🥀Unicode 🥀
ဆောင်းည၏အအေးဓာတ်သည် ပတ်ဝန်းကျင်တစ်ခုလုံးကိုခြုံလွှမ်းထားသည် ။ နီညိုရောင်တောက်ပနေသောအိမ်ကြီးသည် ညအမှောင်ထဲမှာတောင် တင့်တယ်စွာတည်ရှိနေသည် ။
ထိုအိမ်ကြီး၏အခန်းတစ်နေရာသည် မီးရောင်ထိန်လင်းနေသည် ။ ထိုအခန်းငယ်အတွင်း မျက်နှာချင်းဆိုင်ထိုင်နေသည့်လူနှစ်ဦးရှိ၏။ အလယ်ရှိစားပွဲဝိုင်းတွင်လဲ ဝိုင်ပုလင်းပေါင်းများစွာ။
" ဒီလိုချမ်းအေးတဲ့ညတွေမှာ.....ဝိုင်ချိုချိုလေးသောက်ရတာ...ဇိမ်ပဲကွ...နော် ဇွဲ"
"ရာသီမရွေး မူးနေတဲ့ကောင်ကများ.....ချမ်းအေးတဲ့ညလေးဘာလေးနဲ့.....အရူးတောင်မင်းစကားမယုံဘူး ဇေယျာရဲ့"
ဇွဲမာန်ပိုင်စကားကြောင့် ဝိုင်ပုလင်းဆီလက်ရောက်သွားသည့် ဇေယျာနိုင်လက်တွေ လေထဲတွင်ရပ်တန့်သွားသည်။
"မင်း....ရည်းစားထားဖို့စိတ်ကူးရှိသေးလား "
ဇေယျာနိုင်၏စကားအဆုံး ဝိုင်တစ်ခွက်ကိုမော့သောက်လိုက်သည် ။ ဇေယျာနိုင်ဆိုတာ ဇွဲမာန်ပိုင်အတွက် သူငယ်ချင်းကောင်းတစ်ယောက်ပင် ။ စီးပွားဖက်များဖြစ်သည့်အပြင် တိုင်ပင်ပေါ်တိုင်ပင်ဖက်တစ်ဦးလည်းဖြစ်သေးသည် ။
"မအားသေးပါဘူးကွာ....."
"ဟား....ဟား....မအားတာမဟုတ်ပါဘူးကွာ....မင်းက အားအောင်မနေတာ........"
Apple company ၏ CEOတစ်ဦးဖြစ်သည့် ဇွဲမာန်ပိုင်တွင် တကယ်အားလပ်ချိန်ဟူ၍မရှိပါ ။
"ဘာတရားဟောဦးမလို့လဲ.....ဇေယျာနိုင်ရာ "
"လူပျိုကြီးဘဝကကျွတ်မယ့်တရားလေကွာ....ကိုယ့်အသက်ကိုယ်လဲပြန်ကြည့်ဦး.....၃၀ နားကပ်နေပီ.....ဒီထက်အိုသွားရင် မင်းကိုယူမယ့်သူရှိမှာမဟုတ်တော့ဘူး"
အားလူးကြော်အား တကျွတ်ကျွတ်ဝါးစားရင်းပြောနေသည့် ဇေယျာနိုင့်စကားကြောင့် ဇွဲမာန်ပိုင် သက်ပြင်းချမိသည် ။
ဇွဲမာန်ပိုင်၏ဖြစ်တည်မှုအား လက်ခံပေးခဲ့သည့်သူ ။ ထိုလူ၏စကားကြောင့် ဇွဲမာန်ပိုင် ပြုံးမိသည် ။
"ငါဘာကောင်လဲသိရဲ့သားနဲ့ကွာ......"
"အေး...သိလို့ပေါ့....မင်းgayဖြစ်နေလို့ မိန်းကလေးတွေနဲ့မတွဲချင်လဲရတယ်.... ဒါပေမယ့် မင်းကိုလက်ခံပေးမယ့်ကောင်လေးတစ်ယောက်တော့ရှာသင့်တယ်လေ"
ဇွဲမာန်ပိုင်နှင့်မျက်လုံးချင်းဆုံအောင်ကြည့်ရင်းပြောနေသည့် ဇေယျာနိုင်၏စကားများသည် လေးနက်ကြောင်းကိုပြသည် ။
"သိပါတယ်ကွာ... "
ဇွဲမာန်ပိုင်၏စကားအဆုံး မှေးနေသည့်မျက်လုံးများ မပွင့်တော့်သည်အထိရယ်သည် ။ ဖြူဖွေးသောအသားအရည်သည် ဝိုင်၏အကူအညီဖြင့် ရဲစုတ်နေသည် ။
"မင်း....masturbate လုပ်ဖူးတယ်မှတ်လား"
ဇေယျာနိုင်စကားအဆုံး ဇွဲမာန်ပိုင်၏မျက်နှာတစ်ခုလုံးရှိန်းကနဲ ။ ဇေယျာနိုင်ကတော့ သတိထားမိပုံဖြင့် ရယ်၏။
"ရှက်နေပြန်ပီကွာ.....လူတိုင်းလုပ်နေကျကို....ငါပြောမှာကသက်သက်.....မင်း gay barတို့ gay club တို့သိတယ်မှတ်လား"
"အဲ့လောက်တော့သိပါတယ်ကွာ....ငါမသွားဖူးဘူးနော်"
"ဟား....ဟား...ဟား..."
ဇေယျာနိုင်၏ဟက်ဟက်ပက်ပက်ရယ်သံသည် အခန်းတစ်ခုလုံးအတွင်း ပျံ့နှံ့သွားသည် ။
"သိပါတယ်ကွာ....ငါမင်းနဲ့အနီးဆုံးနေလာတဲ့သူပါကွ....မင်းကို ရွှေခြူးဂေဟာ ကိုလိုက်ပို့ပေးမယ်....gayတွေရှိတဲ့နေရာလေ...."
ဇေယျာနိုင်၏မျက်ဝန်းထဲမှ နောက်ဆက်တွဲစကားကိုပါ ဇွဲမာန်ပိုင်မြင်ရ၏။
"ရှက်စရာကွာ....."
ဇွဲမာန်ပိုင်သည် ဇေယျာနိုင်ကိုကျော်၍ ပြတင်းပေါက်ဆီမျက်နှာမူလိုက်သည် ။ တစ်ဦးတစ်ဦးကသာ မိမိဘဝအမှန်ကိုသိရှိသွားခဲ့လျှင် ။ စီးပွားရေးလောကထဲမှ ဇွဲမာန်ပိုင်ဆိုသည့်လူတစ်ယောက်ပျောက်ကွယ်သွားပေလိမ့်မည် ။
"ငါပြောတာနားထောင်....ခံစားချက်ချင်းမတူဘူးကွ.....မင်းတစ်ခေါက်ပဲသွားလိုက်ကွာ....နော်....မင်းရည်းစားရတဲ့အခါ....အတွေ့အကြုံရတာပေါ့ကွာ.....ငါမင်းအတွက် VIP ခန်းစီစဥ်ပြီးသွားပြီ...နော်"
လုပ်ချင်ရာလုပ်ပြီးမှ အသိပေးတတ်သည့် ဇေယျာနိုင်၏အကျင့်အား ဇွဲမာန်ပိုင်သိ၏ ။ သူဖြစ်စေချင်သည့်အတိုင်းမဖြစ်မချင်း နားပူနားစာလုပ်နေမည့် ဇေယျာနိုင်၏ ဇွဲကိုလဲသိ၏။
"သဘောကွာ...."
"ဟား.....ဟား.....လာ....cheer"
ဇေယျာနိုင်ပြုံးနေသော်လဲ ဇွဲမာန်ပိုင်ကတော့မပြုံးနိုင်ပါ ။ ရင်ဆိုင်ရမည့် အခက်အခဲများအား မည်သို့ကျော်လွှားရမည်နည်း ။
အရွယ်ရောက်စအချိန်တွင် gay porn များကြည့်ဖူးသော်လဲ ယခုကိုယ်တိုင်ဝင်ကရတော့မည့်ဇာတ်ထဲ ရင်ပူနေမိသည်။
"၉နာရီတောင်ထိုးပီကွ....ငါပြန်မယ်ဇွဲ....မနက်ကျလာခေါ်မယ်....အပြန်မှကုမ္မဏီဝင်ကွာ"
ဆိုဖာပေါ်တင်ထားသည့်ဂျာကင်အင်္ကျီအား ကောက်ယူရင်း လက်ပြနှုတ်ဆက်သွားသည့် ဇေယျာနိုင်အား ဇွဲမာန်ပိုင် ခေါင်းသာညိမ့်ပြမိသည် ။
မနက်ဖြန်တိုက်ရမည့် စစ်ပွဲအတွက် ဇွဲမာန်ပိုင်အဆင်သင့်မဖြစ်သေးပါချေ။
______
"ဒီမို.....လာဦး..."
ဒီမိုအလုပ်ရောက်ရောက်ချင်း ဂျာကြီး၏ဆီးကြိုသံကိုအရင်ကြားရသည်။
"ဗျာ....ဂျာကြီး...."
"မင်းဒီမနက် ဘယ်sectionမှမဝင်ရဘူး..."
"ဟမ်....ဘာလို့"
အလုပ်ပြုတ်သည်အထင်နှင့် ဒီမို့ရင်တွေပြောင်းဆန်ကုန်သည် ။ ဖောက်သည်အချို့အားပြစ်ထားခဲ့သည့် ဒီမို့အတွက်ပြစ်ဒဏ်သည် အလုပ်ထုတ်ခြင်းများဖြစ်နေမလား။
"ဟာ...ဒီမိုရာ....မင်းမျက်နှာကဘယ်လိုဖြစ်တာလဲ....ဆုံးအောင်နားထောင်စမ်းပါ....ဒီနေ့ VIP ဧည့်သည်တစ်ယောက်လာလိမ့်မယ်...မင်းသူကိုဧည့်ခံရမှာ....အဲ့တာမို့ အခြားလူတွေလက်မခံခိုင်းတာ"
ဂျာကြီး၏စကားကြားမှ ဒီမိုရင်အေးရတော့သည် ။ အရင်က VIP ဧည့်သည်များရှိသော်လဲ အခုလိုသီးသန့်မျိုးတော့မဟုတ်ချေ။
"သွား.....ခဏနေလာတော့မှာ....ခေါ်လိုက်မယ်..."
"ဟုတ်....ဂျာကြီး...."
ဒီမို အခန်းငယ်အတွင်း ဝင်နားလိုက်သည် ။
"ဒီမို....နောက်ကျတယ်နော်"
"ဟုတ် ......ကိုကျော်.... အိပ်ပျော်သွားလို့"
ဒီမိုထက်အရင်ရောက်နေသည့် မိုးကျော်အား ဒီမိုနှုတ်ဆက်လိုက်သည် ။ မိုးကျော်သည်ဒီမိုထက် အသက်ရောလုပ်သက်ပါကြီးသော်လဲ ဒီမို့အပေါ်ခင်တွယ်ရှာသည် ။
ဘဝတူအချင်းချင်း အားပေးအားမြှောက်လုပ်ကာ သွန်သင်ဆုံးမတတ်သေးသည် ။ ဒီမိုရောက်ပြီး နာရီဝက်ခန့်အကြာတွင် ဂျာကြီးအခန်းထဲပြန်ဝင်လာလေသည်။
"ရောက်နေပြီဒီမို....အခန်းနံပါတ်၇မှာ.....သပ်သပ်ရပ်ရပ်လုပ်သွားဦး"
"ဟုတ်ကဲ့ဂျာကြီး..."
အခန်းရှိရာအရင်မသွားဘဲ အိမ်သာအရင်ဝင်လိုက်သည်။ မှန်ထဲမှကိုယ်ပုံကိုပြန်ကြည့်လိုက်သည်။
ဆိုင်ကယ်နှင့်လေအရှိန်ကြောင့် ခပ်ပွပွဖြစ်နေသည့် ဆံပင်များကိုလက်ဖြင့်ပြန်ဖိချလိုက်သည် ။ အဝါနှင့်အနက်စပ်ထားသည့် စပန့်ရှပ်အကျီအား သေချာကျနအောင် ဝတ်လိုက်သည်။ ထို့နောက် အခန်းရှိရာသို့ပြန်ထွက်လာလိုက်သည်။
အခန်းရှေ့တွင် တံခါးခေါက်သင့် မခေါက်သင့်ဒီမိုစဥ်းစား၏။ ထိုနောက် တံခါးအားအသာတွန်းဖွင့်ကာ အထဲမှဂျက်ချလိုက်သည်။
ဒီမို အနောက်တိုင်းဝတ်စုံဝတ်ထားသည့် ကျောပြင်ကျယ်တစ်ခုကိုအရင်မြင်ရသည် ။
"ကျွန်တော်ရောက်ပါပြီ...."
ခန္ဓာကိုယ်တစ်ခုလုံး ဒီမိုရှိရာသို့ လှည့်လာသည် ။ ချောမောခန့်ညားသည့်သွင်ပြင်တစ်ခုအား ဒီမိုတွေ့လိုက်ရသည် ။
ဖြောင့်စင်းသည့် မဟူရာမျက်ခုံးတန်းများ ။ စူးရှစွာတောက်ပနေသည့် နီညိုရောင်မျက်ဝန်းတစ်စုံ။ ဖြောင့်စင်းကာချွန်သည့် နှုတ်ခေါင်းသည် မေးရိုးချွန်ချွန်များနှင့် အချိုးကျစွာတည်ရှိနေသည် ။ ပန်းရောင်သန်းနေသည့် နှုတ်ခမ်းထူထူတစ်စုံသည် ကြွေကျတော့မည့် စာကူရာပွင့်ဖက်ကလေးနှင့်သဏ္ဍန်တူသည်။
"မင်းနာမည်ဘယ်လိုခေါ်လဲ...."
ဝိုင်လိုစူးရှသည့်အသံတစ်ခုသည် ဒီမို့နားစည်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်လာသည်။
ဒီမို၏နာမည်အား ဝင့်ကြားစွာမပြောဖြစ်ခဲ့တာ တော်တော်ကြီးကြာခဲ့ချေပြီ ။ ဤနေရာသို့ရောက်လာသူများသည် ဒီမို၏နာမည်၊ ဒီမို၏ဘဝအတွက် ရောက်လာကြခြင်းမျိုးမှမဟုတ်တာ။
"ကျွန်တော့်နာမည်ကိုသိချင်လို့လာတာမဟုတ်ဘူးမှတ်လား..."
ဒီမို့၏စကားအဆုံး ဇွဲမာန်ပိုင်ပြုံးသည် ။ မတ်တပ်ရပ်နေဆဲဖြစ်သည့် ဒီမို့မျက်လုံးများအား ဂရုဏာဆန်စွာ မော့ကြည့်နေလေ၏။
"ကို့နာမည်ကဇွဲမာန်ပိုင်ပါ....မင်းအသက်ကဘယ်လောက်လဲ..."
နောက်တစ်ကြိမ်ကြားရသည့် မေးခွန်းအဆုံး ဒီမိုပြုံးမိသည် ။ ဒီမို၏နှုတ်ခမ်းများ စိတ်ပါလက်ပါမပြုံးခဲ့တာ သုံလနီးပါးရှိချေပြီ။
"စလို့ရပါပြီ....ကိုဇွဲမာန်ပိုင်"
"ကိုဇွဲလို့ပဲခေါ်ပါ...."
ဇွဲမာန်ပိုင်၏လက်တို့သည် လာထိုင်ဆိုသည့်သဘောဖြင့် မွေ့ယားအားပုတ်ပြ၏။
နောက်ဆုံးတော့လဲ...ဒီဘူတာပဲဆိုက်တာပဲလေ။
ဒီမို ဇွဲမာန်ပိုင်၏ဘေးတွင်ဝင်ထိုင်လိုက်သည် ။ ဘယ်အချိန် ဒီမို့အဝတ်များအား ဆွဲခွာမည့်လက်တွေရောက်လာမလဲသာ ဒီမိုတွေးနေမိသည် ။ ဒီမိုသည် သူ၏အလိုဆန္ဒအတွက် မကြာခင်အသုံးတော်ခံရတော့မည် ။
"မင်း....ဒီအလုပ်တွေလုပ်နေတာ....မင်းက gayလား...."
ဇွဲမာန်ပိုင်၏စကားအဆုံး ဒီမို့အသက်ရှုနှုန်းတွေရပ်သွားသလိုပင် ။ ဒီမို ကိုယ့်ကိုကိုယ်ပင် မမေးမိခဲ့သည့် မေးခွန်းတစ်ခုအား ဇွဲမာန်ပိုင်၏နှုတ်မှထွက်ကျလာသည်။
တကယ်ပဲငါက gayလား.....။ဟင့်အင်း....။ ဒါတွေကအရေးမကြီးဘူး....။
"Gay ဖြစ်တာ မဖြစ်တာကအရေးမကြီးပါဘူးကိုဇွဲ....ယခုအချိန်မှာ ကျွန်တော်ကပြည့်တန်ဆာပဲ....ကိုဇွဲလဲဒီကို အလိုပြည့်ဖို့ရောက်လာတာမှတ်လား"
ပြည့်တန်ဆာဆိုတာ လူတစ်ဦး၏ အလိုဆန္ဒပြည့်မြောက်ဖို့ တန်ရာတန်ကြေးယူကာ ဆာလောင်မှုကိုဖြည့်ဆည်းပေးသူ လို့ပဲ ဒီမိုသတ်မှတ်သည်။
"တကယ်လို့.....မင်းဒီအဖြေကိုမသိရင်..... မင်းနာမည်တော့ပြောပြပါ"
ထိုစကားလုံးများထဲတွင် ဟန်ဆောင်ခြင်းမပါကြောင်း ဒီမိုခံစားမိ၏။ ဒီမို့ဘဝအား အချိန်ပေးကာ စိတ်ဝင်တစားမေးမည့်သူ ရှိလာချေပြီ ။
"ကျွန်တော့်နာမည်ကဒီမို...."
"ဒီမို....."
ရမ္မက်မပါသည့် နီညိုရောင်မျက်ဝန်းများဖြင့် ဇွဲမာန်ပိုင် ဒီမို့အားလှည့်ကြည့်၏။ နွေးထွေးသောခံစားချက်တစ်ခုသည် ဒီမို့နှလုံးအိမ်ထဲမှထွက်ပေါ်လာသည်။ ဒီကာလအတွင်း ဒီလိုအကြည့်မျိုး ဒီလိုခံစားချက်မျိုး ဒီမိုပထမဆုံး ခံစားရခြင်း ။
"ကိုမင်းကိုဘာမှမလုပ်ပါဘူး...ကိုမေးတာတွေကိုဖြေပေးမလား..."
မျက်နှာချင်းဆိုင်ဖြစ်နေသည့် ဇွဲမာန်ပိုင်၏မျက်နှာကို ဒီမိုအနီးကပ်မြင်နေရသည် ။ တည်ငြိမ်သည်မျက်ဝန်းနှင့် စကားသံတို့သည် ဒီမို့အားညှို့ယူထားသလို ။
"ဖြေနိုင်တဲ့အတိုင်းအတာတစ်ခုဆိုရင်....ကျွန်တော်ဖြေမှာပါ"
"မင်းအသက်ဘယ်လောက်လဲ....."
"၁၉နှစ်...."
ဒီမို့အဖြေအဆုံး ဖြောင့်စင်းသောမျက်တောင်များ ပုတ်ခတ်သွားသည် ။ သက်ပြင်းချသံသဲ့သဲ့အား ဒီမိုကြားလိုက်ရ၏။
"ကို့အသက်က ၂၉ နှစ် Apple company ရဲ့ CEO "
"ဒီလိုနေရာမျိုးကို....ဘာလို့လာခဲ့တာလဲ"
ဒီမို ဇွဲမာန်ပိုင်၏နှုတ်မှ ထိုအဖြေကိုကြားချင်မိပါ၏။ ဒီမို့စကားအဆုံး ဇွဲမာန်ပိုင်၏နှုတ်ခမ်းတစ်စုံ တွန့်ကွေးသွားသည် ။
"မလာသင့်တဲ့နေရာမိုလို့လား...."
ဒီတစ်ခါပြုံးရသူက ဒီမို ။ စီးပွားရေးသမားမို့ထင်သည် ။ ပရိယာယ်ပါသည့်စကားတစ်ခွန်းနှင့် ဒီမို့အားပြန်ချုပ်နှောင်သည် ။
"အွန်း....မလာသင့်ဘူးလေ....ကိုဇွဲရဲ့သိက္ခာတွေကျသွားမှာပေါ့...ဒီလိုနေရာမှာ ကျွန်တော်တို့လို နိမ့်ကျတဲ့လူတွေပဲရှိတာ"
ဇွဲမာန်ပိုင်၏ မျက်ဝန်းတို့ဖျော့တော့သွားသည်။ ဒီမိုပြောလိုက်သောစကားသည် ဇွဲမာန်ပိုင်အား ထိခိုက်စေနိုင်လားတော့ ဒီမိုမသိ။
"ဒီမိုကမနိမ့်ကျပါဘူးကွာ..... ဒီမိုက နွံ့ထဲနစ်နေတဲ့ ပတ္တမြားတစ်ပွင့်နဲ့တူတယ်"
ဝုန်းတိုင်းစောင့်တက်လာသည့် သွေးခုန်နှုန်းတို့သည် တထိတ်ထိတ်ခုန်လာသည် ။ အမည်ဖော်မရသောခံစားချက်အချို့ကပါ ဒီမို့ကိုနှိပ်စက်သေးသည် ။ ယခုချိန် ဒီမိုမျက်ရည်ဝဲနေမိမယ်ထင်သည် ။
"ကိုပြန်တော့မယ်...."
လက်မှနာရီကိုမြှောက်ကြည့်ကာ မွေ့ယာပေါ်မှမတ်တပ်ထရပ်သည် ။ အပေါက်ဝဆီဦးတည်နေသည့်ခြေလှမ်းများအား ဒီမို အရှေ့မှပိတ်ကာလိုက်သည် ။
ကွာခြားသောအရပ်ကြောင့် ဒီမို ဇွဲမာန်ပိုင်အား မော့ကြည့်ရ၏။
"သွားမယ်ဆိုလဲဘောနပ်ပေးခဲ့ပါ.... ဂျာကြီးက ကျွန်တော်ဘက်ထားတယ်ထင်မှာဆိုးလို့"
"အွန်း....သိပြီ"
မည်သည့်မေးခွန်းမျိုးမှမပါသည့် မျက်ဝန်းတစ်စုံဖြင့် ဒီမို့အားကြည့်သည် ။ အတွင်းအိတ်ထဲမှ တစ်သိန်းအုပ်တစ်အုပ်အား လက်ထဲထည့်ပေး၏။
"သွားပြီ...."
ဇွဲမာန်ပိုင်၏ပုံရိပ်လေး ဒီမို့မျက်ဝန်းထဲမှပျောက်ကွယ်သွားသည်အထိ ဒီမိုငေးကြည့်မိသည် ။
နောက်တစ်ကြိမ်ပြန်လာဖို့....ပထမဆုံးမျှော်လင့်ဖူးတဲ့လူဟာ.....ခင်ဗျားပါကိုဇွဲ....။
To be continue.....
🥀🥀🥀🥀🥀🥀🥀🥀🥀
22 August
2021
Poppykar
🥀Zawgyi 🥀
ေဆာင္းည၏အေအးဓာတ္သည္ ပတ္ဝန္းက်င္တစ္ခုလုံးကိုၿခဳံလႊမ္းထားသည္ ။ နီညိုေရာင္ေတာက္ပေနေသာအိမ္ႀကီးသည္ ညအေမွာင္ထဲမွာေတာင္ တင့္တယ္စြာတည္ရွိေနသည္ ။
ထိုအိမ္ႀကီး၏အခန္းတစ္ေနရာသည္ မီးေရာင္ထိန္လင္းေနသည္ ။ ထိုအခန္းငယ္အတြင္း မ်က္ႏွာခ်င္းဆိုင္ထိုင္ေနသည့္လူႏွစ္ဦးရွိ၏။ အလယ္ရွိစားပြဲဝိုင္းတြင္လဲ ဝိုင္ပုလင္းေပါင္းမ်ားစြာ။
" ဒီလိုခ်မ္းေအးတဲ့ညေတြမွာ.....ဝိုင္ခ်ိဳခ်ိဳေလးေသာက္ရတာ...ဇိမ္ပဲကြ...ေနာ္ ဇြဲ"
"ရာသီမေ႐ြး မူးေနတဲ့ေကာင္ကမ်ား.....ခ်မ္းေအးတဲ့ညေလးဘာေလးနဲ႕.....အ႐ူးေတာင္မင္းစကားမယုံဘူး ေဇယ်ာရဲ႕"
ဇြဲမာန္ပိုင္စကားေၾကာင့္ ဝိုင္ပုလင္းဆီလက္ေရာက္သြားသည့္ ေဇယ်ာနိုင္လက္ေတြ ေလထဲတြင္ရပ္တန့္သြားသည္။
"မင္း....ရည္းစားထားဖို႔စိတ္ကူးရွိေသးလား "
ေဇယ်ာနိုင္၏စကားအဆုံး ဝိုင္တစ္ခြက္ကိုေမာ့ေသာက္လိုက္သည္ ။ ေဇယ်ာနိုင္ဆိုတာ ဇြဲမာန္ပိုင္အတြက္ သူငယ္ခ်င္းေကာင္းတစ္ေယာက္ပင္ ။ စီးပြားဖက္မ်ားျဖစ္သည့္အျပင္ တိုင္ပင္ေပၚတိုင္ပင္ဖက္တစ္ဦးလည္းျဖစ္ေသးသည္ ။
"မအားေသးပါဘူးကြာ....."
"ဟား....ဟား....မအားတာမဟုတ္ပါဘူးကြာ....မင္းက အားေအာင္မေနတာ........"
Apple company ၏ CEOတစ္ဦးျဖစ္သည့္ ဇြဲမာန္ပိုင္တြင္ တကယ္အားလပ္ခ်ိန္ဟူ၍မရွိပါ ။
"ဘာတရားေဟာဦးမလို႔လဲ.....ေဇယ်ာနိုင္ရာ "
"လူပ်ိဳႀကီးဘဝကကြၽတ္မယ့္တရားေလကြာ....ကိုယ့္အသက္ကိုယ္လဲျပန္ၾကည့္ဦး.....၃၀ နားကပ္ေနပီ.....ဒီထက္အိုသြားရင္ မင္းကိုယူမယ့္သူရွိမွာမဟုတ္ေတာ့ဘူး"
အားလူးေၾကာ္အား တကြၽတ္ကြၽတ္ဝါးစားရင္းေျပာေနသည့္ ေဇယ်ာနိုင့္စကားေၾကာင့္ ဇြဲမာန္ပိုင္ သက္ျပင္းခ်မိသည္ ။
ဇြဲမာန္ပိုင္၏ျဖစ္တည္မႈအား လက္ခံေပးခဲ့သည့္သူ ။ ထိုလူ၏စကားေၾကာင့္ ဇြဲမာန္ပိုင္ ၿပဳံးမိသည္ ။
"ငါဘာေကာင္လဲသိရဲ႕သားနဲ႕ကြာ......"
"ေအး...သိလို႔ေပါ့....မင္းgayျဖစ္ေနလို႔ မိန္းကေလးေတြနဲ႕မတြဲခ်င္လဲရတယ္.... ဒါေပမယ့္ မင္းကိုလက္ခံေပးမယ့္ေကာင္ေလးတစ္ေယာက္ေတာ့ရွာသင့္တယ္ေလ"
ဇြဲမာန္ပိုင္ႏွင့္မ်က္လုံးခ်င္းဆုံေအာင္ၾကည့္ရင္းေျပာေနသည့္ ေဇယ်ာနိုင္၏စကားမ်ားသည္ ေလးနက္ေၾကာင္းကိုျပသည္ ။
"သိပါတယ္ကြာ... "
ဇြဲမာန္ပိုင္၏စကားအဆုံး ေမွးေနသည့္မ်က္လုံးမ်ား မပြင့္ေတာ့္သည္အထိရယ္သည္ ။ ျဖဴေဖြးေသာအသားအရည္သည္ ဝိုင္၏အကူအညီျဖင့္ ရဲစုတ္ေနသည္ ။
"မင္း....masturbate လုပ္ဖူးတယ္မွတ္လား"
ေဇယ်ာနိုင္စကားအဆုံး ဇြဲမာန္ပိုင္၏မ်က္ႏွာတစ္ခုလုံးရွိန္းကနဲ ။ ေဇယ်ာနိုင္ကေတာ့ သတိထားမိပုံျဖင့္ ရယ္၏။
"ရွက္ေနျပန္ပီကြာ.....လူတိုင္းလုပ္ေနက်ကိဳ....ငါေျပာမွာကသက္သက္.....မင္း gay barတို႔ gay club တို႔သိတယ္မွတ္လား"
"အဲ့ေလာက္ေတာ့သိပါတယ္ကြာ....ငါမသြားဖူးဘူးေနာ္"
"ဟား....ဟား...ဟား..."
ေဇယ်ာနိုင္၏ဟက္ဟက္ပက္ပက္ရယ္သံသည္ အခန္းတစ္ခုလုံးအတြင္း ပ်ံ့ႏွံ႕သြားသည္ ။
"သိပါတယ္ကြာ....ငါမင္းနဲ႕အနီးဆုံးေနလာတဲ့သူပါကြ....မင္းကို ေ႐ႊျခဴးေဂဟာ ကိုလိုက္ပို႔ေပးမယ္....gayေတြရွိတဲ့ေနရာေလ...."
ေဇယ်ာနိုင္၏မ်က္ဝန္းထဲမွ ေနာက္ဆက္တြဲစကားကိုပါ ဇြဲမာန္ပိုင္ျမင္ရ၏။
"ရွက္စရာကြာ....."
ဇြဲမာန္ပိုင္သည္ ေဇယ်ာနိုင္ကိုေက်ာ္၍ ျပတင္းေပါက္ဆီမ်က္ႏွာမူလိုက္သည္ ။ တစ္ဦးတစ္ဦးကသာ မိမိဘဝအမွန္ကိုသိရွိသြားခဲ့လွ်င္ ။ စီးပြားေရးေလာကထဲမွ ဇြဲမာန္ပိုင္ဆိုသည့္လူတစ္ေယာက္ေပ်ာက္ကြယ္သြားေပလိမ့္မည္ ။
"ငါေျပာတာနားေထာင္....ခံစားခ်က္ခ်င္းမတူဘူးကြ.....မင္းတစ္ေခါက္ပဲသြားလိုက္ကြာ....ေနာ္....မင္းရည္းစားရတဲ့အခါ....အေတြ႕အႀကဳံရတာေပါ့ကြာ.....ငါမင္းအတြက္ VIP ခန္းစီစဥ္ၿပီးသြားၿပီ...ေနာ္"
လုပ္ခ်င္ရာလုပ္ၿပီးမွ အသိေပးတတ္သည့္ ေဇယ်ာနိုင္၏အက်င့္အား ဇြဲမာန္ပိုင္သိ၏ ။ သူျဖစ္ေစခ်င္သည့္အတိုင္းမျဖစ္မခ်င္း နားပူနားစာလုပ္ေနမည့္ ေဇယ်ာနိုင္၏ ဇြဲကိုလဲသိ၏။
"သေဘာကြာ...."
"ဟား.....ဟား.....လာ....cheer"
ေဇယ်ာနိုင္ၿပဳံးေနေသာ္လဲ ဇြဲမာန္ပိုင္ကေတာ့မၿပဳံးနိုင္ပါ ။ ရင္ဆိုင္ရမည့္ အခက္အခဲမ်ားအား မည္သို႔ေက်ာ္လႊားရမည္နည္း ။
အ႐ြယ္ေရာက္စအခ်ိန္တြင္ gay porn မ်ားၾကည့္ဖူးေသာ္လဲ ယခုကိုယ္တိုင္ဝင္ကရေတာ့မည့္ဇာတ္ထဲ ရင္ပူေနမိသည္။
"၉နာရီေတာင္ထိုးပီကြ....ငါျပန္မယ္ဇြဲ....မနက္က်လာေခၚမယ္....အျပန္မွကုမၼဏီဝင္ကြာ"
ဆိုဖာေပၚတင္ထားသည့္ဂ်ာကင္အကၤ်ီအား ေကာက္ယူရင္း လက္ျပႏႈတ္ဆက္သြားသည့္ ေဇယ်ာနိုင္အား ဇြဲမာန္ပိုင္ ေခါင္းသာညိမ့္ျပမိသည္ ။
မနက္ျဖန္တိုက္ရမည့္ စစ္ပြဲအတြက္ ဇြဲမာန္ပိုင္အဆင္သင့္မျဖစ္ေသးပါေခ်။
______
"ဒီမို.....လာဦး..."
ဒီမိုအလုပ္ေရာက္ေရာက္ခ်င္း ဂ်ာႀကီး၏ဆီးႀကိဳသံကိုအရင္ၾကားရသည္။
"ဗ်ာ....ဂ်ာႀကီး...."
"မင္းဒီမနက္ ဘယ္sectionမွမဝင္ရဘူး..."
"ဟမ္....ဘာလို႔"
အလုပ္ျပဳတ္သည္အထင္ႏွင့္ ဒီမို႔ရင္ေတြေျပာင္းဆန္ကုန္သည္ ။ ေဖာက္သည္အခ်ိဳ႕အားျပစ္ထားခဲ့သည့္ ဒီမို႔အတြက္ျပစ္ဒဏ္သည္ အလုပ္ထုတ္ျခင္းမ်ားျဖစ္ေနမလား။
"ဟာ...ဒီမိုရာ....မင္းမ်က္ႏွာကဘယ္လိုျဖစ္တာလဲ....ဆုံးေအာင္နားေထာင္စမ္းပါ....ဒီေန႕ VIP ဧည့္သည္တစ္ေယာက္လာလိမ့္မယ္...မင္းသူကိုဧည့္ခံရမွာ....အဲ့တာမို႔ အျခားလူေတြလက္မခံခိုင္းတာ"
ဂ်ာႀကီး၏စကားၾကားမွ ဒီမိုရင္ေအးရေတာ့သည္ ။ အရင္က VIP ဧည့္သည္မ်ားရွိေသာ္လဲ အခုလိုသီးသန့္မ်ိဳးေတာ့မဟုတ္ေခ်။
"သြား.....ခဏေနလာေတာ့မွာ....ေခၚလိုက္မယ္..."
"ဟုတ္....ဂ်ာႀကီး...."
ဒီမို အခန္းငယ္အတြင္း ဝင္နားလိုက္သည္ ။
"ဒီမို....ေနာက္က်တယ္ေနာ္"
"ဟုတ္ ......ကိုေက်ာ္.... အိပ္ေပ်ာ္သြားလို႔"
ဒီမိုထက္အရင္ေရာက္ေနသည့္ မိုးေက်ာ္အား ဒီမိုႏႈတ္ဆက္လိုက္သည္ ။ မိုးေက်ာ္သည္ဒီမိုထက္ အသက္ေရာလုပ္သက္ပါႀကီးေသာ္လဲ ဒီမို႔အေပၚခင္တြယ္ရွာသည္ ။
ဘဝတူအခ်င္းခ်င္း အားေပးအားျမႇောက္လုပ္ကာ သြန္သင္ဆုံးမတတ္ေသးသည္ ။ ဒီမိုေရာက္ၿပီး နာရီဝက္ခန့္အၾကာတြင္ ဂ်ာႀကီးအခန္းထဲျပန္ဝင္လာေလသည္။
"ေရာက္ေနၿပီဒီမို....အခန္းနံပါတ္၇မွာ.....သပ္သပ္ရပ္ရပ္လုပ္သြားဦး"
"ဟုတ္ကဲ့ဂ်ာႀကီး..."
အခန္းရွိရာအရင္မသြားဘဲ အိမ္သာအရင္ဝင္လိုက္သည္။ မွန္ထဲမွကိုယ္ပုံကိုျပန္ၾကည့္လိုက္သည္။
ဆိုင္ကယ္ႏွင့္ေလအရွိန္ေၾကာင့္ ခပ္ပြပြျဖစ္ေနသည့္ ဆံပင္မ်ားကိုလက္ျဖင့္ျပန္ဖိခ်လိဳက္သည္ ။ အဝါႏွင့္အနက္စပ္ထားသည့္ စပန့္ရွပ္အက်ီအား ေသခ်ာက်နေအာင္ ဝတ္လိုက္သည္။ ထို႔ေနာက္ အခန္းရွိရာသို႔ျပန္ထြက္လာလိုက္သည္။
အခန္းေရွ႕တြင္ တံခါးေခါက္သင့္ မေခါက္သင့္ဒီမိုစဥ္းစား၏။ ထိုေနာက္ တံခါးအားအသာတြန္းဖြင့္ကာ အထဲမွဂ်က္ခ်လိဳက္သည္။
ဒီမို အေနာက္တိုင္းဝတ္စုံဝတ္ထားသည့္ ေက်ာျပင္က်ယ္တစ္ခုကိုအရင္ျမင္ရသည္ ။
"ကြၽန္ေတာ္ေရာက္ပါၿပီ...."
ခႏၶာကိုယ္တစ္ခုလုံး ဒီမိုရွိရာသို႔ လွည့္လာသည္ ။ ေခ်ာေမာခန့္ညားသည့္သြင္ျပင္တစ္ခုအား ဒီမိုေတြ႕လိုက္ရသည္ ။
ေျဖာင့္စင္းသည့္ မဟူရာမ်က္ခုံးတန္းမ်ား ။ စူးရွစြာေတာက္ပေနသည့္ နီညိုေရာင္မ်က္ဝန္းတစ္စုံ။ ေျဖာင့္စင္းကာခြၽန္သည့္ ႏႈတ္ေခါင္းသည္ ေမးရိုးခြၽန္ခြၽန္မ်ားႏွင့္ အခ်ိဳးက်စြာတည္ရွိေနသည္ ။ ပန္းေရာင္သန္းေနသည့္ ႏႈတ္ခမ္းထူထူတစ္စုံသည္ ေႂကြက်ေတာ့မည့္ စာကူရာပြင့္ဖက္ကေလးႏွင့္သ႑န္တူသည္။
"မင္းနာမည္ဘယ္လိုေခၚလဲ...."
ဝိုင္လိုစူးရွသည့္အသံတစ္ခုသည္ ဒီမို႔နားစည္အတြင္းသို႔ တိုက္ရိုက္ဝင္ေရာက္လာသည္။
ဒီမို၏နာမည္အား ဝင့္ၾကားစြာမေျပာျဖစ္ခဲ့တာ ေတာ္ေတာ္ႀကီးၾကာခဲ့ေခ်ၿပီ ။ ဤေနရာသို႔ေရာက္လာသူမ်ားသည္ ဒီမို၏နာမည္၊ ဒီမို၏ဘဝအတြက္ ေရာက္လာၾကျခင္းမ်ိဳးမွမဟုတ္တာ။
"ကြၽန္ေတာ့္နာမည္ကိုသိခ်င္လို႔လာတာမဟုတ္ဘူးမွတ္လား..."
ဒီမို႔၏စကားအဆုံး ဇြဲမာန္ပိုင္ၿပဳံးသည္ ။ မတ္တပ္ရပ္ေနဆဲျဖစ္သည့္ ဒီမို႔မ်က္လုံးမ်ားအား ဂ႐ုဏာဆန္စြာ ေမာ့ၾကည့္ေနေလ၏။
"ကို႔နာမည္ကဇြဲမာန္ပိုင္ပါ....မင္းအသက္ကဘယ္ေလာက္လဲ..."
ေနာက္တစ္ႀကိမ္ၾကားရသည့္ ေမးခြန္းအဆုံး ဒီမိုၿပဳံးမိသည္ ။ ဒီမို၏ႏႈတ္ခမ္းမ်ား စိတ္ပါလက္ပါမၿပဳံးခဲ့တာ သုံလနီးပါးရွိေခ်ၿပီ။
"စလို႔ရပါၿပီ....ကိုဇြဲမာန္ပိုင္"
"ကိုဇြဲလို႔ပဲေခၚပါ...."
ဇြဲမာန္ပိုင္၏လက္တို႔သည္ လာထိုင္ဆိုသည့္သေဘာျဖင့္ ေမြ႕ယားအားပုတ္ျပ၏။
ေနာက္ဆုံးေတာ့လဲ...ဒီဘူတာပဲဆိုက္တာပဲေလ။
ဒီမို ဇြဲမာန္ပိုင္၏ေဘးတြင္ဝင္ထိုင္လိုက္သည္ ။ ဘယ္အခ်ိန္ ဒီမို႔အဝတ္မ်ားအား ဆြဲခြာမည့္လက္ေတြေရာက္လာမလဲသာ ဒီမိုေတြးေနမိသည္ ။ ဒီမိုသည္ သူ၏အလိုဆႏၵအတြက္ မၾကာခင္အသုံးေတာ္ခံရေတာ့မည္ ။
"မင္း....ဒီအလုပ္ေတြလုပ္ေနတာ....မင္းက gayလား...."
ဇြဲမာန္ပိုင္၏စကားအဆုံး ဒီမို႔အသက္ရႈႏႈန္းေတြရပ္သြားသလိုပင္ ။ ဒီမို ကိုယ့္ကိုကိုယ္ပင္ မေမးမိခဲ့သည့္ ေမးခြန္းတစ္ခုအား ဇြဲမာန္ပိုင္၏ႏႈတ္မွထြက္က်လာသည္။
တကယ္ပဲငါက gayလား.....။ဟင့္အင္း....။ ဒါေတြကအေရးမႀကီးဘူး....။
"Gay ျဖစ္တာ မျဖစ္တာကအေရးမႀကီးပါဘူးကိုဇြဲ....ယခုအခ်ိန္မွာ ကြၽန္ေတာ္ကျပည့္တန္ဆာပဲ....ကိုဇြဲလဲဒီကို အလိုျပည့္ဖို႔ေရာက္လာတာမွတ္လား"
ျပည့္တန္ဆာဆိုတာ လူတစ္ဦး၏ အလိုဆႏၵျပည့္ေျမာက္ဖို႔ တန္ရာတန္ေၾကးယူကာ ဆာေလာင္မႈကိုျဖည့္ဆည္းေပးသူ လို႔ပဲ ဒီမိုသတ္မွတ္သည္။
"တကယ္လို႔.....မင္းဒီအေျဖကိုမသိရင္..... မင္းနာမည္ေတာ့ေျပာျပပါ"
ထိုစကားလုံးမ်ားထဲတြင္ ဟန္ေဆာင္ျခင္းမပါေၾကာင္း ဒီမိုခံစားမိ၏။ ဒီမို႔ဘဝအား အခ်ိန္ေပးကာ စိတ္ဝင္တစားေမးမည့္သူ ရွိလာေခ်ၿပီ ။
"ကြၽန္ေတာ့္နာမည္ကဒီမို...."
"ဒီမို....."
ရမၼက္မပါသည့္ နီညိုေရာင္မ်က္ဝန္းမ်ားျဖင့္ ဇြဲမာန္ပိုင္ ဒီမို႔အားလွည့္ၾကည့္၏။ ႏြေးေထြးေသာခံစားခ်က္တစ္ခုသည္ ဒီမို႔ႏွလုံးအိမ္ထဲမွထြက္ေပၚလာသည္။ ဒီကာလအတြင္း ဒီလိုအၾကည့္မ်ိဳး ဒီလိုခံစားခ်က္မ်ိဳး ဒီမိုပထမဆုံး ခံစားရျခင္း ။
"ကိုမင္းကိုဘာမွမလုပ္ပါဘူး...ကိုေမးတာေတြကိုေျဖေပးမလား..."
မ်က္ႏွာခ်င္းဆိုင္ျဖစ္ေနသည့္ ဇြဲမာန္ပိုင္၏မ်က္ႏွာကို ဒီမိုအနီးကပ္ျမင္ေနရသည္ ။ တည္ၿငိမ္သည္မ်က္ဝန္းႏွင့္ စကားသံတို႔သည္ ဒီမို႔အားညွို႔ယူထားသလို ။
"ေျဖနိုင္တဲ့အတိုင္းအတာတစ္ခုဆိုရင္....ကြၽန္ေတာ္ေျဖမွာပါ"
"မင္းအသက္ဘယ္ေလာက္လဲ....."
"၁၉ႏွစ္...."
ဒီမို႔အေျဖအဆုံး ေျဖာင့္စင္းေသာမ်က္ေတာင္မ်ား ပုတ္ခတ္သြားသည္ ။ သက္ျပင္းခ်သံသဲ့သဲ့အား ဒီမိုၾကားလိုက္ရ၏။
"ကို႔အသက္က ၂၉ ႏွစ္ Apple company ရဲ႕ CEO "
"ဒီလိုေနရာမ်ိဳးကို....ဘာလို႔လာခဲ့တာလဲ"
ဒီမို ဇြဲမာန္ပိုင္၏ႏႈတ္မွ ထိုအေျဖကိုၾကားခ်င္မိပါ၏။ ဒီမို႔စကားအဆုံး ဇြဲမာန္ပိုင္၏ႏႈတ္ခမ္းတစ္စုံ တြန့္ေကြးသြားသည္ ။
"မလာသင့္တဲ့ေနရာမိုလို႔လား...."
ဒီတစ္ခါၿပဳံးရသူက ဒီမို ။ စီးပြားေရးသမားမို႔ထင္သည္ ။ ပရိယာယ္ပါသည့္စကားတစ္ခြန္းႏွင့္ ဒီမို႔အားျပန္ခ်ဳပ္ႏွောင္သည္ ။
"အြန္း....မလာသင့္ဘူးေလ....ကိုဇြဲရဲ႕သိကၡာေတြက်သြားမွာေပါ့...ဒီလိုေနရာမွာ ကြၽန္ေတာ္တို႔လို နိမ့္က်တဲ့လူေတြပဲရွိတာ"
ဇြဲမာန္ပိုင္၏ မ်က္ဝန္းတို႔ေဖ်ာ့ေတာ့သြားသည္။ ဒီမိုေျပာလိုက္ေသာစကားသည္ ဇြဲမာန္ပိုင္အား ထိခိုက္ေစနိုင္လားေတာ့ ဒီမိုမသိ။
"ဒီမိုကမနိမ့္က်ပါဘူးကြာ..... ဒီမိုက ႏြံ႕ထဲနစ္ေနတဲ့ ပတၱျမားတစ္ပြင့္နဲ႕တူတယ္"
ဝုန္းတိုင္းေစာင့္တက္လာသည့္ ေသြးခုန္ႏႈန္းတို႔သည္ တထိတ္ထိတ္ခုန္လာသည္ ။ အမည္ေဖာ္မရေသာခံစားခ်က္အခ်ိဳ႕ကပါ ဒီမို႔ကိုႏွိပ္စက္ေသးသည္ ။ ယခုခ်ိန္ ဒီမိုမ်က္ရည္ဝဲေနမိမယ္ထင္သည္ ။
"ကိုျပန္ေတာ့မယ္...."
လက္မွနာရီကိုျမႇောက္ၾကည့္ကာ ေမြ႕ယာေပၚမွမတ္တပ္ထရပ္သည္ ။ အေပါက္ဝဆီဦးတည္ေနသည့္ေျခလွမ္းမ်ားအား ဒီမို အေရွ႕မွပိတ္ကာလိုက္သည္ ။
ကြာျခားေသာအရပ္ေၾကာင့္ ဒီမို ဇြဲမာန္ပိုင္အား ေမာ့ၾကည့္ရ၏။
"သြားမယ္ဆိုလဲေဘာနပ္ေပးခဲ့ပါ.... ဂ်ာႀကီးက ကြၽန္ေတာ္ဘက္ထားတယ္ထင္မွာဆိုးလို႔"
"အြန္း....သိၿပီ"
မည္သည့္ေမးခြန္းမ်ိဳးမွမပါသည့္ မ်က္ဝန္းတစ္စုံျဖင့္ ဒီမို႔အားၾကည့္သည္ ။ အတြင္းအိတ္ထဲမွ တစ္သိန္းအုပ္တစ္အုပ္အား လက္ထဲထည့္ေပး၏။
"သြားၿပီ...."
ဇြဲမာန္ပိုင္၏ပုံရိပ္ေလး ဒီမို႔မ်က္ဝန္းထဲမွေပ်ာက္ကြယ္သြားသည္အထိ ဒီမိုေငးၾကည့္မိသည္ ။
ေနာက္တစ္ႀကိမ္ျပန္လာဖို႔....ပထမဆုံးေမွ်ာ္လင့္ဖူးတဲ့လူဟာ.....ခင္ဗ်ားပါကိုဇြဲ....။
To be continue.....
🥀🥀🥀🥀🥀🥀🥀🥀🥀
22 August
2021
Poppykar