မင်းကငါ့ဘဝ❣️ငါ့အပိုင်

By Khin242917

1.5K 76 0

မင်းကငါ့ဘဝ❣️ ကြီးကျယ်ခမ်းနားတဲ့အိမ်တအိမ်မှာရယ်မောသံတွေ ပျော်ရွှင်မှုတွေအပြည့်ဖုုံးလွှမ်းနေတယ် မာနခဲလေးနှယောက်... More

Part 1
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
part 18
Part 19
Part 20
အပိုင်းတိုလေး😘

Part 2

131 6 0
By Khin242917

မင်းကငါ့ဘဝ❣️ငါ့အပိုင်(၂)

ရိပေါ်လဲ​စိတ်ထဲကနေနာမည်ပေးပြီးတာနဲ့     ဖုန်းဝင်လာလို့ကြည့်လိုက်တော့သူရဲ့ချစ်သူငယ်ချင်းကြီးကျင်းရီ 
"ယျောင့်မင်းတို့မလာသေးဘူးလား   မင်းအဖေတွေကကျောင်းရောက်နေပီး  "
"  ချီးကိုငါ့အဖေ📱အေးငါ ကန်တင်းမှာစောင့်နေ••"
ပြောလို့တောင်မဆုံးသေးဖုန်းချသွားတဲ့ရိပေါ်ပါ  ယျောင့် ကျင်းရီကကန်တင်းမှာစောင့်နေမယ်တဲ့လာသွားမယ်ဆိုပီးသူအရင်ထွက်သွားတယ်လေ ယွီပင်းကတော့
" ရိပေါ်ရာအဲ့လောက်ထိသိပ်ပြီးချစ်မပြပါနဲ့🙄 "

ရှောင်ကျန့်နဲ့ကျန်းချန်လဲအဲ့နေရာကထွက်လာပီး ကန်တင်းဘက်ကိုသွားလိုက်တယ် သူရောက်သွားတော့မြင်လိုက်တာက ကောင်လေးတယောက်ကိုလူသုံးယောက်ကဝိုင်းပီးအနိုင်ကျင့်နေတာ         
" ဟဲ့ကောင်မင်းလမ်းကိုဘယ်လိုလျှောက်နေတာလဲ ငါလာနေတာမတွေ့ဘူးလား ပုံစံကိုက စားပွဲထိုးကျနေတာဘဲ ပုံကတုန်းပါတယ်ဆိုမျက်မှန်ကြီးကတက်ထားသေးတယ်ကြည့်ပါအုံးကြည့်ပါအုံး သူ့ပုံကို ဟားးဟားးဟားးဟားးကြည့်ပါအုံးကွာ "
လို့ရွှယ်ယမ်ကပြောတော့ဘေးကပါလာတဲ့နှယောက်ကပါဝိုင်းရီနေကြတယ်   
"ဟို•ဟိုတောင်းပန်ပါတယ် 😔တောင်းပန်ပါတယ် အကိုတို့ကိုမမြင်လို့မဟုတ်ပါဘူး  "
"  ဘာလဲမင်းကမြင်မြင်ရက်နဲ့ငါတို့ကိုဝင်တိုက်တာပေါ့ ဟလား "
ကျောင်းသားလေးရဲ့အင်္ကျီကိုဆွဲပီးပြောတော့      
"     ရှောင်ကျန့်  ဟဲ့ကောင်တွေမင်းတို့ဘာလုပ်တာလဲသူရဲ့အင်္ကျီကိုလွှတ်လိုက်စမ်း  "
ရွှယ်ယမ်ကသူ့ကိုပြောတဲ့သူကိုကြည့်လိုက်တော့
" အကောင်ကသေးသေးလေးနဲ့ ငါ့ကို​အမိန့်ပေးနေလိုက်တာများကြည့်ပါအုံးသားရီးတို့ရယ်ဟားးးးးး "
"ဟင့် ငါ့ကိုများအကောင်သေးတယ်လေးဘာလေးနဲ့မင်းကရောဘယ်လောက်ကြီးနေလို့လဲ  "
"ငါကမင်းထက်တော့ကြီးမယ်ထင်တာဘဲ    "
" ဘာကွမင်းကများငါ့ကိုဆိုပြီး " ခွပ်••ခွပ်(ထိုးလိုက်တာပါရွှယ်ယမ်ကို)
" ငါ့ကိုများသေးသေးလေးတဲ့ ဟင့်😏မှတ်ပီလား "
ရွှယ်ယမ်ကိုထိုးပီးထွက်သွားမယ်လုပ်တော့
ရွှယ်ယမ်က 
"ငါ့ကိုထိုးပီးအဲ့လိုလွယ်လွယ်နဲ့ထွက်သွားလို့ရမယ်ထင်လို့လား "
ဆိုပီးရှောင်ကျန့်လက်ကိုဆွဲမယ်လုပ်တော့   
  " ခွပ်•• "ကျန်းချန်ရဲ့လက်သီးစာမိသွားတာဘာ   လက်စကပြင်းတော့ရွှယ်ယမ်လဲအဲ့နေရာမှာလဲကျသွားတယ် ဘေးကိုကြည့်လိုက်တော့လဲသူကိုဝိုင်းကြည့်နေကြတဲ့လူတအုပ်  ရွှယ်ယမ်ဆိုတာဘယ်သူ့ကိုမှမကြောက်ခဲ့သလိုဘယ်သူမှလဲသူ့ကိုမထိရဲဘူးလေ   လူကြားထဲမှာလူနှယောက်ရဲ့ထိုးတာခံလိုက်ရတော့သူလဲရှက်ပီး  
"မင်းတို့တွေမှတ်ထား😡 "ပြောပီးထထက်သွားတယ်
ရှောင်ကျန့်နဲ့ကျန်းချန်ကတော့မကြောက်ဘူးဆိုတဲ့အကြည့်နဲ့ကြည်ပေးလိုက်တယ်ကျောင်းသားလေးကတော့ကြောက်နေတယ်လေ သူကခုမှကျောင်းပြောင်းလာတာဆိုတော့ကျောင်းကိုလေ့လာချင်လို့ရှောက်ကြည့်ရင်း ထိုလူသုံးယောက်နဲ့တိုက်မိပီး သူကိုကြိမ်းနေတော့သူလဲကြောက်နေမိတယ်လေ

ရိပေါ်တို့ကန်တင်းကိုရောက်လာတော့ တွေ့ပါပီးကျင်းရီကို အေးဆေးထိုင်ပီးသူ့ဝါသနာအရလိုက်ငမ်းနေပါတော့တယ်  ယွီပင်းမှ
" ဟဲ့ကောင်နှာဘူးမင်းရဲ့အဖေတေရောက်ပီးလေ အံ့မယ်ထိုင်နှက်နေတယ်ပေါ့ "
လို့ပြောပြီး ကျင်းရီထိုင်နေတဲ့ဝိုင်းမှာရိပေါ်တို့နှယောက်ဝင်ထိုင်နေလိုက်တယ်
" မင်းတို့လဲရောက်ပီဆိုတော့ဘာမှာမလဲမှာလေ အအေးဘဲသောက်လိုက်ပါတော့ကွာနောက်ပီးအတန်းကတက်ရတော့မှာဆိုတော့ "
ယွီပင်းမှာမလို့ဘဲရှိသေးတယ်ကျင်းရီပြောလိုက်တဲ့စကားကြားတော့ သူမှာချင်တာတွေမြိုသိပ်ထားပီးအအေးဘဲသောက်လိုက်ပါတော့တယ် 😒ရိပေါ်ကတော့
" 🙄မင်းကသူငယ်ချင်းတွေကိုစေတနာမရှိတာလား ဖွန်ကြောင်ဖို့ကြဘယ်လောက်ကုန်ကုန်သူငယ်ချင်းတွေကြတော့
ဟွန့်   ငါတို့ဘာသာလဲဝယ်သောက်နိုင်ပါတယ် "
ရိပေါ်တို့စကားပြောနေတုန်း အော်သံကြားလို့ကြည့်လိုက်တော့ မနက်ကတွေ့ခဲ့တဲ့တယောက်
​ကတခြားတယောက်နဲ့စကားများနေတဲ့ဘက်ကိုအာရုံရသွားပီး သူတို့ကိုကြည့်နေတယ်လို့ပြောလို့မရဘူး😁သူရဲ့မျက်လုံးကတော့တယောက်သောသူကိုသာ  ကျင်းရီတို့ကတော့ရိပေါ်ကိုကြည့်ပီးတယောက်ကိုတယောက်ကြည့်ကာ 
" ဟဲ့ကောင်ရိပေါ်    သူများအကြောင်းစိတ်မဝင်စားတဲ့မင်းကထူးထူးဆန်းဆန်းနဲ့ပါလားမင်းမနက်ကကျောင်းမလာခင်ဆေးများမိထားတာလား "
လို့ကျင်းရီပြောလိုက်တော့ ရိပေါ်ကတချက်ပြုံးပီး 
" ဟန့်••ငါက ရှောင်သေးကိုကြည့်နေတာကွ အကောင်ကသေးသေးနဲ့သူများကိုပြန်ပြောပီးထိုးလိုက်တာများ ဟင့် အစွာလေးဘဲ "
ကျင်းရီကဘာမှနားမလည်သလိုယွီပင်းကိုကြည့်လိုက်တော့   ယွီပင်းက
" ရှောင်သေးဆိုတာကရှောင်ကျန့်ကိုခေါ်တာ မနက်ကသူ့ကိုမသိချင်ယောင်ဆောင်သွားလို့ခေါ်တာ " ဆိုပီးမနက်ကအကြောင်းတွေရှင်းပြလိုက်တော့  ကျင်းရီက
" အော်အဲ့လိုလား😄 "
ရွှယ်ယမ်တို့အဖွဲ့လဲထွက်သွားတော့  ရိပေါ်ရှောင်ကျန့်ကိုသာထိုင်ကြည့်နေမိတယ်  
  <ဟင့် စွာနေလိုက်တာများဟိုက ပြန်ထိုးလိုက်လို့ကျောင်းပါတပတ်နားနေရမယ် သူ့ခန္နာကိုယ်မှအားမနာ>ကျင်းရီက သတိပေးလိုက်မှသာ 
" ရိပေါ်ကြည့်လို့ဝပီလားမဝသေးရင်သူတို့နားမှာသွားထိုင်ကြည့်ရအောင်လေ    "
"  အေးးးကောင်းသားဘဲ "
"   ငါကရွဲ့နေတာဟဲ့မင်းကို​    "
" သိတယ်😏 "
"ကဲပါ ထားလိုက်ပါတော့ငါတို့အတန်းတက်ရအုံးမယ်သွားကြမယ် "ယွီပင်းပြောလိုက်မှ ရွဲ့တာတွေရပ်ပီးအတန်းဘက်ကိုသွား လိုက်ကြတော့တယ် ••

ကျောင်းသားလေးက
"အခုလိုကူညီပေးလို့ကျေးဇူးတင်ပါတယ်နော် မင်းတို့သာငါ့ကိုမကူညီရင်သူဘာလုပ်မလဲမသိဘူး "
" ရပါတယ် မင်းကကျောင်းသားသစ်ထင်တယ် ငါလဲခုမှစပြောင်းလာတာပါ ငါ့နာမည်က ရှောင်းကျန့်"
" ငါကတော့ကျန်းချန်   "
" ဟုတ် ငါ့နာမည်ကစစ်ကျွေးပါ  "
"  ကဲငါတို့တွေနမည်တွေလဲသိပီ ကျောင်းကလဲဒီနေ့မှစတက်တာချင်းလဲတူတယ်ဆိုတော့ငါတို့တွေသူငယ်ချင်းလုပ်ဖြစ်သွားပီးနော် "လို့ကျန်းချန်ကပြောတော့  စစ်ကျွေးတို့နှယောက်ကလဲ
"အင်းငါတို့တွေသူငယ်ချင်းဖြစ်သွားပီး😊😊😊 "

"ကဲဆရာမတို့ ကျောင်းကိုဒီနေ့ကျောင်းသားသစ်လေူတွေထက်ရောက်တယ် မင်းတို့ရဲ့သူငယ်ချင်းတွေကိုကြိုဆိုလိုက်ကြရအောင်👏👏👏ကယ် သားတို့မိတ်ဆက်ကြပါအုံး "
" င့ါနာမည်ကယွီပင်း "
"ကျင်းရီပါ "
" ဝမ်ရိပေါ်   "လို့မျက်နှာတည်နဲ့မိတ်ဆက်လိုက်ပေမဲ့ကျောင်းသားတွေကတော့ရိပေါ်အဲ့လိုဘဲနေတက်တာသိတော့ ဘာမှမဖြစ်သွားပေမဲ့ ရှောင်ကျန့်ကတော့
" ဟင့်••••မျက်နှာကိုက မဟုတ်ရင်တလောကလုံးသူ့လုပ်စာထိုင်စားနေတာကြနေတာဘဲ မာန်တက်နေတာဘဲ " မျက်စောင်းထိုပီးပြောလိုက်တော့   ရိပေါ်ကရှောင်ကျန့်တို့ရှိရာဘက်ကိုမသိမသာကြည့်မိလိုက်တော့ သူ့ကိုလဲမျက်စောင်းထိုးလိုက်ပါးစပ်ကလဲတခုခုပြောလိုက်နဲ့ဖြစ်နေတဲ့ ရှောင်ကျန့်ကိုတွေ့တော့
ရိပေါ်မှ  <တွေ့ပီပေါ့မင်းတော့ ငါမင်းဆီမှာခံရတာဒါနဲ့ဆိုနှစ်ကြိမ်ရှိပီး  ငါ့ကိုတွေ့ရင်ဘယ်သူမှမကြည့်ဘဲမနေနိုင်ဘူး ပီးတော့ဘာမှလဲမပြောရဲဘူး မင်းကပထမဦးဆုံးဘဲ>(ခံရတာလေးရှင်းပြပါလားပေါ်ပေါ်🙂)

ရိပေါ်တို့လဲမိတ်ဆက်ပီး နောက်ဆုံးကလွတ်နေတဲ့ခုံမှာဝင်ထိုင်လိုက်တယ်
   ဆရာမက  " သားရှောင်ကျန့်တို့လဲမိတ်ဆက်ပါအုံး " ဆိုပီးနောက်ဆုံးတန်းဘေးကအတန်းလေးကို လက်ညိုးထိုးပြလိုက်တော့
"  ဟုတ်ဆရာမ "
"ငါ့နာမည်က စစ်ကျွေးပါ "
" ငါကကျန်းချန်ပါ "
" ငါကရှောင်းကျန့်ပါ 😊 "လို့ယုန်သွားလေးတွေပေါ်အောင်ပြုံးပြပီးမိတ်ဆက်လိုက်တော့ အတန်းသားအားလုံးက ရှောင်ကျန့်ရဲ့အပြုံးလေးအောက်မှာ ပျော်ဝင်သွားကြတာပေါ့
ရိပေါကတော့
" ရှောင်သေးပီးတော့ယုန်လိုသွားတွေလဲပါတယ်ဆိုတော့ ယုန်သေးပေါ့ "
လို့တိုးတိုးလေးပြောနေတဲ့အချိန်  ယွီပင်းမှ
"မင်းတယောက်ထဲဘာတွေပြောနေတာလဲ ရူးသွားပီလား ရိပေါ်  "
" ရူးစရာလား ငါကယုန်သေးလေးကိုကြည့်နေတာ  "
ကျင်းရီက
"   ဘယ်မှာလဲယုန်သေးငါတော့မတွေ့မိပါဘူး 😳 "
'ယုန်သေးဆိုတာကရှောင်ကျန့်ကိုပြောနေတာကွ😒 "
ဆိုပီးလက်ညိုးထိုးပီးပြောပြလိုက်တော့
"ဟားး ဟားးဟားး  "
ရိပေါ်ရဲ့ဘယ်သူ့ကိုမှ အဲ့လိုမ​ပြောဘူးမကြည့်ဘူးသောပုံစံကိုကြည့်ပီး အံ့သြကာရှောင်ကျန့်နဲ့ရိပေါ်ကိုစနေကြတာကို  ရိပေါ်ကဘာမှမဖြစ်တဲ့အပြင်သူပါလိုက်ရီလိုက်သေးတယ်😊(ပါးစပ်နားရွက်တက်ချိတ်နေမယ်)
ရှောင်ကျန့်တို့စကားပြောရင်းရိပေါ်တို့အဖွဲ့ဘက်မျက်စိရောက်သွားတော့ သူ့ကိုလက်ညိုးထိုးပီးရီနေတဲ့သူတွေကိုစိတ်တိုကာ 
ရိပေါတို့ဘက် ကိုထလာပီးစားပွဲကိုလက်ထောက်ကာ 
" ဒီမှာမင်းတို့ကငါ့ကိုကြည့်ပီးဘာတွေ အတင်းပြောနေတာလဲ ယောကျာ်းလေးတွေဖြစ်ပီး ဟင့်•••သူများအကြောင်းထိုင်ပြောနေကြတာမရှက်ဘူးလား "
ရိပေါ်ကသူဆီလာပီး ရန်ရှာနေတဲ့သူကိုကြည့်ပီး
" ဟုတ်တယ်ငါတို့ကယုန်သေးကိုကြည့်ပီးရီနေတာ အဲ့တော့ဘာဖြစ်လဲ " လို့ရိပေါ်တမင်ရွဲ့ပီးပြောလိုက်တော့     ရှောင်ကျန့်ဒေါသဟိုးးထိတ်ဆုံးရောက်နေပီလေ😤😤
" ဘာယုန်သေးလဲ ငါ့နမည်ရှောင်ကျန့်ယုန်သေးမဟုတ်ဘူး စိတ်ပုတ်ရဲ့"
ရိပေါ်သူ့ကိုစိတ်ပုတ်လို့ပြောတဲ့သူကို ဒေါသထွက်ကာ
" ယုန်လိုသွားနဲ့ ငါ့တဝက်လောက်တောင်မရှိတဲ့ကိုယ်လုံးနဲ့လူက ယုန်သေးမဟုတ်လို့ဘာဖြစ်ရမှာလဲ   "
  သူကိုအဲ့လိုပြောတော့ စိတ်တိုပီးရိပေါ်ကိုထိုးမယ်လုပ်တော့ စစ်ကျွေးတို့ကထလာပီးရှောင်ကျန့်ကိုတားလိုက်ရပါတော့တယ်  မဟုတ်ရင်ပြသနာတွေဖြစ်နေအုံးမယ်လေ ရှောင်ကျန့်ရဲ့စိတ်မြန်လက်မြန်နဲ့တော့ ရုံးခန်းရောက်မှာအမှန်ဘဲလေ
ကျန်းချန်းတို့ဆွဲသွားတော့မှ ရှောင်ကျန့်က
" မင်းတို့ကဘာလို့ဆွဲတာလဲဟိုမှာငါ့ကိုပြောနေတာလေမတွေ့ဘူးလား  "
" တွေ့ပါတယ်ကွာမင်းသူ့ကိုတခုခုလုပ်လိုက်မှာကြောက်လို့ပါကွာပီးရင်ရှောင်မားကဆူအုံးမယ်ဒီအကြောင်းတွေကိုသိရင်  စိတ်လျှော့ပါကွာမင်းကလဲ "
လို့စစ်ကျွေးပြောလိုက်မှရှောင်ကျန့်စိတ်ကိုလျှော့လိုက်တယ်

ရိပေါကတော့သူ့ကိုရှောင်ကျန့်ပြောသွားတာတွေကို တွေးပီး   " မင်းနဲ့ငါနဲ့ကထပ်တွေ့ရအုံးမှာဘာ မင်းငါ့ကိုပြောသွားတာတွေကို ငါမှတ်ထားလိုက်ပီး ဟန့်••ယုန်သေးလေးရေ  မင်းကိုငါ့အပိုင်ဖြစ်အောင်လုပ်ပီးမင်းရဲ့လုပ်ရက်တွေအတွက်အပြစ်ပေးရတော့မှာပေါ့😊 "
ရိပေါ်ပြောလိုက်တဲ့စကားတွေကိုကြားလိုက်ရတဲ့နှယောက်မှာတော့
ရိပေါ်ရဲ့မမြင်ဖူးတဲ့ပုံစံကိုကြည့်ပီးခေါင်းသာ အတွင်တွင်ခါရတော့တယ်
" ဒီကောင်ဆေးလုံးဝမိသွားပီး "ကျင်းရီရေ လို့ယွီပင်ပြောတော့
" ဟုတ်တယ်မမှီတော့ဘူးယျောင့်ရေ🙄 "

ရှောင်ကျန့်တို့ကိုကြည့်ပီး ရွှယ်ယမ်ကလဲ
" ငါ့ကိုအရှက်ခွဲထားတဲ့ အဆိုးလေးကသေချာကြည့်တော့လဲ ချစ်ဖို့ကောင်းသားဘဲ အဆိုးလေးရေမင်းရဲ့ငါ့ကိုအရှက်ခွဲထားတဲ့ အပြစ်ကိုတော့မင်းပြန်ဆပ်ရမယ်😏 "

တယောက်က ယုန်သေးလေးတဲ့ 💚နောက်
တယောက်ကတော့အဆိုးလေးတဲ့💛  ဘယ်လိုတွေဆက်ဖြစ်မှာလဲ
အပိုင်း၂လဲပီးသွားပြန်ပီး
အဆုံးထိလိုက်ခဲ့ပေးပါနော်☺️

Continue Reading

You'll Also Like

467K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
58K 1.9K 22
•When the CHOSEN ONE chose you• "Tristan's eyes flicked down to Harry's lips. He wanted to lean in and kiss him. He moved his hand over the railing t...
214K 4.5K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
22.2K 1.2K 15
ဒါဟာ မဖြစ်သင့်မှန်းသိပေမဲ့ ကျွန်တော် ဦးကိုချစ်မိနေခဲ့ပြီ ကျွန်တော့်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ဦးကနေရာယူထားတယ် ကျွန်တော်ဦးကိုချစ်မိတာဟာ ဦးရဲ့မိသားစ...