𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]
By Tsubaki_Wang
105K 6.9K 1.1K
"အကိုထားခဲ့တာနဲ့ ကျွန်တော်ပျောက်ဆုံးသွားမှာပဲ" Xiao Zhan x Wang Yibo Heavy Zhanyi Fanfiction ... If you're ve... More
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၅
အပိုင်း ၁၆ (ဇာတ်သိမ်း)
Unseen Love (Xiao Zhan's Side Story)
အပိုင်း ၁၄
4.9K 379 51
By Tsubaki_Wang
Unicode
တိတ်ဆိတ်နေသော လမ်းမထက် ရိပေါ် အပေါ်အင်္ကျီကို လည်ပင်းအထိဆွဲတင်လိုက်ပြီး ဦးထုတ်ကို ခပ်ငိုက်ငိုက်ဆောင်းကာ အပြင်ကိုထွက်လာခဲ့သည် ။ သူလူတွေနဲ့ မဆုံဖြစ်အောင် ကြိုးစားနေသော်လည်း အလုပ်ကတော့ မလုပ်လို့ မဖြစ်...။ သူအိမ်ကထွက်လာတာတစ်လကျော်ကျော်ရှိနေလေပြီ။
"အကိုရိပေါ်ရောက်ပြီလား"
ဖန်ရှင်းက ဓာတ်ဆီဖြည့်နေရင်း နှုတ်ဆက်တာကြောင့် မေးမှာ သိုင်းထားတဲ့ Maskအမဲကို ထုတ်တပ်လိုက်ပြီး ဖန်ရှင်းအနားလျှောက်လာလိုက်၏။
သူထွက်ပြေးလာတဲ့ ညက အချိန်ပိုင်းအလုပ်ကနေပြန်လာတဲ့ ဖန်ရှင်းနဲ့တွေ့ခဲ့သည်။ နေဖို့နေရာကအစ ဖန်ရှင်းနဲ့သူ့သူငယ်ချင်းကပဲ စီစဉ်ပေးခဲ့ပြီး သုံးရက်လောက်နေတော့ သူလုပ်နေတဲ့ အလုပ်မှာပါ သွင်းပေးသည်။
"ကားတွေအရမ်းမများဘူးအကို "
ရိပေါ်ခေါင်းငြိမ့်ပြလိုက်ပြီး လက်အိတ်ကို ဝတ်ကာ အလုပ်စလုပ်ဖို့ ပြင်ရသည်။ သူနောက်ပိုင်း လူတွေနဲ့စကားမပြောချင်၍ ဖုန်းနံပါတ်ကိုပါ ပြောင်းလိုက်ပြီး ဖုန်းကိုလည်း သိပ်မကြည့်ဖြစ်တော့...။
"အပြန်လာကြိုရမှာလား"
"အင်းလေ ငါ့ကိုတော့ တစ်ယောက်တည်းမပြန်ခိုင်းဘူးမလား"
"မပြန်ခိုင်းပါဘူးအကိုရိပေါ်ရာ"
သူတို့စကားပြောနေတုန်း ကားတစ်စီးဝင်လာတာကြောင့် ဖန်ရှင်းကထထွက်သွားသည်။ ဒီနေ့ ကားလည်း ပါးတာကြောင့် ရိပေါ်ဆိုင်မန်နေဂျာကို ခဏခွင့်တောင်းပြီး ဆိုင်နဲ့ ခပ်လှမ်းလှမ်းက အုတ်ခုံလေးမှာ ဆေးလိပ်ထုတ်သောက်နေလိုက်၏။
"အဟွတ်...."
သူအခုတလော အအေးလည်းမိချင်နေသည်။ ညပိုင်းအလုပ်ဆင်းရတဲ့ အချိန်တွေရယ် ဒီရက်ပိုင်း မိုးမိတာတွေကြောင့် လူက ငြီးစီစီ...။ အချိန်ပိုတွေဆင်းရတိုင်းလည်း အချိန်ပိုကြေးမယူတဲ့ သူ့ကို ဆိုင်မန်နေဂျာကလည်း သိပ်ကို အားနာနေပုံ...။
သူ့အတွက်ခေါက်ဆွဲဖိုးရယ် အိမ်အသုံးစရိတ်ရယ် ရှိရင် ရပြီပဲလေ...။ အိမ်လခကလည်း ဖန်ရှင်းသူငယ်ချင်းတို့အိမ်နောက်က လူမနေတဲ့အခန်းလေးတစ်ခန်းဖြစ်တဲ့အတွက် အများကြီးမပေးရ..။
သူအလုပ်တော့ပင်ပန်းပေမယ့် စိတ်တော့ အေးချမ်းရသည်...။
ဖန်ရှင်းကတစ်ခါတစ်လေညစာဝယ်ကျွေးတတ်ပြီး ဖန်ရှင်းသူငယ်ချင်းတို့အိမ်ကလည်း အစားအသောက်တွေပို့ပေးတတ်တာကြောင့်လည်း သူ့အတွက်အများကြီးမလို...။
"နေမကောင်းရင် မန်နေဂျာကိုပြောပြီးနားလိုက်ပါလား ကျွန်တော်ပြောပေးမယ်"
ခဏကြာတော့ ဖန်ရှင်းက သူ့အနားရောက်လာပြီး ပြောတော့ သူခေါင်းခါပြလိုက်သည်။ အရင်နေ့တွေထက် ဒီနေ့က ဘာမှမလုပ်ရဘဲတောင်ပိုပင်ပန်းနေသလိုဖြစ်နေပေမယ့် အလုပ်တော့မနားချင်...။
"မရပါဘူး အကိုနားရမယ် ကျွန်တော်လည်းအချိန်ပြီးပြီ အတူတူပြန်ကြမယ် အခုကျွန်တော် အိတ်သွားယူပြီး မန်နေဂျာကိုပြောခဲ့မယ်"
"ဖန်ရှင်း..."
လှည့်ထွက်ဖို့ပြင်နေတဲ့ ဖန်ရှင်းကို လှမ်းဆွဲထားလိုက်တော့ ဖန်ရှင်းက သက်ပြင်းချ၏။
"ကောကို ပြောလိုက်မှာနော် စကားနားမထောင်ရင်"
"အင်းပါ နားမယ်နားမယ်"
အကို့ကိုပြောလိုက်ရင် သူ့ကို လာတွေ့မယ်ဆိုတာ သူသိတာကြောင့် ဖန်ရှင်းကို သူထပ်မငြင်းရဲ...။ သူ့ကို လူပျောက်တိုင်ထားတာလည်း သူသိသည်။ ဒါပေမယ့် သူက အသက်မပြည့်သေးသည့် ကလေးမှ မဟုတ်တော့ဘဲ...။
"အကိုရိပေါ် ကျွန်တော့်အကိုကတကယ်ခွင့်မလွှတ်ချင်စရာကောင်းတယ်မလား"
"အင်း"
ကျောပိုးအိတ်ကြိုးလေးနှစ်ဖက်ကို ဆုပ်ကိုင်လျက် သူ့ဘေးနားမှာ ကပ်လျှောက်နေတဲ့ ဖန်ရှင်းက ခေါင်းလေးငုံ့ကာပြောလာခဲ့သည်။
"ကျွန်တော်အရင်က အမှားတွေအများကြီးတွေးခဲ့ဖူးတယ်"
"ဘာအမှားတွေလဲ"
သူဆေးလိပ်တစ်ချက်ကိုဖွာလိုက်သည်။ လမ်းမီးရောင်တွေကြောင့် သူတို့လျှောက်နေတဲ့ လမ်းလေးဟာတော့ မှောင်မနေ...။
"ကော နဲ့ အကိုရိပေါ်မဖြစ်နိုင်ဘူး ဆိုပြီးပေါ့ ယောက်ျားလေးနှစ်ယောက်ရဲ့ အချစ်ကမဖြစ်နိုင်ဘူးလို့လေ အခုတော့..."
"အင်း အခုဘာဖြစ်လဲ"
သူစကားကိုဝင်ထောက်ပေးလိုက်တဲ့အချိန် ဖန်ရှင်းမျက်နှာဟာ ရဲခနဲ...။
"အကိုယွီပင်းက ကျွန်တော့်ကိုသဘောကျတယ်တဲ့ မနေ့ကဖုန်းထဲမှာပြောတာ ကျွန်တော်ရင်တွေခုန်လာတယ် ဘာပြန်ပြောရမှန်းမသိဘူး"
"မင်းကရော သူ့ကိုကြိုက်လား"
ဖန်ရှင်းဟာ ခေါင်းငုံ့နေရင်းမှပင် ခေါင်းလေးကို ငြိမ့်ပြသည်။ သူအရင်က အချစ်ကိုစတွေ့ခဲ့တဲ့ ပုံစံမျိုး...။
"ပြီးတော့ ကျွန်တော်ကြောက်နေတာ"
"ဘာကိုလဲ"
"အချစ်ကနာကျင်ရတယ်မလား"
တခြားသူတွေအတွက်တော့ မသိပေမယ့် ထိုစကားက သူ့အတွက်မှန်သည်။ အချစ်ဆိုတာ ကိုယ့်ဘက်ကပဲ အရမ်းကြီး ချစ်မိတဲ့ အခါ နာကျင်ရတာမျိုးပဲ..။
နောက်ဆုံးမှာတော့ အများကြီးချစ်ပြခဲ့တဲ့ သူ့ကိုယ်သူပဲ အပြစ်တင်လိုက်သည်။
"အကိုရိပေါ်အိမ်လိုက်ခဲ့ရမလား စောသေးတော့လေ"
"လိုက်ပြီးဘာလုပ်မှာလဲ အဟွတ်"
"တစ်ယောက်တည်း ညဘက်နေမကောင်းဖြစ်နေရင် ဘယ်လိုလုပ်မလဲ"
"ငါအဲ့လောက်မပျော့ပါဘူး ဆေးဝယ်သွားလိုက်မယ်"
ဖန်ရှင်းက သူ့စကားကိုလက်ခံပြီး သူ့အိမ်ရှေ့ကနေပဲ အိမ်ပြန်သွားခဲ့သည်။ သူအိမ်ရောက်တာနဲ့ အခန်းထဲ ဝင်လိုက်တော့ သူရှုပ်ဖွထားခဲ့တဲ့ အိမ်လေးဟာ ရှင်းလင်းနေလျက်...။ သူ့အဝတ်တွေကိုလည်း လျှော်ပြီး လှမ်းထားသေး၏။ ဒီရက်ပိုင်း မိုးအေးလို့ အဝတ်တွေကို မလျှော်ဘဲ စုထားခဲ့တာ..။ အရင်ကအတိုင်း နှစ်ရက်တစ်ခါ အိမ်ရှင်းပေးတတ်သည့် ဖန်ရှင်းသူငယ်ချင်းရဲ့ အမေပဲ ဖြစ်ပါလိမ့်မည်။
သူပေါ့ပေါ့ပါးပါးဖြစ်တဲ့ အဝတ်လဲဝတ်ပြီး ဆေးဝယ်ဖို့ ထပ်ထွက်လာခဲ့တော့ သူမတွေ့ချင်တဲ့ မျက်နှာတစ်ခုက အိမ်ရှေ့မှာ...။
"ရိပေါ်"
သူဂရုမစိုက်ဘဲ ရှေ့ကိုသာ ဆက်သွားလိုက်သည်။
"ရိပေါ် ခဏနေဦး"
"ခွပ်!"
သူ့လက်ကို လှမ်းဆွဲတဲ့ အကို့ကို အားပြင်းပြင်းဖြင့် ဆွဲထိုးလိုက်၏။ သူ့လက်သီးကတော်တော်အားပြင်းသွား၍ တစ်ချက်တည်းနဲ့ အကိုဟာ နောက်ပြန်လဲသည်။
"ဒါက ကျွန်တော့်ကို နှောက်ယှက်လို့"
"ခွပ်!"
"ဒါက ကျွန်တော့်ကို နာကျင်အောင်လုပ်ခဲ့လို့"
"ခွပ်!"
"ဒါက ကျွန်တော်ထိုးချင်လို့"
လဲကျနေတဲ့ အကို့ပေါ်တက်ခွပြီး သုံးလေးချက်လောက်ဆင့်ထိုးတာတောင် သူစိတ်မပြေနိုင်သေး။
"ကျွန်တော်အေးချမ်းနေတာကို လာနှောက်ယှက်ချင်သေးတာလား"
"မင်းကြိုက်သလောက်ထိုး ရတယ် ထိုးပြီးရင်ကိုယ်နဲ့ပြန်လိုက်ခဲ့ "
"ခင်ဗျားက ဘယ်လောက်ကောင်းနေလို့ လာပြီး အမိန့်ပေးနေရတာလဲ"
တဖြောက်ဖြောက်ရွာလာတဲ့ မိုးစက်သံတွေကြားမှာ သူ့အော်သံဟာ ပျောက်ကွယ်သွားသည်။
အကိုဟာ သူ့ကိုပြန်လာဖို့ ပြောရဲသည် အထိ ရူးသွားခဲ့ပြီလား။
"ဟောက်ရွှမ်းကို ကိုယ်မပြောရသေးဘူး မင်းစိတ်ချမ်းသာတဲ့အထိနေပါစေဆိုပြီး စောင့်ကြည့်နေတာ အခုဖန်ရှင်းနဲ့ လမ်းမှာတွေ့တော့ မင်းနေမကောင်းဘူးလို့ပြောတာနဲ့"
"အကိုတို့မရှိတဲ့နေရာတိုင်းမှာ ကျွန်တော်စိတ်ချမ်းသာတယ် အဓိကက အကိုတို့မရှိဖို့ပဲ"
"မင်းမရှိတဲ့တစ်လလုံးဟောက်ရွှမ်းအရမ်းပြိုလဲနေတာမင်းသိလားရိပေါ် ကိုယ့်ကို မကြည့်ရင်တောင်မှ သူ့ကို ကြည့်ဦး"
"ကျိရန်ရှိတာပဲ ကျွန်တော့်ကိုလိုအပ်ဘူး"
သူတို့အိမ်ဆီကို လာတဲ့ လမ်းကြားဟာ အရင်ကတည်းက လူပြတ်တာကြောင့်ရော မိုးတွေရွာနေတာကြောင့်ပါ လမ်းသွားလမ်းလာကင်းမဲ့နေသည်။ အကိုက နှုတ်ခမ်းက သွေးတွေကို သုတ်လျက် သူ့ကိုပါ ပုခုံးကကိုင်ကာ ထစေပြီး သူ့မျက်ဝန်းတွေကို သေချာကြည့်လာသည်။
"ပြန်လိုက်ခဲ့ပါရိပေါ်"
"ဟင့်အင်း မလိုက်ဘူး လုံးဝမလိုက်ဘူး အတင်းအကြပ်ခေါ်နေရင် ဒီနေရာကပါထွက်ပြေးသွားမှာ "
"လိုက်ခဲ့ပါရိပေါ်ရယ် ကိုယ်တောင်းပန်ပါတယ်"
အကိုဟာ သူ့ရှေ့မှာ ဒူးထောက်ထိုင်ချသည်။ သူဒီနေရာမှာတောင် တကယ်မနေချင်တော့ဘဲ ထွက်ပြေးချင်လာသလို ဖန်ရှင်းကိုပါ ဒေါသထွက်လာ၏။
သူ့ဘဝမှာ ဘယ်သူ့ကိုမှ ယုံကြည်လို့မရဘူးပဲ...။
"လိုက်မလာနဲ့"
သူပြောပြီးတာနဲ့ ဆေးဝယ်ဖို့ မသွားတော့ဘဲ နောက်ပြန်လှည့်လိုက်သည်။ သူဘယ်သူ့ကိုမှ ခွင့်လွတ်ဖို့ ဆန္ဒမရှိ...။
"ရိပေါ် ခဏလေး"
"လိုက်မလာနဲ့ !"
သူ့ကိုလှမ်းဆွဲထားတဲ့ အကို့ကို လက်နှစ်ဖက်နဲ့ ဆောင့်တွန်း၍သာ အိမ်ထဲကိုပဲ ထပ်ပြီး ပြေးဝင်လာခဲ့တော့သည်။ သူ့ကို ဘယ်အထိနာကျင်စေချင်ကြလဲ သူမသိပေမယ့် မနက်ဖြန်မနက်ကျရင်တော့ သူဒီနေရာကနေ ထပ်ထွက်သွားရမည်မှာ အသေအချာ...။ ကံကြမ္မာကတော့ ဘယ်သောအခါမှ သူ့ဘက်တွင် မရှိခဲ့ပါ။
🤍🤍🤍🤍🤍🤍🤍
"ဟင်း...."
အိမ်ထဲပြေးဝင်သွားတဲ့ ရိပေါ်ကိုကြည့်ပြီးရှောင်းကျန့် သက်ပြင်းချလိုက်သည်။ ရိပေါ်ထွက်ပြေးပြီးတစ်ပတ်လောက်အကြာမှာ ဖန်ရှင်းအချိန်ပိုင်းအလုပ်လုပ်နေတဲ့ နေရာကို သူရောက်သွားခဲ့ပြီး ဖန်ရှင်းဘေးမှာ ကားတစ်စီး ဓာတ်ဆီထည့်ပေးနေသည့် Maskအုပ်ထားသည့်သူကို ရိပေါ်မှန်း သူတန်းသိခဲ့၏။ ဖန်ရှင်းကို တအားဆူပြီးမှ ဖန်ရှင်းက အိမ်ရှင်တွေကို ပြောပေးတာကြောင့် အိမ်ရှင်ဆီက သော့အပိုဖြင့် ရိပေါ်အိမ်ကို သူနှစ်ရက်တစ်ခါလောက်သွားရှင်းပေးပြီး အစားအသောက်တွေကိုပါ တိတ်ဆိတ်ပို့ပေးနေခဲ့သည်။
"အခြေအနေ "
"အကိုရိပေါ်ဖျားတော့မယ်"
ဒီနေ့ ရိပေါ်အလုပ်သွားတဲ့အချိန် သူအိမ်လာရှင်းပေးပြီး အပြန်မှာ ဖန်ရှင်းနဲ့ ရိပေါ်ကိုလှမ်းတွေ့လိုက်၍ သူအကွယ်တစ်ခုမှာ ပုန်းကာဖန်ရှင်းကိုစောင့်နေလိုက်သည်။ ဖန်ရှင်းနဲ့ တွေ့တဲ့အချိန် ထိုကလေးပြောတဲ့ စကားကြောင့် သူအိမ်ထဲဝင်ရမဝင်ရဖြစ်နေတုန်းမှာပဲ ရိပေါ်က ထွက်လာခဲ့၏။
"ဟင့် မလုပ်ပါနဲ့ တောင်းပန်ပါတယ်"
ရေစိုကြီးနဲ့ အိပ်နေတဲ့ ရိပေါ်ကို အင်္ကျီလဲပေးဖို့ လုပ်နေတုန်း ထွက်လာတဲ့ အသံငယ်လေးဟာ သူ့ကို မျက်ရည်ကျစေသည်။
အရာအားလုံးက သူ့အမှားကြောင့်ပဲလေ....။ အခု ဒီကလေး ဘယ်လောက်တွန်းလွှတ်လွှတ် သူထပ်မထွက်သွားတော့...။
"ကျစ်... ပူကျစ်နေတာပဲ"
သူဟောက်ရွှမ်းဆီကို ဖုန်းဆက်ဖို့ ကြံရွယ်ပြီးမှ ကလေးငယ်ထပ်ထွက်သွားမှာ စိုးရိမ်တာကြောင့် မဆက်တော့ဘဲ ရေပတ်တိုက်ဖို့သာ လုပ်ရတော့သည်။
"အင့် ချမ်းတယ်"
ရေစိုဝတ်တွေကို အကုန်လဲပေးပြီးတဲ့အချိန် ရိပေါ်ဆီက အသံတိုးတိုးလေးက ထွက်လာပြန်သည်။ သူရိပေါ်ဘေးနားကပ်ကာ စောင်လေးခြုံပြီး ထွေးပွေ့ပေးလိုက်ပေမယ့် ခန္ဓာကိုယ်လေးဟာ တုန်နေဆဲ...။ ဒီရက်ပိုင်းအစားအသောက်မမှန်ဘဲ ပိန်ကျသွားတဲ့ ခန္ဓာကိုယ်လေးကြောင့် သူပိုပြီး စိတ်မချ...။
"တောင်းပန်ပါတယ် ကိုယ်တောင်းပန်ပါတယ်ရိပေါ်ရယ်"
သူဘယ်လိုပဲတောင်းပန်တောင်းပန် သူ့အမှားတွေ မကျေနိုင်ဘူးဆိုတာလည်း သိသည်။ ရိပေါ်သူ့ဆီပြန်မလာတော့ရင်တော့ သူရိပေါ်ဘေးမှာပဲရှိနေပေးချင်သည်။ သူ့ရင်ခွင်ထဲက ရိပေါ်ကတော့ အဖျားရှိန်ကြောင့် အိပ်မောကျသွားပြန်၏။
သူထွေးပွေ့ထားတဲ့ ရိပေါ်ကို အခင်းလေးပေါ် အသာပြန်ချပေးရင်း ဆူနေသည့် ရေနွေးအိုးကို ခလုတ်ထပိတ်လိုက်သည်။
ပြီးတော့ ရိပေါ်ဗီရိုထဲက တဘတ်တစ်ထည်ကို ရေအေးနဲ့ရေနွေးစပ်ထားတဲ့ ဇလုံထဲစိမ်ကာ ရိပေါ်ကိုယ်လေးကို ရေပတ်တိုက်ပေးဖို့ လုပ်ရသည်။
ကြယ်သီးဖြုတ်ပြီးအင်္ကျီလေးကို အနည်းငယ်လှန်လိုက်တော့ ခါးစပ်နားမှာ ပေါ်လာတဲ့ တက်တူးလေးတစ်ခု...။
"အများကြီးချစ်ခဲ့ပေးတာပဲရိပေါ်ရယ် ကိုယ်တောင်းပန်ပါတယ် "
ဘာကြောင့်ရယ်မသိ ...။ ထိုတက်တူးလေးကို ပွတ်သပ်လိုက်တာနဲ့ မျက်ရည်တွေက ကျလာသည်။
"ဟင့် အကိုကျွန်တော်ကြောက်တယ် အကို ..."
"အကိုရှိတယ်နော် အကိုရှိတယ်"
အိပ်ရင်းနဲ့ ထပ်ယောင်လာပြန်သည့်ကလေးကို ထပ်ပြီး ပွေ့ဖက်ထားလိုက်တော့ သူ့အင်္ကျီကို တင်းတင်းဆုပ်ကိုင်ပြီး သူ့ရင်ခွင်ထဲ ပိုတိုးဝင်သည်။
"အကိုရှိနေပါတယ် ကလေး"
ကျောလေးကို ခပ်ဖွဖွ ပွတ်သပ်ပေးတော့မှ ပြန်ပြီးအိပ်ပျော်သွားခဲ့သည်။ သူကတော့ ရိပေါ်ကို ဖက်ထားပေးလျက်ပင် တစ်ညလုံး အိပ်မရခဲ့...။ မနက်ခင်းပိုင်း မှေးခနဲ ဖြစ်သွားခါနီးမှာပဲ ရင်ခွင်ထဲကကောင်လေးက နိုးထလာ၏။
"နိုးပြီလား ကလေး"
"ဘယ်လိုလုပ်ရောက်နေတာလဲ ပြန်ပါ"
"နေကောင်းရင် ပြန်မယ်နော် ကလေးနေကောင်းရင် ကိုယ်ပြန်ပါ့မယ်"
ရိပေါ်က သူပြောတာကို ဂရုမစိုက်ဘဲ အိပ်နေရာမှ အားယူထပြီး ရေချိုးခန်းထဲဝင်သွားသည်။
"ရိပေါ် မြန်မြန်လုပ်နော် အေးတယ်"
ရေချိုးခန်းထဲက တုန့်ပြန်သံမကြားရဘဲ ခဏကြာတော့ ကလေးငယ်ဟာ မျက်နှာသစ်ပြီးသွားဟန်...။
"တစ်ခုခုစားပြီးဆေးသောက်နော် ကိုယ်ဆန်ပြုတ်ပြုတ်ပေးမယ်"
"မရှက်ဘူးလား ဒီလောက်တွန်းလွှတ်နေတာကို ထွက်မသွားနိုင်ဘဲလေ ကျွန်တော်ဆိုပြန်စဉ်းစားမိရင် အရမ်းရှက်တာ ကိုယ့်ကိုတွန်းထုတ်နေတဲ့သူကိုမှ အရှက်မရှိတွယ်ကပ်နေခဲ့တယ်ဆိုပြီး"
သူဘာမှမပြောတော့ ရိပေါ်က စောင်ခြုံပြီး ပြန်ဝင်အိပ်သည်။
"ပြန်တော့"
"မပြန်ဘူး ဟောက်ရွှမ်းကို မပြောမှာမို့လို့ ကိုယ်ကတော့ မင်းကို စောင့်ရှောက်ပေးမယ်"
"မလိုဘူး အကိုမရှိလည်းနေနိုင်တယ် အခုမှစောင့်ရှောက်လည်း အကို့ကို ပြန်မချစ်လာဘူး"
"ကိုယ်ကချစ်ပေးမယ် မင်းမချစ်ရင်တောင် ကိုယ်ကပဲချစ်ပေးမယ်"
သူ့စကားအဆုံး အခန်းတွင်းမှာ အသက်ရှူသံကလွဲ၍ တိတ်ဆိတ်သွားသည်။ သူလည်း ဘာမှဆက်မပြောတော့ဘဲ ဆန်ပြုတ်ရမှ လှည့်ကြည့်မိတော့ ရိပေါ်ဟာ နံရံကို မှီလျက်စီးကရက်သောက်နေခဲ့သည်။
"နေမကောင်းဘူးလေ မသောက်နဲ့ ဆန်ပြုတ်သောက်"
"မသောက်ဘူး"
"ခေါင်းမာနေပြန်ပြီ "
ရိပေါ်ပါးစပ်က စီးကရက်ကိုဆွဲယူပြီး မီးသတ်ကာ လွှင့်ပစ်လိုက်တော့ ရိပေါ်က ဘာမှထပ်မပြောလာဘဲ အိပ်ယာထဲဝင်ခွေပြန်သည်။
"ရိပေါ် ဆန်ပြုတ်ထသောက်လေ"
"ထားခဲ့ပြီး ပြန်တော့"
"မင်းထမသောက်မချင်းမပြန်ဘူး"
"ဘယ်လိုဖြစ်နေတာလဲ အကိုရာ ပြန်တော့ဆို ပြန်တော့လို့ အဟွတ်"
နေမကောင်းသေးဘဲ ထအော်တဲ့ ရိပေါ်က မောသွား၍ ထင်သည် ပြန်လှဲမအိပ်တော့ဘဲ နံရံဆီကို ရွှေ့သွားလျက် ခပ်လျှောလျှောမှီထိုင်သည်။
"ဆန်ပြုတ်သောက်ပြီး ဆေးပဲသောက်ပါကလေးရယ်နော် ကိုယ်ပြန်မယ် သောက်ပြီးတာနဲ့ ပြန်မယ်"
"ပေး"
ပူလောင်နေသော ဆန်ပြုတ်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ခြင်းက သူ့ကိုတော်တော်လေး ပြန်စေချင်နေမှန်း သိသာသည်။
"ဆေး..."
"အင်း သေချာသောက်"
သူ့လက်ထဲကဆေးလုံးလေးကို ထည့်ပေးတော့ ရိပေါ်ဟာ ရေကိုတောင်မစောင့်ဘဲ မခါးတဲ့အတိုင်း ဝါးစားပစ်၏။
"ရေသောက်ဦး "
"ပြန်တော့"
"အင်းပါ ပြန်မယ်"
သူဆက်နေရင် ရိပေါ်ပိုအဆင်မပြေဖြစ်နိုင်၍ အိမ်ထဲကနေအမြန်ပြန်ဖို့လုပ်ရသည်။
"ကိုကို့ကိုမပြောနဲ့"
"အင်း မပြောဘူး ကိုယ့်ကိုယ်ကို ဂရုစိုက်"
သူပြောလိုက်သော်လည်း ရိပေါ်ဆီက အဖြေတစ်စုံတစ်ရာ ပြန်မရခဲ့...။ သူလည်းလှည့်မကြည့်တော့ဘဲ ဟောက်ရွှမ်းရှိနိုင်သည့် Company ဘက်ကိုသာ ထွက်လာခဲ့တော့သည်။
"အကိုရှောင်းကျန့်"
"အင်းကျိရန် ဟောက်ရွှမ်းရော ဘာတွေဖြစ်နေကြတာလဲ"
ဟောက်ရွှမ်းရဲ့ ကုမ္ပဏီရှေ့တွင် ရောက်နေသည့် သတင်းထောက်များကို တွန်းဖယ်ပြီး အထဲကို ဝင်လာလိုက်တော့ ကျိရန်က သူ့ကို ဆွဲခေါ်လာသည်။
"ရိပေါ်အမေရောက်နေတယ်"
"ရိပေါ်အမေရောက်တာ သတင်းထောက်တွေပါပါလာတာလား"
"အကိုရှောင်းကျန့် မမြင်ရသေးဘူးလား"
ကျိရန်ထုတ်ပြလာသည့်ဖုန်းကို ကြည့်လိုက်တော့ Video အတိုလေးသုံးခုကိုတွေ့လိုက်ရသည်။
"ဝမ်အုပ်စုက ဥက္ကဌက အခြောက်တစ်ယောက်လား"
"သူ့ယောက်ျားနဲ့ အိပ်နေတာ ရွံစရာကြီး"
"သားဖြစ်သူရဲ့ ရည်းစားကိုပါသူနဲ့ အိပ်ဖို့တောင်းဆိုခဲ့တာပဲ"
"သားဖြစ်သူကိုလည်း လူလွှတ်ပြီး မဒိန်းကျင့်ခိုင်းတယ်တဲ့"
"ဘယ်လောက်မလိုချင်တဲ့ သားပဲဖြစ်ဖြစ်လေ အခုလိုလုပ်စရာမလိုပါဘူး"
Video အောက်မှာလည်း ထိုသို့သော comment တွေဟာ အများအပြား....။ သို့သော်လည်း သူမအံ့ဩမိပါ။
"ဒီဂယက်တွေကြောင့် အချစ်ရဲ့ ကုမ္ပဏီရှေ့ကိုပါရောက်နေကြတာ"
"သတင်းစာရှင်းလင်းပွဲတော့ လုပ်ရမှာပဲ ဒီကုမ္ပဏီက ဝမ်အုပ်စုနဲ့မဆိုင်ကြောင်း"
ကိုယ်တိုင် ကြိုးစားပြီးတည်ထောင်လာခဲ့တဲ့လုပ်ငန်းတစ်ခုကို ဟောက်ရွှမ်းကလွယ်လွယ်နဲ့ ဆုံးရှုံးခံမယ့်သူမဟုတ်မှန်း သူသိသည်။
"ကိုယ်ဝင်သွားလိုက်မယ်"
"ရိပေါ်အမေရှိ...."
ကျိရန်စကားကို သူဂရုမစိုက် ...။ လွန်ခဲ့တဲ့ သုံးရက်ကတည်းက ရိပေါ်အမေကို သူသိနှင့်ပြီးသားဖြစ်သည်။
"ဟောက်ရွှမ်း"
"သားရှောင်းကျန့်လာပြီလား ထိုင်"
ရိပေါ်အမေရှေ့က Sofaပေါ်မှာ သူ ခေါင်းငုံကာ ဝင်ထိုင်လိုက်ပြီး ရိပေါ်အမေကို ပြုံးပြလိုက်သည်။
ရိပေါ်အမေဟာ ရိပေါ်လိုပဲချောပြီး နူးညံ့တဲ့ စိတ်ထားပိုင်ရှင်တစ်ယောက်။
"သားနောက်မှာမေမေရှိနေမယ် သတင်းစာရှင်းလင်းပွဲလုပ်လိုက်"
"အဆင်ပြေပါ့မလားတွေးပူနေရတယ်မေမေ"
ဟောက်ရွှမ်းနဲ့ ရိပေါ်အမေဟာလည်း ၁၂နှစ်​လောက်အတူနေလာခဲ့၍ စတွေ့ကတည်းက စိမ်းမနေခဲ့ကြ...။ ရိပေါ်Videoတက်ပြီးသည့်နောက်ရက်မှာပဲ ရိပေါ်အမေဟာ ဟောက်ရွှမ်းကို စကားပြောဖို့ ဆက်သွယ်လာခဲ့သည်။
"ရှောင်းကျန့်ကိုလည်း ကျေးဇူးတင်ပါတယ် သူအိပ်ဖို့ပြောတဲ့ အသံဖိုင်ကို သေချာလေးသိမ်းပေးထားခဲ့လို့"
"ကျွန်တော်ကတောင်းပန်ရမှာပါ အဲ့တုန်းကတည်းကမပြောပြနိုင်ခဲ့လို့ ... သူအိပ်ခိုင်းပေမယ့် ကျွန်တော်မအိပ်ခဲ့ဘဲ သူသောက်မယ့်ခွက်ထဲ အိပ်ဆေးထည့်ခဲ့တာပါ ... တကယ်ဘာမှမဖြစ်ခဲ့ပါဘူး"
"ယုံပါတယ် သားရယ်"
ပြောရင်းစို့နင့်လာ၍ မျက်ရည်ကျတော့မည့်သူ့ကို ရိပေါ်အမေဟာ လက်ကလေးကို ဆုပ်ကိုင်လာသည်။ ဒီလိုနွေးထွေးတဲ့ အမေမျိုးနဲ့ နေဖို့ ရိပေါ်သာ ရွေးချယ်ခဲ့ရင် ဘယ်လောက်ကောင်းလိမ့်မလဲ။
"တကယ်ကရိပေါ်လေးကသိပ်ဆိုးတာ သံယောဇဉ်လည်း သိပ်ကြီးတာ ဟောက်ရွှမ်းအပေါ်ကိုလည်း ဆိုးပေမယ့် သူတော်တော်လေး ချစ်ပါတယ်
"သားကိုငိုချင်အောင်မေမေကပြောနေပြီ"
ဟောက်ရွှမ်းကပြောရင်းနဲ့ တကယ်ငိုချသည်။ သူလည်းဘယ်လိုနှစ်သိမ့်ပေးရမှန်း မသိတာကြောင့် ခေါင်းသာ ငုံနေမိ၏။
"အန်တီ့ဘဝမှာ ဒီသားလေးကိုလည်းကျေးဇူးအရမ်းတင်ခဲ့ရတာ အန်တီ့ထက်တောင်ရိပေါ်ကိုချစ်ပေးပြီး ဂရုစိုက်ပေးတာ"
"အခုသားကြောင့် ရိပေါ်က ..."
"သားမမှားပါဘူး"
ရိပေါ်အမေဟာ နားလည်နိုင်စွမ်း အပြည့်ရှိတဲ့ မိန်းမသားတစ်ဦးလည်း ဖြစ်သည်။ ဝမ်ဥက္ကဌကို ချစ်တာကြောင့် ရှောင်းလုဝေကိုပါ လက်ခံပေးခဲ့ပြီး ဟောက်ရွှမ်းကိုပါ သားအရင်းတစ်ယောက်လို ချစ်ပေးခဲ့သည်တဲ့....။
"သားငယ်လေးကို အဲ့နေ့ကHot Pot ကျွေးမယ်ပြောခဲ့တာ ကိုယ့်သားကိုမကာကွယ်ပေးနိုင်တဲ့ကိုယ့်ကိုယ်ကို ဒေါသဖြစ်တာရော သူကဟော့ပေါ့စားပြီးရင် ဝမ်ရိကျိုးဆီပြန်သွားမယ် ပူဆာနေတာရောကြောင့် Taxiနဲ့ပြန်ဆိုပြီးပိုက်ဆံပေးခဲ့တာ အန်တီသူ့ကိုချော့ဖို့အရုပ်သွားဝယ်နေတုန်းတကယ်ပြန်သွားတယ်လေ"
သူတို့မသိခဲ့ရတဲ့ အကြောင်းတွေကို အန်တီက ပြောပြနေသည်မှာ ခပ်ဆွေးဆွေး....။
"ဝမ်ရိကျိုးဆီသွားခေါ်ပေမယ့် ရိပေါ်ကို ပြန်မလွှတ်တော့ဘူး သူ့သားအစားခေါ်ထားမယ်တဲ့ ခဏခဏ အန်တီသွားခေါ်ပေမယ့် မလွှတ်ပေးသလို ရိပေါ်အဖိုးတွေပါပါလာလို့ အန်တီတို့လက်လျှော့ခဲ့ရတယ် ရိပေါ်နဲ့လည်း ဘယ်တော့မှ မတွေ့ခဲ့ရတော့ဘူး ပြောရရင် အန်တီတို့ချမ်းသာပေမယ့် ဝမ်ရိကျိုးတို့လောက်မဟုတ်ခဲ့ဘူးလေ"
"အန်တီဘာလို့တရားမစွဲခဲ့လဲဟင်"
"ဟောက်ရွှမ်းအတွက်ပါ ပိုက်ဆံနဲ့လျှော့ပေါ့စေခဲ့ရတဲ့ ဟောက်ရွှမ်းလေးအမှုက ပိုကြီးသွားမှာ စိုးလို့ ပြီးတော့ ရိပေါ်လေးကြီးလာတဲ့အခါ အဲ့ကိစ္စကြီးကြောင့် လူပြောခံနေရမှာမလိုချင်ဘူး ဟောက်ရွှမ်းက ရိပေါ်အတွက် သတ်ပေးခဲ့ပြီးပြီပဲ"
ရိပေါ်အမေက အတိတ်ကဝမ်းနည်းစရာ အဖြစ်အပျက်တွေကို ပြောနေသော်လည်း အသံကတော့ တည်တည်ငြိမ်ငြိမ်...။ ကနေဒါမှာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး နုပျိုမှုတွေဟာလည်း ရှင်သန်နေဆဲ...။ သေချာကြည့်ရင် ရိပေါ်ဟာ အမေနဲ့တူသည်။
"ဒီဗီဒီယိုတွေကလည်းရိပေါ်ရဲ့ကင်မရာအဟောင်းလေးဆီက အန်တီရထားတာကြာပြီ ရိပေါ်ကငယ်ငယ်တုန်းက ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်ရတာ ဝါသနာပါတယ်လေ ကလေးရှေ့မှာတောင် မဆင်ခြင်နိုင်ဘဲ ရှောင်းလုဝေနဲ့ ဖြစ်ပျက်နေကြတာ"
ဒီတစ်ခါတော့ အန်တီ့အသံမှာ နာကျည်းချက်တွေရောပါနေသည်။ သူ့အဖေနဲ့ တခြားယောက်ျားတစ်ယောက်ကို မြင်လိုက်ရတဲ့ ရိပေါ်စိတ်ထဲမှာရော ဘယ်လောက်တောင် ဝမ်းနည်းခဲ့ရမလဲ...။
"သတင်းစာရှင်းလင်းပွဲမှာ ရိပေါ်ပျောက်နေကြောင်းပါထည့်ကြေညာရမယ်သား"
"ရိပေါ်ကိုတွေ့နေပြီ"
သူမပြောချင်ပေမယ့် အန်တီမပြန်ခင်တော့ ရိပေါ်ကို တွေ့စေချင်သည်။ ရိပေါ်ကို အန်တီ ကနေဒါခေါ်သွားမယ်ဆိုရင်လည်း သူပါလိုက်သွားပြီး စောင့်ရှောက်ပေးဖို့ တွေးထားပြီးသား။
"မင်းဘာလို့အခုမှပြောတာလဲ ဘယ်မှာလဲ အခုသွားမယ်"
"နေပါဦးဟောက်ရွှမ်းရာ အခုတော့ခဏနေပါဦး အရှေ့မှာသတင်းထောက်တွေရှိသေးတယ်"
"လောလောဆယ် ဝမ်အုပ်စုက ရှယ်ယာတွေ တော်တော်လေးထိုးကျသွားတာ ဝမ်ရိကျိုးတော့ သေချင်နေလောက်ပြီ"
အန်တီက ပြောရင်းနဲ့ ပြုံးသည်။ အန်တီ့ကိုကြည့်ပြီး ရိပေါ်အပြုံးလေးတွေကို သတိရသွား၍သူပါ လိုက်ပြုံးမိ၏။
"ကော အကိုရိပေါ်က နေမကောင်းဘဲ အလုပ်လာတယ်"
ဖုန်းထဲဝင်လာတဲ့ Message တစ်စောင်ကြောင့် သူထလိုက်တာနဲ့ ဟောက်ရွှမ်းက သူ့ဖုန်းကို ဆွဲလုပြီးကြည့်သည်။ ပြန်ယူဖို့လုပ်ပေမယ့် သူမမှီလိုက်....။
"အတူသွားရအောင် ရိပေါ်ဆီ"
"အန်တီလည်းလိုက်မယ်"
အန်တီကပါပြောလာတာကြောင့် ရှောင်းကျန့် ငြင်းမရတော့...။ နောက်ဆုံး အန်တီ့ကားဖြင့်သာ ရိပေါ်ရှိတဲ့ နေရာကိုထွက်လာဖြစ်ခဲ့ကြသည်။ ကျိရန်ကတော့ သတင်းထောက်တွေကို ရှင်းမယ်ဆိုပြီး ကျန်နေခဲ့၏။
"ဟိုရောက်ရင် ငါဘာပြောရမှာလဲ တောင်းပန်ရမှာလား ပြန်လိုက်ခဲ့ဆိုပြီးဆွဲခေါ်လာရမှာလား"
သူ့ကိုပြောနေသည့် ဟောက်ရွှမ်းဟာ ဆောက်တည်ရာမရ...။ စိတ်လှုပ်ရှားပြီး တစ်ခုခုကို ကြောက်နေသလို...။
"မင်္ဂလာပါ ဘာများဆောင်ရွက်ပေးရမလဲဗျ"
ရိပေါ်ကတော့သူတို့ကိုသတိိထားမိပုံမပေါ်ဘဲ ကားမှန်ချလိုက်တဲ့ အန်တီ့ကိုသာ သေချာကြည့်နေခဲ့သည်။ နေမကောင်းဖြစ်နေသော်လည်း Uniformလေးကိုသာ ဝတ်ထားသဖြင့် ရှောင်းကျန့်ပိုပြီး စိတ်ပူမိသွား၏။
"မေ... မေမေ"
"သားငယ်"
ရိပေါ်ဟာ ဘာမှဆက်မပြောဘဲ အန်တီ့ကို ကျောခိုင်းသွားပြီး ဓာတ်ဆီဖြည့်ဖို့သာ လုပ်နေလေသည်။
"သားငယ်မေမေ့ကိုကြည့်ပါဦး"
အန်တီကကားထဲကထွက်ကာ ရိပေါ်လက်ကလေးကို ဆွဲလိုက်ပေမယ့် ရိပေါ်ဟာ ရုန်းသည်။ ရှောင်းကျန့်မှာတော့ အသည်းအသန် ငိုနေသည့် ဟောက်ရွှမ်းကိုသာ နှစ်သိမ့်ပေးနေရ၏။
"ငါ့ကြောင့်ပါ ရှောင်းကျန့်ရယ် ငါရိုက်လိုက်လို့"
"မဟုတ်ပါဘူး မင်းအခုလိုငိုနေတော့ ဘယ်လိုလုပ်မလဲ .. အခုလည်း ..."
ဟောက်ရွှမ်းက ရှောင်းကျန့် ပြောနေတာကို နားမထောင်ဘဲ ကားထဲကထွက်ပြီး ရိပေါ်ကိုပြေးဖက်တာကြောင့် သူပါထွက်လာခဲ့ရသည်။
"နောက်ကားတွေ ရှိနေတယ် ပြန်ကြပါ"
"ကိုကိုတောင်းပန်ပါတယ် ကိုကိုနဲ့ ပြန်လိုက်ခဲ့ပါ"
"ဟင့်အင်း "
ဖန်ရှင်းကတော့နောက်ကားတွေကို သူ့ဘက်လာဖို့သာခေါ်ပြီးတောင်းပန်ပေးနေခဲ့သည်။ ဆိုင်မန်နေဂျာကိုလည်း အကျိုးအကြောင်းပြောထားပုံရ၏။
"ကိုကိုမှားပါတယ် မှားတာမို့လို့ ပြန်လိုက်ခဲ့ပါ"
"မလိုက်ချင်ဘူး အကုန်လုံးကိုကြောက်တယ် ဘယ်သူ့မှ ကျွန်တော့်ကိုချစ်ကြတာမဟုတ်ဘူး"
"ကိုကိုချစ်တယ် ကိုကိုကငယ်လေးကိုအရမ်းချစ်တယ်လေ"
"မလိုက် .... အဟွတ်"
နဂိုနေမကောင်းတဲ့ အခံကြောင့် ရိပေါ်ကိုယ်ကလေးဟာ ဟောက်ရွှမ်းလက်ထဲတွင် ပျော့ခွေသွားခဲ့သည်။
"ငယ်လေး....! ရိပေါ်"
"သားငယ်!"
"ဆေးရုံပို့ဖို့လိုလိမ့်မယ် သူမနေ့ကတည်းကနေမကောင်းဘူး"
"အဲ့ဒါကိုအခုမှပြောရလား မင်းအရူးပဲ"
ကြားထဲကပဲ ဟောက်ရွှမ်းဆီက သူက အဟောက်ခံလိုက်ရသည်။ သို့သော်လည်း သူဘာမှပြန်မပြောမိဘဲ ကားရှေ့ခန်းထဲတွင်သာဝင်ထိုင်လိုက်၏။ တကယ်ဆို ကလေးငယ်ကို သူပွေ့ထားချင်ပေမယ့် ဟောက်ရွှမ်းကခွင့်မပြု...။
ဒီတစ်ခါပြန်နိုးလာရင်တော့ သူ့ကောင်ငယ်လေးအတွက် ကောင်းသောအရာတွေသာဖြစ်လာပါစေဟု တောင်းဆုပြုမိပါတော့သည်။
🤍🤍🤍🤍🤍🤍🤍
သူဒီတစ်ခေါက်နိုးထလာတော့ ကိုကိုက သူ့လက်ကိုင်လျက် ငိုကြွေးနေခဲ့သည်။ ကိုကိုသူ့ကို ချစ်တာသူသိပေမယ့် သူလူတွေကို ထပ်ပြီး မယုံချင်...။ အထူးသဖြင့် ကိုကိုတို့ကို သွားပြောလိုက်တဲ့ အကို့ကို ပိုမယုံ...။
ကိုကိုဟာလည်း အရင်ကတည်းက ကတိတည်တဲ့ သူမှမဟုတ်ခဲ့ဘဲ....။
"နိုးလာပြီလား"
"အင်း ...."
ကိုကိုက သူ့ဆံပင်လေးတွေကို သပ်ပေးရင်းမေးလာတော့ သူခေါင်းငြိမ့်ပြလိုက်၏။ ကိုကို့ဘေးမှာ သူ့ကို စိုးရိမ်စွာ ကြည့်နေတဲ့ မေမေလည်း ရှိနေခဲ့သည်။
"ကိုကို့ကို ပြန်ရိုက်ချင်လား"
"ဟင့်အင်း "
သူကုတင်ပေါ်ကထထိုင်ဖို့လုပ်နေ၍ ကိုကိုက ဆွဲထူသည်။ အကိုကတော့ အဝင်ဝနားကနံရံကို ကျောမှီလျက် လက်ပိုက်ကာ သူ့တို့ကို လှမ်းကြည့်နေလေရဲ့...။ အကို့မျက်ဝန်းကနေတဆင့် ခံစားမိလိုက်တဲ့ကြေကွဲရိပ်တွေကို သူနားမလည်...။
"ကိုကိုမှားပါတယ် ကိုကိုရိုက်ခဲ့မိတာမှားပါတယ်"
သူ့ပါးကို အုပ်ကိုင်လာသည့် ကိုကို့လက်တွေဟာလည်း ဒဏ်ရာတွေဖြင့်....။
ကိုကို အကိုနဲ့များထပ်ပြီး ရန်ဖြစ်ခဲ့လေသလား?
မေမေကတော့ သူ့ကို ပြောစရာ တစ်စုံတစ်ရာ မရှိဘူးထင်ပါသည်။
"ဆေးရုံဆင်းလို့မရသေးဘူးလား ကျွန်တော်နောက်နေ့တွေ အလုပ်ရှိသေးတာ"
"မလုပ်ရတော့ဘူးငယ်လေး ကိုကိုမင်းကိုထပ်ပြီး ထွက်သွားခွင့်မပြုတော့ဘူး"
"အလုပ်က..."
"မေမေလည်းတောင်းပန်ပါတယ် သားကိုကိုနဲ့ပဲပြန်နေလိုက်ပါနော်"
မေမေဟာ တစ်ချိန်လုံးတိတ်နေခဲ့ပြီး အခုမှသာ ဝင်ပြောလာခဲ့သည်။
"အဲ့နေ့ကတည်းက ဘာလို့မဆက်သွယ်ခဲ့လဲ"
"ဒယ်ဒီ့ကြောင့်ပဲရိပေါ် မေမေကဒယ်ဒီကြောင့်ပဲ မင်းကိုတွေ့ခွင့်မရခဲ့တာ"
ကိုကိုက ဝင်ပြောလာ၍ မေမေက ဆက်မပြောတော့ဘဲ ခေါင်းသာငြိမ့်ပြသည်။ ဒယ်ဒီကဘာလို့ မေမေနဲ့သူနဲ့ကို တွေ့ခွင့်မပေးခဲ့ရတာလဲ...။
"ရိပေါ် သက်သာလား"
သူတွေးနေတုန်းမှာပဲ သူကြိုက်တဲ့ မုန့်တွေနဲ့အတူ ဆေးရုံခန်းထဲ ဝင်လာသည့် ကျိရန်က သူ့ကို နှုတ်ဆက်သည်။
"ငါ့သူငယ်ချင်းလေး နေကောင်းရင်စားဖို့ မုန့်တွေဝယ်လာတာ"
"အဲ့ကောင်ကို ကိုကို ဖြတ်လိုက်ရမလား ရိပေါ် သူက ရိပေါ်လေးကို ထိုးဖို့လုပ်တာလေ"
"ကျွန်တော်ကသာ ဖြတ်ရမှာ ကျွန်တော့်သူငယ်ချင်းကို ရိုက်တဲ့ သူကိုလေ... ရိပေါ် ငါမင်းအကို ဖြတ်လိုက်မယ်နော်"
သူ့ကို ဘယ်သူ့မှမချစ်ဘူးလို့ ထင်ခဲ့ပေမယ့် သူဟာ အခုတော့ အချစ်ခံကောင်လေးတစ်ယောက်လို ....။ သူပြုံးမိတော့ ရပ်နေသည့် အကိုပါလိုက်ပြုံး၏။ အကို့ရင်ဘတ်က သွေးကွက်ကလည်း ကိုကို့လက်က ဒဏ်ရာနဲ့ ဆက်စပ်မှုတော့ရှိနေလိမ့်မည်။
"မေမေနဲ့ ကိုကိုလုပ်စရာရှိလို့ ခဏပြန်ရမယ် ထွက်မသွားနဲ့နော် ပြန်လာမှာ ပြန်လာရင် ဘာဝယ်ခဲ့ရမလဲ"
"ဘာမှမဝယ်ပါနဲ့"
"ဒါဆိုတာ့တာနော်"
ရိပေါ်ရဲ့နဖူးလေးကို ကိုကိုက တစ်ချက်နမ်းပြီးထွက်သွားတော့မှ အကိုဟာ သူ့ဘေးကိုဝင်ထိုင်သည်။
"ငါကားထဲမှာ ပစ္စည်းကျန်ခဲ့လို့ သွားယူလိုက်ဦးမယ်"
ကျိရန်တမင်ရှောင်ပေးမှန်း သူသိပါသည်။ အကိုကတော့ ဆေးအပ်တွေထိုးသွင်းထားတဲ့ သူ့လက်ဖမိုးလေးကို ခပ်ဖွဖွထိတွေ့လျက် မျက်ရည်ကျ၏။
"တောင်းပန်ပါတယ်"
"ဒါပဲပြောစရာရှိတော့တာလား"
"ကိုယ်သေတဲ့အထိ မင်းဘေးမှာ ပေးဆပ်ရင်းပဲနေပါ့မယ်"
မယုံကြည်ရတဲ့သူထံမှ ထွက်လာသည့် စကားတိုင်းဟာ အလိမ်အညာသာဖြစ်ပါလိမ့်မည်။ ရိပေါ် အကို့ကို ထပ်ပြီး မယုံတော့....။
"ရိပေါ်မချစ်တော့လည်း ဒီအတိုင်းလေးပဲ အကို့ဘေးမှာနေပေးပါ အကိုပဲဆက်ချစ်ပေးပါ့မယ်"
"ကျွန်တော်မယုံဘူး အကို့ကိုဘယ်တော့မှ...."
"ပေးဆပ်ရင်း သက်သေပြပါ့မယ်"
အကိုက သူ့ရင်ခွင်ကို ခေါင်းမှီပြီး အားရပါးရ ငိုသည်။ အကိုအခုလိုငိုတာကို ပထမဆုံးမြင်ဖူးတာဖြစ်သော်လည်း သူမအံ့ဩသလို စိတ်မကောင်းလည်း မဖြစ်မိ....။
အကိုက ဒီထက်ပိုပြီး ငိုရသင့်တာ ...။
သူကျခဲ့ရတဲ့ မျက်ရည်တွေတောင် အခုထိမှ မခြောက်သေးဘဲ....။
"တောင်းပန်ပါတယ် ကိုယ်တောင်းပန်ရုံနဲ့ မလုံလောက်မှန်း သိပေမယ့် .... "
"လက်ထပ်ကြရအောင်"
"ရိပေါ်...."
"ကျွန်တော်တို့ လူတွေအားလုံးရှေ့မှာ လက်ထပ်ကြရအောင်"
အံ့ဩစွာ ကြည့်လာသည့် အကို့ မျက်ဝန်းတွေကို ရှောင်ဖယ်ရင်း ကုတင်ပေါ်ပြန်လှဲကာ မျက်လုံးတို့ကို မှိတ်ချလိုက်တော့သည်။
သူမပျော်သလို အကို့ကိုလည်း ဘယ်တော့မှ မပျော်စေရပါ။
🤍🤍🤍🤍🤍🤍
ဆက်ရန်။
ဇာတ်ကိုလေ လုံးဝလျှောချပစ်မှာမဟုတ်ပါဘူးနော်လိုအပ်ချက်တွေရှိနေရင်လည်း ပြောကြပါဦးနော်
Unicode
"အပြန်လာကြိုရမှာလား"
"အဟွတ်...."
"ဖန်ရှင်း..."
"အင်းပါ နားမယ်နားမယ်"
"အင်း"
"ဘာအမှားတွေလဲ"
"အင်း အခုဘာဖြစ်လဲ"
"ဘာကိုလဲ"
"ရိပေါ်"
"ရိပေါ် ခဏနေဦး"
"ခွပ်!"
"ခွပ်!"
"ခွပ်!"
"လိုက်မလာနဲ့"
"ရိပေါ် ခဏလေး"
"လိုက်မလာနဲ့ !"
🤍🤍🤍🤍🤍🤍🤍
"ဟင်း...."
"အခြေအနေ "
"ကျစ်... ပူကျစ်နေတာပဲ"
"အင့် ချမ်းတယ်"
"အကိုရှိနေပါတယ် ကလေး"
"နိုးပြီလား ကလေး"
"ပြန်တော့"
"မသောက်ဘူး"
"ခေါင်းမာနေပြန်ပြီ "
"ထားခဲ့ပြီး ပြန်တော့"
"ပေး"
"ဆေး..."
"အင်း သေချာသောက်"
"ရေသောက်ဦး "
"ပြန်တော့"
"အင်းပါ ပြန်မယ်"
"ကိုကို့ကိုမပြောနဲ့"
"အကိုရှောင်းကျန့်"
"ရိပေါ်အမေရောက်နေတယ်"
"ရိပေါ်အမေရှိ...."
"ဟောက်ရွှမ်း"
"ရှောင်းကျန့်ကိုလည်း ကျေးဇူးတင်ပါတယ် သူအိပ်ဖို့ အသံဖိုင်ကို သေချာလေးသိမ်းပေးထားခဲ့လို့"
"ယုံပါတယျ သားရယျ"
"သားမမှားပါဘူး"
"ရိပေါ်ကိုတွေ့နေပြီ"
"အန်တီလည်းလိုက်မယ်"
"မေ... မေမေ"
"သားငယ်"
"ဟင့်အင်း "
"မလိုက် .... အဟွတ်"
"ငယ်လေး....! ရိပေါ်"
"သားငယ်!"
🤍🤍🤍🤍🤍🤍🤍
"နိုးလာပြီလား"
"အင်း ...."
"ဟင့်အင်း "
"အလုပ်က..."
"ရိပေါ် သက်သာလား"
"ဘာမှမဝယ်ပါနဲ့"
"ဒါဆိုတာ့တာနော်"
"တောင်းပန်ပါတယ်"
"လက်ထပ်ကြရအောင်"
"ရိပေါ်...."
🤍🤍🤍🤍🤍🤍
ဆက်ရန်။
Continue Reading
You'll Also Like
268K 17.3K 37
မုန်းတယ်ဆိုတဲ့စကားတစ်ခွန်းနာကြင်ရပေမယ့် ငါမပြောပါနဲ့လို့မင်းကိုမတားမြစ်ခဲ့ဘူး မင်းငါ့ကိုမုန်းလည်းရတယ် ဒါပေမယ့်မင်းသိထားဖို့ကငါမင်းကိုအရမ်းချစ်တယ် uni...
265K 19.2K 46
ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]
35.1K 2.8K 18
Zhanyi❤💚 လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေရတာကြိုက်တဲ့ နှစ်တ​သောင်းသက်တမ်းရှိတဲ့ မြွေခွေးမိစ္ဆာလေးရီပေါ်က မလွှဲသာဘဲ ဆေးဆရာလေး ရှောင်ကျန့်နဲ့ ဟန်ဆောင်လက်...
307K 52.6K 64
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)