Orion စိမ်းသက်သက်ဖြစ်နေတဲ့ နေရာတစ်ခုမှာနိုးလာခဲ့တယ်။ မရင်းနှီးတဲ့နေရာတစ်ခုပဲ။
"ဟ အာ့!!" ထဖို့ရန်လှုပ်ရှားဖို့ပြင်လိုက်ရာမှာပဲ နာကျင်မှုတို့က တစ်ကိုယ်လုံးကို ပြန့်လာတယ်။ ဘေးဘီကြည့်လိုက်တော့
အခန်းကျယ်ကြီးရဲ့ တစ်ဖက်၊ ဝရံတာမှာ မတ်တပ်ရပ်ကာ စီးကရက်သောက်နေတဲ့ တစ်ယောက်ကို သူကြည့်မိတယ်။ ဒီတစ်ကြိမ်မှသာလျှင် Caius ကို သူသေသေချာချာ လေ့လာနေမိတာပင်။
ချောမောတယ်။ ခန့်ညားတယ်။ ရေခဲတုံးလို အေးစက်စက်နဲ့။ နောက်ပြီး နက်နဲတဲ့မျက်ခုံးတို့ကို တွ့န်ချိုးထားတယ်။
*ငါသူ့အိမ်ရောက်နေတာလား*
"နိုးပြီလား..." နက်နဲလွန်းတံအသံ
"အင်း..." သူ့အသံကြောင့်တွန့်သွားလို့အသံပင်ကောင်းကောင်းမထွက်ရဲ့ နှုတ်ခမ်းနှစ်ဖက်စေ့ပြီးတော့သာ ပြန်ဖြေလိုက်တယ်။ နာကျင်မှာတို့ကို အံတုရင်းခုတင်ပေါ်မှ ဆင်းလိုက်တယ်။
"ကျ...ကျ...ကျနော်.....ငွေက..."
"ဆေးရုံ ပို့ပြီးသွားပြီ။ ကျန်နေတာတွေအတွက်ရော ထပ်သွင်းဖို့လိုအပ်တာတွေအတွက်ပါ ငွေသွင်းခဲ့ပြီးပြီ။ သူမကိုလည်း တစ်ယောက်ခန်းကောင်းကောင်းတစ်ခုကိုရွှေ့ပေးခဲ့တယ်။ မင်းညီလေးကိုတော့ ကျောင်းကောင်းကောင်းတစ်ခုကို ပို့ထားတယ်"
(*ဒီဖေဖေ တာဝန်သိပ်ကျေ🌚)
Orion ဆွံ့အသွားတယ်။
"ခင်များဘယ်လိုလုပ် အကုန်လုံးကိုသိနေရတာလဲ"
"မင်းအထင် ငါကလူတစ်ယောက်ရဲ့နောက်ကြောင်းကို စောက်ဂရုမစိုက်ပဲ အိပ်ယာပေါ်မှာ ပလူးတယ်ပေါ့"
(စကားတတ်လိုက်တာ 🌚)
"မ~မဟုတ်ဘူး" သူ့အသံမှာ ခက်ထန်မှုတွေပါပေမဲ့ Orion ခေါင်းလေးငုံ့ကာ အသာပြုံးလိုက်မိတယ်။
"ကျေးဇူး တင်ပါတယ်"
"မင်းကို နာကျင်အောင်လုပ်တဲ့လူအပေါ်ဘယ်တော့မှကျေးဇူးမတင်နဲ့" လက်ထဲကစီးကရက်ကို လွှတ်ပစ်ပြီးတော့ပြောလိုက်တယ်။
"...."
"အဲ့တာဆို ကျွန်တော့်မိသားစုကိုကူညီခဲ့တဲ့ မစ္စတာ Caius ကို ကျေးဇူးတင်ပါတယ်"
Caius ကောင်လေးကို အေးစက်စွာကြည့်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်တယ်။
"ပြောရဆိုရသိပ်ခက်တာပဲ"
"ငယ်ငယ်ကတည်းက...ကျွ ..ကျွန်တော်.."
Orion ရဲ့ အပြုအမူလေးက Caius ကိုနွေးထွေးမှုအပြည့်နဲ့အကြည့်တစ်စုံဖြစ်စေမယ်လို့ ဘယ်သူမှထင်မှမဟုတ်။ ဒါပင်မဲ့လည်း Caius ကသူ့ရဲ့ စူးရှပြီး အေးစက်တဲ့အကြည့်ကို ချက်ခြင်းပဲပြန်ခေါ်သွင်းခဲ့တယ်။ သူကြည့်နေတာကတော့ သူကြမ်းခဲ့လို့ ဖူးယောင်နေတဲ့ကောင်လေးရဲ့ အနီရောင်နှုတ်ခမ်းလေးနဲ့ သူရဲ့ ဖြူစွတ်လှပလွန်းတဲ့ ကိုယ်ပေါ်ကိုပဲ ဖြစ်တယ်။ သူ့ရဲ့ ရင်ဘတ်နားလောက်က ဒီပေါက်စကို ရင်ခုန်မိရင် သူ့အမှားပဲ။
ရုတ်တရက်ပဲ Caius ကောင်လေးကို နံရံဆီဖိပြီး ချုပ်ထားပစ်လိုက်တယ်။
"ခင် ခင်များ???"
"တိတ်တိတ်နေ..."
စူးစိုက်အကြည့်ခံရရုံတင်မက နှာခေါင်းတို့ကပါ ထိစပ်ခါနီးနေပြီ။ သူဘာဆက်လုပ်မယ်ဆိုတာမသိသ၍တော့ Orion တုန်လှုပ်နေမိမှာပဲ။
Caius ကောင်လေးရဲ့ နှုတ်ခမ်းတို့ တုန်းရီနေတာကိုမြင်နေရပြီ။ ခန္ဓာကိုယ်ကလည်း ငှက်ဖျားတက်နေသလို တုန်နေပြန်တာကိုတွေ့ရတယ်။
"ဟို... တစ်ခုခုများ မှားနေလားဟင်" လူနှစ်ယောက်ကအလွန်နီးကပ်နေသည်မို့ လေသံနဲ့သာမေးလိုက်သည်။
"အင်း..." Caius ရဲ့လက်မက ကောင်လေးရဲ့ နှုတ်ခမ်းလွှလေးကို ပွတ်သပ်နေတယ်။
"ဟမ်?" Orion , Caiusရဲ့မျက်ဝန်းထဲက ရှုပ်ထွေးမှုအရိပ်အယောင်တို့ကြောင့် နည်းနည်းလန့်သွားမိတယ်
*Caius ဘာတွေလုပ်နေတာလဲ??"
Caius သူ့လက်ကိုပြန်ရုတ်လိုက်ပြီးတို့ သူ့ရဲ့ ဆံပင်တို့ကိုထိုးဖွားပစ်လိုက်တယ်။ စိတ်ရှုပ်နေဟန်နဲ့။
"ငါသိချင်တာ ဘယ်သူတွေမင်းကိုဒီလိုထိတွေ့ဖူးလဲ"
(ဟိုကိစ္စမှာလည်း ဒီလိုမေးသေးတယ်နော် ဆရာတို့...😌)
"ငါ့ထက်ပိုပြီး မင်းကိုထိတွေ့ခဲ့တာ ဘယ်သူများဖြစ်နိုင်မလဲ? ဘယ်သူနဲ့များ မင်းပွတ်သီးပွတ်သပ်နေခဲ့သေးလဲ။ ဘယ်သူနဲ့များ ကျူးလွန်ဖူးသေးလဲ။ ဘယ်သူများဖြစ်မလဲ"
မျက်ခူံတို့ကို ကွေးညွန့်ထားပြီး အကြည့်တို့က စူးရှနေပုံမှာ လူပင် အပေါက်ပေါင်းသန်းချီးဖြစ်သွားပြီလားအောက်မေ့ရနိုင်တယ်။ ဒီလူကြီး သဝန်တိုနေတာလားဆိုတာကိုတော့....
(တောင်းပန်ပါတယ် Orion ကိုသေတောင်မပစ်မှားတော့ပါဘူး တောင်းပန်ပါတယ်🌚🌚)
****
ဒီနေ့မှ ကိုယ်ပူကျလို့ပါ... ကိုယ်လည်း မြန်မာမှု အမြန်ပြုချင်နေပါသော်ငြား... 😁😁 မထနိုင်လို့...
ဒီလိုနဲ့ ဖတ်တဲ့သူတွေများလာပြီပေါ့နော်...💝
ကျေးဇူးတင်ပါတယ်။ vote ပေးတဲ့သူရော ဖတ်ရှုပေးနေတဲ့သူတစ်ဦးချင်းစီကိုပါ ကျေးဇူးတင်ပါတယ်
ဖတ်ရတာအဆင်မပြေတာတွေ၊ နားမလည်တာတွေအပြင် KAZ ရဲ့ လိုအပ်ချက်တွေရှိရင် လာပြောပေးကြပါ၊ cmt မှာရော message box မှာရောဖြစ်ဖြစ်💗 ပြုပြင်လိုက်ရင် ပိုပြီး ဖတ်လို့ကောင်းမယ်မလား 🌚😁😁။