္ေနတယ္....ခါးကိုလဲသိုင္းဖက္ထားတာက်စ္လို႔.....
ဒါလား....ေဒါက္တာလင္းသန့္ၾကည္
ေျပာမရေတာ့လဲ....ဘဂ်မ္းက တစ္မ်ိဳးႀကံရျပန္သည္။
ေမြ႕ယာေပၚမွာထိုင္ရင္း ရင္ခြင္ထဲကို ဝင္ေနတာေလ...
ဘဂ်မ္းက ခုထိၾကမ္းျပင္ေပၚမွာပဲထိုင္ေနေသးတာ။
ေမြ႕ယာေပၚမွာထိုင္ေနတဲ့ သူ႕ေအာက္ပိုင္းကို ေပြ႕ၿပီး ဘဂ်မ္းေပါင္ေပၚဆြဲတင္လိုက္သည္။
သူ႕တစ္ကိုယ္လုံး ခုမွ ဘဂ်မ္းကိုယ္ေပၚေရာက္လာတာ။
ရင္ခြင္ထဲက....ႏုအိေထြးေလးကို သိုင္းဖက္ရင္း.....ဖင္ေ႐ႊ႕ ဖင္ေ႐ႊ႕နဲ႕ အဝတ္ထည့္တဲ့ပုံးရွိရာသြားသည္။
ရင္ခြင္ထဲ ငုံ႕ၾကည့္ေတာ့ ၿပဳံးစိစိနဲ႕....
လူကိုစီးၿပီး....ကေလးလိုေပ်ာ္ေနေသးတယ္ေပါ့ေလ။
ပုံးကိုဖြင့္ေတာ့ လိုက္ၾကည့္ေနေသးသည္။
"အသစ္ေပးမလို႔လား....မ်က္ႏွာသုတ္ပဝါေရာ"
"ဟိုတန္းေပၚမွာေလ....မ်က္ႏွာသုတ္ပဝါက....ေလွ်ာ္ရေသးဘူးေလ...ငယ္ေထြးရဲ႕...အသစ္နဲ႕သုတ္ေပးမယ္ေလ"
"ဟင့္အင္း.....ဟိုဟာယူေပး...အေဟာင္းနဲ႕ပဲသုတ္ေပး"
"ဆိုး...လိုက္....တာ"
"အင္း....ဆိုးခ်င္လာတယ္.....သိလား.....ဘာလို႔ဆိုးခ်င္လာတာပါလိမ့္"
"ေမာင္ ဘယ္သိပါ့မလဲ ငယ္ေထြးရယ္.....ေမာင္က...ငယ္ေထြးေၾကာင့္ ႐ူးသြားၿပီဟာကို.....ဘယ္လိုသိပါ့မလဲ.....ဒါေပမဲ့....ငယ္ေထြး ဆိုးပါ.....ႀကိဳက္သေလာက္....ဆိုး....ရတယ္...ေနာ္"
သေဘာက်သြားသလို ေက်နပ္သြားသလို ႐ုပ္ေလးက ၿပဳံးေနေတာ့တာ....
အသည္းယားလို႔ ႏွာဖ်ားေလးကို ကိုက္လိုက္ခ်င္တယ္။
ငယ္ေထြးရယ္.... နာရီပိုင္းေလးပဲရွိပါေသးတယ္....
ေမာင္....ငယ္ေထြးကို ရင္ခြဲျပတာ နာရီပိုင္းပဲရွိပါေသးတယ္။
ေမာင္ကေလ....ငယ္ေထြးအသားကို နာက်င္ေအာင္မလုပ္မိခ်င္ပါဘူး။
"ယူ ေပး လို႔"
"ထၿပီးယူမွ ရမွာေလ....ငယ္ေထြး မထေပးရင္ ....ေမာင္ ဘယ္လိုယူေပးမလဲ"
"သိ....ဘူး....ခုဏလိုပဲ သြားေပါ့"
"အင္း.....ဒါဆိုလဲ ဖက္ထား"
ဘဂ်မ္းခါးကိုက်စ္ေနေအာင္ဖက္ရင္း ရင္ခြင္ထဲမွာ မ်က္ႏွာကိုအပ္ထားသည္။
႐ုတ္တရက္ ဘဂ်မ္းက မတ္တပ္ထရပ္လိုက္သည္။
လန့္ၿပီး....မ်က္လုံးေလးျပဴးကာၾကည့္ရင္း....
"ေမာင္....အိုးးးးးေမာင္"
တကယ္လန့္သြားတာ....လင္းသန့္ၾကည္ရဲ႕ ခါးကိုကိုင္ရင္းထရပ္လိုက္ေတာ့ ဘဂ်မ္းမတ္တပ္ရပ္လိုက္တာနဲ႕ လင္းသန့္ၾကည္က ဘဂ်မ္းကို ခြထားရက္သားျဖစ္သြားေတာ့သည္။
႐ုတ္တရက္....လင္းသန့္ၾကည္ႏႈတ္က ထြက္သြားတဲ့ ေခၚသံေလး.....
ဘဂ်မ္း....ၿပဳံးသည္။
ၿပဳံးရာမွ.....ရယ္သည္။
ထိန္းမရေတာ့ေအာင္ ရယ္သည္။
"အဟင့္.....လူကို....လူကို....လုပ္ခ်င္တိုင္းလုပ္ၿပီးရယ္ေနတယ္.....ဘာရယ္တာလဲ....ဘာရယ္တာလဲ....အဟင့္....အဟင့္....အဟင့္"
ရွက္လြန္းလို႔ မတတ္နိုင္ေတာ့....လင္းသန့္ၾကည္ ငိုခ်လိဳက္မိေတာ့သည္။
သူ႕ပုခုံးစြန္းကိုလဲ ကိုက္ခ်လိဳက္သည္။
အသံမထြက္ဘဲ ႀကိတ္ခံေနသည္။
ထပ္ကိုက္သည္။
ပုခုံးကို ကိုက္ၿပီးအားရေတာ့မွ.....
ဘဂ်မ္း မ်က္ႏွာကိုဆြဲေမာ့္ကာ....လည္ပင္းကို ကိုက္သည္။
ဒါ.....ဘဂ်မ္းသမာဓိကို စမ္းေနတာ။
ငယ္ေထြးကေတာ့ေလ....
ခပ္ျမန္ျမန္ပင္ တန္းေပၚလႊားတင္ထားတဲ့ ပဝါကို ဘဂ်မ္းဆြဲယူသည္။
ၿပီးတာနဲ႕ အိပ္ယာဆီသို႔ ေလွ်ာက္လာကာ.....လင္းသန့္ၾကည္ကို အိပ္ယာေပၚတင္လိုက္သည္။
စဥ္းစားၾကေနာ္....
သူ ခ်ီထားတဲ့လူကို....အိပ္ယာေပၚခ်ေတာ့ ဘယ္လိုပုံစံျဖစ္သြားမလဲ။
လင္းသန့္ၾကည္ ပက္လက္ေလးျဖစ္သြားသည္။
သူ႕အေပၚက အုပ္မိုးၿပီးၾကည့္ေနတဲ့ ဘဂ်မ္းကို ၾကည္လဲ့ေနတဲ့ မ်က္ဝန္းေလးနဲ႕ျပန္ၾကည့္ေနသည္။
လက္ကေလးက သူကိုက္လိုက္လို႔ အကြင္းလိုက္နီေနတဲ့ ဘဂ်မ္းလည္ပင္းကို ပြတ္သပ္ေပးေနေသးတာ....
"ငယ္...ေထြး....ေလး"
"အင္း....."
"ေမာင္...နာသြားၿပီ"
"ေျဖး ေျဖး ပဲ ကိုက္တာကို...အဟင့္"
နက္ေမွာင္ေနတဲ့ ဘဂ်မ္းမ်က္ဝန္းေတြရဲ႕ ရီေဝစူးရွတဲ့အၾကည့္ေၾကာင့္....ႀကံရာမရျဖစ္သြားၿပီး ငိုလက္စကို ဆက္ငိုတယ္။
"ေမာင္.....နာ....သြား...ၿပီ....လို႔"
"အဟင့္....အဟင့္....ၪုံဖြ....အဟင့္"
ငိုေတာ့လဲမ်က္ရည္က တကယ္ထြက္တာေနာ္။
ဘဂ်မ္းက....သူ႕အေပၚကေန လူခ်င္းခြာၿပီး...ပဝါစနဲ႕နဖူးက ေခြၽးစေလးေတြကိုသုတ္ေပးတယ္။
ၿပီးေတာ့.....လည္ပင္းမွာ တလဲ့လဲ့နဲ႕ရွိေနတဲ့ ေခြၽးစေလးေတြကို သုတ္ေပးတယ္။
ၿပီးေတာ့....ပါးေပၚစီးက်ေနတဲ့ မ်က္ရည္စေလးေတြ...
ဘဂ်မ္းလုပ္သမွ်ကိုေအာက္ကေနၿပီး လိုက္ၾကည့္ေနတယ္။
"အငိုသန္တာလား....ငယ္ေထြးက....ဟင္"
"မသန္ပါဘူး"
"ဒါဆို....ဘာလို႔ ငို"
"ေမာင္....ေမာင္....စလို႔ေလ...."
"ဘယ္သူ႕ကို ေမာင္က စ မိလို႔လဲ"
"ငယ့္ကိုေလ....ေမာင္...စိတ္တိုင္းက် စ ေနတာပဲကို"
"ဟုတ္လို႔လား"
"ဟုတ္တယ္...ဟုတ္တယ္....ဟုတ္တယ္ေလ"
"ေမာင္က အတည္ေလ...ေမာင္...ငယ္ေထြးကို စ ေနတာ မွမဟုတ္တာ....ေမာင္က အတည္ပါ ငယ္ေထြးရယ္....ငယ္ေထြးသာ စိတ္ေျပာင္းၿပီး ေမာင့္ကို စ တာပါဆိုရင္ေလ...ေမာင္....ေသမွာ"
"ဟင့္အင္း.....ဟင့္အင္း....အဲ့လိုမေျပာပါနဲ႕...ငယ္လဲ အတည္ပါ...ငယ္လဲ အတည္ပါ ေမာင္ရဲ႕"
ရင္ခြင္ထဲကို တိုးဝင္လာျပန္သည္။
"ငယ္ေထြးေလး"
"အင္"
အင္းလို႔ထူးတာမဟုတ္ဘူး....အင္ လို႔ထူးသံထြက္သြားတာ....အတင္းဖ်စ္ညွစ္ထားတဲ့ ေမာင့္ေၾကာင့္ေလ...
အသံက ေလသိပ္မဆက္နိုင္ဘူး....ျဖစ္ေနပုံက...
"ေမာင္တို႔ေလ....စကားေတြ အမ်ားႀကီး ေျပာၾကရမယ္ေနာ္"
"ဘယ္တူနဲ႕လဲ"
ဒါလဲအဖ်စ္အညွစ္ခံထားရလို႔ ထြက္လာတဲ့မပီမသ အသံပါပဲ....
"ေမာင္နဲ႕ ငယ္ေထြးနဲ႕ေပါ့"
ရင္ခြင္ထဲကေန ေခါင္းေလးကို ညိမ့္ျပသည္။
မ်က္ႏွာကို ေမာ့္ၾကည့္လိုက္....ျပန္တိုးဝင္သြားလိုက္...
တစ္ခါ ျပန္ေမာ့္ၾကည့္လိုက္....ရီေဝနက္ရွိုင္းတဲ့အၾကည့္ေတြေၾကာင့္ရွက္ၿပီး ေခါင္းေလးကိုပုကာ ရင္ခြင္ထဲ ျပန္တိုးဝင္လိုက္....အလုပ္မ်ားေနေတာ့သည္။
"အိပ္ ရ ေတာ့ မယ္...ငယ္ေထြး"
"ျပန္ရေတာ့မွာလား"
"အင္း....ေမာင္လိုက္ပို႔မယ္...ထ"
မထေသးဘူး....ရီေဝေဝနဲ႕ၾကည့္ေနဆဲ....
"ေမာင္ကေလ....ငယ္ေထြးပင္ပန္းတာကို မျမင္ရက္ဘူး....ငယ္ေထြးပင္ပန္းမွာစိုးလို႔ ေမာင္ မ်ိဳသိပ္ခဲ့ရတာပဲ အရမ္းၾကာခဲ့ၿပီ....ေမာင့္စကား ငယ္ေထြး နားမေထာင္ရင္ေလ....ငယ္ေထြးေလးပင္ပန္းလိမ့္မယ္....ငယ္ေထြးပင္ပန္းရင္....ေမာင္က ေသမွာေပါ့"
"ေမာင္....ေမာင္...တကယ္ပဲ ငယ့္ကို... အဲ့ေလာက္ထိ.... လား"
"ပိုေတာင္ပိုေသးတယ္...ေမာင္က ေျပာမျပတတ္လို႔"
ဒီတစ္ခါေတာ့ လင္းသန့္ၾကည္ ရယ္တဲ့အလွည့္...
"အဟင္း...အဟိ...အဟိ...ေမာင္ တကယ္ ေျပာမျပတတ္ဘူးေပါ့ေလ...အဟင္းဟင္း...."
လင္းသန့္ၾကည္ကို ခါးေထာက္ၾကည့္ရင္း....
"စကားကေျပာတတ္တယ္ေလ.....ေမာင့္ ရင္ထဲက ငယ္ေထြးအေပၚထားတဲ့ ခံစားခ်က္ကိုေျပာမျပတတ္တာကိုေျပာတာေလ"
"အင္းပါ....အဟင္း...အဟင္း....ေမာင္တကယ္ ေျပာမျပတတ္ရွာပါဘူး....အဟင္း..."
.
.
.
"ကုန္းပိုးၿပီးဆင္းေပးရမလား"
"ေတာ္ပါ...ေမာင္ရယ္...ရပါၿပီ"
ေျဖးေျဖးျခင္းဆင္းလာရသည္။
အိမ္တံခါးကိုလဲ ေျဖးေျဖးဖြင့္ရသည္။
တံခါးဖြင့္ၿပီး....ေျခကို ဖြဖြနင္းကာ အိမ္ထဲဝင္ရသည္။
"ေမာင္လဲ အိပ္ေတာ့...ေနာ္"
မ်က္စိကိုစုံမွိတ္ၿပီး....ေခါင္းကိုညိမ့္ျပသည္။
လင္းသန့္ၾကည္ ဝင္သြားတာတစ္ဆုံးလိုက္ၾကည့္ၿပီးမွ...ဘဂ်မ္းထပ္ခိုးေလးေပၚျပန္တက္ခဲ့သည္။
ဒီည အိပ္စရာလိုလို႔လား။
ဘဂ်မ္းအတြက္ တန္ဖိုးမျဖတ္နိုင္တဲ့ ညေလးကို အိပ္ပစ္လိုက္ရမလား။
ငယ္ေထြးေလး ေက်ာခင္းသြားတဲ့အိပ္ယာေပၚ လက္နဲ႕ဖြဖြတို႔ထိမိသည္။
ဘဂ်မ္းေခါင္းအုံးေပၚမွာ က်န္ေနရစ္တဲ့ ငယ္ေထြးသုံးေနက် ရွန္ပူနံ႕ေလး...
ငယ္ေထြးထိေတြ႕ခဲ့တဲ့အရာေတြကို ဖြဖြနမ္းရင္းပဲ ညကိုျဖတ္ေက်ာ္ရသည္။
လည္ပင္းက ကိုက္ရာေလးကိုလဲ ဖြဖြ ပြတ္သပ္မိရင္း....
ေမာင္.....႐ူးသြားၿပီ...သိလား....ငယ္ေထြးေလးေရလို႔ပဲ အႀကိမ္ႀကိမ္ေျပာေနမိသည္။
.
.
.
.
.
.
ဆက္ရန္......