သူ့သာလျှင်....
ဘဂျမ်းဒေါသကြောင့် လူတစ်ကိုယ်လုံးတုန်နေတော့သည်။ ဂိတ်ကပြေးဆွဲတဲ့လူတွေကိုလဲ ကန် ကျောက်လွှတ်တာမို့အားလုံးကြည့်ပဲ ကြည့်နေကြရတော့သည်။
မကျေနပ်...... လူပါးဝလှတဲ့ ဒီလူမိုက်တွေကို ဘဂျမ်း ဒီလောက်လုပ်ရတာကိုပင် မကျေနပ်။ ဟိုဘက်က ကောင်ကိုလဲဝင်းလှိုင်က ဆွဲထားသည်။ ဆက်ပြီးရန်မဖြစ်ခိုင်းတော့။
"လူ......ပါး.....ဝ....လိုက်......တာ....ကွာ"
လူကိုမလုပ်ရတော့ ဘဂျမ်းဒေါသတကြီးအော်သံသည် ဟိန်းထွက်နေတော့သည်။
လင်းသန့်ကြည် ဘဂျမ်းကိုယ်လုံးကြီးကို မနိုင်မနင်းဆွဲထားရရှာသည်။
တကယ်က ဘဂျမ်း အော်ပဲနေတာ....ရုန်းကန်နေတာမဟုတ်ဘူး။ သူ့ကိုဆွဲထားတဲ့ အားကို သူသိတယ်လေ။ သူတစ်ချက်ရုန်းကိုမရှိတာ။
ဒါကြောင့် ဒေါသတွေကို အော်ဟစ်ပြီးထုတ်နေရတာ။
ဘဂျမ်း အော်လေ.... သူက ဆွဲလေ။
"တော်ပြီ....တော်ပြီ ဘဂျမ်း.....စိတ်လျှော့တော့"
ခုမှ အသံလေးထွက်လာပြီး ဘဂျမ်းကိုတော့မလွှတ်..
"ဆရာ.....သွားတော့...ဒီနေ့...ဒီကောင်တွေနဲ့အပြီးရှင်းမယ်"
ဘဂျမ်း....သူ့ကိုဆွဲထားတဲ့ လက်ကလေးကိုဆွဲဖယ်ရင်း ပြောသည်။
"ဟင့်အင်း ဟင့်အင်း......မကောင်းတဲ့လူနဲ့ရန်ဖြစ်ရင် ဘဂျမ်းမကောင်းတဲ့လူဖြစ်သွားမှာပေါ့.....ရန်မဖြစ်ရဘူး...ရန်မဖြစ်ပါနဲ့"
ဘဂျမ်းလက်ကိုဆွဲထားတဲ့ သူ့လက်ကိုဆွဲဖြုတ်တော့ ဘဂျမ်းခါးကို အတင်းဆွဲဖက်ရင်း ...ပြောပြန်သည်။
"ဟာဗျာ....ကျွန်တော် ရန်ဖြစ်ရတာ ဆန့်တငင်ငင်နဲ့...ဒီကောင်တွေ လူပါးဝတယ်ဗျ....ဆရာ..သွားပါဗျာ"
ဘဂျမ်းက အတင်းနှင်လွှတ်....သူက အတင်းဆွဲဖက်ထား....ဘဂျမ်း ရှေ့တစ်လှမ်းတိုးရင် သူက ဒရွတ်တိုက်ခါးကိုဖက်လျက်သားနဲ့ပါလာ.....အတော်ကြည့်ကောင်းနေတော့တာ။
မဖြစ်သေးပါဘူး...
ကိစ္စမြန်မြန်ဖြတ်ပြီး ဆေးရုံလိုက်ပို့လိုက်မှအေးမှာပါ။
"ပေး...ကျုပ်ပိုက်ဆံ သုံးသောင်း.......ခုချက်ချင်းပေး....တခြားဂိတ်မှာ သွားဆွဲမယ်....အေး....သွားရင်း လာရင်းတော့ ကျုပ်နဲ့မတွေ့ကြမိစေနဲ့.....ဘဂျမ်းကို ထပ်လူပါးဝရင်တော့လား...လူသတ်ပြီး ထောင်ထဲဝင်မယ်"
ဘဂျမ်း ဝင်းလှိုင်ကို မုန်းတီးသောအကြည့် ရွံရှာသောအကြည့်နဲ့ကြည့်ကာ ပြသနာကိုအဆုံးသတ်ဖို့ပဲ လုပ်ရတော့သည်။မလုပ်လို့လဲမရ....ဒီမှာ တစ်ယောက်က ပြောလို့ဆိုလို့မရ....ဆွဲထားတာကိုမလွှတ်ပေးဘူးလေ။
ဝင်းလှိုင် ဘာမမပြော....အိတ်ထဲမှပိုက်ဆံ သုံးသောင်းကို ဘဂျမ်းဆီပစ်ပေးသည်။
ပိုက်ဆံတွေက လမ်းမပေါ်ကျသွားတော့သည်။
ဘဂျမ်း မျက်နှာ မဲမှောင်သွားတော့သည်။
ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူတောင်းစားဖြစ်စရာလား...
ဘဂျမ်းက ဝင်းလှိုင်ကို ကြည့်နေတုန်းရှိသေးသည်။
လင်းသန့်ကြည် ဘဂျမ်းကို လွှတ်လိုက်ကာ လမ်းမပေါ်ကပိုက်ဆံတွေကို ကုန်းကောက်တော့သည်။
ထိုမြင်ကွင်းသည်ဘဂျမ်းသွေးကိုပိုပြီး ပွက်ပွက်ဆူစေတော့သည်။
"ဟာ.......ကွာ......ငါ့လချီးတဲ့မှ"
ဘဂျမ်း ဝင်းလှိုင်ဆီသို့ တည့်တည့်ပြေးကာ ထိုးချလိုက်သည်။
ဝင်းလှိုင် ရှောင်သော်လည်း မလွတ်။
ဝင်းလှိုင်လူတွေနဲ့ ဘဂျမ်း လုံးထွေးသွားတော့သည်။
"အမ် မ လေး ဘဂျမ်း တော်ပါပြီဆို မတော်သေးဘူးလား"
အော်သံနှင့်အတူ လုံးထွေးနေသည့်လူတွေကြားထဲ ပြေးဝင်လာသည့် လင်းသန့်ကြည်....
ဘဂျမ်း ရှေ့ကိုသဲကြီးမဲကြီးထိုးနေတုန်း နောက်ကတစ်ယောက်က ဘဂျမ်းခေါင်းကို တုတ်ပိုင်းနှင့်ရွယ်သည်။
ဘာမပြော ညာမပြော လင်းသန့်ကြည်က ဘဂျမ်းကို ကာပြီးအုပ်ထားလိုက်တော့.....ထို တုတ်ချက် တစ်ချက်သည် လင်းသန့်ကြည် ကျောပေါ်ရောက်သွားတော့သည်။
ရိုက်တဲ့လူလဲ ကြောင်သွား.....ေဘးကလူတွေလဲ ကြောင်သွားတော့သည်။
အမှုတော့ ကြီးပြီထင်ပါသည်။
ဟုတ်တယ်.....အမှုက တကယ်ကို ကြီးသွားတာ...
လင်းသန့်ကြည်ရဲ့ နာကျင်မှုကြောင့် ရှုံ့မဲ့နေတဲ့မျက်နှာ.....နာကျင်မှုကြောင့်ပင် မျက်လုံးကြည်လေးထဲဝိုင်းနေတဲ့မျက်ရည်တွေ....ရုပ်ပျက်ဆင်းပျက်နဲ့ ကွန်ကရစ်လမ်းပေါ်ထိုင်ကာ ဘဂျမ်းကိုပဲကြည့်နေတဲ့မျက်နှာလေးကြောင့် ဘဂျမ်းတစ်ယောက်ထိန်းမရတော့။ ကိုယ့်အသားနာတာထက်ကို ရင်ထဲကပိုနာသလိုပါ။
ဆဲလဲဆဲ....လူမြင်ရာရိုက်နေတဲ့ ဘဂျမ်းကြောင့် ဝင်းလှိုင်တို့ ပြေးပြီ။
ဘဂျမ်း ဒေါသ သူတို့သိသည်ပဲ။
ထွက်ပြေးတော့လဲ ပြေးထိုးသေးတာပင်။
ဒီကောင်တွေအကျင့်က ဒီလိုပဲ.....ကြောက်ပြတဲ့သူကိုပဲ လုပ်ရဲတာ...သူတို့ကိုမကြောက်တဲ့လူမှန်းသိရင် ပြေးတာပဲ။
ပြီးတော့လူအုပ်စုနဲ့မှ မိုက်ရဲတဲ့ကောင်တွေ...အထင်ကိုမကြီးဘူး။
"မှတ်ထား....ခင်ဗျားတို့ဂိတ်ကို ဘယ်တော့မှမလာဘူး.....ပတ်သက်စရာလဲကုန်ပြီ.....အေး....ညံ့ရင်တော့ဆက်ခံလိုက်ကြအုံး....လူလူချင်းကြောက်ပြနေ ခင်ဗျားတို့ခေါင်းပေါ်ချီးတက်ပါလိမ့်မယ်...သတိကြပ်ကြပ်ထား"
ဘဂျမ်း ဂိတ်ကလူတွေကိုရော...ဆိုင်ခန်းထဲကနေ ပြူတစ်တစ်နဲ့ထွက်ကြည့်နေတဲ့သူတွေကိုရော လက်ညှိုးထိုးပြောကာ....လင်းသန့်ကြည်ဆီသွားသည်။
လက်ထဲမှာကောက်ထားတဲ့ပိုက်ဆံတွေကို စုပြီးကိုင်ထားတာ ကျစ်ကျစ်မည်လို့....
"သွားမယ်...ဆရာ...ထနိုင်လား"
ဘဂျမ်းငုံ့ကြည့်ရင်း နူးညံ့စွာပြောသည်။
ခုဏ ဘီလူးသရဲစီးနေတာသူမဟုတ်တဲ့အတိုင်း......
"ရပါတယ်....ထနိုင်တယ်....ဒါပေမဲ့ ဘဂျမ်းပိုက်ဆံက သုံးသောင်းဆို....နှစ်သောင်းခွဲပဲတွေ့သေးတယ်...ငါးထောင်က ဘယ်ရောက်သွားပြီလဲမသိဘူး"
ဘဂျမ်းကိုမကြည့်ဘူး.....ကျီးကန်းတောင်းမှောက် အနီးအနားဝေ့ဝဲကြည့်ကာ ပိုက်ဆံရှာနေသည်။
တစ်ကိုယ်လုံးလဲ ချွေးတွေ ရွှဲလို့......
မြင်လို့မှမကောင်းတော့...
"ရတယ် ဆရာ....ထားလိုက်တော့....ကျွန်တော် လိုက်ပို့မယ်.....လာပါ"
ဘဂျမ်း ချော့ခေါ်တော့ မော့ကြည့်လာတဲ့ မျက်နှာလေး
ပေတလူးပွလို့....ချွေးတွေ ဖုန်တွေ
သက်ပြင်းကိုချကာ လင်းသန့်ကြည် ထရပ်သည်။
ငါးထောင်ကို ငါပဲစိုက်ပေးလိုက်တော့မယ်ဆိုတဲ့အတွေးနဲ့....
ဘဂျမ်းဒီနေရာကနေ မြန်မြန်သွားလေ ကောင်းလေပဲ။
ဘဂျမ်းဆိုင်ကယ်နဲ့ဆေးရုံကို မောင်းလာခဲ့တော့သည်။
"ဆရာ...ဘယ်နားထိသွားတာလဲ....ဘာကိစ္စပြေးဝင်လာတာလဲဆရာရယ်...မတော် ခေါင်းထိတော့ဘယ်လိုလုပ်မလဲ"
"ကျော...ကျောကိုထိတာ....ဘဂျမ်းကို ရန်မဖြစ်ဖို့ပြောတာ နားမှမထောင်ဘဲနဲ့.... ထိလဲမတတ်နိုင်ဘူးလေ"
"ကျွန်တော့်ကို လူပါးဝတယ်လေ...............
ဘဂျမ်းဖြစ်သည့်အကြောင်းစုံပြောပြလိုက်တော့သည်။
"အင်းပါ.....ဘဂျမ်းရယ် ....သိပါပြီ...စိတ်လျှော့လိုက်ပါတော့....တစ်ကိုယ်လုံးထိထားတာ... ကျွန်တော့်ထက်ပိုဆိုးတဲ့ဟာကို...နာနေပြီလား"
သူ့အပြောကြောင့် ဘဂျမ်း ဘေးကထိုင်စီးနေတဲ့လင်းသန့်ကြည့်ကို ငဲ့ကြည့်သည်။
စကားတော့ထပ်မပြောတော့။
ဘဂျမ်းရင်ထဲ အအေးလှိုင်းဖြတ်နေလို့...နာလား မနာလား သေချာမသိ။
ဆေးရုံဝန်းထဲ အရိပ်တစ်နေရာမှာ ဆိုင်ကယ်ကိုရပ်ပြီး ဆေးရုံထဲ ဝင်လာကြသည်။
ဂျူတီချိန်လဲ ကျော်သွားပြီ။
လင်းသန့်ကြည် တောင်းပန်ရတော့မည်။
အရေးပေါ်ဘက်ကို ပြေးကာ.....အရင်ဆုံး ရောက်လာပြီဖြစ်ကြောင်း...နောက်ကျသွားလို့ တောင်းပန်ပါကြောင်းပြေးလွှားပြောကာ ဘဂျမ်းကို ဒဏ်ရာတွေကြည့်ပေးဖို့ လုပ်ရသည်။
"ဆရာ...ကျွန်တော့်ကို နောက်မှလုပ်ပေး....ဆရာ အရင်လုပ်လိုက်ပါ...ကျွန်တော် စောင့်လို့ရတယ်"
ဘေးနားက ကူဖို့ရပ်နေတဲ့ သူနာပြုက မျက်လုံးပြူးကာဖြင့်...
"ဟင်.... ဆရာလဲ ဒဏ်ရာရလာတာလား....ဘာဖြစ်ကြတာလဲ.... ဆိုင်ကယ်မှောက်တာလား"
"အင်း...ဆိုင်ကယ်မှောက်တာ.... ဟုတ်တယ်"
လင်းသန့်ကြည်ကပဲ ပြန်ဖြေပေးလိုက်သည်။
ထိုသူနာပြုကပင် ဆရာဝန့တစ်ယောက်ကိုပြေးခေါ်ပေးသည်။
လင်းသန့်ကြည်နှင့်ဂျူတီချိန်းမဲ့ ဆရာဝန်က လင်းသန့်ကြည်ရဲကျောကဒဏ်ရာကို ကြည့်ပေးရင်း ဂျူတီကိုသူပဲဆက်ဝင်မယ် နားလိုက်ဟုသာပြောတော့သည်။
လင်းသန့်ကြည်ကလဲ ရပါတယ်....night ဆင်းထားတာမို့ပြန်နားပါဟုသာပြောသည်။
ဟိုဘက်ကလဲ မရ...အတင်းနားခိုင်းသည်။
နောက်ဆုံး လင်းသန့်ကြည် ဆိုင်ကယ်မှောက်လာသည်ဟု ကြားလို့ ဟိုက ဒီက လာတဲ့လုပ်ဖော်ကိုင်ဖက်တွေ ဆရာသမားတွေရောက်လာမှပဲ နားမယ်ဟု ခေါင်းညိမ့်တော့သည်။အလုပ်သရဲပါလား။
ဘဂျမ်းဒဏ်ရာတွေကိုလဲ သူနာပြုတစ်ယောက်လုပ်ပေးသည်။
အများကြီး...ဘဂျမ်းဒဏ်ရာတွေအများကြီး...
ဒါပေမဲ့ တစ်ချက်ထဲပဲထိတဲ့ လင်းသန့်ကြည်ကိုပဲ တကြည့်ကြည့်လုပ်နေတော့သည်။
ခံနိုင်ရည်ရှိမည်မထင်။
ငါ့ကြောင့်.....ငါ့ကြောင့်.......ပါပဲ။
ငါအမြဲပဲ ဆရာ့ကို ဒုက္ခပေးသည်။
ကူညီမယ်လေး ....စောင့်ရှောက်မယ်လေးနဲ့ အသံထွက်တာ ငါ...
တကယ်တမ်း...ငါ့ကို ကူညီသွားရတာက...အကြည်ရောင်လေးရယ်
ငါ ဒီကျေးဇူးကို ဘယ်လိုဆပ်ရပါ့။
.
.
.
.
.
ဆက်ရန်......
Zawgyi
သူ႕သာလွ်င္....
ဘဂ်မ္းေဒါသေၾကာင့္ လူတစ္ကိုယ္လုံးတုန္ေနေတာ့သည္။ ဂိတ္ကေျပးဆြဲတဲ့လူေတြကိုလဲ ကန္ ေက်ာက္လႊတ္တာမို႔အားလုံးၾကည့္ပဲ ၾကည့္ေနၾကရေတာ့သည္။
မေက်နပ္...... လူပါးဝလွတဲ့ ဒီလူမိုက္ေတြကို ဘဂ်မ္း ဒီေလာက္လုပ္ရတာကိုပင္ မေက်နပ္။ ဟိုဘက္က ေကာင္ကိုလဲဝင္းလွိုင္က ဆြဲထားသည္။ ဆက္ၿပီးရန္မျဖစ္ခိုင္းေတာ့။
"လူ......ပါး.....ဝ....လိုက္......တာ....ကြာ"
လူကိုမလုပ္ရေတာ့ ဘဂ်မ္းေဒါသတႀကီးေအာ္သံသည္ ဟိန္းထြက္ေနေတာ့သည္။
လင္းသန့္ၾကည္ ဘဂ်မ္းကိုယ္လုံးႀကီးကို မနိုင္မနင္းဆြဲထားရရွာသည္။
တကယ္က ဘဂ်မ္း ေအာ္ပဲေနတာ....႐ုန္းကန္ေနတာမဟုတ္ဘူး။ သူ႕ကိုဆြဲထားတဲ့ အားကို သူသိတယ္ေလ။ သူတစ္ခ်က္႐ုန္းကိုမရွိတာ။
ဒါေၾကာင့္ ေဒါသေတြကို ေအာ္ဟစ္ၿပီးထုတ္ေနရတာ။
ဘဂ်မ္း ေအာ္ေလ.... သူက ဆြဲေလ။
"ေတာ္ၿပီ....ေတာ္ၿပီ ဘဂ်မ္း.....စိတ္ေလွ်ာ့ေတာ့"
ခုမွ အသံေလးထြက္လာၿပီး ဘဂ်မ္းကိုေတာ့မလႊတ္..
"ဆရာ.....သြားေတာ့...ဒီေန႕...ဒီေကာင္ေတြနဲ႕အၿပီးရွင္းမယ္"
ဘဂ်မ္း....သူ႕ကိုဆြဲထားတဲ့ လက္ကေလးကိုဆြဲဖယ္ရင္း ေျပာသည္။
"ဟင့္အင္း ဟင့္အင္း......မေကာင္းတဲ့လူနဲ႕ရန္ျဖစ္ရင္ ဘဂ်မ္းမေကာင္းတဲ့လူျဖစ္သြားမွာေပါ့.....ရန္မျဖစ္ရဘူး...ရန္မျဖစ္ပါနဲ႕"
ဘဂ်မ္းလက္ကိုဆြဲထားတဲ့ သူ႕လက္ကိုဆြဲျဖဳတ္ေတာ့ ဘဂ်မ္းခါးကို အတင္းဆြဲဖက္ရင္း ...ေျပာျပန္သည္။
"ဟာဗ်ာ....ကြၽန္ေတာ္ ရန္ျဖစ္ရတာ ဆန့္တငင္ငင္နဲ႕...ဒီေကာင္ေတြ လူပါးဝတယ္ဗ်....ဆရာ..သြားပါဗ်ာ"
ဘဂ်မ္းက အတင္းႏွင္လႊတ္....သူက အတင္းဆြဲဖက္ထား....ဘဂ်မ္း ေရွ႕တစ္လွမ္းတိုးရင္ သူက ဒ႐ြတ္တိုက္ခါးကိုဖက္လ်က္သားနဲ႕ပါလာ.....အေတာ္ၾကည့္ေကာင္းေနေတာ့တာ။
မျဖစ္ေသးပါဘူး...
ကိစၥျမန္ျမန္ျဖတ္ၿပီး ေဆး႐ုံလိုက္ပို႔လိုက္မွေအးမွာပါ။
"ေပး...က်ဳပ္ပိုက္ဆံ သုံးေသာင္း.......ခုခ်က္ခ်င္းေပး....တျခားဂိတ္မွာ သြားဆြဲမယ္....ေအး....သြားရင္း လာရင္းေတာ့ က်ဳပ္နဲ႕မေတြ႕ၾကမိေစနဲ႕.....ဘဂ်မ္းကို ထပ္လူပါးဝရင္ေတာ့လား...လူသတ္ၿပီး ေထာင္ထဲဝင္မယ္"
ဘဂ်မ္း ဝင္းလွိုင္ကို မုန္းတီးေသာအၾကည့္ ႐ြံရွာေသာအၾကည့္နဲ႕ၾကည့္ကာ ျပသနာကိုအဆုံးသတ္ဖို႔ပဲ လုပ္ရေတာ့သည္။မလုပ္လို႔လဲမရ....ဒီမွာ တစ္ေယာက္က ေျပာလို႔ဆိုလို႔မရ....ဆြဲထားတာကိုမလႊတ္ေပးဘူးေလ။
ဝင္းလွိုင္ ဘာမမေျပာ....အိတ္ထဲမွပိုက္ဆံ သုံးေသာင္းကို ဘဂ်မ္းဆီပစ္ေပးသည္။
ပိုက္ဆံေတြက လမ္းမေပၚက်သြားေတာ့သည္။
ဘဂ်မ္း မ်က္ႏွာ မဲေမွာင္သြားေတာ့သည္။
ကိုယ့္ပိုက္ဆံနဲ႕ကိုယ္ သူေတာင္းစားျဖစ္စရာလား...
ဘဂ်မ္းက ဝင္းလွိုင္ကို ၾကည့္ေနတုန္းရွိေသးသည္။
လင္းသန့္ၾကည္ ဘဂ်မ္းကို လႊတ္လိုက္ကာ လမ္းမေပၚကပိုက္ဆံေတြကို ကုန္းေကာက္ေတာ့သည္။
ထိုျမင္ကြင္းသည္ဘဂ်မ္းေသြးကိုပိုၿပီး ပြက္ပြက္ဆူေစေတာ့သည္။
"ဟာ.......ကြာ......ငါ့လခ်ီးတဲ့မွ"
ဘဂ်မ္း ဝင္းလွိုင္ဆီသို႔ တည့္တည့္ေျပးကာ ထိုးခ်လိဳက္သည္။
ဝင္းလွိုင္ ေရွာင္ေသာ္လည္း မလြတ္။
ဝင္းလွိုင္လူေတြနဲ႕ ဘဂ်မ္း လုံးေထြးသြားေတာ့သည္။
"အမ္ မ ေလး ဘဂ်မ္း ေတာ္ပါၿပီဆို မေတာ္ေသးဘူးလား"
ေအာ္သံႏွင့္အတူ လုံးေထြးေနသည့္လူေတြၾကားထဲ ေျပးဝင္လာသည့္ လင္းသန့္ၾကည္....
ဘဂ်မ္း ေရွ႕ကိုသဲႀကီးမဲႀကီးထိုးေနတုန္း ေနာက္ကတစ္ေယာက္က ဘဂ်မ္းေခါင္းကို တုတ္ပိုင္းႏွင့္႐ြယ္သည္။
ဘာမေျပာ ညာမေျပာ လင္းသန့္ၾကည္က ဘဂ်မ္းကို ကာၿပီးအုပ္ထားလိုက္ေတာ့.....ထို တုတ္ခ်က္ တစ္ခ်က္သည္ လင္းသန့္ၾကည္ ေက်ာေပၚေရာက္သြားေတာ့သည္။
ရိုက္တဲ့လူလဲ ေၾကာင္သြား.....ေဘးကလူေတြလဲ ေၾကာင္သြားေတာ့သည္။
အမႈေတာ့ ႀကီးၿပီထင္ပါသည္။
ဟုတ္တယ္.....အမႈက တကယ္ကို ႀကီးသြားတာ...
လင္းသန့္ၾကည္ရဲ႕ နာက်င္မႈေၾကာင့္ ရႈံ႕မဲ့ေနတဲ့မ်က္ႏွာ.....နာက်င္မႈေၾကာင့္ပင္ မ်က္လုံးၾကည္ေလးထဲဝိုင္းေနတဲ့မ်က္ရည္ေတြ....႐ုပ္ပ်က္ဆင္းပ်က္နဲ႕ ကြန္ကရစ္လမ္းေပၚထိုင္ကာ ဘဂ်မ္းကိုပဲၾကည့္ေနတဲ့မ်က္ႏွာေလးေၾကာင့္ ဘဂ်မ္းတစ္ေယာက္ထိန္းမရေတာ့။ ကိုယ့္အသားနာတာထက္ကို ရင္ထဲကပိုနာသလိုပါ။
ဆဲလဲဆဲ....လူျမင္ရာရိုက္ေနတဲ့ ဘဂ်မ္းေၾကာင့္ ဝင္းလွိုင္တို႔ ေျပးၿပီ။
ဘဂ်မ္း ေဒါသ သူတို႔သိသည္ပဲ။
ထြက္ေျပးေတာ့လဲ ေျပးထိုးေသးတာပင္။
ဒီေကာင္ေတြအက်င့္က ဒီလိုပဲ.....ေၾကာက္ျပတဲ့သူကိုပဲ လုပ္ရဲတာ...သူတို႔ကိုမေၾကာက္တဲ့လူမွန္းသိရင္ ေျပးတာပဲ။
ၿပီးေတာ့လူအုပ္စုနဲ႕မွ မိုက္ရဲတဲ့ေကာင္ေတြ...အထင္ကိုမႀကီးဘူး။
"မွတ္ထား....ခင္ဗ်ားတို႔ဂိတ္ကို ဘယ္ေတာ့မွမလာဘူး.....ပတ္သက္စရာလဲကုန္ၿပီ.....ေအး....ညံ့ရင္ေတာ့ဆက္ခံလိုက္ၾကအုံး....လူလူခ်င္းေၾကာက္ျပေန ခင္ဗ်ားတို႔ေခါင္းေပၚခ်ီးတက္ပါလိမ့္မယ္...သတိၾကပ္ၾကပ္ထား"
ဘဂ်မ္း ဂိတ္ကလူေတြကိုေရာ...ဆိုင္ခန္းထဲကေန ျပဴတစ္တစ္နဲ႕ထြက္ၾကည့္ေနတဲ့သူေတြကိုေရာ လက္ညွိုးထိုးေျပာကာ....လင္းသန့္ၾကည္ဆီသြားသည္။
လက္ထဲမွာေကာက္ထားတဲ့ပိုက္ဆံေတြကို စုၿပီးကိုင္ထားတာ က်စ္က်စ္မည္လို႔....
"သြားမယ္...ဆရာ...ထနိုင္လား"
ဘဂ်မ္းငုံ႕ၾကည့္ရင္း ႏူးညံ့စြာေျပာသည္။
ခုဏ ဘီလူးသရဲစီးေနတာသူမဟုတ္တဲ့အတိုင္း......
"ရပါတယ္....ထနိုင္တယ္....ဒါေပမဲ့ ဘဂ်မ္းပိုက္ဆံက သုံးေသာင္းဆို....ႏွစ္ေသာင္းခြဲပဲေတြ႕ေသးတယ္...ငါးေထာင္က ဘယ္ေရာက္သြားၿပီလဲမသိဘူး"
ဘဂ်မ္းကိုမၾကည့္ဘူး.....က်ီးကန္းေတာင္းေမွာက္ အနီးအနားေဝ့ဝဲၾကည့္ကာ ပိုက္ဆံရွာေနသည္။
တစ္ကိုယ္လုံးလဲ ေခြၽးေတြ ႐ႊဲလို႔......
ျမင္လို႔မွမေကာင္းေတာ့...
"ရတယ္ ဆရာ....ထားလိုက္ေတာ့....ကြၽန္ေတာ္ လိုက္ပို႔မယ္.....လာပါ"
ဘဂ်မ္း ေခ်ာ့ေခၚေတာ့ ေမာ့ၾကည့္လာတဲ့ မ်က္ႏွာေလး
ေပတလူးပြလို႔....ေခြၽးေတြ ဖုန္ေတြ
သက္ျပင္းကိုခ်ကာ လင္းသန့္ၾကည္ ထရပ္သည္။
ငါးေထာင္ကို ငါပဲစိုက္ေပးလိုက္ေတာ့မယ္ဆိုတဲ့အေတြးနဲ႕....
ဘဂ်မ္းဒီေနရာကေန ျမန္ျမန္သြားေလ ေကာင္းေလပဲ။
ဘဂ်မ္းဆိုင္ကယ္နဲ႕ေဆး႐ုံကို ေမာင္းလာခဲ့ေတာ့သည္။
"ဆရာ...ဘယ္နားထိသြားတာလဲ....ဘာကိစၥေျပးဝင္လာတာလဲဆရာရယ္...မေတာ္ ေခါင္းထိေတာ့ဘယ္လိုလုပ္မလဲ"
"ေက်ာ...ေက်ာကိုထိတာ....ဘဂ်မ္းကို ရန္မျဖစ္ဖို႔ေျပာတာ နားမွမေထာင္ဘဲနဲ႕.... ထိလဲမတတ္နိုင္ဘူးေလ"
"ကြၽန္ေတာ့္ကို လူပါးဝတယ္ေလ...............
ဘဂ်မ္းျဖစ္သည့္အေၾကာင္းစုံေျပာျပလိုက္ေတာ့သည္။
"အင္းပါ.....ဘဂ်မ္းရယ္ ....သိပါၿပီ...စိတ္ေလွ်ာ့လိုက္ပါေတာ့....တစ္ကိုယ္လုံးထိထားတာ... ကြၽန္ေတာ့္ထက္ပိုဆိုးတဲ့ဟာကို...နာေနၿပီလား"
သူ႕အေျပာေၾကာင့္ ဘဂ်မ္း ေဘးကထိုင္စီးေနတဲ့လင္းသန့္ၾကည့္ကို ငဲ့ၾကည့္သည္။
စကားေတာ့ထပ္မေျပာေတာ့။
ဘဂ်မ္းရင္ထဲ အေအးလွိုင္းျဖတ္ေနလို႔...နာလား မနာလား ေသခ်ာမသိ။
ေဆး႐ုံဝန္းထဲ အရိပ္တစ္ေနရာမွာ ဆိုင္ကယ္ကိုရပ္ၿပီး ေဆး႐ုံထဲ ဝင္လာၾကသည္။
ဂ်ဴတီခ်ိန္လဲ ေက်ာ္သြားၿပီ။
လင္းသန့္ၾကည္ ေတာင္းပန္ရေတာ့မည္။
အေရးေပၚဘက္ကို ေျပးကာ.....အရင္ဆုံး ေရာက္လာၿပီျဖစ္ေၾကာင္း...ေနာက္က်သြားလို႔ ေတာင္းပန္ပါေၾကာင္းေျပးလႊားေျပာကာ ဘဂ်မ္းကို ဒဏ္ရာေတြၾကည့္ေပးဖို႔ လုပ္ရသည္။
"ဆရာ...ကြၽန္ေတာ့္ကို ေနာက္မွလုပ္ေပး....ဆရာ အရင္လုပ္လိုက္ပါ...ကြၽန္ေတာ္ ေစာင့္လို႔ရတယ္"
ေဘးနားက ကူဖို႔ရပ္ေနတဲ့ သူနာျပဳက မ်က္လုံးျပဴးကာျဖင့္...
"ဟင္.... ဆရာလဲ ဒဏ္ရာရလာတာလား....ဘာျဖစ္ၾကတာလဲ.... ဆိုင္ကယ္ေမွာက္တာလား"
"အင္း...ဆိုင္ကယ္ေမွာက္တာ.... ဟုတ္တယ္"
လင္းသန့္ၾကည္ကပဲ ျပန္ေျဖေပးလိုက္သည္။
ထိုသူနာျပဳကပင္ ဆရာဝန႕တစ္ေယာက္ကိုေျပးေခၚေပးသည္။
လင္းသန့္ၾကည္ႏွင့္ဂ်ဴတီခ်ိန္းမဲ့ ဆရာဝန္က လင္းသန့္ၾကည္ရဲေက်ာကဒဏ္ရာကို ၾကည့္ေပးရင္း ဂ်ဴတီကိုသူပဲဆက္ဝင္မယ္ နားလိုက္ဟုသာေျပာေတာ့သည္။
လင္းသန့္ၾကည္ကလဲ ရပါတယ္....night ဆင္းထားတာမို႔ျပန္နားပါဟုသာေျပာသည္။
ဟိုဘက္ကလဲ မရ...အတင္းနားခိုင္းသည္။
ေနာက္ဆုံး လင္းသန့္ၾကည္ ဆိုင္ကယ္ေမွာက္လာသည္ဟု ၾကားလို႔ ဟိုက ဒီက လာတဲ့လုပ္ေဖာ္ကိုင္ဖက္ေတြ ဆရာသမားေတြေရာက္လာမွပဲ နားမယ္ဟု ေခါင္းညိမ့္ေတာ့သည္။အလုပ္သရဲပါလား။
ဘဂ်မ္းဒဏ္ရာေတြကိုလဲ သူနာျပဳတစ္ေယာက္လုပ္ေပးသည္။
အမ်ားႀကီး...ဘဂ်မ္းဒဏ္ရာေတြအမ်ားႀကီး...
ဒါေပမဲ့ တစ္ခ်က္ထဲပဲထိတဲ့ လင္းသန့္ၾကည္ကိုပဲ တၾကည့္ၾကည့္လုပ္ေနေတာ့သည္။
ခံနိုင္ရည္ရွိမည္မထင္။
ငါ့ေၾကာင့္.....ငါ့ေၾကာင့္.......ပါပဲ။
ငါအၿမဲပဲ ဆရာ့ကို ဒုကၡေပးသည္။
ကူညီမယ္ေလး ....ေစာင့္ေရွာက္မယ္ေလးနဲ႕ အသံထြက္တာ ငါ...
တကယ္တမ္း...ငါ့ကို ကူညီသြားရတာက...အၾကည္ေရာင္ေလးရယ္
ငါ ဒီေက်းဇူးကို ဘယ္လိုဆပ္ရပါ့။
.
.
.
.
.
ဆက္ရန္......