The little king of the vampire

By StarElla85

96.5K 5.8K 678

Vampireနဲ့လူသားတစ်ယောက်ကဘယ်လောက်ထိချစ်နိုင်သွားလဲဆိုတာဒီficလေးမှာတွေ့ရမှာပါ... #ဤဝတ္တုပါအကြောင်းအရာများသည်မည်... More

❤Intro❤
❤TLKOTV-1❤
❤TLKOTV-2❤
❤TLKOTV-3❤
❤TLKOTV-4❤
❤TLKOTV-5❤
❤TLKOTV-6❤
❤TLKOTV-7❤
❤TLKOTV-8❤
❤TLKOTV-9❤
❤TLKOTV-10❤
❤TLKOTV-11❤
❤TLKOV-12❤
❤TLKOTV-13❤
❤TLKOTV-14❤
❤TLKOTV-15❤
❤TLKOTV-16❤
❤TLKOTV-17❤
❤TLKOTV-18❤
❤TLKOTV-19❤
❤TLKOTV-20❤
❤TLKOTV-21❤
❤TLKOTV-22❤
❤TLKOTV-23❤
❤TLKOTV-25❤
❤TLKOTV-26❤
❤TLKOTV-27❤
❤TLKOTV-28❤
❤TLKOTV-29❤
❤TLKOTV-30❤
❤️TLKOTV-31❤️
Final[Uni]
Final[Zawgyi]

❤TLKOTV-24❤

1.4K 127 31
By StarElla85

Uni
........

"နည်းနည်းအားရှိသလိုခံစားလိုက်ရလားသား"

"ဟုတ်အဖေ"

VEEပါးစပ်မှာပေနေတဲ့ယုန်သွေးတွေကိုသုတ်ပြီးသူ့အဖေအားပြန်ပြောလိုက်လေသည်။

"ရော့ဒီသွေးခွက်ကိုယူသွားပြီးVaselလေးကိုတိုက်လိုက်နော်"

လက်ထဲကသွေးခွက်အားVEEဆီလွှဲပေးလိုက်ပြီးVaselလေးအားတိုက်ရန်ညွှန်ကြားလိုက်လေသည်။

"ဒါပေမဲ့..."

"ဘာဖြစ်လို့လဲသား"

သွေးခွက်ကိုယူရမလိုမယူရမလိုနဲ့တွန့်ဆုတ်နေတဲ့သားဖြစ်သူကြောင့်မေးလိုက်ရခြင်း

"Babyကိုသွေးမသောက်စေချင်လို့ပါ...babyကလူသားတစ်ယောက်လေ..သားသွေးကိုသောက်မိတယ်ဆိုပြီးစိတ်ဒဏ်ရာမရစေချင်ဘူး"

"အရမ်းကြီးအစိုးရိမ်မလွန်ပါနဲ့...Vaselလေးကောင်းဖို့လုပ်ပေးကြတာပဲမလား...ကလေးနားလည်မှာပါ...သွားကလေးကိုသွားတိုက်လိုက်တော့"

"ဟုတ်အဖေ...သွားခွင့်ပြုပါဦး"

VEEသူ့အဖေလက်ထဲကသွေးခွက်ကိုယူပြီးအရိုအသေပေးကာBabyလေးအခန်းဆီသို့

VEEအခန်းထဲရောက်တော့...Babyလေးကတော်တော်အိပ်မောကြနေတဲ့ပုံ...စောင်ပုံတွေကြားမှာခေါင်းလုံးလုံးလေးသာပေါ်နေပြီးတစ်ကိုယ်လုံးမြုပ်နေလေရဲ့..

*ဒီကလေးလေးဘယ်လိုတောင်အိပ်နေတာပါလိမ့်...အသက်ရှူကြပ်ပြီးတစ်ခုခုဖြစ်ရင်ရင်ကျိုးရချည်ရဲ့*

VEEသူ့ကလေးလေးအသက်ရှူကြပ်နေမှာစိုးလို့ကုတင်ပေါ်အသံမထွက်အောင်ဖြည်းဖြည်းလေးဘေးတစောင်းထိုင်လိုက်ပြီးမျက်နှာအုပ်နေတဲ့စောင်အားညှင်သာစွာဆွဲချပေးလိုက်တော့သည်။

"ဝါး....!!!!"

"ကလေးဆိုးလေးခုထိမအိပ်သေးတာလားဟုတ်လား"

စောင်ကိုဆွဲချလိုက်တော့စောင်ပုံထဲကနေမျက်လုံးလေးပြူးပြီးလက်ကလည်းကျားလက်သည်းကုတ်ထားတဲ့ပုံစံလုပ်ထားကာVEEကိုလန့်အောင်ခြောက်လန့်လိုက်တဲ့ကလေးလေး....အော်လိုက်တဲ့အသံလေးကလည်းလန့်ဖို့နေနေသာသာပြေးနမ်းချင်စရာလေး...

"အယ်...ကိုကိုကလည်းမလန့်ဘူးလား...Babyကလန့်စေချင်တာကို..ဟွန့်"

စောင်ပုံထဲကနေမျက်နှာလေးထွက်ပြီးနှုတ်ခမ်းလေးဆူကာအလိုက်မသိတဲ့ကိုကိုအားဆူနေတော့သည်။

"ကိုကိုလန့်သွားတာပေါ့...စောင်ပုံထဲဘယ်ကကျားပေါက်လေးရောက်နေတာလဲလို့...နောက်ကကိုယ့်ယောကျာ်းလေးမှန်းသိမှမလန့်တော့တာ"

"ကိုကိုညာတာ"

အိပ်နေရာကမှထလိုက်ပြီးတပလင်ခွေချိတ်ထိုင်ရင်းလက်လေးပိုက်ကာမယုံသင်ခါရုပ်လေးနဲ့ပြောလိုက်သည်။

"အတည်ပြောတာbabyရဲ့"

"လန့်တယ်ဆို...မျက်လုံးနှစ်ဖက်ကပြူးသွားပြီပါးစပ်ကလည်းဟသွားရမှာလေ...ခုတော့ကိုကိုကပြုံးစိစိနဲ့"

"လန့်သွားရင်ဘယ်လိုပုံဖြစ်သွားမှာလဲကိုကို့ကိုလုပ်ပြလေ..ကိုကိုမသိလို့...ကိုကိုကတော့လန့်ရင်ပြုံးစိစိပဲ"

"ဒီလိုဒီလိုလေ..."

မျက်လုံးလေးပြူးပြီးပါးစပ်လေးဟပြကာလန့်တဲ့ပုံလေးလုပ်ပြနေတာ...ဒီကလေးလေးဘာလုပ်လုပ်အသည်းယားဖို့ကောင်းနေတော့လည်းခက်သား

"အား...Babyလေးရေကိုကိုကိုက်စားမိတော့မယ်"

VEEအတော်လေးအသည်းယားသွားတာကြောင့်ရှေ့မှာချစ်ဖို့ကောင်းအောင်လုပ်ပြနေတဲ့Vaselအားသိမ်းကျုံးဖက်ထားပစ်လိုက်တော့သည်။

"အစ်..ကိုကိုရေ..မွန်းတယ်လို့"

Vaselလေးသိမ်းကျူံးဖက်ခံလိုက်ရတာကြောင့်လျှာပိစိလေးအပြင်ထွက်ကာVEEရဲ့ပုခုံးအားပုတ်ပြီးသူမွန်းနေကြောင်းပြောရသည်။မဟုတ်ရင်ဒီကိုကိုလက်ချက်နဲ့အရိုးတစ်ခြားအသားတစ်ခြားဖြစ်တော့မယ်

"Sorry Sorry ကိုကိုတောင်းပန်ပါတယ်နော်...အရမ်းမွန်းသွားလား...ကိုကိုအရမ်းအသည်းယားသွားလို့ပါ..ကိုကို့အမှားပါ"

"အာ...ရပါတယ်ကိုကိုရဲ့...ကိုကိုကBabyကိုမုန်းလို့တမင်နာကျင်စေတာမှမဟုတ်ပဲ...Babyကိုချစ်လို့ဖြစ်တဲ့ဘယ်လိုနာကျင်မှုမျိုးမဆိုBabyခံနိုင်ရည်ရှိပါတယ်ကိုကိုရဲ့"

VEEသူ့ကိုယ်သူအပြစ်တွေတင်နေမှာစိုး၍Vaselလေးဘာမှမဖြစ်ကြောင်းရှင်းပြနေသည်။ကိုကိုကလေတစ်ခုခုဆိုသူ့ကိုယ်သူအရမ်းအပြစ်တင်တတ်တာ...အဲ့အကျင့်လေးကိုမရရအောင်ဖျောက်ပေးအုံးမှပါ

"ဟင့်အင်း...ကိုကိုကြောင့်တင်မဟုတ်ဘူးဘယ်သူ့ကြောင့်နဲ့မှBabyလေးကိုမနာကျင်စေချင်ဘူး...နောက်အဖြစ်စေရတော့ဘူးနော်ကြည့်ပါဦး...မျက်နှာလေးတောင်နီသွားပြီ"

VEEသူ့ကလေးလေးရဲ့ပါးလေးကိုသူ့ရဲ့ကြီးမားတဲ့လက်နဲ့ခပ်ဖွဖွလေးကိုင်ပြီးအကြင်နာမျက်ဝန်းတွေနဲ့ပြောလိုက်လေသည်။

"Babyပိစိလေးမွန်းသွားရုံပါကိုကိုရဲ့..အင်း~~ကိုကို့လက်လေးကနူးညံ့လိုက်တာ"

Vaselလေးသူ့ရဲ့ပါးကိုအုပ်ကိုင်ထားတဲ့VEEလက်ကိုအပေါ်ကထပ်ကိုင်လိုက်ပြီးချီးမွန်းခန်းဖွင့်နေလေသည်။

"ဟက်...ကိုကို့လက်ကဒီလောက်ကြမ်းနေတာကိုနူးညံ့တယ်တဲ့လားကွာ"

Vaselလေးရဲ့ပေါက်ပေါက်ရှာရှာစကားလေးတစ်ခွန်းကြောင့်VEEနှစ်နှစ်ခြိုက်ခြိုက်ပြုံးမိပြန်ပြီ

"တကယ်ကိုကိုရဲ့...Babyကြောက်နေတိုင်းအမြဲဆုတ်ကိုင်ပေးထားတဲ့လက်တစ်စုံ၊Babyကိုမြတ်နိုးမှုအပြည့်နဲ့တယုတယကိုင်တတ်တဲ့လက်တစ်စုံ...ဆုတ်ကိုင်လိုက်တိုင်းအမြဲနွေးထွေးမှုပေးတဲ့လက်တစ်စုံ...ဒီလက်တစ်စုံကBabyအတွက်တော့ငှက်မွှေးတွေထက်တောင်နူးညံ့တဲ့ခိုနားရာအိမ်လေးတစ်လုံးလိုပဲ"

"အား...Babyရေကိုယ်ရူးပြီ...ဘယ်လိုလေးတွေတောင်ပြောနေတာတုန်း...နှုတ်ခမ်းလှလှလေးတွေကစကားချိုချိုလေးတွေထွက်လာတာ...အား..ကိုကိုBabyကိုချစ်လွန်းလို့ရူးတော့မယ်"

"ဟီး...Babyအတည်ပြောတာကိုကိုရဲ့...ဟောဒီကကိုကို့လက်တစ်စုံကBabyအတွက်ပဲနော်...Babyကအဲ့လက်လေးတွေရဲ့မူပိုင်ရှင်"

ပါးမှာကပ်ထားတဲ့လက်အားဖယ်လိုက်ပြီးပေါင်ပေါ်တင်ကာတင်းကြပ်အောင်ဆုတ်ကိုင်ထားပြီးချစ်စရာစကားလေးတွေနဲ့ခြွေနေပြန်ပြီ...

"နေပါဦး..Babyလေးကခုကိုကို့ထက်ကိုကို့လက်ကိုပိုချစ်နေတာလားအဲ့လိုလား"

"ဟမ်...ကိုကို့လက်နဲ့ကိုကိုကတူတူပဲလေ"

ဒီVampireကြီးအူတိုစရာမရှိကိုယ့်လက်နဲ့တောင်ပြန်အူတိုနေပြန်ပါပြီ....

"မတူဘူး ကိုကိုကကိုကိုပဲ လက်ကလက်ပဲ နောက်နေ့အဲ့လက်တွေခုတ်ဖြတ်ပစ်အုံးမယ်"

"ကိုကိုဟာလေ...လက်ကိုခုတ်ဖြတ်တော့ကိုကိုပဲနာမှာပေါ့"

"မရဘူးBabyလေးကိုကိုကလွဲပြီးဘယ်အရာကိုမှမချစ်ရဘူး...ချစ်မိသွားရင်လည်းကိုကိုကအဲ့အရာကိုဖျက်ဆီးပစ်မှာ...ကိုကိုကBabyနဲ့ပတ်သတ်လာရင်အရမ်းအတ္တကြီးတယ်Baby"

"Babyပြောတာကိုနားထောင်ပါဦးကိုကိုရဲ့...Babyနှလုံးသားလေးကလေကိုကိုမှကိုကိုဖြစ်နေတာမို့ဘယ်သူ့ကိုမှမချစ်နိုင်ပါဘူး...ခုနကပြောတဲ့လက်တစ်စုံဆိုတာကလည်းကိုကို့အစိတ်အပိုင်းပဲလေ...ကိုကိုအတ္တကြီးလည်းBabyကချစ်မှာပဲ...အရမ်းဆိုးသွမ်းနေရင်လည်းချစ်မှာပဲ....အကုန်လုံးခြုံပြောရမယ်ဆိုရင်ကိုကိုနဲ့ပတ်သတ်သမျှတွေအားလုံးကိုBabyအရမ်းချစ်တာမို့Babyကိုယုံနော်"

"Babyလေးကအိပ်နေတဲ့ကျားရဲ့အမြှီးကိုလာဆွဲတာပဲ..."

VEEထိုသို့ပြောပြီးVaselလေးအားမွေ့ယာပေါ်ညှင်သာစွာလှဲချလိုက်ပြီးသူကအပေါ်ကအုပ်မိုးလိုက်လေသည်။

"ကို..ကိုကို..ဘာလုပ်မို့လဲဖယ်.."

Vaselလေးသူ့ရဲ့မရှိမဲ့ရှိမဲ့အားလေးနဲ့အတင်းရုန်းနေရှာသည်။အားခြင်းမမျှတာမို့VEEတစ်ချက်လေးတောင်မရွေ့သွားပေ...

"အားကုန်ခံပြီးရုန်းမနေနဲ့Baby...မောတာပဲအဖတ်တင်လိမ့်မယ်"

"အဲ့တာဆိုလွှတ်လေလို့...ကိုကိုနော်Babyကိုအနိုင်မကျင့်နဲ့"

"ရှူး~~စကားလှလှလေးတွေပြောတဲ့နှုတ်ခမ်းလေးတွေကိုဖူးရောင်သွားတဲ့အထိနမ်းပြီးဆုချရမဲ့အချိန်ရောက်ပြီ"

ညို့ငင်အားအပြည့်ပါဝင်တဲ့အကြည့်တွေနဲ့ယောကျာ်းပီသတဲ့အသံသြသြရှရှတို့ပေါင်းစပ်ပြီးVaselလေးရဲ့နား နားကပ်ကာရင်ဖိုဖွယ်ဆိုလိုက်လေသည်။

"ကိုကို...အင့်.."

စကားတောင်မဆုံးလိုက်နှုတ်ခမ်းသားတွေကိုအတင်းနမ်းရှိုက်လာတဲ့ကိုကို...ဒီအနမ်းကဘယ်လိုပြောရမလဲနူးညံ့တဲ့အနမ်းလည်းမဟုတ်သလိုရမတ်ပါတဲ့အနမ်းလို့လည်းပြောလို့မရပေ...နူးညံ့ပြီးရမတ်ပါတဲ့အနမ်းနှစ်ခုကြားမှာပေါက်ဖွားလာတဲ့ချိုမြိန်ခြင်းအနမ်းလို့ပြောလို့ရလေမလား...

ဒီအနမ်းကလေလူကိုအရမ်းရစ်မူးစေတယ်...ဦးနှောက်ထဲသက်ဆိုင်ရာနာမ်စားလေးတွေကလွဲပြီးကျန်တာအကုန်ဗလာနတ္ထိ...အချိန်တွေဘယ်လောက်ထိကြာမြင့်နေပြီလဲမတွေးမိပါ...ထိုအနမ်းကိုလှပသထက်လှပအောင်နှစ်ယောက်သားအချစ်နွံထဲမှာပုံဖော်နေမိကြသည်။

"အွန်း...."

Vaselလေးအသက်ရှူဖို့လေလိုအပ်နေတာကြောင့်ကိုကို့ရဲ့ပခုံးအားပုတ်ကာအချက်ပြလိုက်သည်။

"ပြွတ်...ဆုကိုသဘောကျရဲ့လားBaby"

Vaselလေးပုခုံးကိုပုတ်ပြီး အသိပေးမှနှုတ်ခမ်းလေးကိုတစ်ချက်စုပ်နမ်းလိုက်ကာ မလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ပေးလိုက်လေသည်။လွှတ်ပေးလိုက်ပြီးတာနဲ့ Babyလေး လေးနေမှာစိုး၍ ဘေးတွင်ထိုင်လိုက်ပြီး နှုတ်ခမ်းဘေးမှာစီးကျနေတဲ့ငွေမျှင်ရောင်တန်းလေး(သွားရည်လေး)တွေကိုတယုတယသုတ်ပေးရင်းမေးလိုက်လေသည်။

"ဆုကBabyကိုပေးတာလားကိုကို့ဘာသာကိုကိုပြန်ပေးနေတာလားမသည်းကွဲဘူး...ဟွန့်လိပ်ကြီး"

လှဲနေရာကနေထလိုက်ပြီးလူလည်ကြီးအားသူ့အကြောင်းသူသိအောင်ပြောပြလိုက်လေသည်။

"ဟား...ဟား...ဟား...ကိုကိုကလိပ်ကြီးဆိုBabyလေးကလိပ်ယောကျာ်းလေးပဲနော်"

"ဒါနဲ့ကိုကို...စားပွဲပေါ်ကအနီရောင်ခွက်ကြီးကဘာကြီးလဲ"

ကုတင်ဘေးကခုံပေါ်မှာတင်ထားတဲ့ခွက်အားလက်ညှိုးထိုးပြီးမေးလိုက်လေသည်။

"အာ...အဲ့တာက..."

"ဘာမို့လိုလဲဟင်..."

VEEပြောဖို့တုံ့ဆိုင်းနေတာကြောင့်Vaselလေးမျက်မှောင်ကျုံ့လိုက်ပြီးမေးလိုက်လေသည်။

"သွေးခွက်...Babyသောက်ဖို့"

"ဟင်.!..Babyကဘာလို့သွေးသောက်ရမှာလဲ"

VEEစကားကြောင့်Vaselလေးတော်တော်ထိတ်လန့်သွားရသည်။လူသားတစ်ယောက်အတွက်သွေးသောက်ရမယ်ဆိုတာကြီးကအဆင်မပြေလိုက်တာ

"Babyလေးအရမ်းမလန့်သွားနဲ့နော်...ဒီသွေးတွေကလည်းကိုကို့သွေးမို့မရွံ့ပဲသောက်လို့ရပါတယ်"

"ကိုကို့သွေး!ကိုကိုဘယ်နားကိုဖောက်ပြီးသွေးထုတ်ထားတာလဲ...Babyကိုပြ...Babyဖေဖေတို့ဆီမှာဆေးသွားတောင်းလိုက်မယ်"

ကိုကို့ရဲ့သွေးလို့ပြောလိုက်တာနဲ့ပြာယာခတ်ပြီးစိတ်ပူနေမဲ့အကြောင်းကိုကြိုသိနေလို့Babyလေးအိပ်နေတဲ့အချိန်တိုက်မယ်စီစဥ်ထားတာကိုဒင်းလေးကနိုးနေတယ်

"ကိုကိုဘာမှမဖြစ်ပါဘူး...နာလည်းမနာဘူး...အသားကိုဖောက်စရာလည်းမလိုဘူး..."
...........
ဒီနေ့wifiကပျက်သွားတော့သာသာ့မှာမရေးဖြစ်လိုက်ဘူးညကျရေးမယ်ဆိုတော့လည်းအိမ်ကဖေဖေကလေထအောင့်လို့တဲ့12လောက်မှသက်သာတယ်..အဲ့တာသာသာလည်း12လောက်မှကမန်းကတန်းကောက်ရေးလိုက်ရလို့စာလုံးရေနည်းသွားတယ်...ဆက်ရေးချင်ပေမဲ့မေမေကအိပ်ခိုင်းနေပြီမို့ရယ်
.....
Zawgyi
......


"ဟုတ်အဖေ"




"ဒါပေမဲ့..."

"ဘာဖြစ်လို့လဲသား"









"ဝါး....!!!!"






"ကိုကိုညာတာ"


"အတည်ပြောတာbabyရဲ့"



"ဒီလိုဒီလိုလေ..."


































"ကိုကို...အင့်.."



"အွန်း...."









"အာ...အဲ့တာက..."

"ဘာမို့လိုလဲဟင်..."








...........
.....

Continue Reading

You'll Also Like

73.2K 3.3K 21
မထင်မှတ်ထားဘဲ ပြန်ပေးဆွဲခံလိုက်ရတယ် ပြန်ပေးဆွဲတဲ့ဘဲကြီးက ထင်သလိုမဟုတ်ဘဲ သူ့အပေါ်နူးညံ့နေတယ် Bodyတောင့်တောင့် ရုပ်ချောချောဘဲကြီးတယောက် ပြန်ပေးဆွဲခြင်း...
12.6K 1.5K 22
Unicode 🍁 Zawgyi ဆွိဆွိချိုချိုလေး ခွီးစေချင်ယုံ ဆွိဆွိချိုချိုလေး ခွီးစေချင်ယုံ
41.3K 4.8K 24
Чиний үнэр намайг солиоруулж байна. [Boy×Boy]
678K 39.6K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...