မိုးကောင်းကင်နှင့်ကမ္ဘာမြေ...

By SpringGenAerri

779K 71.4K 3.3K

မိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစ... More

part(1)
part(2)
part(3)
part(4)
part(5)
part(6)
part(7)
part(8)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
part(55)
part(56)
part(57)
part(58)
part(59)
part(60)
part(61)
part(62)
part(63)
part(64)
part (65)
part(66)
part(67)
part(68)
part(69)🍧🍧🍧
part(70)
part(71)ဇာတ်သိမ်းပိုင်း
မောင့်အကြောင်းလေးတွေ
ကြင်နာသူနဲ့ နေ့ရက်ပေါင်းများစွာ♥
အကြင်နာနှင့် နွေးထွေးသော အရိပ်
အကြင်နာ ဝေမျှခြင်း♥
ယနေ့မှစ နှစ်တစ်ရာတိုင်
နွေးထွေးစွာအေးမြလေသော အကြင်နာ♥

part(31)

10.4K 1K 66
By SpringGenAerri

လိုက်ခဲ့မလား......

ပါတီက မိသားစုတွေပဲ လုပ်ကြတာပါ။
အပြင်လူမရှိဘူး။
ပါပါးရဲ့ မိသားစု မောင်နှမတွေတော့ လာကြတယ်။
လူအယောက်နှစ်ဆယ်လောက်ပဲ စုပြီးစားကြ သောက်ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အမြဲမတွေ့ကြရလို့ထင်တယ်....စကားတွေပြောမကုန်ကြ။
ဘဂျမ်းက လိုတာလုပ်ကိုင်ပေးဖို့အသင့်ဆိုပေမဲ့....ခပ်လှမ်းလှမ်းမှာသာ။

လင်းသန့်ကြည်ကတော့ ကူပြီးဧည့်ခံပေးရတာပေါ့။
အားလုံး ရင်းနှီးပြီးသားလူတွေဆိုတော့လဲလေ....
မကြာ မကြာ ဘဂျမ်းကိုလဲ ကြည့်ရသေးသည်။
တစ်ယောက်ထဲ ခပ်လှမ်းလှမ်းကနေကြည့်နေတာ...လူများလာရင် ဘဂျမ်းက ရှောင်နေတတ်သည်။
လင်းသန့်ကြည်ကတော့ ဘဂျမ်းကို ဒီထက်ပိုပြီး လိုက်လျောညီထွေနေတတ်စေချင်သေးသည်။
ကိုယ်​တွေ​က စကားပြောရင်းစားနေတာဆိုတော့ ဗိုက်ထဲဝင်သင့်သလောက်ဝင်နေပြီ။
ဘဂျမ်း ညနေစာမစားရသေး။
ပြေးလိုက် လွှားလိုက် လုပ်ပေးနေတာလဲ သူပဲဟာကို....ဗိုက်ဆာနေတော့မည်။
အန်တီထားတို့လဲ စကားပြောနေကြတော့ သတိထားမိပုံမရ။
စိတ်မချသည့် လင်းသန့်ကြည်ကပဲ....မသိမသာထသွားပြီး ဘဂျမ်းနားကပ်ရသည်။

"ဘဂျမ်း.....တစ်ခုခုစားတော့လေ....ကိုးနာရီထိုးတော့မယ်"

"ရတယ်....ဆရာ.....ကျွန်တော်ပြီးမှ စားပါ့မယ်....လူကြီးတွေပြီးမှ...."

"အားလုံးစကားပြောရင်းစားနေတာပဲလေ....ဘဂျမ်းပဲကျန်တော့တာ...လာ..လိုက်ခဲ့"

မတတ်နိုင်ဘူး.....ကိုယ်ပဲစီမံပေးရတော့မှာ....ငြင်းတာကိုမကြိုက်ပါဘူးဆိုမှ....

ဘဂျမ်းလဲ သိသည်။
ဆရာက ငြင်းရင်စိတ်ဆိုးမယ်ဆိုတာ...ဒါကြောင့် သူ့နောက်ကနေ တိတ်တိတ်ဆိတ်ဆိတ်ပဲ လိုက်လာခဲ့တော့သည်။

"စားတော့"

ဟင်းတွေ ...ထမင်းတွေ အကုန်သူပဲထည့်ပေးသည်။
ထမင်းကနည်းနည်းလေး...ဟင်းတွေချည်းပဲ။

"ဟင်းတွေအများကြီးပဲ....ကျွန်တော်မစားတတ်ဘူး"

"မစားတတ်လဲစား...မရဘူး...ဒီနေ့ဟင်းပွဲတွေက မှာတာရော ချက်တာရော အများကြီးပဲကို....စား"

ပန်းကန်ထဲက ဟင်းတွေကိုကြည့်ပြီး ဘဂျမ်းစိတ်မသက်သာ။
ဒါပေမဲ့...ရှေ့မှာ ထမင်းစားပေါ်​လက်ကလေးထောက်ပြီးသူ မစားမချင်း ကြည့်နေတဲ့ မျက်နှာအကြည်ရောင်လေးကြောင့်...စားရတော့သည်။

"အရည်သောက်လဲ သောက်လေ"

လုပ်ပြန်ပြီ။

"ဟုတ်.....သောက်ပါ့မယ်"

သောက်မယ်လို့ပြောပြီးရင် သောက်ပြရသေးသည်။

"စား....များများ....အစားသိပ်မစားတာဘာကြောင့်လဲ...ဟင်....ဒီလူကောင်ကြီးနဲ့လေ....အစားများများစားနိုင်တယ်ထင်နေတာ....နေ့တိုင်း နေ့တိုင်းကြည့်နေတာကြာပြီ...ထမင်းဆိုလဲ တစ်ခါစားပဲထည့်သွားတယ်....ဒီအိမ်ထဲမှာ လာစားပါဆိုလဲ လာမစားဘူး....ထမင်းလိုတော့ ထပ်လာယူတာလဲမဟုတ်ဘဲနဲ့...အရင်ကလဲ အဲ့လိုအစားနည်းတာလား...ဘဂျမ်းက....ဟင်....ဟုတ်လား....ဒီရောက်မှအားနာနေလို့လား"

အစားစားနေလို့ ပါးစပ်မအားတဲ့ ဘဂျမ်းကို ရှေ့ကနေကြည့်ပြီး သူမေးချင်တာအကုန်မေးနေတော့သည်။
ဘဂျမ်းက ထမင်းစားရင်း သူ့မျက်နှာကို ပြန်ငေးနေရတယ်။ ရင်ထဲက တစ်စုံတစ်ရာကို ဘဂျမ်းမသိချင်ယောင်ဆောင်ရပြန်တယ်။ ဝါးပြီးမျိုသာချလိုက်ရတယ်....ထမင်းနဲ့ဟင်းကို အာရုံကမရောက်ဘူး။
တကယ်ဆို ဘဂျမ်းအတွက်...ဆရာရဲ့ အေးပြီးချိုတဲ့အသံနဲ့တင် ဗိုက်ပြည့်တယ်။
သူလေး...မသိဘူး။
ဘဂျမ်းက....အရမ်းထိန်းနေရတာကို....
တစ်ခါတစ်လေ....သူ့လိုပဲ သိချင်တာတွေအကုန်မေးပစ်ချင်တယ်။
ဖြစ်တည်မှုက ယောကျားလေးနှစ်ယောက်ဖြစ်နေလေတော့...ဘဂျမ်း....သူ့စိတ်ကိုသူလိမ်ညာနေရရှာတယ်။
ဘဂျမ်းသိတာ....ဆရာကို....ထိခိုက်တာမျိုးမရှိအောင်...နာကျင်တာမျိုးမရှိအောင်....စိတ်မညစ်အောင်....ဝမ်းမနည်းအောင်...သူကာကွယ်မယ်။ ဒါပဲ။

"ဆရာ"

"အင်း"

"ဝ ပြီ"

"ဟင်းတွေကျန်သေးတယ်....အကုန်စား"

"ဗိုက်က ပြည့်....."

"ကူစားပေးမယ်....တစ်လုတ် နှစ်လုတ်လောက်...."

ပြောရင်း ဘဂျမ်း ပန်းကန်ထဲကဟင်းကို ဇွန်းနဲ့ခပ်စားသည်။ ဘဂျမ်းက အားနာရပြန်သည်။

"စား....စားပြီးသားကြီးကို.... ဆရာရဲ့....ကျွန်တော်စားပြီးသားကြီးကို"

"အဲ့တော့...ဘာဖြစ်လဲ....ဘဂျမ်းကရွံလို့လား"

"ကျွန်တော်လား....ကျွန်တော်က မရွံပါဘူး...ဆရာ့ကို...အားနာလို့ပါ...ကျွန်တော်က ဆရာဝါးထားပြီးသားစားဆိုရင်တောင်ရတယ်....တကယ်"

"အဟွတ်...အဟွတ်....အဟွတ်"

လင်းသန့်ကြည်စားလက်စ သီးတော့သည်။
ကြည့်အုံး.....ကြည့်အုံး....ပြောပုံကိုကြည့်အုံး....

"ဟမ်....သီးပြီ...ရေ.....ရေ...ရေသောက်ရမယ်"

ရေခဲသေတ္တာဆီ ပြေးကာရေခပ်ပေးရင်း လင်းသန့်ကြည်ကိုရေတိုက်သည်။ သူ့လက်က လင်းသန့်ကြည်ရဲ့ကျောကို ပွတ်ပေးနေသေးတာ။

"နေသာရဲ့လား.....ဟင်....သက်သာလား...အစားစားရင်းသီးရင်...သေတတ်တယ်"

"ဟုတ်လား...အဟွတ်...ပြောပါအုံး"

"အခန့်မသင့်ရင် လေပြွန်မှာအစာပိတ်မိသွားရင်လေ....အသက်ရှုကျပ်တတ်တယ်...ဟုတ်တယ်နော်....ဟုတ်တယ်မှလား"

ပြောနေရင်း သူ့ကို ပြုံးစိစိကြည့်နေတဲ့ လင်းသန့်ကြည်ကြောင့် ဟုတ်တယ်မှလားတွေတောင်ဖြစ်ကုန်တော့သည်။
လင်းသန့်ကြည်က ဆရာဝန်လေ....မသိဘဲရှိပါ့မလား။

"ဒါဆို...နောက်တစ်ခါ...လူကို....လန့်အောင်မလုပ်နဲ့...ဘဂျမ်းကြောင့် ရင်ခုန်တာများပြီ"

ပြောလဲပြော....အပြင်ထွက်သွားတော့သည်။
အိမ်ရှေ့မှာလဲ အတော်လေး ကောင်းနေကြပြီ။
သီချင်းတွေ ဘာတွေတောင်ဆိုလို့....
မီးဖိုခန်းထဲက ဘဂျမ်းက လင်းသန့်ကြည်ကြောင့် မထနိုင် မထိုင်နိုင်ဖြစ်နေရှာသည်။
ကျွန်တော့်ကြောင့်.....ဘာဖြစ်တယ်လို့ပြောသွားတာများလဲဗျာ....

ဆရာ....အင်း....အကြည်ရောင်လေး....ငါ့ကို အမျိုးမျိုးပြုစားတယ်။
သူကပဲ ငါ့ကို အပြစ်တင်သွားသေးတယ်။
ငါကရော..သူ့ကြောင့် မသေရုံတမယ်ဖြစ်နေတာကို မသိဘူးလား။
ကြာရင် စိတ်ကထိန်းနိုင်ပါ့မလား ....ကျွန်တော် ထိန်းနိုင်ပါတော့မလား....အကြည်ရောင်လေးရယ်။
.
.
.
အားလုံးပြီးစီးလို့ သိမ်းကြ နှုတ်ဆက်ကြတော့ ဆယ်နာရီကျော်ပြီ။ ကိုယ်စီ ကိုယ်စီကားတွေပါလာကြတော့ ပြန်ကြတာပေါ့။ ကားမပါလာတဲ့သူကို ဘဂျမ်းက လိုက်ပို့ပေးရမှာ....
ဘဂျမ်းလိုက်ပို့ပေးရမဲ့သူတွေကို လိုက်ပို့ပြီးပြန်လာတော့....ဆယ့်တစ်နာရီကျော်ပြီ။
ခြံထဲကို ကားဝင်လိုက်တာနဲ့ ကားဂိုထောင်ရှေ့မှာ မတ်တပ်ရပ်ပြီး...ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက် လုပ်နေတဲ့... အကြည်ရောင်လေး...
ကားကိုဂိုထောင်ထဲ မထည့်အားသေးဘူး။ဂိုထောင်ရှေ့ရပ်ကာ အတင်းပြေးဆင်းရတယ်။
ခြင်တွေကိုက်နေတော့မှာပဲကွာ....

"အပြင်မှာ ဘာလုပ်နေတာလဲ...ဆရာ"

"ဘဂျမ်းကိုစောင့်နေတာ"

"ဘာလို့စောင့်တာလဲ....ကျွန်တော်ပြန်လာမှာပေါ့... ဆရာရယ်...ခြင်တွေကိုက်နေတော့မှာပဲ"

"အင်း....ကိုက်တယ်"

"ဒါဆို...ဘာလို့အပြင်ထွက်နေတာလဲဗျာ....စိတ်ပူရအောင်လုပ်တယ်"

"ကျွန်တော်လဲ ဘဂျမ်းကိုစိတ်ပူတယ်လေ"

ဘဂျမ်း လင်းသန့်ကြည်မျက်နှာကို သေသေချာချာကြည့်သည်။ လင်းသန့်ကြည်လဲ ဘဂျမ်းကို ပြန်ပြီးငေးကြည့်နေတာပေါ့။
တွန်းအားတစ်ခုခုက သူတို့နှစ်ယောက်လုံးဆီကို ဒီအကြည့်တွေကတစ်ဆင့် ဝင်ရောက်လာတယ်။
လင်းသန့်ကြည်ရဲ့ ရှေ့ကို ဘဂျမ်းခြေတစ်လှမ်းတိုးမိတယ်။
အရမ်းနီးကပ်သွားတာကြောင့် လင်းသန့်ကြည်က ဘဂျမ်းကို မော့်ကြည့်နေရတယ်။

အရည်ပျော်ကျလုလု နှလုံးသားအစုံဟာ တဒိန်းဒိန်းနဲ့ ဆူညံနေတယ်။
အပြင်ကို​ပေါက်ထွက်တော့မတတ်ခုန်နေတဲ့ နှလုံးကြောင့် ဘဂျမ်းရင်ဘတ်အစုံက နိမ့်​ချည်မြင့်ချည်နဲ့ အသက်ရှုတာတွေ မြန်လာတယ်။
ဘယ်လောက်ပဲ လေတွေကိုရှူသွင်းပေမဲ့ အသက်ရှုရတာမဝဘူး။
သူ့ရှေ့က သူ့ကို မော့်ကြည့်နေတဲ့မျက်ဝန်းရိပ်လေးထဲကို ခုန်ဆင်းမိတော့မယ်။
စိတ်တွေက ရိုင်းလာတာကြောင့်....ဘဂျမ်း တွေဝေစွာ လင်းသန့်ကြည်ကိုကြည့်တယ်။

လင်းသန့်ကြည်ကတော့.....ဘာမှ ဆက်မတွေးချင်ဘူး။
ပတ်ဝန်းကျင်တစ်ခုလုံး မမြင်ဘူး....ဘာသံမှလဲ မကြားတော့ဘူး။
သူ့ရှေ့ကိုတစ်လှမ်းတိုးလာတဲ့ ဘဂျမ်းကိုပဲ အရာရာပုံအပ်လိုက်မိတော့မှာကိုသိတယ်။
သူ့မျက်ဝန်းတွေကလေ.....နက်နေရောပဲ။
လူကို အရည်ပျော်ကျတော့မတတ်ကြည့်တာလဲ မခံနိုင်တော့ဘူး။ ဘဂျမ်းဆီကကိုယ်က အားလုံးရပြီးသား...အားလုံးပိုင်ပြီးသားလို့လဲထင်မှတ်မှားမိတယ်။
ဒါပေမဲ့....သူက....လင်းသန့်ကြည်ကို ဘာမှမပေးသေးဘူး။

ဘဂျမ်းဧည့်သည်တွေကိုလိုက်ပို့တဲ့အချိန်...အားလုံးနားကြတယ်။ ခြံသော့ခတ်ပြီး အိမ်ထဲမှာပဲထိုင်စောင့်ပါမယ်လို့ လူကြီးတွေကိုပြောခဲ့ပေမဲ့... တကယ်တမ်း...အိမ်ထဲမှာ ထိုင်မနေနိုင်ဘူး။
သူလာတာကို သူ့ဂိုထောင်ရှေ့က သွားစောင့်နေမိတယ်။
ပြန်ရောက်တာနဲ့....ကားကိုအတင်းထိုးရပ်ပြီး...ကိုယ့်ကိုပဲ စိတ်ပူနေတာ...ပြာယာခတ်နေတာမြင်ရတော့လေ....တကယ် ပြိုလဲချင်နေပြီ။
ဘဂျမ်းဆိုတဲ့ လူတစ်ယောက်အပေါ် ပြိုလဲချင်နေပြီ။

သက်ပြင်းကိုခပ်ဖွဖွချကာ....ဘဂျမ်းအကြည့်လွှဲသည်။
မော့်နေတဲ့ လင်းသန့်ကြည်မျက်နှာကို သူ့လက်ဖျားနဲ့ထိတယ်ဆိုရုံလေးထိပြီး....

"ကားကို သွင်းလိုက်အုံးမယ်...ခဏစောင့်"

လင်းသန့်ကြည် နံရံလေးဘေးကိုကပ်ပြီးရပ်စောင့်နေလိုက်သည်။
ကားကိုနေရာတကျထားပြီးတာနဲ့.....လင်းသန့်ကြည်အနားကိုပြန်လျော​က်လာပြီး....

"ခြင်ကိုက်တဲ့နေရာတွေ.... ဆေးလိမ်းပေးရမလား"

"ဘာ....ဆေး...လဲ"

"အဟွန်းးးးးထုံးပေါ့.....အော်....မှားလို့....စံပါယ်ဖြူပေါ့"

"ဘာကို စံပါယ်ဖြူလဲ"

"ညဘက်ရောက်ရင်တဲ့....ထုံးလို့မပြောရဘူးတဲ့....စပါယ်ဖြူလို့ပြောရတယ်တဲ့"

"ဒါကရော....ဘယ်ကကြားလာတာလဲ"

"ဟုတ်တယ်.....ရွာမှာဆို....အဲ့လိုပဲပြောကြတာလေ"

သိပ်ကိုပျော်ဝင်ချင်စရာကောင်းနေတော့တာပဲ ဘဂျမ်းရယ်။ နူးညံ့တဲ့အကြည့်တွေက မျက်ဝန်းနက်တွေထဲကနေ ဖြာထွက်နေတယ်။
သူ့အသံက အဝေးကြီးကလာတဲ့ အသံလို....လှိုက်နေတယ်။ တစ်လုံးချင်းတိုးတိုးလေးပြောနေတာ....
ထိုအကြည့်နဲ့အပြောက....လူကိုရပ်တည်ချက်မဲ့အောင်သိပ်လုပ်တယ်။

"ဓားထိတဲ့နေရာရော...နာသေးလား"

လင်းသန့်ကြည် လက်ကလေးထောင်ပြရင်း ခါပါပြလိုက်တယ်။သူက လင်းသန့်ကြည်ရဲ့ ပတ်တီးစည်းထားတဲ့ လက်ဖျားလေးကိုဆွဲယူပြီး...သူ့မေးဖျားနဲ့ထိတယ်။
မသိရင်...လင်းသန့်ကြည်ကပဲ သူ့မေးဖျားလှမ်းကိုင်ထားသလိုပဲ။

"အပေါ်ကို လိုက်ခဲ့မလား"
.
.
.
.
.
.
ဆက်ရန်.....

Zawgyi

လိုက္ခဲ့မလား......

ပါတီက မိသားစုေတြပဲ လုပ္ၾကတာပါ။
အျပင္လူမရွိဘူး။
ပါပါးရဲ႕ မိသားစု ေမာင္ႏွမေတြေတာ့ လာၾကတယ္။
လူအေယာက္ႏွစ္ဆယ္ေလာက္ပဲ စုၿပီးစားၾက ေသာက္ၾကေပမဲ့ တစ္ေယာက္နဲ႕တစ္ေယာက္ အၿမဲမေတြ႕ၾကရလို႔ထင္တယ္....စကားေတြေျပာမကုန္ၾက။
ဘဂ်မ္းက လိုတာလုပ္ကိုင္ေပးဖို႔အသင့္ဆိုေပမဲ့....ခပ္လွမ္းလွမ္းမွာသာ။

လင္းသန့္ၾကည္ကေတာ့ ကူၿပီးဧည့္ခံေပးရတာေပါ့။
အားလုံး ရင္းႏွီးၿပီးသားလူေတြဆိုေတာ့လဲေလ....
မၾကာ မၾကာ ဘဂ်မ္းကိုလဲ ၾကည့္ရေသးသည္။
တစ္ေယာက္ထဲ ခပ္လွမ္းလွမ္းကေနၾကည့္ေနတာ...လူမ်ားလာရင္ ဘဂ်မ္းက ေရွာင္ေနတတ္သည္။
လင္းသန့္ၾကည္ကေတာ့ ဘဂ်မ္းကို ဒီထက္ပိုၿပီး လိုက္ေလ်ာညီေထြေနတတ္ေစခ်င္ေသးသည္။
ကိုယ္​ေတြ​က စကားေျပာရင္းစားေနတာဆိုေတာ့ ဗိုက္ထဲဝင္သင့္သေလာက္ဝင္ေနၿပီ။
ဘဂ်မ္း ညေနစာမစားရေသး။
ေျပးလိုက္ လႊားလိုက္ လုပ္ေပးေနတာလဲ သူပဲဟာကို....ဗိုက္ဆာေနေတာ့မည္။
အန္တီထားတို႔လဲ စကားေျပာေနၾကေတာ့ သတိထားမိပုံမရ။
စိတ္မခ်သည့္ လင္းသန့္ၾကည္ကပဲ....မသိမသာထသြားၿပီး ဘဂ်မ္းနားကပ္ရသည္။

"ဘဂ်မ္း.....တစ္ခုခုစားေတာ့ေလ....ကိုးနာရီထိုးေတာ့မယ္"

"ရတယ္....ဆရာ.....ကြၽန္ေတာ္ၿပီးမွ စားပါ့မယ္....လူႀကီးေတြၿပီးမွ...."

"အားလုံးစကားေျပာရင္းစားေနတာပဲေလ....ဘဂ်မ္းပဲက်န္ေတာ့တာ...လာ..လိုက္ခဲ့"

မတတ္နိုင္ဘူး.....ကိုယ္ပဲစီမံေပးရေတာ့မွာ....ျငင္းတာကိုမႀကိဳက္ပါဘူးဆိုမွ....

ဘဂ်မ္းလဲ သိသည္။
ဆရာက ျငင္းရင္စိတ္ဆိုးမယ္ဆိုတာ...ဒါေၾကာင့္ သူ႕ေနာက္ကေန တိတ္တိတ္ဆိတ္ဆိတ္ပဲ လိုက္လာခဲ့ေတာ့သည္။

"စားေတာ့"

ဟင္းေတြ ...ထမင္းေတြ အကုန္သူပဲထည့္ေပးသည္။
ထမင္းကနည္းနည္းေလး...ဟင္းေတြခ်ည္းပဲ။

"ဟင္းေတြအမ်ားႀကီးပဲ....ကြၽန္ေတာ္မစားတတ္ဘူး"

"မစားတတ္လဲစား...မရဘူး...ဒီေန႕ဟင္းပြဲေတြက မွာတာေရာ ခ်က္တာေရာ အမ်ားႀကီးပဲကို....စား"

ပန္းကန္ထဲက ဟင္းေတြကိုၾကည့္ၿပီး ဘဂ်မ္းစိတ္မသက္သာ။
ဒါေပမဲ့...ေရွ႕မွာ ထမင္းစားေပၚ​လက္ကေလးေထာက္ၿပီးသူ မစားမခ်င္း ၾကည့္ေနတဲ့ မ်က္ႏွာအၾကည္ေရာင္ေလးေၾကာင့္...စားရေတာ့သည္။

"အရည္ေသာက္လဲ ေသာက္ေလ"

လုပ္ျပန္ၿပီ။

"ဟုတ္.....ေသာက္ပါ့မယ္"

ေသာက္မယ္လို႔ေျပာၿပီးရင္ ေသာက္ျပရေသးသည္။

"စား....မ်ားမ်ား....အစားသိပ္မစားတာဘာေၾကာင့္လဲ...ဟင္....ဒီလူေကာင္ႀကီးနဲ႕ေလ....အစားမ်ားမ်ားစားနိုင္တယ္ထင္ေနတာ....ေန႕တိုင္း ေန႕တိုင္းၾကည့္ေနတာၾကာၿပီ...ထမင္းဆိုလဲ တစ္ခါစားပဲထည့္သြားတယ္....ဒီအိမ္ထဲမွာ လာစားပါဆိုလဲ လာမစားဘူး....ထမင္းလိုေတာ့ ထပ္လာယူတာလဲမဟုတ္ဘဲနဲ႕...အရင္ကလဲ အဲ့လိုအစားနည္းတာလား...ဘဂ်မ္းက....ဟင္....ဟုတ္လား....ဒီေရာက္မွအားနာေနလို႔လား"

အစားစားေနလို႔ ပါးစပ္မအားတဲ့ ဘဂ်မ္းကို ေရွ႕ကေနၾကည့္ၿပီး သူေမးခ်င္တာအကုန္ေမးေနေတာ့သည္။
ဘဂ်မ္းက ထမင္းစားရင္း သူ႕မ်က္ႏွာကို ျပန္ေငးေနရတယ္။ ရင္ထဲက တစ္စုံတစ္ရာကို ဘဂ်မ္းမသိခ်င္ေယာင္ေဆာင္ရျပန္တယ္။ ဝါးၿပီးမ်ိဳသာခ်လိဳက္ရတယ္....ထမင္းနဲ႕ဟင္းကို အာ႐ုံကမေရာက္ဘူး။
တကယ္ဆို ဘဂ်မ္းအတြက္...ဆရာရဲ႕ ေအးၿပီးခ်ိဳတဲ့အသံနဲ႕တင္ ဗိုက္ျပည့္တယ္။
သူေလး...မသိဘူး။
ဘဂ်မ္းက....အရမ္းထိန္းေနရတာကို....
တစ္ခါတစ္ေလ....သူ႕လိုပဲ သိခ်င္တာေတြအကုန္ေမးပစ္ခ်င္တယ္။
ျဖစ္တည္မႈက ေယာက်ားေလးႏွစ္ေယာက္ျဖစ္ေနေလေတာ့...ဘဂ်မ္း....သူ႕စိတ္ကိုသူလိမ္ညာေနရရွာတယ္။
ဘဂ်မ္းသိတာ....ဆရာကို....ထိခိုက္တာမ်ိဳးမရွိေအာင္...နာက်င္တာမ်ိဳးမရွိေအာင္....စိတ္မညစ္ေအာင္....ဝမ္းမနည္းေအာင္...သူကာကြယ္မယ္။ ဒါပဲ။

"ဆရာ"

"အင္း"

"ဝ ၿပီ"

"ဟင္းေတြက်န္ေသးတယ္....အကုန္စား"

"ဗိုက္က ျပည့္....."

"ကူစားေပးမယ္....တစ္လုတ္ ႏွစ္လုတ္ေလာက္...."

ေျပာရင္း ဘဂ်မ္း ပန္းကန္ထဲကဟင္းကို ဇြန္းနဲ႕ခပ္စားသည္။ ဘဂ်မ္းက အားနာရျပန္သည္။

"စား....စားၿပီးသားႀကီးကို.... ဆရာရဲ႕....ကြၽန္ေတာ္စားၿပီးသားႀကီးကို"

"အဲ့ေတာ့...ဘာျဖစ္လဲ....ဘဂ်မ္းက႐ြံလို႔လား"

"ကြၽန္ေတာ္လား....ကြၽန္ေတာ္က မ႐ြံပါဘူး...ဆရာ့ကို...အားနာလို႔ပါ...ကြၽန္ေတာ္က ဆရာဝါးထားၿပီးသားစားဆိုရင္ေတာင္ရတယ္....တကယ္"

"အဟြတ္...အဟြတ္....အဟြတ္"

လင္းသန့္ၾကည္စားလက္စ သီးေတာ့သည္။
ၾကည့္အုံး.....ၾကည့္အုံး....ေျပာပုံကိုၾကည့္အုံး....

"ဟမ္....သီးၿပီ...ေရ.....ေရ...ေရေသာက္ရမယ္"

ေရခဲေသတၱာဆီ ေျပးကာေရခပ္ေပးရင္း လင္းသန့္ၾကည္ကိုေရတိုက္သည္။ သူ႕လက္က လင္းသန့္ၾကည္ရဲ႕ေက်ာကို ပြတ္ေပးေနေသးတာ။

"ေနသာရဲ႕လား.....ဟင္....သက္သာလား...အစားစားရင္းသီးရင္...ေသတတ္တယ္"

"ဟုတ္လား...အဟြတ္...ေျပာပါအုံး"

"အခန့္မသင့္ရင္ ေလႁပြန္မွာအစာပိတ္မိသြားရင္ေလ....အသက္ရႈက်ပ္တတ္တယ္...ဟုတ္တယ္ေနာ္....ဟုတ္တယ္မွလား"

ေျပာေနရင္း သူ႕ကို ၿပဳံးစိစိၾကည့္ေနတဲ့ လင္းသန့္ၾကည္ေၾကာင့္ ဟုတ္တယ္မွလားေတြေတာင္ျဖစ္ကုန္ေတာ့သည္။
လင္းသန့္ၾကည္က ဆရာဝန္ေလ....မသိဘဲရွိပါ့မလား။

"ဒါဆို...ေနာက္တစ္ခါ...လူကို....လန့္ေအာင္မလုပ္နဲ႕...ဘဂ်မ္းေၾကာင့္ ရင္ခုန္တာမ်ားၿပီ"

ေျပာလဲေျပာ....အျပင္ထြက္သြားေတာ့သည္။
အိမ္ေရွ႕မွာလဲ အေတာ္ေလး ေကာင္းေနၾကၿပီ။
သီခ်င္းေတြ ဘာေတြေတာင္ဆိုလို႔....
မီးဖိုခန္းထဲက ဘဂ်မ္းက လင္းသန့္ၾကည္ေၾကာင့္ မထနိုင္ မထိုင္နိုင္ျဖစ္ေနရွာသည္။
ကြၽန္ေတာ့္ေၾကာင့္.....ဘာျဖစ္တယ္လို႔ေျပာသြားတာမ်ားလဲဗ်ာ....

ဆရာ....အင္း....အၾကည္ေရာင္ေလး....ငါ့ကို အမ်ိဳးမ်ိဳးျပဳစားတယ္။
သူကပဲ ငါ့ကို အျပစ္တင္သြားေသးတယ္။
ငါကေရာ..သူ႕ေၾကာင့္ မေသ႐ုံတမယ္ျဖစ္ေနတာကို မသိဘူးလား။
ၾကာရင္ စိတ္ကထိန္းနိုင္ပါ့မလား ....ကြၽန္ေတာ္ ထိန္းနိုင္ပါေတာ့မလား....အၾကည္ေရာင္ေလးရယ္။
.
.
.
အားလုံးၿပီးစီးလို႔ သိမ္းၾက ႏႈတ္ဆက္ၾကေတာ့ ဆယ္နာရီေက်ာ္ၿပီ။ ကိုယ္စီ ကိုယ္စီကားေတြပါလာၾကေတာ့ ျပန္ၾကတာေပါ့။ ကားမပါလာတဲ့သူကို ဘဂ်မ္းက လိုက္ပို႔ေပးရမွာ....
ဘဂ်မ္းလိုက္ပို႔ေပးရမဲ့သူေတြကို လိုက္ပို႔ၿပီးျပန္လာေတာ့....ဆယ့္တစ္နာရီေက်ာ္ၿပီ။
ၿခံထဲကို ကားဝင္လိုက္တာနဲ႕ ကားဂိုေထာင္ေရွ႕မွာ မတ္တပ္ရပ္ၿပီး...ဟိုဘက္ေလွ်ာက္လိုက္ ဒီဘက္ေလွ်ာက္လိုက္ လုပ္ေနတဲ့... အၾကည္ေရာင္ေလး...
ကားကိုဂိုေထာင္ထဲ မထည့္အားေသးဘူး။ဂိုေထာင္ေရွ႕ရပ္ကာ အတင္းေျပးဆင္းရတယ္။
ျခင္ေတြကိုက္ေနေတာ့မွာပဲကြာ....

"အျပင္မွာ ဘာလုပ္ေနတာလဲ...ဆရာ"

"ဘဂ်မ္းကိုေစာင့္ေနတာ"

"ဘာလို႔ေစာင့္တာလဲ....ကြၽန္ေတာ္ျပန္လာမွာေပါ့... ဆရာရယ္...ျခင္ေတြကိုက္ေနေတာ့မွာပဲ"

"အင္း....ကိုက္တယ္"

"ဒါဆို...ဘာလို႔အျပင္ထြက္ေနတာလဲဗ်ာ....စိတ္ပူရေအာင္လုပ္တယ္"

"ကြၽန္ေတာ္လဲ ဘဂ်မ္းကိုစိတ္ပူတယ္ေလ"

ဘဂ်မ္း လင္းသန့္ၾကည္မ်က္ႏွာကို ေသေသခ်ာခ်ာၾကည့္သည္။ လင္းသန့္ၾကည္လဲ ဘဂ်မ္းကို ျပန္ၿပီးေငးၾကည့္ေနတာေပါ့။
တြန္းအားတစ္ခုခုက သူတို႔ႏွစ္ေယာက္လုံးဆီကို ဒီအၾကည့္ေတြကတစ္ဆင့္ ဝင္ေရာက္လာတယ္။
လင္းသန့္ၾကည္ရဲ႕ ေရွ႕ကို ဘဂ်မ္းေျခတစ္လွမ္းတိုးမိတယ္။
အရမ္းနီးကပ္သြားတာေၾကာင့္ လင္းသန့္ၾကည္က ဘဂ်မ္းကို ေမာ့္ၾကည့္ေနရတယ္။

အရည္ေပ်ာ္က်လဳလု ႏွလုံးသားအစုံဟာ တဒိန္းဒိန္းနဲ႕ ဆူညံေနတယ္။
အျပင္ကို​ေပါက္ထြက္ေတာ့မတတ္ခုန္ေနတဲ့ ႏွလုံးေၾကာင့္ ဘဂ်မ္းရင္ဘတ္အစုံက နိမ့္​ခ်ည္ျမင့္ခ်ည္နဲ႕ အသက္ရႈတာေတြ ျမန္လာတယ္။
ဘယ္ေလာက္ပဲ ေလေတြကိုရႉသြင္းေပမဲ့ အသက္ရႈရတာမဝဘူး။
သူ႕ေရွ႕က သူ႕ကို ေမာ့္ၾကည့္ေနတဲ့မ်က္ဝန္းရိပ္ေလးထဲကို ခုန္ဆင္းမိေတာ့မယ္။
စိတ္ေတြက ရိုင္းလာတာေၾကာင့္....ဘဂ်မ္း ေတြေဝစြာ လင္းသန့္ၾကည္ကိုၾကည့္တယ္။

လင္းသန့္ၾကည္ကေတာ့.....ဘာမွ ဆက္မေတြးခ်င္ဘူး။
ပတ္ဝန္းက်င္တစ္ခုလုံး မျမင္ဘူး....ဘာသံမွလဲ မၾကားေတာ့ဘူး။
သူ႕ေရွ႕ကိုတစ္လွမ္းတိုးလာတဲ့ ဘဂ်မ္းကိုပဲ အရာရာပုံအပ္လိုက္မိေတာ့မွာကိုသိတယ္။
သူ႕မ်က္ဝန္းေတြကေလ.....နက္ေနေရာပဲ။
လူကို အရည္ေပ်ာ္က်ေတာ့မတတ္ၾကည့္တာလဲ မခံနိုင္ေတာ့ဘူး။ ဘဂ်မ္းဆီကကိုယ္က အားလုံးရၿပီးသား...အားလုံးပိုင္ၿပီးသားလို႔လဲထင္မွတ္မွားမိတယ္။
ဒါေပမဲ့....သူက....လင္းသန့္ၾကည္ကို ဘာမွမေပးေသးဘူး။

ဘဂ်မ္းဧည့္သည္ေတြကိုလိုက္ပို႔တဲ့အခ်ိန္...အားလုံးနားၾကတယ္။ ၿခံေသာ့ခတ္ၿပီး အိမ္ထဲမွာပဲထိုင္ေစာင့္ပါမယ္လို႔ လူႀကီးေတြကိုေျပာခဲ့ေပမဲ့... တကယ္တမ္း...အိမ္ထဲမွာ ထိုင္မေနနိုင္ဘူး။
သူလာတာကို သူ႕ဂိုေထာင္ေရွ႕က သြားေစာင့္ေနမိတယ္။
ျပန္ေရာက္တာနဲ႕....ကားကိုအတင္းထိုးရပ္ၿပီး...ကိုယ့္ကိုပဲ စိတ္ပူေနတာ...ျပာယာခတ္ေနတာျမင္ရေတာ့ေလ....တကယ္ ၿပိဳလဲခ်င္ေနၿပီ။
ဘဂ်မ္းဆိုတဲ့ လူတစ္ေယာက္အေပၚ ၿပိဳလဲခ်င္ေနၿပီ။

သက္ျပင္းကိုခပ္ဖြဖြခ်ကာ....ဘဂ်မ္းအၾကည့္လႊဲသည္။
ေမာ့္ေနတဲ့ လင္းသန့္ၾကည္မ်က္ႏွာကို သူ႕လက္ဖ်ားနဲ႕ထိတယ္ဆို႐ုံေလးထိၿပီး....

"ကားကို သြင္းလိုက္အုံးမယ္...ခဏေစာင့္"

လင္းသန့္ၾကည္ နံရံေလးေဘးကိုကပ္ၿပီးရပ္ေစာင့္ေနလိုက္သည္။
ကားကိုေနရာတက်ထားၿပီးတာနဲ႕.....လင္းသန့္ၾကည္အနားကိုျပန္ေလ်ာ​က္လာၿပီး....

"ျခင္ကိုက္တဲ့ေနရာေတြ.... ေဆးလိမ္းေပးရမလား"

"ဘာ....ေဆး...လဲ"

"အဟြန္းးးးးထုံးေပါ့.....ေအာ္....မွားလို႔....စံပါယ္ျဖဴေပါ့"

"ဘာကို စံပါယ္ျဖဴလဲ"

"ညဘက္ေရာက္ရင္တဲ့....ထုံးလို႔မေျပာရဘူးတဲ့....စပါယ္ျဖဴလို႔ေျပာရတယ္တဲ့"

"ဒါကေရာ....ဘယ္ကၾကားလာတာလဲ"

"ဟုတ္တယ္.....႐ြာမွာဆို....အဲ့လိုပဲေျပာၾကတာေလ"

သိပ္ကိုေပ်ာ္ဝင္ခ်င္စရာေကာင္းေနေတာ့တာပဲ ဘဂ်မ္းရယ္။ ႏူးညံ့တဲ့အၾကည့္ေတြက မ်က္ဝန္းနက္ေတြထဲကေန ျဖာထြက္ေနတယ္။
သူ႕အသံက အေဝးႀကီးကလာတဲ့ အသံလို....လွိုက္ေနတယ္။ တစ္လုံးခ်င္းတိုးတိုးေလးေျပာေနတာ....
ထိုအၾကည့္နဲ႕အေျပာက....လူကိုရပ္တည္ခ်က္မဲ့ေအာင္သိပ္လုပ္တယ္။

"ဓားထိတဲ့ေနရာေရာ...နာေသးလား"

လင္းသန့္ၾကည္ လက္ကေလးေထာင္ျပရင္း ခါပါျပလိုက္တယ္။သူက လင္းသန့္ၾကည္ရဲ႕ ပတ္တီးစည္းထားတဲ့ လက္ဖ်ားေလးကိုဆြဲယူၿပီး...သူ႕ေမးဖ်ားနဲ႕ထိတယ္။
မသိရင္...လင္းသန့္ၾကည္ကပဲ သူ႕ေမးဖ်ားလွမ္းကိုင္ထားသလိုပဲ။

"အေပၚကို လိုက္ခဲ့မလား"
.
.
.
.
.
.
ဆက္ရန္.....

Continue Reading

You'll Also Like

3.3M 213K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
364K 57.1K 85
This story book presented by Zawgyi & UNICODE. Zawgyi မယုံမရွိနဲ႕ ... တိမ္တမံရဲ႕ က်ရႈံးျခင္းေတြက ခင္ဗ်ားကေန စတင္တယ္ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမ...
1.1M 47.5K 59
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...