အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လ...

By ZuriLeora

824K 134K 14.1K

I don't own this novel. I just translate. Fully credit to original author and eng translator(s). More

DESCRIPTION
CHAPTER 1 - Go to the wrong room, wrong bed
CHAPTER 2 - Meet the rival
CHAPTER 3 - Extraordinarily Jealous
CHAPTER 4 - Cheng Feng/ Ride The Wind
CHAPTER 5 - C fan anchor
CHAPTER 6 - I'll cover you
CHAPTER 7 - One more
CHAPTER 8 - Two more
CHAPTER 9 - Three Shifts
CHAPTER 10 - The Adulterer Sees Adultery
CHAPTER 11 - We can be friends
CHAPTER 12 - A dying appointment
CHAPTER 13 - Ambiguous
CHAPTER 14- It is okay to scold me, but not to scold my fans
CHAPTER 15 - Let's Play
CHAPTER 16 - Come up with ideas
CHAPTER 17 - Me and Inhibitor, You choose one kind
CHAPTER 18 - You are such a little liar
CHAPTER 19 - Don't tempt me
CHAPTER 20 - Temporary
CHAPTER 21 - Is it okay to watch cartoons?
CHAPTER 22 - Xia Feng (Summer wind)
CHAPTER 23 - Bai Yueguang is back.
CHAPTER 24 - Dinner for three people
CHAPTER 25 - Shen Li kisses your face, I'll kiss your mouth
CHAPTER 26 - Velvet cake
CHAPTER 27 - It's my pleasure
CHAPTER 28 - The feeling of home
CHAPTER 29 - You Are Not Worthy
CHAPTER 30 - Don't be impulsive!
CHAPTER 31 - Like it?
CHAPTER 32 - He knows it all!
CHAPTER 33 - Animal world
CHAPTER 34 - Don't follow me
CHAPTER 35 - Don't you like me?
CHAPTER 36 - Who the hell is stupid?
CHAPTER 37 - You are pregnant!
CHAPTER 38 - You look a lot like when I was young
CHAPTER 39 - Baby, I'm a rascal
CHAPTER 40 - Because of you
CHAPTER 41 - Love Hotel
CHAPTER 42 - He is behaved
CHAPTER 43 - Improper Male-Male relationship
CHAPTER 44 - Torn Up
CHAPTER 45 - Not allow to refuse
CHAPTER 46 - Become a boyfriend
CHAPTER 47 - I like you so much
CHAPTER 48 - This is too fast
CHAPTER 49 - Do it well
CHAPTER 50 - You will regret this!
CHAPTER 51 - That's stupid
CHAPTER 52 - Your Eyes
CHAPTER 53 - He, my wife
CHAPTER 54 - Public execution
CHAPTER 55 - The dove occupies the magpie nest
CHAPTER 57 - This is the cub of our Shen Family
CHAPTER 58 - He will be the target of every love song of mine
CHAPTER 59 - Rational and Irrational
CHAPTER 60 - Introduce me, my man
CHAPTER 61 - Life is too short
CHAPTER 62 - I am going to be a father
CHAPTER 63 - Meet in-laws
CHAPTER 64 - Face to face
CHAPTER 65 - I like you too
CHAPTER 66 - Owe to clean up
CHAPTER 67 - Annual Drama
CHAPTER 68 - Take care
CHAPTER 69 - Shura Field
CHAPTER 70 - I want you to see me.
CHAPTER 71 - Don't Cry
CHAPTER 72 - See my parents
CHAPTER 73 - Marry me
CHAPTER 74 - The ugly wife also sees her in-laws

CHAPTER 56 - Run thousands of miles at night

9.2K 1.7K 199
By ZuriLeora

Unicode

တစ်စုံတစ်ယောက်ကိုသဘောကျတယ်လို့မင်းဘယ်လိုများပြောနိုင်ရတာလဲ?

ရှန်းလီကအဲ့ဒီစကားလုံးနှစ်လုံး(ရှီဟွမ်း)ကိုထုတ်ပြောဖို့လုံးဝမထိုက်တန်ဘူး။

လူတစ်ယောက်ကိုသဘောကျတယ် ဒါပေမဲ့သူ့ကိုလှည့်ဖျားတယ် အသုံးချတယ် အရာအားလုံးကိုချို့ငဲ့စေတယ် ဒါလားကြိုက်တယ်ဆိုတာ။
(အရင်အပိုင်းမှာရှန်းလီက ငါလဲမင်းကိုသဘောကျပါတယ်လို့ပြောခဲ့တယ်​ သတိထားမိလားမသိ)

ဒါကလူတစ်ယောက်ကိုမုန်းတယ်ဆိုတာနဲ့နည်းနည်းလေးမှခြားနားခြင်းမရှိဘူး။

ရှန်းလီကသူ့ကိုထိတ်လန့်တကြားကြည့်နေပီး နှုတ်ခမ်းတွေကတုန်ယင်နေကာ တိုးတိုးလေးပြောတယ် "ငါတောင်းပန်ပါတယ်..."

စုန့်ရီလှောင်ရယ်လိုက်တယ်။ တောင်းပန်ပါတယ်ဆိုတဲ့စကားဒီနေရာမှာအလုပ်မဖြစ်ဘူး။ ရင်ဘတ်ကိုဓားနဲ့ထိုးစိုက်ပီး ပလာစတာကပ်ပေးလဲ သွေးကထွက်နေအုံးမှာပဲ "ငါမင်းကိုခွင့်မလွှင့်ဘူး ​မင်းကိုနောက်တစ်ခါဘယ်တော့မှ​မတွေ့ရဖို့ငါမျှော်လင့်တယ်"

ကျောက်ဟုန်းရန်ကထပ်ပီးကြည့်မနေနိုင်တော့ဘူး။ သူကရှန်းလီရဲ့အင်္ကျီလက်ကိုဆွဲလိုက်ပီး စုန့်ရီကိုသတိထားကြည့်ကာပြောတယ် "ဒါတွေအားလုံးကငါ့အမှားတွေပါ ရှောင်လီနဲ့ဘာမှမဆိုင်ဘူး မင်းကသူ့အပေါ်ကိုအရမ်းရက်စက်တာပဲ"

စုန့်ရီနည်းနည်းလေးမှရက်စက်တယ်လို့မခံစားရဘူး။ သူတွေလုပ်ခဲ့တဲ့အရာတွေနဲ့ယှဥ်ရင် စုန့်ရီပြောတဲ့ဘာအန္တရာယ်မှမရှိတဲ့စကားတွေကဘာမှပြောပလောက်စရာမရှိဘူး။ သူကလှောင်ပြုံးပြုံးလိုက်ပီး မပြောဖို့စဥ်းစားထားတဲ့စကားတွေကထွက်ကျလာတယ် "ခင်​​ဗျားကသာအရက်စက်ဆုံးလူပါ ခင်ဗျားကျွန်တော့်ကိုခင်ဗျားရဲ့ကလေးတစ်ယောက်လို့​တောင်သတ်မှတ်ဖူးလို့လား?"

"ငါ..." ကျောက်ဟုန်းရန်ပြောစရာစကား​ပျောက်ရှသွားပီး နေရာမှာပဲမလှုပ်နိုင်ဖြစ်သွားတယ်။

စုန့်ရီသူ့နှလုံးသား​ထဲ​ကဒေါသတွေကိုဖိနှိပ်ထားရတယ်။ သူ့ရဲ့သီးသန့်အဖြစ်ဆုံးလူကိုအခုချိန်မှာတော့လုံးဝကင်းလွတ်ချင်နေပီဖြစ်တယ်။ သူအသက်ပြင်းပြင်းတစ်ချက်ရှူပီး တည်တည်ငြိမ်ငြိမ်ပြောလိုက်တယ် "ခင်ဗျားကအဲ့ဒီနေရာမှာအရမ်းတော်တာပဲ"

သူဒီသားနဲ့အမေကိုလုံးဝမမြင်ချင်ဘူး။ သူနှစ်ပေါင်းများစွာဖြစ်ပျက်ခဲ့တဲ့အရာတွေကိုတွေးမိတိုင်း အရူးတစ်ယောက်လိုခံစားရတယ်။ ရှန်းလီနဲ့ကျောက်ဟုန်းရန်ကသူ့တို့စိတ်ထဲမှာသူ့ကိုဘယ်လိုတွေးထားတာလဲ? လှောင်ရယ်စရာလား? အထင်သေးစရာလား? သူ့ကိုစနားစရာအကောင်တစ်ကောင်လိုထင်နေမလား? သူတို့​ဘယ်လိုပဲတွေးတွေးအခုအချိန်မှာတော့ သူအရမ်းစက်ဆုပ်ရွံ့ရှာနေပီ။ ကြည့်ဖို့ကိုတောင်အရမ်းစိတ်ပျက်နေတယ်။

စုန့်ရီရဲ့ကျောပြင်ကိုကြည့်ရင်း ရှန်းလီပြိုလဲသွားကာ မြေပြင်ပေါ်မှာထိုင်ချလိုက်တယ်။ စုန့်ရဲ့သူဖြစ်ပျက်နေတာတွေကိုလျစ်လျူရှူလိုက်ပီး ဘာမှမဖြစ်ပျက်ခဲ့တဲ့အလား သီးသန့်အခန်းထဲကိုပြန်ဝင်သွားလိုက်တယ် "စစ်ရဲယ် ကျွန်တော်တို့အခုချက်ချင်း paternity test စစ်ကြရအောင်"

ရှန်းစစ်ရဲယ်ကဒီကိစ္စကိုလုပ်စရာမလိုဘူး​လို့တွေးထားပေမဲ့လဲ စုန့်ရီကပြောနေတဲ့အတွက်သူကခေါင်းညိမ့်ပီး ပူးပေါင်းပေးရမှာပေါ့။ "သွားကြ​ရအောင် ရှောင်တုလဲငါတို့နဲ့အတူလိုက်လိမ့်မယ်"

ရှန်းတုမျက်နှာကဖြူဖျော့သွားတယ် "ဖိုးဖိုး..."

ရှန်းစစ်ရဲယ်ကစိုက်ကြည့်နေတာမို့သူခေါင်းငုံ့ချလိုက်ပီး ကို့ရို့ကားယားနိုင်စွာရယ်ပြလိုက်တယ် "ဖိုးဖိုးတို့အရင်သွားနှင့်ပါ ကျွန်တော်ကဟို​တယ်ကိစ္စတွေကို​ကြည့်လုပ်လိုက်အုံးမယ် ခနနေရင်ကျွန်တော်လိုက်လာခဲ့ပါ့မယ်"

လူအနည်းငယ်ပဲကျန်ရစ်ခဲ့တော့တယ်။ စားပွဲမှာသတို့သားအလောင်းအလျာကြီး ကျိုးမော့ချွင်ပဲကျန်တော့တယ်။ ဘယ်သူမှသူ့ကိုအာရုံမစိုက်ဘူး။ သူတစ်ယောက်ပဲထိုင်ကျန်နေခဲ့တယ်။

ရှန်းစစ်ရဲယ်ရဲ့အဆက်အသွယ်တွေကိုမှီခိုပီး Imperial Capital မှာ Paternity test agency ကိုအလွယ်တကူပဲရှာဖွေနိုင်ခဲ့တယ်။

ဆရာဝန်ကရှန်းစစ်ရဲယ်ရယ် ရှန်းတုရယ်နဲ့ စုန့်ရီရဲ့ဆံပင်နဲ့သွေးတွေကိုဂရုတစိုက်ယူလိုက်တယ်။ ပီးတော့ ရလဒ်တွေကို ဆေးရုံကရှစ်နာရီအတွင်းထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ရှန်းစစ်ရဲယ်ကိုတလေးတစားပြောတယ်။

ဆေးရုံကထွက်လာတော့ ရှန်းအိမ်တော်ကdriver ကကားမောင်းလာပီး ဆေးရုံအဝင်ဝမှာရပ်ထားတယ်။ ရှန်းစစ်ရဲယ်ကအရှေ့ကိုတိုးပီး စုန့်ရီပခုံးကိုပုတ်ပေးကာ မျက်လုံးတွေကတော့နူးညံနေတယ် "မင်းအိမ်ကိုခနလောက်လိုက်ထိုင်ချလား?"

စုန့်ရီဒီကိစ္စဖြစ်အပီးမှာ မိသားစုအသစ်နဲ့မျက်နှာချင်းမဆိုင်ချင်သေးတာမို့ ခေါင်းယမ်းလိုက်တယ် "ကျေးဇူးတင်ပါတယ် စစ်ရဲယ် result တွေထွက်လာရင် စိတ်တည်ငြိမ်ဖို့​တစ်စုံတစ်ယောက်ကိုလိုအပ်လို့ပါ"

"အများကြီးတွေးမနေပါနဲ့ ရှန်းအိမ်တော်ကမင်းအတွက်အမြဲတမ်းတံခါးဖွင့်ပေးထားမှာပါ" ရှန်းစစ်ရဲယ်ကစိတ်ပူပင်တာနဲစိတ်ဆိုးတာနဲ့ခံစားချက်တွေရောထွေးနေ​တယ်။

စုန့်ရီခေါင်းညိမ့်ပီး ရှန်းစစ်ရဲယ်ကိုနှုတ်ဆက်စကားဆိုလိုက်တယ်။ သူအခုအချိန်မှာအိမ်ကိုလဲမပြန်ချင်သေးဘူး။ ကုရှင်ချွမ်းမရှိတာမို့ အိမ်မှာလဲသူတစ်ယောက်တည်းဖြစ်နေမှာ။ အရမ်းခြောက်ကပ်အထီးကျန်လွန်းတာမို့ သူဘယ်ကိုသွားရမှန်းမသိဖြစ်နေတယ်။

သူကားစတီယာရင်ကိုလက်တစ်ဖက်နဲ့ထိန်းကိုင်လို့ မြို့ဟောင်းမှာရှိနေတဲ့ ကျောင်းကြီးဆီကိုပဲကားကိုမောင်းသွားလိုက်တယ်။ ဆည်းဆာနေရောင်ကအိုဟောင်းတဲ့အဆောက်အအုံတွေပေါ်မှာရွှေရောင်အလွှာတစ်ထပ်ဖြစ်ပေါနေစေပီး လမ်းသွားလမ်းလာတွေကဟိုမှသည်သွားနေသည်က ရှေးခေတ်ဇာတ်လမ်းတွေထဲကမြင်ကွင်းတစ်ခုလိုလိုပဲ။

ဒီမှာရှိနေတဲ့လမ်းသွယ်လမ်ကြားတိုင်းကမှတ်ဉာဏ်ထဲမှာနက်နဲစွာစွဲထင်နေတယ်။

ဒီဒေသကအကောင်းဆုံးကျောင်းတစ်ကျောင်းမှာမို့ သူကနေ့တိုင်းသင်ခန်းစာတွေကိုကျောင်းမှာအပြီးလုပ်လေ့ရှိတယ်။ ကျောင်းဆင်းတဲ့အခါိဲနွေရာသီမှာဆိုအဆင်ပြေပေမဲ့ ဆောင်းရာသီမှာတော့သူဘာမှမမြင်ရဘူး။ သူကျောင်းဂိတ်ဝကထွက်လာတဲ့အခါမှာ ရှန်းလီရဲ့လက်လေးကိုညင်ညင်သာလေးဆွဲယူပီး ကိုင်ထားမယ်။ အမှောင်ထဲမှာစုန့်ရီရဲ့နှလုံးတွေကတော့ညိမ့်ညိမ့်ညောင်းညောင်းလေးခုန်နေမယ်။

ငယ်ရွယ်ပီးအရမ်းလှပခဲ့တဲ့မှတ်ဉာဏ်တွေကအခုအချိန်မှာတော့ မနှစ်မြို့စရာကောင်းနေပီဖြစ်တယ်။

အသိဉာဏ်ရှိရှိနဲ့ပဲ ဒီအတိတ်ကမှတ်ဉာဏ်ဟောင်းတွေကိုနှုတ်ဆက်ပီး ဘာမှပြန်မစဥ်းစားတော့ဘဲ ဘဝအသစ်ကိုစရတော့မယ်ဖြစ်ကြောင်းသူသိတယ်။

ကုရှင်ချွမ်းကသူ့ကိုအတော်လေးနားလည်တယ်။ သူကတည်ငြိမ်တယ် ချမ်းသာမှုတွေ ကျော်ကြားမှုတွေကိုမမက်မောဘူး။ ဒါပေမဲ့သူ့မှာအရိုးထဲစွဲနေတဲ့ကိုယ့်ကိုယ့်ကိုအထင်ကြီးမှုတွေရှိ​တယ်။ သူကထက်မြက်ပီး ကျိုးကြောင်းဆင်ခြင်နိုင်တယ်။ ဒါပေမဲ့သူကအလှည့်စားခံရပီး အရူးလုပ်ခံခဲ့ရတယ်။ တကာ်ဆိုဒါကလုံးဝမဖြစ်သင့်ဘူးဆိုပေမဲ့ လက်တွေ့ဘဝကသူ့မျက်နှာပေါ်မှာခပ်ဆဆနဲ့ပါးရိုက်သွားသလိုပါပဲ။

အရင်တုန်းကသူလျစ်လျူရှုခဲ့တဲ့အရာတွေကို တစ်ခုပီးတစ်ခုတွေးကြည့်မိတယ်။ သူကတကယ်ထက်မြက်တယ်ဆိုပေမဲ့ သူ့အမေနဲ့သူသဘောကျတဲ့သူအကြောင်းကို မနာလိုစွာနဲ့လျှောက်ပီးမှန်းဆမနေခဲ့ဘူး။

စုန့်ရီသက်ပြင်းမှုတ်ထုတ်လိုက်ပီး ကားစတီယာရင်ပေါ်မှာ ပင်ပန်းနွမ်းနယ်စွာ ခေါင်းမှောက်ချလိုက်တယ်။ သူ့မျက်လုံးတွေကနာကျင်နေပီးသူငိုချင်နေတယ်။ သူကုရှင်ချွမ်းကိုလှမ်းခေါ်ချင်တယ်။ သူလက်လှမ်းပီး အိတ်ကပ်ထဲကနေဖုန်းကိုထုတ်လိုက်တယ်။ ဖုန်းကဘယ်တုန်းကတည်းကအားကုန်သွားပီး စက်ပိတ်သွားမှန်းမသိဘူး။ သူအားသွင်းကြိုးရှာပီး အားသွင်းလိုက်တယ်။

သူမြို့ထဲမှာကားကို ဦးတည်ရာမဲ့လျှောက်မောင်းနေတယ်။ နေဝင်သွားပီး ကောင်းကင်ကမည်းနေရာကနေမင်ရောင်ပြောင်းသွားပြီ။ လမ်းမီးနဲ့ နီယွန်မီးတွေလဲလင်းနေပြီဖြစ်တယ်။ သူဖုန်းဖွင့်ကြည့်လိုက်တော့ missed call နှစ်ဆယ်ကျော်လောက်က screen ပေါ်မှာပေါ်လာတယ်။ အားလုံးကကုရှင်ချွမ်းခေါ်ထားတာဖြစ်တယ်။

စုန့်ရီဖုန်းပြန်ခေါ်မလိုလုပ်တဲ့အချိန်မှာ ကုရှင်ချွမ်းဆီကဖုန်းထပ်ဝင်လာတယ်။ သူဖုန်းကိုပြန်ဖြေလိုက်တယ်။ ကုရှင်ချွမ်းရဲ့တစ်မူထူခြားတဲ့ အသံနိမ့်နိမ့်ကမြစ်တွေတောင်တွေကိုဖြတ်ပီး ထွက်ပေါ်လာတယ် "မင်းဘာလုပ်နေတာလဲ ဘာလို့ငါဖုန်းခေါ်ထားတာကိုပြန်မဖြေတာလဲ?"

"ဖုန်းအားကုန်သွားလို့" စုန့်ရီသမ်းဝေလိုက်တယ်။ ကုရှင်ချွမ်းအသံကြားလိုက်ရတော့ သူ့စိတ်အခြေအနေကအများကြီးသက်သာသွားတယ်။

ကုရှင်ချွမ်းအသံကခနလောက်တိတ်သွားတယ် "ငါ့ပါးပါးမင်းအကြောင်းပြောလို့ငါကြားပီးသွားပီ မင်းအခုအဆင်ပြေရဲ့လား?"

စုန့်ရီနှာခေါင်းရိုးကိုဖျစ်လိုက်တယ်။ ကုရှောက်ယွမ်မှာကောင်းကင်ထိသွားနိုင်တဲ့လက်တွေ​မျက်စိတွေရှိတာပဲ။ ရှန်းမိသားစုမှာဖြစ်ပျက်နေတာတွေကိုတောင်ချက်ချင်းသိနေတယ် "ငါအဆင်ပြေပါတယ် ငါမင်းကိုအရမ်းသတိရနေတယ်"

ကုရှင်ချွမ်းအံ့ဩသွားတယ်။ စုန့်ရီအရင်ကဒီလိုမျိုးတစ်ခါမှမပြောဖူးဘူး။ သူခနလောက်တန့်သွားတယ် "မင်းဘယ်မှာလဲ ငါ့ကို location ပို့လိုက်"

"ငါဘာမှမစဥ်းစားနိုင်တော့မှာစိုးနေတာလား?" စုန့်ရီပြုံးလိုက်ပီး နှုတ်ခမ်းလေးတွေကကွေးတက်သွားတယ် "ငါဒီကိစ္စလေးကြောင့်နဲ့မသေပါဘူး မင်းငါ့ကိုအရမ်းအထင်သေးလွန်းနေပီ"

ကုရှင်ချွမ်းကမတိုးသာမဆုတ်သာဖြစ်နေပီး အတင်းတိုက်တွန်းတယ် "မြန်မြန်ပြော ရယ်မနေနဲ့"

စုန့်ရီ We Chat ဖွင့်လိုက်ပီး location လှမ်းပို့လိုက်တယ်။ သူရှိနေတဲ့နေရာကိုကြည့်ဖို့အတွက် ခါးဆန့်လိုက်တယ် "ငါ Beidaihe မှာ night scene ကြည့်နေတာ မင်းငါ့ကိုလွမ်းလား?"

"မင်းကြည့်နေတာ night scene လား လူတွေလား? ချောချောလှလှလေးတွေအများကြီးရှိနေတာလား?" ကုရှင်ချွမ်းကဖွဖွလေးနှာမှုတ်လိုက်ပီး နောက်မေးခွန်းကိုတော့မဖြေပဲထားတယ်။

စုန့်ရီသူ့ဘက်ကနေကားအင်ဂျင်လိုဆူညံညံအသံကိုကြားလိုက်ရတယ်။ သူခါးသက်သက်ပြုံးလိုက်တယ် "စိတ်မလှုပ်ရှားပါနဲ့ ငါစိတ်ပျက်နေတယ်"

"မင်းစိတ်ပျက်တာငါလား ရှန်းလီလား?"

"မင်းသူ့ကိုထုတ်မပြောစမ်းနဲ့ အခုငါသူ့နာမည်ကိုမကြားချင်ဘူး"

"အိုခေ အိုခေ ထုတ်မပြောတော့ဘူး ငါ့ကိုနားထောင်စေချင်တယ်ဆိုရင် မင်းထပ်ပြောလေ"

စုန့်ရီရယ်ချင်သွားတယ်။ ကုရှင်ချွမ်းကသူ့ရဲ့စိတ်အခြေအနေကိုပိုပီးလင်းထိန်သွားအောက်ပြုလုပ်နိုင်တယ်။ သူစနောက်ပီးပြောလိုက်တယ် "ငါအခုမင်းကိုသတိ​ရနေတာက မင်းကအရမ်းစိတ်ပျက်စရာကောင်းတာပဲလို့"

ကုရှင်ချွမ်းကစိတ်ဆိုးမာန်ဆိုးပြောတယ် "လိ့ မင်းကရှန်းမိသားစုဝင်ဖြစ်သွားလို့စိတ်ပြောင်းသွားတာလား?"

"မင်းပြောမှပဲ ငါသတိရတော့တယ် အခုငါလဲပဲချမ်းသာနေပီဆိုတော့ သိမ်မွေ့နူးညံ့ပီးနာခံတတ်တဲ့သူလေးတစ်ယောက်ရှာသင့်နေပီပဲ" စုန့်ရီအပြုံးတစ်ခုနဲ့ပြောလိုက်တယ်။

"မင်းလုပ်ရဲလား?" ကုရှင်ချွမ်းကရန်လိုစွာမေးတယ်။

စုန့်ရီက​မိုင်ထောင်ပေါင်းများစွာအကွာမှာရှိနေတဲ့ကုရှင်ချွမ်းရဲ့ဒေါသကိုတွေးမိတော့ နှလုံးသားမှာရှိနေတဲ့မြူမှိုင်းတွေကလွင့်ပြယ်သွားတယ်။ အခုအချိန်မှာဘယ်လောက်ပဲဆိုးရွားနေပါစေကိစ္စမရှိဘူး အနည်းဆုံးတော့သူ့မှာကုရှင်ချွမ်းတစ်ယောက်လုံးရှိသေးတယ်။ သူကလွယ်လင့်တကူပဲစနောက်နေတယ် "မလုပ်ရဲပါဘူး မင်းကအရမ်း​ကြောက်စရာကောင်းတာပဲ မင်းဒီလိုမျိုးဆိုဘယ်သူမှမင်းကိုမလိုချင်ပဲနေတော့မယ်"

"နေပါစေ ငါကလဲတခြားသူတွေငါ့ကိုလိုချင်ခွင့်မပေးဘူး မင်းတစ်ယောက်ပဲလိုချင်အောင်လုပ်​မှာ" ကုရှင်ချွမ်းကခနရပ်လိုက်ပီး ပျော်ရွှင်စွာပျော်လာတယ် "ငါကအမြင်အာရုံထက်မြတယ်လေ"

စုန့်ရီရယ်ချလိုက်ပီး အေးအေးဆေးဆေးပြောလိုက်တယ် "ဟုတ်ပါပြီ ငတုံးလေးတွေမှာတုံးအတဲ့ကံကောင်းမှုတွေရှိ​တာပဲ"

ကုရှင်ချွမ်းကမပျော်မရွှင်ဖြစ်သွားတယ် "မင်းဘယ်သူ့ကိုတုံးတယ်ထင်နေတာလဲ?"

"ငါ့ဘာသာငါပြောနေတာပါ ငါမင်းကိုမပြောမိပါဘူး" စုန့်ရီနောက်ကြည့်မှန်ကိုကြည့်ပီး မျက်နှာလေးနည်းနည်းမဲ့လိုက်တယ်။

သူတို့နှစ်ယောက်မှုမတူညီတဲ့အကျင့်စရိုက်တွေရှိတယ်။ တစ်ယောက်ကသိမ်မွေ့ထက်မြက်ပီး နောက်တစ်ယောက်ကအပေါ်စီးကပြောဆိုပြုမူတတ်တယ်။ ဒါပေမဲ့လဲ ဒီနှစ်ခုကသဘာဝကျကျပဲတစ်ခုနဲ့တစ်ခုဖြည့်စွက်ပီးလိုက်ဖက်ညီစေတယ်။ စုန့်ရီကနူးညံ့နာခံတတ်တဲ့လူမျိုးကိုရှာဖွေခဲ့ဖူးတယ်။ ဒါပေမဲ့အခုချိန်မှာတော့ ကုရှင်ချွမ်းလိုခပ်ရိုင်းရိုင်းလေးနဲ့ပဲအဆင်ပြေ နေသားကျနေတယ်။

လူနှစ်ယောက်အတွက်အရေး​အကြီးဆုံးကနှစ်ယောက်သားအတူတူရှိနေချိန်မှာ ပျော်ရွှင်နေရခြင်းပဲဖြစ်တယ်။

စုန့်ရီကားထဲကထွက်လိုက်ပီး တံတားဘောင်မှာမှီလိုက်တယ်။ သူကစီးဆင်းနေတဲ့ရေကန်ကိုကြည့်ပီး ကုရှင်ချွမ်းနဲ့အတွဲတွေလို​စကားပြောနေလိုက်တယ်။

ဖုန်းအားနိမ့်နေပီဖြစ်ကြောင်းအသိပေးချက်ဝင်လာတော့ စုန့်ရီဖုန်းချမလို့ပြင်လိုက်တယ်။ ကုရှင်ချွမ်းကဖွဖွလေးပင့်သက်ရှိုက်လိုက်ပီး အမိန့်ပေးလာတယ် "ဖုန်းမချနဲ့ မလှုပ်နဲ့!"

စုန့်ရီအံ့အားသင့်သွားတယ် "မင်းဘာဖြစ်လို့လဲ?"

အဲ့တာပြောပီးသွားတော့ သူ့အနောက်ကနေအသံတွေကြားလိုက်ရတယ်။ လျင်မြန်တဲ့ခြေသံတွေက တိတ်ဆိတ်နေတဲ့ညမှာ အတော်လေးသိသာတယ်။ စုန့်ရီလှည့်ကြည့်လိုက်တော့ သူ့နှာခေါင်းကကုရှင်ချွမ်းရဲ့ပါးနွေးနွေးနဲ့ထိတွေ့မိသွားတယ်။ ကြောက်စရာကောင်းတဲ့နှလုံးခုန်သံ​ကသူ့နားထဲမှာမြည်ဟည်းနေတယ်။

ကုရှင်ချွမ်းကလက်တွေဆန့်ထုတ်လိုက်ပီး သူ့ကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်တယ်။ သူကအသက်ပြင်းပြင်းရှူနေပီး သူ့နားနားကိုကပ်ပြောတယ် "ငါမင်းကိုအများကြီးလွမ်းနေတာ"

စုန့်ရီအံ့အားသင့်နေပီး ပျော်ရွှင်သွားရတယ် "မင်းဘယ်တုန်းကပြန်လာတာလဲ?"

"ငါ့ပါးပါးမင်းအကြောင်းပြောပြပီးတာနဲ့ Imperial Capital ကိုအပြေးပြန်လာခဲ့တာ" ကုရှင်ချွမ်းကသူ့ပါးကိုနှုတ်ခမ်းလေးနဲ့ထိလိုက်ပီး နူးနူးညံ့ညံ့လေးပြောလာတယ် "အဲ့ဒီတုန်းကမင်းကိုအဖော်မပြုပေးနိုင်လို့တောင်းပန်ပါတယ်"

စုန့်ရီနှလုံးသားလေးကစိတ်အားထက်သန်စွာနဲ့ခုန်ပေါက်နေခဲ့တယ်။ အထူးသဖြင့် ဒီလိုဆုံတွေ့မှုကတကယ်ကိုစိတ်ကူးယဥ်ဆန်လွန်းတယ်။ သူကုရှင်ချွမ်းရဲ့အလုပ်အကြောင်းတွေးမိတော့ စိုးရိမ်စွာမေးလိုက်တယ် "ငါကအဆင်ပြေပါတယ် မင်းရဲ့အလုပ်ရောအဆင်ပြေရဲ့လား?"

"ပြဿနာမရှိပါဘူး" ကုရှင်ချွမ်းကခေါင်းလေးငုံ့ပီး နှာခေါင်းလေးတရှုံ့ရှုံ့နဲ့အနံခံကြည့်နေတယ်။ သူ့ရဲ့ဆံပင်လေးတွေကစုန့်ရီရဲ့ချောမွေ့တဲ့ပါးပြင်ကိုထိတွေ့နေတယ် "ငါမင်းကိုအခုနမ်းချင်နေတယ်"

"ငါ့ကိုနမ်းဖို့ မင်းမှာဘယ်တုန်းကငါ့ရဲ့ခွင့်ပြုချက်လိုသွားတာလဲ?" စုန့်ရီကသဘောတူတဲ့အနေနဲ့မျက်ခုံးပင့်လိုက်တယ်။

ကုရှင်ချွမ်းကသူ့ကိုတစ်ချက်ကြည့်ပီးလက်ထိပ်အေးအေးလေးတွေနဲ့ သူ့နှုတ်ခမ်းကိုထိတွေ့လာတယ် "ပါးစပ်ဟ"

စုန့်ရီကသူ့နဲ့ကျေနပ်စွာပဲပူးပေါင်းလိုက်ပီး လောင်မြိုက်မှုတွေပြည့်လျှံနေတဲ့အနမ်းကိုမျက်လုံးလေးမှိတ်ပီး ပျော်မွေ့နေတယ်။

Beidaihe ရဲ့ညကမှောင်မိုက်နေတယ်။ ရေ​မျက်နှာပြင်ပေါ်မှာ တံတားဆီကတောက်ပတဲ့အလင်းရောင်တွေကအ​လင်းပြန်နေတယ်။ ရေပေါ်မှာလှိုင်းငယ်လေးတွေထနေပီး
ညလယ်ခေါင်မှာမြို့ကအထီးကျန်နေတယ်။ ဒါပေမဲ့ဒီအချိန်မှာ သူကတော့လုံးဝအထီးကျန်မနေခဲ့ပါဘူး။

စုန့်ရီမျက်လုံးဖွင့်လိုက်တော့ ကုရှင်ချွမ်းရဲ့မျက်လုံးနက်နက်လေးတွေဆီမှာနက်ရှိုင်းတဲ့အမှောင်ထုကိုမြင်နေရတယ်။ နှစ်ယောက်သားရဲ့လေငွေ့တွေကရောယှက်နေပီး နှလုံးခုန်နှုန်းတွေကလဲနှေးကွေးလေးလံနေတယ်။ သူနှုတ်ခမ်းသပ်လိုက်ပီးခေါင်စဥ်တစ်ခုကိုတုံးအစွာပဲပြောင်းလဲလိုက်တယ် "မင်းဘာစားချင်လဲ သွားစားကြရအောင်..."

"ဒီနေ့ငါမင်းကိုစားချင်တယ်" ကုရှင်ချွမ်းကသူ့ကိုဖက်လိုက်ပီး နတ်ဆိုးဆန်ဆန်အပြုံးတစ်ခုပေါ်ပေါက်လာကာ အသံနိမ့်နိမ့်နဲ့ပြောတယ် "ငါ Hokkaido မှာဇာတ်ကားတွေအများကြီးကြည့်ခဲ့တယ် ငါနဲ့အတူစမ်းကြည့်ရအောင်"

စုန့်ရီအဲ့တာကိုအလေးအနက်တွေးကြည့်ကြည့်တယ်။ အခုလိုအချိန်မှာ ဖိအားတွေလျော့နည်းသွားစေဖို့အတွက် ဒါကကောင်းမဲ့ပုံပေါ်တယ်။ သူကအိတ်ကပ်ထဲကနေကားသော့ထုတ်လိုက်တယ် "ငါတို့ဘယ်သွားကြမလဲ?"

ဒီအချိန်မှာတော့ကုရှင်ချွမ်းရဲ့လုပ်ဆောင်နိုင်စွမ်းကအကောင်အထည်ပြလာပါတော့တယ်။ ဆယ်မိနစ်အတွင်းမှာပဲ တံတားဆီကနေအနီးဆုံးမှာရှိနေတဲ့ကြယ်ငါးပွင့်ဟိုတယ်ဆီကိုရောက်သွားတယ်။ စုန့်ရီအိပ်ယာပေါ်ကျသွားတဲ့အခါမှာ သူ့​ခြေထောက်တွေကပျော့ခွေပီး ရီဝေနေတယ်။ သူကမျက်လုံးလေးတစ်ဝက်မှေးပီး ကုတ်အင်္ကျီချွတ်နေတဲ့ ကုရှင်ချွမ်းကိုကြည့်ကာသတိပေးလိုက်တယ် "နံပါတ်သုံးအချက်"

"ဘာကြီးတုန်းနံပါတ်သုံးက" ကုရှင်ချွမ်းကမမှတ်မိယောင်ဆောင်လိုက်တယ်။

စုန့်ရီသူ့ကိုဖွဖွလေးကန်လိုက်တယ် "မင်းမြန်မြန်လုပ် သွားဝယ်တော့ ငါမင်းကိုစောင့်နေမယ်"

"ဒါပေမဲ့ အပြင်ဘက်မှာအေးနေတယ်လေ ငါအအေးမိသွားမှာပေါ့" ကုရှင်ချွမ်းကရိုးသားစွာနဲ့ပဲမျက်လုံးလေးပေကလပ်ပေကလပ်လုပ်တယ်။ ဒီအချိန်မှာအခန်းထဲမှာပဲရှိနေချင်တာဖြစ်ပီး ဘယ်မှမသွားချင်တော့ဘူး။

စုန့်ရီသူ့ကိုတစ်ချက်လိုက်တယ်။ သူ့ရဲ့ခန္တာကိုယ်ကြံ့ခိုင်မှုကြောင့် ဆောင်းရာသီမှာ​အင်္ကျီလက်တိုလေးဝတ်ပြေးရင်တောင် အအေးမိမှာမဟုတ်ဘူး။ "မင်းမြန်မြန်သွား ငါအိပ်ငိုက်နေပီ"

ကုရှင်ချွမ်းကအဲ့တာကိုကြားတော့ အင်္ကျီကိုဇစ်ဆွဲတပ်လိုက်ပီး အခန်းထဲကနေအလောတကြီးထွက်သွားတော့တယ်။ အဲ့ဒီပစ္စည်းကသွားဝယ်စရာမလိုဘူး။ နောက်ဆုံးတစ်ခေါက်စုန့်ရီပြောကတည်းက တစ်ဒါဇင်လောက်ဝယ်ပီး ကားထဲပစ်ထည့်ထားတာ။ ဒါပေမဲ့သူကဒါတွေသုံးရတာမကြိုက်ဘူး။

သူကားထဲက​နေတချို့ကိုယူပီး အပေါ်ကိုပြန်တက်လာလိုက်တယ်။ စုန့်ရီကညနောက်ကျတဲ့အထိမနေနိုင်တာမို့ အိပ်ပျော်နှင့်နေပီဖြစ်တယ်။ သူ့အသံရှည်သံတွေကရှည်ကြာပီး ညီညာနေပီဖြစ်တယ်။ သူ့ရဲ့ပခုံးလေးတွေကအိပ်ယာထဲမှာနစ်ဝင်နေပီး သနားစရာကောင်းတဲ့ပုံလေးပေါက်နေတယ်။

ကုရှင်ချွမ်းကမျက်မှောင်ကြုံ့ပီး စုန့်ရီကိုမခံချိမခံသာနဲ့အကြာကြီးစိုက်ကြည့်နေတယ်။ စုန့်ရီဘက်ကဘာတုံ့ပြန်မှုမှမရှိတဲ့အခါ စုန့်ရီကိုနှိုးဖို့မထိန်းနိုင်ဖြစ်သွားတယ်။ သူတွန့်ဆုတ်စွာနဲ့ပဲ အရှေ့ကိုမှီပီး နဖူးလေးကိထိကာ ညင်ညင်သာသာပြောလိုက်တယ် "ဝက်လေးနဲ့တူတယ်"

ပြောပီးသွားတော့သူထလိုက်ကာ ဝရန်တာဆီကိုလျှောက်သွားလိုက်တယ်။ သူကအသံလုံတံခါးကိုပိတ်လိုက်ပီး ဝရန်တာလက်တန်းမှာမှီလိုက်တယ်။ သူကအိတ်ကပ်ထဲကဖုန်းကိုထုတ်လိုက်ပီး နံပါတ်တစ်ခုကိုခေါ်လိုက်တယ်။

ဖုန်းထဲကလူကသူတို့မိသားစုကရဲ့သွေးဝေးတဲ့အမျိူးတစ်ယောက်ဖြစ်သော ရှီးနင်ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတွေကြီးထွားလာတာနဲ့အမျှအမှောင်ထဲကလုပ်ရတဲ့ကိစ္စ​တချို့လဲရှိလာတယ်။ ဒီကိစ္စတွေအားလုံးကိုတော့ ဒီသွေးဝေးတဲ့ဆွေးမျိုးလေးကပဲကိုင်တွယ်ဖြေရှင်းပေးလေ့ရှိတယ်။

ရှီးနင်ကစိတ်အားထက်ထက်သန်သန်ရှိနေတယ် "ချွမ်းကော ညကြီးဖုန်းလှမ်းခေါ်တာ ဘာကိစ္စရှိလို့လဲ?"

ကုရှင်ချွမ်းကဇာတ်ချိုးလိုက်ပီး အိပ်နေတဲ့စုန့်ရီကိုတစ်ချပ်လှမ်းကြည့်ပါ တည်တည်ငြိမ်ငြိမ်ပြောလိုက်တယ် "ငါ့ဇနီးလေးကအနိုင်ကျင့်ခံနေရတယ် မင်းကသူတို့ကိုရှင်းလင်းပေး"

"အိုက်ယား ဘယ်သူကများမရီးလေးကိုအနိုင်ကျင့်ရဲတာလဲ ကျွန်တော်ဘာလုပ်ပေးရမလဲ?" ရှီးနင်ကပြုံးလိုက်တယ်။

ကုရှင်ချွမ်းကမျက်လုံးတွေကိုမှေးကျဥ်းလိုက်တယ် "ငါသူတို့ကိုသတ်ချင်တယ် ဒါပေမဲ့ချက်ချင်းကြီးဒေါသကပြေသွားမှာမဟုတ်ဘူး မင်းရဲ့နည်းလမ်းအတိုင်းပဲလုပ်လိုက် သူတို့မှာ​ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်ဆိုတာမရှိစေနဲ့"

ကျောက်ဟုန်းရန်နဲ့ရှန်းလီသာသူ့ရဲ့ရှေ့မှာရှိနေမယ်ဆိုရင် သူတို့ရဲ့ခေါင်းတွေကိုလိမ်ချိုးပစ်ဖို့ သူမထိန်းနိုင်ဖြစ်နေလိမ့်မယ်။ သူတောင်သူ့ရဲ့ကလေးလေးကိုဘယ်တုန်းကမှအနိုင်မကျင့်ဘူး။ ဒီတိုင်းစနောက်တာပဲရှိတာကို။

ရှီးနင်ကပြောတယ် "ကိစ္စမရှိပါဘူး မိသားစုတွေပဲကို ဒါနဲ့ ဘယ်အချိန်ကျမှကျွန်တော်ရဲ့မရီးလေးနဲ့ကျွန်တော်တွေ့ရမှာလဲ?"

"မင်းသူ့ကိုတွေ့စရာမလိုပါဘူး ငါ့ပေါင်ပေါင်ကဥ​ပဒေလိုက်နာတဲ့ကောင်းမွန်တဲ့ကလေးလေး" ကုရှင်ချွမ်းကခေါင်းငုံ့လိုက်ပီး လှောင်ရယ်လိုက်ကာ တိုက်တွန်းနှိုးဆော်လိုက်တယ် "မြန်မြန်သာ​ဖြေရှင်းလိုက် ငါ့ပါးပါးမသိစေနဲ့"

ရှီးနင်ကပြုံးလိုက်တယ် "ပြဿနာမရှိပါဘူး ကျွန်တော်လုပ်လိုက်မယ် စိုးရိမ်မနေပါနဲ့"

ကုရှင်ချွမ်းကဖုန်းချလိုက်ပီး အရောင်စုံတဲ့ညမြင်ကွင်းကို သူန်မှုန်နေတဲ့မျက်လုံးတွေနဲ့ကြည့်နေလိုက်တယ်။

~~~~~~~~

ကုရှင်ချွမ်းရဲ့ ပေါင်ပေါင်၊ ပေါင်ပေ့၊ ရှောင်ပေါင်ပေ့၊ ဘေဘီ တွေကြားမှာမီသွေးတက်🤦‍♀️🤦‍♀️

ကုရှင်ချွမ်းကငယ်တယ်လို့ကိုယ်ထင်နေတာ။ စုန့်ရီက ၂၆နှစ် ရှိနေပီမဟုတ်လား ပထမအပိုင်းမှာပါတယ်။  ရှောင်ကုကကျ ၁၅နှစ်ပြည့်ပီး တရုတ်ကိုပြန်ရောက်အချစ်ဦးကိုတွေ့ ပီးတော့အထက်တန်းသုံးနှစ်ကြားထဲကခြောက်နှစ်ဆိုတော့ ၂၄ ၂၅ ပဲရှိအုံးမယ်ထင်တယ်။


Zawgyi

တစ္စုံတစ္ေယာက္ကိုသေဘာက်တယ္လို႔မင္းဘယ္လိုမ်ားေျပာနိုင္ရတာလဲ?

ရွန္းလီကအဲ့ဒီစကားလုံးႏွစ္လုံး(ရွီဟြမ္း)ကိုထုတ္ေျပာဖို႔လုံးဝမထိုက္တန္ဘူး။

လူတစ္ေယာက္ကိုသေဘာက်တယ္ ဒါေပမဲ့သူ႔ကိုလွည့္ဖ်ားတယ္ အသုံးခ်တယ္ အရာအားလုံးကိုခ်ိဳ႕ငဲ့ေစတယ္ ဒါလားႀကိဳက္တယ္ဆိုတာ။
(အရင္အပိုင္းမွာရွန္းလီက ငါလဲမင္းကိုသေဘာက်ပါတယ္လို႔ေျပာခဲ့တယ္​ သတိထားမိလားမသိ)

ဒါကလူတစ္ေယာက္ကိုမုန္းတယ္ဆိုတာနဲ႔နည္းနည္းေလးမွျခားနားျခင္းမရွိဘူး။

ရွန္းလီကသူ႔ကိုထိတ္လန္႔တၾကားၾကည့္ေနပီး ႏွုတ္ခမ္းေတြကတုန္ယင္ေနကာ တိုးတိုးေလးေျပာတယ္ "ငါေတာင္းပန္ပါတယ္..."

စုန္႔ရီေလွာင္ရယ္လိုက္တယ္။ ေတာင္းပန္ပါတယ္ဆိုတဲ့စကားဒီေနရာမွာအလုပ္မျဖစ္ဘူး။ ရင္ဘတ္ကိုဓားနဲ႔ထိုးစိုက္ပီး ပလာစတာကပ္ေပးလဲ ေသြးကထြက္ေနအုံးမွာပဲ "ငါမင္းကိုခြင့္မလႊင့္ဘူး ​မင္းကိုေနာက္တစ္ခါဘယ္ေတာ့မွ​မေတြ႕ရဖို႔ငါေမၽွာ္လင့္တယ္"

ေက်ာက္ဟုန္းရန္ကထပ္ပီးၾကည့္မေနနိုင္ေတာ့ဘူး။ သူကရွန္းလီရဲ့အကၤ်ီလက္ကိုဆြဲလိုက္ပီး စုန္႔ရီကိုသတိထားၾကည့္ကာေျပာတယ္ "ဒါေတြအားလုံးကငါ့အမွားေတြပါ ေရွာင္လီနဲ႔ဘာမွမဆိုင္ဘူး မင္းကသူ႔အေပၚကိုအရမ္းရက္စက္တာပဲ"

စုန္႔ရီနည္းနည္းေလးမွရက္စက္တယ္လို႔မခံစားရဘူး။ သူေတြလုပ္ခဲ့တဲ့အရာေတြနဲ႔ယွဥ္ရင္ စုန္႔ရီေျပာတဲ့ဘာအႏၲရာယ္မွမရွိတဲ့စကားေတြကဘာမွေျပာပေလာက္စရာမရွိဘူး။ သူကေလွာင္ျပဳံးျပဳံးလိုက္ပီး မေျပာဖို႔စဥ္းစားထားတဲ့စကားေတြကထြက္က်လာတယ္ "ခင္​​ဗ်ားကသာအရက္စက္ဆုံးလူပါ ခင္ဗ်ားကၽြန္ေတာ့္ကိုခင္ဗ်ားရဲ့ကေလးတစ္ေယာက္လို႔​ေတာင္သတ္မွတ္ဖူးလို႔လား?"

"ငါ..." ေက်ာက္ဟုန္းရန္ေျပာစရာစကား​ေပ်ာက္ရွသြားပီး ေနရာမွာပဲမလွုပ္နိုင္ျဖစ္သြားတယ္။

စုန္႔ရီသူ႔ႏွလုံးသား​ထဲ​ကေဒါသေတြကိုဖိႏွိပ္ထားရတယ္။ သူ႔ရဲ့သီးသန္႔အျဖစ္ဆုံးလူကိုအခုခ်ိန္မွာေတာ့လုံးဝကင္းလြတ္ခ်င္ေနပီျဖစ္တယ္။ သူအသက္ျပင္းျပင္းတစ္ခ်က္ရွူပီး တည္တည္ၿငိမ္ၿငိမ္ေျပာလိုက္တယ္ "ခင္ဗ်ားကအဲ့ဒီေနရာမွာအရမ္းေတာ္တာပဲ"

သူဒီသားနဲ႔အေမကိုလုံးဝမျမင္ခ်င္ဘူး။ သူႏွစ္ေပါင္းမ်ားစြာျဖစ္ပ်က္ခဲ့တဲ့အရာေတြကိုေတြးမိတိုင္း အ႐ူးတစ္ေယာက္လိုခံစားရတယ္။ ရွန္းလီနဲ႔ေက်ာက္ဟုန္းရန္ကသူ႔တို႔စိတ္ထဲမွာသူ႔ကိုဘယ္လိုေတြးထားတာလဲ? ေလွာင္ရယ္စရာလား? အထင္ေသးစရာလား? သူ႔ကိုစနားစရာအေကာင္တစ္ေကာင္လိုထင္ေနမလား? သူတို႔​ဘယ္လိုပဲေတြးေတြးအခုအခ်ိန္မွာေတာ့ သူအရမ္းစက္ဆုပ္ရြံ့ရွာေနပီ။ ၾကည့္ဖို႔ကိုေတာင္အရမ္းစိတ္ပ်က္ေနတယ္။

စုန္႔ရီရဲ့ေက်ာျပင္ကိုၾကည့္ရင္း ရွန္းလီၿပိဳလဲသြားကာ ေျမျပင္ေပၚမွာထိုင္ခ်လိုက္တယ္။ စုန္႔ရဲ့သူျဖစ္ပ်က္ေနတာေတြကိုလ်စ္လ်ဴရွူလိုက္ပီး ဘာမွမျဖစ္ပ်က္ခဲ့တဲ့အလား သီးသန္႔အခန္းထဲကိုျပန္ဝင္သြားလိုက္တယ္ "စစ္ရဲယ္ ကၽြန္ေတာ္တို႔အခုခ်က္ခ်င္း paternity test စစ္ၾကရေအာင္"

ရွန္းစစ္ရဲယ္ကဒီကိစၥကိုလုပ္စရာမလိုဘူး​လို႔ေတြးထားေပမဲ့လဲ စုန္႔ရီကေျပာေနတဲ့အတြက္သူကေခါင္းညိမ့္ပီး ပူးေပါင္းေပးရမွာေပါ့။ "သြားၾက​ရေအာင္ ေရွာင္တုလဲငါတို႔နဲ႔အတူလိုက္လိမ့္မယ္"

ရွန္းတုမ်က္ႏွာကျဖဴေဖ်ာ့သြားတယ္ "ဖိုးဖိုး..."

ရွန္းစစ္ရဲယ္ကစိုက္ၾကည့္ေနတာမို႔သူေခါင္းငုံ႔ခ်လိုက္ပီး ကို႔ရို႔ကားယားနိုင္စြာရယ္ျပလိုက္တယ္ "ဖိုးဖိုးတို႔အရင္သြားႏွင့္ပါ ကၽြန္ေတာ္ကဟို​တယ္ကိစၥေတြကို​ၾကည့္လုပ္လိုက္အုံးမယ္ ခနေနရင္ကၽြန္ေတာ္လိုက္လာခဲ့ပါ့မယ္"

လူအနည္းငယ္ပဲက်န္ရစ္ခဲ့ေတာ့တယ္။ စားပြဲမွာသတို႔သားအေလာင္းအလ်ာႀကီး က်ိဳးေမာ့ခၽြင္ပဲက်န္ေတာ့တယ္။ ဘယ္သူမွသူ႔ကိုအာ႐ုံမစိုက္ဘူး။ သူတစ္ေယာက္ပဲထိုင္က်န္ေနခဲ့တယ္။

ရွန္းစစ္ရဲယ္ရဲ့အဆက္အသြယ္ေတြကိုမွီခိုပီး Imperial Capital မွာ Paternity test agency ကိုအလြယ္တကူပဲရွာေဖြနိုင္ခဲ့တယ္။

ဆရာဝန္ကရွန္းစစ္ရဲယ္ရယ္ ရွန္းတုရယ္နဲ႔ စုန႔္ရီရဲ့ဆံပင္နဲ႔ေသြးေတြကိုဂ႐ုတစိုက္ယူလိုက္တယ္။ ပီးေတာ့ ရလဒ္ေတြကို ေဆး႐ုံကရွစ္နာရီအတြင္းထုတ္ေပးနိုင္မည္ျဖစ္ေၾကာင္း ရွန္းစစ္ရဲယ္ကိုတေလးတစားေျပာတယ္။

ေဆး႐ုံကထြက္လာေတာ့ ရွန္းအိမ္ေတာ္ကdriver ကကားေမာင္းလာပီး ေဆး႐ုံအဝင္ဝမွာရပ္ထားတယ္။ ရွန္းစစ္ရဲယ္ကအေရွ႕ကိုတိုးပီး စုန္႔ရီပခုံးကိုပုတ္ေပးကာ မ်က္လုံးေတြကေတာ့ႏူးညံေနတယ္ "မင္းအိမ္ကိုခနေလာက္လိုက္ထိုင္ခ်လား?"

စုန္႔ရီဒီကိစၥျဖစ္အပီးမွာ မိသားစုအသစ္နဲ႔မ်က္ႏွာခ်င္းမဆိုင္ခ်င္ေသးတာမို႔ ေခါင္းယမ္းလိုက္တယ္ "ေက်းဇူးတင္ပါတယ္ စစ္ရဲယ္ result ေတြထြက္လာရင္ စိတ္တည္ၿငိမ္ဖို႔​တစ္စုံတစ္ေယာက္ကိုလိုအပ္လို႔ပါ"

"အမ်ားႀကီးေတြးမေနပါနဲ႔ ရွန္းအိမ္ေတာ္ကမင္းအတြက္အျမဲတမ္းတံခါးဖြင့္ေပးထားမွာပါ" ရွန္းစစ္ရဲယ္ကစိတ္ပူပင္တာနဲစိတ္ဆိုးတာနဲ႔ခံစားခ်က္ေတြေရာေထြးေန​တယ္။

စုန္႔ရီေခါင္းညိမ့္ပီး ရွန္းစစ္ရဲယ္ကိုႏွုတ္ဆက္စကားဆိုလိုက္တယ္။ သူအခုအခ်ိန္မွာအိမ္ကိုလဲမျပန္ခ်င္ေသးဘူး။ ကုရွင္ခၽြမ္းမရွိတာမို႔ အိမ္မွာလဲသူတစ္ေယာက္တည္းျဖစ္ေနမွာ။ အရမ္းေျခာက္ကပ္အထီးက်န္လြန္းတာမို႔ သူဘယ္ကိုသြားရမွန္းမသိျဖစ္ေနတယ္။

သူကားစတီယာရင္ကိုလက္တစ္ဖက္နဲ႔ထိန္းကိုင္လို႔ ၿမိဳ႕ေဟာင္းမွာရွိေနတဲ့ ေက်ာင္းႀကီးဆီကိုပဲကားကိုေမာင္းသြားလိုက္တယ္။ ဆည္းဆာေနေရာင္ကအိုေဟာင္းတဲ့အေဆာက္အအုံေတြေပၚမွာေရႊေရာင္အလႊာတစ္ထပ္ျဖစ္ေပါေနေစပီး လမ္းသြားလမ္းလာေတြကဟိုမွသည္သြားေနသည္က ေရွးေခတ္ဇာတ္လမ္းေတြထဲကျမင္ကြင္းတစ္ခုလိုလိုပဲ။

ဒီမွာရွိေနတဲ့လမ္းသြယ္လမ္ၾကားတိုင္းကမွတ္ဉာဏ္ထဲမွာနက္နဲစြာစြဲထင္ေနတယ္။

ဒီေဒသကအေကာင္းဆုံးေက်ာင္းတစ္ေက်ာင္းမွာမို႔ သူကေန႔တိုင္းသင္ခန္းစာေတြကိုေက်ာင္းမွာအၿပီးလုပ္ေလ့ရွိတယ္။ ေက်ာင္းဆင္းတဲ့အခါိဲေႏြရာသီမွာဆိုအဆင္ေျပေပမဲ့ ေဆာင္းရာသီမွာေတာ့သူဘာမွမျမင္ရဘူး။ သူေက်ာင္းဂိတ္ဝကထြက္လာတဲ့အခါမွာ ရွန္းလီရဲ့လက္ေလးကိုညင္ညင္သာေလးဆြဲယူပီး ကိုင္ထားမယ္။ အေမွာင္ထဲမွာစုန္႔ရီရဲ့ႏွလုံးေတြကေတာ့ညိမ့္ညိမ့္ေညာင္းေညာင္းေလးခုန္ေနမယ္။

ငယ္ရြယ္ပီးအရမ္းလွပခဲ့တဲ့မွတ္ဉာဏ္ေတြကအခုအခ်ိန္မွာေတာ့ မႏွစ္ၿမိဳ႕စရာေကာင္းေနပီျဖစ္တယ္။

အသိဉာဏ္ရွိရွိနဲ႔ပဲ ဒီအတိတ္ကမွတ္ဉာဏ္ေဟာင္းေတြကိုႏွုတ္ဆက္ပီး ဘာမွျပန္မစဥ္းစားေတာ့ဘဲ ဘဝအသစ္ကိုစရေတာ့မယ္ျဖစ္ေၾကာင္းသူသိတယ္။

ကုရွင္ခၽြမ္းကသူ႔ကိုအေတာ္ေလးနားလည္တယ္။ သူကတည္ၿငိမ္တယ္ ခ်မ္းသာမွုေတြ ေက်ာ္ၾကားမွုေတြကိုမမက္ေမာဘူး။ ဒါေပမဲ့သူ႔မွာအရိုးထဲစြဲေနတဲ့ကိုယ့္ကိုယ့္ကိုအထင္ႀကီးမွုေတြရွိ​တယ္။ သူကထက္ျမက္ပီး က်ိဳးေၾကာင္းဆင္ျခင္နိုင္တယ္။ ဒါေပမဲ့သူကအလွည့္စားခံရပီး အ႐ူးလုပ္ခံခဲ့ရတယ္။ တကာ္ဆိုဒါကလုံးဝမျဖစ္သင့္ဘူးဆိုေပမဲ့ လက္ေတြ႕ဘဝကသူ႔မ်က္ႏွာေပၚမွာခပ္ဆဆနဲ႔ပါးရိုက္သြားသလိုပါပဲ။

အရင္တုန္းကသူလ်စ္လ်ဴရွုခဲ့တဲ့အရာေတြကို တစ္ခုပီးတစ္ခုေတြးၾကည့္မိတယ္။ သူကတကယ္ထက္ျမက္တယ္ဆိုေပမဲ့ သူ႔အေမနဲ႔သူသေဘာက်တဲ့သူအေၾကာင္းကို မနာလိုစြာနဲ႔ေလၽွာက္ပီးမွန္းဆမေနခဲ့ဘူး။

စုန္႔ရီသက္ျပင္းမွုတ္ထုတ္လိုက္ပီး ကားစတီယာရင္ေပၚမွာ ပင္ပန္းႏြမ္းနယ္စြာ ေခါင္းေမွာက္ခ်လိုက္တယ္။ သူ႔မ်က္လုံးေတြကနာက်င္ေနပီးသူငိုခ်င္ေနတယ္။ သူကုရွင္ခၽြမ္းကိုလွမ္းေခၚခ်င္တယ္။ သူလက္လွမ္းပီး အိတ္ကပ္ထဲကေနဖုန္းကိုထုတ္လိုက္တယ္။ ဖုန္းကဘယ္တုန္းကတည္းကအားကုန္သြားပီး စက္ပိတ္သြားမွန္းမသိဘူး။ သူအားသြင္းႀကိဳးရွာပီး အားသြင္းလိုက္တယ္။

သူၿမိဳ႕ထဲမွာကားကို ဦးတည္ရာမဲ့ေလၽွာက္ေမာင္းေနတယ္။ ေနဝင္သြားပီး ေကာင္းကင္ကမည္းေနရာကေနမင္ေရာင္ေျပာင္းသြားၿပီ။ လမ္းမီးနဲ႔ နီယြန္မီးေတြလဲလင္းေနၿပီျဖစ္တယ္။ သူဖုန္းဖြင့္ၾကည့္လိုက္ေတာ့ missed call ႏွစ္ဆယ္ေက်ာ္ေလာက္က screen ေပၚမွာေပၚလာတယ္။ အားလုံးကကုရွင္ခၽြမ္းေခၚထားတာျဖစ္တယ္။

စုန္႔ရီဖုန္းျပန္ေခၚမလိုလုပ္တဲ့အခ်ိန္မွာ ကုရွင္ခၽြမ္းဆီကဖုန္းထပ္ဝင္လာတယ္။ သူဖုန္းကိုျပန္ေျဖလိုက္တယ္။ ကုရွင္ခၽြမ္းရဲ့တစ္မူထူျခားတဲ့ အသံနိမ့္နိမ့္ကျမစ္ေတြေတာင္ေတြကိုျဖတ္ပီး ထြက္ေပၚလာတယ္ "မင္းဘာလုပ္ေနတာလဲ ဘာလို႔ငါဖုန္းေခၚထားတာကိုျပန္မေျဖတာလဲ?"

"ဖုန္းအားကုန္သြားလို႔" စုန္႔ရီသမ္းေဝလိုက္တယ္။ ကုရွင္ခၽြမ္းအသံၾကားလိုက္ရေတာ့ သူ႔စိတ္အေျခအေနကအမ်ားႀကီးသက္သာသြားတယ္။

ကုရွင္ခၽြမ္းအသံကခနေလာက္တိတ္သြားတယ္ "ငါ့ပါးပါးမင္းအေၾကာင္းေျပာလို႔ငါၾကားပီးသြားပီ မင္းအခုအဆင္ေျပရဲ့လား?"

စုန္႔ရီႏွာေခါင္းရိုးကိုဖ်စ္လိုက္တယ္။ ကုေရွာက္ယြမ္မွာေကာင္းကင္ထိသြားနိုင္တဲ့လက္ေတြ​မ်က္စိေတြရွိတာပဲ။ ရွန္းမိသားစုမွာျဖစ္ပ်က္ေနတာေတြကိုေတာင္ခ်က္ခ်င္းသိေနတယ္ "ငါအဆင္ေျပပါတယ္ ငါမင္းကိုအရမ္းသတိရေနတယ္"

ကုရွင္ခၽြမ္းအံ့ဩသြားတယ္။ စုန္႔ရီအရင္ကဒီလိုမ်ိဳးတစ္ခါမွမေျပာဖူးဘူး။ သူခနေလာက္တန္႔သြားတယ္ "မင္းဘယ္မွာလဲ ငါ့ကို location ပို႔လိုက္"

"ငါဘာမွမစဥ္းစားနိုင္ေတာ့မွာစိုးေနတာလား?" စုန္႔ရီျပဳံးလိုက္ပီး ႏွုတ္ခမ္းေလးေတြကေကြးတက္သြားတယ္ "ငါဒီကိစၥေလးေၾကာင့္နဲ႔မေသပါဘူး မင္းငါ့ကိုအရမ္းအထင္ေသးလြန္းေနပီ"

ကုရွင္ခၽြမ္းကမတိုးသာမဆုတ္သာျဖစ္ေနပီး အတင္းတိုက္တြန္းတယ္ "ျမန္ျမန္ေျပာ ရယ္မေနနဲ႔"

စုန္႔ရီ We Chat ဖြင့္လိုက္ပီး location လွမ္းပို႔လိုက္တယ္။ သူရွိေနတဲ့ေနရာကိုၾကည့္ဖို႔အတြက္ ခါးဆန္႔လိုက္တယ္ "ငါ Beidaihe မွာ night scene ၾကည့္ေနတာ မင္းငါ့ကိုလြမ္းလား?"

"မင္းၾကည့္ေနတာ night scene လား လူေတြလား? ေခ်ာေခ်ာလွလွေလးေတြအမ်ားႀကီးရွိေနတာလား?" ကုရွင္ခၽြမ္းကဖြဖြေလးႏွာမွုတ္လိုက္ပီး ေနာက္ေမးခြန္းကိုေတာ့မေျဖပဲထားတယ္။

စုန္႔ရီသူ႔ဘက္ကေနကားအင္ဂ်င္လိုဆူညံညံအသံကိုၾကားလိုက္ရတယ္။ သူခါးသက္သက္ျပဳံးလိုက္တယ္ "စိတ္မလွုပ္ရွားပါနဲ႔ ငါစိတ္ပ်က္ေနတယ္"

"မင္းစိတ္ပ်က္တာငါလား ရွန္းလီလား?"

"မင္းသူ႔ကိုထုတ္မေျပာစမ္းနဲ႔ အခုငါသူ႔နာမည္ကိုမၾကားခ်င္ဘူး"

"အိုေခ အိုေခ ထုတ္မေျပာေတာ့ဘူး ငါ့ကိုနားေထာင္ေစခ်င္တယ္ဆိုရင္ မင္းထပ္ေျပာေလ"

စုန္႔ရီရယ္ခ်င္သြားတယ္။ ကုရွင္ခၽြမ္းကသူ႔ရဲ့စိတ္အေျခအေနကိုပိုပီးလင္းထိန္သြားေအာက္ျပဳလုပ္နိုင္တယ္။ သူစေနာက္ပီးေျပာလိုက္တယ္ "ငါအခုမင္းကိုသတိ​ရေနတာက မင္းကအရမ္းစိတ္ပ်က္စရာေကာင္းတာပဲလို႔"

ကုရွင္ခၽြမ္းကစိတ္ဆိုးမာန္ဆိုးေျပာတယ္ "လိ့ မင္းကရွန္းမိသားစုဝင္ျဖစ္သြားလို႔စိတ္ေျပာင္းသြားတာလား?"

"မင္းေျပာမွပဲ ငါသတိရေတာ့တယ္ အခုငါလဲပဲခ်မ္းသာေနပီဆိုေတာ့ သိမ္ေမြ႕ႏူးညံ့ပီးနာခံတတ္တဲ့သူေလးတစ္ေယာက္ရွာသင့္ေနပီပဲ" စုန္႔ရီအျပဳံးတစ္ခုနဲ႔ေျပာလိုက္တယ္။

"မင္းလုပ္ရဲလား?" ကုရွင္ခၽြမ္းကရန္လိုစြာေမးတယ္။

စုန္႔ရီက​မိုင္ေထာင္ေပါင္းမ်ားစြာအကြာမွာရွိေနတဲ့ကုရွင္ခၽြမ္းရဲ့ေဒါသကိုေတြးမိေတာ့ ႏွလုံးသားမွာရွိေနတဲ့ျမဴမွိုင္းေတြကလြင့္ျပယ္သြားတယ္။ အခုအခ်ိန္မွာဘယ္ေလာက္ပဲဆိုးရြားေနပါေစကိစၥမရွိဘူး အနည္းဆုံးေတာ့သူ႔မွာကုရွင္ခၽြမ္းတစ္ေယာက္လုံးရွိေသးတယ္။ သူကလြယ္လင့္တကူပဲစေနာက္ေနတယ္ "မလုပ္ရဲပါဘူး မင္းကအရမ္း​ေၾကာက္စရာေကာင္းတာပဲ မင္းဒီလိုမ်ိဳးဆိုဘယ္သူမွမင္းကိုမလိုခ်င္ပဲေနေတာ့မယ္"

"ေနပါေစ ငါကလဲတျခားသူေတြငါ့ကိုလိုခ်င္ခြင့္မေပးဘူး မင္းတစ္ေယာက္ပဲလိုခ်င္ေအာင္လုပ္​မွာ" ကုရွင္ခၽြမ္းကခနရပ္လိုက္ပီး ေပ်ာ္ရႊင္စြာေပ်ာ္လာတယ္ "ငါကအျမင္အာ႐ုံထက္ျမတယ္ေလ"

စုန္႔ရီရယ္ခ်လိုက္ပီး ေအးေအးေဆးေဆးေျပာလိုက္တယ္ "ဟုတ္ပါၿပီ ငတုံးေလးေတြမွာတုံးအတဲ့ကံေကာင္းမွုေတြရွိ​တာပဲ"

ကုရွင္ခၽြမ္းကမေပ်ာ္မရႊင္ျဖစ္သြားတယ္ "မင္းဘယ္သူ႔ကိုတုံးတယ္ထင္ေနတာလဲ?"

"ငါ့ဘာသာငါေျပာေနတာပါ ငါမင္းကိုမေျပာမိပါဘူး" စုန္႔ရီေနာက္ၾကည့္မွန္ကိုၾကည့္ပီး မ်က္ႏွာေလးနည္းနည္းမဲ့လိုက္တယ္။

သူတို႔ႏွစ္ေယာက္မွုမတူညီတဲ့အက်င့္စရိုက္ေတြရွိတယ္။ တစ္ေယာက္ကသိမ္ေမြ႕ထက္ျမက္ပီး ေနာက္တစ္ေယာက္ကအေပၚစီးကေျပာဆိုျပဳမူတတ္တယ္။ ဒါေပမဲ့လဲ ဒီႏွစ္ခုကသဘာဝက်က်ပဲတစ္ခုနဲ႔တစ္ခုျဖည့္စြက္ပီးလိုက္ဖက္ညီေစတယ္။ စုန္႔ရီကႏူးညံ့နာခံတတ္တဲ့လူမ်ိဳးကိုရွာေဖြခဲ့ဖူးတယ္။ ဒါေပမဲ့အခုခ်ိန္မွာေတာ့ ကုရွင္ခၽြမ္းလိုခပ္ရိုင္းရိုင္းေလးနဲ႔ပဲအဆင္ေျပ ေနသားက်ေနတယ္။

လူႏွစ္ေယာက္အတြက္အေရး​အႀကီးဆုံးကႏွစ္ေယာက္သားအတူတူရွိေနခ်ိန္မွာ ေပ်ာ္ရႊင္ေနရျခင္းပဲျဖစ္တယ္။

စုန္႔ရီကားထဲကထြက္လိုက္ပီး တံတားေဘာင္မွာမွီလိုက္တယ္။ သူကစီးဆင္းေနတဲ့ေရကန္ကိုၾကည့္ပီး ကုရွင္ခၽြမ္းနဲ႔အတြဲေတြလို​စကားေျပာေနလိုက္တယ္။

ဖုန္းအားနိမ့္ေနပီျဖစ္ေၾကာင္းအသိေပးခ်က္ဝင္လာေတာ့ စုန္႔ရီဖုန္းခ်မလို႔ျပင္လိုက္တယ္။ ကုရွင္ခၽြမ္းကဖြဖြေလးပင့္သက္ရွိုက္လိုက္ပီး အမိန္႔ေပးလာတယ္ "ဖုန္းမခ်နဲ႔ မလွုပ္နဲ႔!"

စုန္႔ရီအံ့အားသင့္သြားတယ္ "မင္းဘာျဖစ္လို႔လဲ?"

အဲ့တာေျပာပီးသြားေတာ့ သူ႔အေနာက္ကေနအသံေတြၾကားလိုက္ရတယ္။ လ်င္ျမန္တဲ့ေျခသံေတြက တိတ္ဆိတ္ေနတဲ့ညမွာ အေတာ္ေလးသိသာတယ္။ စုန္႔ရီလွည့္ၾကည့္လိုက္ေတာ့ သူ႔ႏွာေခါင္းကကုရွင္ခၽြမ္းရဲ့ပါးေႏြးေႏြးနဲ႔ထိေတြ႕မိသြားတယ္။ ေၾကာက္စရာေကာင္းတဲ့ႏွလုံးခုန္သံ​ကသူ႔နားထဲမွာျမည္ဟည္းေနတယ္။

ကုရွင္ခၽြမ္းကလက္ေတြဆန္႔ထုတ္လိုက္ပီး သူ႔ကိုတင္းတင္းက်ပ္က်ပ္ေပြ႕ဖက္လိုက္တယ္။ သူကအသက္ျပင္းျပင္းရွူေနပီး သူ႔နားနားကိုကပ္ေျပာတယ္ "ငါမင္းကိုအမ်ားႀကီးလြမ္းေနတာ"

စုန္႔ရီအံ့အားသင့္ေနပီး ေပ်ာ္ရႊင္သြားရတယ္ "မင္းဘယ္တုန္းကျပန္လာတာလဲ?"

"ငါ့ပါးပါးမင္းအေၾကာင္းေျပာျပပီးတာနဲ႔ Imperial Capital ကိုအေျပးျပန္လာခဲ့တာ" ကုရွင္ခၽြမ္းကသူ႔ပါးကိုႏွုတ္ခမ္းေလးနဲ႔ထိလိုက္ပီး ႏူးႏူးညံ့ညံ့ေလးေျပာလာတယ္ "အဲ့ဒီတုန္းကမင္းကိုအေဖာ္မျပဳေပးနိုင္လို႔ေတာင္းပန္ပါတယ္"

စုန္႔ရီႏွလုံးသားေလးကစိတ္အားထက္သန္စြာနဲ႔ခုန္ေပါက္ေနခဲ့တယ္။ အထူးသျဖင့္ ဒီလိုဆုံေတြ႕မွုကတကယ္ကိုစိတ္ကူးယဥ္ဆန္လြန္းတယ္။ သူကုရွင္ခၽြမ္းရဲ့အလုပ္အေၾကာင္းေတြးမိေတာ့ စိုးရိမ္စြာေမးလိုက္တယ္ "ငါကအဆင္ေျပပါတယ္ မင္းရဲ့အလုပ္ေရာအဆင္ေျပရဲ့လား?"

"ျပႆနာမရွိပါဘူး" ကုရွင္ခၽြမ္းကေခါင္းေလးငုံ႔ပီး ႏွာေခါင္းေလးတရွုံ႔ရွုံ႔နဲ႔အနံခံၾကည့္ေနတယ္။ သူ႔ရဲ့ဆံပင္ေလးေတြကစုန္႔ရီရဲ့ေခ်ာေမြ႕တဲ့ပါးျပင္ကိုထိေတြ႕ေနတယ္ "ငါမင္းကိုအခုနမ္းခ်င္ေနတယ္"

"ငါ့ကိုနမ္းဖို႔ မင္းမွာဘယ္တုန္းကငါ့ရဲ့ခြင့္ျပဳခ်က္လိုသြားတာလဲ?" စုန္႔ရီကသေဘာတူတဲ့အေနနဲ႔မ်က္ခုံးပင့္လိုက္တယ္။

ကုရွင္ခၽြမ္းကသူ႔ကိုတစ္ခ်က္ၾကည့္ပီးလက္ထိပ္ေအးေအးေလးေတြနဲ႔ သူ႔ႏွုတ္ခမ္းကိုထိေတြ႕လာတယ္ "ပါးစပ္ဟ"

စုန္႔ရီကသူ႔နဲ႔ေက်နပ္စြာပဲပူးေပါင္းလိုက္ပီး ေလာင္ၿမိဳက္မွုေတြျပည့္လၽွံေနတဲ့အနမ္းကိုမ်က္လုံးေလးမွိတ္ပီး ေပ်ာ္ေမြ႕ေနတယ္။

Beidaihe ရဲ့ညကေမွာင္မိုက္ေနတယ္။ ေရ​မ်က္ႏွာျပင္ေပၚမွာ တံတားဆီကေတာက္ပတဲ့အလင္းေရာင္ေတြကအ​လင္းျပန္ေနတယ္။ ေရေပၚမွာလွိုင္းငယ္ေလးေတြထေနပီး
ညလယ္ေခါင္မွာၿမိဳ႕ကအထီးက်န္ေနတယ္။ ဒါေပမဲ့ဒီအခ်ိန္မွာ သူကေတာ့လုံးဝအထီးက်န္မေနခဲ့ပါဘူး။

စုန္႔ရီမ်က္လုံးဖြင့္လိုက္ေတာ့ ကုရွင္ခၽြမ္းရဲ့မ်က္လုံးနက္နက္ေလးေတြဆီမွာနက္ရွိုင္းတဲ့အေမွာင္ထုကိုျမင္ေနရတယ္။ ႏွစ္ေယာက္သားရဲ့ေလေငြ႕ေတြကေရာယွက္ေနပီး ႏွလုံးခုန္ႏွုန္းေတြကလဲေႏွးေကြးေလးလံေနတယ္။ သူႏွုတ္ခမ္းသပ္လိုက္ပီးေခါင္စဥ္တစ္ခုကိုတုံးအစြာပဲေျပာင္းလဲလိုက္တယ္ "မင္းဘာစားခ်င္လဲ သြားစားၾကရေအာင္..."

"ဒီေန႔ငါမင္းကိုစားခ်င္တယ္" ကုရွင္ခၽြမ္းကသူ႔ကိုဖက္လိုက္ပီး နတ္ဆိုးဆန္ဆန္အျပဳံးတစ္ခုေပၚေပါက္လာကာ အသံနိမ့္နိမ့္နဲ႔ေျပာတယ္ "ငါ Hokkaido မွာဇာတ္ကားေတြအမ်ားႀကီးၾကည့္ခဲ့တယ္ ငါနဲ႔အတူစမ္းၾကည့္ရေအာင္"

စုန္႔ရီအဲ့တာကိုအေလးအနက္ေတြးၾကည့္ၾကည့္တယ္။ အခုလိုအခ်ိန္မွာ ဖိအားေတြေလ်ာ့နည္းသြားေစဖို႔အတြက္ ဒါကေကာင္းမဲ့ပုံေပၚတယ္။ သူကအိတ္ကပ္ထဲကေနကားေသာ့ထုတ္လိုက္တယ္ "ငါတို႔ဘယ္သြားၾကမလဲ?"

ဒီအခ်ိန္မွာေတာ့ကုရွင္ခၽြမ္းရဲ့လုပ္ေဆာင္နိုင္စြမ္းကအေကာင္အထည္ျပလာပါေတာ့တယ္။ ဆယ္မိနစ္အတြင္းမွာပဲ တံတားဆီကေနအနီးဆုံးမွာရွိေနတဲ့ၾကယ္ငါးပြင့္ဟိုတယ္ဆီကိုေရာက္သြားတယ္။ စုန္႔ရီအိပ္ယာေပၚက်သြားတဲ့အခါမွာ သူ႔​ေျခေထာက္ေတြကေပ်ာ့ေခြပီး ရီေဝေနတယ္။ သူကမ်က္လုံးေလးတစ္ဝက္ေမွးပီး ကုတ္အကၤ်ီခၽြတ္ေနတဲ့ ကုရွင္ခၽြမ္းကိုၾကည့္ကာသတိေပးလိုက္တယ္ "နံပါတ္သုံးအခ်က္"

"ဘာႀကီးတုန္းနံပါတ္သုံးက" ကုရွင္ခၽြမ္းကမမွတ္မိေယာင္ေဆာင္လိုက္တယ္။

စုန္႔ရီသူ႔ကိုဖြဖြေလးကန္လိုက္တယ္ "မင္းျမန္ျမန္လုပ္ သြားဝယ္ေတာ့ ငါမင္းကိုေစာင့္ေနမယ္"

"ဒါေပမဲ့ အျပင္ဘက္မွာေအးေနတယ္ေလ ငါအေအးမိသြားမွာေပါ့" ကုရွင္ခၽြမ္းကရိုးသားစြာနဲ႔ပဲမ်က္လုံးေလးေပကလပ္ေပကလပ္လုပ္တယ္။ ဒီအခ်ိန္မွာအခန္းထဲမွာပဲရွိေနခ်င္တာျဖစ္ပီး ဘယ္မွမသြားခ်င္ေတာ့ဘူး။

စုန္႔ရီသူ႔ကိုတစ္ခ်က္လိုက္တယ္။ သူ႔ရဲ့ခႏၲာကိုယ္ႀကံ့ခိုင္မွုေၾကာင့္ ေဆာင္းရာသီမွာ​အကၤ်ီလက္တိုေလးဝတ္ေျပးရင္ေတာင္ အေအးမိမွာမဟုတ္ဘူး။ "မင္းျမန္ျမန္သြား ငါအိပ္ငိုက္ေနပီ"

ကုရွင္ခၽြမ္းကအဲ့တာကိုၾကားေတာ့ အကၤ်ီကိုဇစ္ဆြဲတပ္လိုက္ပီး အခန္းထဲကေနအေလာတႀကီးထြက္သြားေတာ့တယ္။ အဲ့ဒီပစၥည္းကသြားဝယ္စရာမလိုဘူး။ ေနာက္ဆုံးတစ္ေခါက္စုန္႔ရီေျပာကတည္းက တစ္ဒါဇင္ေလာက္ဝယ္ပီး ကားထဲပစ္ထည့္ထားတာ။ ဒါေပမဲ့သူကဒါေတြသုံးရတာမႀကိဳက္ဘူး။

သူကားထဲက​ေနတခ်ိဳ႕ကိုယူပီး အေပၚကိုျပန္တက္လာလိုက္တယ္။ စုန္႔ရီကညေနာက္က်တဲ့အထိမေနနိုင္တာမို႔ အိပ္ေပ်ာ္ႏွင့္ေနပီျဖစ္တယ္။ သူ႔အသံရွည္သံေတြကရွည္ၾကာပီး ညီညာေနပီျဖစ္တယ္။ သူ႔ရဲ့ပခုံးေလးေတြကအိပ္ယာထဲမွာနစ္ဝင္ေနပီး သနားစရာေကာင္းတဲ့ပုံေလးေပါက္ေနတယ္။

ကုရွင္ခၽြမ္းကမ်က္ေမွာင္ၾကဳံ႕ပီး စုန္႔ရီကိုမခံခ်ိမခံသာနဲ႔အၾကာႀကီးစိုက္ၾကည့္ေနတယ္။ စုန္႔ရီဘက္ကဘာတုံ႔ျပန္မွုမွမရွိတဲ့အခါ စုန္႔ရီကိုႏွိုးဖို႔မထိန္းနိုင္ျဖစ္သြားတယ္။ သူတြန္႔ဆုတ္စြာနဲ႔ပဲ အေရွ႕ကိုမွီပီး နဖူးေလးကိထိကာ ညင္ညင္သာသာေျပာလိုက္တယ္ "ဝက္ေလးနဲ႔တူတယ္"

ေျပာပီးသြားေတာ့သူထလိုက္ကာ ဝရန္တာဆီကိုေလၽွာက္သြားလိုက္တယ္။ သူကအသံလုံတံခါးကိုပိတ္လိုက္ပီး ဝရန္တာလက္တန္းမွာမွီလိုက္တယ္။ သူကအိတ္ကပ္ထဲကဖုန္းကိုထုတ္လိုက္ပီး နံပါတ္တစ္ခုကိုေခၚလိုက္တယ္။

ဖုန္းထဲကလူကသူတို႔မိသားစုကရဲ့ေသြးေဝးတဲ့အမ်ိဴးတစ္ေယာက္ျဖစ္ေသာ ရွီးနင္ျဖစ္တယ္။ စီးပြားေရးလုပ္ငန္းေတြႀကီးထြားလာတာနဲ႔အမၽွအေမွာင္ထဲကလုပ္ရတဲ့ကိစၥ​တခ်ိဳ႕လဲရွိလာတယ္။ ဒီကိစၥေတြအားလုံးကိုေတာ့ ဒီေသြးေဝးတဲ့ေဆြးမ်ိဳးေလးကပဲကိုင္တြယ္ေျဖရွင္းေပးေလ့ရွိတယ္။

ရွီးနင္ကစိတ္အားထက္ထက္သန္သန္ရွိေနတယ္ "ခၽြမ္းေကာ ညႀကီးဖုန္းလွမ္းေခၚတာ ဘာကိစၥရွိလို႔လဲ?"

ကုရွင္ခၽြမ္းကဇာတ္ခ်ိဳးလိုက္ပီး အိပ္ေနတဲ့စုန္႔ရီကိုတစ္ခ်ပ္လွမ္းၾကည့္ပါ တည္တည္ၿငိမ္ၿငိမ္ေျပာလိုက္တယ္ "ငါ့ဇနီးေလးကအနိုင္က်င့္ခံေနရတယ္ မင္းကသူတို႔ကိုရွင္းလင္းေပး"

"အိုက္ယား ဘယ္သူကမ်ားမရီးေလးကိုအနိုင္က်င့္ရဲတာလဲ ကၽြန္ေတာ္ဘာလုပ္ေပးရမလဲ?" ရွီးနင္ကျပဳံးလိုက္တယ္။

ကုရွင္ခၽြမ္းကမ်က္လုံးေတြကိုေမွးက်ဥ္းလိုက္တယ္ "ငါသူတို႔ကိုသတ္ခ်င္တယ္ ဒါေပမဲ့ခ်က္ခ်င္းႀကီးေဒါသကေျပသြားမွာမဟုတ္ဘူး မင္းရဲ့နည္းလမ္းအတိုင္းပဲလုပ္လိုက္ သူတို႔မွာ​ေပ်ာ္ရႊင္စရာေကာင္းတဲ့ေန႔ရက္ဆိုတာမရွိေစနဲ႔"

ေက်ာက္ဟုန္းရန္နဲ႔ရွန္းလီသာသူ႔ရဲ့ေရွ႕မွာရွိေနမယ္ဆိုရင္ သူတို႔ရဲ့ေခါင္းေတြကိုလိမ္ခ်ိဳးပစ္ဖို႔ သူမထိန္းနိုင္ျဖစ္ေနလိမ့္မယ္။ သူေတာင္သူ႔ရဲ့ကေလးေလးကိုဘယ္တုန္းကမွအနိုင္မက်င့္ဘူး။ ဒီတိုင္းစေနာက္တာပဲရွိတာကို။

ရွီးနင္ကေျပာတယ္ "ကိစၥမရွိပါဘူး မိသားစုေတြပဲကို ဒါနဲ႔ ဘယ္အခ်ိန္က်မွကၽြန္ေတာ္ရဲ့မရီးေလးနဲ႔ကၽြန္ေတာ္ေတြ႕ရမွာလဲ?"

"မင္းသူ႔ကိုေတြ႕စရာမလိုပါဘူး ငါ့ေပါင္ေပါင္ကဥ​ပေဒလိုက္နာတဲ့ေကာင္းမြန္တဲ့ကေလးေလး" ကုရွင္ခၽြမ္းကေခါင္းငုံ႔လိုက္ပီး ေလွာင္ရယ္လိုက္ကာ တိုက္တြန္းႏွိုးေဆာ္လိုက္တယ္ "ျမန္ျမန္သာ​ေျဖရွင္းလိုက္ ငါ့ပါးပါးမသိေစနဲ႔"

ရွီးနင္ကျပဳံးလိုက္တယ္ "ျပႆနာမရွိပါဘူး ကၽြန္ေတာ္လုပ္လိုက္မယ္ စိုးရိမ္မေနပါနဲ႔"

ကုရွင္ခၽြမ္းကဖုန္းခ်လိုက္ပီး အေရာင္စုံတဲ့ညျမင္ကြင္းကို သူန္မွုန္ေနတဲ့မ်က္လုံးေတြနဲ႔ၾကည့္ေနလိုက္တယ္။

~~~~~~~~

ကုရွင္ခၽြမ္းရဲ့ ေပါင္ေပါင္၊ ေပါင္ေပ့၊ ေရွာင္ေပါင္ေပ့၊ ေဘဘီ ေတြၾကားမွာမီေသြးတက္🤦‍♀️🤦‍♀️

ကုရွင္ခၽြမ္းကငယ္တယ္လို႔ကိုယ္ထင္ေနတာ။ စုန္႔ရီက ၂၆ႏွစ္ ရွိေနပီမဟုတ္လား ပထမအပိုင္းမွာပါတယ္။  ေရွာင္ကုကက် ၁၅ႏွစ္ျပည့္ပီး တ႐ုတ္ကိုျပန္ေရာက္အခ်စ္ဦးကိုေတြ႕ ပီးေတာ့အထက္တန္းသုံးႏွစ္ၾကားထဲကေျခာက္ႏွစ္ဆိုေတာ့ ၂၄ ၂၅ ပဲရွိအုံးမယ္ထင္တယ္။

Continue Reading

You'll Also Like

658K 29.5K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန္မင္းတေခတ္ × ခြန္းေနွာင္ႀကိဳး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...
2.7M 72.7K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
10.2K 796 15
သောကြာနေ့တိုင်း Update ရှိပါသည်။ ကြာပန်းဖြူလေးများအဖွဲ့