Endless hunger

By Thar8888

547K 5.6K 514

ကြိုပြောတယ်နော်18+ အမှောင်တွေပါမယ် ကလေးတွေမဖတ်ကြပါနဲ့ More

Endless hunger Epi{1}
Endless hunger Epi{2}
Endless hunger Epi{3}
Epi{5}🔞
Epi{6}🔞🚨
Epi{7}🚨🚨🚨
Epi-8🔞
တောင်းပန်ခြင်း
Attention please
Change!
Ep-9

Ep{4}

22.8K 460 4
By Thar8888

ဒီနေ့သွေးရဲ့အကိုခေါ်လို့သာကျောင်းမဆင်းခင်တည်းကလိုက်လာခဲ့ရတယ် စိတ်ကတော့ကလေးဆီမှာသာ။ ဒီကလေးသူ့ကိုသတိမှရပါ့မလား။ မျက်နှာလေးကိုမြင်ချင်လိုက်တာ။

"အငယ်မ!!!!"
"ရှင် ကိုကို"
"နင်ငါနဲ့လိုက်နေဟာ"
" ဟာကိုကိုကလည်း သမီးလိုက်နေရင် အမေတစ်‌ေယာက်တည်းဖြစ်သွားမှာပေါ့"
"အမေ့လည်းခေါ်မယ်"
"ကိုကိုရယ် ကိုကိုကသာအိမ်ပြန်လာရမှာ"
"အိမ်? အိမ်မဟုတ်ဘူး ငရဲဟ!"
"အင်း ကိုကို့သဘောပါမလိုက်ချင်လည်း"
"နင်ငါနဲ့လိုက်နေ"
"ကိုကိုကလည်း ညီမလေးပါအိမ်ကထွက်သွားရင်အမေရင်ကွဲလိမ့်မယ်"
"နေ့တိုင်းအဖေနဲ့အမေဘယ်တော့ရန်ဖြစ်မလဲ တွေးပူပြီးကြောက်နေရတဲ့နင်ကရောရင်မကွဲဘူးလား"
"အဲ့ဒါကတော့ကိုကိုရယ်...."
"ညီမလေးရယ် ညီမလေးပင်ပန်းနေတာကိုကိုမကြည့်ချင်ဘူး အခုက၁၀တန်း ဒီနှစ်တော့ညီမလေးကိုဘာအခက်အခဲမှမရှ်ိဘဲစာမေးပွဲဖြေစေချင်တယ်ကွာ"
"ဟုတ်ကဲ့ပါ ဒါနဲ့ကိုကို‌ေနရောကောင်းရဲ့လားပိန်သွားသလိုပဲ"
"ကောင်းပါတယ် ခုရက်ပိုင်းသိပ်အိပ်မပျော်လို့"
"မမနွယ်နဲ့ရန်ဖြစ်ထားလို့လား"
"အဲ့ဒါလည်းနည်းနည်းပါတာပေါ့ဟာ"
"ကိုကိုပိုက်ဆံရောရှိရဲ့လား"
"ရှိပါတယ် အစကတော့ ကိုတိုးတို့ဆီမှာအထုပ်ဆွဲပညာသင်ဆိုပေမဲ့ ခုကိုကို ဆိုင်ဖွင့်လိုက်ပြီလေ အစပိုင်းတော့သိပ်အဆင်မပြေဘူး ခုတော့နည်းနည်းပြေလာပါပြီ"
"ကိုကိုရယ် ဘာလို့ဆေးရုံမှာအလုပ်မဝင်တာလဲ"
"ဆရာဝန်ဆိုတာငါဖြစ်ချင်တာမဟုတ်ဘူးဟ အဖေရဲ့ဆန္ဒ ငါ့ဆန္ဒကဓာတ်ပုံရိုက်တာပဲ"
"အင်းပါ အရင်ကိစ္စတွေပြန်တွေးရတာရင်မောတယ်ကိုကိုရယ်"
" အင်း ငါ့ညီမလေးနေကောင်းအောင်နေနော် ကျောင်းဆင်းချိန်ကျရင်ကိုကိုအိမ်ပြန်ပို့ပေးမယ် အ‌ေဖကအရင်လိုပဲမလား"
"ဟုတ်ကိုကို အရင်လိုပဲ ညဘက်မှပြန်လာတယ်"
"အင်း ညီမလေးဘာလိုသေးလဲ ကိုကိုလိုက်ဝယ်ပေးမယ်လေ"
"မလိုပါဘူးကိုကိုရဲ့ ကိုကိုနဲ့တွေ့ရတာတင်ညီမလေးကပျော်နေပြီ"
"ငါ့ညီမကတော့ချုပ်ပြီဟေ့"
"😂😂"
"ကိုကိုတို့ဘုရားသွားကြမယ်ညီမလေး"
"ဟုတ်ကဲ့"

သွေးကအကိုနဲ့ဘုရားသွားပြီးနောက်မုန့်စားကြတယ်။

"ကိုကိုအိမ်ထဲဝင်ဦးလေ"
"တော်ပါပြီဟာ ငါဒီအိမ်ထဲထပ်မဝင်ဘူးဆုံးဖြတ်ပြီးပြီ ကြီးကြီးကိုပြောပေးဦးနော်ငါသတိရပါတယ်လို့ အဆင်လည်းပြေပါတယ်လို့"
"ဟုတ်ကဲ့ ကိုကို ခနလေးနော် ဒီမှာရပ်စောင့်နေ သမီးပြန်လာခဲ့မယ်"
"ဘာလုပ်မလို့လဲ"
"စောင့်ပါဆို"
သွေးအိမ်ထဲပြေးဝင်သွားတယ် ခနနေတော့ပြန်ထွက်လာပြီး
" ဒီမှာကိုကို ဒီပိုက်ဆံလေးတော့ယူသွားနော် သမီးစုထားတာ ၃သိန်းလောက်တော့ရှိမယ်ထင်တယ်"
"ဟာ မယူပါဘူး ဘာကိစ္စယူရမှာလဲ နင်ကငါ့ညီမ ငါကတောင်ပြန်ပေးရမှာ မယူနိုင်ဘူး"
"ကိုကိုရယ် သမီးကအိမ်မှာကျန်ခဲ့တဲ့လူပါ သမီးကအဆင်ပြေတယ် မုန့်ဖိုးအမြဲရပါတယ် ကိုကိုကသာ စားဖို့ကအစပူနေရတာ သမီးကိုစိတ်မကောင်းအောင်မလုပ်ပါနဲ့နော် မလိုသေးလည်းသိမ်းထားလိုက်နော် cameraဝယ်ဖို့စုတယ်သဘောထားလိုက်ပါ နော်ကိုကို"
"ညီမလေးရယ်"
သွေးရဲ့အကိုကသွေးကိုဖက်လိုက်တယ်။မျက်ရည်အဝိုင်းသားလေးလည်းဖြစ်သွားရှာတယ် ဒီလိုသိတတ်ပြီးစိတ်ပူပေးမဲ့ညီမလေးကိုရထားတာမို့ဝမ်းနည်းဝမ်းသာလည်းဖြစ်မိတယ်။
"ညီမလေးကျန်းမာရေးဂရုစိုက်နော်"
"ဟုတ်ကဲ့ကိုကို ကိုကိုလည်းဂရုစိုက်နော်မမနွယ်နဲ့လည်းအဆင်ပြေအောင်နေပါ"
"အင်းပါ ကိုကိုသွားတော့မယ်နော် ထမင်းလည်းမှန်မှန်စားဦး မွ"
"ဟုတ်ကဲ့ တာ့တာ"
"တာ့တာ တာ့တာ"
ကိုကိုကဆိုင်ကယ်မောင်းပြီးပြန်ထွက်သွားတော့သွေးလည်းအိမ်ထဲသာဝင်လာခဲ့တော့သည်။

ကလေး! ဟုတ်ပါရဲ့ မနက်ပိုင်းခနကလွဲပြီးတစ်နေကုန်မတွေ့ရသေးတဲ့ကလေး! ကလေးကိုလွမ်းလိုက်တာ ဒီကလေးရော သူ့ကိုလွမ်းနေမလား။ မဖြစ်နိုင်တာသိပေမဲ့ နည်းနည်းတော့မျှော်လင့်မိပါတယ် ကလေးလည်းမလိုလွမ်းနေပါစေ။
______________________________________

ဒီနေ့ဟိုအဖွားကြီးကိုမတွေ့ရဘူး☹️လွမ်းလိုက်တာ ရှင်ရော လွမ်းနေမှာလား။ မနက်ပိုင်းလေးခနလောက်ပျော်ခဲ့ရပေမဲ့ အခုတော့လည်း လွမ်းနေရပြန်တယ် ရှင်ရယ် သတိရလိုက်တာ...။

~~~~~~~~~~~~~~~~~~~~~

"ကလေး"
"ရှင်😦"
"ဟယ် ရုပ်လေးကဘာဖြစ်သွားတာလဲ"
"ဘာ....ဘာမှမဟုတ်ပါဘူး ကလေး....ကလေးလို့ခေါ်လိုက်လို့နဲနဲထူးဆန်းလို့"
"ရှက်နေတာလား"
"ဟင်...ဟင့်..ဟင့်အင်း မရှက်ပါဘူး ဘာလို့ရှက်ရမှာလဲအဖွားကြီးရဲ့"
Arrr‌ခြူးတစ်ယောက်တော့တစ်ကယ်ပါပဲ ရှက်ပါတယ်ဆိုမှ ရှက်နေတာလားလို့အမေးခံရတယ်လို့😣ဖြေစရာတွေတောင်ပျောက်တယ်
"ဟဟ ထားပါတော့ ဒါနဲ့ ကလေးက Lesbianနော်"
"ဟမ်....ဟုတ် ဟုတ်ကဲ့"

ဒေါ်အိမ့်သွေးဖြူတို့ကတော့လုပ်ချလိုက်ပြီဟေ့ ငါသေတော့မှာပဲ အရှက်တောင်မပြေသေးဘူး ဘယ်နှယ့်တိုက်ရိုက်ကြီးမေးရသလား နဲနဲပါးပါးလေးသွယ်ဝိုက်ပြောပါဦးလားလို့😣

"ကလေး....ကလေးရေ...မပြောတာကြားလား"
"အမ်..မကြားဘူး"
"နားထောင်မနေဘူးလား အဲ့လိုဆိုမပြောတော့ပါဘူး"
"မဟုတ်ပါဘူး မ....ဟုတ်တယ် .မလို့ပြောလိုက်လို့ဘာမှမကြားလိုက်ဘူး ကြားစေချင်ရင် မမလို့သုံးပြီးအစအဆုံးပြန်ပြော"
တော်ပါသေးရဲ့ မိခြူးတော့အတွေးလွန်နေတာ ဘာပြောလို့ပြောမှန်းတောင်မသိလိုက်ဘူး ဒါပေမဲ့ ချက်ချင်းဆင်ခြေရှာနိုင်လို့ကံကောင်းသွားတယ် ဟူးးးးး
"ဟဟ ဒီကလေးတော့ကွာ ပြန်ပြောပေးမယ်နော် မမလည်း lesbianပါပဲလို့ မမက‌ ၃/၄နှစ်လောက်ရှိပြီခြောက်မှန်းသိတာ ကလေးရော"
"ခြူးကမွေးတည်းက"
"ဟဟ ပိုပြီ ကလေးစုတ် ဒါနဲ့ မမနဲ့ဆို ခြူးလို့မသုံးနဲ့ ကလေးလို့ပြောင်းသုံးပေး"
"ရှင်..... ဟုတ်....ဟုတ်ကဲ့"
"လိမ္မာတယ်"
"ဟုတ် ဒါနဲ့ ကလေးကိုမမဖုန်းနံပါတ်ပေးပါ့လားဟင် fb accရော"
"အင်း09#########fbက Eaint Thway Phyu"
"ဟုတ် ညကျဖုန်းဆက်လိုက်မယ်နော် ခုတော့လွယ်အိတ်ယူတော့မယ်😁"
"ဟုတ်ကဲ့ရှင့်"

______________________________________

ဒီရက်ပိုင်း ကလေးနဲ့သွေးတော်တော်အဆင်ပြေနေတယ် ဒီကလေးကလည်းသွေးကိုသဘောကျနေပြီဆိုတာ သိသာပါတယ် ဒါပေမဲ့ စာမေး‌ပွဲတွေနီးနေလေပြီ။ သွေးကဒီကျောင်းကိုနှစ်ဝက်လောက်နေမှပြောင်းလာတာလေ အစကကျောင်းကလက်မခံဘူးလုပ်သေးတယ် ဒါပေမဲ့ အဖေပါလာတယ်လေ😅အဖေ့အကူအညီနဲနဲယူသုံးလိုက်ရတယ် အဖေနဲ့ကျောင်းအုပ်ဘာတွေပြောကြတယ်မသိပေမဲ့သေချာပါတယ် ပိုက်ဆံကြောင့် လက်ခံလိုက်မယ်ဆိုတာ။ထားပါလေ ဒါတွေကအရေးလား။ အရေးကြီးတာစဉ်းစားရတော့မယ်။ ဒီကလေးကခုမှကိုးတန်း သွေးကလည်းဆယ်တန်းကိုမှဒုတိယနှစ် ဒီနှစ်တော့အောင်ကိုအောင်မှဖြစ်မယ်လေ ဘာမှလွဲချော်တာမျိုးမခံနိုင်ဘူး ဒီကလေးနဲ့တူတူရှိနေတာမို့သာနေ့ရက်တွေကပျော်ရွှင်စရာကောင်းနေတာ သို့ပေမဲ့ကျောင်းသားတိုင်းစိတိဖိစီးရတဲ့ စာမေးပွဲဆိုတာကြီးရောက်တော့မည်။ ဒီ‌နှစ်တော့ သွေးတစ်ယောက်တည်းတိုက်ခန်းလေးတစ်ခုမှာ နေဖို့လုပ်ထားတယ် မနှစ်ကလိုလွဲချော်မှုမျိုးထပ်မဖြစ်စေချင်တော့ဘူး။က‌လေးကိုလည်းသွေးက ကလေးဆယ်တန်းပြီးမှသာဖွင့်ပြောဖို့စဉ်းစားထားတယ်။ ဒီကလေးကိုချစ်တာသေချာနေလေပြီလေ ပြီးတော့ဒီကလေးနဲ့ပဲဘဝကိုရှေ့ဆက်ဖို့စဉ်းစားပြီးပြီ ဒါပေမဲ့ကလေးကိုတော့နည်းနည်းအရိပ်အကဲပြောပြထားမ‌ှဖြစ်ဦးမယ်။

______________________________________

"Hello"
"Helloကလေး...မမပြောစရာရှိတယ်"
"ဟုတ်ကဲ့ပြောလေ"
"ကလေးလည်းမမကိုရိပ်မိသလို မမလည်းကလေးကိုရိပ်မိပါတယ် မမကိုသစ္စာရှိပေးနိုင်မယ်မလားဟင်"

ငါအခုရည်းစားစကားအပြောခံလိုက်ရတာလား😳

"ရှင် ဟုတ် ရှိပေးနိုင်ပါတယ် ကလေးဘဝမှာမမလောက်ဘယ်သူမှမချစ်ခဲ့ဖူးဘူး"
"အတူတူပဲကလေး ဒါပေမဲ့လေ မမကလေးက်ိုမမကြောင့် အနှောင့်အယှက်မဖြစ်စေချင်ဘူး ကလေးဆယ်တန်းပြီးမှမမသေချာဖွင့်ပြောပြီး ကလေးလက်ကိုရဲရဲကြီးတွဲမယ်"
ဒေါ်အိမ့်သွေးဖြူ ရှင်ကတော့လေ အမြဲပြောလိုက်ရင်ဒဲ့ကြီးပဲ ကျွန်မကပျော်ရမှာလားဝမ်းနည်းရမှာလား ခုကငြင်းလိုက်တာလား ဖွင့်ပြောတာလား....ရှင်ဟာလေ
"ဟုတ် ဟုတ်ကဲ့ ကလေးလည်းတွေးမိပါတယ် ကလေး၁၀တန်းကိုတော့သေချာကြိုးစားချင်တယ်"
"အင်း လိမ္မာတယ်ကလေး မမကိုစောင့်နေပေးနော် ‌သစ္စာရှိပေး ကလေး၁၀တန်းပြီးတာနဲ့မမကလေးကိုထပ်ဖွင့်ပြောမယ် ခုတော့စာ‌ေမးပွဲအရမ်းနီးနေလို့စာကိုအာရုံစိုက်နော်ကလေး"
"ဟုတ်ကဲ့မမ မမလည်းစာသေချာလုပ်နော်"
"အင်းပါကလေးရဲ့"
"ပြောစရာမရှိတော့ရင် ဒါပဲလေ ကလေးဗိုက်ဆာလို့ မေမေကလည်းခေါ်ထားတာကြာနေပြီ😬"
"Okပါရှင့် ဒါပဲနော် ကလေးလေးစာကြိုးစား"

Time Passedချင်တယ်ကွာ ဒီနေ့တော့ဒီလောက်ပဲနော်

Continue Reading

You'll Also Like

4.1M 260K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.3M 114K 42
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
352K 11.1K 35
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...
221K 25K 65
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...