Continuation of TehOh's Love...

By Kylbkpp

461 48 18

[One Shot BKPP's Fanfic] I promised you the moonလေးပြီးသွားတော့ ဖူးခက်သားလေးနှစ်ယောက်ကို လွမ်းပြီးကျန်ခဲ့ရတယ်... More

Zawgyi 🌺

Unicode 🌺

351 38 18
By Kylbkpp

"တီတီ...တီတီ...တီတီ...တီတီ.."

အိပ်ရာဘေးကထိုင်ခုံလေးပေါ်တွင်တင်ထားသည့် Digital နာရီလေးက 7:00 amလို့ပြနေသည်။ နာရီ Alarmမြည်နေပေမယ့် ပိတ်မယ့်သူမရှိ...

Ohaew တစ်ယောက် Alarm မမြည်ခင်အစောကြီးကတည်းကထကာ မီးဖိုခန်းထဲရောက်နှင့်နေပြီဖြစ်သည်။
မားSui ဆီက Hokkien Mee လုပ်နည်းသင်ထားပြီး Tehကို ပြန်လုပ်ကျွေးမယ်ဆိုသည့် စိတ်ကူးကို အကောင်အထည်ဖော်ဖို့ကြိုးပမ်းနေခြင်းပင်။

လုပ်လိုက်၊ကိုယ့်ဘာသာမြည်းကြည့်လိုက်၊ စိတ်တိုင်းမကျလိုက် ၊ ပြန်ပြင်လိုက်နဲ့ တစ်ယောက်တည်းအလုပ်တွေရှုပ်နေလို့ပေါ့ ။

" အဆင်မပြေသေးဘူး ဟူး"

အရသာကို စိတ်တိုင်းမကျတိုင်း လွှင့်ပစ်ပြီး ခဏခဏအသစ်ပြန်လုပ်နေမိသည်။ Tehအတွက်ဆို အရသာအကောင်းဆုံး Hokkien Meeကိုလုပ်ကျွေးချင်သည်လေ။
သတိရလို့အချိန်ကိုမော့ကြည့်တော့ 8:30am...
ဒီအချိန်ဆို Tehရိုက်ကွင်းကို ရောက်နေလောက်ပြီ။
Hokkien Meeကိုမြန်မြန်အပြီးသတ်ပြီး Teh မနက်စာစားဖို့အတွက် အချိန်မီသွားပို့သငိ့ပြီမဟုတ်လား။

Tehရဲ့ရိုက်ကွင်းကို Ohလိုက်သွားရင် Fanတွေအာရုံစိုက်ခံရပြီး Teh အနှောင့်အယှက်ဖြစ်မှာတော့ ကြောက်မိပေမယ့် မျက်နှာကိုသေချာမမြင်အောင် Maskတပ်၊ ဦးထုပ်ဆောင်းပြီးခဏလောက်သွားရင်တော့ ဘာမှမဖြစ်လောက်ဘူးလို့ Ohတွေးထားသည်။ Shootingတွေနဲ့အလုပ်ရှုပ်နေလို့ မတွေ့တာကြာတဲ့ Tehရဲ့မျက်နှာကိုခဏလောက်တော့တွေ့ချင်သည်လေ...

"Okay! အရသာအဆင်ပြေသွားပြီ"

Hokkien Meeထည့်ဖို့ထမင်းဘူးလှလှလေးကို သေချာဆေးလိုက်သည်။

"တင်း​ေတာင်...တင်းတောင်"

Hokkien Meeကိုမြန်မြန်ထည့်ပြီး ရိုက်ကွင်းကိုအမှီသွားဖို့က Ohအတွက်အရေးကြီးနေပါသည်ဆိုကာမှ
တံခါးဝကလူခေါ်ဘဲလ်က အသံမြည်လာသည်။

"သွားစရာရှိပါတယ်ဆိုမှ
ဘယ်သူလာတာလဲမသိဘူး"

Ohလက်မြန်မြန်ဆေးကာ လုပ်လက်စအလုပ်ကိုခဏထားပြီး ခပ်မြန်မြန်ပဲ အိမ်ရှေ့တံခါးကိုဖွင့်ပေးလိုက်သည်။
တံခါးဖွင့်ဖွင့်ချင်း တန်းတွေ့လိုက်ရတာက Ohရဲ့ရှေ့တည့်တည့်မှာနေရာယူထားတဲ့ နှင်းဆီပန်းစည်းလှလှလေး...။

လှလွန်းလို့ Oh ရုတ်တရတ်ငြိမ်ပြီးငေးကြည့်နေမိသည်။
လာပို့တဲ့သူက သူ့မျက်နှာကိုနှင်းဆီပန်းနဲ့ကွယ်ထားတော့ ဘယ်သူမှန်းမသိပေမယ့် ဝတ်စားထားပုံအရ Deliveryသမားတစ်ယောက်ပဲဖြစ်မယ်...
Shootingကြောင့်မအားလို့ Deliveryနဲ့ Tehပို့ခိုင်းလိုက်တာပဲနေမယ်လိူ့ Ohတွေးပြီးပြုံးလိုက်မိသည်။

"ဘယ်သူကပို့လိုက်တာလဲမသိဘူးဗျ"

နှင်းဆီပန်းကိုင်ထားတဲ့သူကချက်ချင်းမဖြေဘဲငြိမ်နေတော့ Ohသံသယဝင်လာသည်။
နှင်းဆီပန်းစည်းကိုOhလက်နဲ့အသာအယာဖယ်လိုက်တော့ ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ထိုသူက မျက်နှာကိုငုံ့ထားတာမို့ Ohသူ့မျက်နှာကိုမမြင်ရဘူး။

ထိုသူက ပြီးမှဦးထုပ်လျှာကိုလက်နဲ့ကိုင်ပြီး တဖြည်းဖြည်းမျက်နှာမော့လာသည်။
ဦးထုပ်လုံးဝချွတ်ပြီးချိန်မှာတော့ Delivery Man ဟန်ဆောင်ထားတဲ့ Tehက Ohကိုပြုံးပြီးကြည့်နေလေသည်။

"ဟင်...Teh!မင်းဘယ်လိုလုပ်..."

"ရှူး..."
Tehက လက်ညှိုးကိုနှုတ်ခမ်းနားကပ်ပြီး ပတ်ဝန်းကျင်ကိုဟိူကြည့်ဒီကြည့်ကြည့်လိုက်ပြီးမှ Ohကိုဖက်ပြီးအိမ်ထဲဝင်လိုက်သည်။

"လွမ်းလိုက်တာ Ohရယ်"

"ဘယ်လိုဖြစ်ပြီး Delivery Man ဝတ်စုံဝတ်ထားရတာလဲ Teh"

"ငါ့ကို Teh မှန်း မသိကြအောင်လို့ပေါ့...ကိုယ့်ချစ်သူဆီကိုလာတာ လွတ်လွတ်လပ်လပ်လာချင်လို့လေ"

"ဟမ် ဒါဆို ရိုက်ကွင်းကရော"

"ငါရိုက်ရမယ့်အပိုင်းကို မြန်မြန်လက်စသတ်ပြီး ဒါရိုက်တာကမဆွဲထားခင် P'Chompoo ကိုပြောပြီးမြန်မြန်လစ်ထွက်လာခဲ့တာ၊ဒီနေ့တစ်ရက်တော့ မင်း နဲ့တူတူရှိချင်လို့ ... ကြားရက်တွေကျ  မင်းကအလုပ်သွားနေရတာမဟုတ်လား"

မင်းနဲ့တူတူရှိချင်တယ်ဆိုတဲ့ စကားလေး‌ကြောင့် Ohသဘောကျစွာပြုံးမိသည်။

"ပန်းစည်းကရော ဘာလို့ယူလာတာလဲ"

Ohရဲ့မေးခွန်းကြောင့် Tehကစိတ်ဆိုးသွားသည့်မျက်နှာနှင့်
"ဘာလဲ ဒီနေ့ငါတို့ပြန်တွဲကြတာတစ်လပြည့်ပြီဆိုတာကိုမေ့နေတာလား"

"သိသားပဲ....ဒါပေမယ့်ငါက Anniversaryကို ငါတို့ဖူးခက်မှာ ချစ်သူစဖြစ်တဲ့နေ့ကိုပဲမှတ်ထားတာ"

"မရဘူး ဒီ‌ေနေ့ကလည်း ငါတို့ရဲ့ Anni Dayပဲ  သူများတွေနဲ့မတူအောင် တစ်နှစ်မှာ      Anniversaryနှစ်ခါလုပ်လို့မရဘူးလား...ဟင်"

​Tehနဲ့Oh ပြန်တွဲပြီးနောက်ပိုင်း Tehကအရင်ကထက် ထူးထူးဆန်းဆန်းအကဲပိုလာသည်။
အကဲပိုနေသည့် Tehကို အမြင်ကတ်လို့ Ohကမျက်စောင်းထိုးပြီးပြန်ဖြေလိုက်သည်။

"အင်းပါ...အင်းပါ လုပ်လို့ရပါတယ်"

Ohမျက်စောင်းထိုးတာကအသည်းယားစရာကောင်းနေတော့
Tehမနေနိုင်ဘဲ Ohရဲ့ပါးလေးကိုတစ်ချက်နမ်းရှိုက်လိုက်သည်။
ပါးကနေတဖြည်းဖြည်းဆင်းလာကာ လည်တိုင်လေးကိုငုံ့နမ်းတော့ Ohက..

"Tehနေပါဦး..နောက်မှနမ်းလေ၊ မင်းစားဖို့ ငါ Hokkien Meeလုပ်ထားတယ်...ရေအရင်ချိုးပြီးရင်စားလို့ရပြီ ခုပူတုန်းစားမှကောင်းမှာ"

"အွန်း...Ohကလည်း"

"လိမ္မာတယ်သွား... အခုရေသွားချိုးလိုက် မင်းအတွက်အင်္ကျီထုတ်ထားပေးမယ်နော်"

Tehကိုရေအတင်းချိုးခိုင်းပြီး မီးဖိုခန်းထဲဝင်တော့မလို့လုပ်နေတဲ့ Ohရဲ့ခါးကို Tehလှမ်းဆွဲဖက်လိုက်သည်။

"ခဏလေးနေပါဦး ဖြည်းဖြည်းပေါ့ ငါကဒီနေ့တစ်ရက်လုံးနေမှာ စားဖို့အချိန်တွေများကြီးရှိပါသေးတယ်"

Ohက ရုတ်တရက်ခါးဆွဲဖက်ခံလိုက်ရလို့ မျက်လုံးလေးပြူးသွားပြီးမှ Tehစကားကြောင့်ပြုံးသွားသည်။

"တကယ်တစ်နေကုန်နေမှာလား"

"ဒီညဒီမှာအိပ်မှာ...ရတယ်ဟုတ် Ke yi maaaa?"
Ohပုခုံးပေါ်မေးတင်ပြီးခပ်ချွဲချွဲလေးမေးနေတဲ့ Tehကို Ohအသည်းယားလာသည်။

"Ke yi ..."လို့ပြန်ပြောရင်း နှာခေါင်းချွန်ချွန်လေးကိုဆွဲလိုက်သည်။

"ကဲပါလွှတ်တော့ ‌ရေမြန်မြန်ချိုးပြီးလာခဲ့နော် ခေါက်ဆွဲတွေအေးကုန်မယ်"

"Kurb"

ရေချိုးဖို့ အခန်းထဲဝင်သွားတဲ့Tehကိုကြည့်ရင်း Ohပြုံးနေမိပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဘယ်လိုလဲ စားလို့ကောင်းရဲ့လား"
Ohလုပ်ကျွေးတဲ့ Hokkien Meeကိုတစ်လုပ်ချင်း စားကြည့်နေတဲ့ Tehကို Ohမေးလိုက်သည်။

"ကောင်းပါတယ် ပထမဆံုးလုပ်ထားတာလို့တောင်မထင်ရဘူး နောက်တစ်ခါလုပ်ရင် မားလက်ရာကိုမှီတော့မှာပဲ "

Teh ရဲ့ချီူးကျူးစကားကြောင့် Oh ကရယ်ကာ
"အရမ်းအပိုပြောတယ်နော်"လို့ပြန်ပြောလိုက်သည်။

"တကယ်ပြောတာပါဆိုမယုံဘူးလား ရော့စားကြည့်"

Tehက ohကို တစ်ဇွန်းခွံ့ကျွေးလိုက်သည်...

"အင်းနော် ကောင်းသားပဲ "

"အဲ့တာကြောင့် ပြောပါတယ် ငါ့ချစ်သူကဘက်စုံတော်ပါတယ်လို့ "

"မြှောက်ပြောပြန်ပြီ"

HokkienMeeစားပြီးတော့ ပန်းကန်ဆေးနေတဲ့ OhကိုTehမေးလိုက်သည်။

"ပြီးရင်ဘာလုပ်ကြမလဲ...Oh"

"ငါဇာတ်လမ်းကြည့်မလို့ ခဏနေကျရင်...မင်းရဲ့ဇာတ်လမ်းတွဲလာတော့မှာ"

"မကြညိ့နဲ့"

"ဟင်ဘာလို့လဲ ငါကကြည့်နေကျပဲ ခုဆိုအပိုင်း၁၀တောငိရောက်နေပြီ ဒီနေ့ကောင်းခန်းပါမယ်ထင်တယ်"

Ohကပြောရင်း အိမ်ရှေ့ခန်းကSofaပေါ်မှာသွားထိုင်ကာ Remoteနဲ့ TVမှာလိုင်းသွားဖမ်းနေလေရဲ့။
Tehက အိမ်ရှေ့ခန်းကိုလိုက်သွားပြီး Ohကိုဖက်လိုက်ရင်း ဇာတ်လမ်းတွဲကိုမဖမ်းအောင် Ohလက်ထဲကremoteကိုဖယ်ထားလိုက်သည်။

"နေပါဦးလူတစ်ယောက်လုံးဘေးမှာရှိနေတာကိုဘာလို့TVမှာကြည့်ဦးမှာလဲလို့"

Sofaပေါ်မှာTehက ထိုင်လျက် ပေါင်ပေါ်မှာOhကိုတင်ထားလိုက်သည်။

"ဟာ မရဘူးကြည့်မှာပဲ ဇာတ်လမ်းကကောင်းနေပြီ"

Tehရဲ့ပေါင်ပေါ်ကနေအတင်းဆငိးကာ ဖယ်ထုတ်လိုက်တဲ့remoteကိုပြေးယူပြီး TV ကိုရအောင်ဖွင့်လိုက်သည်။

TVထဲမှာ လာနေသည်က Tehနဲ့မင်းသမီးတစ်ယောက်စကားပြောနေသည့်အခန်း...
Tehက ဒီအခန်းမှာဘာဆက်ဖြစ်မလဲကြိုသိနေပြီးသားမို့ Ohဆီက Remoteကိုပြန်လုရပြန်သည်။

"ဒီအခန်းမကောင်းဘူးမကြည့်နဲ့ဆို"

"ဟာကြည့်မှာပဲ ဇာတ်လမ်းပဲဟာကို"

နောက်ဆုံးတော့ Ohကို Tehမနိုင်ပါ...။
ခဏနေတော့ ဇာတ်လမ်းထဲကTehကတဖြည်းဖြည်းမင်းသမီးနဲ့ နမ်းဖို့နီးကပ်လာသည်။
ဒါကိုမျက်တောင်မခတ်ကြည့်နေတဲ့ Ohကို Tehအံ့ဩသည်။သူ့ပုံကြည့်ရတာ သဝန်တိုခြင်း၊ဒေါသထွက်ခြင်းမရှိ...
Tehကသာ ကြားထဲကအားနာနေခြင်းသာ။

TVထဲက Tehနဲ့မင်းသမီးနှုတ်ခမ်းချင်းထိချိန်မှာတော့ Tehမနေနိုင်တော့ဘဲ Ohမျက်လုံးတွေကိုလက်နဲ့သွားပိတ်တော့သည်။

"ဟာ Tehဘာလုပ်တာလဲ ဟိုမှာကြည့်နေတာကို"

"Ohဒီလိုအခန်းတွေကြည့်ရတာ အဆင်ပြေလို့လား အထူးသဖြင့်ငါအခြားသူနဲ့နမ်းနေတာလေ"

"ပြေပါတယ်ဆို ဒါသရုပ်ဆောင်နေတာပဲဟာ လက်ကြီးဖယ်ပါ"

Tehရဲ့လက်ကို Ohပုတ်ထုတ်ကာဆက်ကြည့်နေဆဲ။
Ohကတော်တော်လေးရင့်ကျက်သွားတာပဲ...လို့ Tehတွေးနေမိသည်။ဘာပဲဖြစ်ဖြစ်...အတိတ်မှာ Tehမှားခဲ့တဲ့ကိစ္စလိုမျိုးထပ်ပြီးအဖြစ်မခံနိုင်တော့သလို..အဲ့ဒီအချိန်က Ohခံစားရခဲ့သလိုမျိုး ထပ်ပြီးခံစားရအောင်မလုပ်တော့ဘူးလို့ Tehဆုံးဖြတ်ထားပြီးပြီ။

"Oh...မကြည့်ပါနဲ့ဆို"

"အဆင်ပြေပါတယ်ဆို"

"မင်းအဆင်ပြေပေမယ့် ငါမပြေဘူး"

ဒီတစ်ခါတော့ Ohရဲ့မျက်လုံးကိုလက်နဲ့မပိတ်တော့ဘဲ Ohရဲ့မျက်နှာကိုဆွဲယူပြီးနှုတ်ခမ်းတွေကိုထိကပ်ကာ နမ်းရှိုက်လိုက်တော့သည်။

TVထဲက မင်းသားTehက မင်းသမီးနဲ့နမ်းနေတဲ့အနမ်းတွေထက် Ohကို ပိုစူးရှပြီး ပိုချိုမြိန်တဲ့ အနမ်းတွေကို Tehပေးနေမိတယ်။

ရိုက်ကွင်းကအပေါ်ယံနမ်းတဲ့အနမ်းထက် ချစ်ခြင်းမေတ္တာတွေ စွဲလမ်းမှုတွေနဲ့တပ်မက်ခြင်းတွေပြည့်စုံလို့နေတဲ့
ကိုယ့်ချစ်သူကိုနမ်းတဲ့ ဒီအနမ်းတွေက ပိုပြီးလေးနက်နေမှာသေချာသည်။

Teh​တရှိုက်မက်မက်နဲ့အကြာကြီးနမ်းနေမိလို့ အချိန်တွေဘယ်လောက်ကြာသွားလဲမသိလိုက်...သိလည်းမသိချင်။ဒီလိုအချိန်မှာ Tehနဲ့Ohရဲ့အနားက နာရီတွေအကုန်ကရပ်တန့်လို့နေပြီးသား။

နမ်းလို့ပြီးသွားချိန်မှာတော့ Ohကအရှက်ပြေပြောသည်။
"ဘာလုပ်တာလဲ ဟိုမှာဇာတ်လမ်းတောင်ပြီးသွားပြီ"

"အစတည်းကပြောသားပဲမကြည့်ပါနဲ့ဆို လာ ကိုယ်တို့သွားအိပ်ရအောင်"

"ဟင်...အစောကြီးရှိသေးတယ် ဘာကိုအိပ်မှာလဲ"

"အနားယူတာကိုပြောတာလေ အိပ်ရာထဲမှာစာအုပ်လေးဘာလေးဖတ်ကြတာပေါ့"

"ဪ...စာအုပ်ဖတ်တာပဲလား"
Ohကအဲ့လိုမေးတော့Tehကရယ်ချင်မိသွားသည်။

"အင်းပေါ့လို့ ဘာလဲမင်းက ဘာတွေတွေးနေတာလဲ"
ပြုံးစိစိနဲ့မေးနေတဲ့ Tehမျက်နှာကြီးကိုကြည့်ပြီး Ohရှက်လာသည်။

"ဘာမှမတွေးဘူး သွား"
Ohရှက်ရှက်နဲ့Tehကိုအတင်းတွန်းလွှတ်လေသည်။

"ငါအကြံတစ်ခုရပြီ Oh"

"ဘာလဲ"

"ငါတို့အပြင်မှာသွားDateရအောင်"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"မင်းကိုလူတွေမှတ်မိကုန်တော့မှာပဲTeh"

"Maskတပ်ပြီးဦးထုပ်ဆောင်းထားတာပဲ...မမှတ်မိပါဘူး"

"ငါသာဆိုရင်မှတ်မိတယ်..."

"ဪ Ohရယ် မင်းကငါ့ရည်းစားလေ...မှတ်မိမှာပေါ့
စိတ်ချပါ ငါ့ကိုဒီလိုအိမ်နေရင်းဝတ်စုံနဲ့ဘယ်သူမှမမြင်ဖူးဘူး"

ကိုယ့်ကိုယ်ကိုအရမ်းကိုယုံကြည်မှုပြည့်နေသည့် TehကိုOhဘာမှမပြောတော့ပါ။
မှာထားတဲ့အအေးကိုပဲငုံ့သောက်နေလိုက်တော့သည်။
ကာယကံရှင်ကစိတ်မပူဘဲ Ohကသာ Tehကိုလူတွေမှတ်မိသွားမှာစိတ်ပူနေရသည်။

"Ohဒီကိုကြည့်..."

ဆိုင်မှာအတူဘေးချင်းကပ်ထိုင်နေရင်း Tehက သူ့ဖုန်းနဲ့Ohရဲ့ မျက်နှာလှလှလေးကိုအနီးကပ်ဓာတ်ပုံရိုက်လိုက်သည်။
ပုံလေးတစ်ပုံကိုရွေးပြီး IG Story မှာ "ငါ့ရဲ့အပိုင်"ဆိူတဲ့ Captionလေးနဲ့အတူ Oh ကိုTag တွဲပြီးတင်လိုက်လေသည်။

Instagramကနေ Noti၀င်လာလို့ Ohဖုန်းဖွင့်ကြည့်လိုက်တော့မှ Tehကသူ့ပုံကိုStoryတင်ထားမှန်းတွေ့သွားသည်။

"Teh!...ဘာလို့တင်တာလဲ"

"ဘာလို့လဲ Oh မကြိုက်ဘူးလား"

"ငါကမကြိုက်တာမဟုတ်ပါဘူး ငါစိတ်ပူတာက မင်းရဲ့ Fanတွေကြိုက်ပါ့မလားလို့"

"ကြိုက်မှာပါ...မင်းဒီနေ့ချောနေလို့တင်ချင်လာလို့"

တကယ်တော့ Ohက Tehကိုစိတ်ပူလို့သာပြောရတာ...ခုလိုTagတွဲပြီးတင်ခံရရင် သဘောမကျဘဲနေပါ့မလား။ သိပ်သဘောကျတာပေါ့...
Storyလေးကိုခဏခဏဝင်ကြည့်ပြီး ပြုံးနေတဲ့Ohကို Tehသတိထားမိပါသည်။

"ဘာလဲ...ပျော်နေတာမလား"

"ပျော်တာပေါ့.."

"မင်းမှတ်မိသေးလား ဖူးခက်မှာလေ မင်းနဲ့ငါသူငယ်ချင်းတွေပြန်ဖြစ်တုန်းက မင်းငါ့ရဲ့ဘေးတွဲဆိုင်ကယ်လေးမှာလိုက်စီးတာလေ...အဲ့ဒီအချိန်က နောက်ကျနေတော့ ညဘက်လမ်းပေါ်မှာ ငါတို့ဆိုင်ကယ်လေးပဲရှိတာ"

"မှတ်မိတာပေါ့...အဲ့တုန်းကပျော်စရာကြီး လေတွေလည်းတိုက်နေတာ"

"အဲ့မှာမင်းကငါ့ဆိုင်ကယ်မောင်းနေတဲ့ပုံကိုရိုက်ပြီး IG storyတင်လိုက်တယ်လေ..."

"အမ်...ဪ မှတ်မိတယ်မှတ်မိတယ်"

"အဲ့တုန်းကငါအရမ်းပျော်နေခဲ့တာ...oh aew ရဲ့Storyမှာပထမဆုံးပါခွင့်ရတဲ့နေ့လေးပေါ့"

"ခုတော့အမြဲပါနေပါပြီနော်...Storyမှာတင်မကဘူး OhAewရဲ့ဘဝမှာပါနေ့တိုင်းပါနေပြီသိလား"

"ဟင့်အင်း...ဒီထက်ပိုပြီး Oh Aewရဲ့ဘဝထဲတိုးဝင်ချင်သေးတာ"

"ဘယ်လိုတိုးဝင်ချင်သေးတာလဲ ဒီလောက်အသည်းနှလုံးကိုအပိုင်စီးထားရရင်
တော်ရောပေါ့"

Tehက စားပွဲပေါ်တင်ထားတဲ့Ohရဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်ပြီး
"မင်းကိုလက်ထပ်ချင်သေးတာ..."

Tehရဲ့စကားကြောင့် Ohက Tehမျက်လုံးတွေကိုငေးကြည့်လိုက်မိသည်။Tehရဲ့မျက်လုံးတွေကတစ်ဆင့် Tehဟာတကယ့်စိတ်ရင်းနဲ့အတည်ပြောနေမှန်း Ohခံစားမိပါသည်။

"မင်းကအခုနာမည်ကြီးကာစလေ...မင်းအဆင်ပြေပါ့မလား"

Ohဟာလေ အမြဲTehအဆင်ပြေပါ့မလားဆိုပြီးတွေးပူနေတတ်တဲ့သူမျိုး။
Tehအတွက်အမြဲတွေးပြီး Tehကိုသိပ်ချစ်တဲ့သူ...
ဒီလိုလူမျိုးကို Tehဘယ်လိုမှလက်လွှတ်အဆုံးရှုံးမခံနိုင်တော့တာသေချာနေပါပြီ။

"အခုမဟုတ်တောင်...တစ်နေ့နေ့...လက်ထပ်ကြမယ်နော်"

Ohကပြုံးပြီးခေါင်းညိတ်သည်။

"ဘယ်အချိန်ဖြစ်ဖြစ် ငါစောင့်နေပါ့မယ်..မင်းအဆင်သင့်ဖြစ်ရင် ငါလည်းအဆငိသင့်ပါပဲ"

သိပ်ကိုနားလည်နိုင်လွန်းတဲ့ချစ်သူလေးက Tehကိုပြုံးပြီးကြည့်နေသည်။

ကတိပေးပါတယ်...Oh
ဒီတစ်ခါတော့လမင်းကြီးကိုရော Ohကိုရောမညာတော့ပါဘူး။

နောက်နှစ်မှဖြစ်ချင်လည်းဖြစ်မယ်...
ဒါမှမဟုတ်...နောက်သုံးနှစ်ကြာရင်ကြာသွားမယ်။
ခြောက်နှစ်ကြာမှလက်ထပ်ဖြစ်ရင်လည်းလက်ထပ်ဖြစ်မှာပေါ့...
ဒါပေမယ့်ကျွန်တော် Oh Aewကိုလက်ထပ်မယ်။

ကျွန်တော့်ရဲ့ရှေ့ဆက်ရမယ့်ဘဝမှာ OhAewမပါဘဲဘယ်လို့မှစိတ်ကူးကြည့်လို့မရတော့ပါဘူး။
ဘယ်လောက်ပဲအောင်မြင်နေပါစေ...
ဘယ်လောက်ပဲ ကျွန်တော်လိုချင်တဲ့ဘဝတစ်ခုကိုရပြီးနေပါစေ...
တစ်ခုခုလစ်ဟာနေတဲ့ခံစားချက်ကိုဖြည့်ဆည်းပေးနိုင်တာက Ohaewတစ်ယောက်တည်းပါပဲ။

ဒီတစ်ခါတော့ဘေးတွဲဆိုင်ကယ်လေးပေါ်မှာမဟူတ်ကြတော့ဘဲ...ကားတစ်စီးပေါ်မှာ။
အရင်လို ဖူးခက်မှာမဟုတ်တော့ဘဲ...ဘန်ကောက်မှာ။
ကျွန်တော်တို့နှစ်ယောက်ကလည်း ဆယ်ကျော်သက်လေးတွေမဟုတ်ကြတော့ဘဲ...အရွယ်ရောက်ပြီးသားတွေဖြစ်နေကြပြီ။
အချိန်တွေဘယ်လိုပဲပြောင်းပြီး နေရာတွေဘယ်လိုပဲပြောင်းလဲသွားပါစေ မပြောင်းလဲသော တစ်ခုတည်းသောအရာက Tehဆိုတဲ့ကျွန်တော့်ရဲ့ဘေးမှာ ကျွန်တော့်ကိုအရမ်းချစ်တဲ့ ကျွန်တော်ကချစ်ရတဲ့ OhAewရှိနေတာပါပဲ။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တကယ်ကံကောင်းပါတယ်...
မသေချာမရေရာတတ်တဲ့ကျွန်တော့်အကျင့်တွေကို Ohaewနဲ့ဝေးရာဆီစွန့်ပစ်လိုက်ပြီး...သေချာတဲ့ချစ်ခြင်းတွေနဲ့ ချစ်ပေးဖို့ ကျွန်တော်ဆုံးဖြတ်ထားလိုက်ပါပြီ။

​" Tehကားမထွက်သေးဘူးလား ကောင်းကင်ကြီးကိုကြည့်ပြီး ဘာတွေတွေးနေတာလဲ"

"မင်းနဲ့ငါ့အကြောင်း"

Ohကိုပြုံးပြလိုက်ပြီးလက်တစ်ဖက်ကိုဖွဖွလေးဆုပ်ကိုင်ထားလိုက်သည်။

"ကဲ အိမ်ပြန်ကြတာပေါ့"
ကားကိုစက်နှိုးကာ အိမ်ကိုဦးတည်၍မောင်းထွက်လာခဲ့ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ကဲကြည့်...မစောင့်ပါနဲ့ သွားအိပ်ပါဆို စကားနားမထောင်ဘဲဆိုဖာပေါ်လာအိပ်နေပြန်ပြီ"

Tehက Ohကြော်ငြာဒီဇိုင်းဆွဲတာကိုစောင့်ရင်း ဇာတ်ညွှန်းဖတ်နေမယ်ဆိုပြီး ဆိုဖာပေါ်မှာဇာတ်ညွှန်းစာရွက်ကြီးမျက်နှာပေါ်တင်ပြီးအိပ်ပျော်နေလေပြီ။

"Teh...အိပ်ရာပေါ်သွားအိပ်တော့လေ"

"အမ်...အင်း ငါအိပ်ပျော်သွားတာလား"
Tehကမျက်လုံးက်ိုပွတ်ရင်း အိပ်ချင်မူးတူးပြန်မေးသည်။

"ဟုတ်တယ် အိပ်ချင်တာများ...သွားအိပ်တော့"

"အလုပ်မပြီးသေးဘူးလား Ohရဲ့"

"ပြီးခါနီးပြီနည်းနည်းပဲကျန်တော့တယ်"

"မပြီးလည်းပြီးလိုက်တော့...လာခဲ့"
Tehက Ohကိုစွေ့ကနဲပွေ့ချီလိုက်တော့ Ohအံ့ဩသွားသည်။

"မင်းငါ့ကိုချီနိုင်တယ်လား"

"ဒါပေါ့...Ohကဘယ်လောက်ဝလို့လဲတဖြည်းဖြည်းပိန်လာတာအရိုးပဲကျန်တော့တယ် ပြီးတော့ငါကခုနောက်ပိုငိး Gym ကစားထားတယ်လေ ဒီလောက်တော့အပျော့ပေါ့"

"အမယ်ဟူတ်ပါပြီ ခုချီပြီးဘာလုပ်မို့လဲ"

"အိပ်ရာထဲခေါ်သွားမလို့လေ..."

"အလုပ်တွေကျန်ပါသေးတယ်ဆို"

"မရဘူးကွာ"
လက်ထဲမှာရုန်းနေတဲ့အကောင်ပေါက်ကို ကုတင်နားထိTehပွေ့ချီသွားပြီး ကုတင်ပေါ်အသာလေးချပေးလိုက်သည်။
ပြီးတော့ရင်ခွင်ထဲထည့်ပြီးဖက်ထားကာမလွှတ်ပေးတော့ပါ...

"Teh..."

"ဟင်..."

"ငါတို့မင်္ဂလာဆောင်ရင်လေ ဘယ်လိုပုံစံလေးဖြစ်မလဲမသိဘူးနော်"

"သေချာတာကတော့ Oh မင်းကသိပ်လှနေမှာသေချာတယ်"

"အမယ် မင်းကလည်းအရမ်းခန့်နေမှာပါနော်"

"အဲ့ကျရင် အကိုHoon ဆောင်သလိုမျိုးဖူးခက်မှာပဲကျင်းပကြမယ်...Mo Rao Yu Lukကိုလည်းဖိတ်မယ် Tarnလည်းလာရင်လာမှာ...သူ့ကောင်လေးနဲ့ပေါ့
ပြီးရင် Ohရဲ့ Uniကသူငယ်ချင်းတွေဖြစ်တဲ့ Qတို့ squad ကိုလည်းဖိတ်မယ်၊.P'Topနဲ့ P'Khimကိုတော့ သတို့သားသတို့သမီးအရန်လုပ်ခိုင်းလိုက်မယ်"

"P'Jaiကိုရော ဖိတ်ရမှာပေါ့...Teh မင်းရဲ့စီနီယာပဲလေ"

"သူကနိုင်ငံခြားမှာမို့လို့ လာနိုင်မယ်မထင်ဘူး Ohရဲ့..."

"အင်းနော်..."

"အဲ့နေ့ကျရင်လေ မားSuiကအရမ်းပျော်နေမှာသေချာတယ် သူက Ohaewကို သားအရင်းလေးလိုချစ်ရှာတာ"

"အင်းနော်...မားSuiက ချစ်စရာကြီးရယ်...Ohရဲ့မားနဲ့ပါးကလည်း Tehကိုချစ်ပါတယ်နော်"

"ဟုတ်ပါပြီဗျာ...တွေးလိုက်တာနဲ့တင် ကြည်နူးဖို့ကောင်းလိုက်တာနော် Oh"

"အွန်း...ဟုတ်ပါရဲ့"

"ကဲ ညနက်ပြီး ကိုယ်အိပ်တော့မယ်နော်"

Tehက Ohကိုဖက်ထားရင်းပဲ အိပ်ဖို့ မျက်လုံးတွေမှိတ်လိုက်သည်။
မျက်လုံးမှိတ်ထားပေမယ့် စိတ်ထဲမှာ Ohက သူ့ကိုကြည့်နေတယ်လို့ခံစားနေရတာကြောင့် မျက်လုံးပြန်ဖွင့်ကြည့်တော့ တကယ်ပဲOhကမအိပ်သေးဘဲ Tehမျက်နှာကို ပြုံးပြုံးလေးကြည့်နေသည်။

"ဘာလဲ မအိပ်သေးဘူးလား Oh ညဉ့်နက်နေပြီလေ"

"ခဏလေးပါ...မင်းအိပ်နေတဲ့ပုံလေးကိုကြည့်ရတာ သဘောကျလို့"

"ကဲ...ဒီကောင်လေး အဲ့လိုကြည့်နေတော့ ငါကဘယ်လိုအိပ်ပျော်တော့မလဲလို့"

"ခဏလေးပါဆို"

"ငါ့စကားနားထောင်ပြီးအိပ်တော့နော် Ohကလိမ္မာပါတယ်"

အဲ့ဒီတော့မှ Ohကပြုံးပြီး Tehကိုဖက်ကာရင်ခွင်ထဲမှာငြိမ်ငြိမ်လေးအိပ်ပျော်သွားလေရဲ့...။

အနာဂတ်မှာအမြဲအတူတူရှိနေကြမယ့်နေ့ရက်တွေကိုစိတ်ကူးယဉ်ရင်း...ထိုညက ချစ်သူနှစ်ဦးရဲ့အိပ်မက်တွေဟာ သိပ်ကိုလှပနေခဲ့ပါတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်မတို့သိခဲ့တဲ့ Tehနဲ့Ohရဲ့ ချစ်စရာကောင်းတဲ့အမှတ်တရတွေရှိရာ ဖူးခက်မြို့လေးမှာစတင်ခဲ့သည့် ဖူးခက်သားလေးနှစ်ယောက်ရဲ့ မြတ်နိုးဖွယ်ဇာတ်လမ်းလေးဟာ အဖုအထစ်အတားအဆီးတွေရှိခဲ့သည့်တိုင်...စစ်မှန်တဲ့ချစ်ခြင်းတွေကြောင့် အဆုံးသတ်ဟာတော့ သိပ်ကိုလှပနေမှာအသေအချာပါပဲ။

ကျွန်မတို့မမြင်ရတော့တဲ့ကမ္ဘာလေးမှာ သူတို့နှစ်ယောက် သက်ဆုံးတိုင်အမြဲအတူတူရှိနေကြမယ်လို့
ထာဝရယုံကြည်လျက်...

_kylbkpp_

Continue Reading

You'll Also Like

1.1M 38.1K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
241K 11.1K 32
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
81K 3.6K 20
Grosvenor Square, 1813 Dearest reader, the time has come to place our bets for the upcoming social season. Consider the household of the Baron Feathe...