[Zawgyi]
မီးေရာင္မွိန္မွိန္ေလးပဲရွိေနေသာေနရာ ဖန္တီးထားေသာသစ္ပင္ခပ္အုပ္အုပ္မ်ားၾကား Yixing ႏွင့္ Jun တို႔လက္တြဲၿပီး လမ္းက်ဥ္းက်ဥ္းေလးကအတြင္းသို႔ တစ္လွမ္းခ်င္းလွမ္းလာခဲ့သည္။ သူတို႔ႏွစ္ေယာက္ကလြဲရင္ ဘယ္သူမွမရွိေသာပတ္ဝန္းက်င္ေၾကာင့္ ေတာ္႐ုံမေၾကာက္တတ္ေသာ္လည္း ေက်ာခ်မ္းစရာေကာင္းလွသည္။ ထိုစဥ္ Yixing ေျခေထာက္မွ ခပ္ေအးေအးအထိေတြ႕ေၾကာင့္ သည္းခံမႈအတိုင္းတာသည္ လုံးဝကိုေပ်ာက္ကြယ္သြားေတာ့သည္။
"အား............. ေအာက္ကေန... ကိုယ့္ေျခေထာက္ကို..."
Yixing လန႔္ၿပီးေအာ္လိုက္သည့္အခ်ိန္တြင္ သူ႕ေဘးမွာလမ္းေလွ်ာက္လာသည့္အဆိုးေလးက သူ႕ကိုျပဴးျပဴးေလးသာၾကည့္ေနေလသည္။ သူကသာေခြၽးေစးေတြျပန္ လက္ေတြေအးစက္ေနေသာ္လည္း ဟိုတရားခံေလးကမူ ဘာဆိုဘာမွမျဖစ္။ သူ႕ကိုျပန္ေတာင္ေျပာလိုက္ေသးသည္။
"Xing မေၾကာက္နဲ႕ေနာ္... Jun ရွိတာမို႔လို႔ မေၾကာက္နဲ႕..."
"Aww... ေအးပါ..."
အဆိုးေလးရဲ႕ပူဆာေကာင္းမႈေၾကာင့္ ပထမဆုံး Date အတြက္ ကစားကြင္းသို႔ေရာက္လာခဲ့ၿပီး ေၾကာက္ဖို႔ေကာင္းတယ္ဆိုေသာ သရဲအိမ္ထဲသို႔ေရာက္ေနၾကျခင္းျဖစ္သည္။ အစကေတာ့ အဆိုးေလးေၾကာက္ရင္ ေရွ႕ကေနမားမားမတ္မတ္ရပ္တည္ သရဲေတြလာရင္ဖက္ထား ဒါမွမဟုတ္ သရဲအိမ္ထဲကေန အဆိုးေလးကိုကုန္းပိုးၿပီး ထြက္လာဖို႔အတြက္ Yixing သရဲအိမ္ထဲဝင္လာတာျဖစ္ေပမယ့္ တကယ့္တကယ္တမ္းမွာေတာ့ အဆိုးေလးကကုန္းမပိုးရ႐ုံတမယ္ျဖစ္ေနသည္။
ေအာ္လိုက္ရတာဆိုတာေလ။ သရဲအိမ္ထဲက ရွိသမွ်သရဲအကုန္ သူ႕ကိုပဲဝိုင္းေျခာက္ေနၾကသည္ႏွင့္ တူသည္။ Yixing ၏ Image သည္ အဆိုးေလးေရွ႕တြင္ လုံးဝလုံးဝ ျပဳတ္ျပဳတ္ျပဳန္းေလၿပီ။ ဟိုအဆိုးေလးကမူ သရဲအိမ္သို႔လာၿပီး သုေတသနလုပ္ေနသည့္ ပါေမာကၡကဲ့သို႔ ဟိုၾကည့္ဒီၾကည့္ႏွင့္။ ေစာင္ကေလး... သူမေၾကာက္တိုင္း ငါ့လာႏွိပ္စက္ေနတယ္။
အျပင္သို႔ေရာက္ခ်ိန္မွာေတာ့ Yixing တစ္ေယာက္ေျမျပင္သို႔ပင္ ထိုင္ခ်လိဳက္ရသည္။ မေက်မနပ္ႏွင့္ တရားခံအား မ်က္ေစာင္းထိုးမိေတာ့ သူဟက္ဟက္ပက္ပက္အရီခံလိုက္ရေလသည္။ ပါးမို႔မို႔ေလးေတြရဲေနေအာင္ ရီေနေသာေကာင္ေလးကို Yixing ဖ်တ္ခနဲေငးမိသြားခ်ိန္မွာေတာ့ ရင္ခုန္သံေတြကဆူညံစြာ။ ထိုအခ်ိန္တြင္ ဉီးေႏွာက္၏အခ်က္ေပးမႈေၾကာင့္ နားထဲမွာျပန္ၾကားေယာင္မိတဲ့ အသံေလးကေတာ့ အမိန႔္ဆန္လြန္းသည့္သတ္မွတ္ခ်က္တစ္ခု။ Jun ကိုမခ်စ္မိေစနဲ႕ တဲ့ေလ။
.............................................................
"Xing... လူတခ်ိဳ႕က ေသၿပီးရင္ အစြဲလန္းႀကီးၾကတာမို႔ ဝိဉာဥ္ျဖစ္ရတယ္တဲ့... ေၾကာက္ဖို႔ေကာင္းတယ္ ထင္ရေပမယ့္ တကယ္တမ္းက်ေတာ့ သနားဖို႔ေကာင္းတယ္ေနာ္... သူတို႔ စြဲလန္းခဲ့တဲ့အရာေတြေၾကာင့္ ဝိဉာဥ္ဘဝေရာက္ခဲ့ရေပမယ့္ သူတို႔ကိုမျမင္နိုင္တာမို႔လို႔ သူတို႔ေခၚရင္ေတာင္ ဘယ္သူမွမၾကားနိုင္တာမို႔လို႔ အရမ္းကိုဝမ္းနည္းၾကမွာပဲေနာ္..."
သရဲအိမ္ကအထြက္ ကစားကြင္းေလွ်ာက္လမ္းေပၚတြင္ ႏွစ္ေယာက္သားေလွ်ာက္ေနၾကရင္း အဆိုးေလးက သူ႕ကိုေျပာေနျခင္းျဖစ္သည္။ ေတြးဆဆႏွင့္ေျပာေနေသာေကာင္ေလးမွာ လူႀကီးပုံမနည္းဖမ္းထားေသာကေလးေလးႏွင့္တူတာေၾကာင့္ သူဟက္ခနဲရီလိုက္မိေတာ့ အဆိုးေလးက လွည့္ၾကည့္လာသည္။
"မင္းေလးက သရဲေတြအတြက္ေတာင္ေတြးၿပီး စိတ္ပူေပးေနတာပဲေနာ္... ေတာင္ပံမပါတဲ့နတ္သားေလးပဲ... အဟက္..."
"Jun ကအတည္ေျပာေနတာကို... Zhang Yixing ႀကီး... လူကို႐ြဲ႕ေနတာလား..."
"မဟုတ္ပါဘူး... ကိုယ္ကအတည္ေျပာတာ... ဆက္ေျပာ... ဆက္ေျပာ..."
ထိုအခါ အလိုမက်ဟန္ႏွာေခါင္းတစ္ခ်က္ရႈံ႕သြားေသာေကာင္ေလးက သူ႕ကိုလက္သီးဆုပ္ေသးေသးေလးႏွင့္ လိုက္ထုေလသည္။ အရာအားလုံးက အေႏွးျပကြက္တစ္ခုကို ၾကည့္ေနရသလိုပင္။ သူ႕ကိုေျပးလိုက္ေနေသာ ေကာင္ေလး၏ဆံသားႏုႏုတို႔က ေလအေဝွ႕မွာ စည္းခ်က္က်က်လြင့္ေနတိုင္း... ညေနဆည္းဆာေနေရာင္က ေကာင္ေလး၏ မ်က္ဝန္းေတာက္ေတာက္ႏွင့္ ႏွာတံစင္းစင္းတြင္ ေရာင္ျပန္ဟပ္ေလတိုင္း... အၾကည့္မလႊဲမိသည့္ သူက ရင္ခုန္သံေတြျမန္လာေလျဖစ္သည္။ ေနာက္ေတာ့ ဆက္မေျပးဘဲ ေၾကာင္ၿပီးေငးေနမိေသာ Yixingသာ ဆယ္ခ်က္ေလာက္ အထုခံရေလသည္။
"Roller Coaster စီးမယ္ေဟ့..."
"မစီးဘူး... ကိုယ္မူးတတ္တယ္..."
"တစ္စုံတစ္ေယာက္ေတာ့ ေၾကာက္ေနပါၿပီ... တန္...တန႔္...ဒန္..."
"ဘယ္သူကေၾကာက္တာလဲ... စီးမယ္ကြာ... စီးမယ္..."
အဆုံးသတ္မွာေတာ့ အသက္ထြက္မတတ္ေအာ္မိတာက ေဟာဒီက Yixing ပင္ျဖစ္ပါသည္။
"အ႐ုပ္ေကာက္ၾကမယ္ေဟ့..."
"ကေလးကုလားေတြ..."
"တစ္စုံတစ္ေယာက္ကေတာ့ အ႐ုပ္မေကာက္တတ္ဘူးနဲ႕တူတယ္... သနားစရာပါကြာ..."
ေခါင္းေလးတစ္ရမ္းရမ္းနဲ႕ေျပာလာေသာ အဆိုးေလးကို ေတာင္ပံမပါတဲ့နတ္သားေလးလို႔ တင္စားထားတာကို Yixing ျပန္႐ုတ္သိမ္းလိုက္သည္။ မင္းက ခ်ိဳမပါတဲ့နတ္ဆိုးေလးပါပဲ။ အဆုံးသတ္မွာေတာ့ ၃ေခါက္ထဲနဲ႕တင္ သိုး႐ုပ္ေလးကို ရသြားတာက အဆိုးေလးျဖစ္ၿပီး Yixing ကေတာ့ အေခါက္သုံးဆယ္ျပည့္ေတာ့မည္။ အဆိုးေလးပူဆာသည့္ ယုန္႐ုပ္ကိုမရေသး။
"Xing... Junကစတာပါ... မရလဲဘာမွမျဖစ္ဘူးေလေနာ္... လာပါ..."
"မရပါဘူး... ကိုယ္မင္းလိုခ်င္တဲ့ ဒီယုန္႐ုပ္ကို ရေအာင္ေကာက္ေပးမွာ..."
ဤသို႔ျဖင့္ အခ်ိန္အေတာ္ၾကာႀကိဳးစားၿပီးေနာက္တြင္ ယုန္႐ုပ္ကိုရေလသည္။ အဆိုးေလးကေတာ့ ယုန္႐ုပ္ကိုၾကည့္လိုက္ သူ႕ကိုၾကည့္လိုက္ႏွင့္ မ်က္ရည္ေလးေတြပင္ဝဲလာေလသည္။ Yixingမွာေတာ့ ရင္ထဲက ၾကည္ႏူးမႈတို႔က တလွိုက္လွိုက္ႏွင့္ ဝမ္းသာပီတိဂြမ္းဆီထိေတာ့မည့္အခ်ိန္တြင္ ထိုေကာင္ေလးေျပာလိုက္ေသာစကားေၾကာင့္ နင္သြားရေလသည္။
"Xing ကိုေစာင့္ရင္း သမ္းလိုက္တာ မ်က္ရည္ေတြေတာင္ဝဲတယ္... Xingသာ အ႐ုပ္ေကာက္စားရင္ လစာေတာင္ရမွာမဟုတ္ဘူးေနာ္... ခ်က္ခ်င္းကို အလုပ္ျပဳတ္မွာ..."
အဆိုးေလးသည္ တစ္ခါတေလတြင္ အလြန္ခ်စ္ဖို႔ေကာင္းသကဲ့သို႔ တစ္ခါတေလတြင္လဲ ဤသို႔ဤပုံႏွယ္ အလြန္ထုခ်င္စရာေကာင္းပါသည္။
...............
အေရာင္ခပ္မွိုင္းမွိုင္းေမွ်ာ္လင့္ခ်က္ေတြက ႏွလုံးသားအတြက္ ေၾကကြဲျခင္းမ်ားစြာ ေဆာင္ယူလာေပးတယ္...
ေငးၾကည့္ေနခဲ့တဲ့ သူ႕မ်က္ဝန္းညိုေတြကေတာ့ ေပ်ာ္႐ႊင္မႈမ်ားစြာ သယ္ပိုးလာေပးတယ္...
ဒါေပမယ့္ ေက်နပ္တယ္...
..............
ထင္ မေတာက္တေခါက္နဲ႕ေရးထားတာေလးကို အားေပးတာေက်းဇူးတင္ပါတယ္ေနာ္... Comment ေလးလဲေရးေပးမယ္လို႔ ေမွ်ာ္လင့္ပါတယ္...
...............
[Unicode]
မီးရောင်မှိန်မှိန်လေးပဲရှိနေသောနေရာ ဖန်တီးထားသောသစ်ပင်ခပ်အုပ်အုပ်များကြား Yixing နှင့် Jun တို့လက်တွဲပြီး လမ်းကျဉ်းကျဉ်းလေးကအတွင်းသို့ တစ်လှမ်းချင်းလှမ်းလာခဲ့သည်။ သူတို့နှစ်ယောက်ကလွဲရင် ဘယ်သူမှမရှိသောပတ်ဝန်းကျင်ကြောင့် တော်ရုံမကြောက်တတ်သော်လည်း ကျောချမ်းစရာကောင်းလှသည်။ ထိုစဉ် Yixing ခြေထောက်မှ ခပ်အေးအေးအထိတွေ့ကြောင့် သည်းခံမှုအတိုင်းတာသည် လုံးဝကိုပျောက်ကွယ်သွားတော့သည်။
"အား............. အောက်ကနေ... ကိုယ့်ခြေထောက်ကို..."
Yixing လန့်ပြီးအော်လိုက်သည့်အချိန်တွင် သူ့ဘေးမှာလမ်းလျှောက်လာသည့်အဆိုးလေးက သူ့ကိုပြူးပြူးလေးသာကြည့်နေလေသည်။ သူကသာချွေးစေးတွေပြန် လက်တွေအေးစက်နေသော်လည်း ဟိုတရားခံလေးကမူ ဘာဆိုဘာမှမဖြစ်။ သူ့ကိုပြန်တောင်ပြောလိုက်သေးသည်။
"Xing မကြောက်နဲ့နော်... Jun ရှိတာမို့လို့ မကြောက်နဲ့..."
"Aww... အေးပါ..."
အဆိုးလေးရဲ့ပူဆာကောင်းမှုကြောင့် ပထမဆုံး Date အတွက် ကစားကွင်းသို့ရောက်လာခဲ့ပြီး ကြောက်ဖို့ကောင်းတယ်ဆိုသော သရဲအိမ်ထဲသို့ရောက်နေကြခြင်းဖြစ်သည်။ အစကတော့ အဆိုးလေးကြောက်ရင် ရှေ့ကနေမားမားမတ်မတ်ရပ်တည် သရဲတွေလာရင်ဖက်ထား ဒါမှမဟုတ် သရဲအိမ်ထဲကနေ အဆိုးလေးကိုကုန်းပိုးပြီး ထွက်လာဖို့အတွက် Yixing သရဲအိမ်ထဲဝင်လာတာဖြစ်ပေမယ့် တကယ့်တကယ်တမ်းမှာတော့ အဆိုးလေးကကုန်းမပိုးရရုံတမယ်ဖြစ်နေသည်။
အော်လိုက်ရတာဆိုတာလေ။ သရဲအိမ်ထဲက ရှိသမျှသရဲအကုန် သူ့ကိုပဲဝိုင်းခြောက်နေကြသည်နှင့် တူသည်။ Yixing ၏ Image သည် အဆိုးလေးရှေ့တွင် လုံးဝလုံးဝ ပြုတ်ပြုတ်ပြုန်းလေပြီ။ ဟိုအဆိုးလေးကမူ သရဲအိမ်သို့လာပြီး သုတေသနလုပ်နေသည့် ပါမောက္ခကဲ့သို့ ဟိုကြည့်ဒီကြည့်နှင့်။ စောင်ကလေး... သူမကြောက်တိုင်း ငါ့လာနှိပ်စက်နေတယ်။
အပြင်သို့ရောက်ချိန်မှာတော့ Yixing တစ်ယောက်မြေပြင်သို့ပင် ထိုင်ချလိုက်ရသည်။ မကျေမနပ်နှင့် တရားခံအား မျက်စောင်းထိုးမိတော့ သူဟက်ဟက်ပက်ပက်အရီခံလိုက်ရလေသည်။ ပါးမို့မို့လေးတွေရဲနေအောင် ရီနေသောကောင်လေးကို Yixing ဖျတ်ခနဲငေးမိသွားချိန်မှာတော့ ရင်ခုန်သံတွေကဆူညံစွာ။ ထိုအချိန်တွင် ဉီးနှောက်၏အချက်ပေးမှုကြောင့် နားထဲမှာပြန်ကြားယောင်မိတဲ့ အသံလေးကတော့ အမိန့်ဆန်လွန်းသည့်သတ်မှတ်ချက်တစ်ခု။ Jun ကိုမချစ်မိစေနဲ့ တဲ့လေ။
.............................................................
"Xing... လူတချို့က သေပြီးရင် အစွဲလန်းကြီးကြတာမို့ ဝိဉာဉ်ဖြစ်ရတယ်တဲ့... ကြောက်ဖို့ကောင်းတယ် ထင်ရပေမယ့် တကယ်တမ်းကျတော့ သနားဖို့ကောင်းတယ်နော်... သူတို့ စွဲလန်းခဲ့တဲ့အရာတွေကြောင့် ဝိဉာဉ်ဘဝရောက်ခဲ့ရပေမယ့် သူတို့ကိုမမြင်နိုင်တာမို့လို့ သူတို့ခေါ်ရင်တောင် ဘယ်သူမှမကြားနိုင်တာမို့လို့ အရမ်းကိုဝမ်းနည်းကြမှာပဲနော်..."
သရဲအိမ်ကအထွက် ကစားကွင်းလျှောက်လမ်းပေါ်တွင် နှစ်ယောက်သားလျှောက်နေကြရင်း အဆိုးလေးက သူ့ကိုပြောနေခြင်းဖြစ်သည်။ တွေးဆဆနှင့်ပြောနေသောကောင်လေးမှာ လူကြီးပုံမနည်းဖမ်းထားသော ကလေးလေးနှင့်တူတာကြောင့် သူဟက်ခနဲရီလိုက်မိတော့ အဆိုးလေးက လှည့်ကြည့်လာသည်။
"မင်းလေးက သရဲတွေအတွက်တောင်တွေးပြီး စိတ်ပူပေးနေတာပဲနော်... တောင်ပံမပါတဲ့နတ်သားလေးပဲ... အဟက်..."
"Jun ကအတည်ပြောနေတာကို... Zhang Yixing ကြီး... လူကိုရွဲ့နေတာလား..."
"မဟုတ်ပါဘူး... ကိုယ်ကအတည်ပြောတာ... ဆက်ပြော... ဆက်ပြော..."
ထိုအခါ အလိုမကျဟန်နှာခေါင်းတစ်ချက်ရှုံ့သွားသောကောင်လေးက သူ့ကိုလက်သီးဆုပ်သေးသေးလေးနှင့် လိုက်ထုလေသည်။ အရာအားလုံးက အနှေးပြကွက်တစ်ခုကို ကြည့်နေရသလိုပင်။ သူ့ကိုပြေးလိုက်နေသော ကောင်လေး၏ဆံသားနုနုတို့က လေအဝှေ့မှာ စည်းချက်ကျကျလွင့်နေတိုင်း... ညနေဆည်းဆာနေရောင်က ကောင်လေး၏ မျက်ဝန်းတောက်တောက်နှင့် နှာတံစင်းစင်းတွင် ရောင်ပြန်ဟပ်လေတိုင်း... အကြည့်မလွှဲမိသည့် သူက ရင်ခုန်သံတွေမြန်လာလေဖြစ်သည်။ နောက်တော့ ဆက်မပြေးဘဲ ကြောင်ပြီးငေးနေမိသော Yixingသာ ဆယ်ချက်လောက် အထုခံရလေသည်။
"Roller Coaster စီးမယ်ဟေ့..."
"မစီးဘူး... ကိုယ်မူးတတ်တယ်..."
"တစ်စုံတစ်ယောက်တော့ ကြောက်နေပါပြီ... တန်...တန့်...ဒန်..."
"ဘယ်သူကကြောက်တာလဲ... စီးမယ်ကွာ... စီးမယ်..."
အဆုံးသတ်မှာတော့ အသက်ထွက်မတတ်အော်မိတာက ဟောဒီက Yixing ပင်ဖြစ်ပါသည်။
"အရုပ်ကောက်ကြမယ်ဟေ့..."
"ကလေးကုလားတွေ..."
"တစ်စုံတစ်ယောက်ကတော့ အရုပ်မကောက်တတ်ဘူးနဲ့တူတယ်... သနားစရာပါကွာ..."
ခေါင်းလေးတစ်ရမ်းရမ်းနဲ့ပြောလာသော အဆိုးလေးကို တောင်ပံမပါတဲ့နတ်သားလေးလို့ တင်စားထားတာကို Yixing ပြန်ရုတ်သိမ်းလိုက်သည်။ မင်းက ချိုမပါတဲ့နတ်ဆိုးလေးပါပဲ။ အဆုံးသတ်မှာတော့ ၃ခေါက်ထဲနဲ့တင် သိုးရုပ်လေးကို ရသွားတာက အဆိုးလေးဖြစ်ပြီး Yixing ကတော့ အခေါက်သုံးဆယ်ပြည့်တော့မည်။ အဆိုးလေးပူဆာသည့် ယုန်ရုပ်ကိုမရသေး။
"Xing... Junကစတာပါ... မရလဲဘာမှမဖြစ်ဘူးလေနော်... လာပါ..."
"မရပါဘူး... ကိုယ်မင်းလိုချင်တဲ့ ဒီယုန်ရုပ်ကို ရအောင်ကောက်ပေးမှာ..."
ဤသို့ဖြင့် အချိန်အတော်ကြာကြိုးစားပြီးနောက်တွင် ယုန်ရုပ်ကိုရလေသည်။ အဆိုးလေးကတော့ ယုန်ရုပ်ကိုကြည့်လိုက် သူ့ကိုကြည့်လိုက်နှင့် မျက်ရည်လေးတွေပင်ဝဲလာလေသည်။ Yixingမှာတော့ ရင်ထဲက ကြည်နူးမှုတို့က တလှိုက်လှိုက်နှင့် ဝမ်းသာပီတိဂွမ်းဆီထိတော့မည့်အချိန်တွင် ထိုကောင်လေးပြောလိုက်သောစကားကြောင့် နင်သွားရလေသည်။
"Xing ကိုစောင့်ရင်း သမ်းလိုက်တာ မျက်ရည်တွေတောင်ဝဲတယ်... Xingသာ အရုပ်ကောက်စားရင် လစာတောင်ရမှာမဟုတ်ဘူးနော်... ချက်ချင်းကို အလုပ်ပြုတ်မှာ..."
အဆိုးလေးသည် တစ်ခါတလေတွင် အလွန်ချစ်ဖို့ကောင်းသကဲ့သို့ တစ်ခါတလေတွင်လဲ ဤသို့ဤပုံနှယ် အလွန်ထုချင်စရာကောင်းပါသည်။
...............
အရောင်ခပ်မှိုင်းမှိုင်းမျှော်လင့်ချက်တွေက နှလုံးသားအတွက် ကြေကွဲခြင်းများစွာ ဆောင်ယူလာပေးတယ်...
ငေးကြည့်နေခဲ့တဲ့ သူ့မျက်ဝန်းညိုတွေကတော့ ပျော်ရွှင်မှုများစွာ သယ်ပိုးလာပေးတယ်...
ဒါပေမယ့် ကျေနပ်တယ်...
..............
ထင် မတောက်တခေါက်နဲ့ရေးထားတာလေးကို အားပေးတာကျေးဇူးတင်ပါတယ်နော်... Comment လေးလဲရေးပေးမယ်လို့ မျှော်လင့်ပါတယ်...
...............