Love of an idoit အရူးတစ်ယောက...
By Bai_lianhua
636K 41.6K 3.5K
Title - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင... More
မိတ်ဆက်
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၀
အသိပေးချက်
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၁၄
အပိုင်း၁၅
အပိုင်း၁၆
အပိုင်း၁၇
အပိုင်း၁၈
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း၂၅
အပိုင်း၂၆
အပိုင်း ၂၇
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
Hi မဂ်လာပါ
အပိုင်း ၄၁
Second intro
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
Psychologist Thet Wim
အပိုင်း ၂၈
7.5K 543 108
By Bai_lianhua
Unicode
ရှန်ဟိုင်းမြို့၏ နာမည်ကြီးပြီး ခေတ်လူငယ်တွေရဲ့ဘဝအိမ်မက်လို့တင်စားကြရသည့် Blood Drops Club ဟု အမည်ရှိတဲ့အဆောက်အဉီးကြီး၏ အရှေ့တွင် လူစုလူဝေးတစ်ခုသည်ကား သိပ်သည်းများပြားလျက်ရှိလေသည်။ အရွယ်ရောက်ပြီးသား လူငယ် လူရွယ်များပင်မကဘဲ အရွယ်ရောက်ရန် လိုပါသေးသည့် သူများလည်း ပါရှိသေးသည်။
ရောက်ရှိနေသည့် လူငယ်လူရွယ်များနဲ့ ကောင်မလေးများအားလုံးသည် လူကုန်ထံအသိုင်းအဝိုင်းမှ ပေါက်ဖွားလာကြသူတွေဆိုတာ မငြင်းနိုင်ပေ။
အကုန်လုံးသည်ကား အလားအလာကောင်းသည့် အိမ်တော်များမှ သားသမီးများပင်။
သို့သော်လည်း သူတို့ရရှိထားသည့် သတင်းစကားများကြောင့် သူတို့၏ ဂုဏ်ဒြပ်များကို ဘေးချိပ်ထားပြီး ယခုလို Club၏ အပြင်ဘက်တွင်ယောက်ယက်ခတ်စုဝေးနေကြတာဖြစ်သည်။
ပေါင်ရင်းအထိသာရှိသည့် စကပ်အကြပ်ကို လယ်ဟိုက်ခါးတို အက်ျီနှင့် တွဲဖက်ဝတ်ဆင်ထားသည့် ခပ်ဟော့ဟော့ကောင်မလေးတစ်ယောက်သည် ဘေးနားရှိ မျှော်တော်ယောင်လုပ်နေသည့် သူမ၏ သူငယ်ချင်းအား ကြည့်ပြီး နှုတ်ခမ်းတစ်ချက်မဲ့ကာပြောလာသည်။
"ဟဲ့... နင်ပြောတာသေချာလို့လား...အဲ့ Shine Group ရဲ့ကျိုးအိမ်တော်က လူ... ဒီကိုလာမယ်ဆိုတာ..."
တမျှော်မျှော်လုပ်နေသည့် ကောင်မလေးက ထိုစကားကိုကြားသည့်အခါတွင် မခံချင်သည့်လေသံဖြင့်စကားဆိုလာသည်။
"သေချာတယ်...ဒီသတင်းက အသိအကျရထားတာ...လာကိုလာလိမ့်မယ်...ဘာလို့ဆို အခုခေတ်ထနေတဲ့ ဒီClub အသစ်ရဲ့ ပိုင်ရှင်က သူ့ရဲ့ သူငယ်ချင်းပဲလေ...ပြီးတော့ စောစောကနင်ပြောလိုက်တာ...ဘာတဲ့...ကျိုးအိမ်တော်ကလူ.. ဟုတ်လား...နင်ကသာ အခုမှ ဒီနိုင်ငံကိုပြန်ရောက်တဲ့သူဆိုတော့ သူ့ကို ဘယ်သိမလည်း...သူက ငါတို့ကျောင်းမှာ နာမည်ကြီးဟဲ့ သိရဲ့လား..."
ခပ်ဟော့ဟော့ကောင်မလေးသည် မယုံကြည်ဟန်ဖြင့်
"ဘယ်လောက်တောင် မို့လို့ နင်က အသာကုန် ချီးမွမ်းနေရတာလဲ..."
"ငါဘာလို့ အဲ့လောက်ချီးမွမ်းနေရတာလည်းဆိုတာ...သူရောက်လာမှ နင်သိလိမ့်မယ်...သူ့နာမည်က ကျိုးယွင်...ကျိုးအိမ်တော်ရဲ့ အငယ်ဆုံးသခင်လေး ငါတို့ သူ့ကိုကျောင်းမှာ အမြဲတွေ့ချင်ရင်တောင် အခွင့်အရေးမရဘူး...သူနဲ့ ကလပ်ပိုင်ရှင်လုရှောင်းယွီက ကျောင်းကို လာတာအရမ်းရှားတယ်...
မာနကလည်း အသေကြီးကြတာ...ပြုံးရယ်ပြတာတောင်တစ်ခါမှမရှိဘူး..."
"ဟွန့်...ဟုတ်ပါပြီ...သူလာမှပဲ...နင်ပြောတာတွေနဲ့ ကိုက်ညီရဲ့လားဆိုတာ ငါလေ့လာကြည့်ရမှာပေါ့...ဒါနဲ့ အရွယ်က ငါတို့အရွယ်လား..."
"မဟုတ်ဘူး...၁၅ နှစ်...ငါတို့ထက် ၃နှစ်လောက်ငယ်တယ်"
ခပ်ဟော့ဟော့ နဲ့ကောင်မလေးသည် နှာခေါင်းတစ်ချက်ရှုံ့ပြလာပြီး
"ဒါကို...နင်က...ဘယ်လိုစိတ်နဲ့ငါ့ကိုလာပြောနေတာလည်း ကလေးသာသာပဲကို...ငါ့ရဲ့ daddy ကြီးတွေရဲ့ ခြေဖျားတောင်မှီပါ့မလား...ငါက သေးသေးလေးတွေ မကြိုက်ပု..."
သူမ၏အပြောကြောင့် ဘေးနားတွင် တမျှော်မျှော်
ပြန်လုပ်နေသည့် ကောင်မလေးက သူမ၏ ဘက်ကို ခေါင်းပြန်လှည့်လာပြီး မခံမရပ်ဖြစ်သွားကာ လေသံ
ခပ်ကျယ်ကျယ်ဖြင့် ပြန်ဆိုလာလေသည်။
"ဘယ်ကသာ သေးရမှာလည်း...ကြီးတယ်ဟဲ့... ကြီးတယ်...အဲ့အသက်ရွယ်လို့တောင် မထင်ရဘူး...သူလာမှ နင်ကြည့်ကြည့်လိုက်..."
ထိုအချိန်မှာပင် BD Club ၏ အရှေ့ဘက် လမ်းမျက်နှာစာဆီသို့ နောက်ဆုံးပေါ် အနက်ရောင် မာစီးဒီးကားကြီး တစ်စီး ထိုးရပ်လာလေသည်။
ရှိသမျှကောင်မလေးများအားလုံးသည်လည်း အသံတကျွတ်ကျွတ်ဖြင့် ပို၍ပင်ယောက်ယက်ခတ်လာကာ ဂဏာမငြိမ် ဖြစ်လာကြသည်။
အားလုံးလိုလိုပင် သိချင်စိတ်များဖြင့် အတွင်းပိုင်းကို မမြင်ရသည့် ကားမှန်ဆီသို့သာ မျက်လုံးရောက်နေကြတော့သည်။
ကားတံခါးဖွင့်ဟလာသည့် အသံကို ကြားရသည်နဲ့ မျက်လုံးအလုံးစုံသည်ကား ကားတံခါးအမြန်ပွင့်ဟလာရန်ကိုသာစောင့်ဆိုင်းနေသည့်ဟန်ဖြင့် စူးစမ်းလိုစိတ်ပြင်းပြစွာ...
ကားမောင်းသူနေရာမှ အနက်ရောင် ရှူးဖိနပ် နှင့်အတူ ကိုယ်ထည် အလုံးစုံသည်ကား လူအားလုံး၏ အရှေ့တွင် အေးဆေးတည်ငြိမ်စွာဖြင့်ပင် ထွက်လာခဲ့သည်။
အားလုံး၏ မျက်လုံးများသည်ကား မသိမသာမှေးကျဉ်းသွားကြသည်။ သူတို့ထင်ထားသလောက်လည်း ဟုတ်မနေခဲ့ပါချေ။
ခပ်ဟော့ဟော့နဲ့ကောင်မလေးသည် သူငယ်ချင်းဖြစ်သူထံသို့ မျက်စောင်းထိုးမဲ့ရွဲ့ကာဆိုလာသည်။
"နင်ပြောသလောက်လည်းမဟုတ်ပါဘူး...အရွယ်က ၂၀ လောက်ထင်ရပေမဲ့... ငါပြော..."
သူမ၏ စကားမဆုံးခင်မှာပင် ထိုကားထဲမှ ထွက်လာသည့် လူငယ်က ကားနောက်တံခါးစီသို့အမြန်လျောက်လှမ်းသွားပြီး ကားတံခါးကို ဆွဲဖွင့်ပေးနေသည်ကို မြင်တွေ့လိုက်ရသည်။
ဒီတစ်ခါ ထွက်ရှိလာသည့်ခြေထောက်တစ်စုံ၏ ရှူးဖိနပ်brand လေးတစ်ခုနဲ့တင် သူတို့အားလုံးရဲ့ မျက်လုံးများသည် သတိမထားမိလိုက်ဘဲ ပြူးကျယ်ဝိုင်းစက်လာကြရသည်။
သူတို့အံ့အားသင့်လို့ပင် မဆုံးခင် ထိုလူငယ်သည် ကားအပြင်ဘက်တွင် ခြေဆုံရပ်နေပြီဖြစ်သည်။
ထိုလူငယ်သည်ကား သူတို့အားလုံး၏ အရှိန်အဝါများကိုပင် မှေးမှိန်သွားလောက်အောင်အထိ စွမ်းဆောင်နိုင်ပြီး မတူညီသည့် ကမ္ဘာမှလာသည်ဟု ထင်ရလောက်သည့်အထိ တသီးတခြားနိုင်လွန်းလှသည်။
ကျိုး သခင်လေးသည် နားလည်ရခက်ပြီးအေးစက်တဲ့ ဟန်ပန်မျိုးဖြင့်ပင် သူတို့အားလုံးအား ကြည့်ရှု့လာသည်။
ထိုလူငယ်သည်ကား သူတို့နဲ့လုံးဝကို မတူညီခဲ့ပါချေ။ လူအချင်းအတူတူကို မည်သည့်အရာ မတူညီလည်း သူတို့လည်း မပြောတတ်ပါချေ။
သို့ပေမဲ့ သူတို့အားလုံး၏ ထင်မြင်ချက်သည် အမှန်အကန်ပင်။ ကျိုးယွင်သည်ကား သူတို့အားလုံးနဲ့မတူညီသည့် လူတစ်ယောက်ဖြစ်ပြီး လူများ၏အသက်သွေးကို လွယ်လွယ်နဲ့ခြွေယူ နိုင်သည့် နတ်ဆိုး psycho တစ်ယောက်ပင်။
ကျိုးယွင်ကို ကြည့်ခြင်းအားဖြင့် ဖွံ့ဖြိုးဆဲလူငယ်တစ်ယောက်၏ မြင့်မားသည့် အရွယ်ရောက်
မြန်နှုန်းကို အံ့အားသင့်ပြီး လက်သင့်ခံရန် ခဲခက်ကြရပေမည်။ ကျိုးယွင်၏ ပုံစံသည် လူပျိုလေးတစ်ယောက်ကဲ့သို့ပင် တင်စား သုံးနှုန်းလို့ရနေချေပြီ။ အရပ်အမောင်းသည်လည်း ၅ ပေ ၁၀ လက်မ ရှိနေပြီဖြစ်ပြီး ရှောင်ဟန်ကို မှီရန် ၁လက်မသာ လိုပေတော့သည်။
မျက်နှာအချိုးအစားသည်လည်း ကလေးဆန်မှုများပင် လုံးဝရှိမနေဘဲ မေးရိုးနဲ့ နှာတံတို့သည် ထင်ရှားပြေပြစ်နေပြီဖြစ်သည်။ အသားအရေသည်လည်း ဖြူဖွေးစွက်နေသလိုမျိိုးလုံးဝ ဖြစ်မနေဘဲ ဝင်းဝါစိုပြေသည့် အသားအရေကို ပိုင်ဆိုင်ထားသေးသည်။
သဘာဝရောင် ဆံသားနက်နက်တို့သည်ကား ဂျယ်လိမ်းထားခြင်းမျိုးမပြုလုပ်ထား၍ နှဖူးပြေပြေတစ်လျှောက်တွင် လွန့်လူးလို့နေလေသည်။
မျက်ခုံးများသည်က မဲနက်ထင်ရှားပြီး အကြည့်များသည်ကား စူးရှပြင်းထန်လေသည်။
ကျိုးယွင်သည် သူ့ကို အထူးအဆန်းလုပ်ကာ ဝိုင်းအုံကြည့်နေသည့် လူများအားလုံးကိုကြည့်ရင်းဖြင့်ပင်
စိတ်ပျက်စွာ မျက်မှောင်တစ်ချက်ကြုံ့လိုက်မိသည်။
သူသည် ဘောင်းဘီအိတ်ကပ်အထဲမှ ဖုန်းကိုယူလိုက်ပြီး နံပါတ်တစ်ခုကို ရှာပြီးခပ်မြန်မြန် စာနှိပ်လိုက်ရသည်။ ဒီလိုလူအုပ်ကြားတွင် သူကြာကြာနေပါက အသက်ရှုကြပ်ကာ မေ့မြောသွားနိုင်သည်။
သူ၏ နှာခေါင်းအတွင်းကို ရောက်ရှိလာသည့် ရေမွှေးနံ့မျိုးစုံသည်ကား သူ့ကို စိတ်အနှောက်အယှက်အပြည့်အဝပေးစွမ်းနေသလိုပင်။ မူးနှောက်အီဝေ၍ နေချေသည်။
မည်ကဲ့သို့ပင် အကောင်းစား brand ရေမွှေးရနံ့ဟုပင်ပြောနေကြပါစေ...သူ၏ စိတ်ကို မွန်းကြပ်လာစေသည်။
ထိုအနံ့များပေါင်းစုံသည်ကား ရောထွေးလျက်ရှိပြီး သူ့ထံသို့သာ လွှင့်လူးလာနေသလိုခံစားနေရ၏။
ကျိုးယွင် သူစာပို့လိုက်ပြီး စက္ကန့် ပိုင်းလောက်အ​ကြာတွင် Clubအတွင်းမှ ထွက်လာခဲ့သည့်လုရှောင်းယွီကို လှမ်းမြင်လိုက်ရသည်။ လုရှောင်းက သူ့ဆီကို လျှောက်လာပြီး မေးတစ်ချက်ငေ့ပြလာပြီး ပြောလာသည်။
"ဆောရီးကွာ...ငါကမင်းကို လာစေချင်လို့သာ အတင်း လှမ်းခေါ်လိုက်ရတာ ... မင်းတကယ်ကြီးရောက်ချလာလိမ့်မယ်လို့ ငါမထင်ထားဘူး..အဲ့တာကြောင့်...အပြင်မှာ ထွက်မစောင့်တော့တာ..."
"ရတယ်...ကိစ္စမရှိဘူး..."
"ဒါဆို အထဲဝင်ရအောင် မင်းအတွက် သီးသန့်ခန်း သပ်သပ်ရှိတယ်..."
ကျိုးယွင်က ခေါင်းတချက်ငြိမ့်ပြကာအသိအမှတ်ပြုလိုက်ပြီး လုရှောင်း သွားရာနောက်ကိုသာလိုက်လာခဲ့လိုက်သည်။
ကျိုးယွင်တို့နှစ်ယောက် Club အတွင်းထဲကို ဝင်သွားသည်နှင့် အပြင်၌ကျန်ရှိနေကြသည့် လူများသည်လည်း အယောင်ယောင်အနန ဖြင့်ပင် အနောက်မှလိုက်သူကလိုက်ကြသလို အချို့ကအသက်မရှိစွာ ကြောင်ကာ ရပ်နေမိကြလေသည်။
"ဟဲ့...နင့်ပါးစပ်ကြီးကို ပိတ်ထားပါဉီးဟဲ့...စန်းဟွာမေ့ ရဲ့..."
ခပ်ဟော့ဟော့ကောင်မလေးသည် ထိုအခါမှ သတိဝင်လာဟန်ဖြင့် စကားဆိုလာသည်။
"နင်ပြောတာမှန်တာပဲ...အရွယ်နဲ့ မလိုက်အောင် တော်တော်ကြီးနေပြီပဲ...ပြီးတော့...သူ့ရဲ့ စတိုင်က ငါကြိုက်တဲ့typeပဲ... "
"ဟွာမေ့...နင်ပြောတော့ daddy type ကိုကြိုက်တာဆို...သူ့ကိုတော့ ချန်ထားပေးပါဟယ်...သူက နင့်ရဲ့ type မျိုးလုံးဝ မဟုတ်လောက်ဘူး...ငါတော့သူ့ကို အန္တရာယ်များတဲ့seme typeလို့ပဲ မြင်တယ်..."
ထိုစကားကိုကြားတော့ ဟွာမေ့က မျက်နှာကိုရုပ်ဆိုးသည်အထိ ရှူုံ့ရွဲ့ ပြလာပြီး ပြောလာ၏။
"ဘာကိုSeme typeလည်း...semeဆိုရင်တောင်မှ ငါက အဲ့semeကို straight ဖြစ်အောင်ပြန်ပြောင်းပလိုက်မယ်...အဟွန့် semeဆိုတဲ့သူတွေက သဘာဝအရသာကို မခံစားရသေးလို့ ဒီစကားပြောတာပါ...
ခံစားမိဖူးသွားရင် သူတို့ဆွဲမက်နေတဲ့ အရာတွေက အာပလာ တွေမှန်း သူတို့သိလာလိမ့်မယ်...ငါတွဲဖူးတဲ့ daddy ကြီးတွေဆိုရင် အရသာကို သိလာတော့ ပြန်ဖြောင့်လာကြတာတွေချည်းပဲ..."
"အေးပါဟယ်...ဟွာမေ့...နင်က အဲ့လိုပြောလာတော့လည်း နင့်ရဲ့ အစွမ်းအစကို ကြည့်ရသေးတာပေါ့..ဒါပေမဲ့ နင်သူ့ကို အခုဝင်ဝုန်းကြည့်မှ အဆင်ပြေမှာနော် သူက တွေ့ရခဲတယ်..."
"ဟွာမေ့ရဲ့ဘဝ မှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး...နင်ကြည့်နေလိုက်..."
ဟွာမေ့က ထိုသို့ပြောလိုက်ပြီး Clubအတွင်းဆီကို အရှေ့မှ ဉီးဆောင်ကာ ဝင်လာခဲ့လိုက်သည်။
-------------------------
Club၏ သီးသန့်ခန်းအတွင်းရှိ ဖန်သားစားပွဲဝိုင်းပေါ်တွင် ဝိုင်ပုလင်းမျိုးစုံနှင့် ယမကာမျိုးစုံကို
စီရီကာ နေရချထားလေသည်။
ကျိုးယွင်က နေရာအနှံ့ကို ဝေ့ဝဲ အကဲခတ်ကြည့်လိုက်ပြီး ဖန်သားစာပွဲဝိုင်းရဲ့ ဘေးတွင်ရှိနေသည့် ဆိုဖာခုံတွင် ပေါ့ပေါ့ပါးပါး စိတ်ပျက် လက်ပျက်ထိုင်ချလိုက်တော့သည်။ ပြီးနောက်တွင် လူယုံ စုန့်ကျီးကို တစ်ချက်ကြည့်လိုက်ပြီး အသိပေးပြောကြားလိုက်သည်။
"စုန့်ကျီး...အပြင်ထွက်ပြီး သက်တောင့်သက်သာ သွားနေလို့ရတယ်...ပြန်ခါနီးရင် ဖုန်း​ဆက်လိုက်မယ်...သွားလို့ရပြီ... "
"ဟုတ်ကဲ့...သခင်လေး..."
စုန့်ကျီး ထွက်သွားတော့ ကျိုးယွင်က ဖန်သားစားပွဲဝိုင်းပေါ်ကို ဖုန်းကို တင်လိုက်ပြီး စားပွဲကို လက်ထိပ်နဲ့ တတောက်တောက်ခေါက်ပြီး လုရှောင်းကို
မေးလိုက်သည်။
"ဘာလို့ အတင်းဇွက်ကြီး မင်းရဲ့Clubကို အတင်းလာခိုင်းနေရတာလည်း...ငါ အခုတလော စိတ်ကြည်နေတာ မဟုတ်ဘူး..."
လုရှောင်းသည် ကျိုးယွင်ရဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ မျက်နှာကို ကြည့်ပြီး မသက်မသက်သာပုံစံဖြင့်ပင် သူလည်း ဘေးက ဆိုဖာတွင် ဝင်ထိုင်လာသည်။
လုရှောင်းက စကားဆိုလေသည်။
"ဘာလည်း ဟိုတခါက မင်းပြောတဲ့...မင်းမိဘတွေရဲ့ အချက်အလက်တွေကိုဖုံးဖိထားတဲ့ လူက မင်းထက်တကွက်သာသာသွားတယ်ဆိုတဲ့ ကိစ္စကြောင့်လား...ဒါမှမဟုတ် မင်းရဲ့ကော နဲ့ ဆိုင်တဲ့ ကိစ္စကြောင့်လား..."
ကျိုးယွင်သည် ခေါင်းခါပြလိုက်ပြီး
"ဒီအတိုင်းပဲ...စိတ်ကျဉ်းကြပ်နေရုံလောက်ပါ...မင်းသိတဲ့ အတိုင်းပဲ ကောက နောက်နှစ်ဆိုရင် University နောက်ဆုံးနှစ်တက်ရတော့မှာ...
မနေ့ညက ကောက အဖေ့ကို တောင်းဆိုလာတယ်..
သူကျောင်းပြီးရင် ကောဖီ ဆိုင် တစ်ခုဖွင့်ချင်လို့တဲ့..."
လုရှောင်းက သူ့ကိုကြည့်ပြီး ခနဲ့ကာ စကားဆိုလာသည်။
"COFFEEဆိုင်လေး ဖွင့်ချင်တယ်လို့ပြောတာကို Club တစ်ခုဖွင့်ချင်တယ်လို့ပြောနေတာမှ မဟုတ်တာ...အခုမင်းဖြစ်နေတဲ့ရုပ်က...မသက်မသာရှိလိုက်တာ...အဲ့လောက်ကြီး တွန့်တိုလိုက်ရမှ ကျိုးယွင်ပီသမှာ မို့လို့လား..."
ထိုစကားကြောင့် ကျိုးယွင်က စားပွဲပေါ်က ဝိုင်ပုလင်းတစ်ခုကိုသေချာရွေးချယ်ယူလိုက်ပြီး အဖန်ဖန်မြှောက်ပြလေတော့သည်။
ကျိုးယွင်က ဝိုင်းပုလင်းကို စူးစိုက်စွာ ကြည့်လိုက်ပြီး စကားဆိုလာသည်။
"ဒါဆိုရင် ငါမင်းကိုမေးမယ်...မင်း ဒီUSက အကန့်သတ်ထုတ်ထားတဲ့ နှစ်သက်တမ်းရင့် ဝိုင်ပုလင်းတွေကို ဘာလို့ အပြင်ဘက်ကိုတင်မရောင်းဘဲ သီးသန့်ခန်းမှာ အလှကြည့်ထားရတာလည်း..."
လုရှောင်းက ကျိုးယွင်လက်ထဲ က ဝိုင်ပုလင်းကို နှမြောတတကြည့်ရင်း စကားဆိုလာသည်။
"ဟေ့ကောင်...ဒီဝိုင်ပုလင်းတွေကိုတော့ မြှောက်လိုက်ဖမ်းလိုက်မလုပ်ပါနဲ့ကွာ...မင်းသောက်ချင်ရင် လိုသလောက်ယူသောက်လို့ရပါတယ်...အဲ့လိုကြီးတော့မြှောက်မနေနဲ့ ကျကွဲသွားရင် နှမြောစရာကြီး..."
ကျိုးယွင်က စကားပြန်ဆိုလေသည်။
"မင်းလိုကောင်မျိုးက ဝိုင်ပုလင်း ကျကွဲမှာတော့ကြောက်သားပဲ...
အဲ့တာကြောင့် မင်းငါ့ရဲ့ ခံယူချက်ကို နားလည်လောက်မှာပါ...ကောကို တခြားလူတွေ မျက်စိနဲ့ကြည့်လာမှာကိုတောင် ငါကလိုချင်တာမဟုတ်ဘူး...ပြီးတော့...ကောက ငါ့အတွက်ဆို ဒီသက်တမ်းရင့် ဝိုင်တွေလိုပဲ... တန်ဖိုးမြင့်ပြီး အလှကြည့်နေချင်စရာကောင်းနေသလို...အရသာခံကြည့်ရင်လည်း ဘယ်အရာနဲ့မှ ယှဉ်ကြည့်လို့ရမယ် မထင်ဘူး...အခုဆို ပိုလို့တောင်ဆိုးလာသေး...အချိန်တွေအကြာကြီး သောက်သုံးဖို့စောင့်ဆိုင်းလာခဲ့ရတော့...ကောကလည်း..သက်တမ်းရင့် ဝိုင်တွေလိုပဲ...ပိုပို အရသာရှိပြီး တန်ဖိုးကြီးမားလာတယ်...ဒါပေမဲ့ ငါ နောက်ထပ်နှစ်ကြာအောင် ထပ်မစောင့်နိုင်တော့ဘူး...အခုချိန်မှာ ငါအဲ့ဝိုင်ကို ဘယ်လို အရသာ ရှိနေမလည်း ဆိုတာ အရမ်းသိချင်လာပြီ...အရသာက ချိုမလား...ပြင်းရှမလား...ဒါမှမဟုတ် မချို မပြင်းလေးလား ဘယ်လိုလည်းဆိုတာ...ရှောင်ဟန်က
ငါတစ်ယောက်ထဲပဲ သောက်သုံးကြည့်ရမဲ့ ဝိုင်....
နောက်ပြီး....ကျန်တဲ့ လူတွေကိုကောင်းမကောင်း ဘယ်တော့မှ မျှဝေအသိခံမှာ မဟုတ်တဲ့ဝိုင်..."
လုရှောင်းက ကျိုးယွင်ဆိုလာသည့် စကားများက အဓိပ္ပါယ် ရှိသည့်အတွက်ကြောင့် ခေါင်းငြိမ့်ထောက်ခံပြလာပြီး စကားဆိုလာသည်။
"ဒါဆိုမင်း ပြောတာက မင်းရဲ့ဝိုင်ကို...နောက်ထပ် သက်တမ်းကြာကြာထားရအုံးမှာဆိုပေမဲ့ မင်းက ဒီကြားထဲမှာ...ဝိုင်က ဘယ်အရသာ ရှိလာမရှိလာကို အရင်မြည်းစမ်းကြည့်ချင်နေပြီ ဆိုတဲ့သဘောပေါ့...
မင်းပြောတာလည်း ဟုတ်သလိုပါပဲ...ဘာလို့ဆို...မင်းအရွယ်က မြည်းစမ်းကြည့်လို့ရပြီဆိုပေမဲ့ သောက်သုံးဖို့ကြတော့ အသက်မပြည့်သေးဘူးလေ...ဒါဆိုရင်မင်းဘယ်နည်းလမ်းကို သုံးပြီးမြည်းစမ်းကြည့်မှာလည်း ..."
ကျိုးယွင်သည် မျက်ဝန်းများကို မှေးစင်းကာ စဉ်စား နေပြီး ဝိုင်ပုလင်းကိုစားပွဲပေါ်ကို တင်လိုက်ရင်း
စကားဆိုလာသည်။
"အခုစဉ်းစားမလို့ဘဲ...အဲ့တော့ မင်းမှာ...စီးကရက် ရှိလား..."
"မင်းသောက်ဖို့များလား...စသောက်ကြည့်တော့မယ်ပေါ့..."
ကျိုးယွင်က မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး ဂရုမစိုက်စွာဖြင့် စကားဆိုလာသည်။
"ဟုတ်တယ်လေ...ငါ့အထင်...စီးကရက်သောက်ပြီး စဉ်းစားရင် ပိုကောင်းမလားလို့...ဘာလည်းမရဘူးလား..."
"ရတော့ရပါတယ်ကွာ...အဟား...ငါတောင် သောက်နေတာ...နှစ်ကျိုးနေပြီ...ဘယ်အမျိုးအစားကိုသောက်မှာလည်း..."
ကျိုးယွင်; "FOCUSတံဆိပ်နဲ့ဟာ ပေး..."
လုရှောင်းသည် ထိုင်နေရာထကာ ကျွန်းဗီရိုဆီသို့ သွားပြီးအံဆွဲအတွင်းမှ ကျိုးယွင်ပြောသည့် တံဆိပ်အမျိုးစားကို ရွေးထုတ်ယူလိုက်ပြီး ကျိုးယွင်ကို စကားဆိုလာလေသည်။
"မင်းက အကောင်းကြိုက်တတ်သားပဲ...ရော့..."
ကျိုးယွင်က စီးကရက် ဘူးကို လက်လှမ်းယူလိုက်ပြီး
သေချာအကဲခတ်ကြည့်ကာ ဘူးထဲမှ စီးကရက်တစ်ချောင်းကို ထုတ်ယူလိုက်သည်။
သူသည် စီးကရက်ကို စားပွဲပေါ်၌ အသင့်ထားရှိထားတဲ့ မီးခြစ်ကိုယူကာ မီးညှိ့လိုက်သည်။
ထို့နောက် နှုတ်ခမ်းတွင် တေ့ကာ တစ်ချက်ရှုရှိုက်ကြည့်လိုက်သည်။ရရှိလာသည့် အနံ့သင်းသင်းလေးသည်က သူ့ကို ခံစားမှု အသစ်ကို ပေးစွမ်းလေပြီး စိတ်ကို ပေါ့ပါးလာစေသည်။ သို့ပေမဲ့ ကောရဲ့ ကိုယ်သင်းနံ့လေးလောက်တော့ ဒီအရာက သူ့အပေါ်မှာ သက်ရောက်မှု သိပ်မရှိပေ။
ကျိုးယွင်က စီးကရက်ဘူးကို စိတ်ဝင်တစား လှည့်ပတ်ကြည့်ရှု့လိုက်ပြီး စိတ်ကျေနပ်သည့် အမူအရာဖြင့် အငွေ့များကို ရှုထုတ်လိုက်ကာ ပြောလာသည်။
"ဒီဆေးလိပ်က မင်းသောက်နေတဲ့ဟာထက် အနံ့မပြင်းဘူး...သင်းသင်းလေးနဲ့ ခံစားလို့ကောင်းတယ်...ရှောင်ဟန်ကောတောင် ငါ သောက်မှန်းရိပ်မိမှာမဟုတ်လောက်ဘူး...
ဒါမျိုးစီးကရက်ဘူးကို ငါ့အတွက် မင်း လတိုင်းအော်ဒါမှာပေးစမ်းပါ... ဘယ်စျေးနှုန်းဖြစ်ဖြစ် ကိစ္စမရှိဘူး..."
"ပြီးရောလေ... မင်းကြိုက်တယ်ဆိုရင်လည်း...ငါမှာပေးမယ်...အကန့်သတ်ထုတ်ဆိုတော့ စပြီးမှာတဲ့ ကာလတော့ နည်းနည်းစောင့်ရမယ်...ဒါက ငါအရင်က စမ်းသုံးကြည့်ဖို့မှာ ထားတဲ့ဟာ..."
"အင်...ကိစ္စမရှိဘူး...စောင့်ရလည်း"
လုရှောင်းက ဆိုဖာမှာဝင်ထိုင်လာပြီး သူ့ကို ပြောလာသည်။
" ငါမင်းကို ပြောစရာ တစ်ခု ရှိသေးတယ်...မင်းစုံစမ်းခိုင်းထားတဲ့ ဂေဟာက ကောင်က ဒီနိုင်ငံမှာ ရှိမနေသေးလို့ မင်းကောရဲ့အကြောင်းကိုစုံစမ်းဖို့ သူအခက်တွေ့နေရတာ...ဒါကလည်း မင်းလုပ်ခိုင်းထားတဲ့ စနစ်ကြောင့်...အခုအဲ့ကောင်က ဘယ်အချိန် ပြန်လာမယ်ဆိုတာ မသိရသေးဘူး...သူပြန်လာရင်..အရင်ဉီးဆုံးလုပ်မဲ့ အရာက မင်းရဲ့ကောကို ရှာမယ်ဆိုတာပဲ...ပြီးတော့ သူ့ရဲ့မိဘတွေကလည်း ရေ (ငွေ) လျှံတော့ ဆော့ဝဲအကျွမ်းကျင်ဆုံးသူတွေကို ငှားရှာလာရင် တစ်နည်းမဟုတ်တနည်း သိသွားမှာပဲ...ပြီးတော့ သူကလည်းငယ်တယ်ဆိုပေမဲ့ ဇကတော့ မသေးဘူးနော်...အခုတောင် သူ့မွေးစားအဖေရဲ့ အဆက်စပ်တစ်ခုနဲ့ အေးဂျင့်တစ်ယောက်ဖြစ်ဖို့ သင်ယူနေတယ်လို့ကြားထားတယ်.."
ကျိုးယွင်သည် ထိုစကားကို ကြားလိုက်ရတော့အသံ ခပ်ကျယ်ကျယ်တစ်ချက်လှောင်ရယ်လေတော့
သည်။
သူသည် စီးကရက်ကို ဆေးလိပ်ပြာခွက်တွင် တစ်ချက်တောက်ချလိုက်ပြီး ပြောလာ၏။
"အဲ့တော့ ငါက ဘာလုပ်ရမှာလည်း...ဒီကိစ္စက ငါသွားမဲ့လမ်းမှာ ဝင်ရှုပ်လာမယ်ဆိုရင်တောင် ငါက ဂရုစိုက်မှာမဟုတ်ဘူး...ဒါပေမဲ့ သူသိထားတဲ့ အရာတွေက ငါ့လောက်တွင်ကျယ်သလားဆိုတာကိုတော့ စိတ်ဝင်စားမိသား..."
လုရှောင်းသည်လည်း ကျိုးယွင်ပြောသည့် စကားကို ထောက်ခံဟန်ဖြင့် မျက်နှာအမူအရာပြလာပြီး ဖုန်းကို ထုတ်ကာ သိမ်းဆည်းထားသည့် video တစ်ခုကိုထုတ်ပြလာသည်။
"ဒါဆိုရင်...ဒီ video ထဲက ဉီးထုပ် ခိုက်ငိုက်ငိုက်ဆောင်းထားပြီး မျက်နှာမဖော်ထားတဲ့ ဗလခပ်တောင့်တောင့်နဲ့လူက မင်းအနောက်ကို နောက်ယောင်ခံလိုက်နေတယ် ဆိုတာ မင်းသတိထားမိလား..."
ကျိုးယွင်က video ကို တစ်ချက်သာ မျက်စိဝေ့ကြည့်လိုက်ပြီး စိတ်မဝင်စားသည့်ဟန်ဖြင့် စီးကရက်ကို ပြာခွက် နှုတ်ခမ်းဝတွင် ဖိခြေလိုက်ပြီး ပြောလာသည်။
"ကြာလှပေါ့...ငါသိထားတာ...မသိချင်ရာ ဟန်ဆောင်နေတာ...ဒီနိုင်ငံက မဟုတ်လောက်ဘူး...အစက ငါစုံစမ်းနေတဲ့ ကိစ္စမှာ ဝင်ရှုပ်လာမယ်လို့ထင်ပေမဲ့...သူက ဝင်မရှုပ်လာဘူးလေ...တစ်နှစ်လောက်တော့ရှိနေပြီ...ငါ့အထင် အဖိုး လွတ်လိုက်တဲ့ လူလို့ထင်တယ်...အဖိုးက ငါစုံစမ်းနေတဲ့ ကိစ္စကို တနည်းနည်းနဲ့တော့ သိမှာပဲ...သူလွှတ်ထားတဲ့လူက ငါ့ကို အန္တရာယ်မပေးလာနိုင်ဘူး..."
လုရှောင်း; "ဒါဆိုရင်...မင်းရဲ့ အဖိုးက အကောင်အကြီးကြီးထဲက ဆိုတာ ပိုသေချာသွားပြီပေါ့...ဘယ်လို လုပ်ငန်းတွေလုပ်လောက်လည်း...တရားမဝင်တာတွေဖြစ်လောက်လား...အဲ့လိုဆိုရင် ငါလည်း နောက်ဆို...လုပ်ငန်းစပ်တူလုပ်ဖို့ အခုထဲက မင်းကို ကမ်းလှမ်းထားချင်တယ်...ရလား..."
"မင်းအသာနေစမ်းပါ...ခွေးကောင်... ငါက တရားမဝင်တာ လုပ်မဲ့လူစားမဟုတ်ဘူး...တွေးတောင်မတွေးဖူးဘူး...လုပ်ချင်ရင် မင်း ငါ့အဖိုးဆီကို တိုက်ရိုက်သွားဆက်သွယ်လိုက်..."
"တော်ပါပြီ...မင်းအဖိုးကိုတော့ မဆက်သွယ်ချင်ပါဘူး...မင်း လုပ်လာမဲ့ အချိန်ကိုပဲစောင့် နေလိုက်တော့မယ်..."
ကျိုးယွင်က လုရှောင်းကို အရေးမပါသည့် အကြောင်းအရာတွေကို ဆက်မဆွေးနွေးနေတော့ပဲ အိမ် ပြန်ရန်သာ ဆုံးဖြတ်ချက်ချလိုက်ပြီး
"လုရှောင်း...မင်းမှာ...ဆေးလိပ်အနံ့ပယ်တဲ့ ပီကေရှိလား..."
လုရှောင်း; "ရှိတော့ရှိတယ်...ဒါပေမဲ့ အခုမင်းသောက်လိုက်တဲ့ ဆေးလိပ်က အနံမပြင်းပါဘူး...ရိပ်မိမှာလည်း မဟုတ်လောက်ဘူး... ဘာလို့လိုချင်တာလည်း..."
"လျှာရှည်လိုက်တာ...ပေးမှာသာပေးစမ်းပါ..မင်းက သောက်နေတာကြာပြီဆိုတော့ အနံ့ကိုနှာခေါင်းယဉ်သွားတာလဲ ဖြစ်နေနိုင်တာပဲ...ကောက သောက်တဲ့သူမဟုတ်တော့...ပိုသတိထားသင့်တယ်...သတိဆိုတာ ပိုတယ်မရှိဘူး...အမြန်ပေး..."
"မင်းက ပြန်တော့မှာလား... ဝိုင်ကို စမ်းမြည်းကြည့်ဖို့...မစဉ်းစားရသေးဘူးမဟုတ်လား..."
ကျိုးယွင်က လုရှောင်းကို အမူအရာမဲ့စွာဖြင့် ကြည့်လိုက်ပြီး နှုတ်ခမ်းကို ဘေးတစ်ဘက်တွန့်ကာ ခပ်ညစ်ညစ်ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
"စဉ်းစားထားတဲ့ နည်းလမ်းကိုပဲ...သုံးတော့မယ်...ကောအတွက်လည်း...အဆင်ပြေအောင်...ငါ့အတွက်လည်း ခရီးရောက်အောင်..."
လုရှောင်းသည် သိချင်စိတ်နဲ့ စိတ်ဝင်တစား နားစွင့်လာပြီး ကျိုးယွင်၏ ပုံစံအတိုင်း လုပ်ယူကာ ပြုံးလာပြီး မေးလာလေသည်။
"ဘယ်လိုနည်းလမ်းလည်း..."
ကျိုးယွင်; "တစ်ရက်ခြားပြီး အိပ်ဆေးတိုက်ယုံလောက်ပါပဲ..."
လုရှောင်းက 'မင်းအတည်ကြီးလုပ်တော့မှာလား'ဆိုသည့် အကြည့်ဖြင့် သူ့ကိုကြည့်လာသည်။
ကျိုးယွင်က စကားကို ထပ်မံဆက်ကာ ပြောလိုက်သည်။
"ဟုတ်တယ်...ငါကောအတွက် ကျန်းမာရေးမထိခိုက်တဲ့နည်းလမ်းကိုလည်း စဉ်းစားထားပြီးသား...အဲ့ဆေးကို နောက်မှ သုံးမယ်လို့စဉ်းစားထားပေမဲ့...ဝိုင်ကို မြည်းစမ်းကြည့်ချင်တဲ့ စိတ်က ထိန်းမရဖြစ်လာတော့...အရင်အပတ်က အဲ့အကြံအစည်ကို အသုံးချဖို့...ဆုံးဖြတ်လိုက်ရတာ... အခုဆေးက နောက်နေ့ညနေလောက်ဆို ငါ့လက်ထဲကိုရောက်လာတော့မှာ..."
လုရှောင်းကမေးလာသည်။
"ဘယ်ကမှာတာမို့လို့ တစ်ပတ်တောင်ကြာရတာလည်း...အဲ့ဒါကြောင့်မင်းပုံစံက ဂဏာမငြိမ် ဖြစ်နေတာကို...အဲ့လောက်တော်တော်ဖြစ်လိမ့်မယ်လို့...ငါမထင်ထားဘူး..."
"ငါ...အဖိုးကို ဖုန်းဆက်ပြီးငါ့စိတ်တွေ မတည်မငြိမ်ဖြစ်နေလို့ ညတွေဆိုအိပ်မပျော်ဘူးလို့ ပြောပြီး အကြောင်းပြချက်ပေးလိုက်တယ်...အဲ့တော့အဖိုးကလည်းသူ့ရဲ့ ကျန်းမာရေးကွက်ကဲပေးတဲ့ ပါရဂူ Joni ကိုငါ့အတွက် အိပ်ဆေးဖော်ခိုင်းတယ်...သေချာတယ် ဒါကအကောင်းဆုံးနဲ့ အထိရောက်ဆုံးပဲ...ကောကျန်းမာရေးအတွက်လည်းဆိုးကျိုး သက်ရောက်မှု ရှိမှာမဟုတ်ဘူး..."
လုရှောင်းက အပြုံးကြီးဖြင့်ဆိုလာသည်။
"အဟား...ဒါဆိုရင်...ငါ့အတွက်လည်း...မျှပေးပါလား..."
"စဉ်းစားလေ..."
ကျိုးယွင်သည် ဖုန်းကိုဖွင့်ပြီး စုန့်ကျီးကို လာလို့ရပြီဖြစ်ကြောင်း အသိပေးလိုက်ပြီး ထိုင်ရာမှ ထလိုက်သည်။
သူထလိုက်ရုံပဲ ရှိသေးသည်။ စုန့်ကျီးက သီးသန့်ခန်းထဲကိုပင် ဝင်လာခဲ့ပြီဖြစ်သည်။
ကျိုးယွင်က မျက်မှောင်တစ်ချက်ကျုံ့လိုက်ပြီး
"စုန့်ကျီး...အစထဲက အခန်းအပြင်မှာ စောင့်နေတာလား..."
"ဟုတ်ကဲ့...သခင်လေး...မိန်းကလေး နှစ်ယောက်က ဒီထဲကို ဝင်ချင်တယ် လုပ်နေလို့ တားထားရတာပါ...
အခုတော့...သူတို့လက်လျော့ ပြန်သွားကြပါပြီ..."
"အင်...ဒါဆို ကျေးဇူးပဲ...ပင်းပန်းစေမိပြီ..."
"ရပါတယ်...ကိစ္စမရှိပါဘူး...သခင်လေး..."
ကျိုးယွင်သည် စုန့်ကျီးရဲ့ သူ့အပေါ် လုပ်ဆောင်ပေးမှုတွေအချို့ကို နေ့စဉ်နဲ့အမျှ တွေ့မြင်လာရပြီး တကယ် သစ္စာရှိသည်ကို သိရှိခဲ့တာ ကြာပြီဖြစ်သည်။ထို့ကြောင့်
ကျိုးယွင်က သေချာစဉ်းစားဆုံးဖြတ်လိုက်ပြီး စကားကို လေးနက်စွာဖြင့် ပြောလိုက်သည်။
"အခုချိန်ကစပြီး ... အစ်ကို စုန့်ကျီးလို့ပဲ ပြောင်း​ခေါ်တော့မယ်...ဒါက အစ်ကိုစုန့်ကျီးရဲ့ လုပ်ဆောင်ပေးမှုတွေကို ကျွန်တော်က အသိမှတ်ပြုပြီး တုန့်ပြန်လိုက်တဲ့ သဘောပါ..."
ထိုစကားကို ကြားတော့ အေးစက်ပြီး စကားနည်းသည့် စုန့်ကျီးသည် ဝမ်းသာသည့် ဟန်ဖြင့် မနေနိုင်စွာဖြင့် မသိမသာ ပြုံးလာပြီး ခေါင်းတငြိမ့်ငြိမ့်ဖြင့် လက်ခံလာလေသည်။
"ဟုတ်ကဲ့.. သခင်လေး...အခုလို စပြီး အသိမှတ်ပြုပေးလို့ကျေးဇူးတင်ပါတယ်...နောက်လည်း..
သခင်လေးအတွက်ဆို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးပါ့မယ်..."
ကျိုးယွင်လည်း ခေါင်ငြိမ့်ကာ အသိမှတ်ပြုလက်ခံပေးလိုက်ပြီး လုရှောင်းကို ပြန်ဖို့ နှုတ်ဆက်လိုက်သည်။
"လုရှောင်း...ငါပြန်ပြီ...ငါမှာထားတဲ့ FOCUSကို မမေ့နဲ့အူး..."
"အေးပါ...ငါမမေ့ပါဘူးကွာ..."
လုရှောင်းလည်း ထွက်သွားပြီ ဖြစ်တဲ့ ကျိုးယွင်ကို ကြည့်လိုက်ပြီး မလွယ်ပါလား ဆိုသည့် ပုံဆန်ဖြင့် ခေါင်းခါလိုက်ရသည်။
သူလည်း ဝိုင်ပုလင်း တစ်ခုကို ဖောက်လိုက်ပြီး ဖန်ခွက်ထဲကိုထည့်ကာ ဖန်ခွက်ကို လှုပ်ရှားပေးလိုက်သည်။
ဝိုင်ကို အရသာခံသောက်ကြည့်ရင်း ကျိုးယွင် ပြောလိုက်တဲ့ စကားကိုပြန် အမှတ်ရလာကာ ဖန်ခွက်ထဲမှဝိုင်ကိုတစ်ချက်ပြန်ကြည့်မိလိုက်ပြီး စိတ်ထဲတွင်သာရေရွက်မိလိုက်သည်။
ရှောင်ကောရေ...အဆုံးသတ်ကို ရောက်ရင်...
ရှောင်ကောလည်း...ကျိုးယွင်ကို...ထိန်းနိုင်လောက်မယ်...မထင်မိဘူး...
ကျွန်တော်ကတော့...ပွဲကြည့် ပရိသတ်သာသာပဲဆိုတော့...
ဝင်ရှုပ်ပြီးလည်းအသိမပေးချင်ဘူး...
ဒါက ကျိုးယွင်ကို...ပတ်သတ်လိုက််မိတဲ့ ရှောင်ကောရဲ့ ကံကြမ္မာလို့ပဲ ပြောရမလား...
မိခင်ရဲ့မေတ္တာကိုအပြည့်အဝမရရှိခဲ့တဲ့ ကျွန်တော့်လို လူအတွက်တော့ ကျိုးယွင်ရဲ့လုပ်ဆောင်ချက်က မှန်ကန်တယ်လို့် ခံစားမိတယ်...
ကျွန်တော်သာ ကျိုးယွင်နေရာမှာဆိုရင်လည်း...ကိုယ့်အပေါ်မှာ ကောင်းပေးတဲ့လူကို လက်လွတ်ချင်မှာမဟုတ်ဘူး...
လုရှောင်းသည် ဝိုင်ခွက်ကို စားပွဲ ပေါ်ချလိုက်ပြီး တစ်ချက်ပြုံးလာပြီး နှုတ်ဖျားမှ အသံတိုးတိုးဖြင့်ရေရွတ်လိုက်မိသည်။
"ကျိုးယွင်...ငါ့ကောင်ရ...မင်းတော့ သိပ်ကံကောင်းတာပဲ....အနည်းဆုံးတော့...မင်းမှာ...မင်းကို စိတ်ရင်းနဲ့ ကောင်းပေးတဲ့သူ တစ်ယောက်ရှိနေသေးတယ်လေ..."
လုရှောင်းယွီသည် သူ့ရဲ့ အတိတ်အကြောင်းကို ပြန်သတိရလာ ရပြီး နှုတ်ဆိတ်စွာဖြင့်
ငေးငိုင်နေပြန်တော့သည်။
------------------------
ရေးထားတဲ့စာ စလုံးအမှားအမှန်ပြန်စစ်နေရတော့
ကိုယ်တင်တာ နည်းနည်းနောက်ကျသွားတယ်
😘😘😘😘 Take Care😘😘😘
-----------------
Zawgyi