အနားမှာ.....
ဒီလိုနဲ့....ဘဂျမ်းနဲ့လင်းသန့်ကြည်ပိုပြီး နီးကပ်လာတယ်။ ဘဂျမ်းက ကားဂိုထောင်ထပ်ခိုးမှာနေပြီး အိမ်ကြီးထဲကိုတော်ရုံဝင်မလာဘူး။
ထမင်းစားရင်လဲ... တူတူလာမစားဘူး။
လူကြီးတွေက ခေါ်တယ်။ သူကပဲ ငြင်းနေတာ။
ငြင်းပြီးရင်လဲ အားနာနေပြီး လင်းသန့်ကြည်ကိုလဲ မျက်နှာငယ်လေးနဲ့ကြည့်သေးတာ။
မနက်မိုးလင်းရင်.....အန်တီထားကိုစျေးလိုက်ပို့ပေးတာလဲ...ဘဂျမ်း
ပါပါးရဲ့ကားကို ရေဆေးပြီးမောင်းရုံအသင့်လုပ်ပေးတာလဲ....ဘဂျမ်း
ခြံထဲမှာ ရှင်းတာလင်းတာအတွက်လဲ....ဘဂျမ်း
ဘဂျမ်းရောက်လာတော့မှ...ပိုပြီးပြည့်စုံသွားသလိုပါ။
ကားပျက်ရင်လဲ တော်ရုံကိစ္စလောက်ကိုတော့ ဘဂျမ်းရှိတော့ ဝပ်ရှော့ပို့စရာမလိုတော့။သူပဲ ပြင်သည်။
ပါပါးကပင် ဘဂျမ်းကို သူပဲခေါ်မောင်းခိုင်းတော့မည်ဟုပြောနေတော့သည်။
ဒါလဲ အမောင်ဘဂျမ်းက ငြင်းလိုက်တာပင်။
ဆရာ့ကို ကားမောင်းဖို့သူစိတ်မချလို့ပါတဲ့.....ခပ်ရှင်းရှင်းပဲပြောချလိုက်တာပဲ။
တစ်နေ့မှာ....ကိုငြိမ်းမိုးက အိမ်ကိုအလည်လာသည်။
ထုံးစံအတိုင်း လင်းသန့်ကြည်ရှိသည့်ရက်ပဲပေါ့။
ဘဂျမ်းလဲ အိမ်မှာရှိနေသည်။
ဝတ်ရည်က ကားကိုယူသွားသည်။ ဒါကြောင့် ဘဂျမ်းအိမ်မှာပဲရှိသည်လေ။ ထမင်းစားချိန်ရောက်လာတဲ့ ဧည့်သည်ဆိုတော့...ထမင်းအတူစားဖြစ်ကြသည်။
ဒီလိုပဲ ပြောရင်း ရယ်မိ ပြုံးမိတော့ရှိတာပေါ့။
အားလုံးထမင်းစားပြီးမှ...သူ့ပန်းကန်တွေကိုင်ကာ...ထမင်း ဟင်းယူဖို့ ဘဂျမ်းကလာသည်။
ယူပြီးရင်လဲ သူ့ထပ်ခိုးမှာပဲ သွားပြန်စားတာ။
ဧည့်ခန်းထဲမှာ ထိုင်စကားပြောနေတဲ့ လင်းသန့်ကြည်ဘက်ကို တစ်ချက်လှည့်ကြည့်သည်။ဖြစ်ချင်တော့ ပန်းသီးတစ်စိတ်ကိုခရင်းနှင့်ထိုးကာ...ကိုငြိမ်းမိုးက လင်းသန့်ကြည်ကိုလှမ်းပေးသည့်အချိန်ဖြစ်နေသည်။
ဘဂျမ်း မျက်နှာပျက်သည်။
သူ့ကိစ္စပြီးတာနဲ့ သူ့ထပ်ခိုးဆီပြန်သွားပြီ။
ကိုငြိမ်းမိုးလဲ ကြာကြာတော့မနေနိုင်ပါ။ အလုပ်ကိစ္စရှိသည်ဟုဆိုကာ နှုတ်ဆက်ပြီးပြန်သွားတာပါပဲ။
လင်းသန့်ကြည် ကိုငြိမ်းမိုးကို ကားထိလိုက်ပို့ပေးသည်။
ကိုငြိမ်းမိုးလဲ ထွက်သွားရော.....ပြန်လှည့်အထွက်မှာ....
သူ့ကားဂိုထောင်ရှေ့မှာ ပန်းကန်တွေကိုင်ပြီး တွေတွကြီးရပ်နေတဲ့ဘဂျမ်း....
သူရှိရာသွားရသည်။
"ထမင်းမစားရသေးဘူးလား"
"............"
"ဟင်...လို့....မေးနေတာကို..."
"အင်း"
ဒုတိယတစ်ခေါက်မေးမှ...ထွက်လာတဲ့အသံ
"စားတော့လေ....ဘာလုပ်နေတာလဲ"
"ဟင့်အင်း...."
"ဟယ်....ဘာဖြစ်နေတာလဲ....ဘဂျမ်း....ဟင်...နေမကောင်းဘူးလား"
"ကောင်းတယ်"
"ကောင်းရင်....စားတော့လေ....နောက်ကျနေပြီ"
"အင်း"
စိတ်မရှည်တော့.....လင်းသန့်ကြည်စိတ်မရှည်တော့။
ဘဂျမ်းလက်ကိုဆွဲကာ..ဂိုထောင်ရှေ့က ဒန်းလေးရှိရာဆွဲလာလိုက်သည်။
ပေကြောင်ကြောင်နှင့် ပါလာသည်။
ထိုင်ပြီးတာနဲ့...သူ့လက်ထဲက...ထမင်းပန်းကန်ကိုယူကာ...ဟင်းလဲခပ်ထည့်လိုက်သည်။
"ဟ"
"..........."
"ဟ လို့...ပါးစပ်...."
ထမင်းခပ်ထားသော ဇွန်းလေးက ဘဂျမ်းမျက်နှာရှေ့မှာ....
သူ့ကို ခွံ့ကျွေးဖို့လုပ်နေတဲ့...သူ့အကြည်ရောင်လေး...
မျက်မှန်မပါတော့ မျက်ဝန်းကြည်လေးကိုမြင်နေရသည်။ ရေချိုးထားတာ မကြာသေးတော့....ပိုပြီးကြည်နေတဲ့ မျက်နှာလေး......
ရဲနေတဲ့ နှုတ်ခမ်းလေးက ဟစိစိ....ထမင်းစားမဲ့သူ ပါးစပ်မဟသေးခင် ခွံ့သည့်လူက ပါးစပ်လေးဟန်ပြင် ပြနေတာ။
အူယားလို့သေမှာပဲ။
အဲ့လိုတွေ...မလုပ်စမ်းပါနဲ့...ဆရာရယ်....
ကျွန်တော်က ဆရာနဲ့ စတွေ့ကတည်းကရူးနေတဲ့ကောင်...
ကျွန်တော် ရူးသွားပြီးသား။
လင်းသန့်ကြည်ဆိုတဲ့ လူသားတစ်ယောက်အပေါ် ကျွန်တော် ရူးခဲ့ပြီးသားပါ။
"ဘဂျမ်းရယ်.....စားမယ်လေ...ဟ...ဟ"
အူကြောင်ကြောင်နဲ့ စိတ်လွတ် ကိုယ်လွတ်ဖြစ်နေတဲ့ ဘဂျမ်းကို ကလေးတစ်ယောက်ချော့သလို ချော့သည်။
"ဟို.....ကျွန်တော့်ဘာကျွန်တော်စားပါ့မယ်"
"ရော့...ဒါဆိုရင်လဲ စားလေ"
ထမင်းပန်းကန်ကို ဘဂျမ်းလက်ထဲ ပြန်ထည့်ပေးသည်။
"စားပြီးရင်....နားလိုက်...ညနေ...အန်တီထားနဲ့ကျွန်တော် စျေးထွက်ဝယ်မလို့.....ဘဂျမ်းလဲ လိုက်ခဲ့"
သူ့အပြောကြောင့် ဘဂျမ်း မော့်ကြည့်ရင်း....
"ကားကရော...ဆရာ....."
"ပါပါး....ပြန်လာမယ်လေ....ပါပါးကားနဲ့ပေါ့....ဒီနေ့ည အိမ်မှာပါတီရှိတယ်လေ....မွေးနေ့ မွေးနေ့..."
"ဟုတ်လား......ဘယ်သူ့မွေးနေ့လဲ"
"ပါပါးလေ...ပါပါးမွေးနေ့"
ပြောရင်းထွက်သွားတော့သည်။
.
.
.
.
ညနေပိုင်း စျေးဝယ်ထွက်တော့ ကားပါကင်မှာကျန်ခဲ့မယ်လို့ လုပ်နေပြန်သည်။ လင်းသန့်ကြည်က တစ်ဖက်လှည့်နဲ့ပါအောင်ခေါ်ခဲ့ရသည်။ အထုတ်အပိုးတွေ သယ်ပေးပါအုံးပေါ့။
တကယ်က သူ့အတွက် လင်းသန့်ကြည် အဝတ်အစားလေးဝယ်ပေးချင်နေတာပါ။
အဝတ်အစားသိပ်မရှိရှာ.....ခုဆို သူလဲ လူတောသူတောသွားနေရပြီလေ။ သင့်တင့်အောင်တော့ဝတ်စားဆင်ယင်ပေးမှဖြစ်တော့မည်။ ပါပါးဆေးရုံလဲ သူသွားရတယ်...အန်တီရှိန်ကိစ္စတွေလဲ လိုက်လုပ်ပေးရတယ်....လင်းသန့်ကြည်တို့ဆေးရုံမှာလဲ သူပဲ မင်းသားလေ....ဆေးခန်းမှာလဲ ကူသင့်သလောက် သူ ကူတတ်နေပြီ။ ကလေးတွေ ဘာတွေ ဒဏ်ရာနဲ့လာရင်သူပဲ ထိန်းပေး ကိုင်ပေးလုပ်ရတာ။
အင်္ကျီဝယ်ပေးမယ်လဲ ပြောရော.....စမျက်နှာပျက်တာပဲ။ လင်းသန့်ကြည်ကို ငြင်းလဲမငြင်းရဲသလို ယူရမှာလဲ အားနာနေသည့်ပုံ။
အန်တီထားကပါ သူလဲ ဝယ်ပေးမည်လုပ်တော့သည်။
နှစ်ယောက်အားနာပေါ့။
ဟိုလူ့ကြည့်လိုက်.... ဒီလူ့ကြည့်လိုက်နဲ့....
အားလုံး လင်းသန့်ကြည်စိတ်ကြိုက်ပဲရွေးပေးလိုက်တော့သည်။
ဘဂျမ်းက အရပ်မြင့်တော့ ဂျင်းဘောင်းဘီ အတို...အရှည်အားလုံးနှင့်လိုက်ဖက်သည်။
ပုဆိုးဝတ်ရင်တော့ ခပ်တိုတိုဝတ်တတ်တာ ဘဂျမ်းအကျင့်..... ဒါလဲ သူ့ပုံနှင့်တော့လိုက်ဖက်တာပဲဖြစ်သည်။
အင်္ကျီဆို ဘဂျမ်း အများဆုံးဝတ်တာတာက.... တီရှပ်ပဲဖြစ်သည်။
တီရှပ်တွေကို အရောင်မထပ်အောင် လင်းသန့်ကြည်ရွေးသည်။
"ဆရာ.....အများကြီးပဲဗျာ....တစ်ထည် နှစ်ထည်ဆိုရပါပြီ"
"အင်း......သိတယ်.....တိတ်တိတ်နေ"
ဒီလိုဆိုပြန်တော့လဲ လှည်းကိုတွန်းကာ နောက်ကနေငြိမ်ငြိမ်လေးလိုက်သည်။ မျက်နှာကတော့ပျက်တာပေါ့။
သူအားနာနေပြီကိုး....
အိမ်ပြန်ရောက်တော့ ညနေစောင်းနေပြီ။
ချက်ဖို့ ပြုတ်ဖို့လုပ်ကြပြန်သည်။
ဝတ်ရည်ပြန်မလာသေးတာကြောင့်.....အန်တီထားကို လင်းသန့်ကြည်နဲ့ ဘဂျမ်းပဲ ကူကြရသည်။
တစ်ချက်.....ခါကြက်ဥလှီးရင်း....လင်းသန့်ကြည်လက်ကို ဓားကချော်ထိသည်။
"အ"
ခုဏကပဲ ဘဂျမ်းသွေးပေးထားတဲ့ဓားပါးလေးကြောင့် သွေးတွေ ဖြာကနဲ....
"ဟာ..ဆရာ...."
အသံနဲ့အတူ လှစ်ကနဲ လူကအနားကိုရောက်လာသည်။
လျှင်မြန်သော သူ့လက်တွေနဲ့ လင်းသန့်ကြည်ရဲ့လက်ကိုဆွဲယူသည်။
လင်းသန့်ကြည် သတိထားမိချိန်မှာတော့.....ပူနွေးတဲ့သူ့ခံတွင်းထဲရောက်နေတဲ့ လက်ညှိုးလေး....
ဘဂျမ်းက လင်းသန့်ကြည်ထိမိတဲ့လက်က သွေးတွေကို ပါးစပ်ထဲမျိုချပစ်သည်။
တစ်ချက် တစ်ချက် ဆွဲစုပ်လိုက်သောကြောင့် လက်ချောင်းထိပ်လေးမှာခပ်ဖျင်းဖျင်းခံစားရသည်။
ထိတာက လက်ချောင်းထိပ်လား.....ရင်ထဲလား....မသိတော့ပါ။
ပူနွေးသော ခံတွင်းထဲက လက်ချောင်းလေး....ပျော့အိအိလျှာနဲ့ဆွဲစုပ်ခံနေရသည်။ သို့သော်....လက်ချောင်းလေးဆီမှ....ခံစားမှုအစုံစုံသည်....လင်းသန့်ကြည်ရဲ့ တစ်ကိုယ်လုံးကိုအရှိန်နှင့်စီးဆင်းသည်။
ရင်ထဲမှာ ကုလားဘုရားပွဲလှည့်သလိုဖြစ်နေတာ ကြောက်စရာ.....
ဆေးကုတတ်သည့်ဆရာဝန်တစ်ယောက်က ပုံမှန်အတိုင်းဆိုရင် ရေဆေးချမည်.....ဆေးထည့်မည်....ပလာစတာကပ်ထားလိုက်မည်.....ဒါပဲရှိတာကို...
ဒါ.....ဘယ်လို သွေးတိတ်အောင်လုပ်ပေးနည်းတဲ့လဲ။
လူတစ်ကိုယ်လုံးပူလာပြီ။
မတ်တပ်ရပ်နေတဲ့ခြေတွေ ယိုင်ချင်လာပြီ။
တဒိန်ဒိန်းနဲ့ရင်က ထိန်းမရတာကြာင့် အာခေါင်တွေခြောက်ကာ ရေဆာလာပြန်သည်။
သူကတော့....လက်ကိုသူ့ပါးစပ်ထဲမှ ဆွဲထုတ်ကာ ကြည့်သည်။ တစိမ့်စိမ့်နဲ့သွေးကထပ်ထွက်လာပြန်သည်။
ထပ်ပြီး ငုံပြန်သည်။
ကဲ......ဒေါက်တာဘဂျမ်း...ကုလို့ပြီးအုံးမှာလား....
အန်တီထားက မီးဖိုခန်းထဲဝင်လာတော့ တွေ့သွားရော....တော်သေးတာပေါ့...လက်ကို ပါးစပ်ထဲကထုတ်ပြီး သွေးထွက်သေးလားကြည့်နေတဲ့အချိန်မို့လို့။
မဟုတ်ရင်...လင်းသန့်ကြည် ဘယ်လိုရှင်းပြရမည်မသိဖြစ်ပေအုံးမည်။
ဘဂျမ်းသည်...အမြဲ...ဒီလိုပဲ....
လင်းသန့်ကြည်ကိုများစိတ်ပူမိပြီဆိုလျှင် သူ့စိတ်ရှိတိုင်းလုပ်တော့သည်။
"လင်းသန့်....ဓားထိတယ်....ဟုတ်လား"
"ဟုတ်...အန်တီထား"
"ကျွန်တော်က....ဓားကိုအရမ်းထက်အောင်သွေးမိတယ်လေ.....
ကျွန်တော့်ကြောင့်...ကျွန်တော်ကြောင့်.....ဆရာ....နာသွားပြီ"
လုပ်ပြန်ပြီ....သူ့ကြောင့်တဲ့။
"မဟုတ်ပါဘူး ဘဂျမ်းရယ်.....ဘဂျမ်းကြောင့်မဟုတ်ပါဘူး......လက်ချော်သွားလို့ပါ.....ခွဲခန်းထဲက ဓားတွေ ဒီဓားထက်မြည့်သေးတာကို"
အန်တီထားက ဘဂျမ်းကိုကြည့်ပြီး ရယ်သာရယ်နေတော့သည်။
"လင်းသန့်အခန်းထဲမှာ ဆေးသေတ္တာရှိတယ်မှလား....ဆေးထည့်ပြီးစည်းထားလိုက်ရင် သက်သာသွားမှာပါ"
"ဟုတ် အန်တီထား....သား ဆေးသွားထည့်လိုက်အုံးမယ်"
ပြုတ်ကျမတတ်ခုန်နေတဲ့ ရင်ကိုငြိမ်အောင်ထိန်းရင်း သူ့ကိုပြုံးပြရသည်။
ထုံးစံအတိုင်း...မျက်နှာပျက်ပျက်နှင့် မျက်ဝန်းနက်တွေနှင့် စိုက်ကြည့်နေတော့သည်။
အဲ့မျက်ဝန်းနက်တွေထဲ လင်းသန့်ကြည်လဲ အမြဲပြိုလဲကျရမြဲ။
.
.
.
.
.
.
ဆက်ရန်......
Zawgyi
အနားမွာ.....
ဒီလိုနဲ႕....ဘဂ်မ္းနဲ႕လင္းသန့္ၾကည္ပိုၿပီး နီးကပ္လာတယ္။ ဘဂ်မ္းက ကားဂိုေထာင္ထပ္ခိုးမွာေနၿပီး အိမ္ႀကီးထဲကိုေတာ္႐ုံဝင္မလာဘူး။
ထမင္းစားရင္လဲ... တူတူလာမစားဘူး။
လူႀကီးေတြက ေခၚတယ္။ သူကပဲ ျငင္းေနတာ။
ျငင္းၿပီးရင္လဲ အားနာေနၿပီး လင္းသန့္ၾကည္ကိုလဲ မ်က္ႏွာငယ္ေလးနဲ႕ၾကည့္ေသးတာ။
မနက္မိုးလင္းရင္.....အန္တီထားကိုေစ်းလိုက္ပို႔ေပးတာလဲ...ဘဂ်မ္း
ပါပါးရဲ႕ကားကို ေရေဆးၿပီးေမာင္း႐ုံအသင့္လုပ္ေပးတာလဲ....ဘဂ်မ္း
ၿခံထဲမွာ ရွင္းတာလင္းတာအတြက္လဲ....ဘဂ်မ္း
ဘဂ်မ္းေရာက္လာေတာ့မွ...ပိုၿပီးျပည့္စုံသြားသလိုပါ။
ကားပ်က္ရင္လဲ ေတာ္႐ုံကိစၥေလာက္ကိုေတာ့ ဘဂ်မ္းရွိေတာ့ ဝပ္ေရွာ့ပို႔စရာမလိုေတာ့။သူပဲ ျပင္သည္။
ပါပါးကပင္ ဘဂ်မ္းကို သူပဲေခၚေမာင္းခိုင္းေတာ့မည္ဟုေျပာေနေတာ့သည္။
ဒါလဲ အေမာင္ဘဂ်မ္းက ျငင္းလိုက္တာပင္။
ဆရာ့ကို ကားေမာင္းဖို႔သူစိတ္မခ်လိဳ႕ပါတဲ့.....ခပ္ရွင္းရွင္းပဲေျပာခ်လိဳက္တာပဲ။
တစ္ေန႕မွာ....ကိုၿငိမ္းမိုးက အိမ္ကိုအလည္လာသည္။
ထုံးစံအတိုင္း လင္းသန့္ၾကည္ရွိသည့္ရက္ပဲေပါ့။
ဘဂ်မ္းလဲ အိမ္မွာရွိေနသည္။
ဝတ္ရည္က ကားကိုယူသြားသည္။ ဒါေၾကာင့္ ဘဂ်မ္းအိမ္မွာပဲရွိသည္ေလ။ ထမင္းစားခ်ိန္ေရာက္လာတဲ့ ဧည့္သည္ဆိုေတာ့...ထမင္းအတူစားျဖစ္ၾကသည္။
ဒီလိုပဲ ေျပာရင္း ရယ္မိ ၿပဳံးမိေတာ့ရွိတာေပါ့။
အားလုံးထမင္းစားၿပီးမွ...သူ႕ပန္းကန္ေတြကိုင္ကာ...ထမင္း ဟင္းယူဖို႔ ဘဂ်မ္းကလာသည္။
ယူၿပီးရင္လဲ သူ႕ထပ္ခိုးမွာပဲ သြားျပန္စားတာ။
ဧည့္ခန္းထဲမွာ ထိုင္စကားေျပာေနတဲ့ လင္းသန့္ၾကည္ဘက္ကို တစ္ခ်က္လွည့္ၾကည့္သည္။ျဖစ္ခ်င္ေတာ့ ပန္းသီးတစ္စိတ္ကိုခရင္းႏွင့္ထိုးကာ...ကိုၿငိမ္းမိုးက လင္းသန့္ၾကည္ကိုလွမ္းေပးသည့္အခ်ိန္ျဖစ္ေနသည္။
ဘဂ်မ္း မ်က္ႏွာပ်က္သည္။
သူ႕ကိစၥၿပီးတာနဲ႕ သူ႕ထပ္ခိုးဆီျပန္သြားၿပီ။
ကိုၿငိမ္းမိုးလဲ ၾကာၾကာေတာ့မေနနိုင္ပါ။ အလုပ္ကိစၥရွိသည္ဟုဆိုကာ ႏႈတ္ဆက္ၿပီးျပန္သြားတာပါပဲ။
လင္းသန့္ၾကည္ ကိုၿငိမ္းမိုးကို ကားထိလိုက္ပို႔ေပးသည္။
ကိုၿငိမ္းမိုးလဲ ထြက္သြားေရာ.....ျပန္လွည့္အထြက္မွာ....
သူ႕ကားဂိုေထာင္ေရွ႕မွာ ပန္းကန္ေတြကိုင္ၿပီး ေတြတြႀကီးရပ္ေနတဲ့ဘဂ်မ္း....
သူရွိရာသြားရသည္။
"ထမင္းမစားရေသးဘူးလား"
"............"
"ဟင္...လို႔....ေမးေနတာကို..."
"အင္း"
ဒုတိယတစ္ေခါက္ေမးမွ...ထြက္လာတဲ့အသံ
"စားေတာ့ေလ....ဘာလုပ္ေနတာလဲ"
"ဟင့္အင္း...."
"ဟယ္....ဘာျဖစ္ေနတာလဲ....ဘဂ်မ္း....ဟင္...ေနမေကာင္းဘူးလား"
"ေကာင္းတယ္"
"ေကာင္းရင္....စားေတာ့ေလ....ေနာက္က်ေနၿပီ"
"အင္း"
စိတ္မရွည္ေတာ့.....လင္းသန့္ၾကည္စိတ္မရွည္ေတာ့။
ဘဂ်မ္းလက္ကိုဆြဲကာ..ဂိုေထာင္ေရွ႕က ဒန္းေလးရွိရာဆြဲလာလိုက္သည္။
ေပေၾကာင္ေၾကာင္ႏွင့္ ပါလာသည္။
ထိုင္ၿပီးတာနဲ႕...သူ႕လက္ထဲက...ထမင္းပန္းကန္ကိုယူကာ...ဟင္းလဲခပ္ထည့္လိုက္သည္။
"ဟ"
"..........."
"ဟ လို႔...ပါးစပ္...."
ထမင္းခပ္ထားေသာ ဇြန္းေလးက ဘဂ်မ္းမ်က္ႏွာေရွ႕မွာ....
သူ႕ကို ခြံ႕ေကြၽးဖို႔လုပ္ေနတဲ့...သူ႕အၾကည္ေရာင္ေလး...
မ်က္မွန္မပါေတာ့ မ်က္ဝန္းၾကည္ေလးကိုျမင္ေနရသည္။ ေရခ်ိဳးထားတာ မၾကာေသးေတာ့....ပိုၿပီးၾကည္ေနတဲ့ မ်က္ႏွာေလး......
ရဲေနတဲ့ ႏႈတ္ခမ္းေလးက ဟစိစိ....ထမင္းစားမဲ့သူ ပါးစပ္မဟေသးခင္ ခြံ႕သည့္လူက ပါးစပ္ေလးဟန္ျပင္ ျပေနတာ။
အူယားလို႔ေသမွာပဲ။
အဲ့လိုေတြ...မလုပ္စမ္းပါနဲ႕...ဆရာရယ္....
ကြၽန္ေတာ္က ဆရာနဲ႕ စေတြ႕ကတည္းက႐ူးေနတဲ့ေကာင္...
ကြၽန္ေတာ္ ႐ူးသြားၿပီးသား။
လင္းသန့္ၾကည္ဆိုတဲ့ လူသားတစ္ေယာက္အေပၚ ကြၽန္ေတာ္ ႐ူးခဲ့ၿပီးသားပါ။
"ဘဂ်မ္းရယ္.....စားမယ္ေလ...ဟ...ဟ"
အူေၾကာင္ေၾကာင္နဲ႕ စိတ္လြတ္ ကိုယ္လြတ္ျဖစ္ေနတဲ့ ဘဂ်မ္းကို ကေလးတစ္ေယာက္ေခ်ာ့သလို ေခ်ာ့သည္။
"ဟို.....ကြၽန္ေတာ့္ဘာကြၽန္ေတာ္စားပါ့မယ္"
"ေရာ့...ဒါဆိုရင္လဲ စားေလ"
ထမင္းပန္းကန္ကို ဘဂ်မ္းလက္ထဲ ျပန္ထည့္ေပးသည္။
"စားၿပီးရင္....နားလိုက္...ညေန...အန္တီထားနဲ႕ကြၽန္ေတာ္ ေစ်းထြက္ဝယ္မလို႔.....ဘဂ်မ္းလဲ လိုက္ခဲ့"
သူ႕အေျပာေၾကာင့္ ဘဂ်မ္း ေမာ့္ၾကည့္ရင္း....
"ကားကေရာ...ဆရာ....."
"ပါပါး....ျပန္လာမယ္ေလ....ပါပါးကားနဲ႕ေပါ့....ဒီေန႕ည အိမ္မွာပါတီရွိတယ္ေလ....ေမြးေန႕ ေမြးေန႕..."
"ဟုတ္လား......ဘယ္သူ႕ေမြးေန႕လဲ"
"ပါပါးေလ...ပါပါးေမြးေန႕"
ေျပာရင္းထြက္သြားေတာ့သည္။
.
.
.
.
ညေနပိုင္း ေစ်းဝယ္ထြက္ေတာ့ ကားပါကင္မွာက်န္ခဲ့မယ္လို႔ လုပ္ေနျပန္သည္။ လင္းသန့္ၾကည္က တစ္ဖက္လွည့္နဲ႕ပါေအာင္ေခၚခဲ့ရသည္။ အထုတ္အပိုးေတြ သယ္ေပးပါအုံးေပါ့။
တကယ္က သူ႕အတြက္ လင္းသန့္ၾကည္ အဝတ္အစားေလးဝယ္ေပးခ်င္ေနတာပါ။
အဝတ္အစားသိပ္မရွိရွာ.....ခုဆို သူလဲ လူေတာသူေတာသြားေနရၿပီေလ။ သင့္တင့္ေအာင္ေတာ့ဝတ္စားဆင္ယင္ေပးမွျဖစ္ေတာ့မည္။ ပါပါးေဆး႐ုံလဲ သူသြားရတယ္...အန္တီရွိန္ကိစၥေတြလဲ လိုက္လုပ္ေပးရတယ္....လင္းသန့္ၾကည္တို႔ေဆး႐ုံမွာလဲ သူပဲ မင္းသားေလ....ေဆးခန္းမွာလဲ ကူသင့္သေလာက္ သူ ကူတတ္ေနၿပီ။ ကေလးေတြ ဘာေတြ ဒဏ္ရာနဲ႕လာရင္သူပဲ ထိန္းေပး ကိုင္ေပးလုပ္ရတာ။
အကၤ်ီဝယ္ေပးမယ္လဲ ေျပာေရာ.....စမ်က္ႏွာပ်က္တာပဲ။ လင္းသန့္ၾကည္ကို ျငင္းလဲမျငင္းရဲသလို ယူရမွာလဲ အားနာေနသည့္ပုံ။
အန္တီထားကပါ သူလဲ ဝယ္ေပးမည္လုပ္ေတာ့သည္။
ႏွစ္ေယာက္အားနာေပါ့။
ဟိုလူ႕ၾကည့္လိုက္.... ဒီလူ႕ၾကည့္လိုက္နဲ႕....
အားလုံး လင္းသန့္ၾကည္စိတ္ႀကိဳက္ပဲေ႐ြးေပးလိုက္ေတာ့သည္။
ဘဂ်မ္းက အရပ္ျမင့္ေတာ့ ဂ်င္းေဘာင္းဘီ အတို...အရွည္အားလုံးႏွင့္လိုက္ဖက္သည္။
ပုဆိုးဝတ္ရင္ေတာ့ ခပ္တိုတိုဝတ္တတ္တာ ဘဂ်မ္းအက်င့္..... ဒါလဲ သူ႕ပုံႏွင့္ေတာ့လိုက္ဖက္တာပဲျဖစ္သည္။
အကၤ်ီဆို ဘဂ်မ္း အမ်ားဆုံးဝတ္တာတာက.... တီရွပ္ပဲျဖစ္သည္။
တီရွပ္ေတြကို အေရာင္မထပ္ေအာင္ လင္းသန့္ၾကည္ေ႐ြးသည္။
"ဆရာ.....အမ်ားႀကီးပဲဗ်ာ....တစ္ထည္ ႏွစ္ထည္ဆိုရပါၿပီ"
"အင္း......သိတယ္.....တိတ္တိတ္ေန"
ဒီလိုဆိုျပန္ေတာ့လဲ လွည္းကိုတြန္းကာ ေနာက္ကေနၿငိမ္ၿငိမ္ေလးလိုက္သည္။ မ်က္ႏွာကေတာ့ပ်က္တာေပါ့။
သူအားနာေနၿပီကိုး....
အိမ္ျပန္ေရာက္ေတာ့ ညေနေစာင္းေနၿပီ။
ခ်က္ဖို႔ ျပဳတ္ဖို႔လုပ္ၾကျပန္သည္။
ဝတ္ရည္ျပန္မလာေသးတာေၾကာင့္.....အန္တီထားကို လင္းသန့္ၾကည္နဲ႕ ဘဂ်မ္းပဲ ကူၾကရသည္။
တစ္ခ်က္.....ခါၾကက္ဥလွီးရင္း....လင္းသန့္ၾကည္လက္ကို ဓားကေခ်ာ္ထိသည္။
"အ"
ခုဏကပဲ ဘဂ်မ္းေသြးေပးထားတဲ့ဓားပါးေလးေၾကာင့္ ေသြးေတြ ျဖာကနဲ....
"ဟာ..ဆရာ...."
အသံနဲ႕အတူ လွစ္ကနဲ လူကအနားကိုေရာက္လာသည္။
လွ်င္ျမန္ေသာ သူ႕လက္ေတြနဲ႕ လင္းသန့္ၾကည္ရဲ႕လက္ကိုဆြဲယူသည္။
လင္းသန့္ၾကည္ သတိထားမိခ်ိန္မွာေတာ့.....ပူႏြေးတဲ့သူ႕ခံတြင္းထဲေရာက္ေနတဲ့ လက္ညွိုးေလး....
ဘဂ်မ္းက လင္းသန့္ၾကည္ထိမိတဲ့လက္က ေသြးေတြကို ပါးစပ္ထဲမ်ိဳခ်ပစ္သည္။
တစ္ခ်က္ တစ္ခ်က္ ဆြဲစုပ္လိုက္ေသာေၾကာင့္ လက္ေခ်ာင္းထိပ္ေလးမွာခပ္ဖ်င္းဖ်င္းခံစားရသည္။
ထိတာက လက္ေခ်ာင္းထိပ္လား.....ရင္ထဲလား....မသိေတာ့ပါ။
ပူႏြေးေသာ ခံတြင္းထဲက လက္ေခ်ာင္းေလး....ေပ်ာ့အိအိလွ်ာနဲ႕ဆြဲစုပ္ခံေနရသည္။ သို႔ေသာ္....လက္ေခ်ာင္းေလးဆီမွ....ခံစားမႈအစုံစုံသည္....လင္းသန့္ၾကည္ရဲ႕ တစ္ကိုယ္လုံးကိုအရွိန္ႏွင့္စီးဆင္းသည္။
ရင္ထဲမွာ ကုလားဘုရားပြဲလွည့္သလိုျဖစ္ေနတာ ေၾကာက္စရာ.....
ေဆးကုတတ္သည့္ဆရာဝန္တစ္ေယာက္က ပုံမွန္အတိုင္းဆိုရင္ ေရေဆးခ်မည္.....ေဆးထည့္မည္....ပလာစတာကပ္ထားလိုက္မည္.....ဒါပဲရွိတာကို...
ဒါ.....ဘယ္လို ေသြးတိတ္ေအာင္လုပ္ေပးနည္းတဲ့လဲ။
လူတစ္ကိုယ္လုံးပူလာၿပီ။
မတ္တပ္ရပ္ေနတဲ့ေျခေတြ ယိုင္ခ်င္လာၿပီ။
တဒိန္ဒိန္းနဲ႕ရင္က ထိန္းမရတာၾကာင့္ အာေခါင္ေတြေျခာက္ကာ ေရဆာလာျပန္သည္။
သူကေတာ့....လက္ကိုသူ႕ပါးစပ္ထဲမွ ဆြဲထုတ္ကာ ၾကည့္သည္။ တစိမ့္စိမ့္နဲ႕ေသြးကထပ္ထြက္လာျပန္သည္။
ထပ္ၿပီး ငုံျပန္သည္။
ကဲ......ေဒါက္တာဘဂ်မ္း...ကုလို႔ၿပီးအုံးမွာလား....
အန္တီထားက မီးဖိုခန္းထဲဝင္လာေတာ့ ေတြ႕သြားေရာ....ေတာ္ေသးတာေပါ့...လက္ကို ပါးစပ္ထဲကထုတ္ၿပီး ေသြးထြက္ေသးလားၾကည့္ေနတဲ့အခ်ိန္မို႔လို႔။
မဟုတ္ရင္...လင္းသန့္ၾကည္ ဘယ္လိုရွင္းျပရမည္မသိျဖစ္ေပအုံးမည္။
ဘဂ်မ္းသည္...အၿမဲ...ဒီလိုပဲ....
လင္းသန့္ၾကည္ကိုမ်ားစိတ္ပူမိၿပီဆိုလွ်င္ သူ႕စိတ္ရွိတိုင္းလုပ္ေတာ့သည္။
"လင္းသန့္....ဓားထိတယ္....ဟုတ္လား"
"ဟုတ္...အန္တီထား"
"ကြၽန္ေတာ္က....ဓားကိုအရမ္းထက္ေအာင္ေသြးမိတယ္ေလ.....
ကြၽန္ေတာ့္ေၾကာင့္...ကြၽန္ေတာ္ေၾကာင့္.....ဆရာ....နာသြားၿပီ"
လုပ္ျပန္ၿပီ....သူ႕ေၾကာင့္တဲ့။
"မဟုတ္ပါဘူး ဘဂ်မ္းရယ္.....ဘဂ်မ္းေၾကာင့္မဟုတ္ပါဘူး......လက္ေခ်ာ္သြားလို႔ပါ.....ခြဲခန္းထဲက ဓားေတြ ဒီဓားထက္ျမည့္ေသးတာကို"
အန္တီထားက ဘဂ်မ္းကိုၾကည့္ၿပီး ရယ္သာရယ္ေနေတာ့သည္။
"လင္းသန့္အခန္းထဲမွာ ေဆးေသတၱာရွိတယ္မွလား....ေဆးထည့္ၿပီးစည္းထားလိုက္ရင္ သက္သာသြားမွာပါ"
"ဟုတ္ အန္တီထား....သား ေဆးသြားထည့္လိုက္အုံးမယ္"
ျပဳတ္က်မတတ္ခုန္ေနတဲ့ ရင္ကိုၿငိမ္ေအာင္ထိန္းရင္း သူ႕ကိုၿပဳံးျပရသည္။
ထုံးစံအတိုင္း...မ်က္ႏွာပ်က္ပ်က္ႏွင့္ မ်က္ဝန္းနက္ေတြႏွင့္ စိုက္ၾကည့္ေနေတာ့သည္။
အဲ့မ်က္ဝန္းနက္ေတြထဲ လင္းသန့္ၾကည္လဲ အၿမဲၿပိဳလဲက်ရၿမဲ။
.
.
.
.
.
.
ဆက္ရန္......