ရှေးဟောင်း နတ်ဘုရား

By Sharr7

642 39 8

上古 More

အခန်း (၁) : နိဒါန်း

638 39 8
By Sharr7

လွန်ခဲ့သောနှစ်ပေါင်း ခြောက်သောင်းက ဆင်းရဲဒုက္ခကပ်ဘေး ကျရောက်လာချိန်တွင် အမှန်တရားနတ်ဘုရားရှန့်ကူသည် သုံးလောကပျောက်ကွယ်မည့်အရေးမှ ကယ်တင်ရန် ရှေးဟောင်းဘုံတွင် သေဆုံးခဲ့သည်။

ထိုအချိန်တုန်းက တစ်စုံတစ်ယောက်က မေးခဲ့ဖူးသည်။ သေမျိုးများ ဒုက္ခရောက်သည့်အခါ ကောင်းချီးပေးရန် ကောင်းကင်ဘုံရှိ နတ်ဘုရားများထံ ဆုတောင်းနိုင်သော်လည်း နတ်ဘုရားများ မျှော်လင့်ချက်မဲ့သည့်အခါ ပျက်ဆီးခြင်းကလွဲ ဘာများတတ်နိုင်ဦးမှာလဲ။

သေမျိုးများက နတ်ဘုရားများထံ အသနားခံနိုင်သော်လည်း နတ်ဘုရားများက မည်သူ့ကို အသနားခံရမည်နည်း။

စီရင်စုကိုးစုအတွင်း ဒီမေးခွန်းနှင့် ဘဝသံသရာက လည်ပတ်မနေသော်လည်း နောက်ထပ် နှစ်သောင်းအနည်းငယ်ထိ စောင်နေခဲ့သည်။

နှေးကွေးလှသော မသေမျိုး
လမ်းကြောင်းပေါ်တွင် လပေါင်းများစွာ နှစ်ပေါင်းများစွာ မပျော်မရွှင်နှင့် ပျင်းရိနေခဲ့သော်လည်း အားလပ်ချိန်နည်းနည်းလေးတော့ ပေါ်လာသည်။

နှစ်ပေါင်းခြောက်သောင်းသုံးထောင်အကြာတုန်းက ခွင်းလွင်တောင်တွင် ကောင်းကင်မင်းကြီး၏ မင်္ဂလာပွဲကို ကျင်းပခဲ့သည်။

ထိုနေ့သည် စီရင်စုကိုးစုနှင့် နယ်မြေရှစ်ခုအတွက် ပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်သည်။ ကောင်းကင်ဘုံရှိနတ်ဘုရားများအားလုံး တက်ရောက်ကြသော်လည်း အလွန့်အလွန်ကို ခမ်းနားကြီးကျယ်သော မင်္ဂလာပွဲမှာ တိတ်ဆိတ်မှု၊ မသက်မသာခံစားရမှုတို့ဖြင့်သာ ပြည့်နေသည်။

ဤသည်မှာ ကောင်းကင်ဘုံမိဘုရားခေါင်ကြီးဝူဟွမ့်တွင် အထူးသရုပ်မှန်တစ်ခု ရှိခဲ့သောကြောင့်ဖြစ်သည်။

ကောင်းကင်နှင့် မြေကြီး
တို့ ဖရိုဖရဲ ပရမ်းပတာစဖြစ်ချိန်တွင် ရှေးဟောင်းနတ်ဘုရားများသည် ထာဝရ နေထိုင်ခဲ့ကြပြီး ဘိုးဘေးနတ်ဘုရား ချင်ထျန်းသည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး သုံးလောကကို ဖန်ဆင်းခဲ့သည်။ ထိုအချိန်တွင် ဘိုးဘေးနတ်ဘုရားသည် သူ့အမိန့်အောက်တွင် အမှန်တရားနတ်ဘုရားလေးပါးကို အုပ်ချုပ်ခဲ့ပြီး သုံးလောကနှင့် စီရင်စုကိုးစုကို ဖန်တီးရန် သူ့အတွက် နှစ်ပေါင်းတစ်သောင်း အချိန်ယူလိုက်ရသည်။

သုံးလောကအား ဖန်ဆင်းသည့်နေ့တွင် ဘိုးဘေးနတ်ဘုရား၏ ကောင်းမှုကုသိုလ်တော်တို့ ပြည့်ဝသွားပြီး နတ်ဘုရားအဖြစ်မှ နတ္ထိအဖြစ်သို့ ကူးပြောင်းကာ သုံးလောကနှင့် ပေါင်းစပ်သွားချေတော့သည်။ ထိုအချိန်မှစ၍ ဘိုးဘေးနတ်ဘုရားအမိန့်တော်အောက်ရှိ အမှန်တရားနတ်ဘုရားလေးပါးဖြစ်သော ရှန့်ကူကျစ်ယန်ထျန်းချီနှင့် ပိုင်ကျွယ်တို့သည် ရှေးဟောင်းနတ်ဘုရားများ၏ အုပ်ချုပ်သူများ ဖြစ်လာကြသည်။ ရှန့်ကူသည် နတ်ဘုရားမ ဖြစ်သော်လည်း ဘိုးဘေးနတ်ဘုရားထံမှ အမွေဆက်ခံခွင့်ရခဲ့သောကြောင့် အမြင့်မြတ်ဆုံးဖြစ်သည်။

အမှန်တရားနတ်ဘုရားလေးပါးတို့တွင် ထူးခြားသောစွမ်းအားများရှိပြီး သုံးလောကကို လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသည်။ နှစ်ထောင်ပေါင်းများစွာကြာပြီးနောက် ကိုးစီရင်စုမှာ ဖြည်းဖြည်းချင်း ပုံပေါ်လာသည်။ မမျှော်လင့်ဘဲ နှစ်တစ်ထောင်ကြာပြီးနောက် လောကကြီးတွင် နတ်ဆိုးများ ဒုတိယအကြိမ် ထွက်ပေါ်လာခဲ့သည်။ ဆင်းရဲဒုက္ခကပ်ဘေးကျရောက်လာတော့ အမှန်တရားနတ်ဘုရားပါးတို့သည် ကပ်ဘေးကို ရင်ဆိုင်တိုက်ခိုက်ရန် အတူတကွ ပူးပေါင်းခဲ့ကြသည်။ သုံးလောကကို ကာကွယ်ရန် အမှန်တရားနတ်ဘုရားတို့သည် သူတို့၏ နတ်ဘုရားအသွင်ကို ဆုံးရှုံးကာ ဘိုးဘေးနတ်ဘုရားကဲ့သို့ နတ္ထိဖြစ်သွားပြီး သေမျိုးလောကသို့ ကျသွားခဲ့သော သူတို့၏ လက်နက်များသာလျှင် ကျန်ခဲ့လေသည်။ ကပ်ဘေးအတွင်း တိုက်ခိုက်ခဲ့ကြသော ရှေးဟောင်းနတ်ဘုရားများကြားတွင် သုံးပါးသာ ကျန်ရစ်လေသည်။

ထိုအချိန်မှစ၍ ရှေးဟောင်းနတ်ဘုရားများ ပျောက်ကွယ်သွားပြီး သုံးလောကအထက်တွင်ရှိသော ရှေးဟောင်းနတ်ဘုရားများ၏ လောကဘုံသည်လည်း ဘယ်သောအခါမှ မဖွင့်လှစ်နိုင်တော့ပဲ ချိပ်ပိတ်သွားတော့သည်။ ရှေးဟောင်းဘုံခေတ် ကုန်ဆုံးသွားကာ သုံးလောကနှင့် ကိုးစီရင်စုတို့က ရှေးဟောင်းခေတ်နှောင်းပိုင်းကာလအတွင်းသို့ ဝင်ရောက်သွားတော့သည်။

ကပ်ဘေးအတွင်း အသက်ရှင်ခဲ့သော နတ်ဘုရားသုံးပါးမှာ ကောင်ကင်ကိုးထပ်၏ ကောင်းကင်ဘုံမင်းတရားကြီး၊ နတ်ဘုရားမဝူဟွမ့်နှင့် ချီလျန်တောင်ရှိ ချင်းချစ်နန်းတော်မှ နတ်ဘုရားကူကျွင်းတို့ ဖြစ်လေသည်။ ကောင်းကင်မင်းတရားကြီး၏ မူလရုပ်သွင်မှာ ခြေသည်းငါးချောင်းရှိသော ရွှေနဂါးဖြစ်ပြီး နတ်ဘုရားမဝူဟွမ့်မှာ ဇာမဏီမျိုးနွယ်ဆက်ခံသူဖြစ်ကာ နတ်ဘုရားကူကျွင်းမှာ ရှေးဟောင်းရေနဂါးဖြစ်သည်။ သူတို့သုံးယောက်လုံးမှာ ရှေးဟောင်းနတ်သားရဲများမှ အသွင်ပြောင်းလာခြင်းဖြစ်သည်။

ထိုကဲ့သို့သော ရှေးအကျဆုံးအချိန်ကတည်းက တည်ရှိခဲ့သောနတ်ဘုရားများကို သုံးလောက၏နတ်ဘုရားများအဖြစ် ကိုးကွယ်ဆည်းကပ်ကြသည်။

နတ်ဘုရားကူကျွင်းနှင့် နတ်ဘုရားမဝူဟွမ့်တို့မှာ အစတုန်းက နတ်ကြင်ဖော်များဖြစ်ခဲ့ကြသည်။ နှစ်ယောက်လုံးသည် လောကအရေးကိစ္စများကို ပါဝင်ပတ်သတ်ခြင်းမရှိတော့ဘဲ လောကကြီးမှ ဖုံးကွယ်နေထိုင်ရန် ချင်းချစ်နန်းတော်ကို တည်ဆောက်ခဲ့ကြသည်။ သူတို့ လမ်းတစ်ခါ ထွက်လျှောက်သည်ကပင် တစ်ခြားနတ်များကို အားကျကာ မနာလိုဖြစ်စေလေသည်။

လွန်လေပြီးသောနှစ်ထောင်ပေါင်းများစွာအကြာက နှစ်ဘုရားနှစ်ပါးသည် ကလေးတစ်ယောက် ဖွားမြင်ခဲ့သည်။ ဤသည်မှာ သုံးလောကလုံးအတွက် ကြီးကြီးမားမား ပျော်ရွှင်ကြည်နူးရမည့် ကိစ္စဖြစ်လေသည်။ သို့သော်ငြား က​လေးက နတ်အရှိန်အဝါအားနည်းပြီး မွေးလာလိမ့်မယ်လို့ သူတို့မထင်ထားခဲ့ကြ။ နှစ်ပေါင်းတစ်ထောင်ကြာပြီးတာတောင် ကလေးက အခွံထဲက ထွက်လာရန် စွမ်းအားလုံအလောက်မရှိဘဲ အားနည်းသထက်နည်းလာကာ သေတော့မလိုပင် ဖြစ်နေချေသည်။ လောကကြီးထဲရှိ အမြင့်မြတ်ဆုံးနတ်ဘုရားတို့၏ ကလေးက အလွန်အားနည်းနေသည့်အချက်က အများသူငှာကို အံ့အားသင့်စေပြီး နတ်ဘုရားနှစ်ပါးလုံး စိတ်ထိခိုက်ရလေသည်။ အမတအရှင်များအားလုံးက နတ်ဘုရားငယ်လေးအကြောင်းကို မပြောရဲကြပေ။

နတ်ဘုရားငယ်လေးမွေးကတည်းက နတ်ဘုရားကူကျွင်းသည် နတ်ဘုရားငယ်လေး၏ စွမ်းအား တိုးတက်လာစေမည့် နည်းလမ်းများကို စဥ်းစားနေပြီး သူ့လက်မောင်းထဲတွင် ဥကြီးတစ်လုံးကို ပွေ့လျက် ရှေးစာပေများတွင် ရှာဖွေဖတ်ရှုနေသည်။ ချင်းချစ်နန်းတော်တွင် နှစ်ပေါင်းများစွာ သူရှိမနေတတ်သည်မှာ ပုံမှန်လိုပင် ဖြစ်လာသည်။ နတ်ဘုရားမဝူဟွမ့်ကတော့ ကလေးက အားနည်းလွန်းသည်ဟု တွေးသည်လား၊ အသက်မရှင်နိုင်ဟု တွေးသည်လားတော့ မသိ။ သူမက ဥအပေါ် ဂရုတစိုက်မရှိလှ။ နတ်ဘုရားကူကျွင်းနှင့်အတူ ခရီးထွက်လိုခြင်း မရှိလှဘဲ ချင်းချစ်နန်းတော်မှာသာ တစ်ယောက်တည်း နေရစ်ခဲ့သည်။

နန်းတော်ထဲရှိ နတ်ဘုရားမဝူဟွမ့် အပျင်းပြေစေရန် နတ်ဘုရားကူကျွင်းက သူ့သူငယ်ချင်းကောင်း ကောင်းကင်ဘုံမင်းတရားကြီးကို အချိန်ရလျှင် ချင်းချစ်နန်းတော်ကို မကြာခဏ လာလည်ပါရန် အကူအညီတောင်းခဲ့လေသည်။ ဤသို့ဖြင့် နှစ်ထောင်ပေါင်းအနည်းငယ်ကြာလာတော့ မကွဲအက်သေးသော ဥလေးကို စိုးရိမ်တကြီးဖြစ်နေရှာသော နတ်ဘုရားကူကျွင်းသည် ချီလျန်တောင်သို့ ပြန်လာသောအခါ ချင်းချစ်နန်းတော်သည် လူသူကင်းမဲ့ကာ တိတ်ဆိတ်နေလေသည်။ နတ်ဘုရားမဝူဟွမ့်ပျောက်နေသည်မှာ ကြာချေလေပြီ။

ထိုအချိန်တွင် ကောင်းကင်ဘုံမင်းတရားကြီး လက်ထပ်ထိမ်းမြားမည့် သတင်းကောင်းက သုံးလောက ကိုးစီရင်စုလုံးကို ပျံ့နှံ့လျက်ရှိသည်။

သူ လက်ထပ်ထိမ်းမြားမည့်သူက နတ်ဘုရားမဝူဟွမ့်ပင် ဖြစ်ချေတော့သည်။

တစ်ခြားအမတအရှင်များကသာ ဒီလိုကိစ္စမျိုး လုပ်ခဲ့လျှင် သုံးလောကတွင် ခြေချဖို့ပင် ခက်ခဲပေလိမ့်မည်။ ထို့အပြင် သူငယ်ချင်း၏ဇနီးကြင်ဖက်ကို ခိုးယူပြီး ဘယ်လောက်ပင် ပွင့်လင်းရိုးသားသန်မာနေပါစေ နည်းနည်းလေးတော့ အဆင်မပြေဖြစ်ပေလိမ့်မည်။ သို့သော်လည်း သုံးလောက၏ အရှင်သခင် ကောင်းကင်ဘုံမင်းတရားကြီးသာ ဖြစ်နေလျှင်တော့ အမတအရှင်များမှာ မှားယွင်းသည်ဟု တွေးမိသည့်တိုင်အောင် ထုတ်မပြောရဲပါချေ။

နတ်ဘုရားများကြားထဲက နာကြည်းမုန်းတီးမှုများက အမတအရှင်ငယ်လေးများ မှန်သည်၊ မှားသည်ဟု ပြောနိုင်သည့်အရာမဟုတ်ချေ။

သို့သော် ယခုမူ အမတအရှင်တစ်စုသည် ခွင်းလွင်တောင်၏ တိမ်တိုက်များပေါ်တွင် ထိုင်နေကြသည်။ ခွင်းလွင်တောင်ထိပ်ပေါ်တွင် ရောင်စုံမင်္ဂလာတိမ်များက ပေါ်လာသောအခါ သူတို့၏စိုးရိမ်စိတ်များက မြင့်တတ်လာကြသည်။

နတ်ဘုရားကူကျွင်းက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကောင်းကင်ဘုံမင်းတရားကြီးထက် ခန့်ညားထည်ဝါနေလျက် ကောင်းကင်တွင် မတ်တတ်ရပ်နေသည်။ သူက ပို နူးညံ့သိမ်မွေ့ပြီး ရည်မွန်ခန့်ညားလေသည်။

နတ်ဘုရားမဝူဟွမ့်၏မျက်ဝန်းများက အနည်းငယ် လှုပ်ခတ်သွား၏။ မြောက်များစွာသော အမျိုးသမီးအမတအရှင်များကလည်း သူမကို အံ့အားတသင့် ကြည့်ရင်း အချင်းချင်း တီးတိုးပြောဆိုကြတော့သည်။

သူ့တို့စိတ်ထဲတွင် အတွေးအမျိုးမျိုးရှိနေကြသော်လည်း အမတအရှင်များက နတ်ဘုရားကူကျွင်းကို ကြိုဆိုသည့်အနေဖြင့် ​ကြမ်းပြင်ပေါ် ဒူးထောက်ဦးညွှတ်လျက်ရှိသည်။

သူတို့က မကြာခင်ဖြစ်လာတော့မည့် ခွင်းလွင်တောင်ပေါ်ရိှ ပြင်းထန်လှသော တိုက်ပွဲတစ်ပွဲကို ကြိုဆိုနေလျက်...။

မည်သူမျှ မျှော်လင့်မထားသည်က နတ်ဘုရားကူကျွင်းသည် ကျိုးကြောင်းဆီလျော်သလို ပြုမူနေပြီး ကောင်းကင်မင်းကြီးနှင့် ကောင်းကင်မိဖုရားကြီးတို့ကို မသိကျိုးကျွန်ပြုကာနေသည်။ တိမ်စိုင်များက ကျဆင်းလာတော့ သူသည် အမတအရှင်တို့၏ ကံကြမ္မာကို ဖတ်ပေးနိုင်သော နတ်သားလင်ကျွမ်းဆီသို့ တည့်တည့်မတ်မတ် လျှောက်လာခဲ့ပြီး ကံကြမ္မာဖတ်ရန် သူ့လက်ထဲရှိဥကို ကမ်းပေးလိုက်သည်။

နတ်ဘုရားကူကျွင်းက ဤဥကို တန်ဖိုးထားသည်ကို အားလုံးက သိကြသော်လည်း ဤကဲ့သို့အရေးကြီးသည့်နေ့တွင် အနှီနတ်ဘုရားလေး၏ ကံကြမ္မာအကောင်းအဆိုးကို ဖတ်ရန် ခွင်းလွင်တောင်ကို ရောက်လာခဲ့သည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြ။

ဤသည်မှာ ကောင်းကင်မင်းကြီးနှင့် ကောင်းကင်မိဖုရားကြီးတို့၏ မျက်နှာကို ခပ်ပြင်းပြင်းရိုက်ချလိုက်ခြင်းပင်။ ထိုအခြင်းအရာက အားလုံးကို မသက်မသာခံစားရစေသည်။

နတ်ဘုရားမဝူဟွမ့်သည် အမူအရာပြောင်းသွားပြီး ချက်ချင်း ထွက်သွားတော့မည်ဟန် ပြင်လိုက်သည်။ ကောင်းကင်မင်းကြီးက အကြင်နာမေတ္တာတရားကြီးမားပြီး သူမကို နှစ်သိမ့်ကာ မင်္ဂလာပွဲကို မပျက်စီးစေခဲ့ပေ။

မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နေသော အမတအရှင်များ၏ မျက်ဝန်းများအောက်နှင့် နတ်ဘုရားသုံးပါးတို့၏အရှိန်အဝါအောက်တွင် နတ်သားလင်ကျွမ်းတစ်ယောက် တုန်တုန်ယင်ယင်ဖြစ်လာတော့သည်။ သူ အလွန်အမင်းကို ထိတ်လန့်ကြောက်ရွံ့နေသည်။ ဥ၏ဇာစ်မြစ်ကို သူသိနေ၍ မငြင်းဆန်ရဲပေ။ ထို့ကြောင့် နတ်ဘုရားကူကျွင်းလက်ထဲမှ ဥကို တုန်တုန်ယင်ယင်နှင့် လှမ်းယူလိုက်ရုံသာတတ်နိုင်သည်။

မမျှော်လင့်ဘဲ ကံကြမ္မာဖတ်ခြင်းက အချိန်အနည်းငယ် ကြာမြင့်သွားသည်။ အမတအရှင်များအဖို့ နှစ်တစ်ရာဆိုသည်မှာ မျက်စိတစ်မှိတ်မျှသာဖြစ်သော်လည်း ဤအခြေအနေအောက်တွင် အချိန်များက ကုန်ခဲလှသည်။

ခွင်းလွင်တောင်တွင် ကျင်းပနေသော မင်္ဂလာပွဲမှာ ဥတစ်လုံးကြောင့် တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားရသည်။ အမတအရှင်များ၏ မျက်လုံးများမှာလည်း လုံးဝန်းနေသော ဥအပေါ်တွင်သာ ကျရောက်နေသည်။ နတ်သားလင်ကျွမ်းက ဉာဏ်ပိုကောင်းပြီး စကားလှလှများ ပြောလိမ့်မည်ဟု သူတို့အားလုံး မျှော်လင့်ထားကြသည်။ ထိုမှသာ နတ်ဘုရားကူကျွင်းလည်း စိတ်သက်သာရာရသွားပြီး အဖြစ်အပျက်တွေကလည်း အရှက်ရစေတော့မည်မဟုတ်။ ထို့နောက် ခွင်းလွင်တောင်သည် ကောင်းကင်ဘုံကိုးထပ်၏ မြင့်မြတ်သောနယ်မြေဖြစ်သည်။ ရှေးခေတ်အချိန်ကတည်းက တည်ရှိလာခဲ့သော သန့်စင်မွန်မြတ်သောတောင်သည် နတ်ဘုရားသုံးပါးတို့၏ အရှုပ်အထွေးကြောင့် ဖျက်ဆီးခံရမည်ကို မည်သူမျှ မလိုလားကြချေ။

ကောင်းကင်မင်းကြီး ထိန်းချုပ်မထားနိုင်တော့ဘဲ ချောင်းအနည်းငယ်ဆိုးလိုက်တော့မှ နတ်သားလင်ကျွမ်းသည် ရွှေရောင်ဥပေါ်မှ သူ့လက်ကို ဖယ်လိုက်တော့သည်။ ခဏလောက် တုံ့ဆိုင်းလိုက်ပြီးမှ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နေသော အမတရှင်များရှေ့တွင် သုံးလောကကံကြမ္မာကို ပြောင်းလဲစေမည့် စကားတစ်ခွန်းကို တုန်လှုပ်စွာဖြင့် ပြောလိုက်တော့သည်။

"ဒီနတ်သူငယ်လေးက...စိုးရွံ့မိပါတယ်...နတ်ဘုရားဖြစ်မယ့်ကံကြမ္မာပါ"

အားလုံး ထိတ်လန့်အံ့အားသင့်သွားရသည်။ အမတအရှင်များ မှင်တက်သွားသည်။ မွေးလာတာ နှစ်ထောင်ပေါင်းအနည်းငယ် ကြာပြီးတာတောင် သည်ကလေးက အခွံကိုတောင် ဖောက်ထွက်ဖို့ စွမ်းအားမရှိသေးသလို သာမန်အမတကလေးတစ်ယောက်နှင့် မခြားပေ။ ဤကဲ့သို့ဝိညာဥ်စွမ်းအားရှိသည့်ကလေးက နတ်ဘုရားကံကြမ္မာ ဖြစ်နိုင်မည်တဲ့လား။

နတ်ဘုရားကူကျွင်း အကျပ်ကိုင်ထားရင်တောင် ဒီနတ်သားလင်ကျွမ်းက အဓိပ္ပာယ်မရှိတာတွေကို ပြောထွက်ရဲသည်လား။

သေချာတာပေါ့။ ဘယ်အမတအရှင်တစ်ယောက်ကမှ ဒီစကားကို အသံကျယ်ကျယ်ထွက် မပြောရဲချေ။ ကောင်းကင်မင်းကြီးတောင်မှ ဉာဏ်အမြော်အမြင်ကြီးစွာဖြင့် နားမကြားဟန်ဆောင်နေလေသည်။

နတ်ဘုရားကူကျွင်း မည်မျှပင် အလုပ်မရှိပျင်းရိနေစေကာမူ နတ်သားလင်ကျွမ်း ပြောသမျှသည် ယဥ်ကျေးမှုအရဆိုသည်ကိုတော့ သိသင့်ပါသည်ဟု အမတအရှင်များက တွေးနေကြသည်။ နတ်ဘုရားတစ်ပါးသည် တကယ့်ကို အရေးကြီးသော မြင့်မားသောအဆင့်အတန်းဖြစ်သည်။ အနှီစကားကို နားထောင်ရသည်မှာ အဆင်ပြေသော်ငြား နတ်ဘုရားတစ်ပါးအဖြစ် ထည့်ရေတွက်ဖို့ကတော့ တကယ့်ကို မဖြစ်နိုင်ပါချေ။

သို့စေကာမူ မည်သူက ကြိုသိနိုင်မည်နည်း။ အံ့အားသင့်နေကြသော အမတအရှင်များကြား ရုတ်တရက် ရယ်သံရှည်တစ်ခုက ဗြုန်းခနဲ ထွက်ပေါ်လာလေသည်။ နတ်ဘုရားကူကျွင်းသည် အရှေ့ဘက်သို့ ရှေးရှုကာသွားနေသော ရောင်စုံမင်္ဂလာတိမ်စိုင်များပေါ် တက်လိုက်ပြီး နတ်သားလင်ကျွမ်းကို နောက်ထပ်စကားပြောရန် လုံးဝ အခွင့်အရေးမပေးတော့ချေ။

"အမတမိတ်ဆွေအရှင်များကို သက်သေထားလို့ ယခုအချိန်ကစ ငါ့ကလေးဟုတ်ချစ်သည် နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မည် ကောင်းကင်နဲ့ မြေကြီးက သက်သေအဖြစ်တည်စေ"

အစမှ အဆုံးထိတိုင်အောင် နတ်ဘုရားကူကျွင်းသည် ပလ္လင်အမြင့်တွင် ထိုင်နေသော ကောင်းကင်မင်းကြီးနှင့် ကောင်းကင်မိဖုရားကြီးတို့ကို တစ်ချက်မျှတောင် လှည့်ကြည့်မသွားပါချေ။

အမတအရှင်အားလုံးတို့သည် အချင်းချင်းကြည့်လိုက်ကြ၏။ အနှီစကားလေးတစ်ခွန်းကြောင့် အခွံကိုတောင် ခွဲမထွက်နိုင်သေးသည့် နဂါးငယ်လေးတစ်ကောင်က သုံးလောကထိပ်မှာ ရှိနေခဲ့သည်။ ကလေးတစ်ယောက်ကို နတ်ဘုရားဟု အမည်တပ်ခြင်းက ကိုးရိုးကားရားနိုင်လှသည်။ သို့ဖြစ်စေ အဖြစ်အပျက်က ဤသို့ဖြစ်ပျက်သွား၍ နတ်ဘုရားကူကျွင်း ပြောခဲ့သည်စကားအား မည်သူမျှ မလွန်ဆန်နိုင်ချေ။

ဤကဲ့သို့ ဖြစ်ပျက်ပြီးနောက် နတ်ဘုရားကူကျွင်းသည် ခြေရာတောင်မချန်ဘဲ ပျောက်ကွယ်သွားတော့သည်။ နတ်ငယ်လေးများအတွက် နတ်ဘုရားဟူသည့် အဆင့်အတန်းမှာ ရှင်းပြရခက်လှသည်။

ရှေးဟောင်းခေတ်နှောင်းပိုင်းကာလတွင် အထူးခြားဆုံးအဖြစ်အပျက်ကို ပြောပြပါဆိုလျှင် ဒီအဖြစ်အပျက်ထက် ပိုပြီးထူးခြားတာ မရှိနိုင်တော့။

ခွင်းလွင်တောင်အထက် တိမ်ပင်လယ်အနက်ရှိုင်းဆုံးတစ်နေရာတွင် အဖြူရောင်ဝတ် ယောက်ျားတစ်ယောက်သည် သစ်သားပန်းပုကို ဖြည်းဖြည်းချင်းထွင်းရင်း ပုရွက်ဆိတ်များကဲ့သို့ အမတအရှင်များကို ကြည့်နေခဲ့ပြီး ကူကျွင်းက ဥလေးကို နတ်ဘုရားအဖြစ် အပ်နှင်းပြီးမှ ထွက်ခွာသွားခဲ့လေသည်။

အစမှ အဆုံးတိုင် ကောင်းကင်မင်းကြီးအပါအဝင် နတ်ဘုရားများမှာ အနှီသူပေါ်လာသည်ကို သတိမထားမိခဲ့ကြပါချေ။

သဘာဝကျစွာပင် နောက်နှစ်သောင်းပေါင်းများစွာအထိ ဤအခြင်းအရာက သုံးလောကတွင် အပြောအများဆုံးဖြစ်လာလိမ့်မည်။

ချင်းချစ်နန်းတော်၏ နတ်ဘုရားငယ်လေး ဟုတ်ချစ်သည် မွေးကတည်းက ကံကောင်းခြင်းများနှင့် မွေးဖွားလာခဲ့လေသည်။

Continue Reading

You'll Also Like

78.1K 11.9K 54
၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိ...
405K 16.1K 97
သိပ်လှတဲ့ ဒီနေရာလေးကို ငွေမြို့တော်လို့ ခေါ်တယ်... သူကတော့မြို့တော်ကိုကာကွယ်ပေးတဲ့ မြို့ရိုးတစ်ခုနဲ့ တူတယ် ကျွန်မအတွက်တော့ အမုန်းမြို့ရိုးပေါ့...
658K 88.8K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
88.6K 12.9K 61
'' အကောင်ပေါက်လေး ဒီကိုလာ ပြီးတော့ မင်းရဲ့ချစ်စရာ ကောင်းမှု တွေကို ပြသ ပေး!'' English title ' Little orc comes hear , show off your cuteness! '' Titl...